[တိမ်သလ္လာကန္တာတောင်ထွဋ်ပေါ်က ထျဲန်းချန်ရှား]
"တာ့ချူက ကုန်သည်တွေလားခင်ဗျ?"
ဝန်ထမ်းကောင်လေးမှာ ကျင်းဆူးကိုမြင်တော့ ပမာမခန့်မပြုရဲ။ ထို့ကြောင့် သူမတောင်းဆိုသည့်အတိုင်း၊ လွန်ခဲ့သောလများက မှတ်တမ်းစာအုပ်များကိုထုတ်ယူလာကာ တစ်အုပ်ချင်း လိုက်ရှာပေး၏။ နောက်ဆုံးတော့ ရင်းနှီးသော အမည်နာမတစ်ခုကို တွေ့လိုက်ရသည်။
စစ်ကုန်းလွီ့......
"ဟုတ်ပါတယ်ခင်ဗျာ၊ ဒီဧည့်သည်သုံးယောက်ပါပဲ။ အဲ့ထဲကတစ်ယောက်က ငွေရောင်မျက်နှာဖုံးတပ်ထားတာလေ၊ မေ့ချင်ရင်တောင် မေ့ဖို့ခက်တယ်ဗျ"
ကံကောင်းထောက်မ၍ ဤခရီးစဥ်တစ်လျှောက်လုံး စစ်ကုန်းလွီ့က အမည်ရင်းကိုသာ သုံးနှုန်းခဲ့သည်၊ အခြားသူများက သူ့အား သံသယမဝင်စေရန်ဖြစ်၏။ အခြားသူများကတော့ ဝမ့်ရှီးကျိုးနှင့် ရှီးနန်စံအိမ်တို့ အဆက်အသွယ်ရှိသေးကြသည်ကို မသိလေတော့ ဆွေသဟာတစ်ယောက်ကိုခေါ်ကာ အလုပ်ကိစ္စလာမေးသည်ဟု တကယ်ထင်ရစေ၏။ တစ်စုံတစ်ယောက် စုံစမ်းလာလျှင်တောင် သံသယဝင်စရာမဖြစ်စေရ။
ချူယွမ်လည်း ဤအမည်မှတစ်ဆင့် သဲလွန်စရသည်နှင့် ၊ ကျင်းဆူး၏ အကူအညီကိုယူကာ စစ်ကုန်းလွီ့တို့ မည်သည့်သင်္ဘောဖြင့် ပိုင်ရှန့်ပြည်မှ ထွက်ခွာသွားကြောင်း စုံစမ်းကြရာ၊ နောက်နှစ်ရက်အတွင်းပင် အဖြေသိလိုက်ရလေသည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
ချူယွမ်က ကျင်းဆူးအား ကျေးဇူးတင်စကားဆိုလာ၏။
"သခင်လေးက အားနာတတ်ရန်ကော။ ကျွန်မရဲ့နောင်တော်အတွက်ပါ ကျေးဇူးပြန်ဆပ်တယ်လို့ သဘောထားလိုက်ပါ၊ ကျွန်မရဲ့ ဖူးစာကံကြမ္မာအတွက်ရောပဲပေါ့"
ထိုစဥ်တုန်းက ရွှေမြို့တော်ထိသာ လိုက်မသွားခဲ့လျှင် ခင်ပွန်းလောင်းဖြစ်သူနှင့် သူမ တွေ့ဆုံခဲ့မည်မဟုတ်။
ချူယွမ်က ပြုံးလိုက်ကာ သင်္ဘောပေါ်သို့ တက်သွားခဲ့သည်။
*****
"အလောတကြီး အပြေးအလွှားနဲ့ ၊ရက်အများကြီးလည်း ခရီးပန်းလာခဲ့ပြီ၊ ဒီနှစ်ရက်လေးလည်း သေချာမနားရသေးပြန်ဘူး။ မနေ့ကမှ အအေးမိတာ သက်သာလာတာကို ၊ သခင်လေးရယ်....."
ရှစ်ဇီကုန်းကုန်းက ချူယွမ်ကိိုကြည့်ပြီး အသနားကြီးသနားနေကာ ရင်နာနာနှင့် တီးတိုးပြောဆိုလာသည်။
"ဆရာကြီးနန်တို့ကလည်း အစကတည်းက ရှီးနန်ဝမ်ကို ဖျောင်းဖျထားတာမဟုတ်ဘူး။ ဘာကိစ္စပဲရှိရှိ ဘာလို့ အချင်းချင်း နားလည်အောင် အရင်မဖြေရှင်းကြတာလဲ။ ခုများတော့ တစ်ယောက်က မိုးမြေအဆုံး ထွက်ပြေးနေပြီး တစ်ယောက်ကလည်း သမုဒ္ဒရာအဆုံးထိကို လိုက်ရှာနေပြီ"
နန်မော်ယဲ့လည်း သင်္ဘောအပေါ်ဆုံးထပ်တွင် ထိုင်ရင်း သက်ပြင်းချရုံသာ။
အချစ်နတ်ဘုရားကြီးဆိုသော သစ်သားပြားကို တစ်ခုတည်း ထွင်းထုခိုင်းရုံနှင့် မရလောက်တော့။
ဟုတ်သည်၊ နှစ်ပြား ထွင်းခိုင်းရမည်။
တစ်ပြားကို ရှီးနန်စံအိမ်တော်တွင် ချိတ်ခိုင်းရမည်ဖြစ်ကာ ကျန်တစ်ခုကို ရွှေမြို့တော်ဆီ ပို့ခိုင်းရမည်။
ထို့အပြင် ပြန်ဆုံကြသည့်အချိန်ကျ အဝတ်လျှော်သစ်သားပြားတစ်ခုနှင့်တင် လောက်ငှမည့်ပုံမပေါ်။
*******
သင်္ဘောကြီးမှာ သမုဒ္ဒရာရေပြင်ထက် ရွက်လွှင့်ကာခရီးဆက်နေ၏။
သွမ့်ပိုင်ယွဲ့မှန်းဆထားသည့်အတိုင်းပင် ၊ ဤသင်္ဘောကြီးမှာ ဖေမျဲန့်ပြည်ဟု ဆိုစမှတ်ပြုကြသောနေရာသို့ ဦးတည်ပြီး သွားနေသည်။ ၎င်း၏ နယ်နိမိတ်ထဲ ရောက်သွားသောအချိန်မှာတော့ ထူထဲလှသော မြူခိုးထုကြီးအုံ့ဆိုင်းနေကာ သင်္ဘောပေါ်ရှိ လူအယောက်တိုင်းက ပိတ်စအနက်များကိုယူပြီး မိမိတို့မျက်လုံးများကို ကိုယ်စီကိုယ်ငှ စည်းနှောင်ပိတ်လွှမ်းထားလိုက်ကြသည်။
"ဘာလို့ အဲ့လိုလုပ်ကြတာလဲ"
သွမ့်ပိုင်ယွဲ့က ချူရှိန့်အား မေးကြည့်၏။
"ကျွန်တော် အစိုးရိမ်လွန်လို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် နည်းပြဝမ်က ခုမှရောက်လာတာဆိုတော့ ဒေသခံတွေ လိုက်နာကြတဲ့ စည်းမျဥ်းစည်းကမ်းတွေအတိုင်း လိုက်လုပ်တာက ပိုသင့်တော်ပါမယ်။ နောက်ပိုင်း အနေကြာသွားလို့ရှိရင်တော့ ၊ မြူခိုးယန္တရားထဲကိုဖြတ်သန်းသွားရင်လည်း မျက်လုံးကို အဝတ်နဲ့အုပ်စရာတောင် လိုတော့မှာမဟုတ်ဘူး"
"ကျွန်တော် အထင်လွဲသွားပုံရတယ်။ သခင်လေးက သာမန်ကုန်သည်တော့ မဖြစ်နိုင်လောက်ဘူးပဲ"
ချူရှိန့်က ခေါင်းခါလိုက်ကာ -
"သာမန်ကုန်သည်ဖြစ်နေမယ်ဆို နည်းပြဝမ် ကျွန်တော့်နောက်ကိုလိုက်လာတာ အသင့်စွမ်းရည်အတွက် အတော်နှမြောစရာကောင်းမှာပေါ့။ သိုင်းပညာ ဒီလောက်အဆင့်မြင့်နေတာဆိုတော့ တစ်သက်မှာတစ်ခါလောက် စီမံကိန်းအကြီးစားတွေထဲ အစမ်းပါဝင်ကြည့်စေချင်တယ်။ ဒါမှ အရင်က ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်သိမ်းပိုက်နိုင်မှာပေါ့"
သွမ့်ပိုင်ယွဲ့က မိမိမျက်လုံးကို အဝတ်ဖြင့် စည်းနှောင်လိုက်ကာ ဘာမှပြန်မမေးဖြစ်တော့။
ချူရှိန့်ကတော့ သူ့ကို အတော်လေး သဘောကျနေချေပြီ ။
သိုင်းပညာအဆင့် မြင့်မားထူးချွန်သည့်အပြင် အကျင့်စရိုက်အားဖြင့်လည်း တည်ငြိမ်အေးဆေးကာ စကားများခြင်း၊ နှုတ်ဖွာခြင်းလည်းမရှိ။ ဘာကိုမေးသင့်မှန်း မမေးသင့်မှန်း အခြေအနေ အရိပ်အကဲကို နားလည်တတ်သေးသည်။ ဒီလိုလူမျိုးကိုရထားမှတော့ တစ်နေ့နေ့တစ်ချိန်ချိန်တွင် အရေးကြီးတာဝန်များကို သေချာပေါက် နှင်းအပ်ထမ်းဆောင်ခိုင်းရပေမည်။
အစတုန်းကတော့ သွမ့်ပိုင်ယွဲ့မှာ ဤမြူခိုးထုကို ဖြတ်သန်းကျော်လွှားဖို့ နှစ်ရက်သုံးရက်တော့ အချိန်ယူရမည်ဟု မှန်းဆထားသည်။ တကယ်တမ်းကျတော့ ဆယ်ရက်တင်းတင်းပြည့်ပြီးခါမှ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာခဲ့၏။ ထိုဆယ်ရက်အတောအတွင်းတွင်လည်း မျက်လုံးကို စည်းထားသော အဝတ်ကိုခွာလိုက်တိုင်း ဘေးနားကလူများက စူးစိုက်ကြည့်ရှုပြီး ဝိုင်းအုံလာကြကာ ၊ သင်္ဘောဝမ်းထဲရှိအခန်းမှသည် အပြင်ဘက်သို့ ထွက်ခွင့်လည်းမရှိ။ ထမင်းစားချိန်တွင်လည်း လူအားလုံးကို သင်္ဘောဝမ်းအခန်းထဲတွင်သာ လာရောက်စုစည်းစားသောက်စေကာ ပိန်းပိတ်အောင်မှောင်နေသောအခန်းထဲတွင် စိမ်းရွှင်ရွှင်အလင်းရောင်ဖြာနေသော ညဥ့်ပုလဲလုံးကို အားကိုးအားထားပြုကြရ၏ ။ စိမ်းရွှင်ရွှင်အလင်းအောက်တွင် ထင်ဟပ်နေသော ဖြူဆုတ်ဆုတ်မျက်နှာများမှာ အသူရကာယ်ချောက်နက်များမှလာသော သရဲမိစ္ဆာများနှင့်ပင် တူနေပေသည်။
သွမ့်ပိုင်ယွဲ့ကတော့ ခေါင်းခါလိုက်ရင်း ၊ သာမန်လူများသာ ဤသို့သောပတ်ဝန်းကျင်မျိုးထဲ အကြာကြီးနေရလျှင် စိတ်ဖောက်ပြန်သွားလောက်ပေမည်ဟု တွေးနေမိသည်။
ထို့အပြင် စစ်ပွဲအတွင်း ကြောက်စရာအကောင်းဆုံးလူစားကိုပြပါဆိုလျှင် စိတ်ဖောက်ပြန်နေသော အရူးအနှမ်းများပင်ဖြစ်သည်။ ထို့ကြောင့်လည်း စစ်တပ်ထဲတွင် ထိုသို့သော ထိုင်းမှိုင်းမှု၊ စိတ်ညစ်ညူးမှုများကိုဖြေဖျောက်ဖို့ အစွမ်းကုန် ကြိုးစားကြရသည်။
*****
"နည်းပြဝမ်"
သင်္ဘောကြီးက ဆိပ်ကမ်းပေါ် အောင်မြင်စွာဆိုက်ကပ်သွားတော့ လူသူကင်းမဲ့ကာ ခြောက်ကပ်နေသော ပတ်ဝန်းကျင်ထုကိုသာ တွေ့လိုက်ရ၏။ စည်ကားလှသော ရှင်းကျိုးကျွန်းနှင့် နှိုင်းယှဥ်လိုက်လျှင် အဆများစွာ စိတ်နှလုံးကို သုန်မှုန်ထိုင်းမှိုင်းလှစေသည်။ တကယ်ကိုပင် လူသူများနေထိုင်ခြင်းမရှိလောက်ဟု ထင်စရာပါပေ။
"ဒီကျွန်းက စစ်ရေးလေ့ကျင့်ဖို့ ထားထားတဲ့ ကျွန်းပါ ။ ဘေးတစ်ဝိုက်ကိုလည်း ယန္တရားတွေရော မြူခိုးထုတွေနဲ့ရော အရံအတားလုပ်ထားတာမို့ အပြင်လူတွေ လုံးဝ ဝင်လာနိုင်တာမဟုတ်ဘူး"
"သခင်ကြီးလည်း ဒီမှာပဲ နေတာလား"
ချူရှိန့်က ခေါင်းခါပြ၏။
"ဒါပေမယ့် နောက်ပိုင်းကျရင် ဒီနေရာက နည်းပြဝမ် အပိုင်စားအုပ်စိုးရမယ့်နေရာ ဖြစ်လာတော့မှာပါ။ ခုတော့ ကျွန်တော်က နည်းပြဝမ်နေထိုင်ဖို့ အဆင်ပြေမလားလို့ လာကြည့်ပေးရုံတင်။ လိုအပ်တာရှိရင်လည်း ပြောပေါ့"
"ကောင်းပါပြီ"
"သင်္ဘောကြီးပေါ်မှာပဲ ဆယ်ရက်လောက်နေခဲ့ရတော့ အားလုံးလည်း ပင်ပန်းကုန်ကြပြီ။ အနားယူလိုက်ကြပါဦး၊ ဒီညကို ကြိုဆိုဧည့်ခံပွဲ ကျင်းပကြပါစို့"
သွမ့်ပိုင်ယွဲ့က အစေခံတစ်ယောက်နောက် လိုက်သွားပြီး အနားယူရမည့်အိမ်သို့ လိုက်ပါသွား၏။ လမ်းတစ်လျှောက်တွင် ပေါင်းပင်မြက်ပင်များ၊ ကျောက်ဆောင်ကြီးများသာရှိနေသည်။ လမ်းနှစ်ချိုးသုံးချိုးမျှ ကွေ့ဝိုက်သွားပြီးချိန်မှာတော့ စီစီရီရီ တည်ဆောက်ထားသော အိမ်ငယ်များကို တစ်သီတစ်တန်းကြီးတွေ့လိုက်ရသည်။ ရှင်းကျိုးကျွန်းပေါ်က အိမ်ငယ်များနှင့် ပုံစံတူကြပေမင့် အရေအတွက်အားဖြင့် ပို၍များပြားသည်။
ပင်လယ်ပြင်ဘက်တွင်လည်း မြင်ကွင်းတစ်ဆုံးကျယ်ပြောလှသော မြူခိုးထုအဖြူကြီးက ပိတ်ဆီးခြံရံထားသဖြင့် ဤကဲ့သို့သောကျွန်းမျိုး မည်မျှပင်ရှိနေမည်မှန်း မည်သူမျှ မသိနိုင်လော် ။ ချူရှိန့်မှာ သံသယကြီးကာ စိုးရိမ်မှုလွန်ကဲသောစရိုက်ရှိသဖြင့် ဤခဏတာလေးအတွင်းမှာတော့ သူ့ဆီကနေ ဘာသတင်းမှ နှိုက်ထုတ်မေးမြန်းလို့ရမည်တော့ မဟုတ်ပေ။
နည်းပြတစ်ယောက်အနေနှင့် ကျွန်းပေါ်တက်လာမှတော့ အေးအေးဆေးဆေး အသာလေးထိုင်စားနေရုံနှင့် မရလောက်တော့။ ချစ်ရသောသူအား ဆန့်ကျင်ပုန်ကန်မည့် တပ်သားများကို စစ်ရေး လေ့ကျင့်ရပေဦးမည်တဲ့။
ငတုံးငအများသည်ပင် ဤအခြင်းအရာမျိုးကို မလုပ်ကောင်းသောအရာဟုပင် သိနေသည်လေ။
သွမ့်ပိုင်ယွဲ့က ကုတင်ခေါင်းရင်းကိုမှီကာ လက်ကိုခေါင်းအုံးပေါ်တင်လိုက်ရင်း ခေါင်းထဲတွင် အစီအစဥ်များ စတင်ရေးဆွဲနေပြီဖြစ်သည်။
*****
ကျွန်းပေါ်တွင် အနည်းဆုံး စစ်သည်အင်အား ထောင်ဂဏန်းခန့်တော့ ရှိလောက်မည်။ ထို့အပြင် သေချာရွေးခြယ်စိစစ်ခံထားရသောသူများဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။ အယောက်တိုင်းမှာ သိုင်းပညာ အတော်အသင့်တတ်မြောက်ပြီးဖြစ်ကာ ၊ ချူရှိန့်၏စကားအရဆိုလျှင် တပ်ဖွဲ့တစ်ဖွဲ့ကို နှစ်တစ်ဝက်မျှ လေ့ကျင့်သင်ကြားပေးပြီးခါမှ ကျွန်းပေါ်ကနေ ထွက်ခွာခွင့်ပေး၏။ ထို့နောက် နောက်တပ်သားအသစ်တစ်ဖွဲ့ အစားထိုးရောက်ရှိလာလိမ့်မည်။
"မနက်တုန်းက ကျွန်တော်နိုးလာတော့ ဆိပ်ကမ်းမှာ လူတွေ အများကြီးရှိနေတာပါ့ရော၊ သခင်ကြီး ပြန်သွားတော့မှာမို့လို့လားခင်ဗျာ"
သွမ့်ပိုင်ယွဲ့ဘက်က စတင်မေးမြန်းလာခြင်းဖြစ်သည်။
"မဟုတ်ပါဘူး၊ ဒီနေ့ ဧည့်သည်ရောက်လာမှာမို့ပါ"
"သြ.....ကြည့်ရတာ အတော်လေး မျိုးရိုးမြင့်မြတ်မယ့် လူပဲထင်တယ်"
"နည်းပြဝမ်.....ဖေမျဲန့်ပြည်ဆိုတာကို ကြားဖူးသလား"
သွမ့်ပိုင်ယွဲ့က တည်ငြိမ်စွာသာ ပြန်ဖြေ၏။
"သေချာပေါက် ကြားဖူးတာပေါ့ဗျာ။ ဒါပေမယ့် တကယ်ရှိနေမယ်လို့တော့ ထင်မထားဖူးဘူး။ အခုလာမယ့်ဧည့်သည်တွေက ဖေမျဲန့်ပြည်ကဖြစ်နေလို့လား၊ သခင်ကြီး"
ချူရှိန့်က ခေါင်းညိတ်ပြ၏။
"ဖေမျဲန့်ပြည်က လာတဲ့လူဖြစ်ရုံတင် မကဘူး၊ ဖေမျဲန့်ပြည်ရဲ့ သြဇာအာဏာအကြီးဆုံး ပုဂ္ဂိုလ်ကြီးကိုယ်တိုင် ရောက်လာမှာ"
"သခင်ကြီးက မျိုးရိုးဌာနမြင့်မြတ်တဲ့သူဆိုတော့ ပေါင်းသင်းဆက်ဆံကြတဲ့ ဆွေသဟာတွေကလည်း အဆင့်အတန်းမြင့်တဲ့လူ၊ ရာထူးကြီးတဲ့လူ ဖြစ်နေမှာမဆန်းတော့ပါဘူး"
"ဟားဟား၊ ဒီကျွန်းပေါ်မှာ လဝက်လောက် နေလာတာတောင် ၊ နည်းပြဝမ်လည်း သူများတွေလို သခင့်အလိုတော်ကျ ချီးကျူးမြှောက်ပင့်ပြီးပြောတတ်ပါလားဆိုတာ ကျွန်တော် ခုမှ သိရတော့တယ်ဗျာ"
ချူရှိန့်က သဘောကျစွာ ရယ်မောနေ၏။
"ကျွန်တော်က အရှိကိုအရှိအတိုင်း ပြောပြရုံတင်ပါ"
"အင်း၊ ဒီနေ့လာမယ့်လူက ဖေမျဲန့်ပြည်ခေါင်းဆောင်ကိုယ်တိုင်ပဲ။ သူ့နာမည်က 'ဟေးယား' တဲ့။ စိတ်သဘောထားကတော့ ကောင်းချင်တဲ့နေ့ကောင်းတယ်၊ ဆိုးချင်တဲ့နေ့ ဆိုးတယ်။ ဒါပေမယ့် နည်းပြဝမ်လိုပဲ အစွမ်းအစရှိတဲ့လူတစ်ယောက်ပါလေ"
နှစ်ယောက်သား စကားပြောနေကြစဥ်မှာပင် ခပ်လှမ်းလှမ်းမှ လူတစ်စုက သူတို့ဆီ လျှောက်လှမ်းလာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ တစ်ကိုယ်လုံး အနက်ရောင်ဆင်မြန်းထားပြီး အခြားနန်ယန်သားများထက်စာလျှင် အရပ်အမောင်း ပိုမိုထွားကြိုင်းသန်မာ၏။ ရာသီဥတုက အေးစိမ့်မနေပေမင့် ဝတ်ရုံနက်ကြီးများကို ခေါင်းမှစွပ်ကာ ခြုံလွှမ်းထားကြသည်။ ပင်လယ်လေပြည် တိုက်ခတ်လာချိန်မှာတော့ ဝတ်ရုံတလူလူနှင့်၊ အမည်နာမနှင့် တကယ်ပင် လိုက်ဖက်ညီစွာ ကျီးနက်တစ်ကောင်နှင့် တူနေပေ၏။
( T/n : Hei Ya = ကျီးနက်)
ချူရှိန့်က ထိုသူအား ပြုံးရွှင်စွာ နှုတ်ဆက်လိုက်ပြီး နှစ်ယောက်သား ရင်းနှီးစွာ စကားပြောနေကြသည်။ ခဏကြာတော့မှ ချူရှိန့်က သွမ့်ပိုင်ယွဲ့ရှိရာဘက်လှည့်ကာ တစ်ခုခုပြောပြနေ၏။ သွမ့်ပိုင်ယွဲ့အား ဖေမျဲန့်ပြည်ခေါင်းဆောင်နှင့် မိတ်ဆက်ပေးနေဟန်ရသည်။
"ဝမ်ဖူ့ကွေ့.....ဟုတ်ပြီ၊ ငါ မင်းနာမည်ကို မှတ်ထားပါ့မယ်"
ဟေးယားက ဟန်ဘာသာစကားကို ကျွမ်းကျင်စွာမပြောတတ်ပေမင့်တစ်ဖက်သားအတွက်တော့ အတော်လေး နားလည်ရလွယ်ပါသေးသည်။
"မျိုးနွယ်စုခေါင်းဆောင်ကို ကျွန်တော်မျိုး ဂါရဝပြုပါတယ်"
သွမ့်ပိုင်ယွဲ့က ဖေမျဲန့်ပြည်ခေါင်းဆောင်ဆိုသူကို အရိုအသေပြုလိုက်သည်။
ချူရှိန့်က မေးလာသည်။
"မျိုးနွယ်စုခေါင်းဆောင်က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲဗျ ။ ချိန်းဆိုထားတဲ့ နေ့ရက်တွေအရ ခုချိန်မှာ လီလီကျွန်းမှာပဲ ရှိနေသင့်တာမဟုတ်လား"
ဟေးယားက ဆို၏။
"ဒီရက်ပိုင်း တိမ်သလ္လာကန္တာတောင်ထွဋ်မှာ လှိုင်းမုန်တိုင်းအပြင်းစား ရိုက်ခတ်သွားတဲ့အပြင် ငလျင်ပါလှုပ်သွားတယ် ကြားလို့လေ။ ကျွန်ုပ်လည်း လှိုင်းလုံးတွေနဲ့အတူ ထျဲန်းချန်ရှားပါ ပါသွားမှာစိုးရိမ်လို့ သွားကြည့်လာခဲ့တာ"
သွမ့်ပိုင်ယွဲ့နှလုံးသားမှာ ဒုတ်ခနဲ မြည်ဟီးသွားလေသည်။
*******
2020.10.01.
Thz for loving DuanChu (or ) BaiYuan.
T/n : ထျဲန်းချန်ရှားတောင် ကိုယ်ထင်ပြလာပါပြီ။
*******
အခန္း - ၈၄ (က်ီးနက္)
[တိမ္သလႅာကႏၲာေတာင္ထြဋ္ေပၚက ထ်ဲန္းခ်န္ရွား]
"တာ့ခ်ူက ကုန္သည္ေတြလားခင္ဗ်?"
ဝန္ထမ္းေကာင္ေလးမွာ က်င္းဆူးကိုျမင္ေတာ့ ပမာမခန္႔မျပဳရဲ။ ထို႔ေၾကာင့္ သူမေတာင္းဆိုသည့္အတိုင္း၊ လြန္ခဲ့ေသာလမ်ားက မွတ္တမ္းစာအုပ္မ်ားကိုထုတ္ယူလာကာ တစ္အုပ္ခ်င္း လိုက္ရွာေပး၏။ ေနာက္ဆံုးေတာ့ ရင္းႏွီးေသာ အမည္နာမတစ္ခုကို ေတြ့လိုက္ရသည္။
စစ္ကုန္းလြီ႔......
"ဟုတ္ပါတယ္ခင္ဗ်ာ၊ ဒီဧည့္သည္သံုးေယာက္ပါပဲ။ အဲ့ထဲကတစ္ေယာက္က ေငြေရာင္မ်က္ႏွာဖံုးတပ္ထားတာေလ၊ ေမ့ခ်င္ရင္ေတာင္ ေမ့ဖို႔ခက္တယ္ဗ်"
ကံေကာင္းေထာက္မ၍ ဤခရီးစဥ္တစ္ေလ်ွာက္လံုး စစ္ကုန္းလြီ႔က အမည္ရင္းကိုသာ သံုးႏႈန္းခဲ့သည္၊ အျခားသူမ်ားက သူ႔အား သံသယမဝင္ေစရန္ျဖစ္၏။ အျခားသူမ်ားကေတာ့ ဝမ့္ရွီးက်ိဳးႏွင့္ ရွီးနန္စံအိမ္တို႔ အဆက္အသြယ္ရိွေသးၾကသည္ကို မသိေလေတာ့ ေဆြသဟာတစ္ေယာက္ကိုေခၚကာ အလုပ္ကိစၥလာေမးသည္ဟု တကယ္ထင္ရေစ၏။ တစ္စံုတစ္ေယာက္ စံုစမ္းလာလ်ွင္ေတာင္ သံသယဝင္စရာမျဖစ္ေစရ။
ခ်ူယြမ္လည္း ဤအမည္မွတစ္ဆင့္ သဲလြန္စရသည္ႏွင့္ ၊ က်င္းဆူး၏ အကူအညီကိုယူကာ စစ္ကုန္းလြီ႔တို႔ မည္သည့္သေဘၤာျဖင့္ ပိုင္ရွန္႔ျပည္မွ ထြက္ခြာသြားေၾကာင္း စံုစမ္းၾကရာ၊ ေနာက္ႏွစ္ရက္အတြင္းပင္ အေျဖသိလိုက္ရေလသည္။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
ခ်ူယြမ္က က်င္းဆူးအား ေက်းဇူးတင္စကားဆိုလာ၏။
"သခင္ေလးက အားနာတတ္ရန္ေကာ။ ကြၽန္မရဲ့ေနာင္ေတာ္အတြက္ပါ ေက်းဇူးျပန္ဆပ္တယ္လို႔ သေဘာထားလိုက္ပါ၊ ကြၽန္မရဲ့ ဖူးစာကံၾကမၼာအတြက္ေရာပဲေပါ့"
ထိုစဥ္တုန္းက ေရႊၿမိဳ႔ေတာ္ထိသာ လိုက္မသြားခဲ့လ်ွင္ ခင္ပြန္းေလာင္းျဖစ္သူႏွင့္ သူမ ေတြ့ဆံုခဲ့မည္မဟုတ္။
ခ်ူယြမ္က ၿပံဳးလိုက္ကာ သေဘၤာေပၚသို႔ တက္သြားခဲ့သည္။
*****
"အေလာတႀကီး အေျပးအလႊားနဲ႔ ၊ရက္အမ်ားႀကီးလည္း ခရီးပန္းလာခဲ့ၿပီ၊ ဒီႏွစ္ရက္ေလးလည္း ေသခ်ာမနားရေသးျပန္ဘူး။ မေန့ကမွ အေအးမိတာ သက္သာလာတာကို ၊ သခင္ေလးရယ္....."
ရွစ္ဇီကုန္းကုန္းက ခ်ူယြမ္ကိုၾကည့္ၿပီး အသနားႀကီးသနားေနကာ ရင္နာနာႏွင့္ တီးတိုးေျပာဆိုလာသည္။
"ဆရာႀကီးနန္တို႔ကလည္း အစကတည္းက ရွီးနန္ဝမ္ကို ေဖ်ာင္းဖ်ထားတာမဟုတ္ဘူး။ ဘာကိစၥပဲရိွရိွ ဘာလို႔ အခ်င္းခ်င္း နားလည္ေအာင္ အရင္မေျဖရွင္းၾကတာလဲ။ ခုမ်ားေတာ့ တစ္ေယာက္က မိုးေျမအဆံုး ထြက္ေျပးေနၿပီး တစ္ေယာက္ကလည္း သမုဒၵရာအဆံုးထိကို လိုက္ရွာေနၿပီ"
နန္ေမာ္ယဲ့လည္း သေဘၤာအေပၚဆံုးထပ္တြင္ ထိုင္ရင္း သက္ျပင္းခ်ရံုသာ။
အခ်စ္နတ္ဘုရားႀကီးဆိုေသာ သစ္သားျပားကို တစ္ခုတည္း ထြင္းထုခိုင္းရံုႏွင့္ မရေလာက္ေတာ့။
ဟုတ္သည္၊ ႏွစ္ျပား ထြင္းခိုင္းရမည္။
တစ္ျပားကို ရွီးနန္စံအိမ္ေတာ္တြင္ ခ်ိတ္ခိုင္းရမည္ျဖစ္ကာ က်န္တစ္ခုကို ေရႊၿမိဳ႔ေတာ္ဆီ ပို႔ခိုင္းရမည္။
ထို႔အျပင္ ျပန္ဆံုၾကသည့္အခ်ိန္က် အဝတ္ေလ်ွာ္သစ္သားျပားတစ္ခုႏွင့္တင္ ေလာက္ငွမည့္ပံုမေပၚ။
*******
သေဘၤာႀကီးမွာ သမုဒၵရာေရျပင္ထက္ ရြက္လႊင့္ကာခရီးဆက္ေန၏။
သြမ့္ပိုင္ယြဲ႔မွန္းဆထားသည့္အတိုင္းပင္ ၊ ဤသေဘၤာႀကီးမွာ ေဖမ်ဲန္႔ျပည္ဟု ဆိုစမွတ္ျပဳၾကေသာေနရာသို႔ ၪီးတည္ၿပီး သြားေနသည္။ ၄၏ နယ္နိမိတ္ထဲ ေရာက္သြားေသာအခ်ိန္မွာေတာ့ ထူထဲလွေသာ ျမဴခိုးထုႀကီးအံု႔ဆိုင္းေနကာ သေဘၤာေပၚရိွ လူအေယာက္တိုင္းက ပိတ္စအနက္မ်ားကိုယူၿပီး မိမိတို႔မ်က္လံုးမ်ားကို ကိုယ္စီကိုယ္ငွ စည္းေနွာင္ပိတ္လႊမ္းထားလိုက္ၾကသည္။
"ဘာလို႔ အဲ့လိုလုပ္ၾကတာလဲ"
သြမ့္ပိုင္ယြဲ႔က ခ်ူရိွန္႔အား ေမးၾကည့္၏။
"ကြၽန္ေတာ္ အစိုးရိမ္လြန္လို႔ေတာ့ မဟုတ္ဘူး၊ ဒါေပမယ့္ နည္းျပဝမ္က ခုမွေရာက္လာတာဆိုေတာ့ ေဒသခံေတြ လိုက္နာၾကတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း လိုက္လုပ္တာက ပိုသင့္ေတာ္ပါမယ္။ ေနာက္ပိုင္း အေနၾကာသြားလို႔ရိွရင္ေတာ့ ၊ ျမဴခိုးယႏၲရားထဲကိုျဖတ္သန္းသြားရင္လည္း မ်က္လံုးကို အဝတ္နဲ႔အုပ္စရာေတာင္ လိုေတာ့မွာမဟုတ္ဘူး"
"ကြၽန္ေတာ္ အထင္လြဲသြားပံုရတယ္။ သခင္ေလးက သာမန္ကုန္သည္ေတာ့ မျဖစ္ႏိုင္ေလာက္ဘူးပဲ"
ခ်ူရိွန္႔က ေခါင္းခါလိုက္ကာ -
"သာမန္ကုန္သည္ျဖစ္ေနမယ္ဆို နည္းျပဝမ္ ကြၽန္ေတာ့္ေနာက္ကိုလိုက္လာတာ အသင့္စြမ္းရည္အတြက္ အေတာ္ႏွေျမာစရာေကာင္းမွာေပါ့။ သိုင္းပညာ ဒီေလာက္အဆင့္ျမင့္ေနတာဆိုေတာ့ တစ္သက္မွာတစ္ခါေလာက္ စီမံကိန္းအႀကီးစားေတြထဲ အစမ္းပါဝင္ၾကည့္ေစခ်င္တယ္။ ဒါမွ အရင္က ဆံုးရႈံးသြားတဲ့အရာေတြကို ျပန္သိမ္းပိုက္ႏိုင္မွာေပါ့"
သြမ့္ပိုင္ယြဲ႔က မိမိမ်က္လံုးကို အဝတ္ျဖင့္ စည္းေနွာင္လိုက္ကာ ဘာမျွပန္မေမးျဖစ္ေတာ့။
ခ်ူရိွန္႔ကေတာ့ သူ႔ကို အေတာ္ေလး သေဘာက်ေနေခ်ၿပီ ။
သိုင္းပညာအဆင့္ ျမင့္မားထူးခြၽန္သည့္အျပင္ အက်င့္စရိုက္အားျဖင့္လည္း တည္ၿငိမ္ေအးေဆးကာ စကားမ်ားျခင္း၊ ႏႈတ္ဖြာျခင္းလည္းမရိွ။ ဘာကိုေမးသင့္မွန္း မေမးသင့္မွန္း အေျခအေန အရိပ္အကဲကို နားလည္တတ္ေသးသည္။ ဒီလိုလူမ်ိဳးကိုရထားမွေတာ့ တစ္ေန့ေန့တစ္ခ်ိန္ခ်ိန္တြင္ အေရးႀကီးတာဝန္မ်ားကို ေသခ်ာေပါက္ ႏွင္းအပ္ထမ္းေဆာင္ခိုင္းရေပမည္။
အစတုန္းကေတာ့ သြမ့္ပိုင္ယြဲ႔မွာ ဤျမဴခိုးထုကို ျဖတ္သန္းေက်ာ္လႊားဖို႔ ႏွစ္ရက္သံုးရက္ေတာ့ အခ်ိန္ယူရမည္ဟု မွန္းဆထားသည္။ တကယ္တမ္းက်ေတာ့ ဆယ္ရက္တင္းတင္းျပည့္ၿပီးခါမွ ဆိပ္ကမ္းသို႔ ဆိုက္ကပ္ေရာက္ရိွလာခဲ့၏။ ထိုဆယ္ရက္အေတာအတြင္းတြင္လည္း မ်က္လံုးကို စည္းထားေသာ အဝတ္ကိုခြာလိုက္တိုင္း ေဘးနားကလူမ်ားက စူးစိုက္ၾကည့္ရႈၿပီး ဝိုင္းအံုလာၾကကာ ၊ သေဘၤာဝမ္းထဲရိွအခန္းမွသည္ အျပင္ဘက္သို႔ ထြက္ခြင့္လည္းမရိွ။ ထမင္းစားခ်ိန္တြင္လည္း လူအားလံုးကို သေဘၤာဝမ္းအခန္းထဲတြင္သာ လာေရာက္စုစည္းစားေသာက္ေစကာ ပိန္းပိတ္ေအာင္ေမွာင္ေနေသာအခန္းထဲတြင္ စိမ္းရႊင္ရႊင္အလင္းေရာင္ျဖာေနေသာ ညဥ့္ပုလဲလံုးကို အားကိုးအားထားျပဳၾကရ၏ ။ စိမ္းရႊင္ရႊင္အလင္းေအာက္တြင္ ထင္ဟပ္ေနေသာ ျဖဴဆုတ္ဆုတ္မ်က္ႏွာမ်ားမွာ အသူရကာယ္ေခ်ာက္နက္မ်ားမွလာေသာ သရဲမိစၧာမ်ားႏွင့္ပင္ တူေနေပသည္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ေခါင္းခါလိုက္ရင္း ၊ သာမန္လူမ်ားသာ ဤသို႔ေသာပတ္ဝန္းက်င္မ်ိဳးထဲ အၾကာႀကီးေနရလ်ွင္ စိတ္ေဖာက္ျပန္သြားေလာက္ေပမည္ဟု ေတြးေနမိသည္။
ထို႔အျပင္ စစ္ပြဲအတြင္း ေၾကာက္စရာအေကာင္းဆံုးလူစားကိုျပပါဆိုလ်ွင္ စိတ္ေဖာက္ျပန္ေနေသာ အရူးအႏွမ္းမ်ားပင္ျဖစ္သည္။ ထို႔ေၾကာင့္လည္း စစ္တပ္ထဲတြင္ ထိုသို႔ေသာ ထိုင္းမိႈင္းမႈ၊ စိတ္ညစ္ၫူးမႈမ်ားကိုေျဖေဖ်ာက္ဖို႔ အစြမ္းကုန္ ႀကိဳးစားၾကရသည္။
*****
"နည္းျပဝမ္"
သေဘၤာႀကီးက ဆိပ္ကမ္းေပၚ ေအာင္ျမင္စြာဆိုက္ကပ္သြားေတာ့ လူသူကင္းမဲ့ကာ ေျခာက္ကပ္ေနေသာ ပတ္ဝန္းက်င္ထုကိုသာ ေတြ့လိုက္ရ၏။ စည္ကားလွေသာ ရွင္းက်ိဳးကြၽန္းႏွင့္ ႏိႈင္းယွဥ္လိုက္လ်ွင္ အဆမ်ားစြာ စိတ္ႏွလံုးကို သုန္မႈန္ထိုင္းမိႈင္းလွေစသည္။ တကယ္ကိုပင္ လူသူမ်ားေနထိုင္ျခင္းမရိွေလာက္ဟု ထင္စရာပါေပ။
"ဒီကြၽန္းက စစ္ေရးေလ့က်င့္ဖို႔ ထားထားတဲ့ ကြၽန္းပါ ။ ေဘးတစ္ဝိုက္ကိုလည္း ယႏၲရားေတြေရာ ျမဴခိုးထုေတြနဲ႔ေရာ အရံအတားလုပ္ထားတာမို႔ အျပင္လူေတြ လံုးဝ ဝင္လာႏိုင္တာမဟုတ္ဘူး"
"သခင္ႀကီးလည္း ဒီမွာပဲ ေနတာလား"
ခ်ူရိွန္႔က ေခါင္းခါျပ၏။
"ဒါေပမယ့္ ေနာက္ပိုင္းက်ရင္ ဒီေနရာက နည္းျပဝမ္ အပိုင္စားအုပ္စိုးရမယ့္ေနရာ ျဖစ္လာေတာ့မွာပါ။ ခုေတာ့ ကြၽန္ေတာ္က နည္းျပဝမ္ေနထိုင္ဖို႔ အဆင္ေျပမလားလို႔ လာၾကည့္ေပးရံုတင္။ လိုအပ္တာရိွရင္လည္း ေျပာေပါ့"
"ေကာင္းပါၿပီ"
"သေဘၤာႀကီးေပၚမွာပဲ ဆယ္ရက္ေလာက္ေနခဲ့ရေတာ့ အားလံုးလည္း ပင္ပန္းကုန္ၾကၿပီ။ အနားယူလိုက္ၾကပါၪီး၊ ဒီညကို ႀကိဳဆိုဧည့္ခံပြဲ က်င္းပၾကပါစို႔"
သြမ့္ပိုင္ယြဲ႔က အေစခံတစ္ေယာက္ေနာက္ လိုက္သြားၿပီး အနားယူရမည့္အိမ္သို႔ လိုက္ပါသြား၏။ လမ္းတစ္ေလ်ွာက္တြင္ ေပါင္းပင္ျမက္ပင္မ်ား၊ ေက်ာက္ေဆာင္ႀကီးမ်ားသာရိွေနသည္။ လမ္းႏွစ္ခ်ိဳးသံုးခ်ိဳးမ်ွ ေကြ့ဝိုက္သြားၿပီးခ်ိန္မွာေတာ့ စီစီရီရီ တည္ေဆာက္ထားေသာ အိမ္ငယ္မ်ားကို တစ္သီတစ္တန္းႀကီးေတြ့လိုက္ရသည္။ ရွင္းက်ိဳးကြၽန္းေပၚက အိမ္ငယ္မ်ားႏွင့္ ပံုစံတူၾကေပမင့္ အေရအတြက္အားျဖင့္ ပို၍မ်ားျပားသည္။
ပင္လယ္ျပင္ဘက္တြင္လည္း ျမင္ကြင္းတစ္ဆံုးက်ယ္ေျပာလွေသာ ျမဴခိုးထုအျဖဴၾကီးက ပိတ္ဆီးၿခံရံထားသျဖင့္ ဤကဲ့သို႔ေသာကြၽန္းမ်ိဳး မည္မ်ွပင္ရိွေနမည္မွန္း မည္သူမ်ွ မသိႏိုင္ေလာ္ ။ ခ်ူရိွန္႔မွာ သံသယႀကီးကာ စိုးရိမ္မႈလြန္ကဲေသာစရိုက္ရိွသျဖင့္ ဤခဏတာေလးအတြင္းမွာေတာ့ သူ႔ဆီကေန ဘာသတင္းမွ ႏိႈက္ထုတ္ေမးျမန္းလို႔ရမည္ေတာ့ မဟုတ္ေပ။
နည္းျပတစ္ေယာက္အေနႏွင့္ ကြၽန္းေပၚတက္လာမွေတာ့ ေအးေအးေဆးေဆး အသာေလးထိုင္စားေနရံုႏွင့္ မရေလာက္ေတာ့။ ခ်စ္ရေသာသူအား ဆန္႔က်င္ပုန္ကန္မည့္ တပ္သားမ်ားကို စစ္ေရး ေလ့က်င့္ရေပၪီးမည္တဲ့။
ငတံုးငအမ်ားသည္ပင္ ဤအျခင္းအရာမ်ိဳးကို မလုပ္ေကာင္းေသာအရာဟုပင္ သိေနသည္ေလ။
သြမ့္ပိုင္ယြဲ႔က ကုတင္ေခါင္းရင္းကိုမွီကာ လက္ကိုေခါင္းအံုးေပၚတင္လိုက္ရင္း ေခါင္းထဲတြင္ အစီအစဥ္မ်ား စတင္ေရးဆြဲေနၿပီျဖစ္သည္။
*****
ကြၽန္းေပၚတြင္ အနည္းဆံုး စစ္သည္အင္အား ေထာင္ဂဏန္းခန္႔ေတာ့ ရိွေလာက္မည္။ ထို႔အျပင္ ေသခ်ာေရြးျခယ္စိစစ္ခံထားရေသာသူမ်ားျဖစ္ေၾကာင္း သိသာထင္ရွားေနေပသည္။ အေယာက္တိုင္းမွာ သိုင္းပညာ အေတာ္အသင့္တတ္ေျမာက္ၿပီးျဖစ္ကာ ၊ ခ်ူရိွန္႔၏စကားအရဆိုလ်ွင္ တပ္ဖြဲ႔တစ္ဖြဲ႔ကို ႏွစ္တစ္ဝက္မ်ွ ေလ့က်င့္သင္ၾကားေပးၿပီးခါမွ ကြၽန္းေပၚကေန ထြက္ခြာခြင့္ေပး၏။ ထို႔ေနာက္ ေနာက္တပ္သားအသစ္တစ္ဖြဲ႔ အစားထိုးေရာက္ရိွလာလိမ့္မည္။
"မနက္တုန္းက ကြၽန္ေတာ္ႏိုးလာေတာ့ ဆိပ္ကမ္းမွာ လူေတြ အမ်ားႀကီးရိွေနတာပါ့ေရာ၊ သခင္ႀကီး ျပန္သြားေတာ့မွာမို႔လို႔လားခင္ဗ်ာ"
သြမ့္ပိုင္ယြဲ႔ဘက္က စတင္ေမးျမန္းလာျခင္းျဖစ္သည္။
"မဟုတ္ပါဘူး၊ ဒီေန့ ဧည့္သည္ေရာက္လာမွာမို႔ပါ"
"ၾသ.....ၾကည့္ရတာ အေတာ္ေလး မ်ိဳးရိုးျမင့္ျမတ္မယ့္ လူပဲထင္တယ္"
"နည္းျပဝမ္.....ေဖမ်ဲန္႔ျပည္ဆိုတာကို ၾကားဖူးသလား"
သြမ့္ပိုင္ယြဲ႔က တည္ၿငိမ္စြာသာ ျပန္ေျဖ၏။
"ေသခ်ာေပါက္ ၾကားဖူးတာေပါ့ဗ်ာ။ ဒါေပမယ့္ တကယ္ရိွေနမယ္လို႔ေတာ့ ထင္မထားဖူးဘူး။ အခုလာမယ့္ဧည့္သည္ေတြက ေဖမ်ဲန္႔ျပည္ကျဖစ္ေနလို႔လား၊ သခင္ႀကီး"
ခ်ူရိွန္႔က ေခါင္းညိတ္ျပ၏။
"ေဖမ်ဲန္႔ျပည္က လာတဲ့လူျဖစ္ရံုတင္ မကဘူး၊ ေဖမ်ဲန္႔ျပည္ရဲ့ ၾသဇာအာဏာအႀကီးဆံုး ပုဂၢိုလ္ႀကီးကိုယ္တိုင္ ေရာက္လာမွာ"
"သခင္ႀကီးက မ်ိဳးရိုးဌာနျမင့္ျမတ္တဲ့သူဆိုေတာ့ ေပါင္းသင္းဆက္ဆံၾကတဲ့ ေဆြသဟာေတြကလည္း အဆင့္အတန္းျမင့္တဲ့လူ၊ ရာထူးႀကီးတဲ့လူ ျဖစ္ေနမွာမဆန္းေတာ့ပါဘူး"
"ဟားဟား၊ ဒီကြၽန္းေပၚမွာ လဝက္ေလာက္ ေနလာတာေတာင္ ၊ နည္းျပဝမ္လည္း သူမ်ားေတြလို သခင့္အလိုေတာ္က် ခ်ီးက်ူးေျမႇာက္ပင့္ၿပီးေျပာတတ္ပါလားဆိုတာ ကြၽန္ေတာ္ ခုမွ သိရေတာ့တယ္ဗ်ာ"
ခ်ူရိွန္႔က သေဘာက်စြာ ရယ္ေမာေန၏။
"ကြၽန္ေတာ္က အရိွကိုအရိွအတိုင္း ေျပာျပရံုတင္ပါ"
"အင္း၊ ဒီေန့လာမယ့္လူက ေဖမ်ဲန္႔ျပည္ေခါင္းေဆာင္ကိုယ္တိုင္ပဲ။ သူ႔နာမည္က 'ေဟးယား' တဲ့။ စိတ္သေဘာထားကေတာ့ ေကာင္းခ်င္တဲ့ေန့ေကာင္းတယ္၊ ဆိုးခ်င္တဲ့ေန့ ဆိုးတယ္။ ဒါေပမယ့္ နည္းျပဝမ္လိုပဲ အစြမ္းအစရိွတဲ့လူတစ္ေယာက္ပါေလ"
ႏွစ္ေယာက္သား စကားေျပာေနၾကစဥ္မွာပင္ ခပ္လွမ္းလွမ္းမွ လူတစ္စုက သူတို႔ဆီ ေလ်ွာက္လွမ္းလာၾကသည္။ ေရ႔ွဆံုးမွ ၪီးေဆာင္လာသူမွာ တစ္ကိုယ္လံုး အနက္ေရာင္ဆင္ျမန္းထားၿပီး အျခားနန္ယန္သားမ်ားထက္စာလ်ွင္ အရပ္အေမာင္း ပိုမိုထြားႀကိဳင္းသန္မာ၏။ ရာသီဥတုက ေအးစိမ့္မေနေပမင့္ ဝတ္ရံုနက္ႀကီးမ်ားကို ေခါင္းမွစြပ္ကာ ၿခံဳလႊမ္းထားၾကသည္။ ပင္လယ္ေလျပည္ တိုက္ခတ္လာခ်ိန္မွာေတာ့ ဝတ္ရံုတလူလူႏွင့္၊ အမည္နာမႏွင့္ တကယ္ပင္ လိုက္ဖက္ညီစြာ က်ီးနက္တစ္ေကာင္ႏွင့္ တူေနေပ၏။
( T/n : Hei Ya = က်ီးနက္)
ခ်ူရိွန္႔က ထိုသူအား ၿပံဳးရႊင္စြာ ႏႈတ္ဆက္လိုက္ၿပီး ႏွစ္ေယာက္သား ရင္းႏွီးစြာ စကားေျပာေနၾကသည္။ ခဏၾကာေတာ့မွ ခ်ူရိွန္႔က သြမ့္ပိုင္ယြဲ႔ရိွရာဘက္လွည့္ကာ တစ္ခုခုေျပာျပေန၏။ သြမ့္ပိုင္ယြဲ႔အား ေဖမ်ဲန္႔ျပည္ေခါင္းေဆာင္ႏွင့္ မိတ္ဆက္ေပးေနဟန္ရသည္။
"ဝမ္ဖူ႔ေကြ့.....ဟုတ္ၿပီ၊ ငါ မင္းနာမည္ကို မွတ္ထားပါ့မယ္"
ေဟးယားက ဟန္ဘာသာစကားကို ကြၽမ္းက်င္စြာမေျပာတတ္ေပမင့္တစ္ဖက္သားအတြက္ေတာ့ အေတာ္ေလး နားလည္ရလြယ္ပါေသးသည္။
"မ်ိဳးႏြယ္စုေခါင္းေဆာင္ကို ကြၽန္ေတာ္မ်ိဳး ဂါရဝျပဳပါတယ္"
သြမ့္ပိုင္ယြဲ႔က ေဖမ်ဲန္႔ျပည္ေခါင္းေဆာင္ဆိုသူကို အရိုအေသျပဳလိုက္သည္။
ခ်ူရိွန္႔က ေမးလာသည္။
"မ်ိဳးႏြယ္စုေခါင္းေဆာင္က ဘယ္လိုလုပ္ၿပီး ဒီကိုေရာက္လာတာလဲဗ် ။ ခ်ိန္းဆိုထားတဲ့ ေန့ရက္ေတြအရ ခုခ်ိန္မွာ လီလီကြၽန္းမွာပဲ ရိွေနသင့္တာမဟုတ္လား"
ေဟးယားက ဆို၏။
"ဒီရက္ပိုင္း တိမ္သလႅာကႏၲာေတာင္ထြဋ္မွာ လိႈင္းမုန္တိုင္းအျပင္းစား ရိုက္ခတ္သြားတဲ့အျပင္ ငလ်င္ပါလႈပ္သြားတယ္ ၾကားလို႔ေလ။ ကြၽႏ္ုပ္လည္း လိႈင္းလံုးေတြနဲ႔အတူ ထ်ဲန္းခ်န္ရွားပါ ပါသြားမွာစိုးရိမ္လို႔ သြားၾကည့္လာခဲ့တာ"
သြမ့္ပိုင္ယြဲ႔ႏွလံုးသားမွာ ဒုတ္ခနဲ ျမည္ဟီးသြားေလသည္။
*******
2020.10.01.
Thz for loving DuanChu (or ) BaiYuan.
T/n : ထ်ဲန္းခ်န္ရွားေတာင္ ကိုယ္ထင္ျပလာပါၿပီ။
*******