10

2.4K 165 4
                                    

တံတွေးတွေမြိုချကာ မျက်တောင်လေး ပုတ်ခက်ပုတ်ခက်နဲ့ မော့ကြည့်လာပြီး ပြောလာတဲ့ Hyung ပေါက်စ

" ဒါဆို ကျွန်တော်နဲ့ မတော်တဆ တွေ့လို့ အိမ်လိုက်ပို့ရင်း "
" ဟုတ်တယ် "

" C CEO ဟို ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်ကို အလုပ်တော့မထုတ်ပါနဲ့နော် ပြီးတော့ ဒီနေ့ဖြစ်တာကို ကျွန်တော်သူငယ်ချင်းတွေ သိလို့မဖြစ်ဘူး "

" ဘာလည်း ဒယ်ဂူပြန်ရမှာ ဆိုးလို့လား "
" ဟင် CEO Jeon က ဘယ်လိုသိ "
" မမှတ်မိဘူးလား "
" ဟင့်အင်း "

" ငါ့မျက်နှာက လူတိုင်းတခါမြင်ပြီးရင် အမြဲမှတ်မိနေတက်တဲ့ မျက်နှာမျိုးပါ "
" ဟုတ် ကျွန်တော် ခုကစပြီး မှတ်ထားပါ့မယ် "
" မမှတ်လို့ရမလား CEO ကိုလေ "
" ဟုတ် မှားလို့ပါ "

ဒီ hyung ပေါက်စနဲ့တော့ ကြောက်ကြောက်လန့်လန့်နဲ့ ဘာတွေပြောနေမှန်းမသိဘူး

" တကယ်မမှတ်မိဘူးလား ဒယ်ဂူမပြန်ရအောင်လိုက်ပြောခိုင်းတာလေ "

ကျွန်တော် အစပေးလိုက်တော့မှ လက်ညိုးလေးထောင်ကာ ပါးစပ်လေးဟပြီး မျက်လုံးပြူးကာ ပြုံးပြလာတဲ့ Hyung ပေါက်စ သူသတိရသွားပြီလေ

" ဟိုကားနဲ့ တိုက်မိတဲ့ Hyung တွေ "
" အင်းဟုတ်တယ်ကူညီတာတွေ များနေပြီ ဘယ်လိုလုပ်မလဲ "
" ကျွန်တော်ဘာပြန်လုပ်ပေးရမလား "
" အင်း စဥ်းစားထားလိုက်မယ် "
" အလုပ်ထုတ်လို့တော့မရဘူးနော် "
" အခြေအနေအရပေါ့ "
" ဟင် "

" မြန်မြန်လုပ်လေ အလုပ်ချိန်နီးနေပြီ "
" အာ ဟုတ်သား ဟိုကောင်တွေ နဲ့ ဂျူတီ ချိန်းရတော့မယ် "

ကျွန်တော်သတိပေးလိုက်တော့ ကမန်းကတန်း ပြေးဝင်သွားတဲ့ Hyung ကျွန်တော်က ပြန်ရမှာလား သူ့ပဲစောင့်နေရမလား ပြန်မယ်လို့တောင်မပြောလိုက်ရ ဘာလုပ်ရမလည်း မသိလို့ထိုင်စောင့်နေလိုက်တော့ ပြင်ဆင်ပြီးထွက်လာတဲ့ Hyung က

" ဟင် CEO Jeon မပြန်သေးဘူးလား "
" အိမ်ရှင်က နှုတ်တောင်မဆက်ပဲ ပြေးဝင်သွားတော့ ဧည့်သည်က ဘာလုပ်ရမလည်း မသိလို့စောင့်နေတာ "
" ဟီး မေ့သွားလို့ ခု တူတူသွားမယ်လေ "

ကျွန်တော်တို့ အိမ်ပေါ်ကနေ ဆင်းလာတော့ ဘေးဘီကို ကျီးကန်းတောင်းမှောက် ကြည့်နေတဲ့ Hyung ပေါက်စ သူ့ သူငယ်ချင်းတွေမြင်မှာ ဆိုးလို့ထင်တယ်

Kim (complete) Where stories live. Discover now