[ မင်းက တာ့ချူရဲ့ ကောင်းကင်သားတော်ကို အပြစ်တင်ရဲတယ်ပေါ့ ]
"ကပ်ရောဂါ?"
ချူယွမ် မျက်နှာမဲ့သွားသည်။
"အင်း၊ ဒါက ခုလောလောဆယ်မှာ အဖြစ်နိုင်ဆုံးအဖြေပဲ။ သင်္ဘောပေါ်မှာ အဖိုးတန်ပစ္စည်းတွေ ရွှေငွေရတနာတွေ ပျောက်နေတဲ့ပုံစံမျိုးမရှိဘူး၊ ခိုးသားဓားပြတွေ လာပြီးလုယက်လို့ အသတ်ခံခဲ့ရတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမယ့် လူအစုအပြုံလိုက်ကြီးကို အချိန်မဆိုင်းဘဲ တစ်ခါတည်း အသေသတ်နိုင်တယ်ကတည်းက သာမန်ရောဂါဆိုးတစ်ခု မဖြစ်နိုင်လောက်ဘူး။ နောက်နှစ်ရက်လောက်နေလို့မှ တံငါလှေတွေ လာတွေ့သွားရင် နောက်ဆက်တွဲဆိုးကျိုးက မတွေးရဲစရာပဲ"
"မင်းကရော...."
"ဗောဓိစိတ္တသိုင်းကျင့်ပြီးသွားရင် ဖျားတာနာတာမျိုးမရှိတော့ဘူး ၊ ကိုးဆယ့်ခြောက်ပါး ရောဂါတွေလည်း ကိုယ့်ကိုဆို ဘာမှမထိခိုက်စေနိုင်တော့ဘူး။ အခုတော့ လက်ထဲက ဆေးကိုသာ အရင်သောက်လိုက်၊ ပြီးရင် အမြန်ပြန်ပြီး ရေသွားချိုးတော့။ ဒီသင်္ဘောကိစ္စ ကိုယ်ကြည့်ရှင်းလိုက်မယ် ၊ ဟုတ်ပြီလား"
"မင်း.....ဘာမှမဖြစ်ဘူးဆိုတာ သေချာလား"
ချူယွမ် ခုထက်ထိ စိတ်မချနိုင်ပေ။
"ကိုယ်ကမှ မင်း တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေတာလေ။ စောနကလည်း သဘောတူထားပြီးသားမဟုတ်လား၊ လှေပေါ်မှာပဲ စောင့်နေခဲ့မယ်ဆို။ ဘာလို့ ဒီသင်္ဘောပေါ်ထိ လိုက်တက်လာရတာလဲ"
"မင်း အဲ့သင်္ဘောပေါ်တက်သွားတာ တစ်နာရီတိတိ ကြာနေပြီ !!!!!!"
ဘာဆို ဘာမှ တုံ့ပြန်သံလည်း မကြား ။ ဘယ်က တစ္ဆေမကများ ဖမ်းစားလိုက်ပြီလဲလို့တောင် ထင်မိသွားတာ။
ချူယွမ် တကယ် ဒေါသထွက်သွားသည်။ သွမ့်ပိုင်ယွဲ့သည်ပင် ခေတ္တမျှ မှင်သက်သွားကာ ခဏကြာတော့မှ -
"သင်္ဘောက အတော်လေးကြီးတာကို...."
တစ်နေရာချင်းစီကို သေသေချာချာ နှံ့နှံ့စပ်စပ် လိုက်စစ်ကြည့်ရမှာလေကွာ။
ချူယွမ်လည်း ဆေးလုံးကို ထုတ်ပြီး သောက်လို်က်သည်။ ထို့နောက် အနှီကုန်တင်သင်္ဘောကြီးပေါ် ပြန်ခုန်တက်သွားသော သွမ့်ပိုင်ယွဲ့ကို မျက်ခြည်မပြတ် လိုက်ငေးကြည့်နေ၏။
ခဏကြာတော့ ထိုသင်္ဘောကြီးမှာ မီးတောက်ကြီးတစ်ခု၏ ဝါးမျိုတောက်လောင်ခြင်းကို ခံလိုက်ရကာ မီးညွန့်မီးလျှံများမှာ မိုးယံထိတိုင် ရောင်ဝါထိန်လင်းနေသောဟူ၏။
******
သို့နှင့် နှစ်ယောက်သားမှာ လှေပေါ်ပြန်တက်ကာ ထိုကျွန်းပျက်ကြီးထံမှ အမြန်ပြန်ထွက်လာခဲ့သည်။
အိမ်ငယ်လေးဆီ ပြန်ရောက်တော့ နန်မော်ယဲ့တို့၊ ကျင်နျဲန်တို့မှာ အိပ်ပျော်သွားကြချေပြီ။ ရှစ်ဇီလည်း ရက်အတော်ကြာ အအေးမိနေခဲ့သဖြင့် ချူယွမ်လည်း ဝေယျာ၀စ္စ ဆက်သခို်င်းရန် ရှစ်ဇီအား ခေါ်မနေတော့။
သွမ့်ပိုင်ယွဲ့ကတော့ မီးဖိုချောင်ထဲဝင်သွားကာ ရေပမာဏများစွာကို တစ်အိုးပြီးတစ်အိုး ကျိုပေးနေ၏။ ထို့နောက် ချူယွမ်၏အခန်းထဲ သယ်လာပေးရင်း အတန်တန် မှာကြားလိုက်သေးသည်။
"အခေါက်ခေါက် အခါခါ ချိုးပစ်လိုက်နော်"
ချူယွမ် - "......"
သွမ့်ပိုင်ယွဲ့က ဆက်ဆိုလာ၏။
"လဲပြီးသား အဝတ်ဟောင်းတွေကို ကိုယ့်ဆီ လာပေးလှည့်။ တစ်ခါတည်း မီးသွားရှို့ပစ်မှ ရမယ်၊ လုံးဝ ပေါ့ဆလို့မဖြစ်ဘူး"
"ထွက်သွားစမ်း.... "
သွမ့်ပိုင်ယွဲ့က ခေါင်းအသာညိတ်ပြလိုက်ကာ -
"ကိုယ် တံခါးအပြင်ဘက်နားမှာ စောင့်နေမယ်နော်"
သို့နှင့် အခန်းတံခါးမှာ ပြန်ပိတ်သွားသည်။
ချူယွမ်လည်း ရေနွေးဇလုံထဲ ဝင်စိမ်နေလိုက်ကာ သက်ပြင်းရှည်ကြီးချလိုက်၏။
သွမ့်ပိုင်ယွဲ့လည်း တံခါးအပြင်ဘက်တွင် မှီနေကာ တစ်ချိန်လုံး ရပ်ပြီးစောင့်နေခဲ့သည်။
အခန်းထဲမှ ခြေသံအချို့ကြားရတော့မှ တံခါးကို ခပ်ဖွဖွ လှမ်းခေါက်လိုက်ကာ -
"လဲပြီးသားအဝတ်အစားတွေ ကိုယ့်ကို လာပေးလှည့်ဦး"
တံခါးမှာ အနည်းငယ် လှစ်ဟလာသည်။ ချူယွမ်၏ သွယ်တန်းသော လက်တစ်ဖက်က စုစည်းချည်နှောင်ထားသော အဝတ်ထုပ်ကို တံခါးကြားမှလျှိုပြီး လှမ်းပေးလာ၏။
သွမ့်ပိုင်ယွဲ့တစ်ယောက် ထိုအပြုအမူလေးကို သဘောကျလွန်းသဖြင့် မရယ်မိဘဲမနေနိုင်တော့။
ထို့နောက် အနည်းငယ်ကျယ်ဝန်းသော ကွင်းပြင်တစ်နေရာကိုရှာကာ ထိုအဝတ်များကို မီးရှို့ပစ်လို်က်သည်။
သူပြန်ရောက်လာတော့ အခန်းထဲက မီးရောင်မှာ ငြိမ်းသတ်သွားလေပြီ။ အခန်းထဲရှိ တစ်ယောက်သောသူကတော့ အိပ်မောကျသွားပြီထင်ပါရဲ့။
"ဘယ်တွေသွားပြီး ဘာသွားလုပ်ကြတာတုန်း"
သွမ့်ပိုင်ယွဲ့နောက်တွင် ရောက်နေသော နန်မော်ယဲ့က စကားစဆိုလာ၏။ ဆရာဖြစ်သူ၏ အသံကြောင့် သွမ့်ပို်င်ယွဲ့တစ်ယောက် ဆတ်ခနဲ တုန်တက်သွားသည်။
နန်မော်ယဲ့က ပါးစပ်ဟပြီး တဝါးဝါးသမ်းနေသည်။ သွမ့်ပို်င်ယွဲ့တစ်ယောက် ခေါင်းစကိုက်ရချေပြီ။
"ရှစ်ဖူးဗျာ ၊ အိပ်နေရင်းနဲ့မှ ဘာကိစ္စ နိုးလာတာတုန်း"
"အေး၊ မင်းရဲ့ခြေသံတွေ ကြားနေရလို့လေ။ တောင်ပြေးလိုက်၊ မြောက်ပြေးလိုက်နဲ့ သရဲဖမ်းပွဲ လုပ်နေတာလား"
"ကုန်သင်္ဘောကြီးတစ်စင်းက အနားကကျွန်းပျက်တစ်ခုမှာ လာပြီးသောင်တင်နေတာတဲ့။ စောနလေးကတင် ကျွန်တော် သွားကြည့်လာခဲ့တာ။ ပင်လယ်ထဲ ရွက်လွှင့်ပြီး ခရီးသွားနေရင်းတန်းလန်း လမ်းခုလတ်မှာ ကပ်ရောဂါစွဲပြီး အကုန်သေကုန်ကြတာ၊ တစ်ယောက်မှ အသက်ရှင်လျက် မကျန်ခဲ့ဘူး။ ဒါကြောင့် ဘေးနားကျွန်းပေါ်က တံငါလှေတွေ သွားတွေ့မိပြီး ရောဂါတွေ ထပ်ဖြန့်သလို ဖြစ်မှာစိုးလို့ သင်္ဘောတစ်စင်းလုံးကို မီးရှို့ပစ်ပြီးခါမှ ပြန်လာလိုက်တာ"
"ဟင်၊ သင်္ဘောကြီးလည်း ပြာကျပြီးပြီမလား။ အခု မင်းက ဘာကိစ္စ တောင်ပြေးလိုက် မြောက်ပြေးလိုက် ဗျာများနေတာတုန်း "
"ကျွန်တော်နဲ့ ရှောင်ယွမ် ....နှစ်ယောက်အတူတူသွားကြည့်ခဲ့တာ"
"ဟေ၊ အသေးစိတ်လေး ဆက်ပြောပြပါဦး"
နန်မော်ယဲ့မှာ ချက်ချင်းပင် စိတ်ဝင်စားသွား၏။
"ကျွန်တော်က ဗောဓိစိတ္တသိုင်းကျင့်ထားတာဆိုတော့ ဘာမှစိတ်ပူစရာမရှိဘုး။ အဲ့ဒီကပ်ရောဂါက အတော်ပြင်းထန်မယ့်ပုံဆိုတော့၊ ပြန်ရောက်လာတာနဲ့ ကျွန်တော် ရေနွေးကျိုပေးပြီး သူ့ကို ရေချိုးခိုင်းလိုက်တာ။ အခုလည်း ဝတ်သွားခဲ့သမျှ အဝတ်အစားတွေ တစ်ခုမှမကျန်အောင် မီးရှို့ပစ်လိုက်တာလေ"
"ဟင်၊ ဒီလောက်ပဲလား"
သွမ့်ပိုင်ယွဲ့ဘက်က အသေးစိတ်ပြောပြလာသော်လည်း နန်မော်ယဲ့ကမူ ကျေနပ်ပုံမပေါ်။
"ပြီးတော့....ချင်းထိုင်ဆေးလုံးပါ တိုက်ထားတယ်"
"မင်းလက်နဲ့ ကိုယ်တိုင် တိုက်ပေးခဲ့သေးလား"
"....."
"လက်အိတ်ဝတ်ထားရင် တိုက်လို့ရတယ်လေကွာ"
သွမ့်ပိုင်ယွဲ့ကတော့ အိမ်ငယ်လေးမှ ထွက်သွားချေပြီ။ နန်မော်ယဲ့လည်း တပည့်ဖြစ်သူနောက် လို်က်သွား၏။ မည်မျှပင် အားထုတ်သော်လည်း အရည်အသွေးမြင့် သံထည်အဖြစ် မထွင်းထုနိုင်ခဲ့သည်မှာ အတော်နာပေသည်။
အိပ်ယာပေါ် လဲလျောင်းနေသော ချူယွမ်လည်း တဖြည်းဖြည်း အလှမ်းဝေးသွားသည့် ခြေသံများကိုကြားရတော့မှ စောင်ကိုဆွဲကာ ခေါင်းမြီးခြုံလိုက်ပြီး အိပ်စက်လိုက်တော့သည်။
*****
နောက်တစ်နေ့ မနက်အစောကြီးကတည်းက သွမ့်ပိုင်ယွဲ့ ထပ်ရောက်လာပြန်သည်။ သို့သော် အလာလမ်းတွင် သူ့ဆီ လျှောက်လှမ်းလာသော ကျင်နျဲန်ကို တွေ့လို်က်ရသည်
"ဘာကိစ္စရှိလို့လဲ"
"ဝမ်ရယ်ကို လျှောက်တင်ပါတယ်ရှင်။ ဒီမနက်မှာ အရှင်မင်းမြတ်က အဖျားတက်နေလို့ပါ၊ ဆရာကြီးနန်လည်း အရှင့်အနားမှာနေပြီး ပြုစုပေးနေပါတယ်"
သွမ့်ပိုင်ယွဲ့နှလုံးသားတစ်ခုလုံး ကမ်းပါးနက်ကြီးတစ်ခုထဲ ဘုတ်ခနဲ ပြုတ်ကျသွားသလိုပင်။
ထို့နောက် ချက်ချင်းဆိုသလို အိမ်ငယ်လေးထဲ ပြေးဝင်သွားလေရာ ၊ စားပွဲနားထိုင်ပြီး ဆေးအညွှန်းအတွက် စာရေးပေးနေသော နန်မော်ယဲ့ကိုတွေ့လို်ကရသည်။ ရှစ်ဇီသည်လည်း ကုတင်ဘေးနားတွင် ရှိနေသည်။ လက်ထဲမှာတော့ ရေထည့်ထားသော ဇလုံတစ်ခုကို သယ်ဆောင်ထားသည်။
သွမ့်ပိုင်ယွဲ့က ချက်ချင်းပင် ကုတင်ဘေးနား ဝင်ထိုင်လိုက်ကာ မေးလာ၏။
"ခုရော ဘယ်လိုနေသေးလဲ"
"ဟင့်အင်း၊ ဘာမှမဖြစ်ဘူး။ လေစိမ်းတိုက်လို့ အအေးမိသွားရုံတင်"
ချူယွမ်၏ ပါးပြင်နှစ်ဖက်စလုံးမှာ အဖျားရှိန်ကြောင့် ရဲတွတ်နီစွေးနေ၏။ အသံကလည်း ခြောက်ကပ်အက်ကွဲနေသည်။
" တကယ် အအေးမိတာပါခင်ဗျာ။ ဝမ်ရယ် စိတ်မပူပါနဲ့"
ရှစ်ဇီကပါ ဝင်ရောက်ဖျောင်းဖျလာ၏။
သွမ့်ပိုင်ယွဲ့ကတော့ ဘယ်လိုမှ စိတ်မအေးနိုင်သေး၊ နန်မော်ယဲ့ဘက်လှည့်လိုက်ကာ -
"ရှစ်ဖူး....."
"အေး၊ တကယ် အအေးမိရုံပဲ။ မနေ့ည မင်းတို့ သွားတွေ့ခဲ့တဲ့ ကပ်ရောဂါနဲ့ ဘာမှမဆိုင်ဘူး"
"ကပ်ရောဂါ?"
ဖြစ်ကြောင်းကုန်စင် မသိရသေးသော ရှစ်ဇီခမျာ "ကပ်ရောဂါ" ဆိုသောစကားကိုကြားတော့ ချက်ချင်းပင် စိုးရွံ့ထိတ်လန့်သွားကာ တစ်ကိုယ်လုံး ယိုင်နဲ့ပျော့ခွေသွားသဖြင့် လက်ထဲကဇလုံကို ပြုတ်ကျမသွားအောင် မနည်းထိန်းထားလို်က်ရသည်။
"သေချာလို့လား ရှစ်ဖူး"
သွမ့်ပိုင်ယွဲ့က ဆက်မေးလာပြန်၏။
"ဒီလိုကိစ္စမျိုးကို ငါက နောက်စရာလား။ တကယ် အအေးမိရုံပါဆိုနေ။ ငါ ဆေးသွားကျိုလိုက်ဦးမယ်၊ ကုန်းကုန်းလည်း ကျွန်တော့်ကို တစ်ချက် လာကူလှည့်ပါဦး"
ရှစ်ဇီလည်း အမြန်ပင် ခေါင်းညိတ်လိုက်ကာ လက်ထဲက ရေဇလုံကို သွမ့်ပိုင်ယွဲ့လက်ထဲ ထိုးထည့်ပေးလိုက်ပြီး နန်မော်ယဲ့နောက်သို့ အမြန်ပင် လို်က်ပါသွားတော့သည်။
ချူယွမ်က အားယူပြီး ထထိုင်လိုက်သည်။ တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေဆဲပင်။
သွမ့်ပိုင်ယွဲ့က သူ့အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
ချူယွမ်၏ ပါးနှစ်ဖက်မှာ နီစွေးနေမြဲဖြစ်သည့်အပြင် တစ်ကိုယ်လုံးလည်း ချွေးစေးများဖြင့် စိုရွှဲနေပြီဖြစ်ရာ စွဲမြဲနေသော အကျင့်ဝသီအရ သွမ့်ပိုင်ယွဲ့က ချူယွမ့်နဖူးထက် အပူချိန်စမ်းကြည့်ရန် လက်လှမ်းလိုက်၏။
သို့သော် လက်လှမ်းလို့မရောက်ခင် လမ်းမှာတင် ရပ်တန့်သွားကာ ဝတ်ဆင်ထားသောလက်အိတ်အနက်ကိုသာ ရင်နာစွာ စိုက်ကြည့်နေမိသည်။
"အဲ့ဟာတွေ ချွတ်ထားလို့ မရဘူးလား..."
ချူယွမ်မေးလာခြင်းဖြစ်သည်။
သွမ့်ပိုင်ယွဲ့ ခပ်ယဲ့ယဲ့ပြုံးပြလိုက်ကာ -
"လက်ကလည်း အတော်ကြည့်ရဆိုးတာ။ ပြီးတော့ အဆိပ်တွေနဲ့ချည်း ဖြစ်နေလို့"
ချူယွမ်ကလည်း မိမိနဖူးကို မိမိဘာသာ စမ်းကြည့်လိုက်သည်။
"ရပြီ၊ မဖျားတော့ဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ်လက်ထဲက ခွက်ကို ပြန်ယူလို်က်ကာ စောင်ကို အေပါ်ထိရောက်အောင် ထပ်ဆွဲတင်ပေးနေရင်း -
"အဆိပ်အတောက်သုံးတဲ့နေရာမှာ ကျွမ်းကျင်လို့ဆိုပြီး လူသိများကြပေမယ့် ရှစ်ဖူးက ဆေးကုတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။ သူတောင်မှ ရိုးရိုးအအေးမိတာလို့ပြောနေမှတော့ ဘာမှ မစိုးရိမ်နဲ့တော့နော်။ ချွေးများများထွက်အောင်သာ နေပေး၊ ဒါမှ မြန်မြန်သက်သာမှာ၊ ဟုတ်ပြီနော်...."
"ကပ်ရောဂါ တကယ်ကူးစက်ခံရတယ်ဆိုရင်ကော ဘယ်လိုလုပ်ကြမလဲ"
ချူယွမ် နှာခေါင်းလေးတရှုံ့ရှုံ့လုပ်ရင်း မေးလာ၏။
သွမ့်ပိုင်ယွဲ့ကတော့ ချက်ချင်း မျက်နှာပျက်သွားကာ -
"ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့"
"အံမာ....မင်းက တာ့ချူရဲ့ ကောင်းကင်သားတော်ကို အပြစ်တင်ရဲတယ်ပေါ့"
သွမ့်ပိုင်ယွဲ့ - "......"
ချူယွမ်က ကုတင်ခေါင်းရင်းကို ပြန်မှီလိုက်ကာ သွမ့်ပိုင်ယွဲ့အား မေးလာသည်။
"သွမ့်ပိုင်ယွဲ့"
"ဟင်...."
"မင်း ကိုယ်တော့်အတွက် ရင်နာဖူးရဲ့လား၊ ကိုယ်တော့်ကို သနားဖူးရဲ့လား"
သွမ့်ပိုင်ယွဲ့ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ အတန်ကြာခါမှ -
"အင်း....ဖြစ်ဖူးတာပေါ့"
"နည်းတောင်နည်းသေးတယ်...."
"......နည်းတောင်နည်းသေးတယ်...တဲ့လား"
သွမ့်ပိုင်ယွဲ့ ဘာပြန်ပြောရမှန်းမသိတော့။
"ကိုယ်တော်ကတော့ မင်းကြောင့် သုံးနှစ်သုံးမိုးလုံး နာကျင်ခဲ့ရတယ် ၊ ခံစားခဲ့ရတယ်"
"......"
"ဒါပေမယ့် အခု ဘာမှမခံစားရတော့ဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ်အား တစိမ့်စိမ့် ငေးကြည့်နေသည်။ တသိမ့်သိမ့်စီးဆင်းနေသော ချစ်ခြင်းမေတ္တာအလျဥ္ထဲ သနားခြင်းတို့ရောစွက်လာကာ သွမ့်ပိုင်ယွဲ့နှလုံးသားတစ်ခုလုံး နာကျင်အောင့်တက်လာ၏။
"တော်ပြီ၊ မင်း ထွက်သွားလိုက်တော့"
"ကိုယ်...."
"ရှစ်ဇီ!!!!!!"
ချူယွမ် အသံကုန်အော်ခေါ်လိုက်တော့ ရှစ်ဇီလည်း အပြေးအလွှားဝင်လာကာ -
"အရှင်မင်းမြတ်...."
ချူယွမ်ကတော့ သက်တောင့်သက်သာ ပြန်လှဲလိုက်ကာ မိန့်ကြားလိုက်သည်။
"ဧည့်သည်ကို ပြန်ပို့လိုက်....."
ရှစ်ဇီလည်း ရှီးနန်ဝမ်ဘက်သို့ လှည့်ပြီး ပြုံးပြလိုက်ကာ -
"ဝမ်ရယ်ခင်ဗျာ...."
သွမ့်ပိုင်ယွဲ့လည်း ထရပ်လို်က်သည်။
"ဒါဆိုလည်း ကောင်းကောင်းအနားယူလိုက်တော့နော်၊ တစ်ခုခုဖြစ်ရင် ကိုယ့်ကို လှမ်းခေါ်ခိုင်းလိုက်"
ချူယွမ်ကတော့ စောင်ကိုဆွဲကာ ခေါင်းမြီးခြုံပစ်လိုက်လေ၏။
ရှစ်ဇီလည်း သွမ့်ပိုင်ယွဲ့ကို အပြင်ခေါ်ထုတ်ပြီးနောက် ခပ်တိုးတိုး မေးလာ၏။
"အဆင်ပြေသွားကြပြီလား ဝမ်ရယ်...."
သွမ့်ပိုင်ယွဲ့က ခေါင်းခါပြ၏။
ရှစ်ဇီက သိပ်မကျေနပ်ချေ။
"ပြေတယ်လို့ ပြောလေဗျာ"
သွမ့်ပိုင်ယွဲ့ပြုံးလိုက်သည်။
"ဟုတ်ပါပြီ၊ ကုန်းကုန်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်"
ရှစ်ဇီလည်း အတော်ပီတိဖြာသွားကာ အင်္ကျီလက်အိတ်ထဲ လက်ပြန်ထည့်လိုက်ပြီး ကျိုလက်စဆေးအိုးကို ပြန်ကြည့်ရန် မီးဖိုချောငိဘက်ပြန်ထွက်သွားလေသည်။
သွမ့်ပိုင်ယွဲ့လည်း စေ့စေ့ပိတ်ထားသော တံခါးကို လှမ်းကြည့်နေမိသည်။
အခြေအနေက တကယ်ကိုပင် တိုးတက်လာခြင်းမရှိသေး။ သို့သော်၊ မုချမသွေ ပြန်ကောင်းလာပေလိမ့်မည်။
*****
မွန်းလွဲသွားတော့မှ နန်မော်ယဲ့ ပြန်ရောက်လာကာ ချူယွမ်အတွက် နောက်နှစ်ရက်စာ သောက်ဆေးများ ပြင်ဆင်ပေးထားပြီးပြီဖြစ်ကြောင်း၊ သုံးရက်လောက် အနားယူလိုက်လျှင် အတော်သက်သာလာမည်ဖြစ်ကြောင်း ပြောပြလာသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ရှစ်ဖူး "
သွမ့်ပိုင်ယွဲ့က လက်ထဲက ရွှမ်မင်ဟန်ထျယ်ဓားကို စားပွဲပေါ် တင်လို်က်ကာ ကျေးဇူးတင်စကားဆိုလာ၏။ နန်မော်ယဲ့လည်း သူ့ရှေ့ ထိုင်လိုက်ကာ -
"အရှင်မင်းမြတ်က နာမကျန်းဖြစ်နေတော့ ခန္ဓာတော်က အင်အားချည့်နဲ့နေတယ်။ အဲ့တော့ အခုရက်ပိုင်း မင်းလည်း တတ်နိုင်သလောက် သူ့အနားမှာ အရမ်းမကပ်မိအောင် သတိထား ။ ဘာပဲပြောပြော အဲ့သိုင်းကြီးကျင့်ထားတာတော့ ကြိုတင်ပြီးသတိထားခါမှ တော်ကာကျမယ်"
သွမ့်ပိုင်ယွဲ့ ခေါင်းညိတ်လိုက်သည်။
"ဟုတ်၊ ကျွန်တော် ဆင်ခြင်တတ်ပါတယ်"
"နောက်ကိစ္စ တစ်ခုရှိသေးတယ်။ မင်း ခေါ်လာတဲ့ ချိုးကျီဆိုတဲ့ကောင်က စောန နာရီပိုင်းလောက်တုန်းက ပြန်ပြီး သတိရလာတယ်၊ ဆေးတိုက်ထားတော့ အခုလောက်ဆို စကားပြန်ပြောနိုင်ပြီထင်တယ်"
သွမ့်ပိုင်ယွဲ့ ချက်ချင်းထရပ်လိုက်သည်။
"သူ့ကို သွားကြည့်ကြရအောင်ပါ"
******
အိပ်ခန်းထဲတွင် ။
ချူယွမ်က ဆန်ပြုတ်တစ်ပန်းကန် ကုန်အောင် စားပြီးသည့်နောက် ရှစ်ဇီအား မေးလာ၏။
"ဘာလို့ အပြင်မှာ အဲ့လောက်ဆူညံနေတာလဲ"
"မှန်ပါ့၊ ဒီနေ့ ပွဲတော်ရက်ရှိလို့ပါ အရှင်မင်းမြတ် ။ သုံးလနေမှ တစ်ခါ ကျင်းပကြတာမို့ အတော်လေး စည်ကားသိုက်မြိုက်နေကြောင်းပါဘုရား "
"ေဩာ်...."
ချူယွမ်က ကုတက်ခေါင်းရင်းကို ပြန်မှီလိုက်ကာ ဆက်ဆို၏။
"နောက်ဆုံးမှာတော့ မျက်နှာချင်းဆိုင်အိမ်က အဒေါ်ကြီးလည်း ယောင်အာလေးကို လက်လွှတ်လိုက်ပြီပဲ။ သားမက်လောင်းအသစ်တစ်ယောက်ပါ ရှာတွေ့သွားပြီတဲ့"
"အာ....အဲ့ကိစ္စကို ဆက်မမိန့်ပါနဲ့တော့ အရှက်မင်းမြတ် ။ ဒီမနက်ကတောင် အဲ့အဒေါ်ကြီးက ကျွန်တော်မျိုးကို လာမေးသေးတယ်၊ သွမ့်ရှောင်ဝမ်ရယ် ဘယ်တော့ ပြန်လာမှာလဲတဲ့။ ကြားရသလောက်တော့ သွမ့်ရှောင်ဝမ်ရယ်ကို အတော်လေး လွမ်းဆွတ်တမ်းတနေတဲ့ပုံပါပဲ"
"ေဩာ်....လွယ်လွယ်လေးနဲ့ မေ့ပစ်မယ့်ပုံ မပေါ်ဘူးပဲ"
ချူယွမ်က ပြုံးရင်း ဆိုလိုက်သည်။
"ဒါဆိုလည်း အရှင်မင်းမြတ် ဆက်ပြီး အနားယူတော်မူလှည့်ပါဘုရား ။ ဆရာကြီးနန်က မှာသွားတယ် ၊ ဆေးသောက်ပြီးတာနဲ့ နားနာနားနေနေ နေခိုင်းပါတဲ့၊ အဲ့လိုနေပေးခါမှ ဆေးအာနိသင် ပိုထိရောက်မှာတဲ့"
ချူယွမ်က ခေါင်းညိတ်ပြလိုက်ကာ -
"ရှစ်ဇီလည်း လူကြီးမင်းနန်ကို သေချာ ဂရုတစိုက်ကြည့်ပေးပါဦး ၊ သူ့ကို အများကြီး အပင်ပန်း မခံစေနဲ့"
ရှစ်ဇီလည်း ချူယွမ်အမိန့်ကို နာခံလိုက်ကာ နန်မော်ယဲ့ကို လိုက်ရှာကြည့်လိုက်သည်။ သို့သော် ရှာမတွေ့၊ အိပ်ခန်းထဲမှာရော မီးဖိုချောင်ထဲမှာပါ ရှာမတွေ့သဖြင့် အိမ်နောက်ဖေးသိူ့သွားကြည့်မည်အလုပ် ၊ အော်သံကြီးတစ်ခုကို ကြားလိုက်ရတော့ လန့်ဖျတ်တုန်လှုပ်သွား၏။
ထိုစဥ် သွမ့်ပိုင်ယွဲ့က တံခါးရွက်ကို လှစ်ဟလာကာ -
"ကုန်းကုန်းကို လန့်အောင် လုပ်မိလိုက်တယ်ထင်တယ်၊ တောင်းပန်ပါတယ်ဗျာ "
ရှစ်ဇီကတော့ လိပ်ပြာလွင့်တော့မတတ် ဖြစ်နေဆဲပင်ဖြစ်သည်။
"ရှီးနန်ဝမ် ဘာလုပ်နေတာလဲ ခင်ဗျ"
ရှစ်ဇီ မေးကြည့်လိုက်၏။
"ညှဥ္းပန်းနှိပ်စက်ပြီး အမှုစစ်နေတာ"
အခန်းထဲရှိ ချိုးကျီက ထိုစကားကိုကြားတော့ သွေးတစ်ပွက် ထပ်အန်ချသည်။
*******
"ဒီလောက်ဖြစ်နေတာတောင် မင်းက ဖြစ်ကြောင်းကုန်စင် မပြောချင်သေးဘူးပေါ့"
နန်မော်ယဲ့က ချိုးကျီရှေ့ထိုင်လိုက်ကာ မေးလာခြင်းဖြစ်သည်။
"ငါ ဘာမှမှ မသိတာ !!!!! "
သွမ့်ပို်င်ယွဲ့က ကြားဖြတ်ပြောလာသည်။
"တကယ်တော့ ခင်ဗျားသိတာ အများကြီးမှ အများကြီးပဲ ။ ဘာတွေသိထားမှန်း စဥ်းစားလို့မရရင် ခင်ဗျားကို တစ်ခုချင်းစီ ပြောပြပေးမယ်"
သွမ့်ပိုင်ယွဲ့က ဆက်ဆိုလာ၏။
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ခင်ဗျားနဲ့ လန်ယီကျန့်တို့ ဘယ်လို အငြိုးအတေးတွေ ရှိခဲ့ဖူးကြောင်း၊ သူ သေရာကနေ ပြန်ရှင်လာနိုင်တယ်လို့ ခင်ဗျား ဘာကြောင့် တထစ်ချ ယုံကြည်နေသလဲဆိုတဲ့အကြောင်း ၊ သူ ကိုယ်ထင်ပြလာဖို့အတွက် ရွှေမြို့တော်မှာ စင်ကြီးဆောက်ပြီးတော့တောင် စစ်တုရင်ပြိုင်ပွဲ စိန်ခေါ်ခဲ့တဲ့အကြောင်း ။
ပြီးတော့ - ဖန်ရှင်းပုလဲရဲ့ လျှို့ဝှက်ချက်တွေ ၊ ခင်ဗျားနဲ့ ချောင်ယာကျွန်းကြားက ပတ်သက်မှုတွေ။ သေပြီးသားလန်ဂျီးကို ပြန်ရှင်လာအောင် လုပ်ခဲ့တာ၊ အလောင်းကောင် အဆိပ်တွေပါပါလာအောင် စီရင်ဖန်တီးခဲ့တာ၊ ဒါတွေအားလုံးက ခင်ဗျားလက်ချက်တွေပဲမဟုတ်လား။
နောက်ဆုံးအနေနဲ့မေးရရင် ခင်ဗျား ဘာလို့ ချူရှိန့်နား ရောက်နေတာလဲ။ အကုန်ပြောရရင် ချူရှိန့်ရဲ့ အလိုလောဘကြီးတဲ့ကိစ္စတွေ၊ ပရိယာယ်မာယာထွေပြားတဲ့ စီမံကိန်းတွေ၊ နန်ယန်မှာ လူသူအင်အား စုဆောင်းနေတာတွေ ။ ပြီးတော့ အဲ့နေ့က ခင်ဗျားတို့ပြောနေတဲ့ တိမ်သလ္လာကန္တာတောင်ထွဋ်အကြောင်း။ ကဲ....ပြောစမ်း၊ ခင်ဗျားဘာမှမသိဘူးလို့ ကျွန်တော့်ကို ထပ်ငြင်းရဲဦးမလား"
"သိတော့ရော ဘာဖြစ်လဲ၊ မင်းတို့ကို ငါ ပြောပြမှာမှမဟုတ်တာ"
ချိုးကျီ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် လှိုက်မောနေသည်။
"ကျွတ် ကျွတ် ကျွတ်....တကယ်ခေါင်းမာတဲ့ကောင်တွေပဲ"
နန်မော်ယဲ့က ခေါင်းခါလိုက်ကာ မှတ်ချက်ဆို၏။
"ငါ့ကိုသာ သတ်လိုက်ပါတော့"
"ဘာကိစ္စ သတ်ပစ်ရမှာလဲ၊ ကျွန်တော် လိုချင်တဲ့ အဖြေတောင် မရသေးတဲ့ကိစ္စ ။ ခင်ဗျား သေချင်ရင်တောင် လွယ်လွယ်နဲ့ပေးသေသေးမှာ မဟုတ်ဘူး"
ချိူးကျီမျက်နှာပျက်သွားသည်။ သွမ့်ပိုင်ယွဲ့က ထိုင်ခုံပေါ် ပြန်ထိုင်လိုက်ကာ ဆိုလာသည်။
"ခင်ဗျားထုတ်မပြောချင်ဘူးဆိုတော့ ကျွန်တော်ကပဲ မှန်းကြည့်ရတာပေါ့။ ခုရက်ပိုင်း စုံစမ်းထားတာတွေနဲ့ အကိုက်ပဲ အသုံးတည့်သွားပြီ ။ ဖြစ်ပုံက ခင်ဗျားနဲ့လန်ယီကျန့်တို့က မွေးရပ်ဇာတိတူတဲ့ တစ်နယ်တည်းသားတွေဖြစ်တယ်၊ ခင်ဗျားတို့ဇာတိမြေက လူကြီးသူမတွေရဲ့ပြောစကားအရဆို လန်ယီကျန့်က မွေးကတည်းက ပါရမီစွမ်းရည်ရှိတဲ့ လူတော်တစ်ယောက် ဖြစ်ခဲ့တယ်၊ ခင်ဗျားနဲ့ ယှဥ္လိုက်ရင် သူက အဆများစွာ သန်မာတယ်၊ အစွမ်းထက်တယ် ။ ဟုတ်တယ်မလား "
"မင်း ပါးစပ်ပိတ်ထား!!!!!"
ချိုးကျီမျက်လုံးများ ပြုးကျယ်လာ၏။
"နောက်ပိုင်းကျတော့ ခင်ဗျားတို့က ရှင််းရှန်းဂိုဏ်းထဲ တပည့်ခံလိုက်ရော၊ ဒါပမယ့် ထုံးစံအတိုင်းပဲ သူကချည်း ဆရာသမားတွေရဲ့ မျက်နှာသာပေးတာကို ခံယူခဲ့ရတယ်၊ ခင်ဗျားကတော့ မကြာခဏ အထင်သေးခံခဲ့ အနှိမ်ခံခဲ့ရတယ်"
သွမ့်ပိုင်ယွဲ့က ပြုံးပြလိုက်ကာ ဆက်ဆို၏။
"ခင်ဗျားလည်း အဆုံးစွန်ထိ သည်းမခံနိုင်တော့တဲ့အဆုံး ပေါက်ကွဲခဲ့တယ်၊ အဲ့တော့ သူ့ကိုပါ ဂိုဏ်းကနေ နှုတ်ထွက်ခိုင်းပြီး ကိုယ့်ဘာသာကိုယ် ဂိုဏ်းတစ်ခုတည်ထောင်လိုက်ကြတယ်၊ နောက်ပိုင်း ပင်လယ်ထဲက ကျွန်းတစ်ကျွန်းစီသွားပြီး သိုင်းကျင့်ကြံဖြစ်ကြတယ်။ ပန်ဝမ် မှန်းကြည့်ရသလောက်တော့ အဲ့နေရာက ချောင်ယာကျွန်းပဲဖြစ်လိမ့်မယ်"
ချိုးကျီမှာ အတော်ပင် ဂဏှာမငြိမ်ဖြစ်လာ၏။ သို့သော် နန်မော်ယဲ့က အဝတ်စဖြင့် ချိုးကျို၏ပါးစပ်ကို ဆို့ထားလိုက်သည်။
သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"နောက်ပိုင်း ခင်ဗျားနဲ့ လန်ယီကျန့်တို့ ကျင့်ကြံခြင်းပြီးသွားရော၊ ဒါပေမယ့် သူက ကံဆိုးစွာနဲ့ပဲ မိစ္ဆာလမ်းစဥ်အောက် ကျရောက်သွားတယ်။ အဲ့နောက်ပိုင်း ခင်ဗျားရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်က သူ့ကို လိုက်သတ်ဖို့ချည်း ဖြစ်လာတယ်။ သူ့ကို အသေသတ်နိုင်တော့မှ သိုင်းလောကရဲ့ ဂုဏ်အင်ဝံ့ကြွားစရာ ပညာရှင်တစ်ယောက်ဆိုပြီး ဖြစ်သွားတယ်။ ခင်ဗျားရဲ့ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ လူအများ ချီးကျူးထောပနာပြုခံရတဲ့အရသာကို ခံစားလိုက်ရတာပဲ"
ချိုးကျီမျက်လုံးများမှာ ဒေါသအရှိန်ကြောင့် နီရဲပြူးထွက်နေကာ မျက်လုံးများက မျက်ခွက်ထဲကပင် ထွက်ကျလာတော့မလိုလို။
"ခင်ဗျား ဘာလို့များ လန်ယီကျန့်အလောင်းကို မီးမရှို့ပစ်တာလဲလို့ ပန်ဝမ် စဥ္းစားဖူးသေးတယ်။ ဒါပေမယ့် ချန်းဟေဟွမ်ဝင်္ကပါထဲထည့်ပြီး ယန္တရားအထပ်ထပ်နဲ့ ထောင်ချောက်တွေ ဆင်ထားခဲ့တယ်။ ဒါပေမယ့် ဒီနှစ်တွေအတွင်း အဲ့ကိစ္စကြောင့်ပဲ ခင်ဗျား စိတ်သောကရောက်ခဲ့ရတယ်၊ အကြောင်းကတော့ လန်ယီကျန့် သေရာကနေ ပြန်ရှင်လာမှာကို ဒူးနှံ့နေလောက်အောင် ခင်ဗျား လန့်နေတာ။ လန်ယီကျန့်သာသိုင်းလောကထဲ ပြန်ဝင်သွားခဲ့ရင် - "
"လန်ယီကျန့်က အစကတည်းက မသေသေးတာကွ!!!!!"
ချိုးကျီက ပါးစပ်ထဲဆို့ထားသော အဝတ်စကို ခက်ခက်ခဲခဲ ထွေးထုတ်လိုက်ပြီး ငြင်းဆိုလာ၏။
"မဟုတ်ဘူး၊ သူတကယ် သေသွားပြီ"
သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"တကယ်လို့များ ချိုးရွှမ်ကျီးယန္တရားတိုက်ထဲက ဖန်ရှင်းပုလဲ အခိုးခံလိုက်ရတဲ့ကိစ္စကြောင့် သူ့ကို မသေသေးဘူးလို့ ခင်ဗျားထင်နေရင်တော့ မှားသွားပါပြီ။ အဲ့ပုလဲလုံးကို သွားယူလာခဲ့တာ ပန်ဝမ်ကိုယ်တိုင် ဖြစ်နေလို့ပဲ"
"မင်းကလား?"
ချိုးကျီ၏မျက်နှာမှာ အံ့ဩမှုများကြောင့် အရောင်အသွေးကင်းမဲ့သွားသည်။
"ခင်ဗျား နားကြားမလွဲဘူး ။ ပန်ဝမ်ရဲ့ ချစ်ရတဲ့သူက ဖန်ရှင်းပုလဲကို လိုချင်တယ်ဆိုလို့ သူ နှစ်ရက်သုံးရက်လောက် အပျင်းပြေဆော့လို့ရအောင် သွားယူလာပေးတာ။ ဒါပေမယ့် ဒီကိစ္စကြောင့် ခင်ဗျားကို အဲ့လောက်ထိ အရူးထသွားစေခဲ့မယ်လို့ မထင်ထားရိုးအမှန်ပါ၊ တကယ် တောင်းပန်ပါတယ်....."
သွမ့်ပိုင်ယွဲ့၏ ခပ်ထေ့ထေ့စကားအဆုံးတွင် ချိုးကျီမှာ အတန်ကြာ မှင်သက်သွားသည်။ ထို့နောက် သွေးတစ်ပွက်ထပ်အန်လာ၏။
ွသွမ့်ပိုင်ယွဲ့က သူ့ဘေးနား ဝင်ထိုင်လိုက်ကာ ခပ်တိုးတိုး ဆက်မေးလာသည်။
"လန်ယီကျန့်က တကယ်ပဲ ခင်ဗျားလက်နဲ့ အသတ်ခံလိုက်ရတာလား။ ဉာဏ်ပညာအားဖြင့်လည်း ထက်မြက်ပြီး ၊ ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ဆုလာဘ်တစ်ခုလို ထူးချွန်လှတဲ့ပါရမီတွေ ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်က မိစ္ဆာလမ်းစဥ်လိုက်သွားရင်တောင် သူ့ရဲ့ နဂိုဗီဇ အကောင်းဓာတ်ခံကို အများအားဖြင့် ထိန်းချုပ်ထားနိုင်ဦးမှာပဲ။ သူကိုယ်တိုင်ကိုက အရမ်းကို နာကျင်ခံစားနေရလို့ ၊ အပြစ်မဲ့လူသားတွေကို မှားပြီးသတ်တာမျိုး မုဖစ်စေချင်တော့လို့၊ အသက်မရှင်ချင်တော့လို့သာ အသေခံသွားတာပဲ ဖြစ်ရမယ်။
တစ်ချိန်တည်းမှာပဲ ခင်ဗျားက သူ့ကို တောက်လျှောက် လိုက်သတ်နေခဲ့တာ။ နောက်ဆုံး သူသေချင်လာလို့ သူ့ကိုယ်သူ အဆုံးစီရင်လိုက်တာနဲ့ တည့်တည့်တိုးသွားရော။ သူ့ရဲ့ ကြွင်းကျန်ခဲ့တဲ့ ရုပ်ခန္ဓာမှာ ဒဏ်ရာတွေအများကြီးရှိနေတယ်ဆိုပေမယ့် သေလောက်တဲ့ဒဏ်ရာက ရင်ဘတ်ပေါ်မှာပဲရှိနေတယ်၊ ပြီးတော့ အဲ့ဒဏ်ရာက တစ်ခြားလူတစ်ယောက်ကနေ သတ်ဖြတ်ထားတဲ့ဒဏ်ရာမျိုး မဟုတ်ဘူး"
"မင်းပါးစပ်ပိတ်ထားစမ်း!!!!! ငါ သတ်ခဲ့တာကွ၊ သူ့ကို ငါ့လက်တွေနဲ့ ငါကိုယ်တိုင် သတ်ခဲ့တာကွ!!!!!"
သွမ့်ပိုင်ယွဲ့က အေးစက်စွာသာ ရယ်မောလိုက်သည်။
"ခင်ဗျားက တစ်သက်လုံး လူသူအများ ချီးကျူးထောပနာပြုကြတဲ့ သိုင်းသမားတစ်ယောက် ဖြစ်ချင်နေခဲ့တဲ့လူ။ နောက်ပိုင်း ကူပိုးကောင်ထကြွလာတိုင်း ခင်ဗျားရဲ့ရုပ်အဆင်းကပါ ပျက်စီးလာတာမို့ သာမန်အညတရဘဝမှာ လူမသ်သူမသိ နေခဲ့ရတယ်။ ချိုးကျီရဲ့ ကောင်းသတင်းသာ စွဲမြဲထင်ကျန်နေခဲ့ရင်ပြီးရော၊ ခင်ဗျား ဘာမဆို ပေးဆပ်ရဲခဲ့တယ်။ ဒါပေမယ့် ဒီအကြောင်းတွေကိုသာ သိုင်းလောကကြီးထဲ သွားဖြန့်ပြလိုက်ရင် ခင်ဗျား တည်ဆောက်ခဲ့သမျှ ဂုဏ်သတင်းတွေတော့ တစ်စစီဖြစ်ကုန်တော့မှာပဲ"
"မင်း ဘာတွေလုပ်မလို့လဲ !!!!!!"
ချိုးကျီက ရူးသွပ်စွာ အော်ပြောလာ၏။
"ကျွန်တော်တို့တတွေ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်ပါ။ ခင်ဗျားသာ ကူညီမယ်ဆိုရင် စောနကစကားတွေကို ပန်ဝမ် လိုက်ဖြန့်မှာမဟုတ်ဘူးလို့ အာမခံပါတယ် "
ချိုးကျီကတော့ အကြည့်များမှတစ်ဆင့် သွမ့်ပိုင်ယွဲ့အား နုတ်နုတ်စဥ်းပစ်ချင်နေပြီဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ဆက်ဆိုလာ၏။
"သိုင်းသမားချိုးကျီဟာ ပြိုင်ဖက်ကင်း သိုင်းပညာရှင်တစ်ယောက်၊ စိတ်သဘောထား ပွင့်လင်းကျယ်ပြောတဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ပဲ ဆက်ရှိသွားမှာလား။ ဒါမှမဟုတ် စိတ်ထားသေးသိမ်တဲ့ အောက်တန်းစား လူတစ်ယောက်၊ ကိုယ့်ရုပ်သွင်ကိုတောင် မဖော်ပြရဲတော့တဲ့ လူတစ်ယောက်၊ ကူအဆိပ်ကိုအားကိုးပြီး ကိုယ့်အသက်ကိုဆွဲဆန့်ထားတဲ့ လောဘသားတစ်ယောက်ဆိုပြီး ဖြစ်သွားမလား။ လူအများအမြင်မှာ ခင်ဗျား ဘာဆက်ဖြစ်ချင်သလဲဆိုတာကို ဒီအချိန်မှာ ခင်ဗျားစိတ်ကြိုက် ရွေးလို့ရသေးတယ်"
ချိုးကျီက အားယူပြီးထိုင်လိုက်သည်။မျက်ဝန်းများကတော့ သွမ့်ပိုင်ယွဲ့အား တောက်လျှောက် စိုက်ကြည့်နေသည်။
"မြန်မြန်ပြော၊ ပန်ဝမ်က စိတ်ရှည်တဲ့လူမဟုတ်ဘူး"
သွမ့်ပိုင်ယွဲ့က ဆက်ပြီး သတိပေးလိုက်သည်။
"အချိန်ဆွဲလေလေ စကားကိုပြန်နုတ်သိမ်းဖို့မြန်လေပဲ။ မြန်မြန်လေး ဆုံးဖြတ်ချက်ချလိုက်ရင် ပိုကောင်းမယ်"
အတန်ကြာတော့မှ ချိုးကျီက ဆိုလာ၏။
"မင်း ဘာသိချင်လို့လဲ"
သွမ့်ပိုင်ယွဲ့က ကျေနပ်စွာ ပြုံးလိုက်ကာ -
"ခင်ဗျား ဘယ်လိုလုပ်ပြီး ချူရှိန့်နဲ့ သိသွားတာလဲ"
"အရင်နှစ်တွေတုန်းက ငါ ချောင်ယာကျွန်းကို သွားခဲ့တယ်။ အဲ့ကျွန်းသားတွေနဲ့ သိပ်မဆိုးတဲ့ ဆက်ဆံရေးမျိုး ရှိဖူးလို့ပါ ။ နောက် ကြာလာတော့ ကျွန်းပေါ်မှာ ဝတ်ရုံနက်တွေဝတ်ထားတဲ့ ပယောဂဆရာတွေ ရောက်ရောက်လာတတ်တယ်၊ နန်ယန်ကျွန်းစုတစ်ခုခုဆီကနေ လာကြတယ်လို့ ပြောတာပဲ"
"ဟုတ်ပြီ၊ ဆက်ပြော"
"အဲ့နောက်ပိုင်း ငါလည်း အဲ့ဝတ်ရုံနက်တွေနောက် လိုက်သွားပြီး ဖေမျဲန့်ကျွန်းပေါ်သွားခဲ့တယ်။ အဲ့မှာ ချူရှိန့်နဲ့ တွေ့ခဲ့ပြီး သူ့ရဲ့ဘက်တော်သားဖြစ်လာခဲ့တာပဲ"
********
2020.10.16.
Thz for loving BaiYuan/ DuanChu.
T/n :
သူတို့နှစ်ယောက်ရဲ့အချစ်က တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုလိုပဲ ။
ငြိမ့်ငြိမ့်လေး စီးဆင်းနေတဲ့အချိန်လည်း ရှိမယ်၊ မုန်တိုင်းထန်တဲ့အချိန်မှာတော့ ရေအလျဥ်က ကြမ်းတမ်းချင်ကြမ်းတမ်းလိမ့်မယ်။ ဒါပေမယ့် ဘယ်သောအခါမှ စီးဆင်းနေတာကို ရပ်တန့်ပစ်လိုက်မှာ မဟုတ်ဘူး။
===============================
အခန္း - ၈၈ (ေပါက္ကရ ေလ်ွာက္မေျပာနဲ႔)
[ မင္းက တာ့ခ်ူရဲ့ ေကာင္းကင္သားေတာ္ကို အျပစ္တင္ရဲတယ္ေပါ့ ]
"ကပ္ေရာဂါ?"
ခ်ူယြမ္ မ်က္ႏွာမဲ့သြားသည္။
"အင္း၊ ဒါက ခုေလာေလာဆယ္မွာ အျဖစ္ႏိုင္ဆံုးအေျဖပဲ။ သေဘၤာေပၚမွာ အဖိုးတန္ပစၥည္းေတြ ေရႊေငြရတနာေတြ ေပ်ာက္ေနတဲ့ပံုစံမ်ိဳးမရိွဘူး၊ ခိုးသားဓားျပေတြ လာၿပီးလုယက္လို႔ အသတ္ခံခဲ့ရတာမ်ိဳးလည္း မဟုတ္ဘူး။ ဒါေပမယ့္ လူအစုအၿပံဳလိုက္ႀကီးကို အခ်ိန္မဆိုင္းဘဲ တစ္ခါတည္း အေသသတ္ႏိုင္တယ္ကတည္းက သာမန္ေရာဂါဆိုးတစ္ခု မျဖစ္ႏိုင္ေလာက္ဘူး။ ေနာက္ႏွစ္ရက္ေလာက္ေနလို႔မွ တံငါေလွေတြ လာေတြ့သြားရင္ ေနာက္ဆက္တြဲဆိုးက်ိဳးက မေတြးရဲစရာပဲ"
"မင္းကေရာ...."
"ေဗာဓိစိတၲသိုင္းက်င့္ၿပီးသြားရင္ ဖ်ားတာနာတာမ်ိဳးမရိွေတာ့ဘူး ၊ ကိုးဆယ့္ေျခာက္ပါး ေရာဂါေတြလည္း ကိုယ့္ကိုဆို ဘာမွမထိခိုက္ေစႏိုင္ေတာ့ဘူး။ အခုေတာ့ လက္ထဲက ေဆးကိုသာ အရင္ေသာက္လိုက္၊ ၿပီးရင္ အျမန္ျပန္ၿပီး ေရသြားခ်ိဳးေတာ့။ ဒီသေဘၤာကိစၥ ကိုယ္ၾကည့္ရွင္းလိုက္မယ္ ၊ ဟုတ္ၿပီလား"
"မင္း.....ဘာမွမျဖစ္ဘူးဆိုတာ ေသခ်ာလား"
ခ်ူယြမ္ ခုထက္ထိ စိတ္မခ်ႏိုင္ေပ။
"ကိုယ္ကမွ မင္း တစ္ခုခုျဖစ္သြားမွာကို စိုးရိမ္ေနတာေလ။ ေစာနကလည္း သေဘာတူထားၿပီးသားမဟုတ္လား၊ ေလွေပၚမွာပဲ ေစာင့္ေနခဲ့မယ္ဆို။ ဘာလို႔ ဒီသေဘၤာေပၚထိ လိုက္တက္လာရတာလဲ"
"မင္း အဲ့သေဘၤာေပၚတက္သြားတာ တစ္နာရီတိတိ ၾကာေနၿပီ !!!!!!"
ဘာဆို ဘာမွ တံု႔ျပန္သံလည္း မၾကား ။ ဘယ္က တစၧေမကမ်ား ဖမ္းစားလိုက္ၿပီလဲလို႔ေတာင္ ထင္မိသြားတာ။
ခ်ူယြမ္ တကယ္ ေဒါသထြက္သြားသည္။ သြမ့္ပိုင္ယြဲ႔သည္ပင္ ေခတၲမ်ွ မွင္သက္သြားကာ ခဏၾကာေတာ့မွ -
"သေဘၤာက အေတာ္ေလးႀကီးတာကို...."
တစ္ေနရာခ်င္းစီကို ေသေသခ်ာခ်ာ ႏွံ႔ႏွံ့စပ္စပ္ လိုက္စစ္ၾကည့္ရမွာေလကြာ။
ခ်ူယြမ္လည္း ေဆးလံုးကို ထုတ္ၿပီး ေသာက္လို္က္သည္။ ထို႔ေနာက္ အႏွီကုန္တင္သေဘၤာႀကီးေပၚ ျပန္ခုန္တက္သြားေသာ သြမ့္ပိုင္ယြဲ႔ကို မ်က္ျခည္မျပတ္ လိုက္ေငးၾကည့္ေန၏။
ခဏၾကာေတာ့ ထိုသေဘၤာႀကီးမွာ မီးေတာက္ႀကီးတစ္ခု၏ ဝါးမ်ိဳေတာက္ေလာင္ျခင္းကို ခံလိုက္ရကာ မီးၫြန္႔မီးလ်ွံမ်ားမွာ မိုးယံထိတိုင္ ေရာင္ဝါထိန္လင္းေနေသာဟူ၏။
******
သို႔ႏွင့္ ႏွစ္ေယာက္သားမွာ ေလွေပၚျပန္တက္ကာ ထိုကြၽန္းပ်က္ႀကီးထံမွ အျမန္ျပန္ထြက္လာခဲ့သည္။
အိမ္ငယ္ေလးဆီ ျပန္ေရာက္ေတာ့ နန္ေမာ္ယဲ့တို႔၊ က်င္န်ဲန္တို႔မွာ အိပ္ေပ်ာ္သြားၾကေခ်ၿပီ။ ရွစ္ဇီလည္း ရက္အေတာ္ၾကာ အေအးမိေနခဲ့သျဖင့္ ခ်ူယြမ္လည္း ေဝယ်ာ၀စၥ ဆက္သခို္င္းရန္ ရွစ္ဇီအား ေခၚမေနေတာ့။
သြမ့္ပိုင္ယြဲ႔ကေတာ့ မီးဖိုေခ်ာင္ထဲဝင္သြားကာ ေရပမာဏမ်ားစြာကို တစ္အိုးၿပီးတစ္အိုး က်ိဳေပးေန၏။ ထို႔ေနာက္ ခ်ူယြမ္၏အခန္းထဲ သယ္လာေပးရင္း အတန္တန္ မွာၾကားလိုက္ေသးသည္။
"အေခါက္ေခါက္ အခါခါ ခ်ိဳးပစ္လိုက္ေနာ္"
ခ်ူယြမ္ - "......"
သြမ့္ပိုင္ယြဲ႔က ဆက္ဆိုလာ၏။
"လဲၿပီးသား အဝတ္ေဟာင္းေတြကို ကိုယ့္ဆီ လာေပးလွည့္။ တစ္ခါတည္း မီးသြားရိႈ႔ပစ္မွ ရမယ္၊ လံုးဝ ေပါ့ဆလို႔မျဖစ္ဘူး"
"ထြက္သြားစမ္း.... "
သြမ့္ပိုင္ယြဲ႔က ေခါင္းအသာညိတ္ျပလိုက္ကာ -
"ကိုယ္ တံခါးအျပင္ဘက္နားမွာ ေစာင့္ေနမယ္ေနာ္"
သို႔ႏွင့္ အခန္းတံခါးမွာ ျပန္ပိတ္သြားသည္။
ခ်ူယြမ္လည္း ေရႏြေးဇလံုထဲ ဝင္စိမ္ေနလိုက္ကာ သက္ျပင္းရွည္ႀကီးခ်လိုက္၏။
သြမ့္ပိုင္ယြဲ႔လည္း တံခါးအျပင္ဘက္တြင္ မွီေနကာ တစ္ခ်ိန္လံုး ရပ္ၿပီးေစာင့္ေနခဲ့သည္။
အခန္းထဲမွ ေျခသံအခ်ိဳ႕ၾကားရေတာ့မွ တံခါးကို ခပ္ဖြဖြ လွမ္းေခါက္လိုက္ကာ -
"လဲၿပီးသားအဝတ္အစားေတြ ကိုယ့္ကို လာေပးလွည့္ၪီး"
တံခါးမွာ အနည္းငယ္ လွစ္ဟလာသည္။ ခ်ူယြမ္၏ သြယ္တန္းေသာ လက္တစ္ဖက္က စုစည္းခ်ည္ေနွာင္ထားေသာ အဝတ္ထုပ္ကို တံခါးၾကားမွလ်ိႈၿပီး လွမ္းေပးလာ၏။
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ထိုအျပဳအမူေလးကို သေဘာက်လြန္းသျဖင့္ မရယ္မိဘဲမေနႏိုင္ေတာ့။
ထို႔ေနာက္ အနည္းငယ္က်ယ္ဝန္းေသာ ကြင္းျပင္တစ္ေနရာကိုရွာကာ ထိုအဝတ္မ်ားကို မီးရိႈ႔ပစ္လို္က္သည္။
သူျပန္ေရာက္လာေတာ့ အခန္းထဲက မီးေရာင္မွာ ၿငိမ္းသတ္သြားေလၿပီ။ အခန္းထဲရိွ တစ္ေယာက္ေသာသူကေတာ့ အိပ္ေမာက်သြားၿပီထင္ပါရဲ့။
"ဘယ္ေတြသြားၿပီး ဘာသြားလုပ္ၾကတာတုန္း"
သြမ့္ပိုင္ယြဲ႔ေနာက္တြင္ ေရာက္ေနေသာ နန္ေမာ္ယဲ့က စကားစဆိုလာ၏။ ဆရာျဖစ္သူ၏ အသံေၾကာင့္ သြမ့္ပို္င္ယြဲ႔တစ္ေယာက္ ဆတ္ခနဲ တုန္တက္သြားသည္။
နန္ေမာ္ယဲ့က ပါးစပ္ဟၿပီး တဝါးဝါးသမ္းေနသည္။ သြမ့္ပို္င္ယြဲ႔တစ္ေယာက္ ေခါင္းစကိုက္ရေခ်ၿပီ။
"ရွစ္ဖူးဗ်ာ ၊ အိပ္ေနရင္းနဲ႔မွ ဘာကိစၥ ႏိုးလာတာတုန္း"
"ေအး၊ မင္းရဲ့ေျခသံေတြ ၾကားေနရလို႔ေလ။ ေတာင္ေျပးလိုက္၊ ေျမာက္ေျပးလိုက္နဲ႔ သရဲဖမ္းပြဲ လုပ္ေနတာလား"
"ကုန္သေဘၤာႀကီးတစ္စင္းက အနားကကြၽန္းပ်က္တစ္ခုမွာ လာၿပီးေသာင္တင္ေနတာတဲ့။ ေစာနေလးကတင္ ကြၽန္ေတာ္ သြားၾကည့္လာခဲ့တာ။ ပင္လယ္ထဲ ရြက္လႊင့္ၿပီး ခရီးသြားေနရင္းတန္းလန္း လမ္းခုလတ္မွာ ကပ္ေရာဂါစြဲၿပီး အကုန္ေသကုန္ၾကတာ၊ တစ္ေယာက္မွ အသက္ရွင္လ်က္ မက်န္ခဲ့ဘူး။ ဒါေၾကာင့္ ေဘးနားကြၽန္းေပၚက တံငါေလွေတြ သြားေတြ့မိၿပီး ေရာဂါေတြ ထပ္ျဖန္႔သလို ျဖစ္မွာစိုးလို႔ သေဘၤာတစ္စင္းလံုးကို မီးရိႈ႔ပစ္ၿပီးခါမွ ျပန္လာလိုက္တာ"
"ဟင္၊ သေဘၤာႀကီးလည္း ျပာက်ၿပီးၿပီမလား။ အခု မင္းက ဘာကိစၥ ေတာင္ေျပးလိုက္ ေျမာက္ေျပးလိုက္ ဗ်ာမ်ားေနတာတုန္း "
"ကြၽန္ေတာ္နဲ႔ ေရွာင္ယြမ္ ....ႏွစ္ေယာက္အတူတူသြားၾကည့္ခဲ့တာ"
"ေဟ၊ အေသးစိတ္ေလး ဆက္ေျပာျပပါၪီး"
နန္ေမာ္ယဲ့မွာ ခ်က္ခ်င္းပင္ စိတ္ဝင္စားသြား၏။
"ကြၽန္ေတာ္က ေဗာဓိစိတၲသိုင္းက်င့္ထားတာဆိုေတာ့ ဘာမွစိတ္ပူစရာမရိွဘုး။ အဲ့ဒီကပ္ေရာဂါက အေတာ္ျပင္းထန္မယ့္ပံုဆိုေတာ့၊ ျပန္ေရာက္လာတာနဲ႔ ကြၽန္ေတာ္ ေရႏြေးက်ိဳေပးၿပီး သူ႔ကို ေရခ်ိဳးခိုင္းလိုက္တာ။ အခုလည္း ဝတ္သြားခဲ့သမ်ွ အဝတ္အစားေတြ တစ္ခုမွမက်န္ေအာင္ မီးရိႈ႔ပစ္လိုက္တာေလ"
"ဟင္၊ ဒီေလာက္ပဲလား"
သြမ့္ပိုင္ယြဲ႔ဘက္က အေသးစိတ္ေျပာျပလာေသာ္လည္း နန္ေမာ္ယဲ့ကမူ ေက်နပ္ပံုမေပၚ။
"ၿပီးေတာ့....ခ်င္းထိုင္ေဆးလံုးပါ တိုက္ထားတယ္"
"မင္းလက္နဲ႔ ကိုယ္တိုင္ တိုက္ေပးခဲ့ေသးလား"
"....."
"လက္အိတ္ဝတ္ထားရင္ တိုက္လို႔ရတယ္ေလကြာ"
သြမ့္ပိုင္ယြဲ႔ကေတာ့ အိမ္ငယ္ေလးမွ ထြက္သြားေခ်ၿပီ။ နန္ေမာ္ယဲ့လည္း တပည့္ျဖစ္သူေနာက္ လို္က္သြား၏။ မည္မ်ွပင္ အားထုတ္ေသာ္လည္း အရည္အေသြးျမင့္ သံထည္အျဖစ္ မထြင္းထုႏိုင္ခဲ့သည္မွာ အေတာ္နာေပသည္။
အိပ္ယာေပၚ လဲေလ်ာင္းေနေသာ ခ်ူယြမ္လည္း တျဖည္းျဖည္း အလွမ္းေဝးသြားသည့္ ေျခသံမ်ားကိုၾကားရေတာ့မွ ေစာင္ကိုဆြဲကာ ေခါင္းၿမီးၿခံဳလိုက္ၿပီး အိပ္စက္လိုက္ေတာ့သည္။
*****
ေနာက္တစ္ေန့ မနက္အေစာႀကီးကတည္းက သြမ့္ပိုင္ယြဲ႔ ထပ္ေရာက္လာျပန္သည္။ သို႔ေသာ္ အလာလမ္းတြင္ သူ႔ဆီ ေလ်ွာက္လွမ္းလာေသာ က်င္န်ဲန္ကို ေတြ့လို္က္ရသည္
"ဘာကိစၥရိွလို႔လဲ"
"ဝမ္ရယ္ကို ေလ်ွာက္တင္ပါတယ္ရွင္။ ဒီမနက္မွာ အရွင္မင္းျမတ္က အဖ်ားတက္ေနလို႔ပါ၊ ဆရာႀကီးနန္လည္း အရွင့္အနားမွာေနၿပီး ျပဳစုေပးေနပါတယ္"
သြမ့္ပိုင္ယြဲ႔ႏွလံုးသားတစ္ခုလံုး ကမ္းပါးနက္ႀကီးတစ္ခုထဲ ဘုတ္ခနဲ ျပဳတ္က်သြားသလိုပင္။
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို အိမ္ငယ္ေလးထဲ ေျပးဝင္သြားေလရာ ၊ စားပြဲနားထိုင္ၿပီး ေဆးအၫႊန္းအတြက္ စာေရးေပးေနေသာ နန္ေမာ္ယဲ့ကိုေတြ့လို္ကရသည္။ ရွစ္ဇီသည္လည္း ကုတင္ေဘးနားတြင္ ရိွေနသည္။ လက္ထဲမွာေတာ့ ေရထည့္ထားေသာ ဇလံုတစ္ခုကို သယ္ေဆာင္ထားသည္။
သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းပင္ ကုတင္ေဘးနား ဝင္ထိုင္လိုက္ကာ ေမးလာ၏။
"ခုေရာ ဘယ္လိုေနေသးလဲ"
"ဟင့္အင္း၊ ဘာမွမျဖစ္ဘူး။ ေလစိမ္းတိုက္လို႔ အေအးမိသြားရံုတင္"
ခ်ူယြမ္၏ ပါးျပင္ႏွစ္ဖက္စလံုးမွာ အဖ်ားရိွန္ေၾကာင့္ ရဲတြတ္နီေစြးေန၏။ အသံကလည္း ေျခာက္ကပ္အက္ကြဲေနသည္။
" တကယ္ အေအးမိတာပါခင္ဗ်ာ။ ဝမ္ရယ္ စိတ္မပူပါနဲ႔"
ရွစ္ဇီကပါ ဝင္ေရာက္ေဖ်ာင္းဖ်လာ၏။
သြမ့္ပိုင္ယြဲ႔ကေတာ့ ဘယ္လိုမွ စိတ္မေအးႏိုင္ေသး၊ နန္ေမာ္ယဲ့ဘက္လွည့္လိုက္ကာ -
"ရွစ္ဖူး....."
"ေအး၊ တကယ္ အေအးမိရံုပဲ။ မေန့ည မင္းတို႔ သြားေတြ့ခဲ့တဲ့ ကပ္ေရာဂါနဲ႔ ဘာမွမဆိုင္ဘူး"
"ကပ္ေရာဂါ?"
ျဖစ္ေၾကာင္းကုန္စင္ မသိရေသးေသာ ရွစ္ဇီခမ်ာ "ကပ္ေရာဂါ" ဆိုေသာစကားကိုၾကားေတာ့ ခ်က္ခ်င္းပင္ စိုးရြံ႔ထိတ္လန္႔သြားကာ တစ္ကိုယ္လံုး ယိုင္နဲ႔ေပ်ာ့ေခြသြားသျဖင့္ လက္ထဲကဇလံုကို ျပဳတ္က်မသြားေအာင္ မနည္းထိန္းထားလို္က္ရသည္။
"ေသခ်ာလို႔လား ရွစ္ဖူး"
သြမ့္ပိုင္ယြဲ႔က ဆက္ေမးလာျပန္၏။
"ဒီလိုကိစၥမ်ိဳးကို ငါက ေနာက္စရာလား။ တကယ္ အေအးမိရံုပါဆိုေန။ ငါ ေဆးသြားက်ိဳလိုက္ၪီးမယ္၊ ကုန္းကုန္းလည္း ကြၽန္ေတာ့္ကို တစ္ခ်က္ လာကူလွည့္ပါၪီး"
ရွစ္ဇီလည္း အျမန္ပင္ ေခါင္းညိတ္လိုက္ကာ လက္ထဲက ေရဇလံုကို သြမ့္ပိုင္ယြဲ႔လက္ထဲ ထိုးထည့္ေပးလိုက္ၿပီး နန္ေမာ္ယဲ့ေနာက္သို႔ အျမန္ပင္ လို္က္ပါသြားေတာ့သည္။
ခ်ူယြမ္က အားယူၿပီး ထထိုင္လိုက္သည္။ တဟြတ္ဟြတ္ႏွင့္ ေခ်ာင္းဆိုးေနဆဲပင္။
သြမ့္ပိုင္ယြဲ႔က သူ႔အတြက္ ေရတစ္ခြက္ ငွဲ႔ေပးလိုက္သည္။
ခ်ူယြမ္၏ ပါးႏွစ္ဖက္မွာ နီေစြးေနၿမဲျဖစ္သည့္အျပင္ တစ္ကိုယ္လံုးလည္း ေခြၽးေစးမ်ားျဖင့္ စိုရႊဲေနၿပီျဖစ္ရာ စြဲၿမဲေနေသာ အက်င့္ဝသီအရ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္နဖူးထက္ အပူခ်ိန္စမ္းၾကည့္ရန္ လက္လွမ္းလိုက္၏။
သို႔ေသာ္ လက္လွမ္းလို႔မေရာက္ခင္ လမ္းမွာတင္ ရပ္တန္႔သြားကာ ဝတ္ဆင္ထားေသာလက္အိတ္အနက္ကိုသာ ရင္နာစြာ စိုက္ၾကည့္ေနမိသည္။
"အဲ့ဟာေတြ ခြၽတ္ထားလို႔ မရဘူးလား..."
ခ်ူယြမ္ေမးလာျခင္းျဖစ္သည္။
သြမ့္ပိုင္ယြဲ႔ ခပ္ယဲ့ယဲ့ၿပံဳးျပလိုက္ကာ -
"လက္ကလည္း အေတာ္ၾကည့္ရဆိုးတာ။ ၿပီးေတာ့ အဆိပ္ေတြနဲ႔ခ်ည္း ျဖစ္ေနလို႔"
ခ်ူယြမ္ကလည္း မိမိနဖူးကို မိမိဘာသာ စမ္းၾကည့္လိုက္သည္။
"ရၿပီ၊ မဖ်ားေတာ့ဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္ထဲက ခြက္ကို ျပန္ယူလို္က္ကာ ေစာင္ကို ေအပၚထိေရာက္ေအာင္ ထပ္ဆြဲတင္ေပးေနရင္း -
"အဆိပ္အေတာက္သံုးတဲ့ေနရာမွာ ကြၽမ္းက်င္လို႔ဆိုၿပီး လူသိမ်ားၾကေပမယ့္ ရွစ္ဖူးက ေဆးကုတဲ့ေနရာမွာလည္း အေတာ္ကြၽမ္းက်င္ပါတယ္။ သူေတာင္မွ ရိုးရိုးအေအးမိတာလို႔ေျပာေနမွေတာ့ ဘာမွ မစိုးရိမ္နဲ႔ေတာ့ေနာ္။ ေခြၽးမ်ားမ်ားထြက္ေအာင္သာ ေနေပး၊ ဒါမွ ျမန္ျမန္သက္သာမွာ၊ ဟုတ္ၿပီေနာ္...."
"ကပ္ေရာဂါ တကယ္ကူးစက္ခံရတယ္ဆိုရင္ေကာ ဘယ္လိုလုပ္ၾကမလဲ"
ခ်ူယြမ္ ႏွာေခါင္းေလးတရႈံ႔ရႈံ႔လုပ္ရင္း ေမးလာ၏။
သြမ့္ပိုင္ယြဲ႔ကေတာ့ ခ်က္ခ်င္း မ်က္ႏွာပ်က္သြားကာ -
"ေပါက္ကရေတြ ေလ်ွာက္မေျပာစမ္းနဲ႔"
"အံမာ....မင္းက တာ့ခ်ူရဲ့ ေကာင္းကင္သားေတာ္ကို အျပစ္တင္ရဲတယ္ေပါ့"
သြမ့္ပိုင္ယြဲ႔ - "......"
ခ်ူယြမ္က ကုတင္ေခါင္းရင္းကို ျပန္မွီလိုက္ကာ သြမ့္ပိုင္ယြဲ႔အား ေမးလာသည္။
"သြမ့္ပိုင္ယြဲ႔"
"ဟင္...."
"မင္း ကိုယ္ေတာ့္အတြက္ ရင္နာဖူးရဲ့လား၊ ကိုယ္ေတာ့္ကို သနားဖူးရဲ့လား"
သြမ့္ပိုင္ယြဲ႔ ေခတၲမ်ွ တံု႔ဆိုင္းသြားသည္။ အတန္ၾကာခါမွ -
"အင္း....ျဖစ္ဖူးတာေပါ့"
"နည္းေတာင္နည္းေသးတယ္...."
"......နည္းေတာင္နည္းေသးတယ္...တဲ့လား"
သြမ့္ပိုင္ယြဲ႔ ဘာျပန္ေျပာရမွန္းမသိေတာ့။
"ကိုယ္ေတာ္ကေတာ့ မင္းေၾကာင့္ သံုးႏွစ္သံုးမိုးလံုး နာက်င္ခဲ့ရတယ္ ၊ ခံစားခဲ့ရတယ္"
"......"
"ဒါေပမယ့္ အခု ဘာမွမခံစားရေတာ့ဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား တစိမ့္စိမ့္ ေငးၾကည့္ေနသည္။ တသိမ့္သိမ့္စီးဆင္းေနေသာ ခ်စ္ျခင္းေမတၲာအလ်ဥၴဲ သနားျခင္းတို႔ေရာစြက္လာကာ သြမ့္ပိုင္ယြဲ႔ႏွလံုးသားတစ္ခုလံုး နာက်င္ေအာင့္တက္လာ၏။
"ေတာ္ၿပီ၊ မင္း ထြက္သြားလိုက္ေတာ့"
"ကိုယ္...."
"ရွစ္ဇီ!!!!!!"
ခ်ူယြမ္ အသံကုန္ေအာ္ေခၚလိုက္ေတာ့ ရွစ္ဇီလည္း အေျပးအလႊားဝင္လာကာ -
"အရွင္မင္းျမတ္...."
ခ်ူယြမ္ကေတာ့ သက္ေတာင့္သက္သာ ျပန္လွဲလိုက္ကာ မိန္႔ၾကားလိုက္သည္။
"ဧည့္သည္ကို ျပန္ပို႔လိုက္....."
ရွစ္ဇီလည္း ရွီးနန္ဝမ္ဘက္သို႔ လွည့္ၿပီး ၿပံဳးျပလိုက္ကာ -
"ဝမ္ရယ္ခင္ဗ်ာ...."
သြမ့္ပိုင္ယြဲ႔လည္း ထရပ္လို္က္သည္။
"ဒါဆိုလည္း ေကာင္းေကာင္းအနားယူလိုက္ေတာ့ေနာ္၊ တစ္ခုခုျဖစ္ရင္ ကိုယ့္ကို လွမ္းေခၚခိုင္းလိုက္"
ခ်ူယြမ္ကေတာ့ ေစာင္ကိုဆြဲကာ ေခါင္းၿမီးၿခံဳပစ္လိုက္ေလ၏။
ရွစ္ဇီလည္း သြမ့္ပိုင္ယြဲ႔ကို အျပင္ေခၚထုတ္ၿပီးေနာက္ ခပ္တိုးတိုး ေမးလာ၏။
"အဆင္ေျပသြားၾကၿပီလား ဝမ္ရယ္...."
သြမ့္ပိုင္ယြဲ႔က ေခါင္းခါျပ၏။
ရွစ္ဇီက သိပ္မေက်နပ္ေခ်။
"ေျပတယ္လို႔ ေျပာေလဗ်ာ"
သြမ့္ပိုင္ယြဲ႔ၿပံဳးလိုက္သည္။
"ဟုတ္ပါၿပီ၊ ကုန္းကုန္းကိုလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
ရွစ္ဇီလည္း အေတာ္ပီတိျဖာသြားကာ အက်ႌလက္အိတ္ထဲ လက္ျပန္ထည့္လိုက္ၿပီး က်ိဳလက္စေဆးအိုးကို ျပန္ၾကည့္ရန္ မီးဖိုေခ်ာငိဘက္ျပန္ထြက္သြားေလသည္။
သြမ့္ပိုင္ယြဲ႔လည္း ေစ့ေစ့ပိတ္ထားေသာ တံခါးကို လွမ္းၾကည့္ေနမိသည္။
အေျခအေနက တကယ္ကိုပင္ တိုးတက္လာျခင္းမရိွေသး။ သို႔ေသာ္၊ မုခ်မေသြ ျပန္ေကာင္းလာေပလိမ့္မည္။
*****
မြန္းလြဲသြားေတာ့မွ နန္ေမာ္ယဲ့ ျပန္ေရာက္လာကာ ခ်ူယြမ္အတြက္ ေနာက္ႏွစ္ရက္စာ ေသာက္ေဆးမ်ား ျပင္ဆင္ေပးထားၿပီးၿပီျဖစ္ေၾကာင္း၊ သံုးရက္ေလာက္ အနားယူလိုက္လ်ွင္ အေတာ္သက္သာလာမည္ျဖစ္ေၾကာင္း ေျပာျပလာသည္။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ရွစ္ဖူး "
သြမ့္ပိုင္ယြဲ႔က လက္ထဲက ရႊမ္မင္ဟန္ထ်ယ္ဓားကို စားပြဲေပၚ တင္လို္က္ကာ ေက်းဇူးတင္စကားဆိုလာ၏။ နန္ေမာ္ယဲ့လည္း သူ႔ေရ႔ွ ထိုင္လိုက္ကာ -
"အရွင္မင္းျမတ္က နာမက်န္းျဖစ္ေနေတာ့ ခႏၶာေတာ္က အင္အားခ်ည့္နဲ႔ေနတယ္။ အဲ့ေတာ့ အခုရက္ပိုင္း မင္းလည္း တတ္ႏိုင္သေလာက္ သူ႔အနားမွာ အရမ္းမကပ္မိေအာင္ သတိထား ။ ဘာပဲေျပာေျပာ အဲ့သိုင္းႀကီးက်င့္ထားတာေတာ့ ႀကိဳတင္ၿပီးသတိထားခါမွ ေတာ္ကာက်မယ္"
သြမ့္ပိုင္ယြဲ႔ ေခါင္းညိတ္လိုက္သည္။
"ဟုတ္၊ ကြၽန္ေတာ္ ဆင္ျခင္တတ္ပါတယ္"
"ေနာက္ကိစၥ တစ္ခုရိွေသးတယ္။ မင္း ေခၚလာတဲ့ ခ်ိဳးက်ီဆိုတဲ့ေကာင္က ေစာန နာရီပိုင္းေလာက္တုန္းက ျပန္ၿပီး သတိရလာတယ္၊ ေဆးတိုက္ထားေတာ့ အခုေလာက္ဆို စကားျပန္ေျပာႏိုင္ၿပီထင္တယ္"
သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္းထရပ္လိုက္သည္။
"သူ႔ကို သြားၾကည့္ၾကရေအာင္ပါ"
******
အိပ္ခန္းထဲတြင္ ။
ခ်ူယြမ္က ဆန္ျပဳတ္တစ္ပန္းကန္ ကုန္ေအာင္ စားၿပီးသည့္ေနာက္ ရွစ္ဇီအား ေမးလာ၏။
"ဘာလို႔ အျပင္မွာ အဲ့ေလာက္ဆူညံေနတာလဲ"
"မွန္ပါ့၊ ဒီေန့ ပြဲေတာ္ရက္ရိွလို႔ပါ အရွင္မင္းျမတ္ ။ သံုးလေနမွ တစ္ခါ က်င္းပၾကတာမို႔ အေတာ္ေလး စည္ကားသိုက္ၿမိဳက္ေနေၾကာင္းပါဘုရား "
"ေဩာ္...."
ခ်ူယြမ္က ကုတက္ေခါင္းရင္းကို ျပန္မွီလိုက္ကာ ဆက္ဆို၏။
"ေနာက္ဆံုးမွာေတာ့ မ်က္ႏွာခ်င္းဆိုင္အိမ္က အေဒၚႀကီးလည္း ေယာင္အာေလးကို လက္လႊတ္လိုက္ၿပီပဲ။ သားမက္ေလာင္းအသစ္တစ္ေယာက္ပါ ရွာေတြ့သြားၿပီတဲ့"
"အာ....အဲ့ကိစၥကို ဆက္မမိန္႔ပါနဲ႔ေတာ့ အရွက္မင္းျမတ္ ။ ဒီမနက္ကေတာင္ အဲ့အေဒၚႀကီးက ကြၽန္ေတာ္မ်ိဳးကို လာေမးေသးတယ္၊ သြမ့္ေရွာင္ဝမ္ရယ္ ဘယ္ေတာ့ ျပန္လာမွာလဲတဲ့။ ၾကားရသေလာက္ေတာ့ သြမ့္ေရွာင္ဝမ္ရယ္ကို အေတာ္ေလး လြမ္းဆြတ္တမ္းတေနတဲ့ပံုပါပဲ"
"ေဩာ္....လြယ္လြယ္ေလးနဲ႔ ေမ့ပစ္မယ့္ပံု မေပၚဘူးပဲ"
ခ်ူယြမ္က ၿပံဳးရင္း ဆိုလိုက္သည္။
"ဒါဆိုလည္း အရွင္မင္းျမတ္ ဆက္ၿပီး အနားယူေတာ္မူလွည့္ပါဘုရား ။ ဆရာႀကီးနန္က မွာသြားတယ္ ၊ ေဆးေသာက္ၿပီးတာနဲ႔ နားနာနားေနေန ေနခိုင္းပါတဲ့၊ အဲ့လိုေနေပးခါမွ ေဆးအာနိသင္ ပိုထိေရာက္မွာတဲ့"
ခ်ူယြမ္က ေခါင္းညိတ္ျပလိုက္ကာ -
"ရွစ္ဇီလည္း လူႀကီးမင္းနန္ကို ေသခ်ာ ဂရုတစိုက္ၾကည့္ေပးပါၪီး ၊ သူ႔ကို အမ်ားႀကီး အပင္ပန္း မခံေစနဲ႔"
ရွစ္ဇီလည္း ခ်ူယြမ္အမိန္႔ကို နာခံလိုက္ကာ နန္ေမာ္ယဲ့ကို လိုက္ရွာၾကည့္လိုက္သည္။ သို႔ေသာ္ ရွာမေတြ့၊ အိပ္ခန္းထဲမွာေရာ မီးဖိုေခ်ာင္ထဲမွာပါ ရွာမေတြ့သျဖင့္ အိမ္ေနာက္ေဖးသိူ႔သြားၾကည့္မည္အလုပ္ ၊ ေအာ္သံႀကီးတစ္ခုကို ၾကားလိုက္ရေတာ့ လန္႔ဖ်တ္တုန္လႈပ္သြား၏။
ထိုစဥ္ သြမ့္ပိုင္ယြဲ႔က တံခါးရြက္ကို လွစ္ဟလာကာ -
"ကုန္းကုန္းကို လန္႔ေအာင္ လုပ္မိလိုက္တယ္ထင္တယ္၊ ေတာင္းပန္ပါတယ္ဗ်ာ "
ရွစ္ဇီကေတာ့ လိပ္ျပာလြင့္ေတာ့မတတ္ ျဖစ္ေနဆဲပင္ျဖစ္သည္။
"ရွီးနန္ဝမ္ ဘာလုပ္ေနတာလဲ ခင္ဗ်"
ရွစ္ဇီ ေမးၾကည့္လိုက္၏။
"ၫွဥ္းပန္းႏိွပ္စက္ၿပီး အမႈစစ္ေနတာ"
အခန္းထဲရိွ ခ်ိဳးက်ီက ထိုစကားကိုၾကားေတာ့ ေသြးတစ္ပြက္ ထပ္အန္ခ်သည္။
*******
"ဒီေလာက္ျဖစ္ေနတာေတာင္ မင္းက ျဖစ္ေၾကာင္းကုန္စင္ မေျပာခ်င္ေသးဘူးေပါ့"
နန္ေမာ္ယဲ့က ခ်ိဳးက်ီေရ႔ွထိုင္လိုက္ကာ ေမးလာျခင္းျဖစ္သည္။
"ငါ ဘာမွမွ မသိတာ !!!!! "
သြမ့္ပို္င္ယြဲ႔က ၾကားျဖတ္ေျပာလာသည္။
"တကယ္ေတာ့ ခင္ဗ်ားသိတာ အမ်ားႀကီးမွ အမ်ားႀကီးပဲ ။ ဘာေတြသိထားမွန္း စဥ္းစားလို႔မရရင္ ခင္ဗ်ားကို တစ္ခုခ်င္းစီ ေျပာျပေပးမယ္"
သြမ့္ပိုင္ယြဲ႔က ဆက္ဆိုလာ၏။
"လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြတုန္းက ခင္ဗ်ားနဲ႔ လန္ယီက်န္႔တို႔ ဘယ္လို အၿငိဳးအေတးေတြ ရိွခဲ့ဖူးေၾကာင္း၊ သူ ေသရာကေန ျပန္ရွင္လာႏိုင္တယ္လို႔ ခင္ဗ်ား ဘာေၾကာင့္ တထစ္ခ် ယံုၾကည္ေနသလဲဆိုတဲ့အေၾကာင္း ၊ သူ ကိုယ္ထင္ျပလာဖို႔အတြက္ ေရႊၿမိဳ႔ေတာ္မွာ စင္ႀကီးေဆာက္ၿပီးေတာ့ေတာင္ စစ္တုရင္ၿပိဳင္ပြဲ စိန္ေခၚခဲ့တဲ့အေၾကာင္း ။
ၿပီးေတာ့ - ဖန္ရွင္းပုလဲရဲ့ လ်ိႈ႔ဝွက္ခ်က္ေတြ ၊ ခင္ဗ်ားနဲ႔ ေခ်ာင္ယာကြၽန္းၾကားက ပတ္သက္မႈေတြ။ ေသၿပီးသားလန္ဂ်ီးကို ျပန္ရွင္လာေအာင္ လုပ္ခဲ့တာ၊ အေလာင္းေကာင္ အဆိပ္ေတြပါပါလာေအာင္ စီရင္ဖန္တီးခဲ့တာ၊ ဒါေတြအားလံုးက ခင္ဗ်ားလက္ခ်က္ေတြပဲမဟုတ္လား။
ေနာက္ဆံုးအေနနဲ႔ေမးရရင္ ခင္ဗ်ား ဘာလို႔ ခ်ူရိွန္႔နား ေရာက္ေနတာလဲ။ အကုန္ေျပာရရင္ ခ်ူရိွန္႔ရဲ့ အလိုေလာဘႀကီးတဲ့ကိစၥေတြ၊ ပရိယာယ္မာယာေထျြပားတဲ့ စီမံကိန္းေတြ၊ နန္ယန္မွာ လူသူအင္အား စုေဆာင္းေနတာေတြ ။ ၿပီးေတာ့ အဲ့ေန့က ခင္ဗ်ားတို႔ေျပာေနတဲ့ တိမ္သလႅာကႏၲာေတာင္ထြဋ္အေၾကာင္း။ ကဲ....ေျပာစမ္း၊ ခင္ဗ်ားဘာမွမသိဘူးလို႔ ကြၽန္ေတာ့္ကို ထပ္ျငင္းရဲၪီးမလား"
"သိေတာ့ေရာ ဘာျဖစ္လဲ၊ မင္းတို႔ကို ငါ ေျပာျပမွာမွမဟုတ္တာ"
ခ်ိဳးက်ီ၏ ရင္ဘတ္မွာ နိမ့္ခ်ည္ျမင့္ခ်ည္ လိႈက္ေမာေနသည္။
"ကြၽတ္ ကြၽတ္ ကြၽတ္....တကယ္ေခါင္းမာတဲ့ေကာင္ေတြပဲ"
နန္ေမာ္ယဲ့က ေခါင္းခါလိုက္ကာ မွတ္ခ်က္ဆို၏။
"ငါ့ကိုသာ သတ္လိုက္ပါေတာ့"
"ဘာကိစၥ သတ္ပစ္ရမွာလဲ၊ ကြၽန္ေတာ္ လိုခ်င္တဲ့ အေျဖေတာင္ မရေသးတဲ့ကိစၥ ။ ခင္ဗ်ား ေသခ်င္ရင္ေတာင္ လြယ္လြယ္နဲ႔ေပးေသေသးမွာ မဟုတ္ဘူး"
ခ်ိူးက်ီမ်က္ႏွာပ်က္သြားသည္။ သြမ့္ပိုင္ယြဲ႔က ထိုင္ခံုေပၚ ျပန္ထိုင္လိုက္ကာ ဆိုလာသည္။
"ခင္ဗ်ားထုတ္မေျပာခ်င္ဘူးဆိုေတာ့ ကြၽန္ေတာ္ကပဲ မွန္းၾကည့္ရတာေပါ့။ ခုရက္ပိုင္း စံုစမ္းထားတာေတြနဲ႔ အကိုက္ပဲ အသံုးတည့္သြားၿပီ ။ ျဖစ္ပံုက ခင္ဗ်ားနဲ႔လန္ယီက်န္႔တို႔က ေမြးရပ္ဇာတိတူတဲ့ တစ္နယ္တည္းသားေတျြဖစ္တယ္၊ ခင္ဗ်ားတို႔ဇာတိေျမက လူႀကီးသူမေတြရဲ့ေျပာစကားအရဆို လန္ယီက်န္႔က ေမြးကတည္းက ပါရမီစြမ္းရည္ရိွတဲ့ လူေတာ္တစ္ေယာက္ ျဖစ္ခဲ့တယ္၊ ခင္ဗ်ားနဲ႔ ယွဥႅိုက္ရင္ သူက အဆမ်ားစြာ သန္မာတယ္၊ အစြမ္းထက္တယ္ ။ ဟုတ္တယ္မလား "
"မင္း ပါးစပ္ပိတ္ထား!!!!!"
ခ်ိဳးက်ီမ်က္လံုးမ်ား ျပဳးက်ယ္လာ၏။
"ေနာက္ပိုင္းက်ေတာ့ ခင္ဗ်ားတို႔က ရွင္္းရွန္းဂိုဏ္းထဲ တပည့္ခံလိုက္ေရာ၊ ဒါပမယ့္ ထံုးစံအတိုင္းပဲ သူကခ်ည္း ဆရာသမားေတြရဲ့ မ်က္ႏွာသာေပးတာကို ခံယူခဲ့ရတယ္၊ ခင္ဗ်ားကေတာ့ မၾကာခဏ အထင္ေသးခံခဲ့ အႏိွမ္ခံခဲ့ရတယ္"
သြမ့္ပိုင္ယြဲ႔က ၿပံဳးျပလိုက္ကာ ဆက္ဆို၏။
"ခင္ဗ်ားလည္း အဆံုးစြန္ထိ သည္းမခံႏိုင္ေတာ့တဲ့အဆံုး ေပါက္ကြဲခဲ့တယ္၊ အဲ့ေတာ့ သူ႔ကိုပါ ဂိုဏ္းကေန ႏႈတ္ထြက္ခိုင္းၿပီး ကိုယ့္ဘာသာကိုယ္ ဂိုဏ္းတစ္ခုတည္ေထာင္လိုက္ၾကတယ္၊ ေနာက္ပိုင္း ပင္လယ္ထဲက ကြၽန္းတစ္ကြၽန္းစီသြားၿပီး သိုင္းက်င့္ႀကံျဖစ္ၾကတယ္။ ပန္ဝမ္ မွန္းၾကည့္ရသေလာက္ေတာ့ အဲ့ေနရာက ေခ်ာင္ယာကြၽန္းပဲျဖစ္လိမ့္မယ္"
ခ်ိဳးက်ီမွာ အေတာ္ပင္ ဂဏွာမၿငိမ္ျဖစ္လာ၏။ သို႔ေသာ္ နန္ေမာ္ယဲ့က အဝတ္စျဖင့္ ခ်ိဳးက်ိဳ၏ပါးစပ္ကို ဆို႔ထားလိုက္သည္။
သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"ေနာက္ပိုငး ခင်ဗျားနဲ႔ လန္ယီက်န္႔တို႔ က်င့္ႀကံျခင္းၿပီးသြားေရာ၊ ဒါေပမယ့္ သူက ကံဆိုးစြာနဲ႔ပဲ မိစၧာလမ္းစဥ္ေအာက္ က်ေရာက္သြားတယ္။ အဲ့ေနာက္ပိုင္း ခင်ဗျားရဲ့ တစ္ခုတည္းေသာ ရည္မွန္းခ်က္ပန္းတိုင္က သူ႔ကို လိုက္သတ္ဖို႔ခ်ည္း ျဖစ္လာတယ္။ သူ႔ကို အေသသတ္ႏိုင္ေတာ့မွ သိုင္းေလာကရဲ့ ဂုဏ္အင္ဝံ့ႂကြားစရာ ပညာရွင္တစ္ေယာက္ဆိုၿပီး ျဖစ္သြားတယ္။ ခင္ဗ်ားရဲ့ဘဝမွာ ပထမဆံုးအႀကိမ္အေနနဲ႔ လူအမ်ား ခ်ီးက်ူးေထာပနာျပဳခံရတဲ့အရသာကို ခံစားလိုက္ရတာပဲ"
ခ်ိဳးက်ီမ်က္လံုးမ်ားမွာ ေဒါသအရိွန္ေၾကာင့္ နီရဲျပဴးထြက္ေနကာ မ်က္လံုးမ်ားက မ်က္ခြက္ထဲကပင္ ထြက္က်လာေတာ့မလိုလို။
"ခင္ဗ်ား ဘာလို႔မ်ား လန္ယီက်န္႔အေလာင္းကို မီးမရိႈ႔ပစ္တာလဲလို႔ ပန္ဝမ္ စဥ္းစားဖူးေသးတယ္။ ဒါေပမယ့္ ခ်န္းေဟဟြမ္ဝကၤပါထဲထည့္ၿပီး ယႏၲရားအထပ္ထပ္နဲ႔ ေထာင္ေခ်ာက္ေတြ ဆင္ထားခဲ့တယ္။ ဒါေပမယ့္ ဒီႏွစ္ေတြအတြင္း အဲ့ကိစၥေၾကာင့္ပဲ ခင္ဗ်ား စိတ္ေသာကေရာက္ခဲ့ရတယ္၊ အေၾကာင္းကေတာ့ လန္ယီက်န္႔ ေသရာကေန ျပန္ရွင္လာမွာကို ဒူးႏွံ႔ေနေလာက္ေအာင္ ခင္ဗ်ား လန္႔ေနတာ။ လန္ယီက်န္႔သာသိုင္းေလာကထဲ ျပန္ဝင္သြားခဲ့ရင္ - "
"လန္ယီက်န္႔က အစကတည္းက မေသေသးတာကြ!!!!!"
ခ်ိဳးက်ီက ပါးစပ္ထဲဆို႔ထားေသာ အဝတ္စကို ခက္ခက္ခဲခဲ ေထြးထုတ္လိုက္ၿပီး ျငင္းဆိုလာ၏။
"မဟုတ္ဘူး၊ သူတကယ္ ေသသြားၿပီ"
သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"တကယ္လို႔မ်ား ခ်ိဳးရႊမ္က်ီးယႏၲရားတိုက္ထဲက ဖန္ရွင္းပုလဲ အခိုးခံလိုက္ရတဲ့ကိစၥေၾကာင့္ သူ႔ကို မေသေသးဘူးလို႔ ခင္ဗ်ားထင္ေနရင္ေတာ့ မွားသြားပါၿပီ။ အဲ့ပုလဲလံုးကို သြားယူလာခဲ့တာ ပန္ဝမ္ကိုယ္တိုင္ ျဖစ္ေနလို႔ပဲ"
"မင္းကလား?"
ခ်ိဳးက်ီ၏မ်က္ႏွာမွာ အံ့ဩမႈမ်ားေၾကာင့္ အေရာင္အေသြးကင္းမဲ့သြားသည္။
"ခင္ဗ်ား နားၾကားမလြဲဘူး ။ ပန္ဝမ္ရဲ့ ခ်စ္ရတဲ့သူက ဖန္ရွင္းပုလဲကို လိုခ်င္တယ္ဆိုလို႔ သူ ႏွစ္ရက္သံုးရက္ေလာက္ အပ်င္းေျပေဆာ့လို႔ရေအာင္ သြားယူလာေပးတာ။ ဒါေပမယ့္ ဒီကိစၥေၾကာင့္ ခင္ဗ်ားကို အဲ့ေလာက္ထိ အရူးထသြားေစခဲ့မယ္လို႔ မထင္ထားရိုးအမွန္ပါ၊ တကယ္ ေတာင္းပန္ပါတယ္....."
သြမ့္ပိုင္ယြဲ႔၏ ခပ္ေထ့ေထ့စကားအဆံုးတြင္ ခ်ိဳးက်ီမွာ အတန္ၾကာ မွင္သက္သြားသည္။ ထို႔ေနာက္ ေသြးတစ္ပြက္ထပ္အန္လာ၏။
ြသြမ့္ပိုင္ယြဲ႔က သူ႔ေဘးနား ဝင္ထိုင္လိုက္ကာ ခပ္တိုးတိုး ဆက္ေမးလာသည္။
"လန္ယီက်န္႔က တကယ္ပဲ ခင်ဗျားလက္နဲ႔ အသတ္ခံလိုက္ရတာလား။ ဉာဏ္ပညာအားျဖင့္လည္း ထက္ျမက္ၿပီး ၊ ေကာင္းကင္ဘံုက ခ်ီးျမႇင့္တဲ့ ဆုလာဘ္တစ္ခုလို ထူးခြၽန္လွတဲ့ပါရမီေတြ ပိုင္ဆိုင္ထားတဲ့ လူတစ္ေယာက္က မိစၧာလမ္းစဥ္လိုက္သြားရင္ေတာင္ သူ႔ရဲ့ နဂိုဗီဇ အေကာင္းဓာတ္ခံကို အမ်ားအားျဖင့္ ထိန္းခ်ဳပ္ထားႏိုင္ၪီးမွာပဲ။ သူကိုယ္တိုင္ကိုက အရမ္းကို နာက်င္ခံစားေနရလို႔ ၊ အျပစ္မဲ့လူသားေတြကို မွားၿပီးသတ္တာမ်ိဳး မုဖစ္ေစခ်င္ေတာ့လို႔၊ အသက္မရွင္ခ်င္ေတာ့လို႔သာ အေသခံသြားတာပဲ ျဖစ္ရမယ္။
တစ္ခ်ိန္တည္းမွာပဲ ခင္ဗ်ားက သူ႔ကို ေတာက္ေလ်ွာက္ လိုက္သတ္ေနခဲ့တာ။ ေနာက္ဆံုး သူေသခ်င္လာလို႔ သူ႔ကိုယ္သူ အဆံုးစီရင္လိုက္တာနဲ႔ တည့္တည့္တိုးသြားေရာ။ သူ႔ရဲ့ ႂကြင္းက်န္ခဲ့တဲ့ ရုပ္ခႏၶာမွာ ဒဏ္ရာေတြအမ်ားႀကီးရိွေနတယ္ဆိုေပမယ့္ ေသေလာက္တဲ့ဒဏ္ရာက ရင္ဘတ္ေပၚမွာပဲရိွေနတယ္၊ ၿပီးေတာ့ အဲ့ဒဏ္ရာက တစ္ျခားလူတစ္ေယာက္ကေန သတ္ျဖတ္ထားတဲ့ဒဏ္ရာမ်ိဳး မဟုတ္ဘူး"
"မင္းပါးစပ္ပိတ္ထားစမ္း!!!!! ငါ သတ္ခဲ့တာကြ၊ သူ႔ကို ငါ့လက္ေတြနဲ႔ ငါကိုယ္တိုင္ သတ္ခဲ့တာကြ!!!!!"
သြမ့္ပိုင္ယြဲ႔က ေအးစက္စြာသာ ရယ္ေမာလိုက္သည္။
"ခင္ဗ်ားက တစ္သက္လံုး လူသူအမ်ား ခ်ီးက်ူးေထာပနာျပဳၾကတဲ့ သိုင္းသမားတစ္ေယာက္ ျဖစ္ခ်င္ေနခဲ့တဲ့လူ။ ေနာက္ပိုင္း ကူပိုးေကာင္ထႂကြလာတိုင္း ခင္ဗ်ားရဲ့ရုပ္အဆင္းကပါ ပ်က္စီးလာတာမို႔ သာမန္အညတရဘဝမွာ လူမသ္သူမသိ ေနခဲ့ရတယ္။ ခ်ိဳးက်ီရဲ့ ေကာင္းသတင္းသာ စြဲၿမဲထင္က်န္ေနခဲ့ရင္ၿပီးေရာ၊ ခင္ဗ်ား ဘာမဆို ေပးဆပ္ရဲခဲ့တယ္။ ဒါေပမယ့္ ဒီအေၾကာင္းေတြကိုသာ သိုင္းေလာကႀကီးထဲ သြားျဖန္႔ျပလိုက္ရင္ ခင္ဗ်ား တည္ေဆာက္ခဲ့သမ်ွ ဂုဏ္သတင္းေတြေတာ့ တစ္စစီျဖစ္ကုန္ေတာ့မွာပဲ"
"မင္း ဘာေတြလုပ္မလို႔လဲ !!!!!!"
ခ်ိဳးက်ီက ရူးသြပ္စြာ ေအာ္ေျပာလာ၏။
"ကြၽန္ေတာ္တို႔တေတြ သေဘာတူညီခ်က္တစ္ခု လုပ္ၾကရေအာင္ပါ။ ခင္ဗ်ားသာ ကူညီမယ္ဆိုရင္ ေစာနကစကားေတြကို ပန္ဝမ္ လိုက္ျဖန္႔မွာမဟုတ္ဘူးလို႔ အာမခံပါတယ္ "
ခ်ိဳးက်ီကေတာ့ အၾကည့္မ်ားမွတစ္ဆင့္ သြမ့္ပိုင္ယြဲ႔အား ႏုတ္ႏုတ္စဥ္းပစ္ခ်င္ေနၿပီျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ဆက္ဆိုလာ၏။
"သိုင္းသမားခ်ိဳးက်ီဟာ ၿပိဳင္ဖက္ကင္း သိုင္းပညာရွင္တစ္ေယာက္၊ စိတ္သေဘာထား ပြင့္လင္းက်ယ္ေျပာတဲ့ သူရဲေကာင္းတစ္ေယာက္အေနနဲ႔ပဲ ဆက္ရိွသြားမွာလား။ ဒါမွမဟုတ္ စိတ္ထားေသးသိမ္တဲ့ ေအာက္တန္းစား လူတစ္ေယာက္၊ ကိုယ့္ရုပ္သြင္ကိုေတာင္ မေဖာ္ျပရဲေတာ့တဲ့ လူတစ္ေယာက္၊ ကူအဆိပ္ကိုအားကိုးၿပီး ကိုယ့္အသက္ကိုဆြဲဆန္႔ထားတဲ့ ေလာဘသားတစ္ေယာက္ဆိုၿပီး ျဖစ္သြားမလား။ လူအမ်ားအျမင္မွာ ခင္ဗ်ား ဘာဆက္ျဖစ္ခ်င္သလဲဆိုတာကို ဒီအခ်ိန္မွာ ခင္ဗ်ားစိတ္ႀကိဳက္ ေရြးလို႔ရေသးတယ္"
ခ်ိဳးက်ီက အားယူၿပီးထိုင္လိုက္သည္။မ်က္ဝန္းမ်ားကေတာ့ သြမ့္ပိုင္ယြဲ႔အား ေတာက္ေလ်ွာက္ စိုက္ၾကည့္ေနသည္။
"ျမန္ျမန္ေျပာ၊ ပန္ဝမ္က စိတ္ရွည္တဲ့လူမဟုတ္ဘူး"
သြမ့္ပိုင္ယြဲ႔က ဆက္ၿပီး သတိေပးလိုက္သည္။
"အခ်ိန္ဆြဲေလေလ စကားကိုျပန္ႏုတ္သိမ္းဖို႔ျမန္ေလပဲ။ ျမန္ျမန္ေလး ဆံုးျဖတ္ခ်က္ခ်လိုက္ရင္ ပိုေကာင္းမယ္"
အတန္ၾကာေတာ့မွ ခ်ိဳးက်ီက ဆိုလာ၏။
"မင္း ဘာသိခ်င္လို႔လဲ"
သြမ့္ပိုင္ယြဲ႔က ေက်နပ္စြာ ၿပံဳးလိုက္ကာ -
"ခင္ဗ်ား ဘယ္လိုလုပ္ၿပီး ခ်ူရိွန္႔နဲ႔ သိသြားတာလဲ"
"အရင္ႏွစ္ေတြတုန္းက ငါ ေခ်ာင္ယာကြၽန္းကို သြားခဲ့တယ္။ အဲ့ကြၽန္းသားေတြနဲ႔ သိပ္မဆိုးတဲ့ ဆက္ဆံေရးမ်ိဳး ရိွဖူးလို႔ပါ ။ ေနာက္ ၾကာလာေတာ့ ကြၽန္းေပၚမွာ ဝတ္ရံုနက္ေတြဝတ္ထားတဲ့ ပေယာဂဆရာေတြ ေရာက္ေရာက္လာတတ္တယ္၊ နန္ယန္ကြၽန္းစုတစ္ခုခုဆီကေန လာၾကတယ္လို႔ ေျပာတာပဲ"
"ဟုတ္ၿပီ၊ ဆက္ေျပာ"
"အဲ့ေနာက္ပိုင္း ငါလည္း အဲ့ဝတ္ရံုနက္ေတြေနာက္ လိုက္သြားၿပီး ေဖမ်ဲန္႔ကြၽန္းေပၚသြားခဲ့တယ္။ အဲ့မွာ ခ်ူရိွန္႔နဲ႔ ေတြ့ခဲ့ၿပီး သူ႔ရဲ့ဘက္ေတာ္သားျဖစ္လာခဲ့တာပဲ"
********
2020.10.16.
Thz for loving BaiYuan/ DuanChu.
T/n :
သူတို႔ႏွစ္ေယာက္ရဲ့အခ်စ္က တသြင္သြင္ စီးဆင္းေနတဲ့ စမ္းေခ်ာင္းေလးတစ္ခုလိုပဲ ။
ၿငိမ့္ၿငိမ့္ေလး စီးဆင္းေနတဲ့အခ်ိန္လည္း ရိွမယ္၊ မုန္တိုင္းထန္တဲ့အခ်ိန္မွာေတာ့ ေရအလ်ဥ္က ၾကမ္းတမ္းခ်င္ၾကမ္းတမ္းလိမ့္မယ္။ ဒါေပမယ့္ ဘယ္ေသာအခါမွ စီးဆင္းေနတာကို ရပ္တန္႔ပစ္လိုက္မွာ မဟုတ္ဘူး။
*******