[ခွေးသွေးတစ်ခွက်လောက် လာဖျန်းလိုက်စမ်းပါ]
================================
အတန်ကြာလေးဖင့်နေပြီးနောက် အဘ်ိုးအိုရွှမ်ထျဲန်းလည်း ရွှေနန်းတော်သို့အတူလိုက်ပါသွားရန် သဘောတူလိုက်၏။
"ကျေးဇူးအများကြီးတင်ပါတယ်၊ အဘိုး"
ချူယွမ်က ဆက်ဆို၏။
"ဒါဆိုရင် အခု ကိုယ်တော်မြတ်ပြန်လိုက်ပါဦးမယ်။ ဒီနေ့ အနှောင့်အယှက်လာပေးမိတာကို စိတ်မရှိပါနဲ့"
"ဒီနန်းဆောင်မှာ ဆယ်နှစ်ကျော်ကြီးများတောင် အလကားစားသောက်နေထိုင်လာခဲ့တာပါဘုရား။ တစ်ခုခုတော့ တုံ့ပြန်ကျေးဇူးဆပ်သင့်ကြောင်းပါ"
"ညနေခင်းကျရင် အဘိုးကို စမ်းသပ်စစ်ဆေးကြည့်ဖို့ တော်ဝင်သမားတော်တွေ ကိုယ်တော်လွှတ်ပေးလိုက်မယ်၊ ဆေးကုသမှုခံယူဖို့ ထပ်ပြီးမငြင်းဆန်ပါနဲ့တော့"
ရွှမ်ထျဲန်းလည်း အသာငြိမ်နေ၏၊ ဘာမှတော့ပြန်မပြော။သွမ့်ယောင်ကတော့ ချူယွမ်နှင့်အတူ လိုက်မပြန်သေးဘဲ ထိုနေရာ၌သာ ရပ်နေချေ၏။
"ငါ့ကိုမေးစရာရှိလို့လား၊ ကောင်လေး"
"မရှိပါဘူး၊ အဘိုးနဲ့ အဖော်လုပ်ပေးချင်ရုံပါ"
ရွှမ်ထျဲန်းက ပြုံးလိုက်သည်။
"ငါ့ကိုယ်ငါ အဆုံးစီရင်လိုက်မှာစိုးလို့လား"
သွမ့်ယောင်က ဆိတ်ဆိတ်နေခြင်းဖြင့်သာဝန်ခံလိုက်၏။
ဤမျှရက်စက်ကြမ်းတမ်းလှသော ဘဝနောက်ကြောင်းကို ချက်ချင်းကြီးဖော်ထုတ်ခံလိုက်ရတော့ အရင်ကလို ငြိမ်းငြိမ်းချမ်းချမ်းမနေနိုင်လောက်တော့။ ထို့အပြင် အတိတ်ကဖြစ်ရပ်တွေကိုပါ ပြန်လည်ရင်ဆိုင်ရန် တွန်းအားပေးခံရသေးသည်။ ဤအသက်အရွယ်ရောက်တော့မှ ဒီလိုအရှုပ်အထွေးနှင့် ပြန်လည်ပတ်သက်ရမည်မို့ အဘိုးအိုကို သွမ့်ယောင် စိတ်မပူဘဲမနေနိုင်။
ရွှမ်ထျဲန်းက အင်္ကျီလက်ထဲနှိုက်ကာ တစ်စုံတစ်ခုကို ရှာဖွေလိုက်၏။ထို့နောက် လက်ထဲတွင်ပါလာသော ပုလင်းအသေးလေးတစ်ခုကို သွမ့်ယောင်ရှေ့ချလိုက်သည်။
"ဒါက အမောက်နီကြိုးကြာအဆိပ်ပဲ"
"အဘိုး....."
သွမ့်ယောင်စိတ်များ ထူပူသွား၏။
"မနေ့ညနေက ငါလည်း အရာအားလုံးကိုအဆုံးသတ်ချင်ခဲ့တယ်။ နောက်ဆုံးတော့ မွေးရပ်မြေအတွက် စိုးရိမ်ကြောင့်ကြတဲ့စိတ်က အမျှင်မပြတ်နိုင်သေးဘူး၊ ငါထွက်လာပြီးတဲ့နောက် ချောင်ယာကျွန်းမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ သေသေချာချာသိချင်သေးတယ်"
သွမ့်ယောင်က ထိုအဆိပ်ပုလင်းကို လှမ်းယူထားလိုက်၏။
"အဘိုးသိချင်တယ်ဆိုလည်း ကျွန်တော်နည်းလမ်းရှာပြီး ဟိုကျွန်းထိသွားကြည့်ပေးလို့ရပါတယ်ဗျာ"
"အရှင်မင်းမြတ်ကိုလည်း ကတိပေးထားပြီ၊ မင်းကိုလည်း ကတိပေးထားပြီးပြီ။ ငါ့ကိုယ်ငါ အဆုံးစီရင်မှာမဟုတ်တော့တာမို့ စိတ်မပူပါနဲ့"
"အဘိုး၊ ကျွန်တော့်ကို စိတ်မဆိုးဘူးလားဟင်"
သွမ့်ယောင် အရဲကိုးပြီးမေးကြည့်လိုက်တော့-
"မင်းက အရမ်းစိတ်ထားဖြူစင်တဲ့ကလေးပါ။ ငါကျတော့ ဒီအသက်အရွယ်ထိလည်း ရောက်နေပြီ၊ ဘ၀မှာလည်း ဆိုးသွမ်းယုတ်မာတာတွေ အများကြီးလုပ်ခဲ့ဖူးပြီးပြီ၊ ဒီလိုကိစ္စလောက်လေးကိုပုံကြီးချဲ့ပြီး ဒေါသထွက်နေမယ်ဆိုရင် လူကြားလို့တောင်မကောင်းဘူးလေ"
"အင်း၊ အရှင်မင်းမြတ်က တရားမျှတတဲ့ ဧကရာဇ်တစ်ပါးပါ။ အဘိုး စိတ်ဆင်းရဲအောင် တမင်သက်သက် မလုပ်လောက်ပါဘူး"
"အင်း။ ဒါနဲ့ ဒီတစ်ခေါက် တာ့ချူကိုရောက်လာတဲ့ ချောင်ယာလူမျိုးတွေကို မင်းတွေ့လိုက်သေးလား"
"ဟုတ်၊ တွေ့လိုက်ပါတယ်"
သွမ့်ယောင် ခေါင်းညိတ်ပြလိုက်တော့ ရွှမ်ထျဲန်းက ဆက်မေး၏။
"သူတို့က ဘယ်လိုလူစားမျိုးဖြစ်တယ်လို့ မင်းထင်သလဲ"
သွမ့်ယောင် အတန်ငယ်စဥ်းစားပြီးမှ ဖြေလိုက်၏။
"အမှန်အတိုင်းပြောရရင် အဲ့လူတွေ သိပ်ပြီးစိတ်ဓာတ်မကောင်းကြဘူး"
"အင်း၊ ချောင်ယာလူမျိုးတွေဟာ အစကတည်းက စိတ်ထားသေးသိမ်ပြီး အတ္တကြီးကြတယ်၊ ရွှေငွေစည်းစိမ်ကလည်း မက်သေးတယ်၊ ကုန်သည်လှေတွေလည်း အဲ့ကျွန်းကိုဆို လာဆိုက်တာမျိုး သိပ်မလုပ်ကြဘူး။ နန်ယန်သားတွေရောက်လာတော့ အချင်းချင်းကြားက ပဋိပက္ခတွေ ပိုဆိုးလာရော။ တစ်ယောက်နဲ့တစ်ယောက် လိမ်ညာလှည့်ဖျားကြ ၊ ပေါ်တင်ရန်ဖြစ်ဆဲဆိုကြ ၊ ကွယ်ရာမှာလည်း လုယက်သတ်ဖြတ်ကြနဲ့။ နောက်ပိုင်းမျိုးဆက်တွေဆို ပိုပိုပြီး ဆိုးသွမ်းလာကြမှာအမှန်ပဲ"
"ဒါဆိုလည်း အဘိုး ကျွန်တော်နဲ့အတူတူ ရှီးနန်ပြန်လိုက်ခဲ့လေ"
ရွှမ်ထျဲန်းက သဘောကျစွာရယ်မောလိုက်ရင်း ခေါင်းခါပြ၏။ ခဏကြာတော့ မျက်ဝန်းများမှေးစက်သွားကာ တဖြည်းဖြည်းအိပ်ပျော်သွားပြန်သည်။
သို့နှင့် သွမ့်ယောင်လည်း ထိုအိမ်ဝင်းအတွင်းမှာပင်စောင့်နေကာ ညစာအတူစားပြီးခါမှ ပြန်သွား၏။ သို့သော် သူ၏နားနေဆောင်သို့ပြန်ခြင်းမဟုတ်ဘဲ ချူယွမ်၏အိပ်ခန်းဆောင်သို့သွားခြင်းဖြစ်နေသည်။
"သြ၊ သွမ့်ရှောင်ဝမ်ရယ်ပါလား"
စင်္ကြပေါ် ရပ်နေသော ရှစ်ဇီက သူ့အားမြင်တော့ အတော်အံ့သြသွားသည်။
" ဘယ်လိုလုပ်ပြီး ရောက်လာတာလဲခင်ဗျာ၊ အရှင်မင်းမြတ်ကို လျှောက်တင်စရာကိစ္စများ ရှိနေပါသလား"
"အင်း၊ အရှင်မင်းမြတ်ရော စက်တော်ခေါ်သွားပြီလား"
"စက်တော်မခေါ်ရသေးပါဘူး၊ ဟိုးမှာတွေ့လားခင်ဗျာ....ရှောင်ဝမ်ရယ်"
ရှစ်ဇီက ခေါင်မိုးထက်တစ်နေရာကို လက်ညှိုးညွှန်ပြရင်း ဆက်ပြောလာ၏။
"အရှင်မင်းမြတ်က အဲ့ပေါ်မှာထိုင်ပြီး တစ်ခုခုတွေးဆနေပါတယ်"
သွမ့်ယောင်လိုက်ကြည့်လိုက်တော့ တကယ်ကိုပင် ချူယွမ်က အိမ်ခေါင်မိုးထက်ထိုင်နေ၏။
"ကိုယ်တော့်ဆီလာတာ ဘာအကြောင်းရှိလို့လဲ"
ချူယွမ်က သာမန်အဝတ်အစားကိုသာ ၀တ်ထားသည်။ ဖြာကျနေသော လရောင်အောက်
ပြုံးပြလာသော ထိုအပြုံးမှာ အလွန်ပင်လှပလွန်းသည်။ မည်သည့်စကားနှင့်မှ သီကုံးဖွဲ့ဆိုလို့မမီနိုင်လောက်ကိုပင် လှနေလွန်းသည်။
သွမ့်ယောင်လည်း ခေါင်မိုးထက်သို့ ခုန်တက်သွားသည်။
"ထိုင်လေ။ ဒီမှာက အခန်းထဲထက် ပိုအေးတယ်၊ရှုခင်းလည်း ပိုလှတယ်"
"အရှင်မင်းမြတ်လည်း သူများတွေလို ခေါင်မိုးပေါ် တက်ထိုင်လို့ရတယ်လား ဘုရား"
"ထုံးတမ်းစဥ်လာအားဖြင့်တော့ မရပါဘူး။ ပုရောဟိတ်အမတ်ကြီးဆီ မင်းသွားမပြောပြသရွေ့ ကိုယ်တော့်ကို ဣန္ဒြေပျက်ယွင်းပါတယ်လို့ ဘယ်သူကမှ လာပြောရဲမှာမဟုတ်ဘူး"
"ဟုတ်၊ ကျွန်တော်မျိုး သွားမပြောပါဘူး"
သွမ့်ယောင်က ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ချူယွမ်က ဘေးနားရှိ အရက်ကရားကို ယူလိုက်ကာ ရှစ်ဇီကိုလည်း နောက်ခွက်တစ်လုံးယူလာပေးစေသည်။
"ဒါက ဖေးရှေအရက်မဟုတ်လားဘုရား"
ရင်းနှီးသောအနံ့ကြောင့် သွမ့်ယောင်မှန်းဆကြည့်လိုက်သည်။
"အင်း၊ ရှီးနန်စံအိမ်တော်က ပို့လာပေးတာပဲလေ။ အရမ်းချိုတယ်"
"နောင်တော်ကတော့ ဆွေရိုးအရက်ကို ကြိုက်တယ်"
ချူယွမ်ပေးလာသော အရက်ခွက်ကို လှမ်းယူလိုက်ပြီး သွမ့်ယောင်ဆက်ပြော၏။
"ဖေးရှေအရက်က အရမ်းပေါ့တယ်ဆိုပြီး သူကမကြိုက်ဘူး။ ဒါပေမယ့် နှစ်တိုင်းနှစ်တိုင်း ဖေးရှေပန်းတွေကို ခူးဖို့သက်သက်နဲ့တင် ရေခဲဂူဗိမာန်ကနေ အလောတကြီးထွက်ထွက်လာပြီး ပန်းသွားကောက်တယ်။ သူကြိုက်ပါတယ်ဆိုတဲ့ ဆွေရိုးအရက်အိုးတွေကတော့ ဒီတိုင်းပဲ လျစ်လျူရှုခံရတယ်ရယ်"
ချူယွမ်တစ်ယောက် လက်ထဲမှအရက်ခွက်ကိုမော့ကာ တစ်ခါတည်းအကုန်သောက်ပစ်လိုက်လေ၏။
"ကျွန်တော်မျိုး တစ်ခုလောက်မေးလို့ရမလား"
သွမ့်ယောင် အနည်းငယ်တော့ တုံ့ဆိုင်းနေ၏။ ချူယွမ်က လက်ထဲကခွက်ကို ချလိုက်ကာ -
"မင်းကို ညီအရင်းအချာတစ်ယောက်လို သဘောထားပါတယ်လို့ ကိုယ်တော်ပြောပြီးသားပဲ။ ဘာပဲလုပ်လုပ် ဘာပဲပြောပြော အားလုံးရတယ်၊ ဒီလိုမျိုး ထိန်းချုပ်ထားစရာမလိုဘူး"
"မနေ့က ပင်လယ်စာတွေကို အထူးတလည်ပြင်ဆင်ချက်ပြုတ်ခိုင်းပြီး အဘိုးရွှမ်ထျဲန်းကို သွားကျွေးခိုင်းတဲ့ကိစ္စပါ"
ချူယွမ် လွှတ်ခနဲရယ်မောမိသွား၏။
"မေးမယ်ဆိုတာ ဒီကိစ္စလား။ ဘယ်နေရာကိုများ စဥ်းစားလို့မရတာတဲ့တုန်း"
"အရှင်မင်းမြတ်က သူ့ရဲ့နောက်ကြောင်းအစစ်အမှန်ကိုသိထားတယ်၊ သိထားကြောင်းကိုလည်း သွယ်ဝိုက်ပြောပြလိုက်တယ်ဆိုတော့ သူ့ကိုယ်သူ အဆုံးစီရင်သွားမှာမကြောက်ဘူးလားဟင်။ အဘိုးရဲ့အင်္ကျီလက်ထဲမှာ အမောက်နီကြိုးကြာဆေးပါ ရှိနေတယ်။ တကယ်လို့များ မနေ့က သူသာ အဆုံးစီရင်သွားရင် ဒီနေ့သွားလိုက်လည်း ဘာအကြောင်းမှ ဆက်မေးလို့ရမှာမဟုတ်တော့ဘူးမလား"
သဲလွန်စရဖို့ အရမ်းကြိုးစားခဲ့ရတာဆိုတော့ အဖိတ်အစင်မရှိအောင် ပိုပြီးတော့တောင် ဂရုစိုက်မယ်လေ။
"ဒီလောကမှာ လူ့စိတ်က အရမ်းနက်နဲရှုပ်ထွေးတယ်၊ မင်းမေးလိုက်ရင်တောင် သူအမှန်အတိုင်းဖြေချင်မှဖြေလိမ့်မယ်"
"အင်း"
"တောင်ပိုင်းအစားအစာတွေကိုတွေ့လိုက်ကတည်းက သူ့ရဲ့နောက်ကြောင်းကိုသိတဲ့လူရှိမှန်း သူ သေချာပေါက် နားလည်သွားပြီ။ အဲ့တော့ အဆုံးစီရင်မလား၊ ထွက်ပြေးမလား၊ ဒီနန်းဆောင်မှာပဲ ဆက်နေမှာလားလို့ပဲ ရွေးစရာကျန်တော့တယ်။ အရှေ့နှစ်ခုကိုသာ သူရွေးလိုက်ရင်တော့ သူ့ကို ကိုယ်တော်က အတင်းအကျပ် ဆက်နေခိုင်းရင်တောင်၊ အလွန်ဆုံး သူချစ်တဲ့လူကိုသုံးပြီး သူ့က်ုဖိအားပေးလာရင်တောင် သူအမှန်အတိုင်းထွက်ဆိုပါတယ်လို့ ကိုယ်တော်ယုံကြည်လို့မရပြန်ဘူး။ ချောင်ယာကျွန်းက ပြင်ပလောကနဲ့ နှစ်ရာချီပြီး ကင်းကွာနေတာဆိုတော့ သူပြောတာမှန်သလားမှားသလားဆိုတာ ၊ အပြင်လူတစ်ယောက်အနေနဲ့ ဝေဖန်ပိုင်းခြားဖို့ ခက်တယ်"
သွမ့်ယောင် ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ဆက်ဆို၏။
"သူ ဒီမှာဆက်နေဖို့ရွေးလိုက်ရင်တောင် အမှန်အတိုင်းပြောချင်မှပြောမှာပေါ့"
"သူ မုသားပြောဆိုဖို့ ဖြစ်နိုင်ခြေတစ်ဝက်ပဲရှိတယ်၊ တစ်ဝက်ကတော့ အမှန်တွေပဲ။ အဲ့လိုဖြစ်ခဲ့ရင်တောင် သူသာ ကိုယ်တော့်ဘက်ကို ပါဝင်ပူးပေါင်းမယ်ဆိုရင် ကျန်တဲ့အမှန်တရားတစ်ဝက်ကို ဖော်ထုတ်နိုင်ဖို့ ကိုယ်တော်တတ်စွမ်းပါတယ်"
သွမ့်ယောင်သိပ်နားမလည်သော်လည်း အင်းဟုသာ ပြန်ထူးလိုက်သည်။
"ရွှမ်ထျဲန်းပြောပြခဲ့တဲ့အကြောင်းအရာတွေက မနေ့ကတည်းက ကိုယ်တော်ထင်မြင်ယူဆထားတာနဲ့ တစ်ထပ်တည်းပဲဆိုတော့ ဒီပွဲမှာ ကိုယ်တော်အနိုင်ရနေပါပြီ။ မင်းလည်း သိုင်းလောကထဲ နှစ်နှစ်သုံးနှစ်လောက် ကျင်လည်လိုက်ရင် ကိစ္စတစ်ခုကြုံလာတဲ့အခါ ဘယ်လိုဆုံးဖြတ်ရမလဲ၊ ဘယ်လိုစိစစ်ရမလဲဆိုတာ သိလာပါလိမ့်မယ်"
သွမ့်ယောင်ကတော့ လက်ဖြင့်မေးကိုထောက်ကာ မျက်မှောင်ကြုံ့နေလျက်။
ဟင့်အင်း၊ သိုင်းလောကထဲ မကျင်လည်ချင်ပေါင်။
"ကဲ....ဒီကိစ္စကို ဆက်မပြောကြကြေး"
ချူယွမ်က အရက်ခွက်ကို ကမ်းပေးလိုက်ရင်း ဆက်ဆို၏။
"အဲ့တော့ ရှီးနန်ကိုဘယ်တော့မှပြန်ဖို့ စိတ်ကူးထားလဲ"
"အစကတော့ မနက်ဖြန်ပြန်မလို့ပါဘုရား။ ဒါပေမယ့် အဘိုးရွှမ်ထျဲန်းသာ ရွှေနန်းတော်ကို လိုက်သွားရင် ကျွန်တော်လည်း လိုက်သွားချင်တယ်"
"ရှီးနန်ကိုမပြန်သေးလို့ကော ရတယ်လား"
ချူယွမ်အမေးစကားတွင် အံ့သြသံစွက်နေ၏။
"ရှစ်ဖူးက နောင်တော့်ဝေဒနာကို ကုသပေးနေတယ်။ နောင်တော်လတ်လည်း ကျွေ့ယင်နန်းကနေ အိမ်ကိုပြန်ရောက်နေပြီဆိုတော့ ကျွန်တော် ရှိရှိ မရှိရှိ ဘာမှထူးမသွားဘူး ။ ပြီးတော့ ရက်ကိုခန့်မှန်းကြည့်လိုက်ရင် ရှစ်ဖူးနဲ့နောင်တော်လည်း လမ်းမှာပဲရှိနေတုန်းဆိုတော့ ချောင်ယာကိစ္စကိုရှင်းပြီးသွားခါမှ အမြန်မြင်းနဲ့ ပြန်သွားလို့လည်း မီပါတယ်ဘုရား"
ချူယွမ် ခေါင်းညိတ်လိုက်၏။
"ရပါတယ်၊ မင်းသဘော....."
ဘေးပတ်ဝန်းကျင်မှာ အတော်ပင်တိတ်ဆိတ်ငြိမ်သက်နေ၏။ သွမ့်ယောင်က အဝေးတစ်နေရာသို့ ငေးကြည့်ရင်း စိတ်လွင့်နေကာ အတော်လေးကြာခါမှ ထပြောလာသည်။
"မင်္ဂလာဝတ်စုံချုပ်ဖို့ ပိုးထည်အနီတွေတောင်......ရှီးနန်စံအိမ်ဘက်က ၀ယ်ထားပြီးသွားပြီ"
ချူယွမ် - "......."
ဟင်....
"အရီးတော်ကျင်းရော တခြားအဘွားတွေရောက နောင်တော့်ကို လက်ထပ်ဖို့ အမြဲတိုက်တွန်းခဲ့ကြတယ်"
"အဲ့တော့ မင်းရဲ့နောင်တော်ကရော ဘယ်လိုပြန်ပြောသတဲ့လဲ"
ချူယွမ်ပြုံးလိုက်ရင်း မေးလာသည်။
"သူ နားပူအောင်တိုက်တွန်းခံရတိုင်း ဟိုးတောင်နောက်ဘက်သွားပြီး အေးရာအေးကြောင်းသွားပုန်းတယ်"
"အရီးတော်ကျင်းဆိုတာ သိုင်းလောကရဲ့ ရွှေအပ်ချည်နတ်မိမယ်ဆိုတဲ့တစ်ယောက်မဟုတ်လား"
"အင်း၊ တစ်အိမ်လုံး ရှိရှိသမျှလူတွေဆို အရီးတော်ကျင်းကို ကြောက်ကြရတယ်။ ရှစ်ဖူးတောင် ကြောက်ရတယ်ရယ်။ အရီးတော်ကျင်း သူ့ကိုခေါင်းဖြီးဖို့ လာတာနဲ့ ခေါင်းကိုလက်နဲ့အုပ်ပြီး တစ်ချိုးတည်းထွက်ပြေးတော့တာပဲ။ အတင်းဖမ်းချုပ်ခံရပြီး ခေါင်းဖြီးပေးခံရမှာစိုးလို့တဲ့။ဆံပင်တွေထွေးနေရင် အရီးတော်က သူ့အားကြီးနဲ့ ဆောင့်ဆောင့်ပြီးဖြီးတာလေ၊ ဦးရေပြားတောင်ကျွတ်ပါသွားမလား စိတ်ပူရတယ်"
"ဟားဟား"
ချူယွမ် သဘောကျစွာ ရယ်မောလိုက်၏။ ထို့နောက် ဆက်ပြောလာသည်။
"နောင်တစ်ချိန်ကျ အခွင့်ရရင် ကိုယ်တော် အလည်ဝင်ခဲ့ပါ့မယ်"
ဘာလို့တုန်း၊ အလည်လာရုံနဲ့ မရဘူးလေ။ အကြာကြီး လာနေသွားမှ ပိုမှန်မှာလေ။
သွမ့်ယောင်က နှာဖျားကိုပွတ်လိုက်ရင်း ဆက်မေး၏။
"နောက်ပိုင်း နောင်တော်နဲ့ အရှင်မင်းမြတ်တို့ လက်ထပ်ပြီးသွားရင်လေ.... နောင်တော့်ကို နန်းတော်ထဲ သွားနေခိုင်းမှာလားဟင်"
"......"
သွမ့်ယောင်က ဒူးလေးပိုက်ပြီးတော့ကို သူ့အားငေးကြည့်လာ၏။
ချူယွမ် ဘာမှမပြောတတ်တော့ဘဲ အရက်ခွက်ကို လက်ထဲလှည့်ပတ်ဆော့ကစားနေသည်။
ဤကိစ္စကို ဒီလိုမျိုး တိုက်ရိုက်လာမေးမည့်သူရှိလာမည်ဟု ချူယွမ် တစ်ခါမှ ထင်မှတ်မထားခဲ့။ ကောင်လေး၏ ယုံကြည်မှုပြင်းထန်လှသော ရိုးသားဖြူစင်လှသည့် ထိုမျက်၀န်းရွှန်းလဲ့လဲ့များနှင့်ကြုံရတော့ အမျက်ထွက်ချင်ရင်တောင် အမျက်ထွက်လို့လည်းမရ။
တစ်အချက်က မသင့်တော်၍ ဒေါသမထွက်ရဲ။ နှစ်အချက်က ဒေါသထွက်လိုက်လျှင် မိမိမှာ ခုနေတစ်မျိုးတော်ကြာတစ်မျိုး ပြောင်းလဲလွယ်လွန်းလှသည်၊ ဦးနှောက်တွင် ပြဿနာရှိသည်ဟု သွမ့်ယောင် ထင်သွားပေမည်။
ခဏကြာတော့မှ ချူယွမ်က ပြန်မေးလိုက်သည်။
"မင်းနောင်တော်ကို အရင်သွားမေးကြည့်လေ၊နောက်ပိုင်းကျ သူဘယ်မှာနေချင်သလဲလို့"
သွမ့်ယောင် ချက်ချင်းပင် ပြုံးပန်းဝေဆာသွား၏။
"ဒါဆိုလည်း ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းသွားမေးလိုက်မယ်"
အိုက်ယား၊ တကယ်မလွယ်ဘူးပဲ။
ဒါပေမယ့် မရီးတော်က လက်မထပ်ဘူးလို့တော့ မငြင်းလိုက်ဘူးပဲ။
ဟာဟ....လက်ထပ်ကြမှာ၊ လက်ထပ်ကြမှာ၊ လက်ထပ်ကြမှာတဲ့။
သွမ့်ယောင်၏ ပျော်ရွှင်မြူးတူးနေသော မျက်နှာကိုမြင်တော့ မိမိမှာ ထောင်ချောက်တွင်း သက်ဆင်းလိုက်ရသလိုဟုပင် ချူယွမ်ခံစားလိုက်ရ၏။ မည်သု့ပင်တွေးတွေး၊ ဤမေးခွန်းမှာ ကြိုတင်အကွက်ချထားခြင်းနှင့်တူလှပေသည်၊ ထိုသူက သွမ့်ယောင်ကို ကြိုတင်မှာကြားပြီး မေးခိငြၽးသည်လည်း ဖြစ်လောက်သည်။
ဘယ်သူက သူနဲ့ လက်ထပ်ချင်နေလို့လဲ။
ချူယွမ် စိတ်ရှုပ်လာကာ အရက်ကို တရစပ် မော့သောက်နေလိုက်သည်။
မေဟွားပင်ကို ပြန်တူးထုတ်ရမယ်၊
ဟုတ်ပြီ။ ဟိုးအဝေးကြီးကို လွှင့်ပစ်လိုက်တော့မယ်။
သွမ့်ယောင်ကတော့ တစ်ယောက်တည်း ပျော်ရွှင်ရယ်မောနေ၏။
နောက်ဆုံးတော့ ရှီးနန်စံအိမ်တော်ကနေ တာ့ချူရဲ့ မိဖုရားခေါင်တစ်ပါး ထွက်လာတော့မှာပဲ။ ဧကရာဇ်နဲ့လည်း ဆွေတော်မျိုးတော်ဖြစ်ရဦးမှာတဲ့၊ ဟဟ။
******
ရှီးနန်အပြန်လမ်းတွင်။
သွမ့်ပိုင်ယွဲ့ အိပ်မောကျနေဆဲဖြစ်၏။မျက်မှောင်များကလည်း ကျုံ့နေလျက်။သူ့ဘေးနားတွင် နန်မော်ယဲ့ ထိုင်စောင့်နေသည်၊ သူကလည်း မျက်မှောင်ကျုံ့နေလျက်။
ရှီးနန်ပိုင်နက်ရောက်သည်ထိ ဘေးမသီရန်မခ ခေါ်လာနိုင်ခဲ့သည်ဆိုပေမင့် ဤဖယောင်းဖြူအခွံကို ခွာလိုက်သည်နှင့်တစ်ပြိုင်နက် ရွှေချည်ပိုးကောင်ကို ရှင်းထုတ်ပစ်ဖို့နည်းကို ချက်ချင်းရှာမှဖြစ်မည်။ ဤရက်ပိုင်းလေးအတွင်း တကယ့်ထျဲန်းချန်ရှားအစစ်ကို ရှာတွေ့ဖို့လုံးဝမဖြစ်နိုင်ပေ။ ထို့ကြောင့် ဗောဓိစိတ္တသိုင်းကို ဂူအောင်းပြီးကျင့်ကြံဖို့သာကျန်တော့သည်။ သို့သော် သူ့တပည့်ကြီးမှာ ရုပ်ရည်ချောမောခန့်ညားသည့်အပြင် အချစ်ကြီးသူဖြစ်သည့်အလျောက် ထိုသိုင်းကိုကျင့်ကြံပြီး လူတစ်ဝက်မိစ္ဆာတစ်ဝက်ဘ၀ရောက်သွားရလျှင် သူချစ်သောသူနှင့် သံယောဇဥ်ဖြတ်ကာ အရှင်လတ်လတ် စိမ်းကားပစ်ရပေမည်။ သွမ့်ပိုင်ယွဲ့အတွက်တော့ အတော်ပင် ရက်စက်လှမည့် နည်းလမ်းပါပေ။
စဥ်းစားရင်းခေါင်းရှုပ်လာတော့ ထိုဖယောင်းဖြူအခွံကြီးကို နန်မော်ယဲ့ သုံးလေးချက်မျှ ပိတ်ထုပစ်လိုက်သည်။
"ဒီကောင်စုတ်လေးကတော့......အဲ့တုန်းက ငါ့စကားကို နားမထောင်ဘဲလုပ်ချင်ရာလုပ်လိုက်တော့ အခုဘယ်နှယ့်တုန်း ၊ ဟမ် ...."
မြင်းလှည်းအပြင်ဘက်မှ လိုက်ပါလာကြသော ရှီးနန်တပ်သားများမှာ အတော်ပင်စိုးရိမ်သွားရှာသည်။
၀မ်ရယ်က ဒီလိုဖယောင်းဖြူအခွံကြီးထဲရှိနေတာတောင် ဆရာကြီးနန်ကို ဒေါသဖြစ်အောင် ဆွနိုင်တုန်းပဲလား။ တောင်းပန်ပါတယ်ဗျာ၊ ကျေးဇူးပြုပြီး ကွဲအောင်တော့ မထုလိုက်ပါနဲ့။
တကယ်တမ်းတော့ တပ်သားများကသာ အတွေးများနေခြင်းဖြစ်သည်။ အဘဟ်ကြောင့်ဆိုသော် ထိုဖယောင်းဖြူပိုးကောင်များက ထုတ်လွှတ်ထားသော ဖယောင်းမျှင်များမှာ အင်မတန်မှကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသလို အတော်လေးခိုင်မာလှပေရာ သုံးလေးချက်တီးသည်ကို အသာထား၊ နှစ်ရက်တိတိ ဆက်တိုက်ထုထောင်းနေလျှင်တောင်၊ သို့မဟုတ် ဤမြင်းလှည်းပေါ်မှ မတော်တဆ လိမ့်ကျသေးလျှင်တောင် ကွဲကြေစရာအကြောင်းမရှိ။
"ဝမ်ရယ်!!!!!!"
တပ်သားများမှာ အတော်လန့်ထိတ်သွားကာ မျက်နှာများပင်ဖြူဆုတ်ကုန်ကြသည်၊ ထို့နောက် မြင်းလှည်းပေါ်မှလိမ့်ကျလာသော သွမ့်ပိုင်ယွဲ့အားငုံထားသည့် ထိုဖယောင်းအခွံကြီးအားချက်ချင်းပင် ဝိုင်းဆယ်ထားလိုက်၏။
အကြောင်းမှာရွှမ်မင်ဟန်ထျဲယ်ဓားမှာ ရုတ်ခြည်းဆိုသလို မိုးပေါ်သို့ ပျံတက်သွားခြင်းဖြစ်ကာ နန်မော်ယဲ့မှာ အစတော့ မှင်သက်နေပေမင့် ချက်ချင်းပင် အမီလိုက်ကာ ပြန်ဖမ်းလိုက်ပြီး မြေပေါ် စိုက်ထားလိုက်သည်၊ ဓားရိုးလက်ကိုင်လေး သေးသေးလေးသာ ပေါ်သည့်အထိ စိုက်မြှုပ်ထားလိုက်၏။
ဝသုန်မြေကြီးမှာ ထိုမိစ္ဆာဓား၏အရှိန်ကြောင့် ပဲ့တင်တုန်ခါသွားလေသည်။ အတော်ဘေးကြာသွားမှ ပြန်ငြိမ်သွားလေ၏
"မိစ္ဆာအဖြစ် ပြောင်းတော့မလို့လား၊ ပြောစမ်း!!!!!"
နန်မော်ယဲ့က ခါးတစ်ဖက်ထောက်ကာ ထိုဓားကြီးကို ဒေါသတကြီး အော်ဟစ်ဆဲဆိုနေလေ၏။ ဘေးမှတပ်သားများကတော့ အသာပင် ရေငုံနှုတ်ပိတ်နေလိုက်ကြသည်။
သွမ့်ပိုင်ယွဲ့ကိုမြင်းလှည်းပေါ်ပြန်သယ်သွားရန် နန်မော်ယဲ့က တပ်သားများအား အချက်ပေးလိုက်သည်၊ ထို့နောက် ဖယောင်းဖြူအခွံကြီး ဘာမှဖြစ်မသွားမှန်း သေချာစစ်ဆေးကြည့်ပြီးမှ စိတ်ချနိုင်လေသည်။
ဖြစ်ပုံမှာ စောနက နန်မော်ယဲ့ ရေဆာလာသဖြင့် ရေထသောက်ရန် ခဏထလိုက်ရုံသာ။ရေကရားရှိရာပင် မရောက်လိုက်သေး၊ ထိုမိစ္ဆာဓားမှာ ရူးနှမ်းဖောက်ပြန်သကဲ့သို့ဖြစ်သွားကာ ထိုဖယောင်းဖြူအခွံကြီးကို ဒုန်းခနဲ ဒုန်းခနဲ လာလာခေါက်၏၊ သို့သော် မာကျောလှသော ဖယောင်းခွံကြောင့် ဓားမှာ အပြင်ဘက် သို့လွင့်စင်သွားသည်။ မိမိသတိမပြုလိုက်သေးခင်မှာပင် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်ချေပြီ။
ဤကိစ္စမျိုး ထပ်မဖြစ်လာဖို့ တပ်သားများကလည်း နတ်မော်ယဲ့ညွှန်ကြားသည့်အတိုင်းတစ်သဝေမတိမ်း ဆောက်ရွက်ကြသည်။ အနီးအနားရှိ အိမ်ငယ်များထံ ခွေး၏သွေးတစ်ခွက်လောက် တောင်းယူလာခဲ့ရန်၊ တာအိုဘုန်းတော်ကြီးတစ်ပါးပါးထံမှ ခွေးသွေးသုတ်ထားသော သစ်ကိုင်းတစ်မျိုး၀ယ်ယူလာရန် ဖြစ်သည်။ ထို့နောက် အနှီပစ္စည်းများကို ဓားနှင့်အတူ ပိုးနီစဖြင့် အတူတကွ တင်းကျပ်နေအောင် ချည်နှောင်ထားလိုက်သည်။
တာ့ချူပြည်သူပြည်သားများမှာ ရိုးသားဖြောင့်မတ်သည့်အပြင် မေတ္တာစေတနာကြွယ်၀သူများဖြစ်ကြလေရာ ထိုသစ်ကိုင်းကိုဝယ်တုန်းကဆိုလျှင် အမြတ်မယူသည့်အပြင် အစီအရင်များလုပ်ရန်ပါ အဆစ်ပေးလိုက်သေးသည်။
"ငြိမ်သက်နေစေ...."
တာအိုဘုန်းတော်ကြီးက ခြေတစ်ဖက်ထောက်ပြီး အမွှေးတိုင်ပြာမှုန့်တို့ဖြင့်ဖျော်ထားသောအရည်များကို ဓားပေါ် မန်းမှုတ်လိုက်သည်၊ ထို့နောက် အင်းစက္ကူတစ်ရွက်ပါ ကပ်လိုက်သေး၏။
"ကောင်းလိုက်တာ၊ ကောင်းလိုက်တာ....."
ဘေးနား ရပ်ကြည့်နေသော ရွာသူရွာသားများကတော့ လက်ခုပ်သြဘာပေးကြသည်၊ ပွဲကြည့်ရသည်က်ို မဝသေးသည့်နှယ်။
လုပ်ပါဦး၊ နောက်တစ်ပွဲလောက် ထပ်လုပ်ပြပါဦး။
မလှမ်းမကမ်းမှာတော့ မြင်းလှည်းကိုစောင့်ကြပ်နေကြသော ရှီးနန်တပ်သားများရှိနေသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားမလည်ကြ။
ဒါက ...ဘာတွေဖြစ်ပျက်နေတာတုန်း။
*******
2020.08.26.
*******
အခန္း - ၆၅ (မိစၧာဓား တစ္ဖန္ႏိုးထျခင္း)
[ေခြးေသြးတစ္ခြက္ေလာက္ လာဖ်န္းလိုက္စမ္းပါ]
================================
အတန္ၾကာေလးဖင့္ေနၿပီးေနာက္ အဘ္ိုးအိုရႊမ္ထ်ဲန္းလည္း ေရႊနန္းေတာ္သို႔အတူလိုက္ပါသြားရန္ သေဘာတူလိုက္၏။
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္၊ အဘိုး"
ခ်ူယြမ္က ဆက္ဆို၏။
"ဒါဆိုရင္ အခု ကိုယ္ေတာ္ျမတ္ျပန္လိုက္ပါၪီးမယ္။ ဒီေန့ အေနွာင့္အယွက္လာေပးမိတာကို စိတ္မရိွပါနဲ႔"
"ဒီနန္းေဆာင္မွာ ဆယ္ႏွစ္ေက်ာ္ႀကီးမ်ားေတာင္ အလကားစားေသာက္ေနထိုင္လာခဲ့တာပါဘုရား။ တစ္ခုခုေတာ့ တံု႔ျပန္ေက်းဇူးဆပ္သင့္ေၾကာင္းပါ"
"ညေနခင္းက်ရင္ အဘိုးကို စမ္းသပ္စစ္ေဆးၾကည့္ဖို႔ ေတာ္ဝင္သမားေတာ္ေတြ ကိုယ္ေတာ္လႊတ္ေပးလိုက္မယ္၊ ေဆးကုသမႈခံယူဖို႔ ထပ္ၿပီးမျငင္းဆန္ပါနဲ႔ေတာ့"
ရႊမ္ထ်ဲန္းလည္း အသာၿငိမ္ေန၏၊ ဘာမွေတာ့ျပန္မေျပာ။သြမ့္ေယာင္ကေတာ့ ခ်ူယြမ္ႏွင့္အတူ လိုက္မျပန္ေသးဘဲ ထိုေနရာ၌သာ ရပ္ေနေခ်၏။
"ငါ့ကိုေမးစရာရိွလို႔လား၊ ေကာင္ေလး"
"မရိွပါဘူး၊ အဘိုးနဲ႔ အေဖာ္လုပ္ေပးခ်င္ရံုပါ"
ရႊမ္ထ်ဲန္းက ၿပံဳးလိုက္သည္။
"ငါ့ကိုယ္ငါ အဆံုးစီရင္လိုက္မွာစိုးလို႔လား"
သြမ့္ေယာင္က ဆိတ္ဆိတ္ေနျခင္းျဖင့္သာဝန္ခံလိုက္၏။
ဤမ်ွရက္စက္ၾကမ္းတမ္းလွေသာ ဘဝေနာက္ေၾကာင္းကို ခ်က္ခ်င္းႀကီးေဖာ္ထုတ္ခံလိုက္ရေတာ့ အရင္ကလို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းမေနႏိုင္ေလာက္ေတာ့။ ထို႔အျပင္ အတိတ္ကျဖစ္ရပ္ေတြကိုပါ ျပန္လည္ရင္ဆိုင္ရန္ တြန္းအားေပးခံရေသးသည္။ ဤအသက္အရြယ္ေရာက္ေတာ့မွ ဒီလိုအရႈပ္အေထြးႏွင့္ ျပန္လည္ပတ္သက္ရမည္မို႔ အဘိုးအိုကို သြမ့္ေယာင္ စိတ္မပူဘဲမေနႏိုင္။
ရႊမ္ထ်ဲန္းက အက်ႌလက္ထဲႏိႈက္ကာ တစ္စံုတစ္ခုကို ရွာေဖြလိုက္၏။ထို႔ေနာက္ လက္ထဲတြင္ပါလာေသာ ပုလင္းအေသးေလးတစ္ခုကို သြမ့္ေယာင္ေရ႔ွခ်လိုက္သည္။
"ဒါက အေမာက္နီႀကိဳးၾကာအဆိပ္ပဲ"
"အဘိုး....."
သြမ့္ေယာင္စိတ္မ်ား ထူပူသြား၏။
"မေန့ညေနက ငါလည္း အရာအားလံုးကိုအဆံုးသတ္ခ်င္ခဲ့တယ္။ ေနာက္ဆံုးေတာ့ ေမြးရပ္ေျမအတြက္ စိုးရိမ္ေၾကာင့္ၾကတဲ့စိတ္က အမ်ွင္မျပတ္ႏိုင္ေသးဘူး၊ ငါထြက္လာၿပီးတဲ့ေနာက္ ေခ်ာင္ယာကြၽန္းမွာ ဘာေတျြဖစ္ပ်က္ခဲ့သလဲဆိုတာ ကိုယ္တိုင္ကိုယ္က် ေသေသခ်ာခ်ာသိခ်င္ေသးတယ္"
သြမ့္ေယာင္က ထိုအဆိပ္ပုလင္းကို လွမ္းယူထားလိုက္၏။
"အဘိုးသိခ်င္တယ္ဆိုလည္း ကြၽန္ေတာ္နည္းလမ္းရွာၿပီး ဟိုကြၽန္းထိသြားၾကည့္ေပးလို႔ရပါတယ္ဗ်ာ"
"အရွင္မင္းျမတ္ကိုလည္း ကတိေပးထားၿပီ၊ မင္းကိုလည္း ကတိေပးထားၿပီးၿပီ။ ငါ့ကိုယ္ငါ အဆံုးစီရင္မွာမဟုတ္ေတာ့တာမို႔ စိတ္မပူပါနဲ႔"
"အဘိုး၊ ကြၽန္ေတာ့္ကို စိတ္မဆိုးဘူးလားဟင္"
သြမ့္ေယာင္ အရဲကိုးၿပီးေမးၾကည့္လိုက္ေတာ့-
"မင္းက အရမ္းစိတ္ထားျဖဴစင္တဲ့ကေလးပါ။ ငါက်ေတာ့ ဒီအသက္အရြယ္ထိလည္း ေရာက္ေနၿပီ၊ ဘ၀မွာလည္း ဆိုးသြမ္းယုတ္မာတာေတြ အမ်ားႀကီးလုပ္ခဲ့ဖူးၿပီးၿပီ၊ ဒီလိုကိစၥေလာက္ေလးကိုပံုႀကီးခ်ဲ့ၿပီး ေဒါသထြက္ေနမယ္ဆိုရင္ လူၾကားလို႔ေတာင္မေကာင္းဘူးေလ"
"အင္း၊ အရွင္မင္းျမတ္က တရားမ်ွတတဲ့ ဧကရာဇ္တစ္ပါးပါ။ အဘိုး စိတ္ဆင္းရဲေအာင္ တမင္သက္သက္ မလုပ္ေလာက္ပါဘူး"
"အင္း။ ဒါနဲ႔ ဒီတစ္ေခါက္ တာ့ခ်ူကိုေရာက္လာတဲ့ ေခ်ာင္ယာလူမ်ိဳးေတြကို မင္းေတြ့လိုက္ေသးလား"
"ဟုတ္၊ ေတြ့လိုက္ပါတယ္"
သြမ့္ေယာင္ ေခါင္းညိတ္ျပလိုက္ေတာ့ ရႊမ္ထ်ဲန္းက ဆက္ေမး၏။
"သူတို႔က ဘယ္လိုလူစားမ်ိဳးျဖစ္တယ္လို႔ မင္းထင္သလဲ"
သြမ့္ေယာင္ အတန္ငယ္စဥ္းစားၿပီးမွ ေျဖလိုက္၏။
"အမွန္အတိုင္းေျပာရရင္ အဲ့လူေတြ သိပ္ၿပီးစိတ္ဓာတ္မေကာင္းၾကဘူး"
"အင္း၊ ေခ်ာင္ယာလူမ်ိဳးေတြဟာ အစကတည္းက စိတ္ထားေသးသိမ္ၿပီး အတၲႀကီးၾကတယ္၊ ေရႊေငြစည္းစိမ္ကလည္း မက္ေသးတယ္၊ ကုန္သည္ေလွေတြလည္း အဲ့ကြၽန္းကိုဆို လာဆိုက္တာမ်ိဳး သိပ္မလုပ္ၾကဘူး။ နန္ယန္သားေတြေရာက္လာေတာ့ အခ်င္းခ်င္းၾကားက ပဋိပကၡေတြ ပိုဆိုးလာေရာ။ တစ္ေယာက္နဲ႔တစ္ေယာက္ လိမ္ညာလွည့္ဖ်ားၾက ၊ ေပၚတင္ရန္ျဖစ္ဆဲဆိုၾက ၊ ကြယ္ရာမွာလည္း လုယက္သတ္ျဖတ္ၾကနဲ႔။ ေနာက္ပိုင္းမ်ိဳးဆက္ေတြဆို ပိုပိုၿပီး ဆိုးသြမ္းလာၾကမွာအမွန္ပဲ"
"ဒါဆိုလည္း အဘိုး ကြၽန္ေတာ္နဲ႔အတူတူ ရွီးနန္ျပန္လိုက္ခဲ့ေလ"
ရႊမ္ထ်ဲန္းက သေဘာက်စြာရယ္ေမာလိုက္ရင္း ေခါင္းခါျပ၏။ ခဏၾကာေတာ့ မ်က္ဝန္းမ်ားေမွးစက္သြားကာ တျဖည္းျဖည္းအိပ္ေပ်ာ္သြားျပန္သည္။
သို႔ႏွင့္ သြမ့္ေယာင္လည္း ထိုအိမ္ဝင္းအတြင္းမွာပင္ေစာင့္ေနကာ ညစာအတူစားၿပီးခါမွ ျပန္သြား၏။ သို႔ေသာ္ သူ၏နားေနေဆာင္သို႔ျပန္ျခင္းမဟုတ္ဘဲ ခ်ူယြမ္၏အိပ္ခန္းေဆာင္သို႔သြားျခင္းျဖစ္ေနသည္။
"ၾသ၊ သြမ့္ေရွာင္ဝမ္ရယ္ပါလား"
စႂကၤေပၚ ရပ္ေနေသာ ရွစ္ဇီက သူ႔အားျမင္ေတာ့ အေတာ္အံ့ၾသသြားသည္။
" ဘယ္လိုလုပ္ၿပီး ေရာက္လာတာလဲခင္ဗ်ာ၊ အရွင္မင္းျမတ္ကို ေလ်ွာက္တင္စရာကိစၥမ်ား ရိွေနပါသလား"
"အင္း၊ အရွင္မင္းျမတ္ေရာ စက္ေတာ္ေခၚသြားၿပီလား"
"စက္ေတာ္မေခၚရေသးပါဘူး၊ ဟိုးမွာေတြ့လားခင္ဗ်ာ....ေရွာင္ဝမ္ရယ္"
ရွစ္ဇီက ေခါင္မိုးထက္တစ္ေနရာကို လက္ၫွိုးၫႊန္ျပရင္း ဆက္ေျပာလာ၏။
"အရွင္မင္းျမတ္က အဲ့ေပၚမွာထိုင္ၿပီး တစ္ခုခုေတြးဆေနပါတယ္"
သြမ့္ေယာင္လိုက္ၾကည့္လိုက္ေတာ့ တကယ္ကိုပင္ ခ်ူယြမ္က အိမ္ေခါင္မိုးထက္ထိုင္ေန၏။
"ကိုယ္ေတာ့္ဆီလာတာ ဘာအေၾကာင္းရိွလို႔လဲ"
ခ်ူယြမ္က သာမန္အဝတ္အစားကိုသာ ၀တ္ထားသည္။ ျဖာက်ေနေသာ လေရာင္ေအာက္
ၿပံဳးျပလာေသာ ထိုအၿပံဳးမွာ အလြန္ပင္လွပလြန္းသည္။ မည္သည့္စကားႏွင့္မွ သီကံုးဖြဲ႔ဆိုလို႔မမီႏိုင္ေလာက္ကိုပင္ လွေနလြန္းသည္။
သြမ့္ေယာင္လည္း ေခါင္မိုးထက္သို႔ ခုန္တက္သြားသည္။
"ထိုင္ေလ။ ဒီမွာက အခန္းထဲထက္ ပိုေအးတယ္၊ရႈခင္းလည္း ပိုလွတယ္"
"အရွင္မင္းျမတ္လည္း သူမ်ားေတြလို ေခါင္မိုးေပၚ တက္ထိုင္လို႔ရတယ္လား ဘုရား"
"ထံုးတမ္းစဥ္လာအားျဖင့္ေတာ့ မရပါဘူး။ ပုေရာဟိတ္အမတ္ႀကီးဆီ မင္းသြားမေျပာျပသေရြ့ ကိုယ္ေတာ့္ကို ဣႁႏၵေပ်က္ယြင္းပါတယ္လို႔ ဘယ္သူကမွ လာေျပာရဲမွာမဟုတ္ဘူး"
"ဟုတ္၊ ကြၽန္ေတာ္မ်ိဳး သြားမေျပာပါဘူး"
သြမ့္ေယာင္က ခ်က္ခ်င္း ပါးစပ္ပိတ္လိုက္သည္။ ခ်ူယြမ္က ေဘးနားရိွ အရက္ကရားကို ယူလိုက္ကာ ရွစ္ဇီကိုလည္း ေနာက္ခြက္တစ္လံုးယူလာေပးေစသည္။
"ဒါက ေဖးေရွအရက္မဟုတ္လားဘုရား"
ရင္းႏွီးေသာအနံ႔ေၾကာင့္ သြမ့္ေယာင္မွန္းဆၾကည့္လိုက္သည္။
"အင္း၊ ရွီးနန္စံအိမ္ေတာ္က ပို႔လာေပးတာပဲေလ။ အရမ္းခ်ိဳတယ္"
"ေနာင္ေတာ္ကေတာ့ ေဆြရိုးအရက္ကို ႀကိဳက္တယ္"
ခ်ူယြမ္ေပးလာေသာ အရက္ခြက္ကို လွမ္းယူလိုက္ၿပီး သြမ့္ေယာင္ဆက္ေျပာ၏။
"ေဖးေရွအရက္က အရမ္းေပါ့တယ္ဆိုၿပီး သူကမႀကိဳက္ဘူး။ ဒါေပမယ့္ ႏွစ္တိုင္းႏွစ္တိုင္း ေဖးေရွပန္းေတြကို ခူးဖို႔သက္သက္နဲ႔တင္ ေရခဲဂူဗိမာန္ကေန အေလာတႀကီးထြက္ထြက္လာၿပီး ပန္းသြားေကာက္တယ္။ သူႀကိဳက္ပါတယ္ဆိုတဲ့ ေဆြရိုးအရက္အိုးေတြကေတာ့ ဒီတိုင္းပဲ လ်စ္လ်ူရႈခံရတယ္ရယ္"
ခ်ူယြမ္တစ္ေယာက္ လက္ထဲမွအရက္ခြက္ကိုေမာ့ကာ တစ္ခါတည္းအကုန္ေသာက္ပစ္လိုက္ေလ၏။
"ကြၽန္ေတာ္မ်ိဳး တစ္ခုေလာက္ေမးလို႔ရမလား"
သြမ့္ေယာင္ အနည္းငယ္ေတာ့ တံု႔ဆိုင္းေန၏။ ခ်ူယြမ္က လက္ထဲကခြက္ကို ခ်လိုက္ကာ -
"မင္းကို ညီအရင္းအခ်ာတစ္ေယာက္လို သေဘာထားပါတယ္လို႔ ကိုယ္ေတာ္ေျပာၿပီးသားပဲ။ ဘာပဲလုပ္လုပ္ ဘာပဲေျပာေျပာ အားလံုးရတယ္၊ ဒီလိုမ်ိဳး ထိန္းခ်ဳပ္ထားစရာမလိုဘူး"
"မေန့က ပင္လယ္စာေတြကို အထူးတလည္ျပင္ဆင္ခ်က္ျပဳတ္ခိုင္းၿပီး အဘိုးရႊမ္ထ်ဲန္းကို သြားေကြၽးခိုင္းတဲ့ကိစၥပါ"
ခ်ူယြမ္ လႊတ္ခနဲရယ္ေမာမိသြား၏။
"ေမးမယ္ဆိုတာ ဒီကိစၥလား။ ဘယ္ေနရာကိုမ်ား စဥ္းစားလို႔မရတာတဲ့တုန္း"
"အရွင္မင္းျမတ္က သူ႔ရဲ့ေနာက္ေၾကာင္းအစစ္အမွန္ကိုသိထားတယ္၊ သိထားေၾကာင္းကိုလည္း သြယ္ဝိုက္ေျပာျပလိုက္တယ္ဆိုေတာ့ သူ႔ကိုယ္သူ အဆံုးစီရင္သြားမွာမေၾကာက္ဘူးလားဟင္။ အဘိုးရဲ့အက်ႌလက္ထဲမွာ အေမာက္နီႀကိဳးၾကာေဆးပါ ရိွေနတယ္။ တကယ္လို႔မ်ား မေန့က သူသာ အဆံုးစီရင္သြားရင္ ဒီေန့သြားလိုက္လည္း ဘာအေၾကာင္းမွ ဆက္ေမးလို႔ရမွာမဟုတ္ေတာ့ဘူးမလား"
သဲလြန္စရဖို႔ အရမ္းႀကိဳးစားခဲ့ရတာဆိုေတာ့ အဖိတ္အစင္မရိွေအာင္ ပိုၿပီးေတာ့ေတာင္ ဂရုစိုက္မယ္ေလ။
"ဒီေလာကမွာ လူ႔စိတ္က အရမ္းနက္နဲရႈပ္ေထြးတယ္၊ မင္းေမးလိုက္ရင္ေတာင္ သူအမွန္အတိုင္းေျဖခ်င္မွေျဖလိမ့္မယ္"
"အင္း"
"ေတာင္ပိုင္းအစားအစာေတြကိုေတြ့လိုက္ကတည္းက သူ႔ရဲ့ေနာက္ေၾကာင္းကိုသိတဲ့လူရိွမွန္း သူ ေသခ်ာေပါက္ နားလည္သြားၿပီ။ အဲ့ေတာ့ အဆံုးစီရင္မလား၊ ထြက္ေျပးမလား၊ ဒီနန္းေဆာင္မွာပဲ ဆက္ေနမွာလားလို႔ပဲ ေရြးစရာက်န္ေတာ့တယ္။ အေရ႔ွႏွစ္ခုကိုသာ သူေရြးလိုက္ရင္ေတာ့ သူ႔ကို ကိုယ္ေတာ္က အတင္းအက်ပ္ ဆက္ေနခိုင္းရင္ေတာင္၊ အလြန္ဆံုး သူခ်စ္တဲ့လူကိုသံုးၿပီး သူ႔က္ုဖိအားေပးလာရင္ေတာင္ သူအမွန္အတိုင္းထြက္ဆိုပါတယ္လို႔ ကိုယ္ေတာ္ယံုၾကည္လို႔မရျပန္ဘူး။ ေခ်ာင္ယာကြၽန္းက ျပင္ပေလာကနဲ႔ ႏွစ္ရာခ်ီၿပီး ကင္းကြာေနတာဆိုေတာ့ သူေျပာတာမွန္သလားမွားသလားဆိုတာ ၊ အျပင္လူတစ္ေယာက္အေနနဲ႔ ေဝဖန္ပိုင္းျခားဖို႔ ခက္တယ္"
သြမ့္ေယာင္ ေခတၲမ်ွ စဥ္းစားလိုက္ၿပီးမွ ဆက္ဆို၏။
"သူ ဒီမွာဆက္ေနဖို႔ေရြးလိုက္ရင္ေတာင္ အမွန္အတိုင္းေျပာခ်င္မွေျပာမွာေပါ့"
"သူ မုသားေျပာဆိုဖို႔ ျဖစ္ႏိုင္ေျခတစ္ဝက္ပဲရိွတယ္၊ တစ္ဝက္ကေတာ့ အမွန္ေတြပဲ။ အဲ့လိုျဖစ္ခဲ့ရင္ေတာင္ သူသာ ကိုယ္ေတာ့္ဘက္ကို ပါဝင္ပူးေပါင္းမယ္ဆိုရင္ က်န္တဲ့အမွန္တရားတစ္ဝက္ကို ေဖာ္ထုတ္ႏိုင္ဖို႔ ကိုယ္ေတာ္တတ္စြမ္းပါတယ္"
သြမ့္ေယာင္သိပ္နားမလည္ေသာ္လည္း အင္းဟုသာ ျပန္ထူးလိုက္သည္။
"ရႊမ္ထ်ဲန္းေျပာျပခဲ့တဲ့အေၾကာင္းအရာေတြက မေန့ကတည္းက ကိုယ္ေတာ္ထင္ျမင္ယူဆထားတာနဲ႔ တစ္ထပ္တည္းပဲဆိုေတာ့ ဒီပြဲမွာ ကိုယ္ေတာ္အႏိုင္ရေနပါၿပီ။ မင္းလည္း သိုင္းေလာကထဲ ႏွစ္ႏွစ္သံုးႏွစ္ေလာက္ က်င္လည္လိုက္ရင္ ကိစၥတစ္ခုႀကံဳလာတဲ့အခါ ဘယ္လိုဆံုးျဖတ္ရမလဲ၊ ဘယ္လိုစိစစ္ရမလဲဆိုတာ သိလာပါလိမ့္မယ္"
သြမ့္ေယာင္ကေတာ့ လက္ျဖင့္ေမးကိုေထာက္ကာ မ်က္ေမွာင္ႀကံဳ႔ေနလ်က္။
ဟင့္အင္း၊ သိုင္းေလာကထဲ မက်င္လည္ခ်င္ေပါင္။
"ကဲ....ဒီကိစၥကို ဆက္မေျပာၾကေၾကး"
ခ်ူယြမ္က အရက္ခြက္ကို ကမ္းေပးလိုက္ရင္း ဆက္ဆို၏။
"အဲ့ေတာ့ ရွီးနန္ကိုဘယ္ေတာ့မျွပန္ဖို႔ စိတ္ကူးထားလဲ"
"အစကေတာ့ မနက္ျဖန္ျပန္မလို႔ပါဘုရား။ ဒါေပမယ့္ အဘိုးရႊမ္ထ်ဲန္းသာ ေရႊနန္းေတာ္ကို လိုက္သြားရင္ ကြၽန္ေတာ္လည္း လိုက္သြားခ်င္တယ္"
"ရွီးနန္ကိုမျပန္ေသးလို႔ေကာ ရတယ္လား"
ခ်ူယြမ္အေမးစကားတြင္ အံ့ၾသသံစြက္ေန၏။
"ရွစ္ဖူးက ေနာင္ေတာ့္ေဝဒနာကို ကုသေပးေနတယ္။ ေနာင္ေတာ္လတ္လည္း ေကြၽ့ယင္နန္းကေန အိမ္ကိုျပန္ေရာက္ေနၿပီဆိုေတာ့ ကြၽန္ေတာ္ ရိွရိွ မရိွရိွ ဘာမွထူးမသြားဘူး ။ ၿပီးေတာ့ ရက္ကိုခန္႔မွန္းၾကည့္လိုက္ရင္ ရွစ္ဖူးနဲ႔ေနာင္ေတာ္လည္း လမ္းမွာပဲရိွေနတုန္းဆိုေတာ့ ေခ်ာင္ယာကိစၥကိုရွင္းၿပီးသြားခါမွ အျမန္ျမင္းနဲ႔ ျပန္သြားလို႔လည္း မီပါတယ္ဘုရား"
ခ်ူယြမ္ ေခါင္းညိတ္လိုက္၏။
"ရပါတယ္၊ မင္းသေဘာ....."
ေဘးပတ္ဝန္းက်င္မွာ အေတာ္ပင္တိတ္ဆိတ္ၿငိမ္သက္ေန၏။ သြမ့္ေယာင္က အေဝးတစ္ေနရာသို႔ ေငးၾကည့္ရင္း စိတ္လြင့္ေနကာ အေတာ္ေလးၾကာခါမွ ထေျပာလာသည္။
"မဂၤလာဝတ္စံုခ်ဳပ္ဖို႔ ပိုးထည္အနီေတြေတာင္......ရွီးနန္စံအိမ္ဘက္က ၀ယ္ထားၿပီးသြားၿပီ"
ခ်ူယြမ္ - "......."
ဟင္....
"အရီးေတာ္က်င္းေရာ တျခားအဘြားေတြေရာက ေနာင္ေတာ့္ကို လက္ထပ္ဖို႔ အၿမဲတိုက္တြန္းခဲ့ၾကတယ္"
"အဲ့ေတာ့ မင္းရဲ့ေနာင္ေတာ္ကေရာ ဘယ္လိုျပန္ေျပာသတဲ့လဲ"
ခ်ူယြမ္ၿပံဳးလိုက္ရင္း ေမးလာသည္။
"သူ နားပူေအာင္တိုက္တြန္းခံရတိုင္း ဟိုးေတာင္ေနာက္ဘက္သြားၿပီး ေအးရာေအးေၾကာင္းသြားပုန္းတယ္"
"အရီးေတာ္က်င္းဆိုတာ သိုင္းေလာကရဲ့ ေရႊအပ္ခ်ည္နတ္မိမယ္ဆိုတဲ့တစ္ေယာက္မဟုတ္လား"
"အင္း၊ တစ္အိမ္လံုး ရိွရိွသမ်ွလူေတြဆို အရီးေတာ္က်င္းကို ေၾကာက္ၾကရတယ္။ ရွစ္ဖူးေတာင္ ေၾကာက္ရတယ္ရယ္။ အရီးေတာ္က်င္း သူ႔ကိုေခါင္းၿဖီးဖို႔ လာတာနဲ႔ ေခါင္းကိုလက္နဲ႔အုပ္ၿပီး တစ္ခ်ိဳးတည္းထြက္ေျပးေတာ့တာပဲ။ အတင္းဖမ္းခ်ဳပ္ခံရၿပီး ေခါင္းၿဖီးေပးခံရမွာစိုးလို႔တဲ့။ဆံပင္ေတြေထြးေနရင္ အရီးေတာ္က သူ႔အားႀကီးနဲ႔ ေဆာင့္ေဆာင့္ၿပီးၿဖီးတာေလ၊ ၪီးေရျပားေတာင္ကြၽတ္ပါသြားမလား စိတ္ပူရတယ္"
"ဟားဟား"
ခ်ူယြမ္ သေဘာက်စြာ ရယ္ေမာလိုက္၏။ ထို႔ေနာက္ ဆက္ေျပာလာသည္။
"ေနာင္တစ္ခ်ိန္က် အခြင့္ရရင္ ကိုယ္ေတာ္ အလည္ဝင္ခဲ့ပါ့မယ္"
ဘာလို႔တုန္း၊ အလည္လာရံုနဲ႔ မရဘူးေလ။ အၾကာႀကီး လာေနသြားမွ ပိုမွန္မွာေလ။
သြမ့္ေယာင္က ႏွာဖ်ားကိုပြတ္လိုက္ရင္း ဆက္ေမး၏။
"ေနာက္ပိုင္း ေနာင္ေတာ္နဲ႔ အရွင္မင္းျမတ္တို႔ လက္ထပ္ၿပီးသြားရင္ေလ.... ေနာင္ေတာ့္ကို နန္းေတာ္ထဲ သြားေနခိုင္းမွာလားဟင္"
"......"
သြမ့္ေယာင္က ဒူးေလးပိုက္ၿပီးေတာ့ကို သူ႔အားေငးၾကည့္လာ၏။
ခ်ူယြမ္ ဘာမွမေျပာတတ္ေတာ့ဘဲ အရက္ခြက္ကို လက္ထဲလွည့္ပတ္ေဆာ့ကစားေနသည္။
ဤကိစၥကို ဒီလိုမ်ိဳး တိုက္ရိုက္လာေမးမည့္သူရိွလာမည္ဟု ခ်ူယြမ္ တစ္ခါမွ ထင္မွတ္မထားခဲ့။ ေကာင္ေလး၏ ယံုၾကည္မႈျပင္းထန္လွေသာ ရိုးသားျဖဴစင္လွသည့္ ထိုမ်က္၀န္းရႊန္းလဲ့လဲ့မ်ားႏွင့္ႀကံဳရေတာ့ အမ်က္ထြက္ခ်င္ရင္ေတာင္ အမ်က္ထြက္လို႔လည္းမရ။
တစ္အခ်က္က မသင့္ေတာ္၍ ေဒါသမထြက္ရဲ။ ႏွစ္အခ်က္က ေဒါသထြက္လိုက္လ်ွင္ မိမိမွာ ခုေနတစ္မ်ိဳးေတာ္ၾကာတစ္မ်ိဳး ေျပာင္းလဲလြယ္လြန္းလွသည္၊ ၪီးေနွာက္တြင္ ျပႆနာရိွသည္ဟု သြမ့္ေယာင္ ထင္သြားေပမည္။
ခဏၾကာေတာ့မွ ခ်ူယြမ္က ျပန္ေမးလိုက္သည္။
"မင္းေနာင္ေတာ္ကို အရင္သြားေမးၾကည့္ေလ၊ေနာက္ပိုင္းက် သူဘယ္မွာေနခ်င္သလဲလို႔"
သြမ့္ေယာင္ ခ်က္ခ်င္းပင္ ၿပံဳးပန္းေဝဆာသြား၏။
"ဒါဆိုလည္း ကြၽန္ေတာ္ အိမ္ျပန္ေရာက္တာနဲ႔ ခ်က္ခ်င္းသြားေမးလိုက္မယ္"
အိုက္ယား၊ တကယ္မလြယ္ဘူးပဲ။
ဒါေပမယ့္ မရီးေတာ္က လက္မထပ္ဘူးလို႔ေတာ့ မျငင္းလိုက္ဘူးပဲ။
ဟာဟ....လက္ထပ္ၾကမွာ၊ လက္ထပ္ၾကမွာ၊ လက္ထပ္ၾကမွာတဲ့။
သြမ့္ေယာင္၏ ေပ်ာ္ရႊင္ျမဴးတူးေနေသာ မ်က္ႏွာကိုျမင္ေတာ့ မိမိမွာ ေထာင္ေခ်ာက္တြင္း သက္ဆင္းလိုက္ရသလိုဟုပင္ ခ်ူယြမ္ခံစားလိုက္ရ၏။ မည္သု႔ပင္ေတြးေတြး၊ ဤေမးခြန္းမွာ ႀကိဳတင္အကြက္ခ်ထားျခင္းႏွင့္တူလွေပသည္၊ ထိုသူက သြမ့္ေယာင္ကို ႀကိဳတင္မွာၾကားၿပီး ေမးခိျငၽးသည္လည္း ျဖစ္ေလာက္သည္။
ဘယ္သူက သူနဲ႔ လက္ထပ္ခ်င္ေနလို႔လဲ။
ခ်ူယြမ္ စိတ္ရႈပ္လာကာ အရက္ကို တရစပ္ ေမာ့ေသာက္ေနလိုက္သည္။
ေမဟြားပင္ကို ျပန္တူးထုတ္ရမယ္၊
ဟုတ္ၿပီ။ ဟိုးအေဝးႀကီးကို လႊင့္ပစ္လိုက္ေတာ့မယ္။
သြမ့္ေယာင္ကေတာ့ တစ္ေယာက္တည္း ေပ်ာ္ရႊင္ရယ္ေမာေန၏။
ေနာက္ဆံုးေတာ့ ရွီးနန္စံအိမ္ေတာ္ကေန တာ့ခ်ူရဲ့ မိဖုရားေခါင္တစ္ပါး ထြက္လာေတာ့မွာပဲ။ ဧကရာဇ္နဲ႔လည္း ေဆြေတာ္မ်ိဳးေတာ္ျဖစ္ရၪီးမွာတဲ့၊ ဟဟ။
******
ရွီးနန္အျပန္လမ္းတြင္။
သြမ့္ပိုင္ယြဲ႔ အိပ္ေမာက်ေနဆဲျဖစ္၏။မ်က္ေမွာင္မ်ားကလည္း က်ံဳ႔ေနလ်က္။သူ႔ေဘးနားတြင္ နန္ေမာ္ယဲ့ ထိုင္ေစာင့္ေနသည္၊ သူကလည္း မ်က္ေမွာင္က်ံဳ႔ေနလ်က္။
ရွီးနန္ပိုင္နက္ေရာက္သည္ထိ ေဘးမသီရန္မခ ေခၚလာႏိုင္ခဲ့သည္ဆိုေပမင့္ ဤဖေယာင္းျဖဴအခြံကို ခြာလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ေရႊခ်ည္ပိုးေကာင္ကို ရွင္းထုတ္ပစ္ဖို႔နည္းကို ခ်က္ခ်င္းရွာမျွဖစ္မည္။ ဤရက္ပိုင္းေလးအတြင္း တကယ့္ထ်ဲန္းခ်န္ရွားအစစ္ကို ရွာေတြ့ဖို႔လံုးဝမျဖစ္ႏိုင္ေပ။ ထို႔ေၾကာင့္ ေဗာဓိစိတၲသိုင္းကို ဂူေအာင္းၿပီးက်င့္ႀကံဖို႔သာက်န္ေတာ့သည္။ သို႔ေသာ္ သူ႔တပည့္ႀကီးမွာ ရုပ္ရည္ေခ်ာေမာခန္႔ညားသည့္အျပင္ အခ်စ္ႀကီးသူျဖစ္သည့္အေလ်ာက္ ထိုသိုင္းကိုက်င့္ႀကံျပီး လူတစ္ဝက္မိစၧာတစ္ဝက္ဘ၀ေရာက္သြားရလ်ွင္ သူခ်စ္ေသာသူႏွင့္ သံေယာဇဥ္ျဖတ္ကာ အရွင္လတ္လတ္ စိမ္းကားပစ္ရေပမည္။ သြမ့္ပိုင္ယြဲ႔အတြက္ေတာ့ အေတာ္ပင္ ရက္စက္လွမည့္ နည္းလမ္းပါေပ။
စဥ္းစားရင္းေခါင္းရႈပ္လာေတာ့ ထိုဖေယာင္းျဖဴအခြံႀကီးကို နန္ေမာ္ယဲ့ သံုးေလးခ်က္မ်ွ ပိတ္ထုပစ္လိုက္သည္။
"ဒီေကာင္စုတ္ေလးကေတာ့......အဲ့တုန္းက ငါ့စကားကို နားမေထာင္ဘဲလုပ္ခ်င္ရာလုပ္လိုက္ေတာ့ အခုဘယ္ႏွယ့္တုန္း ၊ ဟမ္ ...."
ျမင္းလွည္းအျပင္ဘက္မွ လိုက္ပါလာၾကေသာ ရွီးနန္တပ္သားမ်ားမွာ အေတာ္ပင္စိုးရိမ္သြားရွာသည္။
၀မ္ရယ္က ဒီလိုဖေယာင္းျဖဴအခြံႀကီးထဲရိွေနတာေတာင္ ဆရာႀကီးနန္ကို ေဒါသျဖစ္ေအာင္ ဆြႏိုင္တုန္းပဲလား။ ေတာင္းပန္ပါတယ္ဗ်ာ၊ ေက်းဇူးျပဳျပီး ကြဲေအာင္ေတာ့ မထုလိုက္ပါနဲ႔။
တကယ္တမ္းေတာ့ တပ္သားမ်ားကသာ အေတြးမ်ားေနျခင္းျဖစ္သည္။ အဘဟ္ေၾကာင့္ဆိုေသာ္ ထိုဖေယာင္းျဖဴပိုးေကာင္မ်ားက ထုတ္လႊတ္ထားေသာ ဖေယာင္းမ်ွင္မ်ားမွာ အင္မတန္မွက်ံဳ႔ႏိုင္ဆန္႔ႏိုင္စြမ္းရိွသလို အေတာ္ေလးခိုင္မာလွေပရာ သံုးေလးခ်က္တီးသည္ကို အသာထား၊ ႏွစ္ရက္တိတိ ဆက္တိုက္ထုေထာင္းေနလ်ွင္ေတာင္၊ သို႔မဟုတ္ ဤျမင္းလွည္းေပၚမွ မေတာ္တဆ လိမ့္က်ေသးလ်ွင္ေတာင္ ကြဲေၾကစရာအေၾကာင္းမရိွ။
"ဝမ္ရယ္!!!!!!"
တပ္သားမ်ားမွာ အေတာ္လန္႔ထိတ္သြားကာ မ်က္ႏွာမ်ားပင္ျဖဴဆုတ္ကုန္ၾကသည္၊ ထို႔ေနာက္ ျမင္းလွည္းေပၚမွလိမ့္က်လာေသာ သြမ့္ပိုင္ယြဲ႔အားငံုထားသည့္ ထိုဖေယာင္းအခြံႀကီးအားခ်က္ခ်င္းပင္ ဝိုင္းဆယ္ထားလိုက္၏။
အေၾကာင္းမွာရႊမ္မင္ဟန္ထ်ဲယ္ဓားမွာ ရုတ္ျခည္းဆိုသလို မိုးေပၚသို႔ ပ်ံတက္သြားျခင္းျဖစ္ကာ နန္ေမာ္ယဲ့မွာ အစေတာ့ မွင္သက္ေနေပမင့္ ခ်က္ခ်င္းပင္ အမီလိုက္ကာ ျပန္ဖမ္းလိုက္ၿပီး ေျမေပၚ စိုက္ထားလိုက္သည္၊ ဓားရိုးလက္ကိုင္ေလး ေသးေသးေလးသာ ေပၚသည့္အထိ စိုက္ျမႇဳပ္ထားလိုက္၏။
ဝသုန္ေျမၾကီးမွာ ထိုမိစၧာဓား၏အရိွန္ေၾကာင့္ ပဲ့တင္တုန္ခါသြားေလသည္။ အေတာ္ေဘးၾကာသြားမွ ျပန္ၿငိမ္သြားေလ၏
"မိစၧာအျဖစ္ ေျပာင္းေတာ့မလို႔လား၊ ေျပာစမ္း!!!!!"
နန္ေမာ္ယဲ့က ခါးတစ္ဖက္ေထာက္ကာ ထိုဓားႀကီးကို ေဒါသတႀကီး ေအာ္ဟစ္ဆဲဆိုေနေလ၏။ ေဘးမွတပ္သားမ်ားကေတာ့ အသာပင္ ေရငံုႏႈတ္ပိတ္ေနလိုက္ၾကသည္။
သြမ့္ပိုင္ယြဲ႔ကိုျမင္းလွည္းေပၚျပန္သယ္သြားရန္ နန္ေမာ္ယဲ့က တပ္သားမ်ားအား အခ်က္ေပးလိုက္သည္၊ ထို႔ေနာက္ ဖေယာင္းျဖဴအခြံႀကီး ဘာမျွဖစ္မသြားမွန္း ေသခ်ာစစ္ေဆးၾကည့္ၿပီးမွ စိတ္ခ်ႏိုင္ေလသည္။
ျဖစ္ပံုမွာ ေစာနက နန္ေမာ္ယဲ့ ေရဆာလာသျဖင့္ ေရထေသာက္ရန္ ခဏထလိုက္ရံုသာ။ေရကရားရိွရာပင္ မေရာက္လိုက္ေသး၊ ထိုမိစၧာဓားမွာ ရူးႏွမ္းေဖာက္ျပန္သကဲ့သို႔ျဖစ္သြားကာ ထိုဖေယာင္းျဖဴအခြံႀကီးကို ဒုန္းခနဲ ဒုန္းခနဲ လာလာေခါက္၏၊ သို႔ေသာ္ မာေက်ာလွေသာ ဖေယာင္းခြံေၾကာင့္ ဓားမွာ အျပင္ဘက္ သို႔လြင့္စင္သြားသည္။ မိမိသတိမျပဳလိုက္ေသးခင္မွာပင္ အျပင္ဘက္တြင္ ရုတ္ရုတ္သဲသဲျဖစ္ကုန္ေခ်ၿပီ။
ဤကိစၥမ်ိဳး ထပ္မျဖစ္လာဖို႔ တပ္သားမ်ားကလည္း နတ္ေမာ္ယဲ့ၫႊန္ၾကားသည့္အတိုင္းတစ္သေဝမတိမ္း ေဆာက္ရြက္ၾကသည္။ အနီးအနားရိွ အိမ္ငယ္မ်ားထံ ေခြး၏ေသြးတစ္ခြက္ေလာက္ ေတာင္းယူလာခဲ့ရန္၊ တာအိုဘုန္းေတာ္ႀကီးတစ္ပါးပါးထံမွ ေခြးေသြးသုတ္ထားေသာ သစ္ကိုင္းတစ္မ်ိဳး၀ယ္ယူလာရန္ ျဖစ္သည္။ ထို႔ေနာက္ အႏွီပစၥည္းမ်ားကို ဓားႏွင့္အတူ ပိုးနီစျဖင့္ အတူတကြ တင္းက်ပ္ေနေအာင္ ခ်ည္ေနွာင္ထားလိုက္သည္။
တာ့ခ်ူျပည္သူျပည္သားမ်ားမွာ ရိုးသားေျဖာင့္မတ္သည့္အျပင္ ေမတၲာေစတနာႂကြယ္၀သူမ်ားျဖစ္ၾကေလရာ ထိုသစ္ကိုင္းကိုဝယ္တုန္းကဆိုလ်ွင္ အျမတ္မယူသည့္အျပင္ အစီအရင္မ်ားလုပ္ရန္ပါ အဆစ္ေပးလိုက္ေသးသည္။
"ၿငိမ္သက္ေနေစ...."
တာအိုဘုန္းေတာ္ႀကီးက ေျခတစ္ဖက္ေထာက္ၿပီး အေမႊးတိုင္ျပာမႈန္႔တို႔ျဖင့္ေဖ်ာ္ထားေသာအရည္မ်ားကို ဓားေပၚ မန္းမႈတ္လိုက္သည္၊ ထို႔ေနာက္ အင္းစကၠူတစ္ရြက္ပါ ကပ္လိုက္ေသး၏။
"ေကာင္းလိုက္တာ၊ ေကာင္းလိုက္တာ....."
ေဘးနား ရပ္ၾကည့္ေနေသာ ရြာသူရြာသားမ်ားကေတာ့ လက္ခုပ္ၾသဘာေပးၾကသည္၊ ပြဲၾကည့္ရသည္က္ို မဝေသးသည့္ႏွယ္။
လုပ္ပါၪီး၊ ေနာက္တစ္ပြဲေလာက္ ထပ္လုပ္ျပပါၪီး။
မလွမ္းမကမ္းမွာေတာ့ ျမင္းလွည္းကိုေစာင့္ၾကပ္ေနၾကေသာ ရွီးနန္တပ္သားမ်ားရိွေနသည္။ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ နားမလည္ၾက။
ဒါက ...ဘာေတျြဖစ္ပ်က္ေနတာတုန္း။
*******
2020.08.26.
*******