6

2.4K 178 2
                                    

ကျွန်တော်ထိုကောင်လေး ကိုတွေ့ချင်လို့ နေတိုင်းနီးနီး ထိုကောင်လေး အိမ်နားကို မနက်တိုင်းရောက်ဖြစ်တယ်..

မနက်တိုင်း ထိုကောင်လေးကို တွေ့ပြီး မှ အလုပ်သွားဖြစ်တယ် ကျွန်တော် ကို suga hyung ကတော့ မနိုင်တော့လို့လက်မြှောက်ထားသလို
အခြား အကိုတွေရောပေါ့ ဒါအပြင် ကျွန်တော် သူငယ်ချင်းအရင်းကြီး သုံးယောက်ကပါ ဘာမှမပြောကြတော့ဘူး ပြောစရာ စကားမရှိတော့ဘူးတဲ့

ကျွန်တော်ကလည်း ကျွန်တော်ပဲလေ သူတို့နဲ့တွေ့တိုင်း ထိုကောင်လေး အကြောင်းမပါမဖြစ်ပြောဖြစ်အောင်ပြောတာကို သူတို့ကတော့ ကောင်လေးကို ဖွင့်ပြောလိုက်ပေါ့တဲ့

ဒါပေမဲ့ ကျွန်တော်လို ရည်းစားတခါမှ မထားဘူးတဲ့ သူတယောက် ဖြစ်တာ ကြောင့် ဘယ်ကစပြောရမလည်း မသိသလို

ရည်းစားဖြစ်သွားရင် ကျွန်တော် အဆင်ပြေပါ့မလားဆိုတဲ့ အကို တွေရဲ့ စကားကြောင့်လည်း ကျွန်တော်ကိုယ်ကို ကျွန်တော် အရင် ပြင်ဆင်ပြီးမှ ပဲ ဖွင့်ပြောမယ်လို့ ဆုံးဖြတ်ထားတယ်..

ဖွင့်ပြောဖို့သာ ဆုံးဖြတ်တယ်ပြောတာပါ ခုထိကောင်လေးနဲ့တောင် ဘယ်ကစပြီ ဘယ်လို သိအောင်လုပ်ရမလည်း မသိသေးဘူး အဝေးကနေသာ လှမ်းလှမ်းကြည့်မိနေတာ ..

ခုတော့ တိုက်တိုက်ဆိုင်ဆိုင် ဗျာ အလုပ်သမား လျှောက်လွှာ ဖိုင်ထဲမှာ ကောင်လေးပါလာတယ် သေချာအောင် ထပ်ကြည့်မိတော့ သူ့သူငယ်ချင်းပါ ပါတယ် ဒါဆို သေချာပြီပေါ့..

အမြဲတွေ့ချင်လို့ လျှောက်လွှာတွေထဲကမှ ကောင်လေးနဲ့ သူ့ သူငယ်ချင်းကို ရွေးခန့်လိုက်တယ် ဒါပေမဲ့ Hotel အလုပ်ဆိုတော့ ခုထိတခါမှ မတွေ့ဘူးသေးဘူး ..

မနက်တိုင်းတော့ ကောင်လေး အိမ်ရှေ့နားတော့ ခုထိသွားကြည့်နေမိသေးတယ် မနက်တိုင်း အေးအေးဆေးဆေး အိမ်ပေါ်ကနေ ဆင်းလာတက်တဲ့ ကောင်လေးရဲ့ သူငယ်ချင်း

အနောက်ကနေ အမြဲ ဗရုသုက္ခ နဲ့ ပြေးပြေးလိုက်နေတဲ့ ကောင်လေး

နေ့တိုင်း နီးနီး အေးအေးဆေးဆေး ဆင်းလာတဲ့ နေ့ဆိုတာ တနေ့မှ မတွေ့ဘူးသေးဘူး ခုချိန်ထိ အမြဲတန်း အနွေးထည်ခေါင်းစွပ်နဲ့သာ ပြေးဆင်းလာတက်တဲ့ကောင်လေး

Kim (complete) Where stories live. Discover now