"မင်း....မင်း ဘာလို့ ဒီလောက်အခြေအမြစ်မရှိတာတွေ ပြောနေတာလဲ"
လီ့ယင်းတစ်ယောက် စိတ်တိုလွန်း၍ မျက်နှာများပင် ဖြူဆုတ်နေပြီဖြစ်သည်။ နှမငယ်ဖြစ်သူအား မှတ်လောက်သားလောက်အောင် ရိုက်ပစ်ရန် လက်ကလည်း ရွယ်ထားပြီးဖြစ်၏။
"ဘယ်မှာ အခြေအမြစ်မရှိလို့လဲ။ သွမ့်ပိုင်ယွဲ့နဲ့မှမဟုတ်ရင် တခြားဘယ်သူနဲ့မှ လက်မထပ်နိုင်ဘူးလို့ ညီမ မပြောခဲ့ဘူးလား။ အဖေနဲ့အစ်ကိုတို့ကပဲ ညီမကို သတို့သမီးဝေါယာဥ်ပေါ် အတင်းတင်ပြီး ဝေ့ဟယ်ဂိုဏ်းကို ပို့လိုက်တာလေ"
သူမစကားများမှာ လီ့ယင်းကို သတိလစ်သွားစေတော့မတတ် ဒေါသထွက်စေနေပြီ။ သို့သော် လီ့ယင်းက သူမအား မရိုက်ရက်ပြန်ဘဲ ခြေကိုသာ မြေပေါ် ဆောင့်ကန်လိုက်၏။
"တော် တော်....ဒီကိစ္စကို ဒီလောက်နဲ့ပဲ တော်လိုက်တော့့။ အဲ့ဒီရှီးနန်၀မ်က အခု ပုန်ကန်ခြားနားတော့မှာ။ အတိတ်မှာ မင်းတို့ဘယ်လိုပဲ ပတ်သက်ခဲ့ ပတ်သက်ခဲ့၊ နောက်နောင်ကျရင် လုံးဝ ထုတ်မပြောရဘူး၊ ကြားလား"
လီ့ချွေက အစ်ကို့စကားကို မကြားချင်သည့်နှယ် ပုဝါဖြင့်မျက်နှာအုပ်ကာ တစ်ဘက်သို့ လှည့်သွား၏။
"ဟင်း"
လီ့ယင်းခမျာ သက်ပြင်းမောကြီးချကာ နှမဖြစ်သူအား ဆွဲခေါ်ပြီးပြန်သွားလေ၏။
သွမ့်ပိုင်ယွဲ့ - "......"
ချူယွမ်ကတော့ သူ့ဘက် လှည့်ကြည့်နေသည်။ မျက်နှာထားမှာ ပြုံးနေသလား ပြုံးမနေဘူးလားဆိုသည်ပင် ခန့်မှန်းရခက်လှချေ၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားတော့ ချူယွမ်က ချက်ချင်းပင် သစ်ကိုင်းထက်မှ ပြန်ခုန်ဆင်းလာသည်။
"အဲ့တစ်ယောက် ဘယ်သူဖြစ်မှန်းတောင် ကိုယ်မသိဘူးလေကွာ"
သွမ့်ပိုင်ယွဲ့မှာ နောက်မှ အပြေးလိုက်ချော့နေရသည်။ ရယ်ရမလား ငိုရမလားမသိတော့။
"ဪ"
"ဟာ....အဲ့ဒီဪက ဘာသဘောတုန်းလို့။ တခြားလူတွေ ကိုယ့်ကို မယုံရင် ထားလိုက်တော့၊ ဒါပေမယ့် မင်းတော့ ကိုယ့်ကိုယုံရမယ် "
သွမ့်ပိုင်ယွဲ့က ချူယွမ်အနောက်ဘက်မှ သိုင်းဖက်ချုပ်နှောင်လိုက်ရင်း တဖွဖွ ချော့ပြောလာသည်။
သို့သော် ချူယွမ်က ချက်ချင်းဆိုသလို သူ့အား တိုက်ခိုက်လာ၏။
သွမ့်ပိုင်ယွဲ့လည်း အတော်ပင် လန့်သွားကာ အသာရှောင်တိမ်းလိုက်၏။ သို့သော် ထိခိုက်မိသွားသောနေရာမှာ အတော်လေး နာကျင်ကိုက်ခဲသွားပေသည်။
"တကယ် စိတ်ဆိုးနေတာပဲ"
သွမ့်ပိုင်ယွဲ့ ရေရွတ်လိုက်သည်။
ချူယွမ်ကတော့ ဘာမှပြန်မပြော။ သို့သော် တိုက်ခိုက်လာသော ထိုးနှက်ချက်များကမူ ပို၍ပြင်းထန် ကြမ်းတမ်းလာ၏။
သွမ့်ပိုင်ယွဲ့အတွက်တော့ ဘယ်သောအခါမှ ချူယွမ်အား တန်ပြန်တိုက်ခိုက်ရက်မည်မဟုတ်ပေ ။ ထို့ကြောင့် ချူယွမ် တိုက်ခိုက်လာသမျှကိုသာ ရှောင်တိမ်းနေလိုက်သည်။ ထပ်ပြီး နောက်ဆုတ်လို့မရတော့မှ ချူယွမ်၏လက်ကောက်၀တ်ကို လှမ်းဖမ်းလိုက်ကာ ဘေးဘက်သို့ အသာလွှဲပစ်လိုက်၏။
ချူယွမ်က လက်မလျှော့သေးဘဲ သွမ့်ပိုင်ယွဲ့ရှေ့တည့်တည့်အား လက်ဖဝါးစောင်းဖြင့် ခုတ်ချလာသည်၊ သွမ့်ပိုင်ယွဲ့လည်း ဆက်ရှောင်နေလိုက်၏။ သို့သော် ဒီတစ်ခေါက် တိုက်ကွက်မှာ ဟန်ပြမျှသာဖြစ်ကြောင်း သွမ့်ပိုင်ယွဲ့မထင်မိ ၊ သို့နှင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သွမ့်ပိုင်ယွဲ့ခါးထက်က လက်စွဲတော်ဓားမှာ ချူယွမ်လက်ထဲ ပါသွားပြီဖြစ်သည်။
"ရှင်းပြချင်သပဆိုလည်း ငါ့ကို အရင်အနိုင်ယူလေ "
လေထဲ ခုန်တက်သွားရင်း ချူယွမ် အော်ပြောလာသည်။
သွမ့်ပိုင်ယွဲ့က သူ့အား ပြန်လည်ခုခံနေရင်း လှမ်းဆွဲလိုက်ကာ ရင်ခွင်ထဲ ချုပ်နှောင်ထားလိုက်၏။ ထို့နောက် နားရွက်နားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"မင်း အရင် စပြောတာနော်"
ချူယွမ် အံကိုကြိတ်ကာ ဓားဦးကိုလှည့်ပြီး သွမ့်ပိုင်ယွဲ့ဆီ ထိုးချလိုက်၏။ သွမ့်ပိုင်ယွဲ့က လည်း ရှောင်လိုက်၏၊ မျက်၀န်းထဲတွင်တော့ ပြုံးရိပ်သမ်းလို့။
သို့နှင့် နောက်ထပ် ဆယ်ကွက်ခန့်မျှ ချူယွမ် ထိုးနှက်လာသမျှကို ခုခံရှောင်တိမ်းပေးလိုက်ပြီးနောက် ချူယွမ့်ပခုံးကို လက်ဝါးစောင်းဖြင့် ရိုက်ချပစ်လိုက်သည်။ ချူယွမ်လက်တစ်ဖက်မှာ ထုံကျင်သွားကာ လက်ထဲရှိဓားမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ ကိုယ်လုံးလေးကတော့ သွမ့်ပိုင်ယွဲ့၏ ရင်ခွင်နန်းထဲရောက်သွားကာ တစ်ဖက်လူမှ တင်းကျပ်စွာ ပွေ့ဖက်ထားသည်ကို ခံလိုက်ရ၏။
"ကိုယ် နိုင်သွားပြီ"
သွမ့်ပိုင်ယွဲ့က ချူယွမ့်ပခုံးထက် မေးတင်လိုက်ရင်း ပြောလာသည်။
"မင်းကများ ကိုယ်တော့်ကို တကယ်အနိုင်ယူရဲတယ်ပေါ့ဟမ်"
ချူယွမ့်လေသံများက ခံစားချက်ကင်းမဲ့နေလျက်။
ဘယ်လိုတောင် အတင့်ရဲလိုက်သလဲ။ ဘယ်လိုတောင် အတင့်ရဲလိုက်သလဲ။
ဘယ်လိုတောင် အတင့်ရဲလိုက်သလဲ..ကြည့်စမ်း။
"......"
ချူယွမ်က ထိုသူကို တွန်းထုတ်ပစ်လိုက်ကာ ၀တ်ရုံပေါ်ကပ်ငြိနေသော ဖုန်မှုန့်သဲမှုန့်များကို ပုတ်ထုတ်လိုက်သည်။ ထို့နောက် သွမ့်ပိုင်ယွဲ့ဘက် တစ်ချက်မှ စောင်းငဲ့ခြင်းပင်မပြုဘဲ အရင်ပြန်နှင့်သွား၏။
"ရှုံးသွားပြီးတာတောင် ကိုယ့်ကို ပေးမထိသေးဘူးပေါ့၊ ဟုတ်လား"
သွမ့်ပိုင်ယွဲ့က သူ့နောက် အမီလိုက်လာရင်း မေးလိုက်သည်။
"......"
"မင်းပြောချင်တာ ဘယ်လိုပဲနေနေ ကိုယ်ကပဲမှားတယ်ဆိုတဲ့သဘောပေါ့ "
"အင်း"
သွမ့်ပိုင်ယွဲ့က သဘောကျစွာ ရယ်လိုက်ကာ ခြေလှမ်းခပ်သွက်သွက်လှမ်းလိုက်ပြီး ချူယွမ်နှင့် ဘေးချင်းကပ် လျှောက်လှမ်းလာခဲ့သည်။
"ကိုယ် တည်းတဲ့နေရာ လိုက်ခဲ့လေ"
ချူယွမ်ကတော့ သူ့ကို လုံး၀အဖက်မလုပ်ပေ။
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်အား လှမ်းဆွဲထားလိုက်သည်။
"အဆိပ်ဖြေတုန်းကဆို အရမ်းခက်ခဲခဲ့တာ၊ ကိုယ် အရမ်းကို ပင်ပန်းခဲ့ရတာ။ ကိုယ့်ကို နည်းနည်းလေးတော့ စောင်းငဲ့ကြည့်ပါဦး...."
"......"
"အစပိုင်း မင်းကိုရှောင်ပြေးဖို့လုပ်တာတွေကတော့ ကိုယ် တကယ်မှားသွားတာပါ။ ဒါပေမယ့် သေဒဏ်ကျတဲ့အထိတော့ မပြင်းထန်ဘူးမလား။ နောက်ဆို ကိုယ်တို့နှစ်ယောက်အတွက် အနာဂတ်အရှည်ကြီးကျန်သေးတယ်လေ ။ ကိုယ့်ကို တစ်သက်လုံး ဒီလိုပဲ လျစ်လျူရှုသွားမှာလားလို့...."
"ခုလောလောဆယ်တော့ မင်းကိုခွင့်လွှတ်ပေးဖို့ အစီအစဥ်မရှိသေးဘူး"
ချူယွမ်က ပျင်းရိလေးတွဲ့စွာ ဆိုလိုက်သည်။
"ကိစ္စမရှိဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ်သတိအနည်းငယ်ပါးလျသွားသည့်အချိန်ကို အခွင့်ကောင်းယူလိုက်ပြီး ချူယွမ့်ပါးပြင်အား ရွှတ်ခနဲ နမ်းလိုက်ကာ ဆက်ဆိုလာ၏။
"စိတ်အေးတာရယ် ၊ အရှက်မရှိတာရယ်ကလွဲရင် ကိုယ့်ဆီမှာ တခြား ဘာကောင်းကွက်များ ရှိသေးလို့လဲ ။ ဟုတ်တယ်ဟုတ်"
ချူယွမ်ကတော့ အလွန်ပင် အေးစက်ငြိမ်သက်နေ၏။
*****
သို့နှင့် နှစ်ယောက်သားမှာ ချူယွမ်စံမြန်းရာ အဆောင်ငယ်လေးထဲ အတူယှဥ်တွဲပြီး ပြန်ဝင်သွားကြ၏။
အိပ်ငိုက်လျက်ရှိနေသော ရှစ်ဇီမှာ သွမ့်ပို်င်ယွဲ့ကိုမြင်တော့ ချက်ချင်းပင် လန့်ဖျတ်သွားသည်။ သူ့ကိုယ်သူ မျက်စိအမြင်မှားသည်ဟု ထင်သွားကာ ဆတ်ခနဲ ထရပ်မိပြီး အတော်ကြာကြာ ကြောင်တောင်တောင်ကြီး ရပ်ကြည့်နေသည်။
"ရှစ်ဇီ"
"ဟင်.....ဟုတ်....ဟုတ်ကဲ့၊ အမိန့်ရှိတော်မူပါဘုရား"
ချူယွမ်ခေါ်လိုက်ခါမှ ရှစ်ဇီသတိပြန်ဝင်လာကာ ချူယွမ်အား လှမ်း၍ ဖေးမတွဲကူလိုက်၏။
"ဧည့်သည်ကို ပြန်ပို့လိုက်"
ချူယွမ်ကတော့ ထိုသို့ပြောပြီးသည်နှင့် အခန်းထဲ ဝင်သွားတော့သည်။
ရှစ်ဇီကတော့ သွမ့်ပိုင်ယွဲ့အား အားနာစွာ ကြည့်နေလျက်။
သေချာသည်မှာ သွမ့်ပိုင်ယွဲ့ ဘယ်လိုမှ ပြန်မည်မဟုတ်ပါ။ ယခုလိုအချိန်မျိုးမှာ ငတုံးငအ, များကသာ အသာတကြည်ပြန်သွားမည်ဖြစ်သည်။
သွမ့်ပိုင်ယွဲ့ အခန်းထဲ လိုက်ဝင်သွားပြီးသည့်နောက် ရှစ်ဇီလည်း အပြင်မှာ ရင်ခုန်စွာ ရပ်စောင့်နေ၏။ အခန်းထဲ ဘာသံမှထပ်မကြားရမှန်း သေချာတော့မှ ၊ သွမ့်ဝမ် ပြန်နှင်ထုတ်မခံရကြောင်းသေချာတော့မှ ပြုံးဖြီးသွားကာ အရှင်နှစ်ပါးအတွက် ညနေစာပြင်ဆင်ပေးရန် ညွှန်ကြားဖို့ စားဖိုဆောင်ဆီသို့ ထွက်သွားလိုက်သည်။
*****
အခန်းထဲမှာတော့ သွမ့်ပိုင်ယွဲ့က ချူယွမ့်ကိုယ်လုံးအား သိမ်းသွင်းပွေ့ဖက်ထား၏။ အနမ်းမိုးများမှာ ကြမ်းတစ်ခါ နုတစ်လှည့် အဆက်မပြတ်ကို သွန်းဖြိုးကျရောက်လာ၏။
ချူယွမ်လည်း မျက်ဝန်းများကို အလိုက်သင့် မှေးစက်ပေးထားသည်။ ရှည်လျားကော့ညွတ်သော မျက်တောက်စင်းစင်းများက တုန်ယင်နေလျက်။ လက်နှစ်ဖက်ကလည်း သွမ့်ပိုင်ယွဲ့၏ လည်တိုင်ထက်ဝယ် ဖက်တွယ်ခိုနားထားသည်။
နူးညံ့သိမ်မွေ့ခြင်း၊လေးနက်စွာ မြတ်နိုးခြင်း ၊ ဂရုတစိုက်ရှိခြင်း၊ ချစ်ခင်မြတ်နိုးခြင်း။ ထိုအရာများအားလုံးက ဒီလူသားတစ်ယောက်တည်းဆီမှာသာ စုဝေးဖြစ်တည်နေပြီဖြစ်ကာ ၊ တစ်သက်မှာတစ်ခါ နက်နဲစွာ ချစ်ကျွမ်းဝင်ခဲ့ရပါသော ဒီလူသားထံမှာမိမိ၏အသက်နှင့်ခန္ဓာအား ချူယွမ် အပ်နှင်းထားပြီးဖြစ်သည်။
ထိုသို့တွေးမိလိုက်ခြင်းနှင့်အတူ ချူယွမ်၏ မျက်ဝန်းထောင့်များမှာ သူကိုယ်တိုင် သတိမထားမိလိုက်ခင်မှာတင် မျက်ရည်စများနှင့် နီရဲစိုစွတ်လာ၏။
ချစ်ရသူက မိမိလက်တစ်ကမ်းမှာတင် ရှိနေလင့်ကစား၊ အဘယ်ကြောင့်များ အိပ်မက်မြူခိုးတစ်ခုပမာ ခံစားနေရပါသနည်း ။
ချူယွမ်၏ သတိသမ္ပဇဥ်က ခေတ္တမျှ ကင်းလွတ်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သိမ့်ခါသည်ထိ ရှိုက်ငိုတော့လေသည်။
"ကိုယ် ဘာမှမဖြစ်တော့ဘူးလေ ၊ ဘာမှမဖြစ်တော့ဘူး "
သွမ့်ပိုင်ယွဲ့က ချူယွမ်အား ဖက်တွယ်ထားရင်း ကျောပြင်လေးကို ခပ်ဖွဖွ ပွတ်သပ်ချော့မြှူပေးရရှာသည်။
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ကျယ်ကြီးပေါ် လက်ဖဝါးတင်ကြည့်လိုက်ကာ ရင်ဘတ်ထဲမှ နှလုံးခုန်သံကို ခံစားကြည့်လိုက်သည်။ ယခုတော့ စည်းချက်မှန်စွာ အားကောင်းစွာ ပြန်ခုန်နေပြီပဲ။
"အဆိပ်ဖြေပြီးသွားပြီဆိုတော့ နှလုံးလည်း အရင်လို ပြန်ခုန်နေပါပြီ "
ချူယွမ် ဘာမှပြန်မပြောဖြစ်။ အတော်လေးကြာခါမှ " အင်း "ဟု ခေါင်းညိတ်ပြလိုက်ကာ သွမ့်ပိုင်ယွဲ့အား ပို၍တင်းကျပ်စွာ ဖက်တွယ်လာ၏။
ချစ်ရသူက ထိုသို့ခံစားနေရသည်ကိုမြင်တော့ သွမ့်ပိုင်ယွွဲ့နှလုံးသားတစ်ခုလုံးလည်း နာကျင်နေရပေပြီ။
******
ခဏကြာတော့ ရှစ်ဇီက စားသောက်ဖွယ်ရာများကို လာရောက်တည်ခင်းပေး၏။
ချူယွမ်ကတော့ ထုံးစံအတိုင်းပင် ဘာမှစားသောက်လိုစိတ်မရှိ ။ သို့သော် တစ်ဖက်လူက နေ့မနားညမနား ဒီထိရောက်အောင် ခရီးပြင်းနှင်လာရမှန်းသိနေပြန်တော့ သွမ့်ပိုင်ယွဲ့အားအဖော်ပြုပေးသည့်အနေဖြင့် အတူတူ ထိုင်စားဖြစ်သွားသည်။
နှစ်ယောက်စလုံး မည်သူကမှ စစ်မက်ရေးရာအကြောင်း မပြောဖြစ်ကြ၊ ပြောလည်းမပြောချင်ကြ။
ရိုးရှင်းလွယ်ကူသော ညနေစာကို စားသုံးပြီးသွားသည်နှင့် ရှစ်ဇီက ကိုယ်လက်သန့်စင်ရန်အတွက် ရေနွေးများသယ်လာပေး၏။
သွမ့်ပိုင်ယွဲ့လည်း စားပွဲနားတွင်ထိုင်နေကာ လက်တစ်ဖက်ဖြင့် မေးကိုထောက်ရင်း ကန့်လန်ကာတစ်ဖက်မှ ရေသံများကို နားစွင့်နေသည်။
ဖျတ်ခနဲဆိုသလို စိတ်အစဥ်က လွန်ခဲ့သော အတိတ်နေ့ရက်ဟောင်းများဆီ ပြန်ရောက်သွားသလိုပင်။ ယခုလည်း ထိုစဥ်တုန်းကလိုပင် ဘာမှ ပြောင်းလဲမသွားပါလား။
ရေချိုးပြီးသွားတော့ ချူယွမ်က ဝတ်ရုံရှည်ကြီးတစ်ထည်အား လွှမ်းခြုံရစ်ပတ်ပြီး ပြန်ထွက်လာသည်။ သွမ့်ပိုင်ယွဲ့အား ရှောင်ကွင်းသွားကာ သလွန်တော်ထက် တက်သွားပြီး တံခါးရှိရာဘက် ကျောပေးကာ အရင် လဲလျောင်းနှင့်ပြီဖြစ်သည်။
ခဏကြာတော့မှ သွမ့်ပိုင်ယွဲ့က သူ့အနားသို့ လာရောက်လဲလျောင်း၏။ သွမ့်ပိုင်ယွဲ့ထံမှ ရေချိုးသန့်စင်ပြီးခါစ စိုစွတ်နေဆဲဖြစ်သော အထိအတွေ့နှင့် သင်းပျံပျံ့မွှေးရနံ့တို့ကို ခံစားလို့ရနေပေသည်။ ထို့နောက် ထိုသူက ချူယွမ့်အား သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
"အရမ်းကို အတင့်ရဲနေတယ်ပေါ့"
သွမ့်ပိုင်ယွဲ့က ဘာမှပြန်မပြောဘဲ အပေါ်စီးမှသာ အုပ်မိုးကာ ချူယွမ်အား သေသေချာချာ ငေးကြည့်လာ၏။ တစ်စက္ကန့်မျှပင် အကြည့်များကို မလွှဲခဲ့ချေ။
သွယ်တန်းသော ဤမျက်ခုံးများ ၊ နက်မှောင်သော မျက်ဝန်းအိမ် ၊
ဖြောင့်စင်းေသာ နှာတံလေးနှင့်
နဂိုအချိန်များထက် ပို၍သိမ်မွေ့နုပျိုနေသော ရုပ်သွင်လွှာ....။
မည်သို့ပင်ကြည့်ကြည့် - ပကတိအချိန်မျိုးမှာ တွေ့ရတတ်သော ဧကရာဇ်တစ်ပါး၏ မြင့်မြတ်ထည်ဝါလှသောမျိုး အရောင်အဝါများ လုံးဝရှိမနေတော့ ။ ကြီးမားလှသောဂုဏ်ရှိန်နှင့်အတူ တည်ကြည်အေးစက်သည့် ထိုရုပ်သွင်ကို ဖယ်ချလိုက်လျှင် - ယခုလိုမျိုး နွေးထွေးလှသော ၊ ပျင်းရိတတ်သော ပုံစံလေး ၊ စိတ်ထဲရှိသည့်အတိုင်း ပွစိပွစိမြည်တွန်ပြောဆိုတတ်သော ရိုးသားမှုလေးတို့သာ ရှိတော့သည်။ ဝေဟင်ပြာထက် ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ကြယ်စင်လေးပမာ ကမ္ဘာမြေပြင်ပေါ်က လူသားအား အပိုင်ရအောင် ဆွတ်ခူးသိမ်းပိုက်ထားလိုစိတ်များ တဖွားဖွားဖြစ်တည်စေနိုင်လှ၏။
"ဘာကြည့်နေတာလဲ"
ချူယွမ် မေးလာခြင်းဖြစ်သည်။ သွမ့်ပိုင်ယွဲ့ဘာမှပြန်မဖြေဖြစ်ပါ။ အဖြေစကားအစား ချူယွမ်၏ လက်ချောင်းဆယ်ဖြာအား မိမိလက်နှင့် ဆုပ်ကိုင်ယှက်နွယ်စေလိုက်ကာ ခေါင်းအုံးဘေးနားချလိုက်ပြီး ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် နောက်တစ်ဖန်ပြန်ပြီး ပြင်းပြနက်ရှိုင်းစွာ နမ်းရှိုက်လာ၏။
ချူယွမ်လည်း ထိုအနမ်းများကို လွမ်းမောတမ်းတစွာ ခံယူပြီး ပြန်လည်တုံ့ပြန်လာ၏။ နူးညံ့သောလျှာဖျားနှစ်ခု ထိတွေ့ရစ်ထွေးလိုက်တိုင်း ပျားသကာရည်ကို သောက်သုံးလိုက်ရသည့်နှယ် ချိုမြိန်စွဲမက်စေလှပေ၏။
ဥယျာဥ်တော်အတွင်းက တောအုပ်လေးအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမိခြင်း။
ထိုစဥ်တုန်းက တွေ့ဆုံခြင်းမှာ ခက်ခဲကျပ်တည်းသော အခြေအနေတစ်ခုကြား ထိုသူကို အားကိုးလိုက်မည်ဟူသော ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်တည်ခဲ့သည်။ ဤဘဝတစ်သက်စာလုံးအတွက် ရည်စူးအပ်နှင်းပေးအပ်သော ချစ်ခြင်းမေတ္တာမျိုးအဖြစ် ပေါက်ဖွားရစ်ဖွဲ့လာမည်ဟု တကယ်ထင်မထားမိပေ။ သေမင်းနှုတ်ခမ်းဝသို့ ဘယ်နှစ်ကြိမ်ပဲ ရောက်ခဲ့ရောက်ခဲ့၊ နာကျင်မှုဝေဒနာကို ဘယ်နှစ်ခါပဲ ခံခဲ့ရပါစေ ၊ သေချင်လောက်အောင် ပင်ပန်းနွမ်းလျသည့်အချိန်တိုင်း ချူယွမ် အရင်ဆုံး တမ်းတမိသောသူမှာ မိမိရှေ့မှ ဒီလူသားကိုသာဖြစ်သည်၊ ဒီလူသားတစ်ယောက်တည်းကိုသာ ဖြစ်သည်။
သွမ့်ပိုင်ယွဲ့၏ လည်တိုင်ကို ဖက်တွယ်ထားရင်း ချူယွမ်၏ ထွက်သက်ဝင်သက်များ ပို၍ ပူလောင်ပြင်းပြလာ၏။
သွမ့်ပိုင်ယွဲ့၏ညာလက်က ချူယွမ်၏ ကျောပြင်တစ်လျှောက် လျှောဆင်းသွားကာ ခါးစည်းကြိုးကို ဆွဲဖြည်လိုက်သည်။ ချောမွတ်လှသော အတွင်းဝတ်ရုံမှာ ပခုံးမှသည် အိပ်ယာထက်သို့ ရေစက်လေးများနှယ် လျှောစီးပုံကျသွားကာ နုနယ်ပျိုမျစ်ပြီး ပျော့ပျောင်းသွယ်လျသော ချူယွမ်၏ခန္ဓာကိုယ်အား လှစ်ဟပြလာ၏။
ချူယွမ်၏ လက်နှစ်ဖက်ကလည်း သွမ့်ပိုင်ယွဲ့ခါးပေါ်တင်ထားကာ အားယူဖက်တွယ်ထားလျက်။
သွမ့်ပိုင်ယွဲ့က ချူယွမ်လည်တိုင်ထက် ငုံ့ဆင်းလာကာ ခပ်ဖွဖွ ငုံခဲလိုက်၊ နမ်းရှိုက်လိုက်လုပ်နေသည်။ ထို့နောက် တစ်ဖက်လူ၏ မျက်ခွံလေးပေါ် မြတ်နိုးကြင်နာစွာ အနမ်းခြွေလိုက်သည်။
နီစွေးသော ဖယောင်းတိုင်လေးထက်ဝယ် မီးညွန့်လေးက တလူလူလွှင့်ထူလောင်မြိုက်လို့။ဤညမှာတော့ အကြင်လူသားနှစ်ယောက်မှာ ချစ်ခြင်းတို့ဖြင့် တေးဖွဲ့သီကာ လွမ်းမောတမ်းတစွာ တစ်ယောက်ကိုတစ်ယောက် ဆက်လက်ရစ်ပတ် နှောင်ဖွဲ့နေကြဦးမည်ဖြစ်သည်။
ညဥ့်တစ်ဝက်ကုန်လွန်သွားတော့ ချူယွမ်၏ မည်းနက်သော ဆံနွယ်များက အိပ်ယာထက်ဝယ် ဖြန့်ကျက်နေလျက်၊ ပြင်းပြသော ထွက်သက်ဝက်သက်များနှင့်အတူ ခန္ဓာကိုယ်မှာ စည်းချက်ကျစွာ တုန္ယင်လှုပ်ရှားနေခဲ့၏။
သွမ့်ပိုင်ယွဲ့က ချူယွမ်အား သူ့ရင်ခွင်ထဲပွေ့ဖက်ထားလိုက်ကာ ခန္ဓာကိုယ်ချင်း တစ်သားတည်းဖြစ်အောင် ထပ်တူကျစွာအပ်ထားလိုက်ရင်း နူးညံ့သိမ်မွေ့စွာ မေးလာသည်။
" အရင်လိုပဲ ကောင်းနေသေးတယ်မလား"
ချူယွမ်က မျက်ဝန်းများကို မှေးစက်ထားရင်းနှင့်ပင် - "အင်း"ဟု တစ်ခွန်းတည်းသာ ပျင်းရိလေးတွဲ့စွာ ဖြေလိုက်သည်။
ချစ်တေးသီခြင်းပြီးသွားသည့်နောက် သွမ့်ပိုင်ယွဲ့က ရင်ခွင်ထဲနားခိုနေသော ချူယွမ်အား ဆံနွယ်များကို တယုတယ ရှင်းလင်းပေးရင်း ချစ်စကားများဖြင့် ချော့မြှူနှစ်သိမ့်ပေးသည်။ ခဏအကြာမှာတော့ ချူယွမ်လည်း နှစ်ခြိုက်စွာ အိပ်မောကျသွား၏ ။ မည်သည့်အိပ်မက်မျိုးကိုမှ မမက်ဖြစ်တော့ဘဲ ငြိမ်းချမ်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခြင်းဖြစ်သည်။
******
2020.11.14.
Thz for loving this story.
T/n : နောက်တစ်ပတ်လုံး ကိုယ် အလုပ်များနေမှာပါ။ ဒါကြောင့် သူတို့ ပြန်ဆုံတဲ့အထိတော့ တင်ပေးလိုက်မယ်ဆိုပြီး ၊ မနေ့ကအပိုင်းကို တင်ပြီး ရပ်ထားတော့မလို့။
ဒါပေမယ့် မနေ့ကအပိုင်းမှာ အတော်များများက တက်တက်ကြွကြွ ပြောကြမန့်ကြတာရယ်။ Appreciationကို msg boxကနေတစ်ယောက်၊ Suprise Giftပေးလာတဲ့ တစ်ယောက်နဲ့ ပုံစံတစ်မျိုးစီ အသိအမှတ်ပြုလာလို့ အရမ်းအားရှိသွားတာ။ positive cmtတွေ၊ appreciationတွေက တကယ့်အားဆေးပါ၊ မယုံမရှိနဲ့ ။
ဒါကြောင့် ခဏနားမယ့်နား ၊ ဒီလိုအခန်းလေးမှာ နားလိုက်ပါ့မယ်လို့ ဆုံးဖြတ်ပြီး တစ်ဖြတ် တင်ပေးလိုက်ပါတယ်။
Bye Bye......💜💛
*****
အခန္း - ၉၅ (ဘယ္လိုဆင္ေျခမ်ိဳးပဲေပးေပး မရဘူး )
"မင္း....မင္း ဘာလို႔ ဒီေလာက္အေျခအျမစ္မရိွတာေတြ ေျပာေနတာလဲ"
လီ့ယင္းတစ္ေယာက္ စိတ္တိုလြန္း၍ မ်က္ႏွာမ်ားပင္ ျဖဴဆုတ္ေနၿပီျဖစ္သည္။ ႏွမငယ္ျဖစ္သူအား မွတ္ေလာက္သားေလာက္ေအာင္ ရိုက္ပစ္ရန္ လက္ကလည္း ရြယ္ထားၿပီးျဖစ္၏။
"ဘယ္မွာ အေျခအျမစ္မရိွလို႔လဲ။ သြမ့္ပိုင္ယြဲ႔နဲ႔မွမဟုတ္ရင္ တျခားဘယ္သူနဲ႔မွ လက္မထပ္ႏိုင္ဘူးလို႔ ညီမ မေျပာခဲ့ဘူးလား။ အေဖနဲ႔အစ္ကိုတို႔ကပဲ ညီမကို သတို႔သမီးေဝါယာဥ္ေပၚ အတင္းတင္ၿပီး ေဝ့ဟယ္ဂိုဏ္းကို ပို႔လိုက္တာေလ"
သူမစကားမ်ားမွာ လီ့ယင္းကို သတိလစ္သြားေစေတာ့မတတ္ ေဒါသထြက္ေစေနၿပီ။ သို႔ေသာ္ လီ့ယင္းက သူမအား မရိုက္ရက္ျပန္ဘဲ ေျခကိုသာ ေျမေပၚ ေဆာင့္ကန္လိုက္၏။
"ေတာ္ ေတာ္....ဒီကိစၥကို ဒီေလာက္နဲ႔ပဲ ေတာ္လိုက္ေတာ့႔။ အဲ့ဒီရွီးနန္၀မ္က အခု ပုန္ကန္ျခားနားေတာ့မွာ။ အတိတ္မွာ မင္းတို႔ဘယ္လိုပဲ ပတ္သက္ခဲ့ ပတ္သက္ခဲ့၊ ေနာက္ေနာင္က်ရင္ လံုးဝ ထုတ္မေျပာရဘူး၊ ၾကားလား"
လီ့ေခြၽက အစ္ကို႔စကားကို မၾကားခ်င္သည့္ႏွယ္ ပုဝါျဖင့္မ်က္ႏွာအုပ္ကာ တစ္ဘက္သို႔ လွည့္သြား၏။
"ဟင္း"
လီ့ယင္းခမ်ာ သက္ျပင္းေမာႀကီးခ်ကာ ႏွမျဖစ္သူအား ဆြဲေခၚၿပီးျပန္သြားေလ၏။
သြမ့္ပိုင္ယြဲ႔ - "......"
ခ်ူယြမ္ကေတာ့ သူ႔ဘက္ လွည့္ၾကည့္ေနသည္။ မ်က္ႏွာထားမွာ ၿပံဳးေနသလား ၿပံဳးမေနဘူးလားဆိုသည္ပင္ ခန္႔မွန္းရခက္လွေခ်၏။ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆံုသြားေတာ့ ခ်ူယြမ္က ခ်က္ခ်င္းပင္ သစ္ကိုင္းထက္မွ ျပန္ခုန္ဆင္းလာသည္။
"အဲ့တစ္ေယာက္ ဘယ္သူျဖစ္မွန္းေတာင္ ကိုယ္မသိဘူးေလကြာ"
သြမ့္ပိုင္ယြဲ႔မွာ ေနာက္မွ အေျပးလိုက္ေခ်ာ့ေနရသည္။ ရယ္ရမလား ငိုရမလားမသိေတာ့။
"ဪ"
"ဟာ....အဲ့ဒီဪက ဘာသေဘာတုန္းလို႔။ တျခားလူေတြ ကိုယ့္ကို မယံုရင္ ထားလိုက္ေတာ့၊ ဒါေပမယ့္ မင္းေတာ့ ကိုယ့္ကိုယံုရမယ္ "
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အေနာက္ဘက္မွ သိုင္းဖက္ခ်ဳပ္ေနွာင္လိုက္ရင္း တဖြဖြ ေခ်ာ့ေျပာလာသည္။
သို႔ေသာ္ ခ်ူယြမ္က ခ်က္ခ်င္းဆိုသလို သူ႔အား တိုက္ခိုက္လာ၏။
သြမ့္ပိုင္ယြဲ႔လည္း အေတာ္ပင္ လန္႔သြားကာ အသာေရွာင္တိမ္းလိုက္၏။ သို႔ေသာ္ ထိခိုက္မိသြားေသာေနရာမွာ အေတာ္ေလး နာက်င္ကိုက္ခဲသြားေပသည္။
"တကယ္ စိတ္ဆိုးေနတာပဲ"
သြမ့္ပိုင္ယြဲ႔ ေရရြတ္လိုက္သည္။
ခ်ူယြမ္ကေတာ့ ဘာမျွပန္မေျပာ။ သို႔ေသာ္ တိုက္ခိုက္လာေသာ ထိုးႏွက္ခ်က္မ်ားကမူ ပို၍ျပင္းထန္ ၾကမ္းတမ္းလာ၏။
သြမ့္ပိုင္ယြဲ႔အတြက္ေတာ့ ဘယ္ေသာအခါမွ ခ်ူယြမ္အား တန္ျပန္တိုက္ခိုက္ရက္မည္မဟုတ္ေပ ။ ထို႔ေၾကာင့္ ခ်ူယြမ္ တိုက္ခိုက္လာသမ်ွကိုသာ ေရွာင္တိမ္းေနလိုက္သည္။ ထပ္ၿပီး ေနာက္ဆုတ္လို႔မရေတာ့မွ ခ်ူယြမ္၏လက္ေကာက္၀တ္ကို လွမ္းဖမ္းလိုက္ကာ ေဘးဘက္သို႔ အသာလႊဲပစ္လိုက္၏။
ခ်ူယြမ္က လက္မေလ်ွာ့ေသးဘဲ သြမ့္ပိုင္ယြဲ႔ေရ႔ွတည့္တည့္အား လက္ဖဝါးေစာင္းျဖင့္ ခုတ္ခ်လာသည္၊ သြမ့္ပိုင္ယြဲ႔လည္း ဆက္ေရွာင္ေနလိုက္၏။ သို႔ေသာ္ ဒီတစ္ေခါက္ တိုက္ကြက္မွာ ဟန္ျပမ်ွသာျဖစ္ေၾကာင္း သြမ့္ပိုင္ယြဲ႔မထင္မိ ၊ သို႔ႏွင့္ မ်က္စိတစ္မိွတ္အတြင္းမွာပင္ သြမ့္ပိုင္ယြဲ႔ခါးထက္က လက္စြဲေတာ္ဓားမွာ ခ်ူယြမ္လက္ထဲ ပါသြားၿပီျဖစ္သည္။
"ရွင္းျပခ်င္သပဆိုလည္း ငါ့ကို အရင္အႏိုင္ယူေလ "
ေလထဲ ခုန္တက္သြားရင္း ခ်ူယြမ္ ေအာ္ေျပာလာသည္။
သြမ့္ပိုင္ယြဲ႔က သူ႔အား ျပန္လည္ခုခံေနရင္း လွမ္းဆြဲလိုက္ကာ ရင္ခြင္ထဲ ခ်ဳပ္ေနွာင္ထားလိုက္၏။ ထို႔ေနာက္ နားရြက္နားကပ္ကာ ခပ္တိုးတိုးေျပာလိုက္သည္။
"မင္း အရင္ စေျပာတာေနာ္"
ခ်ူယြမ္ အံကိုႀကိတ္ကာ ဓားၪီးကိုလွည့္ၿပီး သြမ့္ပိုင္ယြဲ႔ဆီ ထိုးခ်လိုက္၏။ သြမ့္ပိုင္ယြဲ႔က လည္း ေရွာင္လိုက္၏၊ မ်က္၀န္းထဲတြင္ေတာ့ ၿပံဳးရိပ္သမ္းလို႔။
သို႔ႏွင့္ ေနာက္ထပ္ ဆယ္ကြက္ခန္႔မ်ွ ခ်ူယြမ္ ထိုးႏွက္လာသမ်ွကို ခုခံေရွာင္တိမ္းေပးလိုက္ၿပီးေနာက္ ခ်ူယြမ့္ပခံုးကို လက္ဝါးေစာင္းျဖင့္ ရိုက္ခ်ပစ္လိုက္သည္။ ခ်ူယြမ္လက္တစ္ဖက္မွာ ထံုက်င္သြားကာ လက္ထဲရိွဓားမွာ ေျမျပင္ေပၚသို႔ျပဳတ္က်သြားသည္။ ကိုယ္လံုးေလးကေတာ့ သြမ့္ပိုင္ယြဲ႔၏ ရင္ခြင္နန္းထဲေရာက္သြားကာ တစ္ဖက္လူမွ တင္းက်ပ္စြာ ေပြ့ဖက္ထားသည္ကို ခံလိုက္ရ၏။
"ကိုယ္ ႏိုင္သြားၿပီ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ပခံုးထက္ ေမးတင္လိုက္ရင္း ေျပာလာသည္။
"မင္းကမ်ား ကိုယ္ေတာ့္ကို တကယ္အႏိုင္ယူရဲတယ္ေပါ့ဟမ္"
ခ်ူယြမ့္ေလသံမ်ားက ခံစားခ်က္ကင္းမဲ့ေနလ်က္။
ဘယ္လိုေတာင္ အတင့္ရဲလိုက္သလဲ။
ဘယ္လိုေတာင္ အတင့္ရဲလိုက္သလဲ။
ဘယ္လိုေတာင္ အတင့္ရဲလိုက္သလဲ..
ၾကည့္စမ္း။
"......"
ခ်ူယြမ္က ထိုသူကို တြန္းထုတ္ပစ္လိုက္ကာ ၀တ္ရံုေပၚကပ္ၿငိေနေသာ ဖုန္မႈန္႔သဲမႈန္႔မ်ားကို ပုတ္ထုတ္လိုက္သည္။ ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔ဘက္ တစ္ခ်က္မွ ေစာင္းငဲ့ျခင္းပင္မျပဳဘဲ အရင္ျပန္ႏွင့္သြား၏။
"ရႈံးသြားၿပီးတာေတာင္ ကိုယ့္ကို ေပးမထိေသးဘူးေပါ့၊ ဟုတ္လား"
သြမ့္ပိုင္ယြဲ႔က သူ႔ေနာက္ အမီလိုက္လာရင္း ေမးလိုက္သည္။
"......"
"မင္းေျပာခ်င္တာ ဘယ္လိုပဲေနေန ကိုယ္ကပဲမွားတယ္ဆိုတဲ့သေဘာေပါ့ "
"အင္း"
သြမ့္ပိုင္ယြဲ႔က သေဘာက်စြာ ရယ္လိုက္ကာ ေျခလွမ္းခပ္သြက္သြက္လွမ္းလိုက္ၿပီး ခ်ူယြမ္ႏွင့္ ေဘးခ်င္းကပ္ ေလ်ွာက္လွမ္းလာခဲ့သည္။
"ကိုယ္ တည္းတဲ့ေနရာ လိုက္ခဲ့ေလ"
ခ်ူယြမ္ကေတာ့ သူ႔ကို လံုး၀အဖက္မလုပ္ေပ။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္အား လွမ္းဆြဲထားလိုက္သည္။
"အဆိပ္ေျဖတုန္းကဆို အရမ္းခက္ခဲခဲ့တာ၊ ကိုယ္ အရမ္းကို ပင္ပန္းခဲ့ရတာ။ ကိုယ့္ကို နည္းနည္းေလးေတာ့ ေစာင္းငဲ့ၾကည့္ပါၪီး...."
"......"
"အစပိုင္း မင္းကိုေရွာင္ေျပးဖို႔လုပ္တာေတြကေတာ့ ကိုယ္ တကယ္မွားသြားတာပါ။ ဒါေပမယ့္ ေသဒဏ္က်တဲ့အထိေတာ့ မျပင္းထန္ဘူးမလား။ ေနာက္ဆို ကိုယ္တို႔ႏွစ္ေယာက္အတြက္ အနာဂတ္အရွည္ႀကီးက်န္ေသးတယ္ေလ ။ ကိုယ့္ကို တစ္သက္လံုး ဒီလိုပဲ လ်စ္လ်ူရႈသြားမွာလားလို႔...."
"ခုေလာေလာဆယ္ေတာ့ မင္းကိုခြင့္လႊတ္ေပးဖို႔ အစီအစဥ္မရိွေသးဘူး"
ခ်ူယြမ္က ပ်င္းရိေလးတြဲ႔စြာ ဆိုလိုက္သည္။
"ကိစၥမရိွဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္သတိအနည္းငယ္ပါးလ်သြားသည့္အခ်ိန္ကို အခြင့္ေကာင္းယူလိုက္ၿပီး ခ်ူယြမ့္ပါးျပင္အား ရႊတ္ခနဲ နမ္းလိုက္ကာ ဆက္ဆိုလာ၏။
"စိတ္ေအးတာရယ္ ၊ အရွက္မရိွတာရယ္ကလြဲရင္ ကိုယ့္ဆီမွာ တျခား ဘာေကာင္းကြက္မ်ား ရိွေသးလို႔လဲ ။ ဟုတ္တယ္ဟုတ္"
ခ်ူယြမ္ကေတာ့ အလြန္ပင္ ေအးစက္ၿငိမ္သက္ေန၏။
*****
သို႔ႏွင့္ ႏွစ္ေယာက္သားမွာ ခ်ူယြမ္စံျမန္းရာ အေဆာင္ငယ္ေလးထဲ အတူယွဥ္တြဲၿပီး ျပန္ဝင္သြားၾက၏။
အိပ္ငိုက္လ်က္ရိွေနေသာ ရွစ္ဇီမွာ သြမ့္ပို္င္ယြဲ႔ကိုျမင္ေတာ့ ခ်က္ခ်င္းပင္ လန္႔ဖ်တ္သြားသည္။ သူ႔ကိုယ္သူ မ်က္စိအျမင္မွားသည္ဟု ထင္သြားကာ ဆတ္ခနဲ ထရပ္မိၿပီး အေတာ္ၾကာၾကာ ေၾကာင္ေတာင္ေတာင္ႀကီး ရပ္ၾကည့္ေနသည္။
"ရွစ္ဇီ"
"ဟင္.....ဟုတ္....ဟုတ္ကဲ့၊ အမိန္႔ရိွေတာ္မူပါဘုရား"
ခ်ူယြမ္ေခၚလိုက္ခါမွ ရွစ္ဇီသတိျပန္ဝင္လာကာ ခ်ူယြမ္အား လွမ္း၍ ေဖးမတြဲကူလိုက္၏။
"ဧည့္သည္ကို ျပန္ပို႔လိုက္"
ခ်ူယြမ္ကေတာ့ ထိုသို႔ေျပာၿပီးသည္ႏွင့္ အခန္းထဲ ဝင္သြားေတာ့သည္။
ရွစ္ဇီကေတာ့ သြမ့္ပိုင္ယြဲ႔အား အားနာစြာ ၾကည့္ေနလ်က္။
ေသခ်ာသည္မွာ သြမ့္ပိုင္ယြဲ႔ ဘယ္လိုမွ ျပန္မည္မဟုတ္ပါ။ ယခုလိုအခ်ိန္မ်ိဳးမွာ ငတံုးငအ, မ်ားကသာ အသာတၾကည္ျပန္သြားမည္ျဖစ္သည္။
သြမ့္ပိုင္ယြဲ႔ အခန္းထဲ လိုက္ဝင္သြားၿပီးသည့္ေနာက္ ရွစ္ဇီလည္း အျပင္မွာ ရင္ခုန္စြာ ရပ္ေစာင့္ေန၏။ အခန္းထဲ ဘာသံမွထပ္မၾကားရမွန္း ေသခ်ာေတာ့မွ ၊ သြမ့္ဝမ္ ျပန္ႏွင္ထုတ္မခံရေၾကာင္းေသခ်ာေတာ့မွ ၿပံဳးၿဖီးသြားကာ အရွင္ႏွစ္ပါးအတြက္ ညေနစာျပင္ဆင္ေပးရန္ ၫႊန္ၾကားဖို႔ စားဖိုေဆာင္ဆီသို႔ ထြက္သြားလိုက္သည္။
*****
အခန္းထဲမွာေတာ့ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ကိုယ္လံုးအား သိမ္းသြင္းေပြ့ဖက္ထား၏။ အနမ္းမိုးမ်ားမွာ ၾကမ္းတစ္ခါ ႏုတစ္လွည့္ အဆက္မျပတ္ကို သြန္းၿဖိဳးက်ေရာက္လာ၏။
ခ်ူယြမ္လည္း မ်က္ဝန္းမ်ားကို အလိုက္သင့္ ေမွးစက္ေပးထားသည္။ ရွည္လ်ားေကာ့ၫြတ္ေသာ မ်က္ေတာက္စင္းစင္းမ်ားက တုန္ယင္ေနလ်က္။ လက္ႏွစ္ဖက္ကလည္း သြမ့္ပိုင္ယြဲ႔၏ လည္တိုင္ထက္ဝယ္ ဖက္တြယ္ခိုနားထားသည္။
ႏူးညံ့သိမ္ေမြ့ျခင္း၊ေလးနက္စြာ ျမတ္ႏိုးျခင္း ၊ ဂရုတစိုက္ရိျွခင္း၊ ခ်စ္ခင္ျမတ္ႏိုးျခင္း။ ထိုအရာမ်ားအားလံုးက ဒီလူသားတစ္ေယာက္တည္းဆီမွာသာ စုေဝးျဖစ္တည္ေနၿပီျဖစ္ကာ ၊ တစ္သက္မွာတစ္ခါ နက္နဲစြာ ခ်စ္ကြၽမ္းဝင္ခဲ့ရပါေသာ ဒီလူသားထံမွာမိမိ၏အသက္ႏွင့္ခႏၶာအား ခ်ူယြမ္ အပ္ႏွင္းထားၿပီးျဖစ္သည္။
ထိုသို႔ေတြးမိလိုက္ျခင္းႏွင့္အတူ ခ်ူယြမ္၏ မ်က္ဝန္းေထာင့္မ်ားမွာ သူကိုယ္တိုင္ သတိမထားမိလိုက္ခင္မွာတင္ မ်က္ရည္စမ်ားႏွင့္ နီရဲစိုစြတ္လာ၏။
ခ်စ္ရသူက မိမိလက္တစ္ကမ္းမွာတင္ ရိွေနလင့္ကစား၊ အဘယ္ေၾကာင့္မ်ား အိပ္မက္ျမဴခိုးတစ္ခုပမာ ခံစားေနရပါသနည္း ။
ခ်ူယြမ္၏ သတိသမၸဇဥ္က ေခတၲမ်ွ ကင္းလြတ္သြားကာ ခႏၶာကိုယ္တစ္ခုလံုး တုန္ယင္သိမ့္ခါသည္ထိ ရိႈက္ငိုေတာ့ေလသည္။
"ကိုယ္ ဘာမွမျဖစ္ေတာ့ဘူးေလ ၊ ဘာမွမျဖစ္ေတာ့ဘူး "
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား ဖက္တြယ္ထားရင္း ေက်ာျပင္ေလးကို ခပ္ဖြဖြ ပြတ္သပ္ေခ်ာ့ျမႇဴေပးရရွာသည္။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ခြင္က်ယ္ႀကီးေပၚ လက္ဖဝါးတင္ၾကည့္လိုက္ကာ ရင္ဘတ္ထဲမွ ႏွလံုးခုန္သံကို ခံစားၾကည့္လိုက္သည္။ ယခုေတာ့ စည္းခ်က္မွန္စြာ အားေကာင္းစြာ ျပန္ခုန္ေနၿပီပဲ။
"အဆိပ္ေျဖၿပီးသြားၿပီဆိုေတာ့ ႏွလံုးလည္း အရင္လို ျပန္ခုန္ေနပါၿပီ "
ခ်ူယြမ္ ဘာမျွပန္မေျပာျဖစ္။ အေတာ္ေလးၾကာခါမွ " အင္း "ဟု ေခါင္းညိတ္ျပလိုက္ကာ သြမ့္ပိုင္ယြဲ႔အား ပို၍တင္းက်ပ္စြာ ဖက္တြယ္လာ၏။
ခ်စ္ရသူက ထိုသို႔ခံစားေနရသည္ကိုျမင္ေတာ့ သြမ့္ပိုင္ယြဲ႔ႏွလံုးသားတစ္ခုလံုးလည္း နာက်င္ေနရေပၿပီ။
******
ခဏၾကာေတာ့ ရွစ္ဇီက စားေသာက္ဖြယ္ရာမ်ားကို လာေရာက္တည္ခင္းေပး၏။
ခ်ူယြမ္ကေတာ့ ထံုးစံအတိုင္းပင္ ဘာမွစားေသာက္လိုစိတ္မရိွ ။ သို႔ေသာ္ တစ္ဖက္လူက ေန့မနားညမနား ဒီထိေရာက္ေအာင္ ခရီးျပင္းႏွင္လာရမွန္းသိေနျပန္ေတာ့ သြမ့္ပိုင္ယြဲ႔အားအေဖာ္ျပဳေပးသည့္အေနျဖင့္ အတူတူ ထိုင္စားျဖစ္သြားသည္။
ႏွစ္ေယာက္စလံုး မည္သူကမွ စစ္မက္ေရးရာအေၾကာင္း မေျပာျဖစ္ၾက၊ ေျပာလည္းမေျပာခ်င္ၾက။
ရိုးရွင္းလြယ္ကူေသာ ညေနစာကို စားသံုးၿပီးသြားသည္ႏွင့္ ရွစ္ဇီက ကိုယ္လက္သန္႔စင္ရန္အတြက္ ေရႏြေးမ်ားသယ္လာေပး၏။
သြမ့္ပိုင္ယြဲ႔လည္း စားပြဲနားတြင္ထိုင္ေနကာ လက္တစ္ဖက္ျဖင့္ ေမးကိုေထာက္ရင္း ကန္႔လန္ကာတစ္ဖက္မွ ေရသံမ်ားကို နားစြင့္ေနသည္။
ဖ်တ္ခနဲဆိုသလို စိတ္အစဥ္က လြန္ခဲ့ေသာ အတိတ္ေန့ရက္ေဟာင္းမ်ားဆီ ျပန္ေရာက္သြားသလိုပင္။ ယခုလည္း ထိုစဥ္တုန္းကလိုပင္ ဘာမွ ေျပာင္းလဲမသြားပါလား။
ေရခ်ိဳးၿပီးသြားေတာ့ ခ်ူယြမ္က ဝတ္ရံုရွည္ႀကီးတစ္ထည္အား လႊမ္းၿခံဳရစ္ပတ္ၿပီး ျပန္ထြက္လာသည္။ သြမ့္ပိုင္ယြဲ႔အား ေရွာင္ကြင္းသြားကာ သလြန္ေတာ္ထက္ တက္သြားၿပီး တံခါးရိွရာဘက္ ေက်ာေပးကာ အရင္ လဲေလ်ာင္းႏွင့္ၿပီျဖစ္သည္။
ခဏၾကာေတာ့မွ သြမ့္ပိုင္ယြဲ႔က သူ႔အနားသို႔ လာေရာက္လဲေလ်ာင္း၏။ သြမ့္ပိုင္ယြဲ႔ထံမွ ေရခ်ိဳးသန္႔စင္ၿပီးခါစ စိုစြတ္ေနဆဲျဖစ္ေသာ အထိအေတြ့ႏွင့္ သင္းပ်ံပ်ံ့ေမႊးရနံ႔တို႔ကို ခံစားလို႔ရေနေပသည္။ ထို႔ေနာက္ ထိုသူက ခ်ူယြမ့္အား သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။
"အရမ္းကို အတင့္ရဲေနတယ္ေပါ့"
သြမ့္ပိုင္ယြဲ႔က ဘာမျွပန္မေျပာဘဲ အေပၚစီးမွသာ အုပ္မိုးကာ ခ်ူယြမ္အား ေသေသခ်ာခ်ာ ေငးၾကည့္လာ၏။ တစ္စကၠန္႔မ်ွပင္ အၾကည့္မ်ားကို မလႊဲခဲ့ေခ်။
သြယ္တန္းေသာ ဤမ်က္ခံုးမ်ား ၊ နက္ေမွာင္ေသာ မ်က္ဝန္းအိမ္ ၊
ေျဖာင့္စင္းေသာ ႏွာတံေလးႏွင့္
နဂိုအခ်ိန္မ်ားထက္ ပို၍သိမ္ေမြ့ႏုပ်ိဳေနေသာ ရုပ္သြင္လႊာ....။
မည္သို႔ပင္ၾကည့္ၾကည့္ - ပကတိအခ်ိန္မ်ိဳးမွာ ေတြ့ရတတ္ေသာ ဧကရာဇ္တစ္ပါး၏ ျမင့္ျမတ္ထည္ဝါလွေသာမ်ိဳး အေရာင္အဝါမ်ား လံုးဝရိွမေနေတာ့ ။ ႀကီးမားလွေသာဂုဏ္ရိွန္ႏွင့္အတူ တည္ၾကည္ေအးစက္သည့္ ထိုရုပ္သြင္ကို ဖယ္ခ်လိုက္လ်ွင္ - ယခုလိုမ်ိဳး ေနြးေထြးလွေသာ ၊ ပ်င္းရိတတ္ေသာ ပံုစံေလး ၊ စိတ္ထဲရိွသည့္အတိုင္း ပြစိပြစိျမည္တြန္ေျပာဆိုတတ္ေသာ ရိုးသားမႈေလးတို႔သာ ရိွေတာ့သည္။ ေဝဟင္ျပာထက္ ၿပိဳးၿပိဳးျပက္ျပက္ လင္းလက္ေနေသာ ၾကယ္စင္ေလးပမာ ကမ႓ာေျမျပင္ေပၚက လူသားအား အပိုင္ရေအာင္ ဆြတ္ခူးသိမ္းပိုက္ထားလိုစိတ္မ်ား တဖြားဖြားျဖစ္တည္ေစႏိုင္လွ၏။
"ဘာၾကည့္ေနတာလဲ"
ခ်ူယြမ္ ေမးလာျခင္းျဖစ္သည္။ သြမ့္ပိုင္ယြဲ႔ဘာမျွပန္မေျဖျဖစ္ပါ။ အေျဖစကားအစား ခ်ူယြမ္၏ လက္ေခ်ာင္းဆယ္ျဖာအား မိမိလက္ႏွင့္ ဆုပ္ကိုင္ယွက္ႏြယ္ေစလိုက္ကာ ေခါင္းအံုးေဘးနားခ်လိုက္ၿပီး ခ်ဳပ္ေနွာင္ထားလိုက္သည္။ ထို႔ေနာက္ ေနာက္တစ္ဖန္ျပန္ၿပီး ျပင္းျပနက္ရိႈင္းစြာ နမ္းရိႈက္လာ၏။
ခ်ူယြမ္လည္း ထိုအနမ္းမ်ားကို လြမ္းေမာတမ္းတစြာ ခံယူၿပီး ျပန္လည္တံု႔ျပန္လာ၏။ ႏူးညံ့ေသာလ်ွာဖ်ားႏွစ္ခု ထိေတြ့ရစ္ေထြးလိုက္တိုင္း ပ်ားသကာရည္ကို ေသာက္သံုးလိုက္ရသည့္ႏွယ္ ခ်ိဳၿမိန္စြဲမက္ေစလွေပ၏။
ဥယ်ာဥ္ေတာ္အတြင္းက ေတာအုပ္ေလးအတြင္း ပထမဆံုးအႀကိမ္ ေတြ့ဆံုမိျခင္း။
ထိုစဥ္တုန္းက ေတြ့ဆံုျခင္းမွာ ခက္ခဲက်ပ္တည္းေသာ အေျခအေနတစ္ခုၾကား ထိုသူကို အားကိုးလိုက္မည္ဟူေသာ ဆံုးျဖတ္ခ်က္တစ္ခုသာ ျဖစ္တည္ခဲ့သည္။ ဤဘဝတစ္သက္စာလံုးအတြက္ ရည္စူးအပ္ႏွင္းေပးအပ္ေသာ ခ်စ္ျခင္းေမတၲာမ်ိဳးအျဖစ္ ေပါက္ဖြားရစ္ဖြဲ႔လာမည္ဟု တကယ္ထင္မထားမိေပ။ ေသမင္းႏႈတ္ခမ္းဝသို႔ ဘယ္ႏွစ္ႀကိမ္ပဲ ေရာက္ခဲ့ေရာက္ခဲ့၊ နာက်င္မႈေဝဒနာကို ဘယ္ႏွစ္ခါပဲ ခံခဲ့ရပါေစ ၊ ေသခ်င္ေလာက္ေအာင္ ပင္ပန္းႏြမ္းလ်သည့္အခ်ိန္တိုင္း ခ်ူယြမ္ အရင္ဆံုး တမ္းတမိေသာသူမွာ မိမိေရ႔ွမွ ဒီလူသားကိုသာျဖစ္သည္၊ ဒီလူသားတစ္ေယာက္တည္းကိုသာ ျဖစ္သည္။
သြမ့္ပိုင္ယြဲ႔၏ လည္တိုင္ကို ဖက္တြယ္ထားရင္း ခ်ူယြမ္၏ ထြက္သက္ဝင္သက္မ်ား ပို၍ ပူေလာင္ျပင္းျပလာ၏။
သြမ့္ပိုင္ယြဲ႔၏ညာလက္က ခ်ူယြမ္၏ ေက်ာျပင္တစ္ေလ်ွာက္ ေလ်ွာဆင္းသြားကာ ခါးစည္းႀကိဳးကို ဆြဲျဖည္လိုက္သည္။ ေခ်ာမြတ္လွေသာ အတြင္းဝတ္ရံုမွာ ပခံုးမွသည္ အိပ္ယာထက္သို႔ ေရစက္ေလးမ်ားႏွယ္ ေလ်ွာစီးပံုက်သြားကာ ႏုနယ္ပ်ိဳမ်စ္ၿပီး ေပ်ာ့ေပ်ာင္းသြယ္လ်ေသာ ခ်ူယြမ္၏ခႏၶာကိုယ္အား လွစ္ဟျပလာ၏။
ခ်ူယြမ္၏ လက္ႏွစ္ဖက္ကလည္း သြမ့္ပိုင္ယြဲ႔ခါးေပၚတင္ထားကာ အားယူဖက္တြယ္ထားလ်က္။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လည္တိုင္ထက္ ငံု႔ဆင္းလာကာ ခပ္ဖြဖြ ငံုခဲလိုက္၊ နမ္းရိႈက္လိုက္လုပ္ေနသည္။ ထို႔ေနာက္ တစ္ဖက္လူ၏ မ်က္ခြံေလးေပၚ ျမတ္ႏိုးၾကင္နာစြာ အနမ္းေႁခြလိုက္သည္။
နီေစြးေသာ ဖေယာင္းတိုင္ေလးထက္ဝယ္ မီးၫြန္႔ေလးက တလူလူလႊင့္ထူေလာင္ၿမိဳက္လို႔။ဤညမွာေတာ့ အၾကင္လူသားႏွစ္ေယာက္မွာ ခ်စ္ျခင္းတို႔ျဖင့္ ေတးဖြဲ႔သီကာ လြမ္းေမာတမ္းတစြာ တစ္ေယာက္ကိုတစ္ေယာက္ ဆက္လက္ရစ္ပတ္ ေနွာင္ဖြဲ႔ေနၾကၪီးမည္ျဖစ္သည္။
ညဥ့္တစ္ဝက္ကုန္လြန္သြားေတာ့ ခ်ူယြမ္၏ မည္းနက္ေသာ ဆံႏြယ္မ်ားက အိပ္ယာထက္ဝယ္ ျဖန္႔က်က္ေနလ်က္၊ ျပင္းျပေသာ ထြက္သက္ဝက္သက္မ်ားႏွင့္အတူ ခႏၶာကိုယ္မွာ စည္းခ်က္က်စြာ တုန္ယင္လႈပ္ရွားေနခဲ့၏။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား သူ႔ရင္ခြင္ထဲေပြ့ဖက္ထားလိုက္ကာ ခႏၶာကိုယ္ခ်င္း တစ္သားတည္းျဖစ္ေအာင္ ထပ္တူက်စြာအပ္ထားလိုက္ရင္း ႏူးညံ့သိမ္ေမြ့စြာ ေမးလာသည္။
" အရင္လိုပဲ ေကာင္းေနေသးတယ္မလား"
ခ်ူယြမ္က မ်က္ဝန္းမ်ားကို ေမွးစက္ထားရင္းႏွင့္ပင္ - "အင္း"ဟု တစ္ခြန္းတည္းသာ ပ်င္းရိေလးတြဲ႔စြာ ေျဖလိုက္သည္။
ခ်စ္ေတးသီျခင္းၿပီးသြားသည့္ေနာက္ သြမ့္ပိုင္ယြဲ႔က ရင္ခြင္ထဲနားခိုေနေသာ ခ်ူယြမ္အား ဆံႏြယ္မ်ားကို တယုတယ ရွင္းလင္းေပးရင္း ခ်စ္စကားမ်ားျဖင့္ ေခ်ာ့ျမႇဴႏွစ္သိမ့္ေပးသည္။ ခဏအၾကာမွာေတာ့ ခ်ူယြမ္လည္း ႏွစ္ၿခိဳက္စြာ အိပ္ေမာက်သြား၏ ။ မည္သည့္အိပ္မက္မ်ိဳးကိုမွ မမက္ျဖစ္ေတာ့ဘဲ ၿငိမ္းခ်မ္းစြာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်သြားျခင္းျဖစ္သည္။
******
2020.11.14.
Thz for loving this story.
T/n : ေနာက္တစ္ပတ္လံုး ကိုယ္ အလုပ္မ်ားေနမွာပါ။ ဒါေၾကာင့္ သူတို႔ ျပန္ဆံုတဲ့အထိေတာ့ တင္ေပးလိုက္မယ္ဆိုၿပီး ၊ မေန့ကအပိုင္းကို တင္ၿပီး ရပ္ထားေတာ့မလို႔။
ဒါေပမယ့္ မေန့ကအပိုင္းမွာ အေတာ္မ်ားမ်ားက တက္တက္ႂကြၾကြ ေျပာၾကမန္႔ၾကတာရယ္။ Appreciationကို msg boxကေနတစ္ေယာက္၊ Suprise Giftေပးလာတဲ့ တစ္ေယာက္နဲ႔ ပံုစံတစ္မ်ိဳးစီ အသိအမွတ္ျပဳလာလို႔ အရမ္းအားရိွသြားတာ။ positive cmtေတြ၊ appreciationေတြက တကယ့္အားေဆးပါ၊ မယံုမရိွနဲ႔ ။
ဒါေၾကာင့္ ခဏနားမယ့္နား ၊ ဒီလိုအခန္းေလးမွာ နားလိုက္ပါ့မယ္လို႔ ဆံုးျဖတ္ၿပီး တစ္ျဖတ္ တင္ေပးလိုက္ပါတယ္။
Bye Bye......💜💛
*****