1

5K 197 7
                                    

" ဘေးဖယ် ဘေးဖယ် အားးး ဘုန်း "
" ဟင့် စက်ဘီး ကလည်း မနေ့ကမှ ပြင်ထားတာ ကို "

Kim Taehyung တယောက် စက်ဘီးလေး စီးရင်းရပ်ကွက် တကာ ပတ်ပြီး သတင်းစာ ပို့တဲ့ အချိန်ပိုင်း အလုပ်လေး လုပ်နေခြင်းပါ

မနေ့က မှ အလုပ်ကပေးထားတဲ့ စက်ဘီလေး ဘရိတ်မကောင်းလို့ ပြင်ထားပေမယ့် ဒီနေ့ထက်ပြီး ဘရိတ်မမိ ပြန်လို့ အရှိန်မထိန်း နိုင်ပဲ တွေ့ရာ သစ်ပင်နဲ့ ဝင်စောင့်ခြင်းပင်

စက်ဘီးလေးနဲ့ဆိုတော့ အချိန်မြန်မြန်ပြီး မလား မှတ်တယ် လမ်းလျှောက်ရတဲ့ အပြင် ခုတော့ သူ့ပါ ကိုယ်က ပြန်တွန်းပြီးခေါ်နေရတယ်

ဘဝကလည်း ဒယ်ဂူမှာ စိုက်ပျိုက်ရေးမလုပ်ချင်လို့ တအိမ်လုံးကို နားပူအောင် ဆိုးလ်ကို လာဖို့ ပူဆာထားရတာ အိမ်က လူတွေကလည်း နားမခံနိုင်တော့လို့ ဆိုးလ်ကို ပို့ပေးလိုက်တယ်

ဆိုးလ်ရောက်တော့ ငယ်ငယ်က အချစ်ဆုံး သူငယ်ချင်း jimin ကို ဆက်သွယ်ပြီး ခေါင်မိုးထပ်လေးမှာ အိမ်လခတယောက်တဝက်ခွဲ ပြီး ငှားနေကြတာ ခုဆို တလကျော်ပြီ ကျွန်တော်ရောက်တာ..

အလုပ်က မယ်မယ်ရရ တော့မရှိသေးဘူး အချိန်ပိုင်းအလုပ်လေးတွေတော့ လုပ်ဖြစ်နေတယ် လုပ်ချင်တာက ကျွန်တော် ပညာအရည်အချင်းနဲ့ ကုမ္မဏီ တခုမှာ အလုပ်လုပ်ချင်တာ လောလောဆယ်တော့ အလုပ်စလျှောက်ဖို့ စီစဥ်နေတယ်

တနေ့တနေ့ မိုးလင်းတာနဲ့ သတင်းစာပို့တယ်
တခါတလေ နွားနို့ပါပို့သေးတယ် ပြီးရင်
နေ့လည် စာ ထမင်းဘူးပို့တဲ့ အချိန်ပိုင်းအလုပ်လုပ်တယ် အဲ့တာပြီးရင် coffee ဆိုင်မှာလုပ်တယ် coffee ဆိုင်က ည 10 နာရီ ပိတ်တာနဲ့ အိမ်ပြန်တယ်...

အိမ်နဲ့ coffee က မိနစ် 20 ကျော်လောက်လမ်းလျှောက်ရတယ် အဲ့ချိန်ကားက မရတာ များတော့ လမ်းလျှောက်ပြန်တာက အကျင့်လိုတောင်ဖြစ်နေပြီ

အိမ်ရောက်ရင်တော့ လမ်းထိပ်က ကုန်စုံဆိုင်လေးမှာ ခေါက်ဆွဲခြောက်ဝင်ဝယ်ပြီး ရှိတဲ့ အသားလေး ဘာလေး နဲနဲနဲ့ သူငယ်ချင်းနှစ်ယောက် စားဖြစ်တာကများတယ်

ခုတော့ စက်ဘီးတိုက်မိလို့ လူက လက်ပေါက်သွားပြီ ကျွန်တော်ဆိုတာကလည်း နဂိုထဲက ပြာယာလေ အိမ်ကဆို ကင်ပြာ လို့ ခေါ်နေကြ ဘာလုပ်လုပ်တခုမဟုတ်တခု ဖြစ်လိုက်မှ အဆင်ပြေတဲ့ လူမျိုး

Kim (complete) Where stories live. Discover now