13

2.2K 161 3
                                    

မနက်စောစောစီးစီး ခေါင်းမိုးထက်အခန်းလေးမှာတော့

" Kim Taehyung! !!!!!!"

သာယာသော အသံလေးနဲ့စတင်လိုက်ပါတော့တယ် ဒီနေ့ဟာ တလပြည့်သွားလို့ သူတို့
ငါးယောက်ပြန်စုံကာ ပထမဆုံး အလုပ်နားရပ်လေးဖြစ်ပါတယ်

နောက်ဆိုရင် ခုလို ငါးယောက်လုံးနားရဖို့ကမသေချာတော့ဘူးလေ..

ဒါကြောင့်သူတို့ ငါးယောက်စုံတုန်းလေး လျှောက်လည်ကြမလို့ကို စောစော စီးစီး မထတက်တဲ့ Kim Taehyung ကြောင့် 4ယောက်သားသံပြိုင်အော်လိုက်ကြခြင်းပင် ဖြစ်သည်။

" လာပါပြီ ကွာ မင်းတို့ကလည်း "

( နည်းနည်းကျော်ခွပြီးရေးလိုက်မယ်နော် 😁)

မနေ့က စီစဥ်ထားတဲ့ အတိုင်း မနက်စာ စားကာ..
ဒုံဒယ်မွန်းစျေးသို့ shopping ထွက်လာခဲ့ကြတယ် ..

တယောက်တပေါက်နဲ့ စိတ်ကြိုက်စျေးဝယ်ထွက်ပြီးသည်နှင့် နေ့လည်စာစားကာ.. ရုပ်ရှင်ရုံသို့ ချီတက်လာခဲ့ကြတယ် Horror movie ဝင်ကြည့်ပြီးသည်နှင့် တနေ့တာရဲ့ နောက်ဆုံး အစီအစဥ် ဖြစ်တဲ့ အရက်ဆိုင်စီသို့သာ ချီတက်လာခဲ့ကြတော့တယ် ဒါကတော့ အစီအစဥ်တွေက မပါမဖြစ်ပေါ့ကွယ်...

အရက်ဆိုင်ရောက်သည်နှင့် ကြွက်တွင်းတွေအလားစကားတပြောပြောနဲ့ သောက်လိုက်ကြတာ အတော်လေးကို ရောက်ရှိလာတဲ့ အချိန်မှာ အသောက်ဆုံးနဲ့ အမှုးဆုံးက Kim Taehyung ပေါ့ကွယ်

ပြောလိုက်ရင် ခါးလို့မသောက် နိုင်ဘူးကပါသေးတာ

အမှုးလွန်လာကာ နဂိုစကားများတဲ့ Kim Taehyung က ခုဆို ပိုလို့ပင်စကားတွေပြောလာကာ လျို့ဝှက်ချက်ပါ အကုန်ပေါက်ကြားသွားတော့တယ်..

အကုန်အိတ်သွန်ဖာမှောက်ပြောပြီးသည်နှင့် မှောက် သွားသူက Kim Taehyung တယောက်ပင်

ကျန်လေးယောက်က သူပြောသမျှ နားထောင်ပြီး အမှုးပါ ပြေချင်သလိုဖြစ်သွားခဲ့ပြီ...

မနက်အိပ်ယာနိုးလို့ ဘေးကိုကြည့်လိုက်တော့ ဘယ်သူမှ မရှိတာကြောင့် သူများနောက်ကျပြီလားဆိုပြီး ကုန်းရုန်းထကာ နာရီကြည့်လိုက်တော့ 6 နာရီတောင်မထိုးသေး

Kim (complete) Where stories live. Discover now