ယဲ့ကျင့်က တံခါးကို ကန်ပြီးဖွင့်လိုက်၏။
ထို့နောက် ခါးထောက်ကာ ဆူပူကြိမ်းမောင်းရန်ပြင်လိုက်သည်၊ သို့သော် စကားတစ်ခွန်းမှ မဟလိုက်ရခင် ရှေ့ကမြင်ကွင်းကြီးကြောင့် လုံးဝအံ့သြမှင်သက်သွား၏။
ချူယွမ်က သူ့အားမော့ကြည့်လာသည်။
ဒီလောကကြီးထဲ အသက်ဆက်ရှင်လိုစိတ် ရှိမနေတော့သည့် မျက်နှာမျိုးဖြင့် ဖြစ်သည်။
"မင်းမေ...၊ သေလိုက်ပါတော့....."
ယဲ့ကျင့်မှာ အသက်ဝဝရှူလိုက်ကာ မနည်းဒေါသထိန်းလိုက်ပြီး၊ ချူယွမ်အနားသို့ လျှောက်လှမ်းသွားသည်။
"ဘယ်ကလေကချေကောင်ကများ ခင်ဗျားကို ဒီလောက်ထိ ဘဝပျက်အောင် အနိုင်ကျင့်ထားတာလဲ၊ ပြောစမ်း"
"မင်း ဘယ်လိုလုပ်ရောက်လာတာလဲ"
ချူယွမ်ကတော့ အေးစက်တည်ငြိမ်စွာသာပြန်မေးလာ၏။
ရှန်ချန်းဖုန်းလည်း အရိပ်အကဲနားလည်သည်မို့ တံခါးစေ့ပေးလိုက်ကာ အပြင်ဘက်တွင်သာနေရစ်ပြီး အသာရှောင်ပေးလိုက်သည်။
ယဲ့ကျင့်မှာ ချူယွမ်အား သေချာကြည့်လာပြီးမေး၏။
"ဟိုအယုတ်တမာကောင် သွမ့်ပိုင်ယွဲ့ကြောင့်ပဲမလား။ အမတ်မင်းထောင်ဆီကနေ စာလွှာရတာနဲ့ အခြေအနေမဟန်တော့မှန်း ကျွန်တော်သိနေသားပဲ။ ဒဏ်ရာရထားသေးလား၊ ပြပါဦး"
"ဟင့်အင်း၊ မရှိဘူး"
"သောက်ကျိုးနည်း ဘာကိုမရှိရမှာလဲ။ ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေးဗျ၊ အနံ့ရရုံနဲ့ ဘာကိစ္စမသိရမှာလဲ။ ခုချက်ချင်းအဝတ်တွေချွတ်စမ်း!!!!"
ချူယွမ် အလိုလိုပင် နောက်ဆုတ်သွား၏။
"အေး၊ အဲ့မှာတင် ခြေထောက်ကကျိုးပြီ"
ယဲ့ကျင်မှာ ပိုလို့ပင် ဒေါသထွက်သွား၏။
ချူယွမ် - "......."
ယဲ့ကျင်က ဘာကိုမှမမှုတော့ဘဲ ကုတင်လေးနား အတင်းတိုးထိုင်လိုက်ကာ ချူယွမ်ဘောင်းဘီစကို အပေါ်သို့ဆွဲတင်လိုက်သည်။
"လူသတ်သမားတွေနဲ့ သွားတိုးလို့ပါ"
ချူယွမ်ခမျာ ချက်ချင်းပင် ပျာပျာသလဲရှင်းပြလာသည်။
"သြော်.....သွမ့်ပိုင်ယွဲ့က စောင်ရမ်းတွေ သတ္တိရှိနေလို့ အလစ်ချောင်းပြီး ခင်ဗျားကိုသတ်ဖို့ လူတောင်ငှားရဲနေပြီပေါ့၊ တောက်!!!!! "
ယဲ့ကျင့်မှာ ပတ်တီးကိုပြန်ဖြေရင်း ဒေါသတကြီးဆိုလာ၏။ ချူယွမ်က အတန်ငယ်တုံ့ဆိုင်းသွားကာ ဆို၏။
"အဲ့လူတွေက နန်ယန်သားတွေ"
"သြော်၊ တကယ်ပုန်ကန်တော့မှာပေါ့"
ယဲ့ကျင့်က အင်္ကျီအိတ်ထဲမှ ဆေးဘူးကိုထုတ်ယူလိုက်ကာ အနာကိုဆေးထည့်ပေးရင်း တဖူးဖူးမှုတ်ပေးနေကာ ဆက်ဆို၏။
"နန်ယန်သားလေး သုံးလေးယောက်လောက်ကို တစ်ပတ်လှည့်ပြီး သွားခိုင်းစားလိုက်ရုံနဲ့ နောက်ကွယ်မှာ ကြိုးကိုင်နေတာ သူဖြစ်နေမှန်း ကျွန်တော်တို့မရိပ်မိလောက်ဘူးများမှတ်နေလား"
ဒီလိုအကွက်တွေက အရမ်းရိုးနေပြီ။
ချူယွမ်မှာ ကိုယ်ရောစိတ်ပါ နွမ်းလျလွန်းနေပြီဖြစ်သဖြင့် အိပ်ယာပေါ်သို့သာ ပြန်လှဲနေလိုက်သည်။
"ရှီးနန်နဲ့ ဘာမှမဆိုင်ပါဘူး"
ယဲ့ကျင့်လည်း ဆေးတစ်ပုလင်းလုံးကို အနာပေါ် ထပ်ကြဲချလိုက်သည်။ချူယွမ်ခမျာ သတိပင် လစ်တော့မတတ် နာကျင်လှသဖြင့် အသက်ပင်သေချာမရှူနိုင်တော့။
ယဲ့ကျင့်က ဆေးမှုန့်အချို့ကို အနည်းငယ်ပုတ်ထုတ်လိုက်ကာ ပတ်တီးဖြင့် သေချာပြန်စည်းပေးရင်း -
"ဒီလောက်ဒဏ်ရာရထားတာတောင် အရက်ကသောက်နေသေးတယ်"
အသိတရားရော ရှိနေသေးရဲ့လား။
"အင်း၊ စိတ်ဆင်းရဲနေတာနဲ့....."
"ဘာ !!!!! သွမ့်ပိုင်ယွဲ့က ခင်ဗျားကို ဒီလောက်စိတ်ဆင်းရဲအောင် လုပ်လိုက်တယ်လား"
ယဲ့ကျင့်မှာ ဒေါသတကြီး ထပ်မေးလာ၏။
ချူယွမ်က အတန်ကြာစဥ်းစားလိုက်သည်။ထို့နောက် ခေါင်းညိတ်ပြလိုက်၏။
"အင်း၊ ဟုတ်တယ်"
"မကြောက်နဲ့နော်။ ကျွန်တော် သူ့ကိုတွေ့တာနဲ့တစ်ခါတည်းသေသွားအောင် ရိုက်သတ်ပေးမယ်"
ယဲ့ကျင့်က သူ့အား ချော့မော့နှစ်သိမ့်လာ၏။
"အင်း၊ကောင်းတယ်"
ချူယွမ်လည်း အားပါးတရထောက်ခံ၏။
ယဲ့ကျင့်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ ကြွေးကြော်လာသည်။
"အသေရိုက်မသတ်ခင် အရင်ဆုံး မှတ်လောက်သားလောက်အောင် သင်းကွပ်ပစ်ရမယ်"
ချူယွမ် ချက်ချင်း တုံ့ဆိုင်းသွား၏။ထို့နောက် အခြားအကြောင်းအရာဘက် စကားလမ်းကြောင်းလွှဲလိုက်သည်။
"ရှန်းဖုန်းရော.... အပြင်မှာလား"
"အင်း၊ ပြဿနာတစ်ခုခုဖြစ်မှာစိုးလို့ သူပါအတူတူလိုက်လာတာ။ ဘာပြဿနာကြီးကြီးမားမားမှမဖြစ်လိုက်တာ တော်သေးတာပေါ့"
ယဲ့ကျင့်က ချူယွမ်၏ ချွေးစက်များကိုသုတ်ပေးရင်း ပြောလာသည်။
"ကျေးဇူး"
ချူယွမ်က ယဲ့ကျင့်အားပြုံးပြရင်းကျေးဇူးတင်စကားဆိုလာ၏။
" အင်း၊ အရင်ဆုံး အိပ်နေလိုက်ဦး။ ကျွန်တော် ခင်ဗျားအတွက် ဆေးသွားကျိုပေးဦးမယ်။ ဆေးသောက်ပြီးခါမှ ဘာလို့ချက်ချင်းကြီး ရှီးနန်ကိုလာရသလဲဆိုတာ ဆက်ပြောကြတာပေါ့"
ချူယွမ်လည်း ခေါင်းညိတ်လက်ခံလိုက်ကာ မျက်ဝန်းများ မှေးစက်ထားလိုက်၏။ အတွေးထဲမှာတော့ အကြောင်းပြစရာကိစ္စတစ်ခုခုကို အသည်းအသန်ရှာဖွေနေရပေပြီ။
******
ရထားသောဒဏ်ရာက အရှင်းမပျောက်သေးသည်ကို အရက်ပါ ထပ်သောက်ထားသေးသည်၊ ထို့အပြင် လေစိမ်းလည်း အတိုက်ခံထားသည်မို့ ငယ်စဥ်ကတည်းက သိုင်းပညာကျင့်ကြံခဲ့၍ လွန်စွာမှ ကြံ့ခိုင်သည့်ခန္ဓာကိုယ်ဟု မည်သို့ပင်ဆိုဆို ချူယွမ်တစ်ယောက် မဖျားဘဲမနေတော့ ။
ယဲ့ကျင့်လည်း ချူယွမ် အိပ်ပျော်သွားသည်ကိုမြင်တော့မှ တည်းခိုဆောင်၏ စားဖိုဆောင်ကို ငှားရမ်းကာ ဆေးသွားကျိုပေး၏။
ရှန်ချန်းဖုန်းက တံခါးဝရှိ ခန်းဆီးစကို အသာမလိုက်ပြီး တစ်ခုခုလာကူပေးရန် ယဲ့ကျင့်နား လာထိုင်လိုက်သည်။
"ခင်ဗျား ဘာလို့လာတာလဲ၊ ဒီမှာ အရမ်းချမ်းတာကို။ အခန်းထဲမှာပဲ သွားနေလိုက်.. သွား၊ ဒါက နည်းနည်းထပ်ကြာဦးမှာ"
"မင်းကမှ အရမ်းချမ်းတတ်တဲ့လူလေ"
ရှန်ချန်းဖုန်းက ယူလာသောဝတ်ရုံကို အနည်းငယ်ခါလိုက်ကာ တစ်ဖက်သား၏ ခန္ဓာကိုယ်အား လွှမ်းခြုံရစ်ပတ်ပေးလာ၏။
"ဒါနဲ့ အရှင်မင်းမြတ် ဘာလို့ ရှီးနန်ကိုရောက်နေတာလဲဆိုတာ.... မင်း ကိုယ့်ကို မပြောပြရသေးဘူး"
ယဲ့ကျင့်က ခွေးခြေထိုင်ခုံအပုလေးတစ်ခုကို ယူပြီးထိုင်လိုက်ကာ ပြောလာ၏။
"သွမ့်ပိုင်ယွဲ့ကြောင့်လို့ပဲ ပြောပြတယ်။ ဒါပေမယ့် အခုတော့ ဘာပြဿနာမှရှိလောက်တဲ့ပုံ မပေါ်တော့ပါဘူး၊ နယ်စပ်ကိစ္စနဲ့ပတ်သက်ပြီး စကားများကြတာပဲ နေမှာပေါ့။သြ....နောက်တစ်ခု ရှိသေးတယ် ၊ ဒီကိုလာတဲ့အလာလမ်းမှာ လူသတ်သမားတွေနဲ့ တွေ့ခဲ့သေးတယ်တဲ့၊ နန်ယန်ကနေ လာတယ်လို့ ပြောတယ်"
"နန်ယန်ကတဲ့လား။ကိုယ် လူလွှတ်ပြီး စုံစမ်းခိုင်းထားရမလား"
"အင်း၊ သေချာပေါက် စုံစမ်းရမှာပေါ့"
"ဆေးကျိုတာ ဘယ်လောက်ကြာဦးမှာလဲ"
"အနည်းဆုံး နောက်တစ်နာရီတော့ ကြာဦးမယ်"
ယဲ့ကျင့်က မီးအားကောင်းအောင် ပြောင်းဖြင့်မှုတ်လိုက်ကာ ဂရုတစိုက် ထိုင်စောင့်နေ၏။
"ကိုယ့်ကိုသင်ပေးစမ်းပါ"
ရှန်ချန်းဖုန်းက ဆက်ဆို၏။
"ဒီမှာက ချမ်းလည်းချမ်းသေး၊ မှောင်လည်းမှောင်သေးတယ်။ မင်းသာ မြန်မြန် သွားပြီးအနားယူလိုက်တော့၊ ဒီရက်ပိုင်းအတွင်းမှာ ခရီးအမြန်နှင်လာခဲ့ရတာဆိုတော့ မင်း အရမ်းပင်ပန်းနေပြီ"
"မရဘူး၊ အဆင့်တွေက နည်းနည်းရှုပ်တယ်။ ဘယ်ဟာက အရင်ထည့်ရမယ်၊ ဘယ်ဟာက နောက်မှထည့်ရမယ် ဆိုတာတွေ အရမ်းရှုပ်တာဗျ၊ ခင်ဗျား မလုပ်နိုင်လောက်ဘူး"
ရှန်ချန်းဖုန်းခမျာ ရယ်ရခက်ငိုရခက်ဖြစ်သွား၏။
"မင်းအမြင်မှာ ကိုယ် အဲ့လောက်ထိ နုံချာနေသလား"
"ပြောစမ်းပါဦး၊ ဟိုတစ်ခေါက်က ဆန်ပြုတ်လေးပြုတ်ခိုင်းလိုက်တာကို ချိုးကပ်မည်းတူးသွားအောင်ချက်လိုက်တဲ့လူကြီးက ဘယ်သူလဲလို့"
ဂိုဏ်းချုပ်ရှန်မှာ ခေတ္တမျှတုံ့ဆိုင်းသွားသည်။ ထို့နောက် ခဏကြာမှ -
"ကိုယ်ပါ"
"ကဲ ကဲ....ထွက်မှာသာ ထွက်သွားစမ်းပါ"
ယဲ့ကျင့်က သူ့အား အမြန်နှင်ထုတ်လိုက်၏။
ရှန်ချန်းဖုန်းကမူ ယဲ့ကျင့်ကိုယ်လုံးအား မချီလိုက်ကာ သူ့ခန္ဓာထက် ထိုင်စေပြီး ထွေးပွေ့ထားလိုက်သည်။ သူကိုယ်တိုင်ကမူ ထိုင်ခုံပေါ် ထိုင်နေလိုက်သည်။
ယဲ့ကျင့် - "......."
"ဒါဆို ကိုယ် မင်းနဲ့အဖော်လုပ်ပေးမယ်"
ရှန်ချန်းဖုန်းက သူ့အား ပိုလို့ပင် တင်းကျပ်စွာ ဖက်တွယ်လာသည်။
"ဒီလိုဆို မချမ်းတော့ဘူးမလား"
ယဲ့ကျင့် နှုတ်ခမ်းဆူသွားသည်။
ထို့နောက် ချန်းဖုန်း၏ရင်ခွင်ကျယ်ထက် ခေါင်းလေးမှီကာ လက်တစ်ဖက်ကတော့ တုတ်တစ်ချောင်းကိုင်နေမြဲဖြစ်ကာ ဆေးရည်ကျိုရာ၌ မီးအားကောင်းစေရန် တိုးဆွပေးနေလိုက်သည်။
******
"ဝမ်ရယ်"
တစ်ဖက်မှာလည်း သွမ့်မျိုးနွယ်၏ လူယုံတော်တစ်ယောက်က သွမ့်ပိုင်ယွဲ့အား လာရောက်အကြောင်းကြား၏။
"အရှင်မင်းမြတ် ဘာမှမဖြစ်လောက်တော့ပါဘူးခင်ဗျာ။ ဂိုဏ်းချုပ်ရှန်နဲ့ တောင်သခင်ယဲ့တို့လည်း ရောက်လာကြပါပြီ၊ အခြွေအရံ တပ်သားတွေလည်း အများကြီးခေါ်ဆောင်လာခဲ့ကြောင်းပါခင်ဗျာ"
"ကောင်းပါတယ်လေ"
သွမ့်ပိုင်ယွဲ့ပြုံးလိုက်၏။
ထိုလူယုံတော်က ဆက်မေးလာသည်။
"ဒါဆို ဝမ်ရယ်ရော စံအိမ်ပြန်တော့မှာလားခင်ဗျ"
သွမ့်ပိုင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် တည်းခိုဆောင်ရှိရာဘက် လှမ်းမျှော်ကြည့်လိုက်သေးသည်။ သို့သော် ပြတင်းတံခါးကတော့ ပိတ်သွားချေပြီ။
ရှန်ချန်းဖုန်းနှင့်ယဲ့ကျင့်တို့ ရှိနေမှတော့ နန်းတော်သို့အပြန်ခရီးမှာ မည့်သည့်ဘေးအန္တရာယ်မှမရှိလောက်တော့။
သွမ့်ပိုင်ယွဲ့လည်း ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်ကာ ထိုလူသတ်သမားများကို သွားရောက်စစ်ဆေးမေးမြန်းရန် ထွက်သွား၏။
******
တစ်ညတာကုန်လွန်ပြီးနောက်တွင် ထိုလူသတ်သမားများမှာ သွေးသံအလိမ်းလိမ်း ကပ်ငြိနေကာ အသက်မြော့မြော့သာကျန်တော့၏။
"ဝမ်ရယ်"
လူယုံတော်က စိုးရိမ်တကြီး ဆက်ဆိုလာ၏။
"ဒီလိုမျိုး ညှင်းပန်းနှိက်စက်တဲ့နည်းနဲ့တော့ ဘာအကျိုးမှ ရလာမှာမဟုတ်လောက်ဘူးခင်ဗျာ"
"ဘာကြောင့်လဲ"
"ဒီလူတွေက ဟန်ဘာသာစကားတောင် ပြောတတ်တာမဟုတ်ပါဘူး ၊ ဝမ်ရယ်။ ဝန်ခံထွက်ဆိုချင်ရင်တောင် ဘယ်လိုနည်းနဲ့မှ ထွက်ဆိုလို့မရလောက်ဘူး"
"မဖြစ်နိုင်တာ"
လူယုံတော်၏ သတိပေးစကားကို သွမ့်ပိုင်ယွဲ့ငြင်းပယ်လိုက်၏။
"နန်ယန်ကနေ တာ့ချူကို လာတဲ့ခရီးက အရမ်းဝေးလွန်းတယ်။ ပင်လယ်ကြီးတစ်စင်းလုံးကို ဖြတ်ကျော်လာရတာ။ ပြီးတော့ တာ့ချူ နယ်နိမိတ်ကို ကျော်ဖြတ်လာခဲ့ကတည်းက ဒီလူတွေဟာ ထမင်းတော့စားကြရဦးမှာပဲ၊ အိပ်ကြရဦးမှာပဲ ။ ဟန်ဘာသာစကားပြောနိုင်တဲ့လူ ပါကိုပါရမယ်၊ ဒါမှမဟုတ် သူတို့ကို ကြားကနေ စေ့စပ်ညှိနှိုင်းပေးတဲ့ ကြားခံတစ်ယောက် ရှိကိုရှိနေရမယ်။ ဒီလိုမှမဟုတ်ရင် ဒီလူတွေက ဒီလမ်းတစ်လျှောက်လုံး ဆွံ့အတဲ့လူတွေလို လက်အမူအယာတွေနဲ့ပဲ အချက်ပေးခဲ့ကြတယ်လို့ ထင်နေလား။ ပြီးတော့ သူတို့က ကုန်သွယ်ရေးလာလုပ်ကြတာလည်းမဟုတ်ဘူး။ မဟုတ်ရင် အာဏာပိုင်တွေဘက်ကနေ သံသယရှိနေတာကြာလောက်ပြီ"
"ဝမ်ရယ်ပြောတာ ကျိုးကြောင်းသင့်လျော်ပါပေတယ်"
လူယုံတော်ကလည်း အခုမှ ရှင်းရှင်းလင်းလင်း သဘောပေါက်သွား၏။
"သူတို့ မသေသေးရင်ပြီးရော၊ လုံးဝ မညှာနဲ့။ သူတို့အသက်တွေ အစကတည်းက ဘာတန်ဖိုးမှမရှိဘူးဆိုတာကို ကောင်းကောင်းကြီး နားလည်သွားပလေ့စေ"
"ဟုတ်ကဲ့ပါ ဝမ်ရယ်"
လူယုံတော်ကလည်း ခေါင်းညိတ်လိုက်ကာ ထိုသူများကို မြေအောက်ခန်းသို့ ပြန်သွားပို့လိုက်သည်။
ညဥ့်နက်သွားတော့ သွမ့်ပိုင်ယွဲ့ထံ ပြန်၍ အကြောင်းကြားလာ၏။ ထိုသူများထဲကတစ်ယောက်က နှိပ်စက်သည့်ဒဏ်ကို မခံနိုင်တော့အဆုံး မိမိမှာ ဟန်ဘာသာစကား တတ်ကျွမ်းကြောင်း ဝန်ခံလာသည်ဟုဆို၏။
"သူ့ကို သွားခေါ်လာခဲ့"
သွမ့်ပိုင်ယွဲ့က လက်ထဲက လက်ဖက်ရည်ခွက်က်ကို ချထားလိုက်သည်။
ခဏကြာတော့ သွေးအလိမ်းလိမ်းကပ်ကာ ဒဏ်ရာဗလပွဖြစ်နေသော လူတစ်ယောက်ကအသက်ကိုမနည်းရှူကာ သူ့ရှေ့သို့ရောက်လာ၏။ ဆေး အတိုက်ခံပြီးခါမှ စကားပြောနိုင်တော့သည်။
သွမ့်ပိုင်ယွဲ့က မေးလာ၏။
"ပြောစမ်းပါဦး။ မင်းတို့ ဘယ်ကနေလာကြသလဲ၊ ဘာကိစ္စကြောင့် တာ့ချူဧကရာဇ်ကို လုပ်ကြံဖို့ကြိုးစားနေကြသလဲ "
"ကျွန်တော်မျိုးတို့က ပိုင်ရှဲန့်ပြည်ကနေလာတဲ့ လူသတ်သမားအဖွဲ့ပါ"
ထိုသူက သွေးတစ်ပွက်အန်ချလိုက်ပြီးမှ ခဏငြိမ်ကျသွားကာ ဆက်ဆို၏။
"ပိုင်ရှန့်ပြည်က ကိုယ်ခံပညာကို အတော်လေးအရေးပေးလေ့ကျင့်ကြတာမို့ ကိုယ်ရံတော်ဂိုဏ်းအများကြီးရှိသလို ကြေးစားလူသတ်သမားတွေလည်း အရမ်းများလှပါတယ်။ လွန်ခဲ့တဲ့နှစ်က တစ်ရက်မှာတော့ ကျွန်တော်မျိူးတို့ကို ငွေကြေးပမာဏ အများကြီးပေးပြီး ဧကရာဇ်ချူရဲ့အသက်ကို လာဝယ်တဲ့လူတစ်ယောက် ရှိခဲ့ပါတယ်"
"အဟက်.....ဧကရာဇ်ချူရဲ့အသက်ကို နှုတ်ယူကြမယ်ပေါ့၊ မင်းတို့တွေ အတော်လေး အတင့်ရဲကြတာပဲ"
သွမ့်ပိုင်ယွဲ့က အေးစက်စွာ ရယ်မောလိုက်သည်။
"အစပိုင်းတုန်းက ကျွန်တော်မျိုးတို့ကလည်း ငြင်းခဲ့ပါသေးတယ်၊ ဒီကိစ္စက သွားပုပ်လေလွင့်တဲ့ကိစ္စ အာချောင်တဲ့ကိစ္စလို့ ပြောပြီး လက်ခံဖို့တောင် မလုပ်ခဲ့ကြပါဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ အဲ့ဒီဧည့်သည်က စျေးနှုန်းဆယ်ဆထိ တိုးမြှင့်ကမ်းလှမ်းလာပါတယ်။ ပြီးတော့ လုပ်ကြံဖို့အတွက် နန်းတော်ထဲထိ လိုက်သွားစရာလည်းမလိုဘူး၊ မြို့တော်ထဲတောင် ဝင်သွားစရာမလိုဘူးတဲ့။ တာ့ချူထဲကိုသာ အဆင်သင့် ခိုးဝင်ထားပြီး ဧကရာဇ်ချူ တိုင်းခန်းလည့်လည်တဲ့အချိန်ကိုသာ စောင့်နေပါတဲ့။ မြို့ပြင်ရောက်လာတာနဲ့ သူတို့တွေက ကျွန်တော်မျိုးတို့ဆီ ချက်ချင်းသတင်းပို့လာပေးမယ်၊ အဲ့ချိန်ကျမှ အကြံအစည်ကို စီရင်ဆောင်ရွက်ပါတဲ့"
"မင်းတို့ဆီလာတဲ့လူက ဘယ်သူတဲ့လဲ"
"မသိပါဘူးခင်ဗျာ။ ကျွန်တော်မျိုးသိသလောက်က အဲ့လူက ပိုင်ရှဲန့်ပြည်သား လုံးဝမဟုတ်ရပါဘူး ။ ဝတ်စားဆင်ယင်တဲ့ပုံစံနဲ့ ပြောဆိုတဲ့ လေယူလေသိမ်းအရ တာ့ချူရဲ့ မျိုးရိုးမြင့်မိသားစုတစ်ခုခုကလာတဲ့ သခင်လေးတွေနဲ့တောင် ပိုတူနေသေးတယ်။ သူက အမြဲတမ်း မျက်နှာကို ဖုံးအုပ်ထားလေတော့ သူ့ရုပ်ကို သေချာတောင် မမြင်ဖူးပါဘူး။ မျက်လုံးလေးလောက်ပဲ ဖော်ထားတတ်တာပါ"
သွမ့်ပိုင်ယွဲ့က ထိုင်ခုံကိုမှီလိုက်ကာ ခေတ္တမျှ ငြိမ်သက်စွာ တွေးတောကြည့်လိုက်သည်။ ထို့နောက် ဘေးခန်းသို့ထွက်သွားကာ လက်ဖဝါးအရွယ်ခန့် စက္ကူတစ်ခုကို သွားယူလိုက်ပြီး စက္ကူအောက်ပိုင်းတစ်ခုလုံးကို ဖုံးအုပ်ထားကာ မေးလာ၏။
"ဒီလိုမျက်လုံးမျိုးရှိတဲ့လူလား"
ထိုလူသတ်သမားမှာ အတန်ကြာ အံ့သြသွားပြီးနောက် ခေါင်းတဆတ်ဆတ် ငြိမ့်ပြ၏။
"ဟုတ်ပါတယ်ခင်ဗျာ"
"သေချာတယ်နော်"
သွမ့်ပိုင်ယွဲ့ ထပ်မေးလာ၏။
"သေချာပါတယ်ခင်ဗျာ ၊ ဒီမျက်ဝန်းက အရမ်းလှတာမို့ ကျွန်တော်မျိုး လုံးဝမမှားနိုင်ကြောင်းပါ"
သွမ့်ပိုင်ယွဲ့က ထိုင်ခုံပေါ်ပြန်ထိုင်လိုက်၏။
ထိုစက္ကူထက်တွင် ရှိသောပုံတူပန်းချီမှာ ချူယွမ်၏ ပုံတူပင်ဖြစ်၏။
ဤလောကတွင် ချူယွမ်နှင့် မျက်ဝန်းချင်း ဆင်တူနေသည့်လူ၊ နန်ယန်တွင် သွားရောက်နေထိုင်ရသည့်သူ၊ ထို့အပြင် တာ့ချူအပေါ်အငြိုးအာဃာတများ ရှိနေလောက်သောသူ။
တွေးကြည့်စရာမလိုဘဲနှင့်ပင် မည်သူမှန်း သိနိုင်ပေသည်။
*******
ကောဝမ် ချူရှိန့်။
မူလအမည်ရင်းမှာ ချူရှိန်းဖြစ်သည်။ နောက်ပိုင််းကျတော့ ဗေဒင်ဟူးရားပညာရှင်တို့က ဤမင်းသားမှာ ရေဓာတ်နှင့်မသင့်မြတ်ဟုဆိုကာ အမည်နာမပြောင်းလဲမှည့်ဆိုပေးခြင်းဖြစ်သည်။ ဧကရာဇ်ချူ၏ အချစ်ဆုံးသားတော်တစ်ဦးဖြစ်ခဲ့ဖူးကာ ဟိုးယခင်ကတည်းကနေ အခုထက်ထိ အိမ်ရှေ့စံရာထူးကို တစ်ခါမှပင် မသိမ်းပိုက်နိုင်ခဲ့သော မင်းသားတစ်ပါးဖြစ်သည်။ ချူယွမ် နန်းတက်သည်နှင့် ထိုချူရှိန့်ကို အမတ်ကြီးလျိုကုန်း၏သားအကြီးဖြစ်သူ လျိုကျင့်တာနှင့်အတူ ရာထူးများနှုတ်သိမ်းကာ ဟိုင်နန်သို့ ပြည်နှင်ဒဏ်ပေးပြီး ဘယ်သောအခါမှ တာ့ချူတိုင်းပြည်ဆီ ပြန်ဝင်လာခွင့်ပြုမထားတော့။
သူ့သတင်းကိုမကြားရသည်မှာပင် အတော်ကြာနေချေပြီ။ လျိုမျိုးရိုးကလည်း သူတို့အား သံယောဇဥ်ဖြတ်ကာ လျစ်လျူရှုထား၏။ မှူးကြီးမတ်ကြီးများကလည်း ထိုနှစ်ယောက်ကို ဂြိုဟ်ဆိုးတစ်ခုဟု သဘောထားကြသည်။ တကယ်၍များ အခုလိုမျိုး လူသတ်သမားများကို လွှတ်မလာခဲ့လျှင် ဤဆူးငြှောင့်ခလုတ်ကြီးရှိနေသေးနှန်း သွမ့်ပိုင်ယွဲ့လည်း အမှတ်ပင်မရမိ။
ပြည်နှင်ဒဏ်ခံရပြီးတာတောင် ပရိယာယ်မာယာတွေနဲ့ ဗျူဟာတွေအထပ်ထပ်ဆွဲပြီး လက်တစ်လုံးခြား ဒုက္ခတွေလာပေးပြန်ပြီ။ အတော်လေး အတင့်ရဲတာပဲ။
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ ထိုလူသတ်သမားကို အချုပ်သို့ ပြန်ခေါ်သွားစေ၏။
"ဝမ်ရယ်ခင်ဗျာ"
အပြင်ဘက်မှ တပ်သားတစ်ဦးက လျှောက်တင်လာသည်။
"သွမ့်နေ့ပြန်ရောက်လာပါပြီ"
သွမ့်ပိုင်ယွဲ့က ထရပ်လိုက်ပြီး သူကိုယ်တိုင်ပင် သွမ့်နေ့အား တံခါးသွားဖွင့်ပေး၏။
သွမ့်နေ့ - "......."
သွမ့်နေ့မှာ သခင်ဖြစ်သူကို ပြုံးပြမည်အပြု သွမ့်ပိုင်ယွဲ့၏ ငွေရောင်မျက်နှာဖုံးကိုမြင်တော့ အတော်ပင်အံ့သြသွားလေသည်။
"ဘာလဲ"
"ဝမ်ရယ်"
သွမ့်နေ့ ပြန်၍သတိဝင်လာသည်။
"ယောင်အာက မင်းကိုပြောပြမထားဘူးလား"
"ပြောပြပါတယ်ခင်ဗျာ။ ဒါပေမယ့် ချက်ချင်းကြီးမြင်လိုက်ရတော့၊ ဝမ်ရယ် ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ -
"ရပါတယ်။ မင်းလည်း ဒီသုံးနှစ်စလုံး ပင်ပန်းသွားပါပြီ"
"မပင်ပန်းပါဘူးခင်ဗျာ။ ဧကရာဇ်ချူက ကျွန်တော်မျိုးတို့အပေါ် အတော်ကောင်းပါတယ် ၊ ညီလာခံထဲက မှူးမတ်တွေဆိုလည်း ကျွန်တော်မျိုးကို ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ ဆက်ဆံကြရှာပါတယ်"
အောင်သွယ်ပေးမယ့်လူတောင် ရှိခဲ့တာနော်။
"အင်း၊ ဒဏ်ရာရထားတယ်လို့ ကြားတယ်၊အခု သက်သာသွားပြီလား"
"ပြင်ပဒဏ်ရာပါပဲခင်ဗျာ ။ ဒါပေမယ့် ကျွန်တော်မျိုးအစွမ်းအစကင်းမဲ့လို့သာ ဧကရာဇ်ချူကပါ ဒဏ်ရာရသွားတာပါ။ အဲ့ဒီလူသတ်သမားတွေက...."
"မပြောပါနဲ့တော့။ မင်းဘာမှမဖြစ်ရင်တော်ပါပြီ၊ ကျန်တဲ့ကိစ္စတွေလည်း ရှင်းပြီးသွားပြီ"
သွမ့်ပိုင်ယွဲ့က သွမ့်နေ့ပုခုံးကိုပုတ်ရင်း ဆိုလာ၏။ သွမ့်နေ့လည်း ထိုသို့ကြားရတော့မှ သက်ပြင်းချနိုင်တော့သည်။
သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"နှစ်ရက်သုံးရက်လောက် ထပ်ပြီးအနားယူလိုက်ပါဦး။ ပြီးမှ ငါ့နောက်ကိုလိုက်ပြီး ရှီးနန်ပြန်ကြမယ်"
"ဟုတ်ကဲ့"
သွမ့်နေ့မျက်ဝန်းများမှာ နားမလည်နိုင်ခြင်းများစွာ ယှက်သန်းသွား၏။ ထို့နောက် သေချာချင့်ချိန်ပြီးခါမှ အရဲကိုးကာ မေးလိုက်သည်။
"ဘာလို့ ရွှေမြို့တော်ထိ လိုက်မသွားတာလဲ၊ ဝမ်ရယ်။ အရှင်မင်းမြတ် တစ်ပါးတည်း အရမ်းကို အထီးကျန်နေရတာ ။ ဒီအဖွဲ့ကို ဖမ်းထားနိုင်ပြီဆိုပေမယ့် နောက်အဖွဲ့တွေ ထပ်ရှိမလာနိုင်ဘူးလို့ သေချာမပြောနိုင်ဘူးလေ"
"ဂိုဏ်းချုပ်ရှန်နဲ့ တောင်သခင်ယဲ့ပါ ဟုန်မုမြို့ကို ရောက်လာနေပြီ။ အပြန်လမ်းမှာတော့ ဘာအန္တရာယ်မှ မရှိလောက်တော့ပါဘူး။ မင်းပြောတာလည်း မှန်ပါတယ်၊ ဒီလူတွေကိုဖမ်းထားပြီးသားဆိုပေမယ့် တခြားနောက်အဖွဲ့တွေလည်း ရှိလာနိုင်တာပဲ။ နောက်ကွယ်မှာကြိုးကိုင်နေတဲ့ လူတွေအကုန်လုံးကို ဆွဲထုတ်ပြီး အကုန် ဖော်ထုတ်ရမယ်၊ ဒါမှနောက်ဆက်ဖြစ်လာမယ့်ဘေးအန္တရာယ်တွေကို ကာကွယ်ပြီးသားဖြစ်မယ်"
"ဒါဆို ဝမ်ရယ်ပြောချင်တာက....."
"အင်း၊ ရှီးနန်ပြန်ပြီး တပ်သားတွေပြန်ခေါ်မယ်။ ပြီးတာနဲ့ ငါကိုယ်တိုင်ဦးဆောင်ပြီး နန်ယန်ကို ဆင်းကြမယ်"
*******
ချူယွမ်ကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။ နေ့စဥ်ရက်ဆက် မအိပ်စက်ဘဲ ငေးမောမျောလွင့်နေသဖြင့် ရလာသောပင်ပန်းနွမ်းနယ်မှုများကို ယဲ့ကျင့်ကျိုပေးသောဆေးရည်ကျေးဇူးဖြင့် ခေတ္တမျှမေ့ဖျောက်ထားနိုင်ခဲ့သည်။ အိပ်မက်ကမ္ဘာတွင် နက်ရှိုင်းစွာအနားယူနေလေကာ အခြားသော စိတ်ညစ်ညူးစရာများမှ ခဏတာ ကင်းဝေးနေခဲ့သည်။
******
မြို့ပြင်လမ်းမကြီးထက်တွင်လည်း သွမ့်ပိုင်ယွဲ့က နောက်ဆုံးအကြိမ်အနေနှင့် မြို့တံခါးအား လှည့်ကြည့်လာ၏။ ထို့နောက်မှာတော့ ရှီးနန်သို့ဦးတည်ကာ အမြန်ခရီးနှင်လာခဲ့တော့သည်။
******
2020.09.12.
Thz for loving this couple.
******
အခန္း - ၇၃ - အဆက္ (ပိုင္ရွဲန္႔ျပည္မွ လူသတ္သမားမ်ား)
================================
ယဲ့က်င့္က တံခါးကို ကန္ၿပီးဖြင့္လိုက္၏။
ထို႔ေနာက္ ခါးေထာက္ကာ ဆူပူႀကိမ္းေမာင္းရန္ျပင္လိုက္သည္၊ သို႔ေသာ္ စကားတစ္ခြန္းမွ မဟလိုက္ရခင္ ေရ႔ွကျမင္ကြင္းႀကီးေၾကာင့္ လံုးဝအံ့ၾသမွင္သက္သြား၏။
ခ်ူယြမ္က သူ႔အားေမာ့ၾကည့္လာသည္။
ဒီေလာကႀကီးထဲ အသက္ဆက္ရွင္လိုစိတ္ ရိွမေနေတာ့သည့္ မ်က္ႏွာမ်ိဳးျဖင့္ ျဖစ္သည္။
"မင္းေမ...၊ ေသလိုက္ပါေတာ့....."
ယဲ့က်င့္မွာ အသက္ဝဝရႉလိုက္ကာ မနည္းေဒါသထိန္းလိုက္ၿပီး၊ ခ်ူယြမ္အနားသို႔ ေလ်ွာက္လွမ္းသြားသည္။
"ဘယ္ကေလကေခ်ေကာင္ကမ်ား ခင္ဗ်ားကို ဒီေလာက္ထိ ဘဝပ်က္ေအာင္ အႏိုင္က်င့္ထားတာလဲ၊ ေျပာစမ္း"
"မင္း ဘယ္လိုလုပ္ေရာက္လာတာလဲ"
ခ်ူယြမ္ကေတာ့ ေအးစက္တည္ၿငိမ္စြာသာျပန္ေမးလာ၏။
ရွန္ခ်န္းဖုန္းလည္း အရိပ္အကဲနားလည္သည္မို႔ တံခါးေစ့ေပးလိုက္ကာ အျပင္ဘက္တြင္သာေနရစ္ၿပီး အသာေရွာင္ေပးလိုက္သည္။
ယဲ့က်င့္မွာ ခ်ူယြမ္အား ေသခ်ာၾကည့္လာၿပီးေမး၏။
"ဟိုအယုတ္တမာေကာင္ သြမ့္ပိုင္ယြဲ႔ေၾကာင့္ပဲမလား။ အမတ္မင္းေထာင္ဆီကေန စာလႊာရတာနဲ႔ အေျခအေနမဟန္ေတာ့မွန္း ကြၽန္ေတာ္သိေနသားပဲ။ ဒဏ္ရာရထားေသးလား၊ ျပပါၪီး"
"ဟင့္အင္း၊ မရိွဘူး"
"ေသာက္က်ိဳးနည္း ဘာကိုမရိွရမွာလဲ။ ကြၽန္ေတာ္ကိုယ္တိုင္ ေဖာ္စပ္ထားတဲ့ေဆးဗ်၊ အနံ႔ရရံုနဲ႔ ဘာကိစၥမသိရမွာလဲ။ ခုခ်က္ခ်င္းအဝတ္ေတြခြၽတ္စမ္း!!!!"
ခ်ူယြမ္ အလိုလိုပင္ ေနာက္ဆုတ္သြား၏။
"ေအး၊ အဲ့မွာတင္ ေျခေထာက္ကက်ိဳးၿပီ"
ယဲ့က်င္မွာ ပိုလို႔ပင္ ေဒါသထြက္သြား၏။
ခ်ူယြမ္ - "......."
ယဲ့က်င္က ဘာကိုမွမမႈေတာ့ဘဲ ကုတင္ေလးနား အတင္းတိုးထိုင္လိုက္ကာ ခ်ူယြမ္ေဘာင္းဘီစကို အေပၚသို႔ဆြဲတင္လိုက္သည္။
"လူသတ္သမားေတြနဲ႔ သြားတိုးလို႔ပါ"
ခ်ူယြမ္ခမ်ာ ခ်က္ခ်င္းပင္ ပ်ာပ်ာသလဲရွင္းျပလာသည္။
"ေၾသာ္.....သြမ့္ပိုင္ယြဲ႔က ေစာင္ရမ္းေတြ သတၲိရိွေနလို႔ အလစ္ေခ်ာင္းၿပီး ခင္ဗ်ားကိုသတ္ဖို႔ လူေတာင္ငွားရဲေနၿပီေပါ့၊ ေတာက္!!!!! "
ယဲ့က်င့္မွာ ပတ္တီးကိုျပန္ေျဖရင္း ေဒါသတႀကီးဆိုလာ၏။ ခ်ူယြမ္က အတန္ငယ္တံု႔ဆိုင္းသြားကာ ဆို၏။
"အဲ့လူေတြက နန္ယန္သားေတြ"
"ေၾသာ္၊ တကယ္ပုန္ကန္ေတာ့မွာေပါ့"
ယဲ့က်င့္က အက်ႌအိတ္ထဲမွ ေဆးဘူးကိုထုတ္ယူလိုက္ကာ အနာကိုေဆးထည့္ေပးရင္း တဖူးဖူးမႈတ္ေပးေနကာ ဆက္ဆို၏။
"နန္ယန္သားေလး သံုးေလးေယာက္ေလာက္ကို တစ္ပတ္လွည့္ၿပီး သြားခိုင္းစားလိုက္ရံုနဲ႔ ေနာက္ကြယ္မွာ ႀကိဳးကိုင္ေနတာ သူျဖစ္ေနမွန္း ကြၽန္ေတာ္တို႔မရိပ္မိေလာက္ဘူးမ်ားမွတ္ေနလား"
ဒီလိုအကြက္ေတြက အရမ္းရိုးေနၿပီ။
ခ်ူယြမ္မွာ ကိုယ္ေရာစိတ္ပါ ႏြမ္းလ်လြန္းေနၿပီျဖစ္သျဖင့္ အိပ္ယာေပၚသို႔သာ ျပန္လွဲေနလိုက္သည္။
"ရွီးနန္နဲ႔ ဘာမွမဆိုင္ပါဘူး"
ယဲ့က်င့္လည္း ေဆးတစ္ပုလင္းလံုးကို အနာေပၚ ထပ္ႀကဲခ်လိုက္သည္။ခ်ူယြမ္ခမ်ာ သတိပင္ လစ္ေတာ့မတတ္ နာက်င္လွသျဖင့္ အသက္ပင္ေသခ်ာမရႉႏိုင္ေတာ့။
ယဲ့က်င့္က ေဆးမႈန္႔အခ်ိဳ႕ကို အနည္းငယ္ပုတ္ထုတ္လိုက္ကာ ပတ္တီးျဖင့္ ေသခ်ာျပန္စည္းေပးရင္း -
"ဒီေလာက္ဒဏ္ရာရထားတာေတာင္ အရက္ကေသာက္ေနေသးတယ္"
အသိတရားေရာ ရိွေနေသးရဲ့လား။
"အင္း၊ စိတ္ဆင္းရဲေနတာနဲ႔....."
"ဘာ !!!!! သြမ့္ပိုင္ယြဲ႔က ခင္ဗ်ားကို ဒီေလာက္စိတ္ဆင္းရဲေအာင္ လုပ္လိုက္တယ္လား"
ယဲ့က်င့္မွာ ေဒါသတႀကီး ထပ္ေမးလာ၏။
ခ်ူယြမ္က အတန္ၾကာစဥ္းစားလိုက္သည္။ထို႔ေနာက္ ေခါင္းညိတ္ျပလိုက္၏။
"အင္း၊ ဟုတ္တယ္"
"မေၾကာက္နဲ႔ေနာ္။ ကြၽန္ေတာ္ သူ႔ကိုေတြ့တာနဲ႔တစ္ခါတည္းေသသြားေအာင္ ရိုက္သတ္ေပးမယ္"
ယဲ့က်င့္က သူ႔အား ေခ်ာ့ေမာ့ႏွစ္သိမ့္လာ၏။
"အင္း၊ေကာင္းတယ္"
ခ်ူယြမ္လည္း အားပါးတရေထာက္ခံ၏။
ယဲ့က်င့္က လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္ကာ ေႂကြးေၾကာ္လာသည္။
"အေသရိုက္မသတ္ခင္ အရင္ဆံုး မွတ္ေလာက္သားေလာက္ေအာင္ သင္းကြပ္ပစ္ရမယ္"
ခ်ူယြမ္ ခ်က္ခ်င္း တံု႔ဆိုင္းသြား၏။ထို႔ေနာက္ အျခားအေၾကာင္းအရာဘက္ စကားလမ္းေၾကာင္းလႊဲလိုက္သည္။
"ရွန္းဖုန္းေရာ.... အျပင္မွာလား"
"အင္း၊ ျပႆနာတစ္ခုခုျဖစ္မွာစိုးလို႔ သူပါအတူတူလိုက္လာတာ။ ဘာျပႆနာႀကီးႀကီးမားမားမွမျဖစ္လိုက္တာ ေတာ္ေသးတာေပါ့"
ယဲ့က်င့္က ခ်ူယြမ္၏ ေခြၽးစက္မ်ားကိုသုတ္ေပးရင္း ေျပာလာသည္။
"ေက်းဇူး"
ခ်ူယြမ္က ယဲ့က်င့္အားၿပံဳးျပရင္းေက်းဇူးတင္စကားဆိုလာ၏။
" အင္း၊ အရင္ဆံုး အိပ္ေနလိုက္ၪီး။ ကြၽန္ေတာ္ ခင္ဗ်ားအတြက္ ေဆးသြားက်ိဳေပးၪီးမယ္။ ေဆးေသာက္ၿပီးခါမွ ဘာလို႔ခ်က္ခ်င္းႀကီး ရွီးနန္ကိုလာရသလဲဆိုတာ ဆက္ေျပာၾကတာေပါ့"
ခ်ူယြမ္လည္း ေခါင္းညိတ္လက္ခံလိုက္ကာ မ်က္ဝန္းမ်ား ေမွးစက္ထားလိုက္၏။ အေတြးထဲမွာေတာ့ အေၾကာင္းျပစရာကိစၥတစ္ခုခုကို အသည္းအသန္ရွာေဖြေနရေပၿပီ။
******
ရထားေသာဒဏ္ရာက အရွင္းမေပ်ာက္ေသးသည္ကို အရက္ပါ ထပ္ေသာက္ထားေသးသည္၊ ထို႔အျပင္ ေလစိမ္းလည္း အတိုက္ခံထားသည္မို႔ ငယ္စဥ္ကတည္းက သိုင္းပညာက်င့္ႀကံခဲ့၍ လြန္စြာမွ ႀကံ့ခိုင္သည့္ခႏၶာကိုယ္ဟု မည္သို႔ပင္ဆိုဆို ခ်ူယြမ္တစ္ေယာက္ မဖ်ားဘဲမေနေတာ့ ။
ယဲ့က်င့္လည္း ခ်ူယြမ္ အိပ္ေပ်ာ္သြားသည္ကိုျမင္ေတာ့မွ တည္းခိုေဆာင္၏ စားဖိုေဆာင္ကို ငွားရမ္းကာ ေဆးသြားက်ိဳေပး၏။
ရွန္ခ်န္းဖုန္းက တံခါးဝရိွ ခန္းဆီးစကို အသာမလိုက္ၿပီး တစ္ခုခုလာကူေပးရန္ ယဲ့က်င့္နား လာထိုင္လိုက္သည္။
"ခင္ဗ်ား ဘာလို႔လာတာလဲ၊ ဒီမွာ အရမ္းခ်မ္းတာကို။ အခန္းထဲမွာပဲ သြားေနလိုက္.. သြား၊ ဒါက နည္းနည္းထပ္ၾကာၪီးမွာ"
"မင္းကမွ အရမ္းခ်မ္းတတ္တဲ့လူေလ"
ရွန္ခ်န္းဖုန္းက ယူလာေသာဝတ္ရံုကို အနည္းငယ္ခါလိုက္ကာ တစ္ဖက္သား၏ ခႏၶာကိုယ္အား လႊမ္းၿခံဳရစ္ပတ္ေပးလာ၏။
"ဒါနဲ႔ အရွင္မင္းျမတ္ ဘာလို႔ ရွီးနန္ကိုေရာက္ေနတာလဲဆိုတာ.... မင္း ကိုယ့္ကို မေျပာျပရေသးဘူး"
ယဲ့က်င့္က ေခြးေျခထိုင္ခံုအပုေလးတစ္ခုကို ယူၿပီးထိုင္လိုက္ကာ ေျပာလာ၏။
"သြမ့္ပိုင္ယြဲ႔ေၾကာင့္လို႔ပဲ ေျပာျပတယ္။ ဒါေပမယ့္ အခုေတာ့ ဘာျပႆနာမွရိွေလာက္တဲ့ပံု မေပၚေတာ့ပါဘူး၊ နယ္စပ္ကိစၥနဲ႔ပတ္သက္ၿပီး စကားမ်ားၾကတာပဲ ေနမွာေပါ့။ၾသ....ေနာက္တစ္ခု ရိွေသးတယ္ ၊ ဒီကိုလာတဲ့အလာလမ္းမွာ လူသတ္သမားေတြနဲ႔ ေတြ့ခဲ့ေသးတယ္တဲ့၊ နန္ယန္ကေန လာတယ္လို႔ ေျပာတယ္"
"နန္ယန္ကတဲ့လား။ကိုယ္ လူလႊတ္ၿပီး စံုစမ္းခိုင္းထားရမလား"
"အင္း၊ ေသခ်ာေပါက္ စံုစမ္းရမွာေပါ့"
"ေဆးက်ိဳတာ ဘယ္ေလာက္ၾကာၪီးမွာလဲ"
"အနည္းဆံုး ေနာက္တစ္နာရီေတာ့ ၾကာၪီးမယ္"
ယဲ့က်င့္က မီးအားေကာင္းေအာင္ ေျပာင္းျဖင့္မႈတ္လိုက္ကာ ဂရုတစိုက္ ထိုင္ေစာင့္ေန၏။
"ကိုယ့္ကိုသင္ေပးစမ္းပါ"
ရွန္ခ်န္းဖုန္းက ဆက္ဆို၏။
"ဒီမွာက ခ်မ္းလည္းခ်မ္းေသး၊ ေမွာင္လည္းေမွာင္ေသးတယ္။ မင္းသာ ျမန္ျမန္ သြားၿပီးအနားယူလိုက္ေတာ့၊ ဒီရက္ပိုင္းအတြင္းမွာ ခရီးအျမန္ႏွင္လာခဲ့ရတာဆိုေတာ့ မင္း အရမ္းပင္ပန္းေနၿပီ"
"မရဘူး၊ အဆင့္ေတြက နည္းနည္းရႈပ္တယ္။ ဘယ္ဟာက အရင္ထည့္ရမယ္၊ ဘယ္ဟာက ေနာက္မွထည့္ရမယ္ ဆိုတာေတြ အရမ္းရႈပ္တာဗ်၊ ခင္ဗ်ား မလုပ္ႏိုင္ေလာက္ဘူး"
ရွန္ခ်န္းဖုန္းခမ်ာ ရယ္ရခက္ငိုရခက္ျဖစ္သြား၏။
"မင္းအျမင္မွာ ကိုယ္ အဲ့ေလာက္ထိ ႏံုခ်ာေနသလား"
"ေျပာစမ္းပါၪီး၊ ဟိုတစ္ေခါက္က ဆန္ျပဳတ္ေလးျပဳတ္ခိုင္းလိုက္တာကို ခ်ိဳးကပ္မည္းတူးသြားေအာင္ခ်က္လိုက္တဲ့လူႀကီးက ဘယ္သူလဲလို႔"
ဂိုဏ္းခ်ဳပ္ရွန္မွာ ေခတၲမ်ွတံု႔ဆိုင္းသြားသည္။ ထို႔ေနာက္ ခဏၾကာမွ -
"ကိုယ္ပါ"
"ကဲ ကဲ....ထြက္မွာသာ ထြက္သြားစမ္းပါ"
ယဲ့က်င့္က သူ႔အား အျမန္ႏွင္ထုတ္လိုက္၏။
ရွန္ခ်န္းဖုန္းကမူ ယဲ့က်င့္ကိုယ္လံုးအား မခ်ီလိုက္ကာ သူ႔ခႏၶာထက္ ထိုင္ေစၿပီး ေထြးေပြ့ထားလိုက္သည္။ သူကိုယ္တိုင္ကမူ ထိုင္ခံုေပၚ ထိုင္ေနလိုက္သည္။
ယဲ့က်င့္ - "......."
"ဒါဆို ကိုယ္ မင္းနဲ႔အေဖာ္လုပ္ေပးမယ္"
ရွန္ခ်န္းဖုန္းက သူ႔အား ပိုလို႔ပင္ တင္းက်ပ္စြာ ဖက္တြယ္လာသည္။
"ဒီလိုဆို မခ်မ္းေတာ့ဘူးမလား"
ယဲ့က်င့္ ႏႈတ္ခမ္းဆူသြားသည္။
ထို႔ေနာက္ ခ်န္းဖုန္း၏ရင္ခြင္က်ယ္ထက္ ေခါင္းေလးမွီကာ လက္တစ္ဖက္ကေတာ့ တုတ္တစ္ေခ်ာင္းကိုင္ေနၿမဲျဖစ္က ာေဆးရည္က်ိဳရာ၌ မီးအားေကာင္းေစရန္ တိုးဆြေပးေနလိုက္သည္။
******
"ဝမ္ရယ္"
တစ္ဖက္မွာလည္း သြမ့္မ်ိဳးႏြယ္၏ လူယံုေတာ္တစ္ေယာက္က သြမ့္ပိုင္ယြဲ႔အား လာေရာက္အေၾကာင္းၾကား၏။
"အရွင္မင္းျမတ္ ဘာမွမျဖစ္ေလာက္ေတာ့ပါဘူးခင္ဗ်ာ။ ဂိုဏ္းခ်ဳပ္ရွန္နဲ႔ ေတာင္သခင္ယဲ့တို႔လည္း ေရာက္လာၾကပါၿပီ၊ အေႁခြအရံ တပ္သားေတြလည္း အမ်ားႀကီးေခၚေဆာင္လာခဲ့ေၾကာင္းပါခင္ဗ်ာ"
"ေကာင္းပါတယ္ေလ"
သြမ့္ပိုင္ယြဲ႔ၿပံဳးလိုက္၏။
ထိုလူယံုေတာ္က ဆက္ေမးလာသည္။
"ဒါဆို ဝမ္ရယ္ေရာ စံအိမ္ျပန္ေတာ့မွာလားခင္ဗ်"
သြမ့္ပိုင္ယြဲ႔ ေခါင္းညိတ္ျပလိုက္သည္။
ထို႔ေနာက္ တည္းခိုေဆာင္ရိွရာဘက္ လွမ္းေမ်ွာ္ၾကည့္လိုက္ေသးသည္။ သို႔ေသာ္ ျပတင္းတံခါးကေတာ့ ပိတ္သြားေခ်ၿပီ။
ရွန္ခ်န္းဖုန္းႏွင့္ယဲ့က်င့္တို႔ ရိွေနမွေတာ့ နန္းေတာ္သို႔အျပန္ခရီးမွာ မည့္သည့္ေဘးအႏၲရာယ္မွမရိွေလာက္ေတာ့။
သြမ့္ပိုင္ယြဲ႔လည္း ေခါင္မိုးေပၚမွ ခုန္ဆင္းလိုက္ကာ ထိုလူသတ္သမားမ်ားကို သြားေရာက္စစ္ေဆးေမးျမန္းရန္ ထြက္သြား၏။
******
တစ္ညတာကုန္လြန္ၿပီးေနာက္တြင္ ထိုလူသတ္သမားမ်ားမွာ ေသြးသံအလိမ္းလိမ္း ကပ္ၿငိေနကာ အသက္ေျမာ့ေျမာ့သာက်န္ေတာ့၏။
"ဝမ္ရယ္"
လူယံုေတာ္က စိုးရိမ္တႀကီး ဆက္ဆိုလာ၏။
"ဒီလိုမ်ိဳး ၫွင္းပန္းႏိွက္စက္တဲ့နည္းနဲ႔ေတာ့ ဘာအက်ိဳးမွ ရလာမွာမဟုတ္ေလာက္ဘူးခင္ဗ်ာ"
"ဘာေၾကာင့္လဲ"
"ဒီလူေတြက ဟန္ဘာသာစကားေတာင္ ေျပာတတ္တာမဟုတ္ပါဘူး ၊ ဝမ္ရယ္။ ဝန္ခံထြက္ဆိုခ်င္ရင္ေတာင္ ဘယ္လိုနည္းနဲ႔မွ ထြက္ဆိုလို႔မရေလာက္ဘူး"
"မျဖစ္ႏိုင္တာ"
လူယံုေတာ္၏ သတိေပးစကားကို သြမ့္ပိုင္ယြဲ႔ျငင္းပယ္လိုက္၏။
"နန္ယန္ကေန တာ့ခ်ူကို လာတဲ့ခရီးက အရမ္းေဝးလြန္းတယ္။ ပင္လယ္ႀကီးတစ္စင္းလံုးကို ျဖတ္ေက်ာ္လာရတာ။ ၿပီးေတာ့ တာ့ခ်ူ နယ္နိမိတ္ကို ေက်ာ္ျဖတ္လာခဲ့ကတည္းက ဒီလူေတြဟာ ထမင္းေတာ့စားၾကရၪီးမွာပဲ၊ အိပ္ၾကရၪီးမွာပဲ ။ ဟန္ဘာသာစကားေျပာႏိုင္တဲ့လူ ပါကိုပါရမယ္၊ ဒါမွမဟုတ္ သူတို႔ကို ၾကားကေန ေစ့စပ္ၫွိႏိႈင္းေပးတဲ့ ၾကားခံတစ္ေယာက္ ရိွကိုရိွေနရမယ္။ ဒီလိုမွမဟုတ္ရင္ ဒီလူေတြက ဒီလမ္းတစ္ေလ်ွာက္လံုး ဆြံ႔အတဲ့လူေတြလို လက္အမူအယာေတြနဲ႔ပဲ အခ်က္ေပးခဲ့ၾကတယ္လို႔ ထင္ေနလား။ ၿပီးေတာ့ သူတို႔က ကုန္သြယ္ေရးလာလုပ္ၾကတာလည္းမဟုတ္ဘူး။ မဟုတ္ရင္ အာဏာပိုင္ေတြဘက္ကေန သံသယရိွေနတာၾကာေလာက္ၿပီ"
"ဝမ္ရယ္ေျပာတာ က်ိဳးေၾကာင္းသင့္ေလ်ာ္ပါေပတယ္"
လူယံုေတာ္ကလည္း အခုမွ ရွင္းရွင္းလင္းလင္း သေဘာေပါက္သြား၏။
"သူတို႔ မေသေသးရင္ၿပီးေရာ၊ လံုးဝ မၫွာနဲ႔။ သူတို႔အသက္ေတြ အစကတည္းက ဘာတန္ဖိုးမွမရိွဘူးဆိုတာကို ေကာင္းေကာင္းႀကီး နားလည္သြားပေလ့ေစ"
"ဟုတ္ကဲ့ပါ ဝမ္ရယ္"
လူယံုေတာ္ကလည္း ေခါင္းညိတ္လိုက္ကာ ထိုသူမ်ားကို ေျမေအာက္ခန္းသို႔ ျပန္သြားပို႔လိုက္သည္။
ညဥ့္နက္သြားေတာ့ သြမ့္ပိုင္ယြဲ႔ထံ ျပန္၍ အေၾကာင္းၾကားလာ၏။ ထိုသူမ်ားထဲကတစ္ေယာက္က ႏိွပ္စက္သည့္ဒဏ္ကို မခံႏိုင္ေတာ့အဆံုး မိမိမွာ ဟန္ဘာသာစကား တတ္ကြၽမ္းေၾကာင္း ဝန္ခံလာသည္ဟုဆို၏။
"သူ႔ကို သြားေခၚလာခဲ့"
သြမ့္ပိုင္ယြဲ႔က လက္ထဲက လက္ဖက္ရည္ခြက္က္ကို ခ်ထားလိုက္သည္။
ခဏၾကာေတာ့ ေသြးအလိမ္းလိမ္းကပ္ကာ ဒဏ္ရာဗလပျြဖစ္ေနေသာ လူတစ္ေယာက္ကအသက္ကိုမနည္းရႉကာ သူ႔ေရ႔ွသို႔ေရာက္လာ၏။ ေဆး အတိုက္ခံၿပီးခါမွ စကားေျပာႏိုင္ေတာ့သည္။
သြမ့္ပိုင္ယြဲ႔က ေမးလာ၏။
"ေျပာစမ္းပါၪီး။ မင္းတို႔ ဘယ္ကေနလာၾကသလဲ၊ ဘာကိစၥေၾကာင့္ တာ့ခ်ူဧကရာဇ္ကို လုပ္ႀကံဖို႔ႀကိဳးစားေနၾကသလဲ "
"ကြၽန္ေတာ္မ်ိဳးတို႔က ပိုင္ရွဲန္႔ျပည္ကေနလာတဲ့ လူသတ္သမားအဖြဲ႔ပါ"
ထိုသူက ေသြးတစ္ပြက္အန္ခ်လိုက္ၿပီးမွ ခဏၿငိမ္က်သြားကာ ဆက္ဆို၏။
"ပိုင္ရွန္႔ျပည္က ကိုယ္ခံပညာကို အေတာ္ေလးအေရးေပးေလ့က်င့္ၾကတာမို႔ ကိုယ္ရံေတာ္ဂိုဏ္းအမ်ားႀကီးရိွသလို ေၾကးစားလူသတ္သမားေတြလည္း အရမ္းမ်ားလွပါတယ္။ လြန္ခဲ့တဲ့ႏွစ္က တစ္ရက္မွာေတာ့ ကြၽန္ေတာ္မ်ိူးတို႔ကို ေငြေၾကးပမာဏ အမ်ားႀကီးေပးၿပီး ဧကရာဇ္ခ်ူရဲ့အသက္ကို လာဝယ္တဲ့လူတစ္ေယာက္ ရိွခဲ့ပါတယ္"
"အဟက္.....ဧကရာဇ္ခ်ူရဲ့အသက္ကို ႏႈတ္ယူၾကမယ္ေပါ့၊ မင္းတို႔ေတြ အေတာ္ေလး အတင့္ရဲၾကတာပဲ"
သြမ့္ပိုင္ယြဲ႔က ေအးစက္စြာ ရယ္ေမာလိုက္သည္။
"အစပိုင္းတုန္းက ကြၽန္ေတာ္မ်ိဳးတို႔ကလည္း ျငင္းခဲ့ပါေသးတယ္၊ ဒီကိစၥက သြားပုပ္ေလလြင့္တဲ့ကိစၥ အာေခ်ာင္တဲ့ကိစၥလို႔ ေျပာၿပီး လက္ခံဖို႔ေတာင္ မလုပ္ခဲ့ၾကပါဘူး။ ဒါေပမယ့္ ေနာက္ပိုင္းေတာ့ အဲ့ဒီဧည့္သည္က ေစ်းႏႈန္းဆယ္ဆထိ တိုးျမႇင့္ကမ္းလွမ္းလာပါတယ္။ ၿပီးေတာ့ လုပ္ႀကံဖို႔အတြက္ နန္းေတာ္ထဲထိ လိုက္သြားစရာလည္းမလိုဘူး၊ ၿမိဳ႔ေတာ္ထဲေတာင္ ဝင္သြားစရာမလိုဘူးတဲ့။ တာ့ခ်ူထဲကိုသာ အဆင္သင့္ ခိုးဝင္ထားၿပီး ဧကရာဇ္ခ်ူ တိုင္းခန္းလည့္လည္တဲ့အခ်ိန္ကိုသာ ေစာင့္ေနပါတဲ့။ ၿမိဳ႔ျပင္ေရာက္လာတာနဲ႔ သူတို႔ေတြက ကြၽန္ေတာ္မ်ိဳးတို႔ဆီ ခ်က္ခ်င္းသတင္းပို႔လာေပးမယ္၊ အဲ့ခ်ိန္က်မွ အႀကံအစည္ကို စီရင္ေဆာင္ရြက္ပါတဲ့"
"မင္းတို႔ဆီလာတဲ့လူက ဘယ္သူတဲ့လဲ"
"မသိပါဘူးခင္ဗ်ာ။ ကြၽန္ေတာ္မ်ိဳးသိသေလာက္က အဲ့လူက ပိုင္ရွဲန္႔ျပည္သား လံုးဝမဟုတ္ရပါဘူး ။ ဝတ္စားဆင္ယင္တဲ့ပံုစံနဲ႔ ေျပာဆိုတဲ့ ေလယူေလသိမ္းအရ တာ့ခ်ူရဲ့ မ်ိဳးရိုးျမင့္မိသားစုတစ္ခုခုကလာတဲ့ သခင္ေလးေတြနဲ႔ေတာင္ ပိုတူေနေသးတယ္။ သူက အၿမဲတမ္း မ်က္ႏွာကို ဖံုးအုပ္ထားေလေတာ့ သူ႔ရုပ္ကို ေသခ်ာေတာင္ မျမင္ဖူးပါဘူး။ မ်က္လံုးေလးေလာက္ပဲ ေဖာ္ထားတတ္တာပါ"
သြမ့္ပိုင္ယြဲ႔က ထိုင္ခံုကိုမွီလိုက္ကာ ေခတၲမ်ွ ၿငိမ္သက္စြာ ေတြးေတာၾကည့္လိုက္သည္။ ထို႔ေနာက္ ေဘးခန္းသို႔ထြက္သြားကာ လက္ဖဝါးအရြယ္ခန္႔ စကၠူတစ္ခုကို သြားယူလိုက္ၿပီး စကၠူေအာက္ပိုင္းတစ္ခုလံုးကို ဖံုးအုပ္ထားကာ ေမးလာ၏။
"ဒီလိုမ်က္လံုးမ်ိဳးရိွတဲ့လူလား"
ထိုလူသတ္သမားမွာ အတန္ၾကာ အံ့ၾသသြားၿပီးေနာက္ ေခါင္းတဆတ္ဆတ္ ၿငိမ့္ျပ၏။
"ဟုတ္ပါတယ္ခင္ဗ်ာ"
"ေသခ်ာတယ္ေနာ္"
သြမ့္ပိုင္ယြဲ႔ ထပ္ေမးလာ၏။
"ေသခ်ာပါတယ္ခင္ဗ်ာ ၊ ဒီမ်က္ဝန္းက အရမ္းလွတာမို႔ ကြၽန္ေတာ္မ်ိဳး လံုးဝမမွားႏိုင္ေၾကာင္းပါ"
သြမ့္ပိုင္ယြဲ႔က ထိုင္ခံုေပၚျပန္ထိုင္လိုက္၏။
ထိုစကၠူထက္တြင္ ရိွေသာပံုတူပန္းခ်ီမွာ ခ်ူယြမ္၏ ပံုတူပင္ျဖစ္၏။
ဤေလာကတြင္ ခ်ူယြမ္ႏွင့္ မ်က္ဝန္းခ်င္း ဆင္တူေနသည့္လူ၊ နန္ယန္တြင္ သြားေရာက္ေနထိုင္ရသည့္သူ၊ ထို႔အျပင္ တာ့ခ်ူအေပၚအၿငိဳးအာဃာတမ်ား ရိွေနေလာက္ေသာသူ။
ေတြးၾကည့္စရာမလိုဘဲႏွင့္ပင္ မည္သူမွန္း သိႏိုင္ေပသည္။
*******
ေကာဝမ္ ခ်ူရိွန္႔။
မူလအမည္ရင္းမွာ ခ်ူရိွန္းျဖစ္သည္။ ေနာက္ပိုင္္းက်ေတာ့ ေဗဒင္ဟူးရားပညာရွင္တို႔က ဤမင္းသားမွာ ေရဓာတ္ႏွင့္မသင့္ျမတ္ဟုဆိုကာ အမည္နာမေျပာင္းလဲမွည့္ဆိုေပးျခင္းျဖစ္သည္။ ဧကရာဇ္ခ်ူ၏ အခ်စ္ဆံုးသားေတာ္တစ္ၪီးျဖစ္ခဲ့ဖူးကာ ဟိုးယခင္ကတည္းကေန အခုထက္ထိ အိမ္ေရ႔ွစံရာထူးကို တစ္ခါမွပင္ မသိမ္းပိုက္ႏိုင္ခဲ့ေသာ မင္းသားတစ္ပါးျဖစ္သည္။ ခ်ူယြမ္ နန္းတက္သည္ႏွင့္ ထိုခ်ူရိွန္႔ကို အမတ္ႀကီးလ်ိဳကုန္း၏သားအႀကီးျဖစ္သူ လ်ိဳက်င့္တာႏွင့္အတူ ရာထူးမ်ားႏႈတ္သိမ္းကာ ဟိုင္နန္သို႔ ျပည္ႏွင္ဒဏ္ေပးၿပီး ဘယ္ေသာအခါမွ တာ့ခ်ူတိုင္းျပည္ဆီ ျပန္ဝင္လာခြင့္ျပဳမထားေတာ့။
သူ႔သတင္းကိုမၾကားရသည္မွာပင္ အေတာ္ၾကာေနေခ်ၿပီ။ လ်ိဳမ်ိဳးရိုးကလည္း သူတို႔အား သံေယာဇဥ္ျဖတ္ကာ လ်စ္လ်ူရႈထား၏။ မွဴးႀကီးမတ္ႀကီးမ်ားကလည္း ထိုႏွစ္ေယာက္ကို ၿဂိဳဟ္ဆိုးတစ္ခုဟု သေဘာထားၾကသည္။ တကယ္၍မ်ား အခုလိုမ်ိဳး လူသတ္သမားမ်ားကို လႊတ္မလာခဲ့လ်ွင္ ဤဆူးေျငႇာင့္ခလုတ္ႀကီးရိွေနေသးႏွန္း သြမ့္ပိုင္ယြဲ႔လည္း အမွတ္ပင္မရမိ။
ျပည္ႏွင္ဒဏ္ခံရၿပီးတာေတာင္ ပရိယာယ္မာယာေတြနဲ႔ ဗ်ူဟာေတြအထပ္ထပ္ဆြဲၿပီး လက္တစ္လံုးျခား ဒုကၡေတြလာေပးျပန္ၿပီ။ အေတာ္ေလး အတင့္ရဲတာပဲ။
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ ထိုလူသတ္သမားကို အခ်ဳပ္သို႔ ျပန္ေခၚသြားေစ၏။
"ဝမ္ရယ္ခင္ဗ်ာ"
အျပင္ဘက္မွ တပ္သားတစ္ၪီးက ေလ်ွာက္တင္လာသည္။
"သြမ့္ေန့ျပန္ေရာက္လာပါၿပီ"
သြမ့္ပိုင္ယြဲ႔က ထရပ္လိုက္ၿပီး သူကိုယ္တိုင္ပင္ သြမ့္ေန့အား တံခါးသြားဖြင့္ေပး၏။
သြမ့္ေန့ - "......."
သြမ့္ေန့မွာ သခင္ျဖစ္သူကို ၿပံဳးျပမည္အျပဳ သြမ့္ပိုင္ယြဲ႔၏ ေငြေရာင္မ်က္ႏွာဖံုးကိုျမင္ေတာ့ အေတာ္ပင္အံ့ၾသသြားေလသည္။
"ဘာလဲ"
"ဝမ္ရယ္"
သြမ့္ေန့ ျပန္၍သတိဝင္လာသည္။
"ေယာင္အာက မင္းကိုေျပာျပမထားဘူးလား"
"ေျပာျပပါတယ္ခင္ဗ်ာ။ ဒါေပမယ့္ ခ်က္ခ်င္းႀကီးျမင္လိုက္ရေတာ့၊ ဝမ္ရယ္ ကြၽန္ေတာ္မ်ိဳးကို ခြင့္လႊတ္ေပးေတာ္မူပါ"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ -
"ရပါတယ္။ မင္းလည္း ဒီသံုးႏွစ္စလံုး ပင္ပန္းသြားပါၿပီ"
"မပင္ပန္းပါဘူးခင္ဗ်ာ။ ဧကရာဇ္ခ်ူက ကြၽန္ေတာ္မ်ိဳးတို႔အေပၚ အေတာ္ေကာင္းပါတယ္ ၊ ညီလာခံထဲက မွဴးမတ္ေတြဆိုလည္း ကြၽန္ေတာ္မ်ိဳးကို ပ်ူပ်ူငွာငွာ ေဖာ္ေဖာ္ေရြေရြ ဆက္ဆံၾကရွာပါတယ္"
ေအာင္သြယ္ေပးမယ့္လူေတာင္ ရိွခဲ့တာေနာ္။
"အင္း၊ ဒဏ္ရာရထားတယ္လို႔ ၾကားတယ္၊အခု သက္သာသြားၿပီလား"
"ျပင္ပဒဏ္ရာပါပဲခင္ဗ်ာ ။ ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳးအစြမ္းအစကင္းမဲ့လို႔သာ ဧကရာဇ္ခ်ူကပါ ဒဏ္ရာရသြားတာပါ။ အဲ့ဒီလူသတ္သမားေတြက...."
"မေျပာပါနဲ႔ေတာ့။ မင္းဘာမွမျဖစ္ရင္ေတာ္ပါၿပီ၊ က်န္တဲ့ကိစၥေတြလည္း ရွင္းၿပီးသြားၿပီ"
သြမ့္ပိုင္ယြဲ႔က သြမ့္ေန့ပုခံုးကိုပုတ္ရင္း ဆိုလာ၏။ သြမ့္ေန့လည္း ထိုသို႔ၾကားရေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။
သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"ႏွစ္ရက္သံုးရက္ေလာက္ ထပ္ၿပီးအနားယူလိုက္ပါၪီး။ ၿပီးမွ ငါ့ေနာက္ကိုလိုက္ၿပီး ရွီးနန္ျပန္ၾကမယ္"
"ဟုတ္ကဲ့"
သြမ့္ေန့မ်က္ဝန္းမ်ားမွာ နားမလည္ႏိုင္ျခင္းမ်ားစြာ ယွက္သန္းသြား၏။ ထို႔ေနာက္ ေသခ်ာခ်င့္ခ်ိန္ၿပီးခါမွ အရဲကိုးကာ ေမးလိုက္သည္။
"ဘာလို႔ ေရႊၿမိဳ႔ေတာ္ထိ လိုက္မသြားတာလဲ၊ ဝမ္ရယ္။ အရွင္မင္းျမတ္ တစ္ပါးတည္း အရမ္းကို အထီးက်န္ေနရတာ ။ ဒီအဖြဲ႔ကို ဖမ္းထားႏိုင္ၿပီဆိုေပမယ့္ ေနာက္အဖြဲ႔ေတြ ထပ္ရိွမလာႏိုင္ဘူးလို႔ ေသခ်ာမေျပာႏိုင္ဘူးေလ"
"ဂိုဏ္းခ်ဳပ္ရွန္နဲ႔ ေတာင္သခင္ယဲ့ပါ ဟုန္မုၿမိဳ႔ကို ေရာက္လာေနၿပီ။ အျပန္လမ္းမွာေတာ့ ဘာအႏၲရာယ္မွ မရိွေလာက္ေတာ့ပါဘူး။ မင္းေျပာတာလည္း မွန္ပါတယ္၊ ဒီလူေတြကိုဖမ္းထားၿပီးသားဆိုေပမယ့္ တျခားေနာက္အဖြဲ႔ေတြလည္း ရိွလာႏိုင္တာပဲ။ ေနာက္ကြယ္မွာႀကိဳးကိုင္ေနတဲ့ လူေတြအကုန္လံုးကို ဆြဲထုတ္ၿပီး အကုန္ ေဖာ္ထုတ္ရမယ္၊ ဒါမွေနာက္ဆက္ျဖစ္လာမယ့္ေဘးအႏၲရာယ္ေတြကို ကာကြယ္ၿပီးသားျဖစ္မယ္"
"ဒါဆို ဝမ္ရယ္ေျပာခ်င္တာက....."
"အင္း၊ ရွီးနန္ျပန္ၿပီး တပ္သားေတျြပန္ေခၚမယ္။ ၿပီးတာနဲ႔ ငါကိုယ္တိုင္ၪီးေဆာင္ၿပီး နန္ယန္ကို ဆင္းၾကမယ္"
*******
ခ်ူယြမ္ကေတာ့ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနဆဲပင္။ ေန့စဥ္ရက္ဆက္ မအိပ္စက္ဘဲ ေငးေမာေမ်ာလြင့္ေနသျဖင့္ ရလာေသာပင္ပန္းႏြမ္းနယ္မႈမ်ားကို ယဲ့က်င့္က်ိဳေပးေသာေဆးရည္ေက်းဇူးျဖင့္ ေခတၲမ်ွေမ့ေဖ်ာက္ထားႏိုင္ခဲ့သည္။ အိပ္မက္ကမ႓ာတြင္ နက္ရိႈင္းစြာအနားယူေနေလကာ အျခားေသာ စိတ္ညစ္ၫူးစရာမ်ားမွ ခဏတာ ကင္းေဝးေနခဲ့သည္။
******
ၿမိဳ႔ျပင္လမ္းမႀကီးထက္တြင္လည္း သြမ့္ပိုင္ယြဲ႔က ေနာက္ဆံုးအႀကိမ္အေနႏွင့္ ၿမိဳ႔တံခါးအား လွည့္ၾကည့္လာ၏။ ထို႔ေနာက္မွာေတာ့ ရွီးနန္သို႔ၪီးတည္ကာ အျမန္ခရီးႏွင္လာခဲ့ေတာ့သည္။
******
2020.09.12.
Thz for loving this couple.
******