[ဝသုန်မြေမှုန့်အဖြစ် ကြေလွင့်ပျက်သုဥ်းသွားရင်တောင် မှတ်မိနေဦးမှာပါ]
ညချမ်းချိန်ခါ ဝေဟင်ပြာမှာ တဖြည်းဖြည်းနှင့် မှောင်ရိပ်သမ်းလာ၏။ မြို့သူမြို့သားမှာလည်း မိမိတို့၏အိုးအိမ်သို့ ကိုယ်စီပြန်ကာ အနားယူကုန်ကြလေပြီ။
တိတ်ဆိတ်နေသော အိမ်အိုအိမ်ပျက်တစ်ခုဝယ် ခါးလောက်နီးနီးအမြင့်ရှိ မြက်ပင်များက ပေါက်ရောက်ရှင်သန်နေကာ နွယ်ပင်များကလည်း နံရံများထက် တွယ်ကပ်နေလျက်ရှိသည်။ သစ်ကိုင်း၏ အရိပ်များကလည်း နံရံထက် ကျနေလျက်ရှိကာ တစ္ဆေခြောက်သည့်အိမ်ကြီးများနှင့် တူလှပေ၏။ ကြောက်တတ်သောသူများသာဆိုလျှင် အထဲဝင်နေဖို့မဆိုထားနှင့် ၊ တစ်ချက်မျှစောင်းငဲ့ကြည့်ရန်ပင် မဝံ့ရဲလောက်။
တစ်စုံတစ်ယောက်က အခန်းထောင့်ဝယ် တိုးခွေ့ပုန်းခိုနေ၏။ နံရံနှင့်တစ်သားတည်းကပ်တော့မတတ် ပုန်းခိုပျော်ဝင်နေ၏။ အတန်ကြာနေပြီဖြစ်သော်လည်း တစ်စိုးတစ်စိမှ မလှုပ်ရှား ၊ သေနေသည်လား ရှင်သေးသလားဆိုသည်ကို သဲသဲကွဲကွဲမသိရ။
သွမ့်ယောင်က ကျောက်စရစ်ခဲလေးတစ်လုံးကိုကောက်ကာ ထိုအရိပ်ရှိရာ ပစ်လိုက်၏။
ထိုအရိပ်က ချက်ချင်း ထလာသည်။ လရောင်ကို လက်ခနဲ ထင်ဟပ်သွားသော ပစ္စည်းတစ်ခုကိုပါ ကိုင်ဆောင်ထား၏။
လက်စသတ်တော့ လက်ထဲတွင် ဓားတိုတစ်ချောင်း ကိုင်ဆောင်ထားခြင်းပင်။
"ငါရယ်ပါ"
သွမ့်ယောင် ထိုသို့ဆိုတော့မှ ဟွမ်လီက သူ့ကိုသေချာကြည့်လာသည်။ သူဖြစ်နေမှန်း သေချာတော့မှ ခေတ္တမှင်သက်သွားကာ နောက်သို့တစ်လှမ်း အလိုလိုဆုတ်မိသွား၏၊ ဘာစကားမှတော့ ပြန်မပြော။
"ငါနဲ့ နောင်တော်တို့က ကုန်သွယ်ရေးလာလုပ်ကြတာ၊ ဘယ်သူ့ကိုမှ ပြဿနာလာရှာတာမဟုတ်ဘူး။မင်းက ဘာမပြောညာမပြောနဲ့ ချက်ချင်းကြီးရောက်ချလာတဲ့အပြင် တပည့်တပန်းအပြုံလိုက်ကြီးကိုပါ ခေါ်လာသေးတာလေ၊ ငါတို့လည်း စိတ်ရှုပ်သွားပြီး မင်းတို့ကိစ္စထဲ ဝင်မရှုပ်တော့တာ။ ဒါပေမယ့် ယောကျ်ားရင့်မာအများကြီးတွေကို ခါထုတ်ပြီး ဒီထိတောင် ပြေးလာနိုင်တာဆိုတော့ မင်းလည်း အတော်လေး အစွမ်းအစရှိတဲ့လူပဲ"
ဟွမ်လီကတော့ တိတ်ဆိတ်နေမြဲ။
"သွားကြစို့ ။ အခု ငါ့နောက်မှာ ဘယ်သူမှ လိုက်မလာကြဘူး၊ မင်းကို တည်းခိုဆောင် ပြန်လိုက်ပို့ပေးမယ်"
"ကျွန်မကို တည်းခိုဆောင် ပြန်လိုက်ပို့ပေးစရာမလိုပါဘူး။ သခင်လေးသာ ကျွန်မအပေါ် ကရုဏာသက်ခဲ့ရိုးမှန်ရင် ဆိပ်ကမ်းကိုပဲ လိုက်ပို့ပေးပါ။ စိတ်သဘောထားကောင်းမွန်တဲ့ လှေပိုင်ရှင်တစ်ယောက်ယောက်ဆီကိုပဲ လိုက်ပို့ပေးပါရှင်"
ဟုန်လီ၏ တောင်းဆိုချက်ကိုကြားတော့ သွမ့်ယောင်က သက်ပြင်းချလိုက်ကာ -
"မင်းကို ဖုံးကွယ်မထားချင်ဘူး။ ငါတောင် စောနကမှ ဆိပ်ကမ်းကနေ ပြန်လာတာ။ မင်းကို ကင်းလှည့်ပြီး လိုက်ရှာနေတဲ့လူတွေ အများကြီး။ ဒေသခံတွေတောင် ဒီကနေထွက်ဖို့ လက်မှတ်ထိုးရ စာရင်းသွင်းရသေးတာ။ နယ်ခြားကုန်သည်တွေဆိုရင်တော့ တစ်ခါထွက်ဖို့အရေး ပိုင်ရှန့်ပြည်ကို ဘယ်နေ့တုန်းကရောက်တာ၊ ငါတို့စကား တကယ်မှန်နေတော့ကြာင်း စစ်ကြည့်ပြီး သူတို့ကျေနပ်တော့မှ ထွက်သွားလို့ရမှာ။ အခုနေ လှေပိုင်ရှင်တစ်ယောက်ယောက်ကများ စိတ်သဘောထား အရမ်းကောင်းနေခဲ့ရင်တောင် မင်းကို ခေါ်ထုတ်သွားနိုင်မှာမဟုတ်ဘူး"
ဟွမ်လီမျက်နှာမှာ ပိုလို့ပင် ဖြူရော်သွား၏။ ပေါ်တာ့တု၏ ဓနစည်းစိမ်အင်အားနှင့် အကျင့်စရိုက်ကို သူမ ကောင်းကောင်းကြီးသိနေသည်မို့ နောက်လိုက်တပည့်များကို ပိုက်ကွန်သဖွယ် နေရာဖြန့်ကာ မိမိကို မရရအောင် အရပြန်ဖမ်းခေါ်မည့်လုပ်ရပ်မျိုး လုပ်မည်မှာသေချာသည်။
"ဒါကြောင့် မင်း ငါနဲ့ အရင်လိုက်ခဲ့သင့်တယ်။ ဒီအိမ်ပျက်ကြီးက လုံခြုံမှုပေးနိုင်တယ်ဆိုရင်တောင် ဘယ်လောက်များ ကြာကြာခံနိုင်မှာမို့လဲ၊ ပိုဆိုးတာက စားနပ်ရိက္ခာလည်း မရှိဘူး"
ဟွမ်လီက ခေတ္တမျှ တုံ့ဆိုင်းနေ၏။ ထို့နောက် သွမ့်ယောင်နှင့်အတူ တည်းခိုဆောင်သို့ လိုက်လာခဲ့လေသည်။
****
လမ်းပေါ်တွင် သူမအား လိုက်ရှာနေသောသူအရေအတွက်မှာ ဆိပ်ကမ်းမှာထက်ပင် ပို၍များသည်။ သို့သော် သွမ့်ယောင်၏ ကိုယ်ဖော့ပညာမှာ အတော်ပင် အဆင့်မြင့်လှသည်မို့ ဟွမ်လီကို တည်းခိုဆောင်သို့ လွယ်လင့်တကူ ပြန်ခေါ်လာနိုင်ခဲ့သည်။
သွမ့်ပိုင်ယွဲ့နှင့် စစ်ကုန်းလွီ့တို့မှာ စကားစမြည်ပြောဆိုနေကြဆဲဖြစ်ကာ သွမ့်ယောင် သူမကိုပြန်ခေါ်လာနိုင်သည်ကိုမြင်တော့ ပြုံးပြလာကြ၏။
"နေ့ခင်းတုန်းက မယ်မင်း အရမ်းကို လျင်မြန် ဖျတ်လတ်လိုက်တာ"
ဟွမ်လီမှာ ပစ္စည်းထုပ်ကို ပိုက်ထားမြဲဖြစ်သည်။ ခုထက်ထိ ကြောက်ရွံ့နေဆဲဖြစ်ကာ မည်သို့တုံပြန်ရမှန်းပင် မသိတော့။
သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။
"အရင်ဆုံး အနားယူလိုက်ပါဦး။ ဒီနေရာက လုံခြုံပါတယ်။ စိတ်မပူပါနဲ့၊ ဘယ်သူမှ လိုက်လာတော့မှာမဟုတ်ပါဘူး"
"ဟုတ်ကဲ့၊ သခင်ကြီးတို့ကို ကျေးဇူးအထူးတင်ပါတယ်"
ဟွမ်လီ၏အသံမှာ အလွန်ပင် တိုးလျနေသည်။
သွမ့်ယောင်က သူမအား ဘေးနားကအခန်းသို့ ခေါ်သွားသည်။ စစ်ကုန်းလွီ့က မေးလာ၏။
"မင်းနဲ့ငါက မနက်ဖြန်ကျရင် ကျဲန့်ဂိုဏ်းကို သွားကြတော့မှာ။ သူက ဘယ်ကနေ ထွက်ပြေးလာသလဲဆိုတာ နည်းနည်းလေးတောင်မှ မေးကြည့်ချင်စိတ်မပေါက်ဘူးလား၊ ဘာအကြောင်းကြောင့်လဲဆိုတာ သျေချာလေး သိထားရတာပေါ့"
သွမ့်ပိုင်ယွဲ့က ခေါင်းခါပြ၏။
"လမ်းပေါ် တိုက်တိုက်ဆိုင်ဆိုင်တွေ့တဲ့ သူစိမ်းတွေပဲလေ။ သူပြောပြတာတွေ မှန်သလားမှားသလားဆိုတာ မင်း ဘယ်လိုလုပ်သိမှာလဲ။ ဘာကိစ္စပဲရှိရှိပါ၊ မနက်ဖြန်မှပြောလည်း မီပါသေးတယ်"
******
ထိုညကတော့ တိတ်ဆိတ်ငြိမ်းချမ်းနေခဲ့၏။
နောက်တစ်နေ့မနက်ရောက်တော့ သွမ့်ပိုင်ယွဲ့နှင့်စစ်ကုန်းလွီ့တို့နှစ်ယောက် တည်းခိုဆောင်မှ ထွက်သွားကြသည်။ ကျဲန့်ဂိုဏ်းကို ရောက်သွားတော့ စေ့စေ့ပိတ်ထားသောတံခါးမကြီးကိုသာ တွေ့လိုက်ကြသည်၊ တံခါးစောင့်များပင် ရှိမနေကြ။ တံခါးပေါ်တွင် တစ်စောင်တည်းသော ကြေညာစာတစ်ခုသာ ကပ်ထား၏။ ထိုစာလွှာထဲတွင် ပိုင်ရှန့်ပြည်ဘာသာစကားနှင့် တာ့ချူဘာသာစကား နှစ်မျိုးလုံးဖြင့် ရေးသားထားသည်။
"လက်ရှိအချိန်တွင် ဂိုဏ်းအတွင်း ဆောင်ရွက်စရာ အမှုကိစ္စများပြားနေလွန်းသဖြင့် အခြားပြင်ပမှ အမှုကိစ္စများကို ခေတ္တခဏ လက်မခံနိုင်သေးကြောင်း။ ဘယ်နေ့ဘယ်အချိန် လုပ်ငန်းပြန်ဖွင့်မည်မှန်းလည်း သေချာမသတ်မှတ်ရသေးကြောင်း၊ အနူးအညွှတ် တောင်းပန်ပါကြောင်း"တို့ကို ရေးသားထား၏။
ဘေးနားက မြို့သူမြို့သားများကိုမေးကြည့်တော့ ထိုကြေညာစာကပ်ထားသည်ပင် ဆယ်ရက်ကျော်ကြာနေပြီဟု တစ်သွေးတစ်သံတည်း ထွက်ဆိုကြသည်။ အကြောင်းရင်းကိုတော့ အယောက်တိုင်းက မိမိတို့ထင်သလိုမြင်သလိုသာ ပြောဆိုနေကြကာ မည်သူကမှ တိတ်ိကျကျ မပြောပြနိုင်ခဲ့။
"အရင်ရက်တွေတောင် ပုံမှန်အတိုင်းပဲ ဖြစ်နေတာ၊ နောက်ပိုင်းကျ ဘာအကြောင်းရင်း မည်မည်ရရမှမရှိဘဲ ဧည့်သည်တွေကို နှင်ထုတ်လာတယ်။ ပိတ်ထားတာလည်း ဆယ်ရက်ကျော်နေပြီ။ စီးပွားရေးလုပ်စားပုံက သိပ်မဟန်သေးဘူး"
စစ်ကုန်းလွီ့က မှတ်ချက်ဆိုလာ၏။
သို့သော် သွမ့်ပိုင်ယွဲ့က ထိုကိစ္စကို စိတ်မဝင်စား။ ဧကရာဇ်ချူ၏ အသက်ကို ခြွေယူဖို့ လူလွှတ်လိုက်ပြီး အရေးနိမ့်လာသည်မို့ မည်သူမဆို ကြောက်ရွံ့ထိတ်လန့်ကြမာ်ဖြစ်ကာ လုပ်ငန်းဆောင်တာများ ချက်ချင်းရပ်ဆိုင်းလိုက်ကြမည်မှာ သေချာသည်။ အကုန်ပြောရလျှင် ထွက်တောင်ပြေးသွားလောက်ပေပြီ။
"ဒီက ဧည့်သည်နှစ်ယောက်ခင်ဗျာ။ အရမ်းအလျင်လိုနေရင် ကျင့်ချိန့်ဂိုဏ်းဆီသွားလိုက်ပါလား"
ဟန်ဘာသာစကားကို နားလည်သော လူတစ်ယောက်က သူတို့နှစ်ယောက် အကြာကြီးရပ်နေသည်ကိုတွေ့တော့ စေတနာဖြင့်ပြောပြလာ၏။
"သခင်ကြီးပေါ်ရဲ့ဂိုဏ်းအပြင် ကျင့်ချိန့်ဂိုဏ်းကလည်း ဒီနယ်မြေရဲ့ ထိပ်တန်းဂိုဏ်းပါပဲ။ ဂိုဏ်းချုပ်က ဒီနယ်ခံလေ၊ ကုန်သင်္ဘောတွေပေါ် လိုက်ပြီးစောင့်ရှောက်မှုပေးတာမျိုးလည်း လုပ်ပေးပါတယ်"
"ဟုတ်ကဲ့၊ ကျေးဇူးပါ"
"ဒီရှေ့နားမှာတင်ရှိတယ်၊ လမ်းထိပ်ကနေ နှစ်ဆင့်လောက် ချိုးလိုက်ရုံပဲ။ အခု ကျဲန့်ဂိုဏ်းက ယာယီပိတ်ထားတော့ ကျင့်ချိန့်ဂိုဏ်းဆီ ဖောက်သည်အဝင်ပိုများလာတယ်၊ ဒါကြောင့် အသင်တို့နှစ်ယောက်လည်း အမြန်သာသွားလိုက်မှ တော်ကာကျမှာပါ"
တစ်ဖက်လူက ဖော်ရွေစွာ ပြောပြလာ၏။
စစ်ကုန်းလွီ့ - "သွားမလား၊ မသွားဘူးလား"
သွမ့်ပိုင်ယွဲ့ - "သွားမှာပေါ့"
လုပ်ငန်းတူပြိုင်ဘက်များဖြစ်နေတော့ ရန်သူတွေဟုလည်း ဆိုချင်ဆိုနိုင်သည်ပင်။ဂိုဏ်းချုပ်ကလည်း ဤဒေသခံဖြစ်နေသည်မို့ နယ်ခြားလူသားတစ်ယောက်က မိမိဒေသတွင် လာရောက်ကြီးစိုးခြယ်လှယ်နေသည်ကို အငြိုးမထားဘဲ မနေနိုင်လောက်။
သို့နှင့် နှစ်ယောက်သားလည်း ထိုသူညွှန်ပြသည့်အတိုင်း လျှောက်လှမ်းလာခဲ့သည်။ လာရာလမ်းတစ်လျှောက်တွင်လည်း ဟွမ်လီအကြောင်းကို ဝေဖန်ပြောဆိုနေကြသည့်အသံများလည်းကြားရသည်။ ပေါ်တာ့တုမှာ ကံဆိုးမိုးမှောင်ကျနေသည်ထင်၊ စီးပွားလုပ်ငန်းကို ချက်ချင်းပင် ပိတ်လိုက်ရုံတင်မက ကံဇာတာမြင့်စေရန် လက်ထပ်မင်္ဂလာပွဲပါ ကျင်းပမည်လုပ်သည်၊ ကျင်းပတော့မည်ကြံခါမှ သတို့သမီးလောင်းကလည်း ထွက်ပြေးသွားသေးသည်။ ယခုလည်း မြို့အနှံ့ လိုက်ရှာနေကြတာ ပြန်တွေ့နိုင်မည်လားဟုပင် မသေချာ။ အလိုက်ခံရပြီး ပင်လယ်ထဲ ခုန်ချကာ မိမိကိုယ်ကိုအဆုံးစီရင်လိုက်လျှင် ပိုလို့ပင် ခေါင်းကိုက်စရာဖြစ်ချေလိမ့်မည်။
ရှေ့ဘက်တွင် ဦးကြီးတစ်ယောက်က သူ၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေ၏။ လက်ထဲတွင် ပန်းချီကားတစ်ချပ်ကို ကိုင်ဆောက်ထားကာ ဖောက်သည်များအား ဆွဲဆောင်ဖို့ လမ်းသွားလမ်းလာများအား သေချာမြင်နိုင်အောင် ဖြန့်ပြထားလေသည်။
စစ်ကုန်းလွီ့က ထိုပန်းချီကားကို ဝေ့ဝဲကြည့်လိုက်ကာဆို၏။
"တာ့ချူရဲ့ ရွှေမြို့တော်တဲ့။ ဆွဲထားတာ မဆိုးဘူးဟ၊ အရမ်းကို ကြီးကျယ်ခမ်းနားရောပဲ"
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ ပြန်ဖြေ၏။
"ကြီးကျယ်ခမ်းနားတာက ဟုတ်ပါတယ်၊ ဒါပေမယ့် တကယ့်ရှုခင်းအစစ်တွေရဲ့ တစ်ဝက်လောက်တောင် မမီသေးဘူး။ နှစ်သစ်ကူးပွဲတော်တို့လိုမျိုးကို မပြောသေးနဲ့၊ လတိုင်း ကျင်းပတဲ့ စျေးရောင်းပွဲတော်တောင် လမ်းမကြီးတစ်လျှောက်လုံး လူတွေ မြင်းလှည်းတွေနဲ့ အမြဲမပြတ်စည်ကားနေတာ"
စစ်ကုန်းလွီ့က သက်ပြင်းချလိုက်ကာ ဆက်ဆို၏။
"ဒီလိုကြားတော့မှ.... အခုဧကရာဇ်ငယ်လေးက တကယ် အစွမ်းအစရှိတာပဲနော်။ အဲ့ဒါကြောင့်လည်း စစတွေ့ကတည်းက မင်း သူ့ကို ဝင်ကယ်မယ်တကဲကဲလုပ်နေတာကိုး"
သူပြောလို့မှ မဆုံးသေး၊ သွမ့်ပိုင်ယွဲ့က ချက်ချင်းပင် ပန်းချီကားဆိုင်ထဲ လှစ်ခနဲပြေးဝင်သွား၏။
စစ်ကုန်းလွီ့ ဘာမှ နားမလည်လိုက်၊ သို့သော်သော် နောက်မှလိုက်သွားကာ မေးလာ၏။
"ဘာဖြစ်တာလဲ၊ စျေးဝယ်မလို့လား"
"အင်း"
သွမ့်ပိုင်ယွဲ့က ပန်းချီကားနှစ်ချပ်သုံးချပ်မျှကို လှန်လောကြည့်ရှုနေရင်း ဖြေလိုက်၏။ ဖြစ်ချင်တော့ သွမ့်ပိုင်ယွဲ့ ကိုင်လိုက်သော ပန်းချီကားမှာ ပါရှားပြည်မှ အမျိုးသမီးကချေသည်တစ်ယောက်၏ ပုံတူဖြစ်နေ၏ ၊ ပြည့်တင်းမို့မောက်သော ခန္ဓာကိုယ်လေးနှင့်လှပကွေးညွှတ်သော ကောက်ကြောင်းတို့မှာ ညှို့အားပြင်းလှပေသည်။
"အော်ဟော....မင်းက ဒီလိုမျိုးကိုမှအကြိုက်တွေ့တာကိုး"
အားလား၊ တကယ့် အပြင်းစားတွေကိုမှနော်။
စစ်ကုန်းလွီ့မနေနိုင်တော့ဘဲ အံ့သြတကြီးဆိုလာ၏။
သွမ့်ပိုင်ယွဲ့ - "....."
တံခါးဝနားရပ်နေသော ဆိုင်စောင့် ဝန်ထမ်းကောင်လေးမှာ တစ်စုံတစ်ယောက်သောသူကို ကောင်လိဘာသာစကားဖြင့်နှုတ်ခွန်းဆက်သလိုက်သည်။ စစ်ကုန်းလွီ့က ထိုသို့ကြားတော့ အံ့သြတကြီး လှည့်ကြည့်လိုက်သည်။ သို့သော် သွမ့်ပိုင်ယွဲ့က သူ့အား ခပ်တည်တည်သာ ကန်ပစ်လိုက်၏။
ဒါက ဘာဖြစ်ရပြန်ပြီတုန်း။
ကျင်းဆူးက တံခါးဝနားရပ်နေ၏။
သွမ့်ပိုင်ယွဲ့၏ နောက်ကျောပြင်ကို အတန်ကြာငေးမောကြည့်ရှုနေပြီးနောက် တစ်ဖက်လူက လှည့်ကြည့်လာမည့် အရိပ်အယောင်ပင် မပြသဖြင့် ခဏကြာတော့ အစေခံမိန်းမပျိုလေးနှင့်အတူ ပြန်ထွက်သွား၏၊ နောက်သို့ တစ်ချက်မျှပင် ပြန်လှည့်မကြည့်ဖြစ်တော့။
စစ်ကုန်းလွီ့လည်း အခြေအနေကို နားလည်သွားလေရာ သွမ့်ပိုင်ယွဲ့ကို တံတောင်ဖြင့်လှမ်းတွတ်လိုက်ပြီး -
"စောနက ကောင်လိမင်းသမီးပေါ့လေ"
"မင်းက အကုန်ကိုသိနေတော့တာပဲ"
သွမ့်ပိုင်ယွဲ့က လက်ထဲမှ ပန်းချီကားကို ချလိုက်သည်။
"အဲ့နှစ်က သတင်းတွေ ပြန့်နေလိုက်တာမှ အားလားလား၊ ကောင်လိမင်းသမီးက ရှိီးနန်ဝမ်ကို သဘောကျနေမှန်း လူတိုင်း လူတိုင်း သိတယ်။ လမ်းဘေးကလူတွေတောင် ဒီဖူးစာ ညားနိုင်ပါ့မလားလို့တောင် လောင်းကြေးထပ်ကြသေးတယ်"
သွမ့်ပိုင်ယွဲ့နားထောင်နေရင်း ခေါင်းကိုက်လာ၏။
"စောနက ကျင်းဆူး မင်းကို အကြာကြီးမှအကြာကြီး ရပ်ကြည့်နေတာကွ။ မင်းကို မှတ်မိသွားမလားလို့တောင် စိုးရတယ်"
စစ်ကုန်းလွီ့ သတိပေးလာတော့ သွမ့်ပိုင်ယွဲ့ ချက်ချင်း မျက်နှာပျက်သွား၏။
"မင်း ဒီတစ်ခေါက် ပိုင်ရှဲန့်ပြည်ကိုရောက်လာတာ လူသိမခံဘူးမဟုတ်လား။ ငါသာ မင်းနေရာမှာဆိုရင် အဲ့မင်းသမီးကို လှမ်းပြီး နှုတ်ပိတ်ထားဖို့ သတိပေးလိုက်တော့မှာ၊ သူများကို လျှောက်မပြောတော့မှ ပြဿနာတွေ ဆက်တက်မလာမှာ"
သွမ့်ပိုင်ယွဲ့ခမျာ နားထင်ကိုပွတ်သပ်နေကာ သက်ပြင်းမော အရှည်ကြီး ချချင်လှပြီဖြစ်၏။
အဲ့လိုမှန်းသိရင် တခြားလမ်းကနေ ပတ်လျှောက်လာပါတယ်ကွာ။
စစ်ကုန်းလွီ့က ဆက်ပြီး သတိပေးလာ၏။
"မင်း မျက်နှာဖုံးတပ်ထားသလား တပ်မထားဘူးလားဆိုတာ အဓိကမကျဘူး။ လူတစ်ယောက်ကို မင်း တကယ်သဘောကျသွားပြီဆိုရင် နောက်ကျောပြင်လေးကိုပဲမြင်ရမြင် ၊ အသံလေးပဲကြားရကြားရ ကိုယ့်နှလုံးသားကို အပိုင်စိုးနေတဲ့လူ ဟုတ်သလား မဟုတ်သလားဆိုတာ တန်းသိနိုင်တယ်ကွ"
"သူ အခု လက်ထပ်ပြီးသွားပြီလေကွာ"
"သြော်၊ သူ မင်းကို ခုထက်ထိ တမ်းတနေတုန်း လွမ်းမောနေတုန်းပဲလို့မှ ငါမဆိုလိုတာ"
စစ်ကုန်းလွီ့က နှုတ်ခမ်းဆူကာ ဆက်ပြော၏။
"အရင်တုန်းက သဘောကျဖူးစရှိရင် အခုထက်ထိလည်း သဘောကျနေဦးမှာပဲ။ မင်းက သူ့ကိုငြင်းလိုက်တော့ ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ ချစ်ခြင်းဆိုပြီး ပိုဆိုးသွားရော၊နှစ်ထပ်ကွမ်းအမှားကို ကျူးလွန်ပစ်လိုက်တာပဲ။ ဒီဘဝ ဒီမျှနဲ့တင် မမေ့ပစ်နိုင်တော့ဘဲ ဝသုန်မြေမှုန့်အဖြစ် ကြွေလွင့်ပျက်သုဥ်းသွား ရင်တောင် သူ မင်းကိုမေ့နိုင်မှာမဟုတ်ဘူး"
"ကျင်းချိန့်ဂိုဏ်းကိုပဲ သွားကြရအောင်"
"အဲ့တော့ မင်းက အဲ့မင်းသမီးနဲ့ တကယ်သွားမတွေ့တော့ဘူးပေါ့"
"မင်းပြောတာကလည်း ကျိုးကြောင်းသင့်ပါတယ်။ ဒါပေမယ့် အစိုးရိမ်လွန်နေတဲ့ဘက် ပိုရောက်နေသလားလို့ပါ။ ကျင်းဆူးရဲ့စရိုက်အရ လက်ထပ်ပြီးသွားလို့ မထီမဲ့မြင်ပြုခံရရင် ခုချိန်ဆို ဒေါကြီးမောကြီးနဲ့ ကောင်လိပြည်ကို ထပြန်သွားလောက်ပြီ။ ဒါပေမယ့် အခုထက်ထိ ပိုင်ရှန့်ပြည်မှရှိနေတယ်ဆိုကတည်းက သူ အတော်လေးအဆင်ပြေတယ်ပြောရမှာပဲ။ အဲ့ဒီတော့ သူကသာ အတိတ်ကအကြောင်းတွေကို ခင်ပွန်းဖြစ်တဲ့လူဆီ သွားမွှေပြရင် သူ့ကိုယ်သူ ပြဿနာရှာတာပဲဖြစ်သွားမှာပေါ့"
"အိုး၊ ကောင်လိမင်းသမီးအကြောင်း မင်း အဲ့လောက်သိမယ်မှန်း လုံးဝမထင်ထားဘူး"
"အစ်ကိုစစ်ကုန်း ချီးမြှောက်လွန်းနေပါပြီ။မိန်းမပျိုနျဲ့အပေါ် ထားရှိတဲ့ အစ်ကိုစစ်ကုန်းရဲ့ စိတ်ဝင်တစားရှိမှုကိုတော့ ကျွန်တော်လိုက်မမှီသေးပါဘူး"
စစ်ကုန်းလွီ့၏ အပြုံးများ အေးခဲသွား၏။
"သွားရအောင်ပါ၊ ကျင့်ချိန့်ဂိုဏ်းကို သွားကြစို့"
သွမ့်ပိုင်ယွဲ့ကတော့ ဆိုင်မှ ထွက်သွားလေပြီ။
******
2020.09.23.
Thz for loving this story.
*****
အခန္း - ၇၈ (ရင္းႏွီးေသာလူႏွင့္ ဆံုေတြ့ျခင္း)
[ဝသုန္ေျမမႈန္႔အျဖစ္ ေၾကလြင့္ပ်က္သုဥ္းသြားရင္ေတာင္ မွတ္မိေနၪီးမွာပါ]
ညခ်မ္းခ်ိန္ခါ ေဝဟင္ျပာမွာ တျဖည္းျဖည္းႏွင့္ ေမွာင္ရိပ္သမ္းလာ၏။ ၿမိဳ႔သူၿမိဳ႔သားမွာလည္း မိမိတို႔၏အိုးအိမ္သို႔ ကိုယ္စီျပန္ကာ အနားယူကုန္ၾကေလၿပီ။
တိတ္ဆိတ္ေနေသာ အိမ္အိုအိမ္ပ်က္တစ္ခုဝယ္ ခါးေလာက္နီးနီးအျမင့္ရိွ ျမက္ပင္မ်ားက ေပါက္ေရာက္ရွင္သန္ေနကာ ႏြယ္ပင္မ်ားကလည္း နံရံမ်ားထက္ တြယ္ကပ္ေနလ်က္ရိွသည္။ သစ္ကိုင္း၏ အရိပ္မ်ားကလည္း နံရံထက္ က်ေနလ်က္ရိွကာ တစၧေျခာက္သည့္အိမ္ႀကီးမ်ားႏွင့္ တူလွေပ၏။ ေၾကာက္တတ္ေသာသူမ်ားသာဆိုလ်ွင္ အထဲဝင္ေနဖို႔မဆိုထားႏွင့္ ၊ တစ္ခ်က္မ်ွေစာင္းငဲ့ၾကည့္ရန္ပင္ မဝံ့ရဲေလာက္။
တစ္စံုတစ္ေယာက္က အခန္းေထာင့္ဝယ္ တိုးေခြ့ပုန္းခိုေန၏။ နံရံႏွင့္တစ္သားတည္းကပ္ေတာ့မတတ္ ပုန္းခိုေပ်ာ္ဝင္ေန၏။ အတန္ၾကာေနၿပီျဖစ္ေသာ္လည္း တစ္စိုးတစ္စိမွ မလႈပ္ရွား ၊ ေသေနသည္လား ရွင္ေသးသလားဆိုသည္ကို သဲသဲကြဲကြဲမသိရ။
သြမ့္ေယာင္က ေက်ာက္စရစ္ခဲေလးတစ္လံုးကိုေကာက္ကာ ထိုအရိပ္ရိွရာ ပစ္လိုက္၏။
ထိုအရိပ္က ခ်က္ခ်င္း ထလာသည္။ လေရာင္ကို လက္ခနဲ ထင္ဟပ္သြားေသာ ပစၥည္းတစ္ခုကိုပါ ကိုင္ေဆာင္ထား၏။
လက္စသတ္ေတာ့ လက္ထဲတြင္ ဓားတိုတစ္ေခ်ာင္း ကိုင္ေဆာင္ထားျခင္းပင္။
"ငါရယ္ပါ"
သြမ့္ေယာင္ ထိုသို႔ဆိုေတာ့မွ ဟြမ္လီက သူ႔ကိုေသခ်ာၾကည့္လာသည္။ သူျဖစ္ေနမွန္း ေသခ်ာေတာ့မွ ေခတၲမွင္သက္သြားကာ ေနာက္သို႔တစ္လွမ္း အလိုလိုဆုတ္မိသြား၏၊ ဘာစကားမွေတာ့ ျပန္မေျပာ။
"ငါနဲ႔ ေနာင္ေတာ္တို႔က ကုန္သြယ္ေရးလာလုပ္ၾကတာ၊ ဘယ္သူ႔ကိုမွ ျပႆနာလာရွာတာမဟုတ္ဘူး။မင္းက ဘာမေျပာညာမေျပာနဲ႔ ခ်က္ခ်င္းႀကီးေရာက္ခ်လာတဲ့အျပင္ တပည့္တပန္းအၿပံဳလိုက္ႀကီးကိုပါ ေခၚလာေသးတာေလ၊ ငါတို႔လည္း စိတ္ရႈပ္သြားၿပီး မင္းတို႔ကိစၥထဲ ဝင္မရႈပ္ေတာ့တာ။ ဒါေပမယ့္ ေယာက်္ားရင့္မာအမ်ားႀကီးေတြကို ခါထုတ္ၿပီး ဒီထိေတာင္ ေျပးလာႏိုင္တာဆိုေတာ့ မင္းလည္း အေတာ္ေလး အစြမ္းအစရိွတဲ့လူပဲ"
ဟြမ္လီကေတာ့ တိတ္ဆိတ္ေနၿမဲ။
"သြားၾကစို႔ ။ အခု ငါ့ေနာက္မွာ ဘယ္သူမွ လိုက္မလာၾကဘူး၊ မင္းကို တည္းခိုေဆာင္ ျပန္လိုက္ပို႔ေပးမယ္"
"ကြၽန္မကို တည္းခိုေဆာင္ ျပန္လိုက္ပို႔ေပးစရာမလိုပါဘူး။ သခင္ေလးသာ ကြၽန္မအေပၚ ကရုဏာသက္ခဲ့ရိုးမွန္ရင္ ဆိပ္ကမ္းကိုပဲ လိုက္ပို႔ေပးပါ။ စိတ္သေဘာထားေကာင္းမြန္တဲ့ ေလွပိုင္ရွင္တစ္ေယာက္ေယာက္ဆီကိုပဲ လိုက္ပို႔ေပးပါရွင္"
ဟုန္လီ၏ ေတာင္းဆိုခ်က္ကိုၾကားေတာ့ သြမ့္ေယာင္က သက္ျပင္းခ်လိုက္ကာ -
"မင္းကို ဖံုးကြယ္မထားခ်င္ဘူး။ ငါေတာင္ ေစာနကမွ ဆိပ္ကမ္းကေန ျပန္လာတာ။ မင္းကို ကင္းလွည့္ၿပီး လိုက္ရွာေနတဲ့လူေတြ အမ်ားႀကီး။ ေဒသခံေတြေတာင္ ဒီကေနထြက္ဖို႔ လက္မွတ္ထိုးရ စာရင္းသြင္းရေသးတာ။ နယ္ျခားကုန္သည္ေတြဆိုရင္ေတာ့ တစ္ခါထြက္ဖို႔အေရး ပိုင္ရွန္႔ျပည္ကို ဘယ္ေန့တုန္းကေရာက္တာ၊ ငါတို႔စကား တကယ္မွန္ေနေတာ့ၾကာင္း စစ္ၾကည့္ၿပီး သူတို႔ေက်နပ္ေတာ့မွ ထြက္သြားလို႔ရမွာ။ အခုေန ေလွပိုင္ရွင္တစ္ေယာက္ေယာက္ကမ်ား စိတ္သေဘာထား အရမ္းေကာင္းေနခဲ့ရင္ေတာင္ မင္းကို ေခၚထုတ္သြားႏိုင္မွာမဟုတ္ဘူး"
ဟြမ္လီမ်က္ႏွာမွာ ပိုလို႔ပင္ ျဖဴေရာ္သြား၏။ ေပၚတာ့တု၏ ဓနစည္းစိမ္အင္အားႏွင့္ အက်င့္စရိုက္ကို သူမ ေကာင္းေကာင္းႀကီးသိေနသည္မို႔ ေနာက္လိုက္တပည့္မ်ားကို ပိုက္ကြန္သဖြယ္ ေနရာျဖန္႔ကာ မိမိကို မရရေအာင္ အရျပန္ဖမ္းေခၚမည့္လုပ္ရပ္မ်ိဳး လုပ္မည္မွာေသခ်ာသည္။
"ဒါေၾကာင့္ မင္း ငါနဲ႔ အရင္လိုက္ခဲ့သင့္တယ္။ ဒီအိမ္ပ်က္ႀကီးက လံုၿခံဳမႈေပးႏိုင္တယ္ဆိုရင္ေတာင္ ဘယ္ေလာက္မ်ား ၾကာၾကာခံႏိုင္မွာမို႔လဲ၊ ပိုဆိုးတာက စားနပ္ရိကၡာလည္း မရိွဘူး"
ဟြမ္လီက ေခတၲမ်ွ တံု႔ဆိုင္းေန၏။ ထို႔ေနာက္ သြမ့္ေယာင္ႏွင့္အတူ တည္းခိုေဆာင္သို႔ လိုက္လာခဲ့ေလသည္။
****
လမ္းေပၚတြင္ သူမအား လိုက္ရွာေနေသာသူအေရအတြက္မွာ ဆိပ္ကမ္းမွာထက္ပင္ ပို၍မ်ားသည္။ သို႔ေသာ္ သြမ့္ေယာင္၏ ကိုယ္ေဖာ့ပညာမွာ အေတာ္ပင္ အဆင့္ျမင့္လွသည္မို႔ ဟြမ္လီကို တည္းခိုေဆာင္သို႔ လြယ္လင့္တကူ ျပန္ေခၚလာႏိုင္ခဲ့သည္။
သြမ့္ပိုင္ယြဲ႔ႏွင့္ စစ္ကုန္းလြီ႔တို႔မွာ စကားစျမည္ေျပာဆိုေနၾကဆဲျဖစ္ကာ သြမ့္ေယာင္ သူမကိုျပန္ေခၚလာႏိုင္သည္ကိုျမင္ေတာ့ ၿပံဳးျပလာၾက၏။
"ေန့ခင္းတုန္းက မယ္မင္း အရမ္းကို လ်င္ျမန္ ဖ်တ္လတ္လိုက္တာ"
ဟြမ္လီမွာ ပစၥည္းထုပ္ကို ပိုက္ထားၿမဲျဖစ္သည္။ ခုထက္ထိ ေၾကာက္ရြံ႔ေနဆဲျဖစ္ကာ မည္သို႔တံုျပန္ရမွန္းပင္ မသိေတာ့။
သြမ့္ပိုင္ယြဲ႔က ဆက္ဆို၏။
"အရင္ဆံုး အနားယူလိုက္ပါၪီး။ ဒီေနရာက လံုၿခံဳပါတယ္။ စိတ္မပူပါနဲ႔၊ ဘယ္သူမွ လိုက္လာေတာ့မွာမဟုတ္ပါဘူး"
"ဟုတ္ကဲ့၊ သခင္ႀကီးတို႔ကို ေက်းဇူးအထူးတင္ပါတယ္"
ဟြမ္လီ၏အသံမွာ အလြန္ပင္ တိုးလ်ေနသည္။
သြမ့္ေယာင္က သူမအား ေဘးနားကအခန္းသို႔ ေခၚသြားသည္။ စစ္ကုန္းလြီ႔က ေမးလာ၏။
"မင္းနဲ႔ငါက မနက္ျဖန္က်ရင္ က်ဲန္႔ဂိုဏ္းကို သြားၾကေတာ့မွာ။ သူက ဘယ္ကေန ထြက္ေျပးလာသလဲဆိုတာ နည္းနည္းေလးေတာင္မွ ေမးၾကည့္ခ်င္စိတ္မေပါက္ဘူးလား၊ ဘာအေၾကာင္းေၾကာင့္လဲဆိုတာ ေသ်ခ်ာေလး သိထားရတာေပါ့"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါျပ၏။
"လမ္းေပၚ တိုက္တိုက္ဆိုင္ဆိုင္ေတြ့တဲ့ သူစိမ္းေတြပဲေလ။ သူေျပာျပတာေတြ မွန္သလားမွားသလားဆိုတာ မင္း ဘယ္လိုလုပ္သိမွာလဲ။ ဘာကိစၥပဲရိွရိွပါ၊ မနက္ျဖန္မွေျပာလည္း မီပါေသးတယ္"
******
ထိုညကေတာ့ တိတ္ဆိတ္ၿငိမ္းခ်မ္းေနခဲ့၏။
ေနာက္တစ္ေန့မနက္ေရာက္ေတာ့ သြမ့္ပိုင္ယြဲ႔ႏွင့္စစ္ကုန္းလြီ႔တို႔ႏွစ္ေယာက္ တည္းခိုေဆာင္မွ ထြက္သြားၾကသည္။ က်ဲန္႔ဂိုဏ္းကို ေရာက္သြားေတာ့ ေစ့ေစ့ပိတ္ထားေသာတံခါးမႀကီးကိုသာ ေတြ့လိုက္ၾကသည္၊ တံခါးေစာင့္မ်ားပင္ ရိွမေနၾက။ တံခါးေပၚတြင္ တစ္ေစာင္တည္းေသာ ေၾကညာစာတစ္ခုသာ ကပ္ထား၏။ ထိုစာလႊာထဲတြင္ ပိုင္ရွန္႔ျပည္ဘာသာစကားႏွင့္ တာ့ခ်ူဘာသာစကား ႏွစ္မ်ိဳးလံုးျဖင့္ ေရးသားထားသည္။
"လက္ရိွအခ်ိန္တြင္ ဂိုဏ္းအတြင္း ေဆာင္ရြက္စရာ အမႈကိစၥမ်ားျပားေနလြန္းသျဖင့္ အျခားျပင္ပမွ အမႈကိစၥမ်ားကို ေခတၲခဏ လက္မခံႏိုင္ေသးေၾကာင္း။ ဘယ္ေန့ဘယ္အခ်ိန္ လုပ္ငန္းျပန္ဖြင့္မည္မွန္းလည္း ေသခ်ာမသတ္မွတ္ရေသးေၾကာင္း၊ အႏူးအၫႊတ္ ေတာင္းပန္ပါေၾကာင္း"တို႔ကို ေရးသားထား၏။
ေဘးနားက ၿမိဳ႔သူၿမိဳ႔သားမ်ားကိုေမးၾကည့္ေတာ့ ထိုေၾကညာစာကပ္ထားသည္ပင္ ဆယ္ရက္ေက်ာ္ၾကာေနၿပီဟု တစ္ေသြးတစ္သံတည္း ထြက္ဆိုၾကသည္။ အေၾကာင္းရင္းကိုေတာ့ အေယာက္တိုင္းက မိမိတို႔ထင္သလိုျမင္သလိုသာ ေျပာဆိုေနၾကကာ မည္သူကမွ တိတ္ိက်က် မေျပာျပႏိုင္ခဲ့။
"အရင္ရက္ေတြေတာင္ ပံုမွန္အတိုင္းပဲ ျဖစ္ေနတာ၊ ေနာက္ပိုင္းက် ဘာအေၾကာင္းရင္း မည္မည္ရရမွမရိွဘဲ ဧည့္သည္ေတြကို ႏွင္ထုတ္လာတယ္။ ပိတ္ထားတာလည္း ဆယ္ရက္ေက်ာ္ေနၿပီ။ စီးပြားေရးလုပ္စားပံုက သိပ္မဟန္ေသးဘူး"
စစ္ကုန္းလြီ႔က မွတ္ခ်က္ဆိုလာ၏။
သို႔ေသာ္ သြမ့္ပိုင္ယြဲ႔က ထိုကိစၥကို စိတ္မဝင္စား။ ဧကရာဇ္ခ်ူ၏ အသက္ကို ေႁခြယူဖို႔ လူလႊတ္လိုက္ၿပီး အေရးနိမ့္လာသည္မို႔ မည္သူမဆို ေၾကာက္ရြံ႔ထိတ္လန္႔ၾကမာ္ျဖစ္ကာ လုပ္ငန္းေဆာင္တာမ်ား ခ်က္ခ်င္းရပ္ဆိုင္းလိုက္ၾကမည္မွာ ေသခ်ာသည္။ အကုန္ေျပာရလ်ွင္ ထြက္ေတာင္ေျပးသြားေလာက္ေပၿပီ။
"ဒီက ဧည့္သည္ႏွစ္ေယာက္ခင္ဗ်ာ။ အရမ္းအလ်င္လိုေနရင္ က်င့္ခ်ိန္႔ဂိုဏ္းဆီသြားလိုက္ပါလား"
ဟန္ဘာသာစကားကို နားလည္ေသာ လူတစ္ေယာက္က သူတို႔ႏွစ္ေယာက္ အၾကာႀကီးရပ္ေနသည္ကိုေတြ့ေတာ့ ေစတနာျဖင့္ေျပာျပလာ၏။
"သခင္ႀကီးေပၚရဲ့ဂိုဏ္းအျပင္ က်င့္ခ်ိန္႔ဂိုဏ္းကလည္း ဒီနယ္ေျမရဲ့ ထိပ္တန္းဂိုဏ္းပါပဲ။ ဂိုဏ္းခ်ဳပ္က ဒီနယ္ခံေလ၊ ကုန္သေဘၤာေတြေပၚ လိုက္ၿပီးေစာင့္ေရွာက္မႈေပးတာမ်ိဳးလည္း လုပ္ေပးပါတယ္"
"ဟုတ္ကဲ့၊ ေက်းဇူးပါ"
"ဒီေရ႔ွနားမွာတင္ရိွတယ္၊ လမ္းထိပ္ကေန ႏွစ္ဆင့္ေလာက္ ခ်ိဳးလိုက္ရံုပဲ။ အခု က်ဲန္႔ဂိုဏ္းက ယာယီပိတ္ထားေတာ့ က်င့္ခ်ိန္႔ဂိုဏ္းဆီ ေဖာက္သည္အဝင္ပိုမ်ားလာတယ္၊ ဒါေၾကာင့္ အသင္တို႔ႏွစ္ေယာက္လည္း အျမန္သာသြားလိုက္မွ ေတာ္ကာက်မွာပါ"
တစ္ဖက္လူက ေဖာ္ေရြစြာ ေျပာျပလာ၏။
စစ္ကုန္းလြီ႔ - "သြားမလား၊ မသြားဘူးလား"
သြမ့္ပိုင္ယြဲ႔ - "သြားမွာေပါ့"
လုပ္ငန္းတူၿပိဳင္ဘက္မ်ားျဖစ္ေနေတာ့ ရန္သူေတြဟုလည္း ဆိုခ်င္ဆိုႏိုင္သည္ပင္။ဂိုဏ္းခ်ဳပ္ကလည္း ဤေဒသခံျဖစ္ေနသည္မို႔ နယ္ျခားလူသားတစ္ေယာက္က မိမိေဒသတြင္ လာေရာက္ႀကီးစိုးျခယ္လွယ္ေနသည္ကို အၿငိဳးမထားဘဲ မေနႏိုင္ေလာက္။
သို႔ႏွင့္ ႏွစ္ေယာက္သားလည္း ထိုသူၫႊန္ျပသည့္အတိုင္း ေလ်ွာက္လွမ္းလာခဲ့သည္။ လာရာလမ္းတစ္ေလ်ွာက္တြင္လည္း ဟြမ္လီအေၾကာင္းကို ေဝဖန္ေျပာဆိုေနၾကသည့္အသံမ်ားလည္းၾကားရသည္။ ေပၚတာ့တုမွာ ကံဆိုးမိုးေမွာင္က်ေနသည္ထင္၊ စီးပြားလုပ္ငန္းကို ခ်က္ခ်င္းပင္ ပိတ္လိုက္ရံုတင္မက ကံဇာတာျမင့္ေစရန္ လက္ထပ္မဂၤလာပြဲပါ က်င္းပမည္လုပ္သည္၊ က်င္းပေတာ့မည္ႀကံခါမွ သတို႔သမီးေလာင္းကလည္း ထြက္ေျပးသြားေသးသည္။ ယခုလည္း ၿမိဳ႔အႏွံ႔ လိုက္ရွာေနၾကတာ ျပန္ေတြ့ႏိုင္မည္လားဟုပင္ မေသခ်ာ။ အလိုက္ခံရၿပီး ပင္လယ္ထဲ ခုန္ခ်ကာ မိမိကိုယ္ကိုအဆံုးစီရင္လိုက္လ်ွင္ ပိုလို႔ပင္ ေခါင္းကိုက္စရာျဖစ္ေခ်လိမ့္မည္။
ေရ႔ွဘက္တြင္ ၪီးႀကီးတစ္ေယာက္က သူ၏ ကုန္ပစၥည္းမ်ားကို ေအာ္ဟစ္ေရာင္းခ်ေန၏။ လက္ထဲတြင္ ပန္းခ်ီကားတစ္ခ်ပ္ကို ကိုင္ေဆာက္ထားကာ ေဖာက္သည္မ်ားအား ဆြဲေဆာင္ဖို႔ လမ္းသြားလမ္းလာမ်ားအား ေသခ်ာျမင္ႏိုင္ေအာင္ ျဖန္႔ျပထားေလသည္။
စစ္ကုန္းလြီ႔က ထိုပန္းခ်ီကားကို ေဝ့ဝဲၾကည့္လိုက္ကာဆို၏။
"တာ့ခ်ူရဲ့ ေရႊၿမိဳ႔ေတာ္တဲ့။ ဆြဲထားတာ မဆိုးဘူးဟ၊ အရမ္းကို ႀကီးက်ယ္ခမ္းနားေရာပဲ"
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ ျပန္ေျဖ၏။
"ႀကီးက်ယ္ခမ္းနားတာက ဟုတ္ပါတယ္၊ ဒါေပမယ့္ တကယ့္ရႈခင္းအစစ္ေတြရဲ့ တစ္ဝက္ေလာက္ေတာင္ မမီေသးဘူး။ ႏွစ္သစ္ကူးပြဲေတာ္တို႔လိုမ်ိဳးကို မေျပာေသးနဲ႔၊ လတိုင္း က်င္းပတဲ့ ေစ်းေရာင္းပြဲေတာ္ေတာင္ လမ္းမႀကီးတစ္ေလ်ွာက္လံုး လူေတြ ျမင္းလွည္းေတြနဲ႔ အၿမဲမျပတ္စည္ကားေနတာ"
စစ္ကုန္းလြီ႔က သက္ျပင္းခ်လိုက္ကာ ဆက္ဆို၏။
"ဒီလိုၾကားေတာ့မွ.... အခုဧကရာဇ္ငယ္ေလးက တကယ္ အစြမ္းအစရိွတာပဲေနာ္။ အဲ့ဒါေၾကာင့္လည္း စစေတြ့ကတည္းက မင္း သူ႔ကို ဝင္ကယ္မယ္တကဲကဲလုပ္ေနတာကိုး"
သူေျပာလို႔မွ မဆံုးေသး၊ သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းပင္ ပန္းခ်ီကားဆိုင္ထဲ လွစ္ခနဲေျပးဝင္သြား၏။
စစ္ကုန္းလြီ႔ ဘာမွ နားမလည္လိုက္၊ သို႔ေသာ္ေသာ္ ေနာက္မွလိုက္သြားကာ ေမးလာ၏။
"ဘာျဖစ္တာလဲ၊ ေစ်းဝယ္မလို႔လား"
"အင္း"
သြမ့္ပိုင္ယြဲ႔က ပန္းခ်ီကားႏွစ္ခ်ပ္သံုးခ်ပ္မ်ွကို လွန္ေလာၾကည့္ရႈေနရင္း ေျဖလိုက္၏။ ျဖစ္ခ်င္ေတာ့ သြမ့္ပိုင္ယြဲ႔ ကိုင္လိုက္ေသာ ပန္းခ်ီကားမွာ ပါရွားျပည္မွ အမ်ိဳးသမီးကေခ်သည္တစ္ေယာက္၏ ပံုတူျဖစ္ေန၏ ၊ ျပည့္တင္းမို႔ေမာက္ေသာ ခႏၶာကိုယ္ေလးႏွင့္လွပေကြးၫႊတ္ေသာ ေကာက္ေၾကာင္းတို႔မွာ ၫွို႔အားျပင္းလွေပသည္။
"ေအာ္ေဟာ....မင္းက ဒီလိုမ်ိဳးကိုမွအႀကိဳက္ေတြ့တာကိုး"
အားလား၊ တကယ့္ အျပင္းစားေတြကိုမွေနာ္။
စစ္ကုန္းလြီ႔မေနႏိုင္ေတာ့ဘဲ အံ့ၾသတႀကီးဆိုလာ၏။
သြမ့္ပိုင္ယြဲ႔ - "....."
တံခါးဝနားရပ္ေနေသာ ဆိုင္ေစာင့္ ဝန္ထမ္းေကာင္ေလးမွာ တစ္စံုတစ္ေယာက္ေသာသူကို ေကာင္လိဘာသာစကားျဖင့္ႏႈတ္ခြန္းဆက္သလိုက္သည္။ စစ္ကုန္းလြီ႔က ထိုသို႔ၾကားေတာ့ အံ့ၾသတႀကီး လွည့္ၾကည့္လိုက္သည္။ သို႔ေသာ္ သြမ့္ပိုင္ယြဲ႔က သူ႔အား ခပ္တည္တည္သာ ကန္ပစ္လိုက္၏။
ဒါက ဘာျဖစ္ရျပန္ၿပီတုန္း။
က်င္းဆူးက တံခါးဝနားရပ္ေန၏။
သြမ့္ပိုင္ယြဲ႔၏ ေနာက္ေက်ာျပင္ကို အတန္ၾကာေငးေမာၾကည့္ရႈေနၿပီးေနာက္ တစ္ဖက္လူက လွည့္ၾကည့္လာမည့္ အရိပ္အေယာင္ပင္ မျပသျဖင့္ ခဏၾကာေတာ့ အေစခံမိန္းမပ်ိဳေလးႏွင့္အတူ ျပန္ထြက္သြား၏၊ ေနာက္သို႔ တစ္ခ်က္မ်ွပင္ ျပန္လွည့္မၾကည့္ျဖစ္ေတာ့။
စစ္ကုန္းလြီ႔လည္း အေျခအေနကို နားလည္သြားေလရာ သြမ့္ပိုင္ယြဲ႔ကို တံေတာင္ျဖင့္လွမ္းတြတ္လိုက္ၿပီး -
"ေစာနက ေကာင္လိမင္းသမီးေပါ့ေလ"
"မင္းက အကုန္ကိုသိေနေတာ့တာပဲ"
သြမ့္ပိုင္ယြဲ႔က လက္ထဲမွ ပန္းခ်ီကားကို ခ်လိုက္သည္။
"အဲ့ႏွစ္က သတင္းေတြ ျပန္႔ေနလိုက္တာမွ အားလားလား၊ ေကာင္လိမင္းသမီးက ရိွီးနန္ဝမ္ကို သေဘာက်ေနမွန္း လူတိုင္း လူတိုင္း သိတယ္။ လမ္းေဘးကလူေတြေတာင္ ဒီဖူးစာ ညားႏိုင္ပါ့မလားလို႔ေတာင္ ေလာင္းေၾကးထပ္ၾကေသးတယ္"
သြမ့္ပိုင္ယြဲ႔နားေထာင္ေနရင္း ေခါင္းကိုက္လာ၏။
"ေစာနက က်င္းဆူး မင္းကို အၾကာႀကီးမွအၾကာႀကီး ရပ္ၾကည့္ေနတာကြ။ မင္းကို မွတ္မိသြားမလားလို႔ေတာင္ စိုးရတယ္"
စစ္ကုန္းလြီ႔ သတိေပးလာေတာ့ သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္း မ်က္ႏွာပ်က္သြား၏။
"မင္း ဒီတစ္ေခါက္ ပိုင္ရွဲန္႔ျပည္ကိုေရာက္လာတာ လူသိမခံဘူးမဟုတ္လား။ ငါသာ မင္းေနရာမွာဆိုရင္ အဲ့မင္းသမီးကို လွမ္းၿပီး ႏႈတ္ပိတ္ထားဖို႔ သတိေပးလိုက္ေတာ့မွာ၊ သူမ်ားကို ေလ်ွာက္မေျပာေတာ့မွ ျပႆနာေတြ ဆက္တက္မလာမွာ"
သြမ့္ပိုင္ယြဲ႔ခမ်ာ နားထင္ကိုပြတ္သပ္ေနကာ သက္ျပင္းေမာ အရွည္ႀကီး ခ်ခ်င္လွၿပီျဖစ္၏။
အဲ့လိုမွန္းသိရင္ တျခားလမ္းကေန ပတ္ေလ်ွာက္လာပါတယ္ကြာ။
စစ္ကုန္းလြီ႔က ဆက္ၿပီး သတိေပးလာ၏။
"မင္း မ်က္ႏွာဖံုးတပ္ထားသလား တပ္မထားဘူးလားဆိုတာ အဓိကမက်ဘူး။ လူတစ္ေယာက္ကို မင္း တကယ္သေဘာက်သြားၿပီဆိုရင္ ေနာက္ေက်ာျပင္ေလးကိုပဲျမင္ရျမင္ ၊ အသံေလးပဲၾကားရၾကားရ ကိုယ့္ႏွလံုးသားကို အပိုင္စိုးေနတဲ့လူ ဟုတ္သလား မဟုတ္သလားဆိုတာ တန္းသိႏိုင္တယ္ကြ"
"သူ အခု လက္ထပ္ၿပီးသြားၿပီေလကြာ"
"ေၾသာ္၊ သူ မင္းကို ခုထက္ထိ တမ္းတေနတုန္း လြမ္းေမာေနတုန္းပဲလို႔မွ ငါမဆိုလိုတာ"
စစ္ကုန္းလြီ႔က ႏႈတ္ခမ္းဆူကာ ဆက္ေျပာ၏။
"အရင္တုန္းက သေဘာက်ဖူးစရိွရင္ အခုထက္ထိလည္း သေဘာက်ေနၪီးမွာပဲ။ မင္းက သူ႔ကိုျငင္းလိုက္ေတာ့ ပိုင္ဆိုင္ခြင့္မရလိုက္တဲ့ ခ်စ္ျခင္းဆိုၿပီး ပိုဆိုးသြားေရာ၊ႏွစ္ထပ္ကြမ္းအမွားကို က်ူးလြန္ပစ္လိုက္တာပဲ။ ဒီဘဝ ဒီမ်ွနဲ႔တင္ မေမ့ပစ္ႏိုင္ေတာ့ဘဲ ဝသုန္ေျမမႈန္႔အျဖစ္ ေႂကြလြင့္ပ်က္သုဥ္းသြား ရင္ေတာင္ သူ မင္းကိုေမ့ႏိုင္မွာမဟုတ္ဘူး"
"က်င္းခ်ိန္႔ဂိုဏ္းကိုပဲ သြားၾကရေအာင္"
"အဲ့ေတာ့ မင္းက အဲ့မင္းသမီးနဲ႔ တကယ္သြားမေတြ့ေတာ့ဘူးေပါ့"
"မင္းေျပာတာကလည္း က်ိဳးေၾကာင္းသင့္ပါတယ္။ ဒါေပမယ့္ အစိုးရိမ္လြန္ေနတဲ့ဘက္ ပိုေရာက္ေနသလားလို႔ပါ။ က်င္းဆူးရဲ့စရိုက္အရ လက္ထပ္ၿပီးသြားလို႔ မထီမဲ့ျမင္ျပဳခံရရင္ ခုခ်ိန္ဆို ေဒါႀကီးေမာႀကီးနဲ႔ ေကာင္လိျပည္ကို ထျပန္သြားေလာက္ၿပီ။ ဒါေပမယ့္ အခုထက္ထိ ပိုင္ရွန္႔ျပည္မွရိွေနတယ္ဆိုကတည္းက သူ အေတာ္ေလးအဆင္ေျပတယ္ေျပာရမွာပဲ။ အဲ့ဒီေတာ့ သူကသာ အတိတ္ကအေၾကာင္းေတြကို ခင္ပြန္းျဖစ္တဲ့လူဆီ သြားေမႊျပရင္ သူ႔ကိုယ္သူ ျပႆနာရွာတာပဲျဖစ္သြားမွာေပါ့"
"အိုး၊ ေကာင္လိမင္းသမီးအေၾကာင္း မင္း အဲ့ေလာက္သိမယ္မွန္း လံုးဝမထင္ထားဘူး"
"အစ္ကိုစစ္ကုန္း ခ်ီးေျမႇာက္လြန္းေနပါၿပီ။မိန္းမပ်ိဳန်ဲ့အေပၚ ထားရိွတဲ့ အစ္ကိုစစ္ကုန္းရဲ့ စိတ္ဝင္တစားရိွမႈကိုေတာ့ ကြၽန္ေတာ္လိုက္မမွီေသးပါဘူး"
စစ္ကုန္းလြီ႔၏ အၿပံဳးမ်ား ေအးခဲသြား၏။
"သြားရေအာင္ပါ၊ က်င့္ခ်ိန္႔ဂိုဏ္းကို သြားၾကစို႔"
သြမ့္ပိုင္ယြဲ႔ကေတာ့ ဆိုင္မွ ထြက္သြားေလၿပီ။
******
2020.09.23.
Thz for loving this story.
*****