" ရောက်ပြီ "
6လွှာလောက်အမြင့်ရှိတဲ့ တိုက်လေးတတိုက်ရှေ့မှာ ကျွန်တော်တို့ ကားကို ရပ်လိုက်တော့
ရှေ့ခန်းကနေ ထော့နဲ့ထော့နဲ့ နဲ့ ဆင်းနေတဲ့ ကောင်လေး ပြီးတော့ လှေခါးနားမှာ ရပ်ကာ အပေါ်ကိုမော့ကြည့်လိုက် ကျွန်တော်တို့ဘက်ကို ကြည့်လိုက်နဲ့
" hyung ကျွန်တော် သူငယ်ချင်းကို ဖုန်းဆက်ခေါ်လိုက်မယ်နော် "
" အင်း ခေါ်လိုက်လေ "
" ကျွန်တော်ပြောသလိုပြောပေးနော် "
....I wanna be with you...
" ဟေ့ရောင်မလာသေးဘူးလား ကြာလိုက်တာ ဒီနေ့ "
" အင်း jimin အောက်ခဏဆင်းခဲ့ပါလား "
"ဘာလို့လည်း "
" ငါ ကားနဲ့တိုက်မိလို့ "
" ဘာ! !!"
...ကောင်လေးကြောက်ရတဲ့ သူငယ်ချင်း ဆိုလို့ လူကောင်ကြီးကြီး မှတ်တာ ကောင်လေးထက်တောင်သေးနေသေးတယ် ပုပုသေးသေး ဖြူဖြူလေးပဲ ကောင်းလေးလို
" Tae ဘာဖြစ်သွားသေးလည်း "
" ဟင့်အင်း လဲကျလို့ ခြေထောက်ပဲခေါက်သွားတာ "" မင်းကို ဘာပြောထားလည်း ဒီတခါဆို ဒယ်ဂူပြန်ရမယ်လို့ "
" ငါလုပ်တာဟုတ်ဘူးလေ သူတို့က ဝင်တိုက်တာ "
" တိုက်သွားတဲ့ သူတွေရော "
" ဟိုမှာ "သူငယ်ချင်းနှစ်ယောက်ဘာတွေပြောနေလည်းတော့မသိဘူး ဟိုကောင်လေးက ငိုမဲ့မဲ့နဲ့ပြောနေတယ်..
ကျွန်တော်တို့ကို မေးလို့ထင်တယ် ကောင်လေးက လက်ညိုးလှမ်းထိုးပြတော့ ထို အကောင်သေးသေးလေးက မျက်မှောင် ကျုတ်ကာ ကျွန်တော်တို့ ဘက်ကို ထွက်လာပြီလေ
" suga hyung ဟို အသေးလေးက ဒေါသတွေ ထွက် ပြီးလာနေပြီ hyung ပဲရှင်းလိုက်တော့ "
" ဟေ့ရောင် မင်းကရော "" ကျွန်တော် အနောက်က လိုက်ခဲ့မယ် "
" အေးပါကွာ "
.." ဒီမှာ ကားမောင်းတာဘယ်သူလည်း "
" ကျွန်တော်ပါ အကိုလေး "" ဘာကို အကိုလေးလည်း ကျွန်တော် အသက်ငယ်ငယ်လေးရှိသေးတယ် "
"ဟုတ်ကဲ့ "" အဲ့လောက်ရိုသေစရာမလိုပါဘူး ဘယ်လိုဖြစ်လို့လည်း လူတယောက်လုံးမမြင်ရအောင် "
" ဟို...."