[အရှင်မင်းမြတ် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ]
"ဘာဆက်လုပ်ကြမှာလဲ ။ ချူရှိန့်လုပ်နေတာတွေလည်း ဒီရှေ့မှာတင် သက်သေနဲ့တကွရှိနေပြီ၊ ဒီကျွန်းပေါ်မှာ လူအင်အား မြင်းအင်အားဆိုတာလည်း အများကြီးမရှိသေးဘူး၊ သူတို့ကို ဖမ်းဖို့ဆိုတာ အခုနေ အလွယ်လေးပဲ။ အခုချက်ချင်းပဲ အမိဖမ်းပြီး ဧကရာဇ်ပေါက်စလေးဆီ သွားဆက်သလိုက်ရင် မကောင်းဘူးလား"
သို့သော် သွမ့်ပိုင်ယွဲ့က ခေါင်းခါပြ၏။
"အဲ့တုန်းက ပြည်နှင်ဒဏ်အပေးခံရတုန်းက သူနဲ့အတူတူ လျိုကျင့်တာပါ ပါလာသေးတယ်။ ချူရှိန့်ကြီးက အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နေရတဲ့ဘဝမှာ မပျော်ဘူးဆိုပေမယ့် ဒီလိုမျိုး နန်းလုဖို့အထိ မိုက်ရူးရဲဆန်မှာ မဟုတ်ဘူး၊ ဒီလိုဖြစ်လာတာတွေကလျိုကျင့်တာရဲ့မြှောက်ထိုးပင့်ကော်လုပ်နေတဲ့ စနက်တွေကြောင့်ပဲ။ ဒီလိုမျိုး စစ်တပ်အင်အားရွှေ့ပြောင်းတာတို့ အစီအစဥ်တွေတင်ပြပေးတာတို့ဆိုတာ ငါ သေချာတွေးကြည့်လိုက်ရင် နောက်ကွယ်ကကြိုးကိုင်နေတဲ့လူဟာ သူပဲဖြစ်ရမယ်"
"အဲ့တော့ မင်းက လျိုကျင့်တာ ပေါ်လာတဲ့အထိ စောင့်မယ်၊ ပြီးမှ တစ်ခါတည်း ဖမ်းလိုက်မယ်ပေါ့"
"ပြီးတော့ ကျွန်းပေါ်က ဟိုအဆောက်အဦးတွေကိုဆောက်ထားတာ အလွန်ဆုံးရှိ နှစ်နှစ် သုံးနှစ်လောက်ပဲကြာသေးတယ်။ သေချာပြန်တွေးကြည့်ရင် တပ်သားအများစုက တခြားနေရာမှာ ထပ်ရှိနိုင်သေးတယ်။ ပြီးတော့ လူဘယ်လောက်များများ ဒီကိစ္စထဲ ပါနေသလဲဆိုတာ သေချာမသိရသေးဘူး။ အခုလို ကျွန်းတစ်ကျွန်းလုံးကို အပိုင်စီးပြီး တပ်စခန်းအဖြစ် လေ့ကျင့်ဖို့လုပ်ထားတာဆိုရင် သူတို့အကြံအစည်က အတော်လေးအောင်မြင်နေပြီလို့ ပြောရမယ်။ ပြီးတော့ ချူရှိန့်နဲ့ လျိုကျင့်တာတင် မကဘူး၊ နန်ယန်ကျွန်းစုတစ်ခုခုကနေ သူတို့ကို အားဖြည့်ထောက်ပံ့နေလို့သာ ဒီလောက်ထိ မြန်မြန်ဆန်ဆန် အထမြောက်လာတာပဲဖြစ်ရမယ်။ဒါကြောင့်မို့ ခုနေ ချူရှိန့်ကို သတ်လိုက်ပြီးနောက်ကွယ်က ကြိုးကိုင်နေတဲ့ကောင်ကို တကယ်မဖမ်းနိုင်သေးရင် နန်ယန်လည်း ငြိမ်းချမ်းဦးမှာမဟုတ်ဘူး"
စစ်ကုန်းလွီ့က မျက်နှာမဲ့သွားကာ -
"နန်ယန်မှာ ကျွန်းအများကြီးရှိတာမှန်ပေမယ့် အင်အားကြီးတဲ့ကျွန်းဆိုရင်တော့ များများစားစားမရှိဘူးဟ။ ပြီးတော့ အခုနောက်ပိုင်း လူတိုင်းက တာ့ချူနဲ့ပဲ ကုန်သွယ်ကြ၊ ငွေကြေးဥစ္စာတွေစုဆောင်းကြ လုပ်နေကြတာ၊ ဘယ်သူကများ စစ်တိုက်ဖို့စိတ်ဝင်စားကြမှာလဲ။ ငါသိတဲ့ ကျွန်းတွေဆိုရင်တော့ ဒီလိုအတွေးမျိုး ရှိမှာမဟုတ်ဘူး"
"ဒီနန်ယန်က အရမ်းကျယ်ပြန့်တယ်လို့ မင်းပဲပြောတယ်လေ။ လေမုန်တိုင်းတွေ ဝဲဂယက်တွေနဲ့ ထူထဲလှတဲ့ မြူခိုးတွေကြားမှာ လူအင်အား အယောက်တစ်သောင်းမပြောနဲ့၊ လူအယောက်တစ်သိန်းကိုတောင် အေးဆေး တပ်ဖြန့်ထားနိုင်တယ်"
"မင်း ဘာပြောချင်နေတာလဲ"
"ခုလောလောဆယ် ဒီကျွန်းအနှံ့ လေ့လာကြည့်ကြစို့။ ပြီးရင် ခဏလောက် ပြန်ဆုတ်ကြမယ်။ အခု ချူရှိန့်က ရှင်းကျိုးကျွန်းကို စခန်းအသစ်အနေနဲ့ ယူထားတာဆိုတော့ ဘာပဲပြောပြော အရင်အသိုက်ဟောင်းနဲ့တော့ နီးနေမှာပဲ။ မင်းနဲ့ငါလည်း ကုန်သည်ယောင်ဆောင်ပြီးတော့ အနီးအနားတစ်ဝိုက်က ကျွန်းတွေကို အရင်လိုက်စုံစမ်းကြည့်ကြမယ်၊ ပြီးမှ ဘာဆက်လုပ်ကြမလဲဆိုတာ တိုင်ပင်ကြတာပေါ့"
စစ်ကုန်းလွီ့က သက်ပြင်းချလိုက်သည်။
"ပုပ္ဖမာလာ ပန်းအဖြာဖြာနဲ့ ကျောက်စိမ်းရုပ်လို လှပလှတဲ့ ငါ့ရဲ့ အိမ်သူသက်ထားလေးကတော့ မယိုင်မလဲ ခိုင်မြဲလှတဲ့ ချစ်ခြင်းတွေနဲ့ တစ်ကိုယ်တော်တည်း လွမ်းဆွတ်ဆွေးမြေ့နေရရှာပြီ။ ချောမောခန့်ညားလှတဲ့ ဒီခင်ပွန်းသည်ရဲ့ မျက်နှာပြင်ကို ပြန်မြင်ရဖို့ ဘယ်လောက်ထိများ စောင့်ဆိုင်းရဦးမတဲ့လဲ။ လေညှင်းအဝှေ့မှာ ယိမ်းနွဲ့နေတဲ့ ပန်းလေးတွေလို တင့်တယ်လှတဲ့ ရုပ်အဆင်းရူပကာ၊ ကြီးမြတ်လှတဲ့ စိတ်နေသဘောထား၊ ကြင်သူနဲ့မခြား လေးနက်လှတဲ့ ချစ်ခြင်းတရားတွေနဲ့....."
သွမ့်ယောင်ကတော့ မသိမသာ နားကို ပိတ်ထားလိုက်သည်။ တစ်ခွန်းပြီးတစ်ခွန်း နားထောင်နေရင်း ခေါင်းက ပိုပိုပြီးကိုက်လာသောကြောင့်ပင်။
"အေးပါ၊ တန်ပြန်လက်ဆောင် ပေးပါ့မယ်"
သွမ့်ပိုင်ယွဲ့က သူ့ပခုံးကိုပုတ်လိုက်ကာ အားပေးလာ၏။စစ်ကုန်းလွီ့လည်း အမြန်မေးလိုက်သည်။
"ဘာလက်ဆောင်လဲ"
"ဒီကိစ္စပြီးတာနဲ့ ရည်းစားစာအားလုံးကို မင်းလက်ထဲ ပြန်အပ်ပါ့မယ် ၊ ဟုတ်ပြီလား"
"သြော်၊ အရမ်းတွေ ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်ပဲ"
စစ်ကုန်းလွီ့က သက်ပြင်းချရင်းဆိုလာ၏။သွမ့်ပိုင်ယွဲ့လည်း ခေါင်းတညိတ်ညိတ်နှင့် -
"ငါရော အဲ့လိုထင်မိတယ်၊ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်လေးပါလားလို့လေ"
"......"
အေး အေး ၊ရှက်ကြောမရှိတဲ့နေရာမှာ မင်းနဲ့ လာကို မပြိုင်သင့်ပါဘူး။
ဒီလောက် မျက်နှာအရေထူနေပြီးသားကို မျက်နှာဖုံးက တပ်ထားလိုက်သေး။
ငါ မေးကြည့်ပါဦးမယ်၊
မင်းလောက် သောက်ရှက်မရှိတဲ့ကောင်ရော ဒီကမ္ဘာမှာ ရှိသေးရဲ့လား။
*****
ရှီးနန်စံအိမ်တော်မှာတော့။
နန်မော်ယဲ့မှာ ကျောက်ခဲတစ်တုံးလို ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်နေရကာ အံတင်းတင်းကြိတ်ပြီး နာကျင်မှုဝေဒနာကို သည်းညည်းခံနေရသည်။
အရီးတော်ကျင်းက သူမလက်ထဲရှိ ခေါင်းဖြီးဘီးဖြင့် နန်မော်ယဲ့၏ ဆံပင်အုံကြီးကို အခေါက်ခေါက်အခါခါ ရှင်းလင်းဖြီးသင်ပေးနေ၏။ ထို့အပြင် လျင်မြန်ဖျတ်လတ်လှစွာ အတည်ပေါက်ကြီး စိတ်ပါလက်ပါ ခေါင်းဖြီးပေးနေ၏။ ထို့ကြောင့် တစ်ခဏအတွင်းမှာပင် တစ်ခေါင်းလုံးရှုပ်ထွေးပေပွနေသော ဆံပင်ဘုတ်သိုက်ကြီးကို သေသေသပ်သပ်ဖြစ်အောင် ဖြီးပေးနိုင်လိုက်လေသည်။
ဝမ်ရယ်ရော ရှောင်ဝမ်ရယ်ရော ရှိမနေကြသည်မို့ ဆရာကြီးနန်က စံအိမ်ထဲက မည်သူ့ကိုမှ မမှုတော့။ တစ်နေကုန်တစ်နေခမ်း လျှောက်ပတ်သွားလာနေကာ အဝတ်အစားသစ်များဆိုလည်း နှစ်ရက်မျှသာဝတ်လိုက်ရုံနှင့် စုတ်ပြဲညစ်ပတ်ကြကုန်သည်။ ဆံပင်များကလည်း ငှက်သိုက်ထက်ပင် ရှုပ်ထွေးနေသေး၏။ မနေ့က လမ်းဘေးနားတွင် သူ့ဘာသာသူ နေပူဆာသွားလှုံသည်ကို တစ်နယ်ခြားမှ ကုန်သည်တစ်ချို့က သူ့အား သူတောင်းစားဟု ထင်မှတ်မှားကြကာ ခဏကြာတော့ သူ့ရှေ့သို့ ကြေးနီပြားလေးတစ်ပြားကို ချလွင်ဆိုပြီး စွန့်ကြဲလာ၏။
ထိုအချိန်ကတည်းကစပြီး မြို့ထဲက ပျိုပျိုအိုအိုမရွေး ၊ ကလေးမကျန် ခွေးမကျန် ထိုအကြောင်းကို သူ့အား လိုက်စနေကြလေရာ ရှီးနန်စံအိမ်တော်အဖို့ အတော်ပင် အရှက်ရစရာ ဖြစ်ခဲ့ရသေးသည်။
နန်မော်ယဲ့ကတော့ အတော်ပင် သေချင်စော်နံနေပြီဖြစ်၏။
မနေ့က မိမိ ပိုက်ဆံအများကြီးရှာနိုင်ခဲ့ရဲ့သားနှင့်..... အဘယ်ကြောင့်များ ယနေ့ကျတော့ အရီးတော်ကျင်း ခေါင်းဖြီးပေးတာကို အံကြိတ်ခံနေရပါသနည်း။
"ဆရာကြီးနန်....အရီးတော်ကျင်း!!!!!!"
အစေခံကောင်လေးတစ်ယောက်က စံအိမ်ဝင်းထဲ အပြေးအလွှားရောက်လာ၏။
"အစိုးရဘက်ကလူတွေ ရောက်လာပါတယ်ခင်ဗျ"
"ဟင်....အစိုးရဘက်က လူတွေဆိုရင် အစည်းအဝေးခန်းမထဲခေါ်သွားပြီး အမတ်မင်းဝမ်နဲ့ သွားတွေ့ခိုင်းလိုက်လေ"
အရီးတော်ကျင်းက အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။
"မရဘူးဗျ။ ဧည့်သည်ကိုယ်တိုင်က ဆရာကြီးနန်နဲ့ တွေ့ချင်တယ်လို့ကို တောင်းဆိုလာတာ။ ကြည့်ရတာ အတော်ကြီးတဲ့ ကိစ္စရှိတဲ့ပုံပဲ၊ အမတ်မင်းဝေ့ကိုယ်တိုင်ပါ ရောက်ချလာတာဗျ"
"ဟေ....အမတ်မင်းဝေ့.....။ ဝေ့ဖန်းကိုပြောတာလား"
နန်မော်ယဲ့ အတော်အံ့သြသွား၏။
ထိုသူက ဘုရင့်ညီလာခံသဘင်ကနေ တိုက်ရိုက်ခန့်ထားသော၊ ရှီးနန်နယ်၌ ရာထူးအကြီးဆုံး အမတ်မင်း မဟုတ်လား။
သို့တည်းမဟုတ် သူကိုယ်တိုင်တောင် ခေါ်ဆောင်လာရသောသူဆိုတော့ တစ်ဖက်လူက ဘုရင့်သံတမန်များ ဖြစ်နေလို့လား။
*****
"အမတ်မင်းဝေ့....အမတ်မင်းဝေ့.....မရဘူးဗျ။ ဒီနေရာက အိမ်နောက်ဖေးကို အပြင်လူဝင်သွားလို့မရပါဘူးဗျ"
စံအိမ်တော်၏ အစောင့်တပ်သားအတော်များများက လိုက်လံတားဆီးကြသည်။
"ဒီနေရာက ဆရာကြီးနန်နေတဲ့ နေရာမို့လို့ပါ၊ နေရာအနှံ့ ကူပိုးကောင်တွေချည်း ရှိနေတာမို့ပါ"
အကိုက်ခံရရင် ဘယ်နှယ့်လုပ်ကြမှာတုန်း။
ဝေ့ဖန်းလည်း မျက်နှာမကောင်း။
မင်း လာတားတော့ ဘာ ထူးမှာလဲကွ။
မတွေ့ဘူးလား ၊ မင်းရှေ့က ဘိုးတော်လေးက အတင်းကိုပဲ ဝင်သွားချင်နေပြီ။
*******
" ဒီလောက်လောနေတာ မကောင်းတဲ့ကိစ္စတစ်ခုခုများ ဖြစ်လာလို့လား "
အရီးတော်ကျင်းလည်း အပြင်ဘက်မှ ကြားရသော ဆူညံနေသောအသံများကို ခပ်သဲ့သဲ့ကြားလိုက်ပြီး ညည်းညူမိသည်။
နန်မော်ယဲ့လည်း ဝတ်ကောင်းစားလှ သွားလဲဖို့အချိန်မရှိသေး၊ ထပြီး အပြင်ထွက်သွားမည်အလုပ် တစ်စုံတစ်ယောက်သောသူက အိမ်ဝင်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာချေပြီ။
တံခါးဝရှေ့ ရောက်လာသောသူကို တွေ့လိုက်တော့ နန်မော်ယဲ့မှာ လုံးဝကို မှင်သက်အံ့သြသွား၏။
မိမိကများ အသက်အရွယ်ကြီးရင့်လာလို့ အမြင်အာရုံများ ဝေဝါးနေသလား ။ သို့တည်းမဟုတ် ၊ ဦးရေပြားကို ဘီးဖြင့် ဆွဲဆောင့်ခံရပါများပြီး ပုံရိပ်ယောင်တွေမြင်နေတာလား။
ဘေးနားက ဝေ့ဖန်းကဆို၏။
"ဆရာကြီးနန် ခင်ဗျာ။ အရှင်မင်းမြတ်က နေ့မနားညမနား ခရီးဆက်လာပြီး ရှီးနန်စံအိမ်တော်ကို ကြွရောက်လာတာတာပါ၊ ဆရာကြီးနဲ့ ဆွေးနွေးစရာရှိလို့ပါတဲ့"
ဘေးပတ်ဝန်းကျင်တစ်ခွင်မှာ ချက်ချင်းပင် တိတ်ဆိတ်သွား၏။
အရီးတော်ကျင်းလည်း အလိုက်တသိနှင့် ဂါရဝပြုလိုက်ပြီးနောက် နောက်ဆုတ်ထွက်ခွာပေးသွားသည်။ ချူယွမ် လက်လေးဝှေ့ယမ်းပြလိုက်တော့ ဝေ့ဖန်းလည်း အလိုက်တသိ ထွက်သွား၏။
နန်မော်ယဲ့ကတော့ လက်များကို ပွတ်သပ်နှီးနှောနေကာ တဟဲဟဲ ရယ်ပြလာ၏။
"သူ ဒီမှာ ရှိမနေပြန်ဘူး ၊ ဟုတ်တယ်မလား"
"အာ.....ဒီတစ်ခေါက်တော့ တကယ် မရှိတာပါဘုရား"
နန်မော်ယဲ့ တကယ်စိတ်ရင်းနှင့်ဆိုလာ၏။
"နန်ယန်ရဲ့ဘယ်နေရာကို သွားတာလဲ"
ချူယွမ်ထပ်မေးလာတော့ နန်မော်ယဲ့ခမျာ တံတွေးပင် အနိုင်နိုင်မျိုချလိုက်ရသည်။
ချူယွမ်က ထပ်မေးလာ၏။
"ထျဲန်းချန်ရှားကို အစကတည်းက ရှာတွေ့ခဲ့တာလည်းမဟုတ်ဘဲနဲ့ ကိုယ်တော့်ကို ဘာလို့ လိမ်ညာခဲ့တာလဲ"
အား၊ ဘာလို့ ချက်ချင်းကြီး အကုန်လုံးကို သိသွားတာလဲ။
နန်မော်ယဲ့တော့ စိတ်ထဲတွင် အော်င်ိုနေပြီဖြစ်၏။
နန်မော်ယဲ့ ဘာမှမပြောဘဲ ငြိမ်နေတော့ ချူယွမ်လည်း နားလည်လိုက်ပြီဖြစ်သည်။
အဘိုးအိုရွှမ်ထျဲန်း ဤလောကကြီးမှ ထွက်ခွာမသွားခင် ချူယွမ်ဆီ စာတစ်စောင် ချန်ရစ်သွားခဲ့၏။ စာလွှာထဲတွင် သွမ့်ပိုင်ယွဲ့က သွမ့်ယောင်အား မိမိထံလွှတ်ပြီး ထျဲန်းချန်ရှားကို ရှာတွေ့ဖို့မခက်ခဲကြောင်း ချူယွမ်အား ပြောပေးပါရန် အကူအညီတောင်းလာသည့်ကိစ္စကို ဝေန်ခံ ရေးသားထားခြင်းဖြစါသည်။ ထို့အကြောင်းကြောင့်သာ ဖြစ်ကြောင်းကုန်စင်ကို သူ နားလည်သွားခြင်းဖြစ်သည်။
တကယ်လည်း ရှာတွေ့သည်ပဲထားဦး၊ အစဥ်အဆက်ဆိုလာသော ရှေးစကားများအရ ထျဲန်းချန်ရှားကို အဆိပ်ကိုကုပေးနိုင်သည့် အာနိသင်မျိုး ရှိရိုးမှန်လျှင် ထိုနေ့တုန်းကလိုသေလုမျောပါး နာကျင်နေရသော ဝေဒနာမျိုး ထိုသူ ခံစားနေရခဲ့မည်မဟုတ်။
မျက်ခုံးဖြူနတ်အရှင်ကိစ္စကိုဆို ထည့်ကိုမပြောပါနှင့်တော့။ တုန်းဟိုင်ပင်လယ်ထဲက ဖုန်းလိုင်ကျွန်းစုရှိ ရှန်းချင်းထာထိုသာမက ၊ နန်ဟိုင်သမုဒ္ဒရာထဲက ရန်စွမ်းကျွန်းရှိ သမားတော်ကွီ့ဆိုးအာမှအစ ၊ ကမ်းရိုးတန်းတစ်လျှောက် တစ်သက်လုံးနေထိုင်လာခဲ့သော သက်ကြီးရွယ်အိုများကိုပါမပါ ချူယွမ် လိုက်လံ စုံစမ်းကြည့်ပြီးသားဖြစ်သည်။ မည်သူကမျှ ထိုအမည်နာမရှိသောသူမျိုးကို မကြားဖူးပါဟု ဆိုလာကြ၏။ ပုံပြင်ထဲမှာတော့ ထိုနတ်အရှင်နှင့် ဆင်တူသောနတ်များစွာ ပါရှာပါသည်။
မျက်ခုံးဖြူ နတ်အရှင်၊
မုတ်ဆိတ်ဖြူ နတ်အရှင်၊
ဝတ်ရုံဖြူ နတ်အရှင်၊
ဆံနွယ်ဖြူနတ်အရှင်။
အားလုံးပေါင်း ထိုလေးယောက်အတွက် စားပွဲတစ်ဝိုင်းစာ စားသောက်ဧည့်ခံပေးလို့ပင် ရနေပေ၏။
ထိုအကြောင်းကို ပြန်တွေးမိသွားတော့ ချူယွမ် အတော်ပေါက်ကွဲလေတော့သည်။
"မှန်မှန်ပြောစမ်း၊ အခု သူ ဘယ်ရောက်နေတာလဲ !!!!! "
နန်မော်ယဲ့ခမျာ နောက်သို့ ခြေတစ်လှမ်း အလိုလိုဆုတ်မိသွား၏။
"အရှင်မင်းမြတ်ဘုရား ၊မြို့တော်ကိုသာ ပြန်သွားလှည့်ပါတော့"
"စိတ်ချပါ၊ ကိုယ်တော်က မြို့တော်ကို သေချာပေါက်ပြန်မှာပါ"
ချူယွမ်က ဆက်ဆို၏။
" ဒါပေမယ့် သူ့ကို အသက်ပြန်နှင်းအပ်ဖို့ အကြွေးရှိသေးတယ်။ လူကြီးမင်းနန်သာ အမှန်အတိုင်းမပြောပြရင်တော့ ပေဟိုင်မှာရှိတဲ့ တာ့ချုရဲ့ရေကြောင်းတပ်မတော်ကတော့ အချိန်မရွေး စတင်လှုပ်ရှားပါတော့မယ်"
နန်မော်ယဲ့က အခွင့်ကောင်းကိုဖမ်းဆုပ်လိုက်ကာ -
"အရှင်မင်းမြတ်မိန့်ကြားတာ မှန်လှပါတယ်၊ ဒါပေမယ့် ကျွန်တော်မျိုးတောင် အဲ့တပည့်မိုက်ကြီး ဘယ်ရောက်လို့ရောက်နေမှန်းမသိ-"
" တော်ပြီ၊ လူကြီးမင်းနန် ဆက်မပြောပါနဲ့တော့"
ချူယွမ်က နန်မော်ယဲ့၏စကားကို ချက်ချင်းဖြတ်ပစ်လိုက်၏ ။ အသံကတော့ ပုံမှန်အတိုင်းပင် အေးစက်တည်ငြိမ်နေလျက်။
"လူကြီးမင်းနန်တောင် တကယ်မသိမှတော့လည်း ကိုယ်တော် ဘယ်တတ်နိုင်မှာလဲ။ ဒို့တာ့ချူရဲ့ ရေကြောင်းတပ်မတော်ကလည်း တစ်ခါမှ စစ်ပွဲမနွှဲဖူးသေးတာနဲ့ အတော်ပဲ။ ပြည်နယ်တစ်ခုချင်းစီကို သွားတိုက်မယ်၊ သူဘယ်မှာရှိနေလဲလို့ မေးမယ်၊ မေးလို့မရရင် တာ့ချူလက်အောက်ခံအဖြစ် သိမ်းပိုက်ပစ်မယ်။ မပြောပြတဲ့လူတွေကို ရှီးနန်ပြည်ရဲ့ကြံရာပါအနေနဲ့ တာ့ချူကိုပုန်ကန်တယ်ဆိုပြီး အပြစ်ဒဏ်ချပစ်မယ် ။ ဘိုးဘေးအဆက်ဆက် လက်ဆင့်ပေးအပ်လာခဲ့တဲ့တာ့ချူနိုင်ငံတော်ကြီးက ကိုယ်တော်လက်ထက်မှာ ဘယ်လောက်ထိ နယ်မြေတိုးချဲ့နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
နန်မော်ယဲ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားရလေပြီ။
"ဒါဆိုလည်း ကိုယ်တော် ပြန်ပါဦးမယ်"
ချူယွမ်မှာ ဝတ်ရုံလက်ကိုခါလိုက်ကာ ချာခနဲလှည့်ထွက်သွားသည်။
"ပိုင်ရှန့်ပြည်ပါ ဘုရား၊ ပိုင်ရှန့်ပြည်ပါ"
နန်မော်ယဲ့ခမျာ မျက်ရည်ခကာ ဆိုလာသည်။
ချူယွမ်၏နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွား၏။
"လူကြီးမင်းနန်ကို ကျေးဇူးအများကြီးတင်ပါတယ်"
"ကျွန်တော်မျိုးလည်း လိုက်ခဲ့ပါရစေ"
နန်မော်ယဲ့က ချက်ချင်းပင် ချူယွမ်နောက် အပြေးလိုက်လာ၏။
"ကောင်းပြီ"
ချူယွမ်ကတော့ အပြုံးမပျက်ခဲ့ပေ။ နန်မော်ယဲ့မှာတော့ တပည့်အငယ်လေးလို တဝါးဝါးအော်ငိုချင်နေပြီဖြစ်သည်။
ဒီလိုမှန်းသိရင် မနေ့ကတည်းက ကျင်းထဲပြန်သွားအောင်းပါတယ်ကွာ၊ အဲ့လိုဆို ပြဿနာတွေကို လိုက်ရှင်းနေစရာမလိုတော့ဘူး။
*******
လမ်းမကြီးထက်တွင် ရထားလုံးများ စီတန်းပြေးလွှားနေကြသည်။ ချူယွမ်ကပြတင်းပေါက်ဘောင်နားတွင် အသာမှီရင်း အပြင်ဘက်က ရှုခင်းများကို ထိုင်ငေးနေ၏။
"အရှင်မင်းမြတ်၊ ခဏလောက်အနားယူလိုက်ပါဦးလား"
ရှစ်ဇီ အသံပေးလာခါမှ ချူယွမ်တစ်ယောက် အတွေးကမ္ဘာမှ နိုးထလာကာ -
"ရှစ်ဇီ .....ပုရောဟိတ်အမတ်ကြီး ဘယ်လိုတွေ တွေးနေလောက်ပြီလို့ ထင်သလဲ၊ မှန်းကြည့်ကြည့်"
ဘာတွေ တွေးနိုင်ဦးမှာမို့လဲ။
ရှစ်ဇီက ပြုံးပြနေ၏။ သို့သော် စိတ်ထဲမှာတော့ -
အရှင်မင်းမြတ်သာ ရွှေမြို့တော်သို့ပြန်ရောက်လျှင် ပုရောဟိတ်အမတ်ကြီးကတော့ အရင်ဧကရာဇ်ချန်ထားရစ်ခဲ့သော တော်ဝင်မိသားစုစည်းမျဥ်းဥပဒေကျမ်းကြီးကို ဆီးကြိုဝှေ့ယမ်းပြလာမည်မှာ သေချာပေသည်။
********
2020.09.26.
(T/ n : ဧကရာဇ်ချူကို လွမ်းနေမှာစိုးလို့)
*********
အခန္း - ၈၁ (ဧည့္သည္)
[အရွင္မင္းျမတ္ ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲ]
"ဘာဆက္လုပ္ၾကမွာလဲ ။ ခ်ူရိွန္႔လုပ္ေနတာေတြလည္း ဒီေရ႔ွမွာတင္ သက္ေသနဲ႔တကြရိွေနၿပီ၊ ဒီကြၽန္းေပၚမွာ လူအင္အား ျမင္းအင္အားဆိုတာလည္း အမ်ားႀကီးမရိွေသးဘူး၊ သူတို႔ကို ဖမ္းဖို႔ဆိုတာ အခုေန အလြယ္ေလးပဲ။ အခုခ်က္ခ်င္းပဲ အမိဖမ္းၿပီး ဧကရာဇ္ေပါက္စေလးဆီ သြားဆက္သလိုက္ရင္ မေကာင္းဘူးလား"
သို႔ေသာ္ သြမ့္ပိုင္ယြဲ႔က ေခါင္းခါျပ၏။
"အဲ့တုန္းက ျပည္ႏွင္ဒဏ္အေပးခံရတုန္းက သူနဲ႔အတူတူ လ်ိဳက်င့္တာပါ ပါလာေသးတယ္။ ခ်ူရိွန္႔ႀကီးက ေအးေအးေဆးေဆး လြတ္လြတ္လပ္လပ္ေနရတဲ့ဘဝမွာ မေပ်ာ္ဘူးဆိုေပမယ့္ ဒီလိုမ်ိဳး နန္းလုဖို႔အထိ မိုက္ရူးရဲဆန္မွာ မဟုတ္ဘူး၊ ဒီလိုျဖစ္လာတာေတြကလ်ိဳက်င့္တာရဲ့ေျမႇာက္ထိုးပင့္ေကာ္လုပ္ေနတဲ့ စနက္ေတြေၾကာင့္ပဲ။ ဒီလိုမ်ိဳး စစ္တပ္အင္အားေရႊ့ေျပာင္းတာတို႔ အစီအစဥ္ေတြတင္ျပေပးတာတို႔ဆိုတာ ငါ ေသခ်ာေတြးၾကည့္လိုက္ရင္ ေနာက္ကြယ္ကႀကိဳးကိုင္ေနတဲ့လူဟာ သူပဲျဖစ္ရမယ္"
"အဲ့ေတာ့ မင္းက လ်ိဳက်င့္တာ ေပၚလာတဲ့အထိ ေစာင့္မယ္၊ ၿပီးမွ တစ္ခါတည္း ဖမ္းလိုက္မယ္ေပါ့"
"ၿပီးေတာ့ ကြၽန္းေပၚက ဟိုအေဆာက္အၪီးေတြကိုေဆာက္ထားတာ အလြန္ဆံုးရိွ ႏွစ္ႏွစ္ သံုးႏွစ္ေလာက္ပဲၾကာေသးတယ္။ ေသခ်ာျပန္ေတြးၾကည့္ရင္ တပ္သားအမ်ားစုက တျခားေနရာမွာ ထပ္ရိွႏိုင္ေသးတယ္။ ၿပီးေတာ့ လူဘယ္ေလာက္မ်ားမ်ား ဒီကိစၥထဲ ပါေနသလဲဆိုတာ ေသခ်ာမသိရေသးဘူး။ အခုလို ကြၽန္းတစ္ကြၽန္းလံုးကို အပိုင္စီးၿပီး တပ္စခန္းအျဖစ္ ေလ့က်င့္ဖို႔လုပ္ထားတာဆိုရင္ သူတို႔အႀကံအစည္က အေတာ္ေလးေအာင္ျမင္ေနၿပီလို႔ ေျပာရမယ္။ ၿပီးေတာ့ ခ်ူရိွန္႔နဲ႔ လ်ိဳက်င့္တာတင္ မကဘူး၊ နန္ယန္ကြၽန္းစုတစ္ခုခုကေန သူတို႔ကို အားျဖည့္ေထာက္ပံ့ေနလို႔သာ ဒီေလာက္ထိ ျမန္ျမန္ဆန္ဆန္ အထေျမာက္လာတာပဲျဖစ္ရမယ္။ဒါေၾကာင့္မို႔ ခုေန ခ်ူရိွန္႔ကို သတ္လိုက္ၿပီးေနာက္ကြယ္က ႀကိဳးကိုင္ေနတဲ့ေကာင္ကို တကယ္မဖမ္းႏိုင္ေသးရင္ နန္ယန္လည္း ၿငိမ္းခ်မ္းၪီးမွာမဟုတ္ဘူး"
စစ္ကုန္းလြီ႔က မ်က္ႏွာမဲ့သြားကာ -
"နန္ယန္မွာ ကြၽန္းအမ်ားႀကီးရိွတာမွန္ေပမယ့္ အင္အားႀကီးတဲ့ကြၽန္းဆိုရင္ေတာ့ မ်ားမ်ားစားစားမရိွဘူးဟ။ ၿပီးေတာ့ အခုေနာက္ပိုင္း လူတိုင္းက တာ့ခ်ူနဲ႔ပဲ ကုန္သြယ္ၾက၊ ေငြေၾကးဥစၥာေတြစုေဆာင္းၾက လုပ္ေနၾကတာ၊ ဘယ္သူကမ်ား စစ္တိုက္ဖို႔စိတ္ဝင္စားၾကမွာလဲ။ ငါသိတဲ့ ကြၽန္းေတြဆိုရင္ေတာ့ ဒီလိုအေတြးမ်ိဳး ရိွမွာမဟုတ္ဘူး"
"ဒီနန္ယန္က အရမ္းက်ယ္ျပန္႔တယ္လို႔ မင္းပဲေျပာတယ္ေလ။ ေလမုန္တိုင္းေတြ ဝဲဂယက္ေတြနဲ႔ ထူထဲလွတဲ့ ျမဴခိုးေတြၾကားမွာ လူအင္အား အေယာက္တစ္ေသာင္းမေျပာနဲ႔၊ လူအေယာက္တစ္သိန္းကိုေတာင္ ေအးေဆး တပ္ျဖန္႔ထားႏိုင္တယ္"
"မင္း ဘာေျပာခ်င္ေနတာလဲ"
"ခုေလာေလာဆယ္ ဒီကြၽန္းအႏွံ႔ ေလ့လာၾကည့္ၾကစို႔။ ၿပီးရင္ ခဏေလာက္ ျပန္ဆုတ္ၾကမယ္။ အခု ခ်ူရိွန္႔က ရွင္းက်ိဳးကြၽန္းကို စခန္းအသစ္အေနနဲ႔ ယူထားတာဆိုေတာ့ ဘာပဲေျပာေျပာ အရင္အသိုက္ေဟာင္းနဲ႔ေတာ့ နီးေနမွာပဲ။ မင္းနဲ႔ငါလည္း ကုန္သည္ေယာင္ေဆာင္ၿပီးေတာ့ အနီးအနားတစ္ဝိုက္က ကြၽန္းေတြကို အရင္လိုက္စံုစမ္းၾကည့္ၾကမယ္၊ ၿပီးမွ ဘာဆက္လုပ္ၾကမလဲဆိုတာ တိုင္ပင္ၾကတာေပါ့"
စစ္ကုန္းလြီ႔က သက္ျပင္းခ်လိုက္သည္။
"ပုပၹမာလာ ပန္းအျဖာျဖာနဲ႔ ေက်ာက္စိမ္းရုပ္လို လွပလွတဲ့ ငါ့ရဲ့ အိမ္သူသက္ထားေလးကေတာ့ မယိုင္မလဲ ခိုင္ၿမဲလွတဲ့ ခ်စ္ျခင္းေတြနဲ႔ တစ္ကိုယ္ေတာ္တည္း လြမ္းဆြတ္ေဆြးေျမ့ေနရရွာၿပီ။ ေခ်ာေမာခန္႔ညားလွတဲ့ ဒီခင္ပြန္းသည္ရဲ့ မ်က္ႏွာျပင္ကို ျပန္ျမင္ရဖို႔ ဘယ္ေလာက္ထိမ်ား ေစာင့္ဆိုင္းရၪီးမတဲ့လဲ။ ေလၫွင္းအေဝ႔ွမွာ ယိမ္းႏြဲ႔ေနတဲ့ ပန္းေလးေတြလို တင့္တယ္လွတဲ့ ရုပ္အဆင္းရူပကာ၊ ႀကီးျမတ္လွတဲ့ စိတ္ေနသေဘာထား၊ ၾကင္သူနဲ႔မျခား ေလးနက္လွတဲ့ ခ်စ္ျခင္းတရားေတြနဲ႔....."
သြမ့္ေယာင္ကေတာ့ မသိမသာ နားကို ပိတ္ထားလိုက္သည္။ တစ္ခြန္းၿပီးတစ္ခြန္း နားေထာင္ေနရင္း ေခါင္းက ပိုပိုၿပီးကိုက္လာေသာေၾကာင့္ပင္။
"ေအးပါ၊ တန္ျပန္လက္ေဆာင္ ေပးပါ့မယ္"
သြမ့္ပိုင္ယြဲ႔က သူ႔ပခံုးကိုပုတ္လိုက္ကာ အားေပးလာ၏။စစ္ကုန္းလြီ႔လည္း အျမန္ေမးလိုက္သည္။
"ဘာလက္ေဆာင္လဲ"
"ဒီကိစၥၿပီးတာနဲ႔ ရည္းစားစာအားလံုးကို မင္းလက္ထဲ ျပန္အပ္ပါ့မယ္ ၊ ဟုတ္ၿပီလား"
"ေၾသာ္၊ အရမ္းေတြ ႀကီးက်ယ္ခမ္းနားတဲ့ လက္ေဆာင္ပဲ"
စစ္ကုန္းလြီ႔က သက္ျပင္းခ်ရင္းဆိုလာ၏။သြမ့္ပိုင္ယြဲ႔လည္း ေခါင္းတညိတ္ညိတ္ႏွင့္ -
"ငါေရာ အဲ့လိုထင္မိတယ္၊ တကယ္ကို ႀကီးက်ယ္ခမ္းနားတဲ့ လက္ေဆာင္ေလးပါလားလို႔ေလ"
"......"
ေအး ေအး ၊ရွက္ေၾကာမရိွတဲ့ေနရာမွာ မင္းနဲ႔ လာကို မၿပိဳင္သင့္ပါဘူး။
ဒီေလာက္ မ်က္ႏွာအေရထူေနၿပီးသားကို မ်က္ႏွာဖံုးက တပ္ထားလိုက္ေသး။
ငါ ေမးၾကည့္ပါၪီးမယ္၊
မင္းေလာက္ ေသာက္ရွက္မရိွတဲ့ေကာင္ေရာ ဒီကမ႓ာမွာ ရိွေသးရဲ့လား။
*****
ရွီးနန္စံအိမ္ေတာ္မွာေတာ့။
နန္ေမာ္ယဲ့မွာ ေက်ာက္ခဲတစ္တံုးလို ၿငိမ္ၿငိမ္ကုပ္ကုပ္ေလးထိုင္ေနရကာ အံတင္းတင္းႀကိတ္ၿပီး နာက်င္မႈေဝဒနာကို သည္းညည္းခံေနရသည္။
အရီးေတာ္က်င္းက သူမလက္ထဲရိွ ေခါင္းၿဖီးဘီးျဖင့္ နန္ေမာ္ယဲ့၏ ဆံပင္အံုႀကီးကို အေခါက္ေခါက္အခါခါ ရွင္းလင္းၿဖီးသင္ေပးေန၏။ ထို႔အျပင္ လ်င္ျမန္ဖ်တ္လတ္လွစြာ အတည္ေပါက္ႀကီး စိတ္ပါလက္ပါ ေခါင္းၿဖီးေပးေန၏။ ထို႔ေၾကာင့္ တစ္ခဏအတြင္းမွာပင္ တစ္ေခါင္းလံုးရႈပ္ေထြးေပပြေနေသာ ဆံပင္ဘုတ္သိုက္ႀကီးကို ေသေသသပ္သပ္ျဖစ္ေအာင္ ၿဖီးေပးႏိုင္လိုက္ေလသည္။
ဝမ္ရယ္ေရာ ေရွာင္ဝမ္ရယ္ေရာ ရိွမေနၾကသည္မို႔ ဆရာႀကီးနန္က စံအိမ္ထဲက မည္သူ႔ကိုမွ မမႈေတာ့။ တစ္ေနကုန္တစ္ေနခမ္း ေလ်ွာက္ပတ္သြားလာေနကာ အဝတ္အစားသစ္မ်ားဆိုလည္း ႏွစ္ရက္မ်ွသာဝတ္လိုက္ရံုႏွင့္ စုတ္ၿပဲညစ္ပတ္ၾကကုန္သည္။ ဆံပင္မ်ားကလည္း ငွက္သိုက္ထက္ပင္ ရႈပ္ေထြးေနေသး၏။ မေန့က လမ္းေဘးနားတြင္ သူ႔ဘာသာသူ ေနပူဆာသြားလႈံသည္ကို တစ္နယ္ျခားမွ ကုန္သည္တစ္ခ်ိဳ႕က သူ႔အား သူေတာင္းစားဟု ထင္မွတ္မွားၾကကာ ခဏၾကာေတာ့ သူ႔ေရ႔ွသို႔ ေၾကးနီျပားေလးတစ္ျပားကို ခ်လြင္ဆိုၿပီး စြန္႔ႀကဲလာ၏။
ထိုအခ်ိန္ကတည္းကစၿပီး ၿမိဳ႔ထဲက ပ်ိဳပ်ိဳအိုအိုမေရြး ၊ ကေလးမက်န္ ေခြးမက်န္ ထိုအေၾကာင္းကို သူ႔အား လိုက္စေနၾကေလရာ ရွီးနန္စံအိမ္ေတာ္အဖို႔ အေတာ္ပင္ အရွက္ရစရာ ျဖစ္ခဲ့ရေသးသည္။
နန္ေမာ္ယဲ့ကေတာ့ အေတာ္ပင္ ေသခ်င္ေစာ္နံေနၿပီျဖစ္၏။
မေန့က မိမိ ပိုက္ဆံအမ်ားႀကီးရွာႏိုင္ခဲ့ရဲ့သားႏွင့္..... အဘယ္ေၾကာင့္မ်ား ယေန့က်ေတာ့ အရီးေတာ္က်င္း ေခါင္းၿဖီးေပးတာကို အံႀကိတ္ခံေနရပါသနည္း။
"ဆရာႀကီးနန္....အရီးေတာ္က်င္း!!!!!!"
အေစခံေကာင္ေလးတစ္ေယာက္က စံအိမ္ဝင္းထဲ အေျပးအလႊားေရာက္လာ၏။
"အစိုးရဘက္ကလူေတြ ေရာက္လာပါတယ္ခင္ဗ်"
"ဟင္....အစိုးရဘက္က လူေတြဆိုရင္ အစည္းအေဝးခန္းမထဲေခၚသြားၿပီး အမတ္မင္းဝမ္နဲ႔ သြားေတြ့ခိုင္းလိုက္ေလ"
အရီးေတာ္က်င္းက ေအးေအးေဆးေဆးသာ ျပန္ေျဖလိုက္သည္။
"မရဘူးဗ်။ ဧည့္သည္ကိုယ္တိုင္က ဆရာႀကီးနန္နဲ႔ ေတြ့ခ်င္တယ္လို႔ကို ေတာင္းဆိုလာတာ။ ၾကည့္ရတာ အေတာ္ႀကီးတဲ့ ကိစၥရိွတဲ့ပံုပဲ၊ အမတ္မင္းေဝ့ကိုယ္တိုင္ပါ ေရာက္ခ်လာတာဗ်"
"ေဟ....အမတ္မင္းေဝ့.....။ ေဝ့ဖန္းကိုေျပာတာလား"
နန္ေမာ္ယဲ့ အေတာ္အံ့ၾသသြား၏။
ထိုသူက ဘုရင့္ညီလာခံသဘင္ကေန တိုက္ရိုက္ခန္႔ထားေသာ၊ ရွီးနန္နယ္၌ ရာထူးအႀကီးဆံုး အမတ္မင္း မဟုတ္လား။
သို႔တည္းမဟုတ္ သူကိုယ္တိုင္ေတာင္ ေခၚေဆာင္လာရေသာသူဆိုေတာ့ တစ္ဖက္လူက ဘုရင့္သံတမန္မ်ား ျဖစ္ေနလို႔လား။
*****
"အမတ္မင္းေဝ့....အမတ္မင္းေဝ့.....မရဘူးဗ်။ ဒီေနရာက အိမ္ေနာက္ေဖးကို အျပင္လူဝင္သြားလို႔မရပါဘူးဗ်"
စံအိမ္ေတာ္၏ အေစာင့္တပ္သားအေတာ္မ်ားမ်ားက လိုက္လံတားဆီးၾကသည္။
"ဒီေနရာက ဆရာႀကီးနန္ေနတဲ့ ေနရာမို႔လို႔ပါ၊ ေနရာအႏွံ႔ ကူပိုးေကာင္ေတြခ်ည္း ရိွေနတာမို႔ပါ"
အကိုက္ခံရရင္ ဘယ္ႏွယ့္လုပ္ၾကမွာတုန္း။
ေဝ့ဖန္းလည္း မ်က္ႏွာမေကာင္း။
မင္း လာတားေတာ့ ဘာ ထူးမွာလဲကြ။
မေတြ့ဘူးလား ၊ မင္းေရ႔ွက ဘိုးေတာ္ေလးက အတင္းကိုပဲ ဝင္သြားခ်င္ေနၿပီ။
*******
" ဒီေလာက္ေလာေနတာ မေကာင္းတဲ့ကိစၥတစ္ခုခုမ်ား ျဖစ္လာလို႔လား "
အရီးေတာ္က်င္းလည္း အျပင္ဘက္မွ ၾကားရေသာ ဆူညံေနေသာအသံမ်ားကို ခပ္သဲ့သဲ့ၾကားလိုက္ၿပီး ညည္းၫူမိသည္။
နန္ေမာ္ယဲ့လည္း ဝတ္ေကာင္းစားလွ သြားလဲဖို႔အခ်ိန္မရိွေသး၊ ထၿပီး အျပင္ထြက္သြားမည္အလုပ္ တစ္စံုတစ္ေယာက္ေသာသူက အိမ္ဝင္းတံခါးကို တြန္းဖြင့္ၿပီး ဝင္လာေခ်ၿပီ။
တံခါးဝေရ႔ွ ေရာက္လာေသာသူကို ေတြ့လိုက္ေတာ့ နန္ေမာ္ယဲ့မွာ လံုးဝကို မွင္သက္အံ့ၾသသြား၏။
မိမိကမ်ား အသက္အရြယ္ႀကီးရင့္လာလို႔ အျမင္အာရံုမ်ား ေဝဝါးေနသလား ။ သို႔တည္းမဟုတ္ ၊ ၪီးေရျပားကို ဘီးျဖင့္ ဆြဲေဆာင့္ခံရပါမ်ားၿပီး ပံုရိပ္ေယာင္ေတျြမင္ေနတာလား။
ေဘးနားက ေဝ့ဖန္းကဆို၏။
"ဆရာႀကီးနန္ ခင္ဗ်ာ။ အရွင္မင္းျမတ္က ေန့မနားညမနား ခရီးဆက္လာၿပီး ရွီးနန္စံအိမ္ေတာ္ကို ႂကြေရာက္လာတာတာပါ၊ ဆရာႀကီးနဲ႔ ေဆြးေနြးစရာရိွလို႔ပါတဲ့"
ေဘးပတ္ဝန္းက်င္တစ္ခြင္မွာ ခ်က္ခ်င္းပင္ တိတ္ဆိတ္သြား၏။
အရီးေတာ္က်င္းလည္း အလိုက္တသိႏွင့္ ဂါရဝျပဳလိုက္ၿပီးေနာက္ ေနာက္ဆုတ္ထြက္ခြာေပးသြားသည္။ ခ်ူယြမ္ လက္ေလးေဝ႔ွယမ္းျပလိုက္ေတာ့ ေဝ့ဖန္းလည္း အလိုက္တသိ ထြက္သြား၏။
နန္ေမာ္ယဲ့ကေတာ့ လက္မ်ားကို ပြတ္သပ္ႏွီးေနွာေနကာ တဟဲဟဲ ရယ္ျပလာ၏။
"သူ ဒီမွာ ရိွမေနျပန္ဘူး ၊ ဟုတ္တယ္မလား"
"အာ.....ဒီတစ္ေခါက္ေတာ့ တကယ္ မရိွတာပါဘုရား"
နန္ေမာ္ယဲ့ တကယ္စိတ္ရင္းႏွင့္ဆိုလာ၏။
"နန္ယန္ရဲ့ဘယ္ေနရာကို သြားတာလဲ"
ခ်ူယြမ္ထပ္ေမးလာေတာ့ နန္ေမာ္ယဲ့ခမ်ာ တံေတြးပင္ အႏိုင္ႏိုင္မ်ိဳခ်လိုက္ရသည္။
ခ်ူယြမ္က ထပ္ေမးလာ၏။
"ထ်ဲန္းခ်န္ရွားကို အစကတည္းက ရွာေတြ့ခဲ့တာလည္းမဟုတ္ဘဲနဲ႔ ကိုယ္ေတာ့္ကို ဘာလို႔ လိမ္ညာခဲ့တာလဲ"
အား၊ ဘာလို႔ ခ်က္ခ်င္းႀကီး အကုန္လံုးကို သိသြားတာလဲ။
နန္ေမာ္ယဲ့ေတာ့ စိတ္ထဲတြင္ ေအာ္င္ိုေနၿပီျဖစ္၏။
နန္ေမာ္ယဲ့ ဘာမွမေျပာဘဲ ၿငိမ္ေနေတာ့ ခ်ူယြမ္လည္း နားလည္လိုက္ၿပီျဖစ္သည္။
အဘိုးအိုရႊမ္ထ်ဲန္း ဤေလာကႀကီးမွ ထြက္ခြာမသြားခင္ ခ်ူယြမ္ဆီ စာတစ္ေစာင္ ခ်န္ရစ္သြားခဲ့၏။ စာလႊာထဲတြင္ သြမ့္ပိုင္ယြဲ႔က သြမ့္ေယာင္အား မိမိထံလႊတ္ၿပီး ထ်ဲန္းခ်န္ရွားကို ရွာေတြ့ဖို႔မခက္ခဲေၾကာင္း ခ်ူယြမ္အား ေျပာေပးပါရန္ အကူအညီေတာင္းလာသည့္ကိစၥကို ေဝန္ခံ ေရးသားထားျခင္းျဖစါသည္။ ထို႔အေၾကာင္းေၾကာင့္သာ ျဖစ္ေၾကာင္းကုန္စင္ကို သူ နားလည္သြားျခင္းျဖစ္သည္။
တကယ္လည္း ရွာေတြ့သည္ပဲထားၪီး၊ အစဥ္အဆက္ဆိုလာေသာ ေရွးစကားမ်ားအရ ထ်ဲန္းခ်န္ရွားကို အဆိပ္ကိုကုေပးႏိုင္သည့္ အာနိသင္မ်ိဳး ရိွရိုးမွန္လ်ွင္ ထိုေန့တုန္းကလိုေသလုေမ်ာပါး နာက်င္ေနရေသာ ေဝဒနာမ်ိဳး ထိုသူ ခံစားေနရခဲ့မည္မဟုတ္။
မ်က္ခံုးျဖဴနတ္အရွင္ကိစၥကိုဆို ထည့္ကိုမေျပာပါႏွင့္ေတာ့။ တုန္းဟိုင္ပင္လယ္ထဲက ဖုန္းလိုင္ကြၽန္းစုရိွ ရွန္းခ်င္းထာထိုသာမက ၊ နန္ဟိုင္သမုဒၵရာထဲက ရန္စြမ္းကြၽန္းရိွ သမားေတာ္ကြီ႔ဆိုးအာမွအစ ၊ ကမ္းရိုးတန္းတစ္ေလ်ွာက္ တစ္သက္လံုးေနထိုင္လာခဲ့ေသာ သက္ႀကီးရြယ္အိုမ်ားကိုပါမပါ ခ်ူယြမ္ လိုက္လံ စံုစမ္းၾကည့္ၿပီးသားျဖစ္သည္။ မည္သူကမ်ွ ထိုအမည္နာမရိွေသာသူမ်ိဳးကို မၾကားဖူးပါဟု ဆိုလာၾက၏။ ပံုျပင္ထဲမွာေတာ့ ထိုနတ္အရွင္ႏွင့္ ဆင္တူေသာနတ္မ်ားစြာ ပါရွာပါသည္။
မ်က္ခံုးျဖဴ နတ္အရွင္၊
မုတ္ဆိတ္ျဖဴ နတ္အရွင္၊
ဝတ္ရံုျဖဴ နတ္အရွင္၊
ဆံႏြယ္ျဖဴနတ္အရွင္။
အားလံုးေပါင္း ထိုေလးေယာက္အတြက္ စားပြဲတစ္ဝိုင္းစာ စားေသာက္ဧည့္ခံေပးလို႔ပင္ ရေနေပ၏။
ထိုအေၾကာင္းကို ျပန္ေတြးမိသြားေတာ့ ခ်ူယြမ္ အေတာ္ေပါက္ကြဲေလေတာ့သည္။
"မွန္မွန္ေျပာစမ္း၊ အခု သူ ဘယ္ေရာက္ေနတာလဲ !!!!! "
နန္ေမာ္ယဲ့ခမ်ာ ေနာက္သို႔ ေျခတစ္လွမ္း အလိုလိုဆုတ္မိသြား၏။
"အရွင္မင္းျမတ္ဘုရား ၊ၿမိဳ႔ေတာ္ကိုသာ ျပန္သြားလွည့္ပါေတာ့"
"စိတ္ခ်ပါ၊ ကိုယ္ေတာ္က ၿမိဳ႔ေတာ္ကို ေသခ်ာေပါက္ျပန္မွာပါ"
ခ်ူယြမ္က ဆက္ဆို၏။
" ဒါေပမယ့္ သူ႔ကို အသက္ျပန္ႏွင္းအပ္ဖို႔ အေႂကြးရိွေသးတယ္။ လူႀကီးမင္းနန္သာ အမွန္အတိုင္းမေျပာျပရင္ေတာ့ ေပဟိုင္မွာရိွတဲ့ တာ့ခ်ဳရဲ့ေရေၾကာင္းတပ္မေတာ္ကေတာ့ အခ်ိန္မေရြး စတင္လႈပ္ရွားပါေတာ့မယ္"
နန္ေမာ္ယဲ့က အခြင့္ေကာင္းကိုဖမ္းဆုပ္လိုက္ကာ -
"အရွင္မင္းျမတ္မိန္႔ၾကားတာ မွန္လွပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္မ်ိဳးေတာင္ အဲ့တပည့္မိုက္ႀကီး ဘယ္ေရာက္လို႔ေရာက္ေနမွန္းမသိ-"
" ေတာ္ၿပီ၊ လူႀကီးမင္းနန္ ဆက္မေျပာပါနဲ႔ေတာ့"
ခ်ူယြမ္က နန္ေမာ္ယဲ့၏စကားကို ခ်က္ခ်င္းျဖတ္ပစ္လိုက္၏ ။ အသံကေတာ့ ပံုမွန္အတိုင္းပင္ ေအးစက္တည္ၿငိမ္ေနလ်က္။
"လူႀကီးမင္းနန္ေတာင္ တကယ္မသိမွေတာ့လည္း ကိုယ္ေတာ္ ဘယ္တတ္ႏိုင္မွာလဲ။ ဒို႔တာ့ခ်ူရဲ့ ေရေၾကာင္းတပ္မေတာ္ကလည္း တစ္ခါမွ စစ္ပြဲမႏႊဲဖူးေသးတာနဲ႔ အေတာ္ပဲ။ ျပည္နယ္တစ္ခုခ်င္းစီကို သြားတိုက္မယ္၊ သူဘယ္မွာရိွေနလဲလို႔ ေမးမယ္၊ ေမးလို႔မရရင္ တာ့ခ်ူလက္ေအာက္ခံအျဖစ္ သိမ္းပိုက္ပစ္မယ္။ မေျပာျပတဲ့လူေတြကို ရွီးနန္ျပည္ရဲ့ႀကံရာပါအေနနဲ႔ တာ့ခ်ူကိုပုန္ကန္တယ္ဆိုၿပီး အျပစ္ဒဏ္ခ်ပစ္မယ္ ။ ဘ္ိုးေဘးအဆက္ဆက္ လက္ဆင့္ေပးအပ္လာခဲ့တဲ့တာ့ခ်ူႏိုင္ငံေတာ္ႀကီးက ကိုယ္ေတာ္လက္ထက္မွာ ဘယ္ေလာက္ထိ နယ္ေျမတိုးခ်ဲ့ႏိုင္မလဲဆိုတာ ၾကည့္ၾကေသးတာေပါ့"
နန္ေမာ္ယဲ့မွာ ပါးစပ္အေဟာင္းသားျဖစ္သြားရေလၿပီ။
"ဒါဆိုလည္း ကိုယ္ေတာ္ ျပန္ပါၪီးမယ္"
ခ်ူယြမ္မွာ ဝတ္ရံုလက္ကိုခါလိုက္ကာ ခ်ာခနဲလွည့္ထြက္သြားသည္။
"ပိုင္ရွန္႔ျပည္ပါ ဘုရား၊ ပိုင္ရွန္႔ျပည္ပါ"
နန္ေမာ္ယဲ့ခမ်ာ မ်က္ရည္ခကာ ဆိုလာသည္။
ခ်ူယြမ္၏ႏႈတ္ခမ္းေထာင့္စြန္းမ်ား ေကြးၫႊတ္သြား၏။
"လူႀကီးမင္းနန္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"ကြၽန္ေတာ္မ်ိဳးလည္း လိုက္ခဲ့ပါရေစ"
နန္ေမာ္ယဲ့က ခ်က္ခ်င္းပင္ ခ်ူယြမ္ေနာက္ အေျပးလိုက္လာ၏။
"ေကာင္းၿပီ"
ခ်ူယြမ္ကေတာ့ အၿပံဳးမပ်က္ခဲ့ေပ။ နန္ေမာ္ယဲ့မွာေတာ့ တပည့္အငယ္ေလးလို တဝါးဝါးေအာ္ငိုခ်င္ေနၿပီျဖစ္သည္။
ဒီလိုမွန္းသိရင္ မေန့ကတည္းက က်င္းထဲျပန္သြားေအာင္းပါတယ္ကြာ၊ အဲ့လိုဆို ျပႆနာေတြကို လိုက္ရွင္းေနစရာမလိုေတာ့ဘူး။
*******
လမ္းမႀကီးထက္တြင္ ရထားလံုးမ်ား စီတန္းေျပးလႊားေနၾကသည္။ ခ်ူယြမ္ကျပတင္းေပါက္ေဘာင္နားတြင္ အသာမွီရင္း အျပင္ဘက္က ရႈခင္းမ်ားကို ထိုင္ေငးေန၏။
"အရွင္မင္းျမတ္၊ ခဏေလာက္အနားယူလိုက္ပါၪီးလား"
ရွစ္ဇီ အသံေပးလာခါမွ ခ်ူယြမ္တစ္ေယာက္ အေတြးကမ႓ာမွ ႏိုးထလာကာ -
"ရွစ္ဇီ .....ပုေရာဟိတ္အမတ္ႀကီး ဘယ္လိုေတြ ေတြးေနေလာက္ၿပီလို႔ ထင္သလဲ၊ မွန္းၾကည့္ၾကည့္"
ဘာေတြ ေတြးႏိုင္ၪီးမွာမို႔လဲ။
ရွစ္ဇီက ၿပံဳးျပေန၏။ သို႔ေသာ္ စိတ္ထဲမွာေတာ့ -
အရွင္မင္းျမတ္သာ ေရႊၿမိဳ႔ေတာ္သို႔ျပန္ေရာက္လ်ွင္ ပုေရာဟိတ္အမတ္ႀကီးကေတာ့ အရင္ဧကရာဇ္ခ်န္ထားရစ္ခဲ့ေသာ ေတာ္ဝင္မိသားစုစည္းမ်ဥ္းဥပေဒက်မ္းႀကီးကို ဆီးႀကိဳေဝ႔ွယမ္းျပလာမည္မွာ ေသခ်ာေပသည္။
********
2020.09.26.
(T/ n : ဧကရာဇ္ခ်ူကို လြမ္းေနမွာစိုးလို႔)
*********