11

2.2K 147 0
                                    


" Taehyung ရေ room no. 1001 ကို အခန်း
သန့်ရှင်းရေးလုပ်မယ် "
" nae အမ "

Taehyung တယောက် စီနီယာ အမပြောတဲ့ အခန်းရှိရာစီသို့ သန့်ရှင်းရေးလှည်းကို တွန်းကာ တက်လာခဲ့လိုက်တယ်

ပြောရမယ်ဆို ထိုအခန်းက Hotel ရဲ့ အပေါ်ဆုံးထပ် စျေးအကြီးဆုံးအခန်း အပေါ်ဆုံးမှာ အခန်း 2 ခန်းပဲ ရှိတယ် နောက်တခန်းက room no. 1000 အခန်းနှစ်ခန်း ပဲထားရလောက်ကို အကျယ်ကြီး ဖွဲ့စည့်ထားတာ

ကိုယ်ပိုင် ရေကူးကန် ကိုယ်ပိုင် Gym ကိုယ်ပိုင် ရုပ်ရှင်ရုံ ကိုယ်ပိုင် ကာရာအိုကေခန်း အပြင် အရက် ဝိုင် မျိုးစုံရှိကာ လိုအပ်ရင် အရက်စပ်ပေးဖို့ခေါ်ရင် ဝင်ဆောင်မှု သီးသန့်ပေးတဲ့ အခန်းမျိုးပါ...

ထိုအခန်းမျိုးကို ပုံမှန်ဆို သူလို လူသစ်မျိုးကို
မခိုင်းပါ ခိုင်းခဲ့ရင်တောင် စီနီယာ တွေဘာပါမှ ခုက တယောက်ထဲ ပဲ သွားခိုင်းတော့ Taehyung စိတ်ထဲမှာတော့ နည်းနည်းလန့်နေတယ် သူ့အကြောင်း သူ့အသိဆုံးမို့လို့လေ..

ဒီလောက်စျေးကြီးတဲ့ အခန်းဆို အထဲက ပစ္စည်းတွေကလည်း စျေးကြီးမှာ အမှန်ပင် အဲ့တာ
ကြောင့် တခုခု အမှားလုပ်မိမှာကို တွေးကြောက်နေခြင်းပင်..

အခန်းရှေ့ရောက်တော့
တီးတောင်
" Housekeeping ပါ "
" အင်းခဏလေး "
" nae "

ခဏအကြာ တံခါးလာဖွင့်ပေးလို့ လှည်းကိုဆွဲကာ ဝင်မယ်အလုပ်

" ဟင် CEO Jeon "
" မဝင်သေးဘူးလား "
" nae "

Taehyung အစက အခြား Hotel လာတည်းတဲ့ ဧည့်သည်ထင်နေခဲ့တာ ခုတော့ သူရဲ့ CEO ဖြစ်နေတော့ နည်းနည်းစိတ်သက်ရာ ရပေမယ့် မနေ့က လုပ်ခဲ့တဲ့ အဖြစ်ကြောင့် CEO ကို မျက်နှာခြင်းမဆိုင်ရဲ..
..

မနေ့က Hyung တို့နဲ့ club မှာတွေ့ပြီးထဲက အိမ်မပြန်ချင်တော့လို့ ကိုယ့် Hotel ခန်းမှာပဲ အိပ်လိုက်ခြင်းပင်

ဒီအပေါ်ဆုံးနှစ်ခန်းကလည်း ကျွန်တော်တို့ ညီကို နှစ်ယောက်ရဲ့ အခန်းပါပဲ Hyung ကတော့ သူအခန်းကို အရေးကြီး VVIP ဧည့်သည်တွေဆို ပေးတည်းပေမယ့် ကျွန်တော်က တော့ ကျွန်တော် အခန်းကို လုံးဝဘယ်သူကို မှပေး မတည်း..

Kim (complete) Where stories live. Discover now