[အားမစိုက်ရဘဲ အလိုလို ရလာတယ်]
ချူရှိန့် ....?
နန်မော်ယဲ့လည်း ချူယွမ့်စကားကို ကြားလိုက်တော့ မျက်လုံးပြူးသွားရ၏။
ကျင့်နျဲန်ကတော့ နှုတ်ခမ်းများပါ ဖြူဖျော့တုန်ယင်နေကာ အတန်ကြာမှ ဖြည်းဖြည်းချင်း ဝန်ခံထွက်ဆိုလာ၏။
ကျင့်နျဲန်၏ အမည်ရင်းမှာ ဆွေးထျင်အာဟုခေါ်တွင်ကာ လျိုမျိုးနွယ်စံအိမ်တော်၏ ကချေသည်မိန်းမပျိုတစ်ဦးဖြစ်သည်။ ရုပ်ရည်အားဖြင့် သူမတူအောင် ကျော့ရှင်းလှပနေသည်မျိုးမဟုတ်ပေမင့် ကပြဖျော်ဖြေရာတွင် အင်မတန်မှ ကျော့ရှင်းလှပကာ အမြင်အာရုံကို ညှို့ယူဖမ်းစားနိုင်လွန်းပေသည်။
ချူရှိန့်နှင့် လျိုကျင့်တာမှာ အတော်ပင်ရင်းနှီးကျွမ်းဝင်ကြသည်မို့ လျိုအိမ်တော်မှ ကျင်းပသော ဧည့်ခံပွဲများကို မကြာခဏ တက်ရောက်ဖြစ်သည်။ နောက်ဆုံးတော့ သူမကိုပါ ရွှေမြို့တော်သို့ အတူခေါ်လာသည့်ကိစ္စမှာ သိပ်ပြီးအံ့သြစရာ မဟုတ်တော့။
သို့သော် ဆွေးထျင်အာမှာ မျိုးရိုးနိမ့်မိသားစုမှ ပေါက်ဖွားခဲ့သည်မို့ ဒုတိယကြင်ယာတော်အဖြစ်ပင် တရားဝင်သတ်မှတ်ခြင်းမခံခဲ့ရ။ နောက်ပိုင်း ချူရှိန့်အား နန်ဟိုင်သို့ ပြည်နှင်ဒဏ်ပေးလာတော့ သူမ၏အဆင့်အတန်းအရ အပြစ်ဒဏ်မှကင်းလွတ်နိုင်သော်လည်း ချူရှိန့်အပေါ် မယ်ိုင်လဲသော ချစ်ခြင်းမေတ္တာမျိုးနှင်းအပ်ခဲ့သည်မို့ ခင်ပွန်းဖြစ်သူနှင့်အတူ နန်ဟိုင်အထိ လိုက်ပါသွားခဲ့သည်။
"ဒါဆိုရင် ဘာလို့ပြန်လာနေသေးလဲ"
ချူယွမ်မှ ထပ်မေးလာခြင်းဖြစ်သည်။
"နန်ဟိုင်ကို စစရောက်တုန်းကတော့ သူ့ကိုတကယ်ချစ်ပေးတဲ့အတွက်ဆိုပြီး ကျွန်တော်မျိုးမကို အတော်လေးကျေးဇူးတင်ခဲ့ ၊ အလေးပေးချစ်ခင်ခဲ့ရှာပါတယ်။ သမုဒ္ဒရာပြင်ဘက် ထွက်ပြေးသွားမယ့်အချိန်မှာတောင် ကျွန်တော်မျိုးမကိုပါ ခေါ်သွားဖို့ မမေ့ခဲ့ကြောင်းပါ။ နေရာအသစ်မှာ ဘဝအသစ် စနေရင်းနဲ့ ဘဝအခြေအနေ ပိုပြီးကောင်းလာတော့ သူလည်း နဂိုစရိုက်အတိုင်း ပိုပိုပြီးရက်စက်ကြမ်းကြုတ်လာတယ်။ တစ်နေ့တစ်နေ့ ကျွန်တော်မျိုးမကို ရိုက်ရင်ရိုက်၊ မရိုက်ဖြစ်ရင်တောင် ဆဲဆိုတိုင်းထွာတတ်ပါသေးတယ်။ ပြီးတော့ - "
"ပြီးတော့ ဘာဖြစ်သတဲ့လဲ"
" တာ့ချူကိုပြန်ပြီး အာဏာသိမ်းဖို့အထိတောင် ကြံစည်လာပါတယ်ဘုရား"
ကျင့်နျဲန်က ခြောက်သွေ့အက်ကွဲနေသော လေသံဖြင့် ဆက်ဆိုလာ၏။
"သူက သူ့အဆင့်အတန်းကို သေချာနားမလည်မှန်း ၊ ဘဝင်မြင့်နေမှန်း ကျွန်တော်မျိုးမ ကောင်းကောင်းကြီးသိပါတယ်။ ဒါပေမယ့် သူကတော့ အခြေအနေအမှန်ကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါဘူး။ တစ်နေ့တစ်နေ့ ဘေးနားမှာ မြှောက်ပင့်ကုန်းချောပေးနေတဲ့လူပါရှိနေတော့ သူလည်း ဘယ်မှာများ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တော့မှာလဲ။ နောက်ပိုင်းတော့ သူ့ရဲ့ ရူးသွပ်မှုတွေက ကုစရာဆေးတောင်မရှိလောက်အောင် တစ်နေ့တစ်ခြား ဆိုးရွားလာပါတယ်။ အဲ့ချိန်မှာတင် ကျွန်တော်မျိုးမလည်း ကလေးမီးဖွားပြီးတာနဲ့ သူ့ဆီကနေ ထွက်ပြေးလာခဲ့တာပါ။ ကျွန်တော်မျိုးမ သေရမှာ မကြောက်ပါဘူး၊ ဒါပေမယ့် သားငယ်လေးကသာ သူ့အဖေနဲ့ကြီးပြင်းလာရင် အခြေအမြစ်မရှိဘဲ ရက်စက်တတ်တဲ့လူကလေး ဖြစ်လာမှာစိုးလို့ပါဘုရား ။ ပြီးတော့ ရှောင်မာန့်ကို နောက်ဖြစ်လာမယ့် အရှုပ်အထွေးတွေထဲ ဝင်မပါစေချင်လို့ပါ"
"နန်ဟိုင်ကနေ ထွက်သွားတော့ မင်းတို့ဇနီးမောင်နှံ ဘယ်မှာသွားနေကြသေးလဲ"
ကျင့်နျဲန်က ခေါင်းခါလိုက်ကာ -
"သေချာမသိရကြောင်းပါဘုရား။ စီးလာတဲ့ သင်္ဘောက ထူထဲပိတ်သည်းနေတဲ့ မြူခိုးထုကြီးမှာ ဆယ်ရက်ကျော်ကြာကြာတောင် ရောက်နေလိုက်တာ နေ့ညတောင်မခွဲနိုင်ပါဘူး။ ကျွန်းပေါ်ရောက်ပြန်တော့ သူက ကျွန်တော်မျိုးမကို အပြင်ထွက်ခွင့် မပြုပါဘူး။ အဲ့ကျွန်းပေါ်က လူတွေက ထူးထူးဆန်းဆန်းပုံစံတွေ ဝတ်ဆင်ကြတယ်၊ အများစုကတော့ ပယောဂဆရာတွေလို ဝတ်ရုံနက်တွေပဲ ဝတ်ရုံထားပါတယ်"
နန်မော်ယဲ့မှာ ထိုစကားကိုကြားတော့ ချက်ချင်းပင် နှလုံးခုန်ရပ်သွားသလို ခံစားလိုက်ရ၏။
ထူထည်းလှတဲ့ မြူခိုးထု။
ဝတ်ရုံနက်ဝတ်ထားတဲ့ ပယောဂဆရာတွေ။
ဒါတွေအားလုံးက ဖေမျဲန့်ပြည်နဲ့ ဆက်စပ်နေတာမဟုတ်ဘူးလား။
ချူယွမ်နှုတ်ခမ်းထောင့်စွန်းတစ်ဖက် ကွေးညွှတ်သွား၏။ သို့သော် ဘာမှထပ်မပြော။
နန်မော်ယဲ့ကတော့ မျက်ဝန်းများနီရဲကာ မျက်ရည်များပင် အိုင်ထွန်းနေပြီဖြစ်၏။
မိမိခေါင်းကို မိမိ ခပ်ပြင်းပြင်းတစ်ချက်လောက် ရိုက်နှက်ပစ်လိုက်ချင်သည် ။ မဟုတ်သေး၊ နှစ်ချက်မျှ ရိုက်ပစ်လိုက်ရမလား။ ထျဲန်းချန်ရှားကို နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့ပြီးမှ မိမိတို့အနီးအနားတွင် ဖေမျဲန့်ပြည်မှလာသောသူရှိနေမှန်း လုံးဝမသိခဲ့၊ မေးမြန်းကြည့်ရကောင်းမှန်းလည်း မသိခဲ့။
ကံကြမ္မာကပဲ သူတို့အား လှည့်ဖျားပြက်ရယ် ပြုနေခဲ့လေသလား၊ ကံဆိုးမိုးမှောင်ကျလွန်းသည့် မိမိတပည့်ကျော်ကြီးအစား ခံပြင်းရမည်လား နန်မော်ယဲ့ သေချာမဝေခွဲနိုင်တော့။
*******
နန်ဟိုင်ပြည်လက်အောက်က လီကျင့်ပြည်တွင်ဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ရွှမ်မင်ဟန်ထျဲယ်ဓားကို သန့်ရှင်းသုတ်သင်နေစဥ် စစ်ကုန်းလွီ့က တံခါးဖွင့်ပြီး ဝင်လာ၏။ လက်ထဲတွင်လည်း အဝတ်လျှော်သစ်သားပြားကြီးပါ သယ်လာ၏။
"အဲ့ဟာကြီးယူပြန်ပြီး ဒူးသွားထောက်ဖို့လား"
သွမ့်ပိုင်ယွဲ့က လှမ်း၍ စနောက်လိုက်သည်။စစ်ကုန်းလွီ့မျက်နှာကတော့ သုန်မှုန်နေလျက်။
"ငါက ဘာကိစ္စ ဒီလိုပစ္စည်းမျိုးပေါ် ဒူးထောက်ရမှာလဲကွ"
"ဟုတ်ပ၊ သံချွန်စိုက်ထားတဲ့ သစ်သားပြားပေါ်မှာပဲ ဒူးထောက်တာပါနော့်"
သွမ့်ယောင်ကပါ ဝင်ရောက်စနောက်လာ၏။ သွမ့်ပိုင်ယွဲ့ကတော့ ရယ်ချင်စိတ်ကို မနည်းကျိတ်မှိတ်ထားနေသည်။
ဒီညီအစ်ကိုနှစ်ယောက်နှင့် စကားနာထိုးတိုင်း မိမိဘက်ကသာ ရှုံးနိမ့်နေသဖြင့် စစ်ကုန်းလွီ့လည်း ဘာဆိုဘာမှ ဆက်မပြောချင်တော့။ ထို့ကြောင့် လက်ဖက်ရည်တစ်ခွက်သာ ငှဲ့သောက်လိုက်သည်။
"စီးပွားရေးလာလုပ်တယ်လို့ အကြောင်းပြမှတော့ ငါတို့ဘက်က ဘာမှမလုပ်ဘဲ အေးဆေးနေလို့မရဘူး။ ဒီလီကျင့်ပြည်က သစ်သားနဲ့ပတ်သက်တဲ့ပစ္စည်းအစုံ ထုတ်တယ်လေ။ ရေချိုးဇလုံရော၊ ရေစည်ပိုင်းရော၊ အဝတ်လျှော်သစ်သားပြားရော စုံနေတာပဲ။ ငါ နေ့တစ်ပိုင်းလုံး ပစ္စည်းလိုက်ရွေးနေတာ၊ ဒါလေးကတော့ အပေါ့ဆုံးဟ"
"အင်း၊ ငါနဲ့ယောင်အာလည်း သတင်းသွားစုံစမ်းကြည့်တာ နည်းနည်းပါးပါးတော့ ရလာတယ်"
"အေး၊ ပြော"
စစ်ကုန်းလွီ့မှာ အတော်ပင် စိတ်ဝင်စားနေ၏။
"ရှင်းကျိုးကျွန်းပေါ်က အဲ့လူတွေ ဘယ်ကနေရောက်လာကြမှန်း ဘယ်သူကမှသေသေချာချာ မသိကြဘူး။ ဒီကလူတွေ ပြောသလောက်တော့ သူတို့သင်္ဘောက မြောက်အရပ်ကနေ စုန်ဆင်းလာခဲ့တာ၊ မြူခိုးထု အထူကြီးကို ဖြတ်သန်းလာခဲ့ရတာတဲ့။ ဒါပေမယ့် လမ်းမှာ မုန်တိုင်းမိသွားတော့ စားနပ်ရိက္ခာမလောက်တာနဲ့ ပါလာတဲ့ဆေးပင်ဆေးမြစ်တွေနဲ့ အစားအသောက်တွေကို အလဲအလှယ်လာလုပ်သေးတယ်တဲ့ "
"မြောက်အရပ်ကနေလာတယ်....မြူခိုးထုအထူကြီး....ဆေးပင်ဆေးမြစ်တွေ....ပြီးတော့ နယ်နိမိတ်ကလည်း ကျယ်ဝန်းတယ်"
စစ်ကုန်းလွီ့က နှုတ်ခမ်းထော်ရင်း ဆက်လက်ရေရွတ်နေ၏။
"ဖေမျဲန့်ပြည်ကလာတာပဲဖြစ်ရမယ် ဆိုတာကလွဲရင် တခြားဘာကိုမှ ငါမတွေးမိဘူး။ အေးကွာ၊ မင်းကတော့ ကောင်းကင်ဘုံကြီးကတောင် လက်ကမ်းကူညီပေးရတဲ့ အကောင်ပဲကွ။ ဟိုချူရှိန့်ဆိုတဲ့အကောင်ကလည်း နေစရာရှားလို့ တခြားမှာသွားမနေဘဲ အဲ့နေရာကိုမှ ရွေးပြီးသွားနေရတယ်လို့"
သွမ့်ယောင်ကပါ ဝင်ပြောလာသည်။
"ဒါပေမယ့် အဲ့ကျွန်းပေါ် ဘယ်လိုတက်သွားကြရမှာလဲ။ နောင်တော်လတ်က သူ့အပေါင်းအပါတွေနဲ့အတူတူ နှစ်တစ်ဝက်လောက် သင်္ဘောလွှင့်ပြီး ပတ်ရှာနေခဲ့တာတောင် ဖေမျဲန့်ပြည်ရဲ့တည်နေရာကို ရှာမတွေ့ခဲ့ဘူးလေ။ နှစ်ရက်သုံးရက်လောက်ပဲ အချိန်ယူရမယ့်ကိစ္စဆို လှေဝမ်းအောက်ကနေ ခိုးပြီး လိုက်သွားလို့ ဖြစ်သေးတယ်။ ဒါပေမယ့် ဒီကနေ ဖေမျဲန့်ပြည်ကိုသွားတာ လချီပြီးကြာမှာဆိုတော့ ကိုယ်ယောင်ဖျောက်ပြီးသွားရုံနဲ့ မရလောက်ဘူးဗျ"
"အဲ့တော့လည်း ဝံ့ဝံ့ကြွားကြွား ခန့်ခန့်ညားညားတက်သွားလို့ရတဲ့ နည်းလမ်းမျိုး ရှာကြတာပေါ့ကွ"
စစ်ကုန်းလွီ့၏ စကားကို သွမ့်ယောင်နားမလည်။ စစ်ကုန်းလွီ့က ဆက်ဆိုသည်။
"ဒီမြို့မှာ ရှင်းကျိုးကျွန်းနဲ့ အဆက်အသွယ်ရှိတဲ့ နေရာတစ်ခုရှိတယ်လို့ ပြောနေကြတယ်"
"ဘယ်နေရာလဲ"
"မင်းကိုပြောလိုက်ရင်လည်း မယုံဘူးဖြစ်နေဦးမယ်။ ဒါပေမယ့် လောကကြီးမှာ တကယ်တိုက်ဆိုင်နေတာတွေ အများကြီးပဲကွ၊ ငါလည်း စောနကမှ သိလာတာ။ ဒီမြို့မှာ ရှောင်ဖေးလွမ်(ဖေးလွမ်မြိုင်နန်းငယ်)လို့ ခေါ်တဲ့နေရာရှိတယ်"
"ဟားဟား၊ ကျင့်လျိုဟွီ......."
သွမ့်ပိုင်ယွဲ့ မရယ်ဘဲမနေနိုင်တော့။ ထို့နောက် ဆက်ဆို၏။
"အေး၊ ငါတို့လက်ထဲကို အရောက်ပို့နေသလိုပဲကွ။ သူ့ကို သူ့အစ်ကိုကျင့်လျိုထျဲန်းဆီ ဖမ်းပြီးပြန်မပို့ခင် ငါတို့အတွက် အကျိုးအမြတ်ရအောင် အရင် အသုံးချသင့်တယ်"
"အေး၊ ကောင်းတယ်"
သွမ့်ပိုင်ယွဲ့လည်း လိုလိုလားလားပင်သဘောတူလိုက်၏။
******
လီကျင့်ပြည်၏ အဆောက်အဦးများမှာ တောင်ပိုင်းပြည်နယ်များ၏ ဗိသုကာလက်ရာများဖြစ်နေကာ ကိုယ်ပိုင်ဟန်အပြည့် ရှိကြသည်။ ရှောင်ဖေးလွမ်ခေါ် ဖေးလွမ်မြိုင်နန်းငယ်မှာကား အနက်ရောင် အုတ်နံရံ၊ မီးခိုးရောင် အမိုး ၊ ပန်းကနုတ်များ ထုထွင်းထားသော လေသာဆောင်တို့ ရှိနေပြီး တာ့ချူရှိ ကျန်းနန်မြို့၏ ဗိသုကာလက်ရာများဖြစ်နေသည်။ ထို့ကြောင့် အခြားသောအဆောက်အအုံများကြား ထင်ရှားပေါ်လွင်လှပေသည်။
ဖေးလွမ်မြိုင်နန်း၏ ဂုဏ်သတင်းမှာလည်း တာ့ချူအနှံ့ ကျော်ဇောမွှေးပျံ့နေလေရာ ရှောင်ဖေးလွမ်၏သခင်သည်လည်း ဖေးလွမ်မြိုင်နန်းသခင်နှင့် ညီအစ်ကိုအရင်းတော်စပ်ကြသည်ဟု အများသူငှာ သိနေကြတော့ မြိုင်နန်းငယ်၏စီးပွားလုပ်ငန်းမှာ ပိုလို့ပင် အဆင်ပြေတိုးတက်နေခဲ့သည်။
ကျင့်လျိုဟွီမှာ သူ၏ထိုင်ခုံတွင် အကျအန ဇိမ်ပြေနပြေထိုင်ကာ သူ့ရှေ့တွင် နွဲ့နှောင်းစွာကပြနေသော ကချေသည်လေးများ၏ အလှအား ခံစားကြည့်ရှုနေ၏။ ဤနေရာဒေသမှာ တာ့ချူမှ လွန်စွာဝေးကွာလေရာ အစ်ကိုဖြစ်သူက မိမိအား ရှာတွေ့မည်ကို သူ လုံးဝမပူပင်ခဲ့။ ထို့ကြောင့်လည်း ဖေးလွမ်မြိုင်နန်း၏ ဂုဏ်သတင်းကို လုံးဝရှောင်လွှဲငြင်းပယ်ခြင်းမရှိဘဲ ပေါ်တင်သာ အလွဲသုံးစားပြုလို့ရနေသည်။ ဝင်ငွေများစွာလည်း ရသေး၊ မိမိအား တရားချဆုံးမမည့်သူလည်း မရှိတော့သည်မို့ အရှင်လတ်လတ် နတ်ပြည်ရောက်နေသည့်ပမာ ပျော်ပါးမွေ့လျော်ရပေ၏။
အစေခံကောင်လေးက အပေါ်ထပ်သို့ ခပ်သော့သော့ပြေးတက်လာကာ ဧည့်သည်များရောက်နေကြောင်း အကြောင်းကြားလာ၏။
ကျင့်လျိုဟွီလည်း ထရပ်လိုက်ကာ ထိုကချေသည်ပျိုမယ်များအား ခဏရှောင်ထွက်သွားဖို့ အချက်ပြလိုက်သည်။
စစ်ကုန်းလွီ့က တံခါးဖွင့်ပြီးဝင်လာသည်။
သူ့နောက်မှာ လိုက်ပါလာသော နောက်တစ်ယောက်ကတော့ ငွေရောင်မျက်နှာဖုံးစွပ်ထားသော လုလင်ပျိုတစ်ယောက်။
"လူကြီးမင်းတို့ မေးမြန်းစုံစမ်းလိုတဲ့ကိစ္စ ရှိလို့ပါလားခင်ဗျာ"
ကျင့်လျိုဟွီက နှုတ်ဆက်စကားဆိုလာ၏။
"မှန်ပါတယ်ဗျာ။ မြိုင်နန်းသခင်ကို အားကိုးအားထားပြုရပါတော့မယ်"
စစ်ကုန်းလွီ့က ရိုကျိုးစွာဆိုလာ၏။ ကျင့်လျိုဟွီက ပြုံးလိုက်ကာ အစေခံများအား လက်ဖက်ရည် ယူလာခိုင်းစေပြီး -
"ကိစ္စမရှိပါဘူးဗျာ၊ ဒါနဲ့ ဘယ်ကိစ္စကိုများ စုံစမ်းလိုပါသလဲ"
"မဖုံးမကွယ်ဘဲ ပြောပါရစေ။ ဒီကိုလာတာ ကျွန်တော့်အတွက်မဟုတ်ပါဘူး ၊ ဒီက ညီနောင်လေးအတွက် ဖြစ်နေပါတယ်။ သူက အခုမှ ဇာတိမြေကနေ ထွက်ခွာလာပြီး ဒီမှာ အခြေချဖို့ အသက်မွေးဝမ်းကျောင်းအလုပ်လေး ရချင်လို့ပါတဲ့ ။ မြိုင်နန်းသခင်ကျင့်က အဆက်အသွယ်အများကြီး ရှိတယ်ကြားလို့ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး အားနာနာနဲ့ လာရောက်တောင်းဆိုတာပါ"
ကျင့်လျိုဟွီက ခေါင်းခါပြသည်။
"ငွေရတဲ့အလုပ်မျိုးဆိုတာ ပေါပါသဘိနဲ့ ၊ ဒီလိုတောင်းဆိုတာမျိုးက နယ်ပယ်အားဖြင့် ကျယ်ပြောလွန်းတယ်။ အနည်းဆုံးတော့ ဘယ်လိုအလုပ်မျိုးလုပ်ချင်တယ်ဆိုတာ ပြောပေမှ ကျွန်တော်လည်း ညွှန်းပေးရတာ လွယ်မယ်မဟုတ်လား။ ဒီလိုဆိုမှ လူတိုင်းအတွက် ပိုအဆင်ပြေတာပေါ့"
"ကျွန်တော်တို့လည်း အတော်ကြာကြာလေး စုံစမ်းကြည့်ခဲ့ပါပြီ။ လုပ်ငန်းသေးသေးမွှားမွှားလေးတွေက စုမိဆောင်းမိဖို့ အတော်ကြာတာမို့ မလုပ်ချင်ပြန်ဘူး။ အခုတစ်လော ရှင်းကျိုးကျွန်းကို သစ်ပစ္စည်းတွေပို့မယ် ၊ သင်္ဘောလည်းထွက်တော့မယ်လို့ ကြားတယ်။ အတော်လေး အမြတ်အစွန်းရမယ့်ပုံပဲ။ သူ့ကို အကျိုးအမြတ်ဝေမျှနိုင်ဖို့ အဲ့အလုပ်နဲ့ ချိတ်ဆက်ပေးရင်ကော - "
"ရှင်းကျိုးကျွန်းနဲ့ ကုန်သွယ်ဖို့လား၊ ဒါတော့မဖြစ်နိုင်ပါဘူး"
"ဘာကြောင့်လဲ"
သွမ့်ပိုင်ယွဲ့ကပါ မေးလာ၏။
"ရှင်းကျိုးကျွန်းပိုင်ရှင်က သူစိမ်းတရံတွေနဲ့ စီးပွားရေးမလုပ်ဘူး။ တာ့ချူသားတွေနဲ့ဆိုလည်း ကုန်သွယ်စီးပွားမလုပ်ပါဘူး"
"တာ့ချူရဲ့ စီးပွားရေးအင်အားက အရမ်းတောင့်တင်းတာပဲမဟုတ်လား၊ ဘာလို့ ကုန်သွယ်ရေးမလုပ်ကြတာလဲ"
"ဒီကိစ္စတော့ အသေးစိတ်ပြောပြလို့မရရိုးအမှန်ပါခင်ဗျာ"
စစ်ကုန်းလွီ့က ထပ်မေးကြည့်၏။
"လူရင်းတွေတောင် မရဘူးလားဗျာ။ ရှင်းကျိုးကျွန်းပိုင်ရှင်လည်း တာ့ချူကို မကြိုက်သလို ကျွန်တော့်ရဲ့ညီနောင်ကလည်း တာ့ချူရဲ့ နိုင်ထက်စီးနင်းပြုမှုတွေကို ခံခဲ့ရတာပါ။ အိမ်ရှိရဲ့သားနဲ့ ပြန်သွားလို့လည်း မရဘူး၊ ကျွန်တော့်ဆီမှာလည်း အကြာကြီး မှီခိုမနေချင်ဘူးတဲ့လေ။ ဘဝကို လေလွင့်ရင်း ကုန်ဆုံးစေတာမျိုးလည်း မဖြစ်စေချင်တော့ ဘယ်လောက်ပဲပင်ပန်းတဲ့အလုပ်မျိုးပဲဖြစ်ဖြစ် သူ လုပ်ရမှာ မကြောက်ပါဘူး။ ကိုယ့်အစွမ်းနဲ့ကိုယ် ရပ်တည်မယ်ဆိုပြီး နန်ယန်ကို ဆင်းလာခဲ့တာ၊ သူလိုအပ်တဲ့ အရင်းအနှီးမှန်သမျှ ကျွန်တော့်ဆီမှာ ရှိပြီးသားပါ။ ပြီးတော့ သူ့သိုင်းပညာအဆင့်က အတော်လေးမြင့်တာမို့ သိုင်းလောကထဲမှာသာ ကျင်လည်နေရင် ထိပ်တန်းပညာရှင်ဖြစ်နေမှာပဲ၊ သူ့ကို အလုပ်ခန့်လိုက်ရင် ခိုးသားဓားပြတွေရဲ့ရန်ကို ကြောက်နေစရာမလိုတော့ဘူးပေါ့"
"သိုင်းပညာအဆင့် မြင့်မားတယ်ဟုတ်လား၊ ဘယ်လောက်တောင် မြင့်တာလဲ"
ကျင့်လျိုဟွီမှာ ချက်ချင်းပင် စိတ်ဝင်စားလာ၏။
"ရန်သူတစ်ရာနဲ့ တစ်ယောက်နှုန်း ယှဥ်ပြိုင်နိုင်ပါတယ်"
သွမ့်ပိုင်ယွဲ့က ထိုသို့ဖြေလာတော့ ကျင့်လျိုဟွီ သံသယဝင်သွားသည်။
"ဒါပေမယ့် သိုင်းလောကမှာ ဒီကမိတ်ဆွေရဲ့အကြောင်း ကျွန်တော် မကြားဖူးပါဘူး"
"သိုင်းပညာအဆင့် နိမ့်တယ်မြင့်တယ်ဆိုတာ လက်တွေ့စစ်ဆေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ စက္ကူတစ်ရွက် မှတ်တမ်းတစ်ခုလောက်ကို ယုံကြည်ကိုးစားဖို့ မသင့်တော်ပါဘူး"
"မျက်နှာဖုံးကရော ဘာလို့တပ်ထားတာလဲ"
ကျင့်လျိုဟွီ၏ အမေးကို ဘေးနားရှိ စစ်ကုန်းလွီ့က ဖြေပေးလာသည်။
"ရန်သူ့လက်ချက်ကြောင့် ရုပ်ဆင်းအင်္ဂါပျက်ယွင်းသွားလို့ပါဗျာ။ အတိတ်က စိတ်နာစရာကိစ္စတွေကို အစမဖော်ဘဲနေကြစို့လား"
ကျင့်လျိုဟွီက ခေတ္တမျှ တွေးလိုက်ကာ ဆက်ပြောလာ၏။
"ကူးသန်းရောင်းဝယ်ရေးလုပ်ချင်လို့ မရပေမယ့် တခြားအလုပ်တစ်ခုတော့ရှိသေးတယ်။ ပြီးတော့ ရှင်းကျိုးကျွန်းနဲ့လည်း ဆက်စပ်မှုရှိတယ်။ အရေးအကြီးဆုံးအချက်ကတော့ ကုန်သွယ်ရေးလုပ်ငန်းထက် လုံးဝ အခကြေးငွေ မနည်းစေရဘူး"
"ဟုတ်လား၊ ဘယ်လိုအလုပ်မျိုးလဲ"
"လေ့ကျင့်ရေးနည်းပြ"
စစ်ကုန်းလွီ့က ဝမ်းသာအားရ ပေါင်ကိုပုတ်လိုက်ကာ -
"သြ၊ နည်းပြဆိုလည်း ကောင်းတာပဲဗျ။ ဒါပေမယ့် ဒီညီနောင်လေးက တကယ်ချရင် အတိုင်းအဆတွေ နားမလည်ဘူး။ လူ တကယ်သေသွားရင် ဘယ်နှယ့်လုပ်ကြမလဲ"
ကျင့်လျိုဟွီကတော့ စိတ်အေးလက်အေးပင်ဖြေလာသည်။
"စစ်ရေးလေ့ကျင့်နေချိန် အရိုက်ခံရလို့ လေ့ကျင့်ရေးဒဏ်မခံနိုင်လို့ သေသွားတယ်ဆိုတာ အသုံးမကျတဲ့ကောင်တွေမှ ဖြစ်သွားတာလေ ။ အသုံးမကျတဲ့ကောင်တွေ သေသွားတော့လည်း ဘာများနှမြောစရာရှိလို့လဲ။ ဒါပေမယ့် အရင်ဦးဆုံး ဒီကညီနောင်ရဲ့ သိုင်းပညာအဆင့်ကို စမ်းသပ်ကြည့်ရမယ်"
"ဟုတ်၊ ရပါတယ်"
"ဟုတ်သားပဲ၊ စကားပြောလာတာ ကြာတောင်ကြာနေပြီ။ အသင်တို့နှစ်ယောက်ရဲ့ အမည်နာမကို ဘယ်လိုခေါ်ရမလဲ"
"အားနာတတ်လွန်းရန်ကော၊ မြိုင်နန်းသခင်ရယ် ။ ကျွန်တော့်နာမည်ကတော့ စစ်ကုန်းလွီ့ပါ၊ ဝမ့်ရှီးကျိုးမျိုးနွယ်ရဲ့ ဆက်ခံသူသခင်လေးပဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီက သွေးသောက်ညီနောင်ကတော့ အရင်နာမည်ကို မပြောပြရရင် ပိုကောင်းပါ့မယ်။ အခု ရုပ်အသစ် ခန္ဓာအသစ်နဲ့ ဘဝသစ်ပြန်စတော့မှာဆိုတော့ နားဝင်ချိုတဲ့ နာမည်ကောင်းကောင်းလေး မှည့်ခေါ်ထားရမှာပဲ။ သူ့ကို ဝမ်ဖူ့ကွေ့လို့ မြိုင်နန်းသခင် ခေါ်လို့ရပါတယ်"
ကျင့်လျိုဟွီက ခေတ္တမျှ တုံ့ဆိုင်းသွားကာ သွမ့်ပိုင်ယွဲ့အား နှုတ်ခွန်းဆက်လိုက်၏။
"နောင်တော်ဝမ်"
"မဝံ့ရဲကြောင်းပါခင်ဗျာ"
သွမ့်ပိုင်ယွဲ့လည်း အတော်ပင် တည်ငြိမ်နေ၏။ စစ်ကုန်းလွီ့ကတော့ ဘေးနားတွင် လက်နှစ်ဖက်ယှက်နေကာ မျက်နှာထက်မှာတော့ ပြုံးပန်းဝေဆာနေလျက်။
******
ချိန်းဆိုထားသောရက်မှာ နောက်သုံးရက်မြောက်နေ့ဖြစ်သည်။ သွမ့်ပိုင်ယွဲ့နှင့် စစ်ကုန်းလွီ့တို့ ရောက်လာချိန်တွင် ကျင့်လျိုဟွီလည်း ရောက်နှင့်နေပြီဖြစ်သည်။ သူ့ဘေးနားမှာတော့ လူနောက်တစ်ယောက် ရောက်လာ၏၊ ထိုသူကား ချူရှိန့်ပင်ဖြစ်သည်။
"ရှင်းကျိုးကျွန်းပိုင်ရှင်ဆိုတာ အသင်ပေကိုး"
စစ်ကုန်းလွီ့က ချီးကျူးသံစွက်ကာ နှုတ်ခွန်းဆက်လာ၏။
"အများတကာထက် ပိုပြီးချောမောခန့်ညား ထင်ရှားပေါ်လွင်နေတာ အမှန်ပဲ။ နောက်ပိုင်း ကျွန်တော့်ရဲ့ သွေးသောက်ညီနောင်သာ အသင့်နောက် လိုက်ပါဆည်းကပ်ခွင့်ရမယ်ဆိုရင် သူ့ကို သေချာလေး ဆုံးမပဲ့ပြင်ပေးပါဦးခင်ဗျာ"
ချူရှိန့်လည်း အလိုက်တသင့် ပြန်ဖြေလာသည်။
"ရပါတယ်၊ အချင်းချင်းတွေမို့ သိပ်ပြီးတော့ ဂုဏ်ဒြပ်တွေမထားပါနဲ့။ အစွမ်းအစရှိတဲ့လူမှန်လို့ ကျွန်တော့်နောက်လိုက်ဖြစ်လာခဲ့ရင် ဘယ်သူကမှ သူ့ကိုအနိုင်လာပိုင်းရဲမှာမဟုတ်ပါဘူး"
"ဘယ်သူနဲ့ ပညာယှဥ်ပြိုင်ရမှာလဲ"
သွမ့်ပိုင်ယွဲ့က လိုရင်းကိုသာ မေးလာသည်။
"လူနဲ့ပြိုင်ရမှာ မဟုတ်ဘူး"
ချူရှိန့်က ပြောပြောဆိုဆို ဘေးနားရှိ ကျောက်ဆောင်ကြီး၏ တစ်နေရာကို တွန်းလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် အက်ကြောင်းရာ တစ်ခု ပေါ်ထွက်လာ၏။
စစ်ကုန်းလွီ့က ကျင့်လျိုဟွီကို တီးတိုးမေးမြန်းလာသည်။
"သူ့ကို သရဲနဲ့ ပြိုင်ခိုင်းမလို့လား"
မဟုတ်ရင် ဘာလို့များ မြေအောက်ထဲထိ ဆင်းသွားခိုင်းတာတုန်း။
"ဆင်းသွားကြည့်ရင် သိမှာပေါ့"
ကျင့်လျိုဟွီက ခပ်ရေးရေးပြုံးပြလိုက်သည်။ လျှို့ဝှက်ချက်များ စွက်နေသော အပြုံးမျိုးပင်။
သွမ့်ပိုင်ယွဲ့ကတော့ ခုန်ဆင်းသွားလေပြီ၊ တစ်ခဏအတွင်း မြေပြင်ပေါ် ခြေချလိုက်သည့်အသံကို ကြားလိုက်သဖြင့် အောက်တွင် သိပ်တော့မနက်လှကြောင်း သိနိုင်ပေသည်။
ထို့နောက် ကျန်သောသူများကလည်း လျှို့ဝှက်မြေအောက်ခန်းထဲသို့ လိုက်ပါခုန်ဆင်းလာကြသည်။ မြေအောက်ခန်းနံရံတစ်လျှောက်တွင် အလင်းရောင်ရရန် ညဥ့်ပုလဲများဖြင့် စီရီထားသဖြင့် အတော်ပင် လှပပေသည်။ ခဏကြာတော့ အတော်ပင်ကျယ်ဝန်းသော ကွင်းပြင်အလွတ်ကြီးတစ်ခုကိုတွေ့ရသည်၊ ထိုကွင်းပြင်တွင် ဆယ်ပေမျှမြင့်မားသော ကြေးနီရုပ်တုကြီးများကို သေချာ သပ်ရပ်စွာ စီတန်းထား၏။
ဤအရာက....
ရှစ်ခွင်တိုင်းယန္တရားပင်မဟုတ်လား။
*******
2020.09.29
Note : အဝတ်လျှော်သစ်သားပြားဆိုပေမယ့် အလယ်မှာ အမြောင်းတွေနဲ့ပါ။ ဇနီးဖြစ်တဲ့လူက အိမ်ထောင်ဦးစီးကြီးကို ဝန်ခံခိုင်းစရာ၊ အပြစ်ပေးစရာရှိရင် အဲ့ပေါ်ဒူးထောက်ခိုင်းတတ်ပါတယ်။ အတော်တော့နာမှာပဲ။
တစ်နည်းအားဖြင့် ကြင်သူသက်ထားကို ဦးထိပ်ထားတဲ့ လင်ယောကျ်ား( မယက)တွေကို စနောက်ဖို့လည်း သုံးပါတယ်တဲ့။ စစ်ကုန်းလွီ့တို့၊ သွမ့်ပိုင်ယွဲ့တို့လိုပေါ့။
*******
အခန္း - ၈၂ (ရင္းႏွီးေနေသာ ယႏၲရားလွည့္ကြက္)
[အားမစိုက္ရဘဲ အလိုလို ရလာတယ္]
ခ်ူရိွန္႔ ....?
နန္ေမာ္ယဲ့လည္း ခ်ူယြမ့္စကားကို ၾကားလိုက္ေတာ့ မ်က္လံုးျပဴးသြားရ၏။
က်င့္န်ဲန္ကေတာ့ ႏႈတ္ခမ္းမ်ားပါ ျဖဴေဖ်ာ့တုန္ယင္ေနကာ အတန္ၾကာမွ ျဖည္းျဖည္းခ်င္း ဝန္ခံထြက္ဆိုလာ၏။
က်င့္န်ဲန္၏ အမည္ရင္းမွာ ေဆြးထ်င္အာဟုေခၚတြင္ကာ လ်ိဳမ်ိဳးႏြယ္စံအိမ္ေတာ္၏ ကေခ်သည္မိန္းမပ်ိဳတစ္ၪီးျဖစ္သည္။ ရုပ္ရည္အားျဖင့္ သူမတူေအာင္ ေက်ာ့ရွင္းလွပေနသည္မ်ိဳးမဟုတ္ေပမင့္ ကျပေဖ်ာ္ေျဖရာတြင္ အင္မတန္မွ ေက်ာ့ရွင္းလွပကာ အျမင္အာရံုကို ၫွို႔ယူဖမ္းစားႏိုင္လြန္းေပသည္။
ခ်ူရိွန္႔ႏွင့္ လ်ိဳက်င့္တာမွာ အေတာ္ပင္ရင္းႏွီးကြၽမ္းဝင္ၾကသည္မို႔ လ်ိဳအိမ္ေတာ္မွ က်င္းပေသာ ဧည့္ခံပြဲမ်ားကို မၾကာခဏ တက္ေရာက္ျဖစ္သည္။ ေနာက္ဆံုးေတာ့ သူမကိုပါ ေရႊၿမိဳ႔ေတာ္သို႔ အတူေခၚလာသည့္ကိစၥမွာ သိပ္ၿပီးအံ့ၾသစရာ မဟုတ္ေတာ့။
သို႔ေသာ္ ေဆြးထ်င္အာမွာ မ်ိဳးရိုးနိမ့္မိသားစုမွ ေပါက္ဖြားခဲ့သည္မို႔ ဒုတိယၾကင္ယာေတာ္အျဖစ္ပင္ တရားဝင္သတ္မွတ္ျခင္းမခံခဲ့ရ။ ေနာက္ပိုင္း ခ်ူရိွန္႔အား နန္ဟိုင္သို႔ ျပည္ႏွင္ဒဏ္ေပးလာေတာ့ သူမ၏အဆင့္အတန္းအရ အျပစ္ဒဏ္မွကင္းလြတ္ႏိုင္ေသာ္လည္း ခ်ူရိွန္႔အေပၚ မယ္ိုင္လဲေသာ ခ်စ္ျခင္းေမတၲာမ်ိဳးႏွင္းအပ္ခဲ့သည္မို႔ ခင္ပြန္းျဖစ္သူႏွင့္အတူ နန္ဟိုင္အထိ လိုက္ပါသြားခဲ့သည္။
"ဒါဆိုရင္ ဘာလို႔ျပန္လာေနေသးလဲ"
ခ်ူယြမ္မွ ထပ္ေမးလာျခင္းျဖစ္သည္။
"နန္ဟိုင္ကို စစေရာက္တုန္းကေတာ့ သူ႔ကိုတကယ္ခ်စ္ေပးတဲ့အတြက္ဆိုၿပီး ကြၽန္ေတာ္မ်ိဳးမကို အေတာ္ေလးေက်းဇူးတင္ခဲ့ ၊ အေလးေပးခ်စ္ခင္ခဲ့ရွာပါတယ္။ သမုဒၵရာျပင္ဘက္ ထြက္ေျပးသြားမယ့္အခ်ိန္မွာေတာင္ ကြၽန္ေတာ္မ်ိဳးမကိုပါ ေခၚသြားဖို႔ မေမ့ခဲ့ေၾကာင္းပါ။ ေနရာအသစ္မွာ ဘဝအသစ္ စေနရင္းနဲ႔ ဘဝအေျခအေန ပိုၿပီးေကာင္းလာေတာ့ သူလည္း နဂိုစရိုက္အတိုင္း ပိုပိုၿပီးရက္စက္ၾကမ္းၾကဳတ္လာတယ္။ တစ္ေန့တစ္ေန့ ကြၽန္ေတာ္မ်ိဳးမကို ရိုက္ရင္ရိုက္၊ မရိုက္ျဖစ္ရင္ေတာင္ ဆဲဆိုတိုင္းထြာတတ္ပါေသးတယ္။ ၿပီးေတာ့ - "
"ၿပီးေတာ့ ဘာျဖစ္သတဲ့လဲ"
" တာ့ခ်ူကိုျပန္ၿပီး အာဏာသိမ္းဖို႔အထိေတာင္ ႀကံစည္လာပါတယ္ဘုရား"
က်င့္န်ဲန္က ေျခာက္ေသြ့အက္ကြဲေနေသာ ေလသံျဖင့္ ဆက္ဆိုလာ၏။
"သူက သူ႔အဆင့္အတန္းကို ေသခ်ာနားမလည္မွန္း ၊ ဘဝင္ျမင့္ေနမွန္း ကြၽန္ေတာ္မ်ိဳးမ ေကာင္းေကာင္းႀကီးသိပါတယ္။ ဒါေပမယ့္ သူကေတာ့ အေျခအေနအမွန္ကို ရွင္းရွင္းလင္းလင္း နားမလည္ခဲ့ပါဘူး။ တစ္ေန့တစ္ေန့ ေဘးနားမွာ ေျမႇာက္ပင့္ကုန္းေခ်ာေပးေနတဲ့လူပါရိွေနေတာ့ သူလည္း ဘယ္မွာမ်ား ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနႏိုင္ေတာ့မွာလဲ။ ေနာက္ပိုင္းေတာ့ သူ႔ရဲ့ ရူးသြပ္မႈေတြက ကုစရာေဆးေတာင္မရိွေလာက္ေအာင္ တစ္ေန့တစ္ျခား ဆိုးရြားလာပါတယ္။ အဲ့ခ်ိန္မွာတင္ ကြၽန္ေတာ္မ်ိဳးမလည္း ကေလးမီးဖြားၿပီးတာနဲ႔ သူ႔ဆီကေန ထြက္ေျပးလာခဲ့တာပါ။ ကြၽန္ေတာ္မ်ိဳးမ ေသရမွာ မေၾကာက္ပါဘူး၊ ဒါေပမယ့္ သားငယ္ေလးကသာ သူ႔အေဖနဲ႔ႀကီးျပင္းလာရင္ အေျခအျမစ္မရိွဘဲ ရက္စက္တတ္တဲ့လူကေလး ျဖစ္လာမွာစိုးလို႔ပါဘုရား ။ ၿပီးေတာ့ ေရွာင္မာန္႔ကို ေနာက္ျဖစ္လာမယ့္ အရႈပ္အေထြးေတြထဲ ဝင္မပါေစခ်င္လို႔ပါ"
"နန္ဟိုင္ကေန ထြက္သြားေတာ့ မင္းတို႔ဇနီးေမာင္ႏွံ ဘယ္မွာသြားေနၾကေသးလဲ"
က်င့္န်ဲန္က ေခါင္းခါလိုက္ကာ -
"ေသခ်ာမသိရေၾကာင္းပါဘုရား။ စီးလာတဲ့ သေဘၤာက ထူထဲပိတ္သည္းေနတဲ့ ျမဴခိုးထုႀကီးမွာ ဆယ္ရက္ေက်ာ္ၾကာၾကာေတာင္ ေရာက္ေနလိုက္တာ ေန့ညေတာင္မခြဲႏိုင္ပါဘူး။ ကြၽန္းေပၚေရာက္ျပန္ေတာ့ သူက ကြၽန္ေတာ္မ်ိဳးမကို အျပင္ထြက္ခြင့္ မျပဳပါဘူး။ အဲ့ကြၽန္းေပၚက လူေတြက ထူးထူးဆန္းဆန္းပံုစံေတြ ဝတ္ဆင္ၾကတယ္၊ အမ်ားစုကေတာ့ ပေယာဂဆရာေတြလို ဝတ္ရံုနက္ေတြပဲ ဝတ္ရံုထားပါတယ္"
နန္ေမာ္ယဲ့မွာ ထိုစကားကိုၾကားေတာ့ ခ်က္ခ်င္းပင္ ႏွလံုးခုန္ရပ္သြားသလို ခံစားလိုက္ရ၏။
ထူထည္းလွတဲ့ ျမဴခိုးထု။
ဝတ္ရံုနက္ဝတ္ထားတဲ့ ပေယာဂဆရာေတြ။
ဒါေတြအားလံုးက ေဖမ်ဲန္႔ျပည္နဲ႔ ဆက္စပ္ေနတာမဟုတ္ဘူးလား။
ခ်ူယြမ္ႏႈတ္ခမ္းေထာင့္စြန္းတစ္ဖက္ ေကြးၫႊတ္သြား၏။ သို႔ေသာ္ ဘာမွထပ္မေျပာ။
နန္ေမာ္ယဲ့ကေတာ့ မ်က္ဝန္းမ်ားနီရဲကာ မ်က္ရည္မ်ားပင္ အိုင္ထြန္းေနၿပီျဖစ္၏။
မိမိေခါင္းကို မိမိ ခပ္ျပင္းျပင္းတစ္ခ်က္ေလာက္ ရိုက္ႏွက္ပစ္လိုက္ခ်င္သည္ ။ မဟုတ္ေသး၊ ႏွစ္ခ်က္မ်ွ ရိုက္ပစ္လိုက္ရမလား။ ထ်ဲန္းခ်န္ရွားကို ႏွစ္ေပါင္းမ်ားစြာ ရွာေဖြေနခဲ့ၿပီးမွ မိမိတို႔အနီးအနားတြင္ ေဖမ်ဲန္႔ျပည္မွလာေသာသူရိွေနမွန္း လံုးဝမသိခဲ့၊ ေမးျမန္းၾကည့္ရေကာင္းမွန္းလည္း မသိခဲ့။
ကံၾကမၼာကပဲ သူတို႔အား လွည့္ဖ်ားျပက္ရယ္ ျပဳေနခဲ့ေလသလား၊ ကံဆိုးမိုးေမွာင္က်လြန္းသည့္ မိမိတပည့္ေက်ာ္ႀကီးအစား ခံျပင္းရမည္လား နန္ေမာ္ယဲ့ ေသခ်ာမေဝခြဲႏိုင္ေတာ့။
*******
နန္ဟိုင္ျပည္လက္ေအာက္က လီက်င့္ျပည္တြင္ျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ရႊမ္မင္ဟန္ထ်ဲယ္ဓားကို သန္႔ရွင္းသုတ္သင္ေနစဥ္ စစ္ကုန္းလြီ႔က တံခါးဖြင့္ၿပီး ဝင္လာ၏။ လက္ထဲတြင္လည္း အဝတ္ေလ်ွာ္သစ္သားျပားႀကီးပါ သယ္လာ၏။
"အဲ့ဟာႀကီးယူျပန္ၿပီး ဒူးသြားေထာက္ဖို႔လား"
သြမ့္ပိုင္ယြဲ႔က လွမ္း၍ စေနာက္လိုက္သည္။စစ္ကုန္းလြီ႔မ်က္ႏွာကေတာ့ သုန္မႈန္ေနလ်က္။
"ငါက ဘာကိစၥ ဒီလိုပစၥည္းမ်ိဳးေပၚ ဒူးေထာက္ရမွာလဲကြ"
"ဟုတ္ပ၊ သံခြၽန္စိုက္ထားတဲ့ သစ္သားျပားေပၚမွာပဲ ဒူးေထာက္တာပါေနာ့္"
သြမ့္ေယာင္ကပါ ဝင္ေရာက္စေနာက္လာ၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ ရယ္ခ်င္စိတ္ကို မနည္းက်ိတ္မိွတ္ထားေနသည္။
ဒီညီအစ္ကိုႏွစ္ေယာက္ႏွင့္ စကားနာထိုးတိုင္း မိမိဘက္ကသာ ရႈံးနိမ့္ေနသျဖင့္ စစ္ကုန္းလြီ႔လည္း ဘာဆိုဘာမွ ဆက္မေျပာခ်င္ေတာ့။ ထို႔ေၾကာင့္ လက္ဖက္ရည္တစ္ခြက္သာ ငွဲ႔ေသာက္လိုက္သည္။
"စီးပြားေရးလာလုပ္တယ္လို႔ အေၾကာင္းျပမွေတာ့ ငါတို႔ဘက္က ဘာမွမလုပ္ဘဲ ေအးေဆးေနလို႔မရဘူး။ ဒီလီက်င့္ျပည္က သစ္သားနဲ႔ပတ္သက္တဲ့ပစၥည္းအစံု ထုတ္တယ္ေလ။ ေရခ်ိဳးဇလံုေရာ၊ ေရစည္ပိုင္းေရာ၊ အဝတ္ေလ်ွာ္သစ္သားျပားေရာ စံုေနတာပဲ။ ငါ ေန့တစ္ပိုင္းလံုး ပစၥည္းလိုက္ေရြးေနတာ၊ ဒါေလးကေတာ့ အေပါ့ဆံုးဟ"
"အင္း၊ ငါနဲ႔ေယာင္အာလည္း သတင္းသြားစံုစမ္းၾကည့္တာ နည္းနည္းပါးပါးေတာ့ ရလာတယ္"
"ေအး၊ ေျပာ"
စစ္ကုန္းလြီ႔မွာ အေတာ္ပင္ စိတ္ဝင္စားေန၏။
"ရွင္းက်ိဳးကြၽန္းေပၚက အဲ့လူေတြ ဘယ္ကေနေရာက္လာၾကမွန္း ဘယ္သူကမွေသေသခ်ာခ်ာ မသိၾကဘူး။ ဒီကလူေတြ ေျပာသေလာက္ေတာ့ သူတို႔သေဘၤာက ေျမာက္အရပ္ကေန စုန္ဆင္းလာခဲ့တာ၊ ျမဴခိုးထု အထူႀကီးကို ျဖတ္သန္းလာခဲ့ရတာတဲ့။ ဒါေပမယ့္ လမ္းမွာ မုန္တိုင္းမိသြားေတာ့ စားနပ္ရိကၡာမေလာက္တာနဲ႔ ပါလာတဲ့ေဆးပင္ေဆးျမစ္ေတြနဲ႔ အစားအေသာက္ေတြကို အလဲအလွယ္လာလုပ္ေသးတယ္တဲ့ "
"ေျမာက္အရပ္ကေနလာတယ္....ျမဴခိုးထုအထူႀကီး....ေဆးပင္ေဆးျမစ္ေတြ....ၿပီးေတာ့ နယ္နိမိတ္ကလည္း က်ယ္ဝန္းတယ္"
စစ္ကုန္းလြီ႔က ႏႈတ္ခမ္းေထာ္ရင္း ဆက္လက္ေရရြတ္ေန၏။
"ေဖမ်ဲန္႔ျပည္ကလာတာပဲျဖစ္ရမယ္ ဆိုတာကလြဲရင္ တျခားဘာကိုမွ ငါမေတြးမိဘူး။ ေအးကြာ၊ မင္းကေတာ့ ေကာင္းကင္ဘံုႀကီးကေတာင္ လက္ကမ္းကူညီေပးရတဲ့ အေကာင္ပဲကြ။ ဟိုခ်ူရိွန္႔ဆိုတဲ့အေကာင္ကလည္း ေနစရာရွားလို႔ တျခားမွာသြားမေနဘဲ အဲ့ေနရာကိုမွ ေရြးၿပီးသြားေနရတယ္လို႔"
သြမ့္ေယာင္ကပါ ဝင္ေျပာလာသည္။
"ဒါေပမယ့္ အဲ့ကြၽန္းေပၚ ဘယ္လိုတက္သြားၾကရမွာလဲ။ ေနာင္ေတာ္လတ္က သူ႔အေပါင္းအပါေတြနဲ႔အတူတူ ႏွစ္တစ္ဝက္ေလာက္ သေဘၤာလႊင့္ၿပီး ပတ္ရွာေနခဲ့တာေတာင္ ေဖမ်ဲန္႔ျပည္ရဲ့တည္ေနရာကို ရွာမေတြ့ခဲ့ဘူးေလ။ ႏွစ္ရက္သံုးရက္ေလာက္ပဲ အခ်ိန္ယူရမယ့္ကိစၥဆို ေလွဝမ္းေအာက္ကေန ခိုးၿပီး လိုက္သြားလို႔ ျဖစ္ေသးတယ္။ ဒါေပမယ့္ ဒီကေန ေဖမ်ဲန္႔ျပည္ကိုသြားတာ လခ်ီၿပီးၾကာမွာဆိုေတာ့ ကိုယ္ေယာင္ေဖ်ာက္ၿပီးသြားရံုနဲ႔ မရေလာက္ဘူးဗ်"
"အဲ့ေတာ့လည္း ဝံ့ဝံ့ႂကြားႂကြား ခန္႔ခန္႔ညားညားတက္သြားလို႔ရတဲ့ နည္းလမ္းမ်ိဳး ရွာၾကတာေပါ့ကြ"
စစ္ကုန္းလြီ႔၏ စကားကို သြမ့္ေယာင္နားမလည္။ စစ္ကုန္းလြီ႔က ဆက္ဆိုသည္။
"ဒီၿမိဳ႔မွာ ရွင္းက်ိဳးကြၽန္းနဲ႔ အဆက္အသြယ္ရိွတဲ့ ေနရာတစ္ခုရိွတယ္လို႔ ေျပာေနၾကတယ္"
"ဘယ္ေနရာလဲ"
"မင္းကိုေျပာလိုက္ရင္လည္း မယံုဘူးျဖစ္ေနၪီးမယ္။ ဒါေပမယ့္ ေလာကႀကီးမွာ တကယ္တိုက္ဆိုင္ေနတာေတြ အမ်ားႀကီးပဲကြ၊ ငါလည္း ေစာနကမွ သိလာတာ။ ဒီၿမိဳ႔မွာ ေရွာင္ေဖးလြမ္(ေဖးလြမ္ၿမိဳင္နန္းငယ္)လို႔ ေခၚတဲ့ေနရာရိွတယ္"
"ဟားဟား၊ က်င့္လ်ိဳဟြီ......."
သြမ့္ပိုင္ယြဲ႔ မရယ္ဘဲမေနႏိုင္ေတာ့။ ထို႔ေနာက္ ဆက္ဆို၏။
"ေအး၊ ငါတို႔လက္ထဲကို အေရာက္ပို႔ေနသလိုပဲကြ။ သူ႔ကို သူ႔အစ္ကိုက်င့္လ်ိဳထ်ဲန္းဆီ ဖမ္းၿပီးျပန္မပို႔ခင္ ငါတို႔အတြက္ အက်ိဳးအျမတ္ရေအာင္ အရင္ အသံုးခ်သင့္တယ္"
"ေအး၊ ေကာင္းတယ္"
သြမ့္ပိုင္ယြဲ႔လည္း လိုလိုလားလားပင္သေဘာတူလိုက္၏။
******
လီက်င့္ျပည္၏ အေဆာက္အၪီးမ်ားမွာ ေတာင္ပိုင္းျပည္နယ္မ်ား၏ ဗိသုကာလက္ရာမ်ားျဖစ္ေနကာ ကိုယ္ပိုင္ဟန္အျပည့္ ရိွၾကသည္။ ေရွာင္ေဖးလြမ္ေခၚ ေဖးလြမ္ၿမိဳင္နန္းငယ္မွာကား အနက္ေရာင္ အုတ္နံရံ၊ မီးခိုးေရာင္ အမိုး ၊ ပန္းကႏုတ္မ်ား ထုထြင္းထားေသာ ေလသာေဆာင္တို႔ ရိွေနၿပီး တာ့ခ်ူရိွ က်န္းနန္ၿမိဳ႔၏ ဗိသုကာလက္ရာမ်ားျဖစ္ေနသည္။ ထို႔ေၾကာင့္ အျခားေသာအေဆာက္အအံုမ်ားၾကား ထင္ရွားေပၚလြင္လွေပသည္။
ေဖးလြမ္ၿမိဳင္နန္း၏ ဂုဏ္သတင္းမွာလည္း တာ့ခ်ူအႏွံ႔ ေက်ာ္ေဇာေမႊးပ်ံ့ေနေလရာ ေရွာင္ေဖးလြမ္၏သခင္သည္လည္း ေဖးလြမ္ၿမိဳင္နန္းသခင္ႏွင့္ ညီအစ္ကိုအရင္းေတာ္စပ္ၾကသည္ဟု အမ်ားသူငွာ သိေနၾကေတာ့ ၿမိဳင္နန္းငယ္၏စီးပြားလုပ္ငန္းမွာ ပိုလို႔ပင္ အဆင္ေျပတိုးတက္ေနခဲ့သည္။
က်င့္လ်ိဳဟြီမွာ သူ၏ထိုင္ခံုတြင္ အက်အန ဇိမ္ေျပနေျပထိုင္ကာ သူ႔ေရ႔ွတြင္ ႏြဲ႔ႏွောင္းစြာကျပေနေသာ ကေခ်သည္ေလးမ်ား၏ အလွအား ခံစားၾကည့္ရႈေန၏။ ဤေနရာေဒသမွာ တာ့ခ်ူမွ လြန္စြာေဝးကြာေလရာ အစ္ကိုျဖစ္သူက မိမိအား ရွာေတြ့မည္ကို သူ လံုးဝမပူပင္ခဲ့။ ထို႔ေၾကာင့္လည္း ေဖးလြမ္ၿမိဳင္နန္း၏ ဂုဏ္သတင္းကို လံုးဝေရွာင္လႊဲျငင္းပယ္ျခင္းမရိွဘဲ ေပၚတင္သာ အလြဲသံုးစားျပဳလို႔ရေနသည္။ ဝင္ေငြမ်ားစြာလည္း ရေသး၊ မိမိအား တရားခ်ဆံုးမမည့္သူလည္း မရိွေတာ့သည္မို႔ အရွင္လတ္လတ္ နတ္ျပည္ေရာက္ေနသည့္ပမာ ေပ်ာ္ပါးေမြ့ေလ်ာ္ရေပ၏။
အေစခံေကာင္ေလးက အေပၚထပ္သို႔ ခပ္ေသာ့ေသာ့ေျပးတက္လာကာ ဧည့္သည္မ်ားေရာက္ေနေၾကာင္း အေၾကာင္းၾကားလာ၏။
က်င့္လ်ိဳဟြီလည္း ထရပ္လိုက္ကာ ထိုကေခ်သည္ပ်ိဳမယ္မ်ားအား ခဏေရွာင္ထြက္သြားဖို႔ အခ်က္ျပလိုက္သည္။
စစ္ကုန္းလြီ႔က တံခါးဖြင့္ၿပီးဝင္လာသည္။
သူ႔ေနာက္မွာ လိုက္ပါလာေသာ ေနာက္တစ္ေယာက္ကေတာ့ ေငြေရာင္မ်က္ႏွာဖံုးစြပ္ထားေသာ လုလင္ပ်ိဳတစ္ေယာက္။
"လူႀကီးမင္းတို႔ ေမးျမန္းစံုစမ္းလိုတဲ့ကိစၥ ရိွလို႔ပါလားခင္ဗ်ာ"
က်င့္လ်ိဳဟြီက ႏႈတ္ဆက္စကားဆိုလာ၏။
"မွန္ပါတယ္ဗ်ာ။ ၿမိဳင္နန္းသခင္ကို အားကိုးအားထားျပဳရပါေတာ့မယ္"
စစ္ကုန္းလြီ႔က ရိုက်ိဳးစြာဆိုလာ၏။ က်င့္လ်ိဳဟြီက ၿပံဳးလိုက္ကာ အေစခံမ်ားအား လက္ဖက္ရည္ ယူလာခိုင္းေစၿပီး -
"ကိစၥမရိွပါဘူးဗ်ာ၊ ဒါနဲ႔ ဘယ္ကိစၥကိုမ်ား စံုစမ္းလိုပါသလဲ"
"မဖံုးမကြယ္ဘဲ ေျပာပါရေစ။ ဒီကိုလာတာ ကြၽန္ေတာ့္အတြက္မဟုတ္ပါဘူး ၊ ဒီက ညီေနာင္ေလးအတြက္ ျဖစ္ေနပါတယ္။ သူက အခုမွ ဇာတိေျမကေန ထြက္ခြာလာၿပီး ဒီမွာ အေျခခ်ဖို႔ အသက္ေမြးဝမ္းေက်ာင္းအလုပ္ေလး ရခ်င္လို႔ပါတဲ့ ။ ၿမိဳင္နန္းသခင္က်င့္က အဆက္အသြယ္အမ်ားႀကီး ရိွတယ္ၾကားလို႔ ကြၽန္ေတာ္လည္း ေရ႔ွမ်က္ႏွာေနာက္ထားၿပီး အားနာနာနဲ႔ လာေရာက္ေတာင္းဆိုတာပါ"
က်င့္လ်ိဳဟြီက ေခါင္းခါျပသည္။
"ေငြရတဲ့အလုပ္မ်ိဳးဆိုတာ ေပါပါသဘိနဲ႔ ၊ ဒီလိုေတာင္းဆိုတာမ်ိဳးက နယ္ပယ္အားျဖင့္ က်ယ္ေျပာလြန္းတယ္။ အနည္းဆံုးေတာ့ ဘယ္လိုအလုပ္မ်ိဳးလုပ္ခ်င္တယ္ဆိုတာ ေျပာေပမွ ကြၽန္ေတာ္လည္း ၫႊန္းေပးရတာ လြယ္မယ္မဟုတ္လား။ ဒီလိုဆိုမွ လူတိုင္းအတြက္ ပိုအဆင္ေျပတာေပါ့"
"ကြၽန္ေတာ္တို႔လည္း အေတာ္ၾကာၾကာေလး စံုစမ္းၾကည့္ခဲ့ပါၿပီ။ လုပ္ငန္းေသးေသးမႊားမႊားေလးေတြက စုမိေဆာင္းမိဖို႔ အေတာ္ၾကာတာမို႔ မလုပ္ခ်င္ျပန္ဘူး။ အခုတစ္ေလာ ရွင္းက်ိဳးကြၽန္းကို သစ္ပစၥည္းေတြပို႔မယ္ ၊ သေဘၤာလည္းထြက္ေတာ့မယ္လို႔ ၾကားတယ္။ အေတာ္ေလး အျမတ္အစြန္းရမယ့္ပံုပဲ။ သူ႔ကို အက်ိဳးအျမတ္ေဝမ်ွႏိုင္ဖို႔ အဲ့အလုပ္နဲ႔ ခ်ိတ္ဆက္ေပးရင္ေကာ - "
"ရွင္းက်ိဳးကြၽန္းနဲ႔ ကုန္သြယ္ဖို႔လား၊ ဒါေတာ့မျဖစ္ႏိုင္ပါဘူး"
"ဘာေၾကာင့္လဲ"
သြမ့္ပိုင္ယြဲ႔ကပါ ေမးလာ၏။
"ရွင္းက်ိဳးကြၽန္းပိုင္ရွင္က သူစိမ္းတရံေတြနဲ႔ စီးပြားေရးမလုပ္ဘူး။ တာ့ခ်ူသားေတြနဲ႔ဆိုလည္း ကုန္သြယ္စီးပြားမလုပ္ပါဘူး"
"တာ့ခ်ူရဲ့ စီးပြားေရးအင္အားက အရမ္းေတာင့္တင္းတာပဲမဟုတ္လား၊ ဘာလို႔ ကုန္သြယ္ေရးမလုပ္ၾကတာလဲ"
"ဒီကိစၥေတာ့ အေသးစိတ္ေျပာျပလို႔မရရိုးအမွန္ပါခင္ဗ်ာ"
စစ္ကုန္းလြီ႔က ထပ္ေမးၾကည့္၏။
"လူရင္းေတြေတာင္ မရဘူးလားဗ်ာ။ ရွင္းက်ိဳးကြၽန္းပိုင္ရွင္လည္း တာ့ခ်ူကို မႀကိဳက္သလို ကြၽန္ေတာ့္ရဲ့ညီေနာင္ကလည္း တာ့ခ်ူရဲ့ ႏိုင္ထက္စီးနင္းျပဳမႈေတြကို ခံခဲ့ရတာပါ။ အိမ္ရိွရဲ့သားနဲ႔ ျပန္သြားလို႔လည္း မရဘူး၊ ကြၽန္ေတာ့္ဆီမွာလည္း အၾကာႀကီး မွီခိုမေနခ်င္ဘူးတဲ့ေလ။ ဘဝကို ေလလြင့္ရင္း ကုန္ဆံုးေစတာမ်ိဳးလည္း မျဖစ္ေစခ်င္ေတာ့ ဘယ္ေလာက္ပဲပင္ပန္းတဲ့အလုပ္မ်ိဳးပဲျဖစ္ျဖစ္ သူ လုပ္ရမွာ မေၾကာက္ပါဘူး။ ကိုယ့္အစြမ္းနဲ႔ကိုယ္ ရပ္တည္မယ္ဆိုၿပီး နန္ယန္ကို ဆင္းလာခဲ့တာ၊ သူလိုအပ္တဲ့ အရင္းအႏွီးမွန္သမ်ွ ကြၽန္ေတာ့္ဆီမွာ ရိွၿပီးသားပါ။ ၿပီးေတာ့ သူ႔သိုင္းပညာအဆင့္က အေတာ္ေလးျမင့္တာမို႔ သိုင္းေလာကထဲမွာသာ က်င္လည္ေနရင္ ထိပ္တန္းပညာရွင္ျဖစ္ေနမွာပဲ၊ သူ႔ကို အလုပ္ခန္႔လိုက္ရင္ ခိုးသားဓားျပေတြရဲ့ရန္ကို ေၾကာက္ေနစရာမလိုေတာ့ဘူးေပါ့"
"သိုင္းပညာအဆင့္ ျမင့္မားတယ္ဟုတ္လား၊ ဘယ္ေလာက္ေတာင္ ျမင့္တာလဲ"
က်င့္လ်ိဳဟြီမွာ ခ်က္ခ်င္းပင္ စိတ္ဝင္စားလာ၏။
"ရန္သူတစ္ရာနဲ႔ တစ္ေယာက္ႏႈန္း ယွဥ္ၿပိဳင္ႏိုင္ပါတယ္"
သြမ့္ပိုင္ယြဲ႔က ထိုသို႔ေျဖလာေတာ့ က်င့္လ်ိဳဟြီ သံသယဝင္သြားသည္။
"ဒါေပမယ့္ သိုင္းေလာကမွာ ဒီကမိတ္ေဆြရဲ့အေၾကာင္း ကြၽန္ေတာ္ မၾကားဖူးပါဘူး"
"သိုင္းပညာအဆင့္ နိမ့္တယ္ျမင့္တယ္ဆိုတာ လက္ေတြ့စစ္ေဆးၾကည့္ရံုနဲ႔ သိႏိုင္ပါတယ္။ စကၠူတစ္ရြက္ မွတ္တမ္းတစ္ခုေလာက္ကို ယံုၾကည္ကိုးစားဖို႔ မသင့္ေတာ္ပါဘူး"
"မ်က္ႏွာဖံုးကေရာ ဘာလို႔တပ္ထားတာလဲ"
က်င့္လ်ိဳဟြီ၏ အေမးကို ေဘးနားရိွ စစ္ကုန္းလြီ႔က ေျဖေပးလာသည္။
"ရန္သူ႔လက္ခ်က္ေၾကာင့္ ရုပ္ဆင္းအဂၤါပ်က္ယြင္းသြားလို႔ပါဗ်ာ။ အတိတ္က စိတ္နာစရာကိစၥေတြကို အစမေဖာ္ဘဲေနၾကစို႔လား"
က်င့္လ်ိဳဟြီက ေခတၲမ်ွ ေတြးလိုက္ကာ ဆက္ေျပာလာ၏။
"ကူးသန္းေရာင္းဝယ္ေရးလုပ္ခ်င္လို႔ မရေပမယ့္ တျခားအလုပ္တစ္ခုေတာ့ရိွေသးတယ္။ ၿပီးေတာ့ ရွင္းက်ိဳးကြၽန္းနဲ႔လည္း ဆက္စပ္မႈရိွတယ္။ အေရးအႀကီးဆံုးအခ်က္ကေတာ့ ကုန္သြယ္ေရးလုပ္ငန္းထက္ လံုးဝ အခေၾကးေငြ မနည္းေစရဘူး"
"ဟုတ္လား၊ ဘယ္လိုအလုပ္မ်ိဳးလဲ"
"ေလ့က်င့္ေရးနည္းျပ"
စစ္ကုန္းလြီ႔က ဝမ္းသာအားရ ေပါင္ကိုပုတ္လိုက္ကာ -
"ၾသ၊ နည္းျပဆိုလည္း ေကာင္းတာပဲဗ်။ ဒါေပမယ့္ ဒီညီေနာင္ေလးက တကယ္ခ်ရင္ အတိုင္းအဆေတြ နားမလည္ဘူး။ လူ တကယ္ေသသြားရင္ ဘယ္ႏွယ့္လုပ္ၾကမလဲ"
က်င့္လ်ိဳဟြီကေတာ့ စိတ္ေအးလက္ေအးပင္ေျဖလာသည္။
"စစ္ေရးေလ့က်င့္ေနခ်ိန္ အရိုက္ခံရလို႔ ေလ့က်င့္ေရးဒဏ္မခံႏိုင္လို႔ ေသသြားတယ္ဆိုတာ အသံုးမက်တဲ့ေကာင္ေတြမွ ျဖစ္သြားတာေလ ။ အသံုးမက်တဲ့ေကာင္ေတြ ေသသြားေတာ့လည္း ဘာမ်ားႏွေျမာစရာရိွလို႔လဲ။ ဒါေပမယ့္ အရင္ၪီးဆံုး ဒီကညီေနာင္ရဲ့ သိုင္းပညာအဆင့္ကို စမ္းသပ္ၾကည့္ရမယ္"
"ဟုတ္၊ ရပါတယ္"
"ဟုတ္သားပဲ၊ စကားေျပာလာတာ ၾကာေတာင္ၾကာေနၿပီ။ အသင္တို႔ႏွစ္ေယာက္ရဲ့ အမည္နာမကို ဘယ္လိုေခၚရမလဲ"
"အားနာတတ္လြန္းရန္ေကာ၊ ၿမိဳင္နန္းသခင္ရယ္ ။ ကြၽန္ေတာ့္နာမည္ကေတာ့ စစ္ကုန္းလြီ႔ပါ၊ ဝမ့္ရွီးက်ိဳးမ်ိဳးႏြယ္ရဲ့ ဆက္ခံသူသခင္ေလးပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ့္ရဲ့ ဒီက ေသြးေသာက္ညီေနာင္ကေတာ့ အရင္နာမည္ကို မေျပာျပရရင္ ပိုေကာင္းပါ့မယ္။ အခု ရုပ္အသစ္ ခႏၶာအသစ္နဲ႔ ဘဝသစ္ျပန္စေတာ့မွာဆိုေတာ့ နားဝင္ခ်ိဳတဲ့ နာမည္ေကာင္းေကာင္းေလး မွည့္ေခၚထားရမွာပဲ။ သူ႔ကို ဝမ္ဖူ႔ေကြ့လို႔ ၿမိဳင္နန္းသခင္ ေခၚလို႔ရပါတယ္"
က်င့္လ်ိဳဟြီက ေခတၲမ်ွ တံု႔ဆိုင္းသြားကာ သြမ့္ပိုင္ယြဲ႔အား ႏႈတ္ခြန္းဆက္လိုက္၏။
"ေနာင္ေတာ္ဝမ္"
"မဝံ့ရဲေၾကာင္းပါခင္ဗ်ာ"
သြမ့္ပိုင္ယြဲ႔လည္း အေတာ္ပင္ တည္ၿငိမ္ေန၏။ စစ္ကုန္းလြီ႔ကေတာ့ ေဘးနားတြင္ လက္ႏွစ္ဖက္ယွက္ေနကာ မ်က္ႏွာထက္မွာေတာ့ ၿပံဳးပန္းေဝဆာေနလ်က္။
******
ခ်ိန္းဆိုထားေသာရက္မွာ ေနာက္သံုးရက္ေျမာက္ေန့ျဖစ္သည္။ သြမ့္ပိုင္ယြဲ႔ႏွင့္ စစ္ကုန္းလြီ႔တို႔ ေရာက္လာခ်ိန္တြင္ က်င့္လ်ိဳဟြီလည္း ေရာက္ႏွင့္ေနၿပီျဖစ္သည္။ သူ႔ေဘးနားမွာေတာ့ လူေနာက္တစ္ေယာက္ ေရာက္လာ၏၊ ထိုသူကား ခ်ူရိွန္႔ပင္ျဖစ္သည္။
"ရွင္းက်ိဳးကြၽန္းပိုင္ရွင္ဆိုတာ အသင္ေပကိုး"
စစ္ကုန္းလြီ႔က ခ်ီးက်ူးသံစြက္ကာ ႏႈတ္ခြန္းဆက္လာ၏။
"အမ်ားတကာထက္ ပိုၿပီးေခ်ာေမာခန္႔ညား ထင္ရွားေပၚလြင္ေနတာ အမွန္ပဲ။ ေနာက္ပိုင္း ကြၽန္ေတာ့္ရဲ့ ေသြးေသာက္ညီေနာင္သာ အသင့္ေနာက္ လိုက္ပါဆည္းကပ္ခြင့္ရမယ္ဆိုရင္ သူ႔ကို ေသခ်ာေလး ဆံုးမပဲ့ျပင္ေပးပါၪီးခင္ဗ်ာ"
ခ်ူရိွန္႔လည္း အလိုက္တသင့္ ျပန္ေျဖလာသည္။
"ရပါတယ္၊ အခ်င္းခ်င္းေတြမို႔ သိပ္ၿပီးေတာ့ ဂုဏ္ျဒပ္ေတြမထားပါနဲ႔။ အစြမ္းအစရိွတဲ့လူမွန္လို႔ ကြၽန္ေတာ့္ေနာက္လိုက္ျဖစ္လာခဲ့ရင္ ဘယ္သူကမွ သူ႔ကိုအႏိုင္လာပိုင္းရဲမွာမဟုတ္ပါဘူး"
"ဘယ္သူနဲ႔ ပညာယွဥ္ၿပိဳင္ရမွာလဲ"
သြမ့္ပိုင္ယြဲ႔က လိုရင္းကိုသာ ေမးလာသည္။
"လူနဲ႔ၿပိဳင္ရမွာ မဟုတ္ဘူး"
ခ်ူရိွန္႔က ေျပာေျပာဆိုဆို ေဘးနားရိွ ေက်ာက္ေဆာင္ႀကီး၏ တစ္ေနရာကို တြန္းလိုက္သည္။ ထို႔ေနာက္ ေျမျပင္ေပၚတြင္ အက္ေၾကာင္းရာ တစ္ခု ေပၚထြက္လာ၏။
စစ္ကုန္းလြီ႔က က်င့္လ်ိဳဟြီကို တီးတိုးေမးျမန္းလာသည္။
"သူ႔ကို သရဲနဲ႔ ၿပိဳင္ခိုင္းမလို႔လား"
မဟုတ္ရင္ ဘာလို႔မ်ား ေျမေအာက္ထဲထိ ဆင္းသြားခိုင္းတာတုန္း။
"ဆင္းသြားၾကည့္ရင္ သိမွာေပါ့"
က်င့္လ်ိဳဟြီက ခပ္ေရးေရးၿပံဳးျပလိုက္သည္။ လ်ိႈ႔ဝွက္ခ်က္မ်ား စြက္ေနေသာ အၿပံဳးမ်ိဳးပင္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ခုန္ဆင္းသြားေလၿပီ၊ တစ္ခဏအတြင္း ေျမျပင္ေပၚ ေျခခ်လိုက္သည့္အသံကို ၾကားလိုက္သျဖင့္ ေအာက္တြင္ သိပ္ေတာ့မနက္လွေၾကာင္း သိႏိုင္ေပသည္။
ထို႔ေနာက္ က်န္ေသာသူမ်ားကလည္း လ်ိႈ႔ဝွက္ေျမေအာက္ခန္းထဲသို႔ လိုက္ပါခုန္ဆင္းလာၾကသည္။ ေျမေအာက္ခန္းနံရံတစ္ေလ်ွာက္တြင္ အလင္းေရာင္ရရန္ ညဥ့္ပုလဲမ်ားျဖင့္ စီရီထားသျဖင့္ အေတာ္ပင္ လွပေပသည္။ ခဏၾကာေတာ့ အေတာ္ပင္က်ယ္ဝန္းေသာ ကြင္းျပင္အလြတ္ႀကီးတစ္ခုကိုေတြ့ရသည္၊ ထိုကြင္းျပင္တြင္ ဆယ္ေပမ်ျွမင့္မားေသာ ေၾကးနီရုပ္တုႀကီးမ်ားကို ေသခ်ာ သပ္ရပ္စြာ စီတန္းထား၏။
ဤအရာက....
ရွစ္ခြင္တိုင္းယႏၲရားပင္မဟုတ္လား။
*******
2020.09.29
Note : အဝတ္ေလ်ွာ္သစ္သားျပားဆိုေပမယ့္ အလယ္မွာ အေျမာင္းေတြနဲ႔ပါ။ ဇနီးျဖစ္တဲ့လူက အိမ္ေထာင္ၪီးစီးႀကီးကို ဝန္ခံခိုင္းစရာ၊ အျပစ္ေပးစရာရိွရင္ အဲ့ေပၚဒူးေထာက္ခိုင္းတတ္ပါတယ္။ အေတာ္ေတာ့နာမွာပဲ။
တစ္နည္းအားျဖင့္ ၾကင္သူသက္ထားကို ၪီးထိပ္ထားတဲ့ လင္ေယာက်္ား( မယက)ေတြကို စေနာက္ဖို႔လည္း သံုးပါတယ္တဲ့။ စစ္ကုန္းလြီ႔တို႔၊ သြမ့္ပိုင္ယြဲ႔တို႔လိုေပါ့။
*******