22

2.1K 143 0
                                    


ဒေါက် ဒေါက်
" ဝင်ခဲ့ပါ "
" CEO ..ဥက္ကဋ္ဌ ကြီး လာပါတယ် "
" ဘယ်လို "

သိလိုက်ပြီလေ ဟိုနေ့က ကိစ္စကြောင့် အဂ်လန်ကနေကို ရောက်ချလာတယ်ဆိုတာကိုပေါ့..

ဘာတွေများပြောအုံးမလဲမသိ.. ဟိုဘက်က လည်း မဂ်လာပွဲကို ဖျက်သွားပြီးပြီလေ.အဲ့နေ့ကဆိုလည်း Omma နဲ့ အကြီးအကျယ် ဖုန်းထဲကနေ စကားများခဲ့ရသေးတယ်.. ခုလည်း ..ဟင်း..

" ဘယ်လိုလုပ်မနေ နဲ့ ငါရောက်လာတာ ဘာတွေ လန့်စရာ ရှိလို့လည်း "
" Daddy က အဂ်လန်ကနေ သားကို လည်းဘာမှ မပြောဘူး "

" ငါဘာသာ လာတာ မင်းကို သံတော်ဦးတင်ရအုန်းမှာလား "
" မဟုတ်ပါဘူး ဒါနဲ့ omma ရော "

" နှလုံးဖောက်နေလို့ ဆေးရုံတင်ထားရတယ် "
" ဘယ်လို ဒါကို Daddy က ဘာလို့ "
" မင်းနဲ့ ရှင်းစရာ ရှိလို့ "

" သားက ဘာတွေ ရှင်းရအုံးမှာလည်း Daddy "
" အတွင်းရေးမှုး Kim Taehyung ကို ခေါ်ပေး "
" Daddy ..Kim ကို ဘယ်လိုသိ "
" ငါ မင်းအဖေပါ "
" ခုဘာလုပ်မလို့လည်း "
" တွေ့ချင်လို့ "

" ဘာပြောမလို့လည်း လမ်းခွဲခိုင်းမလို့လား. ထွက်သွားခိုင်းမလို့လား ဘာတွေပြောမလို့လည်း.. Kim နဲ့ သားမခွဲနိုင်ဘူးနော်.. Kim မရှိရင် သားသေ သွားလိမ့်မယ် "

" အဲ့တာ မင်းကိစ္စ လေ "
" Daddy က သားတယောက်လုံးကို တောင် စွန့်နိုင်တယ်ပေါ့ "

"မင်းတောင် ငါတို့ကို စွန့်နိုင်သေးတာပဲ "
" Daddy "

" ဥက္ကဋ္ဌ ကြီး Kim Taehyung ရောက်ပါပြီ "
" မဂ်လာပါ Kim Taehyung ပါ ခင်ဗျာ "
" မင်းက ငါ့သားချစ်သူဆိုတာလား "
" ဗျာ "

ချက်ချင်းဆို သလိုပင် လူက နှလုံးခုန်တောင် ရပ်သွားလားအောင့်မေ့ရလောက်အောင် စကားလည်း မပြောနိုင် အသက်တောင်ရဲရဲ မရှုရဲ..

ကျောက်ရုပ်သဖွယ် သတိအနေအထားနှင့်သာ ရပ်နေမိတော့တယ်..

ချက်ချင်းဆိုသလိုပင် အနားကို ရောက်လာကာ လက်ကလေးကို ဆုတ်ကိုင် ပေးလာတဲ့ မောင့် ကြောင့် ခုဏအေးဆက်နေတဲ့ လက်တွေက အနွေးဓာတ်လေးပြန်ရတော့တယ်...

.
Kim အရမ်းလန့်နေတယ် ထင်တယ် နဂိုဖြူပါတယ်ဆိုတဲ့ မျက်နှာလေးက သွေးမရှိတော့သလို ဖြူဖွေးလို့ လက်ဖျားလေးတွေလည်း အေးဆက်နေတယ်

Kim (complete) Where stories live. Discover now