[ဧကရီမိဖုရား ဇာတာခွင်]
ဒီတစ်ကြိမ်မှာတော့ ချူယွမ်တစ်ယောက် အတော်လေး နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။ ရေတွက်လို့မမီနိုင်သော အိပ်မက်စက်ဝန်းများ မက်တစ်ခါ ရပ်တစ်လှည့်နှင့် နောက်တစ်နေ့မိုးသောက်တော့မှ နိုးထလာ၏။
လေသာဆောင်ဘက်တွင် ပင်လယ်လေက တစ်ချက်တစ်ချက် အရှိန်ပြင်းစွာ တိုက်ခတ်လာသည်။ တောက်ပသော နေခြည်နွေးနွေးက လောကဓာတ်တစ်ခွင်အား လှပစွာ ဖြန့်ကျက်နေသည်။
ကျိုချက်ပြီးသား ဆေးရည်ကို ရေစစ်ဖြင့်သေချာစစ်ပြီးသည့်နောက် သွမ့်ပိုင်ယွဲ့လည်း ဆေးရည်ပန်းကန်ကိုယူကာ ချူယွမ်အခန်းထဲ ဝင်လာလိုက်၏။ သို့သော် အခန်းထဲဝယ် ရှစ်ဇီကုန်းကုန်းတစ်ယောက်တည်းသာ ရှိနေသည်။
ရှစ်ဇီက သွမ့်ပိုင်ယွဲ့အား ပြုံးပြလာကာ -
"အရှင်မင်းမြတ်က စောနလေးကတင် အပြင်ထွက်သွားလိုက်တာပါ ဝမ်ရယ်......"
"အပြင်ထွက်သွားတယ်တဲ့လား"
ထိုစကားကိုကြားတော့ သွမ့်ပိုင်ယွဲ့ မျက်နှာမဲ့သွားသည်။
"အအေးမိတာ မပျောက်သေးဘဲနဲ့ ဘာလို့ အပြင်ထွက်သွားရတာလဲ"
"ဝမ်ရယ်ကို လျှောက်တင်ပါတယ်၊ အရှင်မင်းမြတ်က မနက်စာ သွားသုံးဆောင်မလို့ပါတဲ့။အရှင့်နောက်တော်ပါး ဘယ်သူမှ လိုက်မသွားခိုင်းဖို့လည်း သေချာမှာသွားပါသေးတယ်။အရှင်မင်းမြတ် တစ်ပါးတည်း ဈေးထဲ သွားလည်ချင်တယ်တဲ့"
သွမ့်ပိုင်ယွဲ့က ခေါင်းတခါခါလုပ်ကာ ဆေးရည်ပန်းကန်ကိုချလိုက်ပြီး ချူယွမ်နောက်လိုက်သွားတော့သည်။
****
ချူယွမ်က မီဆွာခေါက်ဆွဲပြုတ်ဆိုင်၌ ထိုင်နေလျက်ရှိကာ ဇွန်းဖြင့် ပန်းကန်ထဲ မွှေနှောက်နေဆဲဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ချူယွမ်အနား ဝင်ထိုင်လိုက်သည်။
ချူယွမ်က သွမ့်ပိုင်ယွဲ့ဘက် တစ်ချက်လှည့်ကြည့်လိုက်ကာ -
"မင်း ဘာလာလုပ်တာလဲ"
သွမ့်ပိုင်ယွဲ့တကယ် စဉ်းစားရကျပ်နေပြီဖြစ်သည်။
"ဒါလေးစားချင်တာကိုများကွာ၊ ကိုယ် လာဝယ်ပေးရင် ရပြီလေ ။ ဘာလို့ ကိုယ်တိုင်ကိုယ်ကျ အပြင်ထွက်စားရတာလဲ"
"အခန်းထဲမှာနေရင်း စိတ်အိုက်လာလို့ ....လေကောင်းလေသန့် ထွက်ရှူတာ"
"နေမကောင်းဖြစ်နေတာလေ....အိမ်ပြန်ရောက်သွားပြီး အဖျားပြန်တက်မှာ မကြောက်ဘူးလား"
ချူယွမ်က ဟင်းရည်တစ်ဇွန်း ခပ်သောက်လိုက်ကာ ဆိုလာ၏။
"ယောင်အာက ပြောတယ်၊ မီဆွာခေါက်ဆွဲပြုတ်က ရောဂါဘယအားလုံးကို ပျောက်ကင်းစေတယ်တဲ့"
"....."
"မင်းရော စားချင်လား၊ ငါ ဝယ်ကျွေးမယ်လေ။ ငါ့မှာ ပိုက်ဆံတွေ အပုံလိုက်ကြီး ပေါတယ် "
သွမ့်ပိုင်ယွဲ့ ရယ်ရမလား ငိုရမလားမသိတော့။ ထို့နောက် ချူယွမ်အတွက် ဝတ်ရုံတစ်ထပ် ခြုံလွှမ်းပေးလိုက်သည်။
***
ရွက်ကြွေရာသီအနှောင်း ဆောင်းဟေမာန်အစမို့ ရာသီဥတုက အတော်အေးစိမ့်နေသည်။ ထို့အပြင် ပင်လယ်ကမ်းစပ်ဒေသ ဖြစ်နေပြန်သည်မို့ လေတစ်ခါတိုက်တိုင်း အအေးဓာတ်က လှိုက်ခနဲ တက်တက်လာတတ်သည်။
ချူယွမ်လည်း ခေါက်ဆွဲပြုတ်ပူပူနွေးနွေးကို အကုန်စားပြီးသည့်နောက် ထရပ်ပြီး အိမ်ငယ်လေးထံ ပြန်လည်လျှောက်လှမ်းလာ၏။
"ရှစ်ဇီ ပြောပြသေးတယ်၊ မင်း မနေ့က ချိုးကျီဆီ သွားပြီး စစ်မေးသေးတယ်ဆို
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
"အင်း၊ အကုန်နီးပါး ဝန်ခံပြီးသွားပြီ"
"တိမ်သလ္လာကန္တာတောင်ထွဋ်ရှိတဲ့နေရာရောလား"
"အင်း၊ ကျင်နျဲန်ရဲ့ပြောစကားနဲ့ ဆက်စပ်မှုရှိတယ် ၊ ကိုယ်တို့ခန့်မှန်းထားတာတွေနဲ့လည်း အတော်လေးကိုက်ညီတယ်။ သူ လိမ်ပြောတာ မဟုတ်လောက်ဘူး"
"သူက ဘာလို့များ ချက်ချင်းကြီး ဝန်ခံထွက်ဆိုရတာလဲ ။ မင်း သူ့ကို အကျိုးအမြတ်တစ်ခုခု ပေးလိုက်သေးလား"
"အင်း၊ သူ့ရဲ့ကြီးမြတ်လှတဲ့ ဂုဏ်သတင်းနဲ့အလဲအလှယ်လုပ်လိုက်တာလေ"
ချူယွမ် နားမလည်ပေ။
"အရင်ပြန်ရအောင်ပါ ၊ ဒီမှာ လေအတိုက်ကြမ်းလွန်းတယ်။ ဇာတ်လမ်းက အရှည်ကြီး ဆိုတော့ အကြာကြီးပြောပြရမှာ"
သို့နှင့် သူတို့နှစ်ယောက်သားမှာ လမ်းမကြီးထက်မှ ပြန်လမ်းလှည့်လာလိုက်သည်။
အပြန်လမ်းရှိ လမ်းဘေးဆိုင်တစ်ခုတွင် တည်ခင်းရောင်းချနေသော ပူပူနွေးနွေး နျဲန်ကောကောက်ညှင်းမုန့်များကိုတွေ့လိုက်ရသည်။ အတော်လေး အရောင်းသွက်နေသည်ပင်။ ထို့ကြောင့် သွမ့်ပိုင်ယွဲ့က တုတ်ထိုးထားသော ကောက်ညှင်းမုန့်ချောင်းကို ချူယွမ်အား ပေးလာ၏။
ချူယွမ်က သွမ့်ပိုင်ယွဲ့ပေးထားသောမုန့်ကို ယူထားလိုက်သည်။ စားတော့မစား။
တစ်လမ်းလုံး ထိုသို့သာ ကိုင်လာကာ နန်မော်ယဲ့နှင့် ဆုံတော့ ချူယွမ်က မေးလိုက်သည်။
"လူကြီးမင်းနန်၊ မုန့်စားဉီးမလား....."
"ဟာ၊ ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါဘုရား .... ဟဲဟဲ"
နန်မော်ယဲ့လည်း ပြုံးဖြီးနေသော မျက်နှာဖြင့် ချူယွမ်ပေးသောမုန့်ကို လှမ်းယူလိုက်သည်။
သွမ့်ပိုင်ယွဲ့ - "....."
ချူယွမ်လည်း နန်မော်ယဲ့ကို မုန့်ပေးလိုက်သည်နှင့် အဝတ်အစားလဲရန် အိပ်ခန်းထဲ ပြန်ဝင်သွားတော့သည်။
နန်မော်ယဲ့က ပြောပြလာသည်။
"မနက်တုန်းကလည်း ငါ ဈေးထဲ တစ်ခေါက် လျှောက်သွားထားသေးတယ်။ လူအတော်များများက မီးလောင်သွားတဲ့ ဧရာမသင်္ဘောကြီးအကြောင်းကို ဇာတ်လမ်းအမျိုးမျိုးဆင်ပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာကွ။ မိုးကြိုးပစ်ခံရတာနေမှာလို့ ပြောတဲ့လူတောင်ရှိသေး "
"သူတို့ဘာပဲပြောပြော ကျွန်တော်ကစိတ်ဝင်စားရမှာလား။ ခဏလောက်ကြာရင် အဲ့ကိစ္စကို မေ့မေ့ပျောက်ပျောက် ပြန်ဖြစ်သွားလိမ့်မယ်။ ကပ်ရောဂါသာ မပျံ့ရင်ပြီးတာပဲဗျာ ။ သူတို့မှတ်စုတွေ စာရင်းဇယားတွေအရတော့ အဲ့သင်္ဘောပေါ်က လူတွေဟာ ဟွီးကျိုးနယ်ထဲက ကျယ်ယွီကုန်သည်အဖွဲ့တဲ့။ ပြန်ရောက်သွားရင် သူတို့မိသားစုတွေကို အကျိုးအကြောင်းပြောပြပြီးခါမှ ကိစ္စပြတ်သွားမယ်"
"အေးကွာ၊ ငါတို့ဘက်က လက်ဉီးလို့သာ တော်သေးတာပေါ့။ ဒီကျွန်းပေါ်က လူတစ်ယောက်ယောက်များ အဲ့သဘေင်ာကနေ ရောဂါသွားသယ်ပြီး ပြန်လာဖြန့်ရင် တာ့ချူကုန်သည်တွေရဲ့ဘဝတော့ အတော်ခက်ခဲတော့မှာပဲ"
"စစ်ကုန်းလွီ့ပြန်လာတဲ့အထိ စောင့်ပြီးမှ သူ့ကို အကျိုးအကြောင်း မေးကြည့်လိုက်တော့မယ်။ ဝမ့်ရှီးကျိုးရဲ့ ကုန်စည်ကူသန်းမှု လမ်းကြောင်းက အတော်ဖွံ့ဖြိုးတိုးတက်တာ၊ အဆက်အသွယ်အများကြီးရှိတာဆိုတော့ ဒီကုန်သည်အဖွဲ့အကြောင်းလည်း သူ ကြားဖူးချင်ကြားဖူးလောက်မယ်"
နန်မော်ယဲ့က သွမ့်ပိုင်ယွဲ့ပြောစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထို့နောက်မုန့်တစ်ကိုက် ထပ်ကိုက်စားနေလိုက်သည်။ သွမ့်ပိုင်ယွဲ့က မေးလာ၏။
"စားလို့မှ ကောင်းရဲ့လား"
"ဘာမုန့်မှန်းကိုမသိဘူး။ အရမ်းတွေချိုအီပြီး မာတောင့်နေတာပဲ ၊ ငါးညှီနံ့လည်း နံသေး "
နန်မော်ယဲ့မျက်နှာမဲ့ရင်း ထိုသို့ပြောလာတော့မှ သွမ့်ပိုင်ယွဲ့ပျော်ရွှင်သွား၏။
"ကောင်းပြီ၊ ရှစ်ဖူးသာ ဖြည်းဖြည်းချင်း ဆက်စားနေလိုက်တော့ "
နန်မော်ယဲ့ - "....."
*****
သွမ့်ပိုင်ယွဲ့က ချူယွမ်နားနေရာ အိပ်ခန်းဆီ လျှောက်လှမ်းသွား၏။
ရှစ်ဇီကုန်းကုန်းကတော့ အပြုံးမပျက် နှုတ်ဆက်လာမြဲပင်။
"ဝမ်ရယ် ရောက်လာပြန်ပြီကိုး...."
ချူယွမ်က ရှင်းသန့်ဖြူစင်သော ဝတ်ရုံကို လဲလှယ်ဆင်မြန်းထားကာ လက်ထဲတွင်လည်း လက်ဖက်ရည်ခွက်ကို ကိုင်ထားသည်။ ကလေးငယ်တစ်ယောက်နှင့်ပင် တူနေပေ၏။
သွမ့်ပိုင်ယွဲ့၏ မျက်ဝန်းများပါ လိုက်ပါနူးညံ့သွားလေသည်။
ရှစ်ဇီကုန်းကုန်းလည်း နှစ်ယောက်စလုံးကို အရိုအသေပြုပြီးနောက် ခါးလေးကိုင်းကာ ထွက်ခွာသွားသည် ။ ထိုနှစ်ယောက်အတွက်ပါ တံခါးသေချာ ပြန်ပိတ်ပေးလိုက်သည်။
"ပြောစမ်းပါဉီး၊ အဲ့ချိုးကျီရဲ့အကြောင်းတွေ"
"အလောတကြီးလုပ်စရာတော့ မရှိပါဘူး ။ သူနဲ့ လန်ယီကျန့်ကြားက ကျေးဇူးတရားတွေ ၊ အငြိုးအာဃာတတွေက မင်းနေပြန်ကောင်းခါမှ အေးဆေးပြောပြလို့လည်းဖြစ်တယ်။ အဲ့ထက် အရေးပိုကြီးတဲ့ကိစ္စနှစ်ခုရှိတယ်။ ပထမတစ်ခုက ဖန်ရှင်းပုလဲနဲ့ ဖန်ရှင်းစစ်တုရင်နဲ့ ဘယ်လို ဆက်နွယ်နေသလဲဆိုတာရယ်၊ နောက်တစ်ခုကတော့ ချူရှိန့်ရဲ့ နောက်ရွှေ့မယ့်ခြေလှမ်းတွေအကြောင်း "
ချူယွမ်က ခေါင်းညိတ်ပြလိုက်ကာ -
" ဖန်ရှင်းအကြောင်း အရင်ပြော"
"ဖန်ရှင်းစစ်တုရင်က တကယ်တမ်းတော့ သိုင်းကျင့်စဉ်တစ်မျိုးပဲ။ ယောင်အာကတော့ ကံကောင်းစွာနဲ့ပဲ လူကြီးမင်းရွှမ်ထျဲန်းဆီကနေ သင်ယူဆည်းပူးခွင့်ရခဲ့တယ်။ ပြီးတော့ ချောင်ယာကျွန်းပေါ်မှာ တခြားကျင့်စဉ်တစ်ခုရှိသေးတယ်၊ နာမည်က 这纵星局 (Zhe Zong Xing Ju) တဲ့"
ချူယွမ် မျက်နှာ အနည်းငယ်ပျက်သွားသည်။
"အစပိုင်းကတော့ ချိုးကျီနဲ့ လန်ယီကျန့်တို့ သမုဒ္ဒရာပြင်ဘက်ထွက်သွားပြီး တခြားဆရာတစ်ယောက်ဆီမှာ တပည့်ခံယူခဲ့တယ်။ ပြီးတော့ ချိုးကျီက လန်ယီကျန့်ကို အဲ့ကျင့်စဉ်သင်ယူဖို့ လှည့်ဖျားသွေးဆောင်လိုက်တယ်။ ဖန်ရှင်းစစ်တုရင်ပညာဟာ မိစ္ဆာလမ်းစဉ်အောက် ရောက်သွားစေနိုင်မှန်း သိုင်းလောကသားတိုင်း သိကြပေမယ့် ဒီကျင့်စဉ်ကမှ တကယ့် မိစ္ဆာကျင့်စဉ်အစစ်ဆိုတာ မသိခဲ့ကြဘူး"
"ဒါကြောင့်မို့ လန်ယီကျန့်က မိစ္ဆာလမ်းစဉ်အောက် ကျရောက်သွားတာလား"
သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမယ့် လန်ယီကျန့်ရဲ့ပင်ကိုယ်ဗီဇကိုက စိတ်သဘောထားဖြူစင်ရိုးသားတာမို့ မိစ္ဆာကျင့်စဉ်အောက် ရောက်သွားတာတောင် မျှော်လင့်ချက်တွေ ဆုပ်ကိုင်ထားနေတုန်းပဲ။ မိစ္ဆာကျင့်စဉ်ရဲ့ အဆိပ်အတောက်တွေကို ချိုးနှိမ်ထားဖို့ တခြားကျင့်စဉ်တွေပါ တောက်လျှောက်ကျင့်ကြံခဲ့သေးတယ်။ အဲ့ဒီအဆိပ်ကို ဖြေပေးနိုင်မယ့်ကျင့်စဉ်ဆိုတာ ဖန်ရှင်းစစ်တုရင်ပညာဖြစ်နေခဲ့တယ် ။ လူကြီးမင်းရွှမ်ထျဲန်းကလည်း ဒီအကြောင်းတွေကို မသိလိုက်တာ နှမြောစရာပဲ ။ ချိူးကျီကလည်း ဖန်ရှင်းစစ်တုရင်အတတ်ကို ခိုးယူတတ်မြောက်ခဲ့ပေမယ့် လန်ယီကျန့်ကို လုံးဝ မျှဝေမပေးခဲ့ဘူး ။ အဲ့လိုနဲ့ သူတို့နှစ်ယောက်က အချင်းချင်း ရန်သတ်လာခဲ့တယ်။ နောက်ပိုင်းတော့ လန်ယီကျန့်ဟာ မိစ္ဆာဖြစ်သွားပြီလို့ သိုင်းလောကထဲ သတင်းပြန့်သွားတယ်။ ဒါပေမယ့် နောက်ကွယ်မှာ ဂိုဏ်းအစုလိုက်ကို အမြစ်နှုတ်ပြီး မျိုးပြုတ်အောင် အပြတ်ရှင်းလိုက်တဲ့လူအစစ်က ချိုးကျီဖြစ်နေမှန်း သူတို့မသိခဲ့ဘူး"
"ခွင့်မလွှတ်နိုင်လောက်တဲ့ အပြစ်တွေပဲ"
"နောက်ပိုင်း လန်ယီကျန့်လည်း မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်လိုက်တယ်။ အဲ့တော့ ချိုးကျီလည်း ရည်မှန်းချက်အောင်မြင်ပေါက်မြောက်ပြီး ပြိုင်ဘက်ကင်း သိုင်းပညာရှင်ကြီးတစ်ယောက် ဖြစ်လာတယ်၊ ဂုဏ်သတင်းတွေလည်း ကျော်ဇောလာတယ်။ ဒါပေမယ့် လန်ယီကျန့်ကို အနိုင်ရဖို့ ၊ အတွင်းအားတွေကို ပိုပြီးအားကောင်းလာစေဖို့ ကူပိုးကောင်အများကြီးကို သုံးခဲ့ရတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့တယ်။ အဲ့နောက်ပိုင်း သူ့နာမည်ထိခိုက်မှာစိုးလို့ သိုင်းလောကကနေ ထွက်ခွာပြီး သရဲရွာမှာသွားနေခဲ့တယ်။ သူ့ရဲ့အစေခံကောင်လေးကို အချိန်တိုင်းအခါတိုင်း ချိုးကျီရဲ့ တော်ကြောင်းတတ်ကြောင်းတွေ ရွတ်ခိုင်းတတ်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူလည်း မိစ္ဆာလမ်းစဥေနာက် လိုက်သွားတာပါပဲ"
"ဘာကိစ္စ အခုကျမှ သိုင်းလောကထဲ ပြန်သွားရှုပ်ရတာလဲ"
"သူသိတဲ့လူတွေထဲမှာ ဖန်ရှင်းပုလဲကို အရောင်လင်းအောင်လုပ်နိုင်တဲ့ တစ်ဉီးတည်းသောလူက လန်ယီကျန့်လေ။ ဒီကိစ္စကို အဖြေရှာဖို့ လန်ယီကျန့်ရဲ့ အလောင်းကိုတောင် မီးမရှို့ပစ်သေးဘဲ ယွီ့ကွမ်းတောင်ထဲမှာပဲ ဖွက်ထားခဲ့တာ။ ဒါပေမယ့် မကောင်းတာတွေ အများကြီးလုပ်ထားတော့ စိတ်က မလုံဘဲ ယောက်ယက်ခတ်နေတာ။ ဆယ်စုနှစ်များကြီးကြာပြီး တစ်နေ့ကျတော့ ချိုးရွှမ်ကျီးယန္တရားတိုက်မှာရှိတဲ့ ဖန်ရှင်းပုလဲ အခိုးခံရတဲ့သတင်းလည်း သူကြားလိုက်ရော၊ လန်ယီကျန့် ပြန်ရှင်လာပြီး သူ့ကိုလက်စားချေတော့မယ့်အခွင့်အရေးကို စောင့်နေတာလို့ တထစ်ချမှတ်ယူလိုက်တာ။ ဒါကြောင့် ဆိုက်ဖန်းအန်းဆိုတဲ့နာမည်ကိုသုံးပြီး လန်ဂျီးနဲ့ ပူးပေါင်းခဲ့တယ်။ ယွီ့ကွမ်းတောင်ထဲ ပြန်သွားကြည့်လို့ရအောင် ချန်းဟေဟွမ်ကို ပြန်လုပ်ခိုင်းဖို့ အဖိုးအိုမုချီကို လိုက်ဖမ်းတယ်။ တစ်ဖက်ကလည်း ရွှေမြို့တော်မှာ စစ်တုရင်ပွဲကျင်းပပြီး လန်ယီကျန့်ကို ကိုယ်ထင်ပြလာအောင် ထောင်ချောက်ဆင်တယ်"
"ဘယ်နေရာကများ ရှုပ်ထွေးနေလို့လဲ။ အဲ့လူတော့ တကယ်ကို သတိလွတ်ပြီး ရူးနေပြီ"
"သူက နဂိုကတည်းက ရူးနေတဲ့လူလေ။ လန်ဂျီးသေရာကနေ ပြန်ရှင်လာတယ်၊ ကိုယ့်ကို လက်စားချေဖို့ အလောင်းကောင်အဆိပ်တွေပါ ပါလာတယ်ဆိုတာဟာ သူ့စနက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ။ လက်စားချေလို့ပြီးတာနဲ့ တောင်ဘက်ကိုစုန်ဆင်းပြီး နန်ယန်ကိုရောက်သွားတယ်။ ချောင်ယာကျွန်းမှာ တစ်ခါဆုံဖူးတဲ့ ချူရှိန့်ကို သွားပြီးမှီခိုတယ်"
"ချောင်ယာနဲ့ ချူရှိန့်?...."
"အင်း၊ ဒါက ကိုယ်ပြောမယ့် ဒုတိယကိစ္စပဲ။ဖေမျဲန့်ပြည်ရဲ့ တည်နေရာက အမြဲ လျှို့ဝှက်ချက်လို ဖြစ်နေတယ်ဆိုပေမယ့် ၊ အပြင်လူတွေ ထိုးဖောက်သွားဖို့ခက်တယ်ဆိုပေမဟ့် တာ့ချူနဲ့အလှမ်းဝေးတော့ ချူရှိန့်က အင်အားသုံးပြီး လက်ဉီးအောင် သိမ်းပိုက်လိုက်တာ။ အဲ့ဝတ်ရုံနက်နဲ့လူတွေဆိုတာ သူ့ဘက်တော်သားတွေပဲ"
"ဒါဆို ချောင်ယာမှာ ဖြစ်တဲ့ အဓိကရုဏ်းတွေက ချူရှိန့်ကြောင့်လား"
"သူ့တစ်ယောက်တည်းကြောင့်လို့တော့ မဟုတ်ဘူး။ အဲ့ကျွန်းကလူတွေ အပျင်းကြီးမနေရင်၊ စည်းစိမ်ယစ်မနေရင် အပြင်လူတွေဘာလာလုပ်လို့ရမှာလဲ။ ချောင်ယာကျွန်းကို သိမ်းပိုက်တာက ချူရှိန့်အတွက် သေချာတွက်ချက်ထားပြီးသား ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ တစ်အချက်က အဲ့ကျွမ်းမှာ ရွှေတွေ တကယ်ရှိကောင်းရှိမယ်။ နှစ်အချက်က ရွှေငွေရတနာတွေ တကယ်မရှိရင်တောင်ကျွန်းရဲ့တည်နေရာကိုက အရမ်းကောင်းနေတယ်။ ဘေးပတ်လည်မှာ တာ့ချူရဲ့ ရေပြင်နယ်နိမိတ်တွေချည်း ရှိနေလို့ပဲ"
ချူယွမ် မျက်မှောင်ကြုံ့သွား၏။
"ဘာတွေ တွေးနေပြန်ပြီလဲ"
သွမ့်ပိုင်ယွဲ့ မေးလာခြင်းဖြစ်သည်။
ချူယွမ်က နောက်က ကုလားထိုင်အမှီပေါ် ကျောမှီလိုက်ကာ -
"အရင်တုန်းက လျိုမျိုးရိုးဘက်ကနေ ခြိမ်းခြောက်လာမှာကို တွေးကြောက်ပြီး ချူရှိန့်နဲ့ လျိုကျင့်တာကို အသက်ချမ်းသာပေးခဲ့လိုက်တာ။ ခုတော့ ပြဿနာတွေ ထပ်သယ်လာပြန်ပြီ"
"မင်း မရှင်းချင်ဘူးဆိုရင်ရင်လည်း ကိုယ် အစားလုပ်ပေး -"
"ဒါက တာ့ချူရဲ့ပြဿနာ....."
ချူယွမ်က နှုတ်ခမ်းဆူသွားကာ ဆက်ဆိုလာ၏။
"ရှီးနန်ဝမ် စိုးရိမ်ပေးဖို့ မလိုပါဘူး"
သွမ့်ပိုင်ယွဲ့ကတော့ ချူယွမ်အား ပြုံးကြည့်နေမြဲပင်။
ချူယွမ်က သူ့မေးကို မော့စေလိုက်ကာ အမိန့်ပေးလိုက်၏။
"အဲ့မျက်နှာဖုံးကို ချွတ်လိုက်စမ်း..."
သွမ့်ပိုင်ယွဲ့ချက်ချင်း တုံ့ဆိုင်းအေးခဲသွားသည်။
"မင်းရုပ်ဆိုးမှန်း ငါသိတယ်။ အရင်ကတည်းကလည်း ဘာမှ ချောမောခန့်ညားနေတာ မဟုတ်ဘူး။ အဲ့ဟာကြီး ချွတ်ပစ်လိုက်စမ်း"
"အာ....ချိုးကျီကိစ္စတောင် ပြောလို့မပြီးသေးဘူးလေကွာ"
"ဧကရာဇ်အမိန့်ကိုဖီဆန်ရင် သေဒဏ်ပေးလို့ရတဲ့အထိ အပြစ်ကြီးတယ်"
"....."
ချူယွမ်က ထိုမျက်နှာဖုံးကို သူကိုယ်တိုင်ချွတ်ရန် လက်လှမ်းလိုက်သည်။
အစကတော့ သွမ့်ပိုင်ယွဲ့လည်း နောက်သို့ဆုတ်ရန် တွေးမိသေးသည်၊ သို့သော် နောက်ဆုံးမှာတော့ မျက်လွှာများကိုသာ မှိတ်ပေးထားလိုက်သည်။
ချူယွမ်က သူ့မျက်နှာဖုံးအား ညင်သာနူးညံ့စွာ ဂရုတစိုက် ချွတ်လိုက်သည်။
ဘေးပတ်ဝန်းကျင်တစ်ခွင်မှာ ငြိမ်သက်တိတ်ဆိတ်သွားလေသည်။
ခဏကြာတော့မှ ချူယွမ်ဘက်က မှတ်ချက်ဆိုလာ၏။
"ကျင်းဆူးကိုရှောင်ဖို့လုပ်ဖူးတဲ့ ဓားဒဏ်ရာ အမာရွတ်တွေနဲ့ ယှဥ္လိုက်ရင် အများကြီး ကြည့်လို့ရပါသေးတယ်"
သွမ့်ပိုင်ယွဲ့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ ချူယွမ်က ဆက်ဆိုသည်။
"အရောင်လေးတွေ ဟိုပြေးဒီပြေးနဲ့ ။ ကောင်းတယ်၊ အရမ်းကောင်းတယ်"
သွမ့်ပိုင်ယွဲ့ ဘာပြန်ပြောရမှန်းပင်မသိတော့။
ချူယွမ်က မျက်နှာဖုံးကို ဘေးက စားပွဲပေါ် တင်လိုက်သည်။ ခန္ဓာကိုယ်ကလည်း သွမ့်ပိုင်ယွဲ့အနား ပိုတိုးလာကာ အနီးကပ်ကြည့်ရှုလာ၏။
သွမ့်ပိုင်ယွဲ့ ချက်ချင်းပင် ရှောင်လိုက်ကာ ထရပ်လိုက်သည်။
ဒုန်းးးးး !!!!!!!
ချူယွမ်က စားပွဲကို ဒုန်းခနဲ မြည်အောင် ရိုက်ချပစ်လိုက်သည်။
"ကိုယ့်မှာ အဆိပ်ရှိနေတုန်း၊ မင်းနဲ့ဝေးဝေးနေဖို့ ရှစ်ဖူးလည်း မှာထားတယ် "
"မင်းကို တစ်ခါလောက် သေသေချာချာကြည့်လိုက်ရင် ငါ့အသက် ဘယ်နှစ်နှစ်တိုသွားမှာလဲ ပြောစမ်း !!!! သုံးနှစ်လား၊ ငါးနှစ်လား "
"....."
အဲ့လို တွက်လို့မရဘူးလေကွာ။
သို့နှင့် သွမ့်ပိုင်ယွဲ့မှာ ချက်ချင်းပင် ထိုင်ခုံပေါ်ပြန်ထိုင်လိုက်ရသည်။
"ချိုးကျီအကြောင်း ဆက်ပြော"
ချူယွမ်က အမိန့်ပေးလာ၏။
မျက်နှာပေါ်တွင် ဘာမှ ဖုံးကွယ်ထားခြင်းမရှိတော့သဖြင့် သွမ့်ပိုင်ယွဲ့အတော်နေရခက်နေသည်။
သို့သော် ချူယွမ်က လုံးဝပင်မမှုဘဲ မေးကိုထောက်ကာ သူပြောသမျှ ဆက်ပြီးနားထာင်နေ၏။ ဤမျက်နှာပြင်က အရင်အတိုင်းပင် ဖြစ်နေသည့်နှယ်၊ ဘာမှ ပြောင်းလဲသွားခြင်းမရှိသည့်နှယ် ။
******
မွန်းလွဲသွားတော့မှ နှစ်ယောက်သား အခန်းထဲကနေ ပြန်ထွက်လာ၏။
ချူယွမ်က တစ်ယောက်တည်း ထမင်းစားရန်ရှစ်ဇီဆီ ထွက်သွားသည်။
သွမ့်ပိုင်ယွဲ့ကလည်း သူ့အိပ်ခန်းထဲပြန်အရောက် မျက်နှာဖုံးကိုချွတ်ပစ်လိုက်သည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ကြေးနီမှန်ပြင်တစ်ခုကိုယူလိုက်သည်။
ကြေးမုံပြင်တွင် ထင်ဟပ်နေသော သူ့မျက်နှာပြင်ထက်ဝယ် အပြာရောင် အစင်းအကြောင်းများ ယှက်သန်းပြေးလွှားနေပြီးရွံရှာကြောက်လန့်စဖွယ်ကောင်းနေပေသည်။ ကာယကံရှင်ဖြစ်သော သူ့ကိုယ်တိုင်ကပင် စိုးရိမ်သောကမဖြစ်ဘဲမနေနိုင်။ အစပိုင်းတုန်းမှာဆိုလျှင် မိမိအိမ်ဖြစ်သော ရှီးနန်စံအိမ်တော်ကြီးမှာပင်လျှင် တစ်ချိန်လုံး မျက်နှာဖုံးတပ်ဆင်ထားခဲ့သည်။ အခုကျမှ ချစ်ရသူအရှေ့မှာ ရုပ်သွင်အစစ်ကို ဘာလို့များ ဖွင့်လှစ်ပြသခဲ့ပါသနည်း။
သို့ပေမင့် စောနက ထိုလူသားလေး၏ ချိုသာသောအသံလွင်လွင်ကို ကြားရတော့ မှော်အစွမ်းသင့်သည့်အလား ။ ဘာမှကြီးကျယ်တဲ့ကိစ္စမှမဟုတ်ဘဲဟု ရုတ်ခြည်းတွေးမိသွားကာ ချွတ်လိုက်လျှင်လည်း ဘာမှမဖြစ်လောက်ဟု ထင်မှတ်မှားအောင် ပြုစားခံလိုက်ရသလိုပင်။
နန်မော်ယဲ့က ပြတင်းပေါက်မှတစ်ဆင့် ခေါင်းလေးတိုးဝင်လာကာ -
"ဟေ့ကောင်၊ မှန်ကြည့်နေတာ အတော်ကြာနေပြီနော်။ အပျော်မယ်ပြိုင်ပွဲ ဝင်ပြိုင်မလို့လား"
သွမ့်ပိုင်ယွဲ့မျက်နှာ ချက်ချင်း တင်းမာသွားကာ မှန်ကို ပြန်ချလိုက်၏။
"လမ်းသွားလျှောက်ကြစို့၊ ဒီနေ့ ရာသီဥတုက အတော်လေးသာယာတယ်"
နန်မော်ယဲ့၏ ကမ်းလှမ်းခိက်ကို သွမ့်ပိုင်ယွဲ့က ခေါင်းခါပြလိုက်ရင်း -
"ရှစ်ဖူး အတွေးများနေပါပြီ၊ ကျွန်တော် အဲ့လောက်ထိ စိတ်ဓာတ်မကျသေးပါဘူးဗျာ"
"ဘာများ စိတ်ညစ်စရာရှိလို့တုန်း၊ ထျဲန်းချန်ရှားလည်း လက်တစ်ကမ်းမှာတင် ရှိနေပြီ။ ဖြေဆေးသောက်ပြီး နောက်နှစ်ဝက်လောက်နေလိုက်ရင် မင်းရဲ့ နဂိုရုပ်သွင်လေးလည်း ပြန်ရလာနော့မှာ။ အရင်ကထက်တောင် ပိုချောရင်ချောဉီးမှာကွ၊ အဲ့ချိန်ကျမှ ပုံတူပန်းချီလေးတွေဆွဲပြီး ရောင်းစားတာနဲ့တင် အတော်ထောလောက်ပြီ"
ငွေကြေးဓန လာဘ်လာဘက နောက်မကြာမီမှာပင် ရောက်ရှိလာလိမ့်မည်။ အာ ၊ ယားကျိကျိဖြစ်လာသော လက်ဖဝါးများကို နန်မော်ယဲ့ မပွတ်ဘဲ မနေနိုင်တော့။
သွမ့်ပိုင်ယွဲ့က လက်လှမ်းလိုက်ကာ ပြတင်းပေါက်ကို ဒုန်းခနဲ ပြန်ပိတ်လိုက်သည်။
နန်မော်ယဲ့ကတော့ အပြင်ဘက်မှာ သက်ပြင်းချနေလျက်။
ကျေးဇူးကန်းလိုက်တဲ့ စောင်တပည့်မိုက်။
******
တစ်ရက်ပြီးတစ်ရက် တတိတိကုန်လွန်သွားပြီးနောက် စစ်ကုန်းလွီ့က သွမ့်ယောင်ထက်အရင် ပြန်ရောက်လာသည်။
"ဘာသတင်းတွေ ရလာသေးလဲ"
သွမ့်ပိုင်ယွဲ့က ချက်ချင်း မေးလာသည်။
စစ်ကုန်းလွီ့က သွမ့်ပိုင်ယွဲ့ကို တစ်ပတ်ပတ်ပြီး တစိမ့်စိမ့်ကြည့်လိုက်ကာ ပီတိဖြစ်စွာ ဆိုလာ၏။
"မင်းက တကယ်ကိုပဲ မိဖုရားဖြစ်မယ့်ဇာတာ ပါလာတဲ့အကောင်ပါလား"
ငါ့မိန်းမကိုသာ မင်းလက်လေး လာပွတ်ခိုင်းလိုက်ရင် အနာဂတ်ဧကရီအလောင်းအလျာလေး တစ်ယောက်လောက် မွေးပေးနိုင်မလားမသိ။
သွမ့်ပိုင်ယွဲ့က ရွှမ်မင်ဟန်ထျယ်ဓားကို စားပွဲပေါ်ချလိုက်သည်။ စစ်ကုန်းလွီ့လည်း ခြေငါးလှမ်းလောက် နောက်ဆုတ်လိုက်၏။
" ဟေ့ကောင်.....ဒီတစ်ခါတော့ ကောင်းကင်ဘုံက မင်းကို တကယ်ကြီး ကူညီနေတာကွ။ ကံကောင်းထောက်မရင် တပ်သားတစ်ယောက်မျှ စတေးခံစရာမလိုဘဲ တိမ်သလ္လာကန္တာတောင်ထွဋ်ကို တက်နိုင်လိမ့်မယ်။ ထျဲန်းချန်ရှားကိုသွားယူဖို့ဆိုတာ ဘာမှ မခက်ခဲလောက်ဘူး"
"တကယ်ကြီးလား"
"ဩော်၊ ငါက ဘာကိစ္စလိမ်ပြောရမှာလဲ"
စစ်ကုန်းလွီ့က ကျောက်သားထိုင်ခုံပေါ် ထိုင်လိုက်ကာ သွမ့်ပိုင်ယွဲ့အား မေးလာ၏။
"မင်းသိလား၊ ထျဲန်းချန်ရှားက ဘာကြီးလဲဆိုတာ"
"ဘာကြီးတဲ့လဲ"
သွမ့်ပိုင်ယွဲ့ နှုတ်မဟလိုက်ရခင်မှာတင် ချူယွမ်က ကြားဖြတ်မေးလာခြင်းဖြစ်သည်။
စစ်ကုန်းလွီ့က အစပိုင်းတော့ သွမ့်ပိုင်ယွဲ့ကိုနည်းနည်းလောက် မူယာမာယာသုံးပြီး ဈေးကိုင်လိုက်မည်ဟု ရည်ရွယ်ထားသော်လာ်း ဧကရာဇ်ကိုယ်တော်တိုင် မေးလာတော့ သွယ်ဝိုက်ပြီး ဖြေနေလို့မရတော့။ ချက်ချင်းပင် ထရပ်လိုက်ကာ မြင်းစီးသည့်ဟန်လုပ်ပြပြီး တစ်ခုခုကို ဖက်တွယ်မချီထားရသည့်ဟန် လုပ်ပြပြီးနောက် -
" ဒီလောက်လောက်ကြီးတဲ့ ကျောက်တုံးကြီးတစ်တုံး ဖြစ်နေတာပါဘုရား"
ချူယွမ် - "......"
နေဉီး၊ အဲ့အရွယ်အစားကြီးက တစ်ခုခု လွဲနေသလားလို့။
******
Thz for waiting.
2020.10.24.
******
အခန္း - ၈၉ (ထ်ဲန္းခ်န္ရွားဆိုတာ ဘာလဲ)
[ဧကရီမိဖုရား ဇာတာခြင္]
ဒီတစ္ႀကိမ္မွာေတာ့ ခ်ူယြမ္တစ္ေယာက္ အေတာ္ေလး ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနခဲ့သည္။ ေရတြက္လို႔မမီႏိုင္ေသာ အိပ္မက္စက္ဝန္းမ်ား မက္တစ္ခါ ရပ္တစ္လွၫ့္ႏွင့္ ေနာက္တစ္ေန့မိုးေသာက္ေတာ့မွ ႏိုးထလာ၏။
ေလသာေဆာင္ဘက္တြင္ ပင္လယ္ေလက တစ္ခ်က္တစ္ခ်က္ အရိွန္ျပင္းစြာ တိုက္ခတ္လာသည္။ ေတာက္ပေသာ ေနျခည္ေနြးေနြးက ေလာကဓာတ္တစ္ခြင္အား လွပစြာ ျဖန႔္က်က္ေနသည္။
က်ိဳခ်က္ၿပီးသား ေဆးရည္ကို ေရစစ္ျဖင့္ေသခ်ာစစ္ၿပီးသၫ့္ေနာက္ သြမ့္ပိုင္ယြဲ႔လည္း ေဆးရည္ပန္းကန္ကိုယူကာ ခ်ူယြမ္အခန္းထဲ ဝင္လာလိုက္၏။ သို႔ေသာ္ အခန္းထဲဝယ္ ရွစ္ဇီကုန္းကုန္းတစ္ေယာက္တည္းသာ ရိွေနသည္။
ရွစ္ဇီက သြမ့္ပိုင္ယြဲ႔အား ၿပံဳးျပလာကာ -
"အရွင္မင္းျမတ္က ေစာနေလးကတင္ အျပင္ထြက္သြားလိုက္တာပါ ဝမ္ရယ္......"
"အျပင္ထြက္သြားတယ္တဲ့လား"
ထိုစကားကိုၾကားေတာ့ သြမ့္ပိုင္ယြဲ႔ မ်က္ႏွာမဲ့သြားသည္။
"အေအးမိတာ မေပ်ာက္ေသးဘဲနဲ႔ ဘာလို႔ အျပင္ထြက္သြားရတာလဲ"
"ဝမ္ရယ္ကို ေလ်ွာက္တင္ပါတယ္၊ အရွင္မင္းျမတ္က မနက္စာ သြားသံုးေဆာင္မလို႔ပါတဲ့။အရွင့္ေနာက္ေတာ္ပါး ဘယ္သူမွ လိုက္မသြားခိုင္းဖို႔လည္း ေသခ်ာမွာသြားပါေသးတယ္။အရွင္မင္းျမတ္ တစ္ပါးတည္း ေဈးထဲ သြားလည္ခ်င္တယ္တဲ့"
သြမ့္ပိုင္ယြဲ႔က ေခါင္းတခါခါလုပ္ကာ ေဆးရည္ပန္းကန္ကိုခ်လိုက္ၿပီး ခ်ူယြမ္ေနာက္လိုက္သြားေတာ့သည္။
****
ခ်ူယြမ္က မီဆြာေခါက္ဆြဲျပဳတ္ဆိုင္၌ ထိုင္ေနလ်က္ရိွကာ ဇြန္းျဖင့္ ပန္းကန္ထဲ ေမႊေနွာက္ေနဆဲျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အနား ဝင္ထိုင္လိုက္သည္။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ဘက္ တစ္ခ်က္လွၫ့္ၾကၫ့္လိုက္ကာ -
"မင္း ဘာလာလုပ္တာလဲ"
သြမ့္ပိုင္ယြဲ႔တကယ္ စဉ္းစားရက်ပ္ေနၿပီျဖစ္သည္။
"ဒါေလးစားခ်င္တာကိုမ်ားကြာ၊ ကိုယ္ လာဝယ္ေပးရင္ ရၿပီေလ ။ ဘာလို႔ ကိုယ္တိုင္ကိုယ္က် အျပင္ထြက္စားရတာလဲ"
"အခန္းထဲမွာေနရင္း စိတ္အိုက္လာလို႔ ....ေလေကာင္းေလသန႔္ ထြက္ရႉတာ"
"ေနမေကာင္းျဖစ္ေနတာေလ....အိမ္ျပန္ေရာက္သြားၿပီး အဖ်ားျပန္တက္မွာ မေၾကာက္ဘူးလား"
ခ်ူယြမ္က ဟင္းရည္တစ္ဇြန္း ခပ္ေသာက္လိုက္ကာ ဆိုလာ၏။
"ေယာင္အာက ေျပာတယ္၊ မီဆြာေခါက္ဆြဲျပဳတ္က ေရာဂါဘယအားလံုးကို ေပ်ာက္ကင္းေစတယ္တဲ့"
"....."
"မင္းေရာ စားခ်င္လား၊ ငါ ဝယ္ေကြၽးမယ္ေလ။ ငါ့မွာ ပိုက္ဆံေတြ အပံုလိုက္ႀကီး ေပါတယ္ "
သြမ့္ပိုင္ယြဲ႔ ရယ္ရမလား ငိုရမလားမသိေတာ့။ ထို႔ေနာက္ ခ်ူယြမ္အတြက္ ဝတ္ရံုတစ္ထပ္ ၿခံဳလႊမ္းေပးလိုက္သည္။
***
ရြက္ေႂကြရာသီအေနွာင္း ေဆာင္းဟေမာန်အစမို႔ ရာသီဥတုက အေတာ္ေအးစိမ့္ေနသည္။ ထို႔အျပင္ ပင္လယ္ကမ္းစပ္ေဒသ ျဖစ္ေနျပန္သည္မို႔ ေလတစ္ခါတိုက္တိုင္း အေအးဓာတ္က လိႈက္ခနဲ တက္တက္လာတတ္သည္။
ခ်ူယြမ္လည္း ေခါက္ဆြဲျပဳတ္ပူပူေနြးေနြးကို အကုန္စားၿပီးသၫ့္ေနာက္ ထရပ္ၿပီး အိမ္ငယ္ေလးထံ ျပန္လည္ေလ်ွာက္လွမ္းလာ၏။
"ရွစ္ဇီ ေျပာျပေသးတယ္၊ မင္း မေန့က ခ်ိဳးက်ီဆီ သြားၿပီး စစ္ေမးေသးတယ္ဆို
သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္ျပလိုက္သည္။
"အင္း၊ အကုန္နီးပါး ဝန္ခံၿပီးသြားၿပီ"
"တိမ္သလႅာကႏၲာေတာင္ထြဋ္ရိွတဲ့ေနရာေရာလား"
"အင္း၊ က်င္န်ဲန္ရဲ့ေျပာစကားနဲ႔ ဆက္စပ္မႈရိွတယ္ ၊ ကိုယ္တို႔ခန႔္မွန္းထားတာေတြနဲ႔လည္း အေတာ္ေလးကိုက္ညီတယ္။ သူ လိမ္ေျပာတာ မဟုတ္ေလာက္ဘူး"
"သူက ဘာလို႔မ်ား ခ်က္ခ်င္းႀကီး ဝန္ခံထြက္ဆိုရတာလဲ ။ မင္း သူ႔ကို အက်ိဳးအျမတ္တစ္ခုခု ေပးလိုက္ေသးလား"
"အင္း၊ သူ႔ရဲ့ႀကီးျမတ္လွတဲ့ ဂုဏ္သတင္းနဲ႔အလဲအလွယ္လုပ္လိုက္တာေလ"
ခ်ူယြမ္ နားမလည္ေပ။
"အရင္ျပန္ရေအာင္ပါ ၊ ဒီမွာ ေလအတိုက္ၾကမ္းလြန္းတယ္။ ဇာတ္လမ္းက အရွည္ႀကီး ဆိုေတာ့ အၾကာႀကီးေျပာျပရမွာ"
သို႔ႏွင့္ သူတို႔ႏွစ္ေယာက္သားမွာ လမ္းမႀကီးထက္မွ ျပန္လမ္းလွၫ့္လာလိုက္သည္။
အျပန္လမ္းရိွ လမ္းေဘးဆိုင္တစ္ခုတြင္ တည္ခင္းေရာင္းခ်ေနေသာ ပူပူေနြးေနြး န်ဲန္ေကာေကာက္ၫွင္းမုန႔္မ်ားကိုေတြ့လိုက္ရသည္။ အေတာ္ေလး အေရာင္းသြက္ေနသည္ပင္။ ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔က တုတ္ထိုးထားေသာ ေကာက္ၫွင္းမုန႔္ေခ်ာင္းကို ခ်ူယြမ္အား ေပးလာ၏။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ေပးထားေသာမုန႔္ကို ယူထားလိုက္သည္။ စားေတာ့မစား။
တစ္လမ္းလံုး ထိုသို႔သာ ကိုင္လာကာ နန္ေမာ္ယဲ့ႏွင့္ ဆံုေတာ့ ခ်ူယြမ္က ေမးလိုက္သည္။
"လူႀကီးမင္းနန္၊ မုန႔္စားဉီးမလား....."
"ဟာ၊ ေက်းဇူးေတာ္ႀကီးျမတ္လွေၾကာင္းပါဘုရား .... ဟဲဟဲ"
နန္ေမာ္ယဲ့လည္း ၿပံဳးၿဖီးေနေသာ မ်က္ႏွာျဖင့္ ခ်ူယြမ္ေပးေသာမုန႔္ကို လွမ္းယူလိုက္သည္။
သြမ့္ပိုင္ယြဲ႔ - "....."
ခ်ူယြမ္လည္း နန္ေမာ္ယဲ့ကို မုန႔္ေပးလိုက္သည္ႏွင့္ အဝတ္အစားလဲရန္ အိပ္ခန္းထဲ ျပန္ဝင္သြားေတာ့သည္။
နန္ေမာ္ယဲ့က ေျပာျပလာသည္။
"မနက္တုန္းကလည္း ငါ ေဈးထဲ တစ္ေခါက္ ေလ်ွာက္သြားထားေသးတယ္။ လူအေတာ္မ်ားမ်ားက မီးေလာင္သြားတဲ့ ဧရာမသေဘၤာႀကီးအေၾကာင္းကို ဇာတ္လမ္းအမ်ိဳးမ်ိဳးဆင္ၿပီး ထင္ရာျမင္ရာ ေလ်ွာက္ေျပာေနၾကတာကြ။ မိုးႀကိဳးပစ္ခံရတာေနမွာလို႔ ေျပာတဲ့လူေတာင္ရိွေသး "
"သူတို႔ဘာပဲေျပာေျပာ ကြၽန္ေတာ္ကစိတ္ဝင္စားရမွာလား။ ခဏေလာက္ၾကာရင္ အဲ့ကိစၥကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ျပန္ျဖစ္သြားလိမ့္မယ္။ ကပ္ေရာဂါသာ မပ်ံ့ရင္ၿပီးတာပဲဗ်ာ ။ သူတို႔မွတ္စုေတြ စာရင္းဇယားေတြအရေတာ့ အဲ့သေဘၤာေပၚက လူေတြဟာ ဟြီးက်ိဳးနယ္ထဲက က်ယ္ယြီကုန္သည္အဖြဲ႔တဲ့။ ျပန္ေရာက္သြားရင္ သူတို႔မိသားစုေတြကို အက်ိဳးအေၾကာင္းေျပာျပၿပီးခါမွ ကိစၥျပတ္သြားမယ္"
"ေအးကြာ၊ ငါတို႔ဘက္က လက္ဉီးလို႔သာ ေတာ္ေသးတာေပါ့။ ဒီကြၽန္းေပၚက လူတစ္ေယာက္ေယာက္မ်ား အဲ့သေဘင္ာကေန ေရာဂါသြားသယ္ၿပီး ျပန္လာျဖန႔္ရင္ တာ့ခ်ူကုန္သည္ေတြရဲ့ဘဝေတာ့ အေတာ္ခက္ခဲေတာ့မွာပဲ"
"စစ္ကုန္းလြီ႔ျပန္လာတဲ့အထိ ေစာင့္ၿပီးမွ သူ႔ကို အက်ိဳးအေၾကာင္း ေမးၾကၫ့္လိုက္ေတာ့မယ္။ ဝမ့္ရွီးက်ိဳးရဲ့ ကုန္စည္ကူသန္းမႈ လမ္းေၾကာင္းက အေတာ္ဖြံ႔ၿဖိဳးတိုးတက္တာ၊ အဆက္အသြယ္အမ်ားႀကီးရိွတာဆိုေတာ့ ဒီကုန္သည္အဖြဲ႔အေၾကာင္းလည္း သူ ၾကားဖူးခ်င္ၾကားဖူးေလာက္မယ္"
နန္ေမာ္ယဲ့က သြမ့္ပိုင္ယြဲ႔ေျပာစကားကို ေခါင္းညိတ္ေထာက္ခံလိုက္သည္။ ထို႔ေနာက္မုန႔္တစ္ကိုက္ ထပ္ကိုက္စားေနလိုက္သည္။ သြမ့္ပိုင္ယြဲ႔က ေမးလာ၏။
"စားလို႔မွ ေကာင္းရဲ့လား"
"ဘာမုန႔္မွန္းကိုမသိဘူး။ အရမ္းေတြခ်ိဳအီၿပီး မာေတာင့္ေနတာပဲ ၊ ငါးၫွီနံ႔လည္း နံေသး "
နန္ေမာ္ယဲ့မ်က္ႏွာမဲ့ရင္း ထိုသို႔ေျပာလာေတာ့မွ သြမ့္ပိုင္ယြဲ႔ေပ်ာ္ရႊင္သြား၏။
"ေကာင္းၿပီ၊ ရွစ္ဖူးသာ ျဖည္းျဖည္းခ်င္း ဆက္စားေနလိုက္ေတာ့ "
နန္ေမာ္ယဲ့ - "....."
*****
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္နားေနရာ အိပ္ခန္းဆီ ေလ်ွာက္လွမ္းသြား၏။
ရွစ္ဇီကုန္းကုန္းကေတာ့ အၿပံဳးမပ်က္ ႏႈတ္ဆက္လာၿမဲပင္။
"ဝမ္ရယ္ ေရာက္လာျပန္ၿပီကိုး...."
ခ်ူယြမ္က ရွင္းသန႔္ျဖဴစင္ေသာ ဝတ္ရံုကို လဲလွယ္ဆင္ျမန္းထားကာ လက္ထဲတြင္လည္း လက္ဖက္ရည္ခြက္ကို ကိုင္ထားသည္။ ကေလးငယ္တစ္ေယာက္ႏွင့္ပင္ တူေနေပ၏။
သြမ့္ပိုင္ယြဲ႔၏ မ်က္ဝန္းမ်ားပါ လိုက္ပါႏူးညံ့သြားေလသည္။
ရွစ္ဇီကုန္းကုန္းလည္း ႏွစ္ေယာက္စလံုးကို အရိုအေသျပဳျပီးေနာက္ ခါးေလးကိုင္းကာ ထြက္ခြာသြားသည္ ။ ထိုႏွစ္ေယာက္အတြက္ပါ တံခါးေသခ်ာ ျပန္ပိတ္ေပးလိုက္သည္။
"ေျပာစမ္းပါဉီး၊ အဲ့ခ်ိဳးက်ီရဲ့အေၾကာင္းေတြ"
"အေလာတႀကီးလုပ္စရာေတာ့ မရိွပါဘူး ။ သူနဲ႔ လန္ယီက်န႔္ၾကားက ေက်းဇူးတရားေတြ ၊ အၿငိဳးအာဃာတေတြက မင္းေနျပန္ေကာင္းခါမွ ေအးေဆးေျပာျပလို႔လည္းျဖစ္တယ္။ အဲ့ထက္ အေရးပိုႀကီးတဲ့ကိစၥႏွစ္ခုရိွတယ္။ ပထမတစ္ခုက ဖန္ရွင္းပုလဲနဲ႔ ဖန္ရွင္းစစ္တုရင္နဲ႔ ဘယ္လို ဆက္ႏြယ္ေနသလဲဆိုတာရယ္၊ ေနာက္တစ္ခုကေတာ့ ခ်ူရိွန႔္ရဲ့ ေနာက္ေရႊ့မယ့္ေျခလွမ္းေတြအေၾကာင္း "
ခ်ူယြမ္က ေခါင္းညိတ္ျပလိုက္ကာ -
" ဖန္ရွင္းအေၾကာင္း အရင္ေျပာ"
"ဖန္ရွင္းစစ္တုရင္က တကယ္တမ္းေတာ့ သိုင္းက်င့္စဉ္တစ္မ်ိဳးပဲ။ ေယာင္အာကေတာ့ ကံေကာင္းစြာနဲ႔ပဲ လူႀကီးမင္းရႊမ္ထ်ဲန္းဆီကေန သင္ယူဆည္းပူးခြင့္ရခဲ့တယ္။ ၿပီးေတာ့ ေခ်ာင္ယာကြၽန္းေပၚမွာ တျခားက်င့္စဉ္တစ္ခုရိွေသးတယ္၊ နာမည္က 这纵星局 (Zhe Zong Xing Ju) တဲ့"
ခ်ူယြမ္ မ်က္ႏွာ အနည္းငယ္ပ်က္သြားသည္။
"အစပိုင္းကေတာ့ ခ်ိဳးက်ီနဲ႔ လန္ယီက်န႔္တို႔ သမုဒၵရာျပင္ဘက္ထြက္သြားၿပီး တျခားဆရာတစ္ေယာက္ဆီမွာ တပၫ့္ခံယူခဲ့တယ္။ ၿပီးေတာ့ ခ်ိဳးက်ီက လန္ယီက်န႔္ကို အဲ့က်င့္စဉ္သင္ယူဖို႔ လွၫ့္ဖ်ားေသြးေဆာင္လိုက္တယ္။ ဖန္ရွင္းစစ္တုရင္ပညာဟာ မိစၧာလမ္းစဉ္ေအာက္ ေရာက္သြားေစႏိုင္မွန္း သိုင္းေလာကသားတိုင္း သိၾကေပမယ့္ ဒီက်င့္စဉ္ကမွ တကယ့္ မိစၧာက်င့္စဉ္အစစ္ဆိုတာ မသိခဲ့ၾကဘူး"
"ဒါေၾကာင့္မို႔ လန္ယီက်န႔္က မိစၧာလမ္းစဉ္ေအာက္ က်ေရာက္သြားတာလား"
သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္ျပလိုက္သည္။
"ဒါေပမယ့္ လန္ယီက်န႔္ရဲ့ပင္ကိုယ္ဗီဇကိုက စိတ္သေဘာထားျဖဴစင္ရိုးသားတာမို႔ မိစၧာက်င့္စဉ္ေအာက္ ေရာက္သြားတာေတာင္ ေမ်ွာ္လင့္ခ်က္ေတြ ဆုပ္ကိုင္ထားေနတုန္းပဲ။ မိစၧာက်င့္စဉ္ရဲ့ အဆိပ္အေတာက္ေတြကို ခ်ိဳးႏိွမ္ထားဖို႔ တျခားက်င့္စဉ္ေတြပါ ေတာက္ေလ်ွာက္က်င့္ႀကံခဲ့ေသးတယ္။ အဲ့ဒီအဆိပ္ကို ေျဖေပးႏိုင္မယ့္က်င့္စဉ္ဆိုတာ ဖန္ရွင္းစစ္တုရင္ပညာျဖစ္ေနခဲ့တယ္ ။ လူႀကီးမင္းရႊမ္ထ်ဲန္းကလည္း ဒီအေၾကာင္းေတြကို မသိလိုက္တာ ႏွေျမာစရာပဲ ။ ခ်ိူးက်ီကလည္း ဖန္ရွင္းစစ္တုရင္အတတ္ကို ခိုးယူတတ္ေျမာက္ခဲ့ေပမယ့္ လန္ယီက်န႔္ကို လံုးဝ မ်ွေဝမေပးခဲ့ဘူး ။ အဲ့လိုနဲ႔ သူတို႔ႏွစ္ေယာက္က အခ်င္းခ်င္း ရန္သတ္လာခဲ့တယ္။ ေနာက္ပိုင္းေတာ့ လန္ယီက်န႔္ဟာ မိစၧာျဖစ္သြားၿပီလို႔ သိုင္းေလာကထဲ သတင္းျပန႔္သြားတယ္။ ဒါေပမယ့္ ေနာက္ကြယ္မွာ ဂိုဏ္းအစုလိုက္ကို အျမစ္ႏႈတ္ၿပီး မ်ိဳးျပဳတ္ေအာင္ အျပတ္ရွင္းလိုက္တဲ့လူအစစ္က ခ်ိဳးက်ီျဖစ္ေနမွန္း သူတို႔မသိခဲ့ဘူး"
"ခြင့္မလႊတ္ႏိုင္ေလာက္တဲ့ အျပစ္ေတြပဲ"
"ေနာက္ပိုင္း လန္ယီက်န႔္လည္း ေမ်ွာ္လင့္ခ်က္ေတြ ပ်က္သုဉ္းသြားၿပီး ကိုယ့္ကိုယ္ကိုအဆံုးစီရင္ပစ္လိုက္တယ္။ အဲ့ေတာ့ ခ်ိဳးက်ီလည္း ရည္မွန္းခ်က္ေအာင္ျမင္ေပါက္ေျမာက္ၿပီး ၿပိဳင္ဘက္ကင္း သိုင္းပညာရွင္ႀကီးတစ္ေယာက္ ျဖစ္လာတယ္၊ ဂုဏ္သတင္းေတြလည္း ေက်ာ္ေဇာလာတယ္။ ဒါေပမယ့္ လန္ယီက်န႔္ကို အႏိုင္ရဖို႔ ၊ အတြင္းအားေတြကို ပိုၿပီးအားေကာင္းလာေစဖို႔ ကူပိုးေကာင္အမ်ားႀကီးကို သံုးခဲ့ရတာေၾကာင့္ ရုပ္ပ်က္ဆင္းပ်က္ျဖစ္သြားခဲ့တယ္။ အဲ့ေနာက္ပိုင္း သူ႔နာမည္ထိခိုက္မွာစိုးလို႔ သိုင္းေလာကကေန ထြက္ခြာၿပီး သရဲရြာမွာသြားေနခဲ့တယ္။ သူ႔ရဲ့အေစခံေကာင္ေလးကို အခ်ိန္တိုင္းအခါတိုင္း ခ်ိဳးက်ီရဲ့ ေတာ္ေၾကာင္းတတ္ေၾကာင္းေတြ ရြတ္ခိုင္းတတ္တယ္။ ဒါေပမယ့္ ေနာက္ဆံုးေတာ့ သူလည္း မိစၧာလမ္းစေဥနာက္ လိုက္သြားတာပါပဲ"
"ဘာကိစၥ အခုက်မွ သိုင္းေလာကထဲ ျပန္သြားရႈပ္ရတာလဲ"
"သူသိတဲ့လူေတြထဲမွာ ဖန္ရွင္းပုလဲကို အေရာင္လင္းေအာင္လုပ္ႏိုင္တဲ့ တစ္ဉီးတည္းေသာလူက လန္ယီက်န႔္ေလ။ ဒီကိစၥကို အေျဖရွာဖို႔ လန္ယီက်န႔္ရဲ့ အေလာင္းကိုေတာင္ မီးမရိႈ႔ပစ္ေသးဘဲ ယြီ႔ကြမ္းေတာင္ထဲမွာပဲ ဖြက္ထားခဲ့တာ။ ဒါေပမယ့္ မေကာင္းတာေတြ အမ်ားႀကီးလုပ္ထားေတာ့ စိတ္က မလံုဘဲ ေယာက္ယက္ခတ္ေနတာ။ ဆယ္စုႏွစ္မ်ားႀကီးၾကာၿပီး တစ္ေန့က်ေတာ့ ခ်ိဳးရႊမ္က်ီးယႏၲရားတိုက္မွာရိွတဲ့ ဖန္ရွင္းပုလဲ အခိုးခံရတဲ့သတင္းလည္း သူၾကားလိုက္ေရာ၊ လန္ယီက်န႔္ ျပန္ရွင္လာၿပီး သူ႔ကိုလက္စားေခ်ေတာ့မယ့္အခြင့္အေရးကို ေစာင့္ေနတာလို႔ တထစ္ခ်မွတ္ယူလိုက္တာ။ ဒါေၾကာင့္ ဆိုက္ဖန္းအန္းဆိုတဲ့နာမည္ကိုသံုးၿပီး လန္ဂ်ီးနဲ႔ ပူးေပါင္းခဲ့တယ္။ ယြီ႔ကြမ္းေတာင္ထဲ ျပန္သြားၾကၫ့္လို႔ရေအာင္ ခ်န္းေဟဟြမ္ကို ျပန္လုပ္ခိုင္းဖို႔ အဖိုးအိုမုခ်ီကို လိုက္ဖမ္းတယ္။ တစ္ဖက္ကလည္း ေရႊၿမိဳ႔ေတာ္မွာ စစ္တုရင္ပြဲက်င္းပၿပီး လန္ယီက်န႔္ကို ကိုယ္ထင္ျပလာေအာင္ ေထာင္ေခ်ာက္ဆင္တယ္"
"ဘယ္ေနရာကမ်ား ရႈပ္ေထြးေနလို႔လဲ။ အဲ့လူေတာ့ တကယ္ကို သတိလြတ္ၿပီး ရူးေနၿပီ"
"သူက နဂိုကတည္းက ရူးေနတဲ့လူေလ။ လန္ဂ်ီးေသရာကေန ျပန္ရွင္လာတယ္၊ ကိုယ့္ကို လက္စားေခ်ဖို႔ အေလာင္းေကာင္အဆိပ္ေတြပါ ပါလာတယ္ဆိုတာဟာ သူ႔စနက္ရဲ့ တစ္စိတ္တစ္ပိုင္းပဲ ။ လက္စားေခ်လို႔ၿပီးတာနဲ႔ ေတာင္ဘက္ကိုစုန္ဆင္းၿပီး နန္ယန္ကိုေရာက္သြားတယ္။ ေခ်ာင္ယာကြၽန္းမွာ တစ္ခါဆံုဖူးတဲ့ ခ်ူရိွန႔္ကို သြားၿပီးမွီခိုတယ္"
"ေခ်ာင္ယာနဲ႔ ခ်ူရိွန႔္?...."
"အင္း၊ ဒါက ကိုယ္ေျပာမယ့္ ဒုတိယကိစၥပဲ။ေဖမ်ဲန႔္ျပည္ရဲ့ တည္ေနရာက အၿမဲ လ်ိႈ႔ဝွက္ခ်က္လို ျဖစ္ေနတယ္ဆိုေပမယ့္ ၊ အျပင္လူေတြ ထိုးေဖာက္သြားဖို႔ခက္တယ္ဆိုေပမဟ့္ တာ့ခ်ူနဲ႔အလွမ္းေဝးေတာ့ ခ်ူရိွန႔္က အင္အားသံုးၿပီး လက္ဉီးေအာင္ သိမ္းပိုက္လိုက္တာ။ အဲ့ဝတ္ရံုနက္နဲ႔လူေတြဆိုတာ သူ႔ဘက္ေတာ္သားေတြပဲ"
"ဒါဆို ေခ်ာင္ယာမွာ ျဖစ္တဲ့ အဓိကရုဏ္းေတြက ခ်ူရိွန႔္ေၾကာင့္လား"
"သူ႔တစ္ေယာက္တည္းေၾကာင့္လို႔ေတာ့ မဟုတ္ဘူး။ အဲ့ကြၽန္းကလူေတြ အပ်င္းႀကီးမေနရင္၊ စည္းစိမ္ယစ္မေနရင္ အျပင္လူေတြဘာလာလုပ္လို႔ရမွာလဲ။ ေခ်ာင္ယာကြၽန္းကို သိမ္းပိုက္တာက ခ်ူရိွန႔္အတြက္ ေသခ်ာတြက္ခ်က္ထားၿပီးသား ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုပါပဲ။ တစ္အခ်က္က အဲ့ကြၽမ္းမွာ ေရႊေတြ တကယ္ရိွေကာင္းရိွမယ္။ ႏွစ္အခ်က္က ေရႊေငြရတနာေတြ တကယ္မရိွရင္ေတာင္ကြၽန္းရဲ့တည္ေနရာကိုက အရမ္းေကာင္းေနတယ္။ ေဘးပတ္လည္မွာ တာ့ခ်ူရဲ့ ေရျပင္နယ္နိမိတ္ေတြခ်ည္း ရိွေနလို႔ပဲ"
ခ်ူယြမ္ မ်က္ေမွာင္ႀကံဳ႔သြား၏။
"ဘာေတြ ေတြးေနျပန္ၿပီလဲ"
သြမ့္ပိုင္ယြဲ႔ ေမးလာျခင္းျဖစ္သည္။
ခ်ူယြမ္က ေနာက္က ကုလားထိုင္အမွီေပၚ ေက်ာမွီလိုက္ကာ -
"အရင္တုန္းက လ်ိဳမ်ိဳးရိုးဘက္ကေန ၿခိမ္းေျခာက္လာမွာကို ေတြးေၾကာက္ၿပီး ခ်ူရိွန႔္နဲ႔ လ်ိဳက်င့္တာကို အသက္ခ်မ္းသာေပးခဲ့လိုက္တာ။ ခုေတာ့ ျပႆနာေတြ ထပ္သယ္လာျပန္ၿပီ"
"မင္း မရွင္းခ်င္ဘူးဆိုရင္ရင္လည္း ကိုယ္ အစားလုပ္ေပး -"
"ဒါက တာ့ခ်ူရဲ့ျပႆနာ....."
ခ်ူယြမ္က ႏႈတ္ခမ္းဆူသြားကာ ဆက္ဆိုလာ၏။
"ရွီးနန္ဝမ္ စိုးရိမ္ေပးဖို႔ မလိုပါဘူး"
သြမ့္ပိုင္ယြဲ႔ကေတာ့ ခ်ူယြမ္အား ၿပံဳးၾကၫ့္ေနၿမဲပင္။
ခ်ူယြမ္က သူ႔ေမးကို ေမာ့ေစလိုက္ကာ အမိန႔္ေပးလိုက္၏။
"အဲ့မ်က္ႏွာဖံုးကို ခြၽတ္လိုက္စမ္း..."
သြမ့္ပိုင္ယြဲ႔ခ်က္ခ်င္း တံု႔ဆိုင္းေအးခဲသြားသည္။
"မင္းရုပ္ဆိုးမွန္း ငါသိတယ္။ အရင္ကတည္းကလည္း ဘာမွ ေခ်ာေမာခန႔္ညားေနတာ မဟုတ္ဘူး။ အဲ့ဟာႀကီး ခြၽတ္ပစ္လိုက္စမ္း"
"အာ....ခ်ိဳးက်ီကိစၥေတာင္ ေျပာလို႔မၿပီးေသးဘူးေလကြာ"
"ဧကရာဇ္အမိန႔္ကိုဖီဆန္ရင္ ေသဒဏ္ေပးလို႔ရတဲ့အထိ အျပစ္ႀကီးတယ္"
"....."
ခ်ူယြမ္က ထိုမ်က္ႏွာဖံုးကို သူကိုယ္တိုင္ခြၽတ္ရန္ လက္လွမ္းလိုက္သည္။
အစကေတာ့ သြမ့္ပိုင္ယြဲ႔လည္း ေနာက္သို႔ဆုတ္ရန္ ေတြးမိေသးသည္၊ သို႔ေသာ္ ေနာက္ဆံုးမွာေတာ့ မ်က္လႊာမ်ားကိုသာ မိွတ္ေပးထားလိုက္သည္။
ခ်ူယြမ္က သူ႔မ်က္ႏွာဖံုးအား ညင္သာႏူးညံ့စြာ ဂရုတစိုက္ ခြၽတ္လိုက္သည္။
ေဘးပတ္ဝန္းက်င္တစ္ခြင္မွာ ၿငိမ္သက္တိတ္ဆိတ္သြားေလသည္။
ခဏၾကာေတာ့မွ ခ်ူယြမ္ဘက္က မွတ္ခ်က္ဆိုလာ၏။
"က်င္းဆူးကိုေရွာင္ဖို႔လုပ္ဖူးတဲ့ ဓားဒဏ္ရာ အမာရြတ္ေတြနဲ႔ ယွဥႅိုက္ရင္ အမ်ားႀကီး ၾကၫ့္လို႔ရပါေသးတယ္"
သြမ့္ပိုင္ယြဲ႔ ျဖည္းျဖည္းခ်င္း မ်က္လံုးဖြင့္လာသည္။ ခ်ူယြမ္က ဆက္ဆိုသည္။
"အေရာင္ေလးေတြ ဟိုေျပးဒီေျပးနဲ႔ ။ ေကာင္းတယ္၊ အရမ္းေကာင္းတယ္"
သြမ့္ပိုင္ယြဲ႔ ဘာျပန္ေျပာရမွန္းပင္မသိေတာ့။
ခ်ူယြမ္က မ်က္ႏွာဖံုးကို ေဘးက စားပြဲေပၚ တင္လိုက္သည္။ ခႏၶာကိုယ္ကလည္း သြမ့္ပိုင္ယြဲ႔အနား ပိုတိုးလာကာ အနီးကပ္ၾကၫ့္ရႈလာ၏။
သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္းပင္ ေရွာင္လိုက္ကာ ထရပ္လိုက္သည္။
ဒုန္းးးးး !!!!!!!
ခ်ူယြမ္က စားပြဲကို ဒုန္းခနဲ ျမည္ေအာင္ ရိုက္ခ်ပစ္လိုက္သည္။
"ကိုယ့္မွာ အဆိပ္ရိွေနတုန္း၊ မင္းနဲ႔ေဝးေဝးေနဖို႔ ရွစ္ဖူးလည္း မွာထားတယ္ "
"မင္းကို တစ္ခါေလာက္ ေသေသခ်ာခ်ာၾကၫ့္လိုက္ရင္ ငါ့အသက္ ဘယ္ႏွစ္ႏွစ္တိုသြားမွာလဲ ေျပာစမ္း !!!! သံုးႏွစ္လား၊ ငါးႏွစ္လား "
"....."
အဲ့လို တြက္လို႔မရဘူးေလကြာ။
သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔မွာ ခ်က္ခ်င္းပင္ ထိုင္ခံုေပၚျပန္ထိုင္လိုက္ရသည္။
"ခ်ိဳးက်ီအေၾကာင္း ဆက္ေျပာ"
ခ်ူယြမ္က အမိန႔္ေပးလာ၏။
မ်က္ႏွာေပၚတြင္ ဘာမွ ဖံုးကြယ္ထားျခင္းမရိွေတာ့သျဖင့္ သြမ့္ပိုင္ယြဲ႔အေတာ္ေနရခက္ေနသည္။
သို႔ေသာ္ ခ်ူယြမ္က လံုးဝပင္မမႈဘဲ ေမးကိုေထာက္ကာ သူေျပာသမ်ွ ဆက္ၿပီးနားထာင္ေန၏။ ဤမ်က္ႏွာျပင္က အရင္အတိုင္းပင္ ျဖစ္ေနသၫ့္ႏွယ္၊ ဘာမွ ေျပာင္းလဲသြားျခင္းမရိွသၫ့္ႏွယ္ ။
******
မြန္းလြဲသြားေတာ့မွ ႏွစ္ေယာက္သား အခန္းထဲကေန ျပန္ထြက္လာ၏။
ခ်ူယြမ္က တစ္ေယာက္တည္း ထမင္းစားရန္ရွစ္ဇီဆီ ထြက္သြားသည္။
သြမ့္ပိုင္ယြဲ႔ကလည္း သူ႔အိပ္ခန္းထဲျပန္အေရာက္ မ်က္ႏွာဖံုးကိုခြၽတ္ပစ္လိုက္သည္။ ေခတၲမ်ွ တံု႔ဆိုင္းေနၿပီးေနာက္ ေၾကးနီမွန္ျပင္တစ္ခုကိုယူလိုက္သည္။
ေၾကးမံုျပင္တြင္ ထင္ဟပ္ေနေသာ သူ႔မ်က္ႏွာျပင္ထက္ဝယ္ အျပာေရာင္ အစင္းအေၾကာင္းမ်ား ယွက္သန္းေျပးလႊားေနၿပီးရြံရွာေၾကာက္လန႔္စဖြယ္ေကာင္းေနေပသည္။ ကာယကံရွင္ျဖစ္ေသာ သူ႔ကိုယ္တိုင္ကပင္ စိုးရိမ္ေသာကမျဖစ္ဘဲမေနႏိုင္။ အစပိုင္းတုန္းမွာဆိုလ်ွင္ မိမိအိမ္ျဖစ္ေသာ ရွီးနန္စံအိမ္ေတာ္ႀကီးမွာပင္လ်ွင္ တစ္ခ်ိန္လံုး မ်က္ႏွာဖံုးတပ္ဆင္ထားခဲ့သည္။ အခုက်မွ ခ်စ္ရသူအေရ႔ွမွာ ရုပ္သြင္အစစ္ကို ဘာလို႔မ်ား ဖြင့္လွစ္ျပသခဲ့ပါသနည္း။
သို႔ေပမင့္ ေစာနက ထိုလူသားေလး၏ ခ်ိဳသာေသာအသံလြင္လြင္ကို ၾကားရေတာ့ ေမွာ္အစြမ္းသင့္သၫ့္အလား ။ ဘာမွႀကီးက်ယ္တဲ့ကိစၥမွမဟုတ္ဘဲဟု ရုတ္ျခည္းေတြးမိသြားကာ ခြၽတ္လိုက္လ်ွင္လည္း ဘာမွမျဖစ္ေလာက္ဟု ထင္မွတ္မွားေအာင္ ျပဳစားခံလိုက္ရသလိုပင္။
နန္ေမာ္ယဲ့က ျပတင္းေပါက္မွတစ္ဆင့္ ေခါင္းေလးတိုးဝင္လာကာ -
"ေဟ့ေကာင္၊ မွန္ၾကၫ့္ေနတာ အေတာ္ၾကာေနၿပီေနာ္။ အေပ်ာ္မယ္ၿပိဳင္ပြဲ ဝင္ၿပိဳင္မလို႔လား"
သြမ့္ပိုင္ယြဲ႔မ်က္ႏွာ ခ်က္ခ်င္း တင္းမာသြားကာ မွန္ကို ျပန္ခ်လိုက္၏။
"လမ္းသြားေလ်ွာက္ၾကစို႔၊ ဒီေန့ ရာသီဥတုက အေတာ္ေလးသာယာတယ္"
နန္ေမာ္ယဲ့၏ ကမ္းလွမ္းခိက္ကို သြမ့္ပိုင္ယြဲ႔က ေခါင္းခါျပလိုက္ရင္း -
"ရွစ္ဖူး အေတြးမ်ားေနပါၿပီ၊ ကြၽန္ေတာ္ အဲ့ေလာက္ထိ စိတ္ဓာတ္မက်ေသးပါဘူးဗ်ာ"
"ဘာမ်ား စိတ္ညစ္စရာရိွလို႔တုန္း၊ ထ်ဲန္းခ်န္ရွားလည္း လက္တစ္ကမ္းမွာတင္ ရိွေနၿပီ။ ေျဖေဆးေသာက္ၿပီး ေနာက္ႏွစ္ဝက္ေလာက္ေနလိုက္ရင္ မင္းရဲ့ နဂိုရုပ္သြင္ေလးလည္း ျပန္ရလာေနာ့မွာ။ အရင္ကထက္ေတာင္ ပိုေခ်ာရင္ေခ်ာဉီးမွာကြ၊ အဲ့ခ်ိန္က်မွ ပံုတူပန္းခ်ီေလးေတြဆြဲၿပီး ေရာင္းစားတာနဲ႔တင္ အေတာ္ေထာေလာက္ၿပီ"
ေငြေၾကးဓန လာဘ္လာဘက ေနာက္မၾကာမီမွာပင္ ေရာက္ရိွလာလိမ့္မည္။ အာ ၊ ယားက်ိက်ိျဖစ္လာေသာ လက္ဖဝါးမ်ားကို နန္ေမာ္ယဲ့ မပြတ္ဘဲ မေနႏိုင္ေတာ့။
သြမ့္ပိုင္ယြဲ႔က လက္လွမ္းလိုက္ကာ ျပတင္းေပါက္ကို ဒုန္းခနဲ ျပန္ပိတ္လိုက္သည္။
နန္ေမာ္ယဲ့ကေတာ့ အျပင္ဘက္မွာ သက္ျပင္းခ်ေနလ်က္။
ေက်းဇူးကန္းလိုက္တဲ့ ေစာင္တပၫ့္မိုက္။
******
တစ္ရက္ၿပီးတစ္ရက္ တတိတိကုန္လြန္သြားၿပီးေနာက္ စစ္ကုန္းလြီ႔က သြမ့္ေယာင္ထက္အရင္ ျပန္ေရာက္လာသည္။
"ဘာသတင္းေတြ ရလာေသးလဲ"
သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္း ေမးလာသည္။
စစ္ကုန္းလြီ႔က သြမ့္ပိုင္ယြဲ႔ကို တစ္ပတ္ပတ္ၿပီး တစိမ့္စိမ့္ၾကၫ့္လိုက္ကာ ပီတိျဖစ္စြာ ဆိုလာ၏။
"မင္းက တကယ္ကိုပဲ မိဖုရားျဖစ္မယ့္ဇာတာ ပါလာတဲ့အေကာင္ပါလား"
ငါ့မိန္းမကိုသာ မင္းလက္ေလး လာပြတ္ခိုင္းလိုက္ရင္ အနာဂတ္ဧကရီအေလာင္းအလ်ာေလး တစ္ေယာက္ေလာက္ ေမြးေပးႏိုင္မလားမသိ။
သြမ့္ပိုင္ယြဲ႔က ရႊမ္မင္ဟန္ထ်ယ္ဓားကို စားပြဲေပၚခ်လိုက္သည္။ စစ္ကုန္းလြီ႔လည္း ေျခငါးလွမ္းေလာက္ ေနာက္ဆုတ္လိုက္၏။
" ေဟ့ေကာင္.....ဒီတစ္ခါေတာ့ ေကာင္းကင္ဘံုက မင္းကို တကယ္ႀကီး ကူညီေနတာကြ။ ကံေကာင္းေထာက္မရင္ တပ္သားတစ္ေယာက္မ်ွ စေတးခံစရာမလိုဘဲ တိမ္သလႅာကႏၲာေတာင္ထြဋ္ကို တက္ႏိုင္လိမ့္မယ္။ ထ်ဲန္းခ်န္ရွားကိုသြားယူဖို႔ဆိုတာ ဘာမွ မခက္ခဲေလာက္ဘူး"
"တကယ္ႀကီးလား"
"ေဩာ္၊ ငါက ဘာကိစၥလိမ္ေျပာရမွာလဲ"
စစ္ကုန္းလြီ႔က ေက်ာက္သားထိုင္ခံုေပၚ ထိုင္လိုက္ကာ သြမ့္ပိုင္ယြဲ႔အား ေမးလာ၏။
"မင္းသိလား၊ ထ်ဲန္းခ်န္ရွားက ဘာႀကီးလဲဆိုတာ"
"ဘာႀကီးတဲ့လဲ"
သြမ့္ပိုင္ယြဲ႔ ႏႈတ္မဟလိုက္ရခင္မွာတင္ ခ်ူယြမ္က ၾကားျဖတ္ေမးလာျခင္းျဖစ္သည္။
စစ္ကုန္းလြီ႔က အစပိုင္းေတာ့ သြမ့္ပိုင္ယြဲ႔ကိုနည္းနည္းေလာက္ မူယာမာယာသံုးၿပီး ေဈးကိုင္လိုက္မည္ဟု ရည္ရြယ္ထားေသာ္လာ္း ဧကရာဇ္ကိုယ္ေတာ္တိုင္ ေမးလာေတာ့ သြယ္ဝိုက္ၿပီး ေျဖေနလို႔မရေတာ့။ ခ်က္ခ်င္းပင္ ထရပ္လိုက္ကာ ျမင္းစီးသၫ့္ဟန္လုပ္ျပၿပီး တစ္ခုခုကို ဖက္တြယ္မခ်ီထားရသၫ့္ဟန္ လုပ္ျပၿပီးေနာက္ -
" ဒီေလာက္ေလာက္ႀကီးတဲ့ ေက်ာက္တံုးႀကီးတစ္တံုး ျဖစ္ေနတာပါဘုရား"
ခ်ူယြမ္ - "......"
ေနဉီး၊ အဲ့အရြယ္အစားႀကီးက တစ္ခုခု လြဲေနသလားလို႔။
******
Thz for waiting.
2020.10.24.
******