[ကောလာဟလအသေးစားလေး ထွက်ပေါ်လာခြင်း]
မျဲန်ယားတောင်မှာ လမ်းသွယ်လေးများ စုဆုံဖြတ်သန်းရာများသောတောင်တစ်ခုဖြစ်သည်။ မြို့တော်သို့ လာရောက်ရောင်းဝယ်ကုန်သွယ်ကြသော ကုန်သည်များသာမက ထိုနားတစ်ဝိုက်နေထိုင်သော အရပ်သားများလည်း ထိုတောင်ပေါ်တက်ကာ သစ်ဥသစ်ဖုများ၊ ဆေးမြစ်ဆေးရွက်များ ရှာဖွေပြီးလာရောင်းတတ်ကြ၏။ ထို့အပြင် တောင်ထိပ်ဝယ် ဇရပ်ရှိကာ စာပေပညာရှင်အချို့က ဝိုင်းဖွဲ့စုဆုံပြီး ထိုဇရပ်ပေါ်မှသည် ရှုခင်းများကို ရှုစားကာ သေရည်သောက်သုံးရင်း ကဗျာစာပေဖွဲ့ဆိုတတ်ကြသေး၏။ ထို့ကြောင့် နေ့ခင်းပိုင်းအချိန်ဆိုလျှင် လူသူစည်ကားနေတတ်ကာ ညအချိန်မှာမှ တစ်မူပြောင်းလဲပြီး လုံးဝ တိတ်ဆိတ်သွား၏။
တောင်တက်လမ်းတစ်လျှောက်တွင် မီးရှူးတိုင်များ၏အလင်းရောင်များက တန်းစီလင်းဖြာနေလို့။ ထိုမီးရောင်တန်းမှာ နန်းတော်မှ ရဲမက်များဖြစ်လေရာ ပျောက်သွားသောလူများကိုလိုက်ရှာနေကြသည်။ ရဲမက်အင်အား အများအပြား ခေါ်ဆောင်လာပြီး တစ်ညလုံးရှာခဲ့သော်လည်း အရိပ်အယောင်မျှပင်မတွေ့။ ရှာတွေ့ဖို့ကလည်း တကယ်တမ်း သိပ်ပြီး မသေချာပေ။ ဤမျှကြီးမားကျယ်ဝန်းသော တောင်နယ်နိမိတ်ကြီးထဲမှာ လူဆယ်ယောက်မဆိုထားနှင့် ၊ ရဲမက်ထောင်ချီပြီးပျောက်သွားလျှင်တောင် ရှာရခက်သောကြောင့်ပင်။
****
နန်းတော်ထဲတွင်လည်း။
လျိုတာ့ကျုံ့က စိုးရိမ်တကြီးဆိုလာ၏။
"ဒီလိုမျိုး ကြိတ်ပြီးလိုက်ရှာနေတာမျိုးက အလုပ်မဖြစ်လောက်တော့ပါဘူးဘုရား"
"အိုက်ချင်းတို့ရော ဘယ်လိုအမြင်မျိုးရှိသေးလဲ၊ ပြောကြည့်စမ်းပါဦး"
"အရှင်မင်းမြတ်၊ တကယ်လို့များ အယောက်တိုင်း အဖမ်းခံသွားရတယ်ဆို နန်ဟိုင်ဓားပြတွေရဲ့လက်ချက်ပဲဖြစ်လောက်ပါတယ်ဘုရား"
ချူယွမ်က ခေါင်းညိတ်လိုက်သည်။
"ချူရှိန့်လား။ ကိုယ်တော်လည်း အဲ့လို ထင်မိတယ်"
ဒီမတိုင်ခင်က တာ့ချူနှင့် ပိုင်ရှန့်ပြည်မှာ အသွားအလာသိပ်မရှိခဲ့။ ဒီတစ်ခေါက်မှာမှ ပိုင်ရှန့်ပြည်ခေါင်းဆောင်က သူကိုယ်တိုင် မြောက်ပိုင်းသို့ဆန်တက်ကာ တာ့ချူဆီရောက်လာခဲ့သဖြင့် ဤဆယ်စုနှစ်အတွင်းတွင် ပထမဆုံး အရင်းနှီးဆုံးသော သံတမန်ခင်းမှုဟုလည်း ဆိုနိုင်သည်။ ချူယွမ်လည်း ပိုင်ရှန့်ပြည်အကြောင်း အနည်းအကျဥ်းသာသိသည်။ ယခုလိုမျိုး ပိုင်ရှန့်ပြည်ခေါင်းဆောင် နာ့ဝါကိုယ်တိုင် မြို့ပြင်တောင်ကြားလမ်းတစ်နေရာ၌ ထူးဆန်းစွာပျောက်ဆုံးသွားတော့ ညီလာခံသဘင်ထဲရှိလူတိုင်းကလည်း မျက်စိနှစ်ကွငး်အား မင်စွန်းနေသလို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်မှန်း မသိကြ။
နောက်ကွဟ်က ကြိုးကိုင်နေသူမှာ ချူရှိန့်ဟု အကြမ်းဖျင်းယူဆ၍ရသော်လည်း အဘယ်ကြောင့် ထိုသို့လုပ်လိုက်မှန်း မသိနိုင်ကြပြန်။ လူကိုသတ်ပြီး တာ့ချူအား အမှား ပုံချလာလေမလား။ လူကိုဖမ်းခေါ်သွားပြီး ဓားစာခံအနေနှင့် အကျပ်ကိုင်လာမည်လား။ သို့မဟုတ် ပိုင်ရှန့်ပြည်အား ချုပ်ကိုင်ထားပြီး တာ့ချူကို ရန်စလာမည်လား။ ခန့်မှန်းကြည့်သမျှ အားလုံးကလည်း ဖြစ်နိုင်ခြေရှိသည်ချည်းဖြစ်နေသည်။ သေသေချာချာလည်း မပြောနိုင်ဘဲ စိုးရိမ်နေကြရုံသာ။
****
တော်ဝင်စာကြည့်ဆောင်မှ ထွက်လာတော့ ချူယွမ်လည်း အတော်ပင် စိတ်နွမ်းနယ်သည်ဟု ခံစားလိုက်ရ၏။
"အရှင်မင်းမြတ်၊ ရှီးနန်ဝမ်ပြန်ရောက်နေပါပြီ"
ရှစ်ဇီ ထိုသို့ပြောလာသည်ကိုကြားသည်နှင့် ချူယွမ်လည်း အိပ်ခန်းဆောင်သို့ အမြန်ပြန်သွားလိုက်သည်။ အခန်းထဲရောက်တော့ စားပွဲဘေးနားရပ်ကာ ရေသောက်နေသော သွမ့်ပိုင်ယွဲ့ကို တွေ့လိုက်ရသည်။
"ဘာထူးသေးလဲ"
သွမ့်ပိုင်ယွဲ့က ခေါင်းခါပြလာ၏။
"ဘာမှရမလာဘူး"
"အင်း၊ လွန်ခဲ့တဲ့တစ်နာရီလောက်တုန်းက ချိန့်လျဲ့ရောက်လာတုန်းကလည်း ဘာသဲလွန်စမှ ရှာမရဘူးလို့ ပြောသွားတယ်"
ချူယွမ်က သက်ပြင်းချလိုက်ကာ ဆိုလာတော့ သွမ့်ပိုင်ယွဲ့က -
"တစ်ဖက်အဖွဲ့က သေချာပြင်ဆင်ထားခဲ့မှန်း အရမ်းသိသာတာပဲ။ ပြီးတော့ အဲ့လောက်ကြီးတဲ့တောင်မှာ ခဏလေးနဲ့ရှာတွေ့တယ်ဆိုတာကမှ ထူးဆန်းနေမှာ။ အခုတော့ တောင်တက်လမ်းတိုင်းကို ပိတ်ထားတယ်၊ အလွန်ဆုံး တစ်အောင့်လောက်တော့ အချိန်ယူရမှာပေါ့။ ဘာပဲပြောပြော နောက်ဆုံးတော့ တွေ့မှာပါ၊ စိတ်မပူနဲ့ "
"အလောင်းပဲရှာတွေ့ရင်ကော"
"နာ့ဝါနဲ့ကျင်းဆူးကိုဆိုရင်တော့ အလောင်းအဖြစ် သတ်ပစ်မှာထက် အရှင်လတ်လတ်ထားထားတာ ပိုပြီးအကျိုးအမြတ်ရှိနေမှာလေ။ ကျင်းဆူးယောက်ျား ခွန်းတာကိုဆို ပြောမနေနဲ့တော့၊ ပြည်နယ်တကာလှည့်ပြီး လှည့်လည်သွားလာဖူးတဲ့ ကုန်သည်အဖွဲ့ကြီးနော်။ သတ်မယ်ဆိုရင်တောင် မသတ်ပစ်ခင် အကြိမ်ကြိမ်အခါခါ ဓားစာခံလုပ်ပြီး ကြေးတောင်းစားရင်တောင် အရမ်းကောင်းတဲ့ ရင်းနှီးမှုဖြစ်နေမှာပဲ"
"ဒါက မင်းအခေါ်.....ငါ့ကို နှစ်သိမ့်နေတယ်ပေါ့"
"ကိုယ်က အမှန်အတိုင်း ချက်ကျလက်ကျ ပြောပြတာပါ"
သွမ့်ပိုင်ယွဲ့က လက်ဖက်ရည်ခွက်ကို ချူယွမ်အား ကမ်းပေးလိုက်ကာ -
"နာ့ဝါမှာ ညီတစ်ယောက်ရှိတယ်၊ နာမည်က ရှီးစီတဲ့။ နာ့ဝါ ဒီကိုရောက်လာတော့ တိုင်းပြည်ရေးရာကိစ္စတွေကို သူ့ဆီ အပ်ထားရတာ။ အတော်လေး ရင်ဆိုင်ရကိုင်တွယ်ရခက်တဲ့လူတဲ့၊ သွားပြီး ဇယားမရှုပ်ကောင်းတဲ့လူစားမျိုး"
"ဒါဆို ဟိုလူတွေကို အမြန်ဆုံးရှာတွေ့အောင်လုပ်ရမှာလေ"
ချူယွမ်က မျက်နှာလေးရှုံ့မဲ့နေကာ ဆက်ဆိုလာ၏။
"မဟုတ်ရင် ရန်ဘက်တစ်ယောက် ထွက်ပေါ်လာအောင် မတော်တဆ လုပ်မိသလိုဖြစ်တော့မှာပေါ့"
"စိတ်ပူလွန်းလို့ သတိလက်လွတ်ဖြစ်ကုန်ပြီပေါ့ဟမ်"
သွမ့်ပိုင်ယွဲ့က သူ့ဘေးနား ဒူးထောက်ထိုင်လာကာ ချော့မော့ပြောဆိုလာ၏။
"ဘာပြောလိုက်တယ်"
ချူယွမ်က ထိုင်ခုံပေါ်ထိုင်လျက်သားနှင့်ပင် သွမ့်ပိုင်ယွဲ့နှင့် အကြည့်ချင်းဆုံစေလိုက်သည်။
"ကိုယ် ပိုင်ရှန့်ပြည်ရောက်သွားတုန်းက နာ့ဝါနဲ့နာ့ရှီးရှစ်တို့ သိပ်ပြီး ဆက်ဆံရေးမဟန်မှန်းသိခဲ့ရတယ်။ အာဏာရရေးအတွက် ညီအစ်ကိုချင်း လုယက်သတ်ဖြတ်ရတဲ့ အဲ့လိုဆက်ဆံရေးမျိုးကို မင်း မစိမ်းသက်လောက်ဘူးမဟုတ်လား"
ချူယွမ် ခေါင်းညိတ်ပြလိုက်သည်။
သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"နာ့ဝါ အခု မြောက်ဘက်ကို ခိုးတက်လာတာဆိုတော့ သူကိုယ်တိုင်က ဒီသတင်းပျံ့သွားမှာ အကြောက်ဆုံးြဖစ်နေမှာပဲ။ တခြားကျွန်းနိုင်ငံတွေ ဒီအကြောင်းသိသွားရင် တာ့ချူဆီ သံတမန်အရင်လွှတ်လို့ သူတို့ထက်ဦးသွားရင် အကျိုးအမြတ်တွေကို ခွဲပြီးပေးနေရဦးမှာလေ"
"မင်းပြောချင်တာက နာ့ရှီးစီက ချူရှိန့်နဲ့ လက်တွဲပြီး နာ့ဝါရဲ့ လျှို့ဝှက်ခရီးစဥ်ကို ပေါက်ကြားစေခဲ့တာေပါ့ "
"မှန်းကြည့်ရုံပါ"
"နောက်နှစ်ရက်သုံးရက်လောက်နေရင် ကျင်းထိုင်လည်း မြို့တော်ကို ရောက်လာလိမ့်မယ်။ အစကတော့ နှမဖြစ်တဲ့လူဆီ အလည်လာမလို့ပဲ ၊ ခု ဒီလိုဖြစ်သွားတော့ အတော်လေး စိုးရိမ်နေလောက်ပြီ"
တခြားဟာမပြောသေးနဲ့၊ သူ့ရဲ့ ရှည်လျားထွေပြားလှတဲ့ ညည်းညူသံတွေကို ကြားယောင်မိရုံနဲ့ ခေါင်းကိုက်ချင်လာပြီ။
"ဒီနေ့လည်း တပ်သားတွေ လိုက်ရှာပေးနေတုန်းပါ။ ခဏလောက်နေရင် ကိုယ် ပြန်သွားကြည့်လိုက်မယ်။ ဒီည ပြန်မလာတော့ဘူးနော်"
"အဲ့တောင်ပေါ်မှာ မင်းတစ်ယောက်တည်း မရှိရုံနဲ့ ဘာဖြစ်သွားမှာမို့လို့လဲ"
"....."
"လျှောက်လျှောက်သွားမနေနဲ့၊ စောန အမတ်မင်းလျိုပြောတာမှန်တယ်၊ ဒီလိုကြိတ်ပြီး ရှာတာမျိုးက အလုပ်မဖြစ်တော့ဘူး။ မင်း တစ်ညလုံးလည်း အိပ်ရသေးတာမဟုတ်ဘူး ၊ အရင် အနားယူလိုက်တော့"
"စိတ်ချစမ်းပါ၊ ဒီတာဝန်ကို ကိုယ့်အတွက်ထားလိုက်"
သွမ့်ပိုင်ယွဲ့က ချူယွမ့်ရင်ဘတ်အား ခပ်ဖွဖွပုတ်ကာ အားပေးလာ၏။
"မင်းကို တာဝန်ပေးလိုက်တာနဲ့ ပိုင်ရှန့်ပြည်ကလာတဲ့အဖွဲ့ကို တစ်ယောက်မကျန် ပြန်တွေ့နိုင်မှာလားပြော"
"အင်းပေါ့"
ချူယွမ် ဘာပြန်ပြောရမှန်းမသိတော့၊ ခေတ္တမျှ စိုက်ကြည့်လာကာ သွမ့်ပိုင်ယွဲ့ကို တစ်ချက်ကန်ပစ်လိုက်၏။
"ငါ အတည်ပြောနေတာနော်"
"ကိုယ် သိပါတယ်"
သွမ့်ပိုင်ယွဲ့က ထရပ်လိုက်ကာ ရှစ်ဇီထံသွားပီး ပွဲတော်အုပ်များ လာရောက်ဆက်သရန် ပြောလိုက်သည်။
"ဘာမှ စားချင်စိတ်မရှိဘူး"
"ကိုယ့်အတွက်စားပေးတယ်လို့ သဘောထားပါကွာ၊ နော်"
သွမ့်ပိုင်ယွဲ့က သူ့ရှေ့ ပြန်ထိုင်လိုက်ကာ ဆက်ဆိုလာ၏။
"တောင်ပေါ်မှာ ခုနစ်နာရီရှစ်နာရီလောက် ပင်ပန်းနေခဲ့တာ၊ ရေကြည်တစ်ပေါက်တောင် ကိုယ့်ဗိုက်ထဲ မကျသေးဘူးရယ်"
ချူယွမ်က သွမ့်ပိုင်ယွဲ့ပါးပြင်အား ကြင်နာစွာ ပုတ်လိုက်ရင်း -
"အင်း၊ မင်းလည်း ပင်ပန်းသွားပြီ"
သွမ့်ပိုင်ယွဲ့က ပြုံးရင်း ခေါင်းခါလို်က်သည်။
"ဒါက အသေးအဖွဲကိစ္စလေးပါ၊ ဘာလို့ မျက်မှောင်ကြီးကြုတ်နေတာတုန်း။ ရှီးနန်ဝမ် ပုန်ကန်လာတာ ဆယ်နှစ်တောင်ကျော်နေပြီ၊ မင်း ဒီလောက် သက်ပြင်းခဏခဏကျတာ မကြုံဖူးသေးပါဘူးနော်"
"ပင်ပန်းတယ်"
ချစ်ရသူက ရွှေမြို့တော်ထိ လိုက်လာနိုင်သည်မှာ ရှားလှသည်။ ပျော်ရွှင်ရကြည်နူးရသည်မှာလည်း တစ်ရက်တစ်လေမျှသာခံကာ ခုတော့ ပြဿနာတစ်ခု ပေါ်လာပြန်ပြီဖြစ်၏ ။ မည်သူမဆို စိတ်ထောင်းကိုယ်ကြေဖြစ်ရမည်ပင်။
သွမ့်ပိုင်ယွဲ့က သူ့အား ပွေ့ဖက်ထားလိုက်၏။
"ထမင်းစားပြီးရင် ခဏလောက် အိပ်ရအောင်ပါ၊ ကိုယ် အဖော်လုပ်ပေးမယ်"
"အင်း"
"ဘာကြောက်စရာရှိလို့လဲ၊ ကိုယ္တစ်ယောက်လုံးရှိနေတာပဲဟာ။ မိုးကောင်းကင်ကြီးပြိုကျလာရင်တောင် မင်းအတွက်ဆို ကိုယ် ပြန်ပင့်တင်ပေးမယ်"
သွမ့်ပိုင်ယွဲ့က တိုးလျစွာ ပြောရင်း နှစ်သိမ့်လာ၏။ ချူယွမ်၏ လက်များက သူ့အား ပိုလို့ တင်းကျပ်စွာ ဖက်တွယ်လာလို့။
"အင်း"
သွမ့်ပိုင်ယွဲ့လည်း ပြုံးလိုက်သည်၊ ဘာမှတော့ ထပ်မပြော။ အပြင်ဘက်မှ မိန်းမစိုးများ၏ ခြေသံကို ကြားရတော့မှ ချူယွမ့်ကိုပြန်လွှတ်ပေးလိုက်သည်။
ဒီတစ်ခေါက်ဟင်းပွဲများကတော့ အတော်ပင် အရသာပေါ့သည်။ နှစ်ယောက်သား ညစာစားြပီးသည့်နောက် ရှစ်ဇီကုန်းကုန်းက လာရောက်အကြောင်းကြား၏။ ပွဲသဘင် စီမံကျင်းပရေးဆိုင်ရာ ဝန်ကြီး အမတ်မင်းလီက အခစားဝင်ရန် တောင်ခံလာသည်ဟုဆို၏။
"အရေးကြီးကိစ္စလား"
သွမ့်ပိုင်ယွဲ့ကမေးလာ၏။
"မဟုတ်လောက်ကြောင်းပါ ၊ ဝမ်ရယ်"
"ပေးမတွေ့ဘူး၊ မနက်ဖြန်မှ ပြန်လာခဲ့လို့ ပြောလိုက်"
ရှစ်ဇီက အရှင်မင်းမြတ်ဘက် အနည်းငယ် အရိပ်အကဲကြည့်လိုက်သည်။ သို့သော် စားပွဲပေါ် မေးလေးထောက်ကာ အရှေ့တူရူကိုသာစိုက်ကြည့်ရင်း ငေးမောတွေးတောနေသဖြင့် ၊ ရှစ်ဇီလည်း သွမ့်ပိုင်ယွဲ့စကားကို ခေါင်းညိတ်နာခံလိုက်ကာ အမြန် ပြန်ထွက်လာခဲ့သည်။
ချူယွမ်က နားနှစ်ဖက်ကို လက်ဖြင့်အုပ်ပြီး ပိတ်ထားလိုက်သည်။
ထို့ကြောင့် သွမ့်ပိုင်ယွဲ့လည်း တံခါးသွားဖွင့်ပြီး အမိန့်သွားပေးလိုက်သည်။
"ဒီနေ့ ဘယ်သူ့ကိုမှ အခစားဝင်ခွင့်မပြုတော့ဘူး။ သေရေးရှင်ရေးမဟုတ်ရင် လာမတွေ့ကြနဲ့"
"ဟုတ်ကဲ့ပါ ဝမ်ရယ်"
ချူယွမ်က ပြန်လာသောသွမ့်ပိုင်ယွဲ့ကို ငေးကြည့်ရင်း စလိုက်သည်။
"ကောင်းကင်သားရတနာရဲ့အမိန့်ကို အလွဲသုံးစား အတုခိုးတယ်"
"ရော့၊ မကျေနပ်ရင် ရိုက်လိုက်"
သွမ့်ပိုင်ယွဲ့က လက်ကိုကမ်းပေးလိုက်၏။
"ခေါင်းမူးတယ်"
သွမ့်ပိုင်ယွဲ့လည်း ချူယွမ့်ကို ပွေ့ချီလိုက်ကာ အိပ်ခန်းရှိရာဘက် လျှောက်လှမ်းသွား၏။
ရှစ်ဇီလည်း အပြင်ဘက်တွင်နေရင်း တွေးမိနေသည်။ ရှီးနန်ဝမ်ရောက်လာတိုင်း အရှင်မင်းမြတ်က တခြားလူတစ်ယောက်လို ပြောင်းလဲသွားတတ်တာပါ့ရော။
အရမ်းကောင်းတယ်။
နာ့ဝါပျောက်သွားလည်း ပျောက်ပလေ့စေ၊
ဘာပဲပြောပြော၊ ခုလိုလေးလည်း အရမ်းကောင်းတယ်။
*****
သို့နှင့် ချူယွမ်အိပ်ပျော်သွားအောင် ချော့သိပ်နေပြီးသည့်နောက် သွမ့်ပိုင်ယွဲ့လည်း မြင်းကိုအမြန်စီးကာ မြို့ပြင်သို့ထွက်သွားပြီး မျဲန်ယားတောင်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။
အသစ်ထပ်တိုးရွှေ့ပြောင်းလာသော တပ်သားအဖွဲ့နှငိ့ နဂို ရှိပြီးသား ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့တို့မှာ တောင်တစ်ခုလုံးကို ဝန်းရံထားကာ ပိုက်စိပ်တိုက် ရှာဖွေနေကြ၏။ ရှီးနန်ဝမ်ြကီး ဘာလို့ ချက်ချင်းကြီး ဒီကိုရောက်နေတာလဲဟ ဟု တွေးမိသောသူများရှိသော်လည်း ချိန့်လျဲ့နှင့်ရော ကျောက်ယွဲ့နှင့်ပါ အဆင်ပြေနေကြသည်ကိုမြင်တော့ အရှင်မင်းမြတ်လည်း ဒီအကြောင်း သိပြီးသားဖြစ်မည်ဟု ယူဆကြကာ ဘယ်သူကမှ အတွန့်မတက်ကြပေ။
ရှီးနန်ဘက်တွင် တောင်တန်းအထပ်ထပ်ရှိကာ မြိုင်တောများလည်း ပေါများ၏။ သွမ့်ပိုင်ယွဲ့ကိုယ်တိုင်က တောတောင်များကြား ကြီးပြင်းလာသောသူဟု ဆိုနိုင်သည်မို့ ဤသို့သော ပထဝီအနေအထားကို မိမိလက်၏ လက်ချောင်းများသဖွယ် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။ ထို့ကြောင့် တပ်မကြီးနှင့် တဖြည်းဖြည်း လူစုခွဲလိုက်ပြီး စမ်းချောင်းတစ်ခုအတိုင်း လိုက်ရှာကြည့်နေ၏။
ဆောင်းဦးရာသီမို့ ရွက်ကြွေများဝေနေကာ ရေမျက်နှာြပင်ကလည်း လျော့ပါးနိမ့်ကျနေ၏။ မြစ်ကမ်းနှစ်ဖက်ရှိ ကမ်းပါးများမှာလည်း နေပူရှိန်ကြောင့် ခြောက်သွေ့နေကာ လူများသာ ထိုအပေါ် လျှောက်လှမ်းထားသည်ဆိုလျှင် အတော်လေး ခြေရာလက်ရာထင်းနေပေမည်။
မြက်ခင်းပြင်၏ အချို့နေရာများတွင် လူများတက်နင်းထားသည့် အရိပ်အယောင်များရှိနေ၏။ မြက်ပင်အရင်းများမှာလည်းရေစက်များ တင်ခိုနေကာ အဝေးသို့ ထပ်ပြီးလှမ်းမျှော်ကြည့်လိုက်တော့ ဟိုတစ်စဒီတစ်စ လဲနေသော မြက်တောကြီးကို တွေ့လိုက်ရသည်။ ထို့အပြင်.....သွေးစက်များ။
သွမ့်ပိုင်ယွဲ့မျက်နှာမှာ ချက်ချင်းအေးစက်တည်ငြိမ်သွား၏။ ညာလက်ကလည်း လက်စွဲတော်ကိုကိုင်ဆောင်ထားလိုက်ကာ ထိုမြက်တောကြီးထဲ တစ်လှမ်းချင်းစီ သတိအပြည့်နှင့် ချဥ္းနင်းဝင်ရောက်သွား၏။
ဘေးပတ်ဝန်းကျင်တစ်ခွင် အသံများ တိတ်ဆိတ်နေလို့။
ဇာပန်းထိုးထားသော ဖိနပ်တစ်ဖက်မှာ ရွှံ့များဖြင့် ပေကျံနေသည်။ အဝါရောင်ချည်ဂါဝန်မှာ ရွံ့ရေများကြား နစ်မြှုပ်နေလို့။ ခန္ဓာကိုယ်အပေါ် ပိုင်း ထပ်ပြီးကြည့်လိုက်တော့ ကျောက်စိမ်းပုတီးတစ်ကုံးက ငယ်ရွဟ်သော မိန်းမပျိုတစ်ဦး၏ ဘယ်လက်တွင် ဆင်မြန်းထား၏။
သွမ့်ပိုင်ယွဲ့က ရှေ့ကမြက်တောကြားကို ခွဲကြည့်လိုက်သည်။
ကျင်းဆူး.....!!!!!
သူမ၏ မျက်ဝန်းများမှာ မှိတ်စက်ထားလျက်။ ကိုယ်ခန္ဓာအများစုမှာ ရွှံ့ထဲနှစ်နေကာ သေသွားပြီလား ရှင်နေသေးလားဆိုသည်ကိုပင် သေချာပြောမရသေး။
သွမ့်ပိုင်ယွဲ့က သူမအား ဆွဲတင်လို်က်ကာ ဝင်သက်ထွက်သက်ကို စမ်းကြည့်လိုက်တော့ မှ အသက်ရှိနေသေးမှန်း သိလိုက်ရသည်။ ထို့ကြောင့် အင်္ကျီလက်အိတ်ထဲမှ ဆေးလုံးတစ်လုံးထုတ်လိုက်ကာ သူမပါးစပ်ထဲ တိုက်ကျွေးပေးလိုက်ပြီး နန်းတော်သို့ ပြန်ခေါ်လာခဲ့၏။
******
တော်ဝင်သမားတော်အဆောင်ထဲ ရှိရှိသမျှ သမားတော်များမှာ ဘေးအဆောင်ငယ်ဆီ ဖိတ်ကြားပင့်ဆောင်ခြင်းခံလိုက်ရသည်။ အခြေအနေကိုစမ်းသပ်ကြည့်တော့ ဘာမှဆိုးဆိုးဝါးဝါးမြဖစ်မှန်း၊ အသက်အန္တရာယ်မထိခိုက်မှန်း ပြောလာသည်။ မေ့ဆေးတစ်မျိုး၏ အရှိန်ကြောင့် မေ့မြောနေခြင်းသာဖြစ်ကာ ခဏအကြာ အလိုလို ပြန်နိုးလာလိမ့်မည်ဟုဆိုကြ၏။
"တခြားဟာတော့ ထားလိုက်ဦး၊ အခုတော့ ကျင်းထိုင်အတွက် ရှင်းပြစရာ အကြောင်းပြချက်တော့ရပြီ။ ကျင်းဆူးနိုးလာတဲ့အထိ စောင့်ပြီးမှ သူ့ဆီက အကျိုးအကြောင်းမေးကြည့်ကြတာပေါ့"
ချူယွမ် ခေါင်းညိတ်ပြရင်း သွမ့်ပိုင်ယွဲ့နဖူးပြင်ပေါ်က ချွေးစက်များကို အသာအယာ လိုက်သုတ်ပေးလိုက်သည်။
"ဒီည ဘယ်ကိုမှ ထွက်သွားခွင့်မပြုတော့ဘူး။ ကောင်းကောင်းအနားယူချေ"
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်များကို နှုတ်ခမ်းနား ယူလာကာ နမ်းရှိုက်လိုက်၏။
"အရှင်မင်းမြတ်"
အပြင်ဘက်မှ ရှစ်ဇီက သံတော်ဦးတင်လာ၏။
"အမတ်မင်းထောင်နဲ့ အမတ်မင်းလျိုတို့ အခစားဝင်ခွင့်တောင်းနေကြောင်းပါ"
သွမ့်ပိုင်ယွဲ့မှာ မျက်ဖြူလန်ပြလိုက်သဖြင့်
ချူယွမ် ရယ်ချင်သွား၏။
"အမူအယာလေး ထိန်းပါဦး"
"မထိန်းပေါင်၊ ဘာပြောပြော သူမှမမြင်ရတာ"
"မမြင်ဘူးလို့ ဘယ်သူပြောလဲ၊ ရှစ်ဇီ...သူတို့ကို ဝင်လာခိုင်းလိုက်"
ချူယွမ်က သွမ့်ပိုင်ယွဲ့ပခုံးကိုပုတ်လိုက်သည်။
သွမ့်ပိုင်ယွဲ့ - "...."
"အဲ့မှာ ထိုင်နေ၊ ခုချိန် မင်း ဒီရောက်နေမှန်း လူတိုင်းသိနေတဲ့ကိစ္စ ဘာလို့ ပုန်းနေရဦးမှာလဲ"
အို....
ရှီးနန်ဝမ် အတော်ပျော်သွား၏။ ထို့နောက် အနူးညံ့ဆုံးသော အောက်ခံပါသည့် ထိုင်ခုံကို ရွေးပြီး ထိုင်လိုက်သည်။
ထောင်လျဲန်တာ အခန်းထဲဝင်လာသည်။ သို့သော် သွမ့်ပိုင်ယွဲ့ပါ ရှိနေမည်ဟုထင်မထားသဖြင့် ခဏလောက် ငြိမ်သွား၏။
"အိုက်ချင်းတို့နှစ်ယောက် ဘာကိစ္စရှိလို့လဲ"
ချူယွမ်က မေးလာ၏။
ထောင်လျဲန်တာက သွမ့်ပိုင်ယွဲ့ဘက် လှမ်းကြည့်လာသည်။
ရှီးနန်ဝမ်က သူ့အား ရင်းနှီးဖော်ရွေစွာ ပြုံးပြနေသည်။
ထောင်လျန်တာ - "......."
လျိုတာ့ကျုံ့တော့ ထောင်လျန်တာကိုအရမ်း ကိုယ်ချင်းစာမိသွားကာ သနားနေပြီဖြစ်၏။
ဘာဖြစ်ရမှာလဲ။
ပြောလိုက်တိုင်း ဒီစကားချည်းပဲ ထပ်နေတာလေ။
ရှီးနန်ဝမ်က ကောက်ကျစ်တယ်၊ ကြမ်းတမ်းတယ်၊ အလိုလောဘကြီးတယ်။ တာ့လီမြို့ကို သေချာပေါက် စောင့်ကြည့်ထားရမယ်။
အဲ့လိုနဲ့ တကယ်လူအစစ်နဲ့လည်း အမှတ်မထင်တွေ့မိရော၊ ဘာတစ်ခွန်းမှ မထွက်နိုင်တော့ဘူး။ အရမ်းကို မွန်းကျပ်နေလောက်ပြီ၊ ကျွတ် ကျွတ် ကျွတ်။
"အခန်းထဲဝင်ပြီးတာတောင် ဒီတိုင်းထိုင်ကြည့်နေတာဆိုတော့.... မဟုတ်မှလွဲရော၊ ရှီးနန်ဝမ်ကို အထူးတလည် လာတွေ့ဖို့ ရောက်လာကြတာလား"
ချူယွမ်စကားဆုံးသွားတော့ သွမ့်ပိုင်ယွဲ့၏ အပြုံးများက ပိုလို့ပင် ဖော်ရွေကာ အသက်ပါလာ၏။ အရှင်မင်းမြတ်၏ မျက်နှာသာပေးခြင်းကြောင့် ကျေနပ်ဂုဏ်ယူနေသလိုလို။
ထောင်လျန်တာ ခေတ္တမျှ ငြိမ်သွားကာ ပြောလာ၏။
"ဟုတ်မှန်ကြောင်းပါဘုရား"
"အလို"
ရှီးနန်ဝမ်လည်း ရိုကျိုးနှိမ့်ချစွာ ဆိုလာသည်။
"ပန်ဝမ် ပျော်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး"
"အဟက်"
လျိုတာ့ကျုံ့တော့ လွှတ်ခနဲ ရယ်မိချေပြီ။
အခန်းထဲမှ လေထုမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။
ကံကောင်းထောကိမ၍ ပုရောဟိတ်အမတ်ကြီးက စိတ်ဝင်စားစရာကိစ္စတစ်ခုကို ပြောပြနိုင်လို့သာ တော်သေးသည်။
"ကျွန်တော်မျိုး သတင်းရထားသလောက်က ကောင်လိမင်းသမီးကို ရှီးနန်ဝမ်က တောင်ပေါ်ကနေ ကယ်လာတာပါဆို၊ ဟုတ်မှန်ပါသလားဘုရား"
"အင်း၊ သူ အခု အခန်းထဲ အနားယူနေတယ်။ သမားတော်တွေ အခုလေးတင် စမ်းသပ်ပြီးသွားတာ၊ အနားယူလိုက်ရင် ခဏကျ ပြန်နိုးလာလိမ့်မယ်တဲ့"
"တော်သေးတာပေါ့၊ တော်သေးတာပေါ့"
လျိုတာ့ကျုံ့က ရေရွတ်လိုက်သည်။
ပြောလို့ဆုံးသည်နှင့် သမားတော်တစ်ဦးက ကျင်းဆူးပြန်နိုးလာကြောင်း အကြောင်းကြားလာ၏။
သို့သော်....
သို့သော်....
"ဒါပေမယ့်၊ ဘာဖြစ်လဲ"
ချူယွမ်မျက်နှာမဲ့သွားကာ မေးလာ၏။
သမားတော်ကြီးက ချက်ချင်းပင် ဒူးထောက်လိုက်ကာ ဖြေကြားလိုက်သည်။
"အရှင်မင်းမြတ်အား လျှောက်တင်ပါတယ်။ ကောင်လိမင်းသမီးက မှတ်ဉာဏ်ချို့ယွင်းသွားပြီလို့ ယူဆရကြောင်းပါဘုရား"
******
Thz for loving DiWang.
2021.01.06.
****
အခန္း - ၁၀၈ (က်င္းဆူး)
[ေကာလာဟလအေသးစားေလး ထြက္ေပၚလာျခင္း]
မ်ဲန္ယားေတာင္မွာ လမ္းသြယ္ေလးမ်ား စုဆံုျဖတ္သန္းရာမ်ားေသာေတာင္တစ္ခုျဖစ္သည္။ ၿမိဳ႔ေတာ္သို႔ လာေရာက္ေရာင္းဝယ္ကုန္သြယ္ၾကေသာ ကုန္သည္မ်ားသာမက ထိုနားတစ္ဝိုက္ေနထိုင္ေသာ အရပ္သားမ်ားလည္း ထိုေတာင္ေပၚတက္ကာ သစ္ဥသစ္ဖုမ်ား၊ ေဆးျမစ္ေဆးရြက္မ်ား ရွာေဖြၿပီးလာေရာင္းတတ္ၾက၏။ ထို႔အျပင္ ေတာင္ထိပ္ဝယ္ ဇရပ္ရိွကာ စာေပပညာရွင္အခ်ိဳ႕က ဝိုင္းဖြဲ႔စုဆံုၿပီး ထိုဇရပ္ေပၚမွသည္ ရႈခင္းမ်ားကို ရႈစားကာ ေသရည္ေသာက္သံုးရင္း ကဗ်ာစာေပဖြဲ႔ဆိုတတ္ၾကေသး၏။ ထို႔ေၾကာင့္ ေန့ခင္းပိုင္းအခ်ိန္ဆိုလ်ွင္ လူသူစည္ကားေနတတ္ကာ ညအခ်ိန္မွာမွ တစ္မူေျပာင္းလဲၿပီး လံုးဝ တိတ္ဆိတ္သြား၏။
ေတာင္တက္လမ္းတစ္ေလ်ွာက္တြင္ မီးရႉးတိုင္မ်ား၏အလင္းေရာင္မ်ားက တန္းစီလင္းျဖာေနလို႔။ ထိုမီးေရာင္တန္းမွာ နန္းေတာ္မွ ရဲမက္မ်ားျဖစ္ေလရာ ေပ်ာက္သြားေသာလူမ်ားကိုလိုက္ရွာေနၾကသည္။ ရဲမက္အင္အား အမ်ားအျပား ေခၚေဆာင္လာၿပီး တစ္ညလံုးရွာခဲ့ေသာ္လည္း အရိပ္အေယာင္မ်ွပင္မေတြ့။ ရွာေတြ့ဖို႔ကလည္း တကယ္တမ္း သိပ္ၿပီး မေသခ်ာေပ။ ဤမ်ွႀကီးမားက်ယ္ဝန္းေသာ ေတာင္နယ္နိမိတ္ႀကီးထဲမွာ လူဆယ္ေယာက္မဆိုထားႏွင့္ ၊ ရဲမက္ေထာင္ခ်ီၿပီးေပ်ာက္သြားလ်ွင္ေတာင္ ရွာရခက္ေသာေၾကာင့္ပင္။
****
နန္းေတာ္ထဲတြင္လည္း။
လ်ိဳတာ့က်ံဳ႔က စိုးရိမ္တႀကီးဆိုလာ၏။
"ဒီလိုမ်ိဳး ႀကိတ္ၿပီးလိုက္ရွာေနတာမ်ိဳးက အလုပ္မျဖစ္ေလာက္ေတာ့ပါဘူးဘုရား"
"အိုက္ခ်င္းတို႔ေရာ ဘယ္လိုအျမင္မ်ိဳးရိွေသးလဲ၊ ေျပာၾကည့္စမ္းပါၪီး"
"အရွင္မင္းျမတ္၊ တကယ္လို႔မ်ား အေယာက္တိုင္း အဖမ္းခံသြားရတယ္ဆို နန္ဟိုင္ဓားျပေတြရဲ့လက္ခ်က္ပဲျဖစ္ေလာက္ပါတယ္ဘုရား"
ခ်ူယြမ္က ေခါင္းညိတ္လိုက္သည္။
"ခ်ူရိွန္႔လား။ ကိုယ္ေတာ္လည္း အဲ့လို ထင္မိတယ္"
ဒီမတိုင္ခင္က တာ့ခ်ူႏွင့္ ပိုင္ရွန္႔ျပည္မွာ အသြားအလာသိပ္မရိွခဲ့။ ဒီတစ္ေခါက္မွာမွ ပိုင္ရွန္႔ျပည္ေခါင္းေဆာင္က သူကိုယ္တိုင္ ေျမာက္ပိုင္းသို႔ဆန္တက္ကာ တာ့ခ်ူဆီေရာက္လာခဲ့သျဖင့္ ဤဆယ္စုႏွစ္အတြင္းတြင္ ပထမဆံုး အရင္းႏွီးဆံုးေသာ သံတမန္ခင္းမႈဟုလည္း ဆိုႏိုင္သည္။ ခ်ူယြမ္လည္း ပိုင္ရွန္႔ျပည္အေၾကာင္း အနည္းအက်ဥ္းသာသိသည္။ ယခုလိုမ်ိဳး ပိုင္ရွန္႔ျပည္ေခါင္းေဆာင္ နာ့ဝါကိုယ္တိုင္ ၿမိဳ႔ျပင္ေတာင္ၾကားလမ္းတစ္ေနရာ၌ ထူးဆန္းစြာေပ်ာက္ဆံုးသြားေတာ့ ညီလာခံသဘင္ထဲရိွလူတိုင္းကလည္း မ်က္စိႏွစ္ကြငး္အား မင္စြန္းေနသလို မည္သို႔ကိုင္တြယ္ေျဖရွင္းရမည္မွန္း မသိၾက။
ေနာက္ကြဟ္က ႀကိဳးကိုင္ေနသူမွာ ခ်ူရိွန္႔ဟု အၾကမ္းဖ်င္းယူဆ၍ရေသာ္လည္း အဘယ္ေၾကာင့္ ထိုသို႔လုပ္လိုက္မွန္း မသိႏိုင္ၾကျပန္။ လူကိုသတ္ၿပီး တာ့ခ်ူအား အမွား ပံုခ်လာေလမလား။ လူကိုဖမ္းေခၚသြားၿပီး ဓားစာခံအေနႏွင့္ အက်ပ္ကိုင္လာမည္လား။ သို႔မဟုတ္ ပိုင္ရွန္႔ျပည္အား ခ်ဳပ္ကိုင္ထားၿပီး တာ့ခ်ူကို ရန္စလာမည္လား။ ခန္႔မွန္းၾကည့္သမ်ွ အားလံုးကလည္း ျဖစ္ႏိုင္ေျခရိွသည္ခ်ည္းျဖစ္ေနသည္။ ေသေသခ်ာခ်ာလည္း မေျပာႏိုင္ဘဲ စိုးရိမ္ေနၾကရံုသာ။
****
ေတာ္ဝင္စာၾကည့္ေဆာင္မွ ထြက္လာေတာ့ ခ်ူယြမ္လည္း အေတာ္ပင္ စိတ္ႏြမ္းနယ္သည္ဟု ခံစားလိုက္ရ၏။
"အရွင္မင္းျမတ္၊ ရွီးနန္ဝမ္ျပန္ေရာက္ေနပါၿပီ"
ရွစ္ဇီ ထိုသို႔ေျပာလာသည္ကိုၾကားသည္ႏွင့္ ခ်ူယြမ္လည္း အိပ္ခန္းေဆာင္သို႔ အျမန္ျပန္သြားလိုက္သည္။ အခန္းထဲေရာက္ေတာ့ စားပြဲေဘးနားရပ္ကာ ေရေသာက္ေနေသာ သြမ့္ပိုင္ယြဲ႔ကို ေတြ့လိုက္ရသည္။
"ဘာထူးေသးလဲ"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါျပလာ၏။
"ဘာမွရမလာဘူး"
"အင္း၊ လြန္ခဲ့တဲ့တစ္နာရီေလာက္တုန္းက ခ်ိန္႔လ်ဲ့ေရာက္လာတုန္းကလည္း ဘာသဲလြန္စမွ ရွာမရဘူးလို႔ ေျပာသြားတယ္"
ခ်ူယြမ္က သက္ျပင္းခ်လိုက္ကာ ဆိုလာေတာ့ သြမ့္ပိုင္ယြဲ႔က -
"တစ္ဖက္အဖြဲ႔က ေသခ်ာျပင္ဆင္ထားခဲ့မွန္း အရမ္းသိသာတာပဲ။ ၿပီးေတာ့ အဲ့ေလာက္ႀကီးတဲ့ေတာင္မွာ ခဏေလးနဲ႔ရွာေတြ့တယ္ဆိုတာကမွ ထူးဆန္းေနမွာ။ အခုေတာ့ ေတာင္တက္လမ္းတိုင္းကို ပိတ္ထားတယ္၊ အလြန္ဆံုး တစ္ေအာင့္ေလာက္ေတာ့ အခ်ိန္ယူရမွာေပါ့။ ဘာပဲေျပာေျပာ ေနာက္ဆံုးေတာ့ ေတြ့မွာပါ၊ စိတ္မပူနဲ႔ "
"အေလာင္းပဲရွာေတြ့ရင္ေကာ"
"နာ့ဝါနဲ႔က်င္းဆူးကိုဆိုရင္ေတာ့ အေလာင္းအျဖစ္ သတ္ပစ္မွာထက္ အရွင္လတ္လတ္ထားထားတာ ပိုၿပီးအက်ိဳးအျမတ္ရိွေနမွာေလ။ က်င္းဆူးေယာက္်ား ခြန္းတာကိုဆို ေျပာမေနနဲ႔ေတာ့၊ ျပည္နယ္တကာလွည့္ၿပီး လွည့္လည္သြားလာဖူးတဲ့ ကုန္သည္အဖြဲ႔ႀကီးေနာ္။ သတ္မယ္ဆိုရင္ေတာင္ မသတ္ပစ္ခင္ အႀကိမ္ႀကိမ္အခါခါ ဓားစာခံလုပ္ၿပီး ေၾကးေတာင္းစားရင္ေတာင္ အရမ္းေကာင္းတဲ့ ရင္းႏွီးမႈျဖစ္ေနမွာပဲ"
"ဒါက မင္းအေခၚ.....ငါ့ကို ႏွစ္သိမ့္ေနတယ္ေပါ့"
"ကိုယ္က အမွန္အတိုင္း ခ်က္က်လက္က် ေျပာျပတာပါ"
သြမ့္ပိုင္ယြဲ႔က လက္ဖက္ရည္ခြက္ကို ခ်ူယြမ္အား ကမ္းေပးလိုက္ကာ -
"နာ့ဝါမွာ ညီတစ္ေယာက္ရိွတယ္၊ နာမည္က ရွီးစီတဲ့။ နာ့ဝါ ဒီကိုေရာက္လာေတာ့ တိုင္းျပည္ေရးရာကိစၥေတြကို သူ႔ဆီ အပ္ထားရတာ။ အေတာ္ေလး ရင္ဆိုင္ရကိုင္တြယ္ရခက္တဲ့လူတဲ့၊ သြားၿပီး ဇယားမရႈပ္ေကာင္းတဲ့လူစားမ်ိဳး"
"ဒါဆို ဟိုလူေတြကို အျမန္ဆံုးရွာေတြ့ေအာင္လုပ္ရမွာေလ"
ခ်ူယြမ္က မ်က္ႏွာေလးရႈံ႔မဲ့ေနကာ ဆက္ဆိုလာ၏။
"မဟုတ္ရင္ ရန္ဘက္တစ္ေယာက္ ထြက္ေပၚလာေအာင္ မေတာ္တဆ လုပ္မိသလိုျဖစ္ေတာ့မွာေပါ့"
"စိတ္ပူလြန္းလို႔ သတိလက္လြတ္ျဖစ္ကုန္ၿပီေပါ့ဟမ္"
သြမ့္ပိုင္ယြဲ႔က သူ႔ေဘးနား ဒူးေထာက္ထိုင္လာကာ ေခ်ာ့ေမာ့ေျပာဆိုလာ၏။
"ဘာေျပာလိုက္တယ္"
ခ်ူယြမ္က ထိုင္ခံုေပၚထိုင္လ်က္သားႏွင့္ပင္ သြမ့္ပိုင္ယြဲ႔ႏွင့္ အၾကည့္ခ်င္းဆံုေစလိုက္သည္။
"ကိုယ္ ပိုင္ရွန္႔ျပည္ေရာက္သြားတုန္းက နာ့ဝါနဲ႔နာ့ရွီးရွစ္တို႔ သိပ္ၿပီး ဆက္ဆံေရးမဟန္မွန္းသိခဲ့ရတယ္။ အာဏာရေရးအတြက္ ညီအစ္ကိုခ်င္း လုယက္သတ္ျဖတ္ရတဲ့ အဲ့လိုဆက္ဆံေရးမ်ိဳးကို မင္း မစိမ္းသက္ေလာက္ဘူးမဟုတ္လား"
ခ်ူယြမ္ ေခါင္းညိတ္ျပလိုက္သည္။
သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"နာ့ဝါ အခု ေျမာက္ဘက္ကို ခိုးတက္လာတာဆိုေတာ့ သူကိုယ္တိုင္က ဒီသတင္းပ်ံ့သြားမွာ အေၾကာက္ဆံုးျဖစ္ေနမွာပဲ။ တျခားကြၽန္းႏိုင္ငံေတြ ဒီအေၾကာင္းသိသြားရင္ တာ့ခ်ူဆီ သံတမန္အရင္လႊတ္လို႔ သူတို႔ထက္ၪီးသြားရင္ အက်ိဳးအျမတ္ေတြကို ခြဲၿပီးေပးေနရၪီးမွာေလ"
"မင္းေျပာခ်င္တာက နာ့ရွီးစီက ခ်ူရိွန္႔နဲ႔ လက္တြဲၿပီး နာ့ဝါရဲ့ လ်ိႈ႔ဝွက္ခရီးစဥ္ကို ေပါက္ၾကားေစခဲ့တာေပါ့ "
"မွန္းၾကည့္ရံုပါ"
"ေနာက္ႏွစ္ရက္သံုးရက္ေလာက္ေနရင္ က်င္းထိုင္လည္း ၿမိဳ႔ေတာ္ကို ေရာက္လာလိမ့္မယ္။ အစကေတာ့ ႏွမျဖစ္တဲ့လူဆီ အလည္လာမလို႔ပဲ ၊ ခု ဒီလိုျဖစ္သြားေတာ့ အေတာ္ေလး စိုးရိမ္ေနေလာက္ၿပီ"
တျခားဟာမေျပာေသးနဲ႔၊ သူ႔ရဲ့ ရွည္လ်ားေထျြပားလွတဲ့ ညည္းၫူသံေတြကို ၾကားေယာင္မိရံုနဲ႔ ေခါင္းကိုက္ခ်င္လာၿပီ။
"ဒီေန့လည္း တပ္သားေတြ လိုက္ရွာေပးေနတုန္းပါ။ ခဏေလာက္ေနရင္ ကိုယ္ ျပန္သြားၾကည့္လိုက္မယ္။ ဒီည ျပန္မလာေတာ့ဘူးေနာ္"
"အဲ့ေတာင္ေပၚမွာ မင္းတစ္ေယာက္တည္း မရိွရံုနဲ႔ ဘာျဖစ္သြားမွာမို႔လို႔လဲ"
"....."
"ေလ်ွာက္ေလ်ွာက္သြားမေနနဲ႔၊ ေစာန အမတ္မင္းလ်ိဳေျပာတာမွန္တယ္၊ ဒီလိုႀကိတ္ၿပီး ရွာတာမ်ိဳးက အလုပ္မျဖစ္ေတာ့ဘူး။ မင္း တစ္ညလံုးလည္း အိပ္ရေသးတာမဟုတ္ဘူး ၊ အရင္ အနားယူလိုက္ေတာ့"
"စိတ္ခ်စမ္းပါ၊ ဒီတာဝန္ကို ကိုယ့္အတြက္ထားလိုက္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ရင္ဘတ္အား ခပ္ဖြဖြပုတ္ကာ အားေပးလာ၏။
"မင္းကို တာဝန္ေပးလိုက္တာနဲ႔ ပိုင္ရွန္႔ျပည္ကလာတဲ့အဖြဲ႔ကို တစ္ေယာက္မက်န္ ျပန္ေတြ့ႏိုင္မွာလားေျပာ"
"အင္းေပါ့"
ခ်ူယြမ္ ဘာျပန္ေျပာရမွန္းမသိေတာ့၊ ေခတၲမ်ွ စိုက္ၾကည့္လာကာ သြမ့္ပိုင္ယြဲ႔ကို တစ္ခ်က္ကန္ပစ္လိုက္၏။
"ငါ အတည္ေျပာေနတာေနာ္"
"ကိုယ္ သိပါတယ္"
သြမ့္ပိုင္ယြဲ႔က ထရပ္လိုက္ကာ ရွစ္ဇီထံသြားပီး ပြဲေတာ္အုပ္မ်ား လာေရာက္ဆက္သရန္ ေျပာလိုက္သည္။
"ဘာမွ စားခ်င္စိတ္မရိွဘူး"
"ကိုယ့္အတြက္စားေပးတယ္လို႔ သေဘာထားပါကြာ၊ ေနာ္"
သြမ့္ပိုင္ယြဲ႔က သူ႔ေရ႔ွ ျပန္ထိုင္လိုက္ကာ ဆက္ဆိုလာ၏။
"ေတာင္ေပၚမွာ ခုနစ္နာရီရွစ္နာရီေလာက္ ပင္ပန္းေနခဲ့တာ၊ ေရၾကည္တစ္ေပါက္ေတာင္ ကိုယ့္ဗိုက္ထဲ မက်ေသးဘူးရယ္"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ပါးျပင္အား ၾကင္နာစြာ ပုတ္လိုက္ရင္း -
"အင္း၊ မင္းလည္း ပင္ပန္းသြားၿပီ"
သြမ့္ပိုင္ယြဲ႔က ၿပံဳးရင္း ေခါင္းခါလို္က္သည္။
"ဒါက အေသးအဖြဲကိစၥေလးပါ၊ ဘာလို႔ မ်က္ေမွာင္ႀကီးၾကဳတ္ေနတာတုန္း။ ရွီးနန္ဝမ္ ပုန္ကန္လာတာ ဆယ္ႏွစ္ေတာင္ေက်ာ္ေနၿပီ၊ မင္း ဒီေလာက္ သက္ျပင္းခဏခဏက်တာ မႀကံဳဖူးေသးပါဘူးေနာ္"
"ပင္ပန္းတယ္"
ခ်စ္ရသူက ေရႊၿမိဳ႔ေတာ္ထိ လိုက္လာႏိုင္သည္မွာ ရွားလွသည္။ ေပ်ာ္ရႊင္ရၾကည္ႏူးရသည္မွာလည္း တစ္ရက္တစ္ေလမ်ွသာခံကာ ခုေတာ့ ျပႆနာတစ္ခု ေပၚလာျပန္ၿပီျဖစ္၏ ။ မည္သူမဆို စိတ္ေထာင္းကိုယ္ေၾကျဖစ္ရမည္ပင္။
သြမ့္ပိုင္ယြဲ႔က သူ႔အား ေပြ့ဖက္ထားလိုက္၏။
"ထမင္းစားၿပီးရင္ ခဏေလာက္ အိပ္ရေအာင္ပါ၊ ကိုယ္ အေဖာ္လုပ္ေပးမယ္"
"အင္း"
"ဘာေၾကာက္စရာရိွလို႔လဲ၊ ကိုယၲစ္ေယာက္လံုးရိွေနတာပဲဟာ။ မိုးေကာင္းကင္ႀကီးၿပိဳက်လာရင္ေတာင္ မင္းအတြက္ဆို ကိုယ္ ျပန္ပင့္တင္ေပးမယ္"
သြမ့္ပိုင္ယြဲ႔က တိုးလ်စြာ ေျပာရင္း ႏွစ္သိမ့္လာ၏။ ခ်ူယြမ္၏ လက္မ်ားက သူ႔အား ပိုလို႔ တင္းက်ပ္စြာ ဖက္တြယ္လာလို႔။
"အင္း"
သြမ့္ပိုင္ယြဲ႔လည္း ၿပံဳးလိုက္သည္၊ ဘာမွေတာ့ ထပ္မေျပာ။ အျပင္ဘက္မွ မိန္းမစိုးမ်ား၏ ေျခသံကို ၾကားရေတာ့မွ ခ်ူယြမ့္ကိုျပန္လႊတ္ေပးလိုက္သည္။
ဒီတစ္ေခါက္ဟင္းပြဲမ်ားကေတာ့ အေတာ္ပင္ အရသာေပါ့သည္။ ႏွစ္ေယာက္သား ညစာစားၿပီးသည့္ေနာက္ ရွစ္ဇီကုန္းကုန္းက လာေရာက္အေၾကာင္းၾကား၏။ ပြဲသဘင္ စီမံက်င္းပေရးဆိုင္ရာ ဝန္ႀကီး အမတ္မင္းလီက အခစားဝင္ရန္ ေတာင္ခံလာသည္ဟုဆို၏။
"အေရးႀကီးကိစၥလား"
သြမ့္ပိုင္ယြဲ႔ကေမးလာ၏။
"မဟုတ္ေလာက္ေၾကာင္းပါ ၊ ဝမ္ရယ္"
"ေပးမေတြ့ဘူး၊ မနက္ျဖန္မွ ျပန္လာခဲ့လို႔ ေျပာလိုက္"
ရွစ္ဇီက အရွင္မင္းျမတ္ဘက္ အနည္းငယ္ အရိပ္အကဲၾကည့္လိုက္သည္။ သို႔ေသာ္ စားပြဲေပၚ ေမးေလးေထာက္ကာ အေရ႔ွတူရူကိုသာစိုက္ၾကည့္ရင္း ေငးေမာေတြးေတာေနသျဖင့္ ၊ ရွစ္ဇီလည္း သြမ့္ပိုင္ယြဲ႔စကားကို ေခါင္းညိတ္နာခံလိုက္ကာ အျမန္ ျပန္ထြက္လာခဲ့သည္။
ခ်ူယြမ္က နားႏွစ္ဖက္ကို လက္ျဖင့္အုပ္ၿပီး ပိတ္ထားလိုက္သည္။
ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔လည္း တံခါးသြားဖြင့္ၿပီး အမိန္႔သြားေပးလိုက္သည္။
"ဒီေန့ ဘယ္သူ႔ကိုမွ အခစားဝင္ခြင့္မျပဳေတာ့ဘူး။ ေသေရးရွင္ေရးမဟုတ္ရင္ လာမေတြ့ၾကနဲ႔"
"ဟုတ္ကဲ့ပါ ဝမ္ရယ္"
ခ်ူယြမ္က ျပန္လာေသာသြမ့္ပိုင္ယြဲ႔ကို ေငးၾကည့္ရင္း စလိုက္သည္။
"ေကာင္းကင္သားရတနာရဲ့အမိန္႔ကို အလြဲသံုးစား အတုခိုးတယ္"
"ေရာ့၊ မေက်နပ္ရင္ ရိုက္လိုက္"
သြမ့္ပိုင္ယြဲ႔က လက္ကိုကမ္းေပးလိုက္၏။
"ေခါင္းမူးတယ္"
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ့္ကို ေပြ့ခ်ီလိုက္ကာ အိပ္ခန္းရိွရာဘက္ ေလ်ွာက္လွမ္းသြား၏။
ရွစ္ဇီလည္း အျပင္ဘက္တြင္ေနရင္း ေတြးမိေနသည္။ ရွီးနန္ဝမ္ေရာက္လာတိုင္း အရွင်မင္းျမတ္က တျခားလူတစ္ေယာက္လို ေျပာင္းလဲသြားတတ္တာပါ့ေရာ။
အရမ္းေကာင္းတယ္။
နာ့ဝါေပ်ာက္သြားလည္း ေပ်ာက္ပေလ့ေစ၊
ဘာပဲေျပာေျပာ၊ ခုလိုေလးလည္း အရမ္းေကာင္းတယ္။
*****
သို႔ႏွင့္ ခ်ူယြမ္အိပ္ေပ်ာ္သြားေအာင္ ေခ်ာ့သိပ္ေနၿပီးသည့္ေနာက္ သြမ့္ပိုင္ယြဲ႔လည္း ျမင္းကိုအျမန္စီးကာ ၿမိဳ႔ျပင္သို႔ထြက္သြားၿပီး မ်ဲန္ယားေတာင္ဘက္သို႔ ၪီးတည္ထြက္ခြာသြားသည္။
အသစ္ထပ္တိုးေရႊ့ေျပာင္းလာေသာ တပ္သားအဖြဲ႔ႏွငိ့ နဂို ရိွၿပီးသား ဘုရင့္ကိုယ္ရံေတာ္တပ္ဖြဲ႔တို႔မွာ ေတာင္တစ္ခုလံုးကို ဝန္းရံထားကာ ပိုက္စိပ္တိုက္ ရွာေဖြေနၾက၏။ ရွီးနန္ဝမ္ႀကီး ဘာလို႔ ခ်က္ခ်င္းႀကီး ဒီကိုေရာက္ေနတာလဲဟ ဟု ေတြးမိေသာသူမ်ားရိွေသာ္လည္း ခ်ိန္႔လ်ဲ့ႏွင့္ေရာ ေက်ာက္ယြဲ႔ႏွင့္ပါ အဆင္ေျပေနၾကသည္ကိုျမင္ေတာ့ အရွင္မင္းျမတ္လည္း ဒီအေၾကာင္း သိၿပီးသားျဖစ္မည္ဟု ယူဆၾကကာ ဘယ္သူကမွ အတြန္႔မတက္ၾကေပ။
ရွီးနန္ဘက္တြင္ ေတာင္တန္းအထပ္ထပ္ရိွကာ ၿမိဳင္ေတာမ်ားလည္း ေပါမ်ား၏။ သြမ့္ပိုင္ယြဲ႔ကိုယ္တိုင္က ေတာေတာင္မ်ားၾကား ႀကီးျပင္းလာေသာသူဟု ဆိုႏိုင္သည္မို႔ ဤသို႔ေသာ ပထဝီအေနအထားကို မိမိလက္၏ လက္ေခ်ာင္းမ်ားသဖြယ္ ရင္းႏွီးကြၽမ္းဝင္ၿပီးျဖစ္သည္။ ထို႔ေၾကာင့္ တပ္မႀကီးႏွင့္ တျဖည္းျဖည္း လူစုခြဲလိုက္ၿပီး စမ္းေခ်ာင္းတစ္ခုအတိုင္း လိုက္ရွာၾကည့္ေန၏။
ေဆာင္းၪီးရာသီမို႔ ရြက္ေႂကြမ်ားေဝေနကာ ေရမ်က္ႏွာျပင္ကလည္း ေလ်ာ့ပါးနိမ့္က်ေန၏။ ျမစ္ကမ္းႏွစ္ဖက္ရိွ ကမ္းပါးမ်ားမွာလည္း ေနပူရိွန္ေၾကာင့္ ေျခာက္ေသြ့ေနကာ လူမ်ားသာ ထိုအေပၚ ေလ်ွာက္လွမ္းထားသည္ဆိုလ်ွင္ အေတာ္ေလး ေျခရာလက္ရာထင္းေနေပမည္။
ျမက္ခင္းျပင္၏ အခ်ိဳ႕ေနရာမ်ားတြင္ လူမ်ားတက္နင္းထားသည့္ အရိပ္အေယာင္မ်ားရိွေန၏။ ျမက္ပင္အရင္းမ်ားမွာလည္းေရစက္မ်ား တင္ခိုေနကာ အေဝးသို႔ ထပ္ၿပီးလွမ္းေမ်ွာ္ၾကည့္လိုက္ေတာ့ ဟိုတစ္စဒီတစ္စ လဲေနေသာ ျမက္ေတာႀကီးကို ေတြ့လိုက္ရသည္။ ထို႔အျပင္.....ေသြးစက္မ်ား။
သြမ့္ပိုင္ယြဲ႔မ်က္ႏွာမွာ ခ်က္ခ်င္းေအးစက္တည္ၿငိမ္သြား၏။ ညာလက္ကလည္း လက္စြဲေတာ္ကိုကိုင္ေဆာင္ထားလိုက္ကာ ထိုျမက္ေတာႀကီးထဲ တစ္လွမ္းခ်င္းစီ သတိအျပည့္ႏွင့္ ခ်ဥ္းနင္းဝင္ေရာက္သြား၏။
ေဘးပတ္ဝန္းက်င္တစ္ခြင္ အသံမ်ား တိတ္ဆိတ္ေနလို႔။
ဇာပန္းထိုးထားေသာ ဖိနပ္တစ္ဖက္မွာ ရႊံ႔မ်ားျဖင့္ ေပက်ံေနသည္။ အဝါေရာင္ခ်ည္ဂါဝန္မွာ ရြံ႔ေရမ်ားၾကား နစ္ျမႇဳပ္ေနလို႔။ ခႏၶာကိုယ္အေပၚ ပိုင္း ထပ္ၿပီးၾကည့္လိုက္ေတာ့ ေက်ာက္စိမ္းပုတီးတစ္ကံုးက ငယ္ရြဟ္ေသာ မိန္းမပ်ိဳတစ္ၪီး၏ ဘယ္လက္တြင္ ဆင္ျမန္းထား၏။
သြမ့္ပိုင္ယြဲ႔က ေရ႔ွကျမက္ေတာၾကားကို ခြဲၾကည့္လိုက္သည္။
က်င္းဆူး.....!!!!!
သူမ၏ မ်က္ဝန္းမ်ားမွာ မိွတ္စက္ထားလ်က္။ ကိုယ္ခႏၶာအမ်ားစုမွာ ရႊံ႔ထဲႏွစ္ေနကာ ေသသြားၿပီလား ရွင္ေနေသးလားဆိုသည္ကိုပင္ ေသခ်ာေျပာမရေသး။
သြမ့္ပိုင္ယြဲ႔က သူမအား ဆြဲတင္လို္က္ကာ ဝင္သက္ထြက္သက္ကို စမ္းၾကည့္လိုက္ေတာ့ မွ အသက္ရိွေနေသးမွန္း သိလိုက္ရသည္။ ထို႔ေၾကာင့္ အက်ႌလက္အိတ္ထဲမွ ေဆးလံုးတစ္လံုးထုတ္လိုက္ကာ သူမပါးစပ္ထဲ တိုက္ေကြၽးေပးလိုက္ၿပီး နန္းေတာ္သို႔ ျပန္ေခၚလာခဲ့၏။
******
ေတာ္ဝင္သမားေတာ္အေဆာင္ထဲ ရိွရိွသမ်ွ သမားေတာ္မ်ားမွာ ေဘးအေဆာင္ငယ္ဆီ ဖိတ္ၾကားပင့္ေဆာင္ျခင္းခံလိုက္ရသည္။ အေျခအေနကိုစမ္းသပ္ၾကည့္ေတာ့ ဘာမွဆိုးဆိုးဝါးဝါးမျဖစ္မွန္း၊ အသက္အႏၲရာယ္မထိခိုက္မွန္း ေျပာလာသည္။ ေမ့ေဆးတစ္မ်ိဳး၏ အရိွန္ေၾကာင့္ ေမ့ေျမာေနျခင္းသာျဖစ္ကာ ခဏအၾကာ အလိုလို ျပန္ႏိုးလာလိမ့္မည္ဟုဆိုၾက၏။
"တျခားဟာေတာ့ ထားလိုက္ၪီး၊ အခုေတာ့ က်င္းထိုင္အတြက္ ရွင္းျပစရာ အေၾကာင္းျပခ်က္ေတာ့ရၿပီ။ က်င္းဆူးႏိုးလာတဲ့အထိ ေစာင့္ၿပီးမွ သူ႔ဆီက အက်ိဳးအေၾကာင္းေမးၾကည့္ၾကတာေပါ့"
ခ်ူယြမ္ ေခါင္းညိတ္ျပရင္း သြမ့္ပိုင္ယြဲ႔နဖူးျပင္ေပၚက ေခြၽးစက္မ်ားကို အသာအယာ လိုက္သုတ္ေပးလိုက္သည္။
"ဒီည ဘယ္ကိုမွ ထြက္သြားခြင့္မျပဳေတာ့ဘူး။ ေကာင္းေကာင္းအနားယူေခ်"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္မ်ားကို ႏႈတ္ခမ္းနား ယူလာကာ နမ္းရိႈက္လိုက္၏။
"အရွင္မင္းျမတ္"
အျပင္ဘက္မွ ရွစ္ဇီက သံေတာ္ၪီးတင္လာ၏။
"အမတ္မင္းေထာင္နဲ႔ အမတ္မင္းလ်ိဳတို႔ အခစားဝင္ခြင့္ေတာင္ူေနေၾကာင္းပါ"
သြမ့္ပိုင္ယြဲ႔မွာ မ်က္ျဖဴလန္ျပလိုက္သျဖင့္
ခ်ူယြမ္ ရယ္ခ်င္သြား၏။
"အမူအယာေလး ထိန္းပါၪီး"
"မထိန္းေပါင္၊ ဘာေျပာေျပာ သူမွမျမင္ရတာ"
"မျမင္ဘူးလို႔ ဘယ္သူေျပာလဲ၊ ရွစ္ဇီ...သူတို႔ကို ဝင္လာခိုင္းလိုက္"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ပခံုးကိုပုတ္လိုက္သည္။
သြမ့္ပိုင္ယြဲ႔ - "...."
"အဲ့မွာ ထိုင္ေန၊ ခုခ်ိန္ မင္း ဒီေရာက္ေနမွန္း လူတိုင္းသိေနတဲ့ကိစၥ ဘာလို႔ ပုန္းေနရၪီးမွာလဲ"
အို....
ရွီးနနိဝမ္ အေတာ္ေပ်ာ္သြား၏။ ထို႔ေနာက္ အႏူးညံ့ဆံုးေသာ ေအာက္ခံပါသည့္ ထိုင္ခံုကို ေရြးၿပီး ထိုင္လိုက္သည္။
ေထာင္လ်ဲန္တာ အခန္းထဲဝင္လာသည္။ သို႔ေသာ္ သြမ့္ပိုင္ယြဲ႔ပါ ရိွေနမည္ဟုထင္မထားသျဖင့္ ခဏေလာက္ ၿငိမ္သြား၏။
"အိုက္ခ်င္းတို႔ႏွစ္ေယာက္ ဘာကိစၥရိွလို႔လဲ"
ခ်ူယြမ္က ေမးလာ၏။
ေထာင္လ်ဲနိတာက သြမ့္ပိုင္ယြဲ႔ဘက္ လွမ္းၾကည့္လာသည္။
ရွီးနန္ဝမ္က သူ႔အား ရင္းႏွီးေဖာ္ေရြစြာ ၿပံဳးျပေနသည္။
ေထာင္လ်န္တာ - "......."
လ်ိဳတာ့က်ံဳ႔ေတာ့ ေထာင္လ်န္တာက္ု အရမ္း ကိုယ္ခ်င္းစာမိသြားကာ သနားေနၿပီျဖစ္၏။
ဘာျဖစ္ရမွာလဲ။
ေျပာလိုက္တိုင္း ဒီစကားခ်ည္းပဲ ထပ္ေနတာေလ။
ရွီးနန္ဝမ္က ေကာက္က်စ္တယ္၊ ၾကမ္းတမ္းတယ္၊ အလိုေလာဘႀကီးတယ္။ တာ့လီၿမိဳ႔ကို ေသခ်ာေပါက္ ေစာင့္ၾကည့္ထားရမယ္။
အဲ့လိုနဲ႔ တကယ္လူအစစ္နဲ႔လည္း အမွတ္မထင္ေတြ့မိေရာ၊ ဘာတစ္ခြန္းမွ မထြက္ႏိုင္ေတာ့ဘူး။ အရမ္းကို မြန္းက်ပ္ေနေလာက္ၿပီ၊ ကြၽတ္ ကြၽတ္ ကြၽတ္။
"အခန္းထဲဝင္ၿပီးတာေတာင္ ဒီတိုင္းထိုင္ၾကည့္ေနတာဆိုေတာ့.... မဟုတ္မွလြဲေရာ၊ ရွီးနန္ဝမ္ကို အထူးတလည္ လာေတြ့ဖို႔ ေရာက္လာၾကတာလား"
ခ်ူယြမ္စကားဆံုးသြားေတာ့ သြမ့္ပိုင္ယြဲ႔၏ အၿပံဳးမ်ားက ပိုလို႔ပင္ ေဖာ္ေရြကာ အသက္ပါလာ၏။ အရွင္မင္းျမတ္၏ မ်က္ႏွာသာေပးျခင္းေၾကာင့္ ေက်နပ္ဂုဏ္ယူေနသလိုလို။
ေထာင္လ်န္တာ ေခတၲမ်ွ ၿငိမ္သြားကာ ေျပာလာ၏။
"ဟုတ္မွန္ေၾကာင္းပါဘုရား"
"အလို"
ရွီးနန္ဝမ္လည္း ရိုက်ိဳးႏိွမ့္ခ်စြာ ဆိုလာသည္။
"ပန္ဝမ္ ေပ်ာ္လြန္းလို႔ ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး"
"အဟက္"
လ်ိဳတာ့က်ံဳ႔ေတာ့ လႊတ္ခနဲ ရယ္မိေခ်ၿပီ။
အခန္းထဲမွ ေလထုမွာ ခ်က္ခ်င္းပင္ ေျပာင္းလဲသြား၏။
ကံေကာင္းေထာကိမ၍ ပုေရာဟိတ္အမတ္ႀကီးက စိတ္ဝင္စားစရာကိစၥတစ္ခုကို ေျပာျပႏိုင္လို႔သာ ေတာ္ေသးသည္။
"ကြၽန္ေတာ္မ်ိဳး သတင္းရထားသေလာက္က ေကာင္လိမင္းသမီးကို ရွီးနန္ဝမ္က ေတာင္ေပၚကေန ကယ္လာတာပါဆို၊ ဟုတ္မွန္ပါသလားဘုရား"
"အင္း၊ သူ အခု အခန္းထဲ အနားယူေနတယ္။ သမားေတာ္ေတြ အခုေလးတင္ စမ္းသပ္ၿပီးသြားတာ၊ အနားယူလိုက္ရင္ ခဏက် ျပန္ႏိုးလာလိမ့္မယ္တဲ့"
"ေတာ္ေသးတာေပါ့၊ ေတာ္ေသးတာေပါ့"
လ်ိဳတာ့က်ံဳ႔က ေရရြတ္လိုက္သည္။
ေျပာလို႔ဆံုးသည္ႏွင့္ သမားေတာ္တစ္ၪီးက က်င္းဆူးျပန္ႏိုးလာေၾကာင္း အေၾကာင္းၾကားလာ၏။
သို႔ေသာ္....
သို႔ေသာ္....
"ဒါေပမယ့္၊ ဘာျဖစ္လဲ"
ခ်ူယြမ္မ်က္ႏွာမဲ့သြားကာ ေမးလာ၏။
သမားေတာ္ႀကီးက ခ်က္ခ်င္းပင္ ဒူးေထာက္လိုက္ကာ ေျဖၾကားလိုက္သည္။
"အရွင္မင္းျမတ္အား ေလ်ွာက္တင္ပါတယ္။ ေကာင္လိမင္းသမီးက မွတ္ဉာဏ္ခ်ိဳ႕ယြင္းသြားၿပီလို႔ ယူဆရေၾကာင္းပါဘုရား"
******
Thz for loving DiWang.
2021.01.06.
****