ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.8K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)

9.4K 1.6K 145
By ArtemisJT21

[အောက်တန်းစားလူယုတ်မာ၏ အောက်တန်းစား အတွေးအကြံများ]

နန်ယန်ပင်လယ်အတွင်းရှိ ကျွန်းစုပြည်ထောင်များထဲတွင် ပိုင်ရှဲန့်ပြည်မှာ ဩဇာအာဏာအကြီးဆုံးပြည်ထောင်ဖြစ်မှန်း သိသာထင်ရှားလှပေသည်။ ထို့အပြင် တည်နေရာမှာလည်း ကူးသန်းဆက်သွယ်ရေးအရ အလွန်အချက်အချာကျသောနေရာဖြစ်သေး၏။ ထိုအကြောင်းကြောင့်ပင် ချူရှိန့်က ပိုင်ရှန့်ပြည်သို့ မကြာခဏဆိုသလို တိတ်တဆိတ် လူလွှတ်စေပြီး အကြိမ်ပေါင်းများစွာ သိမ်းသွင်းစည်းရုံးစေခဲ့သည်။

သို့သော် နာ့ဝါမှာ စိတ်ထားဖြောင့်မတ်သည့်အပြင် တည့်တိုးသာပြောဆိုလုပ်ကိုင်တတ်သောကြောင့်၊ အရာရာကို သတိထားပြီး စေ့စပ်သေချာစွာ လုပ်ဆောင်တတ်သောကြောင့် ဤနန်းကျမင်းသား၏ အကြံအစည်ကမ်းလှမ်းချက်များကို မျက်ကွယ်ပြုလိုက်ကာ ကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခုဖွင့်နိုင်ရေးအတွက် ချူယွမ်နှင့် ကောင်းမွန်ခိုင်မြဲသောဆက်ဆံရေးရှိဖို့သာ လိုလားတောင့်တခဲ့သည်။ ထိုအကြောင်းကြောင့်ပင် ချူရှိန့်ဘက်မှ ရောက်လာသမျှ ဧည့်သည်များကို သွယ်ဝိုက်သောနည်းဖြင့် ချော့မော့ပြီး အမြဲ နှင်လွှတ်ခဲ့သည်။ တစ်ဖက်လူက ဘာပေးမည် ညာပေးမည်ဟုဆိုကာ မည်သို့သောလာဘ်လာဘမျိုးဖြင့် ပေးကမ်းလာခဲ့ပါစေ ၊ နာ့ဝါမှာ လုံးဝ စိတ်ဓာတ်ယိုင်နဲ့ခဲ့ခြင်းမရှိ။

သို့သော် နာ့ဝါဘက်က ငြင်းဆန်လိုက်သည်ဆိုပေမင့် နာ့ရှီးရှစ်ကတော့ နောင်တော်ဖြစ်သူနှင့် အတွေးအမြင်ချင်း ကွာခြားသည်။ ညီ​ြဖစ်သူက နဂိုကတည်းကပင် ရည်မှန်းချက်ကြီးမားပြီး လောဘဇောတက်တတ်သောသူဖြစ်သည်မို့ တာ့ချူ၏ ပြည့်စုံကျယ်ဝန်းလှသော နယ်မြေများကို လိုချင်တောင့်တနေသည်မှာ ကြာမြင့်လှပြီဖြစ်၏ ။ချူရှိန့်လည်း ထိုအကြောင်းကို ကြားသိသည်နှင့် ဗျူဟာပြောင်းလိုက်ကာ နာ့ရှီးရှစ်ထံသို့သာ လူစားထိုးပြီး စေလွှတ်ခဲ့သည်။

ထိုအကြောင်းကို နာ့ဝါသိသွားသော် ယမ်းပုံမီးကျ ဒေါသထွက်ကာ နာ့ရှီးရှစ်၏ စံအိမ်အား ရဲမက်များဖြင့် ဝိုင်းဝန်းထားစေ၏။ ထို့အပြင် အပြစ်များကို ပြန်လည်ဆင်ခြင်နေရန်ပါ မှာကြားခဲ့သေးသည်။ သုံးလလွန်သွားတော့ နာ့ရှီးရှစ်သည်လည်း အစ်ကိုဖြစ်သူရှေ့ဒူးထောက်ကာ မျက်ရည်မိုးဖြိုင်ဖြိုင်ကျပြီး အပြစ်ကိုဝန်ခံခဲ့သည်။ သူပုန်တပ်နှင့် ထပ်ပြီးပတ်သက်တော့မည်မဟုတ်ကြောင်းလည်း သစ္စာဆိုခဲ့၏။ မိခင်ဖြစ်သူကပါ ဝိုင်းဝန်းတောင်းပန်လာသောကြောင့် နာ့ဝါလည်း ညီငယ်ဖြစ်သူအား ခွင့်လွှတ်ပေးလိုက်သည်။

"ဒီကိစ္စဖြစ်ပွားခဲ့တာ နှစ်နှစ်တောင်ရှိခဲ့ပါပြီ။ သူ့အပြစ်ကို သူ တကယ်နားလည်လက်ခံသွားပါတယ်လို့ပဲ ကျွန်တော်မျိုး ထင်မှတ်ခဲ့တာပါ"

နာ့ဝါက သက်ပြင်းရှည်ကြီးချလိုက်ကာ ဆက်ပြောလာ၏။

" ပြန်ပြောင်းအောက်မေ့ကြည့်လိုက်ရင် ကျွန်တော်မျိုး မြောက်ပိုင်းဒေသကို ဆန်တက်လာမယ်လည်းလုပ်ရော ၊ သူ့ဆီကနေ မူမမှန်တဲ့အပြုအမူတွေ ခဏခဏတော့ တွေ့မိပါသေးတယ်။ ကျွန်တော်မျိုးကို ဇွတ်အတင်းကြီး ခရီးမြန်မြန်ထွက်စေချင်နေခဲ့တာ "

ထိုစဥ်တုန်းက မတွေးမိပေမင့် ယခု ပြန်စဥ်းစားကြည့်လိုက်တော့မှ နာ့ဝါတစ်ယောက် အရိုးထဲမှသည် လှိုက်ခနဲ အေးစိမ့်သွားသလိုပင်။

ချူယွမ်က ဆို၏။

"ရွှေမြို့တော်ကို ဟိုတစ်နေ့ကမှ ပြန်ရောက်လာတဲ့ ကိုယ်တော်မြတ်ရဲ့ ညီတော်မောင်လည်း အဲ့လိုပြောပြထားပါတယ်။ ပိုင်ရှဲန့်ပြည်မှာ အပြောင်းအလဲတစ်ခုခု ရှိနေပြီတဲ့။ ချူရှိန့်ရဲ့တပည့်နောက်လိုက်တွေက ပိုင်ရှန့်ပြည်ထဲကို ကိုယ့်အိုးကိုယ့်အိမ်တွေလို စိတ်တိုင်းကျ ဝင်ထွက်သွားလာနေကြတာ၊ ခိုးကြောင်ခိုးဝှက်သွားတာတောင်မဟုတ်ဘဲနဲ့ ပေါ်တင်ကြီး သွားလာနေကြသတဲ့ "

ထိုစကားကိုကြားတော့ နာ့ဝါမျက်နှာမှာအတော်လေး ပြန်ဖြူဆုတ်သွားသည်။

"ဒါပေမယ့် ဘာမှမဖြစ်ပါဘူး"

ချူယွမ်က နာ့ဝါပခုံးကိုပုတ်လိုက်ကာ အားပေးလာ၏။

"အသင်က ကိုယ်တော်ရဲ့တာ့ချူအပေါ် စိတ်သဘောထားဖြောင့်မတ်စွာနဲ့ ဆက်ဆံခဲ့တော့ အသင့်ရဲ့ပလ္လင်နန်းကို ပြန်သိမ်းယူပေးဖို့ကိစ္စ ကိုယ်တော်ကူညီပေးပါ့မယ်။ ပြီးတော့ ပြည်နယ်ခေါင်းဆောင်ဆီက ကိုယ်တော် အကူအညီတောင်းလိုတဲ့ အကြံဉာဏ်စကား တစ်ခု ရှိပါတယ် "

နာ့ဝါက ခေါင်းညိတ်လိုက်သည်။

"မိန့်ကြားတော်မူလှည့်ပါဘုရား"

"ပိုင်ရှန့်ပြည်က ရှန်းယွမ်ပြည်နဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ အမြဲလုပ်ဖြစ်ကြတယ်။ ဝူဒိန်းက ဘယ်လိုလူစားမျိုးလဲလို့ ပြည်နယ်ခေါင်းဆောင် ထင်မြင်ပါသလဲ"

နာ့ဝါက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလာသည်။

"ဝူဒိန်းက ထက်မြက်တယ်။ လေစီးကြောင်း ၊ ရေစီးကြောင်းတွေကို ကြည့်ရှုအကဲခတ်ရာမှာ ကျွမ်းကျင်လှတယ်။ သူနဲ့ ခွန်းတာနဲ့က ခပ်လှမ်းလှမ်းတော်စပ်တဲ့ ဆွေမျိုးတွေပါ။ ပြီးတော့ ခွန်းတာကလည်း ကောင်လိပြည်မင်းသမီးကို ကြင်သူသက်ထားအဖြစ် စုလျားရစ်ပတ်ထားတော့ ကျင်းထိုင်ကနေတစ်ဆင့် တာ့ချူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ပြောလို့တောင်ရတယ်။ ပုံမှန်ဆိုရင်တော့ ချူရှိန့်ရဲ့ စည်းရုံးသိမ်းသွင်းမှုကို သူ ဒီလောက်မြန်မြန် လက်ခံမှာတော့ မဟုတ်ဘူးဘုရား။ အများဆုံး ဘယ်ဘက်ကိုမှ မလိုက်ဘဲ ကြားနေအဖြစ်ပဲ ရပ်တည်နေလောက်ပါတယ်"

"အဲ့လိုကိုး"

ချူယွမ်က ခေါင်းညိတ်လိုက်သည်။

"ကိုယ်တော် နားလည်ပါပြီ။ ပြည်နယ်ခေါင်းဆောင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်"

"ဧကရာဇ်ချူရော ဘယ်လိုအကြံအစည်မျိုး ရှိထားပါသလဲဘုရား"

"အသင့်ဒဏ်ရာတွေ အကုန်ပျောက်ပြီးခါမှ ကိုယ်တော်နဲ့အတူလိုက်ပါပြီး စစ်ထွက်တိုက်လှည့်ပါ။ ဆုံးရှုံးသွားတဲ့အရာကို ပြန်သွားပြီး သိမ်းပိုက်ကြစို့"

နာ့ဝါက ခေါင်းအနည်းငယ်ညွှတ်လိုက်ပြီး ပြောလာ၏။

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါဘုရား"

ထို့နောက် နှစ်ယောက်သား ထိုအခန်းထဲမှထွက်လာတော့ အဆောင်ဝန်းရှေ့တွင် မည်သူမှ ရှိမနေတော့ဘဲ ရှစ်ဇီနှင့် တံခါးစောင့်ရဲမက်အချို့ရယ်သာ ကျန်ရှိနေသည်။ ကျင်းဆူးလည်း ခင်ပွန်းသည်ဖြစ်သူကို အခန်းထဲ ပြန်သွားပို့ကြောင်း ၊ ယဲ့ကျင်သည်လည်း ရှန်ချန်းဖုန်းမှ အတင်းပွေ့ချီပြီး ခေါ်ဆောင်သွားခံရပြီဖြစ်ကြောင်း ၊ ညကျမှ ကြက်ကင်ဆိုင်တွင် ကြက်ကင်သွားစားကြမည်ဖြစ်ကြောင်း ပြောသွားသည်ဟု ရှစ်ဇီက လျှောက်တင်လာ၏။

သွမ့်ပိုင်ယွဲ့ စိတ်ထဲမှ တွေးတောလိုက်မိသည်။ နောင်တစ်ချိန် အခွင့်အရေးရှိလာပါက ရှန်ချန်းဖုန်းနှင့်အတူ သေရည်တစ်ခွက် တစ်ဖလားလောက် သောက်ဖြစ်အောင်သောက်ရပေမည်။

"ဒီလောက်တောင် အချိန်လင့်သွားတာလား"

ချူယွမ်က မိုးယံထက်တွင် ဝင်းပနေသော သော်တာလမင်းကိုမော့ကြည့်ရင်း ​ဆက်ပြောလာ၏။

"သွားကြစု့ိ။ ငါတို့လည်း အနားယူဖို့ ပြန်ကြရအောင်"

အားပါးပါး၊ ဒီလိုစကားမျိုးကို သွမ့်ပိုင်ယွဲ့တစ်ယောက် လွန်စွာမှ အကြိုက်တွေ့လှပေသည်။

ထို့နောက် ချူယွမ်လက်ကို ကိုင်ဆွဲလိုက်ကာ အိပ်ခန်းဆောင်ဘက်သို့ အတူတူ လမ်းလျှောက်ပြန်လာကြ၏။

ချူယွမ်ဘက်မှ သွမ့်ပိုင်ယွဲ့ကို စ,မေးလာခြင်းဖြစ်သည်။

"မင်း ဘာတွေတွေးနေတာလဲ"

"စစ်ပွဲအကြောင်း"

"စစ်တောင် မကြေညာရသေးဘူး၊ ဘာလို့ စစ်ပွဲအကြောင်း တွေးနေတာတုန်း။ မရဘူး၊ ကိုယ်တော် မင်းကို တွေးခွင့်မပြုဘူး"

"ရတယ်လေ"

သွမ့်ပိုင်ယွဲ့လည်း အမြန်ပင် ကျိုးနွံလိမ္မာစွာ စကားနားထောင်လိုက်၏။

ခဏကြာသွားသော် ချူယွမ်က ထပ်မေးလာသည်။

"အခုရော ဘာအကြောင်းတွေးနေလဲ"

"မင်းအကြောင်း"

ချူယွမ် တိတ်တခိုးပြုံးလိုက်သည်။ထို့နောက် လျှောက်လမ်းပေါ်ရှိ ကျောက်သားပြားများအတိုင်း အတူတကွ ဆက်လက်လျှောက်လှမ်းသွားကြလေသည်။

နောက်မှ လိုက်ပါလာသော ရှစ်ဇီမှာ ပါးစပ်လေးအုပ်ပြီး ရယ်မောနေမိ၏။

******

"နောင်တော်၊ အရှင်မင်းမြတ်"

လမ်းသွယ်လေးတစ်ခုကို ဖြတ်လျှောက်လာခိုက် ပစ္စည်းပစ္စယများပွေ့ပိုက်ပြီးသယ်လာသော သွမ့်ယောင်နှင့် လမ်းခုလတ်တွင် တိုး၏။

"ဒါ ဘယ်ကိုသွားခဲ့တာလဲ"

ချူယွမ်မှ လှမ်းမေးလိုက်သည်။

"အဘိုးမုချီဆီ သွားတာပါဘုရား။ အဘိုးက ကျွန်တော်မျိုးကို ဆော့စရာအရုပ်လေးတွေ ပေးလာခဲ့တာ။ ဒီဟာတွေလေ "

"လျှို့ဝှက်လက်နက်တွေလား"

"အကုန်လုံးကတော့ လက်နက်တွေမဟုတ်ဘူး။ သစ်သားပုလွေလည်းပါတယ်၊ သစ်သားသပိတ်လွယ်ငှက်လေးလည်း ပါတယ်။ ပြီးတော့ အဲ့မှာ ပစ္စည်းသေးသေးလေးတွေ အားကြီးရှိသေးတယ်။ အဘိုးက ကျွန်တော်မျိုးကို မောင်ဝ်အချိန်ကျ လာခဲ့ပါတဲ့၊ သစ်သားလက်မှုအတတ်တွေ သင်ပေးမယ်တဲ့" (T/n : မောင်ဝ်အချိန် = မနက် ၅ နာရီမှ မနက် ၇ နာရီအတွင်း )

"မောင်ဝ်အချိန်လား။ ဒါဆို ညဦးပိုင်းကတည်းက စောစောအိပ်ရာဝင်ဖို့ လိုတာပေါ့။ မဟုတ်ရင် မနက်ဖြန် စောစောမထနိုင်ဘဲ နေဦးမယ်"

"ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါဦးဘုရား။ အရှင်မင်းမြတ်လည်း စောစောအနားယူပါနော်"

​အောက်သို့သာ ပြုတ်ကျချင်နေသော ပစ္စည်းသေးသေးကွေးကွေလေးများကို သွမ့်ယောင် က သေချာပြန်ပွေ့ထားလိုက်ကာ ဆက်ပြောလာ၏။

"နောင်တော်ရောနော်"

ဘာမှအရေးကြီးသောလူ မဟုတ်ပေမင့် အထုအထောင်းမခံရစေရန် နည်းနည်းပါးပါးတော့ အဖက်လုပ်ဦးမှဖြစ်မည်။

"အင်းပါ၊ သွားတော့"

ချူယွမ်က သူ့ဆံပင်များကို သေသပ်အောင် သပ်ပေးလိုက်ကာ သွမ့်ယောင်ထွက်သွားသည်ကို ပြုံးရင်း ကြည့်နေ၏။

"တစ္ဆေငယ်လေးအပေါ် မင်း ဘာလို့အဲ့လောက် ကောင်းပြနေတာလဲ"

သွမ့်ပိုင်ယွဲ့က မနာလိုအူတိုစွာ ပြောလာ၏။

"ယောင်အာအပေါ် ကောင်းတာ ငါတစ်ယောက်တည်းမဟုတ်ဘူး။ အဘိုးအိုရွှမ်ထျဲန်းတောင် သူ့ကို ဖန်ရှင်းစစ်တုရင်​ဖြေရှင်းနည်း သင်ပေးပို့ချပေးတာ။ အဘိုးအိုမုချီလည်း သစ်သားလက်မှုအတတ်တွေ သင်ပေးဦးမှာ။ ဒီလိုမျိုးအခွင့်အရေးမျိုးကို သိုင်းလောကကလူတွေ ဘယ်လောက်တောင် လိုချင်နေကြတာလဲ မင်းသိရဲ့လား "

"ယောင်အာက ပေါက်စကွေးဘဝကတည်းက ကံကောင်းတာ"

"မင်းရော"

"ကိုယ်လည်း ကံကောင်းတာပေါ့"

သွမ့်ပိုင်ယွဲ့က ချူယွမ်အား လက်တစ်ဖက်ဖြင့် လှမ်းဖက်ထားလိုက်၏။

"မင်း ရှိနေတာနဲ့တင် တစ်လောကလုံးမှာကိုယ် ကံအကောင်းဆုံးဖြစ်နေပြီ"

ချူယွမ်က လက်ဖမိုးဖြင့် သွမ့်ပိုင်ယွဲ့ရင်ခွင်ကို လှမ်းရိုက်လိုက်ပြီး ဆို၏။

"ဒါပေါ့၊ ဧကရီမိဖုရားခေါင်တောင် ဖြစ်ရတာ။ ဘယ်သူကများ မင်းလောက် ကံကောင်းမှာတဲ့လဲ"

ဒီအကြောင်းသာ သတင်းပျံ့သွားလို့ကတော့ ပျိုမဒီချောတွေခမျာ မင်းကို အားကျလွန်းလို့ လက်ထဲကပုဝါစတွေတောင် တစ်သီတစ်တန်းတည်း ဝိုင်းပြီးလွှင့်ပစ်လိုက်ကြမှာ ။

သို့နှင့် နှစ်ယောက်သား စာပေတိုက်ဘက် ဖြတ်သွားတော့ အထဲတွင် ဆီမီးရောင်လင်းထိန်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါဘေးနားရှိ ရှစ်ဇီက လျှောက်တင်လာ၏။

"အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်၊ အမတ်မင်းဝမ်းဖြစ်ကြောင်းပါဘုရား"

ရှစ်ဇီပြောမှ ချူယွမ်အမှတ်ရမိသည်။

"ဝမ်းအိုက်ချင်း? သူ ပြန်မသွားသေးဘူးပေါ့"

"မှန်ပါ့၊ ပြန်မသွားသေးကြောင်းပါဘုရား။ ခေါင်းဆောင်ကျောက်လည်း အတူလိုက်လာပါတယ်။ အမတ်မင်းဝမ်းနဲ့အတူတူ စာဖတ်ရာမှာအဖော်လာပြုတာပါဘုရား။ စာပေတိုက်က ခုနစ်ထပ်တောင်ရှိတာမို့ အမတ်မင်းဝမ်းက အကြည့်တစ်ချက်နဲ့ ဝါကျဆယ်ကြောင်းဖတ်နိုင်ရင်တောင် စာပေတိုက်ကို သေချာစနစ်တကျ ပြန်လည်စီစဥ်ထားဖို့ တစ်လလောက်ကြာဦးမှာပါဘုရား"

"ညကျရင် သူတို့စားဖို့မုန့် ပြင်ပေးခိုင်းဖို့ စားဖိုဆောင်ကို သွားပြောလိုက်ဦး။ ပြီးတော့ အမြန်ပြန်ပြီးအနားယူပါဦးလို့ ဝမ်းအိုက်ချင်းကို ပြောလိုက်။ အရမ်း မပင်ပန်းစေနဲ့လို့"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ထို့နောက် ရှစ်ဇီက လက်အောက်ငယ်သား မိန်းမစိုးတစ်ယောက်ကို လက်ယပ်ခေါ်လိုက်ကာ အမိန့်တော်အတိုင်း ညွှန်ကြားခိုင်းစေလိုက်သည်။ ချူယွမ်ဘက်ကလည်း သွမ့်ပိုင်ယွဲ့ကို လှည့်မေးလိုက်သည်။

"မင်းရော ..... ညကျရင် အဆာပြေမုန့်စားချင်သေးလား"

"မင်း ဗိုက်ဆာလို့လား။ ရတယ်လေ၊ ကိုယ် အတူတူထိုင်စားပေးမယ်"

"မဆာဘူး၊ စားချင်စိတ်မရှိဘူးရယ်"

ချူယွမ်က ဘေးနားက တစ်နေရာဆီ လက်ညှိုးညွှန်ပြလိုက်ကာ ဆက်ပြော၏။

"ငယ်ငယ်တုန်းက မင်း ဒီနန်းတော်ထဲ ခဏခဏလာတတ်တယ်။ အဲ့ဒီနေရာကို ရော မှတ်မိသေးလား"

"မှတ်မိတာပေါ့၊ ချူရှိန့်ရဲ့ ကျင်ဖန်အဆောင်လေ။ အခုရော နေတဲ့လူရှိလား"

ချူယွမ် ခေါင်းခါပြသည်။

"ချူရိှန့် ပြည်နှင်ဒဏ်ချမှတ်ခံရပြီးကတည်းက အဲ့နေရာမှာ လူမနေတော့ဘူး"

ထိုစဥ္ ကြွက်တစ်ကောင်က တကျွိကျွိအော်မြည်ကာ တံခါးဘက်မှ ပြေးထွက်လာပြီး လမ်းကြောင်းကို အလွတ်ရနေသည့်နှယ် ပန်းပင်များကြား ပြေးဝင်ပျောက်ကွယ်သွား၏။

ချူယွမ်က ရွံရှာသွားသည့်ဟန် မျက်နှာမဲ့သွားသည်။

"အဲ့အဆောင်ကို ပိတ်မထားဘူးလား"

သွမ့်ပိုင်ယွဲ့ မေးလိုက်၏။

"စည်းစိမ်ဘဏ္ဍာတွေကို စစ်ဆေးထိန်းသိမ်းပြီးရင် ပိတ်လိုက်ရမှာ ထုံးစံပဲလေ။ ဒါပေမယ့် နှစ်တွေကြာလာတော့ နန်းတွင်းထဲနေတဲ့လူတွေ များလာလေ ၊ အသေးအမွှားလေးတွေကအစ လိုက်ခိုးတဲ့လူတွေရှိလာတာပဲ၊ ဒီပြသနာက ရှောင်လွှဲလို့မရဘူး။ စက္ကူတစ်ရွက်၊ သံကြိုးတစ်ချောင်းလောက်နဲ့ပဲ ပိတ်ထားတာဆိုတော့ ပျက်သွားပြီထင်တယ်၊ ဒါပေမယ့် ထားလိုက်ပါတော့လေ"

တန်ဖိုးကြီးသောပစ္စည်းများကို ဘဏ္ဍာတိုက်ထဲ ထည့်ပြီးလိုက်သော်ငြား ချူရှိန့်က အသုံးအဖြုန်းကြီးသည့်လူဟု ကျော်ကြားသေးသည်မို့ ပုလဲတစ်ကုံးမျှ သူ့နန်းဆောင်ထဲ မတော်တဆ ကျကျန်သွားခဲ့လျှင်တောင် သာမန်ပြည်သူပြည်သားများအတွက် နှစ်အနည်းငယ်စာ ဝမ်းရေး မပူမပင်ရတော့သည့်အထိ တန်ဖိုးကြီးနေသေးသည်လေ။ကုလားအုတ်ကြီးသေသွားလျှင်တောင် မြင်းထက်တော့ အကောင်ကြီးနေဆဲဖြစ်သည်ဆိုသည့် ဆိုရိုးစကားအတိုင်းပါပေ။

"မနက်ဖြန်မှ နောက်တစ်ခါက် ထပ်လာပိတ်ခိုင်းလိုက်မယ်"

"မှန်လှပါ၊ မနက်ဖြန်ကျ အမတ်မင်းဝမ်ကို ချက်ချင်းသွား​ပြီး အကြောင်းကြားလိုက်ပါ့မယ်ဘုရား"

ညချမ်းအချိန်က အေးစိမ့်နေသည်၊ ထို့အပြင် ဤနေရာက အချမ်းဓာတ်ပိုကဲနေ၏။ ထိုကြောင့် သွမ့်ပိုင်ယွဲ့က ချူယွမ်ကို ဤနေရာမှာ အကြာကြီးဆက်မနေစေချင်တော့။

"သွားကြစို့"

ချူယွမ်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်ထွက်သွားရန် လှည့်ပြန်လာသည်။ သို့သော် ကြွက်တစ်ကောင်က တံခါးကြားမှ တိုးထွက်ပြီး ပြေးလွှားသွားပြန်၏။ သူ့ပါးစပ်ထဲတွင် ဝါထိန်နေသော အဝတ်စတစ်ခုကို ကိုက်ခဲထားသည်။ ထိုအဝတ်စက ညစ်ပတ်နေသည့်အပြင် ဟောင်းနွမ်းနေပြီဖြစ်သော်လည်း ထိုအဝတ်စပေါ်တွင် နေမင်းကို ဝန်းရံထားသော တိမ်လွှာများ၏ပုံစံမျိုး ချုပ်လုပ်ထားသည်ကို တွေ့နိုင်ပေသည်။

"ဒါ.....ဒါက...."

ရှစ်ဇီ အံ့အားသင့်သွားသည်။

မင်းညီမင်းသားတိုင်းက ရွှေဝါရောင်အဆင်းရှိ ပိတ်စများကို အသုံးပြုပိုင်ခွင့်ရှိသော်လည်း နေမင်းကိုဝန်းရံထားသော တိမ်လွှာအပွင့်အဆင်မျိုးကို အိမ်ရှေ့စံတစ်ပါးတည်းကသာ အသုံးပြုပိုင်ခွင့်ရှိပေသည်။ အဘယ်အကြောင်းကြောင့်များ ဒီလိုနေရာမျိုးမှာ ထိုအဝတ်စ ရောက်နေပါသနည်း။

"မင်းရဲ့အဝတ်လား"

သွမ့်ပိုင်ယွဲ့က ထိုကြွက်ကို မောင်းထုတ်လိုက်ကာ ထိုအဝတ်စကို ကောက်ပြီးကြည့်ဖို့ ဒူးထောက်ထိုင်လိုက်သည်။ ၎င်းမှာ အတွင်းဝတ်လဲတော်ပင်ဖြစ်သည်။ ထို့အပြင် အိမ်ရှေ့စံ၏ အဆောင်တော်ကို အသားကျသည့်အထိ သူ ခုန်ကျော်ပြီး ဝင်ထွက်သွားလာနေသည်မို့ ထိုအဝတ်မျိုးကို သွမ့်ပိုင်ယွဲ့ သေသေချာချာမှတ်မိပါသည်။

ချူယွမ်က ရှစ်ဇီဘက် လှည့်ကြည့်လာ၏။

"မှန်ပါ့၊ အရှင့်ရဲ့ ခန္ဓာတော်နဲ့တစ်သားတည်း ကပ်ပြီးဝတ်ခဲ့တဲ့ အတွင်းဝတ်လဲတော်ပါဘုရား။ အရွယ်အစားအရ ပြောရရင် အရှင့်သက်တော် ရှစ်နှစ်သားအရွယ်တုန်းက ဝတ်လဲတော်ဖြစ်မယ်ထင်ပါတယ်"

ရှစ်ဇီမှာ ချူယွမ် အသက်ငါးနှစ်သားဘဝကတည်းက ပြုစုစောင့်ရှောက်လာခဲ့သော အထိန်းတော်ကြီးဖြစ်သည်မို့ ချူယွမ်က မည်သို့သောအဝတ်အစားမျိုး ဝတ်ဆင်ခဲ့ဖူးသည်၊ မည်သို့သောဦးထုပ်မျိုးကို ဆောင်းခဲ့ဖူးသည်ကအစ အကုန်လုံးကို သေသေချာချာ မှတ်မိနေပါ၏။ ဆောင်းရာသီရောက်လျှင် ချူယွမ်က အအေးဒဏ်ကြောက်သည်မို့ ပိုးဖဲစများ မဝတ်ချင်ခဲ့။ ထို့ကြောင့် မယ်တော်ဖြစ်သူက ထိုသို့သော ပိတ်စမျိုးဖြင့် ရက်လုပ်စေခဲ့ခြင်းဖြစ်ရာ အခြားမင်းသားများနှင့် ကွဲပြားနေရခြင်းဖြစ်သည် ။ ပို၍လည်း နူးညံ့အိစက်သော အထိအတွေ့မျိုးရစေ၏။ ထို့အပြင် ပိုးဖဲစများလောက် တောက်ပြောင်နေခြင်းမရှိ။ အင်မတန်မှ မှတ်သားရလွယ်လှသည်။

"ကိုယ် အထဲဝင်သွားကြည့်ဦးမယ်"

ချူယွမ် မျက်နှာမဲ့သွား၏။

"ငါလည်း လိုက်ခဲ့မယ်"

နန်းဆောင်တံခါးကို သွမ့်ပိုင်ယွဲ့ တွန်းဖွင့်လိုက်တော့ ဖုန်များ ထောင်းခနဲ လှိုက်တက်သွား၏။ ကြည့်ရသည်မှာ ပစ္စည်းများသိမ်းဆည်းခံလိုက်ရပြီးကတည်းက လူမလာသည်မှာ အတော်ကြာနေလောက်ပေပြီ။

အဆောင်ဝန်းထဲတွင် သေဆုံးနေပြီဖြစ်သော အပင်အိုကြီးရှိနေကာ မီးတုတ်ထံမှ အလင်းရောင်ဖြင့် ထင်ဟပ်သွားသောအခါ နံရံပေါ်မှ အရိပ်အမျိုးမျိုးအဖြစ် ဖြစ်ပေါ်နေပေ၏။ အကယ်၍များ ကျီးငှက်များ၏ အသံသာ တစ်စွန်းတစ်စ ထပ်ကြားလိုက်ရလျှင် ကြက်သီးထစရာ အလွန်ကောင်းနေပေလိမ့်မည်။

စောနကြွက်ကပင် တံခါးကြားကနေ လျှိုပြီး ဝင်လာပြန်ပြီဖြစ်သည်။ ၎င်းက လူမကြောက်သူမကြောက်ဘဲ ရှေ့သို့သာပြေးသွား၏။ သွမ့်ပိုင်ယွဲ့နှင့် ချူယွမ်တို့ ၎င်းနောက် လိုက်ကြည့်တော့ ထိုကြွက်က ယိုယွင်းဆွေးမြည့်နေသောအခန်းထဲ လျှိုဝင်သွားသည်ကို တွေ့လိုက်၏။ ထို့နောက် ထိုကြွက်က အဝတ်စနောက်တစ်ခုကို ထပ်ဆွဲထုတ်လာပြန်သည်။ ကြည့်ရသည်မှာ ဆောင်းခိုဖို့အတွက် အသိုက်ဆောက်နေခြင်းဖြစ်ရမည်။

သွမ့်ပိုင်ယွဲ့က မီးတုတ်ပေါ် မီးညှိလိုက်ကာ ထိုတံခါးကို ကန်ပြီးဖွင့်လိုက်သည်။ အထဲတွင် မည်သူမှမရှိ၊ နံဟောင်နေသောအနံ့များကသာ မျက်နှာအား ရိုက်ခတ်လာ၏။ ပရိဘောဂများက လဲချင်တိုင်းလဲနေကြကာ ကုတင်ကလည်း ကျွံပြီးပြိုကျနေသည်။ ကုတင်ခန်းဆီးများတွင်လည်း ပင့်ကူမျှင်များ ယှက်နွယ်ရှုပ်ထွေးနေလို့။ နေရာတိုင်းတွင်လည်း ဖုန်အလိမ်းလိမ်း ထူထပ်နေသည်။ ကြမ်းပေါ်တွင် မနည်းလှသော အဝတ်အစားပမာဏက တစ်စစီပြန့်ကျဲနေသောကြောင့် တောက်ပသောအရောင်အသွေးများ ရှိနေခြင်းဖြစ်သည်။ ရှစ်ဇီလည်း သူတို့နောက် လိုက်လာကြည့်ရင်း ထိုအဝတ်များကိုကြည့်ပြီး ချက်ချင်းအံ့အားသင့်သွား၏။

"အရှင်မင်းမြတ်၊ ဒါတွေအကုန်လုံးက အရှင့်ရဲ့ဝတ်လဲတော်တွေချည်းပဲဘုရား"

သွမ့်ပိုင်ယွဲ့လည်း မှတ်ချက်ဆိုလာသည်။

"တစ်ယောက်ယောက်က ယူလာပြီး ကုတင်အောက်ထဲ ထည့်ဖွက်ထားတာထင်တယ်။ ဒါကြောင့် ကုတင်ကို ခြတွေစားပြီး ကျွံကျသွားမှ ကြွက်တွေက သွားဆွဲထုတ်လာတာ"

ချူယွမ်မျက်နှာ လုံးဝပင်မကောင်းတော့ချေ။

သွမ့်ပိုင်ယွဲ့က လက်စွဲတော်ဓားကိုထုတ်လိုက်ကာ ကုတင်ရှိ ကျိုးနေသောနေရာကို ပိုပြီးကျယ်အောင် ဟလိုက်သည်။

အထဲတွင် အဝတ်အစားများဖြင့် ပြည့်သိပ်ကျပ်ညှပ်နေလို့။ ထို့အပြင် သေးသေးမွှားမွှားအခြားပစ္စည်းများလည်း ရှိနေ၏။ သစ်သားခရာလည်းရှိ၏၊ ကျောက်စိမ်းပုလွေလည်းရှိ၏၊ ဆံထိုးလည်းရှိ၏၊ ပြီးတော့ ပုံတူပန်းချီတစ်ခု။

ပုံတူထဲကမျက်နှာမှာ ချူယွမ်ငယ်ရွယ်စဥ်တုန်းက မျက်နှာလေးဖြစ်သည်။ သို့သော် ကြည့်လိုက်သောအခါ ရှက်ဖွယ်လိလိဖြစ်သော ၊ မသင့်လျော်လွန်းသည့်၊ ဣန္ဒြေသိက္ခာကင်းမဲ့လှသည့် အနေအထားမျိုး နေပြနေသော ရုပ်ပုံ ဖြစ်နေ၏။

ရှစ်ဇီ ချက်ချင်းပင် ထိတ်လန့်သွားသည်။

ဒါ....ဒါက....

သွမ့်ပိုင်ယွဲ့မျက်နှာလည်း ဖြူဆုတ်သွားသည်။ ထို့နောက် ထိုရုပ်ပုံလွှာကို ကြေွမွသွားအောင် ခြေပစ်လိုက်၏။

"မင်းကို ဒီဖေ အပိုင်းပိုင်းခုတ်သတ်ပစ်မယ်!!!"

"ဒါ ချူရှိန့်ရဲ့အခန်းမဟုတ်ဘူး"

ချူယွမ်က ဆိုလာ၏။

"ဒါဆို ဘယ်သူ့အခန်းလဲ"

ချူယွမ် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

"လျိုကျင်တာရဲ့အခန်း။ ချူရှိန့်ထက် ဆယ်နှစ်ကြီးတယ်၊ သိုင်းပညာတော်တယ်၊ သူနဲ့ ဓားသိုင်းကျင့်ဖို့ အဖော်ပြုထားတဲ့လူ။ ညညဆို ချူရှိန့်အဆောင်မှာ လာလာတည်းတတ်တယ်"

ချူယွမ်လက်များကို သွမ့်ပိုင်ယွဲ့ဆုပ်ကိုင်ထားလိုက်သည်၊ သို့သော်လည်း ချူယွမ်လက်များက ရေစိုင်ခဲတမျှ အေးစက်နေလို့။

အစကတည်းက ချူယွမ်မှာ တစ်ယောက်သောသူကိုသာ ချစ်ကျွမ်းဝင်ခဲ့သည်မို့ ထိုသူနှင့်သာဆိုလျှင် မည်သို့သောအထိအတွေ့မျိုးပဲ လုပ်ရလုပ်ရ ချိုမြိန်သာယာဖွယ် ဖြစ်နေခဲ့သည် ။ ပွေ့ဖက်မှုများ၊ နမ်းရှိုက်မှုများကအစ၊ နှစ်ယောက်သား ကိုယ်လက်နှီးနှောသည့်အဆုံး အရာရာတိုင်းက အဆောတလျင်မရှိဘဲ သဘာဝအတိုင်း သူ့အရှိန်နှင့်သူ စီးဆင်းဖြစ်ပျက်သွားခဲ့သည်။ ထိုသူမှလွဲပြီး အခြားမည်သူကိုမှ မျက်လုံးထဲ ထည့်မမြင်ခဲ့စဖူး။

ထို့ကြောင့် တစ်စုံတစ်ယောက်က မိမိအား ဆယ်စုနှစ်တစ်ခုကြာသည့်အထိ ဤမျှအောက်တန်းကျသော ၊ စက်ဆုပ်ဖွယ်အတိဖြစ်သော နည်းလမ်းမျိုးဖြင့် အောက်မေ့တမ်းတနေခဲ့မှန်း သံသယပင်မရှိစဖူးခဲ့။

ထို့ကြောင့် ငယ်စဥ္တုန်းက ညစ်ညမ်းသောအတွေးမပါလောက်ဟု ထင်ခဲ့ရသည့်၊ ထိုသူယုတ်မာ လာထိဖူးသော အထိအတွေ့အချို့ကို ချူယွမ် ပြန်လည်အမှတ်ရသွားတော့ ချက်ချင်းပင် အော့အန်ချင်သွားပေသည်။

****

" ဘာမှမဖြစ်တော့ဘူး။ ဟုတ်ပြီလား"

အိပ်ခန်းဆောင်သို့ရောက်တော့ သွမ့်ပိုင်ယွဲ့က သူ့ကျောပြင်ကို ပွတ်သပ်ပေးရင်း နှစ်သိမ့်လာ၏။

"အင်းပါ"

"ရေပူစမ်းထဲ သွားစိမ်ဖို့ ကိုယ်ခေါ်သွားပေးရမလား"

သွမ့်ပိုင်ယွဲ့က နူးညံ့ညင်သာစွာ တိုးတိုးလေးမေးလာ၏။

"ပင်ပန်းသွားရင်လည်း အဲ့မှာတင် အိပ်ချင်အိပ်လိုက်၊ ကိုယ် မင်းကိုပွေ့ချီပြီး ပြန်ခေါ်လာခဲ့မယ်"

"အင်း၊ ကောင်းတယ်"

သွမ့်ပိုင်ယွဲ့က သူ့ကိုနောက်တစ်ခေါက် ထပ်ပြီးပွေ့ချီလိုက်သည်။ ထို့နောက် အိပ်ခန်းဆောင်ထဲမှ ထွက်လာခဲ့၏။

ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲ၌သာ တစ်ချိန်လုံး မျက်နှာအပ်ထားသည်။

ရှီးနန်ဝမ်၏ မျက်ဝန်းများ ဤမျှထိ အေးစက်ခက်ထန်နေခဲ့ခြင်းမျိုး အရင်က တစ်ကြိမ်မျှမရှိဖူးကြောင်း ရှစ်ဇီတော့ ကောင်းစွာတွေ့မြင်လိုက်ရပေသည်။

****

2021.03.28

ပူပန်သောကအပေါင်းမှ ခေတ္တခဏ ကင်းဝေးပါစေသား။- 💜💛

****

အခန္း - ၁၁၉ (နန္းေဆာင္ေဟာင္း)

[ေအာက္တန္းစားလူယုတ္မာ၏ ေအာက္တန္းစား အေတြးအႀကံမ်ား]

နန္ယန္ပင္လယ္အတြင္းရိွ ကြၽန္းစုျပည္ေထာင္မ်ားထဲတြင္ ပိုင္ရွဲန္႔ျပည္မွာ ဩဇာအာဏာအႀကီးဆံုးျပည္ေထာင္ျဖစ္မွန္း သိသာထင္ရွားလွေပသည္။ ထို႔အျပင္ တည္ေနရာမွာလည္း ကူးသန္းဆက္သြယ္ေရးအရ အလြန္အခ်က္အခ်ာက်ေသာေနရာျဖစ္ေသး၏။ ထိုအေၾကာင္းေၾကာင့္ပင္ ခ်ူရိွန္႔က ပိုင္ရွန္႔ျပည္သို႔ မၾကာခဏဆိုသလို တိတ္တဆိတ္ လူလႊတ္ေစၿပီး အႀကိမ္ေပါင္းမ်ားစြာ သိမ္းသြင္းစည္းရံုးေစခဲ့သည္။

သို႔ေသာ္ နာ့ဝါမွာ စိတ္ထားေျဖာင့္မတ္သည့္အျပင္ တည့္တိုးသာေျပာဆိုလုပ္ကိုင္တတ္ေသာေၾကာင့္၊ အရာရာကို သတိထားၿပီး ေစ့စပ္ေသခ်ာစြာ လုပ္ေဆာင္တတ္ေသာေၾကာင့္ ဤနန္းက်မင္းသား၏ အႀကံအစည္ကမ္းလွမ္းခ်က္မ်ားကို မ်က္ကြယ္ျပဳလိုက္ကာ ကုန္သြယ္ေရးလမ္းေၾကာင္းအသစ္တစ္ခုဖြင့္ႏိုင္ေရးအတြက္ ခ်ူယြမ္ႏွင့္ ေကာင္းမြန္ခိုင္ၿမဲေသာဆက္ဆံေရးရိွဖို႔သာ လိုလားေတာင့္တခဲ့သည္။ထိုအေၾကာင္းေၾကာင့္ပင္ ခ်ူရိွန္႔ဘက္မွ ေရာက္လာသမ်ွ ဧည့္သည္မ်ားကို သြယ္ဝိုက္ေသာနည္းျဖင့္ ေခ်ာ့ေမာ့ၿပီး အၿမဲ ႏွင္လႊတ္ခဲ့သည္။ တစ္ဖက္လူက ဘာေပးမည္ ညာေပးမည္ဟုဆိုကာ မည္သို႔ေသာလာဘ္လာဘမ်ိဳးျဖင့္ ေပးကမ္းလာခဲ့ပါေစ ၊ နာ့ဝါမွာ လံုးဝ စိတ္ဓာတ္ယိုင္နဲ႔ခဲ့ျခင္းမရိွ။

သို႔ေသာ္ နာ့ဝါဘက္က ျငင္းဆန္လိုက္သည္ဆိုေပမင့္ နာ့ရွီးရွစ္ကေတာ့ ေနာင္ေတာ္ျဖစ္သူႏွင့္ အေတြးအျမင္ခ်င္း ကြာျခားသည္။ ညီ​ျဖစ္သူက နဂိုကတည္းကပင္ ရည္မွန္းခ်က္ႀကီးမားၿပီး ေလာဘေဇာတက္တတ္ေသာသူျဖစ္သည္မို႔ တာ့ခ်ူ၏ ျပည့္စံုက်ယ္ဝန္းလွေသာ နယ္ေျမမ်ားကို လိုခ်င္ေတာင့္တေနသည္မွာ ၾကာျမင့္လွၿပီျဖစ္၏ ။ခ်ူရိွန္႔လည္း ထိုအေၾကာင္းကို ၾကားသိသည္ႏွင့္ ဗ်ူဟာေျပာင္းလိုက္ကာ နာ့ရွီးရွစ္ထံသို႔သာ လူစားထိုးၿပီး ေစလႊတ္ခဲ့သည္။

ထိုအေၾကာင္းကို နာ့ဝါသိသြားေသာ္ ယမ္းပံုမီးက် ေဒါသထြက္ကာ နာ့ရွီးရွစ္၏ စံအိမ္အား ရဲမက္မ်ားျဖင့္ ဝိုင္းဝန္းထားေစ၏။ ထို႔အျပင္ အျပစ္မ်ားကို ျပန္လည္ဆင္ျခင္ေနရန္ပါ မွာၾကားခဲ့ေသးသည္။ သံုးလလြန္သြားေတာ့ နာ့ရွီးရွစ္သည္လည္း အစ္ကိုျဖစ္သူေရ႔ွဒူးေထာက္ကာ မ်က္ရည္မိုးၿဖိဳင္ၿဖိဳင္က်ၿပီး အျပစ္ကိုဝန္ခံခဲ့သည္။ သူပုန္တပ္ႏွင့္ ထပ္ၿပီးပတ္သက္ေတာ့မည္မဟုတ္ေၾကာင္းလည္း သစၥာဆိုခဲ့၏။ မိခင္ျဖစ္သူကပါ ဝိုင္းဝန္းေတာင္းပန္လာေသာေၾကာင့္ နာ့ဝါလည္း ညီငယ္ျဖစ္သူအား ခြင့္လႊတ္ေပးလိုက္သည္။

"ဒီကိစၥျဖစ္ပြားခဲ့တာ ႏွစ္ႏွစ္ေတာင္ရိွခဲ့ပါၿပီ။ သူ႔အျပစ္ကို သူ တကယ္နားလည္လက္ခံသြားပါတယ္လို႔ပဲ ကြၽန္ေတာ္မ်ိဳး ထင္မွတ္ခဲ့တာပါ"

နာ့ဝါက သက္ျပင္းရွည္ႀကီးခ်လိုက္ကာ ဆက္ေျပာလာ၏။

" ျပန္ေျပာင္းေအာက္ေမ့ၾကည့္လိုက္ရင္ ကြၽန္ေတာ္မ်ိဳး ေျမာက္ပိုင္းေဒသကို ဆန္တက္လာမယ္လည္းလုပ္ေရာ ၊ သူ႔ဆီကေန မူမမွန္တဲ့အျပဳအမူေတြ ခဏခဏေတာ့ ေတြ့မိပါေသးတယ္။ ကြၽန္ေတာ္မ်ိဳးကို ဇြတ္အတင္းႀကီး ခရီးျမန္ျမန္ထြက္ေစခ်င္ေနခဲ့တာ "

ထိုစဥ္တုန္းက မေတြးမိေပမင့္ ယခု ျပန္စဥ္းစားၾကည့္လိုက္ေတာ့မွ နာ့ဝါတစ္ေယာက္ အရိုးထဲမွသည္ လိႈက္ခနဲ ေအးစိမ့္သြားသလိုပင္။

ခ်ူယြမ္က ဆို၏။

"ေရႊၿမိဳ႔ေတာ္ကို ဟိုတစ္ေန့ကမွ ျပန္ေရာက္လာတဲ့ ကိုယ္ေတာ္ျမတ္ရဲ့ ညီေတာ္ေမာင္လည္း အဲ့လိုေျပာျပထားပါတယ္။ ပိုင္ရွဲန္႔ျပည္မွာ အေျပာင္းအလဲတစ္ခုခု ရိွေနၿပီတဲ့။ ခ်ူရိွန္႔ရဲ့တပည့္ေနာက္လိုက္ေတြက ပိုင္ရွန္႔ျပည္ထဲကို ကိုယ့္အိုးကိုယ့္အိမ္ေတြလို စိတ္တိုင္းက် ဝင္ထြက္သြားလာေနၾကတာ၊ ခိုးေၾကာင္ခိုးဝွက္သြားတာေတာင္မဟုတ္ဘဲနဲ႔ ေပၚတင္ႀကီး သြားလာေနၾကသတဲ့ "

ထိုစကားကိုၾကားေတာ့ နာ့ဝါမ်က္ႏွာမွာအေတာ္ေလး ျပန္ျဖဴဆုတ္သြားသည္။

"ဒါေပမယ့္ ဘာမွမျဖစ္ပါဘူး"

ခ်ူယြမ္က နာ့ဝါပခံုးကိုပုတ္လိုက္ကာ အားေပးလာ၏။

"အသင္က ကိုယ္ေတာ္ရဲ့တာ့ခ်ူအေပၚ စိတ္သေဘာထားေျဖာင့္မတ္စြာနဲ႔ ဆက္ဆံခဲ့ေတာ့ အသင့္ရဲ့ပလႅင္နန္းကို ျပန္သိမ္းယူေပးဖို႔ကိစၥ ကိုယ္ေတာ္ကူညီေပးပါ့မယ္။ ၿပီးေတာ့ ျပည္နယ္ေခါင္းေဆာင္ဆီက ကိုယ္ေတာ္ အကူအညီေတာင္းလိုတဲ့ အႀကံဉာဏ္စကား တစ္ခု ရိွပါတယ္ "

နာ့ဝါက ေခါင္းညိတ္လိုက္သည္။

"မိန္႔ၾကားေတာ္မူလွည့္ပါဘုရား"

"ပိုင္ရွန္႔ျပည္က ရွန္းယြမ္ျပည္နဲ႔ ေရာင္းဝယ္ေဖာက္ကားမႈေတြ အၿမဲလုပ္ျဖစ္ၾကတယ္။ ဝူဒိန္းက ဘယ္လိုလူစားမ်ိဳးလဲလို႔ ျပည္နယ္ေခါင္းေဆာင္ ထင္ျမင္ပါသလဲ"

နာ့ဝါက ေခတၲမ်ွ တံု႔ဆိုင္းသြားၿပီးေနာက္ ျပန္ေျဖလာသည္။

"ဝူဒိန္းက ထက္ျမက္တယ္။ ေလစီးေၾကာင္း ၊ ေရစီးေၾကာင္းေတြကို ၾကည့္ရႈအကဲခတ္ရာမွာ ကြၽမ္းက်င္လွတယ္။ သူနဲ႔ ခြန္းတာနဲ႔က ခပ္လွမ္းလွမ္းေတာ္စပ္တဲ့ ေဆြမ်ိဳးေတြပါ။ ၿပီးေတာ့ ခြန္းတာကလည္း ေကာင္လိျပည္မင္းသမီးကို ၾကင္သူသက္ထားအျဖစ္ စုလ်ားရစ္ပတ္ထားေတာ့ က်င္းထိုင္ကေနတစ္ဆင့္ တာ့ခ်ူနဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရိွတယ္လို႔ ေျပာလို႔ေတာင္ရတယ္။ ပံုမွန္ဆိုရင္ေတာ့ ခ်ူရိွန္႔ရဲ့ စည္းရံုးသိမ္းသြင္းမႈကို သူ ဒီေလာက္ျမန္ျမန္ လက္ခံမွာေတာ့ မဟုတ္ဘူးဘုရား။ အမ်ားဆံုး ဘယ္ဘက္ကိုမွ မလိုက္ဘဲ ၾကားေနအျဖစ္ပဲ ရပ္တည္ေနေလာက္ပါတယ္"

"အဲ့လိုကိုး"

ခ်ူယြမ္က ေခါင္းညိတ္လိုက္သည္။

"ကိုယ္ေတာ္ နားလည္ပါၿပီ။ ျပည္နယ္ေခါင္းေဆာင္ကို အထူးပဲ ေက်းဇူးတင္ပါတယ္"

"ဧကရာဇ္ခ်ူေရာ ဘယ္လိုအႀကံအစည္မ်ိဳး ရိွထားပါသလဲဘုရား"

"အသင့္ဒဏ္ရာေတြ အကုန္ေပ်ာက္ၿပီးခါမွ ကိုယ္ေတာ္နဲ႔အတူလိုက္ပါၿပီး စစ္ထြက္တိုက္လွည့္ပါ။ ဆံုးရႈံးသြားတဲ့အရာကို ျပန္သြားၿပီး သိမ္းပိုက္ၾကစို႔"

နာ့ဝါက ေခါင္းအနည္းငယ္ၫႊတ္လိုက္ၿပီး ေျပာလာ၏။

"ေက်းဇူးေတာ္ႀကီးျမတ္လွေၾကာင္းပါဘုရား"

ထို႔ေနာက္ ႏွစ္ေယာက္သား ထိုအခန္းထဲမွထြက္လာေတာ့ အေဆာင္ဝန္းေရ႔ွတြင္ မည္သူမွ ရိွမေနေတာ့ဘဲ ရွစ္ဇီႏွင့္ တံခါးေစာင့္ရဲမက္အခ်ိဳ႕ရယ္သာ က်န္ရိွေနသည္။ က်င္းဆူးလည္း ခင္ပြန္းသည္ျဖစ္သူကို အခန္းထဲ ျပန္သြားပို႔ေၾကာင္း ၊ ယဲ့က်င္သည္လည္း ရွန္ခ်န္းဖုန္းမွ အတင္းေပြ့ခ်ီၿပီး ေခၚေဆာင္သြားခံရၿပီျဖစ္ေၾကာင္း ၊ ညက်မွ ၾကက္ကင္ဆိုင္တြင္ ၾကက္ကင္သြားစားၾကမည္ျဖစ္ေၾကာင္း ေျပာသြားသည္ဟု ရွစ္ဇီက ေလ်ွာက္တင္လာ၏။

သြမ့္ပိုင္ယြဲ႔ စိတ္ထဲမွ ေတြးေတာလိုက္မိသည္။ ေနာင္တစ္ခ်ိန္ အခြင့္အေရးရိွလာပါက ရွန္ခ်န္းဖုန္းႏွင့္အတူ ေသရည္တစ္ခြက္ တစ္ဖလားေလာက္ ေသာက္ျဖစ္ေအာင္ေသာက္ရေပမည္။

"ဒီေလာက္ေတာင္ အခ်ိန္လင့္သြားတာလား"

ခ်ူယြမ္က မိုးယံထက္တြင္ ဝင္းပေနေသာ ေသာ္တာလမင္းကိုေမာ့ၾကည့္ရင္း ​ဆက္ေျပာလာ၏။

"သြားၾကစု႔ိ။ ငါတို႔လည္း အနားယူၾကဖို႔ ျပန္ရေအာင္"

အားပါးပါး၊ ဒီလိုစကားမ်ိဳးကို သြမ့္ပိုင္ယြဲ႔တစ်ယောက် လြန္စြာမွ အႀကိဳက္ေတြ့လွေပသည္။

ထို႔ေနာက္ ခ်ူယြမ္လက္ကို ကိုင္ဆြဲလိုက္ကာ အိပ္ခန္းေဆာင္ဘက္သို႔ အတူတူ လမ္းေလ်ွာက္ျပန္လာၾက၏။

ခ်ူယြမ္ဘက္မွ သြမ့္ပိုင္ယြဲ႔ကို စ,ေမးလာျခင္းျဖစ္သည္။

"မင္း ဘာေတြေတြးေနတာလဲ"

"စစ္ပြဲအေၾကာင္း"

"စစ္ေတာင္ မေၾကညာရေသးဘူး၊ ဘာလို႔ စစ္ပြဲအေၾကာင္း ေတြးေနတာတုန္း။ မရဘူး၊ ကိုယ္ေတာ္ မင္းကို ေတြးခြင့္မျပဳဘူး"

"ရတယ္ေလ"

သြမ့္ပိုင္ယြဲ႔လည္း အျမန္ပင္ က်ိဳးႏြံလိမၼာစြာ စကားနားေထာင္လိုက္၏။

ခဏၾကာသြားေသာ္ ခ်ူယြမ္က ထပ္ေမးလာသည္။

"အခုေရာ ဘာအေၾကာင္းေတြးေနလဲ"

"မင္းအေၾကာင္း"

ခ်ူယြမ္ တိတ္တခိုးၿပံဳးလိုက္သည္။ထို႔ေနာက္ ေလ်ွာက္လမ္းေပၚရိွ ေက်ာက္သားျပားမ်ားအတိုင္း အတူတကြ ဆက္လက္ေလ်ွာက္လွမ္းသြားၾကေလသည္။

ေနာက္မွ လိုက္ပါလာေသာ ရွစ္ဇီမွာ ပါးစပ္ေလးအုပ္ၿပီး ရယ္ေမာေနမိ၏။

******

"ေနာင္ေတာ္၊ အရွင္မင္းျမတ္"

လမ္းသြယ္ေလးတစ္ခုကို ျဖတ္ေလ်ွာက္လာခိုက္ ပစၥည္းပစၥယမ်ားေပြ့ပိုက္ၿပီးသယ္လာေသာ သြမ့္ေယာင္ႏွင့္ လမ္းခုလတ္တြင္ တိုး၏။

"ဒါ ဘယ္ကိုသြားခဲ့တာလဲ"

ခ်ူယြမ္မွ လွမ္းေမးလိုက္သည္။

"အဘိုးမုခ်ီဆီ သြားတာပါဘုရား။ အဘိုးက ကြၽန္ေတာ္မ်ိဳးကို ေဆာ့စရာအရုပ္ေလးေတြ ေပးလာခဲ့တာ။ ဒီဟာေတြေလ "

"လ်ိႈ႔ဝွက္လက္နက္ေတြလား"

"အကုန္လံုးကေတာ့ လက္နက္ေတြမဟုတ္ဘူး။ သစ္သားပုေလြလည္းပါတယ္၊ သစ္သားသပိတ္လြယ္ငွက္ေလးလည္း ပါတယ္။ ၿပီးေတာ့ အဲ့မွာ ပစၥည္းေသးေသးေလးေတြ အားႀကီးရိွေသးတယ္။ အဘိုးက ကြၽန္ေတာ္မ်ိဳးကို ေမာင္ဝ္အခ်ိန္က် လာခဲ့ပါတဲ့၊ သစ္သားလက္မႈအတတ္ေတြ သင္ေပးမယ္တဲ့" (T/n : ေမာင္ဝ္အခ်ိန္ = မနက္ ၅ နာရီမွ မနက္ ၇ နာရီအတြင္း )

"ေမာင္ဝ္အခ်ိန္လား။ ဒါဆို ညၪီးပိုင္းကတည္းက ေစာေစာအိပ္ရာဝင္ဖို႔ လိုတာေပါ့။ မဟုတ္ရင္ မနက္ျဖန္ ေစာေစာမထႏိုင္ဘဲ ေနၪီးမယ္"

"ဒါဆို ကြၽန္ေတာ္မ်ိဳးကို ခြင့္ျပဳပါၪီးဘုရား။ အရွင္မင္းျမတ္လည္း ေစာေစာအနားယူပါေနာ္"

​ေအာက္သို႔သာ ျပဳတ္က်ခ်င္ေနေသာ ပစၥည္းေသးေသးေကြးေကြေလးမ်ားကို သြမ့္ေယာင္ က ေသခ်ာျပန္ေပြ့ထားလိုက္ကာ ဆက္ေျပာလာ၏။

"ေနာင္ေတာ္ေရာေနာ္"

ဘာမွအေရးႀကီးေသာလူ မဟုတ္ေပမင့္ အထုအေထာင္းမခံရေစရန္ နည္းနည္းပါးပါးေတာ့ အဖက္လုပ္ၪီးမျွဖစ္မည္။

"အင္းပါ၊ သြားေတာ့"

ခ်ူယြမ္က သူ႔ဆံပင္မ်ားကို ေသသပ္ေအာင္ သပ္ေပးလိုက္ကာ သြမ့္ေယာင္ထြက္သြားသည္ကို ၿပံဳးရင္း ၾကည့္ေန၏။

"တစၧေငယ္ေလးအေပၚ မင္း ဘာလို႔အဲ့ေလာက္ ေကာင္းျပေနတာလဲ"

သြမ့္ပိုင္ယြဲ႔က မနာလိုအူတိုစြာ ေျပာလာ၏။

"ေယာင္အာအေပၚ ေကာင္းတာ ငါတစ္ေယာက္တည္းမဟုတ္ဘူး။ အဘိုးအိုရႊမ္ထ်ဲန္းေတာင္ သူ႔ကို ဖန္ရွင္းစစ္တုရင္​ေျဖရွင္းနည္း သင္ေပးပို႔ခ်ေပးတာ။ အဘိုးအိုမုခ်ီလည္း သစ္သားလက္မႈအတတ္ေတြ သင္ေပးၪီးမွာ။ ဒီလိုမ်ိဳးအခြင့္အေရးမ်ိဳးကို သိုင္းေလာကကလူေတြ ဘယ္ေလာက္ေတာင္ လိုခ်င္ေနၾကတာလဲ မင္းသိရဲ့လား "

"ေယာင္အာက ေပါက္စေကြးဘဝကတည္းက ကံေကာင္းတာ"

"မင္းေရာ"

"ကိုယ္လည္း ကံေကာင္းတာေပါ့"

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား လက္တစ္ဖက္ျဖင့္ လွမ္းဖက္ထားလိုက္၏။

"မင္း ရိွေနတာနဲ႔တင္ တစ္ေလာကလံုးမွာကိုယ္ ကံအေကာင္းဆံုးျဖစ္ေနၿပီ"

ခ်ူယြမ္က လက္ဖမိုးျဖင့္ သြမ့္ပိုင္ယြဲ႔ရင္ခြင္ကို လွမ္းရိုက္လိုက္ၿပီး ဆို၏။

"ဒါေပါ့၊ ဧကရီမိဖုရားေခါင္ေတာင္ ျဖစ္ရတာ။ ဘယ္သူကမ်ား မင္းေလာက္ ကံေကာင္းမွာတဲ့လဲ"

ဒီအေၾကာင္းသာ သတင္းပ်ံ့သြားလို႔ကေတာ့ ပ်ိဳမဒီေခ်ာေတြခမ်ာ မင္းကို အားက်လြန္းလို႔ လက္ထဲကပုဝါစေတြေတာင္ တစ္သီတစ္တန္းတည္း ဝိုင္းၿပီးလႊင့္ပစ္လိုက္ၾကမွာ ။

သို႔ႏွင့္ ႏွစ္ေယာက္သား စာေပတိုက္ဘက္ ျဖတ္သြားေတာ့ အထဲတြင္ ဆီမီးေရာင္လင္းထိန္ေနသည္ကို ေတြ့လိုက္ရသည္။ ထိုအခါေဘးနားရိွ ရွစ္ဇီက ေလ်ွာက္တင္လာ၏။

"အရွင္မင္းျမတ္ကို ေလ်ွာက္တင္ပါတယ္၊ အမတ္မင္းဝမ္းျဖစ္ေၾကာင္းပါဘုရား"

ရွစ္ဇီေျပာမွ ခ်ူယြမ္အမွတ္ရမိသည္။

"ဝမ္းအိုက္ခ်င္း? သူ ျပန္မသြားေသးဘူးေပါ့"

"မွန္ပါ့၊ ျပန္မသြားေသးေၾကာင္းပါဘုရား။ ေခါင္းေဆာင္ေက်ာက္လည္း အတူလိုက္လာပါတယ္။ အမတ္မင္းဝမ္းနဲ႔အတူတူ စာဖတ္ရာမွာအေဖာ္လာျပဳတာပါဘုရား။ စာေပတိုက္က ခုနစ္ထပ္ေတာင္ရိွတာမို႔ အမတ္မင္းဝမ္းက အၾကည့္တစ္ခ်က္နဲ႔ ဝါက်ဆယ္ေၾကာင္းဖတ္ႏိုင္ရင္ေတာင္ စာေပတိုက္ကို ေသခ်ာစနစ္တက် ျပန္လည္စီစဥ္ထားဖို႔ တစ္လေလာက္ၾကာၪီးမွာပါဘုရား"

"ညက်ရင္ သူတို႔စားဖို႔မုန္႔ ျပင္ေပးခိုင္းဖို႔ စားဖိုေဆာင္ကို သြားေျပာလိုက္ၪီး။ ၿပီးေတာ့ အျမန္ျပန္ၿပီးအနားယူပါၪီးလို႔ ဝမ္းအိုက္ခ်င္းကို ေျပာလိုက္။ အရမ္း မပင္ပန္းေစနဲ႔လို႔"

"အမိန္႔ေတာ္ျမတ္အတိုင္းပါဘုရား"

ထို႔ေနာက္ ရွစ္ဇီက လက္ေအာက္ငယ္သား မိန္းမစိုးတစ္ေယာက္ကို လက္ယပ္ေခၚလိုက္ကာ အမိန္႔ေတာ္အတိုင္း ၫႊန္ၾကားခိုင္းေစလိုက္သည္။ ခ်ူယြမ္ဘက္ကလည္း သြမ့္ပိုင္ယြဲ႔ကို လွည့္ေမးလိုက္သည္။

"မင္းေရာ ..... ညက်ရင္ အဆာေျပမုန္႔စားခ်င္ေသးလား"

"မင္း ဗိုက္ဆာလို႔လား။ ရတယ္ေလ၊ ကိုယ္ အတူတူထိုင္စားေပးမယ္"

"မဆာဘူး၊ စားခ်င္စိတ္မရိွဘူးရယ္"

ခ်ူယြမ္က ေဘးနားက တစ္ေနရာဆီ လက္ၫွိုးၫႊန္ျပလိုက္ကာ ဆက္ေျပာ၏။

"ငယ္ငယ္တုန္းက မင္း ဒီနန္းေတာ္ထဲ ခဏခဏလာတတ္တယ္။ အဲ့ဒီေနရာကို ေရာ မွတ္မိေသးလား"

"မွတ္မိတာေပါ့၊ ခ်ူရိွန႔္ရဲ့ က်င္ဖန္အေဆာင္ေလ။ အခုေရာ ေနတဲ့လူရိွလား"

ခ်ူယြမ္ ေခါင္းခါျပသည္။

"ခ်ူရိွန္႔ ျပည္ႏွင္ဒဏ္ခ်မွတ္ခံရၿပီးကတည္းက အဲ့ေနရာမွာ လူမေနေတာ့ဘူး"

ထိုစဥ္ ႂကြက္တစ္ေကာင္က တကြၽိကြၽိေအာ္ျမည္ကာ တံခါးဘက္မွ ေျပးထြက္လာၿပီး လမ္းေၾကာင္းကို အလြတ္ရေနသည့္ႏွယ္ ပန္းပင္မ်ားၾကား ေျပးဝင္ေပ်ာက္ကြယ္သြား၏။

ခ်ူယြမ္က ရြံရွာသြားသည့္ဟန္ မ်က္ႏွာမဲ့သြားသည္။

"အဲ့အေဆာင္ကို ပိတ္မထားဘူးလား"

သြမ့္ပိုင္ယြဲ႔ ေမးလိုက္၏။

"စည္းစိမ္ဘ႑ာေတြကို စစ္ေဆးထိန္းသိမ္းၿပီးရင္ ပိတ္လိုက္ရမွာ ထံုးစံပဲေလ။ ဒါေပမယ့္ ႏွစ္ေတြၾကာလာေတာ့ နန္းတြင္းထဲေနတဲ့လူေတြ မ်ားလာေလ ၊ အေသးအမႊားေလးေတြကအစ လိုက္ခိုးတဲ့လူေတြရိွလာတာပဲ၊ ဒီျပသနာက ေရွာင္လႊဲလို႔မရဘူး။ စကၠူတစ္ရြက္၊ သံႀကိဳးတစ္ေခ်ာင္းေလာက္နဲ႔ပဲ ပိတ္ထားတာဆိုေတာ့ ပ်က္သြားၿပီထင္တယ္၊ ဒါေပမယ့္ ထားလိုက္ပါေတာ့ေလ"

တန္ဖိုးႀကီးေသာပစၥည္းမ်ားကို ဘ႑ာတိုက္ထဲ ထည့္ၿပီးလိုက္ေသာ္ျငား ခ်ူရိွန္႔က အသံုးအျဖဳန္းႀကီးသည့္လူဟု ေက်ာ္ၾကားေသးသည္မို႔ ပုလဲတစ္ကံုးမ်ွ သူ႔နန္းေဆာင္ထဲ မေတာ္တဆ က်က်န္သြားခဲ့လ်ွင္ေတာင္ သာမန္ျပည္သူျပည္သားမ်ားအတြက္ ႏွစ္အနည္းငယ္စာ ဝမ္းေရး မပူမပင္ရေတာ့သည့္အထိ တန္ဖိုးႀကီးေနေသးသည္ေလ။ကုလားအုတ္ႀကီးေသသြားလ်ွင္ေတာင္ ျမင္းထက္ေတာ့ အေကာင္ႀကီးေနဆဲျဖစ္သည္ဆိုသည့္ ဆိုရိုးစကားအတိုင္းပါေပ။

"မနက္ျဖန္မွ ေနာက္တစ္ခါက္ ထပ္လာပိတ္ခိုင္းလိုက္မယ္"

"မွန္လွပါ၊ မနက္ျဖန္က် အမတ္မင္းဝမ္ကို ခ်က္ခ်င္းသြား​ၿပီး အေၾကာင္းၾကားလိုက္ပါ့မယ္ဘုရား"

ညခ်မ္းအခ်ိန္က ေအးစိမ့္ေနသည္၊ ထို႔အျပင္ ဤေနရာက အခ်မ္းဓာတ္ပိုကဲေန၏။ ထိုေၾကာင့္ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ကို ဤေနရာမွာ အၾကာႀကီးဆက္မေနေစခ်င္ေတာ့။

"သြားၾကစို႔"

ခ်ူယြမ္လည္း ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ ျပန္ထြက္သြားရန္ လွည့္ျပန္လာသည္။ သို႔ေသာ္ ႂကြက္တစ္ေကာင္က တံခါးၾကားမွ တိုးထြက္ၿပီး ေျပးလႊားသြားျပန္၏။ သူ႔ပါးစပ္ထဲတြင္ ဝါထိန္ေနေသာ အဝတ္စတစ္ခုကို ကိုက္ခဲထားသည္။ ထိုအဝတ္စက ညစ္ပတ္ေနသည့္အျပင္ ေဟာင္းႏြမ္းေနၿပီျဖစ္ေသာ္လည္း ထိုအဝတ္စေပၚတြင္ ေနမင္းကို ဝန္းရံထားေသာ တိမ္လႊာမ်ား၏ပံုစံမ်ိဳး ခ်ဳပ္လုပ္ထားသည္ကို ေတြ့ႏိုင္ေပသည္။

"ဒါ.....ဒါက...."

ရွစ္ဇီ အံ့အားသင့္သြားသည္။

မင္းညီမင္းသားတိုင္းက ေရႊဝါေရာင္အဆင္းရိွ ပိတ္စမ်ားကို အသံုးျပဳပိုင္ခြင့္ရိွေသာ္လည္း ေနမင္းကိုဝန္းရံထားေသာ တိမ္လႊာအပြင့္အဆင္မ်ိဳးကို အိမ္ေရ႔ွစံတစ္ပါးတည္းကသာ အသံုးျပဳပိုင္ခြင့္ရိွေပသည္။ အဘယ္အေၾကာင္းေၾကာင့္မ်ား ဒီလိုေနရာမ်ိဳးမွာ ထိုအဝတ္စ ေရာက္ေနပါသနည္း။

"မင္းရဲ့အဝတ္လား"

သြမ့္ပိုင္ယြဲ႔က ထိုႂကြက္ကို ေမာင္းထုတ္လိုက္ကာ ထိုအဝတ္စကို ေကာက္ၿပီးၾကည့္ဖို႔ ဒူးေထာက္ထိုင္လိုက္သည္။ ၄မွာ အတြင္းဝတ္လဲေတာ္ပင္ျဖစ္သည္။ ထို႔အျပင္ အိမ္ေရ႔ွစံ၏ အေဆာင္ေတာ္ကို အသားက်သည့္အထိ သူ ခုန္ေက်ာ္ၿပီး ဝင္ထြက္သြားလာေနသည္မို႔ ထိုအဝတ္မ်ိဳးကို သြမ့္ပိုင္ယြဲ႔ ေသေသခ်ာခ်ာမွတ္မိပါသည္။

ခ်ူယြမ္က ရွစ္ဇီဘက္ လွည့္ၾကည့္လာ၏။

"မွန္ပါ့၊ အရွင့္ရဲ့ ခႏၶာေတာ္နဲ႔တစ္သားတည္း ကပ္ၿပီးဝတ္ခဲ့တဲ့ အတြင္းဝတ္လဲေတာ္ပါဘုရား။ အရြယ္အစားအရ ေျပာရရင္ အရွင့္သက္ေတာ္ ရွစ္ႏွစ္သားအရြယ္တုန္းက ဝတ္လဲေတာ္ျဖစ္မယ္ထင္ပါတယ္"

ရွစ္ဇီမွာ ခ်ူယြမ္ အသက္ငါးႏွစ္သားဘဝကတည္းက ျပဳစုေစာင့္ေရွာက္လာခဲ့ေသာ အထိန္းေတာ္ႀကီးျဖစ္သည္မို႔ ခ်ူယြမ္က မည္သို႔ေသာအဝတ္အစားမ်ိဳး ဝတ္ဆင္ခဲ့ဖူးသည္၊ မည္သို႔ေသာၪီးထုပ္မ်ိဳးကို ေဆာင္းခဲ့ဖူးသည္ကအစ အကုန္လံုးကို ေသေသခ်ာခ်ာ မွတ္မိေနပါ၏။ ေဆာင္းရာသီေရာက္လ်ွင္ ခ်ူယြမ္က အေအးဒဏ္ေၾကာက္သည္မို႔ ပိုးဖဲစမ်ား မဝတ္ခ်င္ခဲ့။ ထို႔ေၾကာင့္ မယ္ေတာ္ျဖစ္သူက ထိုသို႔ေသာ ပိတ္စမ်ိဳးျဖင့္ ရက္လုပ္ေစခဲ့ျခင္းျဖစ္ရာ အျခားမင္းသားမ်ားႏွင့္ ကြဲျပားေနရျခင္းျဖစ္သည္ ။ ပို၍လည္း ႏူးညံ့အိစက္ေသာ အထိအေတြ့မ်ိဳးရေစ၏။ ထို႔အျပင္ ပိုးဖဲစမ်ားေလာက္ ေတာက္ေျပာင္ေနျခင္းမရိွ။ အင္မတန္မွ မွတ္သားရလြယ္လွသည္။

"ကိုယ္ အထဲဝင္သြားၾကည့္ၪီးမယ္"

ခ်ူယြမ္ မ်က္ႏွာမဲ့သြား၏။

"ငါလည္း လိုက္ခဲ့မယ္"

နန္းေဆာင္တံခါးကို သြမ့္ပိုင္ယြဲ႔ တြန္းဖြင့္လိုက္ေတာ့ ဖုန္မ်ား ေထာင္းခနဲ လိႈက္တက္သြား၏။ ၾကည့္ရသည္မွာ ပစၥည္းမ်ားသိမ္းဆည္းခံလိုက္ရၿပီးကတည္းက လူမလာသည္မွာ အေတာ္ၾကာေနေလာက္ေပၿပီ။

အေဆာင္ဝန္းထဲတြင္ ေသဆံုးေနၿပီျဖစ္ေသာ အပင္အိုႀကီးရိွေနကာ မီးတုတ္ထံမွ အလင္းေရာင္ျဖင့္ ထင္ဟပ္သြားေသာအခါ နံရံေပၚမွ အရိပ္အမ်ိဳးမ်ိဳးအျဖစ္ ျဖစ္ေပၚေနေပ၏။ အကယ္၍မ်ား က်ီးငွက္မ်ား၏ အသံသာ တစ္စြန္းတစ္စ ထပ္ၾကားလိုက္ရလ်ွင္ ၾကက္သီးထစရာ အလြန္ေကာင္းေနေပလိမ့္မည္။

ေစာနႂကြက္ကပင္ တံခါးၾကားကေန လ်ိႈၿပီး ဝင္လာျပန္ၿပီျဖစ္သည္။ ၄က လူမေၾကာက္သူမေၾကာက္ဘဲ ေရ႔ွသို႔သာေျပးသြား၏။ သြမ့္ပိုင္ယြဲ႔ႏွင့္ ခ်ူယြမ္တို႔ ၄ေနာက္ လိုက္ၾကည့္ေတာ့ ထိုႂကြက္က ယိုယြင္းေဆြးျမည့္ေနေသာအခန္းထဲ လ်ိႈဝင္သြားသည္ကို ေတြ့လိုက္၏။ ထို႔ေနာက္ ထိုႂကြက္က အဝတ္စေနာက္တစ္ခုကို ထပ္ဆြဲထုတ္လာျပန္သည္။ ၾကည့္ရသည္မွာ ေဆာင္းခိုဖို႔အတြက္ အသိုက္ေဆာက္ေနျခင္းျဖစ္ရမည္။

သြမ့္ပိုင္ယြဲ႔က မီးတုတ္ေပၚ မီးၫွိလိုက္ကာ ထိုတံခါးကို ကန္ၿပီးဖြင့္လိုက္သည္။ အထဲတြင္ မည္သူမွမရိွ၊ နံေဟာင္ေနေသာအနံ႔မ်ားကသာ မ်က္ႏွာအား ရိုက္ခတ္လာ၏။ ပရိေဘာဂမ်ားက လဲခ်င္တိုင္းလဲေနၾကကာ ကုတင္ကလည္း ကြၽံၿပီးၿပိဳက်ေနသည္။ ကုတင္ခန္းဆီးမ်ားတြင္လည္း ပင့္ကူမ်ွင္မ်ား ယွက္ႏြယ္ရႈပ္ေထြးေနလို႔။ ေနရာတိုင္းတြင္လည္း ဖုန္အလိမ္းလိမ္း ထူထပ္ေနသည္။ ၾကမ္းေပၚတြင္ မနည္းလွေသာ အဝတ္အစားပမာဏက တစ္စစီျပန္႔က်ဲေနေသာေၾကာင့္ ေတာက္ပေသာအေရာင္အေသြးမ်ား ရိွေနျခင္းျဖစ္သည္။ ရွစ္ဇီလည္း သူတို႔ေနာက္ လိုက္လာၾကည့္ရင္း ထိုအဝတ္မ်ားကိုၾကည့္ၿပီး ခ်က္ခ်င္းအံ့အားသင့္သြား၏။

"အရွင္မင္းျမတ္၊ ဒါေတြအကုန္လံုးက အရွင့္ရဲ့ဝတ္လဲေတာ္ေတြခ်ည္းပဲဘုရား"

သြမ့္ပိုင္ယြဲ႔လည္း မွတ္ခ်က္ဆိုလာသည္။

"တစ္ေယာက္ေယာက္က ယူလာၿပီး ကုတင္ေအာက္ထဲ ထည့္ဖြက္ထားတာထင္တယ္။ ဒါေၾကာင့္ ကုတင္ကို ျခေတြစားၿပီး ကြၽံက်သြားမွ ႂကြက္ေတြက သြားဆြဲထုတ္လာတာ"

ခ်ူယြမ္မ်က္ႏွာ လံုးဝပင္မေကာင္းေတာ့ေခ်။

သြမ့္ပိုင္ယြဲ႔က လက္စြဲေတာ္ဓားကိုထုတ္လိုက္ကာ ကုတင္ရိွ က်ိဳးေနေသာေနရာကို ပိုၿပီးက်ယ္ေအာင္ ဟလိုက္သည္။

အထဲတြင္ အဝတ္အစားမ်ားျဖင့္ ျပည့္သိပ္က်ပ္ၫွပ္ေနလို႔။ ထို႔အျပင္ ေသးေသးမႊားမႊားအျခားပစၥည္းမ်ားလည္း ရိွေန၏။ သစ္သားခရာလည္းရိွ၏၊ ေက်ာက္စိမ္းပုေလြလည္းရိွ၏၊ ဆံထိုးလည္းရိွ၏၊ ၿပီးေတာ့ ပံုတူပန္းခ်ီတစ္ခု။

ပံုတူထဲကမ်က္ႏွာမွာ ခ်ူယြမ္ငယ္ရြယ္စဥ္တုန္းက မ်က္ႏွာေလးျဖစ္သည္။ သို႔ေသာ္ ၾကည့္လိုက္ေသာအခါ ရွက္ဖြယ္လိလိျဖစ္ေသာ ၊ မသင့္ေလ်ာ္လြန္းသည့္၊ ဣႁႏၵေသိကၡာကင္းမဲ့လွသည့္ အေနအထားမ်ိဳး ေနျပေနေသာ ရုပ္ပံု ျဖစ္ေန၏။

ရွစ္ဇီ ခ်က္ခ်င္းပင္ ထိတ္လန္႔သြားသည္။

ဒါ....ဒါက....

သြမ့္ပိုင္ယြဲ႔မ်က္ႏွာလည္း ျဖဴဆုတ္သြားသည္။ ထို႔ေနာက္ ထိုရုပ္ပံုလႊာကို ေႂကြမြသြားေအာင္ ေျခပစ္လိုက္၏။

"မင္းကို ဒီေဖ အပိုင္းပိုင္းခုတ္သတ္ပစ္မယ္!!!"

"ဒါ ခ်ူရိွန္႔ရဲ့အခန္းမဟုတ္ဘူး"

ခ်ူယြမ္က ဆိုလာ၏။

"ဒါဆို ဘယ္သူ႔အခန္းလဲ"

ခ်ူယြမ္ အနည္းငယ္ တံု႔ဆိုင္းသြားၿပီးမွ ျပန္ေျဖလိုက္သည္။

"လ်ိဳက်င္တာရဲ့အခန္း။ ခ်ူရိွန္႔ထက္ ဆယ္ႏွစ္ႀကီးတယ္၊ သိုင္းပညာေတာ္တယ္၊ သူနဲ႔ ဓားသိုင္းက်င့္ဖို႔ အေဖာ္ျပဳထားတဲ့လူ။ ညညဆို ခ်ူရိွန္႔အေဆာင္မွာ လာလာတည္းတတ္တယ္"

ခ်ူယြမ္လက္မ်ားကို သြမ့္ပိုင္ယြဲ႔ဆုပ္ကိုင္ထားလိုက္သည္၊ သို႔ေသာ္လည္း ခ်ူယြမ္လက္မ်ားက ေရစိုင္ခဲတမ်ွ ေအးစက္ေနလို႔။

အစကတည္းက ခ်ူယြမ္မွာ တစ္ေယာက္ေသာသူကိုသာ ခ်စ္ကြၽမ္းဝင္ခဲ့သည္မို႔ ထိုသူႏွင့္သာဆိုလ်ွင္ မည္သို႔ေသာအထိအေတြ့မ်ိဳးပဲ လုပ္ရလုပ္ရ ခ်ိဳၿမိန္သာယာဖြယ္ ျဖစ္ေနခဲ့သည္ ။ ေပြ့ဖက္မႈမ်ား၊ နမ္းရိႈက္မႈမ်ားကအစ၊ ႏွစ္ေယာက္သား ကိုယ္လက္ႏွီးေနွာသည့္အဆံုး အရာရာတိုင္းက အေဆာတလ်င္မရိွဘဲ သဘာဝအတိုင္း သူ႔အရိွန္ႏွင့္သူ စီးဆင္းျဖစ္ပ်က္သြားခဲ့သည္။ ထိုသူမွလြဲၿပီး အျခားမည္သူကိုမွ မ်က္လံုးထဲ ထည့္မျမင္ခဲ့စဖူး။

ထို႔ေၾကာင့္ တစ္စံုတစ္ေယာက္က မိမိအား ဆယ္စုႏွစ္တစ္ခုၾကာသၫ့္အထိ ဤမ်ွေအာက္တန္းက်ေသာ ၊ စက္ဆုပ္ဖြယ္အတိျဖစ္ေသာ နည္းလမ္းမ်ိဳးျဖင့္ ေအာက္ေမ့တမ္းတေနခဲ့မွန္း သံသယပင္မရိွစဖူးခဲ့။

ထို႔ေၾကာင့္ ငယ္စဥၲုန္းက ညစ္ညမ္းေသာအေတြးမပါေလာက္ဟု ထင္ခဲ့ရသည့္၊ ထိုသူယုတ္မာ လာထိဖူးေသာ အထိအေတြ့အခ်ိဳ႕ကို ခ်ူယြမ္ ျပန္လည္အမွတ္ရသြားေတာ့ ခ်က္ခ်င္းပင္ ေအာ့အန္ခ်င္သြားေပသည္။

****

" ဘာမွမျဖစ္ေတာ့ဘူး။ ဟုတ္ၿပီလား"

အိပ္ခန္းေဆာင္သို႔ေရာက္ေတာ့ သြမ့္ပိုင္ယြဲ႔က သူ႔ေက်ာျပင္ကို ပြတ္သပ္ေပးရင္း ႏွစ္သိမ့္လာ၏။

"အင္းပါ"

"ေရပူစမ္းထဲ သြားစိမ္ဖို႔ ကိုယ္ေခၚသြားေပးရမလား"

သြမ့္ပိုင္ယြဲ႔က ႏူးညံ့ညင္သာစြာ တိုးတိုးေလးေမးလာ၏။

"ပင္ပန္းသြားရင္လည္း အဲ့မွာတင္ အိပ္ခ်င္အိပ္လိုက္၊ ကိုယ္ မင္းကိုေပြ့ခ်ီၿပီး ျပန္ေခၚလာခဲ့မယ္"

"အင္း၊ ေကာင္းတယ္"

သြမ့္ပိုင္ယြဲ႔က သူ႔ကိုေနာက္တစ္ေခါက္ ထပ္ၿပီးေပြ့ခ်ီလိုက္သည္။ ထို႔ေနာက္ အိပ္ခန္းေဆာင္ထဲမွ ထြက္လာခဲ့၏။

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ခြင္ထဲ၌သာ တစ္ခ်ိန္လံုး မ်က္ႏွာအပ္ထားသည္။

ရွီးနန္ဝမ္၏ မ်က္ဝန္းမ်ား ဤမ်ွထိ ေအးစက္ခက္ထန္ေနခဲ့ျခင္းမ်ိဳး အရင္က တစ္ႀကိမ္မ်ွမရိွဖူးေၾကာင္း ရွစ္ဇီေတာ့ ေကာင္းစြာေတြ့ျမင္လိုက္ရေပသည္။

****

2021.03.28

ပူပန္ေသာကအေပါင္းမွ ေခတၲခဏ ကင္းေဝးပါစေသား -💜💛

****

Continue Reading

You'll Also Like

2.1K 176 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
264K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.5M 64.4K 75
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...