[ကိုယ်နဲ့ ခပ်ဝေးဝေး နေစမ်းပါ]
ရေထဲပြုတ်ကျသွားခဲ့သော်လည်း ကျင်နျဲန်မှာ သိုင်းအတော်အသင့် လေ့ကျင့်ဖူးသည်မို့ အားနည်းဖျော့တော့နေသည့်အထဲတော့ မပါ။ ထို့ကြောင့် နန်မော်ယဲ့နှင့် သွမ့်ပိုင်ယွဲ့တို့ရောက်လာတော့ သူမမှာ အိပ်ယာမှထပြီး၊ အခန်းကိုပါ သန့်ရှင်းရေးလုပ်ပြီးနေပြီဖြစ်ကာ အားလုံးအတွက် မနက်စာပြင်ဆင်ချက်ပြုတ်ပေးနေ၏။
"ထိုင်ပါဦး"
နန်မော်ယဲ့က ဆိုလိုက်သည်။
"အပြင်မှာ စားသောက်ဆိုင်တွေ ဒီလောက်ပေါနေတာ၊ မင်းမရှိရင် ငါတို့ယောက်ျားသားတွေ ငတ်သေကုန်တော့မလိုဖြစ်သွားမှာကျနေတာပဲ။ အရမ်း မစိုးရိမ်စမ်းပါနဲ့"
"နေလို့မကောင်းရင် အခန်းထဲပြန်အိပ်နေလိုက်ပါ ကျင်နျဲန် ၊ ပင်လယ်ရေက အရိုးခိုက်လောက်အောင် ချမ်းစိမ့်နေခဲ့တာလေ"
"ဟုတ်ကဲ့ပါ ဝမ်ရယ်၊ ကျွန်မ တကယ် ဘာမှမဖြစ်တော့ပါဘူး"
သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်ပြလိုက်ကာ ဆက်ဆို၏။
"မနေ့ညအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
"ဟင့်အင်း၊ ဝမ်ရယ်ကသာ ကျွန်မ ရေထဲကျသွားတာကို လိုက်ကူပေးခဲ့တာလေ ။ ကျွန်မဘက်ကပဲ ကျေးဇူးတင်ရမှာပါ"
သွမ့်ပိုင်ယွဲ့ ပြုံးလိုက်ကာ -
"မင်း တမင် ရေထဲခုန်ချတာလားဆိုတာကို တပ်အပ်သေချာမပြောနိုင်ပေမယ့် သတိမေ့ချင်ယောင်ဆောင်မှန်းတော့ ပန်ဝမ်သိပါတယ်။ မင်း သတိမေ့သွားလို့လည်း သင်္ဘောကို လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့ရတာလေ"
"အရှင်မင်းမြတ်ကို ထွက်သွားစေချင်တဲ့ဆန္ဒ ဝမ်ရယ့်မှာ မရှိလောက်ဘူးလို့ ထင်မိလို့ပါ"
သွမ့်ပိုင်ယွဲ့က ကျောက်သားထိုင်ခုံထက် ထိုင်လိုက်ကာ ဆက်မေးလာ၏။
"တိမ်သလ္လာကန္တာတောင်ထွဋ်အကြောင်း မင်းသိတယ်ဆို"
ကျင်နျဲန်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့၊ အဲ့ဒါက ကျွန်းတစ်ခုရဲ့ နာမည်ပါ ။ အဲ့ကျွန်းပေါ်မှာ မည်းနက်နေတဲ့ ကျောက်ဆောင်အကြီးကြီးတွေပဲရှိပါတယ်၊သစ်ပင်ကြီးငယ်တွေလည်း မဖွံ့ဖြိုးပါဘူး၊ ပြီးတော့ ငလျင်လည်း မကြာခဏလှုပ်တတ်သေးတယ်။ နေဝင်သွားတဲ့အချိန်ကျ ဆည်းဆာရဲ့ အနီရောင်တိမ်တိုက်တွေက ရေပြင်ပေါ်မှာထင်ဟပ်နေပြီး မီးတောက်မီးလျှံတွေလို နီရဲနေတတ်ပါတယ်။ ညနေခင်းဘက် တောင်ပေါ်ကနေ ရပ်ကြည့်ရင် တိမ်လွှာတွေပေါ် ခိုစီးနေရသလိုပဲတဲ့"
"ဒါကြောင့်လည်း တိမ်သလ္လာကန္တာဆိုတဲ့နာမည် ရလာတာကိုး။ အဲ့ကျွန်းက ဘယ်နားမှာရှိသတဲ့လဲ"
"ကျွန်တော်မျိုးမလည်း နေရာအတိအကျမသိရကြောင်းပါ ဝမ်ရယ်။ ကျွန်မသိသလောက်ကတော့ ခုနစ်လရှစ်လပိုင်းအချိန်မှာ တိမ်သလ္လာကန္တာတောင်ထွဋ်ကနေ လေလှိုင်းနဲ့အတူ အလိုက်သင့်ရွက်လွှင့်သွားရင် ဆယ်ရက်တင်းတင်းပြည့်တာနဲ့ လျူလီကျိုးကို ရောက်တယ်။ လုံးဝကို အယုတ်အလျော့မရှိ ဆယ်ရက်တိတိပါတဲ့ ။ ဒါပေမယ့် ဆယ်လပိုင်း၊ ဆယ့်တစ်လပိုင်းအချိန်ဆိုရင်တော့ လေမုန်တိုင်းအရမ်းကြမ်းတတ်တာမို့ ရေကြောင်းခရီးသွားဖို့ အဆင်မပြေကြောင်းပါ။ အရည်အသွေးအကောင်းဆုံး သံနက်သင်္ဘောကြီးနဲ့ သွားမယ်ဆိုရင်တောင် လေမုန်တိုင်းဒဏ်ကို မကျော်လွှားနိုင်ကြောင်းပါ ဝမ်ရယ်"
"ကျေးဇူးအများကြီးတင်ပါတယ်"
"ဒီစကားတွေက သူတို့ဆွေးနွေးနေတုန်း ကျွန်တော်မျိုးမ လက်ဖက်ရည်သွားချပေးရင်းနဲ့ နားစွန်နားဖျားကြားလာခဲ့တာပါ။ အဲ့နေ့က တခြားလူတစ်ယောက်နဲ့ ချူရှိန့်တို့စကားပြောနေခဲ့ပါတယ်။ တိမ်သလ္လာကန္တာတောင်ထွဋ်ကို အရောက်သွားဖို့ဆို ဘယ်အချိန်လောက်သွားမှ အဆင်ပြေမှာလဲ၊ လမ်းခုလတ်မှာရော အရောင်းအဝယ်တွေ လုပ်လို့ရမလား၊ လျူလီကျိုးရဲ့ နာမည်ကြီးထွက်ကုန်က ဖန်ထည်ပစ္စည်းဖြစ်တယ်ဆိုတဲ့အကြောင်းတွေ ပြောနေကြတာပါ။ ဒါပေမယ့် အဲ့ဒီညှိနှိုင်းမှုက မအောင်မြင်လိုက်ဘူးထင်တယ်၊ အဲ့နောက်ပိုင်း သူ့နှုတ်ဖျားဆီက လျူလီကျိုးအကြောင်းပြောတာမျိုး မကြားရတော့ပါဘူး"
"တိမ်သလ္လာကန္တာတောင်ထွဋ်ကနေ လျူလီကျိုးကိုသွားဖို့ ခုနစ်လရှစ်လပိုင်းဆို ဆယ်ရက်ကြာမယ်၊ ဆယ်လဆယ့်တစ်လဆိုရင်တော့ ဘယ်ကိုမှသွားလို့မရတော့ဘူးဟုတ်လား။ ဒီအချက်နဲ့တင် တိမ်သလ္လာကန္တာတောင်ထွဋ်ရဲ့တည်နေရာကို အကြမ်းဖျင်းရှာနိုင်လောက်ပါတယ်။ အစ်ကိုစစ်ကုန်းက လျူလီကျွန်းနဲ့ ကုန်သွယ်ရေးလုပ်နေကျဆိုတော့ သူ့ကို အဲ့ကျွန်းဘက် အရင်သွားစုံစမ်းခိုင်းလို့ဖြစ်တယ်"
"ဝမ်ရယ် အဲ့တောင်ထွဋ်ကိုသွားမလို့လားရှင့်"
"အင်း၊ ပစ္စည်းတစ်ခု သွားရှာမလို့"
ကျင်နျဲန်က သတိပေးလာ၏။
"အဲ့ကျွန်းမှာ နေထိုင်တဲ့လူ မရှိပေမယ့်၊ စောင့်ကြည့်နေမယ့် စစ်တပ်အင်အား မရှိလောက်ဘူးဆိုပေမယ့် အရာရာကို သတိကြီးကြီးထားတတ်တဲ့ ချူရှိန့်ရဲ့စရိုက်အရ အဲ့ကျွန်းပေါ် အဖိုးတန်တဲ့ပစ္စည်းရိှရိုးမှန်ရင် တခြားသူစိမ်းတွေကို ကျွန်းပေါ်တက်လာခွင့်ပြုမှာမဟုတ်ပါဘူးရှင်။ အနည်းဆုံးတော့ လျှို့ဝှက်ယန္တရားတွေ မြှုပ်ပြီး တပ်ဆင်ထားတာတွေ ရှိနိုင်ပါတယ်"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ -
"ဒီကိစ္စကို ပန်ဝမ် ကောင်းကောင်းနားလည်ပြီးသားပါ။ ဘာပဲပြောပြော၊ ဒီတစ်ခေါက်တော့ မယ်မင်းကို အတော်ကျေးဇူးတင်ပါတယ်။ အဲ့တောင်ထွဋ်ကို တိုက်ခိုက်ရတော့မယ့်နေ့ကျ မယ်မင်းဆီက ထပ်ပြီး အကြံဉာဏ်လာတောင်းရဦးမယ်တူပါရဲ့"
ကျင်နျဲန်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ ၊ ဝမ်ရယ်"
******
စျေးထဲမှာတော့ ချူယွမ်နှင့် သွမ့်ယောင်တို့နှစ်ယောက်သား ခေါက်ဆွဲပြုတ် တစ်ယောက်တစ်ပန်းကန်စီ စားနေကြသည်။
ချူယွမ်ခမျာ တစ်ဇွန်းမျှ မြည်းကြည့်အပြီး ချက်ချင်း အဖျားတက်ချင်သွား၏။
သို့သော် အဘယ်ကြောင့်များ သူကိုယ်တိုင်ကရော ဒီလိုပစ္စည်းမျိုးကို ဆက်လက်သည်းခံပြီး သောက်ဖြစ်နေသနည်း။
"ရှီးနန်စံအိမ်ရဲ့စားဖိုမှူးဒေါ်ဒေါ်က ဒီထက်လက်ရာပိုကောင်းပါတယ်"
နောင်တော်က ထူးထူးဆန်းဆန်းအရသာတွေ ကြိုက်တတ်လို့ မဟုတ်ဘူးနော်။
သွမ့်ယောင်က ရှင်လင်းပြောပြထားလိုက်သည်။ ခဏကြာတော့မှ ထပ်မံဖြည့်စွက်ပြီး ဆက်ဆိုလာ၏။
"ပြီးတော့ ဗောဓိစိတ္တသိုင်းကို ကျင့်ကြံပြီးသွားကတည်းက နောင်တော်ခမျာ ဘာအရသာကိုမှ မခံစားနိုင်တော့ဘူး"
ချူယွမ်က အင်းတစ်လုံးတည်းသာ ပြောပြီးနောက် ဘာမှ ဆက်မပြော။
"ပြန်ရအောင်ပါ။ ကျွန်တော်ပြောပါတယ်၊ မိုးရွာမှာပါလို့"
မိုးကောင်းကင်ထက်ဝယ်တွင် မိုးခြိမ်းသံများမြည်ဟီးလာ၏။ မည်းနက်သောတိမ်တိုက်များက တဖြည်းဖြည်းကြီးစိုးအုံ့ဆိုင်းလာကာ လမ်းဘေးက စျေးဆိုင်များလည်း မိမိတို့၏ ပစ္စည်းပစ္စယများကို သိမ်းဆည်းနေကြပြီဖြစ်သည်။ ထို့ကြောင့် ချူယွမ်လည်း သွမ့်ယောင်နှင့်အတူ အိမ်ငယ်လေးရှိရာဘက်သို့ပြန်လာခဲ့သည်။
*****
နန်မော်ယဲ့ကတော့ အိမ်အမိုး တံစက်မြိတ်နားတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
"ရှစ်ဖူးရေ၊ ရှစ်ဖူး...."
သွမ့်ယောင် သူ့ကို လှုပ်နှိုးလိုက်သည်။
"ဘာလို့ ကြမ်းပေါ်အိပ်နေတာတုန်း၊ ထထ "
သိက္ခာလေးဘာလေး ထိန်းဖို့ မတွေးတော့ဘူးလားဟမ်။
နန်မော်ယဲ့က ဝါးခနဲ သမ်းလိုက်ကာ -
"နန်ဟိုင်ပင်လယ်ရဲ့မြေပုံကို အကြာကြီးလေ့နေတာလေကွာ၊ ဒါပေမယ့် ကြည့်ရင်းကြည့်ရင်းနဲ့ အိပ်ငိုက်လာလို့"
"နန်ဟိုင်ပင်လယ်ရဲ့မြေပုံလား။ ဘာကိစ္စရှိလို့ မြေပုံထိုင်ကြည့်နေတာလဲ"
သွမ့်ယောင်၏ အမေးစကားကြောင့် နန်မော်ယဲ့က တဟင်းဟင်းရယ်လိုက်ကာ -
"တိမ်သလ္လာကန္တာတောင်ထွဋ်နဲ့သက်ဆိုင်နေလို့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ကျင်နျဲန်က အဲ့နေရာအကြောင်း သိနေတာလေ"
"ဟုတ်လား?"
အံ့ဩမှုနှင့်အတူ ချူယွမ်မျက်ဝန်းများ ဖျတ်ခနဲ မြူးတူးရွှင်ပျသွား၏။
"ဟုတ်မှန်ကြောင်းပါဘုရား၊ ဒီတစ်ခေါက်တော့ ကံကောင်းထောက်မရင် ထျဲန်းချန်ရှားအစစ်ကို တကယ်ရှာတွေ့နိုင်မှာပါ"
အရင်မတိုင်ခင်က ထျဲန်းချန်ရှားဟူသော စကားလုံးသုံးလုံးကို နန်မော်ယဲ့ လုံးဝထုတ်မပြောရဲခဲ့။ ပြောပြလေ မျှော်လင့်ရလေ၊ မျှော်လင့်ရလေ စိတ်အားပျက်ရလေမို့။ ယခုကျတော့ သက်သေအထောက်အထားများ၊ သဲလွန်စများက တစ်ခုပြီးတစ်ခု အချိတ်အဆက်မိကာ ရုပ်လုံးပေါ်လာ၍သာ ထုတ်ပြောရဲခြင်းဖြစ်သည်။ ကောင်းကင်ဘုံက မနေနိုင်တော့ဘဲ လက်ကမ်းကာ ကူညီစောင်မပေးသည့်အလား ထင်မှတ်မှားရသည်။
ဗောဓိစိတ္တသိုင်းကို ကျင့်ကြံပြီးပြီဖြစ်သော်လည်း ထိုကျင့်စဥ်က ပိုးကောင်များကို အေးခဲစေရုံမျှသာဖြစ်ပြီး အသွေးအသားများကို ဆက်လက်စားသောက်ခြင်းမပြုရန် ထိန်းချုပ်ထားခြင်းသာ ၊ အသက်မသေရုံတမည်သာ ထိန်းထားခြင်းဖြစ်သည်။ သို့သော် အေးခဲကာ သေဆုံးပြီးနေပြီဖြစ်သော ထို ပိုးကောင်၏ရုပ်ကြွင်းများက နှလုံးအိမ်ကို တမြည့်မြည့် ဒုက္ခပေးနေဆဲပင်။ ဖြေဆေးအစစ်ဖြစ်သော ထျဲန်းချန်ရှားရလာမှသာ ကူပိုးကောင်များကို အပြင်ဘက်ထိ အကုန်အစင် ဆွဲထုတ်လာနိုင်မည်ဖြစ်သည်။ နောက်ပိုင်းကျမှ ခန္ဓာကိုယ်ထဲရှိ လက်ကျန်အဆိပ်များကို သန့်စင်ပစ်လိုက်လို့ရသည်။ ထို့နောက် နှစ်တစ်ဝက်တန်သည်၊ တစ်နှစ်တန်သည် အတွင်းအားပြန်လည်တည်ဆောက်လိုက်သည်နှင့် နဂိုမူလရုပ်သွင်ကိုပြန်လည်ရရှိကာ၊ ထို့နောက်မှာတော့ -
******
"အဲ့နောက်မှာတော့ မင်းက ဧကရီမိဖုရားခေါင်ကြီးတို့ ၊ မယ်မယ်ဘုရားကြီးတို့ ဖြစ်သွားမှာပေါ့နော်"
စာကြည့်ခန်းထဲတွင် စစ်ကုန်းလွီ့က သွမ့်ပိုင်ယွဲ့ပခုံးကိုဖက်ထားကာ အားပါးတရ ပြောလာ၏။ ရင်ထဲတွင် ပီတိလှိုင်းများ ရိုက်ခတ်နေပြီး မျက်ရည်များပင် အိုင်ထွန်းနေလို့၊ တကယ်ကိုပင် ဝမ်းသာပီတိဖြစ်ရပါပေသည်။
ရှီးနန်ဝမ် - "....."
"တကယ် ထင်မထားဘူးကွာ"
စစ်ကုန်းလွီ့က အတော်ပင် သည်းသည်းလှုပ်နေကာ ဆက်ဆိုလာ၏။
"အခု ထျဲန်းချန်ရှားလည်း ရှိလာပြီဆိုတော့ အရှင်မင်းမြတ်ကို မင်း ဆက်ပြီးရှောင်နေမယ်ဆိုရင် ငါ ဘာပြောရမလဲတောင် မသိတော့ဘူး"
"ရှာလို့တောင် မတွေ့သေးတဲ့ဟာကို"
"အာ......ဟေ့ကောင်၊ စပါးကနေ ထမင်းဖြစ်တော့မှ မင်း ထုတ်ရောင်းမလို့လား"
စစ်ကုန်းလွီ့ ခေါင်းကိုက်လာချေပြီ။သွမ့်ပိုင်ယွဲ့က သက်ပြင်းချလိုက်ကာ -
"ငါပြောမယ့်စကားတွေက စော်ကားရာကျတယ်ဆိုပေမယ့် မေးပါရစေဦး။ ဦးလေးစစ်ကုန်းက ဘာလို့များ မင်းအတွက် ဆရာသမား ကောင်းကောင်းကန်းကန်းလေး တစ်ယောက်လောက်တောင် ရှာမပေးနိုင်ခဲ့တာလဲဆိုတာ ငါ အံ့ဩမိတယ် ။ ရှာမတွေ့ရင်လည်း တခြားဂိုဏ်းဆီမှာ ပညာသင်ခိုင်းပလေ့စေပေါ့ ။ အခုကျတော့များ ဆိုရိုးစကားပုံတွေ၊ ဥပမာဥပမေယျတွေတောင် မသုံးတတ်ရှာဘူး။ ငါ့နှယ်...."
"အေး၊ ငါသုံးလိုက်တဲ့ ဥပမာက ဘာဖြစ်နေလို့လဲကွ။ ငါသာဆိုရင် အဲ့စပါးတွေ လယ်ကွင်းထဲမှာ ရှိကတည်းက ဆန်ဝယ်မယ့်ဒိုင်ဆီ သွားပြီး စကားကမ်းလှမ်းပြီးသားဖြစ်နေပြီ၊ ပြီးရင် စရန်ငွေတွေနဲ့ အေးအေးဆေးဆေး သာယာနေပြီ။ ဒါမှ "အာ၊ ငါ မရောင်းလိုက်ရလေခြင်း"လို့ နောင်တမရမှာ"
"လျူလီကျိုးရဲ့ဘေးနားတစ်ဝိုက်မှာ စစ်တပ်အင်အား ဖွက်ထားလို့ရတဲ့ ကျွန်းမျိုးရှိလား"
"ဘယ်နှယ့် လျူလီကျိုးကိစ္စ ရောက်သွားတာလဲ၊ ဒီမှာ မင်းနဲ့ငါ စပါးနဲ့ထမင်းကိစ္စတောင် သဲသဲကွဲကွဲ မရှင်းရသေးဘူးလေ။ ငါပြောမယ်.....ဒီတစ်ခါတော့ ငါ့စကား နားထောင်စမ်းပါ"
စစ်ကုန်းလွီ ့က သွမ့်ပိုင်ယွဲ့၏ လက်မောင်းကို လှမ်းချိတ်ထားလိုက်ကာ ရင်းနှီးစွာ ဆိုလာ၏။
"နားထောင်၊ မင်းသာ အနောက်နန်းဆောင်ရဲ့ ထိပ်ခေါင် ဧကရီမိဖုရားကြီးဖြစ်လာတဲ့နေ့ကျရင် - "
သွမ့်ပိုင်ယွဲ့က သူ့ဘဝတံခါးအား ဘုန်းခနဲ ရိုက်ပစ်လိုက်သည်။
( Note : ကျောပြင်ကို ရိုက်လိုက်တာပါပဲ၊ ကျောပြင်မှာမှ ကျောက်ကပ်နှစ်ခုကြားနေရာကို ပြောတာပါ။ လူတစ်ယောက် မွေးမလာခင် အသက်ဓာတ်အမြုတေ သိမ်းဆည်းကိန်းဝပ်တဲ့နေရာလို့ ယူဆကြပါတယ်တဲ့)
သို့သော် စစ်ကုန်းလွီ့က အချိန်မီရှောင်တိမ်းနိုင်လို်က်ကာ သွမ့်ပိုင်ယွဲ့အား ပြန်ပြီး ခြေထောက်ဖြင့်ကန်လိုက်၏။
သူတို့နှစ်ယောက်မှာ ကလေးဘဝကတည်းက ယခုလိုမျိုး သတ်ပုတ်နေကျဖြစ်ကာ ပုံမှန်ဆိုလျှင် သွမ့်ပိုင်ယွဲ့ဘက်က အနောက်သို့ခြေသုံးလှမ်းဆုတ်ပြီး ရှောင်တိမ်းတော့မည်ဖြစ်သည်။ သို့သော် ကံဆိုးချင်တော့ ချူယွမ်က တံခါးဖွင့်ပြီးဝင်လာချိန်နှင့် တည့်တည့်တိုး၏။
စစ်ကုန်းလံွီ့နှလုံးသားကြီးမှာ ဘုတ်ခနဲပြုတ်ကျသွားသလို ဖြစ်သွားသည်။ ထို့နောက်တည်ကြည်စွာ မတ်တပ်ရပ်နေလိုက်သည်။
ချူယွမ်နောက်မှ သွမ့်ယောင်က မေးလာ၏။
"နောင်တော်တို့နှစ်ယောက် ရန်ဖြစ်ကြပြန်ပြီလား"
"ဘယ်ကလာ....."
စစ်ကုန်းလွီ့က ချက်ချင်းငြင်းလိုက်သည်။
"အစ်ကိုသွမ့်က စိတ်ညစ်နေတယ်ဆိုလို့ သူအပျင်းပြေအောင် ငါက သိုင်းကွက်လေးတွေကပြပြီး ဖျော်ဖြေပေးနေတာ၊ ဟဲဟဲ"
ဒီလောက်ထိ အပင်ပန်းခံထား၊ သစ္စာစောင့်သိထားတာဆိုတော့......အရှင်မင်းမြတ်ဆီက ဆုတော်လာဘ်တော်လေး ရွှေငွေရတနာလေး ရသင့်နေပါပြီ။
သွမ့်ယောင် ချက်ချင်းပင် စိတ်ညစ်သွားသည်။
"တိမ်သလ္လာကန္တာတောင်ထွဋ်က ဘယ်နားမှာရှိသလဲ"
ချူယွမ်က လိုရင်းကိုသာ ချက်ချင်းမေးလာ၏။
သွမ့်ပိုင်ယွဲ့က စားပွဲပေါ်တင်ထားသော တုန်းဟိုင်ပင်လဟ်၏ မြေပုံလိပ်ကို လှမ်းယူရန် လက်လှမ်းလိုက်ရုံသာရှိသေး ၊ စစ်ကုန်းလွီ့က လက်ဦးသွားကာ မြေပုံလိပ်ကို ချူယွမ်ကထံ လက်နှစ်ဖက်ဖြင့် တရိုတသေ ဆက်သလိုက်သည်။
သွမ့်ပိုင်ယွဲ့ - "..... "
ချူယွမ်က မြေပုံလိပ်ကို စားပွဲပေါ်ဖြန့်လိုက်သည်။ထို့နောက် အဖြူရောင်ဖြင့် ဝိုင်းထားသော နေရာကို လက်ဖြင့်ထောက်ပြလိုက်ရင်း -
"ဒီနေရာလား"
"အင်း၊ ဟုတ်တယ်"
သွမ့်ပိုင်ယွဲ့ခေါင်းညိတ်ပြလိုက်သည်။ ဘေးနားက ချစ်ရသူအား သွမ့်ပိုင်ယွဲ့တစ်ယောက် ငေးမကြည့်ဘဲမနေနိုင်။ သို့သော် ချူယွမ်ကတော့ မြေပုံထံမှ အကြည့်တစ်ချက်မလွှဲ။ မျက်တောင်လေးများက ရှည်လျားကော့ညွှတ်နေကာ မျက်ဝန်းများကလည်း ရွှန်းလဲ့တောက်ပနေမြဲပင်။
စစ်ကုန်းလွီ့က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည် ။ ထို့နောက် နှစ်လှမ်း ၊ သုံးလှမ်း။ သို့နှင့် အပြင်ဘက်သို့ စွေ့ခနဲ ရောက်သွား၏။
နန်မော်ယဲ့လည်း တပည့်ငယ်လေးကို အခန်းထဲမှ ချက်ချင်းဆွဲထုတ်လာလိုက်သည်။
"ဟေး၊ ဘာမပြောညာမပြောနဲ့ ဒီတိုင်းထွက်လာတာ ကောင်းပါ့မလား"
"မင်း ဘာပြောချင်သေးလို့လဲ၊ အဲ့မှာ ဆက်ရပ်နေခါမှ ဘာကိစ္စရှိလို့ ရပ်နေမှန်း အကြောင်းပြချက်ပေးရမှာ။ ကဲ....သွားစို့"
နန်မော်ယဲ့က ထိုနှစ်ယောက်အတွက် တံခါးပိတ်ပေးလို်ကရင်း ပြောလာ၏။
"ဟုတ်သားပဲနော်"
သွမ့်ယောင် ခုမှ နားလည်သွားတော့သည်။
******
အခန်းထဲရှိ လူနှစ်ယောက်ကလည်း ထိုစကားသံများကို အတိုင်းသားကြားနေရသည်။ သွမ့်ပိုင်ယွဲ့ခမျာ ရယ်ရခက်ငိုရခက်။
"သေချာရဲ့လား"
ချူယွမ်မေးလာခြင်းဖြစ်သည်။
"ဟင်၊ ဘာကိုတုန်း"
"တိမ်သလ္လာတောင်ထွဋ်ရဲ့တည်နေရာ၊ ထျဲန်းချန်ရှားရှိမယ့်နေရာ"
"အင်း၊ ကျင်နျဲန်ပြောတဲ့သဲလွန်စအရ အဲ့နေရာပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် တကယ်ဟုတ်မဟုတ်ဆိုတာကို စစ်ကုန်းလွီ့သွားပြီးစုံစမ်းပြီးခါမှ အတည်ယူလို့ရလိမ့်မယ်။ သူက လျူလီကျိုးကျွန်းနဲ့ အဆက်အသွယ်ရှိပြီးသားဆိုတော့ သတင်းမေးဖို့ သိပ်မခက်ပါဘူး"
"မင်းရဲ့တပ်သားတွေရော ဘယ်မှာလဲ"
သွမ့်ပိုင်ယွဲ့က မြေပုံပေါ်က တစ်နေရာကို လှမ်းထောက်ပြလိုက်သည်။ ချူယွမ် ဆက်မေးလာ၏။
"ဒီမှာလား၊ အရေအတွက်ကရော"
"ငါးထောင်"
ချူယွမ်မျက်နှာမဲ့သွားသည်။
"လောက်ရဲ့လား"
"ချူရှိန့်နဲ့ တိုက်ခိုက်ဖို့တော့ မလောက်ဘူး၊ ဟိုကျွန်းက လူတွေနဲ့ရင်ဆိုင်ဖို့တော့ လောက်တယ်။ ဒီတပ်သားတွေက အသေခံစစ်သားတွေချည်းပဲ၊ သိုင္းပညာအဆင့်လည်း မြင့်ကြတယ်၊ အဆိပ်သုံးတဲ့နေရာမှာလည်း ကျွမ်းကျင်ကြတယ်"
"ငါ ဒီကိစ္စကို လုံးဝ အမှားအယွင်း အဖြစ်မခံနိုင်ဘူး၊ တာ့ချူရဲ့ ရေတပ်အင်အားကို သုံးစရာမလိုဘူးဆိုတာ မင်း သေချာလား"
"ကိုယ်လည်း ဘာအမှားအယွင်းမှ ဖြစ်မလာစေချင်ပါဘူး ၊ စိတ်မပူပါနဲ့"
"အစီအစဥ်ကရော - "
" အခု စီစဥ်ထားသလောက်ကတော့ ယောင်အာကို ရှီးနန်တပ်ဖွဲ့ဆီ သွားခိုင်းမယ်၊ ကိုယ်တွေရှိရာဆီ တပ်ဖွဲ့ကိုတစ်ပါတည်း ခေါ်လာခိုင်းမယ်။ အစ်ကိုစစ်ကုန်းကလည်း ဒီအတောအတွင်း လျူလီကျိုးကိုသွားမှာ၊ တကယ်လို့များ အရာအားလုံးက အဆင်ပြေသွားရင် နောက်နှစ်လလောက်ပြီးတာနဲ့ တိမ်သလ္လာကန္တာတောင်ထွဋ်ပေါ်တက်ပြီး ထျဲန်းချန်ရှား..... ကို သွားယူမယ် "
ထျဲန်းချန်ရှားဟူသော အမည်နာမအရောက်တွင် သွမ့်ပိုင်ယွဲ့လေသံများ တိုးလျဖျော့တော့သွားသည်။
"ကောင်းပြီလေ"
ချူယွမ်က ထိုသို့သာ ဆို၏။
သွမ့်ပို်င်ယွဲ့ကတော့ ချူယွမ်အား တောက်လျှောက် ငေးကြည့်နေခဲ့သည်။
ချူယွမ် ပြန်ရပ်လိုက်သည်။ တစ်ဖက်လူကို လုံးဝ လှည့်မကြည့်။
"အစီအစဥ်တွေ အကုန်ဆွဲပြီးသားဆိုတော့လည်း ကိုယ်တော် ပြန်ပါတော့မယ်"
"မိုးရွာနေတယ်လေ"
"မိုးရွာရုံပဲဟာ"
သွမ့်ပိုင်ယွွဲ့နှုတ်ခမ်းလွှာများ တုန်ယင်သွား၏။ ထို့နောက်တွင်မှ -
"ကောင်းကောင်းအနားယူဦးနော်"
ချူယွမ် ပြုံးလိုက်ကာ အပြင်ဘက်သို့ ပြန်ထွက်သွားသည်။
*****
သွမ့်ယောင်က မျက်နှာပေါ်စိုရွှဲစီးကျနေသော မိုးရေများကို သုတ်ပစ်လိုက်ပြီး မိမိနှင့်အတူတူ ကြွက်စုတ်ရေနစ်ဖြစ်နေသော ဆရာဖြစ်သူနှင့် အစ်ကိုစစ်ကုန်းတို့ဘက် စောင်းငဲ့ကြည့်လာ၏။
"အစ်ကိုသွမ့်က အဆင်ပြေပါ့မလား"
စစ်ကုန်းလွီ့ခမျာ သွမ့်ပိုင်ယွဲ့ကို တကယ်နားမလည်တော့။ မိုးသက်မုန်တိုင်း ဒီလောက်ထိ ဆိုးရွားပြင်းထန်နေသည်တောင် မိမိချစ်ရသောသူကို တစ်ယောက်တည်း ပြန်ခိုင်းမလို့တဲ့လား။
အားလားလား၊ ဝတ္ထုတွေထဲမှာသာ ယခုလိုဇာတ်ဝင်ခန်းမျိုးရေးသားထားလျှင် စာအုပ်ရောင်းသောဆိုင်မှာ ရှိစုမဲ့စုအရင်းပါပြုတ်ရုံမက ဝတ်ထားသောဘောင်းဘီကိုပါ ပေါင်နှံရောင်းချရသည့်အထိ ခြွတ်ခြုံကျသွားမည်ဖြစ်သည်။
နန်မော်ယဲ့လည်း တပည့်အငယ်လေးနှင့် ပုံစံတစ်ထေရာတည်း ထပ်တူကျစွာ လက်ဖြင့်မေးကိုထောက်ကာ ခေါင်မိုးပေါ်တွင် ငုတ်တုတ်ထိုင်နေသည်။
အဲ့လိုမှန်းသိရင် တစ်ရေးတစ်မောလောက်ပြန်အိပ်လိုက်ပါတယ်ကွာ၊ တောက်။
******
နောက်နှစ်ရက်ကြာတော့ သွမ့်ယောင်က သင်္ဘော တစ်စင်းနှင့်အတူ လီကျင့်ကျွန်းမှ ထွက်ခွာသွား၏။ နေ့မနားညမနား ခရီးဆက်ကာ စစ်တပ်အင်အားရွှေ့ပြောင်းဖို့ ကြိုးစားနေသည်။
စစ်ကုန်းလွီ့ဘက်ကလည်း လျူလီကျိုးကျွန်းနှင့် အရောင်းအဝယ်အဖောက်အကားရှိကြောင်း အကြောင်းပြပြီး ကုန်တင်သင်္ဘောကြီးပေါ် လိုက်ပါထွက်ခွာသွား၏။ အဝတ်လျှော်သစ်သားပြားများကိုမူ ယူမလာခဲ့ပါ၊ အိမ်ငယ်လေးတွင် အကုန်ထားပစ်ခဲ့၏။ အရေးအကြောင်းရှိလျှင် အဆင်သင့်အသုံးပြုနိုင်ရန်ဖြစ်သည်။
*****
ချူယွမ်က ပင်လယ်ကမ်းစပ်နား သွားသွားနေတတ်လေ့ရှိသည်။ ဘာမှသိပ်မလုပ်ဖြစ်ဘဲ အားလပ်နေကာ ပျံသန်းရွေ့လျားသော တိမ်အစုအဖွဲ့များကို လိုက်လံငေးကြည့်နေတတ်သည်။
သွမ့်ပိုင်ယွဲ့လည်း ချစ်သူထံ သွားကာ ပြန်လိုက်ခေါ်ရမည်လား၊ သို့တည်းမဟုတ် မည်သို့မည်ပုံလုပ်ရပါအံ့နည်းဟု ဆက်မတွေးတတ်တော့ ။ ချူယွမ်သွားရာနောက် အမြဲလိုက်နေသော်လည်း အဝေးမှသာရပ်နေကာ ဒီအတိုင်း စောင့်ကြည့်နေတတ်သည်။ ချစ်ရသောသူသာ ထိုနေရာမှာ တစ်နေကုန် တစ်နေခမ်း ထိုင်နေလျှင် သူလည်း မလှမ်းမကမ်းတစ်နေရာတွင် တစ်နေကုန် ရပ်နေခြင်းဖြင့် ကုန်ဆုံးစေမည်ဖြစ်၏။ နေဝင်မိုးချုပ်ကာ သူရိန်နေမင်းက ပင်လယ်ပြင်ထက် မေးတင်အိပ်စက်သွားသည့်အချိန်ထိ အချိန်ကို ထိုပုံစံဖြင့်သာ ကုန်လွန်စေခဲ့၏။
ဧကရာဇ်နှင့် အတူ လိုက်ပါလာသော အပါးတော်မြဲ သက်တော်စောင့်များကလည်း အရိပ်အကဲအချို့ကို စတင်သဘောပေါက်လာကြသဖြင့် ချူယွမ်ကို ထူးထူးခြားခြား လျှောက်တင်ပြခြင်း မရှိတော့။
ကျွန်းပေါ်က နေ့စဥ်ဘဝမှာ အတော်ရိုးရှင်းလွယ်ကူလေရာ နေ့ညများမှာ လျင်မြန်စွာဖြတ်သန်းကုန်ဆုံးသွားသည်ဟု ခံစားလိုက်ရသယောင်ပင်။
******
ရှင်းကျိုးကျွန်းသို့ ဝင်ထွက်သွားလာနေသော လှေသင်္ဘောကြီးများမှာ ခါတိုင်းလိုပင် စည်ကားသိုက်မြိုက်နေမြဲ ။ ချူယွမ်က အဝေးမှ လှမ်းမြင်နေရသော သင်္ဘောပေါ်ရှိ သစ်လုံးကြီးများနှင့် တိရစ္ဆာန်အစုအဖွဲ့များကို ဘာမှ အရေးမထားသလို အေးအေးဆေးဆေး ငေးကြည့်နေသည်။
"အပေါ် တက်ကြည့်ဦးမလား"
နောက်ဘက်မှ လိုက်လာသော သွမ့်ပိုင်ယွဲ့က စကားစဆိုလာ၏။
"ဘာလို့ ဒီနေ့ကျတော့ မျက်နှာအမြင်ခံပြီတဲ့လဲ"
သွမ့်ပိုင်ယွဲ့က သူ့လက်ပေါ်ခေါက်တင်ထားသော ဝတ်ရုံကို ယူလိုက်ကာ ချူယွမ်ကိုယ်လုံးပေါ် လွှမ်းခြုံပေးလိုက်၏။
"လေတိုက်တာ အရမ်းကြမ်းလာပြီ။ လေစိမ်းတွေ သိပ်အတိုက်မခံနဲ့လေကွာ"
"သင်္ဘောပေါ်တက်ပြီး သွားထောက်လှမ်းကြည့်ဖို့တွေ မတွေးနဲ့တော့ ။ တစ်စီးနှစ်စီးလေးသွားတက်ကြည့်ရုံနဲ့ ဘာမှသိလာမှာမဟုတ်ဘူး။ ပြီးတော့ အဲ့ဟာအားလုံးက အသက်မွေးဖို့ မရှိမဖြစ်လိုအပ်တဲ့ဟာတွေချည်းပဲ။ ရှင်းကျိုးကျွန်းကို ဧကရာဇ်ရဲ့ ရွှေနန်းတော်လောက်နီးနီး ခမ်းနားအောင် ဆောက်ချင်လည်း ပြဿနာမရှိဘူး။ တကယ့်ပြဿနာက ရေတပ်အင်အားနဲ့ လက်နက်ကြီးတွေ ဘယ်လောက်ပိုင်ဆိုင်ထားသလဲဆိုတဲ့ကိစ္စပဲ"
"အခုနေတော့ ရှင်းကျိုးက ကျွန်းပျက်တစ်ခုပါပဲ။ ရေတပ်အင်အားနဲ့ အမြောက်ခဲယမ်းတွေရှိလာဖို့တော့ နောက်နှစ်နှစ်သုံးနှစ်လောက် ကြာဦးမယ်"
"ဒါဆိုလည်း အဲ့တော့မှ ဆက်ပြောကြတာပေါ့"
ချူယွမ်က ကျောက်ဆောင်ပေါ်မှ ခုန်ဆင်းလိုက်သာ ပြန်သွားမည်ပြု၏။ သို့သော် သက်တော်စောင့်တစ်ဦးထံမှ အပြေးအလွှားရောက်လာပြီး လီကျင့်ပြည်နှင့်မနီးမဝေးရှိ ကျွန်းငယ်တစ်ခုထံမှ ကုန်တင်သင်္ဘောကြီးတစ်စီး ထွက်ပေါ်လာကြောင်း၊ လွှင့်ထူထားသောအလံအရ တာ့ချူပြည်သားတို့၏ သင်္ဘောဖြစ်ကြောင်း လျှောက်တင်လာ၏။
"ဘယ်ကျွန်းလဲ"
"ကျွန်းပျက်တစ်ခုပါဘုရား။ ကျွန်တော်မျိုးတို့ ကင်းလှည့်နေကြတုန်း အမှတ်အထင်တွေ့မိသွားတာပါ။ အဝေးကနေကြည့်ဘိုက်တော့ သင်္ဘောပေါ်မှာ လူရှိနေမယ့် အရိပ်အယောင်လည်း မတွေ့ကြောင်းပါ။ ထူးဆန်းနေတဲ့အကြောင်းခြင်းရာမို့ အရှင်မင်းမြတ်ဆီ အရင်ဦးဆုံး သံတော်ဦးလာတင်ရခြင်းဖြစ်ပါတယ်"
"ပင်လယ်ဓားပြတွေနဲ့ သွားတိုးတာကော မဖြစ်နိုင်ဘူးလား"
ချူယွမ်၏ မေးခွန်းကို သွမ့်ပိုင်ယွဲ့က ကြားဖြတ်ဖြေပေးသည်။
"ဒီလမ်းကြောင်းက လူသူစည်ကားနေတဲ့လမ်းပဲ၊ ခိုးသားဓားပြတွေ မဟုတ်လောက်ဘူး။ ကိုယ် သွားကြည့်ပေးမယ်"
"ကုန်သင်္ဘောတစ်စင်းပဲဟာ၊ ဒီထက်ပိုပြီး ထူးဆန်းနေရင်လည်း ဘာအရေးလဲ။ ဒီကနေဘယ်လောက်ဝေးသတဲ့တုန်း"
ချူယွမ်က တပ်သားဘက်သို့ ပြန်မေးလိုက်သည်။
"အမြန်လှေနဲ့စီးသွားရင် နှစ်နာရီလောက်တော့ သွားရပါတယ်ဘုရား"
"သွားရအောင်ပါ၊ အခုချက်ချင်းပဲ သွားကြစို့"
တပ်သားကလည်း ဧကရာဇ်အမိန့်ကို နာခံယူလိုက်ကာ ကမ်းစပ်သို့အပြေးပြန်သွားပြီး ပြင်ဆင်စရာရှိသည်များကို သွားရောက်ပြင်ဆင်ပေးနေ၏။
"ဘာလို့ မင်းကိုယ်တိုင် သွားကြည့့်ရမှာလဲ"
သွမ့်ပိုင်ယွဲ့ မေးလာခြင်းဖြစ်သည်။
"စောနက ရှောင်တော အကုန်ပြောပြီးသွားပြီမဟုတ်လား။ အဲ့သင်္ဘောက တာ့ချူရဲ့ ကုန်သင်္ဘောတဲ့။ တကယ်လို့များ အဲ့သင်္ဘောပေါ်က ကုန်သည်တွေသာ ဘေးဒုက္ခရောက်နေရင် ကိုယ်တော်လည်း သူတို့ကိုခေါ်ထုတ်လာပြီး အိမ်ပြန်ပို့ပေးရမှာပဲ။ မဟုတ်ရင် ပင်လယ်ပြင်ထဲမှာ ကူရာကယ်ရာမဲ့ ဆွေမရှိမျိုးမရှိ ဝိညာဥ်တွေ ဖြစ်သွားကြမှာ"
"ထောင်ချောက်ဖြစ်နေခဲ့ရင်ကော"
"ထောင်ချောက်ဖြစ်နေရင် ပိုလို့တောင် သွားကြည့်သင့်သေးတယ်။ အခုနေသာ သွားပြီး ရှင်းမထားရင် အလွန်ဆုံးရှိ နောက်နှစ်ရက်သုံးရက်ကျ လီကျင့်က တံငါလှေတွေ သွားတွေ့မိမှာပဲ။ အဲ့ခါကျမှ ကောလဟလတွေဖြစ်ပြီး တာ့ချူကပဲ နာမည်ဆိုးတွေရမှာ။ နောက်ဆို တာ့ချူရဲ့ ကုန်သင်္ဘောတွေ ဒီဆိပ်ကမ်းကို လွယ်လင့်တကူ လာဆိုက်လို့ရမှာမဟုတ်ဘူး"
"ကိုယ်သွားကြည့်ရင်လည်း အတူတူပဲလေ"
"ဘယ်နား တူနေလို့လဲ"
ချူယွမ်က သူ့အား လှည့်ကြည့်လာပြီး ဆက်ဆို၏။
"မင်းမှာ ရွှေနဂါးပလ္လင်တော်ကို အရယူချင်တဲ့ စိတ်မျိုးရှိခါမှ မင်းနဲ့သက်ဆိုင်တယ်လို့ ခေါ်လို့ရမယ်"
"........"
ချူယွမ်က ချာခနဲပြန်လှည့်ကာကျောက်ဆောင်ကျောက်တန်းများဘက် ထွက်သွားလေသည်။
သွမ့်ပိုင်ယွဲ့လည်း သက်ပြင်းတစ်ချက် တိတ်တခိုးချလိုက်ကာ ထုံးစံအတိုင်းပင် ချူယွမ်နောက်သို့ လိုက်သွားလေတော့သည်။
*****
ကျောက်ဆောင်များကြားတွင် အမြန်လှေငယ်တစ်စင်း ဆိုက်ကပ်ထား၏။ ညနေခင်း မှောင်ရီပျိုးစအချိန်ဖြစ်လေရာ အမိုက်မှောင်နှင့် လူသူအသုံးနည်းသော ရေစီးကြောင်းကို အားကိုးအားထားပြုပြီး မကြာမီအချိန်တွင်ပင် ထိုကျွန်းပျက်ကြီးပေါ် ရောက်သွားကြသည်။ တိုက်ဆိုင်စွာပင် ဤညက လပြည့်ညဖြစ်နေလေရာ ပြည့်ရွှန်းဝိုင်းစက်နေသော သော်တာလမင်းကြီး၏ ငွေခြည်တန်းက ပင်လယ်ရေပြင်ထက်ဖြန့်ကျက်ခြံလြွှမ်းနေလျက်။ လှိုင်းလှေကြမ်းတမ်းခြင်းမရှိသဖြင့် လှေငယ်မှာ ရံဖန်ရံခါ အနည်းငယ်မျှသာ ယိုင်ယိုင်သွားတတ်၏။ သို့သော် ကျွန်း၏ အခြားတစ်ဖက်ကမ်းမှာတော့ ကြီးမားသော ဧရာမသင်္ဘောကြီးတစ်စင်းမှာ ကမ်းစပ်ပေါ်သောင်တင်နေသည်။ တွေ့မြင်ရသောသူအား အတော်ပင် စိတ်ခြောက်ခြားစေနိုင်လှပေ၏။
ဤသို့သောသင်္ဘောမျိုးမှာ ကမ်းရိုးတန်းဒေသတွင် အတွေ့ရများသောပုံစံမျိုးဖြစ်ကာ ငွေကြေးဓန ကြွယ်ဝတောင့်တင်းလှသော ကုန်သည် အဖွဲ့အစည်းတစ်ခုမှ စေလွှတ်လိုက်သော သင်္ဘောမျိုး ဖြစ်ဟန်ရသည်။ အနည်းဆုံးတော့ ထိုသင်္ဘောပေါ်တွင် လူအယောက် ရာချီပြီး ရှိနေနိုင်သည်မို့ ပုံမှန်အားဖြင့် စည်ကားသိုက်မြိုက်ကာ လူရိပ်လူယောင် ရှိရပေမည်။ ပင်လယ်ပြင်ထဲ လချီပြီး ထွက်လာသည်ဆိုပေမင့် အနည်းဆုံးတော့ သင်္ဘောဦးထိပ်တွင် စကားဝိုင်းဖွဲ့ပြောဆို တသောသော ရယ်မောနေကြသင့်ပေသည်၊ တိုးတစ်လှည့်ကျယ်တစ်ခါ ညည်းဆိုတတ်ကြသော ရိုးရာတေးများလည်း ကြားရသင့်သည်။
ယခုတော့ အဘယ်ကြောင့်များ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေရသနည်း။
"ကိုယ် သွားကြည့်ကြည့်မယ်"
သွမ့်ပိုင်ယွဲ့က ထိုသို့ ပြောလာတော့ ချူယွမ်မျက်နှာ ချက်ချင်း ပျက်သွားသည်။
"သင်္ဘောရဲ့ကိုယ်ထည်ရော အလံရောက မပျက်စီးဘူး၊ ဒါကြောင့် မုန်တိုင်းဒဏ်ခံထားရတာတော့ မဖြစ်နိုင်ဘူး"
"အင်း၊ ပင်လယ်ဓားပြတွေကြောင့်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ်ပါ၊ ကိုယ် အဲ့သင်္ဘောပေါ်တက်ကြည့်လိုက်ရင် အကြောင်းသိရပါပြီ "
သွမ့်ပိုင်ယွဲ့ ထွက်သွားမည်အပြုတွင် ချူယွမ်က သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲထားလိုက်၏။
သွမ့်ပိုင်ယွဲ့အတော်အံ့ဩသွားသည်။
"မနက်ဖြန်မှ စုံစမ်းရအောင်ပါ"
ချူယွမ်၏စိတ်အစဥ်မှာ အနည်းငယ်ကျဥ်းကျဥ်နေပြီဖြစ်ရာ တိုးလျစွာသာ ဆိုလာသည်။
သွမ့်ပိုင်ယွဲ့က လက်မလျှော့ချင်သေး။
"မကောင်းတဲ့အကြံအစည်ရှိနေရိုးမှန်ရင်၊ ပြီးတော့ နေ့ခင်းပိုင်းကြီးမှ လာစုံစမ်းရင် တစ်ဖက်ရန်သူက ကိုယ်တို့ကို ပိုပြီး လွယ်လွယ်ကူကူ ရိပ်မိကုန်မှာပေါ့ ။ ဘာလုပ်သင့်မှန်း ဘာမလုပ်သင့်မှန်း ကိုယ် နားလည်ပါတယ်၊ စိတ်မပူနဲ့နော်"
သို့သော် ချူယွမ်က သူ့လက်ကို လွှတ်မပေးခဲ့ချေ။
သက်တော်စောင့်များမှာလည်း လှေဦးထိပ်တွင် တန်းစီကာ ရပ်နေကြသည်။ ရှေ့တည့်တည့်ကိုသာကြည့်ရင်း တိတ်ဆိတ်စွာသာရပ်နေသည်။ မည်သူကမျှ ထိုနှစ်ယောက်ဘက်ကို လှည့်မကြည့်ရဲကြပေ။
သွမ့်ပိုင်ယွဲ့က ဆို၏။
"ဒီနန်ယန်က အစကတည်းက ငြိမ်းချမ်းသေးတာ မဟုတ်ဘူးလေ။ ဘယ်လောက်ပဲသေးတဲ့ကိစ္စပဲဖြစ်ဖြစ်၊ ကိုယ်တို့ ဘာလို့အရေးစိုက်ရမှာလဲ။ ဒါပေမယ့် ချူရှိန့်သာ အရင်သိသွားလို့ ဒီသတင်းကို မိုးမီးလောင်လောက်အောင် ချဲ့ပြလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ ကိုယ်က ရတယ်၊ ကိုယ်သွားကြည့်ပြီးမှ မင်းလည်း စိတ်ချလက်ချဖြစ်သွားမှာပေါ့၊ ဒါမှ ကိုယ်လည်း စိတ်အေးရမှာပေါ့ ။ ဟုတ်တယ်ဟုတ်...."
ချူယွမ် မျက်မှောင်များကြုံ့သွားကာ တစ်ဖက်သို့သာ အသာလှည့်နေလိုက်သည်။ နားရွက်ဖျားများကတော့ နီစွေးနေလို့။
သွမ့်ပိုင်ယွဲ့က ပြုံးလို်က်ကာ ရေပြင်ပေါ် ဆင်းသက်သွားသည်။ ထို့နောက် ကျွန်းပေါ်သို့ တစ်ယောက်တည်း တက်သွား၏။
ချူယွမ်၏ နှလုံးသားတစ်ခုလုံး ဆွဲဆုပ်ဖျစ်ညှစ်ခံထားသလို မွန်းကျပ်မောဟိုက်နေကာ ထိုသင်္ဘောပျက်ကြီးကိုသာ တစ်ချိန်လုံး မမှိတ်မသုန် စိုက်ကြည့်နေရှာသည်။
*****
ဘေးပတ်ဝန်းကျင်တွင် ခြုံခိုတိုက်ခိုက်လာမည့် အရိပ်အယောင်များ မတွေ့ရ။ ထို့ကြောင့်သွမ့်ပိုင်ယွဲ့လည်း သင်္ဘောပေါ် သို့ ပေါ့ပါးသွက်လက်စွာ ခုန်တက်သွားလို်က်သည်။ ခေတ္တမျှ စိတ်အစဥ်ကိုငြိမ်သက်စေကာ သမာဓိအားကို တည်ကြည်စေ၏။ ထို့နောက်အသံကို နားစွင့်ကြည့်လိုက်ပြီး လူမရှိမှန်းသေချာတော့ခါမှ အလင်းရောင်ရရန် အင်္ကျီထဲမှ ညဥ့်ပုလဲတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက် သင်္ဘောထဲက နေရာတစ်ခုချင်းစီကို သေသေချာချာ လိုက်စစ်ကြည့်နေ၏။
သင်္ဘောပေါ်ရှိပစ္စည်းများမှာ နေရာတကျစီစဥ်ထားခြင်းမရှိ။ ကြမ်းခင်းပေါ်တွင်လည်း ပြန့်ကျဲနေသော ငွေစက္ကူများ ရှိနေသည်။သို့သော် အခြားသော တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေခြင်းမျိုးလည်း ရှိမနေပြန်။ ခိုးသားဓားပြများ၏ လုယက်တိုက်ခိုက်ခြင်းကြောင့် မဟုတ်မှန်း အတော်သေချာနေပေ၏။ သို့သော် ဤမျှကြီးမားသော သင်္ဘောကြီးက ပင်လယ်ပြင်ထဲ ရွက်လွှင့်သွားလာနေရင်းနှင့်မှ အဘယ်အကြောင်းကြောင့်များလိုက်ပါလာသမျှ လူအကုန်လုံး ပျောက်ဆုံးသွားရသနည်း။ အဖိုးတန် ရွှေငွေရတနာများ၊ အဝတ်အထည်များကိုလည်း တစ်ခုမှ ယူမသွား။
သွမ့်ပိုင်ယွဲ့မျက်နှာမဲ့သွားကာ သင်္ဘောဝမ်းထဲက အခြားအခန်းများဆီ ထပ်ဝင်သွားလိုက်သည်။ အခန်းတစ်ခုထဲရှိ စားပွဲပေါ်တွင် ငွေစာရင်းမှတ်တမ်း အထပ်လိုက်ကြီးရှိနေကာ အကြမ်းဖျင်းမျှ လှန်လှောဖတ်ရှုကြည့်လိုက်တော့ ဟွီးကျိုးမှလာသော ကုန်သည်အဖွဲ့ဖြစ်မှန်း သိလိုက်ရသည်။ သွပ်နှင့်ပတ်သက်သောပစ္စည်းများကူးသန်းရောင်းဝယ်ကြသည်။ တခြား ဘာထူးထူးခြားခြားကိစ္စမှ မရှိ။
နောက်တစ်ထပ်ကို ထပ်ဆင်းသွားတော့ သွမ့်ပိုင်ယွဲ့ခြေလှမ်းများ တုန့်ခနဲ ရပ်ဆိုင်းသွားသည်။ လေထဲတွင် အနံ့တစ်မျိုး လွင့်ပျံ့လာ၏။
၎င်းမှာ မရဏတရား၏ အနံ့အသက်ပင်ဖြစ်သည်။ ထို့အပြင် ဆေးတစ်မျိုး၏ မွှန်ထူနေသော အနံ့များ။ ထိုနှစ်ခုကိုပေါင်းစပ်လိုက်တော့ ရှူရှိုက်မိသောလူကို အော့အန်စေနိုင်လောက်ပေသည်။
အရှေ့ကတွေ့ခဲ့သော သဲလွန်စများနှင့် ဖြည့်စွက် ဆက်စပ်ကြည့်လိုက်တော့ သွမ့်ပိုင်ယွဲ့မှာ တစ်ခုခုကို နားလည်သွားပြီဖြစ်၏။ ထို့ကြောင့် ညဥ့်ပုလဲကို အင်္ကျီထဲ ပြန်ထည့်လိုက်ကာ သစ်သားပြားတစ်ခုကို ရိုက်ချိုးပြီး မီးစတစ်ခု ပျိုးယူလိုက်သည်။ ထို့နောက် မိမိ ရှေ့မှောက်ရှိ တံခါးချပ်ကို ဆောင့်ကန်ပြီးဖွင့်လိုက်သည်။
ပုပ်အဲ့နံဟောင်နေသော အနံ့များက အခန်းထဲမှ ထောင်းခနဲ လှိုင်ထွက်လာကာ သူ့ထံသို့ တည့်တည့်မတ်မတ် တိုးဝင်လာ၏။
တံခါးချပ်နောက်ကွယ်က သင်္ဘောဝမ်းခန်းတစ်ခုလုံး လူသေအလောင်းများဖြင့် ပုံနေသည်။ မည်မျှပင် ကြာမြင့်နေမှန်းမပြောတတ်တော့။ ထို့ကြောင့် လူသူမဲ့သင်္ဘောကြီးမှာ ရေစီးနှင့်အတူ မျောပါလာကာ ဤကျွန်းပေါ်သို့ သောင်လာတင်နေခြင်းဖြစ်သည်။
အပြင်ဘက်တွင် ခြေသံတစ်ခုကြားလိုက်ရသည်။ သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် လှည့်ကြည့်လိုက်၏။
သူ့နောက်ဘက် ရောက်လာသောသူမှာ ချူယွမ် ဖြစ်နေသည်ပင်။
သွမ့်ပိုင်ယွဲ့မျက်နှာမှာ ချက်ချင်းပင် ဖြူဆုတ်သွားကာ ဘာမှမရှင်းပြအားတော့ဘဲ ချူယွမ်၏ နှာခေါင်းနှင့် ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး သင်္ဘောပေါ်မှ ပြန်ဆင်းလာ၏။ အတော်ဝေးဝေးသို့ ရောက်လာပြီးခါမှ ချူယွမ်က စိတ်ညစ်ညစ်ဖြင့် သွမ့်ပိုင်ယွဲ့လက်ကို ပုတ်ထုတ်လိုက်ကာ -
"မင်း ဘာလုပ်မလို့လဲ"
"ကိုယ်နဲ့ ခပ်ခွာခွာ နေစမ်းပါ"
ချူယွမ် - "......"
မင်း ဘာပြောလိုက်တယ်။
ခုချက်ချင်း ပြန်ပြောလိုက်စမ်း။
သွမ့်ပိုင်ယွဲ့က ဆေးပုလင်းတစ်ဘူးကို ချူယွမ်လက်ထဲထည့်ပေးလိုက်ကာ ခြေနှစ်လှမ်းသုံးလှမ်းမျှ ခပ်ခွာခွာပြန်ဆုတ်လိုက်ကာ ဆက်ပြောလာ၏။
"ဆေး အရင်သောက်လိုက်။ အဲ့သင်္ဘောပေါ်မှာ ကပ်ရောဂါတစ်ခုနဲ့ ကြုံခဲ့တဲ့ပုံပဲ။ သူတို့စာရင်းတွေ မှတ်တမ်းတွေအရ အဲ့ပေါ်မှာ လူတွေသေထားတာ သုံးလလောက်တောင်ရှိနေပြီ။ သင်္ဘောတစ်စင်းလုံးကို မီးရှို့ပစ်လိုက်တာ ပိုကောင်းလိမ့်မယ်"
*****
2020.10.15
Thz for loving BaiYuan/ DuanChu.
*****
အခန္း - ၈၇ (သေဘၤာႀကီး)
[ကိုယ္နဲ႔ ခပ္ေဝးေဝး ေနစမ္းပါ]
ေရထဲျပဳတ္က်သြားခဲ့ေသာ္လည္း က်င္န်ဲန္မွာ သိုင္းအေတာ္အသင့္ ေလ့က်င့္ဖူးသည္မို႔ အားနည္းေဖ်ာ့ေတာ့ေနသည့္အထဲေတာ့ မပါ။ ထို႔ေၾကာင့္ နန္ေမာ္ယဲ့ႏွင့္ သြမ့္ပိုင္ယြဲ႔တို႔ေရာက္လာေတာ့ သူမမွာ အိပ္ယာမွထၿပီး၊ အခန္းကိုပါ သန္႔ရွင္းေရးလုပ္ၿပီးေနၿပီျဖစ္ကာ အားလံုးအတြက္ မနက္စာျပင္ဆင္ခ်က္ျပဳတ္ေပးေန၏။
"ထိုင္ပါၪီး"
နန္ေမာ္ယဲ့က ဆိုလိုက္သည္။
"အျပင္မွာ စားေသာက္ဆိုင္ေတြ ဒီေလာက္ေပါေနတာ၊ မင္းမရိွရင္ ငါတို႔ေယာက္်ားသားေတြ ငတ္ေသကုန္ေတာ့မလိုျဖစ္သြားမွာက်ေနတာပဲ။ အရမ္း မစိုးရိမ္စမ္းပါနဲ႔"
"ေနလို႔မေကာင္းရင္ အခန္းထဲျပန္အိပ္ေနလိုက္ပါ က်င္န်ဲန္ ၊ ပင္လယ္ေရက အရိုးခိုက္ေလာက္ေအာင္ ခ်မ္းစိမ့္ေနခဲ့တာေလ"
"ဟုတ္ကဲ့ပါ ဝမ္ရယ္၊ ကြၽန္မ တကယ္ ဘာမွမျဖစ္ေတာ့ပါဘူး"
သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္ျပလိုက္ကာ ဆက္ဆို၏။
"မေန့ညအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"ဟင့္အင္း၊ ဝမ္ရယ္ကသာ ကြၽန္မ ေရထဲက်သြားတာကို လိုက္ကူေပးခဲ့တာေလ ။ ကြၽန္မဘက္ကပဲ ေက်းဇူးတင္ရမွာပါ"
သြမ့္ပိုင္ယြဲ႔ ၿပံဳးလိုက္ကာ -
"မင္း တမင္ ေရထဲခုန္ခ်တာလားဆိုတာကို တပ္အပ္ေသခ်ာမေျပာႏိုင္ေပမယ့္ သတိေမ့ခ်င္ေယာင္ေဆာင္မွန္းေတာ့ ပန္ဝမ္သိပါတယ္။ မင္း သတိေမ့သြားလို႔လည္း သေဘၤာကို လာရာလမ္းအတိုင္း လွည့္ျပန္ခဲ့ရတာေလ"
"အရွင္မင္းျမတ္ကို ထြက္သြားေစခ်င္တဲ့ဆႏၵ ဝမ္ရယ့္မွာ မရိွေလာက္ဘူးလို႔ ထင္မိလို႔ပါ"
သြမ့္ပိုင္ယြဲ႔က ေက်ာက္သားထိုင္ခံုထက္ ထိုင္လိုက္ကာ ဆက္ေမးလာ၏။
"တိမ္သလႅာကႏၲာေတာင္ထြဋ္အေၾကာင္း မင္းသိတယ္ဆို"
က်င္န်ဲန္က ေခါင္းညိတ္ျပလိုက္သည္။
"ဟုတ္ကဲ့၊ အဲ့ဒါက ကြၽန္းတစ္ခုရဲ့ နာမည္ပါ ။ အဲ့ကြၽန္းေပၚမွာ မည္းနက္ေနတဲ့ ေက်ာက္ေဆာင္အႀကီးႀကီးေတြပဲရိွပါတယ္၊သစ္ပင္ႀကီးငယ္ေတြလည္း မဖြံ႔ၿဖိဳးပါဘူး၊ ၿပီးေတာ့ ငလ်င္လည္း မၾကာခဏလႈပ္တတ္ေသးတယ္။ ေနဝင္သြားတဲ့အခ်ိန္က် ဆည္းဆာရဲ့ အနီေရာင္တိမ္တိုက္ေတြက ေရျပင္ေပၚမွာထင္ဟပ္ေနၿပီး မီးေတာက္မီးလ်ွံေတြလို နီရဲေနတတ္ပါတယ္။ ညေနခင္းဘက္ ေတာင္ေပၚကေန ရပ္ၾကည့္ရင္ တိမ္လႊာေတြေပၚ ခိုစီးေနရသလိုပဲတဲ့"
"ဒါေၾကာင့္လည္း တိမ္သလႅာကႏၲာဆိုတဲ့နာမည္ ရလာတာကိုး။ အဲ့ကြၽန္းက ဘယ္နားမွာရိွသတဲ့လဲ"
"ကြၽန္ေတာ္မ်ိဳးမလည္း ေနရာအတိအက်မသိရေၾကာင္းပါ ဝမ္ရယ္။ ကြၽန္မသိသေလာက္ကေတာ့ ခုနစ္လရွစ္လပိုင္းအခ်ိန္မွာ တိမ္သလႅာကႏၲာေတာင္ထြဋ္ကေန ေလလိႈင္းနဲ႔အတူ အလိုက္သင့္ရြက္လႊင့္သြားရင္ ဆယ္ရက္တင္းတင္းျပည့္တာနဲ႔ လ်ူလီက်ိဳးကို ေရာက္တယ္။ လံုးဝကို အယုတ္အေလ်ာ့မရိွ ဆယ္ရက္တိတိပါတဲ့ ။ ဒါေပမယ့္ ဆယ္လပိုင္း၊ ဆယ့္တစ္လပိုင္းအခ်ိန္ဆိုရင္ေတာ့ ေလမုန္တိုင္းအရမ္းၾကမ္းတတ္တာမို႔ ေရေၾကာင္းခရီးသြားဖို႔ အဆင္မေျပၾကောင္းပါ။ အရည္အေသြးအေကာင္းဆံုး သံနက္သေဘၤာႀကီးနဲ႔ သြားမယ္ဆိုရင္ေတာင္ ေလမုန္တိုင္းဒဏ္ကို မေက်ာ္လႊားႏိုင္ေၾကာင္းပါ ဝမ္ရယ္"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"ဒီစကားေတြက သူတို႔ေဆြးေနြးေနတုန္း ကြၽန္ေတာ္မ်ိဳးမ လက္ဖက္ရည္သြားခ်ေပးရင္းနဲ႔ နားစြန္နားဖ်ားၾကားလာခဲ့တာပါ။ အဲ့ေန့က တျခားလူတစ္ေယာက္နဲ႔ ခ်ူရိွန္႔တို႔စကားေျပာေနခဲ့ပါတယ္။ တိမ္သလႅာကႏၲာေတာင္ထြဋ္ကို အေရာက္သြားဖို႔ဆို ဘယ္အခ်ိန္ေလာက္သြားမွ အဆင္ေျပမွာလဲ၊ လမ္းခုလတ္မွာေရာ အေရာင္းအဝယ္ေတြ လုပ္လို႔ရမလား၊ လ်ူလီက်ိဳးရဲ့ နာမည္ႀကီးထြက္ကုန္က ဖန္ထည္ပစၥည္းျဖစ္တယ္ဆိုတဲ့အေၾကာင္းေတြ ေျပာေနၾကတာပါ။ ဒါေပမယ့္ အဲ့ဒီၫွိႏိႈင္းမႈက မေအာင္ျမင္လိုက္ဘူးထင္တယ္၊ အဲ့ေနာက္ပိုင္း သူ႔ႏႈတ္ဖ်ားဆီက လ်ူလီက်ိဳးအေၾကာင္းေျပာတာမ်ိဳး မၾကားရေတာ့ပါဘူး"
"တိမ္သလႅာကႏၲာေတာင္ထြဋ္ကေန လ်ူလီက်ိဳးကိုသြားဖို႔ ခုနစ္လရွစ္လပိုင္းဆို ဆယ္ရက္ၾကာမယ္၊ ဆယ္လဆယ့္တစ္လဆိုရင္ေတာ့ ဘယ္ကိုမွသြားလို႔မရေတာ့ဘူးဟုတ္လား။ ဒီအခ်က္နဲ႔တင္ တိမ္သလႅာကႏၲာေတာင္ထြဋ္ရဲ့တည္ေနရာကို အၾကမ္းဖ်င္းရွာႏိုင္ေလာက္ပါတယ္။ အစ္ကိုစစ္ကုန္းက လ်ူလီကြၽန္းနဲ႔ ကုန္သြယ္ေရးလုပ္ေနက်ဆိုေတာ့ သူ႔ကို အဲ့ကြၽန္းဘက္ အရင္သြားစံုစမ္းခိုင္းလို႔ျဖစ္တယ္"
"ဝမ္ရယ္ အဲ့ေတာင္ထြဋ္ကိုသြားမလို႔လားရွင့္"
"အင္း၊ ပစၥည္းတစ္ခု သြားရွာမလို႔"
က်င္န်ဲန္က သတိေပးလာ၏။
"အဲ့ကြၽန္းမွာ ေနထိုင္တဲ့လူ မရိွေပမယ့္၊ ေစာင့္ၾကည့္ေနမယ့္ စစ္တပ္အင္အား မရိွေလာက္ဘူးဆိုေပမယ့္ အရာရာကို သတိႀကီးႀကီးထားတတ္တဲ့ ခ်ူရိွန္႔ရဲ့စရိုက္အရ အဲ့ကြၽန္းေပၚ အဖိုးတန္တဲ့ပစၥည္းရိွရိုးမွန္ရင္ တျခားသူစိမ္းေတြကို ကြၽန္းေပၚတက္လာခြင့္ျပဳမွာမဟုတ္ပါဘူးရွင္။ အနည္းဆံုးေတာ့ လ်ိႈ႔ဝွက္ယႏၲရားေတြ ျမႇဳပ္ၿပီး တပ္ဆင္ထားတာေတြ ရိွႏိုင္ပါတယ္"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ -
"ဒီကိစၥကို ပန္ဝမ္ ေကာင္းေကာင္းနားလည္ၿပီးသားပါ။ ဘာပဲေျပာေျပာ၊ ဒီတစ္ေခါက္ေတာ့ မယ္မင္းကို အေတာ္ေက်းဇူးတင္ပါတယ္။ အဲ့ေတာင္ထြဋ္ကို တိုက္ခိုက္ရေတာ့မယ့္ေန့က် မယ္မင္းဆီက ထပ္ၿပီး အႀကံဉာဏ္လာေတာင္းရၪီးမယ္တူပါရဲ့"
က်င္န်ဲန္လည္း ေခါင္းညိတ္ျပလိုက္သည္။
"ဟုတ္ကဲ့ပါ ၊ ဝမ္ရယ္"
******
ေစ်းထဲမွာေတာ့ ခ်ူယြမ္ႏွင့္ သြမ့္ေယာင္တို႔ႏွစ္ေယာက္သား ေခါက္ဆြဲျပဳတ္ တစ္ေယာက္တစ္ပန္းကန္စီ စားေနၾကသည္။
ခ်ူယြမ္ခမ်ာ တစ္ဇြန္းမ်ွ ျမည္းၾကည့္အၿပီး ခ်က္ခ်င္း အဖ်ားတက္ခ်င္သြား၏။
သို႔ေသာ္ အဘယ္ေၾကာင့္မ်ား သူကိုယ္တိုင္ကေရာ ဒီလိုပစၥည္းမ်ိဳးကို ဆက္လက္သည္းခံၿပီး ေသာက္ျဖစ္ေနသနည္း။
"ရွီးနန္စံအိမ္ရဲ့စားဖိုမွဴးေဒၚေဒၚက ဒီထက္လက္ရာပိုေကာင္းပါတယ္"
ေနာင္ေတာ္က ထူးထူးဆန္းဆန္းအရသာေတြ ႀကိဳက္တတ္လို႔ မဟုတ္ဘူးေနာ္။
သြမ့္ေယာင္က ရွင္လင္းေျပာျပထားလိုက္သည္။ ခဏၾကာေတာ့မွ ထပ္မံျဖည့္စြက္ၿပီး ဆက္ဆိုလာ၏။
"ၿပီးေတာ့ ေဗာဓိစိတၲသိုင္းကို က်င့္ႀကံျပီးသြားကတည္းက ေနာင္ေတာ္ခမ်ာ ဘာအရသာကိုမွ မခံစားႏိုင္ေတာ့ဘူး"
ခ်ူယြမ္က အင္းတစ္လံုးတည္းသာ ေျပာၿပီးေနာက္ ဘာမွ ဆက္မေျပာ။
"ျပန္ရေအာင္ပါ။ ကြၽန္ေတာ္ေျပာပါတယ္၊ မိုးရြာမွာပါလို႔"
မိုးေကာင္းကင္ထက္ဝယ္တြင္ မိုးၿခိမ္းသံမ်ားျမည္ဟီးလာ၏။ မည္းနက္ေသာတိမ္တိုက္မ်ားက တျဖည္းျဖည္းႀကီးစိုးအံု႔ဆိုင္းလာကာ လမ္းေဘးက ေစ်းဆိုင္မ်ားလည္း မိမိတို႔၏ ပစၥည္းပစၥယမ်ားကို သိမ္းဆည္းေနၾကၿပီျဖစ္သည္။ ထို႔ေၾကာင့္ ခ်ူယြမ္လည္း သြမ့္ေယာင္ႏွင့္အတူ အိမ္ငယ္ေလးရိွရာဘက္သို႔ျပန္လာခဲ့သည္။
*****
နန္ေမာ္ယဲ့ကေတာ့ အိမ္အမိုး တံစက္ၿမိတ္နားတြင္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနသည္။
"ရွစ္ဖူးေရ၊ ရွစ္ဖူး...."
သြမ့္ေယာင္ သူ႔ကို လႈပ္ႏိႈးလိုက္သည္။
"ဘာလို႔ ၾကမ္းေပၚအိပ္ေနတာတုန္း၊ ထထ "
သိကၡာေလးဘာေလး ထိန္းဖို႔ မေတြးေတာ့ဘူးလားဟမ္။
နန္ေမာ္ယဲ့က ဝါးခနဲ သမ္းလိုက္ကာ -
"နန္ဟိုင္ပင္လယ္ရဲ့ေျမပံုကို အၾကာႀကီးေလ့ေနတာေလကြာ၊ ဒါေပမယ့္ ၾကည့္ရင္းၾကည့္ရင္းနဲ႔ အိပ္ငိုက္လာလို႔"
"နန္ဟိုင္ပင္လယ္ရဲ့ေျမပံုလား။ ဘာကိစၥရိွလို႔ ေျမပံုထိုင္ၾကည့္ေနတာလဲ"
သြမ့္ေယာင္၏ အေမးစကားေၾကာင့္ နန္ေမာ္ယဲ့က တဟင္းဟင္းရယ္လိုက္ကာ -
"တိမ္သလႅာကႏၲာေတာင္ထြဋ္နဲ႔သက္ဆိုင္ေနလို႔ေပါ့။ တိုက္တိုက္ဆိုင္ဆိုင္ က်င္န်ဲန္က အဲ့ေနရာအေၾကာင္း သိေနတာေလ"
"ဟုတ္လား?"
အံ့ဩမႈႏွင့္အတူ ခ်ူယြမ္မ်က္ဝန္းမ်ား ဖ်တ္ခနဲ ျမဴးတူးရႊင္ပ်သြား၏။
"ဟုတ္မွန္ေၾကာင္းပါဘုရား၊ ဒီတစ္ေခါက္ေတာ့ ကံေကာင္းေထာက္မရင္ ထ်ဲန္းခ်န္ရွားအစစ္ကို တကယ္ရွာေတြ့ႏိုင္မွာပါ"
အရင္မတိုင္ခင္က ထ်ဲန္းခ်န္ရွားဟူေသာ စကားလံုးသံုးလံုးကို နန္ေမာ္ယဲ့ လံုးဝထုတ္မေျပာရဲခဲ့။ ေျပာျပေလ ေမ်ွာ္လင့္ရေလ၊ ေမ်ွာ္လင့္ရေလ စိတ္အားပ်က္ရေလမို႔။ ယခုက်ေတာ့ သက္ေသအေထာက္အထားမ်ား၊ သဲလြန္စမ်ားက တစ္ခုၿပီးတစ္ခု အခ်ိတ္အဆက္မိကာ ရုပ္လံုးေပၚလာ၍သာ ထုတ္ေျပာရဲျခင္းျဖစ္သည္။ ေကာင္းကင္ဘံုက မေနႏိုင္ေတာ့ဘဲ လက္ကမ္းကာ ကူညီေစာင္မေပးသည့္အလား ထင္မွတ္မွားရသည္။
ေဗာဓိစိတၲသိုင္းကို က်င့္ႀကံျပီးၿပီျဖစ္ေသာ္လည္း ထိုက်င့္စဥ္က ပိုးေကာင္မ်ားကို ေအးခဲေစရံုမ်ွသာျဖစ္ၿပီး အေသြးအသားမ်ားကို ဆက္လက္စားေသာက္ျခင္းမျပဳရန္ ထိန္းခ်ဳပ္ထားျခင္းသာ ၊ အသက္မေသရံုတမည္သာ ထိန္းထားျခင္းျဖစ္သည္။ သို႔ေသာ္ ေအးခဲကာ ေသဆံုးၿပီးေနၿပီျဖစ္ေသာ ထို ပိုးေကာင္၏ရုပ္ႂကြင္းမ်ားက ႏွလံုးအိမ္ကို တျမည့္ျမည့္ ဒုကၡေပးေနဆဲပင္။ ေျဖေဆးအစစ္ျဖစ္ေသာ ထ်ဲန္းခ်န္ရွားရလာမွသာ ကူပိုးေကာင္မ်ားကို အျပင္ဘက္ထိ အကုန္အစင္ ဆြဲထုတ္လာႏိုင္မည္ျဖစ္သည္။ ေနာက္ပိုင္းက်မွ ခႏၶာကိုယ္ထဲရိွ လက္က်န္အဆိပ္မ်ားကို သန္႔စင္ပစ္လိုက္လို႔ရသည္။ ထို႔ေနာက္ ႏွစ္တစ္ဝက္တန္သည္၊ တစ္ႏွစ္တန္သည္ အတြင္းအားျပန္လည္တည္ေဆာက္လိုက္သည္ႏွင့္ နဂိုမူလရုပ္သြင္ကိုျပန္လည္ရရိွကာ၊ ထို႔ေနာက္မွာေတာ့ -
******
"အဲ့ေနာက္မွာေတာ့ မင္းက ဧကရီမိဖုရားေခါင္ႀကီးတို႔ ၊ မယ္မယ္ဘုရားႀကီးတို႔ ျဖစ္သြားမွာေပါ့ေနာ္"
စာၾကည့္ခန္းထဲတြင္ စစ္ကုန္းလြီ႔က သြမ့္ပိုင္ယြဲ႔ပခံုးကိုဖက္ထားကာ အားပါးတရ ေျပာလာ၏။ ရင္ထဲတြင္ ပီတိလိႈင္းမ်ား ရိုက္ခတ္ေနၿပီး မ်က္ရည္မ်ားပင္ အိုင္ထြန္းေနလို႔၊ တကယ္ကိုပင္ ဝမ္းသာပီတိျဖစ္ရပါေပသည္။
ရွီးနန္ဝမ္ - "....."
"တကယ္ ထင္မထားဘူးကြာ"
စစ္ကုန္းလြီ႔က အေတာ္ပင္ သည္းသည္းလႈပ္ေနကာ ဆက္ဆိုလာ၏။
"အခု ထ်ဲန္းခ်န္ရွားလည္း ရိွလာၿပီဆိုေတာ့ အရွင္မင္းျမတ္ကို မင္း ဆက္ၿပီးေရွာင္ေနမယ္ဆိုရင္ ငါ ဘာေျပာရမလဲေတာင္ မသိေတာ့ဘူး"
"ရွာလို႔ေတာင္ မေတြ့ေသးတဲ့ဟာကို"
"အာ......ေဟ့ေကာင္၊ စပါးကေန ထမင္းျဖစ္ေတာ့မွ မင္း ထုတ္ေရာင္းမလို႔လား"
စစ္ကုန္းလြီ႔ ေခါင္းကိုက္လာေခ်ၿပီ။သြမ့္ပိုင္ယြဲ႔က သက္ျပင္းခ်လိုက္ကာ -
"ငါေျပာမယ့္စကားေတြက ေစာ္ကားရာက်တယ္ဆိုေပမယ့္ ေမးပါရေစၪီး။ ၪီးေလးစစ္ကုန္းက ဘာလို႔မ်ား မင္းအတြက္ ဆရာသမား ေကာင္းေကာင္းကန္းကန္းေလး တစ္ေယာက္ေလာက္ေတာင္ ရွာမေပးႏိုင္ခဲ့တာလဲဆိုတာ ငါ အံ့ဩမိတယ္ ။ ရွာမေတြ့ရင္လည္း တျခားဂိုဏ္းဆီမွာ ပညာသင္ခိုင္းပေလ့ေစေပါ့ ။ အခုက်ေတာ့မ်ား ဆိုရိုးစကားပံုေတြ၊ ဥပမာဥပေမယ်ေတြေတာင္ မသံုးတတ္ရွာဘူး။ ငါ့ႏွယ္...."
"ေအး၊ ငါသံုးလိုက္တဲ့ ဥပမာက ဘာျဖစ္ေနလို႔လဲကြ။ ငါသာဆိုရင္ အဲ့စပါးေတြ လယ္ကြင္းထဲမွာ ရိွကတည္းက ဆန္ဝယ္မယ့္ဒိုင္ဆီ သြားၿပီး စကားကမ္းလွမ္းၿပီးသားျဖစ္ေနၿပီ၊ ၿပီးရင္ စရန္ေငြေတြနဲ႔ ေအးေအးေဆးေဆး သာယာေနၿပီ။ ဒါမွ "အာ၊ ငါ မေရာင္းလိုက္ရေလျခင္း"လို႔ ေနာင္တမရမွာ"
"လ်ူလီက်ိဳးရဲ့ေဘးနားတစ္ဝိုက္မွာ စစ္တပ္အင္အား ဖြက္ထားလို႔ရတဲ့ ကြၽန္းမ်ိဳးရိွလား"
"ဘယ္ႏွယ့္ လ်ူလီက်ိဳးကိစၥ ေရာက္သြားတာလဲ၊ ဒီမွာ မင္းနဲ႔ငါ စပါးနဲ႔ထမင္းကိစၥေတာင္ သဲသဲကြဲကြဲ မရွင္းရေသးဘူးေလ။ ငါေျပာမယ္.....ဒီတစ္ခါေတာ့ ငါ့စကား နားေထာင္စမ္းပါ"
စစ္ကုန္းလြီ ့က သြမ့္ပိုင္ယြဲ႔၏ လက္ေမာင္းကို လွမ္းခ်ိတ္ထားလိုက္ကာ ရင္းႏွီးစြာ ဆိုလာ၏။
"နားေထာင္၊ မင္းသာ အေနာက္နန္းေဆာင္ရဲ့ ထိပ္ေခါင္ ဧကရီမိဖုရားႀကီးျဖစ္လာတဲ့ေန့က်ရင္ - "
သြမ့္ပိုင္ယြဲ႔က သူ႔ဘဝတံခါးအား ဘုန္းခနဲ ရိုက္ပစ္လိုက္သည္။
( Note : ေက်ာျပင္ကို ရိုက္လိုက္တာပါပဲ၊ ေက်ာျပင္မွာမွ ေက်ာက္ကပ္ႏွစ္ခုၾကားေနရာကို ေျပာတာပါ။ လူတစ္ေယာက္ ေမြးမလာခင္ အသက္ဓာတ္အျမဳေတ သိမ္းဆည္းကိန္းဝပ္တဲ့ေနရာလို႔ ယူဆၾကပါတယ္တဲ့)
သို႔ေသာ္ စစ္ကုန္းလြီ႔က အခ်ိန္မီေရွာင္တိမ္းႏိုင္လို္က္ကာ သြမ့္ပိုင္ယြဲ႔အား ျပန္ၿပီး ေျခေထာက္ျဖင့္ကန္လိုက္၏။
သူတို႔ႏွစ္ေယာက္မွာ ကေလးဘဝကတည္းက ယခုလိုမ်ိဳး သတ္ပုတ္ေနက်ျဖစ္ကာ ပံုမွန္ဆိုလ်ွင္ သြမ့္ပိုင္ယြဲ႔ဘက္က အေနာက္သို႔ေျခသံုးလွမ္းဆုတ္ၿပီး ေရွာင္တိမ္းေတာ့မည္ျဖစ္သည္။ သို႔ေသာ္ ကံဆိုးခ်င္ေတာ့ ခ်ူယြမ္က တံခါးဖြင့္ၿပီးဝင္လာခ်ိန္ႏွင့္ တည့္တည့္တိုး၏။
စစ္ကုန္းလံြီ႔ႏွလံုးသားႀကီးမွာ ဘုတ္ခနဲျပဳတ္က်သြားသလို ျဖစ္သြားသည္။ ထို႔ေနာက္တည္ၾကည္စြာ မတ္တပ္ရပ္ေနလိုက္သည္။
ခ်ူယြမ္ေနာက္မွ သြမ့္ေယာင္က ေမးလာ၏။
"ေနာင္ေတာ္တို႔ႏွစ္ေယာက္ ရန္ျဖစ္ၾကျပန္ၿပီလား"
"ဘယ္ကလာ....."
စစ္ကုန္းလြီ႔က ခ်က္ခ်င္းျငင္းလိုက္သည္။
"အစ္ကိုသြမ့္က စိတ္ညစ္ေနတယ္ဆိုလို႔ သူအပ်င္းေျပေအာင္ ငါက သိုင္းကြက္ေလးေတြကျပၿပီး ေဖ်ာ္ေျဖေပးေနတာ၊ ဟဲဟဲ"
ဒီေလာက္ထိ အပင္ပန္းခံထား၊ သစၥာေစာင့္သိထားတာဆိုေတာ့......အရွင္မင္းျမတ္ဆီက ဆုေတာ္လာဘ္ေတာ္ေလး ေရႊေငြရတနာေလး ရသင့္ေနပါၿပီ။
သြမ့္ေယာင္ ခ်က္ခ်င္းပင္ စိတ္ညစ္သြားသည္။
"တိမ္သလႅာကႏၲာေတာင္ထြဋ္က ဘယ္နားမွာရိွသလဲ"
ခ်ူယြမ္က လိုရင္းကိုသာ ခ်က္ခ်င္းေမးလာ၏။
သြမ့္ပိုင္ယြဲ႔က စားပြဲေပၚတင္ထားေသာ တုန္းဟိုင္ပင္လဟ္၏ ေျမပံုလိပ္ကို လွမ္းယူရန္ လက္လွမ္းလိုက္ရံုသာရိွေသး ၊ စစ္ကုန္းလြီ႔က လက္ၪီးသြားကာ ေျမပံုလိပ္ကို ခ်ူယြမ္ကထံ လက္ႏွစ္ဖက္ျဖင့္ တရိုတေသ ဆက္သလိုက္သည္။
သြမ့္ပိုင္ယြဲ႔ - "..... "
ခ်ူယြမ္က ေျမပံုလိပ္ကို စားပြဲေပၚျဖန္႔လိုက္သည္။ထို႔ေနာက္ အျဖဴေရာင္ျဖင့္ ဝိုင္းထားေသာ ေနရာကို လက္ျဖင့္ေထာက္ျပလိုက္ရင္း -
"ဒီေနရာလား"
"အင္း၊ ဟုတ္တယ္"
သြမ့္ပိုင္ယြဲ႔ေခါင္းညိတ္ျပလိုက္သည္။ ေဘးနားက ခ်စ္ရသူအား သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ေငးမၾကည့္ဘဲမေနႏိုင္။ သို႔ေသာ္ ခ်ူယြမ္ကေတာ့ ေျမပံုထံမွ အၾကည့္တစ္ခ်က္မလႊဲ။ မ်က္ေတာင္ေလးမ်ားက ရွည္လ်ားေကာ့ၫႊတ္ေနကာ မ်က္ဝန္းမ်ားကလည္း ရႊန္းလဲ့ေတာက္ပေနၿမဲပင္။
စစ္ကုန္းလြီ႔က ေနာက္သို႔ ေျခတစ္လွမ္းဆုတ္လိုက္သည္ ။ ထို႔ေနာက္ ႏွစ္လွမ္း ၊ သံုးလွမ္း။ သို႔ႏွင့္ အျပင္ဘက္သို႔ ေစြ့ခနဲ ေရာက္သြား၏။
နန္ေမာ္ယဲ့လည္း တပည့္ငယ္ေလးကို အခန္းထဲမွ ခ်က္ခ်င္းဆြဲထုတ္လာလိုက္သည္။
"ေဟး၊ ဘာမေျပာညာမေျပာနဲ႔ ဒီတိုင္းထြက္လာတာ ေကာင္းပါ့မလား"
"မင္း ဘာေျပာခ်င္ေသးလို႔လဲ၊ အဲ့မွာ ဆက္ရပ္ေနခါမွ ဘာကိစၥရိွလို႔ ရပ္ေနမွန္း အေၾကာင္းျပခ်က္ေပးရမွာ။ ကဲ....သြားစို႔"
နန္ေမာ္ယဲ့က ထိုႏွစ္ေယာက္အတြက္ တံခါးပိတ္ေပးလို္ကရင္း ေျပာလာ၏။
"ဟုတ္သားပဲေနာ္"
သြမ့္ေယာင္ ခုမွ နားလည္သြားေတာ့သည္။
******
အခန္းထဲရိွ လူႏွစ္ေယာက္ကလည္း ထိုစကားသံမ်ားကို အတိုင္းသားၾကားေနရသည္။ သြမ့္ပိုင္ယြဲ႔ခမ်ာ ရယ္ရခက္ငိုရခက္။
"ေသခ်ာရဲ့လား"
ခ်ူယြမ္ေမးလာျခင္းျဖစ္သည္။
"ဟင္၊ ဘာကိုတုန္း"
"တိမ္သလႅာေတာင္ထြဋ္ရဲ့တည္ေနရာ၊ ထ်ဲန္းခ်န္ရွားရိွမယ့္ေနရာ"
"အင္း၊ က်င္န်ဲန္ေျပာတဲ့သဲလြန္စအရ အဲ့ေနရာပဲ ျဖစ္လိမ့္မယ္။ ဒါေပမယ့္ တကယ္ဟုတ္မဟုတ္ဆိုတာကို စစ္ကုန္းလြီ႔သြားၿပီးစံုစမ္းၿပီးခါမွ အတည္ယူလို႔ရလိမ့္မယ္။ သူက လ်ူလီက်ိဳးကြၽန္းနဲ႔ အဆက္အသြယ္ရိွၿပီးသားဆိုေတာ့ သတင္းေမးဖို႔ သိပ္မခက္ပါဘူး"
"မင္းရဲ့တပ္သားေတြေရာ ဘယ္မွာလဲ"
သြမ့္ပိုင္ယြဲ႔က ေျမပံုေပၚက တစ္ေနရာကို လွမ္းေထာက္ျပလိုက္သည္။ ခ်ူယြမ္ ဆက္ေမးလာ၏။
"ဒီမွာလား၊ အေရအတြက္ကေရာ"
"ငါးေထာင္"
ခ်ူယြမ္မ်က္ႏွာမဲ့သြားသည္။
"ေလာက္ရဲ့လား"
"ခ်ူရိွန္႔နဲ႔ တိုက္ခိုက္ဖို႔ေတာ့ မေလာက္ဘူး၊ ဟိုကြၽန္းက လူေတြနဲ႔ရင္ဆိုင္ဖို႔ေတာ့ ေလာက္တယ္။ ဒီတပ္သားေတြက အေသခံစစ္သားေတြခ်ည္းပဲ၊ သိုင္းပညာအဆင့္လည္း ျမင့္ၾကတယ္၊ အဆိပ္သံုးတဲ့ေနရာမွာလည္း ကြၽမ္းက်င္ၾကတယ္"
"ငါ ဒီကိစၥကို လံုးဝ အမွားအယြင္း အျဖစ္မခံႏိုင္ဘူး၊ တာ့ခ်ူရဲ့ ေရတပ္အင္အားကို သံုးစရာမလိုဘူးဆိုတာ မင္း ေသခ်ာလား"
"ကိုယ္လည္း ဘာအမွားအယြင္းမွ ျဖစ္မလာေစခ်င္ပါဘူး ၊ စိတ္မပူပါနဲ႔"
"အစီအစဥ္ကေရာ - "
" အခု စီစဥ္ထားသေလာက္ကေတာ့ ေယာင္အာကို ရွီးနန္တပ္ဖြဲ႔ဆီ သြားခိုင္းမယ္၊ ကိုယ္ေတြရိွရာဆီ တပ္ဖြဲ႔ကိုတစ္ပါတည္း ေခၚလာခိုင္းမယ္။ အစ္ကိုစစ္ကုန္းကလည္း ဒီအေတာအတြင္း လ်ူလီက်ိဳးကိုသြားမွာ၊ တကယ္လို႔မ်ား အရာအားလံုးက အဆင္ေျပသြားရင္ ေနာက္ႏွစ္လေလာက္ၿပီးတာနဲ႔ တိမ္သလႅာကႏၲာေတာင္ထြဋ္ေပၚတက္ၿပီး ထ်ဲန္းခ်န္ရွား..... ကို သြားယူမယ္ "
ထ်ဲန္းခ်န္ရွားဟူေသာ အမည္နာမအေရာက္တြင္ သြမ့္ပိုင္ယြဲ႔ေလသံမ်ား တိုးလ်ေဖ်ာ့ေတာ့သြားသည္။
"ေကာင္းၿပီေလ"
ခ်ူယြမ္က ထိုသို႔သာ ဆို၏။
သြမ့္ပို္င္ယြဲ႔ကေတာ့ ခ်ူယြမ္အား ေတာက္ေလ်ွာက္ ေငးၾကည့္ေနခဲ့သည္။
ခ်ူယြမ္ ျပန္ရပ္လိုက္သည္။ တစ္ဖက္လူကို လံုးဝ လွည့္မၾကည့္။
"အစီအစဥ္ေတြ အကုန္ဆြဲၿပီးသားဆိုေတာ့လည္း ကိုယ္ေတာ္ ျပန္ပါေတာ့မယ္"
"မိုးရြာေနတယ္ေလ"
"မိုးရြာရံုပဲဟာ"
သြမ့္ပိုင္ယြဲ႔ႏႈတ္ခမ္းလႊာမ်ား တုန္ယင္သြား၏။ ထို႔ေနာက္တြင္မွ -
"ေကာင္းေကာင္းအနားယူၪီးေနာ္"
ခ်ူယြမ္ ၿပံဳးလိုက္ကာ အျပင္ဘက္သို႔ ျပန္ထြက္သြားသည္။
*****
သြမ့္ေယာင္က မ်က္ႏွာေပၚစိုရႊဲစီးက်ေနေသာ မိုးေရမ်ားကို သုတ္ပစ္လိုက္ၿပီး မိမိႏွင့္အတူတူ ႂကြက္စုတ္ေရနစ္ျဖစ္ေနေသာ ဆရာျဖစ္သူႏွင့္ အစ္ကိုစစ္ကုန္းတို႔ဘက္ ေစာင္းငဲ့ၾကည့္လာ၏။
"အစ္ကိုသြမ့္က အဆင္ေျပပါ့မလား"
စစ္ကုန္းလြီ႔ခမ်ာ သြမ့္ပိုင္ယြဲ႔ကို တကယ္နားမလည္ေတာ့။ မိုးသက္မုန္တိုင္း ဒီေလာက္ထိ ဆိုးရြားျပင္းထန္ေနသည္ေတာင္ မိမိခ်စ္ရေသာသူကို တစ္ေယာက္တည္း ျပန္ခိုင္းမလို႔တဲ့လား။
အားလားလား၊ ဝတၴုေတြထဲမွာသာ ယခုလိုဇာတ္ဝင္ခန္းမ်ိဳးေရးသားထားလ်ွင္ စာအုပ္ေရာင္းေသာဆိုင္မွာ ရိွစုမဲ့စုအရင္းပါျပဳတ္ရံုမက ဝတ္ထားေသာေဘာင္းဘီကိုပါ ေပါင္ႏွံေရာင္းခ်ရသည့္အထိ ႁခြတ္ၿခံဳက်သြားမည္ျဖစ္သည္။
နန္ေမာ္ယဲ့လည္း တပည့္အငယ္ေလးႏွင့္ ပံုစံတစ္ေထရာတည္း ထပ္တူက်စြာ လက္ျဖင့္ေမးကိုေထာက္ကာ ေခါင္မိုးေပၚတြင္ ငုတ္တုတ္ထိုင္ေနသည္။
အဲ့လိုမွန္းသိရင္ တစ္ေရးတစ္ေမာေလာက္ျပန္အိပ္လိုက္ပါတယ္ကြာ၊ ေတာက္။
******
ေနာက္ႏွစ္ရက္ၾကာေတာ့ သြမ့္ေယာင္က သေဘၤာ တစ္စင္းႏွင့္အတူ လီက်င့္ကြၽန္းမွ ထြက္ခြာသြား၏။ ေန့မနားညမနား ခရီးဆက္ကာ စစ္တပ္အင္အားေရႊ့ေျပာင္းဖို႔ ႀကိဳးစားေနသည္။
စစ္ကုန္းလြီ႔ဘက္ကလည္း လ်ူလီက်ိဳးကြၽန္းႏွင့္ အေရာင္းအဝယ္အေဖာက္အကားရိွေၾကာင္း အေၾကာင္းျပၿပီး ကုန္တင္သေဘၤာႀကီးေပၚ လိုက္ပါထြက္ခြာသြား၏။ အဝတ္ေလ်ွာ္သစ္သားျပားမ်ားကိုမူ ယူမလာခဲ့ပါ၊ အိမ္ငယ္ေလးတြင္ အကုန္ထားပစ္ခဲ့၏။ အေရးအေၾကာင္းရိွလ်ွင္ အဆင္သင့္အသံုးျပဳႏိုင္ရန္ျဖစ္သည္။
*****
ခ်ူယြမ္က ပင္လယ္ကမ္းစပ္နား သြားသြားေနတတ္ေလ့ရိွသည္။ ဘာမွသိပ္မလုပ္ျဖစ္ဘဲ အားလပ္ေနကာ ပ်ံသန္းေရြ့လ်ားေသာ တိမ္အစုအဖြဲ႔မ်ားကို လိုက္လံေငးၾကည့္ေနတတ္သည္။
သြမ့္ပိုင္ယြဲ႔လည္း ခ်စ္သူထံ သြားကာ ျပန္လိုက္ေခၚရမည္လား၊ သို႔တည္းမဟုတ္ မည္သို႔မည္ပံုလုပ္ရပါအံ့နည္းဟု ဆက္မေတြးတတ္ေတာ့ ။ ခ်ူယြမ္သြားရာေနာက္ အၿမဲလိုက္ေနေသာ္လည္း အေဝးမွသာရပ္ေနကာ ဒီအတိုင္း ေစာင့္ၾကည့္ေနတတ္သည္။ ခ်စ္ရေသာသူသာ ထိုေနရာမွာ တစ္ေနကုန္ တစ္ေနခမ္း ထိုင္ေနလ်ွင္ သူလည္း မလွမ္းမကမ္းတစ္ေနရာတြင္ တစ္ေနကုန္ ရပ္ေနျခင္းျဖင့္ ကုန္ဆံုးေစမည္ျဖစ္၏။ ေနဝင္မိုးခ်ဳပ္ကာ သူရိန္ေနမင္းက ပင္လယ္ျပင္ထက္ ေမးတင္အိပ္စက္သြားသည့္အခ်ိန္ထိ အခ်ိန္ကို ထိုပံုစံျဖင့္သာ ကုန္လြန္ေစခဲ့၏။
ဧကရာဇ္ႏွင့္ အတူ လိုက္ပါလာေသာ အပါးေတာ္ၿမဲ သက္ေတာ္ေစာင့္မ်ားကလည္း အရိပ္အကဲအခ်ိဳ႕ကို စတင္သေဘာေပါက္လာၾကသျဖင့္ ခ်ူယြမ္ကို ထူးထူးျခားျခား ေလ်ွာက္တင္ျပျခင္း မရိွေတာ့။
ကြၽန္းေပၚက ေန့စဥ္ဘဝမွာ အေတာ္ရိုးရွင္းလြယ္ကူေလရာ ေန့ညမ်ားမွာ လ်င္ျမန္စြာျဖတ္သန္းကုန္ဆံုးသြားသည္ဟု ခံစားလိုက္ရသေယာင္ပင္။
******
ရွင္းက်ိဳးကြၽန္းသို႔ ဝင္ထြက္သြားလာေနေသာ ေလွသေဘၤာႀကီးမ်ားမွာ ခါတိုင္းလိုပင္ စည္ကားသိုက္ၿမိဳက္ေနၿမဲ ။ ခ်ူယြမ္က အေဝးမွ လွမ္းျမင္ေနရေသာ သေဘၤာေပၚရိွ သစ္လံုးႀကီးမ်ားႏွင့္ တိရစၧာန္အစုအဖြဲ႔မ်ားကို ဘာမွ အေရးမထားသလို ေအးေအးေဆးေဆး ေငးၾကည့္ေနသည္။
"အေပၚ တက္ၾကည့္ၪီးမလား"
ေနာက္ဘက္မွ လိုက္လာေသာ သြမ့္ပိုင္ယြဲ႔က စကားစဆိုလာ၏။
"ဘာလို႔ ဒီေန့က်ေတာ့ မ်က္ႏွာအျမင္ခံၿပီတဲ့လဲ"
သြမ့္ပိုင္ယြဲ႔က သူ႔လက္ေပၚေခါက္တင္ထားေသာ ဝတ္ရံုကို ယူလိုက္ကာ ခ်ူယြမ္ကိုယ္လံုးေပၚ လႊမ္းၿခံဳေပးလိုက္၏။
"ေလတိုက္တာ အရမ္းၾကမ္းလာၿပီ။ ေလစိမ္းေတြ သိပ္အတိုက္မခံနဲ႔ေလကြာ"
"သေဘၤာေပၚတက္ၿပီး သြားေထာက္လွမ္းၾကည့္ဖို႔ေတြ မေတြးနဲ႔ေတာ့ ။ တစ္စီးႏွစ္စီးေလးသြားတက္ၾကည့္ရံုနဲ႔ ဘာမွသိလာမွာမဟုတ္ဘူး။ ၿပီးေတာ့ အဲ့ဟာအားလံုးက အသက္ေမြးဖို႔ မရိွမျဖစ္လိုအပ္တဲ့ဟာေတြခ်ည္းပဲ။ ရွင္းက်ိဳးကြၽန္းကို ဧကရာဇ္ရဲ့ ေရႊနန္းေတာ္ေလာက္နီးနီး ခမ္းနားေအာင္ ေဆာက္ခ်င္လည္း ျပႆနာမရိွဘူး။ တကယ့္ျပႆနာက ေရတပ္အင္အားနဲ႔ လက္နက္ႀကီးေတြ ဘယ္ေလာက္ပိုင္ဆိုင္ထားသလဲဆိုတဲ့ကိစၥပဲ"
"အခုေနေတာ့ ရွင္းက်ိဳးက ကြၽန္းပ်က္တစ္ခုပါပဲ။ ေရတပ္အင္အားနဲ႔ အေျမာက္ခဲယမ္းေတြရိွလာဖို႔ေတာ့ ေနာက္ႏွစ္ႏွစ္သံုးႏွစ္ေလာက္ ၾကာၪီးမယ္"
"ဒါဆိုလည္း အဲ့ေတာ့မွ ဆက္ေျပာၾကတာေပါ့"
ခ်ူယြမ္က ေက်ာက္ေဆာင္ေပၚမွ ခုန္ဆင္းလိုက္သာ ျပန္သြားမည္ျပဳ၏။ သို႔ေသာ္ သက္ေတာ္ေစာင့္တစ္ၪီးထံမွ အေျပးအလႊားေရာက္လာၿပီး လီက်င့္ျပည္ႏွင့္မနီးမေဝးရိွ ကြၽန္းငယ္တစ္ခုထံမွ ကုန္တင္သေဘၤာႀကီးတစ္စီး ထြက္ေပၚလာေၾကာင္း၊ လႊင့္ထူထားေသာအလံအရ တာ့ခ်ူျပည္သားတို႔၏ သေဘၤာျဖစ္ေၾကာင္း ေလ်ွာက္တင္လာ၏။
"ဘယ္ကြၽန္းလဲ"
"ကြၽန္းပ်က္တစ္ခုပါဘုရား။ ကြၽန္ေတာ္မ်ိဳးတို႔ ကင္းလွည့္ေနၾကတုန္း အမွတ္အထင္ေတြ့မိသြားတာပါ။ အေဝးကေနၾကည့္ဘိုက္ေတာ့ သေဘၤာေပၚမွာ လူရိွေနမယ့္ အရိပ္အေယာင္လည္း မေတြ့ေၾကာင္းပါ။ ထူးဆန္းေနတဲ့အေၾကာင္းျခင္းရာမို႔ အရွင္မင္းျမတ္ဆီ အရင္ၪီးဆံုး သံေတာ္ၪီးလာတင္ရျခင္းျဖစ္ပါတယ္"
"ပင္လယ္ဓားျပေတြနဲ႔ သြားတိုးတာေကာ မျဖစ္ႏိုင္ဘူးလား"
ခ်ူယြမ္၏ ေမးခြန္းကို သြမ့္ပိုင္ယြဲ႔က ၾကားျဖတ္ေျဖေပးသည္။
"ဒီလမ္းေၾကာင္းက လူသူစည္ကားေနတဲ့လမ္းပဲ၊ ခိုးသားဓားျပေတြ မဟုတ္ေလာက္ဘူး။ ကိုယ္ သြားၾကည့္ေပးမယ္"
"ကုန္သေဘၤာတစ္စင္းပဲဟာ၊ ဒီထက္ပိုၿပီး ထူးဆန္းေနရင္လည္း ဘာအေရးလဲ။ ဒီကေနဘယ္ေလာက္ေဝးသတဲ့တုန္း"
ခ်ူယြမ္က တပ္သားဘက္သို႔ ျပန္ေမးလိုက္သည္။
"အျမန္ေလွနဲ႔စီးသြားရင္ ႏွစ္နာရီေလာက္ေတာ့ သြားရပါတယ္ဘုရား"
"သြားရေအာင္ပါ၊ အခုခ်က္ခ်င္းပဲ သြားၾကစို႔"
တပ္သားကလည္း ဧကရာဇ္အမိန္႔ကို နာခံယူလိုက္ကာ ကမ္းစပ္သို႔အေျပးျပန္သြားၿပီး ျပင္ဆင္စရာရိွသည္မ်ားကို သြားေရာက္ျပင္ဆင္ေပးေန၏။
"ဘာလို႔ မင္းကိုယ္တိုင္ သြားၾကည့္႔ရမွာလဲ"
သြမ့္ပိုင္ယြဲ႔ ေမးလာျခင္းျဖစ္သည္။
"ေစာနက ေရွာင္ေတာ အကုန္ေျပာၿပီးသြားၿပီမဟုတ္လား။ အဲ့သေဘၤာက တာ့ခ်ူရဲ့ ကုန္သေဘၤာတဲ့။ တကယ္လို႔မ်ား အဲ့သေဘၤာေပၚက ကုန္သည္ေတြသာ ေဘးဒုကၡေရာက္ေနရင္ ကိုယ္ေတာ္လည္း သူတို႔ကိုေခၚထုတ္လာၿပီး အိမ္ျပန္ပို႔ေပးရမွာပဲ။ မဟုတ္ရင္ ပင္လယ္ျပင္ထဲမွာ ကူရာကယ္ရာမဲ့ ေဆြမရိွမ်ိဳးမရိွ ဝိညာဥ္ေတြ ျဖစ္သြားၾကမွာ"
"ေထာင္ေခ်ာက္ျဖစ္ေနခဲ့ရင္ေကာ"
"ေထာင္ေခ်ာက္ျဖစ္ေနရင္ ပိုလို႔ေတာင္ သြားၾကည့္သင့္ေသးတယ္။ အခုေနသာ သြားၿပီး ရွင္းမထားရင္ အလြန္ဆံုးရိွ ေနာက္ႏွစ္ရက္သံုးရက္က် လီက်င့္က တံငါေလွေတြ သြားေတြ့မိမွာပဲ။ အဲ့ခါက်မွ ေကာလဟလေတျြဖစ္ၿပီး တာ့ခ်ူကပဲ နာမည္ဆိုးေတြရမွာ။ ေနာက္ဆို တာ့ခ်ူရဲ့ ကုန္သေဘၤာေတြ ဒီဆိပ္ကမ္းကို လြယ္လင့္တကူ လာဆိုက္လို႔ရမွာမဟုတ္ဘူး"
"ကိုယ္သြားၾကည့္ရင္လည္း အတူတူပဲေလ"
"ဘယ္နား တူေနလို႔လဲ"
ခ်ူယြမ္က သူ႔အား လွည့္ၾကည့္လာၿပီး ဆက္ဆို၏။
"မင္းမွာ ေရႊနဂါးပလႅင္ေတာ္ကို အရယူခ်င္တဲ့ စိတ္မ်ိဳးရိွခါမွ မင္းနဲ႔သက္ဆိုင္တယ္လို႔ ေခၚလို႔ရမယ္"
"........"
ခ်ူယြမ္က ခ်ာခနဲျပန္လွည့္ကာေက်ာက္ေဆာင္ေက်ာက္တန္းမ်ားဘက္ ထြက္သြားေလသည္။
သြမ့္ပိုင္ယြဲ႔လည္း သက္ျပင္းတစ္ခ်က္ တိတ္တခိုးခ်လိုက္ကာ ထံုးစံအတိုင္းပင္ ခ်ူယြမ္ေနာက္သို႔ လိုက္သြားေလေတာ့သည္။
*****
ေက်ာက္ေဆာင္မ်ားၾကားတြင္ အျမန္ေလွငယ္တစ္စင္း ဆိုက္ကပ္ထား၏။ ညေနခင္း ေမွာင္ရီပ်ိဳးစအခ်ိန္ျဖစ္ေလရာ အမိုက္ေမွာင္ႏွင့္ လူသူအသံုးနည္းေသာ ေရစီးေၾကာင္းကို အားကိုးအားထားျပဳျပီး မၾကာမီအခ်ိန္တြင္ပင္ ထိုကြၽန္းပ်က္ႀကီးေပၚ ေရာက္သြားၾကသည္။ တိုက္ဆိုင္စြာပင္ ဤညက လျပည့္ညျဖစ္ေနေလရာ ျပည့္ရႊန္းဝိုင္းစက္ေနေသာ ေသာ္တာလမင္းႀကီး၏ ေငျြခည္တန္းက ပင္လယ္ေရျပင္ထက္ျဖန္႔က်က္ၿခံႂလြွမ္းေနလ်က္။ လိႈင္းေလွၾကမ္းတမ္းျခင္းမရိွသျဖင့္ ေလွငယ္မွာ ရံဖန္ရံခါ အနည္းငယ္မ်ွသာ ယိုင္ယိုင္သြားတတ္၏။ သို႔ေသာ္ ကြၽန္း၏ အျခားတစ္ဖက္ကမ္းမွာေတာ့ ႀကီးမားေသာ ဧရာမသေဘၤာႀကီးတစ္စင္းမွာ ကမ္းစပ္ေပၚေသာင္တင္ေနသည္။ ေတြ့ျမင္ရေသာသူအား အေတာ္ပင္ စိတ္ေျခာက္ျခားေစႏိုင္လွေပ၏။
ဤသို႔ေသာသေဘၤာမ်ိဳးမွာ ကမ္းရိုးတန္းေဒသတြင္ အေတြ့ရမ်ားေသာပံုစံမ်ိဳးျဖစ္ကာ ေငြေၾကးဓန ႂကြယ္ဝေတာင့္တင္းလွေသာ ကုန္သည္ အဖြဲ႔အစည္းတစ္ခုမွ ေစလႊတ္လိုက္ေသာ သေဘၤာမ်ိဳး ျဖစ္ဟန္ရသည္။ အနည္းဆံုးေတာ့ ထိုသေဘၤာေပၚတြင္ လူအေယာက္ ရာခ်ီၿပီး ရိွေနႏိုင္သည္မို႔ ပံုမွန္အားျဖင့္ စည္ကားသိုက္ၿမိဳက္ကာ လူရိပ္လူေယာင္ ရိွရေပမည္။ ပင္လယ္ျပင္ထဲ လခ်ီၿပီး ထြက္လာသည္ဆိုေပမင့္ အနည္းဆံုးေတာ့ သေဘၤာၪီးထိပ္တြင္ စကားဝိုင္းဖြဲ႔ေျပာဆို တေသာေသာ ရယ္ေမာေနၾကသင့္ေပသည္၊ တိုးတစ္လွၫ့္က်ယ္တစ္ခါ ညည္းဆိုတတ္ၾကေသာ ရိုးရာေတးမ်ားလည္း ၾကားရသင့္သည္။
ယခုေတာ့ အဘယ္ေၾကာင့္မ်ား လံုးဝ တိတ္ဆိတ္ၿငိမ္သက္ေနရသနည္း။
"ကိုယ္ သြားၾကည့္ၾကည့္မယ္"
သြမ့္ပိုင္ယြဲ႔က ထိုသို႔ ေျပာလာေတာ့ ခ်ူယြမ္မ်က္ႏွာ ခ်က္ခ်င္း ပ်က္သြားသည္။
"သေဘၤာရဲ့ကိုယ္ထည္ေရာ အလံေရာက မပ်က္စီးဘူး၊ ဒါေၾကာင့္ မုန္တိုင္းဒဏ္ခံထားရတာေတာ့ မျဖစ္ႏိုင္ဘူး"
"အင္း၊ ပင္လယ္ဓားျပေတြေၾကာင့္လည္း ျဖစ္ခ်င္ျဖစ္မွာေပါ့။ ဘာပဲျဖစ္ျဖစ္ပါ၊ ကိုယ္ အဲ့သေဘၤာေပၚတက္ၾကည့္လိုက္ရင္ အေၾကာင္းသိရပါၿပီ "
သြမ့္ပိုင္ယြဲ႔ ထြက္သြားမည္အျပဳတြင္ ခ်ူယြမ္က သူ႔လက္ေကာက္ဝတ္ကို လွမ္းဆြဲထားလိုက္၏။
သြမ့္ပိုင္ယြဲ႔အေတာ္အံ့ဩသြားသည္။
"မနက္ျဖန္မွ စံုစမ္းရေအာင္ပါ"
ခ်ူယြမ္၏စိတ္အစဥ္မွာ အနည္းငယ္က်ဥ္းက်ဥ္ေနၿပီျဖစ္ရာ တိုးလ်စြာသာ ဆိုလာသည္။
သြမ့္ပိုင္ယြဲ႔က လက္မေလ်ွာ့ခ်င္ေသး။
"မေကာင္းတဲ့အႀကံအစည္ရိွေနရိုးမွန္ရင္၊ ၿပီးေတာ့ ေန့ခင္းပိုင္းႀကီးမွ လာစံုစမ္းရင္ တစ္ဖက္ရန္သူက ကိုယ္တို႔ကို ပိုၿပီး လြယ္လြယ္ကူကူ ရိပ္မိကုန္မွာေပါ့ ။ ဘာလုပ္သင့္မွန္း ဘာမလုပ္သင့္မွန္း ကိုယ္ နားလည္ပါတယ္၊ စိတ္မပူနဲ႔ေနာ္"
သို႔ေသာ္ ခ်ူယြမ္က သူ႔လက္ကို လႊတ္မေပးခဲ့ေခ်။
သက္ေတာ္ေစာင့္မ်ားမွာလည္း ေလွၪီးထိပ္တြင္ တန္းစီကာ ရပ္ေနၾကသည္။ ေရ႔ွတည့္တည့္ကိုသာၾကည့္ရင္း တိတ္ဆိတ္စြာသာရပ္ေနသည္။ မည္သူကမ်ွ ထိုႏွစ္ေယာက္ဘက္ကို လွည့္မၾကည့္ရဲၾကေပ။
သြမ့္ပိုင္ယြဲ႔က ဆို၏။
"ဒီနန္ယန္က အစကတည္းက ၿငိမ္းခ်မ္းေသးတာ မဟုတ္ဘူးေလ။ ဘယ္ေလာက္ပဲေသးတဲ့ကိစၥပဲျဖစ္ျဖစ္၊ ကိုယ္တို႔ ဘာလို႔အေရးစိုက္ရမွာလဲ။ ဒါေပမယ့္ ခ်ူရိွန္႔သာ အရင္သိသြားလို႔ ဒီသတင္းကို မိုးမီးေလာင္ေလာက္ေအာင္ ခ်ဲ့ျပလိုက္ရင္ ဘယ္လိုျဖစ္သြားမလဲ။ ကိုယ္က ရတယ္၊ ကိုယ္သြားၾကည့္ၿပီးမွ မင္းလည္း စိတ္ခ်လက္ခ်ျဖစ္သြားမွာေပါ့၊ ဒါမွ ကိုယ္လည္း စိတ္ေအးရမွာေပါ့ ။ ဟုတ္တယ္ဟုတ္...."
ခ်ူယြမ္ မ်က္ေမွာင္မ်ားႀကံဳ႔သြားကာ တစ္ဖက္သို႔သာ အသာလွည့္ေနလိုက္သည္။ နားရြက္ဖ်ားမ်ားကေတာ့ နီေစြးေနလို႔။
သြမ့္ပိုင္ယြဲ႔က ၿပံဳးလို္က္ကာ ေရျပင္ေပၚ ဆင္းသက္သြားသည္။ ထို႔ေနာက္ ကြၽန္းေပၚသို႔ တစ္ေယာက္တည္း တက္သြား၏။
ခ်ူယြမ္၏ ႏွလံုးသားတစ္ခုလံုး ဆြဲဆုပ္ဖ်စ္ၫွစ္ခံထားသလို မြန္းက်ပ္ေမာဟိုက္ေနကာ ထိုသေဘၤာပ်က္ႀကီးကိုသာ တစ္ခ်ိန္လံုး မမိွတ္မသုန္ စိုက္ၾကည့္ေနရွာသည္။
*****
ေဘးပတ္ဝန္းက်င္တြင္ ၿခံဳခိုတိုက္ခိုက္လာမည့္ အရိပ္အေယာင္မ်ား မေတြ့ရ။ ထို႔ေၾကာင့္သြမ့္ပိုင္ယြဲ႔လည္း သေဘၤာေပၚ သို႔ ေပါ့ပါးသြက္လက္စြာ ခုန္တက္သြားလို္က္သည္။ ေခတၲမ်ွ စိတ္အစဥ္ကိုၿငိမ္သက္ေစကာ သမာဓိအားကို တည္ၾကည္ေစ၏။ ထို႔ေနာက္အသံကို နားစြင့္ၾကည့္လိုက္ၿပီး လူမရိွမွန္းေသခ်ာေတာ့ခါမွ အလင္းေရာင္ရရန္ အက်ႌထဲမွ ညဥ့္ပုလဲတစ္လံုးကို ထုတ္လိုက္သည္။ ထို႔ေနာက္ သေဘၤာထဲက ေနရာတစ္ခုခ်င္းစီကို ေသေသခ်ာခ်ာ လိုက္စစ္ၾကည့္ေန၏။
သေဘၤာေပၚရိွပစၥည္းမ်ားမွာ ေနရာတက်စီစဥ္ထားျခင္းမရိွ။ ၾကမ္းခင္းေပၚတြင္လည္း ျပန္႔က်ဲေနေသာ ေငြစကၠူမ်ား ရိွေနသည္။သို႔ေသာ္ အျခားေသာ တန္ဖိုးႀကီးပစၥည္းမ်ား ေပ်ာက္ဆံုးေနျခင္းမ်ိဳးလည္း ရိွမေနျပန္။ ခိုးသားဓားျပမ်ား၏ လုယက္တိုက္ခိုက္ျခင္းေၾကာင့္ မဟုတ္မွန္း အေတာ္ေသခ်ာေနေပ၏။ သို႔ေသာ္ ဤမ်ွႀကီးမားေသာ သေဘၤာႀကီးက ပင္လယ္ျပင္ထဲ ရြက္လႊင့္သြားလာေနရင္းႏွင့္မွ အဘယ္အေၾကာင္းေၾကာင့္မ်ားလိုက္ပါလာသမ်ွ လူအကုန္လံုး ေပ်ာက္ဆံုးသြားရသနည္း။ အဖိုးတန္ ေရႊေငြရတနာမ်ား၊ အဝတ္အထည္မ်ားကိုလည္း တစ္ခုမွ ယူမသြား။
သြမ့္ပိုင္ယြဲ႔မ်က္ႏွာမဲ့သြားကာ သေဘၤာဝမ္းထဲက အျခားအခန္းမ်ားဆီ ထပ္ဝင္သြားလိုက္သည္။ အခန္းတစ္ခုထဲရိွ စားပြဲေပၚတြင္ ေငြစာရင္းမွတ္တမ္း အထပ္လိုက္ႀကီးရိွေနကာ အၾကမ္းဖ်င္းမ်ွ လွန္ေလွာဖတ္ရႈၾကည့္လိုက္ေတာ့ ဟြီးက်ိဳးမွလာေသာ ကုန္သည္အဖြဲ႔ျဖစ္မွန္း သိလိုက္ရသည္။ သြပ္ႏွင့္ပတ္သက္ေသာပစၥည္းမ်ားကူးသန္းေရာင္းဝယ္ၾကသည္။ တျခား ဘာထူးထူးျခားျခားကိစၥမွ မရိွ။
ေနာက္တစ္ထပ္ကို ထပ္ဆင္းသြားေတာ့ သြမ့္ပိုင္ယြဲ႔ေျခလွမ္းမ်ား တုန္႔ခနဲ ရပ္ဆိုင္းသြားသည္။ ေလထဲတြင္ အနံ႔တစ္မ်ိဳး လြင့္ပ်ံ့လာ၏။
၄မွာ မရဏတရား၏ အနံ႔အသက္ပင္ျဖစ္သည္။ ထို႔အျပင္ ေဆးတစ္မ်ိဳး၏ မႊန္ထူေနေသာ အနံ႔မ်ား။ ထိုႏွစ္ခုကိုေပါင္းစပ္လိုက္ေတာ့ ရႉရိႈက္မိေသာလူကို ေအာ့အန္ေစႏိုင္ေလာက္ေပသည္။
အေရ႔ွကေတြ့ခဲ့ေသာ သဲလြန္စမ်ားႏွင့္ ျဖည့္စြက္ ဆက္စပ္ၾကည့္လိုက္ေတာ့ သြမ့္ပိုင္ယြဲ႔မွာ တစ္ခုခုကို နားလည္သြားၿပီျဖစ္၏။ ထို႔ေၾကာင့္ ညဥ့္ပုလဲကို အက်ႌထဲ ျပန္ထည့္လိုက္ကာ သစ္သားျပားတစ္ခုကို ရိုက္ခ်ိဳးၿပီး မီးစတစ္ခု ပ်ိဳးယူလိုက္သည္။ ထို႔ေနာက္ မိမိ ေရ႔ွေမွာက္ရိွ တံခါးခ်ပ္ကို ေဆာင့္ကန္ၿပီးဖြင့္လိုက္သည္။
ပုပ္အဲ့နံေဟာင္ေနေသာ အနံ႔မ်ားက အခန္းထဲမွ ေထာင္းခနဲ လိႈင္ထြက္လာကာ သူ႔ထံသို႔ တည့္တည့္မတ္မတ္ တိုးဝင္လာ၏။
တံခါးခ်ပ္ေနာက္ကြယ္က သေဘၤာဝမ္းခန္းတစ္ခုလံုး လူေသအေလာင္းမ်ားျဖင့္ ပံုေနသည္။ မည္မ်ွပင္ ၾကာျမင့္ေနမွန္းမေျပာတတ္ေတာ့။ ထို႔ေၾကာင့္ လူသူမဲ့သေဘၤာႀကီးမွာ ေရစီးႏွင့္အတူ ေမ်ာပါလာကာ ဤကြၽန္းေပၚသို႔ ေသာင္လာတင္ေနျခင္းျဖစ္သည္။
အျပင္ဘက္တြင္ ေျခသံတစ္ခုၾကားလိုက္ရသည္။ သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ လွည့္ၾကည့္လိုက္၏။
သူ႔ေနာက္ဘက္ ေရာက္လာေသာသူမွာ ခ်ူယြမ္ ျဖစ္ေနသည္ပင္။
သြမ့္ပိုင္ယြဲ႔မ်က္ႏွာမွာ ခ်က္ခ်င္းပင္ ျဖဴဆုတ္သြားကာ ဘာမွမရွင္းျပအားေတာ့ဘဲ ခ်ူယြမ္၏ ႏွာေခါင္းႏွင့္ ပါးစပ္ကို လက္ျဖင့္အုပ္လိုက္ၿပီး သေဘၤာေပၚမွ ျပန္ဆင္းလာ၏။ အေတာ္ေဝးေဝးသို႔ ေရာက္လာၿပီးခါမွ ခ်ူယြမ္က စိတ္ညစ္ညစ္ျဖင့္ သြမ့္ပိုင္ယြဲ႔လက္ကို ပုတ္ထုတ္လိုက္ကာ -
"မင္း ဘာလုပ္မလို႔လဲ"
"ကိုယ္နဲ႔ ခပ္ခြာခြာ ေနစမ္းပါ"
ခ်ူယြမ္ - "......"
မင္း ဘာေျပာလိုက္တယ္။
ခုခ်က္ခ်င္း ျပန္ေျပာလိုက္စမ္း။
သြမ့္ပိုင္ယြဲ႔က ေဆးပုလင္းတစ္ဘူးကို ခ်ူယြမ္လက္ထဲထည့္ေပးလိုက္ကာ ေျခႏွစ္လွမ္းသံုးလွမ္းမ်ွ ခပ္ခြာခြာျပန္ဆုတ္လိုက္ကာ ဆက္ေျပာလာ၏။
"ေဆး အရင္ေသာက္လိုက္။ အဲ့သေဘၤာေပၚမွာ ကပ္ေရာဂါတစ္ခုနဲ႔ ႀကံဳခဲ့တဲ့ပံုပဲ။ သူတို႔စာရင္းေတြ မွတ္တမ္းေတြအရ အဲ့ေပၚမွာ လူေတြေသထားတာ သံုးလေလာက္ေတာင္ရိွေနၿပီ။ သေဘၤာတစ္စင္းလံုးကို မီးရိႈ႔ပစ္လိုက္တာ ပိုေကာင္းလိမ့္မယ္"
*****
2020.10.15
Thz for loving BaiYuan/ DuanChu.
*****