[ ထျဲန်းချန်ရှားကို အရင်သွားယူပြီးခါမှ ဆက်ပြောကြတာပေါ့ ]
"ဘယ်လိုလဲ"
နန်မော်ယဲ့၊ သွမ့်ယောင်နှင့် စစ်ကုန်းလွီ့တို့သုံးယောက်သားမှာ လှေငယ်လေးငှားကာ သူတို့နှစ်ယောက်နောက် အပြေးပဲ လိုက်သွားရမည်လား ၊ ရှင်းကျိုးကျွန်းသို့ စုံစမ်းထောက်လှမ်းရေးသာ သွားလိုက်ရမည်လားဟု ဝေခွဲမရဖြစ်နေစဥ် အရှင်မင်းမြတ်က ပြန်ကြွလာသည်။ တကယ်ပင် ထင်မှတ်မထားခဲ့။
နောင်တော်က အတော်စွမ်းသားဟ။
သွမ့်ယောင်ကတော့ ပီတိဖြာဝေနေပြီဖြစ်သည်။ သို့သော် ခပ်ကြာကြာ မပျော်လိုက်ရ။
"ကျင့်နျဲန်က ပင်လယ်ထဲ မတော်တဆကျသွားလို့ "
သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"ခုလောလောဆယ် ရေနွေးသွားယူပေးဦး၊ ပြီးတော့ အအေးမိပျောက်ဆေးရယ်၊ ဟင်းရည်ပူပူလေးပါ ယူလာပေးလှည့်။ လုပ်ရကိုင်ရ အဆင်မပြေရင် သူ့ကိုပြုစုပေးဖို့ အဒေါ်ကြီးတစ်ယောက်ယောက်လောက် သွားရှာချေ"
"ဟုတ်၊ ဟုတ်...."
သွမ့်ယောင်က သွမ့်ပိုင်ယွဲ့စကားအတိုင်း ဆောင်ရွက်ရန် အမြန်ပင်ထွက်သွားလေပြီ။ နန်မော်ယဲ့နှင့် စစ်ကုန်းလွီ့လည်း ကိုယ်စီကိုယ်င တာဝန်ခွဲဝေကာ ထွက်ခွာသွားသည်။ သက်တော်စောင့်များကလည်း ကျင့်နျဲန်အား ပွေ့ချီကာ အခန်းတစ်ခုထဲ သွားနားစေသည်။ သို့နှင့် အိမ်ခြံဝန်းထဲတွင် သွမ့်ပိုင်ယွဲ့နှင့် ချူယွမ်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။
"ဟိုဘက် လှည့်နေစမ်း !!!!! "
ချူယွမ် ရုတ်တရက်ကြီး ထပြောလာတော့ သွမ့်ပိုင်ယွဲ့ ခေတ္တမျှမှင်သက်သွားကာ -
"ဘာလို့တုန်း"
"အဲ့မျက်နှာဖုံးက အရမ်းရုပ်ဆိုးတယ်"
"..... "
ရုပ်ဆိုးတယ်တဲ့လား။
အခြားတစ်ဖက်သို့ကျောပေးသွားသော တစ်ဖက်လူကိုကြည့်ရင်း ချူယွမ်၏ ရင်ဘတ်အစုံမှာ နိမ့်ချည်မြင့်ချည် တုန်ယင်လာကာ လက်ဖြင့်ပင်အုပ်ပြီး ထိန်းချုပ်ထားရ၏။ ဘေးနားတွင်ရှိသော အဝတ်လျှော်သစ်သားပြားကြီးကို ကောက်ကိုင်လိုက်ကာ မှတ်လောက်သားလောက်အောင် တဘုန်းဘုန်း ရိုက်ပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။ မှားမှားမှန်မှန် ဘာမှတွေးမနေချင်တော့ဘဲ ရိုက်ပစ်လိုက်ချင်၏။ ဝက်ခေါင်းကြီးလို မျက်နှာကြီးဖူးယောင်သွားသည့်အထိ ရိုက်ပစ်လိုက်ချင်၏။
မိမိနောက်ကလူမှာ ဘာစကားမှဆက်မဆိုတော့သဖြင့် သွမ့်ပိုင်ယွဲ့ကပင် စကားပြန်စလိုက်သည်။
"ကိုယ် ပြန်လှည့်လို့ရပြီလား"
"သွေးနီတစ်ကျန့် ပေးသနားခိုင်းမယ်"
"ဟုတ်ပါပြီ၊ ကိုယ် မလှည့်တော့ပါဘူး"
သွမ့်ပိုင်ယွဲ့ဘက်ကသာ အရှုံးပေးလိုက်ရလေ၏။
(T/n : Yi Zhang Hong = ရှေးခေတ် နန်းတွင်းမှာ အပြစ်ပေးတဲ့ နည်းတစ်မျိုးပါတဲ့။ ငါးပေအရှည် ၊ နှစ်လက်မအထူရှိတဲ့ သစ်သားချောင်းနဲ့ ခါးတစ်ဝိုက် ကျောပြင်ကို သွေးစို့သွားတဲ့အထိ ရိုက်တာပါတဲ့)
ချူယွမ်က အေးစက်တည်ငြိမ်သော လေသံဖြင့် ဆိုလာသည်။
"ကျင့်နျဲန်က ချူရှိန့်ရဲ့ လူပဲ။ သူက ဖေမျဲန့်ပြည်မှာ နှစ်အများကြီးနေလာခဲ့တာ ၊ ကျွန်းပေါ် တက်သွားလို့ရမယ့်လမ်းကို သေချာမသိပေမယ့် လမ်းပြခိုင်းကြည့်လို့တော့ရတယ်။ တာ့ချူတပ်မတော်လည်း အချိန်မရွေး စစ်ချီလို့ရနေပြီ၊ ထျဲန်းချန်ရှားကို ရလာတာနဲ့ ကျင့်နျဲန်ကို တာ့လီဆီ ကိုယ်တော် ပြန်ပို့ခိုင်းလိုက်ပါ့မယ်။ ပြောစရာကတော့ ဒီလောက်ပါပဲ ၊ ရှီးနန်ဝမ် နားထောင်ပြီးသွားရင် ပြန်သွားလိုက်ပါတော့"
"ထျဲန်းချန်ရှားက တိမ်သလ္လာကန္တာတောင်ထွဋ်ပေါ်မှာရှိတယ်"
ချူယွမ် မျက်နှာမဲ့သွားကာ -
"မင်း ဘာတွေသိထားသေးလဲ"
"ကိုယ် သိလာတာတွေက မနည်းမနောပဲ၊ဖြည်းဖြည်းချင်းစဥ်းစားယူရဦးမယ်"
ထိုစကားကိုကြားပြီးသွားတော့ ချူယွမ်မှာ ဆယ်နှစ်သားအရွယ်တုန်းကလို ထိုသူ့ကို တဘုန်းဘုန်း ထုရိုက်ပစ်ချင်စိတ်ပေါက်နေပြီဖြစ်သည်။ထို့ကြောင့် ဘေးနားရှိ ထိုအဝတ်လျှော်သစ်သားပြားဘက်ကို ခဏခဏ လှည့်ကြည့်နေမိသည်။
သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"ဖေမျဲန့်ပြည်နဲ့ ချူရှိန့်ကို စစ်ကြေညာမယ်ဆိုရင်တောင် ခုချိန်မှာ မလုပ်ကောင်းသေးဘူး။ တာ့ချူရဲ့ ရေကြောင်းတပ်မတော်က အင်အားကြီးမားတယ်ဆိုပေမယ့် သူတို့အများစုကို အနောက်မြောက်ရှီးပေတပ်ကနေ ရွှေ့လာတာလေ၊ သူတို့က ကုန်းမြေပေါ်မှာ တိုက်ခိုက်ရတဲ့ အတွေ့အကြုံတွေ ပြည့်ဝကျွမ်းကျင်ပြီးဖြစ်နေပေမယ့် ပင်လယ်ထဲမှာဆိုရင်တော့ အရေးနိမ့်နိုင်ချေ ပိုများတယ်"
"အဲ့ဒီတော့ ?"
"ကိုယ် ဒီတစ်ခေါက် ပင်လယ်ထဲထွက်သွားတော့ ပိုင်ရှန့်ပြည်နားက ကျွန်းပျက်ကြီးတစ်ခုမှာ ချူရှိန့်ရဲ့တပ်သားတစ်ဖွဲ့နဲ့ တိုးခဲ့သေးတယ်။ သူတို့ကတော့ လေ့ကျင့်ရေးတွေ အတော်လေးရခဲ့ပြီးပြီ၊ ရေကြောင်းစစ်ပွဲသာဆို ရဲရဲရင့်ရင့် ကျွမ်းကျွမ်းကျင်ကျင် တိုက်ခိုက်နိုင်ကြမှာပဲ"
"ဟိုမှာ လူအင်အား ဘယ်လောက်ရှိသတဲ့လဲ။ ချူရှိန့်ကလည်း နှစ်တွေအများကြီး အားကုန်ခံပြီး ဗျူဟာတွေချခဲ့ရနာဆိုတော့ - "
နန်းတော်ထဲ မင်းသားတစ်ပါးအဖြစ် နေထိုင်စဥ်ကတည်းက ချူရှိန့်မှာ ထိုအကြံအစည်မျိုးများ ရှိနေခဲ့သည်။ သို့မဟုတ်လျှင် လျိုမျိုးရိုးက သူ့အား အားပေးအားမြှောက်ပြုလာမည်တဲ့လား ။ အနောက်မြောက်ရှီးပေကိုသွားရမည်ထက်စာလျှင် ရာထူးအဖြုတ်ခံရတာကမှ ပိုကောင်းသည်တဲ့လေ။ သို့နှင့် ဟိုင်နန်သို့မရရအောင် သွားချင်ခဲ့သေးသည်။
သွမ့်ပိုင်ယွဲ့ကဆို၏။
"ထျဲန်းချန်ရှားကိုသွားယူဖို့အတွက် မင်း ချူရှိန့်နဲ့ တိုက်ရိုက်ရင်ဆိုင်စရာမလိုဘူး။ အခုလည်း ထျဲန်းချန်ရှားက တိမ်သလ္လာကန္တာတောင်ထွဋ်မှာ ရှိမှန်း ဒို့တွေသိနေပြီဆိုတော့ ကျင့်နျဲန်ပြန်နိုးလာတဲ့အထိ စောင့်လိုက်ရင်ပိုမကောင်းဘူးလား၊ သူ နိုးလာတော့မှ အဲ့ဒီနေရာကိုသိသလားလို့ အရင်မေးကြည့်ကြစို့။ ပြီးခါမှ တခြားကိစ္စတွေကို ဆုံးဖြတ်ချက်ချလို့ ရသေးတယ်လေ၊ ကိုယ်ပြောတာ သဘောတူတယ်ဟုတ်"
"အင်း၊ ရတယ်လေ"
"နောက်လေးငါးနှစ်လောက် ထပ်စောင့်လိုက်ရင် - "
"နောက်လေးငါးနှစ်မှာ ဘာပဲဖြစ်လာလာ ရှီးနန်ဝမ်နဲ့ ဘာဆိုင်နေလို့လဲ"
ချူယွမ်က သွမ့်ပိုင်ယွဲ့၏ စကားစကို သွေးအေးစွာ ဖြတ်ချပစ်လို်က်သည်။
"ထျဲန်းချန်ရှားကိုတွေ့ပြီးသွားတာနဲ့ နန်ယန်ထဲကပြဿနာတွေဟာ ကိုယ်တော်မြတ်တစ်ယောက်တည်းနဲ့ပဲသက်ဆိုင်တဲ့ပြဿနာတွေ ဖြစ်ပေတယ်"
"ကိုယ်...."
သို့သော် ချူယွမ်က ချာခနဲလှည့်ထွက်ကာ အပြင်သို့ထွက်သွားလေပြီ။
သွမ့်ပိုင်ယွဲ့ကမူ တစ်ဖက်လူ၏ အရိပ်အယောင်လေး လုံးဝပျောက်သွားသည်အထိ မျက်စိတစ်ဆုံးငေးကြည့်နေလေသည်။
******
ခေါင်မိုးပေါ်တွင်ထိုင်နေသော စစ်ကုန်းလွီ့ကသက်ပြင်းချလိုက်သည်။
သွမ့်ပိုင်ယွဲ့က မျက်မှောင်ကြုတ်သွားကာ -
"အောက်ဆင်းလာခဲ့စမ်း!!!!!"
"အိုက်ယား.....မင်းနေရာမှာ ငါသာဆိုရင် တကောက်ကောက်လိုက်သွားပြီးပြီ"
"အေး၊ လိုက်သွားပြီးတော့ကော ဘာဆက်လုပ်နိုင်မှာလဲ"
စစ်ကုန်းလွီ့က ခြံဝန်းအတွင်းသို့ ခုန်ဆင်းလာလို်က်သည်။
"ဖြစ်ကြောင်းကုန်စင်ကို တစ်ခုမကျန် ရှင်းပြလိုက်မှာပေါ့ကွ။ တခြားဟာမပြောသေးနဲ့၊ အနည်းဆုံးတော့ မင်း ဘာကြောင့် ချီဓာတ်ဖောက်ပြန်ပြီး ကိုယ့်အသက်ကို ချောက်ကမ်းပါးထိပ်စွန်းမှာ တွဲလောင်းချိတ်ထားချိတ်ရတဲ့အထိ ဖြစ်သွားကြောင်း အရှင်မင်းမြတ်ကို သေသေချာချာ ပြောပြရမယ်လေ၊ ရွှေချည်ပိုးကောင်ကို မဆိုင်းမတွ အားကိုးခဲ့ရတဲ့အထိ ခက်ခက်ခဲခဲ အသက်ဆက်ခဲ့ရတဲ့ အကြောင်းရင်းတွေကိုရောပေါ့"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ -
"ငါ ဒဏ်ရာရခဲ့တာမှန်သမျှ အစကတည်းက သူနဲ့မှမဆိုင်တာ"
"ေဩာ်ဟော....အရှင်မင်းမြတ်နဲ့မဆိုင်တော့ ဘယ်သူနဲ့ သွားဆိုင်မှာလား၊ ငါနဲ့လား"
"အေး"
"......"
နောင်ကြီးသွမ့်ခင်ဗျ၊ ကျွန်တော် ဘာပြောလိုက်မှန်း သေသေချာချာလေးရော ကြားလိုက်ရဲ့လားခင်ဗျ။
သွမ့်ပိုင်ယွဲ့က သူ့အားရှောင်ကွင်းပြီး အပြင်သို့ထွက်သွား၏။
အပြင်ဘက်တွင်လည်း နန်မော်ယဲ့နှင့် သွမ့်ယောင်တို့နှစ်ယောက် ထပ်ပြီးရပ်စောင့်နေကြကာ ပန်းမာလာများနှယ် ရွှင်လန်းဖြာဝေကာ ပြုံးပြုံးကြီးကြည့်နေ၏။
သွမ့်ပို်င်ယွဲ့လည်း ချက်ချင်းပင် ခြေဦးလှည့်ကာ အဝေးသို့ ထွက်သွားလိုက်သည်။
နန်မော်ယဲ့မှာ အတော်ပင်ရင်လေးနေရပေပြီ။
"ဘယ်လိုဆက်လုပ်ကြရင်ကောင်းမလဲကွာ"
သွမ့်ယောင်က လက်ထဲက သစ်သီးကို တစ်ကိုက်ကိုက်စားလိုက်ကာ -
"ကျွန်တော် လုပ်မယ်!!!!!! "
နန်မော်ယဲ့ နားမလည်ပေ။
ဘာကြီးကို ကျွန်တော်လုပ်မယ်တဲ့လဲ။ အဲ့လိုကိစ္စက မင်းအစ်ကိုကိုယ်တိုင် လုပ်ခိုင်းရမှာကွ။
သို့သော် သွမ့်ယောင်က အပြင်ဘက်ထွက်သွားချေလေပြီ ။
*****
ပင်လယ်ကမ်းစပ်ဝယ် အတော်ပင် တိတ်ဆိတ် ငြိမ်သက်နေ၏။ ချူယွမ်က ကျောက်ဆောင်တစ်ခုပေါ် ထိုင်နေလျက်ရှိကာ စိတ်အစဥ်မှာ လွင့်မျောနေပြီး အဝေးသို့ ငေးကြည့်နေ၏။
"အရှင်မင်းမြတ်"
သွမ့်ယောင်က သူ့နောက်မှ အသံပြုလာသည်။ချူယွမ်က သူ့ဘက် လှည့်လာသည်။
"မိုးရွာပါတော့မယ်ဘုရား"
ချူယွမ်က ပြုံးလိုက်ကာ -
"ဒီလိုကောင်းကင်မျိုးက မိုးရွာမယ့်ပုံ မပေါ်ပါဘူး၊ ကလေးရဲ့"
သွမ့်ယောင်လည်း ကျောက်ဆောင်ပေါ် လွှားခနဲခုန်တက်လာကာ မေး၏။
"အရှင်မင်းမြတ်ရော ဘာတွေ ကြည့်နေတာလဲဟင်"
"ရှင်းကျိုးကျွန်း...."
"အင်၊ ဟိုကျွန်းက ဘာများကြည့်စရာကောင်းနေလို့လဲ။ ဆိပ်ကမ်းတစ်ခု ရှိပေမယ့် စိတ်ဝင်စားစရာမကောင်းပါဘူး၊ ဘေးနားမှာလည်း အကာအရံမရှိဘူး။ တကယ်စစ်တိုက်ဖြစ်ရင် တာ့ချူရဲ့ သံလှေနက်အသေးတစ်စီးနဲ့တင် အပိုင်သိမ်းနိုင်ပြီ"
"စစ်တိုက်တယ်ဆိုတာ အဲ့လောက်မလွယ်ကူပေဘူး"
"ဒါပေမယ့် တာ့ချူကပဲ အနိုင်ရမှာပါဘုရား"
ချူယွမ် ရယ်မောမိသွားသည်။ ထို့နောက် သွမ့်ယောင်၏ ဆံနွယ်များကို သေသပ်အောင် ပြင်ပေးလိုက်ကာ မေးလာ၏။
"စစ်တိုက်ချင်လို့လား"
သွမ့်ယောင် ခေါင်းခါပြ၏။
ချူယွမ်က ဆက်ဆိုသည်။
"ဘယ်သူကမှ စစ်မတိုက်ချင်ကြဘူး၊ ဒါပေမယ့် တစ်ချို့စစ်ပွဲတွေက မဖြစ်မနေနွှဲရတာမျိုး ဖြစ်နေပြန်တယ်။ ပြီးတော့ ဒီစစ်ပွဲက ထျဲန်းချန်ရှားတစ်ခုတည်းအတွက် မဟုတ်ဘူး၊ တာ့ချူရဲ့ ရေပိုင်နက်နယ်နိမိတ်အတွက်လည်းပါတယ်။ ချူရှိန့်က အလိုလောဘများတာမို့ အဝေးတစ်နေရာက ခေါင်ဖျားဝေးသီတဲ့ နေရာတစ်ခုနဲ့တင် ရောင့်ရဲတင်းတိမ်မှာမဟုတ်ဘူး၊ သူက အမြဲတမ်း တာ့ချူကို ပြန်လိုချင်နေခဲ့တာ"
"ဒါဆို ဘယ်အချိန်ရောက်ခါမှ စစ်တိုက်မှာလဲဘုရား"
"မင်းရဲ့နောင်တော် ပြောတာလည်း မှန်ပါတယ်။ အခုနေများ စစ်ကြေညာလိုက်ရင် တာ့ချူဘက်က အနိုင်ရနိုင်ပေမယ့် လူအများကြီးက မသေသင့်ဘဲ သေသွားရမှာ။ လေးငါးနှစ်လောက် ဆက်ပြီး စောင့်နိုင်လိုက်ရင်တော့ တုနး်ဟိုင်ရေကြောင်းတပ်မတော်ကို သေချာစနစ်တကျ ပြန်ဖွဲ့စည်းပြီးလေ့ကျင့်လိုက်ရင် တာ့ချူရဲ့ရေကြောင်းတပ်မတော်ကလည်း အင်အားကြီးတဲ့ ပြိုင်စံရှား တပ်မတော်တစ်ခုဖြစ်လာမှာပဲ"
"အဲ့ဒီတော့ - "
"အဲ့ဒီတော့ ခုတစ်ခေါက်နှာ ထျဲန်းချန်ရှားကိုပဲ သွားယူကြမယ်၊ ဆိုလိုတာက ချူရှိန့်နဲ့ စစ်ကြေညာဖို့ အစီအစဥ်မရှိသေးဘူး"
သွမ့်ယောင်မျက်နှာမဲ့သွားကာ -
"အဲ့လိုဆိုရင် ချူရှိန့်ကိုလည်း အချိန်ပေးလိုက်ရာမရောက်ဘူးလားဘုရား"
"တာ့ချူတပ်မတော်လည်း လေ့ကျင့်ဖို့ သုံးလေးနှစ်တောင် အချိန်ရဦးမှာလေ။ ချူရှိန့်ရဲ့ အင်အားဆိုရင် သူ့နာမည်နဲ့ရာထူးနဲ့ ဖေမျဲန့်ပြည်နဲ့ပဲရှိမယ်၊ ဒါပေမယ့် ကိုယ်တော်မြတ်ဘက်မှာတော့ ကျယ်ပြောလှတဲ့ တာ့ချူတစ်ပြည်လုံးရှိနေတာပဲ။ စားနပ်ရိက္ခာလား ၊ လူအင်အားမြင်းအင်အားလား၊ အားလုံးက ပြည့်စုံတယ်။ နန်ယန်ထဲရှိသမှျကျွန်းတွေ စုစည်းလိုက်ရင်တောင် ကိုယ်တော်တို့ကို လိုက်မမီနိုင်ဘူး။ ဒါကြောင့် အချိန်ပေးလေ၊ ကိုယ်တော်တို့ဘက်က ပိုပြီးအင်အားကြီးလာလေ ဖြစ်မှာ"
"ဟုတ်"
ွသွမ့်ယောင် ခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်ခေါက်တော့ ကိုယ်တော့်အနား လာနေလေ"
ချူယွမ်က သူ့အားခေါ်ကာ ကျောက်ဆောင်အောက်ပြန်ဆင်းလိုက်ပြီး -
"အရွယ်ရောက်ပြီဆိုတော့ သေနင်္ဂဗျူဟာ အတတ်ပညာတွေ၊ စီမံခန့်ခွဲရေး အုပ်ချုပ်ရေးတွေကို သင်ယူရမယ်။ သိုင်းလောကသားတွေနဲ့ အမြဲ ရန်သွားသတ်နေလို့ မရဘူး"
"ဟုတ်"
သွမ့်ယောင် ချက်ချင်းလက်ခံလိုက်တော့ ချူယွမ်က သဘောကျစွာ ပြုံးလိုက်ကာ -
"စျေးသွားချင်လား၊ အနည်းဆုံးတော့ခေါက်ဆွဲတစ်ပွဲလောက် စားကြတာပေါ့"
"ရှစ်ဖူးဖို့လည်း တစ်ပန်းကန် ဝယ်လာပေးလို့ရမလားဘုရား၊ ပြီးတော့ နောင်တော်အတွက်ရော ကျန်သေးတယ်"
သွမ့်ေယာင်က ထပ်ဆောင်းပြောပြလာ၏။
"သူ နေမကောင်းရင် ခေါက်ဆွဲပြုတ်ချည်းပဲ စားတတ်တာလေ"
"ဟင်....နေမကောင်းဖြစ်ပြန်ပြီလား"
"အင်း"
သွမ့်ယောင်က ပါးဖောင်းလိုက်ကာ မကျေမချမ်း ဆိုလာ၏။
"သူ့စိတ် နေမကောင်းတာတဲ့၊ အစ်ကိုစစ်ကုန်းကတော့ အဲ့လိုပြောတယ်"
ချူယွမ် ရယ်မိသွား၏။
"အရှင်မင်းမြတ်... အမျက်ထွက်သလားဟင်"
သွမ့်ယောင်က သတိကြီးစွာ မေးလာသော် ချူယွမ် ခေါင်းအသာခါပြလိုက်သည်။သွမ့်ယောင်မျက်ဝန်းများကတော့ ကျွန်တော်မယုံဘူးဟု အော်ပြောနေသလိုပင်။
"တစ်ချို့ကိစ္စတွေက အတိအကျ ရှင်းပြလို့မရကောင်းဘူး။ အဆုံးစွန်ထိ ဒေါသထွက်ပြီးသွားလို့လည်းပါမယ်။ဒါကြောင့် စိတ်တိုရမယ့်အစား ေဩာ်၊ ဒီလိုပါပဲလားလို့ပဲ ခံစားရတော့တယ်။ ထျဲန်းချန်ရှားကို ရှာတွေ့ပြီးတာနဲ့ ကိုယ်တော်လည်း ရွှေမြို့တော်ကို ပြန်တော့မယ်၊ တခြားကိစ္စတွေကတော့ သူ့သဘောအတိုင်း လုပ်ချင်ရာလုပ်ပလေ့စေပေါ့"
ဟင်.....ဒါက နောင်တော့်ကို မလိုချင်တော့ဘူးဆိုတဲ့သဘောလား။
သွမ့်ယောင်စိတ်ထဲတွင် နောင်တော်ကြီးအတွက် အမွှေးတိုင်တစ်တိုင် ထွန်းပေးလိုက်တော့သည်။
ထို့နောက် ဒုတိယတစ်တိုင်။
ထို့နောက် တတိ်ယတစ်တိုင်။
****
သွမ့်ပိုင်ယွဲ့ကတော့ ခေါင်မိုးပေါ် လဲလျောင်းနေကာ ရွေ့လျားသွားလာနေသော တိမ်မျှင်တိမ်စများကို လိုက်ငေးကြည့်နေ၏။
နန်မော်ယဲ့က ခြံဝန်းထဲ ရပ်ကာ အော်ပြောလာ၏။
"မိုးနတ်မင်းကြီးက မယားချောချောလေးများ ပေးသနားလာမလားလို့ လှမ်းမျှော်နေတာလား၊ ဟေ့ကောင်"
သွမ့်ပိုင်ယွဲ့က နားကို လက်ဖြင့်အုပ်ထားလိုက်သည်။
နန်မော်ယဲ့က လက်နှစ်ဖက်ကို ပါးစပ်နားထားကာ အသံကျယ်လောင်စွာ အော်ပြောလိုက်၏။
"ဗျိုးးးးး.....လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက ငါးနှစ်သားကလေးလေးတစ်ယောက်ဟာ အဲ့အရွယ်ကြီးရောက်နေတာတောင် အိပ်ယာထဲ သေးပေါက်ချတတ်သေးသတဲ့ !!!!!!! "
"ရှစ်ဖူးးးးး"
သွမ့်ပိုင်ယွဲ့မျက်နှာမှာ အေးခဲသွားကာ ချက်ချင်းထလာ၏။
"အောက်ဆင်းလာစမ်း၊ ငါ ပြောစရာရှိတယ်"
"ဘာကိစ္စလဲ"
"စောနကမှ ကျင့်နျဲန်နိုးလာတယ်၊ တိမ်သလ္လာကန္တာတောင်ထွဋ် ဘယ်နားမှာရှိမှန်း သူသိတယ်တဲ့"
*******
2020.10.09
******
အခန္း - ၈၆ (တိမ္သလႅာကႏၲာေတာင္ထြဋ္)
[ ထ်ဲန္းခ်န္ရွားကို အရင္သြားယူၿပီးခါမွ ဆက္ေျပာၾကတာေပါ့ ]
"ဘယ္လိုလဲ"
နန္ေမာ္ယဲ့၊ သြမ့္ေယာင္ႏွင့္ စစ္ကုန္းလြီ႔တို႔သံုးေယာက္သားမွာ ေလွငယ္ေလးငွားကာ သူတို႔ႏွစ္ေယာက္ေနာက္ အေျပးပဲ လိုက္သြားရမည္လား ၊ ရွင္းက်ိဳးကြၽန္းသို႔ စံုစမ္းေထာက္လွမ္းေရးသာ သြားလိုက္ရမည္လားဟု ေဝခြဲမရျဖစ္ေနစဥ္ အရွင္မင္းျမတ္က ျပန္ႂကြလာသည္။ တကယ္ပင္ ထင္မွတ္မထားခဲ့။
ေနာင္ေတာ္က အေတာ္စြမ္းသားဟ။
သြမ့္ေယာင္ကေတာ့ ပီတိျဖာေဝေနၿပီျဖစ္သည္။ သို႔ေသာ္ ခပ္ၾကာၾကာ မေပ်ာ္လိုက္ရ။
"က်င့္န်ဲန္က ပင္လယ္ထဲ မေတာ္တဆက်သြားလို႔ "
သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"ခုေလာေလာဆယ္ ေရႏြေးသြားယူေပးၪီး၊ ၿပီးေတာ့ အေအးမိေပ်ာက္ေဆးရယ္၊ ဟင္းရည္ပူပူေလးပါ ယူလာေပးလွည့္။ လုပ္ရကိုင္ရ အဆင္မေျပရင္ သူ႔ကိုျပဳစုေပးဖို႔ အေဒၚႀကီးတစ္ေယာက္ေယာက္ေလာက္ သြားရွာေခ်"
"ဟုတ္၊ ဟုတ္...."
သြမ့္ေယာင္က သြမ့္ပိုင္ယြဲ႔စကားအတိုင္း ေဆာင္ရြက္ရန္ အျမန္ပင္ထြက္သြားေလၿပီ။ နန္ေမာ္ယဲ့ႏွင့္ စစ္ကုန္းလြီ႔လည္း ကိုယ္စီကိုယ္င တာဝန္ခြဲေဝကာ ထြက္ခြာသြားသည္။ သက္ေတာ္ေစာင့္မ်ားကလည္း က်င့္န်ဲန္အား ေပြ့ခ်ီကာ အခန္းတစ္ခုထဲ သြားနားေစသည္။ သို႔ႏွင့္ အိမ္ၿခံဝန္းထဲတြင္ သြမ့္ပိုင္ယြဲ႔ႏွင့္ ခ်ူယြမ္တို႔ ႏွစ္ေယာက္တည္းသာ က်န္ရစ္ေနခဲ့သည္။
"ဟိုဘက္ လွည့္ေနစမ္း !!!!! "
ခ်ူယြမ္ ရုတ္တရက္ႀကီး ထေျပာလာေတာ့ သြမ့္ပိုင္ယြဲ႔ ေခတၲမ်ွမွင္သက္သြားကာ -
"ဘာလို႔တုန္း"
"အဲ့မ်က္ႏွာဖံုးက အရမ္းရုပ္ဆိုးတယ္"
"..... "
ရုပ္ဆိုးတယ္တဲ့လား။
အျခားတစ္ဖက္သို႔ေက်ာေပးသြားေသာ တစ္ဖက္လူကိုၾကည့္ရင္း ခ်ူယြမ္၏ ရင္ဘတ္အစံုမွာ နိမ့္ခ်ည္ျမင့္ခ်ည္ တုန္ယင္လာကာ လက္ျဖင့္ပင္အုပ္ၿပီး ထိန္းခ်ဳပ္ထားရ၏။ ေဘးနားတြင္ရိွေသာ အဝတ္ေလ်ွာ္သစ္သားျပားႀကီးကို ေကာက္ကိုင္လိုက္ကာ မွတ္ေလာက္သားေလာက္ေအာင္ တဘုန္းဘုန္း ရိုက္ပစ္ခ်င္စိတ္မ်ား တဖြားဖြားေပၚလာသည္။ မွားမွားမွန္မွန္ ဘာမွေတြးမေနခ်င္ေတာ့ဘဲ ရိုက္ပစ္လိုက္ခ်င္၏။ ဝက္ေခါင္းႀကီးလို မ်က္ႏွာႀကီးဖူးေယာင္သြားသည့္အထိ ရိုက္ပစ္လိုက္ခ်င္၏။
မိမိေနာက္ကလူမွာ ဘာစကားမွဆက္မဆိုေတာ့သျဖင့္ သြမ့္ပိုင္ယြဲ႔ကပင္ စကားျပန္စလိုက္သည္။
"ကိုယ္ ျပန္လွည့္လို႔ရၿပီလား"
"ေသြးနီတစ္က်န္႔ ေပးသနားခိုင္းမယ္"
"ဟုတ္ပါၿပီ၊ ကိုယ္ မလွည့္ေတာ့ပါဘူး"
သြမ့္ပိုင္ယြဲ႔ဘက္ကသာ အရႈံးေပးလိုက္ရေလ၏။
(T/n : Yi Zhang Hong = ေရွးေခတ္ နန္းတြင္းမွာ အျပစ္ေပးတဲ့ နည္းတစ္မ်ိဳးပါတဲ့။ ငါးေပအရွည္ ၊ ႏွစ္လက္မအထူရိွတဲ့ သစ္သားေခ်ာင္းနဲ႔ ခါးတစ္ဝိုက္ ေက်ာျပင္ကို ေသြးစို႔သြားတဲ့အထိ ရိုက္တာပါတဲ့)
ခ်ူယြမ္က ေအးစက္တည္ၿငိမ္ေသာ ေလသံျဖင့္ ဆိုလာသည္။
"က်င့္န်ဲန္က ခ်ူရိွန္႔ရဲ့ လူပဲ။ သူက ေဖမ်ဲန္႔ျပည္မွာ ႏွစ္အမ်ားႀကီးေနလာခဲ့တာ ၊ ကြၽန္းေပၚ တက္သြားလို႔ရမယ့္လမ္းကို ေသခ်ာမသိေပမယ့္ လမ္းျပခိုင္းၾကည့္လို႔ေတာ့ရတယ္။ တာ့ခ်ူတပ္မေတာ္လည္း အခ်ိန္မေရြး စစ္ခ်ီလို႔ရေနၿပီ၊ ထ်ဲန္းခ်န္ရွားကို ရလာတာနဲ႔ က်င့္န်ဲန္ကို တာ့လီဆီ ကိုယ္ေတာ္ ျပန္ပို႔ခိုင္းလိုက္ပါ့မယ္။ ေျပာစရာကေတာ့ ဒီေလာက္ပါပဲ ၊ ရွီးနန္ဝမ္ နားေထာင္ၿပီးသြားရင္ ျပန္သြားလိုက္ပါေတာ့"
"ထ်ဲန္းခ်န္ရွားက တိမ္သလႅာကႏၲာေတာင္ထြဋ္ေပၚမွာရိွတယ္"
ခ်ူယြမ္ မ်က္ႏွာမဲ့သြားကာ -
"မင္း ဘာေတြသိထားေသးလဲ"
"ကိုယ္ သိလာတာေတြက မနည္းမေနာပဲ၊ျဖည္းျဖည္းခ်င္းစဥ္းစားယူရၪီးမယ္"
ထိုစကားကိုၾကားၿပီးသြားေတာ့ ခ်ူယြမ္မွာ ဆယ္ႏွစ္သားအရြယ္တုန္းကလို ထိုသူ႔ကို တဘုန္းဘုန္း ထုရိုက္ပစ္ခ်င္စိတ္ေပါက္ေနၿပီျဖစ္သည္။ထို႔ေၾကာင့္ ေဘးနားရိွ ထိုအဝတ္ေလ်ွာ္သစ္သားျပားဘက္ကို ခဏခဏ လွည့္ၾကည့္ေနမိသည္။
သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"ေဖမ်ဲန္႔ျပည္နဲ႔ ခ်ူရိွန္႔ကို စစ္ေၾကညာမယ္ဆိုရင္ေတာင္ ခုခ်ိန္မွာ မလုပ္ေကာင္းေသးဘူး။ တာ့ခ်ူရဲ့ ေရေၾကာင္းတပ္မေတာ္က အင္အားႀကီးမားတယ္ဆိုေပမယ့္ သူတို႔အမ်ားစုကို အေနာက္ေျမာက္ရွီးေပတပ္ကေန ေရႊ့လာတာေလ၊ သူတို႔က ကုန္းေျမေပၚမွာ တိုက္ခိုက္ရတဲ့ အေတြ့အႀကံဳေတြ ျပည့္ဝကြၽမ္းက်င္ၿပီးျဖစ္ေနေပမယ့္ ပင္လယ္ထဲမွာဆိုရင္ေတာ့ အေရးနိမ့္ႏိုင္ေခ် ပိုမ်ားတယ္"
"အဲ့ဒီေတာ့ ?"
"ကိုယ္ ဒီတစ္ေခါက္ ပင္လယ္ထဲထြက္သြားေတာ့ ပိုင္ရွန္႔ျပည္နားက ကြၽန္းပ်က္ႀကီးတစ္ခုမွာ ခ်ူရိွန္႔ရဲ့တပ္သားတစ္ဖြဲ႔နဲ႔ တိုးခဲ့ေသးတယ္။ သူတို႔ကေတာ့ ေလ့က်င့္ေရးေတြ အေတာ္ေလးရခဲ့ၿပီးၿပီ၊ ေရေၾကာင္းစစ္ပြဲသာဆို ရဲရဲရင့္ရင့္ ကြၽမ္းကြၽမ္းက်င္က်င္ တိုက္ခိုက္ႏိုင္ၾကမွာပဲ"
"ဟိုမွာ လူအင္အား ဘယ္ေလာက္ရိွသတဲ့လဲ။ ခ်ူရိွန္႔ကလည္း ႏွစ္ေတြအမ်ားႀကီး အားကုန္ခံၿပီး ဗ်ူဟာေတြခ်ခဲ့ရနာဆိုေတာ့ - "
နန္းေတာ္ထဲ မင္းသားတစ္ပါးအျဖစ္ ေနထိုင္စဥ္ကတည္းက ခ်ူရိွန္႔မွာ ထိုအႀကံအစည္မ်ိဳးမ်ား ရိွေနခဲ့သည္။ သို႔မဟုတ္လ်ွင္ လ်ိဳမ်ိဳးရိုးက သူ႔အား အားေပးအားေျမႇာက္ျပဳလာမည္တဲ့လား ။ အေနာက္ေျမာက္ရွီးေပကိုသြားရမည္ထက္စာလ်ွင္ ရာထူးအျဖဳတ္ခံရတာကမွ ပိုေကာင္းသည္တဲ့ေလ။ သို႔ႏွင့္ ဟိုင္နန္သို႔မရရေအာင္ သြားခ်င္ခဲ့ေသးသည္။
သြမ့္ပိုင္ယြဲ႔ကဆို၏။
"ထ်ဲန္းခ်န္ရွားကိုသြားယူဖို႔အတြက္ မင္း ခ်ူရိွန္႔နဲ႔ တိုက္ရိုက္ရင္ဆိုင္စရာမလိုဘူး။ အခုလည္း ထ်ဲန္းခ်န္ရွားက တိမ္သလႅာကႏၲာေတာင္ထြဋ္မွာ ရိွမွန္း ဒို႔ေတြသိေနၿပီဆိုေတာ့ က်င့္န်ဲန္ျပန္ႏိုးလာတဲ့အထိ ေစာင့္လိုက္ရင္ပိုမေကာင္းဘူးလား၊ သူ ႏိုးလာေတာ့မွ အဲ့ဒီေနရာကိုသိသလားလို႔ အရင္ေမးၾကည့္ၾကစို႔။ ၿပီးခါမွ တျခားကိစၥေတြကို ဆံုးျဖတ္ခ်က္ခ်လို႔ ရေသးတယ္ေလ၊ ကိုယ္ေျပာတာ သေဘာတူတယ္ဟုတ္"
"အင္း၊ ရတယ္ေလ"
"ေနာက္ေလးငါးႏွစ္ေလာက္ ထပ္ေစာင့္လိုက္ရင္ - "
"ေနာက္ေလးငါးႏွစ္မွာ ဘာပဲျဖစ္လာလာ ရွီးနန္ဝမ္နဲ႔ ဘာဆိုင္ေနလို႔လဲ"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ စကားစကို ေသြးေအးစြာ ျဖတ္ခ်ပစ္လို္က္သည္။
"ထ်ဲန္းခ်န္ရွားကိုေတြ့ၿပီးသြားတာနဲ႔ နန္ယန္ထဲကျပႆနာေတြဟာ ကိုယ္ေတာ္ျမတ္တစ္ေယာက္တည္းနဲ႔ပဲသက္ဆိုင္တဲ့ျပႆနာေတြ ျဖစ္ေပတယ္"
"ကိုယ္...."
သို႔ေသာ္ ခ်ူယြမ္က ခ်ာခနဲလွည့္ထြက္ကာ အျပင္သို႔ထြက္သြားေလၿပီ။
သြမ့္ပိုင္ယြဲ႔ကမူ တစ္ဖက္လူ၏ အရိပ္အေယာင္ေလး လံုးဝေပ်ာက္သြားသည္အထိ မ်က္စိတစ္ဆံုးေငးၾကည့္ေနေလသည္။
******
ေခါင္မိုးေပၚတြင္ထိုင္ေနေသာ စစ္ကုန္းလြီ႔ကသက္ျပင္းခ်လိုက္သည္။
သြမ့္ပိုင္ယြဲ႔က မ်က္ေမွာင္ၾကဳတ္သြားကာ -
"ေအာက္ဆင္းလာခဲ့စမ္း!!!!!"
"အိုက္ယား.....မင္းေနရာမွာ ငါသာဆိုရင္ တေကာက္ေကာက္လိုက္သြားၿပီးၿပီ"
"ေအး၊ လိုက္သြားၿပီးေတာ့ေကာ ဘာဆက္လုပ္ႏိုင္မွာလဲ"
စစ္ကုန္းလြီ႔က ၿခံဝန္းအတြင္းသို႔ ခုန္ဆင္းလာလို္က္သည္။
"ျဖစ္ေၾကာင္းကုန္စင္ကို တစ္ခုမက်န္ ရွင္းျပလိုက္မွာေပါ့ကြ။ တျခားဟာမေျပာေသးနဲ႔၊ အနည္းဆံုးေတာ့ မင္း ဘာေၾကာင့္ ခ်ီဓာတ္ေဖာက္ျပန္ၿပီး ကိုယ့္အသက္ကို ေခ်ာက္ကမ္းပါးထိပ္စြန္းမွာ တြဲေလာင္းခ်ိတ္ထားခ်ိတ္ရတဲ့အထိ ျဖစ္သြားေၾကာင္း အရွင္မင္းျမတ္ကို ေသေသခ်ာခ်ာ ေျပာျပရမယ္ေလ၊ ေရႊခ်ည္ပိုးေကာင္ကို မဆိုင္းမတြ အားကိုးခဲ့ရတဲ့အထိ ခက္ခက္ခဲခဲ အသက္ဆက္ခဲ့ရတဲ့ အေၾကာင္းရင္းေတြကိုေရာေပါ့"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ -
"ငါ ဒဏ္ရာရခဲ့တာမွန္သမ်ွ အစကတည္းက သူနဲ႔မွမဆိုင္တာ"
"ေဩာ္ေဟာ....အရွင္မင္းျမတ္နဲ႔မဆိုင္ေတာ့ ဘယ္သူနဲ႔ သြားဆိုင္မွာလား၊ ငါနဲ႔လား"
"ေအး"
"......"
ေနာင္ႀကီးသြမ့္ခင္ဗ်၊ ကြၽန္ေတာ္ ဘာေျပာလိုက္မွန္း ေသေသခ်ာခ်ာေလးေရာ ၾကားလိုက္ရဲ့လားခင္ဗ်။
သြမ့္ပိုင္ယြဲ႔က သူ႔အားေရွာင္ကြင္းၿပီး အျပင္သို႔ထြက္သြား၏။
အျပင္ဘက္တြင္လည္း နန္ေမာ္ယဲ့ႏွင့္ သြမ့္ေယာင္တို႔ႏွစ္ေယာက္ ထပ္ၿပီးရပ္ေစာင့္ေနၾကကာ ပန္းမာလာမ်ားႏွယ္ ရႊင္လန္းျဖာေဝကာ ၿပံဳးၿပံဳးႀကီးၾကည့္ေန၏။
သြမ့္ပို္င္ယြဲ႔လည္း ခ်က္ခ်င္းပင္ ေျခၪီးလွည့္ကာ အေဝးသို႔ ထြက္သြားလိုက္သည္။
နန္ေမာ္ယဲ့မွာ အေတာ္ပင္ရင္ေလးေနရေပၿပီ။
"ဘယ္လိုဆက္လုပ္ၾကရင္ေကာင္းမလဲကြာ"
သြမ့္ေယာင္က လက္ထဲက သစ္သီးကို တစ္ကိုက္ကိုက္စားလိုက္ကာ -
"ကြၽန္ေတာ္ လုပ္မယ္!!!!!! "
နန္ေမာ္ယဲ့ နားမလည္ေပ။
ဘာႀကီးကို ကြၽန္ေတာ္လုပ္မယ္တဲ့လဲ။ အဲ့လိုကိစၥက မင္းအစ္ကိုကိုယ္တိုင္ လုပ္ခိုင္းရမွာကြ။
သို႔ေသာ္ သြမ့္ေယာင္က အျပင္ဘက္ထြက္သြားေခ်ေလၿပီ ။
*****
ပင္လယ္ကမ္းစပ္ဝယ္ အေတာ္ပင္ တိတ္ဆိတ္ ၿငိမ္သက္ေန၏။ ခ်ူယြမ္က ေက်ာက္ေဆာင္တစ္ခုေပၚ ထိုင္ေနလ်က္ရိွကာ စိတ္အစဥ္မွာ လြင့္ေမ်ာေနၿပီး အေဝးသို႔ ေငးၾကည့္ေန၏။
"အရွင္မင္းျမတ္"
သြမ့္ေယာင္က သူ႔ေနာက္မွ အသံျပဳလာသည္။ခ်ူယြမ္က သူ႔ဘက္ လွည့္လာသည္။
"မိုးရြာပါေတာ့မယ္ဘုရား"
ခ်ူယြမ္က ၿပံဳးလိုက္ကာ -
"ဒီလိုေကာင္းကင္မ်ိဳးက မိုးရြာမယ့္ပံု မေပၚပါဘူး၊ ကေလးရဲ့"
သြမ့္ေယာင္လည္း ေက်ာက္ေဆာင္ေပၚ လႊားခနဲခုန္တက္လာကာ ေမး၏။
"အရွင္မင္းျမတ္ေရာ ဘာေတြ ၾကည့္ေနတာလဲဟင္"
"ရွင္းက်ိဳးကြၽန္း...."
"အင္၊ ဟိုကြၽန္းက ဘာမ်ားၾကည့္စရာေကာင္းေနလို႔လဲ။ ဆိပ္ကမ္းတစ္ခု ရိွေပမယ့္ စိတ္ဝင္စားစရာမေကာင္းပါဘူး၊ ေဘးနားမွာလည္း အကာအရံမရိွဘူး။ တကယ္စစ္တိုက္ျဖစ္ရင္ တာ့ခ်ူရဲ့ သံေလွနက္အေသးတစ္စီးနဲ႔တင္ အပိုင္သိမ္းႏိုင္ၿပီ"
"စစ္တိုက္တယ္ဆိုတာ အဲ့ေလာက္မလြယ္ကူေပဘူး"
"ဒါေပမယ့္ တာ့ခ်ူကပဲ အႏိုင္ရမွာပါဘုရား"
ခ်ူယြမ္ ရယ္ေမာမိသြားသည္။ ထို႔ေနာက္ သြမ့္ေယာင္၏ ဆံႏြယ္မ်ားကို ေသသပ္ေအာင္ ျပင္ေပးလိုက္ကာ ေမးလာ၏။
"စစ္တိုက္ခ်င္လို႔လား"
သြမ့္ေယာင္ ေခါင္းခါျပ၏။
ခ်ူယြမ္က ဆက္ဆိုသည္။
"ဘယ္သူကမွ စစ္မတိုက္ခ်င္ၾကဘူး၊ ဒါေပမယ့္ တစ္ခ်ိဳ႕စစ္ပြဲေတြက မျဖစ္မေနႏႊဲရတာမ်ိဳး ျဖစ္ေနျပန္တယ္။ ၿပီးေတာ့ ဒီစစ္ပြဲက ထ်ဲန္းခ်န္ရွားတစ္ခုတည္းအတြက္ မဟုတ္ဘူး၊ တာ့ခ်ူရဲ့ ေရပိုင္နက္နယ္နိမိတ္အတြက္လည္းပါတယ္။ ခ်ူရိွန္႔က အလိုေလာဘမ်ားတာမို႔ အေဝးတစ္ေနရာက ေခါင္ဖ်ားေဝးသီတဲ့ ေနရာတစ္ခုနဲ႔တင္ ေရာင့္ရဲတင္းတိမ္မွာမဟုတ္ဘူး၊ သူက အၿမဲတမ္း တာ့ခ်ူကို ျပန္လိုခ်င္ေနခဲ့တာ"
"ဒါဆို ဘယ္အခ်ိန္ေရာက္ခါမွ စစ္တိုက္မွာလဲဘုရား"
"မင္းရဲ့ေနာင္ေတာ္ ေျပာတာလည္း မွန္ပါတယ္။ အခုေနမ်ား စစ္ေၾကညာလိုက္ရင္ တာ့ခ်ူဘက္က အႏိုင္ရႏိုင္ေပမယ့္ လူအမ်ားႀကီးက မေသသင့္ဘဲ ေသသြားရမွာ။ ေလးငါးႏွစ္ေလာက္ ဆက္ၿပီး ေစာင့္ႏိုင္လိုက္ရင္ေတာ့ တုနး္ဟိုင္ေရေၾကာင္းတပ္မေတာ္ကို ေသခ်ာစနစ္တက် ျပန္ဖြဲ႔စည္းၿပီးေလ့က်င့္လိုက္ရင္ တာ့ခ်ူရဲ့ေရေၾကာင္းတပ္မေတာ္ကလည္း အင္အားႀကီးတဲ့ ၿပိဳင္စံရွား တပ္မေတာ္တစ္ခုျဖစ္လာမွာပဲ"
"အဲ့ဒီေတာ့ - "
"အဲ့ဒီေတာ့ ခုတစ္ေခါက္ႏွာ ထ်ဲန္းခ်န္ရွားကိုပဲ သြားယူၾကမယ္၊ ဆိုလိုတာက ခ်ူရိွန္႔နဲ႔ စစ္ေၾကညာဖို႔ အစီအစဥ္မရိွေသးဘူး"
သြမ့္ေယာင္မ်က္ႏွာမဲ့သြားကာ -
"အဲ့လိုဆိုရင္ ခ်ူရိွန္႔ကိုလည္း အခ်ိန္ေပးလိုက္ရာမေရာက္ဘူးလားဘုရား"
"တာ့ခ်ူတပ္မေတာ္လည္း ေလ့က်င့္ဖို႔ သံုးေလးႏွစ္ေတာင္ အခ်ိန္ရၪီးမွာေလ။ ခ်ူရိွန္႔ရဲ့ အင္အားဆိုရင္ သူ႔နာမည္နဲ႔ရာထူးနဲ႔ ေဖမ်ဲန္႔ျပည္နဲ႔ပဲရိွမယ္၊ ဒါေပမယ့္ ကိုယ္ေတာ္ျမတ္ဘက္မွာေတာ့ က်ယ္ေျပာလွတဲ့ တာ့ခ်ူတစ္ျပည္လံုးရိွေနတာပဲ။ စားနပ္ရိကၡာလား ၊ လူအင္အားျမင္းအင္အားလား၊ အားလံုးက ျပည့္စံုတယ္။ နန္ယန္ထဲရိွသမ်ွကြၽန္းေတြ စုစည္းလိုက္ရင္ေတာင္ ကိုယ္ေတာ္တို႔ကို လိုက္မမီႏိုင္ဘူး။ ဒါေၾကာင့္ အခ်ိန္ေပးေလ၊ ကိုယ္ေတာ္တို႔ဘက္က ပိုၿပီးအင္အားႀကီးလာေလ ျဖစ္မွာ"
"ဟုတ္"
ြသြမ့္ေယာင္ ေခါင္းညိတ္ျပလိုက္သည္။
"ဒီတစ္ေခါက္ေတာ့ ကိုယ္ေတာ့္အနား လာေနေလ"
ခ်ူယြမ္က သူ႔အားေခၚကာ ေက်ာက္ေဆာင္ေအာက္ျပန္ဆင္းလိုက္ၿပီး -
"အရြယ္ေရာက္ၿပီဆိုေတာ့ ေသနဂၤဗ်ူဟာ အတတ္ပညာေတြ၊ စီမံခန္႔ခြဲေရး အုပ္ခ်ဳပ္ေရးေတြကို သင္ယူရမယ္။ သိုင္းေလာကသားေတြနဲ႔ အၿမဲ ရန္သြားသတ္ေနလို႔ မရဘူး"
"ဟုတ္"
သြမ့္ေယာင္ ခ်က္ခ်င္းလက္ခံလိုက္ေတာ့ ခ်ူယြမ္က သေဘာက်စြာ ၿပံဳးလိုက္ကာ -
"ေစ်းသြားခ်င္လား၊ အနည္းဆံုးေတာ့ေခါက္ဆြဲတစ္ပြဲေလာက္ စားၾကတာေပါ့"
"ရွစ္ဖူးဖို႔လည္း တစ္ပန္းကန္ ဝယ္လာေပးလို႔ရမလားဘုရား၊ ၿပီးေတာ့ ေနာင္ေတာ္အတြက္ေရာ က်န္ေသးတယ္"
သြမ့္ေယာင္က ထပ္ေဆာင္းေျပာျပလာ၏။
"သူ ေနမေကာင္းရင္ ေခါက္ဆြဲြပဳတ္ခ်ည္းပဲ စားတတ္တာေလ"
"ဟင္....ေနမေကာင္းျဖစ္ျပန္ၿပီလား"
"အင္း"
သြမ့္ေယာင္က ပါးေဖာင္းလိုက္ကာ မေက်မခ်မ္း ဆိုလာ၏။
"သူ႔စိတ္ ေနမေကာင္းတာတဲ့၊ အစ္ကိုစစ္ကုန္းကေတာ့ အဲ့လိုေျပာတယ္"
ခ်ူယြမ္ ရယ္မိသြား၏။
"အရွင္မင္းျမတ္... အမ်က္ထြက္သလားဟင္"
သြမ့္ေယာင္က သတိႀကီးစြာ ေမးလာေသာ္ ခ်ူယြမ္ ေခါင္းအသာခါျပလိုက္သည္။သြမ့္ေယာင္မ်က္ဝန္းမ်ားကေတာ့ ကြၽန္ေတာ္မယံုဘူးဟု ေအာ္ေျပာေနသလိုပင္။
"တစ္ခ်ိဳ႕ကိစၥေတြက အတိအက် ရွင္းျပလို႔မရေကာင္းဘူး။ အဆံုးစြန္ထိ ေဒါသထြက္ၿပီးသြားလို႔လည္းပါမယ္။ဒါေၾကာင့္ စိတ္တိုရမယ့္အစား ေဩာ္၊ ဒီလိုပါပဲလားလို႔ပဲ ခံစားရေတာ့တယ္။ ထ်ဲန္းခ်န္ရွားကို ရွာေတြ့ၿပီးတာနဲ႔ ကိုယ္ေတာ္လည္း ေရႊၿမိဳ႔ေတာ္ကို ျပန္ေတာ့မယ္၊ တျခားကိစၥေတြကေတာ့ သူ႔သေဘာအတိုင္း လုပ္ခ်င္ရာလုပ္ပေလ့ေစေပါ့"
ဟင္.....ဒါက ေနာင္ေတာ့္ကို မလိုခ်င္ေတာ့ဘူးဆိုတဲ့သေဘာလား။
သြမ့္ေယာင္စိတ္ထဲတြင္ ေနာင္ေတာ္ႀကီးအတြက္ အေမႊးတိုင္တစ္တိုင္ ထြန္းေပးလိုက္ေတာ့သည္။
ထို႔ေနာက္ ဒုတိယတစ္တိုင္။
ထို႔ေနာက္ တတိ္ယတစ္တိုင္။
****
သြမ့္ပိုင္ယြဲ႔ကေတာ့ ေခါင္မိုးေပၚ လဲေလ်ာင္းေနကာ ေရြ့လ်ားသြားလာေနေသာ တိမ္မ်ွင္တိမ္စမ်ားကို လိုက္ေငးၾကည့္ေန၏။
နန္ေမာ္ယဲ့က ၿခံဝန္းထဲ ရပ္ကာ ေအာ္ေျပာလာ၏။
"မိုးနတ္မင္းႀကီးက မယားေခ်ာေခ်ာေလးမ်ား ေပးသနားလာမလားလို႔ လွမ္းေမ်ွာ္ေနတာလား၊ ေဟ့ေကာင္"
သြမ့္ပိုင္ယြဲ႔က နားကို လက္ျဖင့္အုပ္ထားလိုက္သည္။
နန္ေမာ္ယဲ့က လက္ႏွစ္ဖက္ကို ပါးစပ္နားထားကာ အသံက်ယ္ေလာင္စြာ ေအာ္ေျပာလိုက္၏။
"ဗ်ိဳးးးးး.....လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္တုန္းက ငါးႏွစ္သားကေလးေလးတစ္ေယာက္ဟာ အဲ့အရြယ္ႀကီးေရာက္ေနတာေတာင္ အိပ္ယာထဲ ေသးေပါက္ခ်တတ္ေသးသတဲ့ !!!!!!! "
"ရွစ္ဖူးးးးး"
သြမ့္ပိုင္ယြဲ႔မ်က္ႏွာမွာ ေအးခဲသြားကာ ခ်က္ခ်င္းထလာ၏။
"ေအာက္ဆင္းလာစမ္း၊ ငါ ေျပာစရာရိွတယ္"
"ဘာကိစၥလဲ"
"ေစာနကမွ က်င့္န်ဲန္ႏိုးလာတယ္၊ တိမ္သလႅာကႏၲာေတာင္ထြဋ္ ဘယ္နားမွာရိွမွန္း သူသိတယ္တဲ့"
*******
2020.10.09
******