ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.8K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၆၉ (နှစ်သစ်ကူးည)

9.5K 2K 169
By ArtemisJT21

[တစ်နှစ်ဆိုတာလည်း ခံရသိပ်မခက်လိုက်ပါဘူး]

================================

သူရိယစန္ဒာတောင်စခန်းမှ ပြန်စာများမှာ အရင်အတိုင်းပင် ဖြေဆိုထားသည်။ ထျဲန်းချန်ရှားဆိုသည်မှာ မည်သည့်ပစ္စည်းမျိုးဖြစ်မှန်းပင်မသိကြောင်း ၊ ရွှေချည်ပိုးကောင်ကို ရပ်တန့်စေနိုင်သော သိုင်းပညာရပ်ဟူ၍ မည်သည့်ဂိုဏ်းမှာမှမရှိကြောင်းတို့သာ ဖြစ်သည်။ သို့ပေမင့် သိုင်းလောကမှာ အလွန်ပင် ကျယ်ပြောနက်နဲသည်ဖြစ်ရာ လုံးဝရှာမတွေ့နိုင်လောက်ဟုလည်း အတိအကျဆို၍မရကြောင်းတော့ ​​ထပ်ပြောလာ၏။

ချူယွမ်မှာ သက်ပြင်းချလိုက်ကာ ထိုစာလွှာများကို သေချာသိမ်းထားလိုက်သည်။

ရှီးနန်ဘက်ကလည်း အစပိုင်းက တစ်လကိုစာတစ်စောင်နှုန်း အချိန်မှန်မှန် ပို့လာတတ်လေ့ရှိသော်လည်း နောက်ပိုင်းကျတော့ တဖြည်းဖြည်း ကျဲပါးသွားကာ နှစ်လမှတစ်ကြိမ် ၊ တစ်ခါတစ်လေ သုံးလနေမှတစ်ကြိမ်သာ ပို့လာတော့သည်။ ဖွင့်ပြီး ဖတ်ကြည့်တော့လည်း အကြောင်းအရာများက အက်ကြောင်းထပ်နေ၏။ နောင်တော်ကြီးမှာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း၊ အစစအရာရာ အဆင်ပြေကြောင်း စသည်တို့သာဖြစ်လေ သွမ့်ယောင်ကများ ဒီစာလွှာများကို တစ်နှစ်လုံးစာ တစ်ထိုင်တည်းအပြီး ရေးထားလေသလား၊ ပြီးမှ မိမိဆီတစ်လတစ်စောင်နှုန်း ပို့လာလေသလားဟု ချူယွမ်ထင်မိသည့်အထိပင်။

******

နွေဦးရာသီလွန်မြောက်ပြီးနောက် နွေဂိမှာန်သို့ ကူးသန်းရောက်ရှိလာချေပြီ။ ထို့နောက် ရွက်ကြွေ ရာသီသို့ရောက်ကာ မိုးများရွာသွန်းလာတတ်၏။ မိုးသံလေသံများက စိတ်အစဥ်အား အတော်ပင် ဆွေးမြေ့စေသည်။

ဆူးဟွိုင်တောင်နန်း၌ သွမ့်ပိုင်ယွဲ့အား သွားတွေ့စဥ် ဆောင်းခဲ့သော ထီးကိုယူကာ နန်းတော်အပြင်ဘက်သို့ ချူယွမ်တစ်ယောက်တည်း လမ်းလျှောက်ထွက်သွား၏။ မိုးရွာနေသဖြင့် လမ်းပေါ်တွင် တိတ်ဆိတ်ငြိမ်သက်နေကာ  တိုင်းသူပြည်သားများကလည်း ညဥ့်ဦးယံကတည်းကပင် အိမ်ပြန်အနားယူကြလေပြီ။ တည်းခိုဆောင်များ၌ ချိတ်ဆွဲထားသော မီးပုံးများ၊ ပြဇာတ်ရုံများထံမှ တစွန်းတစ လွင့်ထွက်လာသော တေးဂီတသံစဥ်များ၊ ထိုအရာများကသာ အေးစက်စိုထိုင်းလှသော ပတ်ဝန်းကျင်ကို အနည်းငယ် အသက်ဝင်နေစေခဲ့သည်။

လမ်းထိပ်တစ်နေရာက ဆိုင်တစ်ဆိုင်တွင် ဇနီးမောင်နှံနှစ်ယောက်မှာ ယခုမှ စျေးဆိုင်တည်ခင်းလို့ပြီးကာ စတင်ချက်ပြုတ်မည်ပြုနေ၏။ ချူယွမ် ခြေလှမ်းများတုံ့ဆိုင်းသွားကာ ထိုအဘိုးအိုတို့အား သွားရောက်မေးမြန်းကြည့်လိုက်သည်။

"ဒီနေရာက လောင်ကျန်းရဲ့ခေါက်ဆွဲဆိုင် ဟုတ်ပါသလား"

"ဟုတ်ပါတယ် သခင်လေး"

ဆိုင်ရှင်အဘိုးအိုက ချူယွမ်အား ပြုံးရွှင်စွာဖြေလာ၏။

"ကျန်းချွမ်ဆိုတာ ကျွန်တော်မျိုးပါပဲ။ ဒီရွှေမြို့တော်ရဲ့ အရသာအရှိဆုံး ခေါက်ဆွဲဆိုင်တွေတောင် ကျွန်တော့်ရဲ့ဆိုင်ကနေ ချက်နည်းနမူနာယူထားရတာပါ  "

"ဒါဆိုလည်း ကျွန်တော့်အတွက် ခေါက်ဆွဲတစ်ပွဲလောက် ပြင်ပေးပါဦး ၊ အဘိုး"

ချူယွမ်က ထီးကိုပိတ်လိုက်ကာ ဆိုင်ရှေ့ ထိုင်ခုံပေါ်ထိုင်လိုက်၏။ မိုးရေကြောင့် အေးစက်ကိုက်ခဲနေသော လက်ကိုလည်း နွေးလိုနွေးငြား အာငွေ့နွေးနွေးပေးနေသည်။

"သခင်လေး ရေနွေးကြမ်းသောက်ပါဦးလား။ ဆန်ကနေချက်ထားတာဆိုတော့ ဆန်နံ့သင်းသင်းလေးပါ မွှေးနေတယ်"

အဘွားအိုက လောကွတ်ပျူငှာစွာ ဧည့်ခံလာ၏။

"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်"

ချူယွမ်က ဘေးပတ်ပတ်လည်ကို ကြည့်နေလိုက်ကာ မေးလာ၏။

"ဒီလောက်အေးစိမ့်နေတဲ့ညမျိုးမှာ အလုပ်အကိုင်ရော အဆင်ပြေရဲ့လား"

"သိပ်တော့ အဆင်မပြေပါဘူးဗျာ။ ဒါပေမယ့် နေသားကျနေပါပြီ၊ ကိုယ်တွေ ဆိုင်မဖွင့်တဲ့ညကျမှ ညလုံးပေါက်ခရီးသွားနေရတဲ့လူတွေခမျာ လမ်းမှာ ဗိုက်ဖြည့်စရာ စားစရာတစ်ခွက်တစ်လေတောင် ရှာမတွေ့မှာ စိုးလို့ပါ"

အဘိုးအိုက ပုဇွန်ခြောက်များဖြူးထားသော ခေါက်ဆွဲပန်းကန်အကြီးကြီးကို ချူယွမ်ရှေ့ချပေးလာ၏။

"စားလို့ မဝရင်လည်း ပြောပါနော် သခင်လေး၊ အများကြီး ရှိပါသေးတယ်"

"ကောင်းပါပြီ"

ချူယွမ်ပြုံးလိုက်ကာ ဟင်းရည်တစ်ဇွန်း ခပ်သောက်ကြည့်လိုက်၏။

တကယ် အရသာရှိတာပဲ။

********

"နေမကောင်းဖြစ်နေတာပဲဟာ၊ အစာစားချင်စိတ်မရှိတာ မဆန်းပါဘူး"

ချူယွမ်နေမကောင်းဖြစ်စဥ်တုန်းက တစ်စုံတစ်ယောက်သောသူမှာ ဤခေါက်ဆွဲပန်းကန်ကြီးကိုသယ်ပြီး နန်းတော်ထဲယူလာပေးဖူး၏။

"ဒါလေး စားကြည့်ပါလား၊ လောင်ကျန်းရဲ့ ဖက်ထုပ်ခေါက်ဆွဲက ဒီမြို့တော်မှာ အရသာအရှိဆုံးပဲတဲ့"

"ဒီလောက်ညဥ့်နက်နေပြီကို ဖက်ထုပ်လာကျွေးစရာလား"

"ဒီလိုအချိန် အစာစားပေးမှ ဝဝဖြိုးဖြိုးလေးဖြစ်လာမှာပေါ့ ၊ လာပါ လာမြည်းကြည့်..."

သွမ့်ပိုင်ယွဲ့က သူ့အား ဆွဲထူရင်းဆက်ဆို၏။

"ဒီဆိုင်ပိုင်ရှင်က အတော်လေးထူးဆန်းတယ်။ နေ့ခင်းဆိုအိပ်နေပြီး ညဘက်ကျမှ ဆိုင်ထဖွင့်တာတဲ့။ သူ့ဆိုင်က ယွင်မိန်လမ်းထိပ်မှာရှိတယ်"

ချူယွမ်က တူကိုယူလိုက်ကာ စိတ်တင်းပြီး တစ်ဇွန်းမြည်းကြည့်လိုက်သည်။

"ဘယ်လိုနေလဲ"

သွမ့်ပိုင်ယွဲ့မှ မေးလာ၏။

"ဟင့်အင်း၊ အရသာလည်းမရှိဘူး။ ခါးတောင်ခါးနေသေး"

သွမ့်ပိုင်ယွဲ့ ငြိမ်ကျသွားကာ ဆက်ပြောလာ၏။

"အဲ့တာက မင်း အအေးမိထားပြီး ခံတွင်းပျက်နေလို့လေ"

ချူယွမ်ရယ်ချင်သွားသည်။

သို့သော်လည်း ထိုသူကျေနပ်အောင် ထိုဖက်ထုပ်စွပ်ပြုတ်ကို ကုန်သည့်အထိ ကျိတ်မှိတ်သောက်ပြလိုက်သည်။ သောက်ပြီးသွားသည့်အထိ ဘာအရသာမှလည်းမရှိဘူးဟု ပြောဖြစ်အောင်ပြောလိုက်သေးသည်။

"ဒါဆိုလည်း မင်းနေပြန်ကောင်းပြီးခါမှ အတူတူသွားစားဖို့ မင်းကိုခေါ်သွားမယ်။ ခေါက်ဆွဲကမှ ပိုစားလို့ကောင်းတာ၊ အတော်လေး အရသာရှိတယ်ရယ်"

"အင်း၊ ကောင်းတယ်"

ချူယွမ်က ကုတင်ခေါင်းရင်းကိုမှီရင်း ခေါင်းညိတ်လက်ခံလိုက်၏။

ထိုနေ့က နှစ်ယောက်သား ထိုသို့သောကတိမျိုး ပေးဖြစ်သည်ဆိုပေမင့် နောက်ပိုင်းကျတော့ နန်းမှုရေးရာကိစ္စများ ရှုပ်ထွေးနေသည်ဖြစ်ရာ ထိုခေါက်ဆွဲကို မရမကသွားစားကြမည်ဟု အထူးတလည် မကြိုးစားဖြစ်တော့။ မနက်ဖြန်ရွှေ့လိုက် သန်ဘက်ခါရွှေ့လိုက် လုပ်ခဲ့ကြရာ ယခုလိုနေ့မျိုးထိပင် ရောက်လာချေပြီ။

*******

ရေနံဆီမီးအိမ်မှ လင်းဖြာပေးသောအလင်းရောင်အောက်ဝယ် အဘိုးအိုတို့ဇနီးမောင်နှံမှာ တစ်ယောက်က ဟင်းချိုကိုမွှေကာ တစ်ယောက်က ဂျုံလုံးများကို နှိပ်နယ်ဖြတ်တောက်နေရင်း ပြုံးရွှင်ရယ်မောနေကြသည်။ ကျီယာရှိ မြေးငယ်လေးကိုသွားတွေ့ဖို့ ရက်အတော်ကြာကြာလေး ဆိုင်ပိတ်ရင်ကောင်းမလားဟု နှစ်ယောက်သား တိုင်ပင်နေကြသည်။ ထို့နောက် ဖောက်သည်များ တဖြည်းဖြည်း စည်ကားလာသဖြင့် ချူယွမ်လည်း လက်ကျန်ဟင်းရည်ကို အကုန်သောက်လိုက်ကာ နန်းတော်သို့ ပြန်လာခဲ့လေသည်။

"အရှင်မင်းမြတ်"

ရှစ်ဇီခမျာ ခြေမကိုင်မိလက်မကိုင်မိ စိုးရိမ်သောကဖြစ်နေခဲ့လေရာ ချူယွမ်ကိုမြင်တော့မှ သက်ပြင်းချနိုင်တော့၏။

အားလားလား ၊ တော်ပါသေးရဲ့။
ရှီးနန်ကိုများ လိုက်သွားပြီလားလို့။

"ကိုယ်တော့်ကို လာတွေ့တဲ့လူရှိလား"

ချူယွမ်က အပြင်ဝတ်ရုံကိုချွတ်လိုက်ရင်း မေးလာသည်။

"မရှိပါဘူးဘုရား၊ အတော်လေးငြိမ်သက်အေးချမ်းနေကြောင်းပါ"

ရှစ်ဇီက အခြားသော အခြွေအရံများကို ရေနွေးယူလာပေးရန် အမြန်မှာကြားလိုက်သည်။ ထို့နောက် -

"ဒီလိုညဥ့်နက်နေတဲ့အချိန်မျိုးမှာတော့ နန်းတော်အပြင်ဘက်ကို တစ်ပါးတည်း ကြွတော်မမူပါနဲ့လားဘုရား"

"ဝမ်းအိုက်ချင်းဘက်က ပြန်စာရောက်ပြီလား"

"ရောက်လာပါပြီဘုရား ။ စာလွှာက တော်ဝင်စာကြည့်ဆောင်မှာရှိနေကြောင်းပါ ၊ အရှင်မင်းမြတ် ရှုစားတော်မူဦးမလားဘုရား"

ချူယွမ် ခေါင်းညိတ်ပြလိုက်၏။

ရှစ်ဇီလည်း ခပ်သွက်သွက်ပြေးကာ စာလွှာကို သွားယူပေး၏။ ထို့နောက် မီးအိမ်ကိုပါ ပို၍ထွန်းလင်းတောက်ပစေအောင် ညှိပေးလိုက်သည်။

ယွင်လန်မြို့တွင်ရောက်နေသော ဝမ်းလျိုနင်၏ဘဝမှာ အတော်ပင် ချမ်းမြေ့သာယာနေခဲ့သည်။ ကျွေ့ယင်နန်းသခင် ချင်ရှောက်ယွီကို တာ့ချူ၏စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်ပေးရန် ဖျောင်းဖျနားချ၍မရခဲ့သော်လည်း ဝမ်းလျိုနင်မှာ ယခုတော့ ကျွေ့ယင်နန်းနှင့် အတော်ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ကာ တံခါးမရှိဓားမရှိ စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်သည့်အထိပင်ဟု ဆိုလာ၏။ ထို့ကြောင့် မိမိမှာ နန်းတွင်းရေးရာ မှူးကြီးမတ်ရာများနှင့်သာမက သိုင်းလောကဘက်မှာလည်း အသိအကျွမ်းများ၊ အဆက်အသွယ်များ အတော်အတန် ရနေပြီဖြစ်ကြောင်း ဆိုလာသည်။ အရင်တစ်ခေါက်က ဝမ်းလျိုနင်ကို ပို့လိုက်သောစာလွှာတွင် ချူယွမ်က နန်ယန်အကြောင်းကို မေးထားသည်မို့ ယခုတစ်ခေါက်ပြန်စာမှာ အတော်ပင်ထူထဲလေးလံနေသည်။ အစစအရာရာ အဆင်ပြေပါသည်ဆိုသော ရှီးနန်စာလွှာမှာ အမတ်မင်းဝမ်း၏ပြန်စာနှင့်နှိုင်းလျှင် မိုးနှင့်မြေပမာ အင်မတန်ကွာခြားလွန်းလှသည်။

တာ့ချူ၏ ဉာဏ်ပညာအထက်မြက်ဆုံး ပညာရှိအမတ်ဖြစ်သည်နှင့်အညီ ဝမ်းလျိုနင် ဖတ်ရှုလေ့လာခဲ့ဖူးသော စာပေများမှာလည်း မနည်းမနောပင်။ နန်ယန်ပြည်အား ဖွဲ့စည်းဖြစ်တည်စေသော ကျွန်းစုတစ်ခုချင်းစီ၏ ပထဝီဝင်အနေအထား ၊ ထိုကျွန်းများတွင်နေထိုင်ကြသော လူသားများ၏ လုပ်ငန်းဆောင်တာ ၊ ယခုလက်ရှိ နန်ယန် ခေါင်းဆောင်၏ စိတ်နေသဘောထား ၊ ပြည်သူပြည်သားများက ယုံကြည်သက်ဝင်ကြသော အယူဝါဒတို့ကအစ အကုန်လုံးကို အသေးစိတ်ကျကျ ရှင်းလင်းစွာ ရေးသားထား၏။

တာ့ချူ၏ လျှို့ဝှက်စာကြည့်ဆောင်တွင်ရှိသော မှတ်တမ်းမှတ်ရာနှင့်နှိုင်းလိုက်လျှင် ထိုသတင်းများမှာ အလုံးစုံမှန်ကန်နေသည်တော့မဟုတ်ပေမင့် သူ့အားသာချက်နှင့်သူတော့ ရှိနေပါသည်။ ဥပမာအားဖြင့် ပိုင်ရှဲန့်ပြည်ခေါင်းဆောင်၏ နှလုံးသားရေးရာ ဇာတ်လမ်းများပါဝင်သည့်အထိ ဝမ်းလျိုနင်၏စာမှာ ထောင့်စေ့စွန်းလှသည်။ သို့သော် အစမှအဆုံးထိ ဖတ်ကြည့်လိုက်တော့ ဖေမျဲန့်ပြည်အကြောင်း အနည်းငယ်သာပါရှိသည်။

ထိုကျွန်းမှာ အမြဲတမ်း မိုးသက်မုန်တိုင်းများ၊ မြူနှင်းများ ရစ်ဆိုင်းအုပ်မိုးနေတတ်လေရာ လှေသင်္ဘောများပင် အနားသီလို့မရ။ ကြာကြာနေမှတစ်ခါ ထိုကျွန်းမှသည် မည်းနက်သော သင်္ဘောကြီးတစ်စင်း ထွက်ခွာလာကာ ဒေသထွက်ဆေးများကို လာရောက် ရောင်းချတတ်သည်ဟုဆို၏။ ကောလာဟလများထဲကအတိုင်းပင်  လှေပေါ်ကလူများမှာ ဝတ်ရုံနက်များ လွှမ်းခြုံဝတ်ဆင်ထားတတ်ကြပြီး ဆေးမင်ကြောင်များ ထိုးထွင်းထား၏။ ကုန်သည်လှေများပေါ်တွင် စားနပ်ရိက္ခာနှင့် သစ်သီးဝလံတို့ များများစားစားပါမလာသဖြင့် အစာအာဟာရချို့တဲ့ကာ လှေသားအချို့ နာမကျန်းဖြစ်လေ့ရှိကြသည်။ ထိုအကြောင်းကြောင့်ပင် ဆေးပင်များ၊ ဆေးမှုန့်များ ရောင်းချကြသော သူတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ အတော်ပင် ဖွံ့ဖြိုးတိုးတက်လှပေ၏၊ စျေးကြီးပေးရသည့်တိုင် ဝယ်လိုအားများကြလေသည်။

သင်္ဘောအနက်.....ဝတ်ရုံအနက်။

ချူယွမ်က လက်ထဲမှစာလွှာကိုချလိုက်ကာ တွေးတောနေ၏။ စာထဲကလူများမှာ ချောင်ယာကျွန်းအား ကျူးကျော်သိမ်းပိုက်ခဲ့သောလူများနှင့် အသွင်အပြင်တစ်ထေရာတည်းပင် မဟုတ်လား။ ကျူးကျော်သူများမှာ တကယ်များ ဖေမျဲန့်ပြည်သားတွေဖြစ်လေရော့သလား။

ချူယွမ်မျက်နှာ မဲ့သွားသည်။ ထို့နောက် ခေတ္တမျှ တွေးတောလိုက်ကာ စုတ်တံကိုယူပြီး ဝမ်းလျိုနင်ဆီသို့ ပြန်စာတစ်စောင်ရေးလိုက်ကာ ယွင်လန်မြို့သို့ အမြန်မြင်းဖြင့် သွားရောက်ပို့ဆောင်စေ၏။

*******

နောက်တစ်လကုန်လွန်ပြီးနောက် ။

တုန်းဟိုင်ပင်လယ်ဘက် သွားရောက်ထောက်လှမ်းသော ဘုရင့်လျှို့ဝှက်တပ်သားများ​လည်း ရွှေမြို့တော်သို့ ပြန်ရောက်လာကြသည်။ ချောင်ယာကျွန်းမှာ မြူခိုးများဖြင့် အုံ့ဆိုင်းဖုံးကွယ်နေသဖြင့် ကျွန်းအနားသို့ပင် အနားကပ်၍မရကြောင်း လျှောက်တင်လာကြ၏။ ကုန်သည်ကြီးများသည်ပင် ထိုနေရာကို အမင်္ဂလာနေရာဟု ယူဆထားကြကာ ထိုကျွန်းတည်ရှိရာလမ်းမှ ရှောင်ကွင်းပြီး ကုန်သွယ်ကူးသန်းနေကြသည်၊ ထိုသို့ကွေ့ပတ်သွားခြင်းက အချိန်တစ်လကျော် ပို၍ကြာသည်ဆိုလျှင်တောင် အခြားလမ်းကနေ ကျေကျေနပ်နပ် ရှောင်ကွင်းသွားလာနေကြသည်။ ထိုဒေသတစ်ဝက်တွင် လူသားစား မိစ္ဆာရှိကာ အနားရောက်သွားသောလှေများကို ဆွဲဆွဲမြှုပ်တတ်သည်ဟုလည်း ဆိုကြပေ၏။

"ဒေသန္တရအာဏာပိုင်တွေကရော ဘာများလုပ်ကြပြီးပြီလဲ"

ချူယွမ် မေးလာခြင်းဖြစ်သည်။

"ဘာမှမလုပ်ရသေးကြောင်းပါဘုရား"

ချူယွမ် စိတ်ပျက်စွာ ခေါင်းခါလိုက်၏။

မူလအစကတည်းက ချောင်ယာကျွန်းမှာ တာ့ချူလက်အောက်ခံမဟုတ်လေရာ မည်သို့သောအမှုကိစ္စပဲဖြစ်ပွားနေပါစေ ၊ တာ့ချူပြည်သားများနှင့်မဆိုင်သည်မို့ ဒေသန္တရအာဏာပိုင်များကလည်း ဤကိစ္စကို ရှောင်လို့ရသလောက် ရှောင်နေကြပြီး ဝင်ရှုပ်ရန်ဆန္ဒ အလျဥ်းမျှမရှိကြလောက်ပေ။

တုန်းဟိုင်ပင်လယ်၏ ကမ်းရိုးတန်းတစ်လျှောက် အပိုင်စားခွင့်ရသူမှာ တာ့ချူတော်ဝင်မိသားစုနှင့် သွေးချင်းမနှောသော အနွယ်တော်တစ်ယောက်ဖြစ်ကာ သူ့အမည်မှာ ရုန်ဝမ်ဟု ခေါ်တွင်၏။ စစ်ပွဲအတွင်းတွင် ထူးချွန်ပြောင်မြောက်စွာ အမှုတော်ထမ်းရွက်ခဲ့သဖြင့် အရင်ဧကရာဇ်က သူ့အား ချူမျိုးရိုးအမည်ကိုပင် ပေးသနားထားလေရာ အသက်အရွယ်အလိုက်ပြောရလျှင် ချူယွမ်ကပင် သူ့ကို ဦးရီးတော်ဟု ခေါ်ဆိုရမည့်လူပင် ဖြစ်သည်။ ချူယွမ်အတွက်တော့ စိတ်သောကများဖန်တီးပေးသော ဦးရီးတော်တစ်ယောက်သာ။

ချူယွမ်သက်ပြင်းချလိုက်သည်။

ယခုမျက်မှောက်ရှိ အခြေအနေအရပ်ရပ်ကို ထောက်ဆကြည့်လျှင် တာ့ချူတိုင်းပြည်ကြီး နည်းစနစ်ကျကျ စည်ပင်ဖွံ့ဖြိုးတိုးတက်ဖို့ ၊ တိုင်းသူပြည်သားများ စိတ်အေးချမ်းသာစွာနေထိုင်သွားနိုင်ဖို့ဆိုလျှင် နောင်နှစ်ပေါင်းများစွာကြာအောင် သူ ထပ်ပြီး အားစိုက်ထုတ်ရပေဦးမည်။

နောက်ရက်မကြာမီပင် တစ်လထပ်ကုန်ပြန်တော့မည်၊ ထို့အပြင် နှစ်သစ်ကူးညလည်း တစ်ကျော့ပြန်ရောက်လာချေပြီ။ နှစ်သစ်ကူးညတစ်ခါဖြတ်သန်းပြီးသွားတိုင်း နှစ်ဟောင်းတစ်ခု ကုန်ဆုံးသွားခဲ့ပြီဟူသော အဓိပ္ပာယ် သပ်ရောက်နေခဲ့သည်မဟုတ်လား။

အခုနေ့ရက်များတွင် ကျိတ်မှိတ်သည်းခံကာကျော်လွှားသွား၍ ရပါသေးသည်။ အနည်းဆုံးတော့ မိမိမှန်းဆထားသည်ထက်ပို၍ ခံသာပေသေး၏ဟု ချူယွမ် တွေးနေမိလေသည်။

*******

ရှီးနန်စံအိမ်တော်တွင်လည်း။

သွမ့်ယောင်က ဖက်ထုပ်ဟင်းချိုပူပူလေးကိုပြင်ဆင်ထုပ်ပိုးပြီး တောင်အနောက်ရှိ ရေခဲဂူဗိမာန်သို့ သွားရောက်ပို့ပေး၏။

နန်မော်ယဲ့က ရေခဲဂူဗိမာန်၏ ကျောက်သားတံခါးကို လာဖွင့်ပေးသည်။ သွမ့်ယောင်ကိုမြင်တော့မှ ချက်ချင်းအမှတ်ရသွား၏။

"ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ပေါ့"

"အင်း၊ နှစ်ဆန်းတစ်ရက်နေ့။ မနေ့ည မြို့ထဲမှာတော့ နှစ်သစ်ကူးအကြိုပွဲက အတော်လေးစည်တာဗျ"

နန်မော်ယဲ့က တဟီးဟီးရယ်မောနေသည်။

"အေး၊ စည်စည်ကားကားဖြစ်တာ ကောင်းပါတယ်။ လူတွေ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေကြရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့"

"ရှစ်ဖူး၊ နောင်တော့်ကို ကျွန်တော် သွားတွေ့ချင်တယ်"

"မရဘူး"

နန်မော်ယဲ့ခေါင်းခါပြတော့ သွမ့်ယောင်ခမျာ အတော်စိတ်ဓာတ်ကျသွားသည်။

"တကယ် မရဘူးလား"

"အင်း၊ သိုင်းကျင့်နေတုန်း ဘယ်သူ့ကြောင့်နဲ့မှ အနှောင့်အယှက်မဖြစ်စေချင်ဘူး။ မင်းနောင်တော် ဘာမှမဖြစ်ပါဘူးကွာ၊ စိတ်ချစမ်းပါ"

နန်မော်ယဲ့က တပည့်အငယ်လေး၏ ခေါင်းအား ခပ်ဖွဖွ ပုတ်လာသည်။

"ဒါဆိုလည်း ကျွန်တော်ပြန်တော့မယ်နော်၊ မနက်ဖြန်မှ ထပ်လာတော့မယ်။ အရီးတော်ကျင်းက မနက်ဖြန်ကျ ဟွားကောမုန့် ချက်ကျွေးမလို့တဲ့"

နန်မော်ယဲ့က သေချာသတိပေးလိုက်၏။

"ဟိတ်....ပျားရည်များများလေး ထည့်ခိုင်းဦး၊ ကြားလား"

နောက်ဆုံးတော့ သွမ့်ယောင်မျက်နှာမှာ ဝင်းလက်ပြုံးရွှင်သွားသည်။ ထို့နောက် လာရာလမ်း ပြန်လှည့်သွားကာ တောင်အောက်သို့ပြေးဆင်းသွားလေသည် ။

*****

နန်မော်ယဲ့က အစားအသောက်များကို သယ်ပြီး ဂူထဲသို့ ပြန်ဝင်လာ၏။ သွမ့်ပိုင်ယွဲ့ကတော့ ထုံးစံအတိုင်း မျက်လွှာချကာ ဝင်သက်ထွက်သက်ကို ရှုမှတ်နေ၏။နန်မော်ယဲ့က သူ့ရှေ့သို့ ထိုင်လိုက်ကာ -

"ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့တဲ့လေ။ ဒို့နှစ်ယောက်တော့ ဒီထဲမှာအနေကြာပြီး ဒီလိုနေ့တွေတောင်မေ့လို့"

"ဟုတ်လား"

"လာ၊ လာ။ လာမြည်းကြည့်"

နန်မော်ယဲ့က သူ့အတွက် တူတစ်ချောင်း ကမ်းပေးလိုက်ကာ စကားစ၏။

"မနေ့ညကတော့ တာ့လီတစ်မြို့လုံး ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားနေမယ်ထင်တယ်"

"ရွှေမြို့တော်မှာဆို ဒီထက်ပိုစည်ကားမှာ"

သွမ့်ပိုင်ယွဲ့က တူကိုလှမ်း ယူလိုက်သည်။ သူ့လက်များထက်ဝယ် ပန်းခက်ပန်းနွယ်သဏ္ဍာန် အပြာရောင်မှိန်ဖျော့ဖျော့ အစင်းကြောင်းများ ပေါ်လွင်ထင်ရှားနေလို့။

"သေချာပေါက် စည်ကားမှာပေါ့၊ မဟုတ်ရင် ရွှေမြို့တော်လို့ ခေါ်ပါ့မလား"

နန်မော်ယဲ့က မသိချင်ယောင်ဆောင်ကာ ပြောရင်းဆိုရင်း စားသောက်နေလိုက်သည်။

"အထဲမှာ ဝက်သားနဲ့ ကွီ့ချိုက်နဲ့ပဲ အစာသွပ်ထားတာလားဟ။ နှစ်တိုင်း နှစ်တိုင်း ဒါချည်းပဲ ချက်နေတယ်...."

"ရှစ်ဖူး ဒီညတော့ စံအိမ်တော်ကိုပြန်သွားလိုက်ပါ၊ အားလုံးနဲ့ နှစ်သစ်ကူးနေ့ကို အတူတူဆင်နွှဲလို့ရတာပေါ့"

သွမ့်ပိုင်ယွဲ့က ပြုံးပြီးဆိုလာ၏။

"ဘာလို့ ပြန်ရမှာလဲ။ ​ပြန်သွားလိုက်ရင် တစ္ဆေငယ်လေးရော ပေါက်စကွေးလေးတွေနဲ့ရော သွားတွေ့ရမှာ၊ သောသောညံနေအောင် ဆော့နေကြတော့ ငါ့ခေါင်းတွေပါကိုက်တယ်။ ယောင်အာကလည်း ငါ့ကို ' ရှစ်ဖူး၊အန်ပေါင်းပေးဦး' ဆိုပြီး ပိုးကောင်လေးတွေထပ်တောင်းဦးမှာ။ အဲ့တော့ ငါ မပြန်တော့ဘူး၊ ဒီမှာပဲကောင်းတယ်၊ ဒီမှာပဲ နားအေးတယ်"

သွမ့်ပိုင်ယွဲ့က ဖက်ထုပ်တစ်ခုကို ကိုက်စားကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် ဘာအရသာမှ သူ ခံစားလို့မရတော့။

"ဖြည်းဖြည်းစား"

ဖြည်းဖြည်းချင်းစားလိုက်ရင်တော့ ငန်တာလေး ဘာလေး သိသေးမလားလို့။

နန်မော်ယဲ့လည်း အတော်စိတ်ပူသွားသည်။

"ဖြည်းဖြည်းစားလိုက်ရင် ရှစ်ဖူး အစားသောင်းကျန်းပုံနဲ့တော့ ကျွန်တော့်အတွက်စားစရာ ဘယ်ကျန်မှာလဲဗျ"

"......."

"ဒီနှစ်တော့ အကုန်မြန်သားပဲနော်"

ထိုသို့ထုတ်ပြောကြည့်လိုက်တော့ နောက်နှစ်ရော နောက်တစ်နှစ်မှာပါ ခံရခက်လောက်သည့်အထိ မနာကျင်ရလောက်တော့ဟု သွမ့်ပိုင်ယွဲ့ မျှော်လင့်မိပေသည်။

*********

ရွှေမြို့တော်၏ လမ်းမကြီးထက်ဝယ် လူသူများပြည့်သိပ်စည်ကားနေကာ လမ်းကောင်းကောင်းလျှောက်လို့ပင် မရချင်တော့။ လမ်းဘေးနှစ်ဖက်တွင်လည်း ချိုမွှေးသော ၊ အနံ့အရသာပြည့်စုံလှသည့် အချိုတည်းစရာမုန့်များနှင့် အခြားမုန့်မျိုးစုံကို ပျော်ပျော်ပါးပါး ရောင်းချနေကြသည်။ ကလေးသူငယ်များကတော့ သကြားရည်စိမ်ပေးထားသော သစ်သီးချောင်းများ ရောင်းချသည့် ဦးကြီးအနားထံတွင် ဝိုင်းဝိုင်းလည်နေကြသည်။ ကိုယ်စီကိုယ်င ကြေးနီပြားလေး ကိုင်ဆောင်ထားပြီး လိမ်လိမ်မာမာ တန်းစီနေကြသည်။ ကလေးအယောက်တိုင်းက ' သစ်သီးအလုံးကြီးကြီးရပါစေ၊ နီနီရဲရဲ အလုံးကြီးကြီးတွေရပါစေ' ဟု ကျိတ်မှိတ်ဆုတောင်းနေခဲ့ကြသည်။

ဧကရာဇ်စံမြန်းတော်မူရာ ရွှေနန်းတော်ကတော့ မြို့လယ်နှင့်မတူဘဲ အင်မတန်မှ အထီးကျန်ဆန်လွန်းလှ၏။ ဒီနှစ်မှာတော့ ချူယွမ်လည်း မှူးမတ်ဝန်ကြီးများအား စုရုံးကာ စားသောက်ပွဲကျင်းပပေးခြင်းမျိုး မလုပ်ပေးဖြစ်တော့။ ထိုအခမ်းအနားမျိုးအစား မှူးမတ်များအား ဆုတော်လာဘ်တော်ချီးမြှင့်ပေးလိုက်ကာ မိမိအား နှစ်သစ်မင်္ဂလာ လာရောက်နှုတ်ခွန်းဆက်မည့်အစား သူတို့၏ အိမ်သူအိမ်သားများနှင့်သာ လူစုံတက်စုံ နှစ်သစ်ကူးဆင်နွှဲနိုင်စေရန် ခွင့်ပြုပေးထားသည်။

နန်းဆောင်အတွင်းဝယ် ချူယွမ်တစ်ယောက်တည်း ထိုင်နေလျက်။ ရှေ့မှောက်တွင် အစားအသောက်အချို့နှင့် သေရည်တစ်အိုးနှင့်။ အပြင်တွင်ဝေ့ဝဲနေသော နှင်းစက်များကို ချူဟွမ် အကြောင်းမဲ့ ငေးကြည့်နေလေသည်။

"အရှင်မင်းမြတ်၊ အစားအသောက်တွေ အေးကုန်ပါတော့မယ်ဘုရား"

ရှစ်ဇီက သတိပေးလာ၏။

"အရက်ကျန်သေးလား"

"တခြားအရက်တော့ ရှိပါတယ်ဘုရား။ ဖေးရှေအရက်ဆိုရင်တော့.....အခုတစ်အိုးကပဲ နောက်ဆုံးတစ်အိုးပါ၊ ဒါကုန်သွားရင်တော့ နောက်ထပ်မရှိတော့ပါဘူး"

ချူယွမ်က လက်ကျန်သေရည်များကို အကုန်မော့ချလိုက်ကာ ဘာမှုပြန်မပြောဖြစ်။ မျက်ဝန်းထဲမှာတော့ မဝင့်မရဲ ချင့်ချိန်ကြံဆနေခြင်းများ တွေ့နေရပေသည် ။

ရှစ်ဇီကလည်း သက်ပြင်းချရုံမျှသာ တတ်နိုင်တော့၏။

ဘာလို့များ မင်းသား(၉)တောင် ဒီနှစ်မလာအားတာလဲနော်။ တစ်ယောက်လောက် အဖော်ရှိရင်ကို အရှင်မင်းမြတ်က ဒီထက်ပိုပြီး အသက်ဝင်နေမှာ။

နှစ်ဆန်းတစ်ရက်နေ့တွင် ကောင်းကင်ဘုံအား ပူဇော်ကန်တော့ရသည့်အခမ်းအနားရှိနေသေးသည်မို့ ချူယွမ်ခမျာ မိမိစိတ်တိုင်းကျ မူးယစ်ချင်လျှင်တောင် မူးပိုင်ခွင့်မရှိ။ အိပ်ခန်းဆောင်သို့ပြန်ရောက်တော့ ချူယွမ်မှာ လဲလျောင်းနေရင်းနှင့်ပင် မိုင်ပေါင်းများစွာဝေးကွာလှသော ရှီးနန်စံအိမ်တော်ကြီးဆီ စိတ်ရောက်နေသည်။

ဒီမှာ နှင်းကျနေသလို ဟိုမှာရော နှင်းကျနေမလား။ နှင်းကျခဲ့ရင်ကော ရေခဲဂူဗိမာန်က ခါတိုင်းအချိန်ထက်  ပိုလို့များ အေးစိမ့်နေမလား။

မိုးစင်စင်လင်းသည့်တိုင်အောင် ချူယွမ်မှာ ထိုသို့သာ တွေးတောနေဖြစ်၏။

နယ်စပ်မှာကြီးစိုးနေသော ထိုအနွယ်တော် ဦးရီးမှာ အတော်ပင် အာဏာရူးသွပ်သောလူစားဖြစ်၏။ နန်ဟိုင်၏ အရေးကိစ္စကလည်း ရှုပ်ထွေးပွေလီနေကာ ဖြေရှင်းလို့မပြီးနိုင်သေး။ နှင်းဖုံးသော တုန်းပေမြက်ခင်းပြင်တွင်လည်း နယ်စပ်စစ်ပွဲများဖြင့် မအေးချမ်းနိုင်သေး။ အခုအချိန်မှာများ ဧကရာဇ်ပြည့်ရှင်သာ နန်းတော်ထဲကနေ တိတ်တဆိတ် ခိုးထွက်သွားလျှင်  မှန်ကန်သောလုပ်ရပ်မဟုတ်ခဲ့၊ မှူးမတ်အားလုံး ဝိုင်းဝန်းကာ တော်လှန်ဆန့်ကျင်ကြမည်မှာ သေချာသည်။

ချူယွမ်ခမျာ ဒူးကိုပိုက်ကာ မေးတင်လိုက်ရင်း ရယ်မောလိုက်သည်။ သို့သော် မျက်ဝန်းများကတော့ အရိပ်အသက်မဲ့ကာ ညှိုးရော်နွမ်းနယ်နေလျက်။

******

2020.09.02.

*****

အခန္း - ၆၉ (ႏွစ္သစ္ကူးည)

[တစ္ႏွစ္ဆိုတာလည္း ခံရသိပ္မခက္လိုက္ပါဘူး]

================================

သူရိယစႏၵာေတာင္စခန္းမွ ျပန္စာမ်ားမွာ အရင္အတိုင္းပင္ ေျဖဆိုထားသည္။ ထ်ဲန္းခ်န္ရွားဆိုသည္မွာ မည္သည့္ပစၥည္းမ်ိဳးျဖစ္မွန္းပင္မသိေၾကာင္း ၊ ေရႊခ်ည္ပိုးေကာင္ကို ရပ္တန္႔ေစႏိုင္ေသာ သိုင္းပညာရပ္ဟူ၍ မည္သည့္ဂိုဏ္းမွာမွမရိွေၾကာင္းတို႔သာ ျဖစ္သည္။ သို႔ေပမင့္ သိုင္းေလာကမွာ အလြန္ပင္ က်ယ္ေျပာနက္နဲသည္ျဖစ္ရာ လံုးဝရွာမေတြ့ႏိုင္ေလာက္ဟုလည္း အတိအက်ဆို၍မရေၾကာင္းေတာ့ ​​ထပ္ေျပာလာ၏။

ခ်ူယြမ္မွာ သက္ျပင္းခ်လိုက္ကာ ထိုစာလႊာမ်ားကို ေသခ်ာသိမ္းထားလိုက္သည္။

ရွီးနန္ဘက္ကလည္း အစပိုင္းက တစ္လကိုစာတစ္ေစာင္ႏႈန္း အခ်ိန္မွန္မွန္ ပို႔လာတတ္ေလ့ရိွေသာ္လည္း ေနာက္ပိုင္းက်ေတာ့ တျဖည္းျဖည္း က်ဲပါးသြားကာ ႏွစ္လမွတစ္ႀကိမ္ ၊ တစ္ခါတစ္ေလ သံုးလေနမွတစ္ႀကိမ္သာ ပို႔လာေတာ့သည္။ ဖြင့္ၿပီး ဖတ္ၾကည့္ေတာ့လည္း အေၾကာင္းအရာမ်ားက အက္ေၾကာင္းထပ္ေန၏။ ေနာင္ေတာ္ႀကီးမွာ ေဘးအႏၲရာယ္ကင္းရွင္းေၾကာင္း၊ အစစအရာရာ အဆင္ေျပၾကောင္း စသည္တို႔သာျဖစ္ေလ သြမ့္ေယာင္ကမ်ား ဒီစာလႊာမ်ားကို တစ္ႏွစ္လံုးစာ တစ္ထိုင္တည္းအၿပီး ေရးထားေလသလား၊ ၿပီးမွ မိမိဆီတစ္လတစ္ေစာင္ႏႈန္း ပို႔လာေလသလားဟု ခ်ူယြမ္ထင္မိသည့္အထိပင္။

******

ေနြၪီးရာသီလြန္ေျမာက္ၿပီးေနာက္ ေနြဂိမွာန္သို႔ ကူးသန္းေရာက္ရိွလာေခ်ၿပီ။ ထို႔ေနာက္ ရြက္ေႂကြ ရာသီသို႔ေရာက္ကာ မိုးမ်ားရြာသြန္းလာတတ္၏။ မိုးသံေလသံမ်ားက စိတ္အစဥ္အား အေတာ္ပင္ ေဆြးေျမ့ေစသည္။

ဆူးဟြိုင္ေတာင္နန္း၌ သြမ့္ပိုင္ယြဲ႔အား သြားေတြ့စဥ္ ေဆာင္းခဲ့ေသာ ထီးကိုယူကာ နန္းေတာ္အျပင္ဘက္သို႔ ခ်ူယြမ္တစ္ေယာက္တည္း လမ္းေလ်ွာက္ထြက္သြား၏။ မိုးရြာေနသျဖင့္ လမ္းေပၚတြင္ တိတ္ဆိတ္ၿငိမ္သက္ေနကာ  တိုင္းသူျပည္သားမ်ားကလည္း ညဥ့္ၪီးယံကတည္းကပင္ အိမ္ျပန္အနားယူၾကေလၿပီ။ တည္းခိုေဆာင္မ်ား၌ ခ်ိတ္ဆြဲထားေသာ မီးပံုးမ်ား၊ ျပဇာတ္ရံုမ်ားထံမွ တစြန္းတစ လြင့္ထြက္လာေသာ ေတးဂီတသံစဥ္မ်ား၊ ထိုအရာမ်ားကသာ ေအးစက္စိုထိုင္းလွေသာ ပတ္ဝန္းက်င္ကို အနည္းငယ္ အသက္ဝင္ေနေစခဲ့သည္။

လမ္းထိပ္တစ္ေနရာက ဆိုင္တစ္ဆိုင္တြင္ ဇနီးေမာင္ႏွံႏွစ္ေယာက္မွာ ယခုမွ ေစ်းဆိုင္တည္ခင္းလို႔ၿပီးကာ စတင္ခ်က္ျပဳတ္မည္ျပဳေန၏။ ခ်ူယြမ္ ေျခလွမ္းမ်ားတံု႔ဆိုင္းသြားကာ ထိုအဘိုးအိုတို႔အား သြားေရာက္ေမးျမန္းၾကည့္လိုက္သည္။

"ဒီေနရာက ေလာင္က်န္းရဲ့ေခါက္ဆြဲဆိုင္ ဟုတ္ပါသလား"

"ဟုတ္ပါတယ္ သခင္ေလး"

ဆိုင္ရွင္အဘိုးအိုက ခ်ူယြမ္အား ၿပံဳးရႊင္စြာေျဖလာ၏။

"က်န္းခြၽမ္ဆိုတာ ကြၽန္ေတာ္မ်ိဳးပါပဲ။ ဒီေရႊၿမိဳ႔ေတာ္ရဲ့ အရသာအရိွဆံုး ေခါက္ဆြဲဆိုင္ေတြေတာင္ ကြၽန္ေတာ့္ရဲ့ဆိုင္ကေန ခ်က္နည္းနမူနာယူထားရတာပါ  "

"ဒါဆိုလည္း ကြၽန္ေတာ့္အတြက္ ေခါက္ဆြဲတစ္ပြဲေလာက္ ျပင္ေပးပါၪီး ၊ အဘိုး"

ခ်ူယြမ္က ထီးကိုပိတ္လိုက္ကာ ဆိုင္ေရ႔ွ ထိုင္ခံုေပၚထိုင္လိုက္၏။ မိုးေရေၾကာင့္ ေအးစက္ကိုက္ခဲေနေသာ လက္ကိုလည္း ေနြးလိုေနြးျငား အာေငြ့ေနြးေနြးေပးေနသည္။

"သခင္ေလး ေရႏြေးၾကမ္းေသာက္ပါၪီးလား။ ဆန္ကေနခ်က္ထားတာဆိုေတာ့ ဆန္နံ႔သင္းသင္းေလးပါ ေမႊးေနတယ္"

အဘြားအိုက ေလာကြတ္ပ်ူငွာစြာ ဧည့္ခံလာ၏။

"ဟုတ္ကဲ့၊ ေက်းဇူးတင္ပါတယ္"

ခ်ူယြမ္က ေဘးပတ္ပတ္လည္ကို ၾကည့္ေနလိုက္ကာ ေမးလာ၏။

"ဒီေလာက္ေအးစိမ့္ေနတဲ့ညမ်ိဳးမွာ အလုပ္အကိုင္ေရာ အဆင္ေျပရဲ့လား"

"သိပ္ေတာ့ အဆင္မေျပပါဘူးဗ်ာ။ ဒါေပမယ့္ ေနသားက်ေနပါၿပီ၊ ကိုယ္ေတြ ဆိုင္မဖြင့္တဲ့ညက်မွ ညလံုးေပါက္ခရီးသြားေနရတဲ့လူေတြခမ်ာ လမ္းမွာ ဗိုက္ျဖည့္စရာ စားစရာတစ္ခြက္တစ္ေလေတာင္ ရွာမေတြ့မွာ စိုးလို႔ပါ"

အဘိုးအိုက ပုဇြန္ေျခာက္မ်ားျဖဴးထားေသာ ေခါက္ဆြဲပန္းကန္အႀကီးႀကီးကို ခ်ူယြမ္ေရ႔ွခ်ေပးလာ၏။

"စားလို႔ မဝရင္လည္း ေျပာပါေနာ္ သခင္ေလး၊ အမ်ားႀကီး ရိွပါေသးတယ္"

"ေကာင္းပါၿပီ"

ခ်ူယြမ္ၿပံဳးလိုက္ကာ ဟင္းရည္တစ္ဇြန္း ခပ္ေသာက္ၾကည့္လိုက္၏။

တကယ္ အရသာရိွတာပဲ။

********

"ေနမေကာင္းျဖစ္ေနတာပဲဟာ၊ အစာစားခ်င္စိတ္မရိွတာ မဆန္းပါဘူး"

ခ်ူယြမ္ေနမေကာင္းျဖစ္စဥ္တုန္းက တစ္စံုတစ္ေယာက္ေသာသူမွာ ဤေခါက္ဆြဲပန္းကန္ႀကီးကိုသယ္ၿပီး နန္းေတာ္ထဲယူလာေပးဖူး၏။

"ဒါေလး စားၾကည့္ပါလား၊ ေလာင္က်န္းရဲ့ ဖက္ထုပ္ေခါက္ဆြဲက ဒီၿမိဳ႔ေတာ္မွာ အရသာအရိွဆံုးပဲတဲ့"

"ဒီေလာက္ညဥ့္နက္ေနၿပီကို ဖက္ထုပ္လာေကြၽးစရာလား"

"ဒီလိုအခ်ိန္ အစာစားေပးမွ ဝဝၿဖိဳးၿဖိဳးေလးျဖစ္လာမွာေပါ့ ၊ လာပါ လာျမည္းၾကည့္..."

သြမ့္ပိုင္ယြဲ႔က သူ႔အား ဆြဲထူရင္းဆက္ဆို၏။

"ဒီဆိုင္ပိုင္ရွင္က အေတာ္ေလးထူးဆန္းတယ္။ ေန့ခင္းဆိုအိပ္ေနၿပီး ညဘက္က်မွ ဆိုင္ထဖြင့္တာတဲ့။ သူ႔ဆိုင္က ယြင္မိန္လမ္းထိပ္မွာရိွတယ္"

ခ်ူယြမ္က တူကိုယူလိုက္ကာ စိတ္တင္းၿပီး တစ္ဇြန္းျမည္းၾကည့္လိုက္သည္။

"ဘယ္လိုေနလဲ"

သြမ့္ပိုင္ယြဲ႔မွ ေမးလာ၏။

"ဟင့္အင္း၊ အရသာလည္းမရိွဘူး။ ခါးေတာင္ခါးေနေသး"

သြမ့္ပိုင္ယြဲ႔ ၿငိမ္က်သြားကာ ဆက္ေျပာလာ၏။

"အဲ့တာက မင္း အေအးမိထားၿပီး ခံတြင္းပ်က္ေနလို႔ေလ"

ခ်ူယြမ္ရယ္ခ်င္သြားသည္။

သို႔ေသာ္လည္း ထိုသူေက်နပ္ေအာင္ ထိုဖက္ထုပ္စြပ္ျပဳတ္ကို ကုန္သည့္အထိ က်ိတ္မိွတ္ေသာက္ျပလိုက္သည္။ ေသာက္ၿပီးသြားသည့္အထိ ဘာအရသာမွလည္းမရိွဘူးဟု ေျပာျဖစ္ေအာင္ေျပာလိုက္ေသးသည္။

"ဒါဆိုလည္း မင္းေနျပန္ေကာင္းၿပီးခါမွ အတူတူသြားစားဖို႔ မင္းကိုေခၚသြားမယ္။ ေခါက္ဆြဲကမွ ပိုစားလို႔ေကာင္းတာ၊ အေတာ္ေလး အရသာရိွတယ္ရယ္"

"အင္း၊ ေကာင္းတယ္"

ခ်ူယြမ္က ကုတင္ေခါင္းရင္းကိုမွီရင္း ေခါင္းညိတ္လက္ခံလိုက္၏။

ထိုေန့က ႏွစ္ေယာက္သား ထိုသို႔ေသာကတိမ်ိဳး ေပးျဖစ္သည္ဆိုေပမင့္ ေနာက္ပိုင္းက်ေတာ့ နန္းမႈေရးရာကိစၥမ်ား ရႈပ္ေထြးေနသည္ျဖစ္ရာ ထိုေခါက္ဆြဲကို မရမကသြားစားၾကမည္ဟု အထူးတလည္ မႀကိဳးစားျဖစ္ေတာ့။ မနက္ျဖန္ေရႊ့လိုက္ သန္ဘက္ခါေရႊ့လိုက္ လုပ္ခဲ့ၾကရာ ယခုလိုေန့မ်ိဳးထိပင္ ေရာက္လာေခ်ၿပီ။

*******

ေရနံဆီမီးအိမ္မွ လင္းျဖာေပးေသာအလင္းေရာင္ေအာက္ဝယ္ အဘိုးအိုတို႔ဇနီးေမာင္ႏွံမွာ တစ္ေယာက္က ဟင္းခ်ိဳကိုေမႊကာ တစ္ေယာက္က ဂ်ံဳလံုးမ်ားကို ႏိွပ္နယ္ျဖတ္ေတာက္ေနရင္း ၿပံဳးရႊင္ရယ္ေမာေနၾကသည္။ က်ီယာရိွ ေျမးငယ္ေလးကိုသြားေတြ့ဖို႔ ရက္အေတာ္ၾကာၾကာေလး ဆိုင္ပိတ္ရင္ေကာင္းမလားဟု ႏွစ္ေယာက္သား တိုင္ပင္ေနၾကသည္။ ထို႔ေနာက္ ေဖာက္သည္မ်ား တျဖည္းျဖည္း စည္ကားလာသျဖင့္ ခ်ူယြမ္လည္း လက္က်န္ဟင္းရည္ကို အကုန္ေသာက္လိုက္ကာ နန္းေတာ္သို႔ ျပန္လာခဲ့ေလသည္။

"အရွင္မင္းျမတ္"

ရွစ္ဇီခမ်ာ ေျခမကိုင္မိလက္မကိုင္မိ စိုးရိမ္ေသာကျဖစ္ေနခဲ့ေလရာ ခ်ူယြမ္ကိုျမင္ေတာ့မွ သက္ျပင္းခ်ႏိုင္ေတာ့၏။

အားလားလား ၊ ေတာ္ပါေသးရဲ့။
ရွီးနန္ကိုမ်ား လိုက္သြားၿပီလားလို႔။

"ကိုယ္ေတာ့္ကို လာေတြ့တဲ့လူရိွလား"

ခ်ူယြမ္က အျပင္ဝတ္ရံုကိုခြၽတ္လိုက္ရင္း ေမးလာသည္။

"မရိွပါဘူးဘုရား၊ အေတာ္ေလးၿငိမ္သက္ေအးခ်မ္းေနေၾကာင္းပါ"

ရွစ္ဇီက အျခားေသာ အေႁခြအရံမ်ားကို ေရႏြေးယူလာေပးရန္ အျမန္မွာၾကားလိုက္သည္။ ထို႔ေနာက္ -

"ဒီလိုညဥ့္နက္ေနတဲ့အခ်ိန္မ်ိဳးမွာေတာ့ နန္းေတာ္အျပင္ဘက္ကို တစ္ပါးတည္း ႂကြေတာ္မမူပါနဲ႔လားဘုရား"

"ဝမ္းအိုက္ခ်င္းဘက္က ျပန္စာေရာက္ၿပီလား"

"ေရာက္လာပါၿပီဘုရား ။ စာလႊာက ေတာ္ဝင္စာၾကည့္ေဆာင္မွာရိွေနေၾကာင္းပါ ၊ အရွင္မင္းျမတ္ ရႈစားေတာ္မူၪီးမလားဘုရား"

ခ်ူယြမ္ ေခါင္းညိတ္ျပလိုက္၏။

ရွစ္ဇီလည္း ခပ္သြက္သြက္ေျပးကာ စာလႊာကို သြားယူေပး၏။ ထို႔ေနာက္ မီးအိမ္ကိုပါ ပို၍ထြန္းလင္းေတာက္ပေစေအာင္ ၫွိေပးလိုက္သည္။

ယြင္လန္ၿမိဳ႔တြင္ေရာက္ေနေသာ ဝမ္းလ်ိဳနင္၏ဘဝမွာ အေတာ္ပင္ ခ်မ္းေျမ့သာယာေနခဲ့သည္။ ေကြၽ့ယင္နန္းသခင္ ခ်င္ေရွာက္ယြီကို တာ့ခ်ူ၏စစ္သူႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ေပးရန္ ေဖ်ာင္းဖ်နားခ်၍မရခဲ့ေသာ္လည္း ဝမ္းလ်ိဳနင္မွာ ယခုေတာ့ ေကြၽ့ယင္နန္းႏွင့္ အေတာ္ရင္းႏွီးကြၽမ္းဝင္ေနၿပီျဖစ္ကာ တံခါးမရိွဓားမရိွ စိတ္တိုင္းက် ဝင္ထြက္သြားလာႏိုင္သည့္အထိပင္ဟု ဆိုလာ၏။ ထို႔ေၾကာင့္ မိမိမွာ နန္းတြင္းေရးရာ မွဴးႀကီးမတ္ရာမ်ားႏွင့္သာမက သိုင္းေလာကဘက္မွာလည္း အသိအကြၽမ္းမ်ား၊ အဆက္အသြယ္မ်ား အေတာ္အတန္ ရေနၿပီျဖစ္ေၾကာင္း ဆိုလာသည္။ အရင္တစ္ေခါက္က ဝမ္းလ်ိဳနင္ကို ပို႔လိုက္ေသာစာလႊာတြင္ ခ်ူယြမ္က နန္ယန္အေၾကာင္းကို ေမးထားသည္မို႔ ယခုတစ္ေခါက္ျပန္စာမွာ အေတာ္ပင္ထူထဲေလးလံေနသည္။ အစစအရာရာ အဆင္ေျပပါသည္ဆိုေသာ ရွီးနန္စာလႊာမွာ အမတ္မင္းဝမ္း၏ျပန္စာႏွင့္ႏိႈင္းလ်ွင္ မိုးႏွင့္ေျမပမာ အင္မတန္ကြာျခားလြန္းလွသည္။

တာ့ခ်ူ၏ ဉာဏ္ပညာအထက္ျမက္ဆံုး ပညာရိွအမတ္ျဖစ္သည္ႏွင့္အညီ ဝမ္းလ်ိဳနင္ ဖတ္ရႈေလ့လာခဲ့ဖူးေသာ စာေပမ်ားမွာလည္း မနည္းမေနာပင္။ နန္ယန္ျပည္အား ဖြဲ႔စည္းျဖစ္တည္ေစေသာ ကြၽန္းစုတစ္ခုခ်င္းစီ၏ ပထဝီဝင္အေနအထား ၊ ထိုကြၽန္းမ်ားတြင္ေနထိုင္ၾကေသာ လူသားမ်ား၏ လုပ္ငန္းေဆာင္တာ ၊ ယခုလက္ရိွ နန္ယန္ ေခါင္းေဆာင္၏ စိတ္ေနသေဘာထား ၊ ျပည္သူျပည္သားမ်ားက ယံုၾကည္သက္ဝင္ၾကေသာ အယူဝါဒတို႔ကအစ အကုန္လံုးကို အေသးစိတ္က်က် ရွင္းလင္းစြာ ေရးသားထား၏။

တာ့ခ်ူ၏ လ်ိႈ႔ဝွက္စာၾကည့္ေဆာင္တြင္ရိွေသာ မွတ္တမ္းမွတ္ရာႏွင့္ႏိႈင္းလိုက္လ်ွင္ ထိုသတင္းမ်ားမွာ အလံုးစံုမွန္ကန္ေနသည္ေတာ့မဟုတ္ေပမင့္ သူ႔အားသာခ်က္ႏွင့္သူေတာ့ ရိွေနပါသည္။ ဥပမာအားျဖင့္ ပိုင္ရွဲန္႔ျပည္ေခါင္းေဆာင္၏ ႏွလံုးသားေရးရာ ဇာတ္လမ္းမ်ားပါဝင္သည့္အထိ ဝမ္းလ်ိဳနင္၏စာမွာ ေထာင့္ေစ့စြန္းလွသည္။ သို႔ေသာ္ အစမွအဆံုးထိ ဖတ္ၾကည့္လိုက္ေတာ့ ေဖမ်ဲန္႔ျပည္အေၾကာင္း အနည္းငယ္သာပါရိွသည္။

ထိုကြၽန္းမွာ အၿမဲတမ္း မိုးသက္မုန္တိုင္းမ်ား၊ ျမဴႏွင္းမ်ား ရစ္ဆိုင္းအုပ္မိုးေနတတ္ေလရာ ေလွသေဘၤာမ်ားပင္ အနားသီလို႔မရ။ ၾကာၾကာေနမွတစ္ခါ ထိုကြၽန္းမွသည္ မည္းနက္ေသာ သေဘၤာႀကီးတစ္စင္း ထြက္ခြာလာကာ ေဒသထြက္ေဆးမ်ားကို လာေရာက္ ေရာင္းခ်တတ္သည္ဟုဆို၏။ ေကာလာဟလမ်ားထဲကအတိုင္းပင္  ေလွေပၚကလူမ်ားမွာ ဝတ္ရံုနက္မ်ား လႊမ္းၿခံဳဝတ္ဆင္ထားတတ္ၾကၿပီး ေဆးမင္ေၾကာင္မ်ား ထိုးထြင္းထား၏။ ကုန္သည္ေလွမ်ားေပၚတြင္ စားနပ္ရိကၡာႏွင့္ သစ္သီးဝလံတို႔ မ်ားမ်ားစားစားပါမလာသျဖင့္ အစာအာဟာရခ်ိဳ႕တဲ့ကာ ေလွသားအခ်ိဳ႕ နာမက်န္းျဖစ္ေလ့ရိွၾကသည္။ ထိုအေၾကာင္းေၾကာင့္ပင္ ေဆးပင္မ်ား၊ ေဆးမႈန္႔မ်ား ေရာင္းခ်ၾကေသာ သူတို႔၏အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းမွာ အေတာ္ပင္ ဖြံ႔ၿဖိဳးတိုးတက္လွေပ၏၊ ေစ်းႀကီးေပးရသည့္တိုင္ ဝယ္လိုအားမ်ားၾကေလသည္။

သေဘၤာအနက္.....ဝတ္ရံုအနက္။

ခ်ူယြမ္က လက္ထဲမွစာလႊာကိုခ်လိုက္ကာ ေတြးေတာေန၏။ စာထဲကလူမ်ားမွာ ေခ်ာင္ယာကြၽန္းအား က်ူးေက်ာ္သိမ္းပိုက္ခဲ့ေသာလူမ်ားႏွင့္ အသြင္အျပင္တစ္ေထရာတည္းပင္ မဟုတ္လား။ က်ူးေက်ာ္သူမ်ားမွာ တကယ္မ်ား ေဖမ်ဲန္႔ျပည္သားေတျြဖစ္ေလေရာ့သလား။

ခ်ူယြမ္မ်က္ႏွာ မဲ့သြားသည္။ ထို႔ေနာက္ ေခတၲမ်ွ ေတြးေတာလိုက္ကာ စုတ္တံကိုယူၿပီး ဝမ္းလ်ိဳနင္ဆီသို႔ ျပန္စာတစ္ေစာင္ေရးလိုက္ကာ ယြင္လန္ၿမိဳ႔သို႔ အျမန္ျမင္းျဖင့္ သြားေရာက္ပို႔ေဆာင္ေစ၏။

*******

ေနာက္တစ္လကုန္လြန္ၿပီးေနာက္ ။

တုန္းဟိုင္ပင္လယ္ဘက္ သြားေရာက္ေထာက္လွမ္းေသာ ဘုရင့္လ်ိႈ႔ဝွက္တပ္သားမ်ား​လည္း ေရႊၿမိဳ႔ေတာ္သို႔ ျပန္ေရာက္လာၾကသည္။ ေခ်ာင္ယာကြၽန္းမွာ ျမဴခိုးမ်ားျဖင့္ အံု႔ဆိုင္းဖံုးကြယ္ေနသျဖင့္ ကြၽန္းအနားသို႔ပင္ အနားကပ္၍မရေၾကာင္း ေလ်ွာက္တင္လာၾက၏။ ကုန္သည္ႀကီးမ်ားသည္ပင္ ထိုေနရာကို အမဂၤလာေနရာဟု ယူဆထားၾကကာ ထိုကြၽန္းတည္ရိွရာလမ္းမွ ေရွာင္ကြင္းၿပီး ကုန္သြယ္ကူးသန္းေနၾကသည္၊ ထိုသို႔ေကြ့ပတ္သြားျခင္းက အခ်ိန္တစ္လေက်ာ္ ပို၍ၾကာသည္ဆိုလ်ွင္ေတာင္ အျခားလမ္းကေန ေက်ေက်နပ္နပ္ ေရွာင္ကြင္းသြားလာေနၾကသည္။ ထိုေဒသတစ္ဝက္တြင္ လူသားစား မိစၧာရိွကာ အနားေရာက္သြားေသာေလွမ်ားကို ဆြဲဆြဲျမႇဳပ္တတ္သည္ဟုလည္း ဆိုၾကေပ၏။

"ေဒသႏၲရအာဏာပိုင္ေတြကေရာ ဘာမ်ားလုပ္ၾကၿပီးၿပီလဲ"

ခ်ူယြမ္ ေမးလာျခင္းျဖစ္သည္။

"ဘာမွမလုပ္ရေသးေၾကာင္းပါဘုရား"

ခ်ူယြမ္ စိတ္ပ်က္စြာ ေခါင္းခါလိုက္၏။

မူလအစကတည္းက ေခ်ာင္ယာကြၽန္းမွာ တာ့ခ်ူလက္ေအာက္ခံမဟုတ္ေလရာ မည္သို႔ေသာအမႈကိစၥပဲျဖစ္ပြားေနပါေစ ၊ တာ့ခ်ူျပည္သားမ်ားႏွင့္မဆိုင္သည္မို႔ ေဒသႏၲရအာဏာပိုင္မ်ားကလည္း ဤကိစၥကို ေရွာင္လို႔ရသေလာက္ ေရွာင္ေနၾကၿပီး ဝင္ရႈပ္ရန္ဆႏၵ အလ်ဥ္းမ်ွမရိွၾကေလာက္ေပ။

တုန္းဟိုင္ပင္လယ္၏ ကမ္းရိုးတန္းတစ္ေလ်ွာက္ အပိုင္စားခြင့္ရသူမွာ တာ့ခ်ူေတာ္ဝင္မိသားစုႏွင့္ ေသြးခ်င္းမေနွာေသာ အႏြယ္ေတာ္တစ္ေယာက္ျဖစ္ကာ သူ႔အမည္မွာ ရုန္ဝမ္ဟု ေခၚတြင္၏။ စစ္ပြဲအတြင္းတြင္ ထူးခြၽန္ေျပာင္ေျမာက္စြာ အမႈေတာ္ထမ္းရြက္ခဲ့သျဖင့္ အရင္ဧကရာဇ္က သူ႔အား ခ်ူမ်ိဳးရိုးအမည္ကိုပင္ ေပးသနားထားေလရာ အသက္အရြယ္အလိုက္ေျပာရလ်ွင္ ခ်ူယြမ္ကပင္ သူ႔ကို ၪီးရီးေတာ္ဟု ေခၚဆိုရမည့္လူပင္ ျဖစ္သည္။ ခ်ူယြမ္အတြက္ေတာ့ စိတ္ေသာကမ်ားဖန္တီးေပးေသာ ၪီးရီးေတာ္တစ္ေယာက္သာ။

ခ်ူယြမ္သက္ျပင္းခ်လိုက္သည္။

ယခုမ်က္ေမွာက္ရိွ အေျခအေနအရပ္ရပ္ကို ေထာက္ဆၾကည့္လ်ွင္ တာ့ခ်ူတိုင္းျပည္ႀကီး နည္းစနစ္က်က် စည္ပင္ဖြံ႔ၿဖိဳးတိုးတက္ဖို႔ ၊ တိုင္းသူျပည္သားမ်ား စိတ္ေအးခ်မ္းသာစြာေနထိုင္သြားႏိုင္ဖို႔ဆိုလ်ွင္ ေနာင္ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သူ ထပ္ၿပီး အားစိုက္ထုတ္ရေပၪီးမည္။

ေနာက္ရက္မၾကာမီပင္ တစ္လထပ္ကုန္ျပန္ေတာ့မည္၊ ထို႔အျပင္ ႏွစ္သစ္ကူးညလည္း တစ္ေက်ာ့ျပန္ေရာက္လာေခ်ၿပီ။ ႏွစ္သစ္ကူးညတစ္ခါျဖတ္သန္းၿပီးသြားတိုင္း ႏွစ္ေဟာင္းတစ္ခု ကုန္ဆံုးသြားခဲ့ၿပီဟူေသာ အဓိပၸာယ္ သပ္ေရာက္ေနခဲ့သည္မဟုတ္လား။

အခုေန့ရက္မ်ားတြင္ က်ိတ္မိွတ္သည္းခံကာေက်ာ္လႊားသြား၍ ရပါေသးသည္။ အနည္းဆံုးေတာ့ မိမိမွန္းဆထားသည္ထက္ပို၍ ခံသာေပေသး၏ဟု ခ်ူယြမ္ ေတြးေနမိေလသည္။

*******

ရွီးနန္စံအိမ္ေတာ္တြင္လည္း။

သြမ့္ေယာင္က ဖက္ထုပ္ဟင္းခ်ိဳပူပူေလးကိုျပင္ဆင္ထုပ္ပိုးၿပီး ေတာင္အေနာက္ရိွ ေရခဲဂူဗိမာန္သို႔ သြားေရာက္ပို႔ေပး၏။

နန္ေမာ္ယဲ့က ေရခဲဂူဗိမာန္၏ ေက်ာက္သားတံခါးကို လာဖြင့္ေပးသည္။ သြမ့္ေယာင္ကိုျမင္ေတာ့မွ ခ်က္ခ်င္းအမွတ္ရသြား၏။

"ဒီေန့က ႏွစ္ဆန္းတစ္ရက္ေန့ေပါ့"

"အင္း၊ ႏွစ္ဆန္းတစ္ရက္ေန့။ မေန့ည ၿမိဳ႔ထဲမွာေတာ့ ႏွစ္သစ္ကူးအႀကိဳပြဲက အေတာ္ေလးစည္တာဗ်"

နန္ေမာ္ယဲ့က တဟီးဟီးရယ္ေမာေနသည္။

"ေအး၊ စည္စည္ကားကားျဖစ္တာ ေကာင္းပါတယ္။ လူေတြ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေအးေအးခ်မ္းခ်မ္းေနၾကရတယ္ဆိုတဲ့ အဓိပၸာယ္ပဲေပါ့"

"ရွစ္ဖူး၊ ေနာင္ေတာ့္ကို ကြၽန္ေတာ္ သြားေတြ့ခ်င္တယ္"

"မရဘူး"

နန္ေမာ္ယဲ့ေခါင္းခါျပေတာ့ သြမ့္ေယာင္ခမ်ာ အေတာ္စိတ္ဓာတ္က်သြားသည္။

"တကယ္ မရဘူးလား"

"အင္း၊ သိုင္းက်င့္ေနတုန္း ဘယ္သူ႔ေၾကာင့္နဲ႔မွ အေနွာင့္အယွက္မျဖစ္ေစခ်င္ဘူး။ မင္းေနာင္ေတာ္ ဘာမွမျဖစ္ပါဘူးကြာ၊ စိတ္ခ်စမ္းပါ"

နန္ေမာ္ယဲ့က တပည့္အငယ္ေလး၏ ေခါင္းအား ခပ္ဖြဖြ ပုတ္လာသည္။

"ဒါဆိုလည္း ကြၽန္ေတာ္ျပန္ေတာ့မယ္ေနာ္၊ မနက္ျဖန္မွ ထပ္လာေတာ့မယ္။ အရီးေတာ္က်င္းက မနက္ျဖန္က် ဟြားေကာမုန္႔ ခ်က္ေကြၽးမလို႔တဲ့"

နန္ေမာ္ယဲ့က ေသခ်ာသတိေပးလိုက္၏။

"ဟိတ္....ပ်ားရည္မ်ားမ်ားေလး ထည့္ခိုင္းၪီး၊ ၾကားလား"

ေနာက္ဆံုးေတာ့ သြမ့္ေယာင္မ်က္ႏွာမွာ ဝင္းလက္ၿပံဳးရႊင္သြားသည္။ ထို႔ေနာက္ လာရာလမ္း ျပန္လွည့္သြားကာ ေတာင္ေအာက္သို႔ေျပးဆင္းသြားေလသည္ ။

*****

နန္ေမာ္ယဲ့က အစားအေသာက္မ်ားကို သယ္ၿပီး ဂူထဲသို႔ ျပန္ဝင္လာ၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ ထံုးစံအတိုင္း မ်က္လႊာခ်ကာ ဝင္သက္ထြက္သက္ကို ရႈမွတ္ေန၏။နန္ေမာ္ယဲ့က သူ႔ေရ႔ွသို႔ ထိုင္လိုက္ကာ -

"ဒီေန့က ႏွစ္ဆန္းတစ္ရက္ေန့တဲ့ေလ။ ဒို႔ႏွစ္ေယာက္ေတာ့ ဒီထဲမွာအေနၾကာၿပီး ဒီလိုေန့ေတြေတာင္ေမ့လို႔"

"ဟုတ္လား"

"လာ၊ လာ။ လာျမည္းၾကည့္"

နန္ေမာ္ယဲ့က သူ႔အတြက္ တူတစ္ေခ်ာင္း ကမ္းေပးလိုက္ကာ စကားစ၏။

"မေန့ညကေတာ့ တာ့လီတစ္ၿမိဳ႔လံုး ေပ်ာ္ပြဲရႊင္ပြဲေတြနဲ႔ စည္ကားေနမယ္ထင္တယ္"

"ေရႊၿမိဳ႔ေတာ္မွာဆို ဒီထက္ပိုစည္ကားမွာ"

သြမ့္ပိုင္ယြဲ႔က တူကိုလွမ္း ယူလိုက္သည္။ သူ႔လက္မ်ားထက္ဝယ္ ပန္းခက္ပန္းႏြယ္သ႑ာန္ အျပာေရာင္မိွန္ေဖ်ာ့ေဖ်ာ့ အစင္းေၾကာင္းမ်ား ေပၚလြင္ထင္ရွားေနလို႔။

"ေသခ်ာေပါက္ စည္ကားမွာေပါ့၊ မဟုတ္ရင္ ေရႊၿမိဳ႔ေတာ္လို႔ ေခၚပါ့မလား"

နန္ေမာ္ယဲ့က မသိခ်င္ေယာင္ေဆာင္ကာ ေျပာရင္းဆိုရင္း စားေသာက္ေနလိုက္သည္။

"အထဲမွာ ဝက္သားနဲ႔ ကြီ႔ခ်ိဳက္နဲ႔ပဲ အစာသြပ္ထားတာလားဟ။ ႏွစ္တိုင္း ႏွစ္တိုင္း ဒါခ်ည္းပဲ ခ်က္ေနတယ္...."

"ရွစ္ဖူး ဒီညေတာ့ စံအိမ္ေတာ္ကိုျပန္သြားလိုက္ပါ၊ အားလံုးနဲ႔ ႏွစ္သစ္ကူးေန့ကို အတူတူဆင္ႏႊဲလို႔ရတာေပါ့"

သြမ့္ပိုင္ယြဲ႔က ၿပံဳးၿပီးဆိုလာ၏။

"ဘာလို႔ ျပန္ရမွာလဲ။ ​ျပန္သြားလိုက္ရင္ တစၧေငယ္ေလးေရာ ေပါက္စေကြးေလးေတြနဲ႔ေရာ သြားေတြ့ရမွာ၊ ေသာေသာညံေနေအာင္ ေဆာ့ေနၾကေတာ့ ငါ့ေခါင္းေတြပါကိုက္တယ္။ ေယာင္အာကလည္း ငါ့ကို ' ရွစ္ဖူး၊အန္ေပါင္းေပးၪီး' ဆိုၿပီး ပိုးေကာင္ေလးေတြထပ္ေတာင္းၪီးမွာ။ အဲ့ေတာ့ ငါ မျပန္ေတာ့ဘူး၊ ဒီမွာပဲေကာင္းတယ္၊ ဒီမွာပဲ နားေအးတယ္"

သြမ့္ပိုင္ယြဲ႔က ဖက္ထုပ္တစ္ခုကို ကိုက္စားၾကည့္လိုက္သည္။ ထင္ထားသည့္အတိုင္းပင္ ဘာအရသာမွ သူ ခံစားလို႔မရေတာ့။

"ျဖည္းျဖည္းစား"

ျဖည္းျဖည္းခ်င္းစားလိုက္ရင္ေတာ့ ငန္တာေလး ဘာေလး သိေသးမလားလို႔။

နန္ေမာ္ယဲ့လည္း အေတာ္စိတ္ပူသြားသည္။

"ျဖည္းျဖည္းစားလိုက္ရင္ ရွစ္ဖူး အစားေသာင္းက်န္းပံုနဲ႔ေတာ့ ကြၽန္ေတာ့္အတြက္စားစရာ ဘယ္က်န္မွာလဲဗ်"

"......."

"ဒီႏွစ္ေတာ့ အကုန္ျမန္သားပဲေနာ္"

ထိုသို႔ထုတ္ေျပာၾကည့္လိုက္ေတာ့ ေနာက္ႏွစ္ေရာ ေနာက္တစ္ႏွစ္မွာပါ ခံရခက္ေလာက္သည့္အထိ မနာက်င္ရေလာက္ေတာ့ဟု သြမ့္ပိုင္ယြဲ႔ ေမ်ွာ္လင့္မိေပသည္။

*********

ေရႊၿမိဳ႔ေတာ္၏ လမ္းမႀကီးထက္ဝယ္ လူသူမ်ားျပည့္သိပ္စည္ကားေနကာ လမ္းေကာင္းေကာင္းေလ်ွာက္လို႔ပင္ မရခ်င္ေတာ့။ လမ္းေဘးႏွစ္ဖက္တြင္လည္း ခ်ိဳေမႊးေသာ ၊ အနံ႔အရသာျပည့္စံုလွသည့္ အခ်ိဳတည္းစရာမုန္႔မ်ားႏွင့္ အျခားမုန္႔မ်ိဳးစံုကို ေပ်ာ္ေပ်ာ္ပါးပါး ေရာင္းခ်ေနၾကသည္။ ကေလးသူငယ္မ်ားကေတာ့ သၾကားရည္စိမ္ေပးထားေသာ သစ္သီးေခ်ာင္းမ်ား ေရာင္းခ်သည့္ ၪီးႀကီးအနားထံတြင္ ဝိုင္းဝိုင္းလည္ေနၾကသည္။ ကိုယ္စီကိုယ္င ေၾကးနီျပားေလး ကိုင္ေဆာင္ထားၿပီး လိမ္လိမ္မာမာ တန္းစီေနၾကသည္။ ကေလးအေယာက္တိုင္းက ' သစ္သီးအလံုးႀကီးႀကီးရပါေစ၊ နီနီရဲရဲ အလံုးႀကီးႀကီးေတြရပါေစ' ဟု က်ိတ္မိွတ္ဆုေတာင္းေနခဲ့ၾကသည္။

ဧကရာဇ္စံျမန္းေတာ္မူရာ ေရႊနန္းေတာ္ကေတာ့ ၿမိဳ႔လယ္ႏွင့္မတူဘဲ အင္မတန္မွ အထီးက်န္ဆန္လြန္းလွ၏။ ဒီႏွစ္မွာေတာ့ ခ်ူယြမ္လည္း မွဴးမတ္ဝန္ႀကီးမ်ားအား စုရံုးကာ စားေသာက္ပြဲက်င္းပေပးျခင္းမ်ိဳး မလုပ္ေပးျဖစ္ေတာ့။ ထိုအခမ္းအနားမ်ိဳးအစား မွဴးမတ္မ်ားအား ဆုေတာ္လာဘ္ေတာ္ခ်ီးျမႇင့္ေပးလိုက္ကာ မိမိအား ႏွစ္သစ္မဂၤလာ လာေရာက္ႏႈတ္ခြန္းဆက္မည့္အစား သူတို႔၏ အိမ္သူအိမ္သားမ်ားႏွင့္သာ လူစံုတက္စံု ႏွစ္သစ္ကူးဆင္ႏႊဲႏိုင္ေစရန္ ခြင့္ျပဳေပးထားသည္။

နန္းေဆာင္အတြင္းဝယ္ ခ်ူယြမ္တစ္ေယာက္တည္း ထိုင္ေနလ်က္။ ေရ႔ွေမွာက္တြင္ အစားအေသာက္အခ်ိဳ႕ႏွင့္ ေသရည္တစ္အိုးႏွင့္။ အျပင္တြင္ေဝ့ဝဲေနေသာ ႏွင္းစက္မ်ားကို ခ်ူဟြမ္ အေၾကာင္းမဲ့ ေငးၾကည့္ေနေလသည္။

"အရွင္မင္းျမတ္၊ အစားအေသာက္ေတြ ေအးကုန္ပါေတာ့မယ္ဘုရား"

ရွစ္ဇီက သတိေပးလာ၏။

"အရက္က်န္ေသးလား"

"တျခားအရက္ေတာ့ ရိွပါတယ္ဘုရား။ ေဖးေရွအရက္ဆိုရင္ေတာ့.....အခုတစ္အိုးကပဲ ေနာက္ဆံုးတစ္အိုးပါ၊ ဒါကုန္သြားရင္ေတာ့ ေနာက္ထပ္မရိွေတာ့ပါဘူး"

ခ်ူယြမ္က လက္က်န္ေသရည္မ်ားကို အကုန္ေမာ့ခ်လိုက္ကာ ဘာမႈျပန္မေျပာျဖစ္။ မ်က္ဝန္းထဲမွာေတာ့ မဝင့္မရဲ ခ်င့္ခ်ိန္ႀကံဆေနျခင္းမ်ား ေတြ့ေနရေပသည္ ။

ရွစ္ဇီကလည္း သက္ျပင္းခ်ရံုမ်ွသာ တတ္ႏိုင္ေတာ့၏။

ဘာလို႔မ်ား မင္းသား(၉)ေတာင္ ဒီႏွစ္မလာအားတာလဲေနာ္။ တစ္ေယာက္ေလာက္ အေဖာ္ရိွရင္ကို အရွင္မင္းျမတ္က ဒီထက္ပိုၿပီး အသက္ဝင္ေနမွာ။

ႏွစ္ဆန္းတစ္ရက္ေန့တြင္ ေကာင္းကင္ဘံုအား ပူေဇာ္ကန္ေတာ့ရသည့္အခမ္းအနားရိွေနေသးသည္မို႔ ခ်ူယြမ္ခမ်ာ မိမိစိတ္တိုင္းက် မူးယစ္ခ်င္လ်ွင္ေတာင္ မူးပိုင္ခြင့္မရိွ။ အိပ္ခန္းေဆာင္သို႔ျပန္ေရာက္ေတာ့ ခ်ူယြမ္မွာ လဲေလ်ာင္းေနရင္းႏွင့္ပင္ မိုင္ေပါင္းမ်ားစြာေဝးကြာလွေသာ ရွီးနန္စံအိမ္ေတာ္ႀကီးဆီ စိတ္ေရာက္ေနသည္။

ဒီမွာ ႏွင္းက်ေနသလို ဟိုမွာေရာ ႏွင္းက်ေနမလား။ ႏွင္းက်ခဲ့ရင္ေကာ ေရခဲဂူဗိမာန္က ခါတိုင္းအခ်ိန္ထက္  ပိုလို႔မ်ား ေအးစိမ့္ေနမလား။

မိုးစင္စင္လင္းသည့္တိုင္ေအာင္ ခ်ူယြမ္မွာ ထိုသို႔သာ ေတြးေတာေနျဖစ္၏။

နယ္စပ္မွာႀကီးစိုးေနေသာ ထိုအႏြယ္ေတာ္ ၪီးရီးမွာ အေတာ္ပင္ အာဏာရူးသြပ္ေသာလူစားျဖစ္၏။ နန္ဟိုင္၏ အေရးကိစၥကလည္း ရႈပ္ေထြးေပြလီေနကာ ေျဖရွင္းလို႔မၿပီးႏိုင္ေသး။ ႏွင္းဖံုးေသာ တုန္းေပျမက္ခင္းျပင္တြင္လည္း နယ္စပ္စစ္ပြဲမ်ားျဖင့္ မေအးခ်မ္းႏိုင္ေသး။ အခုအခ်ိန္မွာမ်ား ဧကရာဇ္ျပည့္ရွင္သာ နန္းေတာ္ထဲကေန တိတ္တဆိတ္ ခိုးထြက္သြားလ်ွင္  မွန္ကန္ေသာလုပ္ရပ္မဟုတ္ခဲ့၊ မွဴးမတ္အားလံုး ဝိုင္းဝန္းကာ ေတာ္လွန္ဆန္႔က်င္ၾကမည္မွာ ေသခ်ာသည္။

ခ်ူယြမ္ခမ်ာ ဒူးကိုပိုက္ကာ ေမးတင္လိုက္ရင္း ရယ္ေမာလိုက္သည္။ သို႔ေသာ္ မ်က္ဝန္းမ်ားကေတာ့ အရိပ္အသက္မဲ့ကာ ၫွိုးေရာ္ႏြမ္းနယ္ေနလ်က္။

******

2020.09.02.

*****

Continue Reading

You'll Also Like

59.2K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
5.3M 716K 199
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
265K 9.6K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 46.8K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd