7

2.3K 158 2
                                    

မဂ်လာပါ CEO Jeon

" ဟဲ့ CEO Jeon မျက်နှာက ဘာဖြစ်လာတာလည်း မသိဘူး အရင်က မျက်နှာကျော တင်းပေမယ့် ဒီနေ့က ဒေါသထွက်နေသလိုပါ မျက်မှောင်ပါကျုတ်ထားတာ "

" အေး ဒီနေ့ ခန်းမခန်းမှာ အလှဆင်တာ လာ
ကြည့်အုံးမှာမဟုတ်လား "

" ခန်းမမှာ လုပ်တဲ့ ကလေးတွေ အဆင်ပြေကြပါစေ "

ထိုသို့ မေတ္တာ ပို့ပေးနေခြင်းက reception က မမ များဖြစ်ပါသည်...
...
ဒုန်း

" ဟေ့ရောင် ငါ့အခန်းတံခါး ဖြေးဖြေး ပိတ်ပါဟ ဘာဖြစ်လာတာလည်း "

" Hyung "
" ပြော "
" Hyung "
" ပြောကွာ ဘာလည်း "

" ဟို hyung ပေါက်စ က အိမ်ပြောင်းသွားတယ်တဲ့ "
" ဟုတ်လား "

" အဲ့တာ ဘယ်လိုလုပ်ရမလည်း "
" ငါဘယ်သိမှာလည်း အော် အဲ့တာ ဒီနေ့မတွေ့လာရလို့ ဖြစ်နေတာလား "
" ဟုတ်တယ် "

" ဒီနေ့ ခန်းမ အပြင်အဆင်မှာ သူတို့ ငါးယောက်ပါတယ် မင်းသွားကြည့်လိုက် "
" ဟုတ်လား အင်းးး နောက်ရက်တွေကျတော့ရော သူအိမ်ကို သိချင်တာပါဆို "

" အိမ်ပြန်ရင် လိုက်ချောင်းတော့ကွာ မင်းနဲ့ကျမှ ကွာ CEO က ကိုယ့်အလုပ်သမား အိမ်ကို လိုက်ချောင်းရတယ်လို့ "
" ကျွန်တော်က Hyung ပေါက်စကို ချစ်မိတာကိုလို့ "
" မင်းက ဆေးမရှိတော့ဘူးနော် "

ကျွန်တော် ခန်းမအပြင်အဆင်ကြည့်ဖို့ 12 လွှာသို့ ဆင်းလာခဲ့လိုက်တယ် ခန်းမထဲရောက်တော့ သူ့နေရာ နဲ့ သူ ပြင်ဆင်နေကြတဲ့ ဝန်ထမ်းများ

ကျွန်တော် ရဲ့ မသိစိတ်ရော သိစိတ်ရောက hyung ပေါက်စကိုသာ ရှာနေမိတော့တယ်
တွေ့မယ်တွေ့တော့လည်း လှေကားပေါ်တက်ကာ ပန်းအလှဆင်ထားတာတွေကို ချိတ်ပေးနေတဲ့ Hyung ပေါက်စ

ကျွန်တော် ပြုတ်ကြမှာ ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် အဲ့ဒီနားကို ဟိုကြည့်ဒီကြည့်နဲ့ တိုးသွားလိုက်တယ်
တကယ်ပါပဲ ကျွန်တော်လည်း အဲ့နား အရောက် hyung ပေါက်စကလည်း လှေကား ကအဆင်း ခြေချော်သွားတယ်ထင်တယ် ဟန်ချက်မညီစွာ ပြုတ်ကျလာလို့ ကျွန်တော် ပွေ့ချီထားလိုက်မိတယ်

hyung ပေါက်စပြုတ်ကြသည်နှင့်သူ့ သူငယ်ချင်း များရဲ့ စိုးရိမ်စွာ ခေါ်သံတွေနဲ့အတူ တခန်းလုံး အကြည့်က ကျွန်တော်တို့ နှစ်ယောက်စီသို့

Kim (complete) Where stories live. Discover now