26

2.1K 137 0
                                    

အခုနဲ့ဆို အခန်းတံခါးလော့ချပြီးနေနေတာ သုံးရက်ရှိပြီ အပြင်ကနေ မျိုးစုံခေါ်ကြပေမယ့် အဖွားတယောက်သာ စကားပြန်ပြောတဲ့ Taehyung.

သုံးရက်လုံးလုံး ထမင်းမစားပဲ နေနေတဲ့ Taehyung

အဖွားဖြစ်သူကတော့ သူမြေးစိတ်ချမ်းငါဖို့သာ အဓိကမို့ သူမြေးရွေးချယ်သူက ဘယ်သူဖြစ်ဖြစ် လက်ခံပေးမယ်လို့ သူ့မြေးကိုပြောထားပြီးသား

ဒါတောင် သူ့မြေးက သူ့မိဘတွေပါ သဘောမတူမခြင်း အခန်းထဲက လုံးဝမထွက်ဘူးတဲ့ သေရင်လည်းသေပါစေတဲ့

Taehyung ဆိုတာအဲ့လို ခေါင်းကျောမာတာလေ.
ဆိုးလ်ကိုသွား ဖို့တောင် 3 လ လောက်နီးမျိုးစုံဆန္ဒပြပြီးရောက်အောင်သွား ခဲ့တာပဲ

ဒီတခါတော့လုံးဝ သူ့ချစ်ရသူအတွက် ပိုလို့တောင်လက်မလျော့ဘူးဆိုတာသိနေတဲ့ အဖွါးကတော့ သူ့ သမက်နဲ့ သူ့သမီးကို နားချရပြန်ပြီ
...

ကျွန်တော်ခု ဒယ်ဂူကိုထွက်လာခဲ့ပြီ Kim နဲ့ အဆက်အသွယ်လုံးဝ ဖျက်ထားတာကြောင့် Kim စီက ဘာသတင်းမှ မရ...

ဒါကြောင့် ရင်ဆိုင်ဖို့သာ ခွန်အားမွေးပြီး ထွက်လာခဲ့ခြင်းဖြစ်သည်..

Jimin ပေးတဲ့ လိပ်စာ အတိုင်းဆို ကျွန်တော်ရောက်ပြီ

ဒီနေ့တော့ ဟိုနေ့ကလို အပြောအဆိုမခံရအောင် suit အပြည့်ဝတ်ကာ ထွက်လာခြင်းပင်..

ကျွန်တော် ကားပေါ်က ဆင်းကာ ထို အိမ်ရှေ့သို့ရောက်သွားတော့ အဖွားတယောက်ကိုပဲတွေ့တယ်

Jk " အဖွား ဒါ Kim Taehyung တို့အိမ်လား "
အဖွား " အေးကွယ့် မင်းက ငါ့မြေး သူငယ်ချင်းလား "

ကျွန်တော်ဖြေတောင်မဖြေရသေးဘူး အနောက်ကနေ ထွက်လာတဲ့ Kim omma

omma " မင်းဘာလာလုပ်တာလည်း မင်းကို ငါ့သားနဲ့ သဘောမတူဘူးလို့ပြောထားတယ်လေ "

jk " omma ကျွန်တော်ကတော့ သဘောမတူမခြင်းခွင့်တောင်းဖို့ရောက်လာတာပါ "
အဖွား " ငါ့မြေးချစ်သူကောင်လေးလား "

Jk " ဟုတ်ပါတယ် အဖွါး "
omma " မင်းခုချက်ချင်းထွက်သွား "

Jk " ကျွန်တော်ဒီနေရာ မှာ ဒီလိုဒူးထောက်ပြီးတောင်းဆိုနေမှာပါ ဘယ်မှ မပြန်ပါဘူး"

Kim (complete) Kde žijí příběhy. Začni objevovat