Second Person (Season_1)​(Com...

By PasaDeeda

121K 8.8K 725

ငေွရောင်လက်စွပ်နှစ်ကွင်းနဲ့​ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ... More

Note❤️
Note❤️
Part _1 (Unicode)​
Part _1 (Zawgyi)​
Part _2 (Unicode)
Part _2 (Zawgyi)​
Part _3 (Unicode)
Part _3 (Zawgyi)​
Part _4 (Unicode)
Part _4 (Zawgyi)​
Part_5 (Unicode)
Part_5​ (Zawgyi)​
Part _6 (Unicode)
Part_6 (Zawgyi)​
Part_7​ (Unicode)​
Part_7​ (Zawgyi)​
Part_8 (Unicode)​
Part_8​ (Zawgyi)​
Part_9​ (Unicode)​
Part_9​ (Zawgyi)​
Part_10 (Unicode)​
Part_10​ (Zawgyi)​
စေျးဗန်း🤗
Part_11 (Unicode)​
Part_11​ (Zawgyi)​
Part_12 (Unicode)​
Part_12​ (Zawgyi)​
Part_13 (Unicode)​
Part_13​ (Zawgyi)​
Part_14 (Unicode)​
Part_14​ (Zawgyi)
Part_15 (Unicode)​ Special🌻
Part_15​(Zawgyi)​ Special🌻
Part_16 (Unicode)​
Part_16​(Zawgyi)​
Part_17​ (Unicode)​
Part_17(Zawgyi)
Part_18 (Unicode)​
Part_18​ (Zawgyi)​
Part_19​ (Unicode)​
Part_19​ (Zawgyi)​
Part_20 (Unicode)​
Part_20​ (Zawgyi)​
Part_21 (Unicode)​
Part_21​ (Zawgyi)​
Part_22 (Unicode)​
Part_22 (Zawgyi)​
Part_23 (Unicode)​
Part_23​ (Zawgyi)​
Part_24​ (Zawgyi)​
Part_25 (Unicode)​
Part_25​ (Zawgyi)​
Part_26​ (Unicode)​
Part_26​ (Zawgyi)​
Part_27​ (Unicode)​
Part_27​ (Zawgyi)​
Part_28​ (Unicode)​
Part_28​ (Zawgyi)​
Part_29​ (Unicode)​
Part_29​ (Zawgyi)​
Part_30 (Unicode)​
Part_30​ (Zawgyi)​
Part_31​ (Unicode)​
Part_31​ (Zawgyi)​
Part_32​ (Unicode)​
Part_32​ (Zawgyi)​
Part_33​ (Unicode)​
Part_33​ (Zawgyi)​
Part_34​ (Unicode)​
Part_34​ (Zawgyi)​
Part_35​ (Unicode)​
Part_35​ (Zawgyi)​
Part_36​ (Unicode)​
Part_36​ (Zawgyi)​
Part_37​ (Unicode)​ Ending💕
Part_37​ (Zawgyi)​ Ending💕
ကေျးဇူးတင်လွှာ
❤️NOTE FOR NEW EPISODE❤️
[NEW] EPISODE_35
[NEW] EPISODE_36
[NEW] EPISODE_37
[NEW]​ EPISODE_38
[NEW] EPISODE_39
[NEW] EPISODE_40
[NEW] EPISODE_41
[NEW] EPISODE_42
[NEW]EPISODE_43
[NEW] EPISODE_44
[NEW]EPISODE_45
[NEW]EPISODE_46
[NEW] ENDING❤️
ကျေးဇူးတင်လွှာ🤗❤️

Part_24 (Unicode)​

1K 106 18
By PasaDeeda

စာရင်းစာအုပ်ပံုကြား ခေါင်းနှစ်ထားရသည်မှာ အချိန်မည်မျှကြာသွားပြီမသိပေ။ ဆံုလည်ကုလားထိုင်အား ကေျာမှီကာ မျက်လံုးတို့ကိုခဏအနားပေးရင်း...

"ဘယ်အချိန်ရှိပြီလဲ Noona"​

"5နာရီထိုးပြီ Tae Hyung... ခဏနားပြီးမှ ဆက်လုပ်ပါလား"​

"ရပါတယ်​ Noonaရဲ့... ဒါနဲ့​ ကျွန်တော့်ကို သံပုရာရည်တစ်ခွက်လောက် ဖျော်တိုက်ပါလားဟင်... ခေါင်းတေွနောက်လာလို့"​

"ဒါဆို​ ခဏစောင့်... သွားဖျော်လိုက်မယ်။"​

"ဟုတ်"​

ကျွန်တော်​စစ်သည်​့​ တစ်လစာစာရင်းချုပ်Fileတိုင်းမှာ သုညတစ်လံုးစီပေျာက်နေ၏။ 7လစာထိ စစ်ပြီးပြီပင်။ မနက်ကဌာနချုပ်မှူးပြောသည့်ပံုစံအတိုင်းဆို ဒီကိစ္စဟာ ရိုးရိုးသားသား တစ်ခါတလေမှားယွင်းမှုပံုစံမျိုး မဖြစ်နိုင်။ အသေအချာကို စနစ်တကျ​ မှားယွင်းစေမှုပဲဖြစ်ပါလိမ့်မည်။

"ရပြီ​ Tae Hyung... နည်းနည်းချဥ်ချဥ်လေး ဖျော်လာပေးတယ်။ ခေါင်းကြည်သွားအောင်လို့"

"ဟုတ်​ ကျေးဇူး​Noona"

မျက်ဝန်းတေွသည်ခံစားချက်မဲ့သူလို အေးစက်နေသည်။ အပြုံးတေွဟာလည်း မပီမပြင်။ ခပ်နွမ်းနွမ်းမျက်နှာအနေအထားကြောင့် Noonaအား အလုပ်ဆင်းခိုင်းဖို့ကိုသာ ဆံုးဖြတ်လိုက်သည်။

"အလုပ်ဆင်းလို့ရပြီ Noona... ကျွန်တော်​ ဒါတေွပြီးအောင်လုပ်လိုက်မယ်။"​

"ရပါတယ်။ ကူလုပ်ပေးပါ့မယ်။"​

"အေးဆေးပြန်နားလိုက်ပါ Noonaရဲ့... မျက်တွင်းတေွကျနေသလိုပဲ အိပ်ရေးဝအောင်အိပ်ဦး။"​

ဖြူစင်စွာသွားတန်းဖေွးဖေွးလေးတေွပေါ်သည်အထိ ပြုံးပြလာသော Tae Hyung​အား​ ခပ်ရဲ့ရဲ့သာပြန်ပြုံးပြမိသည်။ ရင်ထဲကတင်းကျပ်မှုသည် တစ်စံုတယောက်ကိုရင်ဖွင့်လိုက်ရင် ပြေလျော့သွားလေမလားဆိုသည့်အတေွးကြောင့် ပြန်ရန်သာတေွးလိုက်၏။

"​ဒါဆို​ ပြန်နှင့်လိုက်မယ်နော်။"

"​ဟုတ်​ Noona"​

ယိုင်နဲ့နဲ့ခြေလှမ်းများကို ထိန်းလျောက်ရင်း ပြိုင်ဘက်ရေှ ့ကျရှုံးမသွားအောင်၊ ပြိုလဲမကျသွားအောင် အားတင်းမိသည်။

အလုပ်စားပွဲပေါ်က စာရင်းစာရွက်အချို့ကိုစုစည်းကာ အံဆွဲထဲထည့်ပြီးသော့ခတ်လိုက်သည်။ပြီးနောက် သော့ကိုပိုက်ဆံအိတ်ထဲပြန်ထည့်ပြီး တခြားပစ္စည်းပစ္စယတေွကိုပါ ပိုက်ဆံအိတ်ထဲ အတင်းလံုးခြေထိုးထည့်လိုက်သည်။

"Yuriဆီဖုန်းခေါ်ကြည့်မှပဲ"​

ဖုန်းထဲရှိ 'Yuri'​ဆိုသည့်​ contact nameအားနှိပ်ကာ ဖုန်းခေါ်မိသည်။

"Hello... Soraမ"​

"အင်း​ နင်အလုပ်ဆင်းပြီလား? ငါနင်နဲ့တေွ ့ချင်လို့"​

"ခဏနေဆင်းတော့မှာ... နင်ရော?"​

"ငါကအခုပဲ ဆင်းတာ...Oppaရော...နင်တို့နဲ့ရှိနေလား?"

"ဟင့်အင်း သူဒီမှာမရှိဘူး။ ပြင်သစ်ကဧည့်သည်တစ်ယောက်နဲ့ သွားတေွ ့တယ်။ ရေမွှေးဒီဇိုင်းအသစ်အတွက်"​

"အော်​ ဒါဆိုဒီနေ့... လာမကြိုဖြစ်တော့ဘူးပေါ့... ဟားဟား"

ခြောက်ကပ်ကပ်ရယ်သံသည် ဖုန်း၏တစ်ဖက်ခြမ်းရှိ Yuriအား ထိတ်လန့်စေ၏။

"​ဟဲ့​ ဘာဖြစ်တာလဲ... ရယ်သံကြီးကလည်း"

"ဘာမှမဟုတ်ပါဘူး။ ငါ့မှာနင့်ကိုရင်ဖွင့်စရာတေွ အများကြီးရှိတယ်။ နင်နားထောင်ပေးနိုင်မလား?"

"​အင်းအင်း... ငါနားထောင်ပေးမယ်။ နင်ကအခု ဘယ်မှာလဲ?"

"​ရံုးရေှ ့မှာ​ Taxiငှားဖို့စောင့်နေတာ"​

"ငါလာခေါ်မယ်။ Taxiမငှားနဲ့တော့ အဲ့မှာပဲစောင့်နေနော်။

"အင်း​ ပြီးရော... ငါစောင့်နေမယ်။"​

"အင်း"​

ဖုန်းလေးကျသွားတာနှင့် ရံုးရေှ ့က​ ကားမှတ်တိုင်လေးအောက် သွားရပ်စောင့်မိသည်။ ထိုစဥ် Sora၏ ဘေးမှထွက်ပေါ်လာသော ခွင့်တောင်းသံတစ်သံ...

"ကိုယ်တို့တွဲကြရအောင်။"​

ဘေးကိုစောင်းငဲ့ကြည့်မိတော့ ကောင်လေးကမြေပြင်ပေါ်ဒူးထောက်လျက် ကောင်မလေးထံမှ ချစ်ခွင့်ကိုတောင်းခံနေသည်။ ထိုစံုတွဲလေးအားကြည့်ကာ Soraနှစ်ခြိုက်စွာပြုံးမိသည်။

'တစ်ချိန်တုန်းကပေါ့'

လို့ အစချီရင်း အတိတ်တေွထဲက လှပခဲ့ဖူးတဲ့ အမှတ်တရတေွအချို့ဆီ ကိုယ်ကိုယ်တိုင်ပဲ အလည်တစ်ခေါက်ပြန်သွားမိ၏။

"ကိုယ်တို့တွဲကြရအောင်။"​

လူ10ယောက်ထက်မနည်း ရှိနေသည့်Coffeeဆိုင်လေးထဲတွင် Soraရေှ ့ဒူးထောက်ကာ​ အဖြူရောင်နှင်းပန်းလေးတေွကိုစုစည်းထားသည့် ပန်းစီးလေးအား လှမ်းရင်း ချစ်ခွင့်ပန်သူသည် Oppaဟုအမြဲခေါ်လေ့ရှိသည့် Jeon​ Jung Kook​ဆိုသည့်​ လူသားပင်။

"ထပါ။ သူများတေွကြည့်ကုန်ပြီ Oppaရဲ့"

လက်ကနေဆွဲကာ​ အတင်းထခိုင်းနေသော်လည်း ဂရုမစိုက်ပါ။ ပန်းစည်းကိုသာ မျက်စပစ်ပြနေ၏။

"ကိုယ့်ကို​ မင်းရဲ့ချစ်သူအဖြစ်လက်ခံပေးပါ Sora"​

မျက်နှာတေွပူကာ ခေါင်းကိုကြမ်းပြင်နှင့်ထုလုမတတ် အတင်းငံု ့ထားမိသည်။

"လက်ခံလိုက်! လက်ခံလိုက်! လက်ခံလိုက်!..."​

ကျယ်လောင်စွာထွက်ပေါ်လာသော Coffeeဆိုင်လေးအတွင်းရှိ လူများ၏ အားပေးအော်ဟစ်သံသည် Soraအားပိုလို့ပင် အရှက်သည်းစေ၏။

"လက်ခံပေးပါ​ Sora"​

မရဲတရဲနှင့် ခေါင်းလေးစောင်းကာကြည့်မိသော် Oppa၏ မျက်နှာသည်ဇီးရွက်လောက်သာရှိတော့သည်။ သူ့ရဲ့အချစ်ကို လက်မခံလောက်ဖူးလို့ ထင်သွားတာကြောင့်ပဲ ဖြစ်ရမည်။

"အင်း"​

ခေါင်းငြိမ့်ကာ ပန်းစည်းလေးကိုလက်လှမ်းယူမိတော့ Oppaသည်သူ့ရဲ့မူပိုင် ယုန်သွားလေးတေွပေါ်သည်အထိ ပြုံးနေခဲ့သည်။ Coffeeဆိုင်အတွင်းရှိ လူများကလည်း လက်ခုပ်လက်ဝါးတဖြောင်းဖြောင်းတီးလျက် အားပေးကြသည်။ တစ်ချို့ကပြောကြသည် 'နတ်ဖက်တဲ့ စံုတွဲ'​တဲ့လေ။

"ဒီပန်းက ဘာအဓိပ္ပာယ်ကိုဆောင်လဲဆိုတာသိလား Sora"​

OppaဟာSoraရဲ့မျက်နှာချင်းဆိုင် ထိုင်ခံုမှာဝင်ထိုင်ရင်း ပန်းစည်းကိုကိုင်ထားသည့် လက်ကလေးအား အပေါ်ကထပ်၍ ဆုပ်ကိုင်ကာ မေးမြန်းလာ၏။ ဒီအဖြူရောင်နှင်းပန်းလေးတေွရဲ့ အဓီပ္ပာယ်ကိုSoraမသိပါ။ သို့ကြောင့်...

"ဟင့်အင်း မသိဘူး။"​

"ဒါဆို​ ကိုယ်ပြောပြမယ်။ သေချာနားထောင်နော်။"​

"အင်း"​

"ဒီအဖြူရောင်နှင်းပန်းလေးတေွက မပြောင်းလဲပဲတည်မြဲနေမယ့် အချစ်ရဲ့သင်္ကေတတဲ့လေ... ဒီပန်းလေးတေွလိုပဲ ကိုယ့်ရဲ့အချစ်တေွကလည်း မင်းအပေါ်ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး Sora...ယံုတယ်မလား ဟင်"​

လက်ဖမိုးအား ခပ်ဖွဖွနမ်းကာဆိုလာသူကြောင့် ခေါင်းသာတဆတ်ဆတ်ငြိမ့်မိသည်။

အတိတ်တေွဟာ သိပ်ကိုလှပခဲ့သည်ဟု
ဆိုနိုင်မလားလေ။

တီ! တီ! တီ!

ကားဟွန်းသံကြောင့် လန့်ဖျန့်ကာဘေးဘီကိုကြည့်မိတော့ စံုတွဲလေးမှာရှိမနေတော့။ Yuri တို့လည်း​ ရောက်နေလေပြီ။

အို... သူမအတေွးတေွမနည်း လွန်သွားခဲ့သည်ပဲ။

"ဘာတေွအတေွးလွန်နေတာလဲ မယ်မင်းကြီးမ"

ကားပေါ်ရောက်တာနှင့် စဟောက်ခြင်းခံရတော့သည်။

"မတေွးပါဘူးဟယ်... ဒါနဲ့​ အစ်ကိုကOppaနဲ့ ပါမသွားဘူးပေါ့"

"ဟုတ်တယ်။ သူကဧည့်သည်နဲ့တေွ ့ပြီး​ တစ်ခါတည်းတန်းပြန်မယ်ဆိုလို့"

"အော်"

ထိုမျှသာပြောပြီး ကားထဲတဖန်တိတ်ဆိတ်သွားခဲ့၏။

ပြောစရာတေွပဲ မရှိကြတာလား?
ပြောသင့်မပြောသင့် ချိန်ဆနေခဲ့ကြသည်လားဆိုတာ ဘယ်လိုမှ​ ဝေခွဲလို့မရပေ။

"​Berry bar"

နှုတ်မှခပ်ဖွဖွရေရွတ်မိသည်ကို အစ်ကိုက...

"ဒီကို Jungကြီးနဲ့လာဖူူးတယ်။ ဝင်ကြရအောင်။"​

"ဟုတ်"​

အစ်ကို​က​ Sora​တို့အား​ လွတ်လွတ်လပ်လပ်ရှိစေရန်ဟုဆိုကာ​ VIPအခန်းတစ်ခန်းတွင် နေရာယူစေသည်။

ခဏအကြာမှာတော့ အခန်းတွင်းသို့ ကောင်လေးတစ်ယောက်တွန်းလှည်းလေးတွန်းကာ ဝင်လာ၏။

"မှာထားတာတေွရပါပြီ အစ်ကို... လိုချင်ရင် လှမ်းခေါ်လိုက်ပါ။ အပြင်မှာရှိပါမယ်နော်။"

"​ကောင်းပြီ။"​

ကောင်လေးပြန်ထွက်သွားတာနှင့် YuriကSoraအားစတင် စစ်ဆေးပါတော့သည်။

"နင်နဲ့Jungကြီးတစ်ခုခု ဖြစ်ထားကြတယ်မလား? ငါ့ကို​ အစအဆံုးသေချာပြောပြစမ်း Sora... ဒါမှငါတို့ ဖြေရှင်းပေးလို့ရမှာ"

"​အင်း​ ငါပြောပြပါ့မယ်။ Oppaကငါတို့ကုမ္ပဏီက CEOလေးနဲ့ ဘာလိုလိုညာလိုလိုဖြစ်နေတာ"​

"ဟမ်!"

"ဟေ!... သေချာပြော Sora... Jungကြီးကgayနေတယ်လို့ ပြောချင်တာလား?"

"​Gayတာမgayတာ Sora​မသိဘူး။ သူတို့နှစ်ယောက်ရဲ့ ကုတင်ပေါ်ကကိစ္စကို... "

"​တော်တော့ Sora... ဆက်မပြောနဲ့တော့... ဒီလောက်ဆိုရပြီ။"

မျက်နှာကြီးတည်ကာပြောလာတဲ့ အစ်ကို့ကြောင့်​ Soraရော Yuriပါ ကြောင်အမ်းအမ်းဖြစ်သွားရသည်။

"​စိတ်ထဲမထားနဲ့​ Sora... အစ်ကိုကူညီပါ့မယ်။ Soraသာအစ်ကိုခိုင်းတာ အကုန်လုပ်ပေးဖို့ပဲလိုမယ်။"

"​အင်း​ ဘာပဲလုပ်ရလုပ်ရ Soraလုပ်ပါ့မယ်။"

"​ကောင်းပြီ။ ဒီနေ့ကစပြီးစိတ်ထဲ ဘာမှမထားနဲ့Sora... ဆေးကိုပံုမှန်သောက်ပြီး​ အားမေွးထား...စိတ်ညစ်မခံနဲ့...JungကြီးကSoraအပိုင်ပဲမို့"

"အင်း​ ကျေးဇူးပါပဲ အစ်ကို"

အစ်ကို့ရဲ့စကားကြောင့် ရင်ထဲကအပူလံုးကြီးသည် ယူပစ်လိုက်သလိုကို ပေျာက်ဆံုးသွားရသည်။ Yuriကလည်းကေျာပြင်အား ခပ်ဖွဖွပုတ်ကာ အားပေးနှစ်သိမ့်သည်။ ဘယ်လောက်တောင် နွေးထေွးမှုရှိလိုက်သလဲဆိုတာ​ မပြောပြတတ်လောက်အောင်ပင်။

🌻ဆေးတွေလည်း​ ပံုမှန်သောက်မယ်။
    မင်းကိုလည်း ထာဝရ ချစ်မယ်။🌻

••••••••••••••••••
••••••••••••••••••
••••••••••••••••••

"အား..."

အပြင်းကြောဆန့်ရင်း တိုင်ကပ်နာရီကိုကြည့်မိတော့ 8နာရီခွဲ။

"Hyungလည်းအခုချိန်ထိ လာမကြိုသေးပါလား?"​

စားပွဲပေါ်ကဖုန်းလေးအား လှမ်းယူကာ အညောင်းဖြေရန် မတ်တပ်ထရပ်လိုက်သည်။

လက်ခေျာင်းသွယ်သွယ်တို့ဟာလည်း ဖုန်းမျက်နှာပြင်ပေါ် ဟိုထိဒီထိလုပ်ကာ 'Hyung'​ဆိုသည့်​ လူကြီးဆီသို့ ဖုန်းခေါ်လိုက်၏။

တီ... တီ... တီ...

"Hello... ကလေးလေး"

"ဘာအခုမှ ကလေးလေးလဲ! ကျွန်တော်အခုထိ အိမ်မပြန်ရသေးဘူး။ Hyungကိုစောင့်နေတာ"

"ဟမ်​ မပြန်ရသေးဘူး ဟုတ်လား​ ကလေး"

"ဟုတ်တယ်။"​

ကျွန်တော်ဒီနေ့လာမကြိုဖြစ်ဘူးဆိုတဲ့အကြောင်းကို YuriအားSoraထံဖုန်းဆက်ပြောဖို့​ သတိပေးထားခဲ့သည်ကို ဘာကြောင့်​ အခုချိန်ထိစောင့်နေရတာပါလိမ့်။

"​Soraရော​ ကလေး"

"​Noonaကို5နာရီလောက်တည်းက ပြန်ခိုင်းလိုက်တာ... ရံုးမှာ ကျွန်တော်တစ်ယောက်တည်းHyung... မြန်မြန်လာခဲ့... ကြောက်လို့"

တုန်ရီနေသောအဖျားခတ် စကားသံတို့ကြောင့် ကားကိုအရှိန်အမြင့်ဆံုးမောင်းနှင်မိသည်။

"ခဏပဲစောင့် ကလေးလေး... Hyungလာနေပြီ။ မကြောက်နဲ့နော်။"

"​အင်း​ မြန်မြန်နော်။"

"​အမြန်ဆံုး လာနေပြီ။ ဖုန်းမချလိုက်နဲ့နော်"

"​ဟုတ်"

"​လိမ္မာလိုက်တာ Hyungရဲ့ကလေးက... ညအတွက်အဆင်သင့်ဖြစ်နေပြီလား?"​

ကလေးငယ်အား ကြောက်စိတ်ပေျာက်စေရန်အလို့ငှာ ရယ်သံလွှမ်းကာမေးလိုက်သည်။

"ဘာ​ ဘာကိုလဲ?

"​ဟိုဟာလေ..."

"တော်ပြီ။ Hyungညစ်ပတ်ကြီး ဒါပဲတေွးနေတာပဲ"​

"ဟားဟား​ Hyungကစတာပါ ကလေးလေးရဲ့"​

"နောက်5မိနစ်လောက်ဆို ရောက်မယ်။ ကြောက်နေသေးလားဟင်"​

"ဟင့်အင်း မကြောက်ပါဘူး။ Hyungရှိနေတာပဲ"​

ဘေးနားမှာသာရှိနေရင်​ စကားတက်လွန်းသည့် ကလေးငယ်အား​ ထေွးဖက်ထားမိမှာအမှန်ပင်။

"​Hyung​က​ ကလေးရဲ့ဘေးမှာရှိနေတာမှ မဟုတ်ပဲကလေးရဲ့"

"​လူကိုယ်တိုင်ဘေးနားမရှိရင်တောင်​ ဒီလိုမျိုးHyungရဲ့အဝေးကကြားနေရတဲ့ အသံလေးကတောင် ကျွန်တော့်ရင်ထဲနွေးထေွးပြီးလံုခြုံမှုအပြည့်အဝ ရှိတယ်လို့ခံစားရတယ်။ Hyungကကျွန်တော့်အပေါ် အဲ့လောက်တောင် လွှမ်းမိုးထားတာ... ချစ်တယ်​ Hyung"

"အင်း​...ဒီလိုစကားတေွနဲ့ပဲ ချုပ်နေလိုက်... အပေါ်တက်လာနေပြီ။ ဖုန်းချလိုက်တော့မယ်နော်။"

"Ok Hyung"

•••••••••••••••

"ကလေး"​

"Hyung"​

အားကိုးတကြီးရင်ခွင်ထဲတိုးဝင်လာသည့် ကလေးငယ်၏ သေးသေးကွေးကေွးခန္ဓာကိုယ်လေးအား သိမ်းကြုံးဖက်ကာ နဖူးပြင်အားခပ်ဖွဖွနမ်းရှိုက်လိုက်သည်။

"Hyungရဲ့အချွဲလေး... ညစာစားပြီးပြီလားဟင်"​

"ဟင့်အင်း ဗိုက်မဆာလို့မစားရသေးဘူး။ Hyung​ရော"​

ရင်ခွင်ထဲမှခေါင်းလေးမော့ကာ မေးလာသော ကလေးငယ်ကြောင့် အသည်းယားစွာ ပါးပြင်နုနုအားမွှေးကြူမိသည်။

ရွှတ်... ရွှတ်

"Hyungကစားပြီးပြီ ကလေးရဲ့... ကလေးဗိုက်ဆာရင် တစ်ခုခုဝင်စားရအောင်လေ"​

"ဟင့်အင်း​ မစားတော့ဘူး။ Hotelကိုပဲပြန်မယ်။"​

"Okဗျာ... သခင်လေးရဲ့အမိန့်အလိုတော် အတိုင်းပါဗျ"​

"ဟီးဟီး...ကျွန်တော်ပစ္စည်းတေွသိမ်းဦးမယ်။ ခဏနော်"​

"ရပါတယ်ဗျာ"​

ကလေးငယ်သည်​ ထည့်စရာရှိတာထည့်သိမ်းစရာရှိတာသိမ်းကာ အခန်းမီးကိုပိတ်ဖို့ပြင်သည်။

"အပြင်ထွက်Hyung... ပြီးရင်​ ကျွန်တော့်ကိုမီးပြဦး။"​

"Ok ok"

အခန်းအပြင်သို့ခပ်သွက်သွက်ထွက်ကာ ဖုန်းမီးအားဖွင့်ရသည်။

ချောက်!

မီးအလင်းရောင်မှိန်ပြပြလေးကို အားပြုကာကလေးငယ်သည် ကျွန်တော်ရှိရာလှမ်းလာ၏။

"ပြန်ကြစို့"​

ရံုးခန်းတံခါးအားသော့ခတ်ပြီး​ ကျွန်တော့်လက်မောင်းအား လက်ချောင်းသွယ်သွယ်လေးတေွနှင့်ဆုပ်ကိုင်ကာ အသည်းယားအောင် ပြုံးပြနေသေး၏။

••••••••••••••••••

Hotelရောက်တော့ကလေးငယ်သည် Receptionမှကောင်မလေးအား Orange​ juiceတစ်ခွက်ကို အခန်းထဲလာပို့ပေးဖို့မှာကာ အခန်းရှိရာ ဓာတ်လေှကားဖြင့်တက်လာခဲ့သည်။

"ဟူး... ပင်ပန်းလိုက်တာ"​

ကုတင်ပေါ်ခြေပစ်လက်ပစ် လှဲချလိုက်ကာ ညည်းငြူမိသည်။ တကယ်ကို ပင်ပန်းနေသည်မို့။

"ထ​ ကလေး...Hyungနှိပ်ပေးမယ်။"

ကျွန်တော့်ခန္ဓာကိုယ်အားဆွဲထူကာ အနောက်ဘက်တွင်နေရာယူသည်။

"အ... ဖြေးဖြေးHyung... နာတယ်။"​

"ခဏလေးသည်းခံ ကလေး... အဆင်ပြေသွားလိမ့်မယ်။"

ပုခံုးထက်မှလက်တို့ကို​ ဟိုဘက်ရွှေ့လိုက်၊ ဒီဘက်ရွှေ ့လိုက်ဖြင့်​ ကစားနေသူကြောင့် နာကျင်စွာအော်မိသည်။ တစ်ခါမှအနှိပ်မခံဖူးတာကြောင့်လည်း ပါပါလိမ့်မည်။

"ရပြီ​ Hyung... အား​ အခုမှပဲပေါ့သွားတော့တယ်။"

ဇာတ်ကိုဘယ်ညာချိုးကာ ပြောမိသည်။ တကယ်လည်းပေါ့ပါးသွားသည်ပင်။

"ဒါဆို​ ရေသွားချိုးတော့နော်"

"အွန်း...Hyungကရော"

"Hyungကပြီးမှချိုးမယ်။ကလေးမှာထားတဲ့ Juiceလာပို့ရင် မသိမှာစိုးလို့"​

"အင်းအင်း... ဒါဆို​ကျွန်တော်​ အရင်ချိုးမယ်နော်။"​

"အွန်း"​

ကလေးငယ်လဲရေချိုးခန်းထဲ ဝင်သွားပြီမို့​ တစ်ကိုယ်တည်းပျင်းရိစွာ အိပ်ယာထက်လှဲချမိသည်။ မျက်လံုးအစံုကိုမှိတ်မည်ကြံတော့...

တင်းတောင်!

"သူများခဏမေှးမယ်ဆိုမှ ရောက်လာပြီ။ ခုနကစကားပြောနေတုန်းကကျ မလာဘူး။ အဖျက်မလား၊ အဖျက်ကောင်လား မသိတဲ့အပြင်ကလူရေ... မင်းဘယ်တော့မှ ချစ်သူမရပါစေနဲ့ကွာ"

တီးတိုးကျိန်ဆဲရင်း အခန်းတံခါးအားဒေါသဖြင့် ဆွဲဖွင့်မိတော့ မြင်လိုက်ရသည့်မျက်နှာကြောင့် ဒေါသကပိုလို့ပင် ထွက်သွားရ၏။

"ဂျာကြီး"

"​အစ်ကိုလေးရော"

အခန်းထဲကိုမျက်လံုးဝေ့နေသူကြောင့် တံခါးကိုလူတစ်ယောက်ဝင်ရရံုသာ ပြန်စိလိုက်ကာ...

"​ရေချိုးနေတယ်။ ပေးဒီကို"

လက်ထဲကအအေးခွက်ကို ဆွဲလုရင်း နှစ်ယောက်သားအကြည့်ချင်းစစ်တိုက်နေမိသည်။

"Hyung... အဲ့မှာ ဘာလုပ်နေတာလဲ?"​

တဘက်အဖြူလေးတစ်ထည်ဖြင့် အောက်အရပ်ကိုလံုခြုံစေကာ ကျွန်တော့်နားရောက်လာသူကြောင့် တံခါးကိုဝုန်းခနဲပိတ်လိုက်မိသည်။

ဂျာကြီးအတွက် မျက်ရည်နှစ်စက်။

"အအေးလာပို့လို့..."

"အော်...ရေချိုးတော့လေ"

"အင်း...အဝတ်အစားမလဲထားနဲ့နော်...အဲ့အတိုင်းနေနေ"

ကျွန်တော့်စကားကြောင့် ကလေးငယ်၏ မျက်နှာမှာရဲခနဲပင်။

"ရေသာမြန်မြန်ချိုး... သွားသွား"​

"ok ok"

ရေကိုငါးမိနစ်ထဲနဲ့အပြီးချိုးပစ်လိုက်သည်။

'အချိန်နှင့်ဒီရေသည် လူကိုမစောင့်'​ဟူသည့် စကားပံုလည်း ရှိသေးသည်မဟုတ်လားလေ။

"ဟင်​ ပြီးပြီ လား? ရေကောချိုးလာတာဟုတ်ပဲလား Hyung..."

"ချိုးလာပါတယ်ဗျာ...စိတ်တေွလောနေလို့ပါ။ ဟဲဟဲ"​

"ရုပ်ကိုက လူယုတ်မာရုပ်နဲ့"​

"စလိုက်ကြရအောင်ကွာ..."

အောက်ရပ်ဝန်းအားကာဆီးထားသည့် တဘတ်အားဖြုတ်ချရန်ပြင်လိုက်သော်လည်း လက်အားပုတ်ချခြင်းကို ခံလိုက်ရ၏။

"အအေးတောင်သောက်မကုန်သေးဘူး... ခဏလေး နေပါဦးလား။"

လူကနေချင်သော်လည်း အောက်ကကောင်ကမနေတော့ပါ။ သခင်ကိုမြင်တာနှင့် တကြွကြွဖြစ်နေပြီပင်။

မပူသော်လည်း မချပ်သည့် ဗိုက်သားဖေွးဖေွးအား အနောက်ကနေသိုင်းဖက်ကာ ပွတ်သပ်မိသည်။ သို့နောက် လက်တေွကို အပေါ်သို့တစ်ဆင့်တက်ကာ ခပ်ညိုညို Nippleလေးအား ဖိခေျလိုက်သည်။ နှုတ်ခမ်းတေွဟာလည်း အငြိမ်မနေပါ။ ဂုတ်သားဖေွးဖေွးလေးအား အရာထင်သည်အထိ စုပ်ယူနမ်းရှိုက်နေမိ၏။

"​အ... Hyung"​

ကလေးငယ်၏ လက်ထဲကအအေးခွက်ကို​ ယူရင်းကြမ်းပြင်ပေါ်ချလိုက်သည်။ ပြီးတာနှင့် ကလေးငယ်အား ဆတ်ခနဲကောက်ပေွ ့လိုက်ကာ​ ကုတင်ထက်အသာအယာချပေးလိုက်သည်။

ပြွတ်စ်

နီဆေွးဆေွးနှုတ်ခမ်းအစံုအား ဖိကပ်နမ်းရှိုက်လိုက်သည်။ ပြီးနောက်​ မျက်ဝန်းဝိုင်းဝိုင်းလေးတေွအပေါ် ဖံုးအုပ်ထားသည့် မျက်ခွံတေွ၊ မဲနက်နေသည့် မျက်ခံုးတန်းတန်းလေးတေွ၊ နဖူးခပ်ပြေပြေနဲ့ အမြဲစတော်ဘယ်ရီနံ​ ့လေးသင်းနေသည့်​ ခပ်ဖောင်းဖောင်းပါးပြင်နုနုတို့အား ကြင်နာစွာနမ်းရှိုက်မိသည်။

"Hyung... ကျွန်တော့်ကိုချစ်လား"​

အဆံုးမှာတိမ်ဝင်သွားတဲ့ ကလေးငယ်၏ ခပ်ဖေျာ့ဖေျာ့အသံလေးကြောင့် ဝမ်းနည်းမှုဟာ ခေါင်းထဲအကြိတ်အနယ်တိုးဝင်လာကြ၏။ ကျွန်တော်သည်ကလေးငယ်အား 'ချစ်ပါသည်'​ဟု​ ဖွင့်ဟဝန်မခံပဲ ခန္ဓာကိုယ်ချင်းနှီးနှောခဲ့မိသည်။ အခုလည်း နောက်တစ်ခါ။ ကလေးငယ်၏ စိတ်ထဲတွင် ဘယ်လောက်တောင် အားငယ်နေလိုက်မလဲဆိုတာ ခန့်မှန်းလို့တောင်မတတ်တော့။

"အင်း​ ချစ်တယ်။ ကလေးကို Hyungကသိပ်ချစ်တာ"​

"အင်း​ ကျွန်တော်လည်း​ Hyungကိုချစ်တယ်။"​

ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အပြုံးတေွကိုအသက်သွင်းခဲ့ကြသည်။

ရုတ်တရက်​ အောင့်တက်လာသော နှလံုးကြောင့် ရင်ဘတ်ကိုဖိမိသည်။ ကလေးငယ်လည်း ကျွန်တော့်လိုပင်။ ရင်ဘတ်ကိုဖိကာ အသက်ကိုမနည်းလုရှူနေရ၏။

"​kiss me quick... Hyung"

"ok baby"

နာကျင်မှုတေွကိုလျစ်လျူရှုကာ ကလေးငယ်၏ နှုတ်ခမ်းပြေပြေအား ဖိကပ်နမ်းရှိုက်လိုက်သည်။ နာကျင်မှုဟာ လေျာ့မသွားပဲပိုပြီးနာကျင်လာသည်။ နှုတ်ခမ်းသားတေွအား အပေါ်တစ်လှည့်အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်ရင်း ခံတွင်းထဲသို့လျှာကို တိုးဝင်မိသည်။ လျှာခြင်းရစ်ပတ်ကာစုပ်ယူရင်း လက်တို့ကိုအောက်အရပ်ဆီ ဖြေးဖြေးချင်းသွားမိသည်။ နာကျင်မှုဟာ​ ပိုလို့ပင် ဆိုးလာ၏။

"အဆင်ပြေရဲ့လား ကလေး"​

"ရင်ဘတ်ထဲက တအားအောင့်တယ် Hyung... နှလံုးကိုတစ်ယောက်ယောက်က ဆွဲဆုပ်နေသလိုပဲ"​

"Hyungရောပဲ... အိပ်ရအောင်ကလေး... ကလေးရဲ့နာကျင်မှုတေွပေျာက်အောင်​ Hyungသီချင်းဆိုသိပ်မယ်နော်"​

"အွန်း"​

ကလေးငယ်၏ ခေါင်းလံုးလံုးလေးအားလက်မောင်းထက်အံုးစေပြီး ကေျာပြင်အားခပ်ဖွဖွပုတ်ကာ ဆိုပြခဲ့ဖူးသည့် Sweet nightသီချင်းလေးကို ထပ်မံဆိုပြရန်​အားတင်းရသည်။ နာကျင်မှုကြောင့်​ ချွေးဒီးဒီးကျနေသော်လည်း ကလေးငယ်အားတင်းကြပ်စွာဖက်တွယ်ထားမိသည်။ ကလေးငယ်ဟာလည်း ကျွန်တော့်ခါးကိုတင်းကြပ်စွာပြန်လည်ဖက်တွယ်ကာ နာကျင်မှုကို အံတုနေလေ၏။

🎵Oh my pillow...
Can't get me tired

Sharing my fragile true
That I still hope the door is open

Cause the window
Opened one time with you and me

Now my forever's falling down
Wondering if you want me now

How could I know

One day I'd wake up feeling more
But I had already reached the shore
Guess we were ships in the night night night🎵

သီချင်းလေးအဆံုးမှာတော့ ကလေးငယ်ဟာ အိပ်ပျော်သွားခဲ့ပါသည်။ ကျွန်တော်လည်း နာကျင်မှုကိုမေ့ဖျောက်ရင်း အိပ်ပေျာ်ဖို့ရာ ကြိုးစားရ၏။

'ခံစားချက်​တေွ​အား​ ဝန်ခံခဲ့ကြပြီ။
ကျိန်စာတေွလဲ သင့်ခဲ့ပြီ။
နှလံုးသားတေွလည်း အဆမတန်နာကျင်ခဲ့ရပါပြီ။'​

--------------------------------

2ပိုင်းတောင်upပေးထားတယ်နော် အချစ်ကလေးတို့ရေ... Feedback တေွ​အများကြီး​ မျေှာ်နေပါ့မယ်❤️

Thank for reading♥️


Continue Reading

You'll Also Like

58.9K 2.5K 19
Who said that living alone is the best ...having someone by your side is the best . One winter. The winter that brought jake to sunghoon. Sunghoon...
47.7K 2K 43
(Taekook) အပိုင်သိမ်းတဲ့Ficလေးပေါ့..ညီအကိုစည်းရှိတာသိပေမဲ့နှလုံးသားကမထိန်းချုပ်နိုင်တဲ့အခါမှာတော့အပိုင်သိမ်းလိုက်တာမျိုးပေါ့....
281K 25K 36
"ကိုယ်သာTaeကိုနည်းနည်းလေးလောက် ပိုနားလည်ပေးခဲ့ရင်..." -Jeon Jungkook "ကျွန်တော်သာအရာအားလုံးထက် ကိုကို့ကိုပိုပြီးဦးစားပေးခဲ့မယ်ဆိုရင်..." ...
8.2K 329 14
Killua was looking around for a book he would like to read in his favorite library. He never really liked to read because there were other people des...