9

2.3K 164 3
                                    


" ဟင် C C CEO J Jeon က ဘယ်လိုလုပ် ကျွန်တော် အိမ် "

အဲ့တော့မှ ကျွန်တော်လည်း အိပ်ယာပေါ်က ထကာ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ကျကျဏဏသွားထိုင်လိုက်တော့

အနောက်ကနေ အသဲအသန်ပြေးလိုက်လာကာ
ဧည့်ခန်းထဲမှာ ရှိတဲ့ အဝတ်အစား တွေ ပစ္စည်းတွေကို ကမန်းကတန်း သိမ်းနေတဲ့ Hyung ပေါက်စ

ခုမှ သေချာကြည့်မိတာက ညက ပူလို့ဆိုပြီး အပေါ်အကျီတွေချွတ်ကာ အတွင်း Tshirt အဖြူလေးရယ် ဘောင်းဘီကို ချွတ်ပြန်တော့လည်း တော်သေးတယ် အတွင်းခံက အရှည်ဖြစ်နေလို့

မှုးနေတဲ့သူက မသိပေမဲ့ ကျွန်တော်မှာ တော့ အရက်မသောက်ပဲ ရင်တွေပူခဲ့ရသေးတယ်..

ခုညက အဝတ်အစားလေးနဲ့ ပဲ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ကျွန်တော်နားကို လက်ခလေးနောက်ပြစ် ပြီးရောက်လာတဲ့ Hyung ပေါက်စ မျက်နှာက ဇီးရွက်လောက်ပဲရှိတော့တယ်

" ဟို C CEO က ဘယ်လိုလုပ် "

ကျွန်တော်ချောင်းတချက် ဟန့်လိုက်ကာ

" ဟန့် ဘာမှ မမှတ်မိဘူးလား "
" ဟုတ် ခုထိတော့ မမှတ်မိသေးဘူး "
" မမှတ်မိတော့ပြောရမှာပေါ့ "
...
မနေ့ကည

ကျွန်တော် Hyung ပေါက်စကို လိုက်ကြည့်ရင်း အရက်ဆိုင်ထဲ ဝင်သွားတာ တွေ့လိုက်လို့
တယောက်ထဲ သောက်တော့မှာ ဆိုတာ သေချာနေတာကြောင့် မသိမသာလေး အနောက်က လိုက်သွားလိုက်တယ်

တယောက်ထဲတောင် သူ့ရဲ့ လက်ဆွဲ ဆောင်ပုဒ်ကို ပြောဖြစ်အောင်ပြောလိုက်သေးတယ် ဒါပေမဲ့အရင်လို အလုပ်ပင်ပန်းလို့ မဟုတ်ဘူးတဲ့ မင်းတို့ကို လွမ်းပြီး အိပ်မပျော်မှာ ဆိုးလို့တဲ့ ဆင်ခြေကတော့ အပေးတော်သလားမမေးနဲ့..

အရက် 3ပုလင်းလောက်ကုန်သွားပြီ ဖြစ်တဲ့ချိန်မှာ တော်တော်ရောက်ရှိနေပြီ ဖြစ်တဲ့ Hyung နားကို သွားထိုင်ကာ..

" တော်ပြီ မှုးနေပြီလေ "
" ဟင် Jimin ငါ မမှုးပါဘူး "
" ကျွန်တော်ကို သူ့ သူငယ်ချင်းနဲ့ မှားနေပြီ ဒါတောင် မမှုးသေးဘူးတဲ့ "

ခဏအကြာ တယိုင်းတယိုင်နဲ့ ထထွက်သွားလို့ အနောက်ကနေ လိုက်ထိန်းပေးရင်း မထိန်းနိုင်တော့လို့ ကုန်းပိုးပြီး ခေါ်သွားလိုက်တော့လည်း ကျောပေါ်မှာ ငြိမ်ငြိမ်မနေပဲ သူ့သူငယ်ချင်းနောက်တယောက်နဲ့မှားကာ ကျွန်တော်ပါးတွေ ကို ဆွဲဆွဲညစ်နေတဲ့ Hyung

Kim (complete) Where stories live. Discover now