Unicode Ver
၁၄၁။ မိန်းမ
"မင်းအတန်းပြီးပြီလား? ဘယ်မှာလဲ?"
"ကျောင်းကနေ အခုပဲထွက်လာတော့မလို့။ ဘာဖြစ်လို့လဲဟင်?"
"အခုတလော ပင်လယ်စာစားချင်နေတာမလား? ငါရုံးကိစ္စတွေ ပြီးသွားပြီ။ ညနေစာကို ပင်လယ်စာ သွားစားကြမယ်"
မော့ဟန်က ကားမောင်းနေရင်း နားကြပ်ဖြင့် သူမအား ဖုန်းပြောနေသည်။
ရှုချင်းရီက သူမဘေးနားကနေ အရိပ်လိုလျှောက်လိုက်နေသည့် ဟန်လျန်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဒီနေ့တော့. . .အဆင်မပြေလောက်ဘူး"
"ဘာဖြစ်လို့လဲ?"
မော့ဟန်က မေးသည်။
ဟန်လျန်က ဘေးကနေ ဖြတ်ပြောသည်။
"ဘာဖြစ်လို့မသွားတာလဲ? မော့ဟန်ကလည်း အဆင်ပြေမယ်ဆိုရင် ကိုယ်လည်း လိုက်မယ်။ ကိုယ်သူ့နဲ့စကားပြောချင်တယ်"
ရှုချင်းရီက ဟန်လျန်ကို လှည့်ကြည့်လိုက်သည်။
မော့ဟန်ကလည်း ဖုန်းထဲက ယောက်ျားသံကို ကြားလိုက်သည့်အခါ
"ဘေးမှာဘယ်သူရှိနေတာလဲ?"
"ဟင်. . .ဟိုလေ. . .ညီမလေးတို့ ဟိုနေ့ကလမ်းမှာတွေ့တဲ့သူ"
ရှုချင်းရီက တွေဝေသွားသော်လည်း မော့ဟန်ကို ပြောပြလိုက်သည်။
သူမ၏ဘေးနားက ဟန်လျန်ကတော့ ရှုချင်းရီက သူ့အားဒီလိုပြောသည်ကို သဘောမကျပေ။ ထို့ကြောင့် ရှုချင်းရီ၏အနားသို့ကပ်ကာ
"ကိုယ်သူနဲ့ဖုန်းပြောမယ်ရလား?"
ရှုချင်းရီက ခေါင်းခါသည်။ ဖုန်းကိုလက်ဖြင့်ကာရင်း ဟန်လျန်နှင့်ဝေးရာသို့ ရှောင်သွားပြီးမှ
"မလိုပါဘူး။ ကျွန်မတို့ပဲအရင်ပြောရအောင်။ နောက်နေ့မှ ရှင့်ကို ကိုကြီးနဲ့ မိတ်ဆက်ပေးမယ်"
ရှုချင်းရီသည် တစ်ဖက်မှ မော့ဟန်ဘာပြောနေသလဲကို နားမထောင်နိုင်တော့ပေ။ သူမက မော့ဟန်အား
"ညီမလေး ဖုန်းချလိုက်တော့မယ်။ အိမ်ရောက်မှ သေချာရှင်းပြမယ်"
ရှုချင်းရီက ဖုန်းချပြီးနောက် သူမဘေးမှ ဟန်လျန်အား
"ကျွန်မအိမ်ကိုပြန်မလို့။ ရှင့်မှာတခြားပြောစရာမရှိတော့ရင် ပြန်လိုက်ပါတော့"
ဟန်လျန်က ဒေါသနည်းနည်းထွက်သွားသည်။
"ကိုယ်နဲ့ပြန်မလိုက်ဘဲ ဘာဖြစ်လို့ဒီမှာပဲ ခေါင်းမာနေတာလဲ? မိဘတွေ သူငယ်ချင်းတွေရှိတဲ့ အိမ်အစစ်ကို ပြန်ခေါ်သွားပါ့မယ်ဆိုကွာ! သူတို့မှာ နေ့တိုင်းစောင့်နေကြတာ"
ရှုချင်းရီက သက်ပြင်းချပြီးနောက် သူ့ကိုအလေးအနက်ထား ပြောလိုက်သည်။
"ဟန်လျန် ရှင့်အနေနဲ့ ကျွန်မခံစားချက်တွေကို နားလည်ဖို့ ခက်လိမ့်မယ်။ အခုရှင်က ကျွန်မအတွက်တော့ သူစိမ်းတစ်ယောက်ပဲ။ ရှင်ပြောပြနေပင်မယ့်လည်း အဲ့ဒီအတိတ်တွေအကြောင်းကို ကျွန်မကိုယ်တိုင် မမှတ်မိသေးဘူး။ အဲ့ဒါကြောင့် ကျွန်မအတွက်အိမ်ဆိုတာက ဒီလတွေအတွင်းမှာနေခဲ့တဲ့ နေရာပဲ။ ဟန်လျန် ကျွန်မကို ရှင်အိမ်လို့ပြောနေတဲ့နေရာကို ချက်ချင်းခေါ်သွားလို့ မရဘူး။ အဲ့ဒီနေရာက ကျွန်မအတွက် အစိမ်းသက်သက်ပဲ"
ဟန်လျန်က နားလည်သွားပုံပေါက်ကာ သက်ပြင်းရှည်ကြီးချပြီးမှ
"ဟုတ်ပြီ ကိုယ်စိတ်ရှည်ရမှာပေါ့။ ဒါပင်မယ့် ကိုယ်ညန်ညန်ကိုတော့ ပြန်လာခေါ်မှာပါ"
ရှုချင်းရီက ဟန်လျန်၏စကားများကို ငြင်းမနေတော့ဘဲ သူ့ကားဖြင့်သာ သူမအား အိမ်သို့လိုက်ပို့ခိုင်းလိုက်သည်။ သူမတိုက်ထဲရောက်လို့ ဓာတ်လှေကားစောင့်နေစဉ်မှာပဲ သူက သူမဘေးသို့ ရောက်လာပြန်သည်။ ထို့ကြောင့် သူမနေသည့်အထပ်သို့နှိပ်ကာ သူနှင့်အတူ ဓာတ်လှေကားစီးလာခဲ့သည်။ သူမတို့အခန်းရှေ့ရောက်မှ ဟန်လျန်အား
"ကျွန်မအိမ်ရောက်ပြီ။ ရှင်ပြန်တော့"
"အထဲကိုတောင် မဖိတ်တော့ဘူးလား? ဒီမှာဘယ်လိုနေရလဲ ကိုယ်ကြည့်ပါရစေ?"
ရှုချင်းရီ၏ သည်းခံနိုင်စွမ်းမှာ ကုန်သွားပြီ။
"ဒီမှာ ဒါကျွန်မအိမ်မဟုတ်ဘူးရှင့်။ ဒါကိုကြီးအိမ်။ သူ့ရဲ့ခွင့်ပြုချက်မရှိဘဲ သူစိမ်းတစ်ယောက်ကို ကျွန်မအိမ်ထဲမသွင်းနိုင်ဘူး"
ဟန်လျန်မျက်နှာမှ အပြုံးမှာ နားလည်ရခက်စွာ ထူးဆန်းသွားသည်။
"သူ့ခွင့်ပြုချက်မရှိဘဲ ဟုတ်လား? အဲ့ဒီကောင်ကို နာခံနေတယ်ပေါ့လား ချစ်လေး?"
ဟန်လျန်က သူမအား ချစ်လေးဟု ခေါ်လိုက်သည့်အခါ ရှုချင်းရီသည် အန်ချင်သွားသည်။ ဘာကြောင့်မှန်းတော့ သူမလည်း မသိပင်မယ့် သူ့ဆီက ဒီလိုအသုံးအနှုန်းကို ကြားသည့်အခါ သူမ၏ကိုယ်က ဒီလိုတုန့်ပြန်လာခြင်းသာ ဖြစ်သည်။
ရှုချင်းရီက ဘာဖြေရမှန်း မသိဖြစ်နေချိန်မှာပဲ သူမအနောက်က တံခါးမှာပွင့်လာသည်။ ရှုချင်းရီက လှည့်ကြည့်လိုက်သည့်အခါ မော့ဟန်က အနောက်တိုင်းဝတ်စုံကိုတောင် မလဲရသေးဘူး ဖြစ်သည်။ ရှုချင်းရီမှာ မော့ဟန်က ဘာကြောင့် ရုတ်တရပ်ကြီး တံခါးဖွင့်လာသလဲ မသိပေ။
မော့ဟန်က ရှုချင်းရီ၏ အူကြောင်ကြောင်အမူအယာကိုကြည့်ပြီးနောက် သူမ၏အရှေ့က ဟန်လျန်ကို တစ်ချက်ပဲ ကြည့်ကာ သူမအား
"အိမ်ရှေ့မှာ အသံတွေကြားလို့ မင်းပြန်ရောက်တာလား ထွက်ကြည့်တာ"
"ခင်ဗျားက ရှေ့နေကြီးမော့ဟန် ဖြစ်ရမယ်။ ခင်ဗျားအကြောင်းကို ကြားဖူးပါတယ်"
ဟန်လျန်ကပြောသည်။
"ကျေးဇူးတင်ပါတယ်။ ကျွန်တော်က သူများအမှုတွေကို လိုက်ပေးရတဲ့ ရှေ့နေတစ်ယောက်ပါပဲ"
မော့ဟန်၏လေသံမှာ အေးစက်နေသည်။
"ညန်ညန်ကို စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"
ဟန်လျန်ကပြောသည်။
"ညန်ညန်?"
Zawgyi Ver
၁၄၁။ မိန္းမ
"မင္းအတန္းၿပီးၿပီလား? ဘယ္မွာလဲ?"
"ေက်ာင္းကေန အခုပဲထြက္လာေတာ့မလို႔။ ဘာျဖစ္လို႔လဲဟင္?"
"အခုတေလာ ပင္လယ္စာစားခ်င္ေနတာမလား? ငါ႐ုံးကိစၥေတြ ၿပီးသြားၿပီ။ ညေနစာကို ပင္လယ္စာ သြားစားၾကမယ္"
ေမာ့ဟန္က ကားေမာင္းေနရင္း နားၾကပ္ျဖင့္ သူမအား ဖုန္းေျပာေနသည္။
ရႈခ်င္းရီက သူမေဘးနားကေန အရိပ္လိုေလွ်ာက္လိုက္ေနသည့္ ဟန္လ်န္ကိုၾကည့္ကာ သက္ျပင္းခ်လိဳက္သည္။
"ဒီေန႕ေတာ့. . .အဆင္မေျပေလာက္ဘူး"
"ဘာျဖစ္လို႔လဲ?"
ေမာ့ဟန္က ေမးသည္။
ဟန္လ်န္က ေဘးကေန ျဖတ္ေျပာသည္။
"ဘာျဖစ္လို႔မသြားတာလဲ? ေမာ့ဟန္ကလည္း အဆင္ေျပမယ္ဆိုရင္ ကိုယ္လည္း လိုက္မယ္။ ကိုယ္သူ႕နဲ႕စကားေျပာခ်င္တယ္"
ရႈခ်င္းရီက ဟန္လ်န္ကို လွည့္ၾကည့္လိုက္သည္။
ေမာ့ဟန္ကလည္း ဖုန္းထဲက ေယာက္်ားသံကို ၾကားလိုက္သည့္အခါ
"ေဘးမွာဘယ္သူရွိေနတာလဲ?"
"ဟင္. . .ဟိုေလ. . .ညီမေလးတို႔ ဟိုေန႕ကလမ္းမွာေတြ႕တဲ့သူ"
ရႈခ်င္းရီက ေတြေဝသြားေသာ္လည္း ေမာ့ဟန္ကို ေျပာျပလိုက္သည္။
သူမ၏ေဘးနားက ဟန္လ်န္ကေတာ့ ရႈခ်င္းရီက သူ႕အားဒီလိုေျပာသည္ကို သေဘာမက်ေပ။ ထို႔ေၾကာင့္ ရႈခ်င္းရီ၏အနားသို႔ကပ္ကာ
"ကိုယ္သူနဲ႕ဖုန္းေျပာမယ္ရလား?"
ရႈခ်င္းရီက ေခါင္းခါသည္။ ဖုန္းကိုလက္ျဖင့္ကာရင္း ဟန္လ်န္ႏွင့္ေဝးရာသို႔ ေရွာင္သြားၿပီးမွ
"မလိုပါဘူး။ ကြၽန္မတို႔ပဲအရင္ေျပာရေအာင္။ ေနာက္ေန႕မွ ရွင့္ကို ကိုႀကီးနဲ႕ မိတ္ဆက္ေပးမယ္"
ရႈခ်င္းရီသည္ တစ္ဖက္မွ ေမာ့ဟန္ဘာေျပာေနသလဲကို နားမေထာင္နိုင္ေတာ့ေပ။ သူမက ေမာ့ဟန္အား
"ညီမေလး ဖုန္းခ်လိဳက္ေတာ့မယ္။ အိမ္ေရာက္မွ ေသခ်ာရွင္းျပမယ္"
ရႈခ်င္းရီက ဖုန္းခ်ၿပီးေနာက္ သူမေဘးမွ ဟန္လ်န္အား
"ကြၽန္မအိမ္ကိုျပန္မလို႔။ ရွင့္မွာတျခားေျပာစရာမရွိေတာ့ရင္ ျပန္လိုက္ပါေတာ့"
ဟန္လ်န္က ေဒါသနည္းနည္းထြက္သြားသည္။
"ကိုယ္နဲ႕ျပန္မလိုက္ဘဲ ဘာျဖစ္လို႔ဒီမွာပဲ ေခါင္းမာေနတာလဲ? မိဘေတြ သူငယ္ခ်င္းေတြရွိတဲ့ အိမ္အစစ္ကို ျပန္ေခၚသြားပါ့မယ္ဆိုကြာ! သူတို႔မွာ ေန႕တိုင္းေစာင့္ေနၾကတာ"
ရႈခ်င္းရီက သက္ျပင္းခ်ၿပီးေနာက္ သူ႕ကိုအေလးအနက္ထား ေျပာလိုက္သည္။
"ဟန္လ်န္ ရွင့္အေနနဲ႕ ကြၽန္မခံစားခ်က္ေတြကို နားလည္ဖို႔ ခက္လိမ့္မယ္။ အခုရွင္က ကြၽန္မအတြက္ေတာ့ သူစိမ္းတစ္ေယာက္ပဲ။ ရွင္ေျပာျပေနပင္မယ့္လည္း အဲ့ဒီအတိတ္ေတြအေၾကာင္းကို ကြၽန္မကိုယ္တိုင္ မမွတ္မိေသးဘူး။ အဲ့ဒါေၾကာင့္ ကြၽန္မအတြက္အိမ္ဆိုတာက ဒီလေတြအတြင္းမွာေနခဲ့တဲ့ ေနရာပဲ။ ဟန္လ်န္ ကြၽန္မကို ရွင္အိမ္လို႔ေျပာေနတဲ့ေနရာကို ခ်က္ခ်င္းေခၚသြားလို႔ မရဘူး။ အဲ့ဒီေနရာက ကြၽန္မအတြက္ အစိမ္းသက္သက္ပဲ"
ဟန္လ်န္က နားလည္သြားပုံေပါက္ကာ သက္ျပင္းရွည္ႀကီးခ်ၿပီးမွ
"ဟုတ္ၿပီ ကိုယ္စိတ္ရွည္ရမွာေပါ့။ ဒါပင္မယ့္ ကိုယ္ညန္ညန္ကိုေတာ့ ျပန္လာေခၚမွာပါ"
ရႈခ်င္းရီက ဟန္လ်န္၏စကားမ်ားကို ျငင္းမေနေတာ့ဘဲ သူ႕ကားျဖင့္သာ သူမအား အိမ္သို႔လိုက္ပို႔ခိုင္းလိုက္သည္။ သူမတိုက္ထဲေရာက္လို႔ ဓာတ္ေလွကားေစာင့္ေနစဥ္မွာပဲ သူက သူမေဘးသို႔ ေရာက္လာျပန္သည္။ ထို႔ေၾကာင့္ သူမေနသည့္အထပ္သို႔ႏွိပ္ကာ သူႏွင့္အတူ ဓာတ္ေလွကားစီးလာခဲ့သည္။ သူမတို႔အခန္းေရွ႕ေရာက္မွ ဟန္လ်န္အား
"ကြၽန္မအိမ္ေရာက္ၿပီ။ ရွင္ျပန္ေတာ့"
"အထဲကိုေတာင္ မဖိတ္ေတာ့ဘူးလား? ဒီမွာဘယ္လိုေနရလဲ ကိုယ္ၾကည့္ပါရေစ?"
ရႈခ်င္းရီ၏ သည္းခံနိုင္စြမ္းမွာ ကုန္သြားၿပီ။
"ဒီမွာ ဒါကြၽန္မအိမ္မဟုတ္ဘူးရွင့္။ ဒါကိုႀကီးအိမ္။ သူ႕ရဲ႕ခြင့္ျပဳခ်က္မရွိဘဲ သူစိမ္းတစ္ေယာက္ကို ကြၽန္မအိမ္ထဲမသြင္းနိုင္ဘူး"
ဟန္လ်န္မ်က္ႏွာမွ အၿပဳံးမွာ နားလည္ရခက္စြာ ထူးဆန္းသြားသည္။
"သူ႕ခြင့္ျပဳခ်က္မရွိဘဲ ဟုတ္လား? အဲ့ဒီေကာင္ကို နာခံေနတယ္ေပါ့လား ခ်စ္ေလး?"
ဟန္လ်န္က သူမအား ခ်စ္ေလးဟု ေခၚလိုက္သည့္အခါ ရႈခ်င္းရီသည္ အန္ခ်င္သြားသည္။ ဘာေၾကာင့္မွန္းေတာ့ သူမလည္း မသိပင္မယ့္ သူ႕ဆီက ဒီလိုအသုံးအႏႈန္းကို ၾကားသည့္အခါ သူမ၏ကိုယ္က ဒီလိုတုန့္ျပန္လာျခင္းသာ ျဖစ္သည္။
ရႈခ်င္းရီက ဘာေျဖရမွန္း မသိျဖစ္ေနခ်ိန္မွာပဲ သူမအေနာက္က တံခါးမွာပြင့္လာသည္။ ရႈခ်င္းရီက လွည့္ၾကည့္လိုက္သည့္အခါ ေမာ့ဟန္က အေနာက္တိုင္းဝတ္စုံကိုေတာင္ မလဲရေသးဘူး ျဖစ္သည္။ ရႈခ်င္းရီမွာ ေမာ့ဟန္က ဘာေၾကာင့္ ႐ုတ္တရပ္ႀကီး တံခါးဖြင့္လာသလဲ မသိေပ။
ေမာ့ဟန္က ရႈခ်င္းရီ၏ အူေၾကာင္ေၾကာင္အမူအယာကိုၾကည့္ၿပီးေနာက္ သူမ၏အေရွ႕က ဟန္လ်န္ကို တစ္ခ်က္ပဲ ၾကည့္ကာ သူမအား
"အိမ္ေရွ႕မွာ အသံေတြၾကားလို႔ မင္းျပန္ေရာက္တာလား ထြက္ၾကည့္တာ"
"ခင္ဗ်ားက ေရွ႕ေနႀကီးေမာ့ဟန္ ျဖစ္ရမယ္။ ခင္ဗ်ားအေၾကာင္းကို ၾကားဖူးပါတယ္"
ဟန္လ်န္ကေျပာသည္။
"ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္က သူမ်ားအမႈေတြကို လိုက္ေပးရတဲ့ ေရွ႕ေနတစ္ေယာက္ပါပဲ"
ေမာ့ဟန္၏ေလသံမွာ ေအးစက္ေနသည္။
"ညန္ညန္ကို ေစာင့္ေရွာက္ေပးထားတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ"
ဟန္လ်န္ကေျပာသည္။
"ညန္ညန္?"