16

2.2K 149 3
                                    

" မင်းတို့ခုလို လာပေးတာ ကျေးဇူးတင်တယ်
အဲ့တာထက် မိုးမချုပ်ခင် ပြန်ပေးရင် ပိုကျေးဇူးတင်မိမှာ အမှန်ပင် "

BB " ဘာလည်း အဲ့အဆင့်တောင်ရောက်နေပြီလား"
" ဘာတွေပြောနေ တာလည်း ညကျရင် ရှုခင်းတူတူ ကြည့်မလို့ "
MG " ရှုခင်းပဲလား အေးပါ ရှုခင်းဆိုတော့လည်း ရှုခင်းပေါ့ "

သူငယ်ချင်းတွေရဲ့ စကားကြောင့် ခေါင်းတောင် မဖော်နိုင်တော့တဲ့ Taehyung CEO နားကပ်ကာ တိုးတိုးလေးပြောလိုက်တဲ့စကားကြောင့်

" မောင် Kim ပြန်တော့မယ် "
" ဘာလို့ပြန်မှာလည်း ဒီလိုနေလို့ရအောင်ဘယ်လိုတောင်လုပ်ထားရတာလည်းသိရဲ့သားနဲ့ "

ဟုတ်ပါတယ်လေ ည Taehyung နဲ့ တူတူ နေလို့ရအောင် CEO ကြီး မှာ Taehyung သူငယ်ချင်းတွေကို ဧည့်သည်လာလို့ အစားအစာ တွေ လာပို့ခိုင်းရင်း Taehyung ကို တညလုံး အလုပ်လုပ်ပေးရမယ်ဆိုပြီး ဟန်ဆောင် အမိန့်တွေ ပေးကာ အပီအပြင် ပြော ထားတာကြောင့် Taehyung အတွက် စိတ်မကောင်းဖြစ်ကာ ထွက်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက် မျက်နှာက မကောင်း..

အဲ့လောက်ထိ သရုပ်ဆောင်ထားတာကို ဟိုကောင်တွေ စကားကြောင့် နဲ့ Taehyung က ပြန်တော့မယ်ဆိုတော့ .CEO ကြီး ဘယ်လက်လွှတ်ခံမလည်း..

" ဟေ့ရောင်တွေ မင်းတို့ပြန်တော့မဟုတ်က ဟုတ်ကတွေပြောမနေနဲ့ "
" မောင် Kim ပဲ ပြန်တော့ပါမယ်ဆို "

Taehyung ထက်မှန် အနားနားကပ်ပြောကာ ထွက်သွားဖို့ လုပ်တော့ လက်ကိုလှမ်းဆွဲထားတာကြောင့် သွားလို့မရ

" မရဘူး မသွားရဘူး "
" မောင်ကလည်း "
" မောင့် ကို မချစ်ဘူးလားပြော"

သူအဲ့လို မေးလိုက်တော့ နှုတ်ခမ်းလေးဆူကာ ဖြစ်သွားတဲ့ Taehyung ရဲ့ ရုပ်လေးကြောင့် CEO ကြီးမှာ ထိုနှုတ်ခမ်းလေးကို ဆွဲကိုက်ထားချင်တဲ့ စိတ်တွေ တဖွားဖွားထလာကာ

" ဟေ့ရောင် တွေ ထတော့ မြန်မြန် နောက်နေ့မှ လာရင် လာတော့ကွာ "
EW " အေးပါကွာ ခုတော့ နှင်လွှတ်ပြီပေါ့လေ အဲ့တော့လည်း ပြန်ရတော့မှာပေါ့ "

BB " ချီးလိုကောင် နောက်ခါ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး ဖုန်းဆက်ကြည့် ချီးတောင်မကိုင်ဘူးမှတ် "

Kim (complete) Where stories live. Discover now