8

2.3K 166 1
                                    


ဒီနေ့ ဂျာကြီးခေါ်လို့ကျွန်တော်တို့ 5ယောက် တန်းစီကာ စတိုခန်းမှာ မက်တပ်ရပ်နေခြင်းပင်

" မင်းတို့ကို ဒီတလ နေရာ ချိန်းဖို့ပြောချင်တာ အဲ့တာက S.coups နဲ့ minhyun က ဘူဆန်က ဟိုတယ်မှာ တလသွားလုပ်ရမယ် "

"ဗျာ ဘူဆန်မှာ တလ "
" ဟုတ်တယ် လက်ခံမလား ထွက်မလား "

ဂျာကြီးဆိုတဲ့အတိုင်းအရမ်းကို အာဏာပြတာ ကျွန်တော်ဆို ကြည့်လို့ကိုမရဘူး

"Jimin နဲ့ jaonghan က ညဂျူတီပြောင်းတယ် "
"ဟင် ဒါဆို ကျွန်တော်ကရော တယောက်ထဲလား "
"မင်းကနေ့ဂျူတီ "

ပြောပြီးတာနဲ့ ထွက်သွားတဲ့ ဂျာကြီး...

"Taehyung လေး ငါတို့အငယ်ဆုံးလေး မင်းတယောက်ထဲဖြစ် ပါ့မလား "
"ဘာလို့ငါတယောက်ထဲလည်း ညတိုင်းတယောက်ထဲ အိပ်ရတော့မှာပေါ့ ဟင့်ဟင့် "
"ငါတို့သွားဖို့ ဘယ်လောက်မှ မလိုတော့ဘူး "
....

ဒီနေ့ မနက် အလုပ်မသွားခင် ဘူဆန်သွားမယ့် သူငယ်ချင်းနှစ်ယောက်ကို နှုတ်ဆက် ခါ
တယောက်ထဲ Hotel သို့ထွက်လာခဲ့ရတယ်

မနက်တိုင်းဆူညံစွာ တူတူ သွားခဲ့ကြတဲ့ လမ်းကလေးက ခုတော့ ကျွန်တော် တယောက်ထဲ တွေးရင်းငိုတောင်ငိုချင်လာတယ်

တယောက်ထဲ သွားရတာ ပျင်းဖို့ကောင်းသလို ပျော်ဖို့လည်း မကောင်းဘူး ဟူးးး ဒီတလထဲပါပဲ ဆိုပြီး အားတင်းကာ အလုပ်သို့ထွက်လာခဲ့လိုက်တယ်

အလုပ်ရောက်တော့လည်း စကားပြောစက်နဲ့ နာမည်တွေ မှားခေါ်ကာ ပစ္စည်းတွေယူခိုင်းမိနေတယ်

တော်သေးတယ် အခြားဝန်းထမ်း စီနီယာ အမတွေက စိတ်မဆိုးတဲ့ အပြင် ကျွန်တော်ကို ပါ နှစ်သိမ့်ပေးကြလို့ အနဲငယ် အားရှိသွားတယ်...

တနေကုန် အလုပ်ထဲသာ အာရုံထဲထားလိုက်တယ် မဟုတ်ရင် ဟိုကောင်တွေကို လွမ်းလို့ ငိုနေမိမှာ

ညနေ အလုပ်ကဆင်းခါနီးကျတော့ Jimin ရယ် Jeonghan တို့နဲ့ ဂျူတီချိန်းခဏလောက်တွေ့ဖြစ်ခဲ့တယ်

" Taehyung လေး အဆင်ပြေရဲ့လား တယောက်ထဲ "
" jimin ငါမင်းကိုလွမ်းနေတာ Jeonghan မင်းကိုရောပဲ ပြီးတော့ဟိုနှစ်ကောင်ကိုရော "

Kim (complete) Dove le storie prendono vita. Scoprilo ora