ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.7K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၈၁ (အဆက်)

8.7K 2K 204
By ArtemisJT21

ရွှေမြို့တော်တွင်။

လျိုတာ့ကျုံ့က နန်းတော်မှသည် အိမ်အပြန်လမ်းတွင် မုန့်ဆီကြော်ဝယ်ကာ အမတ်မင်းထောင်၏ စံအိမ်တော်သို့ မုန့်ထုပ်ဆွဲပြီး ရောက်သွားသည်။

"သြ....အမတ်မင်းလျို ရောက်လာပြီပေါ့"

အိမ်တော်ထိန်းက သူ့ကိုမြင်တော့ ဘုရားတစ်ဆူ ဖူးမြင်လိုက်ရသလို ပျော်ရွှင်ဝမ်းမြောက်သွား၏။ လျိုတာ့ကျုံ့က စိုးရိမ်စွာ မေးလာသည်။

"ဘာလဲ၊ လောင်ထောင်ကြီး ရင်ကွဲနာကျပြီး သေသွားပြီလား"

အိမ်တော်ထိန်းက အတော်လန့်ဖျတ်သွားကာအမြန်ပင် ငြင်းဆန်လိုက်၏။

"အမတ်ကြီးခင်ဗျာ ၊ ဒီလိုမျိုးတော့ မစနောက်ကောင်းပါဘူး"

အမတ်မင်းကတော်သာ လာကြားလို့ကတော့ သူမကပါ နောက်နှစ်ရက်လောက် အိပ်ရာထဲ ပစ်လှဲသွားဦးမယ်။

လျိုတာ့ကျုံ့က မုန့်ဆီကြော်ကိုယူကာ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။

ထောင်လျဲန်တာကတော့ နဖူးပေါ် အဝတ်စတစ်ခု တင်ထားကာ တဟင်းဟင်းနှင့် အကြိမ်ကြိမ်အခါခါ သက်ပြင်းမောချနေလေ၏။

"အလို၊ အသင့်ပုံစံကြီးကလည်း... ဆေးကျမ်းတွေထဲပြောထားတဲ့၊ ကိုယ်ဝန်ပျက်သွားတဲ့မိန်းမတွေနဲ့ တစ်ပုံစံတည်းပါပဲလား"

လျိုတာ့ကျုံ့ကိုမြင်တော့ ထောင်လျဲန်တာက ချက်ချင်းထထိုင်လိုက်ကာ ဆို၏။

"အရှင်မင်းမြတ် ပြန်ရောက်ပြီလား"

"ဘယ်လိုလုပ်ပြီး ပြန်ရောက်လာမှာလဲ၊ ဟိုးတောင်ဘက်ပိုင်းမှာ စံမြန်းနေလောက်ရောပေါ့"

ထောင်လျဲန်တာက တစ်ဖန်ပြန်လှဲသွားပြန်သည်။

"ရော့၊ မုန့်ဆီကြော် စားဦးမလား"

"ဒါ ဘယ်လိုအချိန်အခါမျိုး ဖြစ်နေပြီလဲ၊ အသင်ကတော့ မုန့်ဆီကြော်ပဲ စားဖို့လုပ်နေ"

"ဘာအချိန်လဲဆိုတော့ မုန့်ဆီကြော်ကို အိုးထဲကနေ ပူပူနွေးနွေးထုတ်လာပြီးစ အချိန်ပေါ့"

လျိုတာ့ကျုံ့က ထုပ်ထားသောစက္ကူကို ဖယ်လိုက်ကာ ဆက်ဆို၏။

"ညီလာခံမှာ မှူးမတ်ဆိုလို့ အသင်တစ်ယောက်တည်း ရှိတာမဟုတ်ဘူး။ တခြားလူတွေများ ဘာဆိုဘာမှ ဖြစ်မနေကြဘူး၊ အသင်ကပဲ အရမ်းတွေစိတ်ဆင်းရဲပြီး နေမကောင်းတောင်ဖြစ်သွားလိုက်သေး။ ကြားလို့မှကောင်းရဲ့လား"

"အရှင်မင်းမြတ်က ဘာအရိပ်အမြွက်မှလည်း ကြိုမပေးခဲ့ဘဲနဲ့ ချက်ချင်းကြီးကို တိုင်းရေးပြည်ရာကိစ္စတွေ အကုန်ချန်ထားခဲ့ပြီး နန်ယန်ကို စစ်ချီသွားတယ်တဲ့လေ။ ဒီလိုအဖြစ်မျိုးက -"

"ဒို့တတွေရဲ့အရှင်မင်းမြတ်က နန်းတက်စတုန်းကနဲ့ မတူတော့ဘူးလေကွယ်။  ရည်မှန်းချက်တွေကြီးလာပြီး ကိုးပြည်ထောင်နဲ့ သမုဒ္ဒရာလေးစင်းကို သိမ်းပိုက်ချင်လာတာလည်း ဆန်းလို့လား"

"ရည်မှန်းချက်ကြီးလာတာက ထားလိုက်ဦး။ ခုထက်ထိ ရှီးနန်ကိုတောင် အပိုင်ပြန်မရသေးတာ၊ မင်ချီမြစ်တောင်ပိုင်းတစ်ကြောလုံးက သွမ့်မျိုးနွယ်အပိုင်တွေချည်းပဲ။ အခုတော့ အရှင်မင်းမြတ်က ဒီအရေးကို စိတ်မပူရုံတင်မကဘဲ ရှီးနန်တပ်မတော်ကြီးကို ကိုယ်တိုင်ဦးဆောင်ပြီးတော့ကို တောင်ပိုင်းဘက်ဆင်းသွားတာတဲ့။ အဲ့တော့ မြစ်မြောက်ပိုင်းတစ်ခြမ်းလုံးက လွတ်မနေဘူးလား။ နန်ယန်နဲ့ ခုနေများ စစ်တိုက်လိုက်ရင် ရှီးနန်စံအိမ်တော်က တစ်ဖက်လှည့်နဲ့ တာ့ချူကို လာမသိမ်းနိုင်ဘူးလား။ အဲ့တော့မှ တာ့ချူက ဘေးကျပ်နံကျပ်နဲ့ နှစ်ဖက်စလုံးက ရန်သူတွေ ဝိုင်းတာ ခံရလိမ့်မယ်။ ဒီတိုင်းပြည်ကြီးသာ ကျွန်ုပ်တို့လက်ထက်မှာ ဆုံးရှုံးပျောက်ကွယ်သွားလို့ကတော့ကျွန်ုပ်ရော အသင်ရောပါ သားစဥ်မြေးဆက်တစ်လျှောက်လုံး ကဲ့ရဲ့ပြစ်တင်ခံကြရမှာ"

"အသင်တောင် ဒီလို စဥ်းစားမိသေးတာပဲ၊ အရှင်မင်းမြတ်ရော မစဥ်းစားတတ်ဘဲနေပါ့မလား"

လျိုတာ့ကျုံ့က ပြောပြောဆိုဆို ထောင်လျဲန်တာ၏ ခြေတစ်ဖက်ကို ဖြန်းခနဲ ရိုက်ပစ်လိုက်ကာ အေးအေးလူလူ ဆက်ဆို၏။

"အရှင်မင်းမြတ်သာ မစဥ်းစားမိလိုက်ဘူးထားဦး၊ စစ်သူကြီးရှန်တော့ ဒီကိစ္စကို တွေးမိမှာပါပဲ။ မင်းသား(၉)လည်း တွေးမိမှာပဲ။ သူတို့တောင်မှ ဘာမှဝင်မပြောသေးတာဆိုတော့ အရှင်မင်းမြတ်က နန်ယန်ကို စစ်ချီသွားတယ်ဆိုတာ တကယ်ကျူးကျော်သိမ်းပိုက်ဖို့မှန်းရော သေချာနေလို့လား"

ထောင်လျဲန်တာ မျက်နှာမဲ့သွား၏။

"အကျွန်ုပ်ရဲ့အကြံကို နားထောင်လှည့်စမ်းပါ။ မုန့်စားပြီး စိတ်အေးအေးထား ။ အရှင်မင်းမြတ်က စိတ်ကို အနားပေးဖို့ ၊ ရှုမျှော်ခင်းတွေ ရှုစားဖို့ ထွက်သွားတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် စုံစမ်းထောက်လှမ်းစရာ အမှုကိစ္စရှိလို့လည်း ဖြစ်နိုင်တာပဲ။ ဘာလို့ အရမ်းစိုးရိမ်နေတာလဲ"

ထောင်လျဲန်တာက သုန်မှုန်ထိုင်းမှိုင်းနေသော မျက်နှာထားဖြင့် မုန့်ယူစားလိုက်သည်။

"ဟုတ်ပြီ၊ ဒီလိုမှပေါ့။ အရင်ဧကရာဇ် နတ်ရွာမစံခင်တုန်းက အရှင်မင်းမြတ်ကို အသင့်ဆီ အားကိုးတကြီး အပ်နှံခဲ့တယ်ဆိုတာ ကျွန်ုပ်တို့အားလုံး သိပါတယ်။ ဒါပေမယ့် အသင်ဖြစ်နေတာတွေက အစိုးရိမ်လွန်နေတာပဲမဟုတ်လား။ ဒီမှာ ကျွန်ုပ်ပြောတာ သေချာ နားထောင်လှည့်ဦး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာများ အရှင်မင်းမြတ်က နယ်မြေအကုန်ကို တစ်သားတည်းဖြစ်အောင် စုစည်းချင်လို့ဆိုပြီး နန်ယန်ကို သိမ်းပိုက်ဖြစ်မယ်ဆိုရင်တောင် ဒီရက်ပိုင်းမှာ သိမ်းပိုက်ဖြစ်မှာမဟုတ်သေးဘူး။ ဒို့ရဲ့အရှင်မင်းမြတ်က အတော့်ကို အစွမ်းအစရှိတာ၊ ဘုန်းတန်ခိုးထက်မြက်တာ ။ တာ့ချူတိုင်းပြည်တစ်ခုလုံး သူ့လက်ထဲ အပိုင်ရသွားတာကိုသာ ကြည့်လေ။ ဒို့တတွေ အတော်လေး ဆက်ပြီး ပင်ပန်းရဦးမယ်ဆိုပေမယ့် အရှင်မင်းမြတ်ထီးနန်းရခဲ့တာလည်း တိုင်းသူပြည်သားတွေရဲ့ ကံကောင်းခြင်းတစ်ပါးပါပဲ "

ထောင်လျဲန်တာက အတော်ကြာ တိတ်ဆိတ်နေပြီးခါမှ လျိုတာ့ကျဲ့အား မျက်စောင်းထိုးလာကာ -

"မြေခွေးအိုကြီး!!!!!!!"

လျိုတာ့ကျုံ့ကတော့ တဟားဟား ရယ်နေ၏။

"ဟားဟား၊ အရင်တုန်းက ကျွန်ုပ်ကပဲ အသငင့်ကို ဒီလိုဆဲဆိုခဲ့တာ။ ဒီနေ့တော့ ကျွန်ုပ် လက်ခံလိုက်ပါ့မယ်။ ပြီးတော့ ပြန်ပြီး လှဲအိပ်မနေနဲ့ဦး၊ တည်းခိုဆောင်တို့ သေရည်ဆိုင်တို့သွားပြီး အစားလေးဘာလေး ထွက်စား။ မနက်ဖြန် လုပ်စရာရှိတာတွေလည်း ထလုပ်ချေ။ စိတ်အေးအေးထားပြီး အရှင်မင်းမြတ်ပြန်အလာကိုသာ စောင့်နေရစ်"

*****

ပေဟိုင်ဆိပ်ကမ်းမှာ တာ့ချူတောင်ပိုင်း၏ အကြီးဆုံး တပ်မတော်ဆိပ်ကမ်းဖြစ်သည်။ ချူယွမ် နန်းစတက်သည့်အချိန်မှစ၍ ယခုထက်ထိ တကယ့်တိုက်ပွဲအစစ်တွင် အသုံးချခွင့်မရခဲ့သေး။ သို့သော်လည်း တုန်းဟိုင်မှသည် နန်ဟိုင်တစ်လျှောက် စစ်တပ်အင်အားများကို တစ်နှစ်ထက်တစ်နှစ် စုစည်းပေးထားသောကြောင့် အတော်ပင် အင်အားကြီးမားလျက်ရှိသည်။ မဟူရာပမာ နက်မှောင်နေသော ဝေဟင်နောက်ခံတွင် မျက်စိတစ်ဆုံးထိ ရှည်လျားစွာ စီတန်းစိုက်ထူထားသော တာ့ချူရေကြောင်းတပ်မတော်၏အလံတော်မှာ ပင်လယ်လေပြေနှင့်အတူ တလူလူလွှင့်နေလျက်။ မနက်ခင်းတိုင်း ဗုံမောင်းတီး၍ လေ့ကျင့်ရေးလုပ်နေကြသည်မှာ သမုဒ္ဒရာတစ်ဘက်ခြမ်းသို့ပင် မြည်ဟီးတုန်ယင်စေတော့မတတ် ထင်မှတ်မှားစေလောက်အောင် အားမာန်ပါလှပေ၏။

ထိုအကြောင်းကြောင့်ပင် ယခုနှစ်နောက်ပိုင်းတွင် နန်ယန်သို့သွားရောက်ကုန်သွယ်ကြသော ကုန်သည်အရေအတွက်မှာ တစ််နှစ်တစ်ခြားများပြားလာသည်။ အင်အားကြီးမားလှသော တပ်မတော်ကြီးက မိမိတို့နောက်မှ အားဖြည့်ထောက်ပံ့ထားသောကြောင့် မည်သည့်ပြည်ပနိုင်ငံကမှ မိမိတို့အား ရန်မစဝံ့ကြ။ သို့နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြရင်း ရွှေငွေရတနာများမြတ်စွန်းကာ စားဝတ်နေရေးအတွက် ဖူလုံလောက်ငှကြပေသည်။

ထို့ကြောင့် ကွမ်းဟိုင်မြို့၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ပေဟိုင်ဆိပ်ကမ်းမှာ အရေးအပါဆုံးသော ကုန်သွယ်ဆိပ်ကမ်းလည် ဖြစ်နေပြန်သည်။ ကုန်သင်္ဘောကြီးများမှာ ပိုးဖဲကတ္တီပါအပြည့်သယ်ဆောင်ကာ အရုဏ်ဦးရောင်ခြည်အောက် ခရီးစထွက်ပြီး အမြင်အာရုံမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကုန်ပြီဖြစ်သည်။

*****

ချူယွမ်မှာ သာမန်အဝတ်အစားများကို သက်တောင့်သက်သာ ဝတ်ဆင်ထားကာ ဆိပ်ကမ်းနားရှိ ဆိုင်လေးတစ်ဆိုင်တွင် ငါးအသားလုံးခေါက်ဆွဲ ထိုင်စားနေ၏။ ဆိုင်ရှင်မှာ သက်လတ်ပိုင်းလူငယ်တစ်ယောက်သာဖြစ်ကာ လူမမယ်ကလေးငယ်ကို ကျောပေါ်ချီပိုးထားပြီး စျေးရောင်းလိုက်၊ သားနှင့်မယားကို လှမ်း၍စနောက်ရယ်မောလိုက်နှင့်။

ချူယွမ်မှာ သူတို့ကိုကြည့်ပြီး ပျော်ရွှင်ကြည်နူးနေရသည်မို့ ထိုဆိုင်မှာတင် အတော်လေးကြာအောင် ထိုင်စားဖြစ်သွားသည်။ရှစ်ဇီ လာခေါ်တော့မှ ငွေစအနည်းငယ်ပါ အပိုထပ်ဆောင်းထားခဲ့ကာ ထရပ်လိုက်၏။

"သခင်လေး"

ရှစ်ဇီက လက်ထဲတွင် ထီးတစ်ချောင်းကိုင်ထားလျက် ရှိသည်။

"မိုးရွာတော့မယ်နဲ့တူပါတယ်ခင်ဗျာ၊ ပြန်ကြရအောင်ပါ"

"လူကြီးမင်းနန်ရော"

"ဟုတ်ကဲ့၊ ဒီရှေ့မှာတင် ရှိပါတယ်။ ရှီးနန်စံအိမ်တော်က ကွမ်းဟိုင်မြို့မှာလည်း ဆိုင်ဖွင့်ထားတာရှိပါတယ်။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ဘက်က ရှားပါးပုလဲတွေကို ရောင်းဝယ်ကြတဲ့ လုပ်ငန်းပါ။ ဒီရက်ပိုင်းမှာ စံအိမ်တော်ကလူတွေ ကုန်ပစ္စည်းယူဖို့ ဒီကိုရောက်လာကြမှာမို့ လူကြီးမင်းနန်က ခဏတစ်ဖြုတ် အလည်သွားနေတာပါ "

"ပုလဲရောင်းဝယ်ရေးတဲ့လား။ သွားရအောင်ပါ၊ ဒို့တတွေလည်း သွားကြည့်ကြစို့"

******

ဆိပ်ကမ်းနှင့် သိပ်မဝေးလှသောနေရာတွင် လူသူများ အချင်းချင်း တိုးဝှေ့နေရသည်အထိ စည်ကားသိုက်မြိုက်စွာရောင်းဝယ်ဖောက်ကားနေကြသော စျေးလမ်းမကြီးရှိနေသည်။ ကုန်စည်အများစုမှာ ပင်လယ်စာများဖြစ်သည်မို့ ညှီစို့စို့အနံ့များတော့ လှိုင်နေ၏။ သို့သော် ချူယွမ်က ရွံရှာခြင်းရှိမနေဘဲ လမ်းတစ်လျှောက်လုံး ခဏရပ်လိုက် ဆက်သွားလိုက်နှင့် ၊ အချို့ဆိုင်ရှင်များနှင့်ပါ စကားစမြည် ပြောဆိုနေကာ နောက်ဆုံးတော့ ဆိုင်တစ်ခုသို့ ရောက်လာပေသည်။

"ဒီနေရာလား"

"မှန်ပါ့။ ဆရာကြီးနန် ဒီဆိုင်ထဲ ရှိနေလောက်ကြောင်းပါ"

ရှစ်ဇီက အမြန် ဖြေဆိုလိုက်၏။

ချူယွမ်လည်း ဆိုင်တံခါးဝ၏ ခန်းဆီးစကိုမကာ အထဲသို့ဝင်သွားလိုက်သည်။ လာရောက်ကြိုဆိုမည့် ဧည့်ကြိုဝန်ထမ်းကောင်လေးလည်း မရှိ။ ထိုအစား ဆိုင်အနောက်တံခါးဝတွင်ထိုင်ကာ သူ့လက်ချောင်းလေးများကို ချိုးကာပြုကာနှင့် ထိုင်ကစားနေသော ငါးနှစ်ခြောက်နှစ်အရွယ် ကလေးလေးတစ်ယောက်သာ ရှိနေသည်။ ကလေးငယ်လေးမှာ လူသံကြားတော့ စူးစမ်းလိုစိတ်နှင့် အသံလာရာ မော့ကြည့်လာ၏။

ဖြူစင်ဝင်းပပြီး ချစ်စရာကောင်းလှသော ကလေးငယ်လေးကိုတွေ့တော့ ချူယွမ်လည်း ပြုံးပြလိုက်ကာ လက်ကိုဆန့်တန်းပေးလိုက်ရင်း ခေါ်လိုက်၏။

"ဦးဦးက ....ဘယ်သူ့ဆီ ....လာတာလဲဟင်"

ကလေးငယ်လေးက ထရပ်လိုက်ပြီး ကြည်လင်လှသောအသံငယ်လေးဖြင့် မေးလာ၏။ ချူယွမ်က ကလေးအနား ထိုင်ချလိုက်ကာ -

"ဒို့တွေက ဆရာကြီးနန်ဆီ လာတာပါ။ ကလေးလေးရော... နာမည်ဘယ်လိုခေါ်သလဲ"

"ဆွေးရှောင်မာန့်ပါ ခင်ဗျ"

"သြ....ဆွေးရှောင်မာန့်တဲ့လား။ မဆိုးဘူးပဲ"

ချူယွမ် ခေါင်းညိတ်ပြရင်း ချီးကျူးထောက်ခံလိုက်၏။ ကလေးငယ်က နောက်ဖေးဘက်သို့ လက်ညှိုးလေးထိုးပြကာ -

"ဆရာကြီးနန်က အိမ်နောက်မှာရှိတယ်။ ဆရာကြီးနန်က ထမင်းစားနေတယ်၊ မေမေလည်း အိမ်နောက်မှာ ရှိတယ်"

"ဒါဆို ဦးဦးကို မင်းမေမေရှိတဲ့နေရာလေး လိုက်ပို့ပေးပါဦး၊ ရတယ်ဟုတ်"

"ရပါတယ်ဗျ"

ရှောင်မာန့်မှာ လမ်းလျှောက်သွားရမှာ ပျင်းသည်မို့ ချူယွမ်ဆီ လက်ဆန့်တန်းလိုက်ကာ သူ့အားချီစေလိုကြောင်းပြ၏။

ချူယွမ်လည်း ကလေးငယ်လေးကို ချီလိုက်ကာ ဆိုင်အနောက်သို့ လိုက်သွားလိုက်သည်။ နန်မော်ယဲ့၏ အော်ကြီးအော်ကျယ် ပြောဆိုနေသော စကားသံများကို ခပ်လှမ်းလှမ်းကနေ ကြားနေရသည်။ ခဏကြာတော့ အမျိုးသမီးငယ်တစ်ဦးပါ ထိုအိမ်ထဲမှ ထွက်လာ၏၊ ထိုအမျိုးသမီးငယ်မှာ ကျောက်ဝူကယ်တင်ထားဖူးသော ကျင့်နျဲန်ပင်ဖြစ်သည်။

ဒီမတိုင်ခင်က ရှီးနန်စံအိမ်တော်မှာသာ အလုပ်ကိုသာ အပတ်တကုတ် ဇောက်ချလုပ်ကိုင်ခဲ့သည်မို့ အရီးတော်ကျင်းက သူမအား ကရုဏာသက်ကာ ယခုတစ်ခေါက် ပုလဲများသွားသယ်ကြမည်ဖြစ်သော ကုန်သည်အဖွဲ့နှင့်အတူထည့်လိုက်ပြီး ဤမြို့ထိ လိုက်ပါလာစေ၏။ သူမအား စိတ်လက်ငြိမ်းချမ်းစွာ အနားယူနိုင်ရန်ဖြစ်ကာ တစ်ဖက်ကလည်း အရှုပ်အထွေးပြဿနာများကို ရှောင်တိမ်းနိုင်ရန်ဖြစ်သည်။

"မေမေရေ......"

ရှောင်မာန့်က သူမထံ လက်လေးဆန့်တန်းရင်း အော်ခေါ်လိုက်သည်။

ချူယွမ် ခြေလှမ်းများ ချက်ချင်း တုံ့ဆိုင်းသွား၏။

ရှစ်ဇီ၏ မျက်နှာသည်လည်း သိသိသာသာပင် ပျက်ယွင်းကာ သွေးမရှိတော့သလို ဖြူဆုတ်သွားသည်။

"အရှင်မင်းမြတ်....."

ရောက်လာသောသူမှာ မည်သူဖြစ်မှန်း ကျင့်နျဲန်မြင်သွားတော့ သူမမျက်နှာသည်လည်း ဖြူဆုတ်သွားကာ ဒူးပင်မခိုင်တော့ဘဲ ချက်ချင်းပျော့ခွေကျကာ မြေပေါ်ပုံကျသွား၏။

နန်မော်ယဲ့က တံခါးကိုကန်ဖွင့်ပြီး အပြင်ထွက်လာတော့ ထိုမြင်ကွင်းကိုမြင်သွားသည်။

"ဘာတွေဖြစ်နေကြတာလဲ"

"ရှစ်ဇီ.....ကလေးကို အရင် အပြင်ခေါ်ထုတ်သွားလိုက်"

ချူယွမ်က ကလေးငယ်လေးကို ရှစ်ဇီလက်ထဲ လွှဲပြောင်းပေးလိုက်၏။

"အရှင်မင်းမြတ်၊ ကလေးက ဘာအပြစ်မှမရှိပါဘူးဘုရား!!!!!!!"

ကျင့်နျဲန်မှာ ပူဆွေးသောကရောက်ကာ ဒူးထောက်နေရင်း ရှေ့သို့တိုးလာ၏။

ရှစ်ဇီက ရှောင်မာန့်၏မျက်ဝန်းငယ်များကို လက်ဖြင့်အုပ်လိုက်ကာ ချော့မော့ရင်း ရှောင်ထွက်သွားသည်။ ကျင့်နျဲန်လည်း သားငယ်ဖြစ်သူနောက် အပြေးလိုက်သွားမည်အပြု ချူယွမ်က သူမဆီလက်လှမ်းကာ တားဆီးထားလိုက်၏။

"ဆရာကြီးနန်ရှင့်....."

သူမလည်း နန်မော်ယဲ့ကိုမြင်သည်နှင့် ဘုရားတစ်ဆူမြင်ရသည့်အလား ချက်ချင်းပင် ဒူးထောက်ဝပ်တွားကာ အကူအညီတောင်းလာ၏။

"အရင်ထလိုက်ပါဦး။ ပြီးမှ စိတ်အေးအေးထားပြီး အကျိုးအကြောင်းပြောပြပေါ့။ နေရင်းထိုင်ရင်း ဘယ်လိုတွေတောင်ဖြစ်သွားတာလဲကွယ်"

နန်မော်ယဲ့က သူမအား နှစ်သိမ့်ကာ ထူမပေး၏။

"ကလေးတစ်ယောက်လောက်ကိုတော့ ကိုယ်တော် စိတ်ထဲတောင် မမှုပါဘူး။ သူ့အဖေ ဘယ်သူပဲဖြစ်နေပလေ့စေပေါ့"

ချူယွမ်က လေးနက်တည်ကြည်စွာ ဆက်မေးလာ၏။

"ချူရှိန့်ရော ..... ဘယ်မှာလဲ?"

*******

2020.09.28

********

အခန္း - ၈၁ (အဆက္)

ေရႊၿမိဳ႔ေတာ္တြင္။

လ်ိဳတာ့က်ံဳ႔က နန္းေတာ္မွသည္ အိမ္အျပန္လမ္းတြင္ မုန္႔ဆီေၾကာ္ဝယ္ကာ အမတ္မင္းေထာင္၏ စံအိမ္ေတာ္သို႔ မုန္႔ထုပ္ဆြဲၿပီး ေရာက္သြားသည္။

"ၾသ....အမတ္မင္းလ်ိဳ ေရာက္လာၿပီေပါ့"

အိမ္ေတာ္ထိန္းက သူ႔ကိုျမင္ေတာ့ ဘုရားတစ္ဆူ ဖူးျမင္လိုက္ရသလို ေပ်ာ္ရႊင္ဝမ္းေျမာက္သြား၏။ လ်ိဳတာ့က်ံဳ႔က စိုးရိမ္စြာ ေမးလာသည္။

"ဘာလဲ၊ ေလာင္ေထာင္ႀကီး ရင္ကြဲနာက်ၿပီး ေသသြားၿပီလား"

အိမ္ေတာ္ထိန္းက အေတာ္လန္႔ဖ်တ္သြားကာအျမန္ပင္ ျငင္းဆန္လိုက္၏။

"အမတ္ႀကီးခင္ဗ်ာ ၊ ဒီလိုမ်ိဳးေတာ့ မစေနာက္ေကာင္းပါဘူး"

အမတ္မင္းကေတာ္သာ လာၾကားလို႔ကေတာ့ သူမကပါ ေနာက္ႏွစ္ရက္ေလာက္ အိပ္ရာထဲ ပစ္လွဲသြားၪီးမယ္။

လ်ိဳတာ့က်ံဳ႔က မုန္႔ဆီေၾကာ္ကိုယူကာ အိပ္ခန္းထဲသို႔ ဝင္သြားလိုက္သည္။

ေထာင္လ်ဲန္တာကေတာ့ နဖူးေပၚ အဝတ္စတစ္ခု တင္ထားကာ တဟင္းဟင္းႏွင့္ အႀကိမ္ႀကိမ္အခါခါ သက္ျပင္းေမာခ်ေနေလ၏။

"အလို၊ အသင့္ပံုစံႀကီးကလည္း... ေဆးက်မ္းေတြထဲေျပာထားတဲ့၊ ကိုယ္ဝန္ပ်က္သြားတဲ့မိန္းမေတြနဲ႔ တစ္ပံုစံတည္းပါပဲလား"

လ်ိဳတာ့က်ံဳ႔ကိုျမင္ေတာ့ ေထာင္လ်ဲန္တာက ခ်က္ခ်င္းထထိုင္လိုက္ကာ ဆို၏။

"အရွင္မင္းျမတ္ ျပန္ေရာက္ၿပီလား"

"ဘယ္လိုလုပ္ၿပီး ျပန္ေရာက္လာမွာလဲ၊ ဟိုးေတာင္ဘက္ပိုင္းမွာ စံျမန္းေနေလာက္ေရာေပါ့"

ေထာင္လ်ဲန္တာက တစ္ဖန္ျပန္လွဲသြားျပန္သည္။

"ေရာ့၊ မုန္႔ဆီေၾကာ္ စားၪီးမလား"

"ဒါ ဘယ္လိုအခ်ိန္အခါမ်ိဳး ျဖစ္ေနၿပီလဲ၊ အသင္ကေတာ့ မုန္႔ဆီေၾကာ္ပဲ စားဖို႔လုပ္ေန"

"ဘာအခ်ိန္လဲဆိုေတာ့ မုန္႔ဆီေၾကာ္ကို အိုးထဲကေန ပူပူေနြးေနြးထုတ္လာၿပီးစ အခ်ိန္ေပါ့"

လ်ိဳတာ့က်ံဳ႔က ထုပ္ထားေသာစကၠူကို ဖယ္လိုက္ကာ ဆက္ဆို၏။

"ညီလာခံမွာ မွဴးမတ္ဆိုလို႔ အသင္တစ္ေယာက္တည္း ရိွတာမဟုတ္ဘူး။ တျခားလူေတြမ်ား ဘာဆိုဘာမွ ျဖစ္မေနၾကဘူး၊ အသင္ကပဲ အရမ္းေတြစိတ္ဆင္းရဲၿပီး ေနမေကာင္းေတာင္ျဖစ္သြားလိုက္ေသး။ ၾကားလို႔မွေကာင္းရဲ့လား"

"အရွင္မင္းျမတ္က ဘာအရိပ္အႁမြက္မွလည္း ႀကိဳမေပးခဲ့ဘဲနဲ႔ ခ်က္ခ်င္းႀကီးကို တိုင္းေရးျပည္ရာကိစၥေတြ အကုန္ခ်န္ထားခဲ့ၿပီး နန္ယန္ကို စစ္ခ်ီသြားတယ္တဲ့ေလ။ ဒီလိုအျဖစ္မ်ိဳးက -"

"ဒို႔တေတြရဲ့အရွင္မင္းျမတ္က နန္းတက္စတုန္းကနဲ႔ မတူေတာ့ဘူးေလကြယ္။  ရည္မွန္းခ်က္ေတြႀကီးလာၿပီး ကိုးျပည္ေထာင္နဲ႔ သမုဒၵရာေလးစင္းကို သိမ္းပိုက္ခ်င္လာတာလည္း ဆန္းလို႔လား"

"ရည္မွန္းခ်က္ႀကီးလာတာက ထားလိုက္ၪီး။ ခုထက္ထိ ရွီးနန္ကိုေတာင္ အပိုင္ျပန္မရေသးတာ၊ မင္ခ်ီျမစ္ေတာင္ပိုင္းတစ္ေၾကာလံုးက သြမ့္မ်ိဳးႏြယ္အပိုင္ေတြခ်ည္းပဲ။ အခုေတာ့ အရွင္မင္းျမတ္က ဒီအေရးကို စိတ္မပူရံုတင္မကဘဲ ရွီးနန္တပ္မေတာ္ႀကီးကို ကိုယ္တိုင္ၪီးေဆာင္ၿပီးေတာ့ကို ေတာင္ပိုင္းဘက္ဆင္းသြားတာတဲ့။ အဲ့ေတာ့ ျမစ္ေျမာက္ပိုင္းတစ္ျခမ္းလံုးက လြတ္မေနဘူးလား။ နန္ယန္နဲ႔ ခုေနမ်ား စစ္တိုက္လိုက္ရင္ ရွီးနန္စံအိမ္ေတာ္က တစ္ဖက္လွည့္နဲ႔ တာ့ခ်ူကို လာမသိမ္းႏိုင္ဘူးလား။ အဲ့ေတာ့မွ တာ့ခ်ူက ေဘးက်ပ္နံက်ပ္နဲ႔ ႏွစ္ဖက္စလံုးက ရန္သူေတြ ဝိုင္းတာ ခံရလိမ့္မယ္။ ဒီတိုင္းျပည္ႀကီးသာ ကြၽႏ္ုပ္တို႔လက္ထက္မွာ ဆံုးရႈံးေပ်ာက္ကြယ္သြားလို႔ကေတာ့ကြၽႏ္ုပ္ေရာ အသင္ေရာပါ သားစဥ္ေျမးဆက္တစ္ေလ်ွာက္လံုး ကဲ့ရဲ့ျပစ္တင္ခံၾကရမွာ"

"အသင္ေတာင္ ဒီလို စဥ္းစားမိေသးတာပဲ၊ အရွင္မင္းျမတ္ေရာ မစဥ္းစားတတ္ဘဲေနပါ့မလား"

လ်ိဳတာ့က်ံဳ႔က ေျပာေျပာဆိုဆို ေထာင္လ်ဲန္တာ၏ ေျခတစ္ဖက္ကို ျဖန္းခနဲ ရိုက္ပစ္လိုက္ကာ ေအးေအးလူလူ ဆက္ဆို၏။

"အရွင္မင္းျမတ္သာ မစဥ္းစားမိလိုက္ဘူးထားၪီး၊ စစ္သူႀကီးရွန္ေတာ့ ဒီကိစၥကို ေတြးမိမွာပါပဲ။ မင္းသား(၉)လည္း ေတြးမိမွာပဲ။ သူတို႔ေတာင္မွ ဘာမွဝင္မေျပာေသးတာဆိုေတာ့ အရွင္မင္းျမတ္က နန္ယန္ကို စစ္ခ်ီသြားတယ္ဆိုတာ တကယ္က်ူးေက်ာ္သိမ္းပိုက္ဖို႔မွန္းေရာ ေသခ်ာေနလို႔လား"

ေထာင္လ်ဲန္တာ မ်က္ႏွာမဲ့သြား၏။

"အကြၽႏ္ုပ္ရဲ့အႀကံကို နားေထာင္လွည့္စမ္းပါ။ မုန္႔စားၿပီး စိတ္ေအးေအးထား ။ အရွင္မင္းျမတ္က စိတ္ကို အနားေပးဖို႔ ၊ ရႈေမ်ွာ္ခင္းေတြ ရႈစားဖို႔ ထြက္သြားတာလည္း ျဖစ္ႏိုင္တာပဲ။ ဒါမွမဟုတ္ စံုစမ္းေထာက္လွမ္းစရာ အမႈကိစၥရိွလို႔လည္း ျဖစ္ႏိုင္တာပဲ။ ဘာလို႔ အရမ္းစိုးရိမ္ေနတာလဲ"

ေထာင္လ်ဲန္တာက သုန္မႈန္ထိုင္းမိႈင္းေနေသာ မ်က္ႏွာထားျဖင့္ မုန္႔ယူစားလိုက္သည္။

"ဟုတ္ၿပီ၊ ဒီလိုမွေပါ့။ အရင္ဧကရာဇ္ နတ္ရြာမစံခင္တုန္းက အရွင္မင္းျမတ္ကို အသင့္ဆီ အားကိုးတႀကီး အပ္ႏွံခဲ့တယ္ဆိုတာ ကြၽႏ္ုပ္တို႔အားလံုး သိပါတယ္။ ဒါေပမယ့္ အသင္ျဖစ္ေနတာေတြက အစိုးရိမ္လြန္ေနတာပဲမဟုတ္လား။ ဒီမွာ ကြၽႏ္ုပ္ေျပာတာ ေသခ်ာ နားေထာင္လွည့္ၪီး။ တစ္ေန့ေန့တစ္ခ်ိန္ခ်ိန္မွာမ်ား အရွင္မင္းျမတ္က နယ္ေျမအကုန္ကို တစ္သားတည္းျဖစ္ေအာင္ စုစည္းခ်င္လို႔ဆိုၿပီး နန္ယန္ကို သိမ္းပိုက္ျဖစ္မယ္ဆိုရင္ေတာင္ ဒီရက္ပိုင္းမွာ သိမ္းပိုက္ျဖစ္မွာမဟုတ္ေသးဘူး။ ဒို႔ရဲ့အရွင္မင္းျမတ္က အေတာ့္ကို အစြမ္းအစရိွတာ၊ ဘုန္းတန္ခိုးထက္ျမက္တာ ။ တာ့ခ်ူတိုင္းျပည္တစ္ခုလံုး သူ႔လက္ထဲ အပိုင္ရသြားတာကိုသာ ၾကည့္ေလ။ ဒို႔တေတြ အေတာ္ေလး ဆက္ၿပီး ပင္ပန္းရၪီးမယ္ဆိုေပမယ့္ အရွင္မင္းျမတ္ထီးနန္းရခဲ့တာလည္း တိုင္းသူျပည္သားေတြရဲ့ ကံေကာင္းျခင္းတစ္ပါးပါပဲ "

ေထာင္လ်ဲန္တာက အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးခါမွ လ်ိဳတာ့က်ဲ့အား မ်က္ေစာင္းထိုးလာကာ -

"ေျမေခြးအိုႀကီး!!!!!!!"

လ်ိဳတာ့က်ံဳ႔ကေတာ့ တဟားဟား ရယ္ေန၏။

"ဟားဟား၊ အရင္တုန္းက ကြၽႏ္ုပ္ကပဲ အသငင့္ကို ဒီလိုဆဲဆိုခဲ့တာ။ ဒီေန့ေတာ့ ကြၽႏ္ုပ္ လက္ခံလိုက္ပါ့မယ္။ ၿပီးေတာ့ ျပန္ၿပီး လွဲအိပ္မေနနဲ႔ၪီး၊ တည္းခိုေဆာင္တို႔ ေသရည္ဆိုင္တို႔သြားၿပီး အစားေလးဘာေလး ထြက္စား။ မနက္ျဖန္ လုပ္စရာရိွတာေတြလည္း ထလုပ္ေခ်။ စိတ္ေအးေအးထားၿပီး အရွင္မင္းျမတ္ျပန္အလာကိုသာ ေစာင့္ေနရစ္"

*****

ေပဟိုင္ဆိပ္ကမ္းမွာ တာ့ခ်ူေတာင္ပိုင္း၏ အႀကီးဆံုး တပ္မေတာ္ဆိပ္ကမ္းျဖစ္သည္။ ခ်ူယြမ္ နန္းစတက္သည့္အခ်ိန္မွစ၍ ယခုထက္ထိ တကယ့္တိုက္ပြဲအစစ္တြင္ အသံုးခ်ခြင့္မရခဲ့ေသး။ သို႔ေသာ္လည္း တုန္းဟိုင္မွသည္ နန္ဟိုင္တစ္ေလ်ွာက္ စစ္တပ္အင္အားမ်ားကို တစ္ႏွစ္ထက္တစ္ႏွစ္ စုစည္းေပးထားေသာေၾကာင့္ အေတာ္ပင္ အင္အားႀကီးမားလ်က္ရိွသည္။ မဟူရာပမာ နက္ေမွာင္ေနေသာ ေဝဟင္ေနာက္ခံတြင္ မ်က္စိတစ္ဆံုးထိ ရွည္လ်ားစြာ စီတန္းစိုက္ထူထားေသာ တာ့ခ်ူေရေၾကာင္းတပ္မေတာ္၏အလံေတာ္မွာ ပင္လယ္ေလေျပႏွင့္အတူ တလူလူလႊင့္ေနလ်က္။ မနက္ခင္းတိုင္း ဗံုေမာင္းတီး၍ ေလ့က်င့္ေရးလုပ္ေနၾကသည္မွာ သမုဒၵရာတစ္ဘက္ျခမ္းသို႔ပင္ ျမည္ဟီးတုန္ယင္ေစေတာ့မတတ္ ထင္မွတ္မွားေစေလာက္ေအာင္ အားမာန္ပါလွေပ၏။

ထိုအေၾကာင္းေၾကာင့္ပင္ ယခုႏွစ္ေနာက္ပိုင္းတြင္ နန္ယန္သို႔သြားေရာက္ကုန္သြယ္ၾကေသာ ကုန္သည္အေရအတြက္မွာ တစ္္ႏွစ္တစ္ျခားမ်ားျပားလာသည္။ အင္အားႀကီးမားလွေသာ တပ္မေတာ္ႀကီးက မိမိတို႔ေနာက္မွ အားျဖည့္ေထာက္ပံ့ထားေသာေၾကာင့္ မည္သည့္ျပည္ပႏိုင္ငံကမွ မိမိတို႔အား ရန္မစဝံ့ၾက။ သို႔ႏွင့္ ကုန္စည္ကူးသန္းေရာင္းဝယ္ၾကရင္း ေရႊေငြရတနာမ်ားျမတ္စြန္းကာ စားဝတ္ေနေရးအတြက္ ဖူလံုေလာက္ငွၾကေပသည္။

ထို႔ေၾကာင့္ ကြမ္းဟိုင္ၿမိဳ႔၏ အုပ္ခ်ဳပ္မႈေအာက္တြင္ရိွေသာ ေပဟိုင္ဆိပ္ကမ္းမွာ အေရးအပါဆံုးေသာ ကုန္သြယ္ဆိပ္ကမ္းလည္ ျဖစ္ေနျပန္သည္။ ကုန္သေဘၤာႀကီးမ်ားမွာ ပိုးဖဲကတၲီပါအျပည့္သယ္ေဆာင္ကာ အရုဏ္ၪီးေရာင္ျခည္ေအာက္ ခရီးစထြက္ၿပီး အျမင္အာရံုမွ ျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္သြားကုန္ၿပီျဖစ္သည္။

*****

ခ်ူယြမ္မွာ သာမန္အဝတ္အစားမ်ားကို သက္ေတာင့္သက္သာ ဝတ္ဆင္ထားကာ ဆိပ္ကမ္းနားရိွ ဆိုင္ေလးတစ္ဆိုင္တြင္ ငါးအသားလံုးေခါက္ဆြဲ ထိုင္စားေန၏။ ဆိုင္ရွင္မွာ သက္လတ္ပိုင္းလူငယ္တစ္ေယာက္သာျဖစ္ကာ လူမမယ္ကေလးငယ္ကို ေက်ာေပၚခ်ီပိုးထားၿပီး ေစ်းေရာင္းလိုက္၊ သားႏွင့္မယားကို လွမ္း၍စေနာက္ရယ္ေမာလိုက္ႏွင့္။

ခ်ူယြမ္မွာ သူတို႔ကိုၾကည့္ၿပီး ေပ်ာ္ရႊင္ၾကည္ႏူးေနရသည္မို႔ ထိုဆိုင္မွာတင္ အေတာ္ေလးၾကာေအာင္ ထိုင္စားျဖစ္သြားသည္။ရွစ္ဇီ လာေခၚေတာ့မွ ေငြစအနည္းငယ္ပါ အပိုထပ္ေဆာင္းထားခဲ့ကာ ထရပ္လိုက္၏။

"သခင္ေလး"

ရွစ္ဇီက လက္ထဲတြင္ ထီးတစ္ေခ်ာင္းကိုင္ထားလ်က္ ရိွသည္။

"မိုးရြာေတာ့မယ္နဲ႔တူပါတယ္ခင္ဗ်ာ၊ ျပန္ၾကရေအာင္ပါ"

"လူႀကီးမင္းနန္ေရာ"

"ဟုတ္ကဲ့၊ ဒီေရ႔ွမွာတင္ ရိွပါတယ္။ ရွီးနန္စံအိမ္ေတာ္က ကြမ္းဟိုင္ၿမိဳ႔မွာလည္း ဆိုင္ဖြင့္ထားတာရိွပါတယ္။ နက္ရိႈင္းတဲ့ပင္လယ္ျပင္ဘက္က ရွားပါးပုလဲေတြကို ေရာင္းဝယ္ၾကတဲ့ လုပ္ငန္းပါ။ ဒီရက္ပိုင္းမွာ စံအိမ္ေတာ္ကလူေတြ ကုန္ပစၥည္းယူဖို႔ ဒီကိုေရာက္လာၾကမွာမို႔ လူႀကီးမင္းနန္က ခဏတစ္ျဖဳတ္ အလည္သြားေနတာပါ "

"ပုလဲေရာင္းဝယ္ေရးတဲ့လား။ သြားရေအာင္ပါ၊ ဒို႔တေတြလည္း သြားၾကည့္ၾကစို႔"

******

ဆိပ္ကမ္းႏွင့္ သိပ္မေဝးလွေသာေနရာတြင္ လူသူမ်ား အခ်င္းခ်င္း တိုးေဝ႔ွေနရသည္အထိ စည္ကားသိုက္ၿမိဳက္စြာေရာင္းဝယ္ေဖာက္ကားေနၾကေသာ ေစ်းလမ္းမႀကီးရိွေနသည္။ ကုန္စည္အမ်ားစုမွာ ပင္လယ္စာမ်ားျဖစ္သည္မို႔ ၫွီစို႔စို႔အနံ႔မ်ားေတာ့ လိႈင္ေန၏။ သို႔ေသာ္ ခ်ူယြမ္က ရြံရွာျခင္းရိွမေနဘဲ လမ္းတစ္ေလ်ွာက္လံုး ခဏရပ္လိုက္ ဆက္သြားလိုက္ႏွင့္ ၊ အခ်ိဳ႕ဆိုင္ရွင္မ်ားႏွင့္ပါ စကားစျမည္ ေျပာဆိုေနကာ ေနာက္ဆံုးေတာ့ ဆိုင္တစ္ခုသို႔ ေရာက္လာေပသည္။

"ဒီေနရာလား"

"မွန္ပါ့။ ဆရာႀကီးနန္ ဒီဆိုင္ထဲ ရိွေနေလာက္ေၾကာင္းပါ"

ရွစ္ဇီက အျမန္ ေျဖဆိုလိုက္၏။

ခ်ူယြမ္လည္း ဆိုင္တံခါးဝ၏ ခန္းဆီးစကိုမကာ အထဲသို႔ဝင္သြားလိုက္သည္။ လာေရာက္ႀကိဳဆိုမည့္ ဧည့္ႀကိဳဝန္ထမ္းေကာင္ေလးလည္း မရိွ။ ထိုအစား ဆိုင္အေနာက္တံခါးဝတြင္ထိုင္ကာ သူ႔လက္ေခ်ာင္းေလးမ်ားကို ခ်ိဳးကာျပဳကာႏွင့္ ထိုင္ကစားေနေသာ ငါးႏွစ္ေျခာက္ႏွစ္အရြယ္ ကေလးေလးတစ္ေယာက္သာ ရိွေနသည္။ ကေလးငယ္ေလးမွာ လူသံၾကားေတာ့ စူးစမ္းလိုစိတ္ႏွင့္ အသံလာရာ ေမာ့ၾကည့္လာ၏။

ျဖဴစင္ဝင္းပၿပီး ခ်စ္စရာေကာင္းလွေသာ ကေလးငယ္ေလးကိုေတြ့ေတာ့ ခ်ူယြမ္လည္း ၿပံဳးျပလိုက္ကာ လက္ကိုဆန္႔တန္းေပးလိုက္ရင္း ေခၚလိုက္၏။

"ၪီးၪီးက ....ဘယ္သူ႔ဆီ ....လာတာလဲဟင္"

ကေလးငယ္ေလးက ထရပ္လိုက္ၿပီး ၾကည္လင္လွေသာအသံငယ္ေလးျဖင့္ ေမးလာ၏။ ခ်ူယြမ္က ကေလးအနား ထိုင္ခ်လိုက္ကာ -

"ဒို႔ေတြက ဆရာႀကီးနန္ဆီ လာတာပါ။ ကေလးေလးေရာ... နာမည္ဘယ္လိုေခၚသလဲ"

"ေဆြးေရွာင္မာန္႔ပါ ခင္ဗ်"

"ၾသ....ေဆြးေရွာင္မာန္႔တဲ့လား။ မဆိုးဘူးပဲ"

ခ်ူယြမ္ ေခါင္းညိတ္ျပရင္း ခ်ီးက်ူးေထာက္ခံလိုက္၏။ ကေလးငယ္က ေနာက္ေဖးဘက္သို႔ လက္ၫွိုးေလးထိုးျပကာ -

"ဆရာႀကီးနန္က အိမ္ေနာက္မွာရိွတယ္။ ဆရာႀကီးနန္က ထမင္းစားေနတယ္၊ ေမေမလည္း အိမ္ေနာက္မွာ ရိွတယ္"

"ဒါဆို ၪီးၪီးကို မင္းေမေမရိွတဲ့ေနရာေလး လိုက္ပို႔ေပးပါၪီး၊ ရတယ္ဟုတ္"

"ရပါတယ္ဗ်"

ေရွာင္မာန္႔မွာ လမ္းေလ်ွာက္သြားရမွာ ပ်င္းသည္မို႔ ခ်ူယြမ္ဆီ လက္ဆန္႔တန္းလိုက္ကာ သူ႔အားခ်ီေစလိုေၾကာင္းျပ၏။

ခ်ူယြမ္လည္း ကေလးငယ္ေလးကို ခ်ီလိုက္ကာ ဆိုင္အေနာက္သို႔ လိုက္သြားလိုက္သည္။ နန္ေမာ္ယဲ့၏ ေအာ္ႀကီးေအာ္က်ယ္ ေျပာဆိုေနေသာ စကားသံမ်ားကို ခပ္လွမ္းလွမ္းကေန ၾကားေနရသည္။ ခဏၾကာေတာ့ အမ်ိဳးသမီးငယ္တစ္ၪီးပါ ထိုအိမ္ထဲမွ ထြက္လာ၏၊ ထိုအမ်ိဳးသမီးငယ္မွာ ေက်ာက္ဝူကယ္တင္ထားဖူးေသာ က်င့္န်ဲန္ပင္ျဖစ္သည္။

ဒီမတိုင္ခင္က ရွီးနန္စံအိမ္ေတာ္မွာသာ အလုပ္ကိုသာ အပတ္တကုတ္ ေဇာက္ခ်လုပ္ကိုင္ခဲ့သည္မို႔ အရီးေတာ္က်င္းက သူမအား ကရုဏာသက္ကာ ယခုတစ္ေခါက္ ပုလဲမ်ားသြားသယ္ၾကမည္ျဖစ္ေသာ ကုန္သည္အဖြဲ႔ႏွင့္အတူထည့္လိုက္ၿပီး ဤၿမိဳ႔ထိ လိုက္ပါလာေစ၏။ သူမအား စိတ္လက္ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ရန္ျဖစ္ကာ တစ္ဖက္ကလည္း အရႈပ္အေထြးျပႆနာမ်ားကို ေရွာင္တိမ္းႏိုင္ရန္ျဖစ္သည္။

"ေမေမေရ......"

ေရွာင္မာန္႔က သူမထံ လက္ေလးဆန္႔တန္းရင္း ေအာ္ေခၚလိုက္သည္။

ခ်ူယြမ္ ေျခလွမ္းမ်ား ခ်က္ခ်င္း တံု႔ဆိုင္းသြား၏။

ရွစ္ဇီ၏ မ်က္ႏွာသည္လည္း သိသိသာသာပင္ ပ်က္ယြင္းကာ ေသြးမရိွေတာ့သလို ျဖဴဆုတ္သြားသည္။

"အရွင္မင္းျမတ္....."

ေရာက္လာေသာသူမွာ မည္သူျဖစ္မွန္း က်င့္န်ဲန္ျမင္သြားေတာ့ သူမမ်က္ႏွာသည္လည္း ျဖဴဆုတ္သြားကာ ဒူးပင္မခိုင္ေတာ့ဘဲ ခ်က္ခ်င္းေပ်ာ့ေခြက်ကာ ေျမေပၚပံုက်သြား၏။

နန္ေမာ္ယဲ့က တံခါးကိုကန္ဖြင့္ၿပီး အျပင္ထြက္လာေတာ့ ထိုျမင္ကြင္းကိုျမင္သြားသည္။

"ဘာေတျြဖစ္ေနၾကတာလဲ"

"ရွစ္ဇီ.....ကေလးကို အရင္ အျပင္ေခၚထုတ္သြားလိုက္"

ခ်ူယြမ္က ကေလးငယ္ေလးကို ရွစ္ဇီလက္ထဲ လႊဲေျပာင္းေပးလိုက္၏။

"အရွင္မင္းျမတ္၊ ကေလးက ဘာအျပစ္မွမရိွပါဘူးဘုရား!!!!!!!"

က်င့္န်ဲန္မွာ ပူေဆြးေသာကေရာက္ကာ ဒူးေထာက္ေနရင္း ေရ႔ွသို႔တိုးလာ၏။

ရွစ္ဇီက ေရွာင္မာန္႔၏မ်က္ဝန္းငယ္မ်ားကို လက္ျဖင့္အုပ္လိုက္ကာ ေခ်ာ့ေမာ့ရင္း ေရွာင္ထြက္သြားသည္။ က်င့္န်ဲန္လည္း သားငယ္ျဖစ္သူေနာက္ အေျပးလိုက္သြားမည္အျပဳ ခ်ူယြမ္က သူမဆီလက္လွမ္းကာ တားဆီးထားလိုက္၏။

"ဆရာႀကီးနန္ရွင့္....."

သူမလည္း နန္ေမာ္ယဲ့ကိုျမင္သည္ႏွင့္ ဘုရားတစ္ဆူျမင္ရသည့္အလား ခ်က္ခ်င္းပင္ ဒူးေထာက္ဝပ္တြားကာ အကူအညီေတာင္းလာ၏။

"အရင္ထလိုက္ပါၪီး။ ၿပီးမွ စိတ္ေအးေအးထားၿပီး အက်ိဳးအေၾကာင္းေျပာျပေပါ့။ ေနရင္းထိုင္ရင္း ဘယ္လိုေတြေတာင္ျဖစ္သြားတာလဲကြယ္"

နန္ေမာ္ယဲ့က သူမအား ႏွစ္သိမ့္ကာ ထူမေပး၏။

"ကေလးတစ္ေယာက္ေလာက္ကိုေတာ့ ကိုယ္ေတာ္ စိတ္ထဲေတာင္ မမႈပါဘူး။ သူ႔အေဖ ဘယ္သူပဲျဖစ္ေနပေလ့ေစေပါ့"

ခ်ူယြမ္က ေလးနက္တည္ၾကည္စြာ ဆက္ေမးလာ၏။

"ခ်ူရိွန္႔ေရာ ..... ဘယ္မွာလဲ?"

*******

2020.09.28

********

Continue Reading

You'll Also Like

33.4K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
22.9K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...