Second Person (Season_1)​(Com...

By PasaDeeda

124K 8.9K 725

ငေွရောင်လက်စွပ်နှစ်ကွင်းနဲ့​ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ... More

Note❤️
Note❤️
Part _1 (Unicode)​
Part _1 (Zawgyi)​
Part _2 (Unicode)
Part _2 (Zawgyi)​
Part _3 (Unicode)
Part _3 (Zawgyi)​
Part _4 (Unicode)
Part _4 (Zawgyi)​
Part_5 (Unicode)
Part_5​ (Zawgyi)​
Part _6 (Unicode)
Part_6 (Zawgyi)​
Part_7​ (Unicode)​
Part_7​ (Zawgyi)​
Part_8 (Unicode)​
Part_8​ (Zawgyi)​
Part_9​ (Unicode)​
Part_9​ (Zawgyi)​
Part_10 (Unicode)​
Part_10​ (Zawgyi)​
စေျးဗန်း🤗
Part_11 (Unicode)​
Part_11​ (Zawgyi)​
Part_12 (Unicode)​
Part_12​ (Zawgyi)​
Part_13 (Unicode)​
Part_13​ (Zawgyi)​
Part_14 (Unicode)​
Part_14​ (Zawgyi)
Part_15 (Unicode)​ Special🌻
Part_15​(Zawgyi)​ Special🌻
Part_16 (Unicode)​
Part_16​(Zawgyi)​
Part_17​ (Unicode)​
Part_17(Zawgyi)
Part_18 (Unicode)​
Part_18​ (Zawgyi)​
Part_19​ (Unicode)​
Part_19​ (Zawgyi)​
Part_20 (Unicode)​
Part_20​ (Zawgyi)​
Part_21 (Unicode)​
Part_21​ (Zawgyi)​
Part_22 (Unicode)​
Part_22 (Zawgyi)​
Part_23 (Unicode)​
Part_23​ (Zawgyi)​
Part_24 (Unicode)​
Part_24​ (Zawgyi)​
Part_25 (Unicode)​
Part_25​ (Zawgyi)​
Part_26​ (Unicode)​
Part_27​ (Unicode)​
Part_27​ (Zawgyi)​
Part_28​ (Unicode)​
Part_28​ (Zawgyi)​
Part_29​ (Unicode)​
Part_29​ (Zawgyi)​
Part_30 (Unicode)​
Part_30​ (Zawgyi)​
Part_31​ (Unicode)​
Part_31​ (Zawgyi)​
Part_32​ (Unicode)​
Part_32​ (Zawgyi)​
Part_33​ (Unicode)​
Part_33​ (Zawgyi)​
Part_34​ (Unicode)​
Part_34​ (Zawgyi)​
Part_35​ (Unicode)​
Part_35​ (Zawgyi)​
Part_36​ (Unicode)​
Part_36​ (Zawgyi)​
Part_37​ (Unicode)​ Ending💕
Part_37​ (Zawgyi)​ Ending💕
ကေျးဇူးတင်လွှာ
❤️NOTE FOR NEW EPISODE❤️
[NEW] EPISODE_35
[NEW] EPISODE_36
[NEW] EPISODE_37
[NEW]​ EPISODE_38
[NEW] EPISODE_39
[NEW] EPISODE_40
[NEW] EPISODE_41
[NEW] EPISODE_42
[NEW]EPISODE_43
[NEW] EPISODE_44
[NEW]EPISODE_45
[NEW]EPISODE_46
[NEW] ENDING❤️
ကျေးဇူးတင်လွှာ🤗❤️

Part_26​ (Zawgyi)​

500 41 0
By PasaDeeda

"သင်္ဘောမနက်ဖြန်ညနေ5နာရီလောက် Don Won သင်္ဘောဆိပ်မှာ ဆိုက်မယ် Rae In"

"ဟင်​ တစ်ပတ်တောင်မပြည့်သေးဘူးလေ... အစောကြီးပါလား"

အရေးတကြီးအလုပ်ရှိသည်ဟုဆိုကာ​ ကျွန်တော့်အားHotelသို့ ဖုန်းဆက်ခေါ်တာကြောင့် အိပ်ရာနိုးနိုးချင်းထရလာခဲ့သည်။ မပွင့်သေးသည့်မျက်လုံးများမှာ အခုလိုမျိုး စကားကိုကြားလိုက်ရတော့​ ပြူးကျယ်ကုန်ရပြီပင်။

"JapanကStar​ Hotelမီးလောင်မှုကြောင့် ရဲတွေကအဲဒီ့ဘက်ကို အာရုံရောက်နေကြတယ်။ ဒါကြောင့်​ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး။"

"ကောင်းပြီ။ ကျွန်တော်ကားအဆင်သင့်လုပ်ထားလိုက်ပါ့မယ်။ Sakaရော လိုက်မယ်မလား?"

"Kim Myung Soo​ကတော့​ မြွေပွေးကိုခါးပိုက်ပိုက်ထားမိတာပဲ... ဟားဟား"

အမေးနဲ့အဖြေသည် တခြားစီပင်။

ကျွန်တော်​စိတ်ထဲ​ တစ်မျိုးကြီးခံစားလိုက်ရသည်။ ရိသဲ့သဲ့ပုံစံနှင့်ပြောကာ ဟားတိုက်ရယ်နေသည့်Sakaကြောင့် မရည်ရွယ်ပါပဲ မျက်မှောင်ကြုံ့ လိုက်မိ၏။

"ဘာကိုဆိုလိုတာလဲ Saka"

"နိုင်ငံတကာမှာTOP (1)ဖြစ်နေတဲ့​ Hotelကြီးကို မီးလောင်အောင်လုပ်ပြီး Kim Myung​ Sooလိုလူကိုတောင် အချုပ်ထဲထည့်နိုင်တာ​ တော်ရုံရဲတင်းမှုလား ဟမ်..."

"ဒါက..."

Sakaသည် ကျွန်တော့်ကိုစကားဆုံးအောင်တောင် ပြောခွင့်မပေးပါ။

"ဒီကိစ္စကအေးအေးဆေးဆေးနဲ့ပြီးမသွားလောက်ဘူး။ ယူတို့ Kim Tae Hoonကို လျှော့မတွက်နဲ့နော်။"

"​ကျွန်တော်လည်း​ အဖေ့ကိုသတိနဲ့နေဖို့ပြောထားပါတယ်။"

"​တို့လည်း​ ဒီကိစ္စပြီးရင် အနားယူတော့မှာ...ဘာပြဿနာမှ​ရှိမလာဖို့ပဲ​ မျှော်လင့်ပါတယ်။"

"ကျွန်တော်ရောပဲ"

အဆုံးသတ်​ အသံတွေဟာ ခပ်တိမ်တိမ်။

မှန်တွေကာရံထားတဲ့ကြားကနေ ကျွန်တော်အပြင်ဘက်ကိုငေးကြည့်မိတယ်။

မကြာခင်မိုးရွာတော့မည်။ ကောင်းကင်ကြီးကလည်း မှောင်မိုက်လို့... စိတ်ထဲမှာလည်း အလေးတုံးကြီးဆွဲထားရသလို​ လေးလံနေ၏။

•••••••••••••••••

ဂျပန်နိုင်ငံရှိ ရဲစခန်းတစ်ခုတွင်ဖြစ်၏။

"​မင်းကဂျပန်လူမျိုးလား?"

"မဟုတ်ဘူး။ ကျွန်တော်က​ အမေရိကန်လူမျိုးပါ။"

"နာမည်က..."

"Daniel Mike ပါ..."

ကောင်လေးအားစစ်ဆေးမေးမြန်းနေသည့် သူမှာ အင်္ဂလိပ်စကားကိုအတော်လေး ကျွမ်းကျင်ပုံရ၏။ ကျွန်တော့်မှာအခန်းအပြင်ဘက်ကနေသာ သူတို့အမေးအဖြေလုပ်နေသည်ကို ကြည့်ခွင့်ရှိသည်။ အသံကိုလည်း​ အပြင်ကပါကြားအောင် ဖွင့်ပေးထားတာကြောင့်​ အဆင်ပြေ၏။

"မင်းနဲ့​Park Ji Wooကြားမှာ ဘယ်လိုပတ်သတ်မှုမျိုးရှိလဲ?"

"ကျွန်တော်​နဲ့က​ ဘယ်လိုမှမပတ်သက်ပါဘူး။ အမေနဲ့တော့ သူငယ်ချင်းပါ။"

ကောင်ငယ်လေး၏ လက်တို့သည် ထိုင်ခုံလက်တန်းတစ်ဖက်တစ်ချက်စီတွင်​ ကြိုးတွေနှင့်ချည်တုပ်ခံထားရသည်။ သို့သော်​ ကောင်ငယ်လေးကတော့ အေးအေးဆေးဆေးပင် စုံစမ်းစစ်ဆေးရေးမှူး၏ မေးခွန်းတွေကို​ ဖြေကြားနေ၏။

"​မင်းကိုသူက ဒီအလုပ်ကိုလုပ်ဖို့ ဘယ်လိုကမ်းလှမ်းမှုမျိုး လုပ်ခဲ့လဲ? မင်းကရော ဘာကြောင့်​ ဒီအလုပ်ကို အလွယ်တကူလက်ခံခဲ့တာလဲ?"

"ကျွန်တော့်အမေက အသည်းကင်ဆာဖြစ်နေတာပါ။ ဒါကြောင့်​ ကျွန်တော်သူ့ဆီမှာ အလုပ်တစ်ခုပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူကပြောတယ် သူ့မှာကျွန်တော့်ကိုပေးစရာ​ အလုပ်တစ်ခုရှိတယ်တဲ့။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို အဲ့နေ့ကကျွန်တော် သေမတတ်ပျော်ခဲ့ပါတယ်။ ဘာကြောင့်ဆို ကျွန်တော်ကသူခိုင်းတဲ့ အဲ့အလုပ်ကိုလုပ်ပေးပြီးရင် အမေ့ရောဂါကို အကောင်းဆုံးဆရာဝန်တွေနဲ့ ပျောက်အောင်ကုပေးမှာတဲ့လေ။ ဒါကြောင့်​ပဲ​ ကျွန်တော်ဒီအလုပ်ကိုလက်ခံဖြစ်ခဲ့တာပါ။"

အဖြေသည် ရိုးရှင်းပါသည်။

အမေ့ရောဂါကို​ ပျောက်စေချင်သည့်စိတ်ကလေးနဲ့ ဒီအလုပ်ကိုလက်ခံခဲ့သည်။

ကောင်ငယ်လေး၏ အတွေးတို့ဟာ တစ်ဖက်သတ်ဆန်သည်။ သူ့အတွေးတွေထဲမှာ အမေဆိုသည့် သူသာရှိမည်။ Hotelမှာတည်းခိုနေကြသည့်​ လူပေါင်းများစွားကို သူမေ့လျော့နေခဲ့သည်လား။ လူတစ်ယောက်အသက်ရှင်ဖို့ရာ အခြားလူပေါင်းများစွာ၏ အသက်ကိုစတေးရမည့်အလုပ်ကို​ မစဉ်းစားမဆင်ခြင်ပဲ ကောင်ငယ်လေးဟာ လုပ်ဆောင်ခဲ့သည်။

အတွေးတွေဟာ​ တိမ်လွန်း၏။

စဉ်းစားဆင်ခြင်နိုင်စွမ်းလဲ မဲ့၏။

"မီးပြင်သမားအဖွဲ့ထဲမှာ မင်းအမည်စာရင်းမပါဘူးDaniel... မင်းဒီထဲကို ဘယ်လိုဝင်ခဲ့တာလဲ?"

"အဲ့အဖွဲ့ထဲမှာ Moon Seungဆိုတဲ့လူတစ်ယောက်ရှိတယ်။ သူမလာနိုင်လို့ သူ့နေရာမှာ ကျွန်တော်အစားထိုးဝင်ခဲ့တာပါ။ Park Ji Wooရဲ့အကူအညီကြောင့် သူ့ရဲ့ဝင်ခွင့်ကဒ်ကလည်း ကျွန်တော့်လက်ထဲမှာ ရှိနေခဲ့ပါတယ်။"

"မီးလောင်မှုဖြစ်ပွားအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာ အသေးစိတ်ပြောပြပေးနိုင်မလား?"

"ဟုတ်ကဲ့ပါ။ ကျွန်တော်ပြောပြပါ့မယ်။"

ကောင်ငယ်လေးဟာ ရုတ်တရက်ဆိုသလို ခေါင်းကိုငုံ့ချသည်။ စက္ကန့်အနည်းငယ်ကြာတော့မှ ခေါင်းကိုပြန်မော့လာ၏။ အပြင်ဘက်ကနေသေချာကြည့်နေသော်လည်း ကောင်ငယ်လေး၏ မျက်နှာ​အား​ သိပ်မမြင်ရပါ။ ကြားထဲမှာမှန်သားထူထူက ခြားနေသည်မဟုတ်လားလေ။

"​Hotelမှာတည်းတဲ့လူတွေကို နေ့လည်11ကနေ3နာရီထိ မီးဖြတ်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့်​ ကျွန်တော်တို့​ အလုပ်လုပ်ရမှာက 12နာရီမှပါ။ နေ့လည်စာ​ စားကြသောက်ကြသေးတာကြောင့်​ အချိန်ကိုစောပြီးမီးဖြတ်ထားခဲ့တာပါ။ 11:45လောက်မှာ​ ကျွန်တော်သူတို့အဖွဲ့နားကနေ ခိုးထွက်လာခဲ့ပါတယ်။ Park Ji Wooကကျွန်တော့်ကို ဘယ်နေရာမှာဘာရှိတယ်ဆိုတာ​ သေချာပြောပြထားတာကြောင့် သွားရလာရတာ သိပ်တော့မခက်ခဲ့ပါဘူး။ ကျွန်တော်​ မီးဘုန်းထားတဲ့အခန်းနားရောက်တော့ 11:55ပါ။ အခန်းထဲဝင်ဖို့​ ကဒ်ရဲ့အကူအညီလိုတာကြောင့် ကျွန်တော်Moon Seungရဲ့ကဒ်ကို အသုံးပြုခဲ့ပါတယ်။ အထဲကိုရောက်တော့ 12:00အတိပဲ။ ကျွန်တော့်မှာ မီးကြိုးကိုပြင်ဖို့ 15မိနစ်လောက်ပဲအချိန်ရမယ်။မီးပြင်တဲ့အဖွဲ့ကလည်း ဒီကိုအဲ့လောက်ကြာမှရောက်လိမ့်မယ်။ သူတို့​ကျွန်တော့်ကို ရှာရဦးမယ်လေ။ ကျွန်တော်​ခပ်မြန်မြန်ပဲ လှုပ်ရှားတယ်။ မိန်းကချထားပြီးသားမို့ မီးကြို3းပေလောက်ကို ဖြတ်ချလိုက်တယ်။ ပြီးတာနဲ့ ကျွန်တော့်ရဲ့လွယ်အိတ်ထဲမှာပါလာတဲ့ လက်ညှိုးတစ်လုံးစာလောက်ပဲရှိတဲ့ မီးကြိုးအသေးကိုခုနကဖြတ်ချလိုက်တဲ့ အပိုင်းနေရာမှာဖြည့်စွက်ခဲ့ပါတယ်။ လွယ်အိတ်ထဲကိုထည့်စရာရှိတာ ထည့်ပြီး မိန်းကိုတင်လိုက်တယ်။ ပြီးတာနဲ့အခန်းထဲကနေ ကျွန်တော်ပြေးထွက်ပြီး ဘေးနားမှာရှိနေတဲ့အရေးပေါ်လှေကားကနေ ကားပါကင်ကိုဆင်းပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အုန်း​ဒိုင်းဆိုတဲ့ပေါက်ကွဲသံတွေကြားရပါတယ်။ အဲ့နောက်မှာတော့​ မီးကမီးကြိုးတစ်လျှောက် စတင်လောင်ကျွမ်းပါလိမ့်မယ်။ ဘာကြောင့်ဆို ဒီမီးကြိုးအသေးလေးက Hotelတစ်ခုလုံးသုံးတဲ့မီးအားကို ဘယ်လိုမှမနိုင်ဘူးလေ။ ဒါပါပဲ... ကျွန်တော်လုပ်ခဲ့တာက"

"​ကောင်းပြီ Daniel... မင်းကိုဒီမှာပဲ ခဏတာချုပ်ထားရလိမ့်မယ်။ ငါတို့အမြန်ဆုံး Park Ji Wooကိုဖမ်းမှာပါ။ ပြီးရင်တော့ တရားရုံးမှာပြန်တွေ့ ကြတာပေါ့။"

"​ဟုတ်ကဲ့ပါ။"

•••••••••••••••••

"​ကျွန်တော်​တို့​ Kim Myung Sooကိုအခုပဲ ပြန်လွှတ်ပေးပါ့မယ်။ ဒါပေမယ့်​ America ကိုတော့​ပြန်ခွင့် မပြုနိုင်သေးဘူး။"

မီးလောင်တယ်ဆိုတဲ့ သတင်းကြားကတည်းက America ကနေဒီကို မိသားစုသုံးယောက် ချက်ချင်းလာခဲ့ကြတာပါ။ ဒီမှာလည်း အိမ်ရှိနေတယ်၊ ကုမ္ပဏီခွဲလည်းရှိနေတာကြောင့်​ Americaကိုမပြန်ရသေးလည်း ကိစ္စမရှိပါ။ ဒယ်ဒီလွတ်လာတာနဲ့တင် ကျေနပ်ပြီမို့။

"​ရပါတယ်​ဗျ... လွတ်ပြီဆိုရုံနဲ့တင် ကျေနပ်ပါပြီ။"

"​ဒါဆို​ ရှေ့ ကိုလိုက်ခဲ့ပေးပါ။"

"​ဟုတ်ကဲ့"

အရာရှိကြီးနဲ့စကားပြောနေပေမယ့် ကျွန်တော့်မျက်လုံးတွေဟာ ကောင်ငယ်လေးဆီမှ မခွာနိုင်ခဲ့ပါ။

"​ကောင်လေး"

"​ဗျာ"

ရဲတောက်နေသည့်မျက်ဝန်းတွေကိုကြည့်ကာ စိတ်မကောင်းဖြစ်ရပြန်သည်။

"​အမေ့အတွက်စိတ်ချနော် ကောင်လေး... ကိုယ့်ကိုယုံပါ။ ကောင်လေးကိုလည်း ကိုယ်အမြဲလာတွေ့ ပါ့မယ်။ စိတ်ဓာတ်မကျနဲ့နော်။"

"ကျေးဇူးတင်ပါတယ်..."

ရုတ်တရက်ပွေ့ ဖက်လာသူကြောင့်​ ခန္ဓာကိုယ်​ဟာ​ တောင့်တောင့်ကြီးဖြစ်သွားရ၏။ ပြန်လည်းမဖက်တွယ်မိသလို၊ တွန်းလည်းမထုတ်မိ။ သို့သော် ရင်ထဲမှာတော့ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့၏။

"ကျွန်တော်​ သွားတော့မယ်။ နှုတ်ဆက်ပါတယ် အစ်ကို"

ချာခနဲလှည့်ထွက်သွားတဲ့ ကောင်ငယ်လေးရဲ့မျက်ဝန်းညိုညိုတွေမှာ​ မျှော်လင့်ချက်တွေမဲ့နေခဲ့ပါတယ်။ အငယ့်ရဲ့မျက်ဝန်းတွေက ဘာသာစကားတွေကိုသာ​ နားလည်တက်ခဲ့သူကျွန်တော်ဟာ ဘာကြောင့်များ ဒီကောင်ငယ်လေးရဲ့မျက်ဝန်းတွေကို နေရင်းထိုင်ရင်း ဘာသာပြန်တက်နေပါလိမ့်။

"​စောင့်နေမယ်။ အထဲမှာသက်တောင့်သက်သာနေနိုင်အောင်​ လုပ်ပေးမှာမို့ ကျန်းမာရေးဂရုစိုက်ပါ။ ကိုယ်​ ကောင်လေးကို စောင့်နေပါ့မယ်။"

ကောင်ငယ်လေးဟာ ဂရုမစိုက်သည့်ဟန်ဖြင့် ကျွန်တော့်အား တစ်ချက်မှလှည့်ကြည့်မသွားခဲ့ပါ။ တုန့်ပြန်မှုဆိုတာ ဝေးလို့။

မြင်မြင်ချင်းအချစ်ဆိုတာ​ ဒါများလား။

"​မဟုတ်လောက်ပါဘူး။ ငါသူ့ကိုသနားလွန်းလို့ ဒီလိုမျိုးခံစားနေရတာပဲ ဖြစ်မှာ..."

ညာဘက်လက်ကလေးနှင့် ဘယ်ဘက်ရင်အုံကိုဖိကာ   ရေရွတ်မိသည်။ ဟုတ်သည်။ ကျွန်တော်ချစ်တာ အငယ်ပါ။ရင်ထဲကလှုပ်ခတ်နေမှုဟာ ဒီကောင်ငယ်လေးကို အသနားလွန်နေတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

🌻မရနိုင်မယ့် ချစ်ခြင်းမေတ္တာတွေကို
   မျှော်ငေးရင်း
   ရနိုင်မယ့် ချစ်ခြင်းမေတ္တာတွေကို
   ပစ်ပယ်ခဲ့မိတယ်။🌻

••••••••••••••••

အကြံအစည်အား အကောင်အထည်ဖော်ဖို့ရာ Jake တစ်ယောက်​ Jung Kook​အား​ စည်းရုံးရေးဆင်းရန် ညဏ်နီ၊ညဏ်နက်တွေ ထုတ်နေမိသည်။

"ဟေ့ကောင်​ Jung ကြီး... ငါတို့သွားသောက်ရအောင်။"

"အေး​ သွားရအောင်။ ငါလည်းစိတ်ညစ်နေတာနဲ့အတော်ပဲ။"

နှစ်ခါတောင် မစွယ်လိုက်ရပါ။ ချက်ချင်းကိုလက်ခံလာတဲ့ Jung Kook​ကြောင့်​ စိတ်ထဲနည်းနည်းတော့​ ရှုပ်ထွေးသွားရသည်။

"မင်းကညစ်ပြန်ပြီလား။ ဘာကိစ္စကြောင့် ညစ်တာလဲ?"

"ငါ့အမေကSoraနဲ့ငါ့ကို အမြန်ဆုံးလက်ထပ်စေချင်ပြီတဲ့"

ဒါကြောင့်​ကိုး... ဒီကိစ္စကိုအကောင်အထည်ဖော်သူဟာ ကျွန်တော်ပင်။ နောက်လကုန်ကျရင် ကျွန်တော်နဲ့Yuriလက်ထပ်မည်။ အဲ့ကျရင် Jung Kookတို့နှစ်ယောက်ကိုပါ အတူတူပါဝင်စေချင်သည်။ တစ်မင်္ဂလာတည်းဖြစ်သွားအောင်လို့လေ။ သို့ကြောင့်​ အန်တီSaeအား​ Jung Kook​မသိအောင်​ အပူကပ်ခဲ့သည်။ အန်တီSaeကလည်း ထိုကိစ္စကို သဘောတူလက်ခံခဲ့တာကြောင့် ကျွန်တော့်ရဲ့ first stepကြီးအောင်မြင်ခဲ့ရသည်။ Soraကလည်း အတော်လေးကို ပျော်ရွှင်နေခဲ့ပါသည်။ အခုတော့ ဒင်းကဒါကြောင့် စိတ်ညစ်နေသည်ဆိုပဲ။

"ကိုယ့်ချစ်သူကိုယ်လက်ထပ်ရမှာ​ကို​ မင်းကဘာညစ်နေတာလဲ? တစ်နှစ်၊နှစ်နှစ်ပဲတွဲဖူးတဲ့သူတွေလည်းမဟုတ်ပဲနဲ့"

"သွားရအောင်ကွာ... စကားများမနေနဲ့"

ဂုတ်ကနေဆွဲခေါ်သွားတဲ့Jungကြီးကြောင့် အနောက်ကနေယက်ကန်ယက်ကန်နှင့်ပါသွားရ၏။

•••••••••••••••••

'Berry bar'

"ငါဒီကိုလာတာ ဒုတိယအကြိမ်ပဲJake..."

Barရဲ့ ဆိုင်းဘုတ်ကိုမော့ကြည့်ကာ ပြောလာတဲ့Jung​ Kookကြောင့် ကျွန်တော်​ပါ​ ယောင်ပြီးမော့ကြည့်လိုက်မိသည်။

"​အဲ့​တော့​ ဘာဖြစ်တုန်းကွ... မင်းလုပ်တာနဲ့ငါပါယောင်ပြီး ကြည့်မိကုန်ပြီ။ ဝင်စရာရှိမဝင်ဘူး။"

"အေးပါကွာ။"

Barမှာဝင်ထိုင်လိုက်တာနှင့် ဟိုတစ်ခေါက်ကကောင်လေးပဲ ကျွန်တော်တို့နားရောက်လာပြန်၏။

"ဘာသောက်မလဲ အစ်ကို"

"ပထမတစ်ခေါက်ကလိုပဲ... Jake... မင်းရော"

"မင်းလိုပဲ"

"​5ဘူးလောက်ချ ကောင်လေး"

"​ဟုတ်ကဲ့​ အစ်ကို... အမြည်းယူဦးမလား။"

"​မယူတော့ဘူး။ မြန်မြန်ချ"

"​ဟုတ်ကဲ့"

Jakeတစ်ယောက်လက်ညှိုးနှင့်မေးစေ့ကိုပွတ်လျက် Jung Kookကိုဘယ်လိုစကားစရင်ကောင်းမလဲလို့တွေးနေမိသည်။ ကျွန်တော့်ရဲ့ second step ကို​စတင်ရတော့မည်။ Jungကြီး'ကလေး'​လို့​ ခေါ်ခေါ်နေတဲ့ Soraရဲ့CEOကို ဒီနေ့တွေ့ ဖြစ်အောင်တွေ့မည်။ ဒါဟာ​ ကျွန်တော့်ရဲ့second stepပင်။

"ရပါပြီ အစ်ကို"

ဘူးကိုချလိုက်တာနဲ့ ချက်ချင်းကိုဖောက်ပြီး မော့ချနေသူကြောင့် ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခုကဝင်ရောက်လာသည်။ သို့ကြောင့်​ ညစ်ကျယ်ကျယ်ပြုံးကာ Jung Kook​အား​ မြှောက်ပင့်ပေးလိုက်၏။

"သောက်​Jung ကြီး... စိတ်ညစ်တာတွေပျောက်သွားအောင် သောက်ပစ်... မင်းမူးရင် ငါကိုယ်တိုင်အိမ်ပြန်ပို့ပေးမယ်။"

"အေး​ ကျေးဇူးပဲကွာ"

ထိုတစ်ခွန်းသာလှည့်ပြောပြီး ဘီယာဆက်သောက်၏။

ဘီယာ​သုံးဘူး​ ကုန်လေပြီ။

မကြာခင်စပ်ကြားတွင် ဒီကောင်မှောက်တော့မည်။ များများစားစားသောက်နိုင်သူမဟုတ်တာကြောင့် အခုတောင် ခွေးမှန်း၊ လူမှန်း ခွဲခြားနိုင်မှာ မဟုတ်တော့ပါ။ သို့ကြောင့်​ Jungကြီးဖုန်းကို အင်္ကျီအိပ်ကပ်ထဲမှဖြေးဖြေးချင်းနှိုက်လိုက်သည်။ ပြီးတာနှင့် ဖုန်းနံပါတ်တစ်ခုကို ရှာသည်။ ထို့နောက်မှာတော့...

တီ... တီ... တီ... တီ...

"Hello... Hyung"

သြရှရှအသံပိုင်ရှင်ကြောင့် စိတ်ထဲတဒင်္ဂရှုပ်ထွေးသွားရသည်။ Sora​ပြောတော့​ သူတို့CEOသည် ငယ်ငယ်လေးတဲ့လေ။ Jungကြီးကလည်းခေါ်တာ 'ကလေး'တဲ့။ သို့သော်​ အခုကြားနေရတဲ့အသံဟာ သြရှရှနှင့်လူကြီးဆန်၏။

"Hello... ကျွန်တော်က​Berry Barက waiterပါ။ ဒီဖုန်းပိုင်ရှင်အစ်ကိုက မူးပြီးမှောက်နေလို့'ကလေး'​ဆိုတဲ့​ contact nameကို ဆက်ကြည့်တာပါ။ အစ်ကိုကသူနဲ့ ဘာတော်လဲဗျ။"

ဘာအဖြေများထွက်လာမလဲဟု ညစ်ပြီးမေးလိုက်သော်လည်း အချည်အနှီးသာ။

"ကျွန်တော်အခုပဲ လာခေါ်ပါ့မယ်။"

တိကနဲပြတ်ကျသွားတဲ့ဖုန်းလေးကိုကြည့်ကာ ကြောင်နေရသည်။ ဒီအကောင့်ကို ဘယ်လိုမှလျှော့တွက်ထားလို့ မဖြစ်ဘူးပဲ။

ဖုန်းကိုဘေးနားချထားလိုက်ကာ တခြားဝိုင်းတစ်ခုကိုပြောင်းဖို့ပြင်ရသည်။

သူတို့နှစ်ယောက်ကို​ ရှင်းရှင်းလင်းလင်းမြင်ရမယ့် နေရာမျိုး။

•••••••••••••••••••

နာရီဝက်လောက်ရှိပြီဖြစ်သော်လည်း... Jungကြီးနားသို့ ဘယ်ကောင်မှရောက်မလာသေးပါ။ သို့ကြောင့်​ စိတ်ညစ်ညစ်နဲ့ Jungကြီးနားသွားရန်ပြင်တော့ Hoodieအဖြူလေးနှင့် ဒူးလောက်ရှိသည့်Short pantအမည်းလေးကို walking shoeအမည်းလေးနှင့် တွဲဖက်ဝင်ဆင်ထားသည့် ဆံပင်ပြာလဲ့လဲ့နှင့်ကောင်လေးတစ်ယောက် ပြေးဝင်လာတာကိုတွေ့ လိုက်ရသည်။

"သူလား?"

ထိုင်ခုံမှာပြန်ထိုင်ရင်းဖုန်းကို​ နားနားကပ်ထားလိုက်သည်။ အခုနကလေးတင် Jungကြီးဖုန်းနှင့်ကျွန်တော့်ဖုန်းကို ဆက်သွယ်ထားခဲ့သည်။ သူတို့ဘာတွေပြောလည်းဆိုတာ သိရအောင်လို့ပင်။

"Hyung..."

ကောင်လေးသည်Jungကြီး၏ ပုခုံးအားခပ်ဖွဖွပုတ်ကာ နှိုးတော့Jungကြီးက ချက်ချင်းပဲခေါင်းမော်ကြည့်လာသည်။

"ကလေး... ဟား... တကယ်ပဲ Hyungရဲ့ကလေးလေးလား?"

"အင်းပေါ့... ထ​တော့​Hyung​ ပြန်ရအောင်နော်။"

Jungကြီးထံမှ​ ပြန်လည်ဖြေကြားသံမထွက်လာခဲ့ပါ။ ကောင်လေးရဲ့ ရင်ခွင်ထဲအတင်းတိုးဝင်ကာ ခါးကိုဖက်တွယ်ထား၏။ ဒီလောက်ဆိုရပြီပင်။ သူတို့ရဲ့အခြေအနေကို ကျွန်တော်သေချာသိမြင်ရပြီမို့ ဖုန်းကိုချကာ သူတို့အနားသို့ ချဉ်းကပ်သွားလိုက်သည်။

"​ဟေး​ ကောင်လေး... မင်းက​ Kim Tae Hyung​မလား?"

အင်း... Jungကြီးကြိုက်လည်း ကြိုက်ချင်စရာပင်။ မော့ကြည့်လာတဲ့ မျက်ဝန်းဝိုင်းတွေဟာလှပသေသပ်သည်။ အသံနှင့်လူ မလိုက်ပါ။ အသံကကြီးပြီး လူကကလေးသာသာ​ ချစ်စရာလေးပင်။

"ဟုတ်ပါတယ်။ ခင်ဗျားကဘယ်သူလဲ?"

"အစ်ကို့နာမည်က Jake ပါ။ Jungကြီးရဲ့ Best friend ပေါ့။"

"ဒါဆို​ဘာလို့​ ကျွန်တော့်ကိုဒီခေါ်တာလဲ? လိမ်ပြီးတော့"

ဒီကောင်လေးဟာ ညဏ်သိပ်ကောင်းသည်။ ခုနကအသံပိုင်ရှင်ဟာ ကျွန်တော်ဆိုတာ သိနေသည်ဆိုသည့်သဘောပဲပေါ့။ Jungကြီးကိုကြည့်လိုက်တော့ ကောင်လေးရဲ့ရင်ခွင်ထဲမှာ ထိုင်လျက်အိပ်ပျော်နေပြီပင်။

"မင်းနဲ့တွေ့ ပြီး​ သတိပေးစရာရှိလို့..."

"ပြောပါ​ ပြောစရာရှိတာ... အားနာစရာမလိုပါဘူး။"

"​ဒါဆို​ ပြောမယ်နော်။ အားမနာတော့ဘူး။"

"ဟုတ်ကဲ့"

"Jung Kookနဲ့Soraက နောက်လဆိုလက်ထပ်ကြတော့မှာ... သူတို့ကတွဲနေကြတာ ခြောက်နှစ်ကျော်ပြီ။"

"ဗျာ!!!"


_____________________________________________

Kim​ Tae Hoon+Daniel Mike  နောက်လာမယ့်
Ficအတွက် ဇာတ်လမ်းကိုအစပျိုးထားခဲ့ပါပြီ။

ကဲ​ကဲ... Jake ကတော့​ဖွင့်ချလိုက်ပါပြီ။ Tae Hyung​တစ်ယောက်​ Jake စကားကို​ဘယ်လိုတုန့်ပြန်လေမလဲ? ဆက်လက်ရှုစားကြပါဦးရှင်👀

နောက်ပြီးတော့...

Taeလေး​ Jung Kookကို ရင်ဖွင့်ခဲ့တဲ့အပိုင်းမှာ ပြောခဲ့တဲ့ဝှက်ဖဲဆိုတာလေးကို​ ဒီနေ့အပိုင်းမှာ​ အစပျိုးထားပေးခဲ့ပါတယ်။ ဘာလဲဆိုတာ ကိုယ့်ဟာကိုယ်သာ စဉ်းစားကြကုန်လော့။ ♥️😆

See u❤️
Thank for reading❤️

Continue Reading

You'll Also Like

375K 12.6K 74
𝐛𝐨𝐨𝐤 𝐨𝐧𝐞. gilmore girls universe. 𐙚 | B L U E ˖⁺‧₊˚♡˚₊‧⁺˖ ─── blue eyes like the sea on a cold, rainy day ❝ 𝘉𝘓𝘜𝘌 𝘌𝘠𝘌𝘋 𝘉𝘌𝘈𝘜𝘛�...
10.1K 217 12
Years pass. Yumi is now married. Paris stayed due to promising to protect her daughter ,y/n. But what happens when the daughter goes missing? Art and...
2.1M 57.7K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
331K 8.7K 15
Percy Jackson. The greatest demigod to ever walk on earth. S.H.I.E.L.D has always had him on their watch, but when Loki suddenly springs up, it is ti...