[မင်း စိတ်အပန်းပြေဖို့ အလည်ခေါ်သွားပေးမယ်]
လက်ဖက်ရည်တစ်ခွက်စာအချိန် (ဆယ့်ငါးမိနစ်ခန့်)ကုန်လွန်သွားပြီးသည့်ထိ ချူယွမ်က ယဲ့ကျင်အား စိတ်အေးလက်အေး ဖျန်ဖြေနားချနေရဆဲပင်။
" ကိုယ်တော် အမှန်အတိုင်းပြောနေတာ။ ရှီးနန်ဝမ် ဒီကိုလာတာ စစ်ရေးကိစ္စ ဆွေးနွေးဖို့ပါပဲ"
ဒါဆိုလည်း အမတ်မင်းဝမ်းဆီ ဘာလို့မသွားတာလဲ။
ယဲ့ကျင်က အစ်ကိုဖြစ်သူအား နာကျည်းစွာကြည့်လိုက်သည်။
ဒါကြောင့်ကိုး၊ ဒီရက်ပိုင်း အခန်းထဲပဲအောင်းနေတယ်ဆိုတာ အခန်းထဲ လူတစ်ယောက်လုံးထည့်ဖွက်ထားလို့ကိုး။
ဧကရာဇ်တစ်ပါး ဖြစ်နေရဲ့သားနဲ့၊ ထိပ်ပြောင်ကောင်ကြီးကို အခန်းထဲ ထည့်ဖွက်ထားသတဲ့။ ကြားလို့မှကောင်းသေးရဲ့လား။
ဒီသတင်းသာ ပေါက်ကြားသွားလို့ကတော့ အရှက်တွေ တဖြန်းဖြန်း ကွဲရမှာ မဟုတ်ဘူးလား။ အရှက်ကွဲရမှာ မဟုတ်ဘူးလား။အရှက်ကွဲရမှာ မဟုတ်ဘူးလားလို့။
ချူယွမ်ခမျာ စိတ်ရောကိုယ်ပါ နွမ်းနယ်လာပြီဖြစ်၏။
အိမ်ဝင်းထဲတွင်တော့ သွမ့်ပိုင်ယွဲ့နှင့် ရှန်ချန်းဖုန်းတို့လည်း အကြည့်ချင်းဆုံလျက်။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်၊ ကိုယ်ချင်းစာနာမှုအပြည့်။
နောက်ဆုံးတော့.....
နီးကပ်လာပြီဖြစ်သောစစ်ပွဲကိစ္စကို ငဲ့ညှာထောက်ထား၍ ယဲ့ကျင်လည်း သွွမ့်ပို်င်ယွဲ့အား သင်းကွပ်ပစ်မည့်ကိစ္စကို လက်လျှော့ထားလိုက်သည်။ သို့သော်လည်း မြေပဲပြုတ်ရောင်းသောဦးကြီးကို အခကြေးငွေပေးကာ သုံးလေးခေါက်မျှ မြင်းတပ်စခန်းရှေ့ လမ်းလာလျှောက်ပြစေ၏။ ငယ်ထိပ်တည့်တည့်တွင် ထိပ်ပြောင်နေသည်ဆိုသည်မှာ ဘယ်လိုမျိုးဖြစ်မှန်း နောင်တော်ကြီးသိဖို့ မြင်နိုင်ဖို့ဖြစ်သည်။
"နောက်ဆို သူနဲ့ ဝေးဝေးနေ၊ ကြားလား"
ယဲ့ကျင်က အထပ်ထပ်မှာကြားလာ၏။
"အင်း အင်း၊ ရတယ်"
*****
ယဲ့ကျင်ကို လိုက်ပို့အပြီး ချူယွမ်အခန်းထဲပြန်ဝင်လာတော့ သွမ့်ပိုင်ယွဲ့က လက်ဖက်ရည်ထိုင်သောက်နှင့်နေပြီဖြစ်သည်။
"မင်း ဘယ်တော့မှ မုယန်ကိုပြန်ဖို့စိတ်ကူးရှိလဲ"
"သေချာပေါက် မင်းနဲ့တူတူ ပြန်မှာလေ"
သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီး ကမ်းပေးလာ၏။
"မင်းကိုဆန့်ကျင်ဖို့ဆိုပြီး ချူဟိန်က ကိုယ်နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ ခုလောလောဆယ် ဘာမှ ထမဖြစ်လောက်ပါဘူး။ သွမ့်နေ့ရော ဒုတပ်မှူးရော အဲ့မှာရှိနေတာပဲ"
"လီ့ချွေကတော့ မြို့ထဲက တည်းခိုဆောင်မှာရှိတယ်၊ မင်း သူနဲ့ ဘယ်တော့သွားတွေ့ဖို့လုပ်ထားလဲ"
သွမ့်ပိုင်ယွဲ့က ချူယွမ်၏ မျက်နှာအရိပ်အကဲကို ကြည့်ပြီးနောက် တန်ပြန်မေးခွန်းထုတ်လိုက်၏။
"ဘယ်တော့လောက်ဆို ကောင်းမလဲ၊ မင်းပဲပြောကြည့်လိုက်"
"ကိုယ်တော်နဲ့ ဘာဆိုင်နေလို့လဲ"
ချူယွမ်က တည်ကြည်စွာသာဆို၏။ သွမ့်ပိုင်ယွဲ့ရင်ထဲမှာတော့ "အား၊ ပြဿနာပဲ"ဟု ညည်းညူလိုက်ကာ ချက်ချင်းပင် ချူယွမ်လက်ကို ကိုင်ဆွဲပြီးနမ်းလိုက်၏။
"စိတ်ဆိုးနေတုန်းပဲလားဟင်"
"ဆိုးတယ်"
ချူယွမ်က နှုတ်ခမ်းဆူရင်းဖြေလိုက်သည်။
"ကိုယ့်ကို စိတ်ဆိုးမယ်ဆိုရင် ဆိုးလို့ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်သွားတဲ့အထိတော့ စိတ်မဆိုးရဘူး၊ ကြားလား"
သွမ့်ပိုင်ယွဲ့က ချူယွမ့်အနား ပို၍တိုးကပ်လာကာ -
"ပြီးတော့ ကိုယ့်အမှားကို ကိုယ် ဝန်ခံပြီးပြီလေ၊ ဒီနေ့ညတော့ ကိုယ့်ကို ကြမ်းပြင်ပေါ် မအိပ်ခိုင်းပါနဲ့နော်"
ချူယွမ်ကတော့ အရင်အတိုင်းပင် မပူမပင် အေးဆေးစွာသာ ပြောလိုက်၏။
"လီ့ချွေနဲ့ ခရမ်းစွဲကျောက်စိမ်းနဂါးကိစ္စကို ပြီးအောင်မရှင်းရသေးလို့ကတော့ ထွက်ပြေးလို့လည်း လွတ်မယ်မထင်နဲ့"
*****
ညရောက်တော့ ရှန်ချန်းဖုန်းက ယဲ့ကျင်ကို အတင်းပင်ပွေ့ချီလိုက်ကာ သူတို့အခန်းထဲ ပြန်ခေါ်လာ၏။
"ကျွန်တော့်ကို ခဏလောက်လွှတ်ပေးပါဆို၊ ဟိုဘက်အခန်းကို တစ်ချက် သွားကြည့်ကြည့်မလို့"
ယဲ့ကျင်က ရှန်ချန်းဖုန်း၏ ရင်ခွင်ကျယ်ကို အတင်းတွန်းထားကာ ချန်းဖုန်းနမ်းလာသမျှကို အနမ်းမခံဘဲ ရှောင်နေ၏။ တကယ့်စိတ်ရင်းက ထွက်ပြေးချင်နေသော်လည်း၊ အားကုန် ရုန်းနေသော်လည်း အရာမထင်။ တစ်ဖက်လူကို အမြင်ကတ်ကတ်နှင့် အရမ်း ကိုက်ပစ်ချင်နေပြီဟုပင် ယဲ့ကျင်တွေးလိုက်သေး၏။
ယဲ့ကျင့်၏ ပုံစံကိုမြင်သော် ရှန်ချန်းဖုန်းလည်း အတော်ရယ်ချင်သွားသည်။ လက်တစ်ဖက်က ယဲ့ကျင်ကိုချုပ်ထားလိုက်ကာ အခြားလက်တစ်ဖက်က မေးစေ့ကိုထိန်းပြီး မော့လာစေ၏။ ထို့နောက် ဆေးလုံးတစ်လုံးကို လက်မလေးဖြင့် အသာဖိကာ ပါးစပ်ထဲ ထည့်ကျွေးလိုက်သည်။
"အင့်"
ယဲ့ကျင်မှာ သတိမထားမိလိုက်သဖြင့် အငိုက်မိသွားသည်။ ချိုမြမြအရသာမှာ ခံတွင်းထဲစိမ့်ဝင်ပျံ့နှံ့သွားကာ တစ်ဖက်လူကို မျက်စိအပြူးသားကြည့်လာ၏။
ရှန်ချန်းဖုန်းက ယဲ့ကျင်၏ပါးပြင်နုနုအား ခပ်ဖွဖွ ပုတ်လိုက်ကာ -
"ကလေးလေး၊ လိမ္မာနော်....."
ခဏကြာတော့ ယဲ့ကျင်ဝမ်းဗိုက်အောက်ပိုင်းမှ လှိုက်ခနဲပူလောင်ပြင်းပြလာကာ တစ်ကိုယ်လုံးကလည်း နံရံသို့ ဖိကပ်ချုပ်နှောင်ထားခြင်းခံလိုက်ရသည်။ အဝတ်အစားများကလည်း ဖရိုဖရဲပြန့်ကျဲလို့။
စားပွဲကို ထမှောက်ပစ်ချင်လောက်အောင် ဒေါသထွက်နေပေမင့် ထိုလူကြီးကို ကန်ပစ်ဖို့ရန်ပင် ယဲ့ကျင်တွင်အားမရှိတော့။ သုံးလေးခါမျှ ရုန်းကန်နေပြီးနောက် လွတ်အောင်ရုန်းဖို့မဆိုထားနှင့်၊ မိမိဘက်ကသာ နွမ်းရိပင်ပန်းလာကာ အက်ရှသောလေသံဖြင့်ဆိုလာ၏။
"မင်းဘိုးအေ...ငါ့ကို အခုချက်ချင်း ဖြေဆေးထုတ်ပေး!!!!"
ရှန်ချန်းဖုန်းလည်း ငုံ့ဆင်းသွားကာ တစ်ဖက်ကကောင်လေး၏အမျက်ဒေါသကို ငြိမ်းသတ်ပေးရန် စတင်လိုက်လေသည်။
(T/n : နွေဦးဝတ်မှုန်ဆေးတွေရဲ့ ဖြေဆေးဆိုတာ ဘယ်လိုဟာမှန်း သိပြီးသားဖြစ်ကြမှာပါ)
*****
တစ်ချိန်တည်းမှာပင် တစ်ဖက်ခန်းကတော့တိတ်ဆိတ်ငြိမ်သက်နေလျက်။
ချူယွမ်က တံခါးဘက်ကိုကျောပေးထားကာ အိပ်နေ၏။ အတော်လေးကို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလောက်ပြီမို့ သွမ့်ပိုင်ယွဲ့က စောင်ကို ခပ်ဖွဖွမလိုက်ကာ ချူယွမ်ဘေးနား တိုးအိပ်လိုက်သည်။
ချူယွမ်နိုးလာမည်ဆိုသည်မှာ သေချာနေသည်လေ။ ထို့ကြောင့် သွမ့်ပိုင်ယွဲ့လည်း ချူယွမ်၏ကိုယ်လုံးလေးကို ပွေ့ဖက်ထားလိုက်ကာ ဩရှရှလေသံဖြင့်ပြောလာ၏။
"ကြမ်းပေါ်မှာ.....အေးတယ်"
ချူယွမ်မျက်ဝန်းများ ပြန်လည်မှေးစက်သွားသည်။ နှုတ်ခမ်းလွှာများကတော့ ပြုံးရိပ်သမ်းနေဆဲပင်။
သွမ့်ပိုင်ယွဲ့က ချူယွမ်၏ဆံနွယ်များအား လှမ်း၍နမ်းရှိုက်လိုက်သည်။ သူ တကယ်ပင် အိပ်ချင်စိတ် မရှိသေး။
သန်းခေါင်ကျော်သွားတော့ ချူယွမ်ဘက်က စမေးလာသည်။
"ဘာတွေတွေးနေလို့တုန်း"
သွမ့်ပိုင်ယွဲ့ အံ့ဩသွား၏။ ထို့နောက် ချူယွမ်အား သူ့ဘက်သို့မျက်နှာမူလာစေရန် ကိုယ်လုံးလေးကိုလှည့်လိုက်ကာ တောင်းတောင်းပန်ပန်ဆိုလိုက်သည်။
"ကိုယ် မင်းကို နှိုးလိုက်သလိုဖြစ်သွားတာလား"
ချူယွမ်က သွမ့်ပိုင်ယွဲ့ခန္ဓာကိုယ်ထက် တက်အိပ်လိုက်သည်။ ထို့နောက် ရင်ခွင်ကျယ်ထက်ဝယ် မေးကိုထောက်လိုက်ရင်း ပျင်းရိလေးတွဲ့စွာ မေးလာ၏။
"ကဲ၊ ပြောစမ်းပါဦး။ မင်း အိပ်မပျော်တဲ့အချိန်တိုင်း ဘာအကြောင်းတွေ တွေးတတ်သလဲ"
သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက်ပါ လုံခြုံအောင် စောင်ကို ပြန်လွှမ်းခြုံပေးနေရင်း -
"အကုန်တွေးတယ်၊ အများဆုံးတွေးဖြစ်တာကတော့ မင်းအကြောင်းပဲ ။ စောနကတောင် မင်းအကြောင်း တွေးနေတာ"
ချူယွမ်က ကျေနပ်ပျော်ရွှင်စွာ ပြုံးလိုက်ကာ လက်ကိုဆန့်တန်းလာပြီး သွမ့်ပိုင်ယွဲ့၏ ပါးပြင်အား ညှစ်ပစ်လိုက်၏။
သွမ့်ပိုင်ယွဲ့က မိမိခန္ဓာထက်က လူသားလေးကို ငေးကြည့်နေကာ -
"နောက်ဆို ဘာကိစ္စပဲဖြစ်လာလာ ကိုယ် မင်းကို အကုန်လုံး အမှန်အတိုင်းပြောပြပါ့မယ်။ ဘာကိုမှ မဖုံးကွယ်ထားတော့ပါဘူး၊ ကောင်းတယ်ဟုတ်"
"ပြောလိုက်ရင်တော့ နားဝင်ချိုစရာစကားတွေချည်းပဲ"
ချူယွမ်ကို လက်ကိုပြန်လွှတ်လိုက်ကာ ဆက်မေးလာ၏။
"မင်း ငါ့ကို ခုထက်ထိ ရှင်းရှင်လင်းလင်းမပြောပြရသေးတာ တစ်ခုရှိသေးတယ်။ မင်း သိုင်းကျင့်နေရင်း ဘာလို့ ချီဓာတ်ဖောက်ပြန်သွားရသလဲဆိုတဲ့ကိစ္စ"
သွမ့်ပိုင်ယွဲ့ ပြောမထွက်တော့ပေ။ ချူယွမ်လည်း တခြားအကြောင်းအရာဘက် စကားလှည့်လိုက်ဖို့ အစီအစဥ်မရှိ။
"သိုင်းသမားတွေက ကျင့်စဥ်ကနေ ချွတ်ချော်တိမ်းစောင်းသွားတာနဲ့ အချိန်မရွေး အန္တရာယ်ဖြစ်နိုင်တာပဲလေ"
"ရှစ်ဇီ!!!!!!"
သွမ့်ပိုင်ယွဲ့က ချက်ချင်းပင် ချူယွမ့်နှုတ်ခမ်းများကို လက်ဖြင့်အမြန်ပိတ်ပစ်လိုက်ရ၏။
ရှစ်ဇီက ရသေးတယ်။ ဟိုဘက်အခန်းက ရှစ်ဇီရဲ့ဘိုးတော်လေးကိုတော့ ခေါ်မလာလိုက်ပါနဲ့။
ချူယွမ်က သူ့လက်ကို အေးစက်စွာပင် ပုတ်ထုတ်ပစ်လိုက်၏။ ထို့နောက် မိမိကိုယ်ကို စောင်ဖြင့်လုံးထွေးရစ်ပတ်ကာ သွမ့်ပိုင်ယွဲ့အား ပြန်၍ ကျောပေးပြီးအိပ်လိုက်သည်။
သွမ့်ပိုင်ယွဲ့လည်း ခေါင်းကိုက်ရလေပြီ။ထို့နောက် ချူယွမ်အား ချော့မော့ပြောဆိုလာ၏။
"ချီဓာတ်ဖောက်ပြန်တဲ့အကြောင်းရင်းက ဆွေကျိုးအရေးအခင်းကို ကိုယ် သွားနှိမ်နင်းလိုက်လို့ပါ။ ဂူအောင်းပြီးသိုင်းကျင့်နေရင်းတန်းလန်းမှာတင် ရှစ်ဖူးသတိပေးတာကို နားမထောင်ဘဲ ကိုယ် ရုတ်တရက်ထွက်လာခဲ့လိုက်လို့ အသက်အန္တရာယ်ဖြစ်တဲ့အထိ ဘေးဒဏ်သင့်သွားတာပါ "
ချူယွမ် ဘာမှပြန်မပြော၊ ပြန်လည်း လှည့်ကြည့်မလာပေ။
သွမ့်ပိုင်ယွဲ့က ချူယွမ်၏နောက်ကျောပြင်အား ဖက်တွယ်ထားလိုက်ကာ -
"အဲ့လောက်ကြီးထိ အခြေအနေဆိုးသွားလိမ့်မယ်တောင် ရှစ်ဖူးတောင် ထင်မထားခဲ့ဘူးရယ်။ ဘာပဲပြောပြော ဒါတွေအားလုံးက ပြီးဆုံးသွားပြီလေ။ မင်း ဆက်နားထောင်ချင်တယ်ဆိုလည်း ကိုယ်ပြောပြပါ့မယ်၊ ဒါပေမယ့် လုံးဝအတွေးမများရဘူး၊ ကြားလား"
အခန်းထဲဝယ်တိတ်ဆိတ်သွားပြန်၏။
အတန်ကြာတော့မှ ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲမှ အတင်းရုန်းထွက်လိုက်ကာ ခေါင်းအုံးကိုလှမ်းယူပြီး သွမ့်ပိုင်ယွဲ့အား ရိုက်တော့သည်။
သွမ့်ပိုင်ယွဲ့မှာ ငြိမ်ကျသွားကာ ထုရိုက်လာသမျှကို အသာတကြည်ခံယူနေလိုက်သည်။ သလွန်ပေါ်မှ ချူယွမ်ပြုတ်ကျတော့မည်ကို တွေ့တော့မှ သူ့ကိုယ်လုံးလေးကို ပြန်၍ လှမ်းဆွဲထားလိုက်သည်။
ချူယွမ်က လက်ထဲကခေါင်းအုံးကို ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။ ရင်ဘတ်အစုံကလည်း နိမ့်ချည်မြင့်ချည်နှင့် ၊ သွမ့်ပိုင်ယွဲ့အား နီစွေးစိုစွတ်နေသော မျက်ဝန်းများဖြင့် ငေးကြည့်လာ၏။နှုတ်ခမ်းလွှာများကလည်း တဆတ်ဆတ် တုန်ယင်နေလို့။
"မတော်တဆ ဖြစ်သွားတာပါကွာ"
သွမ့်ပိုင်ယွဲ့က သူ့အား ရင်ခွင်ထဲဆွဲသွင်းလိုက်ကာ နမ်းရှိုက်နှစ်သိမ့်လာ၏။
"အရာရာတိုင်းက ပြီးဆုံးသွားပြီလေ၊ ဒါတွေကို ကောင်းကင်ဘုံကချမှတ်ပေးတဲ့ ဆူးငြှောင့်ခလုတ်တွေလို့ပဲ ထားလိုက်။ အသက်နှစ်ဆယ်သုံးဆယ်ထိတော့ ခါးသီးနာကျင်ရပေမယ့် နောင်ကျရင် ကိုယ်တို့အတွက် ချိုမြိန်တဲ့အနာဂတ်တွေပဲ ရှိလာတော့မှာ။ ကိုယ်ပြောတာ ထောက်ခံတယ်ဟုတ်"
ချူယွမ်မှာ သွမ့်ပိုင်ယွဲ့၏ အင်္ကျီစကို ဆွဲစုပ်ထားကာ ရင်ခွင်ကျယ်ထက် မျက်နှာအပ်ထား၏။ ပူနွေးစိုစွတ်သော အထိအတွေ့ကို ခံစားရတော့ သွမ့်ပိုင်ယွဲ့လည်း ဘာမှမတတ်နိုင်တော့ဘဲ ကျောပြင်လေးကိုသာ အသာ ပွတ်ပေးလိုက်၏။
"အခု ကိုယ်လည်း နေပြန်ကောင်းနေပြီလေကွာ ၊ မငိုပါနဲ့လား"
ထိုစာလွှာကို ချူယွမ် မှတ်မိနေပါသေးသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုသူ့ထံ သူရေးပေးခဲ့သော စာလွှာ။
ဆွေကျိုးကို လိုချင်တယ်။
လျဲ့စန်းတောင်ကို လိုချင်တယ်။
ချူကျဲန်းရဲ့ အသက်ကို လိုချင်တယ်။
ပြန်စာမှာ အချိန်မှန်ပင် ရောက်လာ၏။ ပြီးတော့ တစ်ခွန်းတည်းသာ အကြောင်းပြန်ထား၏။ " ကောင်းပါပြီ " တဲ့လေ။
သို့နှင့် နောက်သုံးလကြာသော် ချူကျဲန်းက တောကစားထွက်ရင်း ချောက်ပေါ်မှ ပြုတ်ကျပြီး ဆုံးပါးသွားသည်ဟူသော သတင်းကိုကြားလိုက်ကြရသည်။ သို့နှင့် ဆွေကျိုးဒေသလည်း ချူယွမ်အပိုင်ြပန်ဖြစ်လာသည်။ ဒီနောက်ပိုင်း နှစ်ယောက်စလုံးကလည်း ထိုကိစ္စကို ပြန်မပြောဖြစ်ကြ။ တစ်ဖက်လူက ချီဓာတ်ဖောက်ပြန်သည့်အထိ ဖြစ်သွားမည်ဟု ချူယွမ် လုံးဝမထင်ထားခဲ့၊ အသက်ဘေးထိ ဘေးဒဏ်သင့်သွားစေမည်ဟုလည်း ထင်မထားခဲ့။ ထို့အပြင် တစ်ဖက်လူက ရွှေချည်ကူပိုးကောင်နှိပ်စက်သော ဝေဒနာဒဏ်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာသည့်အထိ အလူးအလိမ့် ခံစားခဲ့ရသေးသည်။
"ငတုံးလေး"
သွမ့့်ပိုင်ယွဲ့က ချူယွမ်၏ မေးစေ့ကိုကိုင်ကာ သူ့အား မော့ကြည့်လာစေ၏။ ထို့နောက် ချူယွမ်၏ မျက်ရည်စများကို လက်မဖြင့် ပွတ်သပ်ပြီး သုတ်ပေးလိုက်ကာ -
"မနက်ဖြန်မနက် မျက်လုံးတွေဖောင်းအစ်နေလို့ကတော့၊ တောင်သခင်ယဲ့သာ မြင်သွားရင် ကိုယ်တကယ် ထိပ်ပြောင်တော့မှာနော်"
"နောက်ဆို မင်း ဘာမှမလုပ်နဲ့တော့။ ငါ မင်းကို တစ်သက်လုံး ကျွေးမွေးထားမယ်"
သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် ခေါင်းညိတ်လက်ခံလိုက်၏။
"ဟုတ်ပြီ၊ အခုချက်ချင်း ကျွေးမွေးထားရမယ်လို့ ကိုယ်မဆိုလိုဘူး။ နောက်ပိုင်း မင်း ကိုယ့်နောက်ကိုလိုက်ပြီး တာ့လီကိုရောက်သွားတာနဲ့ ကိုယ်တို့နှစ်ယောက် ရွာသေးသေးလေးတစ်ရွာလောက် သွားရှာမယ်၊ အာ့ဟိုင်ရေကန်နားက တစ်နေရာရာပေါ့။ အဲ့ကျတော့မှ ထမင်းချက်တာကိုလည်း မင်းပဲလုပ်၊ အဝတ်လျှော်ဖွတ်တာကိုလည်း မင်းပဲလုပ်၊ ကိုယ်ကတော့ ဘာဆိုဘာမှမလုပ်တော့ဘူး ၊ တစ်နေ့တစ်နေ့ အိပ်လိုက်စားလိုက်ပဲနေတော့မယ်လေနော်၊ ဟုတ်ပြီလား"
"အိပ်မက်မက်နေလိုက်....."
ချူယွမ့်လေသံမှာ အတော်လေး ပြန်ငြိမ်သွား၏။
"ကြည့်လေ၊ မင်းကပဲ ကိုယ့်ကိုကျွေးမွေးထားမယ်ဆို။ အခု မကျွေးချင်တော့ဘူးလား"
သွမ့်ပိုင်ယွဲ့က သက်ပြင်းချလိုက်ကာ ဆက်ဆိုလာ၏။
"တိုင်းသူပြည်သားတွေက ပြောတယ်၊ ရှီးနန်ဝမ်ဟာ အလိုလောဘကြီးတယ် ရက်စက်တယ်တဲ့။ အယောက်တိုင်းက မှန်တာရော မှားတာရော ရောသမမွှေပြီးပြောနေတော့ ကိုယ် အိုသွားလို့ရှိရင် ရွာသူကြီးလောက်ပဲ ဖြစ်နိုင်တော့မှာသိလား။ အခြွေအရံနည်းနည်းလေးနဲ့ပဲနေရမှာ။ ကိုယ် ဒီလောက်တောင်းဆိုတာတောင် မရဘူးပေါ့"
"ဟားဟား"
သွမ့်ပိုင်ယွဲ့စနောက်ပြောဆိုလာသောစကားများကြောင့် နောက်ဆုံးတော့ ချူယွမ်ကရယ်မောလာ၏။
"နောက်ဆုံးတော့ ပြုံးနိုင်ပြီပေါ့လေ"
သွမ့်ပိုင်ယွဲ့က ချူယွမ့်ပါးပြင်နှစ်ဖက်ကို လက်ဖြင့်အုပ်ထားလိုက်ကာ ငုံ့နမ်းလိုက်၏။
"ဒီမှာ ကိုယ် ခဏလောက် ဆက်နေဦးမှာဆိုတော့ မနက်ဖြန် မင်း စိတ်အပန်းဖြေဖို့ လျှောက်လည်ကြရင်ကောင်းမလား ၊ တောင်ပေါ် အလည်ခေါ်သွားပေးမယ်လေ"
"အင်း၊ သွားမယ်"
******
2020.11.24.
Thz for loving Di Wang Gong Lue. 💜💛
*****
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
[မင္း စိတ္အပန္းေျပဖို႔ အလည္ေခၚသြားေပးမယ္]
လက္ဖက္ရည္တစ္ခြက္စာအခ်ိန္ (ဆယ့္ငါးမိနစ္ခန္႔)ကုန္လြန္သြားၿပီးသည့္ထိ ခ်ူယြမ္က ယဲ့က်င္အား စိတ္ေအးလက္ေအး ဖ်န္ေျဖနားခ်ေနရဆဲပင္။
" ကိုယ္ေတာ္ အမွန္အတိုင္းေျပာေနတာ။ ရွီးနန္ဝမ္ ဒီကိုလာတာ စစ္ေရးကိစၥ ေဆြးေနြးဖို႔ပါပဲ"
ဒါဆိုလည္း အမတ္မင္းဝမ္းဆီ ဘာလို႔မသြားတာလဲ။
ယဲ့က်င္က အစ္ကိုျဖစ္သူအား နာက်ည္းစြာၾကည့္လိုက္သည္။
ဒါေၾကာင့္ကိုး၊ ဒီရက္ပိုင္း အခန္းထဲပဲေအာင္းေနတယ္ဆိုတာ အခန္းထဲ လူတစ္ေယာက္လံုးထည့္ဖြက္ထားလို႔ကိုး။
ဧကရာဇ္တစ္ပါး ျဖစ္ေနရဲ့သားနဲ႔၊ ထိပ္ေျပာင္ေကာင္ႀကီးကို အခန္းထဲ ထည့္ဖြက္ထားသတဲ့။ ၾကားလို႔မွေကာင္းေသးရဲ့လား။
ဒီသတင္းသာ ေပါက္ၾကားသြားလို႔ကေတာ့ အရွက္ေတြ တျဖန္းျဖန္း ကြဲရမွာ မဟုတ္ဘူးလား။ အရွက္ကြဲရမွာ မဟုတ္ဘူးလား။အရွက္ကြဲရမွာ မဟုတ္ဘူးလားလို႔။
ခ်ူယြမ္ခမ်ာ စိတ္ေရာကိုယ္ပါ ႏြမ္းနယ္လာၿပီျဖစ္၏။
အိမ္ဝင္းထဲတြင္ေတာ့ သြမ့္ပိုင္ယြဲ႔ႏွင့္ ရွန္ခ်န္းဖုန္းတို႔လည္း အၾကည့္ခ်င္းဆံုလ်က္။ တစ္ေယာက္ကိုတစ္ေယာက္ နားလည္မႈအျပည့္၊ ကိုယ္ခ်င္းစာနာမႈအျပည့္။
ေနာက္ဆံုးေတာ့.....
နီးကပ္လာၿပီျဖစ္ေသာစစ္ပြဲကိစၥကို ငဲ့ၫွာေထာက္ထား၍ ယဲ့က်င္လည္း သြမ့္ပို္င္ယြဲ႔အား သင္းကြပ္ပစ္မည့္ကိစၥကို လက္ေလ်ွာ့ထားလိုက္သည္။ သို႔ေသာ္လည္း ေျမပဲျပဳတ္ေရာင္းေသာၪီးႀကီးကို အခေၾကးေငြေပးကာ သံုးေလးေခါက္မ်ွ ျမင္းတပ္စခန္းေရ႔ွ လမ္းလာေလ်ွာက္ျပေစ၏။ ငယ္ထိပ္တည့္တည့္တြင္ ထိပ္ေျပာင္ေနသည္ဆိုသည္မွာ ဘယ္လိုမ်ိဳးျဖစ္မွန္း ေနာင္ေတာ္ႀကီးသိဖို႔ ျမင္ႏိုင္ဖို႔ျဖစ္သည္။
"ေနာက္ဆို သူနဲ႔ ေဝးေဝးေန၊ ၾကားလား"
ယဲ့က်င္က အထပ္ထပ္မွာၾကားလာ၏။
"အင္း အင္း၊ ရတယ္"
*****
ယဲ့က်င္ကို လိုက္ပို႔အၿပီး ခ်ူယြမ္အခန္းထဲျပန္ဝင္လာေတာ့ သြမ့္ပိုင္ယြဲ႔က လက္ဖက္ရည္ထိုင္ေသာက္ႏွင့္ေနၿပီျဖစ္သည္။
"မင္း ဘယ္ေတာ့မွ မုယန္ကိုျပန္ဖို႔စိတ္ကူးရိွလဲ"
"ေသခ်ာေပါက္ မင္းနဲ႔တူတူ ျပန္မွာေလ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အတြက္ လက္ဖက္ရည္တစ္ခြက္ငွဲ႔ၿပီး ကမ္းေပးလာ၏။
"မင္းကိုဆန္႔က်င္ဖို႔ဆိုၿပီး ခ်ူဟိန္က ကိုယ္နဲ႔ ပူးေပါင္းလိုက္ၿပီဆိုေတာ့ ခုေလာေလာဆယ္ ဘာမွ ထမျဖစ္ေလာက္ပါဘူး။ သြမ့္ေန့ေရာ ဒုတပ္မွဴးေရာ အဲ့မွာရိွေနတာပဲ"
"လီ့ေခြၽကေတာ့ ၿမိဳ႔ထဲက တည္းခိုေဆာင္မွာရိွတယ္၊ မင္း သူနဲ႔ ဘယ္ေတာ့သြားေတြ့ဖို႔လုပ္ထားလဲ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ မ်က္ႏွာအရိပ္အကဲကို ၾကည့္ၿပီးေနာက္ တန္ျပန္ေမးခြန္းထုတ္လိုက္၏။
"ဘယ္ေတာ့ေလာက္ဆို ေကာင္းမလဲ၊ မင္းပဲေျပာၾကည့္လိုက္"
"ကိုယ္ေတာ္နဲ႔ ဘာဆိုင္ေနလို႔လဲ"
ခ်ူယြမ္က တည္ၾကည္စြာသာဆို၏။ သြမ့္ပိုင္ယြဲ႔ရင္ထဲမွာေတာ့ "အား၊ ျပႆနာပဲ"ဟု ညည္းၫူလိုက္ကာ ခ်က္ခ်င္းပင္ ခ်ူယြမ္လက္ကို ကိုင္ဆြဲၿပီးနမ္းလိုက္၏။
"စိတ္ဆိုးေနတုန္းပဲလားဟင္"
"ဆိုးတယ္"
ခ်ူယြမ္က ႏႈတ္ခမ္းဆူရင္းေျဖလိုက္သည္။
"ကိုယ့္ကို စိတ္ဆိုးမယ္ဆိုရင္ ဆိုးလို႔ရပါတယ္။ ဒါေပမယ့္ က်န္းမာေရးထိခိုက္သြားတဲ့အထိေတာ့ စိတ္မဆိုးရဘူး၊ ၾကားလား"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္အနား ပို၍တိုးကပ္လာကာ -
"ၿပီးေတာ့ ကိုယ့္အမွားကို ကိုယ္ ဝန္ခံၿပီးၿပီေလ၊ ဒီေန့ညေတာ့ ကိုယ့္ကို ၾကမ္းျပင္ေပၚ မအိပ္ခိုင္းပါနဲ႔ေနာ္"
ခ်ူယြမ္ကေတာ့ အရင္အတိုင္းပင္ မပူမပင္ ေအးေဆးစြာသာ ေျပာလိုက္၏။
"လီ့ေခြၽနဲ႔ ခရမ္းစြဲေက်ာက္စိမ္းနဂါးကိစၥကို ၿပီးေအာင္မရွင္းရေသးလို႔ကေတာ့ ထြက္ေျပးလို႔လည္း လြတ္မယ္မထင္နဲ႔"
*****
ညေရာက္ေတာ့ ရွန္ခ်န္းဖုန္းက ယဲ့က်င္ကို အတင္းပင္ေပြ့ခ်ီလိုက္ကာ သူတို႔အခန္းထဲ ျပန္ေခၚလာ၏။
"ကြၽန္ေတာ့္ကို ခဏေလာက္လႊတ္ေပးပါဆို၊ ဟိုဘက္အခန္းကို တစ္ခ်က္ သြားၾကည့္ၾကည့္မလို႔"
ယဲ့က်င္က ရွန္ခ်န္းဖုန္း၏ ရင္ခြင္က်ယ္ကို အတင္းတြန္းထားကာ ခ်န္းဖုန္းနမ္းလာသမ်ွကို အနမ္းမခံဘဲ ေရွာင္ေန၏။ တကယ့္စိတ္ရင္းက ထြက္ေျပးခ်င္ေနေသာ္လည္း၊ အားကုန္ ရုန္းေနေသာ္လည္း အရာမထင္။ တစ္ဖက္လူကို အျမင္ကတ္ကတ္ႏွင့္ အရမ္း ကိုက္ပစ္ခ်င္ေနၿပီဟုပင္ ယဲ့က်င္ေတြးလိုက္ေသး၏။
ယဲ့က်င့္၏ ပံုစံကိုျမင္ေသာ္ ရွန္ခ်န္းဖုန္းလည္း အေတာ္ရယ္ခ်င္သြားသည္။ လက္တစ္ဖက္က ယဲ့က်င္ကိုခ်ဳပ္ထားလိုက္ကာ အျခားလက္တစ္ဖက္က ေမးေစ့ကိုထိန္းၿပီး ေမာ့လာေစ၏။ ထို႔ေနာက္ ေဆးလံုးတစ္လံုးကို လက္မေလးျဖင့္ အသာဖိကာ ပါးစပ္ထဲ ထည့္ေကြၽးလိုက္သည္။
"အင့္"
ယဲ့က်င္မွာ သတိမထားမိလိုက္သျဖင့္ အငိုက္မိသြားသည္။ ခ်ိဳျမျမအရသာမွာ ခံတြင္းထဲစိမ့္ဝင္ပ်ံ့ႏွံ႔သြားကာ တစ္ဖက္လူကို မ်က္စိအျပဴးသားၾကည့္လာ၏။
ရွန္ခ်န္းဖုန္းက ယဲ့က်င္၏ပါးျပင္ႏုႏုအား ခပ္ဖြဖြ ပုတ္လိုက္ကာ -
"ကေလးေလး၊ လိမၼာေနာ္....."
ခဏၾကာေတာ့ ယဲ့က်င္ဝမ္းဗိုက္ေအာက္ပိုင္းမွ လိႈက္ခနဲပူေလာင္ျပင္းျပလာကာ တစ္ကိုယ္လံုးကလည္း နံရံသို႔ ဖိကပ္ခ်ဳပ္ေနွာင္ထားျခင္းခံလိုက္ရသည္။ အဝတ္အစားမ်ားကလည္း ဖရိုဖရဲျပန္႔က်ဲလို႔။
စားပြဲကို ထေမွာက္ပစ္ခ်င္ေလာက္ေအာင္ ေဒါသထြက္ေနေပမင့္ ထိုလူႀကီးကို ကန္ပစ္ဖို႔ရန္ပင္ ယဲ့က်င္တြင္အားမရိွေတာ့။ သံုးေလးခါမ်ွ ရုန္းကန္ေနၿပီးေနာက္ လြတ္ေအာင္ရုန္းဖို႔မဆိုထားႏွင့္၊ မိမိဘက္ကသာ ႏြမ္းရိပင္ပန္းလာကာ အက္ရွေသာေလသံျဖင့္ဆိုလာ၏။
"မင္းဘိုးေအ...ငါ့ကို အခုခ်က္ခ်င္း ေျဖေဆးထုတ္ေပး!!!!"
ရွန္ခ်န္းဖုန္းလည္း ငံု႔ဆင္းသြားကာ တစ္ဖက္ကေကာင္ေလး၏အမ်က္ေဒါသကို ၿငိမ္းသတ္ေပးရန္ စတင္လိုက္ေလသည္။
(T/n : ေနြၪီးဝတ္မႈန္ေဆးေတြရဲ့ ေျဖေဆးဆိုတာ ဘယ္လိုဟာမွန္း သိၿပီးသားျဖစ္ၾကမွာပါ)
*****
တစ္ခ်ိန္တည္းမွာပင္ တစ္ဖက္ခန္းကေတာ့တိတ္ဆိတ္ၿငိမ္သက္ေနလ်က္။
ခ်ူယြမ္က တံခါးဘက္ကိုေက်ာေပးထားကာ အိပ္ေန၏။ အေတာ္ေလးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနေလာက္ၿပီမို႔ သြမ့္ပိုင္ယြဲ႔က ေစာင္ကို ခပ္ဖြဖြမလိုက္ကာ ခ်ူယြမ္ေဘးနား တိုးအိပ္လိုက္သည္။
ခ်ူယြမ္ႏိုးလာမည္ဆိုသည္မွာ ေသခ်ာေနသည္ေလ။ ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္၏ကိုယ္လံုးေလးကို ေပြ့ဖက္ထားလိုက္ကာ ဩရွရွေလသံျဖင့္ေျပာလာ၏။
"ၾကမ္းေပၚမွာ.....ေအးတယ္"
ခ်ူယြမ္မ်က္ဝန္းမ်ား ျပန္လည္ေမွးစက္သြားသည္။ ႏႈတ္ခမ္းလႊာမ်ားကေတာ့ ၿပံဳးရိပ္သမ္းေနဆဲပင္။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ဆံႏြယ္မ်ားအား လွမ္း၍နမ္းရိႈက္လိုက္သည္။ သူ တကယ္ပင္ အိပ္ခ်င္စိတ္ မရိွေသး။
သန္းေခါင္ေက်ာ္သြားေတာ့ ခ်ူယြမ္ဘက္က စေမးလာသည္။
"ဘာေတြေတြးေနလို႔တုန္း"
သြမ့္ပိုင္ယြဲ႔ အံ့ဩသြား၏။ ထို႔ေနာက္ ခ်ူယြမ္အား သူ႔ဘက္သို႔မ်က္ႏွာမူလာေစရန္ ကိုယ္လံုးေလးကိုလွည့္လိုက္ကာ ေတာင္းေတာင္းပန္ပန္ဆိုလိုက္သည္။
"ကိုယ္ မင္းကို ႏိႈးလိုက္သလိုျဖစ္သြားတာလား"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ခႏၶာကိုယ္ထက္ တက္အိပ္လိုက္သည္။ ထို႔ေနာက္ ရင္ခြင္က်ယ္ထက္ဝယ္ ေမးကိုေထာက္လိုက္ရင္း ပ်င္းရိေလးတြဲ႔စြာ ေမးလာ၏။
"ကဲ၊ ေျပာစမ္းပါၪီး။ မင္း အိပ္မေပ်ာ္တဲ့အခ်ိန္တိုင္း ဘာအေၾကာင္းေတြ ေတြးတတ္သလဲ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အတြက္ပါ လံုၿခံဳေအာင္ ေစာင္ကို ျပန္လႊမ္းၿခံဳေပးေနရင္း -
"အကုန္ေတြးတယ္၊ အမ်ားဆံုးေတြးျဖစ္တာကေတာ့ မင္းအေၾကာင္းပဲ ။ ေစာနကေတာင္ မင္းအေၾကာင္း ေတြးေနတာ"
ခ်ူယြမ္က ေက်နပ္ေပ်ာ္ရႊင္စြာ ၿပံဳးလိုက္ကာ လက္ကိုဆန္႔တန္းလာၿပီး သြမ့္ပိုင္ယြဲ႔၏ ပါးျပင္အား ၫွစ္ပစ္လိုက္၏။
သြမ့္ပိုင္ယြဲ႔က မိမိခႏၶာထက္က လူသားေလးကို ေငးၾကည့္ေနကာ -
"ေနာက္ဆို ဘာကိစၥပဲျဖစ္လာလာ ကိုယ္ မင္းကို အကုန္လံုး အမွန္အတိုင္းေျပာျပပါ့မယ္။ ဘာကိုမွ မဖံုးကြယ္ထားေတာ့ပါဘူး၊ ေကာင္းတယ္ဟုတ္"
"ေျပာလိုက္ရင္ေတာ့ နားဝင္ခ်ိဳစရာစကားေတြခ်ည္းပဲ"
ခ်ူယြမ္ကို လက္ကိုျပန္လႊတ္လိုက္ကာ ဆက္ေမးလာ၏။
"မင္း ငါ့ကို ခုထက္ထိ ရွင္းရွင္လင္းလင္းမေျပာျပရေသးတာ တစ္ခုရိွေသးတယ္။ မင္း သိုင္းက်င့္ေနရင္း ဘာလို႔ ခ်ီဓာတ္ေဖာက္ျပန္သြားရသလဲဆိုတဲ့ကိစၥ"
သြမ့္ပိုင္ယြဲ႔ ေျပာမထြက္ေတာ့ေပ။ ခ်ူယြမ္လည္း တျခားအေၾကာင္းအရာဘက္ စကားလွည့္လိုက္ဖို႔ အစီအစဥ္မရိွ။
"သိုင္းသမားေတြက က်င့္စဥ္ကေန ခြၽတ္ေခ်ာ္တိမ္းေစာင္းသြားတာနဲ႔ အခ်ိန္မေရြး အႏၲရာယ္ျဖစ္ႏိုင္တာပဲေလ"
"ရွစ္ဇီ!!!!!!"
သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းပင္ ခ်ူယြမ့္ႏႈတ္ခမ္းမ်ားကို လက္ျဖင့္အျမန္ပိတ္ပစ္လိုက္ရ၏။
ရွစ္ဇီက ရေသးတယ္။ ဟိုဘက္အခန္းက ရွစ္ဇီရဲ့ဘိုးေတာ္ေလးကိုေတာ့ ေခၚမလာလိုက္ပါနဲ႔။
ခ်ူယြမ္က သူ႔လက္ကို ေအးစက္စြာပင္ ပုတ္ထုတ္ပစ္လိုက္၏။ ထို႔ေနာက္ မိမိကိုယ္ကို ေစာင္ျဖင့္လံုးေထြးရစ္ပတ္ကာ သြမ့္ပိုင္ယြဲ႔အား ျပန္၍ ေက်ာေပးၿပီးအိပ္လိုက္သည္။
သြမ့္ပိုင္ယြဲ႔လည္း ေခါင္းကိုက္ရေလၿပီ။ထို႔ေနာက္ ခ်ူယြမ္အား ေခ်ာ့ေမာ့ေျပာဆိုလာ၏။
"ခ်ီဓာတ္ေဖာက္ျပန္တဲ့အေၾကာင္းရင္းက ေဆြက်ိဳးအေရးအခင္းကို ကိုယ္ သြားႏိွမ္နင္းလိုက္လို႔ပါ။ ဂူေအာင္းၿပီးသိုင္းက်င့္ေနရင္းတန္းလန္းမွာတင္ ရွစ္ဖူးသတိေပးတာကို နားမေထာင္ဘဲ ကိုယ္ ရုတ္တရက္ထြက္လာခဲ့လိုက္လို႔ အသက္အႏၲရာယ္ျဖစ္တဲ့အထိ ေဘးဒဏ္သင့္သြားတာပါ "
ခ်ူယြမ္ ဘာမျွပန္မေျပာ၊ ျပန္လည္း လွည့္ၾကည့္မလာေပ။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ေနာက္ေက်ာျပင္အား ဖက္တြယ္ထားလိုက္ကာ -
"အဲ့ေလာက္ႀကီးထိ အေျခအေနဆိုးသြားလိမ့္မယ္ေတာင္ ရွစ္ဖူးေတာင္ ထင္မထားခဲ့ဘူးရယ္။ ဘာပဲေျပာေျပာ ဒါေတြအားလံုးက ၿပီးဆံုးသြားၿပီေလ။ မင္း ဆက္နားေထာင္ခ်င္တယ္ဆိုလည္း ကိုယ္ေျပာျပပါ့မယ္၊ ဒါေပမယ့္ လံုးဝအေတြးမမ်ားရဘူး၊ ၾကားလား"
အခန္းထဲဝယ္တိတ္ဆိတ္သြားျပန္၏။
အတန္ၾကာေတာ့မွ ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ခြင္ထဲမွ အတင္းရုန္းထြက္လိုက္ကာ ေခါင္းအံုးကိုလွမ္းယူၿပီး သြမ့္ပိုင္ယြဲ႔အား ရိုက္ေတာ့သည္။
သြမ့္ပိုင္ယြဲ႔မွာ ၿငိမ္က်သြားကာ ထုရိုက္လာသမ်ွကို အသာတၾကည္ခံယူေနလိုက္သည္။ သလြန္ေပၚမွ ခ်ူယြမ္ျပဳတ္က်ေတာ့မည္ကို ေတြ့ေတာ့မွ သူ႔ကိုယ္လံုးေလးကို ျပန္၍ လွမ္းဆြဲထားလိုက္သည္။
ခ်ူယြမ္က လက္ထဲကေခါင္းအံုးကို ၾကမ္းျပင္ေပၚ လႊင့္ပစ္လိုက္သည္။ ရင္ဘတ္အစံုကလည္း နိမ့္ခ်ည္ျမင့္ခ်ည္ႏွင့္ ၊ သြမ့္ပိုင္ယြဲ႔အား နီေစြးစိုစြတ္ေနေသာ မ်က္ဝန္းမ်ားျဖင့္ ေငးၾကည့္လာ၏။ႏႈတ္ခမ္းလႊာမ်ားကလည္း တဆတ္ဆတ္ တုန္ယင္ေနလို႔။
"မေတာ္တဆ ျဖစ္သြားတာပါကြာ"
သြမ့္ပိုင္ယြဲ႔က သူ႔အား ရင္ခြင္ထဲဆြဲသြင္းလိုက္ကာ နမ္းရိႈက္ႏွစ္သိမ့္လာ၏။
"အရာရာတိုင္းက ၿပီးဆံုးသြားၿပီေလ၊ ဒါေတြကို ေကာင္းကင္ဘံုကခ်မွတ္ေပးတဲ့ ဆူးေျငႇာင့္ခလုတ္ေတြလို႔ပဲ ထားလိုက္။ အသက္ႏွစ္ဆယ္သံုးဆယ္ထိေတာ့ ခါးသီးနာက်င္ရေပမယ့္ ေနာင္က်ရင္ ကိုယ္တို႔အတြက္ ခ်ိဳၿမိန္တဲ့အနာဂတ္ေတြပဲ ရိွလာေတာ့မွာ။ ကိုယ္ေျပာတာ ေထာက္ခံတယ္ဟုတ္"
ခ်ူယြမ္မွာ သြမ့္ပိုင္ယြဲ႔၏ အက်ႌစကို ဆြဲစုပ္ထားကာ ရင္ခြင္က်ယ္ထက္ မ်က္ႏွာအပ္ထား၏။ ပူေနြးစိုစြတ္ေသာ အထိအေတြ့ကို ခံစားရေတာ့ သြမ့္ပိုင္ယြဲ႔လည္း ဘာမွမတတ္ႏိုင္ေတာ့ဘဲ ေက်ာျပင္ေလးကိုသာ အသာ ပြတ္ေပးလိုက္၏။
"အခု ကိုယ္လည္း ေနျပန္ေကာင္းေနၿပီေလကြာ ၊ မငိုပါနဲ႔လား"
ထိုစာလႊာကို ခ်ူယြမ္ မွတ္မိေနပါေသးသည္။ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက ထိုသူ႔ထံ သူေရးေပးခဲ့ေသာ စာလႊာ။
ေဆြက်ိဳးကို လိုခ်င္တယ္။
လ်ဲ့စန္းေတာင္ကို လိုခ်င္တယ္။
ခ်ူက်ဲန္းရဲ့ အသက္ကို လိုခ်င္တယ္။
ျပန္စာမွာ အခ်ိန္မွန္ပင္ ေရာက္လာ၏။ ၿပီးေတာ့ တစ္ခြန္းတည္းသာ အေၾကာင္းျပန္ထား၏။ " ေကာင္းပါၿပီ " တဲ့ေလ။
သို႔ႏွင့္ ေနာက္သံုးလၾကာေသာ္ ခ်ူက်ဲန္းက ေတာကစားထြက္ရင္း ေခ်ာက္ေပၚမွ ျပဳတ္က်ၿပီး ဆံုးပါးသြားသည္ဟူေသာ သတင္းကိုၾကားလိုက္ၾကရသည္။ သို႔ႏွင့္ ေဆြက်ိဳးေဒသလည္း ခ်ူယြမ္အပိုင္ျပန္ျဖစ္လာသည္။ ဒီေနာက္ပိုင္း ႏွစ္ေယာက္စလံုးကလည္း ထိုကိစၥကို ျပန္မေျပာျဖစ္ၾက။ တစ္ဖက္လူက ခ်ီဓာတ္ေဖာက္ျပန္သည့္အထိ ျဖစ္သြားမည္ဟု ခ်ူယြမ္ လံုးဝမထင္ထားခဲ့၊ အသက္ေဘးထိ ေဘးဒဏ္သင့္သြားေစမည္ဟုလည္း ထင္မထားခဲ့။ ထို႔အျပင္ တစ္ဖက္လူက ေရႊခ်ည္ကူပိုးေကာင္ႏိွပ္စက္ေသာ ေဝဒနာဒဏ္ကို ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာသည့္အထိ အလူးအလိမ့္ ခံစားခဲ့ရေသးသည္။
"ငတံုးေလး"
သြမ့္႔ပိုင္ယြဲ႔က ခ်ူယြမ္၏ ေမးေစ့ကိုကိုင္ကာ သူ႔အား ေမာ့ၾကည့္လာေစ၏။ ထို႔ေနာက္ ခ်ူယြမ္၏ မ်က္ရည္စမ်ားကို လက္မျဖင့္ ပြတ္သပ္ၿပီး သုတ္ေပးလိုက္ကာ -
"မနက္ျဖန္မနက္ မ်က္လံုးေတြေဖာင္းအစ္ေနလို႔ကေတာ့၊ ေတာင္သခင္ယဲ့သာ ျမင္သြားရင္ ကိုယ္တကယ္ ထိပ္ေျပာင္ေတာ့မွာေနာ္"
"ေနာက္ဆို မင္း ဘာမွမလုပ္နဲ႔ေတာ့။ ငါ မင္းကို တစ္သက္လံုး ေကြၽးေမြးထားမယ္"
သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ ေခါင္းညိတ္လက္ခံလိုက္၏။
"ဟုတ္ၿပီ၊ အခုခ်က္ခ်င္း ေကြၽးေမြးထားရမယ္လို႔ ကိုယ္မဆိုလိုဘူး။ ေနာက္ပိုင္း မင္း ကိုယ့္ေနာက္ကိုလိုက္ၿပီး တာ့လီကိုေရာက္သြားတာနဲ႔ ကိုယ္တို႔ႏွစ္ေယာက္ ရြာေသးေသးေလးတစ္ရြာေလာက္ သြားရွာမယ္၊ အာ့ဟိုင္ေရကန္နားက တစ္ေနရာရာေပါ့။ အဲ့က်ေတာ့မွ ထမင္းခ်က္တာကိုလည္း မင္းပဲလုပ္၊ အဝတ္ေလ်ွာ္ဖြတ္တာကိုလည္း မင္းပဲလုပ္၊ ကိုယ္ကေတာ့ ဘာဆိုဘာမွမလုပ္ေတာ့ဘူး ၊ တစ္ေန့တစ္ေန့ အိပ္လိုက္စားလိုက္ပဲေနေတာ့မယ္ေလေနာ္၊ ဟုတ္ၿပီလား"
"အိပ္မက္မက္ေနလိုက္....."
ခ်ူယြမ့္ေလသံမွာ အေတာ္ေလး ျပန္ၿငိမ္သြား၏။
"ၾကည့္ေလ၊ မင္းကပဲ ကိုယ့္ကိုေကြၽးေမြးထားမယ္ဆို။ အခု မေကြၽးခ်င္ေတာ့ဘူးလား"
သြမ့္ပိုင္ယြဲ႔က သက္ျပင္းခ်လိုက္ကာ ဆက္ဆိုလာ၏။
"တိုင္းသူျပည္သားေတြက ေျပာတယ္၊ ရွီးနန္ဝမ္ဟာ အလိုေလာဘႀကီးတယ္ ရက္စက္တယ္တဲ့။ အေယာက္တိုင္းက မွန္တာေရာ မွားတာေရာ ေရာသမေမႊၿပီးေျပာေနေတာ့ ကိုယ္ အိုသြားလို႔ရိွရင္ ရြာသူႀကီးေလာက္ပဲ ျဖစ္ႏိုင္ေတာ့မွာသိလား။ အေႁခြအရံနည္းနည္းေလးနဲ႔ပဲေနရမွာ။ ကိုယ္ ဒီေလာက္ေတာင္းဆိုတာေတာင္ မရဘူးေပါ့"
"ဟားဟား"
သြမ့္ပိုင္ယြဲ႔စေနာက္ေျပာဆိုလာေသာစကားမ်ားေၾကာင့္ ေနာက္ဆံုးေတာ့ ခ်ူယြမ္ကရယ္ေမာလာ၏။
"ေနာက္ဆံုးေတာ့ ၿပံဳးႏိုင္ၿပီေပါ့ေလ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ပါးျပင္ႏွစ္ဖက္ကို လက္ျဖင့္အုပ္ထားလိုက္ကာ ငံု႔နမ္းလိုက္၏။
"ဒီမွာ ကိုယ္ ခဏေလာက္ ဆက္ေနၪီးမွာဆိုေတာ့ မနက္ျဖန္ မင္း စိတ္အပန္းေျဖဖို႔ ေလ်ွာက္လည္ၾကရင္ေကာင္းမလား ၊ ေတာင္ေပၚ အလည္ေခၚသြားေပးမယ္ေလ"
"အင္း၊ သြားမယ္"
******
2020.11.24.
Thz for loving Di Wang Gong Lue. 💜💛
*****