[တစ်ပွင့်ချင်းဆီကို သေချာ ရှုစားကြည့်ရမယ် * ]
( * T/n : ပန်းနှစ်ပွင့်ဆိုတာက ရှုပ်ထွေးပွေလီတဲ့ဇာတ်လမ်းနှစ်ခု ရောနေတဲ့ကိစ္စမျိုးကို ပြောတာပါ။ တစ်ခုချင်းစီကို သေချာလေ့လာသုံးသပ်ရမယ်လို့ တင်စားခိုင်းနှိုင်းထားတာပါ )
ဟင်းချက်လိုက်လို့ အရသာမကောင်းလျှင် လူပါ အလဲခံရမည်မို့ ရှီးနန်ဝမ်ကြီးခမျာ လွန်စွာမှ အခက်တွေ့လှပေပြီ။
ချူယွမ်ကတော့ ခွေးခြေထိုင်ခုံပုပေါ် ထိုင်နေကာ မီးဖိုရှေ့ ငူငူကြီးရပ်နေပြီး ဘာဆိုဘာမှ စမလုပ်သေးသော သွမ့်ပိုင်ယွဲ့ကို ကြည့်ပြီး မေးလိုက်သည်။
"မင်းက ဂါထာမန္တရားမှုတ်ပြီး ချက်မလို့လား"
သွမ့်ပိုင်ယွဲ့ အရှုံးပေးရပေပြီ။
"ငါးကြော်ချက်ပဲ စားချင်တာလားဟင်။ ကြက်ဥကြော်ပဲ စားရင် ပိုမကောင်းဘူးလား"
"ဟင့်အင်း"
ချူယွမ် ခေါင်းခါပြလိုက်တော့ သွမ့်ပိုင်ယွဲ့လည်း မတတ်သာတော့ဘဲ ကျပ်ခိုးတန်းပေါ်ရှိ တုတ်ချောင်းတွင် သီထားသော ငါးတစ်ကောင်ကို ဖြုတ်ယူလိုက်ရလေသည်။
"ပန်းခြင်းလေးလို ပုံစံမျိုးရအောင် ကြော်ပေးရမှာနော်"
ချူယွမ် သတိပေးလိုက်၏။
"......"
ချူယွမ်က သွမ့်ပိုင်ယွဲ့အား စေ့စေ့ကြည့်လိုက်သည်၊ ထို့နောက် နည်းနည်းလေး စျေးလျှော့ပေးလိုက်၏။
"အင်းပါ၊ အင်းပါ။ ကျက်ရင်ပြီးရော"
ကံကောင်းချင်တော့ ငါးကို အကြေးခွံများရှင်းထားပြီးသားဖြစ်သည်။ သွမ့်ပိုင်ယွဲ့က အိုးထဲသို့ ဆီထည့်လိုက်ပြီးနောက် ထိုငါးကို ဆီပူပူထဲ သတိကြီးစွာ ထည့်ကြော်လိုက်သည်။
ချူယွမ်လည်း ထမင်းတစ်နပ်စားရဖို့အရေး အတည်ပေါက်ကြီး ထိုင်စောင့်နေရသည်။
ခဏကြာတော့ ရှူးရှူးရှဲရှဲ အသံများမြည်လာကာ ခပ်သင်းသင်းရနံ့လေးပါ မွှေးပျံ့လာသည်။ ထိုခါမှ သွမ့်ပိုင်ယွဲ့က အတော်စိတ်အေးသွားသည်။ သို့သော် အိုးနှင့် ကပ်နေသည်ထင် ၊ တော်ရုံနှင့် ပြန်ဆယ်ထုတ်လို့မရ။ အနည်းဆုံးတော့ ငါးအသားကျက်သွားလို့ တော်သေးသည်။ အကျက်လွန်သွားပြီး ကြွပ်ရွနေသော ငါးကို တစ်ပိုင်းစီ တစ်ပိုင်းစီ ပြန်လိုက်ဆယ်ပြီးနောက် ဆားရယ်၊ ပဲငံပြာရယ်ကို အနည်းငယ် ထပ်ထည့်လိုက်သည်။
"ပြီးပြီလား"
ချူယွမ်က မေးလိုက်သည်။
သွမ့်ပိုင်ယွဲ့က ပန်းကန်ထဲရှိ မည်းတူးနေသောအရာတစ်ကို ကြည့်လိုက်ကာ အေးစက်လှစွာ ဖြေလိုက်သည်။
"မပြီးသေးဘူး"
"ဩ...."
သွမ့်ပိုင်ယွဲ့က ကြက်သွန်မြိတ်ကို လှီးလိုက်ကာ ငါးကြော်ပေါ် ထပ်ဖြူးလိုက်သည်။ သို့သော် မည်သို့မှပင် မလိုက်ဖက်ဆပ။
ချူယွမ်က ထရပ်လိုက်ကာ သူ့ဆီ လျှောက်လှမ်းလာသည်။
သွမ့်ပိုင်ယွဲ့က အိုးအဖုံးဖြင့် ဟင်းခွက်ကို ဖုံးထားလိုက်သည်။ ထို့နောက် လူကို ပွေ့ချီလိုက် အပြင်သို့ခေါ်ထုတ်လာခဲ့သည်။
ချူယွမ်က သက်ပြင်းချလိုက်ရင်း ဆိုလာသည်။
"နောင်ဆို ငါ ဗိုက်ဆာပြီးသေရတော့မှာ သေချာတယ်"
"အနည်းဆုံးတော့ ကိုယ် ဆန်ဆေးတတ်ပါတယ်"
"ငါ့ကို အနပ်တိုင်း ထမင်းဖြူချည်း ကျွေးမလို့လား"
"မင်း ဘာစားချင်သေးလဲ၊ ကိုယ် ချက်တတ်အောင် သွားသင်ခဲ့မယ်"
ချူယွမ်က သွမ့်ပို်င်ယွဲ့ပခုံးပေါ် မေးတင်လိုက်ကာ ပြောလာ၏။
"အင်း၊ Fu Tiao Qiang 佛跳墙 (တံတိုင်းခုန်ကျော်တဲ့ ဘုန်းကြီး ) မုန့်"
"အင်း၊ ဟုတ်ပြီ။ အိုသွားတဲ့နေ့ကျ မင်းကြည့်ဖို့ တစ်နေ့သုံးခါလောက် ကိုယ် တံတိုင်းကို ခုန်ကျော်ပြမယ် "
" Wu Wan Ba Jian (五碗八件 )မုန့်ရောနော်"
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ"
သွမ့်ပိုင်ယွဲ့ ချက်ချင်း ခေါင်းညိတ်လိုက်၏။
ဒီလောက်အြမန်ကြီး ခေါင်းညိတ်လိုက်တာ သိပ်မသင်္ကာစရာပဲ။
ချူယွမ်က သွမ့်ပိုင်ယွဲ့ ဆံနွယ်များကို ဆော့ကစားနေလိုက်ကာ စိတ်ထဲမှ တွေးမိ၏။
လူပဲ လဲပစ်လိုက်ရမလား။
ဘာပဲပြောပြော၊ တာ့ချူမှာ ဒီလောက် လူတွေ ပေါများနေတာပဲ။
"ပေးမလဲဘူး"
သွမ့်ပိုင်ယွဲ့က ငြင်းဆိုလိုက်သည်။
ချူယွမ် နှုတ်ခမ်းဆူမိသွားသည်။
အဲ့တော့ မင်းက ငါ့ကို ဘာလုပ်ချင်တုန်း။
မင်းကများ ကိုယ်တော့်ကို ဘာလုပ်ချင်တာတုန်းလို့။
သွမ့်ပိုင်ယွဲ့ကတော့ ချူယွမ်အား ပို၍ တင်းကျပ်စွာပင် ဖက်တွယ်ထားလိုက်လေသည်။
******
အချိန်နှစ်လကြာပြီးနောက်။
မြန်သည်ဟုလည်း ဆိုနိုင်သလို ကြာညောင်းသည်ဟုလည်း ဆိုချင်ဆိုနိုင်သော အချိန်ဖြစ်သည်။
တုန်းဟိုင်အရေးအခင်းနှင့်ပတ်သက်ပြီး ဆယ်ပုံလျှင် ခုနစ်ပုံရှစ်ပုံမျှ ပြဿနာအရှုပ်အထွေးများကို ရှငး်လင်းပြီးသားဖြစ်ပေပြီ။ နန်းတော်မပြန်မီ ညမှာတော့ ယဲ့ကျင်က ခေါင်မိုးထက် လဲလျောင်းနေကာ မိမိနောင်တော်ဖြစ်သူ၏ အိပ်ခန်းထဲသို့ ဝင်သွားရုံတင်မက မီးပါငြိမ်းလိုက်သော လူကို တွေ့လိုက်ပေသည်။
"နိုင်ငံရေးကိစ္စတွေ ဆွေးနွေးနေကြတာနေမှာပါ"
ရှန်ချန်းဖုန်းက အလိုက်သင့်ဖြေလိုက်သည်။
"အင်း"
ယဲ့ကျင်က အေးစက်စွာသာဖြေလိုက်သည်။
မီးရောင်မရှိ မှောင်အတိကျနေတဲ့ အခန်း၊
ဘေးနားမှာလည်း လူသူတွေ မရှိ ၊
သေချာပေါက်ကို တိုင်းပြည်အရေး ဆွေးနွေးဖို့ဆိုတာ ကျိုးကြောင်းသင့်လျော်နေတာပဲလေ။
*****
အခန်းထဲတွင် လုံးဝ တိတ်ဆိတ်နေသည်။
သွမ့်ပိုင်ယွဲ့ကတော့ ကုတင်ခေါင်းရင်းကို မှီပြီးထိုင်နေလျက် ချူယွမ်ကို ရင်ခွင်ထဲ ထည့်ပြီး ဖက်တွယ်ထားသည်။ မည်သူကမှ စကားမဟကြဘဲ တစ်ယောက်နှင့်တစ်ယောက်ကိုသာ မှီခိုလဲလျောင်းနေကာ ခပ်သဲ့သဲ့ကြားနေရသော လှိုင်းတံပိုးသံများကိုသာ နားစွင့်နေ၏။
သန်းခေါင်လွန်တော့မှ ချူယွမ် မျက်ဝန်းများ မှေးစက်သွားကာ အိပ်မောကျသွားသည်။
သွမ့်ပိုင်ယွဲ့လည်း ချူယွမ်အား စောင်ဖြင့် လွှမ်းခြုံပေးလိုက်ကာ နဖူးပြင်ပေါ် အနမ်းတစ်ပွင့် ဖိကပ်အပ်နှင်းပေးလိုက်သည်။
*****
နောက်တစ်နေ့မနက်ရောက်တော့ ချူယေါမ်လည်း ရွှေမြို့တော်သို့ ပြန်သွားကာ သွမ့်ပိုင်ယွဲ့လည်း ရှီးနန်စစ်တပ်ကိုဦးဆောင်ပြီး ရှီးနန်သို့ ပြန်သွားခဲ့သည်။ လမ်းဘေးနှစ်ဖက်တွင် ရပ်နေသော တိုင်းသူပြည်သားများက နှမြောတသသဖြစ်ကာ တပ်မတော်ကို ဆုတ်ခွာမသွားစေချင်ကြသေး။
တစ်အချက်က ဧကရာဇ်အရှင်နှင့် မခွဲခွာချင်သေးသောကြောင့်ဖြစ်သည်။ နှစ်အချက် ၊ ရှီးနန်ဝမ်ကိုလည်း မခွဲခွာစေချင်သေးသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ၊ ရှီးနန်တပ်မတော်က သူတို့အား ခေါက်ဆွဲခြောက်အလုံးလေးများ ဝေငှပေးကမ်းတတ်ကြသည်လေ။ တစ်ခါတစ်ရံ ကျပ်တိုက်ထားသော ဝက်သားများလည်း ရတတ်သည်၊ သစ်သီးခြောက်များလည်း ရတတ်သည် ၊ တာ့လီတောင်ပေါ်မှကောက်လာသော မှိုများဖြင့်လည်း စွပ်ပြုတ်လုပ်သောက်ကြသေးသည်။ ပါးစပ်ထဲ စွဲကျန်ရစ်ခဲ့သော ထိုအရသာမှာ နောက်တစ်နှစ်အထိ ကျန်ရှိစွေဲမြဲနေမည်သာ။
စားလို့တောင်မဝသေးဘူးလေ၊
ပြန်ကြတော့မှာလား။
*******
တာ့လီ မြို့ပြင်တွင်ဖြစ်သည်။
သွမ့်ယောင်က ဝမ်းမြောက်ဝမ်းသာ အပြေးရောက်လာကာ အော်ခေါ်လာ၏။
"နောင်တော်ရေ!!!!!!! "
သွမ့်ပိုင်ယွဲ့က မြင်းပေါ်မှ ဆင်းလိုက်ကာ ညီဖြစ်သူအား ပြုံးပြလိုက်ရင်း -
"တစ်နှစ်တည်း မတွေ့ရတာတောင် အရပ်ကြီး ရှည်ထွက်လာလိုက်တာ ကြည့်စမ်း"
သွမ့်ယောင်က အစ်ကိုဖြစ်သူ၏ အနောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ မြင်းရထားအရိပ်အယောင်လည်း မတွေ့ရ။
"မရီးတော်ရောဟင်"
"မြို့တော်ကို ပြန်သွားပြီ"
"ဟာ....."
သွမ့်ယောင်မှာ လုံးဝ စိတ်ပျက်သွားသည်။
"နောင်တော် တကယ်ကိုပဲ လူကိုအပိုင်ခေါ်မလာတာလားဗျ။ အရီးတော်ကျင်းဆို ဝတ်ရုံချုပ်ဖို့ စက်ချုပ်ဆရာ ငှားထားပြီးသွားပြီ၊ ခုတောင် စံအိမ်မှာ လက်ဖက်ရည်သောက်ရင်း ထိုင်စောင့်နေတာ"
"အတော်ပဲ၊ မင်းအတွက် ဝတ်ရုံအသစ်နှစ်ထည် ချုပ်ခိုင်းရမယ်"
"ပိုးထည်စအနီတွေပါဆိုနေ"
တခြားလူ ဝတ်လို့မရဘူးလေ။
သွမ့်ယောင်က လက်သီးလက်မောင်းတန်းကာ ဆိုလိုက်သည်။ သွမ့်ပိုင်ယွဲ့က ဤကိစ္စအကြောင်း ဆက်မပြောလိုတော့ ။
"ရှစ်ဖူးရော"
"နန်ယန်သွားတယ်"
"နန်ယန်လား။ ဘာသွားလုပ်တာလဲ"
"ဘယ်သူနဲ့မှ မသက်ဆိုင်တဲ့ကိစ္စပါတဲ့။ ရှစ်ဖူးဆီ စာတစ်စောင်ရောက်လာတယ်၊ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ဆီက စာတဲ့။ လူတစ်ယောက်အတွက် မွေးနေ့ဆုတောင်းပေးဖို့ဆိုလား၊ ရှစ်ဖူးကြည့်ရတာ အရမ်းအူမြူးတက်ကြွနေတဲ့ပုံပဲ။ အဲ့နေ့ နေ့လယ်မှာတင် လားတစ်ကောင်ဆွဲပြီး ချက်ချင်း ထွက်သွားလေရဲ့"
"ရှစ်ဖူးက သူများတွေလို မိတ်ဟောင်းဆွေဟောင်းတွေ ရှိသေးတယ်လား"
"အင်း၊ ကျွန်တော်လည်း အဲ့လိုတွေးမိသေးတယ်။ ဒါပေမယ့် အရီးတော်ကျင်းပြောသလိုလည်း ဟုတ်သား၊ အိုးအကွဲတောင် သူနဲ့အံဝင်ခွင်ကျတဲ့ စလောင်းဖုံးဆိုတာရှိတယ်တဲ့"
"ဘယ်တောင်ထွဋ္ကိုသွားမယ်၊ ဘယ်တော့မှပြန်လာမယ်ဆိုတာတွေရော ပြောသွားသေးလား"
"ဘယ်နေရာမှန်းတော့မသိဘူး။ အနည်းဆုံး နှစ်တစ်ဝက်လောက်တော့ ကြာမယ်လို့ပြောတယ်။ နန်ယန်ကို တာ့ချူဘက်က ဝင်သိမ်းခါနီးလောက်ကျ အမီပြန်လာခဲ့မယ်ပြောတယ်။ ဩ ၊ ရှစ်ဖူးကပြောလိုက်သေးတယ်။ ဒီတစ်နှစ်အတွင်း နောက်တော်က ဘယ်လိုပဲနေနေ မင်္ဂလာပွဲ ကျင်းပမှာ မဟုတ်တာမို့ အိမ်မှာနေလည်း အလကားပဲ ၊ အပြင်ထွက်သွားပြီး လမ်းသလားနေတာမှ ပိုကောင်းသေးတယ်ဆိုပြီး ပြောသွားပါသေးတယ်"
ပြောရင်းဆိုရင်း ဒီနေရာပဲ ပြန်ဆိုက်ရောက်လာတော့ သွမ့်ပိုင်ယွဲ့ခေါင်းထဲ ဆစ်ခနဲ ကိုက်တက်လာ၏။
*****
ယဲ့ကျင်လည်း ရှန်ချန်းဖုန်းနှင့်အတူ သူရိယစန္ဒာတောင်စခန်းသို့ ပြန်လည်လိုက်ပါသွား၏။ နောက်ဆုံးတော့ ထိပ်ပြောင်ကြီး၊ ချိုးငှက်မထောင်တဲ့ကောင်ကြီးဟု တဖွဖွ လာကြိမ်းတတ်သောလူတစ်ယောက် မရှိတော့သည်မို့ ချူယွမ်မှာ အတော်လေးပင် နားဘေးဒုက္ခမှ ချမ်းသာရာရနေပေသည်။
"အမတ်မင်းထောင် အခစားဝင်ခွင့်တောင်းနေပါတယ်ဘုရား"
အပြင်ဘက်မှ ရှစ်ဇီက သံတော်ဦးတင်လာသည်။ ချူယွမ်က အစီရင်ခံစာတစ်ခုကို ဝေဖန်ချက်ရေးနေရင်းနှင့်ပင် -
"ကိုယ်တော် အရမ်းအလုပ်ရှုပ်နေတယ် ပြောလိုက်"
"အမတ်မင်းထောင်က ပြောပါတယ်ဘုရား၊ မိဖုရားတင်မြှောက်ဖို့အကြောင်း လာပြောတာ မဟုတ်ပါဘူးတဲ့"
"ဝင်ခွင့်ပြုလိုက်"
ချူယွမ်က အစီရင်ခံစာကို ချလိုက်သည်။ ထောင်လျဲန်တာက တော်ဝင်စာကြည့်ဆောင်ထဲ ဝင်လာ၏၊ မျက်နှာလည်း လုံးဝမကောင်းပေ။
"ဘာလဲ ၊ လျိုအိုက်ချင်းက ထိုက်ဖူးအတွက် ကြင်ဖက်ရှာပေးနေလို့လား"
ချူယွမ်က လှမ်းစလိုက်သည်။
"မဟုတ်ကြောင်းပါဘုရား၊ မဟုတ်ရကြောင်းပါ"
အိမ်က ရှင်မသာ သိသွားလို့ကတော့ ကိစ္စပြတ်ပြီပဲ။
"ဒါဆို ထိုက်ဖူး ဒီကိုလာတဲ့အကြောင်းရင်းက - "
"ကျွန်တော်မျိုး စာတစ်စောင် လက်ခံရရှိထားပါတယ်၊ ပိုင်ရှန့်ပြည်က စာလွှာပါဘုရား"
"ပိုင်ရှန့်ပြည်? ကျင်းဆူးဆီကလား"
"ပိုင်ရှန့်ပြည်ခေါင်းဆောင်ကိုယ်တိုင် ရေးသားပေးပို့လာတဲ့ စာလွှာပါ"
"ပိုင်ရှန့်ပြည်ခေါင်းဆောင် ? "
ချူယွမ် အတော်စိတ်ဝင်စားသွား၏။
"သူက နှစ်နိုင်ငံရဲ့ချစ်ကြည်ရေးအင်အားကို အားကိုးအားထားပြုပြီး နန်ယန်မှာ ကုန်သွယ်ရေးလမ်းကြောင်းအသစ် ဖွင့်လှစ်ချင်လို့ပါတဲ့ ၊။အရှင်မင်းမြတ်"
ချူယွမ် ရယ်မိသွားသည်။
"အရမ်း ရယ်ရတာပဲ။ အခု ရှိပြီးသား လှေသင်္ဘောလောက်နဲ့ စားဖို့သောက်ဖို့ မလောက်တော့လို့လား"
"အခုလက်ရှိ နန်ယန်ရဲ့ စီးပွားရေးအြခေအနေက အရမ်းတိုးတက်နေလို့ ဖြစ်ပါလိမ့်မယ်ဘုရား။ ဒါကြောင့် ရေလမ်းခရီးက တဖြည်းဖြည်း စည်ကားလာပြီး ကုန်သည်တွေဆိုတာကလည်း အရင်းပြန်မရဘဲနဲ့ကို မရှိကြပါဘူး။ နန်ယန်မှာ ရွှေငွေတွေ ရိတ်သိမ်းဖို့ ဒီလောက်အဆင်သင့်ပေါများနေတာကို ဘယ်သူမဆို ပါဝင်ကတ်သက်ချင်လာမှာပဲဘုရား"
"ကုန်သွယ်ရေးအတွက် ရေလမ်းခရီးအသစ် ဖောက်ဖို့ဆိုတာ တစ်နှစ် နှစ်နှစ်အတွင်း ဖြစ်မြောက်နိုင်တဲ့ကိစ္စမှ မဟုတ်တာ။ တကယ်အောင်မြင်သွားရင် ပိုင်ရှန့်ပြည်က တာ့ချူထက်တောင် အဆပေါင်းများစွာ အကျိုးအမြတ်ရမှာပဲ ။ ဒီလောက်ထိ လူအားငွေအားပြုန်းတီးမယ့်၊ ပြည်သူတွေကို အလဟဿ ပင်ပန်းစေမယ့်အဖြစ်မျိုးကို စာလေးတစ်စောင်ရေးလာရုံနဲ့တင် ကိုယ်တော့်ရဲ့သဘောတူညီမှုကို ရနိုင်မယ်ထင်သလား"
"မှန်ပါ့၊ ဒါကြောင့် ပိုင်ရှန့်ပြည်ခေါင်းဆောင်ကိုယ်တိုင် အရှင့်ဆီ လာခစားဖို့ စိတ်ကူးအကြံရှိနေကြောင်းပါ။ ဒီကိစ္စကို သေချာဆွေးနွေးချင်ပါတယ်တဲ့ဘုရား "
"ကိုယ်တိုင် ရောက်လာမယ်ဟုတ်လား၊ ဘယ်တော့လဲ"
"တစ်ဖက်လူရဲ့ ရည်ရွယ်ချက်အရ စောစောလာနိုင်လေ၊ ပိုကောင်းလေပဲ ဖြစ်မယ်လို့ ယူဆထားပုံရပါတယ်"
ချူယွမ် ခေါင်းညိတ်လိုက်သည်။
"တစ်ခေါက်လောက်တွေ့ခွင့်ပြုလိုက်လည်း ဘာမှ နစ်နာမသွားပါဘူးလေ"
"ဒါဆိုလည်း ကျွန်တော်မျိုး အခုပဲ ပြန်စာရေးပြီး နန်ယန်ဆီ စေလွှတ်လိုက်ပါ့မယ်ဘုရား။ ပိုင်ရှန့်ပြည်ခေါင်းဆောင်ကို တာ့ချူဆီ တစ်ခါတစ်ခေါက် အလည်ရောက်လာဖို့ ဖိတ်ခေါ်လိုက်ပါ့မယ်"
ချူယွမ်လည်း ခွင့်ပြုလိုက်ကာ သူထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ရှစ်ဇီကို လှမ်းခေါ်လိုက်သည်။ ဉယျာဥ်တော်ထဲ လမ်းလျှောက်ထွက်လိုသောကြောင့်ဖြစ်သည်။
ဤရက်ပိုင်းအတွင်း အရှင်မင်းမြတ်မှာ အလုပ်ကိစ္စများနှင့်သာ ရှုပ်ထွေးလုံးပမ်းနေခဲ့ရှာသည်။ ယခုလိုမျိုး ရှုခင်းများကိုရှုစားလိုသော ဆန္ဒမျိုး ဖြစ်ပေါ်လာသည်က ရှား၏။ ရှစ်ဇီလည်း အမြန်ပင် အခြားအခြွေအရံများကို သစ်သီးနှင့်မုန့်များပြင်ဆင်လိုက်စေပြီး ဉယျာဥ်တော်ထဲက ဇရပ်သို့ လာရောက်ဆက်သပေးထားစေ၏။ ကျန်းနန်ဒေသထွက် အကောင်းဆုံးလက်ဖက်ရည်ဆိုသော ကျန်းနန်ချင်း (江南青) ကိုပါ ဆက်သလာစေ၏။
"ကျန်းနန်ချင်း? ဒါက ဝမ်းအိုက်ချင်း ပို့လာတဲ့ လက်ဖက်တွေမလား"
"ဟုတ်မှန်ကြောင်းပါဘုရား။ အမတ်မင်းဝမ်းအိမ်ကထွက်တဲ့ တောင်ပေါ်လက်ဖက်စစ်စစ်ပါတဲ့ ။ တစ်ဆင့်စကားတစ်ဆင့်နား ပြောကြသလောက်ဆို အမတ်မင်းဝမ်းရဲ့မိခင်က လက်ဖက်တစ်ရွက်ချင်းစီကို သေချာခူးပြီး ပေါင်းခဲ့တာမို့ ပုရိသယောက်ျားတွေရဲ့ အနံ့အသက်တွေ တစ်စက်မှ စွန်းထင်းခြင်းမရိှပါဘူးတဲ့"
ချူယွမ်က ပြုံးလိုက်ကာ ဆက်ဆို၏။
"အဲ့လိုသာဆို တကယ်ရှာရခက်တဲ့ လက်ဖက်ရည်ဖြစ်နေတာပါ့လား။ ဝမ်းအိုက်ချင်းက ဝတ်ရုံအနားသတ် ဖြူမွတ်သန့်စင်တဲ့လူ * ဆိုတော့ ကိုယ်တော့်ဆီ သူ လက်ဆောင်ပို့လာတာ သိပ်မရှိဘူး။ ဒီတစ်သက်စာ ဖူလုံအောင် ဖြည်းဖြည်းချင်းစီ ခြွေတာပြီးသောက်ဦးမှပါ "
( * ရိုးသားဖြူစင်ပြီး အဂတိလိုက်စားတာမရှိတဲ့လူ၊ လက်ဆောင်ပဏ္ဏာတွေနဲ့ ဗန်းပြပြီး ဖားတဲ့လူ မဟုတ်တဲ့လူကို ဆိုလိုတာပါတဲ့)
ပြောလို့မှမဆုံးသေး ၊ ခပ်လှမ်းလှမ်းမှ အဘိုးအိုတစ်ယောက်က သူတို့ဆီလျှောက်လှမ်းလာသည်။
"အဘိုးမုချီ"
ချူယွမ်က အဘိုးအိုမုချီကိုဆို အတော်လေး လေးစားရိုသေ၏။
"အရှင်မင်းမြတ်ကို ဂါရဝပြုပါတယ်ဘုရား"
အဘိုးမုချီက နှုတ်ဆက်ဂါရဝပြုလိုက်သည်။ အရင်တုန်းကလို ခြေဦးတည့်ရာ ထွက်ပြေးနေစရာလည်း မလိုတော့ဘဲ နန်းတော်ထဲ ရောက်လာတော့ ဘယ်သူကမှ လိုက်သတ်ခြင်းလည်း မရှိ အိပ်ဝင်စားပျော်နေ၏။ ထို့ကြောင့် လွတ်လပ်ပျော်ရွှင်စွာ နေထိုင်လာခဲ့ကာ အဘိုးမုချီမှာ အရင်ကထက်စာလျှင် အတော်လေး စိုရွှန်းပြည့်ဖြိုးလို့ ။
"အဘိုး ဘယ်သွားမလို့လဲ"
"မှန်လှပါ၊ စောနကတော့ တောင်ပို့နားမှာ တစ်ရေးအိပ်နေတာပါဘုရား။ လက်ဖက်နံ့ရလို့ ဒီကိုရောက်လာတာ"
ချူယွမ်က ပြုံးလိုက်ကာ -
"ဩ၊ လက်စသတ်တော့ အဘိုးလည်း လက်ဖက်တွေကို နှစ်သက်တတ်တာကိုး"
"ဒီလက်ဖက်နံ့ကို ကျွန်တော်မျိုး အရမ်း ရင်းနှီးနေလို့ပါ။ ကျန်းနန်က ထွက်တာလားဘုရား"
"ဟုတ်တယ်"
"ဘယ်တောင်က လက်ဖက်လဲဘုရား"
"ဘယ်တောင်ကထွက်တဲ့လက်ဖက်လဲလို့ ပြောလိုက်ရင်တောင် အဘိုး လိုက်ရှာပြီးဝယ်လို့လွယ်မှာမဟုတ်ဘူး။ ဒီလက်ဖက်က ရောင်းကုန်ပစ္စည်းမဟုတ်ဘူးတဲ့။ လာ လာ... အဘိုးအတွက် ကိုယ်တော် နည်းနည်းမျှပေးမယ်"
"ဒါဆို ဒီလက်ဖက်တွေရဲ့ပိုင်ရှင်ကရောဘုရား"
အဘိုးမုချီက အဆုံးထိ နှိုက်မေးလာ၏။
ချူယွမ် နားမလည်ပေ၊ အတတ်နိုင်ဆုံး မှန်းကြည့်လိုက်၏။
"အဘိုးနဲ့ ဒီလက်ဖက်ပိုင်ရှင်နဲ့က သိကျွမ်းကြလို့လား"
"ဒီမတိုင်ခင် ကျွန်တော်မျိုး သိုင်းလောကထဲကျင်လည်နေတုန်းက လူတွေလိုက်သတ်တာခံနေရတဲ့အချိန်မှာ ဒီလက်ဖက်ရွက်ပိုင်ရှင်က ကျွန်တော်မျိုးရဲ့ အသက်ကိုကယ်တင်ဖူးတဲ့ ကျေးဇူးရှင်ပါလို့တောင် ပြောလို့ရပါတယ်ခင်ဗျာ။ ဒါပေမယ့် အဲ့အချိန်တုန်းက ဒဏ်ရာအကြီးအကျယ်ရပြီး သတိရတစ်ချက်မရတစ်ချက် ဖြစ်ဖြစ်နေတော့ အဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကို သေချာမမြင်လိုက်ရပါဘူး။ ဒါပေမယ့် ဒီလက်ဖက်ရဲ့ ချိုမွှေးတဲ့ အနံ့အသက်ကိုတော့ မှတ်မိနေပါသေးတယ်ဘုရား"
"ဒီလိုအဖြစ်မျိုးလည်း ရှိဖူးတယ်လား"
ချူယွမ် အတော်အံ့ဩသွား၏။
ဤလက်ဖက်မှာ ဝမ်းအိုက်ချင်းတို့မျိုးရိုး ပိုင်ဆိုင်သော တောင်မှ ထွက်လေရာ ဝမ်းမျိုးရိုးဆိုသည်မှာလည်း ကျန်းနန်နယ်တွင် မျိုးရိုးစဥ်ဆက် စာပေပညာရှင်မျိုးရိုးအဖြစ် ရှင်သန်နေထိုင်လာခဲ့ခြင်းဖြစ်သည်။ သိုင်းပညာတတ်မြောက်ပြီး သိုင်းသမားတစ်ယောက်ကို ကယ်တင်ပေးမည့်ကိစ္စဆိုသည်မှာ သိပ်ပြီး ယုတ္တိမရှိ။
"အရှင်မင်းမြတ်"
ရှစ်ဇီက ခပ်တိုးတိုးပြောလာသည်။
"အမတ်မင်းဝမ်းက အတော်လေးအားနည်းဖျော့တော့တဲ့အသွင်ရှိပေမယ့် တရားမျှတပြီး ရဲစွမ်းသတ္တိရှိလှပါတယ်။ ဒီမတိုင်ခင်လည်း ထျဲန်းယာဟိုင်ဂိုဏ်းက အမျိုးသမီး သိုင်းပညာရှင်တစ်ယောက်ရဲ့ အသက်ကိုတောင် ကယ်ထားသေးတာ။ ခုဆို ဟိုအမျိုးသမီးက သူ့ရဲ့ မွေးစားမိခင်အဖြစ်တောင် ခံယူထားပါတယ်တဲ့ဘုရား"
ချူယွမ် - "......"
ဒီလိုကိစ္စမျိုးကို ဘယ်တုန်းက ဒီလောက်ထိ ရှင်းရှင်းလင်းလင်း သွားစုံစမ်းထားတာလဲဟမ်...ရှစ်ဇီ။
ချူယွမ် ထပ်မေးကြည့်လိုက်သည်။
"အဲ့လက်ဖက်တောင်ပေါ်မှာ ဘာတွေဖြစ်ခဲ့မှန်း အဘိုး ကိုယ်တော့်ကို ရှင်းပြပေးပါဦးလား"
"တကယ်တမ်းတော့ ဘာမှရှုပ်ထွေးတဲ့ ဇာတ်လမ်းမဟုတ်ကြောင်းပါဘုရား ။ လွန်ခဲ့တဲ့ ကိုးနှစ်တုန်းက ကျွန်တော်မျိုးကို ရန်သူတစ်ယောက်က လိုက်သတ်ခဲ့ပါတယ်။ ရှေ့နောက်တောင်မြောက်မသိတော့ဘဲ ခြေဦးတည့်ရာပြေးသွားလိုက်တာ လက်ဖက်တောင်တစ်တောင်ကို ရောက်သွားပါတယ် ၊ ဒါပေမယ့် အားအင်ကုန်ခမ်းပြီး မေ့လဲသွားပါလေရော။ သတိက ရတစ်ချက် မရတစ်ချက်ဖြစ်နေချိန်မှာ တစ်ယောက်ယောက်က ကျွန်တော်မျိုးကို ဆွဲခေါ်ပြီး အခန်းတစ်ခုထဲ ထည့်ဖွက်ထားလိုက်ပါတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုအနံ့မျိုးတွေ သင်းပျံ့နေတာပဲဘုရား"
ချူယွမ်က ထပ်မေး၏။
"အဘိုးကို လိုက်သတ်တာကရော ဘယ်သူလဲ"
အဘိုးမုချီက ခါးသက်စွာ မုန်းတီးသောမျက်နှာဖြင့်ဖြေလာ၏။
"ပိုင်ရှန့်ပြည်သားတွေပါဘုရား"
******
Thz for Waiting.
Happy New Year. 💜💛
*****
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
[တစ္ပြင့္ခ်င္းဆီကို ေသခ်ာ ရႈစားၾကည့္ရမယ္ * ]
( * T/n : ပန္းႏွစ္ပြင့္ဆိုတာက ရႈပ္ေထြးေပြလီတဲ့ဇာတ္လမ္းႏွစ္ခု ေရာေနတဲ့ကိစၥမ်ိဳးကို ေျပာတာပါ။ တစ္ခုခ်င္းစီကို ေသခ်ာေလ့လာသံုးသပ္ရမယ္လို႔ တင္စားခိုင္းႏိႈင္းထားတာပါ )
ဟင္းခ်က္လိုက္လို႔ အရသာမေကာင္းလ်ွင္ လူပါ အလဲခံရမည္မို႔ ရွီးနန္ဝမ္ႀကီးခမ်ာ လြန္စြာမွ အခက္ေတြ့လွေပၿပီ။
ခ်ူယြမ္ကေတာ့ ေခြးေျခထိုင္ခံုပုေပၚ ထိုင္ေနကာ မီးဖိုေရ႔ွ ငူငူႀကီးရပ္ေနၿပီး ဘာဆိုဘာမွ စမလုပ္ေသးေသာ သြမ့္ပိုင္ယြဲ႔ကို ၾကည့္ၿပီး ေမးလိုက္သည္။
"မင္းက ဂါထာမႏၲရားမႈတ္ၿပီး ခ်က္မလို႔လား"
သြမ့္ပိုင္ယြဲ႔ အရႈံးေပးရေပၿပီ။
"ငါးေၾကာ္ခ်က္ပဲ စားခ်င္တာလားဟင္။ ၾကက္ဥေၾကာ္ပဲ စားရင္ ပိုမေကာင္းဘူးလား"
"ဟင့္အင္း"
ခ်ူယြမ္ ေခါင္းခါျပလိုက္ေတာ့ သြမ့္ပိုင္ယြဲ႔လည္း မတတ္သာေတာ့ဘဲ က်ပ္ခိုးတန္းေပၚရိွ တုတ္ေခ်ာင္းတြင္ သီထားေသာ ငါးတစ္ေကာင္ကို ျဖဳတ္ယူလိုက္ရေလသည္။
"ပန္းျခင္းေလးလို ပံုစံမ်ိဳးရေအာင္ ေၾကာ္ေပးရမွာေနာ္"
ခ်ူယြမ္ သတိေပးလိုက္၏။
"......"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား ေစ့ေစ့ၾကည့္လိုက္သည္၊ ထို႔ေနာက္ နည္းနည္းေလး ေစ်းေလ်ွာ့ေပးလိုက္၏။
"အင္းပါ၊ အင္းပါ။ က်က္ရင္ၿပီးေရာ"
ကံေကာင္းခ်င္ေတာ့ ငါးကို အေၾကးခြံမ်ားရွင္းထားၿပီးသားျဖစ္သည္။ သြမ့္ပိုင္ယြဲ႔က အိုးထဲသို႔ ဆီထည့္လိုက္ၿပီးေနာက္ ထိုငါးကို ဆီပူပူထဲ သတိႀကီးစြာ ထည့္ေၾကာ္လိုက္သည္။
ခ်ူယြမ္လည္း ထမင္းတစ္နပ္စားရဖို႔အေရး အတည္ေပါက္ႀကီး ထိုင္ေစာင့္ေနရသည္။
ခဏၾကာေတာ့ ရႉးရႉးရွဲရွဲ အသံမ်ားျမည္လာကာ ခပ္သင္းသင္းရနံ႔ေလးပါ ေမႊးပ်ံ့လာသည္။ ထိုခါမွ သြမ့္ပိုင္ယြဲ႔က အေတာ္စိတ္ေအးသြားသည္။ သို႔ေသာ္ အိုးႏွင့္ ကပ္ေနသည္ထင္ ၊ ေတာ္ရံုႏွင့္ ျပန္ဆယ္ထုတ္လို႔မရ။ အနည္းဆံုးေတာ့ ငါးအသားက်က္သြားလို႔ ေတာ္ေသးသည္။ အက်က္လြန္သြားၿပီး ႂကြပ္ရြေနေသာ ငါးကို တစ္ပိုင္းစီ တစ္ပိုင္းစီ ျပန္လိုက္ဆယ္ၿပီးေနာက္ ဆားရယ္၊ ပဲငံျပာရယ္ကို အနည္းငယ္ ထပ္ထည့္လိုက္သည္။
"ၿပီးၿပီလား"
ခ်ူယြမ္က ေမးလိုက္သည္။
သြမ့္ပိုင္ယြဲ႔က ပန္းကန္ထဲရိွ မည္းတူးေနေသာအရာတစ္ကို ၾကည့္လိုက္ကာ ေအးစက္လွစြာ ေျဖလိုက္သည္။
"မၿပီးေသးဘူး"
"ဩ...."
သြမ့္ပိုင္ယြဲ႔က ၾကက္သြန္ၿမိတ္ကို လွီးလိုက္ကာ ငါးေၾကာ္ေပၚ ထပ္ျဖဴးလိုက္သည္။ သို႔ေသာ္ မည္သို႔မွပင္ မလိုက္ဖက္ဆပ။
ခ်ူယြမ္က ထရပ္လိုက္ကာ သူ႔ဆီ ေလ်ွာက္လွမ္းလာသည္။
သြမ့္ပိုင္ယြဲ႔က အိုးအဖံုးျဖင့္ ဟင္းခြက္ကို ဖံုးထားလိုက္သည္။ ထို႔ေနာက္ လူကို ေပြ့ခ်ီလိုက္ အျပင္သို႔ေခၚထုတ္လာခဲ့သည္။
ခ်ူယြမ္က သက္ျပင္းခ်လိုက္ရင္း ဆိုလာသည္။
"ေနာင္ဆို ငါ ဗိုက္ဆာၿပီးေသရေတာ့မွာ ေသခ်ာတယ္"
"အနည္းဆံုးေတာ့ ကိုယ္ ဆန္ေဆးတတ္ပါတယ္"
"ငါ့ကို အနပ္တိုင္း ထမင္းျဖဴခ်ည္း ေကြၽးမလို႔လား"
"မင္း ဘာစားခ်င္ေသးလဲ၊ ကိုယ္ ခ်က္တတ္ေအာင္ သြားသင္ခဲ့မယ္"
ခ်ူယြမ္က သြမ့္ပို္င္ယြဲ႔ပခံုးေပၚ ေမးတင္လိုက္ကာ ေျပာလာ၏။
"အင္း၊ Fu Tiao Qiang 佛跳墙 (တံတိုင္းခုန္ေက်ာ္တဲ့ ဘုန္းႀကီး ) မုန္႔"
"အင္း၊ ဟုတ္ၿပီ။ အိုသြားတဲ့ေန့က် မင္းၾကည့္ဖို႔ တစ္ေန့သံုးခါေလာက္ ကိုယ္ တံတိုင္းကို ခုန္ေက်ာ္ျပမယ္ "
" Wu Wan Ba Jian (五碗八件 )မုန္႔ေရာေနာ္"
"ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ ဟုတ္ၿပီ"
သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္း ေခါင္းညိတ္လိုက္၏။
ဒီေလာက္အျမန္ႀကီး ေခါင္းညိတ္လိုက္တာ သိပ္မသကၤာစရာပဲ။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ ဆံႏြယ္မ်ားကို ေဆာ့ကစားေနလိုက္ကာ စိတ္ထဲမွ ေတြးမိ၏။
လူပဲ လဲပစ္လိုက္ရမလား။
ဘာပဲေျပာေျပာ၊ တာ့ခ်ူမွာ ဒီေလာက္ လူေတြ ေပါမ်ားေနတာပဲ။
"ေပးမလဲဘူး"
သြမ့္ပိုင္ယြဲ႔က ျငင္းဆိုလိုက္သည္။
ခ်ူယြမ္ ႏႈတ္ခမ္းဆူမိသြားသည္။
အဲ့ေတာ့ မင္းက ငါ့ကို ဘာလုပ္ခ်င္တုန္း။
မင္းကမ်ား ကိုယ္ေတာ့္ကို ဘာလုပ္ခ်င္တာတုန္းလို႔။
သြမ့္ပိုင္ယြဲ႔ကေတာ့ ခ်ူယြမ္အား ပို၍ တင္းက်ပ္စြာပင္ ဖက္တြယ္ထားလိုက္ေလသည္။
******
အခ်ိန္ႏွစ္လၾကာၿပီးေနာက္။
ျမန္သည္ဟုလည္း ဆိုႏိုင္သလို ၾကာေညာင္းသည္ဟုလည္း ဆိုခ်င္ဆိုႏိုင္ေသာ အခ်ိန္ျဖစ္သည္။
တုန္းဟိုင္အေရးအခင္းႏွင့္ပတ္သက္ၿပီး ဆယ္ပံုလ်ွင္ ခုနစ္ပံုရွစ္ပံုမ်ွ ျပႆနာအရႈပ္အေထြးမ်ားကို ရွငး္လင္းၿပီးသားျဖစ္ေပၿပီ။ နန္းေတာ္မျပန္မီ ညမွာေတာ့ ယဲ့က်င္က ေခါင္မိုးထက္ လဲေလ်ာင္းေနကာ မိမိေနာင္ေတာ္ျဖစ္သူ၏ အိပ္ခန္းထဲသို႔ ဝင္သြားရံုတင္မက မီးပါၿငိမ္းလိုက္ေသာ လူကို ေတြ့လိုက္ေပသည္။
"ႏိုင္ငံေရးကိစၥေတြ ေဆြးေနြးေနၾကတာေနမွာပါ"
ရွန္ခ်န္းဖုန္းက အလိုက္သင့္ေျဖလိုက္သည္။
"အင္း"
ယဲ့က်င္က ေအးစက္စြာသာေျဖလိုက္သည္။
မီးေရာင္မရိွ ေမွာင္အတိက်ေနတဲ့ အခန္း၊
ေဘးနားမွာလည္း လူသူေတြ မရိွ ၊
ေသခ်ာေပါက္ကို တိုင္းျပည္အေရး ေဆြးေနြးဖို႔ဆိုတာ က်ိဳးေၾကာင္းသင့္ေလ်ာ္ေနတာပဲေလ။
*****
အခန္းထဲတြင္ လံုးဝ တိတ္ဆိတ္ေနသည္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ကုတင္ေခါင္းရင္းကို မွီၿပီးထိုင္ေနလ်က္ ခ်ူယြမ္ကို ရင္ခြင္ထဲ ထည့္ၿပီး ဖက္တြယ္ထားသည္။ မည္သူကမွ စကားမဟၾကဘဲ တစ္ေယာက္ႏွင့္တစ္ေယာက္ကိုသာ မွီခိုလဲေလ်ာင္းေနကာ ခပ္သဲ့သဲ့ၾကားေနရေသာ လိႈင္းတံပိုးသံမ်ားကိုသာ နားစြင့္ေန၏။
သန္းေခါင္လြန္ေတာ့မွ ခ်ူယြမ္ မ်က္ဝန္းမ်ား ေမွးစက္သြားကာ အိပ္ေမာက်သြားသည္။
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္အား ေစာင္ျဖင့္ လႊမ္းၿခံဳေပးလိုက္ကာ နဖူးျပင္ေပၚ အနမ္းတစ္ပြင့္ ဖိကပ္အပ္ႏွင္းေပးလိုက္သည္။
*****
ေနာက္တစ္ေန့မနက္ေရာက္ေတာ့ ခ်ူယေါမ္လည္း ေရႊၿမိဳ႔ေတာ္သို႔ ျပန္သြားကာ သြမ့္ပိုင္ယြဲ႔လည္း ရွီးနန္စစ္တပ္ကိုၪီးေဆာင္ၿပီး ရွီးနန္သို႔ ျပန္သြားခဲ့သည္။ လမ္းေဘးႏွစ္ဖက္တြင္ ရပ္ေနေသာ တိုင္းသူျပည္သားမ်ားက ႏွေျမာတသသျဖစ္ကာ တပ္မေတာ္ကို ဆုတ္ခြာမသြားေစခ်င္ၾကေသး။
တစ္အခ်က္က ဧကရာဇ္အရွင္ႏွင့္ မခြဲခြာခ်င္ေသးေသာေၾကာင့္ျဖစ္သည္။ ႏွစ္အခ်က္ ၊ ရွီးနန္ဝမ္ကိုလည္း မခြဲခြာေစခ်င္ေသးေသာေၾကာင့္ျဖစ္သည္။ မည္သို႔ပင္ဆိုေစ ၊ ရွီးနန္တပ္မေတာ္က သူတို႔အား ေခါက္ဆြဲေျခာက္အလံုးေလးမ်ား ေဝငွေပးကမ္းတတ္ၾကသည္ေလ။ တစ္ခါတစ္ရံ က်ပ္တိုက္ထားေသာ ဝက္သားမ်ားလည္း ရတတ္သည္၊ သစ္သီးေျခာက္မ်ားလည္း ရတတ္သည္ ၊ တာ့လီေတာင္ေပၚမွေကာက္လာေသာ မိႈမ်ားျဖင့္လည္း စြပ္ျပဳတ္လုပ္ေသာက္ၾကေသးသည္။ ပါးစပ္ထဲ စြဲက်န္ရစ္ခဲ့ေသာ ထိုအရသာမွာ ေနာက္တစ္ႏွစ္အထိ က်န္ရိွစြေဲၿမဲေနမည္သာ။
စားလို႔ေတာင္မဝေသးဘူးေလ၊
ျပန္ၾကေတာ့မွာလား။
*******
တာ့လီ ၿမိဳ႔ျပင္တြင္ျဖစ္သည္။
သြမ့္ေယာင္က ဝမ္းေျမာက္ဝမ္းသာ အေျပးေရာက္လာကာ ေအာ္ေခၚလာ၏။
"ေနာင္ေတာ္ေရ!!!!!!! "
သြမ့္ပိုင္ယြဲ႔က ျမင္းေပၚမွ ဆင္းလိုက္ကာ ညီျဖစ္သူအား ၿပံဳးျပလိုက္ရင္း -
"တစ္ႏွစ္တည္း မေတြ့ရတာေတာင္ အရပ္ႀကီး ရွည္ထြက္လာလိုက္တာ ၾကည့္စမ္း"
သြမ့္ေယာင္က အစ္ကိုျဖစ္သူ၏ အေနာက္ဘက္သို႔ လွမ္းေမ်ွာ္ၾကည့္လိုက္သည္။ ျမင္းရထားအရိပ္အေယာင္လည္း မေတြ့ရ။
"မရီးေတာ္ေရာဟင္"
"ၿမိဳ႔ေတာ္ကို ျပန္သြားၿပီ"
"ဟာ....."
သြမ့္ေယာင္မွာ လံုးဝ စိတ္ပ်က္သြားသည္။
"ေနာင္ေတာ္ တကယ္ကိုပဲ လူကိုအပိုင္ေခၚမလာတာလားဗ်။ အရီးေတာ္က်င္းဆို ဝတ္ရံုခ်ဳပ္ဖို႔ စက္ခ်ဳပ္ဆရာ ငွားထားၿပီးသြားၿပီ၊ ခုေတာင္ စံအိမ္မွာ လက္ဖက္ရည္ေသာက္ရင္း ထိုင္ေစာင့္ေနတာ"
"အေတာ္ပဲ၊ မင္းအတြက္ ဝတ္ရံုအသစ္ႏွစ္ထည္ ခ်ဳပ္ခိုင္းရမယ္"
"ပိုးထည္စအနီေတြပါဆိုေန"
တျခားလူ ဝတ္လို႔မရဘူးေလ။
သြမ့္ေယာင္က လက္သီးလက္ေမာင္းတန္းကာ ဆိုလိုက္သည္။ သြမ့္ပိုင္ယြဲ႔က ဤကိစၥအေၾကာင္း ဆက္မေျပာလိုေတာ့ ။
"ရွစ္ဖူးေရာ"
"နန္ယန္သြားတယ္"
"နန္ယန္လား။ ဘာသြားလုပ္တာလဲ"
"ဘယ္သူနဲ႔မွ မသက္ဆိုင္တဲ့ကိစၥပါတဲ့။ ရွစ္ဖူးဆီ စာတစ္ေစာင္ေရာက္လာတယ္၊ မိတ္ေဟာင္းေဆြေဟာင္းတစ္ေယာက္ဆီက စာတဲ့။ လူတစ္ေယာက္အတြက္ ေမြးေန့ဆုေတာင္းေပးဖို႔ဆိုလား၊ ရွစ္ဖူးၾကည့္ရတာ အရမ္းအူျမဴးတက္ႂကြေနတဲ့ပံုပဲ။ အဲ့ေန့ ေန့လယ္မွာတင္ လားတစ္ေကာင္ဆြဲၿပီး ခ်က္ခ်င္း ထြက္သြားေလရဲ့"
"ရွစ္ဖူးက သူမ်ားေတြလို မိတ္ေဟာင္းေဆြေဟာင္းေတြ ရိွေသးတယ္လား"
"အင္း၊ ကြၽန္ေတာ္လည္း အဲ့လိုေတြးမိေသးတယ္။ ဒါေပမယ့္ အရီးေတာ္က်င္းေျပာသလိုလည္း ဟုတ္သား၊ အိုးအကြဲေတာင္ သူနဲ႔အံဝင္ခြင္က်တဲ့ စေလာင္းဖံုးဆိုတာရိွတယ္တဲ့"
"ဘယ္ေတာင္ထြဋၠိုသြားမယ္၊ ဘယ္ေတာ့မျွပန္လာမယ္ဆိုတာေတြေရာ ေျပာသြားေသးလား"
"ဘယ္ေနရာမွန္းေတာ့မသိဘူး။ အနည္းဆံုး ႏွစ္တစ္ဝက္ေလာက္ေတာ့ ၾကာမယ္လို႔ေျပာတယ္။ နန္ယန္ကို တာ့ခ်ူဘက္က ဝင္သိမ္းခါနီးေလာက္က် အမီျပန္လာခဲ့မယ္ေျပာတယ္။ ဩ ၊ ရွစ္ဖူးကေျပာလိုက္ေသးတယ္။ ဒီတစ္ႏွစ္အတြင္း ေနာက္ေတာ္က ဘယ္လိုပဲေနေန မဂၤလာပြဲ က်င္းပမွာ မဟုတ္တာမို႔ အိမ္မွာေနလည္း အလကားပဲ ၊ အျပင္ထြက္သြားၿပီး လမ္းသလားေနတာမွ ပိုေကာင္းေသးတယ္ဆိုၿပီး ေျပာသြားပါေသးတယ္"
ေျပာရင္းဆိုရင္း ဒီေနရာပဲ ျပန္ဆိုက္ေရာက္လာေတာ့ သြမ့္ပိုင္ယြဲ႔ေခါင္းထဲ ဆစ္ခနဲ ကိုက္တက္လာ၏။
*****
ယဲ့က်င္လည္း ရွန္ခ်န္းဖုန္းႏွင့္အတူ သူရိယစႏၵာေတာင္စခန္းသို႔ ျပန္လည္လိုက္ပါသြား၏။ ေနာက္ဆံုးေတာ့ ထိပ္ေျပာင္ႀကီး၊ ခ်ိဳးငွက္မေထာင္တဲ့ေကာင္ႀကီးဟု တဖြဖြ လာႀကိမ္းတတ္ေသာလူတစ္ေယာက္ မရိွေတာ့သည္မို႔ ခ်ူယြမ္မွာ အေတာ္ေလးပင္ နားေဘးဒုကၡမွ ခ်မ္းသာရာရေနေပသည္။
"အမတ္မင္းေထာင္ အခစားဝင္ခြင့္ေတာင္းေနပါတယ္ဘုရား"
အျပင္ဘက္မွ ရွစ္ဇီက သံေတာ္ၪီးတင္လာသည္။ ခ်ူယြမ္က အစီရင္ခံစာတစ္ခုကို ေဝဖန္ခ်က္ေရးေနရင္းႏွင့္ပင္ -
"ကိုယ္ေတာ္ အရမ္းအလုပ္ရႈပ္ေနတယ္ ေျပာလိုက္"
"အမတ္မင္းေထာင္က ေျပာပါတယ္ဘုရား၊ မိဖုရားတင္ေျမႇာက္ဖို႔အေၾကာင္း လာေျပာတာ မဟုတ္ပါဘူးတဲ့"
"ဝင္ခြင့္ျပဳလိုက္"
ခ်ူယြမ္က အစီရင္ခံစာကို ခ်လိုက္သည္။ ေထာင္လ်ဲန္တာက ေတာ္ဝင္စာၾကည့္ေဆာင္ထဲ ဝင္လာ၏၊ မ်က္ႏွာလည္း လံုးဝမေကာင္းေပ။
"ဘာလဲ ၊ လ်ိဳအိုက္ခ်င္းက ထိုက္ဖူးအတြက္ ၾကင္ဖက္ရွာေပးေနလို႔လား"
ခ်ူယြမ္က လွမ္းစလိုက္သည္။
"မဟုတ္ေၾကာင္းပါဘုရား၊ မဟုတ္ရေၾကာင္းပါ"
အိမ္က ရွင္မသာ သိသြားလို႔ကေတာ့ ကိစၥျပတ္ၿပီပဲ။
"ဒါဆို ထိုက္ဖူး ဒီကိုလာတဲ့အေၾကာင္းရင္းက - "
"ကြၽန္ေတာ္မ်ိဳး စာတစ္ေစာင္ လက္ခံရရိွထားပါတယ္၊ ပိုင္ရွန္႔ျပည္က စာလႊာပါဘုရား"
"ပိုင္ရွန္႔ျပည္? က်င္းဆူးဆီကလား"
"ပိုင္ရွန္႔ျပည္ေခါင္းေဆာင္ကိုယ္တိုင္ ေရးသားေပးပို႔လာတဲ့ စာလႊာပါ"
"ပိုင္ရွန္႔ျပည္ေခါင္းေဆာင္ ? "
ခ်ူယြမ္ အေတာ္စိတ္ဝင္စားသြား၏။
"သူက ႏွစ္ႏိုင္ငံရဲ့ခ်စ္ၾကည္ေရးအင္အားကို အားကိုးအားထားျပဳျပီး နန္ယန္မွာ ကုန္သြယ္ေရးလမ္းေၾကာင္းအသစ္ ဖြင့္လွစ္ခ်င္လို႔ပါတဲ့ ၊။အရွင္မင္းျမတ္"
ခ်ူယြမ္ ရယ္မိသြားသည္။
"အရမ္း ရယ္ရတာပဲ။ အခု ရိွၿပီးသား ေလွသေဘၤာေလာက္နဲ႔ စားဖို႔ေသာက္ဖို႔ မေလာက္ေတာ့လို႔လား"
"အခုလက္ရိွ နန္ယန္ရဲ့ စီးပြားေရးအျေခအေနက အရမ္းတိုးတက္ေနလို႔ ျဖစ္ပါလိမ့္မယ္ဘုရား။ ဒါေၾကာင့္ ေရလမ္းခရီးက တျဖည္းျဖည္း စည္ကားလာၿပီး ကုန္သည္ေတြဆိုတာကလည္း အရင္းျပန္မရဘဲနဲ႔ကို မရိွၾကပါဘူး။ နန္ယန္မွာ ေရႊေငြေတြ ရိတ္သိမ္းဖို႔ ဒီေလာက္အဆင္သင့္ေပါမ်ားေနတာကို ဘယ္သူမဆို ပါဝင္ကတ္သက္ခ်င္လာမွာပဲဘုရား"
"ကုန္သြယ္ေရးအတြက္ ေရလမ္းခရီးအသစ္ ေဖာက္ဖို႔ဆိုတာ တစ္ႏွစ္ ႏွစ္ႏွစ္အတြင္း ျဖစ္ေျမာက္ႏိုင္တဲ့ကိစၥမွ မဟုတ္တာ။ တကယ္ေအာင္ျမင္သြားရင္ ပိုင္ရွန္႔ျပည္က တာ့ခ်ူထက္ေတာင္ အဆေပါင္းမ်ားစြာ အက်ိဳးအျမတ္ရမွာပဲ ။ ဒီေလာက္ထိ လူအားေငြအားျပဳန္းတီးမယ့္၊ ျပည္သူေတြကို အလဟႆ ပင္ပန္းေစမယ့္အျဖစ္မ်ိဳးကို စာေလးတစ္ေစာင္ေရးလာရံုနဲ႔တင္ ကိုယ္ေတာ့္ရဲ့သေဘာတူညီမႈကို ရႏိုင္မယ္ထင္သလား"
"မွန္ပါ့၊ ဒါေၾကာင့္ ပိုင္ရွန္႔ျပည္ေခါင္းေဆာင္ကိုယ္တိုင္ အရွင့္ဆီ လာခစားဖို႔ စိတ္ကူးအႀကံရိွေနေၾကာင္းပါ။ ဒီကိစၥကို ေသခ်ာေဆြးေနြးခ်င္ပါတယ္တဲ့ဘုရား "
"ကိုယ္တိုင္ ေရာက္လာမယ္ဟုတ္လား၊ ဘယ္ေတာ့လဲ"
"တစ္ဖက္လူရဲ့ ရည္ရြယ္ခ်က္အရ ေစာေစာလာႏိုင္ေလ၊ ပိုေကာင္းေလပဲ ျဖစ္မယ္လို႔ ယူဆထားပံုရပါတယ္"
ခ်ူယြမ္ ေခါင္းညိတ္လိုက္သည္။
"တစ္ေခါက္ေလာက္ေတြ့ခြင့္ျပဳလိုက္လည္း ဘာမွ နစ္နာမသြားပါဘူးေလ"
"ဒါဆိုလည္း ကြၽန္ေတာ္မ်ိဳး အခုပဲ ျပန္စာေရးၿပီး နန္ယန္ဆီ ေစလႊတ္လိုက္ပါ့မယ္ဘုရား။ ပိုင္ရွန္႔ျပည္ေခါင္းေဆာင္ကို တာ့ခ်ူဆီ တစ္ခါတစ္ေခါက္ အလည္ေရာက္လာဖို႔ ဖိတ္ေခၚလိုက္ပါ့မယ္"
ခ်ူယြမ္လည္း ခြင့္ျပဳလိုက္ကာ သူထြက္သြားသည္ကို ၾကည့္လိုက္ၿပီးေနာက္ ရွစ္ဇီကို လွမ္းေခၚလိုက္သည္။ ဉယ်ာဥ္ေတာ္ထဲ လမ္းေလ်ွာက္ထြက္လိုေသာေၾကာင့္ျဖစ္သည္။
ဤရက္ပိုင္းအတြင္း အရွင္မင္းျမတ္မွာ အလုပ္ကိစၥမ်ားႏွင့္သာ ရႈပ္ေထြးလံုးပမ္းေနခဲ့ရွာသည္။ ယခုလိုမ်ိဳး ရႈခင္းမ်ားကိုရႈစားလိုေသာ ဆႏၵမ်ိဳး ျဖစ္ေပၚလာသည္က ရွား၏။ ရွစ္ဇီလည္း အျမန္ပင္ အျခားအေႁခြအရံမ်ားကို သစ္သီးႏွင့္မုန္႔မ်ားျပင္ဆင္လိုက္ေစၿပီး ဉယ်ာဥ္ေတာ္ထဲက ဇရပ္သို႔ လာေရာက္ဆက္သေပးထားေစ၏။ က်န္းနန္ေဒသထြက္ အေကာင္းဆံုးလက္ဖက္ရည္ဆိုေသာ က်န္းနန္ခ်င္း (江南青) ကိုပါ ဆက္သလာေစ၏။
"က်န္းနန္ခ်င္း? ဒါက ဝမ္းအိုက္ခ်င္း ပို႔လာတဲ့ လက္ဖက္ေတြမလား"
"ဟုတ္မွန္ေၾကာင္းပါဘုရား။ အမတ္မင္းဝမ္းအိမ္ကထြက္တဲ့ ေတာင္ေပၚလက္ဖက္စစ္စစ္ပါတဲ့ ။ တစ္ဆင့္စကားတစ္ဆင့္နား ေျပာၾကသေလာက္ဆို အမတ္မင္းဝမ္းရဲ့မိခင္က လက္ဖက္တစ္ရြက္ခ်င္းစီကို ေသခ်ာခူးၿပီး ေပါင္းခဲ့တာမို႔ ပုရိသေယာက္်ားေတြရဲ့ အနံ႔အသက္ေတြ တစ္စက္မွ စြန္းထင္းျခင္းမရိွပါဘူးတဲ့"
ခ်ူယြမ္က ၿပံဳးလိုက္ကာ ဆက္ဆို၏။
"အဲ့လိုသာဆို တကယ္ရွာရခက္တဲ့ လက္ဖက္ရည္ျဖစ္ေနတာပါ့လား။ ဝမ္းအိုက္ခ်င္းက ဝတ္ရံုအနားသတ္ ျဖဴမြတ္သန္႔စင္တဲ့လူ * ဆိုေတာ့ ကိုယ္ေတာ့္ဆီ သူ လက္ေဆာင္ပို႔လာတာ သိပ္မရိွဘူး။ ဒီတစ္သက္စာ ဖူလံုေအာင္ ျဖည္းျဖည္းခ်င္းစီ ေႁခြတာၿပီးေသာက္ၪီးမွပါ "
( * ရိုးသားျဖဴစင္ၿပီး အဂတိလိုက္စားတာမရိွတဲ့လူ၊ လက္ေဆာင္ပဏၰာေတြနဲ႔ ဗန္းျပၿပီး ဖားတဲ့လူ မဟုတ္တဲ့လူကို ဆိုလိုတာပါတဲ့)
ေျပာလို႔မွမဆံုးေသး ၊ ခပ္လွမ္းလွမ္းမွ အဘိုးအိုတစ္ေယာက္က သူတို႔ဆီေလ်ွာက္လွမ္းလာသည္။
"အဘိုးမုခ်ီ"
ခ်ူယြမ္က အဘိုးအိုမုခ်ီကိုဆို အေတာ္ေလး ေလးစားရိုေသ၏။
"အရွင္မင္းျမတ္ကို ဂါရဝျပဳပါတယ္ဘုရား"
အဘိုးမုခ်ီက ႏႈတ္ဆက္ဂါရဝျပဳလိုက္သည္။ အရင္တုန္းကလို ေျခၪီးတည့္ရာ ထြက္ေျပးေနစရာလည္း မလိုေတာ့ဘဲ နန္းေတာ္ထဲ ေရာက္လာေတာ့ ဘယ္သူကမွ လိုက္သတ္ျခင္းလည္း မရိွ အိပ္ဝင္စားေပ်ာ္ေန၏။ ထို႔ေၾကာင့္ လြတ္လပ္ေပ်ာ္ရႊင္စြာ ေနထိုင္လာခဲ့ကာ အဘိုးမုခ်ီမွာ အရင္ကထက္စာလ်ွင္ အေတာ္ေလး စိုရႊန္းျပည့္ၿဖိဳးလို႔ ။
"အဘိုး ဘယ္သြားမလို႔လဲ"
"မွန္လွပါ၊ ေစာနကေတာ့ ေတာင္ပို႔နားမွာ တစ္ေရးအိပ္ေနတာပါဘုရား။ လက္ဖက္နံ႔ရလို႔ ဒီကိုေရာက္လာတာ"
ခ်ူယြမ္က ၿပံဳးလိုက္ကာ -
"ဩ၊ လက္စသတ္ေတာ့ အဘိုးလည္း လက္ဖက္ေတြကို ႏွစ္သက္တတ္တာကိုး"
"ဒီလက္ဖက္နံ႔ကို ကြၽန္ေတာ္မ်ိဳး အရမ္း ရင္းႏွီးေနလို႔ပါ။ က်န္းနန္က ထြက္တာလားဘုရား"
"ဟုတ္တယ္"
"ဘယ္ေတာင္က လက္ဖက္လဲဘုရား"
"ဘယ္ေတာင္ကထြက္တဲ့လက္ဖက္လဲလို႔ ေျပာလိုက္ရင္ေတာင္ အဘိုး လိုက္ရွာၿပီးဝယ္လို႔လြယ္မွာမဟုတ္ဘူး။ ဒီလက္ဖက္က ေရာင္းကုန္ပစၥည္းမဟုတ္ဘူးတဲ့။ လာ လာ... အဘိုးအတြက္ ကိုယ္ေတာ္ နည္းနည္းမ်ွေပးမယ္"
"ဒါဆို ဒီလက္ဖက္ေတြရဲ့ပိုင္ရွင္ကေရာဘုရား"
အဘိုးမုခ်ီက အဆံုးထိ ႏိႈက္ေမးလာ၏။
ခ်ူယြမ္ နားမလည္ေပ၊ အတတ္ႏိုင္ဆံုး မွန္းၾကည့္လိုက္၏။
"အဘိုးနဲ႔ ဒီလက္ဖက္ပိုင္ရွင္နဲ႔က သိကြၽမ္းၾကလို႔လား"
"ဒီမတိုင္ခင္ ကြၽန္ေတာ္မ်ိဳး သိုင္းေလာကထဲက်င္လည္ေနတုန္းက လူေတြလိုက္သတ္တာခံေနရတဲ့အခ်ိန္မွာ ဒီလက္ဖက္ရြက္ပိုင္ရွင္က ကြၽန္ေတာ္မ်ိဳးရဲ့ အသက္ကိုကယ္တင္ဖူးတဲ့ ေက်းဇူးရွင္ပါလို႔ေတာင္ ေျပာလို႔ရပါတယ္ခင္ဗ်ာ။ ဒါေပမယ့္ အဲ့အခ်ိန္တုန္းက ဒဏ္ရာအႀကီးအက်ယ္ရၿပီး သတိရတစ္ခ်က္မရတစ္ခ်က္ ျဖစ္ျဖစ္ေနေတာ့ အဲ့ပုဂၢိုလ္ရဲ့မ်က္ႏွာကို ေသခ်ာမျမင္လိုက္ရပါဘူး။ ဒါေပမယ့္ ဒီလက္ဖက္ရဲ့ ခ်ိဳေမႊးတဲ့ အနံ႔အသက္ကိုေတာ့ မွတ္မိေနပါေသးတယ္ဘုရား"
"ဒီလိုအျဖစ္မ်ိဳးလည္း ရိွဖူးတယ္လား"
ခ်ူယြမ္ အေတာ္အံ့ဩသြား၏။
ဤလက္ဖက္မွာ ဝမ္းအိုက္ခ်င္းတို႔မ်ိဳးရိုး ပိုင္ဆိုင္ေသာ ေတာင္မွ ထြက္ေလရာ ဝမ္းမ်ိဳးရိုးဆိုသည္မွာလည္း က်န္းနန္နယ္တြင္ မ်ိဳးရိုးစဥ္ဆက္ စာေပပညာရွင္မ်ိဳးရိုးအျဖစ္ ရွင္သန္ေနထိုင္လာခဲ့ျခင္းျဖစ္သည္။ သိုင္းပညာတတ္ေျမာက္ၿပီး သိုင္းသမားတစ္ေယာက္ကို ကယ္တင္ေပးမည့္ကိစၥဆိုသည္မွာ သိပ္ၿပီး ယုတၲိမရိွ။
"အရွင္မင္းျမတ္"
ရွစ္ဇီက ခပ္တိုးတိုးေျပာလာသည္။
"အမတ္မင္းဝမ္းက အေတာ္ေလးအားနည္းေဖ်ာ့ေတာ့တဲ့အသြင္ရိွေပမယ့္ တရားမ်ွတၿပီး ရဲစြမ္းသတၲိရိွလွပါတယ္။ ဒီမတိုင္ခင္လည္း ထ်ဲန္းယာဟိုင္ဂိုဏ္းက အမ်ိဳးသမီး သိုင္းပညာရွင္တစ္ေယာက္ရဲ့ အသက္ကိုေတာင္ ကယ္ထားေသးတာ။ ခုဆို ဟိုအမ်ိဳးသမီးက သူ႔ရဲ့ ေမြးစားမိခင္အျဖစ္ေတာင္ ခံယူထားပါတယ္တဲ့ဘုရား"
ခ်ူယြမ္ - "......"
ဒီလိုကိစၥမ်ိဳးကို ဘယ္တုန္းက ဒီေလာက္ထိ ရွင္းရွင္းလင္းလင္း သြားစံုစမ္းထားတာလဲဟမ္...ရွစ္ဇီ။
ခ်ူယြမ္ ထပ္ေမးၾကည့္လိုက္သည္။
"အဲ့လက္ဖက္ေတာင္ေပၚမွာ ဘာေတျြဖစ္ခဲ့မွန္း အဘိုး ကိုယ္ေတာ့္ကို ရွင္းျပေပးပါၪီးလား"
"တကယ္တမ္းေတာ့ ဘာမွရႈပ္ေထြးတဲ့ ဇာတ္လမ္းမဟုတ္ေၾကာင္းပါဘုရား ။ လြန္ခဲ့တဲ့ ကိုးႏွစ္တုန္းက ကြၽန္ေတာ္မ်ိဳးကို ရန္သူတစ္ေယာက္က လိုက္သတ္ခဲ့ပါတယ္။ ေရ႔ွေနာက္ေတာင္ေျမာက္မသိေတာ့ဘဲ ေျခၪီးတည့္ရာေျပးသြားလိုက္တာ လက္ဖက္ေတာင္တစ္ေတာင္ကို ေရာက္သြားပါတယ္ ၊ ဒါေပမယ့္ အားအင္ကုန္ခမ္းၿပီး ေမ့လဲသြားပါေလေရာ။ သတိက ရတစ္ခ်က္ မရတစ္ခ်က္ျဖစ္ေနခ်ိန္မွာ တစ္ေယာက္ေယာက္က ကြၽန္ေတာ္မ်ိဳးကို ဆြဲေခၚၿပီး အခန္းတစ္ခုထဲ ထည့္ဖြက္ထားလိုက္ပါတယ္။ ေဘးပတ္ဝန္းက်င္မွာလည္း ဒီလိုအနံ႔မ်ိဳးေတြ သင္းပ်ံ့ေနတာပဲဘုရား"
ခ်ူယြမ္က ထပ္ေမး၏။
"အဘိုးကို လိုက္သတ္တာကေရာ ဘယ္သူလဲ"
အဘိုးမုခ်ီက ခါးသက္စြာ မုန္းတီးေသာမ်က္ႏွာျဖင့္ေျဖလာ၏။
"ပိုင္ရွန္႔ျပည္သားေတြပါဘုရား"
******
Thz for Waiting.
Happy New Year. 💜💛
*****