ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 367K 54.7K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၈၀ (ရှင်းကျိုးကျွန်း)

8.7K 2K 169
By ArtemisJT21

[သူများထက် သာလွန်တယ်လို့ ပြောရစတမ်းဆို အခုလက်ရှိ ဧကရာဇ်ကမှ သူများတကာထက် အသာလွန်ဆုံး]

"ရှင်းကျိုး?"

သွမ့်ပိုင်ယွဲ့ ဤနေရာကို မကြားဖူးပါချေ။

"ကျွန်းပျက်ကြီးတစ်ခုပဲ၊ နန်ဟိုင် ရေပိုင်နက်ထဲမှာပဲရှိတာ"

နယ်မြေကျွမ်းသော စစ်ကုန်းလွီ့က ဖြည့်စွက်ရှင်းပြလာ၏။

"ကျွန်းပျက်ကြီးဆိုပေမယ့် အရမ်းလှတဲ့ရှုမျှော်ခင်းတွေ အများကြီးရှိတယ်။ တံငါလှေတွေက မုန်တိုင်းကိုရှောင်ကြရင်း အမှတ်မထင်တွေ့မိသွားတဲ့ ကျွန်းတစ်ခုပါပဲ။ ညညဆိုရင် နဂါးငွေ့တန်းကိုပါ ရှင်းရှင်းလင်းလင်းမြင်ရတဲ့အထိကို လှတယ်လို့ပြောကြတယ်၊ ပြီးတော့ နေရာကလည်း သိပ်မဝေးဘူးလေ။ ပြီးတော့ တောင်ပိုင်းဘက် ဆင်းသွားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းနဲ့လည်း အဆက်အစပ်ရှိတယ်"

"အဲ့လောက်အဆင်ပြေတဲ့နေရာကို ဘယ်သူကမှ အပိုင်မသိမ်းထားကြဘူးလား"

"ကျွန်းပျက်ကြီးလေကွာ၊ မြို့တစ်မြို့မှမဟုတ်ဘဲ။ ပိုင်ရှင်မရှိဘူးလို့ပဲပြောပြော အဲ့နေရာမှာ အခြေချပြီး အိုးအိမ်တည်မယ်၊ လမ်းတွေဖောက်မယ်၊ ဆိပ်ကမ်းဆောက်မယ်ဆိုရင်တောင် တစ်နှစ် နှစ်နှစ်တည်း ပြီးသွားမှာမဟုတ်ဘူး ။ ပြီးတော့ နန်ဟိုင်မှာ ကျွန်းစုငယ်တွေ ပြည်ထောင်ငယ်တွေ အများကြီးမှအများကြီး ၊ သိမ်းပိုက်ဖို့ဆိုပြီး အရင်စလှုပ်ရှားတဲ့အုပ်စုကို ကျွံထွက်လာတဲ့ တံစက်မြိတ်ဖျားလို တခြားအုပ်စုတွေက ရန်သူအဖြစ် ဝိုင်းပြီး ပစ်မှတ်ထားကြတော့မှာလေ"

"ဟုတ်ကဲ့ ၊ အဲ့တုန်းကဆို အဲ့ဒီလူက ရှင်းကျိုးကျွန်းကိုသွားမယ်လို့ပြောတယ်။ ဒုတိယသခင်လေးကိုလည်း ဟိုမှာ ဧည့်သည်လုပ်ဖို့ ဖိတ်ခေါ်သွားပါသေးတယ်။ ကျွန်မသိသလောက်တော့ ဒါအကုန်ပါပဲ"

သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ပြကာ -

"မယ်မင်းကို ကျေးဇူးအများကြီးတင်ပါတယ်"

"ကျွန်မကမှ သခင်ကြီးတို့ကို ကျေးဇူးတင်ရမှာပါ။ နယ်ခြားဧည့်သည်တွေကလွဲရင် ဘယ်သူကမှ သခင်ကြီးပေါ်ရဲ့ကိစ္စကို ဝင်မရှုပ်ရဲကြဘူးလေ။ အရင်တုန်းက ဘာဆိုဘာမှ မမျှော်လင့်ခဲ့ပေမယ့် အခုတော့ ကံကောင်းထောက်မပြီး တကယ်လွတ်မြောက်လာခဲ့ပါပြီ"

သွမ့်ပိုင်ယွဲ့က သူမအား အခန်းသို့ပြန်လိုက်ပို့ရန် သွမ့်ယောင်အား အချက်ပြလိုက်သည်။ ထို့နောက် စစ်ကုန်းလွီ့ဘက် လှည့်မေးလာ၏။

"ရှင်းကျိုးက ဒီကနေ ဝေးလား"

"ဝေးတယ်လို့တော့မဟုတ်ပါဘူး။ ကုန်တင်သင်္ဘောအကြီးစားတစ်စင်းနဲ့ ရအောင်သာ ကပ်လိုက်သွား။ အခုရက်ပိုင်း ရာသီဥတုလည်း ကောင်းနေတော့ နောက်ရက်နှစ်ဆယ်လောက်ဆို အဲ့ကျွန်းကိုရောက်တယ်။ မင်းသွားကြည့်ချင်လို့လား"

သွမ့်ပိုင်ယွဲ့ ခေါင်းညိတ်ပြ၏။

"အေးပါ၊ ဘာပဲပြောပြော ကျဲန့်ဂိုဏ်းက ဧည့်သည်မှလက်မခံတော့တာ၊ တခြားဂိုဏ်းတွေကလည်း ကြောက်လန့်နေတာနဲ့တင် ကိစ္စပြတ်ရော။ အမြီးသာပါနေရင် အကုန်လုံးရဲ့ အမြီးတွေ ကုတ်နေလောက်ကုန်ပြီ။ ဒီမှာ ဆက်နေလို့လည်း ဘာမှမထူးပါဘူး"

"စောနက သူ ပြောပြသလောက်ဆို ကျဲန့်ဂိုဏ်းမှာ လျှို့ဝှက်ထားတဲ့ နောက်ကြောင်း ရှိကိုရှိရမယ်။ ဒုတိယသခင်လေး ပေါ်ယဲန့်ဆိုတဲ့လူကလည်း တစ်ခါမှ အလုပ်ဖြစ်မြောက်အောင် မလုပ်ဖူးဘူး။ ပြီးတော့ တစ်ပွဲတိုးပြီး အောင်မြင်အောင် လက်စွမ်းက ပြချင်သေး၊ အဲ့လိုနဲ့ ပြဿနာကတက်ရော။ အခု အကျယ်ချုပ်ကျခံထားရတာတောင် မျိုးရိုးမိသားစုပါ မပြောနဲ့ ၊ ပိုင်ရှန့်တစ်ပြည်လုံးက ရှိရှိသမျှ အလုပ်အကိုင်တူတဲ့ လူတွေတောင် ထမင်းငတ်ကုန်ပြီ။ သူလုပ်လိုက်တာအတွက် အကြီးအကျယ် နောင်တရမှာပဲ။ ပြီးတော့ ချူရှိန့်ကို လုံးဝ မျက်မုန်းကျိုးနေလောက်ပြီ"

"ဒါဆို ဒီည သူ့ကိုသွားကြည့်ရအောင်လေ"

"အေး၊ ကောင်းတယ်"

******

ညသန်းခေါင်ယံအချိန်တွင် လမ်းမကြီးတစ်လျှောက်လုံး တိတ်ဆိတ်နေ၏။ နှစ်ယောက်သားမှာ ကျဲန့်ဂိုဏ်းထဲကို လွယ်လင့်တကူ ဝင်သွားနိုင်ကြသည်။

ခြံဝင်းထဲ၌ မှောင်ရိပ်အတိကြီးစိုးနေကော အဆောင်ငယ်လေးတစ်ခုချင်းစီရှေ့ ချိတ်ဆွဲထားသော မီးပုံးနီများသာ မှိန်ဖျော့ဖျော့ အလင်းဖြာနေသည်။ ပတ်ဝန်းကျင်မှာ အတော်ပင် မင်္ဂလာကျက်သရေမရှိသည့်ကြား ပိုလို့ပင် ထိုင်းမှိုင်းလေးလံသွား၏။ ကင်းစောင့်နေသော တပ်သားများ သုံးဖွဲ့ရှိကာ သူတို့အပြင် တခြားဘယ်နေရာကမှ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိကြ။

ဟွမ်လီ၏ပြောစကားအရ ပေါ်ယဲန့်ကို ချုပ်နှောင်ထားသောအိမ်မှာ တောင်ဘက်အစွန်ဆုံးရှိ အိမ်ငယ်လေးဖြစ်သည်။ ထိုအိမ်အပြင်ဘက်တွင်တော့ စောင့်ကြပ်နေသော တပ်သားများ မနည်းမနောပင်ရှိနေ၏။ သွမ့်ပိုင်ယွဲ့က တပ်သားများ၏အလစ်တွင် ခေါင်မိုးပေါ်ထက် လှစ်ခနဲ ခုန်တက်သွားသည်။ ထို့နောက် ခေတ္တမျှ နားစွင့်နေကာ ပြန်ထပြီး ထွက်ခွာလာ၏။ ထို့နောက် ထူထဲသော သစ်ပင်ခြုံနွယ်အုပ်ကြား ပြန်၍ ပုန်းကွယ်နေလိုက်သည်။

ခဏကြာတော့ စစ်ကုန်းလွီ့ပါ ပြန်ရောက်လာကာ အိမ်တော်ကြီးဘက်မှာလည်း လူသူတိတ်ဆိတ်နေကြောင်း၊ အိပ်မောကျနေလောက်ပြီဖြစ်ကြောငး ပြောလာ၏။ ဘာသဲလွန်စမှ မတွေ့ဟုလည်း ဆိုလာသည်။

"ငါတို့ မှန်းထားတဲ့အတိုင်းပဲ။ ဒီမှာဆက်နေရင် သဲလွန်စတစ်ခုခု တွေ့ချင်တွေ့လိမ့်မယ် ၊ ဒါပေမယ့် ဒါက မသေချာဘူး။ အချိန်ကလည်း အကန့်အသတ်ရှိတာဆိုတော့ ရှင်းကျိုးကျွန်းကိုပဲ သွားရအောင်ပါ "

စစ်ကုန်းလွီ့လည်း သွမ့်ပိုင်ယွဲ့ပြောစကားကိုခေါင်းညိတ်လက်ခံလိုက်ကာ ကျဲန့်ဂိုဏ်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်။

*****

ပင်လယ်ပြင်ကို ထွက်သွားဖို့အရေး ဘာအကြောင်းကြောင့်ထွက်ရသနည်းဆိုသည်ကို လုံခြုံရေးအစောင့်များအား ဖြေဆိုရသေးသည်။

ကံကောင်းထောက်မ၍ ဝမ့်ရှီးကျိုးမှာ လူသိများသည့်နေရာတစ်ခုဖြစ်သည်။ ယခုတစ်ခေါက် ပိုင်ရှန့်ပြည်ဆီ အရောင်းအဝယ်လာလုပ်သော်လည်း ပိုင်ရှန့်ပြည်ဘက်က အလုပ်ကိုလက်မခံ၊ ထို့ကြောင့် တခြားနေရာသို့ အလုပ်သွားအပ်ရန် ပြန်လည်ထွက်ခွာခြင်းဖြစ်သည်ဟု ပြောလိုက်ပြန်တော့ အတော်ပင် ကျိုးကြောင်းဆီလျော်နေ၏။

ပိုင်ရှန့်ပြည်မှပြန်မထွက်ခင် တစ်ညအလိုတွင် သွမ့်ယောင်က မှောင်ရိပ်ကိုအားကိုးကာ ဟုန်လီအားခေါ်ပြီး အစောင့်များ၏ အကြည့်များကို ရှောင်တိမ်းကာ မြောက်အရပ်သို့ဆန်တက်မည့် သင်္ဘောကြီးတစ်စီးပေါ် တင်ပေးလိုက်သည်။ မည်သူကမျှ သူတို့နှစ်ယောက်ကို သတိမထားမိလိုက်ကြ။

ထို့နောက် သူမကို လှေဝမ်းတွင်းဝယ် ပုန်းကွယ်စေလိုက်ကာ မိမိမှာတော့ ခပ်တည်တည်ပင် ဆိပ်ကမ်းမှ ပြန်ထွက်လာသည်။နောက်တစ်နေ့မနက်မှာတော့ သူမအား ရှီးနန်တပ်သားများ စခန်းချရာ ကျွန်းများပေါ် သို့ ခေါ်ဆောင်သွားမည်၊ ထို့နောက်တွင်မှ နောင်တော်တို့နောက် လိုက်သွားမည်ဟု အစီအစဥ်ဆွဲထား၏။

******

သွမ့်ပိုင်ယွဲ့နှင့် စစ်ကုန်းလွီ့တို့ကတော့ ရှင်းကျိုးကျွန်းသို့ ထွက်ခွာသွားပြီဖြစ်၏။

ဤကုန်သင်္ဘောကြီးမှာ ဟိုးတောင်ဘက်စွန်းရှိ ရှင်းမောင်ကျွန်းသို့ပင် ဆိုက်ရောက်မည်ဖြစ်သည်။ သို့သော် သင်္ဘောပေါ်ပါလာသူအများစုကတော့ လမ်းခုလတ်မှာတင် ဟိုနားဒီနား ဆင်းကျန်နေခဲ့ကြမည့်သူများပင် ဖြစ်ကာ ဆိပ်ကမ်းတစ်ခုပြီးတစ်ခု ဝင်ထွက်နားခိုရသည်နှင့်ပင် ဆယ်ရက်ကျော်ကြာသွား၏။ ဇွဲသတိနှင့် ဝီရိယသာရှိနေလျှင် မည်သူမဆို ဓနစည်းစိမ်ရနိုင်သည်မို့ ဘယ်အကြောင်းကြောင့်နှင့်မှ ဆင်းရဲမွဲတေနေသောဘဝမှာ အနစ်မွန်းမခံကြတော့။

ထို့ကြောင့် သွမ့်ပိုင်ယွဲ့နှင့် စစ်ကုန်းလွီ့လည်း ရှင်းကျိုးကျွန်းနှင့် မလှမ်းမကမ်းရှိ ကျွန်းငယ်တစ်ခုတွင် အရင်ဆင်းသက်လိုက်သည်။ ထိုကျွန်းမှာပင် ဆိုင်သေးသေးလေးတစ်ခုထဲ ခေါက်ဆွဲထိုင်စားနေသော သွမ့်ယောင်နှင့် သွားတိုး၏။

"ဟားဟား၊ သွက်ချက်ကတော့....."

သွမ့်ပိုင်ယွဲ့က သဘောကျစွာရယ်မောရင်းဆိုလာ၏။

သွမ့်ယောင်လည်း သူတို့နှစ်ယောက်ကိုမြင်သွားသည်နှင့် လက်ကျန်ဟင်းရည်ကို နှစ်လုပ်သုံးလုပ်မျှ အမြန်မျှောချလိုက်ကာ ကျသင့်ငွေအမြန်ရှင်းပြီးနောက် သူတို့နှစ်ယောက်ဆီ အပြေးလေးရောက်လာ၏။

"မင်းကို စောင့်နေရမယ်မှတ်နေတာ၊ဖြစ်ချင်တော့ မင်းက ငါတို့ကိုတောင် ပြန်စောင့်လိုက်သေးတာပဲ"

"ကျွန်တော်က အမြန်လှေစီးလာတာလေ၊ လှေခေါင်းက ချွန်ချွန်ကြီးဆိုတော့ ဝှီးခနဲ ဝှီးခနဲ ရေပေါ်ပြေးလာလိုက်တာ သင်္ဘောကြီးတွေထက်တောင် ပိုပြီးခရီးတွင်တယ်။ မနေ့ကတည်းက ရောက်နေတာလေ"

"အဲ့ဒီမိန်းကလေးအတွက်ရော တည်းခိုစရာ ရှာပေးပြီးပြီလား"

"သွမ့်နေ့ဆီ အပ်ထားခဲ့တယ်။ စားဖိုမှူးကြီးရဲ့လက်ထောက်အဖြစ် အလုပ်ပေးလိုက်တော့ သူနဲ့အတော်ပဲဖြစ်သွားတာ ။ ကျွန်းပေါ်မှာ မိန်းမတစ်ယောက်မှမရှိတော့ အားလုံးကလည်း သူ့ကိုဆို အတော်လေးသနားနေကြပြီး ဂရုတစိုက်ရှိကြပါတယ်"

"မင်းလည်း အတော်ပင်ပန်းသွားရှာပြီ"

သွမ့်ပိုင်ယွဲ့က ပြုံးရင်းဆို၏။

"သြ.... ရှိသေးတယ်၊ ကျွန်တော် ဒီကို လာတုန်းက ရှင်းကျိုးကျွန်းဆီသွားမယ့်သင်္ဘောကြီးတွေကို မြင်လိုက်သေးတယ်။ ကျွန်တော်နဲ့ တစ်ခန်းတည်းရှိနေတဲ့လူတွေကို မေးကြည့်တော့ - အဲ့ပေါ်မှာ သစ်လုံးတွေရယ်၊ လွန်ကြိုးတွေရယ်ပဲ တင်သွားတာတဲ့။ ကြည့်ရတာ အဆောက်အဦးတွေ ဆောက်နေကြတဲ့ပုံပဲတဲ့။ ဟိုမှာကြည့်....အဲ့သင်္ဘောအနက်ကြီးဆိုလည်း ရှင်းကျိုးကိုသွားမယ့်သင်္ဘောပဲ။အပေါ်မှာ စားနပ်ရိက္ခာတွေ အပြည့်တင်ထားတယ်၊ တိရစ္ဆာန်တွေလည်း ပါတယ်"

"တိရစ္ဆာန်တွေဟုတ်လား။ ကျွန်းပေါ်မှာ လူ အဲ့လောက်များတာလား၊ တိရစ္ဆာန်အရှင်လတ်လတ်တွေကို မွေးထားဖို့ လိုရလောက်အောင် လူအနေများနေပြီပေါ့"

"ကြည့်ရတာ အဲ့ကျွန်းပေါ်မှာ လူတွေ စပြီး အခြေချနေပြီနဲ့တူတယ်"

စစ်ကုန်းလွီ့ကပါ မှတ်ချက်ဆိုလာ၏။

"အကိုက်ပဲ၊ တစ်ဖက်ကလူ ဘာအကွက်တွေ ဆက်ရွှေ့မလဲဆိုတာ သိရအောင်လို့ အဲ့သင်္ဘောနဲ့လိုက်သွားပြီး အဲ့ကျွန်းကို သွားလေ့လာကြည့်ရမယ်"

******

တာ့ချူ၏ ယွင်တာမြို့တွင်ဖြစ်သည်။

အထီးကျန်ဆန်လှသော ဖြူလွလွအုတ်ဂူတစ်ခုရှေ့တွင် ဆံနွယ်များဆွတ်ဆွတ်ဖြူနေပြီဖြစ်သော အဘွားအိုတစ်ယောက်က ခါးကိုကိုင်းကာ သွားလေသူတစ်ယောက်အတွက် ရွှေစက္ကူ ငွေစက္ကူများကို မီးရှို့ပေးနေ၏။

အုတ်ဂူရှေ့က သစ်သားပြားထက်ဝယ် ကွယ်လွန်သွားသူ၏ အမည်နာမကို ရေးထိုးထားခြင်းမရှိ ။ သို့သော် ဧကရာဇ်စံမြန်းရာမြောက်ဘက်ယာယီနန်းဆောင်နှင့် ပတ်သက်နေသောသူဖြစ်မှန်း သိစေရန် အနီရောင်တံဆိပ်ဖြင့် ခတ်နှိပ်ထားခြင်းတော့ရှိသည်။

မြို့ထဲမှာတော့ ဤအကြောင်းကို သောသောညံအောင် ပြောဆိုနေကြသည်။ ထိုအကြောင်းဆိုသည်မှာတော့ထွေထွေထူးထူးတော့မဟုတ်၊ ဤပုဂ္ဂိုလ်၏ စျာပနအခမ်းအနားကို လက်ရှိဧကရာဇ်ကိုယ်တော်တိုင် ကြွရောက်လာတော်မူခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်သူမှာ အတော်ပင် ရာထူးဂုဏ်သိန် ကြီးမြတ်သောသူတစ်ဦး ဖြစ်ရပေမည်။

"သွားကြစို့"

အဘွားဖုန်းကူလည်း နောက်ဆုံးစက္ကူရွက်ကို ရှို့မြိုက်ပေးလိုက်ကာ ပြန်ထလိုက်၏။ ထို့နောက် ခြင်းတောင်းကိုကိုင်ဆွဲကာ အိမ်ပြန်ရန် အထ ၊ သူမ၏ ခင်ပွန်းသည် အဘိုးအိုကလည်း သူမအား သေချာ ဂရုတစိုက် ဖေးမပေးရှာသည်။

"ဖြည်းဖြည်းထ"

"ဒီလောက်နှစ်အကြာကြီးမှာ သူ ဒီနန်းဆောင်မှာ ရှိနေမှန်း ကျွန်မလည်း သိတယ်၊ ရှင်လည်း သိနေခဲ့တယ်"

"သိတော့လည်း ဘာဖြစ်တုန်း"

အဘိုးအိုက ဆက်ပြီး ညည်းညူလာ၏။

"သူက မင်းကိုဆို အရမ်းကို စောင့်ရှောက်ပေးချင်တာလေ၊ ငါလည်း စောင့်ချင်စောင့်နေပလေ့စေကွာဆိုပြီး လွှတ်ထားလိုက်တာ ။ သူ့ကို အတင်းတော့ ဘယ်နှင်လွှတ်ရက်မတဲ့လဲ၊ ငါလည်း သူ့ကို ရှိလို့ရှိမှန်း စိတ်ထဲတောင် မထားပါဘူး"

အဘွားဖုန်းကူမှာ အဘိုး၏ပြောစကားကို ခေါင်းတခါခါလုပ်ကာ ပြုံးနေ၏။ ထို့နောက် အဘိုး၏အင်္ကျီစကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ညှိပေးလိုက်ကာ အတူတူ အိမ်ပြန်သွားကြသည်။ လမ်းခုလတ်တွင် ငါးစိမ်းသည်နှင့်တွေ့သဖြင့် ဟင်းချက်စရာ ငါးနှစ်ကောင်ပါ ဝယ်လာခဲ့သေးသည်။ မနက်ဖြန်ကျလျှင် သမီးနှင့်သားမက်ဖြစ်သူတ်ု့ ရောက်လာကြမည်ဖြစ်ကာ မိသားစု စုံစုံညီညီ ထမင်းဝိုင်းပြင်စားရန်ဟု ဆို၏။

*******

သူရိန်နေမင်းကြီးမှာ အနောက်အရပ်သို့ ဝင်သွားချေပြီ။ ကောင်းကင်ယံမှာလည်း ပကတိအတိုင်း ကျယ်ပြောနေစမြဲ ။ ပတ်ဝန်းကျင်ထုလည်း တိတ်ဆိတ်အေးချမ်းနေစမြဲ။

သို့သော် ပေဟိုင်နယ်စပ်မှာတော့ တာ့ချူ၏ ရေကြောင်းတပ်မတော်မှာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အဆင်သင့် နေရာယူထားပြီးဖြစ်၏။ ရွက်လှေများ တလူလူ လွင့်ထူထားသောအချိန်များဆိုလျှင် ရေကြောင်းတပ်မတော်ကြီး၏ ခန့်ငြားထည်ဝါမှုကို မျက်စိတစ်ဆုံး ရှုမြင်ခံစားနိုင်ပေသည်။

******

ညဥ့်လယ်ခေါင်တွင် ပင်လယ်လေများက ကြမ်းတမ်းစွာ တိုက်ခတ်လျက်ရှိသည်။ရေပြင်ထက်က သင်္ဘောကြီးသည်လည်း လှိုင်းလုံးများနှင့် စည်းချက်ညီစွာ ယိမ်းထိုးလှုပ်ရှားနေ၏။

သင်္ဘောကြီး လှုပ်ယမ်းနေသဖြင့် ဇွပ်ခနဲ ပြုတ်ကျလာသော ဂေါ်ဖီထုပ်ကြီးကို စစ်ကုန်းလွီ့က အမီလှမ်းဖမ်းလိုက်ကာ ဆိုလာ၏။

"ဒီတစ်ခါတော့ ငါလေးဟာ အခက်အခဲမျိုးစုံကိုရင်ဆိုင်ပြီးတော့ မင်းတို့ကို တကူးတက လိုက်ကူပေးခဲ့ရတာနော်။ ငါ့ကျေးဇူးကြွေးတွေကို မင်းတို့ ဒီတစ်သက်ဆပ်လို့တောင်ကုန်မှာမဟုတ်ဘူးကွ "

"အပင်ပန်းခံပြီး လျှောက်မတွေးနဲ့တော့၊ ငါလည်း မင်းကို ဘာကျေးဇူးမှ ဆပ်မှာမဟုတ်ဘူး"

သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပြန်ချေပ၏။

စစ်ကုန်းလွီ့က အဝတ်အိတ်တစ်ခုကို လှမ်းယူကာ အသေအလဲကို ထိုးအန်နေသည်။

အနှီမြင်ကွင်းကို ကြည့်ကာ သွမ့်ပိုင်ယွဲ့တို့ ညီအစ်ကိုနှစ်ယောက်မှာ ပြိုင်တူပင် ခေါင်းခါလိုက်ကြသည်။ သို့သော် စစ်ကုန်းလွီ့တစ်ယောက် လှိုင်းမူးသည့်ဒဏ်ကို ခံနိုင်ပါ့မည်လားဟု မည်သူကမှ စိတ်ပူမနေပေ။

စစ်ကုန်းလွီ့ကတော့ အားအင်ကုန်ခမ်းကာ ပျော့ခွေနေပြီဖြစ်၏။ လှိုင်းမူးဒဏ်ထက်စာလျှင် သေသွားသည်ကမှ ပို၍ခံသာပေဦးမည်။

အပြင်ဘက်တွင် လူသံများ၊ ခြေသံများကို ကြားနေရဆဲပင်။ သူတို့သုံးယောက်သားမှာသင်္ဘောဝမ်းထဲက လျှို့ဝှက်အခန်းတစ်ခုထဲ ပုန်းခိုနေကြမြဲဖြစ်ကာ နေဝင်တော့သည့်အချိန်ထိစောင့်ပြီးနောက် အပြင်ကအသံများ အတော်လေးငြိမ်သက်သွားခါမှ ကမ်းပေါ်တက်လာခဲ့ကြသည်။

*****

ဘေးပတ်ဝန်းကျင်မှာ အတော်ပင် လူသူကင်းစင်နေ၏။ ဖြစ်သလိုဆောက်ထားသော ဆိပ်ကမ်းလေးတစ်ခုသာရှိကာ လူများများစားစားရှိမနေ။

အတန်ကြာ ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်တော့မှ မီးခိုးနံ့များကို ရှူရှိုက်လိုက်ရသည်။ ထိုခါမှ မလှမ်းမကမ်းတွင် အိမ်ခြေစုတစ်ခုရှိနေမှန်း တွေ့လိုက်ကြသည်။ သေချာကြည့်လိုက်တော့မှ အိမ်ခြေစု မဟုတ်ခဲ့၊ ၎င်းမှာ မြို့အသေးစားလေး တစ်မြို့စာပင် ရှိနေပေပြီ။

"နန်ယန်ကကျွန်းစုတွေကတော့ အချင်းချင်း တွေဆိုပြီး ဘယ်သူကမှ ဒီကျွန်းကို အပိုင်မစီးဖြစ်ကြဘူး။ အခုတော့ အပြင်လူက ခပ်တည်တည်နဲ့ လာသိမ်းသွားတယ်၊ ကျစ်...."

စစ်ကုန်းလွီ့က အတော်ပင် နှမြောနေပေသည်။ သွမ့်ပိုင်ယွဲ့က မှတ်ချက်ဆိုလာ၏။

"ဝတ်ထားတဲ့အဝတ်အစားတွေအရတော့ အဲ့လူတွေထဲမှာ တာ့ချူပြည်သားတွေပါတာသေချတယ်၊ ပြီးတော့ ဘယ်ကနေလာမှန်းမသိတဲ့ လူတွေလည်း ရှိနေတယ်"

"ငါလည်း သေချာမသိဘူးကွ။ နန်ယန်မှာ ကျွန်းစုတွေ အများကြီးရှိတာဆိုတော့ မျိုးနွယ်စုတစ်ခုနဲ့တစ်ခုကလည်း ယဥ်ကျေးမှုချင်း၊ ဝတ်ပုံစားပုံချင်း မတူကြတာ ဘာမှတော့ဆန်းမနေပါဘူး"

"ခဏနေဦး...."

သွမ့်ပိုင်ယွဲ့က ထိုနှစ်ယောက်ကို အရှေ့တစ်နေရာသို့ လှမ်းကြည့်ရန် အချက်ပေးလိုက်၏။

"ဟိုနေရာကိုကြည့်စမ်း၊ ဘာနဲ့တူလဲ"

ထိုနေရာတွင် ခပ်ပုပုအိမ်လေးများ တန်းစီပြီးဆောက်ထားကြသည်။ တို့ဖူးတုံးများလို ထောင့်ကျကျလေးနှင့် အတော်ပင် စနစ်တကျ ရှိလွန်းလှသည်။

"စစ်တပ်စခန်းလား"

သွမ့်ယောင်က ပြောလိုက်၏။ သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်ထောက်ခံသည်။

"အင်း၊ ရွာတည်ဖို့ အိမ်ဆောက်တာဆိုရင် ဘယ်သူက အဲ့လိုပုံစံမျိုး ဆောက်ကြမှာလဲ"

"လက်စသတ်တော့ အဲ့ချူရှိန့်က စစ်တပ်အင်အားကို ဒီကျွန်းမှာ ဖွက်ထားခဲ့တာပဲ။ ဟုတ်ပြီ၊ အဲ့မှာ ဇာတ်လမ်းစပြီ၊ ပျော်စရာလေးတွေ ဆော့စရာလေးတွေ ရလာပြီ"

စစ်ကုန်းလွီ့က ဝမ်းသာအားရဆိုလာ၏။

"လူလာနေတယ်"

သွမ့်ယောင် ခပ်တိုးတိုးသတိပေးလိုက်သည်။သုံးယောက်စလုံးကလည်း ချက်ချင်းပင် ကျောက်ဆောက်ကြီးတစ်ခုနောက်သို့ အမြန်ပုန်းခိုလိုက်သည်။

ခဏကြာတော့ အမှန်တကယ်ပင် လူစုတစ်စု ဖြတ်လျှောက်လာ၏။ ဦးဆောင်လာသူမှာ အရည်အသွေးမြင့်သော ပိုးထည်များကို ဆင်မြန်းထားကာ ခါးပတ်ပေါ်တွင်လည်း ကျောက်စိမ်းများဖြင့် တန်ဆာဆင်ထား၏။ ထိုသူ၏ ခန့်ညားလှသောအသွင်အပြင်မှာ ချို့တဲ့ခေါင်တီးလှသော ပတ်ဝန်းကျင်ကြီးနှင့် လုံးဝအပ်စပ်မနေခဲ့။

ထိုသူသည်ကား ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသော ကောဝမ် ချူရှိန့်ပင်ဖြစ်သည်။

"အားလားလား၊ မဟာဆီမဟာသွေးမှန်းသိသာလိုက်တာကွာ။ သူများတွေထက်ပိုပြီးသာလွန်မြင့်မြတ်နေတဲ့ အငွေ့အသက်မျိုးတွေ လျှံထွက်လင်းလက်နေတာပဲ"

"အေး၊ ကိုယ့်သေတွင်းကိုယ်တူးနေတဲ့ အငွေ့အသက်တွေလေ"

"....."

သွမ့်ယောင်က သူတို့နှစ်ယောက် ပြောဆိုနေကြသည်ကို ဖြည့်စွက်ပြောဆိုလာသည်။

"အခု လက်ရှိဧကရာဇ်ရဲ့ အရှိန်အဝါကမှ သူများတကာထက် သာလွန်မြင့်မြတ်တယ်လို့ ခေါ်လို့ရတာ၊ အစ်ကိုစစ်ကုန်းရဲ့"

"အေးလေ၊ ဘယ်သူကတော့ ဧကရာဇ်အရှင်နဲ့ သွားနှိုင်းလို့ရမှာတုန်း။ ဒါပေမယ့် သူ့ကို ငါတစ်ခါမှမှ မတွေ့ဖူးသေးတာ"

စစ်ကုန်းလွီ့ကာ လက်ပိုက်ကာ မကျေမနပ်ဆက်ဆို၏။

"အဲ....ငယ်ငယ်တုန်းကတော့ ကံဇာတာကောင်းလို့ တစ်ခေါက်တော့ တွေ့ဖူးလိုက်သေးတယ်။ အဲ့တုန်းကလည်း သူ့တံတောင်ဆစ်ကို မင်း သွားချိုးလိုက်လို့ ဟိုက အရမ်းနာပြီး သတိပါလစ်သွားတာလေ။ အဲ့တော့ ငါလည်း သူ့ဆီက ဘာအရှိန်အဝါမျိုးမှ မခံစားလိုက်ရဘူး"

ထိုစကားကိုကြားတော့ သွမ့်ယောင်ခမျာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွား၏။ ထို့နောက် အစ်ကိုဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်လာသည်။

ခင်ဗျားကြီးက အဲ့လို လူမဆန်တဲ့လုပ်ရက်တွေ လုပ်ဖူးသေးတယ်ပေါ့၊ ဟမ်။

*****

2020.09.26.

*****

အခန္း - ၈၀ (ရွင္းက်ိဳးကြၽန္း)

[သူမ်ားထက္ သာလြန္တယ္လို႔ ေျပာရစတမ္းဆို အခုလက္ရိွ ဧကရာဇ္ကမွ သူမ်ားတကာထက္ အသာလြန္ဆံုး]

"ရွင္းက်ိဳး?"

သြမ့္ပိုင္ယြဲ႔ ဤေနရာကို မၾကားဖူးပါေခ်။

"ကြၽန္းပ်က္ႀကီးတစ္ခုပဲ၊ နန္ဟိုင္ ေရပိုင္နက္ထဲမွာပဲရိွတာ"

နယ္ေျမကြၽမ္းေသာ စစ္ကုန္းလြီ႔က ျဖည့္စြက္ရွင္းျပလာ၏။

"ကြၽန္းပ်က္ႀကီးဆိုေပမယ့္ အရမ္းလွတဲ့ရႈေမ်ွာ္ခင္းေတြ အမ်ားႀကီးရိွတယ္။ တံငါေလွေတြက မုန္တိုင္းကိုေရွာင္ၾကရင္း အမွတ္မထင္ေတြ့မိသြားတဲ့ ကြၽန္းတစ္ခုပါပဲ။ ညညဆိုရင္ နဂါးေငြ့တန္းကိုပါ ရွင္းရွင္းလင္းလင္းျမင္ရတဲ့အထိကို လွတယ္လို႔ေျပာၾကတယ္၊ ၿပီးေတာ့ ေနရာကလည္း သိပ္မေဝးဘူးေလ။ ၿပီးေတာ့ ေတာင္ပိုင္းဘက္ ဆင္းသြားတဲ့ ကုန္သြယ္ေရးလမ္းေၾကာင္းနဲ႔လည္း အဆက္အစပ္ရိွတယ္"

"အဲ့ေလာက္အဆင္ေျပတဲ့ေနရာကို ဘယ္သူကမွ အပိုင္မသိမ္းထားၾကဘူးလား"

"ကြၽန္းပ်က္ႀကီးေလကြာ၊ ၿမိဳ႔တစ္ၿမိဳ႔မွမဟုတ္ဘဲ။ ပိုင္ရွင္မရိွဘူးလို႔ပဲေျပာေျပာ အဲ့ေနရာမွာ အေျခခ်ၿပီး အိုးအိမ္တည္မယ္၊ လမ္းေတြေဖာက္မယ္၊ ဆိပ္ကမ္းေဆာက္မယ္ဆိုရင္ေတာင္ တစ္ႏွစ္ ႏွစ္ႏွစ္တည္း ၿပီးသြားမွာမဟုတ္ဘူး ။ ၿပီးေတာ့ နန္ဟိုင္မွာ ကြၽန္းစုငယ္ေတြ ျပည္ေထာင္ငယ္ေတြ အမ်ားႀကီးမွအမ်ားႀကီး ၊ သိမ္းပိုက္ဖို႔ဆိုၿပီး အရင္စလႈပ္ရွားတဲ့အုပ္စုကို ကြၽံထြက္လာတဲ့ တံစက္ၿမိတ္ဖ်ားလို တျခားအုပ္စုေတြက ရန္သူအျဖစ္ ဝိုင္းၿပီး ပစ္မွတ္ထားၾကေတာ့မွာေလ"

"ဟုတ္ကဲ့ ၊ အဲ့တုန္းကဆို အဲ့ဒီလူက ရွင္းက်ိဳးကြၽန္းကိုသြားမယ္လို႔ေျပာတယ္။ ဒုတိယသခင္ေလးကိုလည္း ဟိုမွာ ဧည့္သည္လုပ္ဖို႔ ဖိတ္ေခၚသြားပါေသးတယ္။ ကြၽန္မသိသေလာက္ေတာ့ ဒါအကုန္ပါပဲ"

သြမ့္ပိုင္ယြဲ႔က ေခါင္းညိတ္ျပကာ -

"မယ္မင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

"ကြၽန္မကမွ သခင္ႀကီးတို႔ကို ေက်းဇူးတင္ရမွာပါ။ နယ္ျခားဧည့္သည္ေတြကလြဲရင္ ဘယ္သူကမွ သခင္ႀကီးေပၚရဲ့ကိစၥကို ဝင္မရႈပ္ရဲၾကဘူးေလ။ အရင္တုန္းက ဘာဆိုဘာမွ မေမ်ွာ္လင့္ခဲ့ေပမယ့္ အခုေတာ့ ကံေကာင္းေထာက္မၿပီး တကယ္လြတ္ေျမာက္လာခဲ့ပါၿပီ"

သြမ့္ပိုင္ယြဲ႔က သူမအား အခန္းသို႔ျပန္လိုက္ပို႔ရန္ သြမ့္ေယာင္အား အခ်က္ျပလိုက္သည္။ ထို႔ေနာက္ စစ္ကုန္းလြီ႔ဘက္ လွည့္ေမးလာ၏။

"ရွင္းက်ိဳးက ဒီကေန ေဝးလား"

"ေဝးတယ္လို႔ေတာ့မဟုတ္ပါဘူး။ ကုန္တင္သေဘၤာအႀကီးစားတစ္စင္းနဲ႔ ရေအာင္သာ ကပ္လိုက္သြား။ အခုရက္ပိုင္း ရာသီဥတုလည္း ေကာင္းေနေတာ့ ေနာက္ရက္ႏွစ္ဆယ္ေလာက္ဆို အဲ့ကြၽန္းကိုေရာက္တယ္။ မင္းသြားၾကည့္ခ်င္လို႔လား"

သြမ့္ပိုင္ယြဲ႔ ေခါင္းညိတ္ျပ၏။

"ေအးပါ၊ ဘာပဲေျပာေျပာ က်ဲန္႔ဂိုဏ္းက ဧည့္သည္မွလက္မခံေတာ့တာ၊ တျခားဂိုဏ္းေတြကလည္း ေၾကာက္လန္႔ေနတာနဲ႔တင္ ကိစၥျပတ္ေရာ။ အၿမီးသာပါေနရင္ အကုန္လံုးရဲ့ အၿမီးေတြ ကုတ္ေနေလာက္ကုန္ၿပီ။ ဒီမွာ ဆက္ေနလို႔လည္း ဘာမွမထူးပါဘူး"

"ေစာနက သူ ေျပာျပသေလာက္ဆို က်ဲန္႔ဂိုဏ္းမွာ လ်ိႈ႔ဝွက္ထားတဲ့ ေနာက္ေၾကာင္း ရိွကိုရိွရမယ္။ ဒုတိယသခင္ေလး ေပၚယဲန္႔ဆိုတဲ့လူကလည္း တစ္ခါမွ အလုပ္ျဖစ္ေျမာက္ေအာင္ မလုပ္ဖူးဘူး။ ၿပီးေတာ့ တစ္ပြဲတိုးၿပီး ေအာင္ျမင္ေအာင္ လက္စြမ္းက ျပခ်င္ေသး၊ အဲ့လိုနဲ႔ ျပႆနာကတက္ေရာ။ အခု အက်ယ္ခ်ဳပ္က်ခံထားရတာေတာင္ မ်ိဳးရိုးမိသားစုပါ မေျပာနဲ႔ ၊ ပိုင္ရွန္႔တစ္ျပည္လံုးက ရိွရိွသမ်ွ အလုပ္အကိုင္တူတဲ့ လူေတြေတာင္ ထမင္းငတ္ကုန္ၿပီ။ သူလုပ္လိုက္တာအတြက္ အႀကီးအက်ယ္ ေနာင္တရမွာပဲ။ ၿပီးေတာ့ ခ်ူရိွန္႔ကို လံုးဝ မ်က္မုန္းက်ိဳးေနေလာက္ၿပီ"

"ဒါဆို ဒီည သူ႔ကိုသြားၾကည့္ရေအာင္ေလ"

"ေအး၊ ေကာင္းတယ္"

******

ညသန္းေခါင္ယံအခ်ိန္တြင္ လမ္းမႀကီးတစ္ေလ်ွာက္လံုး တိတ္ဆိတ္ေန၏။ ႏွစ္ေယာက္သားမွာ က်ဲန္႔ဂိုဏ္းထဲကို လြယ္လင့္တကူ ဝင္သြားႏိုင္ၾကသည္။

ၿခံဝင္းထဲ၌ ေမွာင္ရိပ္အတိႀကီးစိုးေနေကာ အေဆာင္ငယ္ေလးတစ္ခုခ်င္းစီေရ႔ွ ခ်ိတ္ဆြဲထားေသာ မီးပံုးနီမ်ားသာ မိွန္ေဖ်ာ့ေဖ်ာ့ အလင္းျဖာေနသည္။ ပတ္ဝန္းက်င္မွာ အေတာ္ပင္ မဂၤလာက်က္သေရမရိွသည့္ၾကား ပိုလို႔ပင္ ထိုင္းမိႈင္းေလးလံသြား၏။ ကင္းေစာင့္ေနေသာ တပ္သားမ်ား သံုးဖြဲ႔ရိွကာ သူတို႔အျပင္ တျခားဘယ္ေနရာကမွ လႈပ္ရွားမႈတစ္စံုတစ္ရာ မရိွၾက။

ဟြမ္လီ၏ေျပာစကားအရ ေပၚယဲန္႔ကို ခ်ဳပ္ေနွာင္ထားေသာအိမ္မွာ ေတာင္ဘက္အစြန္ဆံုးရိွ အိမ္ငယ္ေလးျဖစ္သည္။ ထိုအိမ္အျပင္ဘက္တြင္ေတာ့ ေစာင့္ၾကပ္ေနေသာ တပ္သားမ်ား မနည္းမေနာပင္ရိွေန၏။ သြမ့္ပိုင္ယြဲ႔က တပ္သားမ်ား၏အလစ္တြင္ ေခါင္မိုးေပၚထက္ လွစ္ခနဲ ခုန္တက္သြားသည္။ ထို႔ေနာက္ ေခတၲမ်ွ နားစြင့္ေနကာ ျပန္ထၿပီး ထြက္ခြာလာ၏။ ထို႔ေနာက္ ထူထဲေသာ သစ္ပင္ၿခံဳႏြယ္အုပ္ၾကား ျပန္၍ ပုန္းကြယ္ေနလိုက္သည္။

ခဏၾကာေတာ့ စစ္ကုန္းလြီ႔ပါ ျပန္ေရာက္လာကာ အိမ္ေတာ္ႀကီးဘက္မွာလည္း လူသူတိတ္ဆိတ္ေနေၾကာင္း၊ အိပ္ေမာက်ေနေလာက္ၿပီျဖစ္ေၾကာငး ေျပာလာ၏။ ဘာသဲလြန္စမွ မေတြ့ဟုလည္း ဆိုလာသည္။

"ငါတို႔ မွန္းထားတဲ့အတိုင္းပဲ။ ဒီမွာဆက္ေနရင္ သဲလြန္စတစ္ခုခု ေတြ့ခ်င္ေတြ့လိမ့္မယ္ ၊ ဒါေပမယ့္ ဒါက မေသခ်ာဘူး။ အခ်ိန္ကလည္း အကန္႔အသတ္ရိွတာဆိုေတာ့ ရွင္းက်ိဳးကြၽန္းကိုပဲ သြားရေအာင္ပါ "

စစ္ကုန္းလြီ႔လည္း သြမ့္ပိုင္ယြဲ႔ေျပာစကားကိုေခါင္းညိတ္လက္ခံလိုက္ကာ က်ဲန္႔ဂိုဏ္းမွ ျပန္လည္ထြက္ခြာလာခဲ့ၾကေလသည္။

*****

ပင္လယ္ျပင္ကို ထြက္သြားဖို႔အေရး ဘာအေၾကာင္းေၾကာင့္ထြက္ရသနည္းဆိုသည္ကို လံုၿခံဳေရးအေစာင့္မ်ားအား ေျဖဆိုရေသးသည္။

ကံေကာင္းေထာက္မ၍ ဝမ့္ရွီးက်ိဳးမွာ လူသိမ်ားသည့္ေနရာတစ္ခုျဖစ္သည္။ ယခုတစ္ေခါက္ ပိုင္ရွန္႔ျပည္ဆီ အေရာင္းအဝယ္လာလုပ္ေသာ္လည္း ပိုင္ရွန္႔ျပည္ဘက္က အလုပ္ကိုလက္မခံ၊ ထို႔ေၾကာင့္ တျခားေနရာသို႔ အလုပ္သြားအပ္ရန္ ျပန္လည္ထြက္ခြာျခင္းျဖစ္သည္ဟု ေျပာလိုက္ျပန္ေတာ့ အေတာ္ပင္ က်ိဳးေၾကာင္းဆီေလ်ာ္ေန၏။

ပိုင္ရွန္႔ျပည္မျွပန္မထြက္ခင္ တစ္ညအလိုတြင္ သြမ့္ေယာင္က ေမွာင္ရိပ္ကိုအားကိုးကာ ဟုန္လီအားေခၚၿပီး အေစာင့္မ်ား၏ အၾကည့္မ်ားကို ေရွာင္တိမ္းကာ ေျမာက္အရပ္သို႔ဆန္တက္မည့္ သေဘၤာႀကီးတစ္စီးေပၚ တင္ေပးလိုက္သည္။ မည္သူကမ်ွ သူတို႔ႏွစ္ေယာက္ကို သတိမထားမိလိုက္ၾက။

ထို႔ေနာက္ သူမကို ေလွဝမ္းတြင္းဝယ္ ပုန္းကြယ္ေစလိုက္ကာ မိမိမွာေတာ့ ခပ္တည္တည္ပင္ ဆိပ္ကမ္းမွ ျပန္ထြက္လာသည္။ေနာက္တစ္ေန့မနက္မွာေတာ့ သူမအား ရွီးနန္တပ္သားမ်ား စခန္းခ်ရာ ကြၽန္းမ်ားေပၚ သို႔ ေခၚေဆာင္သြားမည္၊ ထို႔ေနာက္တြင္မွ ေနာင္ေတာ္တို႔ေနာက္ လိုက္သြားမည္ဟု အစီအစဥ္ဆြဲထား၏။

******

သြမ့္ပိုင္ယြဲ႔ႏွင့္ စစ္ကုန္းလြီ႔တို႔ကေတာ့ ရွင္းက်ိဳးကြၽန္းသို႔ ထြက္ခြာသြားၿပီျဖစ္၏။

ဤကုန္သေဘၤာႀကီးမွာ ဟိုးေတာင္ဘက္စြန္းရိွ ရွင္းေမာင္ကြၽန္းသို႔ပင္ ဆိုက္ေရာက္မည္ျဖစ္သည္။ သို႔ေသာ္ သေဘၤာေပၚပါလာသူအမ်ားစုကေတာ့ လမ္းခုလတ္မွာတင္ ဟိုနားဒီနား ဆင္းက်န္ေနခဲ့ၾကမည့္သူမ်ားပင္ ျဖစ္ကာ ဆိပ္ကမ္းတစ္ခုၿပီးတစ္ခု ဝင္ထြက္နားခိုရသည္ႏွင့္ပင္ ဆယ္ရက္ေက်ာ္ၾကာသြား၏။ ဇြဲသတိႏွင့္ ဝီရိယသာရိွေနလ်ွင္ မည္သူမဆို ဓနစည္းစိမ္ရႏိုင္သည္မို႔ ဘယ္အေၾကာင္းေၾကာင့္ႏွင့္မွ ဆင္းရဲမြဲေတေနေသာဘဝမွာ အနစ္မြန္းမခံၾကေတာ့။

ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔ႏွင့္ စစ္ကုန္းလြီ႔လည္း ရွင္းက်ိဳးကြၽန္းႏွင့္ မလွမ္းမကမ္းရိွ ကြၽန္းငယ္တစ္ခုတြင္ အရင္ဆင္းသက္လိုက္သည္။ ထိုကြၽန္းမွာပင္ ဆိုင္ေသးေသးေလးတစ္ခုထဲ ေခါက္ဆြဲထိုင္စားေနေသာ သြမ့္ေယာင္ႏွင့္ သြားတိုး၏။

"ဟားဟား၊ သြက္ခ်က္ကေတာ့....."

သြမ့္ပိုင္ယြဲ႔က သေဘာက်စြာရယ္ေမာရင္းဆိုလာ၏။

သြမ့္ေယာင္လည္း သူတို႔ႏွစ္ေယာက္ကိုျမင္သြားသည္ႏွင့္ လက္က်န္ဟင္းရည္ကို ႏွစ္လုပ္သံုးလုပ္မ်ွ အျမန္ေမ်ွာခ်လိုက္ကာ က်သင့္ေငြအျမန္ရွင္းၿပီးေနာက္ သူတို႔ႏွစ္ေယာက္ဆီ အေျပးေလးေရာက္လာ၏။

"မင္းကို ေစာင့္ေနရမယ္မွတ္ေနတာ၊ျဖစ္ခ်င္ေတာ့ မင္းက ငါတို႔ကိုေတာင္ ျပန္ေစာင့္လိုက္ေသးတာပဲ"

"ကြၽန္ေတာ္က အျမန္ေလွစီးလာတာေလ၊ ေလွေခါင္းက ခြၽန္ခြၽန္ႀကီးဆိုေတာ့ ဝွီးခနဲ ဝွီးခနဲ ေရေပၚေျပးလာလိုက္တာ သေဘၤာႀကီးေတြထက္ေတာင္ ပိုၿပီးခရီးတြင္တယ္။ မေန့ကတည္းက ေရာက္ေနတာေလ"

"အဲ့ဒီမိန္းကေလးအတြက္ေရာ တည္းခိုစရာ ရွာေပးၿပီးၿပီလား"

"သြမ့္ေန့ဆီ အပ္ထားခဲ့တယ္။ စားဖိုမွဴးႀကီးရဲ့လက္ေထာက္အျဖစ္ အလုပ္ေပးလိုက္ေတာ့ သူနဲ႔အေတာ္ပဲျဖစ္သြားတာ ။ ကြၽန္းေပၚမွာ မိန္းမတစ္ေယာက္မွမရိွေတာ့ အားလံုးကလည္း သူ႔ကိုဆို အေတာ္ေလးသနားေနၾကၿပီး ဂရုတစိုက္ရိွၾကပါတယ္"

"မင္းလည္း အေတာ္ပင္ပန္းသြားရွာၿပီ"

သြမ့္ပိုင္ယြဲ႔က ၿပံဳးရင္းဆို၏။

"ၾသ.... ရိွေသးတယ္၊ ကြၽန္ေတာ္ ဒီကို လာတုန္းက ရွင္းက်ိဳးကြၽန္းဆီသြားမယ့္သေဘၤာႀကီးေတြကို ျမင္လိုက္ေသးတယ္။ ကြၽန္ေတာ္နဲ႔ တစ္ခန္းတည္းရိွေနတဲ့လူေတြကို ေမးၾကည့္ေတာ့ - အဲ့ေပၚမွာ သစ္လံုးေတြရယ္၊ လြန္ႀကိဳးေတြရယ္ပဲ တင္သြားတာတဲ့။ ၾကည့္ရတာ အေဆာက္အၪီးေတြ ေဆာက္ေနၾကတဲ့ပံုပဲတဲ့။ ဟိုမွာၾကည့္....အဲ့သေဘၤာအနက္ႀကီးဆိုလည္း ရွင္းက်ိဳးကိုသြားမယ့္သေဘၤာပဲ။အေပၚမွာ စားနပ္ရိကၡာေတြ အျပည့္တင္ထားတယ္၊ တိရစၧာန္ေတြလည္း ပါတယ္"

"တိရစၧာန္ေတြဟုတ္လား။ ကြၽန္းေပၚမွာ လူ အဲ့ေလာက္မ်ားတာလား၊ တိရစၧာန္အရွင္လတ္လတ္ေတြကို ေမြးထားဖို႔ လိုရေလာက္ေအာင္ လူအေနမ်ားေနၿပီေပါ့"

"ၾကည့္ရတာ အဲ့ကြၽန္းေပၚမွာ လူေတြ စၿပီး အေျခခ်ေနၿပီနဲ႔တူတယ္"

စစ္ကုန္းလြီ႔ကပါ မွတ္ခ်က္ဆိုလာ၏။

"အကိုက္ပဲ၊ တစ္ဖက္ကလူ ဘာအကြက္ေတြ ဆက္ေရႊ့မလဲဆိုတာ သိရေအာင္လို႔ အဲ့သေဘၤာနဲ႔လိုက္သြားၿပီး အဲ့ကြၽန္းကို သြားေလ့လာၾကည့္ရမယ္"

******

တာ့ခ်ူ၏ ယြင္တာၿမိဳ႔တြင္ျဖစ္သည္။

အထီးက်န္ဆန္လွေသာ ျဖဴလြလြအုတ္ဂူတစ္ခုေရ႔ွတြင္ ဆံႏြယ္မ်ားဆြတ္ဆြတ္ျဖဴေနၿပီျဖစ္ေသာ အဘြားအိုတစ္ေယာက္က ခါးကိုကိုင္းကာ သြားေလသူတစ္ေယာက္အတြက္ ေရႊစကၠူ ေငြစကၠူမ်ားကို မီးရိႈ႔ေပးေန၏။

အုတ္ဂူေရ႔ွက သစ္သားျပားထက္ဝယ္ ကြယ္လြန္သြားသူ၏ အမည္နာမကို ေရးထိုးထားျခင္းမရိွ ။ သို႔ေသာ္ ဧကရာဇ္စံျမန္းရာေျမာက္ဘက္ယာယီနန္းေဆာင္ႏွင့္ ပတ္သက္ေနေသာသူျဖစ္မွန္း သိေစရန္ အနီေရာင္တံဆိပ္ျဖင့္ ခတ္ႏိွပ္ထားျခင္းေတာ့ရိွသည္။

ၿမိဳ႔ထဲမွာေတာ့ ဤအေၾကာင္းကို ေသာေသာညံေအာင္ ေျပာဆိုေနၾကသည္။ ထိုအေၾကာင္းဆိုသည္မွာေတာ့ေထြေထြထူးထူးေတာ့မဟုတ္၊ ဤပုဂၢိုလ္၏ စ်ာပနအခမ္းအနားကို လက္ရိွဧကရာဇ္ကိုယ္ေတာ္တိုင္ ႂကြေရာက္လာေတာ္မူခဲ့ျခင္းျဖစ္သည္။

ကြယ္လြန္သူမွာ အေတာ္ပင္ ရာထူးဂုဏ္သိန္ ႀကီးျမတ္ေသာသူတစ္ၪီး ျဖစ္ရေပမည္။

"သြားၾကစို႔"

အဘြားဖုန္းကူလည္း ေနာက္ဆံုးစကၠူရြက္ကို ရိႈ႔ၿမိဳက္ေပးလိုက္ကာ ျပန္ထလိုက္၏။ ထို႔ေနာက္ ျခင္းေတာင္းကိုကိုင္ဆြဲကာ အိမ္ျပန္ရန္ အထ ၊ သူမ၏ ခင္ပြန္းသည္ အဘိုးအိုကလည္း သူမအား ေသခ်ာ ဂရုတစိုက္ ေဖးမေပးရွာသည္။

"ျဖည္းျဖည္းထ"

"ဒီေလာက္ႏွစ္အၾကာႀကီးမွာ သူ ဒီနန္းေဆာင္မွာ ရိွေနမွန္း ကြၽန္မလည္း သိတယ္၊ ရွင္လည္း သိေနခဲ့တယ္"

"သိေတာ့လည္း ဘာျဖစ္တုန္း"

အဘိုးအိုက ဆက္ၿပီး ညည္းၫူလာ၏။

"သူက မင္းကိုဆို အရမ္းကို ေစာင့္ေရွာက္ေပးခ်င္တာေလ၊ ငါလည္း ေစာင့္ခ်င္ေစာင့္ေနပေလ့ေစကြာဆိုၿပီး လႊတ္ထားလိုက္တာ ။ သူ႔ကို အတင္းေတာ့ ဘယ္ႏွင္လႊတ္ရက္မတဲ့လဲ၊ ငါလည္း သူ႔ကို ရိွလို႔ရိွမွန္း စိတ္ထဲေတာင္ မထားပါဘူး"

အဘြားဖုန္းကူမွာ အဘိုး၏ေျပာစကားကို ေခါင္းတခါခါလုပ္ကာ ၿပံဳးေန၏။ ထို႔ေနာက္ အဘိုး၏အက်ႌစကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ၫွိေပးလိုက္ကာ အတူတူ အိမ္ျပန္သြားၾကသည္။ လမ္းခုလတ္တြင္ ငါးစိမ္းသည္ႏွင့္ေတြ့သျဖင့္ ဟင္းခ်က္စရာ ငါးႏွစ္ေကာင္ပါ ဝယ္လာခဲ့ေသးသည္။ မနက္ျဖန္က်လ်ွင္ သမီးႏွင့္သားမက္ျဖစ္သူတ္ု႔ ေရာက္လာၾကမည္ျဖစ္ကာ မိသားစု စံုစံုညီညီ ထမင္းဝိုင္းျပင္စားရန္ဟု ဆို၏။

*******

သူရိန္ေနမင္းႀကီးမွာ အေနာက္အရပ္သို႔ ဝင္သြားေခ်ၿပီ။ ေကာင္းကင္ယံမွာလည္း ပကတိအတိုင္း က်ယ္ေျပာေနစၿမဲ ။ ပတ္ဝန္းက်င္ထုလည္း တိတ္ဆိတ္ေအးခ်မ္းေနစၿမဲ။

သို႔ေသာ္ ေပဟိုင္နယ္စပ္မွာေတာ့ တာ့ခ်ူ၏ ေရေၾကာင္းတပ္မေတာ္မွာ ပင္လယ္ကမ္းရိုးတန္းတစ္ေလ်ွာက္ အဆင္သင့္ ေနရာယူထားၿပီးျဖစ္၏။ ရြက္ေလွမ်ား တလူလူ လြင့္ထူထားေသာအခ်ိန္မ်ားဆိုလ်ွင္ ေရေၾကာင္းတပ္မေတာ္ႀကီး၏ ခန္႔ျငားထည္ဝါမႈကို မ်က္စိတစ္ဆံုး ရႈျမင္ခံစားႏိုင္ေပသည္။

******

ညဥ့္လယ္ေခါင္တြင္ ပင္လယ္ေလမ်ားက ၾကမ္းတမ္းစြာ တိုက္ခတ္လ်က္ရိွသည္။ေရျပင္ထက္က သေဘၤာႀကီးသည္လည္း လိႈင္းလံုးမ်ားႏွင့္ စည္းခ်က္ညီစြာ ယိမ္းထိုးလႈပ္ရွားေန၏။

သေဘၤာႀကီး လႈပ္ယမ္းေနသျဖင့္ ဇြပ္ခနဲ ျပဳတ္က်လာေသာ ေဂၚဖီထုပ္ႀကီးကို စစ္ကုန္းလြီ႔က အမီလွမ္းဖမ္းလိုက္ကာ ဆိုလာ၏။

"ဒီတစ္ခါေတာ့ ငါေလးဟာ အခက္အခဲမ်ိဳးစံုကိုရင္ဆိုင္ၿပီးေတာ့ မင္းတို႔ကို တကူးတက လိုက္ကူေပးခဲ့ရတာေနာ္။ ငါ့ေက်းဇူးေႂကြးေတြကို မင္းတို႔ ဒီတစ္သက္ဆပ္လို႔ေတာင္ကုန္မွာမဟုတ္ဘူးကြ "

"အပင္ပန္းခံၿပီး ေလ်ွာက္မေတြးနဲ႔ေတာ့၊ ငါလည္း မင္းကို ဘာေက်းဇူးမွ ဆပ္မွာမဟုတ္ဘူး"

သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းျပန္ေခ်ပ၏။

စစ္ကုန္းလြီ႔က အဝတ္အိတ္တစ္ခုကို လွမ္းယူကာ အေသအလဲကို ထိုးအန္ေနသည္။

အႏွီျမင္ကြင္းကို ၾကည့္ကာ သြမ့္ပိုင္ယြဲ႔တို႔ ညီအစ္ကိုႏွစ္ေယာက္မွာ ၿပိဳင္တူပင္ ေခါင္းခါလိုက္ၾကသည္။ သို႔ေသာ္ စစ္ကုန္းလြီ႔တစ္ေယာက္ လိႈင္းမူးသည့္ဒဏ္ကို ခံႏိုင္ပါ့မည္လားဟု မည္သူကမွ စိတ္ပူမေနေပ။

စစ္ကုန္းလြီ႔ကေတာ့ အားအင္ကုန္ခမ္းကာ ေပ်ာ့ေခြေနၿပီျဖစ္၏။ လိႈင္းမူးဒဏ္ထက္စာလ်ွင္ ေသသြားသည္ကမွ ပို၍ခံသာေပၪီးမည္။

အျပင္ဘက္တြင္ လူသံမ်ား၊ ေျခသံမ်ားကို ၾကားေနရဆဲပင္။ သူတို႔သံုးေယာက္သားမွာသေဘၤာဝမ္းထဲက လ်ိႈ႔ဝွက္အခန္းတစ္ခုထဲ ပုန္းခိုေနၾကၿမဲျဖစ္ကာ ေနဝင္ေတာ့သည့္အခ်ိန္ထိေစာင့္ၿပီးေနာက္ အျပင္ကအသံမ်ား အေတာ္ေလးၿငိမ္သက္သြားခါမွ ကမ္းေပၚတက္လာခဲ့ၾကသည္။

*****

ေဘးပတ္ဝန္းက်င္မွာ အေတာ္ပင္ လူသူကင္းစင္ေန၏။ ျဖစ္သလိုေဆာက္ထားေသာ ဆိပ္ကမ္းေလးတစ္ခုသာရိွကာ လူမ်ားမ်ားစားစားရိွမေန။

အတန္ၾကာ ဟိုဟိုဒီဒီ လမ္းေလ်ွာက္ၾကည့္ေတာ့မွ မီးခိုးနံ႔မ်ားကို ရႉရိႈက္လိုက္ရသည္။ ထိုခါမွ မလွမ္းမကမ္းတြင္ အိမ္ေျခစုတစ္ခုရိွေနမွန္း ေတြ့လိုက္ၾကသည္။ ေသခ်ာၾကည့္လိုက္ေတာ့မွ အိမ္ေျခစု မဟုတ္ခဲ့၊ ၄မွာ ၿမိဳ႔အေသးစားေလး တစ္ၿမိဳ႔စာပင္ ရိွေနေပၿပီ။

"နန္ယန္ကကြၽန္းစုေတြကေတာ့ အခ်င္းခ်င္း ေတြဆိုၿပီး ဘယ္သူကမွ ဒီကြၽန္းကို အပိုင္မစီးျဖစ္ၾကဘူး။ အခုေတာ့ အျပင္လူက ခပ္တည္တည္နဲ႔ လာသိမ္းသြားတယ္၊ က်စ္...."

စစ္ကုန္းလြီ႔က အေတာ္ပင္ ႏွေျမာေနေပသည္။ သြမ့္ပိုင္ယြဲ႔က မွတ္ခ်က္ဆိုလာ၏။

"ဝတ္ထားတဲ့အဝတ္အစားေတြအရေတာ့ အဲ့လူေတြထဲမွာ တာ့ခ်ူျပည္သားေတြပါတာေသခ်တယ္၊ ၿပီးေတာ့ ဘယ္ကေနလာမွန္းမသိတဲ့ လူေတြလည္း ရိွေနတယ္"

"ငါလည္း ေသခ်ာမသိဘူးကြ။ နန္ယန္မွာ ကြၽန္းစုေတြ အမ်ားႀကီးရိွတာဆိုေတာ့ မ်ိဳးႏြယ္စုတစ္ခုနဲ႔တစ္ခုကလည္း ယဥ္ေက်းမႈခ်င္း၊ ဝတ္ပံုစားပံုခ်င္း မတူၾကတာ ဘာမွေတာ့ဆန္းမေနပါဘူး"

"ခဏေနၪီး...."

သြမ့္ပိုင္ယြဲ႔က ထိုႏွစ္ေယာက္ကို အေရ႔ွတစ္ေနရာသို႔ လွမ္းၾကည့္ရန္ အခ်က္ေပးလိုက္၏။

"ဟိုေနရာကိုၾကည့္စမ္း၊ ဘာနဲ႔တူလဲ"

ထိုေနရာတြင္ ခပ္ပုပုအိမ္ေလးမ်ား တန္းစီၿပီးေဆာက္ထားၾကသည္။ တို႔ဖူးတံုးမ်ားလို ေထာင့္က်က်ေလးႏွင့္ အေတာ္ပင္ စနစ္တက် ရိွလြန္းလွသည္။

"စစ္တပ္စခန္းလား"

သြမ့္ေယာင္က ေျပာလိုက္၏။ သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္ေထာက္ခံသည္။

"အင္း၊ ရြာတည္ဖို႔ အိမ္ေဆာက္တာဆိုရင္ ဘယ္သူက အဲ့လိုပံုစံမ်ိဳး ေဆာက္ၾကမွာလဲ"

"လက္စသတ္ေတာ့ အဲ့ခ်ူရိွန္႔က စစ္တပ္အင္အားကို ဒီကြၽန္းမွာ ဖြက္ထားခဲ့တာပဲ။ ဟုတ္ၿပီ၊ အဲ့မွာ ဇာတ္လမ္းစၿပီ၊ ေပ်ာ္စရာေလးေတြ ေဆာ့စရာေလးေတြ ရလာၿပီ"

စစ္ကုန္းလြီ႔က ဝမ္းသာအားရဆိုလာ၏။

"လူလာေနတယ္"

သြမ့္ေယာင္ ခပ္တိုးတိုးသတိေပးလိုက္သည္။သံုးေယာက္စလံုးကလည္း ခ်က္ခ်င္းပင္ ေက်ာက္ေဆာက္ႀကီးတစ္ခုေနာက္သို႔ အျမန္ပုန္းခိုလိုက္သည္။

ခဏၾကာေတာ့ အမွန္တကယ္ပင္ လူစုတစ္စု ျဖတ္ေလ်ွာက္လာ၏။ ၪီးေဆာင္လာသူမွာ အရည္အေသြးျမင့္ေသာ ပိုးထည္မ်ားကို ဆင္ျမန္းထားကာ ခါးပတ္ေပၚတြင္လည္း ေက်ာက္စိမ္းမ်ားျဖင့္ တန္ဆာဆင္ထား၏။ ထိုသူ၏ ခန္႔ညားလွေသာအသြင္အျပင္မွာ ခ်ိဳ႕တဲ့ေခါင္တီးလွေသာ ပတ္ဝန္းက်င္ႀကီးႏွင့္ လံုးဝအပ္စပ္မေနခဲ့။

ထိုသူသည္ကား ျပည္ႏွင္ဒဏ္ေပးျခင္းခံခဲ့ရေသာ ေကာဝမ္ ခ်ူရိွန္႔ပင္ျဖစ္သည္။

"အားလားလား၊ မဟာဆီမဟာေသြးမွန္းသိသာလိုက္တာကြာ။ သူမ်ားေတြထက္ပိုၿပီးသာလြန္ျမင့္ျမတ္ေနတဲ့ အေငြ့အသက္မ်ိဳးေတြ လ်ွံထြက္လင္းလက္ေနတာပဲ"

"ေအး၊ ကိုယ့္ေသတြင္းကိုယ္တူးေနတဲ့ အေငြ့အသက္ေတြေလ"

"....."

သြမ့္ေယာင္က သူတို႔ႏွစ္ေယာက္ ေျပာဆိုေနၾကသည္ကို ျဖည့္စြက္ေျပာဆိုလာသည္။

"အခု လက္ရိွဧကရာဇ္ရဲ့ အရိွန္အဝါကမွ သူမ်ားတကာထက္ သာလြန္ျမင့္ျမတ္တယ္လို႔ ေခၚလို႔ရတာ၊ အစ္ကိုစစ္ကုန္းရဲ့"

"ေအးေလ၊ ဘယ္သူကေတာ့ ဧကရာဇ္အရွင္နဲ႔ သြားႏိႈင္းလို႔ရမွာတုန္း။ ဒါေပမယ့္ သူ႔ကို ငါတစ္ခါမွမွ မေတြ့ဖူးေသးတာ"

စစ္ကုန္းလြီ႔ကာ လက္ပိုက္ကာ မေက်မနပ္ဆက္ဆို၏။

"အဲ....ငယ္ငယ္တုန္းကေတာ့ ကံဇာတာေကာင္းလို႔ တစ္ေခါက္ေတာ့ ေတြ့ဖူးလိုက္ေသးတယ္။ အဲ့တုန္းကလည္း သူ႔တံေတာင္ဆစ္ကို မင္း သြားခ်ိဳးလိုက္လို႔ ဟိုက အရမ္းနာၿပီး သတိပါလစ္သြားတာေလ။ အဲ့ေတာ့ ငါလည္း သူ႔ဆီက ဘာအရိွန္အဝါမ်ိဳးမွ မခံစားလိုက္ရဘူး"

ထိုစကားကိုၾကားေတာ့ သြမ့္ေယာင္ခမ်ာ အံ့ၾသလြန္း၍ ပါးစပ္အေဟာင္းသားျဖစ္သြား၏။ ထို႔ေနာက္ အစ္ကိုျဖစ္သူကို ေဒါသတႀကီး စိုက္ၾကည့္လာသည္။

ခင္ဗ်ားႀကီးက အဲ့လို လူမဆန္တဲ့လုပ္ရက္ေတြ လုပ္ဖူးေသးတယ္ေပါ့၊ ဟမ္။

*****

2020.09.26.

*****

Continue Reading

You'll Also Like

1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
262K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
22.9K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...