ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.8K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)

9.4K 2K 168
By ArtemisJT21

[နောက်ပိုင်းကျရင် ထျဲန်းချန်ရှားကို ရှာတွေ့ချင်ရှာတွေ့နိုင်မှာပေါ့]

===============================

တစ်နာရီကြာပြီးသော် ရဲမက်များက အချုပ်ခန်းတစ်ခန်းချင်းစီမှ စာလွှာများကို စုစည်းပြီးဆက်သပေးလာရာ စားပွဲပေါ်တွင် စက္ကူအထပ်လိုက်ကြီးပုံအောနေပေ၏။

သွမ့်ယောင်လည်း ထိုဝန်ခံချက်စာလွှာများကို လိုက်ပါမွှေနှောက်ကြည့်ပြီးနောက် သက်ပြင်းချလာသည်။

"ဒါက ဝန်ခံချက်ရေးနေတာလား၊ ဝတ္ထုရေးနေတာလား"

မည်သို့ပင်ဖတ်ကြည့်ပါစေ၊ လူတိုင်းက တစ်စုံတစ်ခုကို လျှို့ဝှက်ထားသလိုပင်။ ထို့အပြင် ထိုလျှို့ဝှက်ချက်ဆိုသည်ကလည်း မနညးမနော ဖြစ်နေ၏။

"အဘိုးရော ဖတ်ကြည့်ချင်သေးလား"

ချူယွမ်က အဘိုးရွှမ်ထျဲန်းအားမေးလာသည်။ အဘိုးက ခေါင်းခါပြလိုက်ကာ -

"အရှင်မင်းမြတ် ကျွန်တော်မျိုးကို ဖတ်ရှုစေလိုတဲ့စာလွှာတွေကျမှပဲ ဖတ်ပါရစေဘုရား"

အနှီချောင်ယာသားများ၏ စိတ်နေသဘောထားများအတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသော လျှို့ဝှက်ချက်များမှာ ဧကန်ပင် ဆိုးသွမ်းယုတ်မာလောက်သောအကြောင်းများဖြစ်ကြမည်မို့ ဖတ်လိုက်လျှင်လည်း စိတ်နှလုံးကို ညစ်နွမ်းကာ အကုသိုလ်များစေမည်မှာအမှန်။ မဖတ်တာကမှ ပိုကောင်းသေး၏။

သွမ့်ယောင်ကတော့ ဆီမီးတိုင်ကို မိမိအနားတိုးလာလိုက်ကာ ချူယွမ်နှင့်အတူ ထိုစာလွှာများကို ဖတ်နေ၏။ ဖတ်ရင်းဖတ်ရင်း ရယ်ရမလား ငိုရမလားပင်မသိတော့။ တစ်ယောက်သောသူ ရေးထားသောစာကိုသာ ဖတ်ကြည့်ပေတော့၊ သူ့ငှက်ကလေး မပျံနိုင်တော့သည့်(ပန်းသေသည့်)အကြောင်းကို ရေးသားထားသတဲ့။

ဒါမျိုးမှာ လျှို့ဝှက်ချက်ဟုဆိုနိုင်သော်ငြား တခြားမည်သူက ဤလျှို့ဝှက်ချက်မျိုးကို စိတ်ဝင်တစားသိချင်မှာတဲ့လဲ၊ သိလိုက်ရင်ကော တာ့ချူတိုင်းပြည်အတွက် ဘာများ အကျိုးသက်ရောက်မည်တဲ့လဲ။

"ဒီဟာကမှ ကိုယ်တော်သိချင်တဲ့အကြောင်းအရာပဲ"

"ဟင်"

ချူယွမ်က စာတစ်စောင်ကိုဖတ်လိုက်ပြီးနောက် သွမ့်ယောင်အားလှမ်းပေးလာ၏။သွမ့်ယောင်လည်း အမြန်ပင်ယူလိုက်ကာ အပေါ်ယံရှပ်ပြီးဖတ်လိုက်သည်။ ဝန်ခံချက်ရေးသားသောသူမှာ ချန်လျိုဟုအမည်ရှိကာ ကြည့်ရသည်မှာ တစ်ခုခုကိုမှန်းဆနိုင်ခဲ့ဟန်ရ၏။အခြားသူများလို အရေးမပါသောအကြောင်းအရာများကို ပိိုပိုလျှံလျှံရေးသားခြင်းမရှိဘဲ စာမျက်နှာတစ်မျက်နှာတည်းကိုသာရေးသားထားသည်။ စာထဲတွင် ယွဲ့မင်ကူပိုးကောင်အကြောင်းကို အသေးစိတ်ပြောပြထားသည်။

ချန်လျို၏ ဖခင်မှာ ချန်ဟိုင်ဟုအမည်ရှိကာ ချောင်ယာကျွန်းပေါ်တွင် အကျော်ကြားဆုံး ပယောဂဆရာတစ်ဦးဖြစ်သည်ဟုဆိုထား၏။ အခြားသူများ၏ လေးစာကြည်ညိုမှုကိုလည်း ရခဲ့သူဖြစ်သည်။ တစ်နေ့သ၌ အဘိုးအိုတစ်ဦးအား ဆေးကုပေးရင်း ထိုအဘိုး၏ခန္ဓာကိုယ်ထံမှ ယွဲ့မင်ကူပိုးကောင်ကို အခွင့်ရတုန်း ခိုးပြီးထုတ်လိုက်သည်။ သို့သော် တောင်ပိုင်းခေါင်းဆောင်ဆီကို ဘာမှမတင်ပြဖြစ်ဘဲ သူတစ်ယောက်တည်းကသာ ခိုးဝှက်ပြီး မွေးမြူထားခဲ့သည်။

ကျွန်းပေါ်ကနေ ရွှမ်ထျဲန်းထွက်ပြေးသွားသည့်နောက် ချောင်ယာကျွန်းပေါ် ကျန်ရစ်ခဲ့သောအခြားလူများ၏ ဘဝအခြေအနေကလည်း ဘာမှတိုးတက်မလာခဲ့။ နန်ယန်မှလှေသင်္ဘောကြီးများလည်း အရင်ကလောက် မလာကြတော့၊ ပင်လယ်ဓားပြများသောင်းကျန်း၍ လာမဆိုက်နိုင်ဟုသာ ဆိုကြသည်။စားဝတ်နေရေးမပြေလည်တော့သည့်အဆုံး နန်ယန်သားများက ချောင်ယာကျွန်းသားတစ်ဖွဲ့ကိုရွေးကာ တာ့ချူတိုင်းပြည်သို့လွှတ်ပြီး ဧကရာဇ်ထံမှ ရွှေငွေရတနာများကို သွားရောက်တောင်းခံစေ၏။

ထိုစဥ်က တာ့ချူတွင် ချောင်ယာကျွန်းအကြောင်းကို ပဥ္စလက်ဆန်လှပြီး ဆန်းကြယ်လှသော ပုံပြင်များသဖွယ် ​ရည်ညွှန်းပြောဆိုတတ်လေရာ ချောင်ယာကျွန်းသားများအတွက် နန်းတော်ထဲအခစားဝင်ခွင့်ရရန် သိပ်မခက်ခဲခဲ့လှပေ။ ထိုသတင်းများကိုအမှီပြုကာ တတ်ကျွမ်းထားသောဂါထာမန္တရားအချို့နှင့် ယွဲ့မင်ပိုးကောင်ကိုသုံးလိုက်တော့ အရင်ဧကရာဇ်ဟောင်းကို အသာလေးလှည့်ဖျားနိုင်ခဲ့ရုံသာမက ဂုဏ်ပြုချီးကျူးခြင်းခံရကာ ရွှေငွေရတနာများစွာပါ သဲ့ယူလာနိုင်ခဲ့သည်။

သို့သော် ကျွန်းပေါ်တွင် တိုက်ခိုက်လုယက်မှုမျိုး ဆက်ဖြစ်လာမည်မှန်း ချန်ဟိုင်က ကြိုတင်မှန်းဆနိုင်ခဲ့သည်။ ထို့ကြောင့် ယွဲ့မင်ကူပိုးကောင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အရေး ၊ ပိုးကောင်အချို့ကိုထုတ်ယူလာလိုက်ကာ အခွင့်ကောင်းကိုစောင့်ပြီး ထိုစဥ်က အရင်ဧကရာဇ်ချူ၏ အမြတ်နိုးဆုံးသားတော်ထံ၌ ပိုးကောင်များ မြှုပ်နှံထည့်သွင်းခဲ့၏။ ထိုမင်းသားငယ်မှာ အိမ်ရှေ့စံချူယွမ်ပင်ဖြစ်ကာ ယခုလက်ရှိ တာ့ချူဧကရာဇ်ဖြစ်နေသူပင် ဖြစ်လေသည်။ ချန်ဟိုင်၏အမြင်အရ အိမ်ရှေ့စံမှာ ဘေးအကင်းဆုံးသောပစ်မှတ်ဖြစ်နေခဲ့သည်။ အကြောင်းမှာ အိမ်ရှေ့စံသာဆိုလျှင် ရဲမက်များကလည်း ဘေးအန္တရာယ်မရှိအောင် အစွမ်းကုန်ကာကွယ်ပေးကြမည် ၊ အခြားသူများလို နေရာဒေသပြောင်းရွှေ့နေထိုင်ရခြင်းရှိမည်မဟုတ်သောကြောင့် ချူယွမ်အသက်ရှင်နေသရွေ့ ထိုပိုးကောင်များလည်း ဆက်လက်ရှင်သန်နေမည်ဖြစ်သည်။ ပြန်လာယူလိုလျှင် တကူးတကလိုက်ရှာနေစရာမလိုဘဲ ရွှေနန်းတော်သို့သာ ပြန်လာလိုက်ရုံပင်။ ဤသို့ပြုလုပ်ထားမှသာ နောင်တစ်ချိန် ချောင်ယာကျွန်းပေါ် ဘာအရေးပြဿနာပဲဖြစ်လာခဲ့ဖြစ်လာခဲ့၊ ရတနာမြေပုံ၏ နောက်ဆုံးသဲလွန်စကတော့ လုံးဝပျောက်ပျက်သွားမည်မဟုတ်တော့ပေ။

သို့ပေမင့် ချန်ဟိုင်မှာ ကျွန်းပေါ်ပြန်ရောက်ပြီး ငါးနှစ်အကြာ ရောဂါဘယဆိုးတစ်ခု စွဲကပ်ကာ သေအံ့မူးမူးအချိန်၌ သားဖြစ်သူချန်လျိုကို အနားသို့ခေါ်ပြီး ထိုလျှို့ဝှက်ချက်များကို ပြောပြခဲ့သည်။ ထို့အပြင် ဤကျွန်းပေါ်တွင် ယွဲ့မင်ပိုးကောင် တစ်ပုလင်းစာထပ်ရှိသေးရာ ကိုယ်နှင့်မကွာသိမ်းထားနိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်းဆိုလာ၏။ တစ်ယောက်ယောက်ကများ သံသယရှိ၍ မိမိကိုယ်ကို ဘေးဖြစ်စေခဲ့လျှင်တော့ ဖျက်ဆီးပစ်လိုက်ပါလေ၊ မည်သို့ပင်ဆိုစေ တာ့ချူအိမ်ရှေ့စံမင်းသားငယ်လေးသာ သက်ရှိထင်ရှားရှိနေသေးသရွေ့ ယွဲ့မင်ပိုးကောင်မှာ ဤလောကထဲ ပျောက်ပျက်မသွားသေးဟုပါ မှာကြားခဲ့ပေ၏။

ချန်ဟိုင်၏ စျာပနပွဲပြီးဆုံးသွားတော့ ချန်လျိုလည်း အရင်ကထက် ပို၍အနေအေးလာ၏။ နန်ယန်သားတွေရှေ့မှာပင် ခေါင်းအမြဲငုံ့ ခါးအမြဲကိုင်းကာ နှိမ့်ချရိုကျိုးစွာသာ နေထိုင်ခဲ့သည်။ တစ်ဖွဲ့တည်းသားများကပင် သူ့ကိုဆိုလျှင် အထင်သေးအမြင်သေးကြသည်။ ထိုသို့နေထိုင်ခဲ့သည်တောင်မှ ကပ်ဘေးအန္တရာယ်ကို ရှောင်ရှားလို့မရနိုင်ခဲ့။ နန်ယန်သားများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကျွန်းပေါ်ရောက်ရောက်လာကြကာ ကိုယ်ခံပညာများအပြင် အသေးစိတ်လှသော အဆိပ်ယန္တရားအမျိုးမျိုးကိုပါ ဆောက်လုပ်ခဲ့ကြသည်။ ထိုလုပ်ဆောင်ချက်များအားလုံးမှာ တာ့ချူအား ဖျက်ဆီးရန်သာဖြစ်ကြောင်း များများစားစားတွေးနေစရာမလိုဘဲ နားလည်နိုင်၏။ ချောင်ယာသားများမှာ ထိုအခြင်းအရာကိုမြင်ပြီး ကြောက်လန့်တုန်လှုပ်နေစဥ်မှာပင် နန်ယန်သားများက ဟန်ဆောင်ထားသောမျက်နှာဖုံးများကိုခွာချလိုက်ကာ ရုပ်သွင်အစစ်အမှန်ကို လှစ်ဟလာ၏။ ထိုညတွင်ပင် ချောင်ယာသားများအကုန် တစ်ယောက်မကျန် သတ်ဖြတ်ခံခဲ့ရသည်၊ နန်ယန်သားများနှင့်ပူးပေါင်းသော လူယုံတော်များပင် မလွတ်ဟုဆို၏။ ချန်လျိုနှင့် အခြားသူအချို့ကသာ ယခုလိုရက်မျိုးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သဖြင့် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သည်။ ရုတ်ရုတ်သဲသဲဖြစ်နေသောအတောအတွင်း နန်ယန်ခေါင်းဆောင်၏ ရင်သွေးကိုပါ ခိုးယူလာခဲ့သည်ဟု ရေးထား၏။

အစပိုင်းတုန်းက အကူအညီတောင်းကြရန် တာ့ချူမြို့တော်သို့ အရောက်လာခဲ့ကြပေမင့် ထိုနန်ယန်သားများက ၎င်းတို့နောက်ကို အမီခြေရာခံနိုင်ကြကာ ဆန်းနန်မြို့စားယွီရှူးကိုပါလာဘ်ထိုးပြီး သူတို့အား ဖမ်းဆီးခိုင်းခဲ့သည်။ ယွီရှူးက ဖေးလွမ်မြိုင်နန်းနှင့်ပါ လက်တွဲပူးပေါင်းခဲ့သဖြင့် သိုင်းလောကအနှံ့ သူတို့အားဖမ်းဆီးရန် သတင်းဖြန့်ထားခြင်းခံခဲ့ရပြန်သည်။

ထူပူကျဲ့မှာ စိတ်ထင်ရာစိုင်းတတ်သောလူတစ်ယောက်ဖြစ်သော်ငြား သိုင်းပညာအဆင့်မြင့်မားနေပေရာ ချန်လျိုနှင့်ထိပ်တိုက် ရင်ဆိုင်ရစဥ် သတိမထားမိလိုက်ခင်တွင် ချန်လျို့အင်္ကျီလက်ထဲမှ ယွဲ့မင်ကူပုလင်းက လွှင့်ထွက်သွားခဲ့သည်။ အပေါင်းအပါများ သတိထားမိမှာ စိုးသောကြောင့် ချန်လျိုခေတ္တမျှအငိုက်မိသွားစဥ်မှာပင် ထိုကြွေပုလင်းမှာ ထူပူကျဲ့ခြေဖဝါးအောက် စိစိညက်ညက် နင်းခြေခံလိုက်ရပြီဖြစ်သည်။ မိမိ အနှစ်နှစ်အလလ မွေးမြူလာခဲ့သော ထိုပိုးကောင်များ တစ်မုဟုတ်ချင်း ဖျက်ဆီးခံလိုက်ရသည်ကိုမြင်တော့ ချန်လျို အတော်ပင် ဒေါသူပုန်ထသွား၏။ သို့သော် ဘာမှလည်းမတတ်နိုင်သဖြင့် အံကြိတ်၍သာ သည်းခံနေခဲ့သည်။ သို့နှင့် နန်းတော်ထဲအခစားဝင်ရဖို့ကိုသာ စောင့်မျှော်နေခဲ့ကာ ချူယွမ်ထံမှ ယွဲ့မင်ပိုးကောင်ကို ပြန်ထုတ်နိုင်မည့်နည်းလမ်းကိုသာ တွေးဆနေခဲ့သည်။ အကြံအစည်များကို သေချာစနစ်တကျချမှတ်ခဲ့သော်လည်း တကယ့်လက်တွေ့မှာ သဲထဲရေသွန်သလို အလဟဿဖြစ်သွားချေခဲ့သည်။

သွမ့်ယောင်နှင့်ရွှမ်ထျဲန်းတို့လည်း ထိုစာကိုဖတ်အပြီး သက်ပြင်းသာချနေကြတော့သည်။ ရတနာမြေပုံတစ်ဝက်သာ ကျန်သည့်ကိစ္စကိုအသာထား ၊ ဒဏ္ဍာရီလာ ရွှေတောင်ကြီးတစ်ခုလုံး တကယ်ပဲ ရှာလို့ပင်တွေ့တွေ့ ၊ ယခုလိုမျိုး နှစ်ပေါင်းများစွာ သတိကြီးကြီးထားပြီး အန္တရာယ်များလှသော အကြံအစည်မျိုး ၊ တာ့ခိူအိမ်ရှေ့စံထဲ ကူအဆိပ်ပိုးကောင်ထည့်ရဲသည့်အထိ ကြံစည်ရဲခဲ့သည်ကိုထောက်ရလျှင် သူတို့စိတ်မှာ တကယ်ပင် ရူးသွပ်နေခဲ့လေသလားဟု သံသယဝင်မိပေသည်။

"အရှင်မင်းမြတ်"

တပ်မှူးကျန်းဝိုင်က လျှောက်တင်လာ၏။

"အဲ့ဒီချောင်ယာသားတွေကို ဘယ်လိုစီရင်လိုက်ရမလဲဘုရား"

"တစ်ယောက်ချင်းစီကိုလူခွဲပြီး အချုပ်ခန်းထဲမှာပဲ ထားလိုက်ဦး။ စစ်တကယ်တိုက်ရမယ်ဆိုရင် သူတို့တွေ အသုံးဝင်ချင်ဝင်လာနိုင်တယ် "

"အမိန့်တော်မြတ်အတိုင်းပါ အရှင်"

တပ်မှူးကျန်းဝိုင်ကလည်း အမိန့်တော်ကိုနာခံယူလိုက်ကာ အပြင်ထွက်သွား၏။ ချူယွမ်လည်း လက်ထဲမှ စာလွှာများကို ချလိုက်ကာ -

"အခု အတော်လေးအချိန်လင့်နေပြီ၊ ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်ကြပါစို့"

"ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါ"

ရွှမ်ထျဲန်းက ထရပ်လိုက်ကာ ကျေးဇူးတင်စကားဆိုလာ၏။

"ကျေးဇူးတင်စရာလား။အဘိုးက ယွင်တာမြို့မှာ အေးဆေးနေလာခဲ့တာကို ကိုယ်တော်ကပဲ လိုက်နှောင့်ယှက်နေခဲ့တာလေ"

"ယွင်တာမြို့ထဲမှာပဲနေခဲ့တယ်ဆိုပေမယ့် မွေးရပ်မြေဖြစ်တဲ့ ချောင်ယာကျွန်းအကြောင်းကို မစဥ်းစားဘဲနေဖို့ဆိုတာ အတော်ခက်ခဲလှပါတယ်၊ ဘယ်လိုတွေထိ ပြောင်းလဲနေမယ်မှန်း မသိခဲ့ရိုးအမှန်ပါ။ နောက်ဆုံးတော့ ဒီည ကျွန်တော်မျိုး စိတ်နှလုံးအေးချမ်းရပါပြီ"

"အဘိုးကိုသာမမြင်ခဲ့ရင် ဟိုလူတွေက ခုထက်ထိ အမှန်အတိုင်းထွက်ဆိုမှာမဟုတ်ဘူး၊ ဆက်ပြီးလျှို့ဝှက်ထားဖို့ လုပ်နေကြဦးမှာပဲ။ ဘာပဲပြောပြော အပြင်က သူခိုးဓားပြတွေနဲ့ပူးပေါင်းပြီး ကိုယ်နဲ့သွေးချင်းနီးတဲ့ တစ်ကျွန်းတည်းသားတွေကို နှိပ်စက်ခိုင်းခဲ့တာမျိုးက တာ့ချူဥပဒေအတိုင်းသာဆို ခေါင်းဆယ်လုံးရှိရင်တောင် ဖြတ်လို့မလောက်သေးဘူး"

"ကျွန်းကို ဖျက်ဆီးလိုက်ရင် ပိုကောင်းပါလိမ့်မယ်ဘုရား"

အဘိုးအိုရွှမ်ထျဲန်းက ဝေ့ဝဲတက်လာသော မျက်ရည်စများကိုသုတ်လိုက်ကာ သက်ပြင်းအရှည်ကြီးချလိုက်ပြီးမှ ဆက်ပြော၏။

"တန်ဖိုးမဲ့လှတဲ့ အဲ့ဒီကျွန်းကို ဖျက်ဆီးပစ်လိုက်ပါဘုရား ၊ ဒါမှသာလျှင် အပြင်က ကျူးကျော်လာတဲ့လူတွေကြောင့် ညစ်နွမ်းရတာမျိုး ဆက်မဖြစ်တော့မှာ။ ကောင်းကင်ဘုံက ဘိုးဘေးတို့ရဲ့ဝိညာဥ်တွေသာ ဒီအကြောင်းကိုကြားသိရရင်ဖြင့် အတော်ပဲ အရှက်ရစရာကောင်းလှပါတယ်။ ဒီလိုမျိုး ကျေးဇူးကန်းတဲ့ အမိုက်အမဲတွေကို တပည့်သားမြေးအဖြစ် လက်ခံချင်ကြမှာမဟုတ်ပါဘူးဘုရား"

ချူယွမ်လည်း ရှစ်ဇီကုန်းကုန်းကို ခေါ်လိုက်ကာ အဘိုးအိုရွှမ်ထျဲန်းအား ပြန်လိုက်ပို့ခိုင်းစေ၏။

"အရှင်မင်းမြတ်ကရော မပြန်သေးဘူးလား"

ချူယွမ်က စားပွဲပေါ်ရှိ အစီရင်ခံစာအထပ်လိုက်ကြီးကိုသာ ညွှန်ပြလိုက်သည်။

"ဒီမှူးမတ်ကြီးတွေကတော့လား၊ အားတိုင်းယားတိုင်း တစ်ယောက်ကို တစ်လိပ်စီ အေးဆေး ရေးတင်ကြတယ်။ ဖတ်ရမယ့် အရှင်မင်းမြတ်ကတော့ တစ်ပါးတည်းပဲရှိတယ်ဆိုတာ မသိလေရော့သလား "

သွမ့်ယောင်က စိတ်ပျက်စွာ ညည်းညူလာတော့ ချူယွမ် ရယ်မောမိသွားသည်။

"ကိုယ်တော်က ဧကရာဇ်လေကွယ်၊ ဒီလိုအလုပ်မျိုးတွေ လုပ်ရမှာပေါ့။ ညည်းညူခွင့်မှ မရှိပဲ"

"ဒါပေမယ့် ခုလိုမျိုး ညတိုင်းညတိုင်း အပင်ပန်းခံလို့မဖြစ်ဘူးလေ"

သွမ့်ယောင်က ခေတ္တမျှရပ်နားလိုက်ကာ သေချာတွေးပြီးမှ ဆက်ပြော၏။

"နောင်တော်သိသွားရင် ရင်နာနေရပါဦးမယ်ဘုရား"

ချူယွမ် မျက်ခုံးများပင့်သွား၏။ သွမ့်ယောင်က ဆက်ပြောသည်။

"ဒါကြောင့် ပြန်ပြီး အနားယူလိုက်ပါတော့နော်"

"မနက်ဖြန်မနက်ကျ ကိုယ်တော်မြတ်နဲ့အတူတူ ညီလာခံတက်မလား"

ချူယွမ် သူ့စကားကိုပြန်မဖြေဘဲ မေးခွန်းအသစ်သာပြန်မေးလိုက်၏။

"ကျွန်တော်မျိုးလား"

"အင်း"

သွမ့်ယောင်အတော်လန့်ဖျတ်သွား၏။

"ကျွန်တော်မျိုးက ညီလာခံသဘင်မှာ ဘာသွားလုပ်ရမှာလဲဘုရား"

"အပျော်တမ်း အလည်လိုက်ခဲ့ပေါ့"

"......"

ချူယွမ်က လက်လှမ်းလိုက်ပြီး သွမ့်ယောင်အင်္ကျီကို သေသပ်အောင်ညှိပေးလိုက်သည်။

"ကိုယ်တော်မြတ်နဲ့ ရှီးနန်ကြားဆက်ဆံရေးက သူတို့ထင်သလိုမဟုတ်ဘူးဆိုတာ ပြချင်ရုံပါ။ မင်း ဘာမှလုပ်စရာမ​လိုဘူး၊ ဘာမှဝင်ပြောစရာလည်းမလိုဘူး၊ ကိုယ်တော့်နောက်မှာသာ ဒီတိုင်းရပ်နေ"

"ဟုတ်ကဲ့"

သွမ့်ယောင် အတန်ကြာစဥ်းစားပြီးခါမှ လက်ခံလိုက်၏။ နန်းတွင်းရေးရာအမှုကိစ္စများကို သူ တစ်စက်မှစိတ်မဝင်စားသော်လည်း မရီးတော်က နှုတ်မြွက်တောင်းဆိုလာမှတော့ ရွှေနဂါးပလ္လင်နောက်မပြောလေနှင့်၊ ညီလာခံသဘင်ခေါင်မိုးထက် တက်နေပါဆိုလည်း ဘာမှစောဒကမတက်ပါပေ။

နောင်တော်သာ မြန်မြန်လက်ထပ်ရရင် ပိုကောင်းမည်။ မင်္ဂလာပိုးထည်နီ ၀ယ်ထားသည်မှာလည်း ကြာညောင်းလှပြီမို့ စိုထိုင်းဆကြောင့် ပိုးကိုက်သွားမှဖြင့် ​နှမြောစရာကောင်းပေတော့မည်။

******
သို့နှင့် နောက်တစ်နေ့မနက်ရောက်တော့ ချူယွမ်ဘေးနားရပ်နေသော ၊ လက်စွဲတော်ဓားကို ခါးထက်ချိတ်ထားသည့် လုလင်ပျိုလေးတစ်ဦးကိုမြင်တော့ ညီလာခံသဘင်ထဲက မှူးကြီးမတ်ရာများအားလုံးမှာ အတုံးအရုန်း မျက်စိပြာကာ မူးဝေကုန်ကြသည်။

အခုရက်ပိုင်း ဧကရာဇ်အရှင် ဘာများဖြစ်နေသလဲနော်။ အစကတော့ ရှီးနန်ဝမ်ရှိရာ ဆူးဟွိုင်တောင်နန်းဆီသွားပြီး ဆွေးနွေးတိုင်ပင်ကြတယ်တဲ့၊ ပြီးတော့ အဲ့တောင်နန်းကနေ ရက်အကြာကြီးနေလို့တောင် တစ်ဖဝါးမှ ပြန်ခွာမလာဘူး။ အခုလည်း သွမ့်ရှောင်ဝမ်ရယ်ကိုပါ လက်နက်ကိုင်ဆောင်ခွင့်ပြုပြီး ညီလာခံတက်ခိုင်းစေတယ်။ ပိုဆိုးတာက ဘေးနားမှာကို ရပ်ထားခိုင်းတာပဲ။ ကြည့်ရတာအရှင်မင်းမြတ်နဲ့လည်း အတော်ကြီး ခင်မင်ရင်းနှီးနေပြန်တယ် ၊ ဒါက ဘာတွေလဲ။

ကလိမ်ကကျစ်ကျကာ မာယာထွေပြားလှသော မဟာသေနာပတိ အမတ်မင်းလျိုယီ့ဆွီသည်ပင် ဧကရာဇ်အရှင်၏ အတွေးအကြံကို လိုက်ပြီး မခန့်မှန်းတတ်တော့။ ရှီးနန်ဝမ်နှင့် ဧကရာဇ်တို့နှစ်ယောက်ကြား ကတိကဝတ်ပြုထားသော အရေးကိစ္စကြောင့်ဖြစ်လိမ့်မည်ဟုသာ ယူဆထားလိုက်ကြသည်။ သို့မဟုတ်ပါက လျှို့ဝှက်သဘောတူညီချက်တစ်ခုခု ပြုထားလို့လည်းဖြစ်နိုင်သည်ပင်။ ထိုသို့ဆိုလျှင် အနည်းဆုံး ဒီရက်ပိုင်းအတွင်းတော့ တာ့ချူနှင့်ရှီးနန်ကြား တင်းမာစရာအရေးကိစ္စ ပေါ်မလာလောက်ပေ။

******

လမ်းဘေး၌ ဝတ္ထုစာအုပ်များရောင်းချနေကြသော ကုန်သည်ကြီးတို့မှာ ရှေးအစဥ်အဆက်ကပင် ဤရွှေမြို့တော်ထဲ သတင်းအချက်အလက်အစုံလင်ဆုံး လူသားများဖြစ်ကြသည်။ မည်သည့်အခြေအနေမျိုးကိုမဆို အကျိုးအမြတ်ရရှိအောင် ပြောင်းလဲဖန်တီးယူနိုင်သောသူများဖြစ်ကြသေးသည်။ ဤအကြောင်းကြောင့်ပင် ပုံပြင်များထဲက ရှီးနန်ဝမ်၏ရုပ်ပုံမှာ အတော်ပင်တိုးတက်လာသည်၊ အနည်းဆုံးတော့ ရုပ်ရည်ပိုမိုချောမောလာကာ ခန္ဓာကိုယ်ကလည်း တောင့်တောင့်ဖြောင့်ဖြောင့်ကြီးနှင့် ကြည့်ရမြင်ရသူများအား မျက်စိပသာဒဖြစ်စေလှသည်။

ရှစ်ဇီကုန်းကုန်းကိုယ်တိုင် နန်းတော်အပြင်ဘက်ထွက်လာကာ အသစ်စက်စက်ထွက်ရှိထားသော စာအုပ်ဆယ်အုပ်လောက်ကို ကိုယ်တိုင်ကိုယ်ကျ ရွေးခြယ်ဝယ်ယူနေ၏။ ထို့နောက် တော်ဝင်စာကြည့်ဆောင်ထဲ အကုန်အစင် သွားရောက်စီထားကာ ဆက်သထားရသည််။

ချူယွမ်က စာအုပ်နှစ်အုပ်လောက်ကို လှန်လှောကြည့်လိုက်သည်။ ဇာတ်လမ်းအသွားအလာကို အင်မတန်မှကွန့်မြူးထားသော်ငြား ပုံတူပန်းချီမှာတော့ ရှီးနန်ဝမ်ကြီးမှာ အတော်ပင် မေတ္တာတရားပြည့်ဝပြီး စိတ်ထားနူးညံ့လှသောအသွင်ဟန်ပန်ဖြစ်နေပေ၏။စက္ကူပေါ်တွင် ရွှေရောင်ဟပ်သောအမှုန်များပါကြဲထားလေရာ ညအခါ ဆီမီးရောင်အောက်ဖတ်လျှင် အရောင်တလက်လက်ထင်ဟပ်ပြီး အမတနတ်ဘုရားတစ်ပါးလေလားဟုပင် ထင်မှတ်မှားရစေပေသည်။

ဧကရာဇ်အရှင် အတော်လေး စိတ်လက်ကြည်လင်လာသည်ကို တွေ့ရတော့မှ ရှစ်ဇီလည်း စိတ်အေးသွားကာ တံခါးများကို ဖြည်းညင်းစွာ စေ့ပေးလိုက်သည်။ ထို့နောလက်များကို အင်္ကျီလက်ထဲ ထည့်ထားကာအပြင်ဘက်တွင် ရပ်နေ၏။

ကျေးဇူးပြုပြီး ဘယ်အမတ်မင်းကမှ အစီရင်ခံစာ လာမတင်ပါစေနဲ့။ တစ်နေ့ပတ်လုံး နန်းတွင်းရေးရာ အမှုကိစ္စတွေကို ဒိုင်ခံဖြေရှင်းနေရရှာတာ၊ ဒီလိုမျိုး အေးအေးဆေးဆေး နားရတာမျိုး အရမ်းရှားတာမို့ နားခွင့်ပြုလိုက်ကြပါဦး။

*****

ချူယွမ်က သကြားမုန့်ချိုကို ကိုက်စားလိုက်ရင်း တတိယမြောက်စာအုပ်ကို လှမ်းယူလိုက်သည်။ စာအုပ်ကိုလှန်ကြည့်လိုက်တော့ ချက်ချင်းပင် မျက်နှာရှုံ့မဲ့သွား၏။ ဒီစာအုပ်ထဲက ရှီးနန်ဝမ်သည်လည်း ချောမောခန့်ညားနေဆဲပင်၊ သို့သော် မည်သည့်အဝတ်အစားမှ လွှမ်းခြုံမထား။ ပန်းဥယျာဥ်ထဲတွင် အေးဆေးစွာမှီလှဲနေကာ ဘေးပတ်ပတ်လည်တွင်လည်း ညှို့အားပြင်းလှသော ကညာပျိုမဒီလေးများ ခြံရံနေလို့၊ ခန္ဓာများကလည်း နွဲ့နှောင်းသွယ်လျနေလို့။ ကြည့်ရသည်မှာ အတော်ပင် ပျော်ရွှင်မြူးတူးနေကြဟန်ရပေသည်။

သို့နှင့် နုနယ်ပျိုမျစ်သော ဧကရာဇ်ငယ်လေးမှာ ထိုစာအုပ်ကို အေးစက်တည်ကြည်စွာကိုင်လိုက်ပြီးနောက် မီးစနှင့် တို့လိုက်ကာ တစ်ခါတည်း လောင်ကျွမ်းပြာကျလိုက်စေ၏။

******

သွမ့်ယောင်လည်း ထိုအခြင်းအရာကို ခေါင်မိုးထက်မှနေကာ မြင်နေရ၏၊ ထို့နောက် ခေါင်မိုးအုပ်ကြွပ်ပြားကို ဖြည်းဖြည်းချင်း နေရာတကျ ပြန်ဖုံးထားလိုက်သည်။ ထို့နောက် ခေါင်မိုးထက်လှဲလိုက်နေကာ ကြယ်တာရာများကိုကြည့်နေရင်း နောင်တော်ဖြစ်သူအတွက် ဝမ်းနည်းကြေကွဲနေသည်။ အပယ်ခံနန်းတွင်ရှိနေသော မေဟွားပင်ကိုပါ ဒီကနေပါ လှမ်းမြင်နေရ၏။

သူ့နေရာဟောင်းမှာ ပြန်လာစိုက်ခံရဖို့တော့ ကြာဦးမယ်ထင်ပါတယ်။

********
Ch - 67 (To be continued)

2020.08.29.


***********

အခန္း - ၆၇ (မေသေအာင္သာ အရင္ႀကိဳးစားရမယ္)

[ေနာက္ပိုင္းက်ရင္ ထ်ဲန္းခ်န္ရွားကို ရွာေတြ့ခ်င္ရွာေတြ့ႏိုင္မွာေပါ့]

===============================

တစ္နာရီၾကာၿပီးေသာ္ ရဲမက္မ်ားက အခ်ဳပ္ခန္းတစ္ခန္းခ်င္းစီမွ စာလႊာမ်ားကို စုစည္းၿပီးဆက္သေပးလာရာ စားပြဲေပၚတြင္ စကၠူအထပ္လိုက္ႀကီးပံုေအာေနေပ၏။

သြမ့္ေယာင္လည္း ထိုဝန္ခံခ်က္စာလႊာမ်ားကို လိုက္ပါေမႊေနွာက္ၾကည့္ၿပီးေနာက္ သက္ျပင္းခ်လာသည္။

"ဒါက ဝန္ခံခ်က္ေရးေနတာလား၊ ဝတၴုေရးေနတာလား"

မည္သို႔ပင္ဖတ္ၾကည့္ပါေစ၊ လူတိုင္းက တစ္စံုတစ္ခုကို လ်ိႈ႔ဝွက္ထားသလိုပင္။ ထို႔အျပင္ ထိုလ်ိႈ႔ဝွက္ခ်က္ဆိုသည္ကလည္း မနညးမေနာ ျဖစ္ေန၏။

"အဘိုးေရာ ဖတ္ၾကည့္ခ်င္ေသးလား"

ခ်ူယြမ္က အဘိုးရႊမ္ထ်ဲန္းအားေမးလာသည္။ အဘိုးက ေခါင္းခါျပလိုက္ကာ -

"အရွင္မင္းျမတ္ ကြၽန္ေတာ္မ်ိဳးကို ဖတ္ရႈေစလိုတဲ့စာလႊာေတြက်မွပဲ ဖတ္ပါရေစဘုရား"

အႏွီေခ်ာင္ယာသားမ်ား၏ စိတ္ေနသေဘာထားမ်ားအတြင္း နက္ရိႈင္းစြာအျမစ္တြယ္ေနေသာ လ်ိႈ႔ဝွက္ခ်က္မ်ားမွာ ဧကန္ပင္ ဆိုးသြမ္းယုတ္မာေလာက္ေသာအေၾကာင္းမ်ားျဖစ္ၾကမည္မို႔ ဖတ္လိုက္လ်ွင္လည္း စိတ္ႏွလံုးကို ညစ္ႏြမ္းကာ အကုသိုလ္မ်ားေစမည္မွာအမွန္။ မဖတ္တာကမွ ပိုေကာင္းေသး၏။

သြမ့္ေယာင္ကေတာ့ ဆီမီးတိုင္ကို မိမိအနားတိုးလာလိုက္ကာ ခ်ူယြမ္ႏွင့္အတူ ထိုစာလႊာမ်ားကို ဖတ္ေန၏။ ဖတ္ရင္းဖတ္ရင္း ရယ္ရမလား ငိုရမလားပင္မသိေတာ့။ တစ္ေယာက္ေသာသူ ေရးထားေသာစာကိုသာ ဖတ္ၾကည့္ေပေတာ့၊ သူ႔ငွက္ကေလး မပ်ံႏိုင္ေတာ့သည့္(ပန္းေသသည့္)အေၾကာင္းကို ေရးသားထားသတဲ့။

ဒါမ်ိဳးမွာ လ်ိႈ႔ဝွက္ခ်က္ဟုဆိုႏိုင္ေသာ္ျငား တျခားမည္သူက ဤလ်ိႈ႔ဝွက္ခ်က္မ်ိဳးကို စိတ္ဝင္တစားသိခ်င္မွာတဲ့လဲ၊ သိလိုက္ရင္ေကာ တာ့ခ်ူတိုင္းျပည္အတြက္ ဘာမ်ား အက်ိဳးသက္ေရာက္မည္တဲ့လဲ။

"ဒီဟာကမွ ကိုယ္ေတာ္သိခ်င္တဲ့အေၾကာင္းအရာပဲ"

"ဟင္"

ခ်ူယြမ္က စာတစ္ေစာင္ကိုဖတ္လိုက္ၿပီးေနာက္ သြမ့္ေယာင္အားလွမ္းေပးလာ၏။သြမ့္ေယာင္လည္း အျမန္ပင္ယူလိုက္ကာ အေပၚယံရွပ္ၿပီးဖတ္လိုက္သည္။ ဝန္ခံခ်က္ေရးသားေသာသူမွာ ခ်န္လ်ိဳဟုအမည္ရိွကာ ၾကည့္ရသည္မွာ တစ္ခုခုကိုမွန္းဆႏိုင္ခဲ့ဟန္ရ၏။အျခားသူမ်ားလို အေရးမပါေသာအေၾကာင္းအရာမ်ားကို ပိုပိုလ်ွံလ်ွံေရးသားျခင္းမရိွဘဲ စာမ်က္ႏွာတစ္မ်က္ႏွာတည္းကိုသာေရးသားထားသည္။ စာထဲတြင္ ယြဲ႔မင္ကူပိုးေကာင္အေၾကာင္းကို အေသးစိတ္ေျပာျပထားသည္။

ခ်န္လ်ိဳ၏ ဖခင္မွာ ခ်န္ဟိုင္ဟုအမည္ရိွကာ ေခ်ာင္ယာကြၽန္းေပၚတြင္ အေက်ာ္ၾကားဆံုး ပေယာဂဆရာတစ္ၪီးျဖစ္သည္ဟုဆိုထား၏။ အျခားသူမ်ား၏ ေလးစာၾကည္ညိုမႈကိုလည္း ရခဲ့သူျဖစ္သည္။ တစ္ေန့သ၌ အဘိုးအိုတစ္ၪီးအား ေဆးကုေပးရင္း ထိုအဘိုး၏ခႏၶာကိုယ္ထံမွ ယြဲ႔မင္ကူပိုးေကာင္ကို အခြင့္ရတုန္း ခိုးၿပီးထုတ္လိုက္သည္။ သို႔ေသာ္ ေတာင္ပိုင္းေခါင္းေဆာင္ဆီကို ဘာမွမတင္ျပျဖစ္ဘဲ သူတစ္ေယာက္တည္းကသာ ခိုးဝွက္ၿပီး ေမြးျမဴထားခဲ့သည္။

ကြၽန္းေပၚကေန ရႊမ္ထ်ဲန္းထြက္ေျပးသြားသည့္ေနာက္ ေခ်ာင္ယာကြၽန္းေပၚ က်န္ရစ္ခဲ့ေသာအျခားလူမ်ား၏ ဘဝအေျခအေနကလည္း ဘာမွတိုးတက္မလာခဲ့။ နန္ယန္မွေလွသေဘၤာႀကီးမ်ားလည္း အရင္ကေလာက္ မလာၾကေတာ့၊ ပင္လယ္ဓားျပမ်ားေသာင္းက်န္း၍ လာမဆိုက္ႏိုင္ဟုသာ ဆိုၾကသည္။စားဝတ္ေနေရးမေျပလည္ေတာ့သည့္အဆံုး နန္ယန္သားမ်ားက ေခ်ာင္ယာကြၽန္းသားတစ္ဖြဲ႔ကိုေရြးကာ တာ့ခ်ူတိုင္းျပည္သို႔လႊတ္ၿပီး ဧကရာဇ္ထံမွ ေရႊေငြရတနာမ်ားကို သြားေရာက္ေတာင္းခံေစ၏။

ထိုစဥ္က တာ့ခ်ူတြင္ ေခ်ာင္ယာကြၽန္းအေၾကာင္းကို ပဥၥလက္ဆန္လွၿပီး ဆန္းၾကယ္လွေသာ ပံုျပင္မ်ားသဖြယ္ ​ရည္ၫႊန္းေျပာဆိုတတ္ေလရာ ေခ်ာင္ယာကြၽန္းသားမ်ားအတြက္ နန္းေတာ္ထဲအခစားဝင္ခြင့္ရရန္ သိပ္မခက္ခဲခဲ့လွေပ။ ထိုသတင္းမ်ားကိုအမွီျပဳကာ တတ္ကြၽမ္းထားေသာဂါထာမႏၲရားအခ်ိဳ႕ႏွင့္ ယြဲ႔မင္ပိုးေကာင္ကိုသံုးလိုက္ေတာ့ အရင္ဧကရာဇ္ေဟာင္းကို အသာေလးလွည့္ဖ်ားႏိုင္ခဲ့ရံုသာမက ဂုဏ္ျပဳခ်ီးက်ူးျခင္းခံရကာ ေရႊေငြရတနာမ်ားစြာပါ သဲ့ယူလာႏိုင္ခဲ့သည္။

သို႔ေသာ္ ကြၽန္းေပၚတြင္ တိုက္ခိုက္လုယက္မႈမ်ိဳး ဆက္ျဖစ္လာမည္မွန္း ခ်န္ဟိုင္က ႀကိဳတင္မွန္းဆႏိုင္ခဲ့သည္။ ထို႔ေၾကာင့္ ယြဲ႔မင္ကူပိုးေကာင္ကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔အေရး ၊ ပိုးေကာင္အခ်ိဳ႕ကိုထုတ္ယူလာလိုက္ကာ အခြင့္ေကာင္းကိုေစာင့္ၿပီး ထိုစဥ္က အရင္ဧကရာဇ္ခ်ူ၏ အျမတ္ႏိုးဆံုးသားေတာ္ထံ၌ ပိုးေကာင္မ်ား ျမႇဳပ္ႏွံထည့္သြင္းခဲ့၏။ ထိုမင္းသားငယ္မွာ အိမ္ေရ႔ွစံခ်ူယြမ္ပင္ျဖစ္ကာ ယခုလက္ရိွ တာ့ခ်ူဧကရာဇ္ျဖစ္ေနသူပင္ ျဖစ္ေလသည္။ ခ်န္ဟိုင္၏အျမင္အရ အိမ္ေရ႔ွစံမွာ ေဘးအကင္းဆံုးေသာပစ္မွတ္ျဖစ္ေနခဲ့သည္။ အေၾကာင္းမွာ အိမ္ေရ႔ွစံသာဆိုလ်ွင္ ရဲမက္မ်ားကလည္း ေဘးအႏၲရာယ္မရိွေအာင္ အစြမ္းကုန္ကာကြယ္ေပးၾကမည္ ၊ အျခားသူမ်ားလို ေနရာေဒသေျပာင္းေရႊ့ေနထိုင္ရျခင္းရိွမည္မဟုတ္ေသာေၾကာင့္ ခ်ူယြမ္အသက္ရွင္ေနသေရြ့ ထိုပိုးေကာင္မ်ားလည္း ဆက္လက္ရွင္သန္ေနမည္ျဖစ္သည္။ ျပန္လာယူလိုလ်ွင္ တကူးတကလိုက္ရွာေနစရာမလိုဘဲ ေရႊနန္းေတာ္သို႔သာ ျပန္လာလိုက္ရံုပင္။ ဤသို႔ျပဳလုပ္ထားမွသာ ေနာင္တစ္ခ်ိန္ ေခ်ာင္ယာကြၽန္းေပၚ ဘာအေရးျပႆနာပဲျဖစ္လာခဲ့ျဖစ္လာခဲ့၊ ရတနာေျမပံု၏ ေနာက္ဆံုးသဲလြန္စကေတာ့ လံုးဝေပ်ာက္ပ်က္သြားမည္မဟုတ္ေတာ့ေပ။

သို႔ေပမင့္ ခ်န္ဟိုင္မွာ ကြၽန္းေပၚျပန္ေရာက္ၿပီး ငါးႏွစ္အၾကာ ေရာဂါဘယဆိုးတစ္ခု စြဲကပ္ကာ ေသအံ့မူးမူးအခ်ိန္၌ သားျဖစ္သူခ်န္လ်ိဳကို အနားသို႔ေခၚၿပီး ထိုလ်ိႈ႔ဝွက္ခ်က္မ်ားကို ေျပာျပခဲ့သည္။ ထို႔အျပင္ ဤကြၽန္းေပၚတြင္ ယြဲ႔မင္ပိုးေကာင္ တစ္ပုလင္းစာထပ္ရိွေသးရာ ကိုယ္ႏွင့္မကြာသိမ္းထားႏိုင္လ်ွင္ ပိုေကာင္းမည္ျဖစ္ေၾကာင္းဆိုလာ၏။ တစ္ေယာက္ေယာက္ကမ်ား သံသယရိွ၍ မိမိကိုယ္ကို ေဘးျဖစ္ေစခဲ့လ်ွင္ေတာ့ ဖ်က္ဆီးပစ္လိုက္ပါေလ၊ မည္သို႔ပင္ဆိုေစ တာ့ခ်ူအိမ္ေရ႔ွစံမင္းသားငယ္ေလးသာ သက္ရိွထင္ရွားရိွေနေသးသေရြ့ ယြဲ႔မင္ပိုးေကာင္မွာ ဤေလာကထဲ ေပ်ာက္ပ်က္မသြားေသးဟုပါ မွာၾကားခဲ့ေပ၏။

ခ်န္ဟိုင္၏ စ်ာပနပြဲၿပီးဆံုးသြားေတာ့ ခ်န္လ်ိဳလည္း အရင္ကထက္ ပို၍အေနေအးလာ၏။ နန္ယန္သားေတြေရ႔ွမွာပင္ ေခါင္းအၿမဲငံု႔ ခါးအၿမဲကိုင္းကာ ႏိွမ့္ခ်ရိုက်ိဳးစြာသာ ေနထိုင္ခဲ့သည္။ တစ္ဖြဲ႔တည္းသားမ်ားကပင္ သူ႔ကိုဆိုလ်ွင္ အထင္ေသးအျမင္ေသးၾကသည္။ ထိုသို႔ေနထိုင္ခဲ့သည္ေတာင္မွ ကပ္ေဘးအႏၲရာယ္ကို ေရွာင္ရွားလို႔မရႏိုင္ခဲ့။ နန္ယန္သားမ်ား တစ္ဖြဲ႔ၿပီးတစ္ဖြဲ႔ ကြၽန္းေပၚေရာက္ေရာက္လာၾကကာ ကိုယ္ခံပညာမ်ားအျပင္ အေသးစိတ္လွေသာ အဆိပ္ယႏၲရားအမ်ိဳးမ်ိဳးကိုပါ ေဆာက္လုပ္ခဲ့ၾကသည္။ ထိုလုပ္ေဆာင္ခ်က္မ်ားအားလံုးမွာ တာ့ခ်ူအား ဖ်က္ဆီးရန္သာျဖစ္ေၾကာင္း မ်ားမ်ားစားစားေတြးေနစရာမလိုဘဲ နားလည္ႏိုင္၏။ ေခ်ာင္ယာသားမ်ားမွာ ထိုအျခင္းအရာကိုျမင္ၿပီး ေၾကာက္လန္႔တုန္လႈပ္ေနစဥ္မွာပင္ နန္ယန္သားမ်ားက ဟန္ေဆာင္ထားေသာမ်က္ႏွာဖံုးမ်ားကိုခြာခ်လိုက္ကာ ရုပ္သြင္အစစ္အမွန္ကို လွစ္ဟလာ၏။ ထိုညတြင္ပင္ ေခ်ာင္ယာသားမ်ားအကုန္ တစ္ေယာက္မက်န္ သတ္ျဖတ္ခံခဲ့ရသည္၊ နန္ယန္သားမ်ားႏွင့္ပူးေပါင္းေသာ လူယံုေတာ္မ်ားပင္ မလြတ္ဟုဆို၏။ ခ်န္လ်ိဳႏွင့္ အျခားသူအခ်ိဳ႕ကသာ ယခုလိုရက္မ်ိဳးအတြက္ ႀကိဳတင္ျပင္ဆင္ထားခဲ့သျဖင့္ ထြက္ေျပးလြတ္ေျမာက္လာႏိုင္ခဲ့သည္။ ရုတ္ရုတ္သဲသဲျဖစ္ေနေသာအေတာအတြင္း နန္ယန္ေခါင္းေဆာင္၏ ရင္ေသြးကိုပါ ခိုးယူလာခဲ့သည္ဟု ေရးထား၏။

အစပိုင္းတုန္းက အကူအညီေတာင္းၾကရန္ တာ့ခ်ူၿမိဳ႔ေတာ္သို႔ အေရာက္လာခဲ့ၾကေပမင့္ ထိုနန္ယန္သားမ်ားက ၄တို႔ေနာက္ကို အမီေျခရာခံႏိုင္ၾကကာ ဆန္းနန္ၿမိဳ႔စားယြီရႉးကိုပါလာဘ္ထိုးၿပီး သူတို႔အား ဖမ္းဆီးခိုင္းခဲ့သည္။ ယြီရႉးက ေဖးလြမ္ၿမိဳင္နန္းႏွင့္ပါ လက္တြဲပူးေပါင္းခဲ့သျဖင့္ သိုင္းေလာကအႏွံ႔ သူတို႔အားဖမ္းဆီးရန္ သတင္းျဖန္႔ထားျခင္းခံခဲ့ရျပန္သည္။

ထူပူက်ဲ့မွာ စိတ္ထင္ရာစိုင္းတတ္ေသာလူတစ္ေယာက္ျဖစ္ေသာ္ျငား သိုင္းပညာအဆင့္ျမင့္မားေနေပရာ ခ်န္လ်ိဳႏွင့္ထိပ္တိုက္ ရင္ဆိုင္ရစဥ္ သတိမထားမိလိုက္ခင္တြင္ ခ်န္လ်ိဳ႕အက်ႌလက္ထဲမွ ယြဲ႔မင္ကူပုလင္းက လႊင့္ထြက္သြားခဲ့သည္။ အေပါင္းအပါမ်ား သတိထားမိမွာ စိုးေသာေၾကာင့္ ခ်န္လ်ိဳေခတၲမ်ွအငိုက္မိသြားစဥ္မွာပင္ ထိုေႂကြပုလင္းမွာ ထူပူက်ဲ့ေျခဖဝါးေအာက္ စိစိညက္ညက္ နင္းေျခခံလိုက္ရၿပီျဖစ္သည္။ မိမိ အႏွစ္ႏွစ္အလလ ေမြးျမဴလာခဲ့ေသာ ထိုပိုးေကာင္မ်ား တစ္မုဟုတ္ခ်င္း ဖ်က္ဆီးခံလိုက္ရသည္ကိုျမင္ေတာ့ ခ်န္လ်ိဳ အေတာ္ပင္ ေဒါသူပုန္ထသြား၏။ သို႔ေသာ္ ဘာမွလည္းမတတ္ႏိုင္သျဖင့္ အံႀကိတ္၍သာ သည္းခံေနခဲ့သည္။ သို႔ႏွင့္ နန္းေတာ္ထဲအခစားဝင္ရဖို႔ကိုသာ ေစာင့္ေမ်ွာ္ေနခဲ့ကာ ခ်ူယြမ္ထံမွ ယြဲ႔မင္ပိုးေကာင္ကို ျပန္ထုတ္ႏိုင္မည့္နည္းလမ္းကိုသာ ေတြးဆေနခဲ့သည္။ အႀကံအစည္မ်ားကို ေသခ်ာစနစ္တက်ခ်မွတ္ခဲ့ေသာ္လည္း တကယ့္လက္ေတြ့မွာ သဲထဲေရသြန္သလို အလဟႆျဖစ္သြားေခ်ခဲ့သည္။

သြမ့္ေယာင္ႏွင့္ရႊမ္ထ်ဲန္းတို႔လည္း ထိုစာကိုဖတ္အၿပီး သက္ျပင္းသာခ်ေနၾကေတာ့သည္။ ရတနာေျမပံုတစ္ဝက္သာ က်န္သည့္ကိစၥကိုအသာထား ၊ ဒ႑ာရီလာ ေရႊေတာင္ႀကီးတစ္ခုလံုး တကယ္ပဲ ရွာလို႔ပင္ေတြ့ေတြ့ ၊ ယခုလိုမ်ိဳး ႏွစ္ေပါင္းမ်ားစြာ သတိႀကီးႀကီးထားၿပီး အႏၲရာယ္မ်ားလွေသာ အႀကံအစည္မ်ိဳး ၊ တာ့ခိူအိမ္ေရ႔ွစံထဲ ကူအဆိပ္ပိုးေကာင္ထည့္ရဲသည့္အထိ ႀကံစည္ရဲခဲ့သည္ကိုေထာက္ရလ်ွင္ သူတို႔စိတ္မွာ တကယ္ပင္ ရူးသြပ္ေနခဲ့ေလသလားဟု သံသယဝင္မိေပသည္။

"အရွင္မင္းျမတ္"

တပ္မွဴးက်န္းဝိုင္က ေလ်ွာက္တင္လာ၏။

"အဲ့ဒီေခ်ာင္ယာသားေတြကို ဘယ္လိုစီရင္လိုက္ရမလဲဘုရား"

"တစ္ေယာက္ခ်င္းစီကိုလူခြဲၿပီး အခ်ဳပ္ခန္းထဲမွာပဲ ထားလိုက္ၪီး။ စစ္တကယ္တိုက္ရမယ္ဆိုရင္ သူတို႔ေတြ အသံုးဝင္ခ်င္ဝင္လာႏိုင္တယ္ "

"အမိန္႔ေတာ္ျမတ္အတိုင္းပါ အရွင္"

တပ္မွဴးက်န္းဝိုင္ကလည္း အမိန္႔ေတာ္ကိုနာခံယူလိုက္ကာ အျပင္ထြက္သြား၏။ ခ်ူယြမ္လည္း လက္ထဲမွ စာလႊာမ်ားကို ခ်လိုက္ကာ -

"အခု အေတာ္ေလးအခ်ိန္လင့္ေနၿပီ၊ ဒီေန့ေတာ့ ဒီေလာက္နဲ႔ပဲ ေတာ္ၾကပါစို႔"

"ေက်းဇူးေတာ္ႀကီးျမတ္လွေၾကာင္းပါ"

ရႊမ္ထ်ဲန္းက ထရပ္လိုက္ကာ ေက်းဇူးတင္စကားဆိုလာ၏။

"ေက်းဇူးတင္စရာလား။အဘိုးက ယြင္တာၿမိဳ႔မွာ ေအးေဆးေနလာခဲ့တာကို ကိုယ္ေတာ္ကပဲ လိုက္ေနွာင့္ယွက္ေနခဲ့တာေလ"

"ယြင္တာၿမိဳ႔ထဲမွာပဲေနခဲ့တယ္ဆိုေပမယ့္ ေမြးရပ္ေျမျဖစ္တဲ့ ေခ်ာင္ယာကြၽန္းအေၾကာင္းကို မစဥ္းစားဘဲေနဖို႔ဆိုတာ အေတာ္ခက္ခဲလွပါတယ္၊ ဘယ္လိုေတြထိ ေျပာင္းလဲေနမယ္မွန္း မသိခဲ့ရိုးအမွန္ပါ။ ေနာက္ဆံုးေတာ့ ဒီည ကြၽန္ေတာ္မ်ိဳး စိတ္ႏွလံုးေအးခ်မ္းရပါၿပီ"

"အဘိုးကိုသာမျမင္ခဲ့ရင္ ဟိုလူေတြက ခုထက္ထိ အမွန္အတိုင္းထြက္ဆိုမွာမဟုတ္ဘူး၊ ဆက္ၿပီးလ်ိႈ႔ဝွက္ထားဖို႔ လုပ္ေနၾကၪီးမွာပဲ။ ဘာပဲေျပာေျပာ အျပင္က သူခိုးဓားျပေတြနဲ႔ပူးေပါင္းၿပီး ကိုယ္နဲ႔ေသြးခ်င္းနီးတဲ့ တစ္ကြၽန္းတည္းသားေတြကို ႏိွပ္စက္ခိုင္းခဲ့တာမ်ိဳးက တာ့ခ်ူဥပေဒအတိုင္းသာဆို ေခါင္းဆယ္လံုးရိွရင္ေတာင္ ျဖတ္လို႔မေလာက္ေသးဘူး"

"ကြၽန္းကို ဖ်က္ဆီးလိုက္ရင္ ပိုေကာင္းပါလိမ့္မယ္ဘုရား"

အဘိုးအိုရႊမ္ထ်ဲန္းက ေဝ့ဝဲတက္လာေသာ မ်က္ရည္စမ်ားကိုသုတ္လိုက္ကာ သက္ျပင္းအရွည္ႀကီးခ်လိုက္ၿပီးမွ ဆက္ေျပာ၏။

"တန္ဖိုးမဲ့လွတဲ့ အဲ့ဒီကြၽန္းကို ဖ်က္ဆီးပစ္လိုက္ပါဘုရား ၊ ဒါမွသာလ်ွင္ အျပင္က က်ူးေက်ာ္လာတဲ့လူေတြေၾကာင့္ ညစ္ႏြမ္းရတာမ်ိဳး ဆက္မျဖစ္ေတာ့မွာ။ ေကာင္းကင္ဘံုက ဘိုးေဘးတို႔ရဲ့ဝိညာဥ္ေတြသာ ဒီအေၾကာင္းကိုၾကားသိရရင္ျဖင့္ အေတာ္ပဲ အရွက္ရစရာေကာင္းလွပါတယ္။ ဒီလိုမ်ိဳး ေက်းဇူးကန္းတဲ့ အမိုက္အမဲေတြကို တပည့္သားေျမးအျဖစ္ လက္ခံခ်င္ၾကမွာမဟုတ္ပါဘူးဘုရား"

ခ်ူယြမ္လည္း ရွစ္ဇီကုန္းကုန္းကို ေခၚလိုက္ကာ အဘိုးအိုရႊမ္ထ်ဲန္းအား ျပန္လိုက္ပို႔ခိုင္းေစ၏။

"အရွင္မင္းျမတ္ကေရာ မျပန္ေသးဘူးလား"

ခ်ူယြမ္က စားပြဲေပၚရိွ အစီရင္ခံစာအထပ္လိုက္ႀကီးကိုသာ ၫႊန္ျပလိုက္သည္။

"ဒီမွဴးမတ္ႀကီးေတြကေတာ့လား၊ အားတိုင္းယားတိုင္း တစ္ေယာက္ကို တစ္လိပ္စီ ေအးေဆး ေရးတင္ၾကတယ္။ ဖတ္ရမယ့္ အရွင္မင္းျမတ္ကေတာ့ တစ္ပါးတည္းပဲရိွတယ္ဆိုတာ မသိေလေရာ့သလား "

သြမ့္ေယာင္က စိတ္ပ်က္စြာ ညည္းၫူလာေတာ့ ခ်ူယြမ္ ရယ္ေမာမိသြားသည္။

"ကိုယ္ေတာ္က ဧကရာဇ္ေလကြယ္၊ ဒီလိုအလုပ္မ်ိဳးေတြ လုပ္ရမွာေပါ့။ ညည္းၫူခြင့္မွ မရိွပဲ"

"ဒါေပမယ့္ ခုလိုမ်ိဳး ညတိုင္းညတိုင္း အပင္ပန္းခံလို႔မျဖစ္ဘူးေလ"

သြမ့္ေယာင္က ေခတၲမ်ွရပ္နားလိုက္ကာ ေသခ်ာေတြးၿပီးမွ ဆက္ေျပာ၏။

"ေနာင္ေတာ္သိသြားရင္ ရင္နာေနရပါၪီးမယ္ဘုရား"

ခ်ူယြမ္ မ်က္ခံုးမ်ားပင့္သြား၏။ သြမ့္ေယာင္က ဆက္ေျပာသည္။

"ဒါေၾကာင့္ ျပန္ၿပီး အနားယူလိုက္ပါေတာ့ေနာ္"

"မနက္ျဖန္မနက္က် ကိုယ္ေတာ္ျမတ္နဲ႔အတူတူ ညီလာခံတက္မလား"

ခ်ူယြမ္ သူ႔စကားကိုျပန္မေျဖဘဲ ေမးခြန္းအသစ္သာျပန္ေမးလိုက္၏။

"ကြၽန္ေတာ္မ်ိဳးလား"

"အင္း"

သြမ့္ေယာင္အေတာ္လန္႔ဖ်တ္သြား၏။

"ကြၽန္ေတာ္မ်ိဳးက ညီလာခံသဘင္မွာ ဘာသြားလုပ္ရမွာလဲဘုရား"

"အေပ်ာ္တမ္း အလည္လိုက္ခဲ့ေပါ့"

"......"

ခ်ူယြမ္က လက္လွမ္းလိုက္ၿပီး သြမ့္ေယာင္အက်ႌကို ေသသပ္ေအာင္ၫွိေပးလိုက္သည္။

"ကိုယ္ေတာ္ျမတ္နဲ႔ ရွီးနန္ၾကားဆက္ဆံေရးက သူတို႔ထင္သလိုမဟုတ္ဘူးဆိုတာ ျပခ်င္ရံုပါ။ မင္း ဘာမွလုပ္စရာမ​လိုဘူး၊ ဘာမွဝင္ေျပာစရာလည္းမလိုဘူး၊ ကိုယ္ေတာ့္ေနာက္မွာသာ ဒီတိုင္းရပ္ေန"

"ဟုတ္ကဲ့"

သြမ့္ေယာင္ အတန္ၾကာစဥ္းစားၿပီးခါမွ လက္ခံလိုက္၏။ နန္းတြင္းေရးရာအမႈကိစၥမ်ားကို သူ တစ္စက္မွစိတ္မဝင္စားေသာ္လည္း မရီးေတာ္က ႏႈတ္ႁမြက္ေတာင္းဆိုလာမွေတာ့ ေရႊနဂါးပလႅင္ေနာက္မေျပာေလႏွင့္၊ ညီလာခံသဘင္ေခါင္မိုးထက္ တက္ေနပါဆိုလည္း ဘာမွေစာဒကမတက္ပါေပ။

ေနာင္ေတာ္သာ ျမန္ျမန္လက္ထပ္ရရင္ ပိုေကာင္းမည္။ မဂၤလာပိုးထည္နီ ၀ယ္ထားသည္မွာလည္း ၾကာေညာင္းလွၿပီမို႔ စိုထိုင္းဆေၾကာင့္ ပိုးကိုက္သြားမျွဖင့္ ​ႏွေျမာစရာေကာင္းေပေတာ့မည္။

******
သို႔ႏွင့္ ေနာက္တစ္ေန့မနက္ေရာက္ေတာ့ ခ်ူယြမ္ေဘးနားရပ္ေနေသာ ၊ လက္စြဲေတာ္ဓားကို ခါးထက္ခ်ိတ္ထားသည့္ လုလင္ပ်ိဳေလးတစ္ၪီးကိုျမင္ေတာ့ ညီလာခံသဘင္ထဲက မွဴးႀကီးမတ္ရာမ်ားအားလံုးမွာ အတံုးအရုန္း မ်က္စိျပာကာ မူးေဝကုန္ၾကသည္။

အခုရက္ပိုင္း ဧကရာဇ္အရွင္ ဘာမ်ားျဖစ္ေနသလဲေနာ္။ အစကေတာ့ ရွီးနန္ဝမ္ရိွရာ ဆူးဟြိုင္ေတာင္နန္းဆီသြားၿပီး ေဆြးေနြးတိုင္ပင္ၾကတယ္တဲ့၊ ၿပီးေတာ့ အဲ့ေတာင္နန္းကေန ရက္အၾကာႀကီးေနလို႔ေတာင္ တစ္ဖဝါးမွ ျပန္ခြာမလာဘူး။ အခုလည္း သြမ့္ေရွာင္ဝမ္ရယ္ကိုပါ လက္နက္ကိုင္ေဆာင္ခြင့္ျပဳျပီး ညီလာခံတက္ခိုင္းေစတယ္။ ပိုဆိုးတာက ေဘးနားမွာကို ရပ္ထားခိုင္းတာပဲ။ ၾကည့္ရတာအရွင္မင္းျမတ္နဲ႔လည္း အေတာ္ႀကီး ခင္မင္ရင္းႏွီးေနျပန္တယ္ ၊ ဒါက ဘာေတြလဲ။

ကလိမ္ကက်စ္က်ကာ မာယာေထျြပားလွေသာ မဟာေသနာပတိ အမတ္မင္းလ်ိဳယီ့ဆြီသည္ပင္ ဧကရာဇ္အရွင္၏ အေတြးအႀကံကို လိုက္ၿပီး မခန္႔မွန္းတတ္ေတာ့။ ရွီးနန္ဝမ္ႏွင့္ ဧကရာဇ္တို႔ႏွစ္ေယာက္ၾကား ကတိကဝတ္ျပဳထားေသာ အေရးကိစၥေၾကာင့္ျဖစ္လိမ့္မည္ဟုသာ ယူဆထားလိုက္ၾကသည္။ သို႔မဟုတ္ပါက လ်ိႈ႔ဝွက္သေဘာတူညီခ်က္တစ္ခုခု ျပဳထားလို႔လည္းျဖစ္ႏိုင္သည္ပင္။ ထိုသို႔ဆိုလ်ွင္ အနည္းဆံုး ဒီရက္ပိုင္းအတြင္းေတာ့ တာ့ခ်ူႏွင့္ရွီးနန္ၾကား တင္းမာစရာအေရးကိစၥ ေပၚမလာေလာက္ေပ။

******

လမ္းေဘး၌ ဝတၴုစာအုပ္မ်ားေရာင္းခ်ေနၾကေသာ ကုန္သည္ႀကီးတို႔မွာ ေရွးအစဥ္အဆက္ကပင္ ဤေရႊၿမိဳ႔ေတာ္ထဲ သတင္းအခ်က္အလက္အစံုလင္ဆံုး လူသားမ်ားျဖစ္ၾကသည္။ မည္သည့္အေျခအေနမ်ိဳးကိုမဆို အက်ိဳးအျမတ္ရရိွေအာင္ ေျပာင္းလဲဖန္တီးယူႏိုင္ေသာသူမ်ားျဖစ္ၾကေသးသည္။ ဤအေၾကာင္းေၾကာင့္ပင္ ပံုျပင္မ်ားထဲက ရွီးနန္ဝမ္၏ရုပ္ပံုမွာ အေတာ္ပင္တိုးတက္လာသည္၊ အနည္းဆံုးေတာ့ ရုပ္ရည္ပိုမိုေခ်ာေမာလာကာ ခႏၶာကိုယ္ကလည္း ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ႀကီးႏွင့္ ၾကည့္ရျမင္ရသူမ်ားအား မ်က္စိပသာဒျဖစ္ေစလွသည္။

ရွစ္ဇီကုန္းကုန္းကိုယ္တိုင္ နန္းေတာ္အျပင္ဘက္ထြက္လာကာ အသစ္စက္စက္ထြက္ရိွထားေသာ စာအုပ္ဆယ္အုပ္ေလာက္ကို ကိုယ္တိုင္ကိုယ္က် ေရြးျခယ္ဝယ္ယူေန၏။ ထို႔ေနာက္ ေတာ္ဝင္စာၾကည့္ေဆာင္ထဲ အကုန္အစင္ သြားေရာက္စီထားကာ ဆက္သထားရသည္္။

ခ်ူယြမ္က စာအုပ္ႏွစ္အုပ္ေလာက္ကို လွန္ေလွာၾကည့္လိုက္သည္။ ဇာတ္လမ္းအသြားအလာကို အင္မတန္မွကြန္႔ျမဴးထားေသာ္ျငား ပံုတူပန္းခ်ီမွာေတာ့ ရွီးနန္ဝမ္ႀကီးမွာ အေတာ္ပင္ ေမတၲာတရားျပည့္ဝၿပီး စိတ္ထားႏူးညံ့လွေသာအသြင္ဟန္ပန္ျဖစ္ေနေပ၏။စကၠူေပၚတြင္ ေရႊေရာင္ဟပ္ေသာအမႈန္မ်ားပါႀကဲထားေလရာ ညအခါ ဆီမီးေရာင္ေအာက္ဖတ္လ်ွင္ အေရာင္တလက္လက္ထင္ဟပ္ၿပီး အမတနတ္ဘုရားတစ္ပါးေလလားဟုပင္ ထင္မွတ္မွားရေစေပသည္။

ဧကရာဇ္အရွင္ အေတာ္ေလး စိတ္လက္ၾကည္လင္လာသည္ကို ေတြ့ရေတာ့မွ ရွစ္ဇီလည္း စိတ္ေအးသြားကာ တံခါးမ်ားကို ျဖည္းညင္းစြာ ေစ့ေပးလိုက္သည္။ ထို႔ေနာလက္မ်ားကို အက်ႌလက္ထဲ ထည့္ထားကာအျပင္ဘက္တြင္ ရပ္ေန၏။

ေက်းဇူးျပဳျပီး ဘယ္အမတ္မင္းကမွ အစီရင္ခံစာ လာမတင္ပါေစနဲ႔။ တစ္ေန့ပတ္လံုး နန္းတြင္းေရးရာ အမႈကိစၥေတြကို ဒိုင္ခံေျဖရွင္းေနရရွာတာ၊ ဒီလိုမ်ိဳး ေအးေအးေဆးေဆး နားရတာမ်ိဳး အရမ္းရွားတာမို႔ နားခြင့္ျပဳလိုက္ၾကပါၪီး။

*****

ခ်ူယြမ္က သၾကားမုန္႔ခ်ိဳကို ကိုက္စားလိုက္ရင္း တတိယေျမာက္စာအုပ္ကို လွမ္းယူလိုက္သည္။ စာအုပ္ကိုလွန္ၾကည့္လိုက္ေတာ့ ခ်က္ခ်င္းပင္ မ်က္ႏွာရႈံ႔မဲ့သြား၏။ ဒီစာအုပ္ထဲက ရွီးနန္ဝမ္သည္လည္း ေခ်ာေမာခန္႔ညားေနဆဲပင္၊ သို႔ေသာ္ မည္သည့္အဝတ္အစားမွ လႊမ္းၿခံဳမထား။ ပန္းဥယ်ာဥ္ထဲတြင္ ေအးေဆးစြာမွီလွဲေနကာ ေဘးပတ္ပတ္လည္တြင္လည္း ၫွို႔အားျပင္းလွေသာ ကညာပ်ိဳမဒီေလးမ်ား ၿခံရံေနလို႔၊ ခႏၶာမ်ားကလည္း ႏြဲ႔ႏွောင္းသြယ္လ်ေနလို႔။ ၾကည့္ရသည္မွာ အေတာ္ပင္ ေပ်ာ္ရႊင္ျမဴးတူးေနၾကဟန္ရေပသည္။

သို႔ႏွင့္ ႏုနယ္ပ်ိဳမ်စ္ေသာ ဧကရာဇ္ငယ္ေလးမွာ ထိုစာအုပ္ကို ေအးစက္တည္ၾကည္စြာကိုင္လိုက္ၿပီးေနာက္ မီးစႏွင့္ တို႔လိုက္ကာ တစ္ခါတည္း ေလာင္ကြၽမ္းျပာက်လိုက္ေစ၏။

******

သြမ့္ေယာင္လည္း ထိုအျခင္းအရာကို ေခါင္မိုးထက္မွေနကာ ျမင္ေနရ၏၊ ထို႔ေနာက္ ေခါင္မိုးအုပ္ႂကြပ္ျပားကို ျဖည္းျဖည္းခ်င္း ေနရာတက် ျပန္ဖံုးထားလိုက္သည္။ ထို႔ေနာက္ ေခါင္မိုးထက္လွဲလိုက္ေနကာ ၾကယ္တာရာမ်ားကိုၾကည့္ေနရင္း ေနာင္ေတာ္ျဖစ္သူအတြက္ ဝမ္းနည္းေၾကကြဲေနသည္။ အပယ္ခံနန္းတြင္ရိွေနေသာ ေမဟြားပင္ကိုပါ ဒီကေနပါ လွမ္းျမင္ေနရ၏။

သူ႔ေနရာေဟာင္းမွာ ျပန္လာစိုက္ခံရဖို႔ေတာ့ ၾကာၪီးမယ္ထင္ပါတယ္။

********
Ch - 67 (To be continued)

2020.08.29.

















Continue Reading

You'll Also Like

33.4K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
247K 24K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...