ထိုမြွေနဂါးကြီး၏ ခေါင်းသည်ပင် အတော်ကြီးမားလှသည်၊ နှစ်ခွသောလျှာကလည်း နက်ပြာရောင်သမ်းနေကာ ၎င်း၏အရွယ်အစားအရ အားကောင်းမောင်းသန် ယောကျာ်းရင့်မာကြီး သုံးယောက်လောက်ကို အသာလေး မျိုချနိုင်ပေသည်။
"ဘုရားရေ.....မြွေမိစ္ဆာအဖြစ် အသွင်ပြောင်းလို့တောင်ရမယ့် အရွယ်ကြီးပါလား"
စစ်ကုန်းလွီ့ မှတ်ချက်ဆိုလာခြင်းဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ဆိုသည်။
"ခုနေ ဘာမှမလှုပ်ရှားကြသေးနဲ့ဦး။ အခုလောလောဆယ် ရှစ်ဖူးက ကမ်းစပ်ဘက် ပြန်သွားပြီး ယောင်အာနဲ့ တပ်သားတွေကို သွားခေါ်ပေးပါ၊ ကျွန်တော် အဲ့အကောင်ကြီးကို တခြားဘက် မျှားခေါ်သွားမယ်။ ကျန်တဲ့လူတွေကို ဒီကျောက်တုံးကြီး လာသယ်သွားခိုင်းလိုက်"
နန်မော်ယဲ့လည်း ချက်ချင်းပင် ယောင်အာရှိရာဆီ အပြေးလေးထွက်သွားသည်။
ချူယွမ် မျက်နှာတစ်ခုလုံး ရှုံမဲ့နေလျက်။
သူ ဘာကိုစိုးရိမ်နေမှန်း သွမ့်ပိုင်ယွဲ့ ကောင်းကောင်းကြီး သိနေပါသည်။
"စိတ်ချပါ။ ဒီမှာက မြွေဆိပ်ကိုမကြောက်တော့တာ ကိုယ်ပဲရှိတာလေ၊ အဲ့အကောင်က တကယ်ကြီး မြွေမိစ္ဆာဖြစ်နေလည်း ဘာအရေးလဲ။ ခဏနေကျ ရှစ်ဖူးနောက်ကို လိုက်သွားလိုက်နော်။ မင်းကိုယ်မင်းသာ သေချာစောင့်ရှောက်ရစ် ၊ ဟုတ်ပြီလား"
ချူယွမ်မှာ အတန်ကြာ လေးဖင့်ပြီးခါမှ -
"အင်း၊ သတိထားဦး"
"ဟုတ်ပါပြီ"
နှစ်ယောက်သား၏ အကြည့်များမှာ အတန်ကြာအောင် ဆုံစည်းသွားလျက်။
ဘေးနားရှိ စစ်ကုန်းလွီ့မှာတော့သက်ပြင်းချနေပေပြီ။
အိုကွယ်.....အခု ဘယ်လိုအချိန်ထဲ ရောက်နေတာလဲ ။ ဒါတောင် အချင်းချင်း အကြည်ဆိုက်အားသေးတယ်လား။
******
အတန်ကြာတော့မှ နန်မော်ယဲ့က သူတို့စောင့်နေသောနေရာသို့ ပြန်ရောက်လာ၏။ သွမ့်ယောင်နှင့် တပ်သားများက တောအစပ်နားရောက်နေပြီဖြစ်ကြောင်း ၊ သွမ့်ပိုင်ယွဲ့ထံမှ အမိန့်ရသည်နှင့် စတင်လှုပ်ရှားတော့မည်ဖြစ်ကြောင်း ပြောလာ၏။
"အခုပဲ စလိုက်ကြစို့ "
နန်မော်ယဲ့က သွမ့်ပိုင်ယွဲ့အား သေချာ သတိပေးလိုက်သည်။
"အဲ့မြွေကြီးနဲ့ရင်ဆိုင်ဖို့က အတော်လေး ခက်လိမ့်မယ်။ လုံးဝမပေါ့နဲ့၊ ကြားလား"
သွမ့်ပိုင်ယွဲ့လည်း ဆရာဖြစ်သူ၏ စကားကို ခေါင်းညိတ်နာခံလိုက်ကာ ရွှမ်မင်ဟန်ထျယ်ဓားကို ကိုင်စွဲပြီး ထွက်သွားတော့သည်။
ထိုသူ ထွက်သွားသည်ကိုမြင်တော့ ကျန်နေခဲ့ရသည့် ချူယွမ်မှာ အသက်ရှူပင် ရပ်သွားတော့မတတ် ဖြစ်ကျန်ခဲ့သည်။ ရင်ဘတ်အစုံမှာ စိုးရိမ်သောကများကြောင့် နာကျင်တစ်ဆို့နေရပေပြီ။
*****
မြွေနဂါးကြီးမှာ အိပ်စက်ရန်ပြင်နေသော်လည်း ဘေးနားသို့ရောက်လာသော အသံတစ်ခုကြားလိုက်တော့ ချက်ချင်းပင် ခေါင်းပြန်ထောင်လာကာ ရောက်လာသော အနှီသူစိမ်းယောက်ျားကို စိတ်ဝင်တစား ကြည့်လာ၏။
သွမ့်ပိုင်ယွဲ့ကမူ ထိုမြွေနဂါးကြီးအား တစ်ကိုယ်လုံး လှည့်လာဖို့ထိ အချိန်မပေးနိုင်၊ ချက်ချင်းပင် ဓားကိုဆွဲထုတ်ကာ တဟုန်ထိုး တိုက်ခိုက်လိုက်သည်။ ဤကျွန်းပေါ်တွင် နှစ်အတော်ကြာ ကျင်လည်ကျက်စားလာခဲ့သော်လည်း မြွေကြီးအဖို့ သူ့အား မကြောက်မရွံ့ ရဲဝံ့စွာ တိုက်ခိုက်လာသော ပြိုင်ဘက်မျိုးနှင့် ယခုမှ တွေ့ဖူးတော့သည်။ ဓား၏အသွားနှင့် မြွေအကြေးခွံတို့ ထိသွားတိုင်း ထိခိုက်သံ မြည်ရုံသာမြည်ကာ အသွေးအသားများအထိ ထိုးဖောက်နိုင်ခြင်းမရှိခဲ့။
"အရေထူလိုက်တာကွာ...."
စစ်ကုန်းလွီ့က ထိုမြင်ကွင်းကိုကြည့်ရင်း အားမလိုအားမရ ဆိုလာ၏။
ချူယွမ်လည်း လက်စွဲတော်ဓားကို အသငင့်ကိုင်ဆောင်ထား၏။ အခြေအနေမဟန်တော့သည်နှင့် ချက်ချင်းပင် အပြေးဝင်သွားတော့မည်ဖြစ်သည်။
ခဏကြာတော့ ထိုမြွေကြီးအား ဒေါသထွက်နိုင်အောင် ဆွပေးနိုင်ခဲ့သည် ။ ပါးပျဥ်းကြီးကိုထောင်လိုက်ကာ ကျူးကျော်လာသူအား စတင်တိုက်ခိုက်လာ၏။ သွမ့်ပို်င်ယွဲ့လည်း လှမ်းပေါက်လာသော တိုက်ခိုက်မှုများကို ရှောင်တိမ်းနေလိုက်သည်။
သို့သော် နောက်ဆုံးမှာတော့ မှိန်ပျသောလရောင်ထဲ လက်ခနဲ ရောင်ပြန်ဟပ်သွားသော ဓားသွားမှာ မြွေကြီး၏ နူးညံ့လှသောဗိုက်သားကို ဦးတည်ပြီး ထိုးသွင်းနိုင်လိုက်လေသည်။ ချင်းချင်းနီသော သွေးများမှာ ဖွားခနဲ လွင့်စင်သွား၏။
နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာသော သတ္တဝါတစ်ကောင်မို့ အသိစိတ်တော့ ကိန်းအောင်းနေမည်မှာသေချာသည်။ ၎င်းမှာ ဤကျွန်းေပါ်၌သာနေပြီး တံငါလှေများကိုပြဿနာရှာခြင်းမပြုသဖြင့် ထိုမြွေနဂါးကြီးကို သွမ့်ပိုင်ယွဲ့ မသတ်လိုပေ။
ထိုမြွေကြီးကတော့ အသားနာသွားသဖြင့် ပိုလို့ပင် ဒေါသထွက်လာသည်။ မာန်ဖီလာသော ၎င်း၏ ကြီးမားလှသည့် ပါးစပ်ကြီးထံမှ ပုပ်အဲ့အဲ့အနံ့များ လှိုင်ထွက်လာ၏။ ၎င်း၏ထိုးနှက်တိုက်ခိုက်မှုများကို သွမ့်ပိုင်ယွဲ့က ရှောင်တိမ်းလိုက်ရင်း တောအုပ်၏ အခြားတစ်ဘက်သို့ တဟုန်ထိုးပြေးသွားခြင်းဖြင့် ၎င်းကို မျှားခေါ်သွားလိုက်သည်။
မြွေနဂါးကြီးကလည်း သူ့နောက်သို့ အမြန်လိုက်သွားသည်။ ခါယမ်းရိုက်ခတ်လိုက်သော ၎င်း၏အမြီးကြီးက ထျဲန်းချန်ရှားကို ကလော်ထုတ်ပေးလိုက်သလို ဖြစ်သွားကာ မြေပေါ် ထပ်ပြီး ပေါ်ထွက်လာ၏။ တကယ်ကိုပင် ကောင်းကင်ဘုံမှ ချီးမြှင့်လာသော ကံကောင်းခြင်းတစ်ခုပါပေ။
နန်မော်ယဲ့က သွမ့်ယောင်ထံ အချက်ပေးလိုက်သည်။ ရှီးနန်တပ်သားများလည်း ချက်ချင်းပင် ရောက်ချလာပြီး ရောင်ခြည်အနီများ ဖြာထွက်နေသည့် ထိုဧရာမကျောက်တုံးကြီးကို အဝတ်မည်းဖြင့်အုပ်လိုက်ကာ အမြန်ပင် တူးထုတ်လိုက်ကြသည်။ ထို့နောက် ကြိုးများဖြင့် သေချာအောင် ချည်နှောင်ပြီး ကမ်းစပ်သို့ သယ်ဆောင်လာခဲ့ကြသည်။စစ်ကုန်းလွီ့လည်း ထိုကျောက်တုံးကြီးကို ကူထမ်းပေးလိုက်သည်။
မောလွန်းလို့ ဟောဟဲလည်းလှိုက်နေပြီ။
သူများတကာတွေက ရတနာသိုက် လာရှာကြတာ၊ ငါကတော့ စောင်သူငယ်ချင်းကြီးအတွက် ကုတင်ခိုးပေးနေရတယ်။
သူ့ဘာသာသူ အဖိုးတန်ပစ္စည်းဟုတ်မဟုတ် မပြောသေးနဲ့ ၊ လေးတာကတော့ ဆွေမျိုးမေ့သွားချင်ချင်ပဲ။
******
မြွေနဂါးကြီးမှာ အမျက်တချောင်းေချာင်းထွက်နေကာ လျှာနှစ်ခွကလည်း တစ်လစ်တစ်လစ် ပြူတစ်ပြူတစ်နှင့်။ အမြီးကို ဒေါသတကြီး ခါယမ်းပစ်လိုက်တိုင်း သစ်ပင်ခြုံနွယ်များမှာ အတုန်းအရုန်း လဲပြိုကုန်၏။ သွမ့်ပိုင်ယွဲ့ကသစ်ပင်ကြီးတစ်ပင်ပေါ် ခုန်တက်လိုက်ကာ ပုန်းနေလိုက်သည်။ ထွက်သက်ဝင်သက်ကို တိုးလျငြိမ်သက်စေပြီး မြွေကြီးကို အစဥ်မပြတ် စောင့်ကြည့်နေလိုက်သည်။
ခဏကြာတော့ ထိုမြွေကြီးက ဘယ်မှမသွားဘဲ ထိုနေရာတွင်ပင် ပြန်ခွေနေလိုက်သည်။
အချိန်ကို ခန့်မှန်းကြည့်လိုက်တော့ အားလုံးက သင်္ဘောပေါ် ပြန်ရောက်လောက်ပြီ။ ထို့ကြောင့်သွမ့်ပိုင်ယွဲ့လည်း အခြားသူများဆီ ပြန်သွားရန် အပင်ပေါ်မှ ဂရုတစိုက် တိတ်ဆိတ်စွာ ဆင်းလိုက်သည်။ သို့သော် ထိုမြွေကြီး၏ မျက်လုံးများမှာ ဖျတ်ခနဲ ပြန်ပွင့်လာ၏။ သွမ့်ပိုင်ယွဲ့၏ခြေလှမ်းများလည်း ချက်ချင်းရပ်ဆိုင်းသွားသည်။
အတော်ကြာသည့်အထိ နှစ်ဖက်စလုံး ဘယ်ဘက်ကမှ စတင်လှုပ်ရှားမှုမပြုကြ၊ ခဏကြာတော့မှ မြွေနဂါးကြီးက ပြန်ခွေနေလိုက်သည်။
သွမ့်ပိုင်ယွဲ့ သက်ပြင််းခိုးချလိုက်ပြီးနောက် ရှေ့ဆက်လှမ်းလိုက်မည်ပြင်၏။
သို့သော် ......
လေထုအားဖြိုခွင်းပြီး သူ့ဆီ ဦးတည်လာသော အသံတစ်ခု။
နဂါးခုနှစ်ဖော် ဓားပျံတစ်စင်းက သူ့နောက်ရှိ သစ်ပင်၏ ပင်စည်ပေါ်တွင် အဟုန်ပြင်းစွာစိုက်ဝင်သွား၏။ ဓားဦးမှာ အနီရောင်မြွေတစ်ကောင်၏ နှလုံးသားရှိရာ ေနရာတည့်တည့်ထက် စိုက်ဝင်နေလျက်ရှိကာ ထိုမြွေမှာ လူးလွန့်ခွင့်ပင်မရလိုက်ဘဲ ဇီဝိန်ချုပ်သွား၏။
သွမ့်ပိုင်ယွဲ့အတော် အံ့ဩသွားသည်။
"သွားစို့"
ချူယွမ်က သွမ့်ပိုင်ယွဲ့လက်အား ကိုင်ဆွဲလိုက်ကာ အမြန်ပြေးထွက်လာတော့သည်။
မြွေနဂါးကြီးကလည်း ခြေသံများကို ကြားလိုက် တော့ မျက်ဝန်းများပြန်ပွင့်လာသည်။ ထို့ကြောင့် သွမ့်ပိုင်ယွဲ့လည်း များများစားစား မစဥ္းစားအားတော့၊ မီးခိုးဗုန်းအချို့ကို ထိုမြွေကြီးထံ ပစ်လွှတ်ဖောက်ခွဲပစ်လိုက်ကာ ချူယွမ့်လက်ကို အုပ်မိုးဆုပ်ကိုင်လိုက်ပြီး ပြေးလာခဲ့၏။
မြွေကြီး၏ မျက််လုံးများမှာ မီးခိုးမှိုင်းများကြောင့် အတော်စပ်သွားရာ ပိုလို့ပင် အမျက်ချောင်းချောင်းထွက်သွား၏။ ထိုနှစ်ယောက်နောက်အား ဒေါကြီးမာန်ကြီးနှင့်လိုက်လာလေရာ ဘေးရှိသစ်ပင်များမှာ ၎င်း၏အမြီးရိုက်ခတ်မှုကြောင့် ပြိုလဲပြီး လမ်းတစ်ခုပင် ဖြစ်သွားလေသည်။ သူတို့နှစ်ယောက်၏ ရှေ့သို့လည်း သစ်ပင်များ ပြိုကျလာသည်။ ထိုသစ်ပင်များ ပြိုကျလာသည်ကို ဘေးသို့ ရှောင်တိမ်းလိုက်နိုင်ပေမင့် ထိုသစ်ပင်များထံမှ အနီရောင်မြွေသေးသေးလေးများ ဖွားခနဲ ဖွားခနဲ တဖြုတ်ဖြုတ်ပြုတ်ကျလာ၏။ အင်မတန်ကို များပြားလှသောအရေအတွက်မို့ မိုးပေါ်ကနေ ပြုတ်ကျလာလေသလားလို့ပင် ထင်မှတ်မှားစရာပေ။
သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် ဓားကိုဆွဲထုတ်လိုက်ကာ ထိုမြွေများကိုရှင်းထုတ်ပစ်၏။ ရှင်းပစ်သည့်ကြားထဲ မြွေနီလေးတစ်ကောင်က ချူယွမ့်ပခုံးပေါ်ပြုတ်ကျလာသည်။ ၎င်းက ပါးစပ်ကြီးဖြဲပြီး ကိုက်တော့မည်အပြု သွမ့်ပိုင်ယွဲ့က ချူယွမ်လက်ကို ဆွဲပြီးချုပ်ထိန်းထားလိုက်ကာ မိမိလက်အား အစားထိုးပြီး ပေးကိုက်စေလိုက်သည်။
"မင်း..."
ချူယွမ်ခမျာ အတော်ပင် စိုးရိမ်ထိတ်လန့်သွားသည်။ မျက်နှာပေါ်တွင် သွေးရောင်ပင်မရှိတော့။ သွမ့်ပိုင်ယွဲ့လက်ကို တွန်းပစ်ဖို့လုပ်လိုက်သေးသော်လည်း မမီလိုက်ဘဲ ထိုမြွေ၏အစွယ်က သွမ့်ပိုင်ယွဲ့အသားထဲ ထိုးဖောက်နစ်ဝင်ပြီးသွားပြီဖြစ်သည်။ မြွေစွယ်ထက်တွင် သွေးစများပေကျန်နေလို့ ၊ သွားရည်တန်းလည်း ညှီစို့စို့အနံ့နှင့်၊ သေချာပေါက်ပင် ၎င်း၏အဆိပ်များကို သွမ့်ပိုင်ယွဲ့သွေးထဲ ထည့်သွင်းလိုက်ပြီးဖြစ်ပေသည်။
ချူယွမ့်နှလုံးသားကြီးတစ်ခုလုံး ဝုန်းခနဲပြုတ်ကျသွားသလိုပင်၊ ခြေဖျားလက်များကပါ ချက်ချင်း အေးစက်သွား၏။
သို့သော် -
ခဏအကြာ ထိုမြွေက တစ်ကိုယ်လုံးတောင့်တင်းသွားကာ မြေပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။
"ဗောဓိစိတ္တသိုင်းကို ကျင့်ပြီးသွားတာနဲ့ ဒီတောအုပ်ထဲမှာ ကိုယ့်ထက် အဆိပ်ပြင်းတဲ့အကောင် မရှိတော့ဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ့်ခါးကို လှမ်းဖက်လိုက်သည်။ ထို့နောက် အေးစက်သော အရှိန်အဝါများ စိမ့်ထွက်လျှံကျနေသည့် လက်စွဲတော်မိစ္ဆာဓားကြီးကို ကိုင်စွဲကာ လမ်းတစ်လျှောက် ကာဆီးလာသောအရာမှန်သမျှ ရှင်းလင်းဖယ်ရှားလာခဲ့သည်။
"ဒီဘက်မှာဗျို့!!!!!! "
သွမ့်ယောင်က သင်္ဘောပေါ်မှ လှမ်းပြီး အော်ခေါ်လိုက်သည်။
သွမ့်ပိုင်ယွဲ့လည်း ချူယွမ်ကို ဖက်ထားရင်းနှင့်ပင် လေဟာပြင်ထဲ ခုန်တက်လိုက်၏။ ရေမျက်နှာပြင်ထက် ခြေလှမ်းအနည်းငယ်မျှသာ ထိစပ်သွားပြီးနောက် သင်္ဘောပေါ်သို့ ဘေးကင်းစွာ ရောက်ရှိသွားပြီ။
"သင်္ဘော ပြန်ထွက်ကြစို့ဟေ့"
နန်မော်ယဲ့က အမိန့်ပေးလို်က်သည်။
သင်္ဘောကြီးမှာ လေအဟုန်ကို အားပြုကာ လျင်မြန်စွာ ထွက်ခွာသွား၏။ လိုက်စရာ သားကောင် မရှိတော့သော မြွေအထွေးလိုက်ကြီးမှာ ကမ်းစပ်မှာသာ ကျန်ရစ်နေကြပြီးနောက် လာရာလမ်းအတိုင်း ပြန်လှည့်သွာသည်။ ထို့နောက် တိမ်သလ္လာကန္တာတောင်ထွဋ်ကလည်း နဂိုအတိုင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေပြီ။ အရှေ့အရပ်တွင်လည်း ရွှေရောင်သမ်းသော အရုဏ်ဦးရောင်ခြည်ထွက်ပေါ်လာပြီ။ ဘာအဖြစ်အပျက်မှ ဖြစ်မသွားခဲ့သလိုပင်။
****
နန်မော်ယဲ့က ပြောလာ၏။
"ဒီလောက်အကြာကြီးရှိနေပြီကို အဲ့တောအုပ်ထဲကနေ မင်း ဘာလို့ထွက်မလာသေးတာလဲ၊ ဘာများဖြစ်နေပြီလဲလို့ စိတ်ပူလိုက်ရသေးတယ်။ ယောင်အာတောင်မှ တပ်သားတွေခေါ်ပြီး မင်းနောက် လိုက်သွားတော့မလို့"
"ပြဿနာနည်းနည်းတက်သွားလို့ပါ၊ ဒါပေမယ့် ဘာမှမေပြာပလောက်ပါဘူး။ အဲ့မြွေနဂါးကြီးအပြင် မြွေသေးသေး အေထွးလိုက်ကြီးနဲ့ ့သွားတိုးသေးတယ်"
ချူယွမ်က သွမ့်ပိုင်ယွဲ့လက်ကို ဆွဲယူကြည့်လိုက်သည်။ သို့သော် သွမ့်ပိုင်ယွဲ့က ချက်ချင်းရှောင်တိမ်း၏။
"မထိပါနဲ့ဆို။ ကိုယ့်သွေးထဲ အဆိပ်တွေချည်းပဲ။ ကိုယ်ပြောတဲ့စကားကို လိမ္လိမ်မာမာ နားထောင်စမ်းပါ"
"ဟင်၊ နောင်တော် ဒဏ်ရာရလာတာလား။ ဘာကောင်ကိုက်လာတာလဲ"
သွမ့်ယောင်လည်း အခုမှ အကိုက်ခံရသည့်ဒဏ်ရာကို မြင်သွားကာ အမြန်ပင်လာကြည့်၏။
"သွေးရောင်သုံးမျက်ရှင်"
"ေဩာ်၊ ဒါဆို ဘာမှမဖြစ်ပါဘူး"
သွမ့်ယောင်က နေရာတကျပြန်ထိုင်လိုက်ကာ ဖရဲစေ့ ဆက်စားနေလိုက်သည်။
ချူယွမ် - "......"
"ကိုယ် တကယ်ဘာမှမဖြစ်ဘူးဆိုနေ။ ယောင်အာ အရမ်းသဘောကျတဲ့အကောင်တွေမို့ ရှီးနန်အိမ်မှာလည်း ဒီလိုကောင်မျိုးတွေ အများကြီးရှိတယ်။ ခဏနေ သွေးပြန်တိတ်သွားလိမ့်မယ်၊ ကိုက်ရာကတော့ ပြန်ပြီးပျောက်ဖို့ကြာလိမ့်မယ်"
"အင်းပါ"
"ကဲ ကဲ.....ညီနောင်တို့....။ ဝမ်းသာအားရ ဂုဏ်ပြုပေးလိုက်ကြပါဦး!!!!!"
စစ်ကုန်းလွီ့က ဆက်ဆိုသည်။
"အခု ထျဲန်းချန်ရှားလည်း ကျွန်တော်တို့လက်ထဲ ရောက်လာပြီ၊ အစ်ကိုသွမ့်လည်း ရှီးနန်ကိုပြန်ပြီး ဆေးပြန်ကုတော့မယ်"
ငါ့ဦးလေး ထောင်ကနေလွတ်မယ့်ရက်လည်း နီးလာပြီ။
တကယ်ပျော်စရာကြီးပဲ...ဟားဟားဟား။
သွမ့်ပိုင်ယွဲ့က သူ့ဘေးနားရှိ လူသားငယ်လေးအား စောင်းငဲ့ကာ ငေးကြည့်လာ၏။
ချူယွမ်က နူးညံ့သောအပြုံးပန်းတစ်ပွင့် ဆင်မြန်းလိုက်ကာ -
"ထျဲန်းချန်ရှားကိုရလာတာနဲ့ ငါတို့နှစ်ယောက်ကြား အကြွေးတွေကျေသွားပြီလို့ ပြောထားပြီးသားနော်"
သွမ့်ပိုင်ယွဲ့ - "........"
ကျန်သောသူများလည်း ချက်ချင်းပင် သင်္ဘောဝမ်းထဲရှိ အခန်းတွင်းမှ အလျှိုလျှို ပြန်ထွက်လာကြသည်။ အချင်းချင်း တိုင်ပင်ညှိနှိုင်းနေစရာမလို။
ချူယွမ်က လက်ဖက်ရည်ကို ငှဲ့ပြီး သောက်နေလိုက်သည်။
"ကိုယ်....''
"ကိုယ်တော် မင်းကို စကားပြောခွင့်ပေးထားလို့လား၊ ခုချက်ချင်း ပါးစပ်ကို ပိတ်ထားလိုက်စမ်း "
ချူယွမ်ကတော့ လက်တစ်ဖက်ဖြင့် မေးကိုထောက်ကာ အခြားလက်တစ်ဖက်ကတော့ စားပွဲအား တီးခေါက်ရင်း ဆော့ကစားနေ၏။
"ကိုယ် ရှီးနန်စံအိမ်ပြန်သွားပြီး အဆိပ်တွေ ကုစားပြီးတဲ့အထိ စောင့်ပေးပါဦး၊ ပြီးတာနဲ့ - "
"စိတ်မပူပါနဲ့"
ချူယွမ်က လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ကာ သွမ့်ပိုင်ယွဲ့အား လေးနက်စွာ ကြည့်လာသည်။
"နောက်တစ်နှစ်လောက် စောင့်ပြီးသွားရင် ရှီးနန်ဝမ်နဲ့ ကိုယ်တော်ကြား ရှင်းစရာရှိတဲ့ကိစ္စမှန်သမျှ တစ်ခုချင်းစီ စာရင်းရှင်းကြတာပေါ့"
အတော်လေးပင် ရင်းနှီးဖော်ရွေသော အမူအယာမျိုးနှင့် ပြောလာခြင်းပင်။ အံကြိတ်ပြီး ခြိမ်းခြောက်နေခြင်းလည်းမဟုတ်ပါ။ သို့ပေမင့် -
သွမ့်ပိုင်ယွဲ့ - "......"
ချူယွမ်က လက်ဖက်ရည်ကို အကုန်မော့သောက်လိုက်ပြီး အပြင်ပြန်ဆင်းသွားသည်။
တံခါးရွက်နား ခိုးနားထောင်နေကြသော သုံးယောက်သားမှာ အမြန်ပင် ကစဥ့်ကလျားပြေးကြကာ အတွင်းစွမ်းအား ကျင့်ကြံနေဟန် လုပ်လိုက်ကြ၏။
ဟိုက်ယား၊ ခန္ဓာကိုယ်သန်စွမ်းဖို့ ကျင့်ကြံအားထုတ်ရမယ်။
ချူယွမ်ကတော့ သင်္ဘောဦးထိပ်တွင် ရပ်လိုက်ကာ အဆုံးအစမဲ့လှသော သမုဒ္ဒရာပြင်ကျယ်ကြီးကို ငေးကြည့်နေ၏။
မျက်ဝန်းများထက်ဝယ်မူ ပြုံးရိပ်သမ်းနေလျက်။
*******
ယနေ့လည်း သင်္ဘောကြီးပေါ်တွင် ရှိနေဆဲဖြစ်သည်။
သွမ့်ယောင်က စကားစလာ၏။
" ထျဲန်းချန်ရှားအခိုးခံသွားရမှန်း ချူရှိန့်သာသိသွားရင် ဘယ်လိုဖြစ်မလဲပဲ"
သွမ့်ပိုင်ယွဲ့က ခပ်အေးအေးသာ ပြန်ဖြေသည်။
"ထျဲန်းချန်ရှားအခိုးခံရတာတင်မကဘူး၊ ချိုးကျီကြီးပါ ထူးထူးဆန်းဆန်း ကိစ္စတုံးသွားတယ်ဆိုတာပါ သိလိုက်ရဦးမှာ"
"အေးပေါ့၊ ဝမ်ဖူ့ကွီ့လည်း ပါတယ်"
စစ်ကုန်းလွီ့ကပါ ဝင်ပြောလာ၏။
သွမ့်ပိုင်ယွဲ့ - "......"
ဒီ သေချင်းဆိုးကတော့။
စစ်ကုန်းလွီ့က ဆက်ဆို၏။
"သိသွားတော့လည်း ဘာလုပ်လို့ရမှာတဲ့တုန်း၊ ဘာပဲပြောပြော တရားခံကို လက်ပူးလက်ကြပ်မှ မမိတာ ။ အရှင်မင်းမြတ်ကို သူ သံသယဝင်ရင်တောင် သူ့လက်ရှိ အင်အားလောက်နဲ့ မြောက်အရပ်ကို ဆန်တက်ပြီး တာ့ချူကို သိမ်းပိုက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲ"
"အရှင်မင်းမြတ်က နောက်နှစ်အကြာကြီး ေစာင့်ပြီးခါမှ နန်ဟိုင်ပင်လယ်ကို သွားတိုက်မှာတဲ့။ အဲ့ချိန်ကျရင် ဒီနယ်မြေကြီး ဘယ်လိုဖြစ်ကုန်မလဲမသိ"
သွမ့်ယောင်က တွေးဆဆဆိုလာတော့ စစ်ကုန်းလွီ့က သူ့အား အဆာပြေမုန့်လေးတစ်ခု လှမ်းပေးလိုက်ကာ -
"ဘာလဲ ၊ ဒီကို ထပ်လာချင်လို့လား"
အင်း......လာမှာပေါ့။
သွမ့်ယောင် စိတ်ကူးထဲမှသာ ရေရွတ်နိုင်ပေသည်။
အရှင်မင်းမြတ်သာ စစ်ကြေညာလိုက်ရင် နောင်တော်လည်း လိုက်လာမှာပဲ။ နောင်တော်လိုက်လာရင် ကျွန်တော်နဲ့ ရှစ်ဖူးလည်း လိုက်လာမှာပဲ။ အဲ..... အရီးတော်ကျင်းပါ လိုက်လာချင်လိုက်လာဦးမယ်။
အရမ်း စည်ကားနေမှာပဲ။
*******
ပိုင်ရှဲန့်ပြည်ကို ပြန်ရောက်တော့ စစ်ကုန်းလွီ့လည်း ဆင်းကျန်နေခဲ့ကာ သူ၏မိသားစုလေးနှင့်အတူ ကျန်သောသူများကို ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားဆိုခဲ့သည်။
ထို့နောက် သင်္ဘောကြီးက ကမ်းစပ်တွင် ရိက္ခာဖြည့်ရန် ဆိုက်ကပ်ရပ်နားတုန်း သွမ့်ပိုင်ယွဲ့က ဝါယောကသိုဏ်းရှုကာ သိဒ္ဓိစွမ်းအင်များကို ပြန်လည်သန့်စင်နေသည်။ ထိုစဥ် သွမ့်ယောင်က အခန်းတံခါးခေါက်လာ၏။
"နောင်တော်ရေ၊ ပြောစရာရှိလို့"
"ဘာကိစ္စလဲ"
"အရှင်မင်းမြတ် ပြန်ကြွသွားပြီ"
"ဟင်၊ ပြန်သွားပြီလား"
သွမ့်ပိုင်ယွဲ့ မျက်ဝန်းများ ချက်ချင်းပြန်ပွင့်လာ၏။
"အင်း၊ လွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းက ထွက်သွားတာ။ နောင်တော့်ကို ချက်ချင်းမပြောပြသေးနဲ့လို့ ကျွန်တော့်ကိုအတန်တန်မှာသွားသေးတယ်။ ကိုယ့်ဘာသာကိုယ်သာ အရင် အဆိပ်သွားကုလိုက်ဦးတဲ့"
"ပြီးတော့ရော"
"ပြီးတော့ ရှီးနန်ဘုရင်အဖြစ်ပဲ ဆက်လက်စိုးစံနေပါတဲ့၊ လုံးဝ လုံးဝ မြောက်ပိုင်းကို ဆန်တက်မလာပါနဲ့တဲ့။ မဟုတ်ရင် မြို့တော်မှာ တစ်ခါတွေ့မိတိုင်း တစ်ခါ ရိုက်ပစ်မှာတဲ့"
တကယ် ဝမ်းနည်းစရာကိစ္စပဲ။
သွမ့်ပိုင်ယွဲ့ကတော့ တဟားဟား ရယ်မောနေသည်။
သွမ့်ယောင်ကတော့ နှုတ်ခမ်းဆူလိုက်ကာ -
"နောင်တော်တို့များ ရယ်နိုင်သေးတယ်နော်။ မရီးတော်က တကယ်ထွက်သွားပြီသိလား"
သွမ့်ယောင်က အစ်ကိုဖြစ်သူဘေးနား လာထိုင်လိုက်ကာ ဆက်မေးလာ၏။
"တကယ် လိုက်မသွားတော့ဘူးလား။ ကျွန်တော်က ဧကရာဇ်အမိန့်တော်ကိုတောင်ဖီဆန်ပြီး လာပြောပြရတာ၊ ခုနေ လိုက်သွားရင် မီသေးတယ်"
"ရပါတယ်၊ နှစ်ပေါင်းအများကြီး ဖြတ်သန်းခဲ့ပြီးပြီပဲ။ ဒီခြောက်လ တစ်နှစ်လောက်လေးကို ဘာလို့ ထပ်လောရဦးမှာလဲ"
"နောင်တော် တကယ်ကြီး စိတ်မပူဘူးလားဗျာ"
သွွမ့်ယောင်မှာ မေးလေးထောက်ရင်း အစ်ကိုဖြစ်သူကို နားမလည်နိုင်စွာ ကြည့်လာ၏။
မျက်ရည်လည်ရွှဲကြီးနဲ့ အပြေးအလွှား လိုက်သွားမယ်မှတ်နေတာ။
"တစ်ချို့ကိစ္စတွေက အလျင်စလိုလုပ်လို့မရဘူး"
သွမ့်ယောင်က ပါးများဖောင်းလိုက်ကာ မကျေမနပ်ဆိုလာ၏။
"ဇနီးမယား ထိမ်းမြားဖို့ကိစ္စလည်း မလောဘူးပေါ့လေ။ အိမ်မှာရှိတဲ့ ပိုးထည်အနီတွေတော့ ဆွေးကုန်တော့မယ်"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ -
"နောက်ထပ် နည်းနည်းလေး ထပ်စောင့်ပါဦး။ အဆိပ်တွေပြယ်ပြီးသွားတာနဲ့ ငါ သူ့ကို နေ့ညမပြတ် သွားစောင့်ရှောက်မှာပါ"
"ဒါဆို ရှီးနန်စံအိမ်ကိုရော"
"မင်းလက်ထဲ အပ်ခဲ့မယ်"
ထင်သားပဲ။
သွမ့်ယောင် အတော်စိတ်တိုသွား၏။
သွမ့်ပို်င်ယွဲ့ကတော့ မျက်ဝမ်းလွှာများပြန်ချလိုက်ကာ ကသိုဏ်းပြန်ရှုနေလိုက်သည်။ သွမ့်ယောင်က သူ့အား အမြင်ကတ်ကတ်နှင့် တွန်းပစ်လိုက်၏။
"နောင်တော်.....တကယ်ကိုပဲ မရီးတော်ကို လုံးဝ အလေးမထားတော့တာလားဗျ။ တခြားဟာ မပြောသေးနဲ့၊ နန်းတော်အပြန်လမ်းမှာ စောင့်နေမယ့် လူသတ်သမားတွေရှိနိုင်သေးတယ်လေ"
"ခဏနေရင် သူရိယစန္ဒာတောင်စခန်းကလူတွေ သူ့ကို လာကြိုပြီး စောင့်ရှောက်ပေးလိမ့်မယ်"
"......"
အဲ့တော့ နောင်တော့်ကို ဘာလုပ်ဖို့ သူ ခေါ်ထားရဦးမှာလဲဗျ။
"သူက ဧကရာဇ်တစ်ပါးလေ။ ငါကချည်း အကုန် လိုက်လုပ်ပေးလို့မသင့်တော်ဘူး"
"အရင်တုနး်ကဆို ဒီလိုစကားမျိုး မပြောပါဘူး"
နန်းတော်ထဲမှာလည်း သူလျှိုတွေ အထောက်တော်တွေ နေရာအနှံ့ ဖြန့်ထားသေး။ ဟိုက ဘာစားတယ် ညာစားတယ်ဆိုတာကအစ အစီရင်ခံစာရေးပြီး သူ့ဆီ လာပို့ပေးရသေး။ ရှစ်ပါးရတနာ ပန်းမုန်လာဟင်းဆိုတာ ဘာကြီးလဲဟဆိုပြီး ငါ့မှာတော့ ရက်အများကြီး အချိန်ယူပြီး စဥ်းစားလိုက်ရတာ။ ဟိုဘက်လူက ဘာလို့များ မနက်တိုင်း မနက်တိုင်း အဲ့ဟင်းချည်းပဲ စားနေတာလဲ၊ မငြီးငွေ့ဘူးလားဆိုပြီး မေးကြည့်ချင်တဲ့အထိ ဖြစ်သွားသေး။
"အရင်တုန်းက အရင်လေ။ အခုက အခု"
"အင်း၊ အဲ့လိုဖြေတာကလည်း ဖြေနေပေမယ့် မဖြေလိုက်သလိုပါပဲ"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ -
"နောက်ကျ မင်း ချစ်ရမယ့်လူနဲ့တွေ့လာရင် နားလည်သွားပါလိမ့်မယ်"
ဒါတော့ လုံးဝငြင်းပါတယ်နော်။ လုံးဝပဲ။
ချစ်မှုရေးရာကိစ္စတွေက နားထောင်ကြည့်ရုံနဲ့ တင် စိတ်ပျက်ဖို့ကောင်းတယ်။
တစ်ယောက်တည်းနေတာကမှ အကောင်းဆုံးပဲ။
*******
နောက် ခြောက်လအကြာ။
ရှီးနန်စံအိမ်တော်တွင်ဖြစ်သည်။
"နောင်တော်ရေ !!!!!! ဧကရာဇ်ရဲ့ အမိန့်တော်စာလွှာ ရောက်လာပြီ၊ လာယူလှည့်ပါဦး"
လက်ထဲ စာတစ်စောင်ကိုင်ထားရင်း သွမ့်ယောင်က အပြေးလေးရောက်လာ၏။
သွမ့်ပိုင်ယွဲ့လည်း ရွှမ်မင်ဟန်ထျဲယ်ဓားကို စားပွဲေပါ် ပြန်တင်လိုက်ကာ အခန်းထဲမှ ထွက်လာ၏။
သွမ့်ပိုင်ယွဲ့၏ မျက်နှာပြင်ပေါ်ရှိ အစင်းအကြောင်းများမှာ အတော်ပင်လျော့နည်းပါးလိသွားပေသည်။ အနားသို့ နီးနီးကပ်ကပ် သေချာကြည့်မှသာ ခပ်ရေးရေးလေးကျန်နေသေးကြောင်း တွေ့မြင်နိုင်ပေသည်။
"မုန့်ဖိုး....."
သွမ့်ယောင်က စာလွှာကို နောက်ကျောတွင် ဖွက်လိုက်ကာ သွမ့်ပိုင်ယွဲ့အား အတိုက်အခံပြုလာ၏။
"ဘဏ္ဍာတိုက်မှာ လိုချင်သလောက် သွားထုတ်ချေ"
သွမ့်ယောင်လည်း ဝမ်းသာလုံးဆို့သွားကာ စာလွှာကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ဆက်သပေးလိုက်သည်။ စိတ်ထဲမှာလည်း မရီးတော်က ဘာလို့များ ဒီထက် အစောင်ရေအများကြီး ရေးမလာသနည်းဟုလည်း တိတ်တခိုး အတွန့်တက်မိသည်။ ထိုသို့ဆိုလျှင် စာလွှာလာပေးတိုင်း ရမည့် မုန့်ဖိုးနှင့်ပင် အိမ်တွေခြံတွေဝယ်ကာ တစ်အိုးတစ်အိမ်သီးသန့် အေးအေးဆေးဆေး နေနိုင်လောက်ပေပြီ။
သွမ့်ပိုင်ယွဲ့က စာလွှာကိုဖွင့်ပြီး တစ်ခေါက်မျှဖတ်လိုက်သည်။
"မရီးတော် ဘာပြောထားသေးလဲဟင်"
"ဟိုအမတ်မင်းဝမ်းကို ရွှေမြို့တော်ဆီ ပြန်လာခိုင်းလိုက်ပြီတဲ့"
သွမ့်ယောင် အတော်အံ့ဩသွညး၏။
"ပြီးတော့ရော"
"အဲ့အကြောင်းပဲပါတယ်"
သွမ့်ယောင် နားမလည်ပေ။
"အမတ်တစ်ယောက်ကို နန်းတော်ထဲ ပြန်လာပြီး အခစားဝင်ခို်င်းတဲ့ကိစ္စလေးကို တမင်သက်သက် နောင်တော့်ဆီ စာရေးပြီး ပို့လာလိုက်တာလား"
"ဟုတ်ပနော်"
သွမ့်ပိုင်ယွဲ့က နူးညံ့စွာပြုံးလိုက်ရင်း ထောက်ခံ၏။
သို့သော် သွမ့်ယောင်မှာ ချက်ချင်း ရေငုံနှုတ်ပိတ်နေလိုက်ရသည်။
အကြောင်းမှာ တစ်နေ့တစ်ခြား ပိုမိုချောမောခန့်ငြားလာသော သူ့နောင်တော်ကြီးမှာ ယခုတော့ တစ်စုံတစ်ခုကို အလိုမကျဖြစ်နေသည့်နှယ်။
*******
2020.10.29.
*******
အခန္း - ၉၀ ( အဲ့အမတ္မင္းဝမ္းက ေရႊၿမိဳ႔ေတာ္ကို ျပန္ေရာက္ေနၿပီတဲ့)
ထိုေႁမြနဂါးႀကီး၏ ေခါင္းသည္ပင္ အေတာ္ႀကီးမားလွသည္၊ ႏွစ္ခြေသာလ်ွာကလည္း နက္ျပာေရာင္သမ္းေနကာ ၄၏အရြယ္အစားအရ အားေကာင္းေမာင္းသန္ ေယာက်ာ္းရင့္မာႀကီး သံုးေယာက္ေလာက္ကို အသာေလး မ်ိဳခ်ႏိုင္ေပသည္။
"ဘုရားေရ.....ေႁမြမိစၧာအျဖစ္ အသြင္ေျပာင္းလို႔ေတာင္ရမယ့္ အရြယ္ႀကီးပါလား"
စစ္ကုန္းလြီ႔ မွတ္ခ်က္ဆိုလာျခင္းျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ဆိုသည္။
"ခုေန ဘာမွမလႈပ္ရွားၾကေသးနဲ႔ၪီး။ အခုေလာေလာဆယ္ ရွစ္ဖူးက ကမ္းစပ္ဘက္ ျပန္သြားၿပီး ေယာင္အာနဲ႔ တပ္သားေတြကို သြားေခၚေပးပါ၊ ကြၽန္ေတာ္ အဲ့အေကာင္ႀကီးကို တျခားဘက္ မ်ွားေခၚသြားမယ္။ က်န္တဲ့လူေတြကို ဒီေက်ာက္တံုးႀကီး လာသယ္သြားခိုင္းလိုက္"
နန္ေမာ္ယဲ့လည္း ခ်က္ခ်င္းပင္ ေယာင္အာရိွရာဆီ အေျပးေလးထြက္သြားသည္။
ခ်ူယြမ္ မ်က္ႏွာတစ္ခုလံုး ရႈံမဲ့ေနလ်က္။
သူ ဘာကိုစိုးရိမ္ေနမွန္း သြမ့္ပိုင္ယြဲ႔ ေကာင္းေကာင္းႀကီး သိေနပါသည္။
"စိတ္ခ်ပါ။ ဒီမွာက ေႁမြဆိပ္ကိုမေၾကာက္ေတာ့တာ ကိုယ္ပဲရိွတာေလ၊ အဲ့အေကာင္က တကယ္ႀကီး ေႁမြမိစၧာျဖစ္ေနလည္း ဘာအေရးလဲ။ ခဏေနက် ရွစ္ဖူးေနာက္ကို လိုက္သြားလိုက္ေနာ္။ မင္းကိုယ္မင္းသာ ေသခ်ာေစာင့္ေရွာက္ရစ္ ၊ ဟုတ္ၿပီလား"
ခ်ူယြမ္မွာ အတန္ၾကာ ေလးဖင့္ၿပီးခါမွ -
"အင္း၊ သတိထားၪီး"
"ဟုတ္ပါၿပီ"
ႏွစ္ေယာက္သား၏ အၾကည့္မ်ားမွာ အတန္ၾကာေအာင္ ဆံုစည္းသြားလ်က္။
ေဘးနားရိွ စစ္ကုန္းလြီ႔မွာေတာ့သက္ျပင္းခ်ေနေပၿပီ။
အိုကြယ္.....အခု ဘယ္လိုအခ်ိန္ထဲ ေရာက္ေနတာလဲ ။ ဒါေတာင္ အခ်င္းခ်င္း အၾကည္ဆိုက္အားေသးတယ္လား။
******
အတန္ၾကာေတာ့မွ နန္ေမာ္ယဲ့က သူတို႔ေစာင့္ေနေသာေနရာသို႔ ျပန္ေရာက္လာ၏။ သြမ့္ေယာင္ႏွင့္ တပ္သားမ်ားက ေတာအစပ္နားေရာက္ေနၿပီျဖစ္ေၾကာင္း ၊ သြမ့္ပိုင္ယြဲ႔ထံမွ အမိန္႔ရသည္ႏွင့္ စတင္လႈပ္ရွားေတာ့မည္ျဖစ္ေၾကာင္း ေျပာလာ၏။
"အခုပဲ စလိုက္ၾကစို႔ "
နန္ေမာ္ယဲ့က သြမ့္ပိုင္ယြဲ႔အား ေသခ်ာ သတိေပးလိုက္သည္။
"အဲ့ေႁမြၾကီးနဲ႔ရင္ဆိုင္ဖို႔က အေတာ္ေလး ခက္လိမ့္မယ္။ လံုးဝမေပါ့နဲ႔၊ ၾကားလား"
သြမ့္ပိုင္ယြဲ႔လည္း ဆရာျဖစ္သူ၏ စကားကို ေခါင္းညိတ္နာခံလိုက္ကာ ရႊမ္မင္ဟန္ထ်ယ္ဓားကို ကိုင္စြဲၿပီး ထြက္သြားေတာ့သည္။
ထိုသူ ထြက္သြားသည္ကိုျမင္ေတာ့ က်န္ေနခဲ့ရသည့္ ခ်ူယြမ္မွာ အသက္ရႉပင္ ရပ္သြားေတာ့မတတ္ ျဖစ္က်န္ခဲ့သည္။ ရင္ဘတ္အစံုမွာ စိုးရိမ္ေသာကမ်ားေၾကာင့္ နာက်င္တစ္ဆို႔ေနရေပၿပီ။
*****
ေႁမြနဂါးႀကီးမွာ အိပ္စက္ရန္ျပင္ေနေသာ္လည္း ေဘးနားသို႔ေရာက္လာေသာ အသံတစ္ခုၾကားလိုက္ေတာ့ ခ်က္ခ်င္းပင္ ေခါင္းျပန္ေထာင္လာကာ ေရာက္လာေသာ အႏွီသူစိမ္းေယာက္်ားကို စိတ္ဝင္တစား ၾကည့္လာ၏။
သြမ့္ပိုင္ယြဲ႔ကမူ ထိုေႁမြနဂါးႀကီးအား တစ္ကိုယ္လံုး လွည့္လာဖို႔ထိ အခ်ိန္မေပးႏိုင္၊ ခ်က္ခ်င္းပင္ ဓားကိုဆြဲထုတ္ကာ တဟုန္ထိုး တိုက္ခိုက္လိုက္သည္။ ဤကြၽန္းေပၚတြင္ ႏွစ္အေတာ္ၾကာ က်င္လည္က်က္စားလာခဲ့ေသာ္လည္း ေႁမြၾကီးအဖို႔ သူ႔အား မေၾကာက္မရြံ႔ ရဲဝံ့စြာ တိုက္ခိုက္လာေသာ ၿပိဳင္ဘက္မ်ိဳးႏွင့္ ယခုမွ ေတြ့ဖူးေတာ့သည္။ ဓား၏အသြားႏွင့္ ေႁမြအေၾကးခြံတို႔ ထိသြားတိုင္း ထိခိုက္သံ ျမည္ရံုသာျမည္ကာ အေသြးအသားမ်ားအထိ ထိုးေဖာက္ႏိုင္ျခင္းမရိွခဲ့။
"အေရထူလိုက္တာကြာ...."
စစ္ကုန္းလြီ႔က ထိုျမင္ကြင္းကိုၾကည့္ရင္း အားမလိုအားမရ ဆိုလာ၏။
ခ်ူယြမ္လည္း လက္စြဲေတာ္ဓားကို အသငင့္ကိုင္ေဆာင္ထား၏။ အေျခအေနမဟန္ေတာ့သည္ႏွင့္ ခ်က္ခ်င္းပင္ အေျပးဝင္သြားေတာ့မည္ျဖစ္သည္။
ခဏၾကာေတာ့ ထိုေႁမြၾကီးအား ေဒါသထြက္ႏိုင္ေအာင္ ဆြေပးႏိုင္ခဲ့သည္ ။ ပါးပ်ဥ္းႀကီးကိုေထာင္လိုက္ကာ က်ူးေက်ာ္လာသူအား စတင္တိုက္ခိုက္လာ၏။ သြမ့္ပို္င္ယြဲ႔လည္း လွမ္းေပါက္လာေသာ တိုက္ခိုက္မႈမ်ားကို ေရွာင္တိမ္းေနလိုက္သည္။
သို႔ေသာ္ ေနာက္ဆံုးမွာေတာ့ မိွန္ပ်ေသာလေရာင္ထဲ လက္ခနဲ ေရာင္ျပန္ဟပ္သြားေသာ ဓားသြားမွာ ေႁမြၾကီး၏ ႏူးညံ့လွေသာဗိုက္သားကို ၪီးတည္ၿပီး ထိုးသြင္းႏိုင္လိုက္ေလသည္။ ခ်င္းခ်င္းနီေသာ ေသြးမ်ားမွာ ဖြားခနဲ လြင့္စင္သြား၏။
ႏွစ္ေပါင္းမ်ားစြာ အသက္ရွင္ေနထိုင္လာေသာ သတၲဝါတစ္ေကာင္မို႔ အသိစိတ္ေတာ့ ကိန္းေအာင္းေနမည္မွာေသခ်ာသည္။ ၄မွာ ဤကြၽန္းေပၚ၌သာေနၿပီး တံငါေလွမ်ားကိုျပႆနာရွာျခင္းမျပဳသျဖင့္ ထိုေႁမြနဂါးႀကီးကို သြမ့္ပိုင္ယြဲ႔ မသတ္လိုေပ။
ထိုေႁမြၾကီးကေတာ့ အသားနာသြားသျဖင့္ ပိုလို႔ပင္ ေဒါသထြက္လာသည္။ မာန္ဖီလာေသာ ၄၏ ႀကီးမားလွသည့္ ပါးစပ္ႀကီးထံမွ ပုပ္အဲ့အဲ့အနံ႔မ်ား လိႈင္ထြက္လာ၏။ ၄၏ထိုးႏွက္တိုက္ခိုက္မႈမ်ားကို သြမ့္ပိုင္ယြဲ႔က ေရွာင္တိမ္းလိုက္ရင္း ေတာအုပ္၏ အျခားတစ္ဘက္သို႔ တဟုန္ထိုးေျပးသြားျခင္းျဖင့္ ၄ကို မ်ွားေခၚသြားလိုက္သည္။ေႁမြနဂါးႀကီးကလည္း သူ႔ေနာက္သို႔ အျမန္လိုက္သြားသည္။ ခါယမ္းရိုက္ခတ္လိုက္ေသာ ၄၏အၿမီးႀကီးက ထ်ဲန္းခ်န္ရွားကို ကေလာ္ထုတ္ေပးလိုက္သလို ျဖစ္သြားကာ ေျမေပၚ ထပ္ၿပီး ေပၚထြက္လာ၏။ တကယ္ကိုပင္ ေကာင္းကင္ဘံုမွ ခ်ီးျမႇင့္လာေသာ ကံေကာင္းျခင္းတစ္ခုပါေပ။
နန္ေမာ္ယဲ့က သြမ့္ေယာင္ထံ အခ်က္ေပးလိုက္သည္။ ရွီးနန္တပ္သားမ်ားလည္း ခ်က္ခ်င္းပင္ ေရာက္ခ်လာၿပီး ေရာင္ျခည္အနီမ်ား ျဖာထြက္ေနသည့္ ထိုဧရာမေက်ာက္တံုးႀကီးကို အဝတ္မည္းျဖင့္အုပ္လိုက္ကာ အျမန္ပင္ တူးထုတ္လိုက္ၾကသည္။ ထို႔ေနာက္ ႀကိဳးမ်ားျဖင့္ ေသခ်ာေအာင္ ခ်ည္ေနွာင္ၿပီး ကမ္းစပ္သို႔ သယ္ေဆာင္လာခဲ့ၾကသည္။စစ္ကုန္းလြီ႔လည္း ထိုေက်ာက္တံုးႀကီးကို ကူထမ္းေပးလိုက္သည္။
ေမာလြန္းလို႔ ေဟာဟဲလည္းလိႈက္ေနၿပီ။
သူမ်ားတကာေတြက ရတနာသိုက္ လာရွာၾကတာ၊ ငါကေတာ့ ေစာင္သူငယ္ခ်င္းႀကီးအတြက္ ကုတင္ခိုးေပးေနရတယ္။
သူ႔ဘာသာသူ အဖိုးတန္ပစၥည္းဟုတ္မဟုတ္ မေျပာေသးနဲ႔ ၊ ေလးတာကေတာ့ ေဆြမ်ိဳးေမ့သြားခ်င္ခ်င္ပဲ။
******
ေႁမြနဂါးႀကီးမွာ အမ်က္တေခ်ာင္းေခ်ာင္းထြက္ေနကာ လ်ွာႏွစ္ခြကလည္း တစ္လစ္တစ္လစ္ ျပဴတစ္ျပဴတစ္ႏွင့္။ အၿမီးကို ေဒါသတႀကီး ခါယမ္းပစ္လိုက္တိုင္း သစ္ပင္ၿခံဳႏြယ္မ်ားမွာ အတုန္းအရုန္း လဲၿပိဳကုန္၏။ သြမ့္ပိုင္ယြဲ႔ကသစ္ပင္ႀကီးတစ္ပင္ေပၚ ခုန္တက္လိုက္ကာ ပုန္းေနလိုက္သည္။ ထြက္သက္ဝင္သက္ကို တိုးလ်ၿငိမ္သက္ေစၿပီး ေႁမြၾကီးကို အစဥ္မျပတ္ ေစာင့္ၾကည့္ေနလိုက္သည္။
ခဏၾကာေတာ့ ထိုေႁမြၾကီးက ဘယ္မွမသြားဘဲ ထိုေနရာတြင္ပင္ ျပန္ေခြေနလိုက္သည္။
အခ်ိန္ကို ခန္႔မွန္းၾကည့္လိုက္ေတာ့ အားလံုးက သေဘၤာေပၚ ျပန္ေရာက္ေလာက္ၿပီ။ ထို႔ေၾကာင့္သြမ့္ပိုင္ယြဲ႔လည္း အျခားသူမ်ားဆီ ျပန္သြားရန္ အပင္ေပၚမွ ဂရုတစိုက္ တိတ္ဆိတ္စြာ ဆင္းလိုက္သည္။ သို႔ေသာ္ ထိုေႁမြၾကီး၏ မ်က္လံုးမ်ားမွာ ဖ်တ္ခနဲ ျပန္ပြင့္လာ၏။ သြမ့္ပိုင္ယြဲ႔၏ေျခလွမ္းမ်ားလည္း ခ်က္ခ်င္းရပ္ဆိုင္းသြားသည္။
အေတာ္ၾကာသည့္အထိ ႏွစ္ဖက္စလံုး ဘယ္ဘက္ကမွ စတင္လႈပ္ရွားမႈမျပဳၾက၊ ခဏၾကာေတာ့မွ ေႁမြနဂါးႀကီးက ျပန္ေခြေနလိုက္သည္။
သြမ့္ပိုင္ယြဲ႔ သက္ျပင္္းခိုးခ်လိုက္ၿပီးေနာက္ ေရ႔ွဆက္လွမ္းလိုက္မည္ျပင္၏။
သို႔ေသာ္ ......
ေလထုအားၿဖိဳခြင္းၿပီး သူ႔ဆီ ၪီးတည္လာေသာ အသံတစ္ခု။
နဂါးခုႏွစ္ေဖာ္ ဓားပ်ံတစ္စင္းက သူ႔ေနာက္ရိွ သစ္ပင္၏ ပင္စည္ေပၚတြင္ အဟုန္ျပင္းစြာစိုက္ဝင္သြား၏။ ဓားၪီးမွာ အနီေရာင္ေႁမြတစ္ေကာင္၏ ႏွလံုးသားရိွရာ ေနရာတည့္တည့္ထက္ စိုက္ဝင္ေနလ်က္ရိွကာ ထိုေႁမြမွာ လူးလြန္႔ခြင့္ပင္မရလိုက္ဘဲ ဇီဝိန္ခ်ဳပ္သြား၏။
သြမ့္ပိုင္ယြဲ႔အေတာ္ အံ့ဩသြားသည္။
"သြားစို႔"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔လက္အား ကိုင္ဆြဲလိုက္ကာ အျမန္ေျပးထြက္လာေတာ့သည္။
ေႁမြနဂါးႀကီးကလည္း ေျခသံမ်ားကို ၾကားလိုက္ ေတာ့ မ်က္ဝန္းမ်ားျပန္ပြင့္လာသည္။ ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔လည္း မ်ားမ်ားစားစား မစဥ္းစားအားေတာ့၊ မီးခိုးဗုန္းအခ်ိဳ႕ကို ထိုေႁမြၾကီးထံ ပစ္လႊတ္ေဖာက္ခြဲပစ္လိုက္ကာ ခ်ူယြမ့္လက္ကို အုပ္မိုးဆုပ္ကိုင္လိုက္ၿပီး ေျပးလာခဲ့၏။
ေႁမြၾကီး၏ မ်က္္လံုးမ်ားမွာ မီးခိုးမိႈင္းမ်ားေၾကာင့္ အေတာ္စပ္သြားရာ ပိုလို႔ပင္ အမ်က္ေခ်ာင္းေခ်ာင္းထြက္သြား၏။ ထိုႏွစ္ေယာက္ေနာက္အား ေဒါႀကီးမာန္ႀကီးႏွင့္လိုက္လာေလရာ ေဘးရိွသစ္ပင္မ်ားမွာ ၄၏အၿမီးရိုက္ခတ္မႈေၾကာင့္ ၿပိဳလဲၿပီး လမ္းတစ္ခုပင္ ျဖစ္သြားေလသည္။ သူတို႔ႏွစ္ေယာက္၏ ေရ႔ွသို႔လည္း သစ္ပင္မ်ား ၿပိဳက်လာသည္။ ထိုသစ္ပင္မ်ား ၿပိဳက်လာသည္ကို ေဘးသို႔ ေရွာင္တိမ္းလိုက္ႏိုင္ေပမင့္ ထိုသစ္ပင္မ်ားထံမွ အနီေရာင္ေႁမြေသးေသးေလးမ်ား ဖြားခနဲ ဖြားခနဲ တျဖဳတ္ျဖဳတ္ျပဳတ္က်လာ၏။ အင္မတန္ကို မ်ားျပားလွေသာအေရအတြက္မို႔ မိုးေပၚကေန ျပဳတ္က်လာေလသလားလို႔ပင္ ထင္မွတ္မွားစရာေပ။
သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ ဓားကိုဆြဲထုတ္လိုက္ကာ ထိုေႁမြမ်ားကိုရွင္းထုတ္ပစ္၏။ ရွင္းပစ္သည့္ၾကားထဲ ေႁမြနီေလးတစ္ေကာင္က ခ်ူယြမ့္ပခံုးေပၚျပဳတ္က်လာသည္။ ၄က ပါးစပ္ႀကီးၿဖဲျပီး ကိုက္ေတာ့မည္အျပဳ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္ကို ဆြဲၿပီးခ်ဳပ္ထိန္းထားလိုက္ကာ မိမိလက္အား အစားထိုးၿပီး ေပးကိုက္ေစလိုက္သည္။
"မင္း..."
ခ်ူယြမ္ခမ်ာ အေတာ္ပင္ စိုးရိမ္ထိတ္လန္႔သြားသည္။ မ်က္ႏွာေပၚတြင္ ေသြးေရာင္ပင္မရိွေတာ့။ သြမ့္ပိုင္ယြဲ႔လက္ကို တြန္းပစ္ဖို႔လုပ္လိုက္ေသးေသာ္လည္း မမီလိုက္ဘဲ ထိုေႁမြ၏အစြယ္က သြမ့္ပိုင္ယြဲ႔အသားထဲ ထိုးေဖာက္နစ္ဝင္ၿပီးသြားၿပီျဖစ္သည္။ ေႁမြစြယ္ထက္တြင္ ေသြးစမ်ားေပက်န္ေနလို႔ ၊ သြားရည္တန္းလည္း ၫွီစို႔စို႔အနံ႔ႏွင့္၊ ေသခ်ာေပါက္ပင္ ၄၏အဆိပ္မ်ားကို သြမ့္ပိုင္ယြဲ႔ေသြးထဲ ထည့္သြင္းလိုက္ၿပီးျဖစ္ေပသည္။
ခ်ူယြမ့္ႏွလံုးသားႀကီးတစ္ခုလံုး ဝုန္းခနဲျပဳတ္က်သြားသလိုပင္၊ ေျခဖ်ားလက္မ်ားကပါ ခ်က္ခ်င္း ေအးစက္သြား၏။
သို႔ေသာ္ -
ခဏအၾကာ ထိုေႁမြက တစ္ကိုယ္လံုးေတာင့္တင္းသြားကာ ေျမေပၚသို႔ ဘုတ္ခနဲ ျပဳတ္က်သြားသည္။
"ေဗာဓိစိတၲသိုင္းကို က်င့္ၿပီးသြားတာနဲ႔ ဒီေတာအုပ္ထဲမွာ ကိုယ့္ထက္ အဆိပ္ျပင္းတဲ့အေကာင္ မရိွေတာ့ဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ခါးကို လွမ္းဖက္လိုက္သည္။ ထို႔ေနာက္ ေအးစက္ေသာ အရိွန္အဝါမ်ား စိမ့္ထြက္လ်ွံက်ေနသည့္ လက္စြဲေတာ္မိစၧာဓားႀကီးကို ကိုင္စြဲကာ လမ္းတစ္ေလ်ွာက္ ကာဆီးလာေသာအရာမွန္သမ်ွ ရွင္းလင္းဖယ္ရွားလာခဲ့သည္။
"ဒီဘက္မွာဗ်ိဳ႕!!!!!! "
သြမ့္ေယာင္က သေဘၤာေပၚမွ လွမ္းၿပီး ေအာ္ေခၚလိုက္သည္။
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္ကို ဖက္ထားရင္းႏွင့္ပင္ ေလဟာျပင္ထဲ ခုန္တက္လိုက္၏။ ေရမ်က္ႏွာျပင္ထက္ ေျခလွမ္းအနည္းငယ္မ်ွသာ ထိစပ္သြားၿပီးေနာက္ သေဘၤာေပၚသို႔ ေဘးကင္းစြာ ေရာက္ရိွသြားၿပီ။
"သေဘၤာ ျပန္ထြက္ၾကစို႔ေဟ့"
နန္ေမာ္ယဲ့က အမိန္႔ေပးလို္က္သည္။
သေဘၤာႀကီးမွာ ေလအဟုန္ကို အားျပဳကာ လ်င္ျမန္စြာ ထြက္ခြာသြား၏။ လိုက္စရာ သားေကာင္ မရိွေတာ့ေသာ ေႁမြအေထြးလိုက္ႀကီးမွာ ကမ္းစပ္မွာသာ က်န္ရစ္ေနၾကၿပီးေနာက္ လာရာလမ္းအတိုင္း ျပန္လွည့္သြာသည္။ ထို႔ေနာက္ တိမ္သလႅာကႏၲာေတာင္ထြဋ္ကလည္း နဂိုအတိုင္းပင္ တိတ္ဆိတ္ၿငိမ္သက္သြားေလၿပီ။ အေရ႔ွအရပ္တြင္လည္း ေရႊေရာင္သမ္းေသာ အရုဏ္ၪီးေရာင္ျခည္ထြက္ေပၚလာၿပီ။ ဘာအျဖစ္အပ်က္မွ ျဖစ္မသြားခဲ့သလိုပင္။
****
နန္ေမာ္ယဲ့က ေျပာလာ၏။
"ဒီေလာက္အၾကာႀကီးရိွေနၿပီကို အဲ့ေတာအုပ္ထဲကေန မင္း ဘာလို႔ထြက္မလာေသးတာလဲ၊ ဘာမ်ားျဖစ္ေနၿပီလဲလို႔ စိတ္ပူလိုက္ရေသးတယ္။ ေယာင္အာေတာင္မွ တပ္သားေတြေခၚၿပီး မင္းေနာက္ လိုက္သြားေတာ့မလို႔"
"ျပႆနာနည္းနည္းတက္သြားလို႔ပါ၊ ဒါေပမယ့္ ဘာမွမေျပာပေလာက္ပါဘူး။ အဲ့ေႁမြနဂါးႀကီးအျပင္ ေႁမြေသးေသး အေထြးလိုက္ႀကီးနဲ႔ ့သြားတိုးေသးတယ္"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔လက္ကို ဆြဲယူၾကည့္လိုက္သည္။ သို႔ေသာ္ သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းေရွာင္တိမ္း၏။
"မထိပါနဲ႔ဆို။ ကိုယ့္ေသြးထဲ အဆိပ္ေတြခ်ည္းပဲ။ ကိုယ္ေျပာတဲ့စကားကို လိမႅိမ္မာမာ နားေထာင္စမ္းပါ"
"ဟင္၊ ေနာင္ေတာ္ ဒဏ္ရာရလာတာလား။ ဘာေကာင္ကိုက္လာတာလဲ"
သြမ့္ေယာင္လည္း အခုမွ အကိုက္ခံရသည့္ဒဏ္ရာကို ျမင္သြားကာ အျမန္ပင္လာၾကည့္၏။
"ေသြးေရာင္သံုးမ်က္ရွင္"
"ေဩာ္၊ ဒါဆို ဘာမွမျဖစ္ပါဘူး"
သြမ့္ေယာင္က ေနရာတက်ျပန္ထိုင္လိုက္ကာ ဖရဲေစ့ ဆက္စားေနလိုက္သည္။
ခ်ူယြမ္ - "......"
"ကိုယ္ တကယ္ဘာမွမျဖစ္ဘူးဆိုေန။ ေယာင္အာ အရမ္းသေဘာက်တဲ့အေကာင္ေတြမို႔ ရွီးနန္အိမ္မွာလည္း ဒီလိုေကာင္မ်ိဳးေတြ အမ်ားႀကီးရိွတယ္။ ခဏေန ေသြးျပန္တိတ္သြားလိမ့္မယ္၊ ကိုက္ရာကေတာ့ ျပန္ၿပီးေပ်ာက္ဖို႔ၾကာလိမ့္မယ္"
"အင္းပါ"
"ကဲ ကဲ.....ညီေနာင္တို႔....။ ဝမ္းသာအားရ ဂုဏ္ျပဳေပးလိုက္ၾကပါၪီး!!!!!"
စစ္ကုန္းလြီ႔က ဆက္ဆိုသည္။
"အခု ထ်ဲန္းခ်န္ရွားလည္း ကြၽန္ေတာ္တို႔လက္ထဲ ေရာက္လာၿပီ၊ အစ္ကိုသြမ့္လည္း ရွီးနန္ကိုျပန္ၿပီး ေဆးျပန္ကုေတာ့မယ္"
ငါ့ၪီးေလး ေထာင္ကေနလြတ္မယ့္ရက္လည္း နီးလာၿပီ။
တကယ္ေပ်ာ္စရာႀကီးပဲ...ဟားဟားဟား။
သြမ့္ပိုင္ယြဲ႔က သူ႔ေဘးနားရိွ လူသားငယ္ေလးအား ေစာင္းငဲ့ကာ ေငးၾကည့္လာ၏။
ခ်ူယြမ္က ႏူးညံ့ေသာအၿပံဳးပန္းတစ္ပြင့္ ဆင္ျမန္းလိုက္ကာ -
"ထ်ဲန္းခ်န္ရွားကိုရလာတာနဲ႔ ငါတို႔ႏွစ္ေယာက္ၾကား အေႂကြးေတြေက်သြားၿပီလို႔ ေျပာထားၿပီးသားေနာ္"
သြမ့္ပိုင္ယြဲ႔ - "........"
က်န္ေသာသူမ်ားလည္း ခ်က္ခ်င္းပင္ သေဘၤာဝမ္းထဲရိွ အခန္းတြင္းမွ အလ်ိႈလ်ိႈ ျပန္ထြက္လာၾကသည္။ အခ်င္းခ်င္း တိုင္ပင္ၫွိႏိႈင္းေနစရာမလို။
ခ်ူယြမ္က လက္ဖက္ရည္ကို ငွဲ႔ၿပီး ေသာက္ေနလိုက္သည္။
"ကိုယ္....''
"ကိုယ္ေတာ္ မင္းကို စကားေျပာခြင့္ေပးထားလို႔လား၊ ခုခ်က္ခ်င္း ပါးစပ္ကို ပိတ္ထားလိုက္စမ္း "
ခ်ူယြမ္ကေတာ့ လက္တစ္ဖက္ျဖင့္ ေမးကိုေထာက္ကာ အျခားလက္တစ္ဖက္ကေတာ့ စားပြဲအား တီးေခါက္ရင္း ေဆာ့ကစားေန၏။
"ကိုယ္ ရွီးနန္စံအိမ္ျပန္သြားၿပီး အဆိပ္ေတြ ကုစားၿပီးတဲ့အထိ ေစာင့္ေပးပါၪီး၊ ၿပီးတာနဲ႔ - "
"စိတ္မပူပါနဲ႔"
ခ်ူယြမ္က လက္ဖက္ရည္ခြက္ကို ျပန္ခ်လိုက္ကာ သြမ့္ပိုင္ယြဲ႔အား ေလးနက္စြာ ၾကည့္လာသည္။
"ေနာက္တစ္ႏွစ္ေလာက္ ေစာင့္ၿပီးသြားရင္ ရွီးနန္ဝမ္နဲ႔ ကိုယ္ေတာ္ၾကား ရွင္းစရာရိွတဲ့ကိစၥမွန္သမ်ွ တစ္ခုခ်င္းစီ စာရင္းရွင္းၾကတာေပါ့"
အေတာ္ေလးပင္ ရင္းႏွီးေဖာ္ေရြေသာ အမူအယာမ်ိဳးႏွင့္ ေျပာလာျခင္းပင္။ အံႀကိတ္ၿပီး ၿခိမ္းေျခာက္ေနျခင္းလည္းမဟုတ္ပါ။ သို႔ေပမင့္ -
သြမ့္ပိုင္ယြဲ႔ - "......"
ခ်ူယြမ္က လက္ဖက္ရည္ကို အကုန္ေမာ့ေသာက္လိုက္ၿပီး အျပင္ျပန္ဆင္းသြားသည္။
တံခါးရြက္နား ခိုးနားေထာင္ေနၾကေသာ သံုးေယာက္သားမွာ အျမန္ပင္ ကစဥ့္ကလ်ားေျပးၾကကာ အတြင္းစြမ္းအား က်င့္ႀကံေနဟန္ လုပ္လိုက္ၾက၏။
ဟိုက္ယား၊ ခႏၶာကိုယ္သန္စြမ္းဖို႔ က်င့္ႀကံအားထုတ္ရမယ္။
ခ်ူယြမ္ကေတာ့ သေဘၤာၪီးထိပ္တြင္ ရပ္လိုက္ကာ အဆံုးအစမဲ့လွေသာ သမုဒၵရာျပင္က်ယ္ႀကီးကို ေငးၾကည့္ေန၏။
မ်က္ဝန္းမ်ားထက္ဝယ္မူ ၿပံဳးရိပ္သမ္းေနလ်က္။
*******
ယေန့လည္း သေဘၤာႀကီးေပၚတြင္ ရိွေနဆဲျဖစ္သည္။
သြမ့္ေယာင္က စကားစလာ၏။
" ထ်ဲန္းခ်န္ရွားအခိုးခံသြားရမွန္း ခ်ူရိွန္႔သာသိသြားရင္ ဘယ္လိုျဖစ္မလဲပဲ"
သြမ့္ပိုင္ယြဲ႔က ခပ္ေအးေအးသာ ျပန္ေျဖသည္။
"ထ်ဲန္းခ်န္ရွားအခိုးခံရတာတင္မကဘူး၊ ခ်ိဳးက်ီႀကီးပါ ထူးထူးဆန္းဆန္း ကိစၥတံုးသြားတယ္ဆိုတာပါ သိလိုက္ရၪီးမွာ"
"ေအးေပါ့၊ ဝမ္ဖူ႔ကြီ႔လည္း ပါတယ္"
စစ္ကုန္းလြီ႔ကပါ ဝင္ေျပာလာ၏။
သြမ့္ပိုင္ယြဲ႔ - "......"
ဒီ ေသခ်င္းဆိုးကေတာ့။
စစ္ကုန္းလြီ႔က ဆက္ဆို၏။
"သိသြားေတာ့လည္း ဘာလုပ္လို႔ရမွာတဲ့တုန္း၊ ဘာပဲေျပာေျပာ တရားခံကို လက္ပူးလက္ၾကပ္မွ မမိတာ ။ အရွင္မင္းျမတ္ကို သူ သံသယဝင္ရင္ေတာင္ သူ႔လက္ရိွ အင္အားေလာက္နဲ႔ ေျမာက္အရပ္ကို ဆန္တက္ၿပီး တာ့ခ်ူကို သိမ္းပိုက္ဖို႔ဆိုတာ ျဖစ္မွမျဖစ္ႏိုင္ဘဲ"
"အရွင္မင္းျမတ္က ေနာက္ႏွစ္အၾကာႀကီး ေစာင့္ၿပီးခါမွ နန္ဟိုင္ပင္လယ္ကို သြားတိုက္မွာတဲ့။ အဲ့ခ်ိန္က်ရင္ ဒီနယ္ေျမၾကီး ဘယ္လိုျဖစ္ကုန္မလဲမသိ"
သြမ့္ေယာင္က ေတြးဆဆဆိုလာေတာ့ စစ္ကုန္းလြီ႔က သူ႔အား အဆာေျပမုန္႔ေလးတစ္ခု လွမ္းေပးလိုက္ကာ -
"ဘာလဲ ၊ ဒီကို ထပ္လာခ်င္လို႔လား"
အင္း......လာမွာေပါ့။
သြမ့္ေယာင္ စိတ္ကူးထဲမွသာ ေရရြတ္ႏိုင္ေပသည္။
အရွင္မင္းျမတ္သာ စစ္ေၾကညာလိုက္ရင္ ေနာင္ေတာ္လည္း လိုက္လာမွာပဲ။ ေနာင္ေတာ္လိုက္လာရင္ ကြၽန္ေတာ္နဲ႔ ရွစ္ဖူးလည္း လိုက္လာမွာပဲ။ အဲ..... အရီးေတာ္က်င္းပါ လိုက္လာခ်င္လိုက္လာၪီးမယ္။
အရမ္း စည္ကားေနမွာပဲ။
*******
ပိုင္ရွဲန္႔ျပည္ကို ျပန္ေရာက္ေတာ့ စစ္ကုန္းလြီ႔လည္း ဆင္းက်န္ေနခဲ့ကာ သူ၏မိသားစုေလးႏွင့္အတူ က်န္ေသာသူမ်ားကို ဝမ္းေျမာက္ဝမ္းသာ ႏႈတ္ဆက္စကားဆိုခဲ့သည္။
ထို႔ေနာက္ သေဘၤာႀကီးက ကမ္းစပ္တြင္ ရိကၡာျဖည့္ရန္ ဆိုက္ကပ္ရပ္နားတုန္း သြမ့္ပိုင္ယြဲ႔က ဝါေယာကသိုဏ္းရႈကာ သိဒၶိစြမ္းအင္မ်ားကို ျပန္လည္သန္႔စင္ေနသည္။ ထိုစဥ္ သြမ့္ေယာင္က အခန္းတံခါးေခါက္လာ၏။
"ေနာင္ေတာ္ေရ၊ ေျပာစရာရိွလို႔"
"ဘာကိစၥလဲ"
"အရွင္မင္းျမတ္ ျပန္ႂကြသြားၿပီ"
"ဟင္၊ ျပန္သြားၿပီလား"
သြမ့္ပိုင္ယြဲ႔ မ်က္ဝန္းမ်ား ခ်က္ခ်င္းျပန္ပြင့္လာ၏။
"အင္း၊ လြန္ခဲ့တဲ့တစ္နာရီေလာက္ကတည္းက ထြက္သြားတာ။ ေနာင္ေတာ့္ကို ခ်က္ခ်င္းမေျပာျပေသးနဲ႔လို႔ ကြၽန္ေတာ့္ကိုအတန္တန္မွာသြားေသးတယ္။ ကိုယ့္ဘာသာကိုယ္သာ အရင္ အဆိပ္သြားကုလိုက္ၪီးတဲ့"
"ၿပီးေတာ့ေရာ"
"ၿပီးေတာ့ ရွီးနန္ဘုရင္အျဖစ္ပဲ ဆက္လက္စိုးစံေနပါတဲ့၊ လံုးဝ လံုးဝ ေျမာက္ပိုင္းကို ဆန္တက္မလာပါနဲ႔တဲ့။ မဟုတ္ရင္ ၿမိဳ႔ေတာ္မွာ တစ္ခါေတြ့မိတိုင္း တစ္ခါ ရိုက္ပစ္မွာတဲ့"
တကယ္ ဝမ္းနည္းစရာကိစၥပဲ။
သြမ့္ပိုင္ယြဲ႔ကေတာ့ တဟားဟား ရယ္ေမာေနသည္။
သြမ့္ေယာင္ကေတာ့ ႏႈတ္ခမ္းဆူလိုက္ကာ -
"ေနာင္ေတာ္တို႔မ်ား ရယ္ႏိုင္ေသးတယ္ေနာ္။ မရီးေတာ္က တကယ္ထြက္သြားၿပီသိလား"
သြမ့္ေယာင္က အစ္ကိုျဖစ္သူေဘးနား လာထိုင္လိုက္ကာ ဆက္ေမးလာ၏။
"တကယ္ လိုက္မသြားေတာ့ဘူးလား။ ကြၽန္ေတာ္က ဧကရာဇ္အမိန္႔ေတာ္ကိုေတာင္ဖီဆန္ၿပီး လာေျပာျပရတာ၊ ခုေန လိုက္သြားရင္ မီေသးတယ္"
"ရပါတယ္၊ ႏွစ္ေပါင္းအမ်ားႀကီး ျဖတ္သန္းခဲ့ၿပီးၿပီပဲ။ ဒီေျခာက္လ တစ္ႏွစ္ေလာက္ေလးကို ဘာလို႔ ထပ္ေလာရၪီးမွာလဲ"
"ေနာင္ေတာ္ တကယ္ႀကီး စိတ္မပူဘူးလားဗ်ာ"
သြမ့္ေယာင္မွာ ေမးေလးေထာက္ရင္း အစ္ကိုျဖစ္သူကို နားမလည္ႏိုင္စြာ ၾကည့္လာ၏။
မ်က္ရည္လည္ရႊဲႀကီးနဲ႔ အေျပးအလႊား လိုက္သြားမယ္မွတ္ေနတာ။
"တစ္ခ်ိဳ႕ကိစၥေတြက အလ်င္စလိုလုပ္လို႔မရဘူး"
သြမ့္ေယာင္က ပါးမ်ားေဖာင္းလိုက္ကာ မေက်မနပ္ဆိုလာ၏။
"ဇနီးမယား ထိမ္းျမားဖို႔ကိစၥလည္း မေလာဘူးေပါ့ေလ။ အိမ္မွာရိွတဲ့ ပိုးထည္အနီေတြေတာ့ ေဆြးကုန္ေတာ့မယ္"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ -
"ေနာက္ထပ္ နည္းနည္းေလး ထပ္ေစာင့္ပါၪီး။ အဆိပ္ေတျြပယ္ၿပီးသြားတာနဲ႔ ငါ သူ႔ကို ေန့ညမျပတ္ သြားေစာင့္ေရွာက္မွာပါ"
"ဒါဆို ရွီးနန္စံအိမ္ကိုေရာ"
"မင္းလက္ထဲ အပ္ခဲ့မယ္"
ထင္သားပဲ။
သြမ့္ေယာင္ အေတာ္စိတ္တိုသြား၏။
သြမ့္ပို္င္ယြဲ႔ကေတာ့ မ်က္ဝမ္းလႊာမ်ားျပန္ခ်လိုက္ကာ ကသိုဏ္းျပန္ရႈေနလိုက္သည္။ သြမ့္ေယာင္က သူ႔အား အျမင္ကတ္ကတ္ႏွင့္ တြန္းပစ္လိုက္၏။
"ေနာင္ေတာ္.....တကယ္ကိုပဲ မရီးေတာ္ကို လံုးဝ အေလးမထားေတာ့တာလားဗ်။ တျခားဟာ မေျပာေသးနဲ႔၊ နန္းေတာ္အျပန္လမ္းမွာ ေစာင့္ေနမယ့္ လူသတ္သမားေတြရိွႏိုင္ေသးတယ္ေလ"
"ခဏေနရင္ သူရိယစႏၵာေတာင္စခန္းကလူေတြ သူ႔ကို လာႀကိဳၿပီး ေစာင့္ေရွာက္ေပးလိမ့္မယ္"
"......"
အဲ့ေတာ့ ေနာင္ေတာ့္ကို ဘာလုပ္ဖို႔ သူ ေခၚထားရၪီးမွာလဲဗ်။
"သူက ဧကရာဇ္တစ္ပါးေလ။ ငါကခ်ည္း အကုန္ လိုက္လုပ္ေပးလို႔မသင့္ေတာ္ဘူး"
"အရင္တုနး္ကဆို ဒီလိုစကားမ်ိဳး မေျပာပါဘူး"
နန္းေတာ္ထဲမွာလည္း သူလ်ိႈေတြ အေထာက္ေတာ္ေတြ ေနရာအႏွံ႔ ျဖန္႔ထားေသး။ ဟိုက ဘာစားတယ္ ညာစားတယ္ဆိုတာကအစ အစီရင္ခံစာေရးၿပီး သူ႔ဆီ လာပို႔ေပးရေသး။ ရွစ္ပါးရတနာ ပန္းမုန္လာဟင္းဆိုတာ ဘာႀကီးလဲဟဆိုၿပီး ငါ့မွာေတာ့ ရက္အမ်ားႀကီး အခ်ိန္ယူၿပီး စဥ္းစားလိုက္ရတာ။ ဟိုဘက္လူက ဘာလို႔မ်ား မနက္တိုင္း မနက္တိုင္း အဲ့ဟင္းခ်ည္းပဲ စားေနတာလဲ၊ မၿငီးေငြ့ဘူးလားဆိုၿပီး ေမးၾကည့္ခ်င္တဲ့အထိ ျဖစ္သြားေသး။
"အရင္တုန္းက အရင္ေလ။ အခုက အခု"
"အင္း၊ အဲ့လိုေျဖတာကလည္း ေျဖေနေပမယ့္ မေျဖလိုက္သလိုပါပဲ"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ -
"ေနာက္က် မင္း ခ်စ္ရမယ့္လူနဲ႔ေတြ့လာရင္ နားလည္သြားပါလိမ့္မယ္"
ဒါေတာ့ လံုးဝျငင္းပါတယ္ေနာ္။ လံုးဝပဲ။
ခ်စ္မႈေရးရာကိစၥေတြက နားေထာင္ၾကည့္ရံုနဲ႔ တင္ စိတ္ပ်က္ဖို႔ေကာင္းတယ္။
တစ္ေယာက္တည္းေနတာကမွ အေကာင္းဆံုးပဲ။
*******
ေနာက္ ေျခာက္လအၾကာ။
ရွီးနန္စံအိမ္ေတာ္တြင္ျဖစ္သည္။
"ေနာင္ေတာ္ေရ !!!!!! ဧကရာဇ္ရဲ့ အမိန္႔ေတာ္စာလႊာ ေရာက္လာၿပီ၊ လာယူလွည့္ပါၪီး"
လက္ထဲ စာတစ္ေစာင္ကိုင္ထားရင္း သြမ့္ေယာင္က အေျပးေလးေရာက္လာ၏။
သြမ့္ပိုင္ယြဲ႔လည္း ရႊမ္မင္ဟန္ထ်ဲယ္ဓားကို စားပြဲေပၚ ျပန္တင္လိုက္ကာ အခန္းထဲမွ ထြက္လာ၏။
သြမ့္ပိုင္ယြဲ႔၏ မ်က္ႏွာျပင္ေပၚရိွ အစင္းအေၾကာင္းမ်ားမွာ အေတာ္ပင္ေလ်ာ့နည္းပါးလိသြားေပသည္။ အနားသို႔ နီးနီးကပ္ကပ္ ေသခ်ာၾကည့္မွသာ ခပ္ေရးေရးေလးက်န္ေနေသးေၾကာင္း ေတြ့ျမင္ႏိုင္ေပသည္။
"မုန္႔ဖိုး....."
သြမ့္ေယာင္က စာလႊာကို ေနာက္ေက်ာတြင္ ဖြက္လိုက္ကာ သြမ့္ပိုင္ယြဲ႔အား အတိုက္အခံျပဳလာ၏။
"ဘ႑ာတိုက္မွာ လိုခ်င္သေလာက္ သြားထုတ္ေခ်"
သြမ့္ေယာင္လည္း ဝမ္းသာလံုးဆို႔သြားကာ စာလႊာကို လက္ႏွစ္ဖက္ျဖင့္ ရိုရိုေသေသ ဆက္သေပးလိုက္သည္။ စိတ္ထဲမွာလည္း မရီးေတာ္က ဘာလို႔မ်ား ဒီထက္ အေစာင္ေရအမ်ားႀကီး ေရးမလာသနည္းဟုလည္း တိတ္တခိုး အတြန္႔တက္မိသည္။ ထိုသို႔ဆိုလ်ွင္ စာလႊာလာေပးတိုင္း ရမည့္ မုန္႔ဖိုးႏွင့္ပင္ အိမ္ေတြၿခံေတြဝယ္ကာ တစ္အိုးတစ္အိမ္သီးသန္႔ ေအးေအးေဆးေဆး ေနႏိုင္ေလာက္ေပၿပီ။
သြမ့္ပိုင္ယြဲ႔က စာလႊာကိုဖြင့္ၿပီး တစ္ေခါက္မ်ွဖတ္လိုက္သည္။
"မရီးေတာ္ ဘာေျပာထားေသးလဲဟင္"
"ဟိုအမတ္မင္းဝမ္းကို ေရႊၿမိဳ႔ေတာ္ဆီ ျပန္လာခိုင္းလိုက္ၿပီတဲ့"
သြမ့္ေယာင္ အေတာ္အံ့ဩသြညး၏။
"ၿပီးေတာ့ေရာ"
"အဲ့အေၾကာင္းပဲပါတယ္"
သြမ့္ေယာင္ နားမလည္ေပ။
"အမတ္တစ္ေယာက္ကို နန္းေတာ္ထဲ ျပန္လာၿပီး အခစားဝင္ခို္င္းတဲ့ကိစၥေလးကို တမင္သက္သက္ ေနာင္ေတာ့္ဆီ စာေရးၿပီး ပို႔လာလိုက္တာလား"
"ဟုတ္ပေနာ္"
သြမ့္ပိုင္ယြဲ႔က ႏူးညံ့စြာၿပံဳးလိုက္ရင္း ေထာက္ခံ၏။
သို႔ေသာ္ သြမ့္ေယာင္မွာ ခ်က္ခ်င္း ေရငံုႏႈတ္ပိတ္ေနလိုက္ရသည္။
အေၾကာင္းမွာ တစ္ေန့တစ္ျခား ပိုမိုေခ်ာေမာခန္႔ျငားလာေသာ သူ႔ေနာင္ေတာ္ႀကီးမွာ ယခုေတာ့ တစ္စံုတစ္ခုကို အလိုမက်ျဖစ္ေနသည့္ႏွယ္။
*******
2020.10.29.
*******