20

2.1K 141 3
                                    

နေမကောင်းဖြစ်နေတာတောင် သူစီ စိုးရိမ်တကြီးထွက်လာတဲ့ Kim.

သူ့ကို ဘယ်လောက်ချစ်လည်း မေးစရာ မလိုလောက်အောင် အဖြေကသိနေတာကြောင့် ထိုလူသားလေးကို ပိုလို့တောင်ချစ်မိသွားတယ်..

သူသွေးလှူနေတဲ့ တချိန်လုံးဘေးနားမှာထိုင်နေတဲ့ Kim ခုတော့ အဖျားတွေ ပြန်တက်လာတာကြောင့်ထင် တယ် ကျွန်တော်ရဲ့ ဘေးခုံမှာထိုင်ကာ မှိုန်းနေတဲ့ Kim ရဲ့ မျက်နှာလေးက ရဲပြီး နဖူးလေးစမ်းကြည့်တော့ တော်တော်ကို ပူနေတယ်

ကျွန်တော် နီးစပ်ရာ ဆေးဆိုင်ကနေ ဆေးဝင်ဝယ်ပြီး ကျွန်တော်အိမ် သွားမယ် ပြောထားတာကြောင့် ကျွန်တော်အိမ်ကိုသာ မောင်းလာခဲ့လိုက်တယ်

အိမ်ရောက်တော့လည်း ကွန်ဒိုဖြစ်တာကြောင့် ကားကို ကားပါကင်မှာထိုးကာ Kim ဘက်ကို လာတော့ အိပ်ပျော်နေတာကြောင့်ရော အဖျားတက်နေတာကြောင့် ပွေ့ချီ ကာ ကျွန်တော် အခန်းရှိရာစီသို့..

အခန်းရောက်တော့ ကျွန်တော်ကုတင်ပေါ်မှာသာ အိပ်စေလိုက်ပြီး Kim ကို ကြည့်လိုက်တော့ ဝတ်ထားတဲ့ အကျီကလည်း ထူနေတာကြောင့် အပူက ပို၍သာ တိုးလာတော့တယ်

ကျွန်တော်ရဲ့ အကျီ မပါးမထူလေးသာ လဲပေးထားလိုက်ပြီ ကိုယ်ပူကျအောင်သာ ရေပတ်ဝတ် တင်ပေးရင်း နိုးလာရင် စားလို့ရအောင် ဆန်ပြုတ်သာ ပြုတ်ထားလိုက်တယ်

အစကတော့ စားကောင်းတာလေး ချက်ကျွေးမလို့ပဲ Kim အခြေအနေက စားလို့မရသေးတာကြောင့် ဆန်ပြုတ်သာ ပြုတ်နေလိုက်တယ်...
...

မနက်က မောင့်ကို စောင့်ပေးရင်း အဖျား အရမ်းတက်လာတာကြောင့် လူက မလှုပ်ချင်တော့တာနဲ့ မောင်ဘေးမှာ အိပ်ပျော်သွားတာပဲ သိတယ်

ဘယ်ချိန်က ဘယ်လိုကားပေါ်ရောက်ပြီး အိမ်ရောက်လာလည်းတောင်မသိလိုက်ဘူး အိပ်ယာကနေ နိုးလာတော့ ရောက်နေတဲ့ အခန်းအခြေအနေကို ကြည့်လိုက်တော့ မောင့် အခန်းဆိုတာသေချာနေပြီလေ

အိပ်ယာပေါ်က ဆင်းဖို့ လုပ်လိုက်တော့ ခုမှ
ကြည့်မိတာက သူ့ဝတ်ထားတာက မောင့် Shirt အကျီ လက်ရှည်သာ ဒါဆို မောင့်က သူ့ကို အကျီ လဲပေးထားတာပေါ့ ဖြေးဖြေးချင်းစောင်ကို
မကြည့်လိုက်တော့

Kim (complete) Where stories live. Discover now