If the Deep Sea forgets you (...

Av MayHoney127

852K 96.9K 1.6K

Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် က... Mer

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

140

3.1K 340 8
Av MayHoney127

Unicode Ver

၁၄၀။ ပရမ်းပတာအမှန်တရား

ရှုချင်းရီသည် အတန်းထဲသို့ဝင်သွားသော်လည်း ဆရာမသင်နေသည်များကို တစ်လုံးမှ မကြားတော့ပေ။ သူမအတွေးထဲတွင် ခုနကလူပြောသွားသည်များသာရှိ၍ သူမဆံပင်တွေကို ဆွဲဆောင့်ချင်နေပြီ။
'ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်နေတာလဲ? ငါ့လိုကျောင်းသူအရွယ်လေးက ယောက်ျားရှိနေတယ်တဲ့လား? ပြီးတော့လည်း မျက်စိတမှိတ်အတွင်းမှာပဲ လက်ထပ်ထားတာ တစ်နှစ်လောက်ရှိတဲ့ ယောက်ျားက ပေါ်လာတယ်?'

ရှုချင်းရီမှာ ဟန်လျန်ပြောသည်များကို မယုံကြည်နိုင် ဖြစ်နေသည်။ သို့သော်လည်း သူပြသွားသည့် လက်ထပ်စာချုပ်ကပုံကိုသာ သူမမြင်ယောင်နေမိတော့သည်။
'ငါကတကယ်ပဲ စုန့်ယွဲ့ညန်လား? ဒါဆိုရင် ငါ့ကိုယ်ပေါ်က ဒဏ်ရာတွေကရော? ငါ့မှတ်ညဏ်တွေကရော?'

ရှုချင်းရီမှာ အတန်းချိန်ပြီးသွားသည့်အထိ အတန်းထဲတွင် ငုတ်တုပ်ထိုင်နေသော်လည်း သူမ၏စိတ်မှာ ယောက်ယက်ခတ်နေခဲ့သည်။ အတန်းချိန်ပြီး၍ အပြင်သို့ထွက်လာသည့်အခါ သူမအား စောင့်နေသည့် ဟန်လျန်ကို တွေ့သည်။

"အတန်းပြီးသွားပြီလား?"

"အိမ်ပြန်မလို့။ ရှင်သွားတော့"

"အိမ်ပြန်မယ်? ဘယ်အိမ်ကိုလဲ? ဟိုရက်က ညန်ညန်နဲ့ အတူတွေ့လိုက်ရတဲ့ အကိုကြီးဆိုတဲ့ကောင်ရဲ့ အိမ်ကိုလား?"
ဟန်လျန်က ခါးသီးစွာပြုံးရင်း ပြောသည်။

"ရှင်ကျွန်မကို လိုက်စုံစမ်းခဲ့တာလား?"
ရှုချင်းရီက မျက်မှောင်ကျုံကာ ပြောသည်။

"ညန်ညန် ဘာမှလန့်စရာမရှိပါဘူး။ ဟိုနေ့တုန်းက လမ်းပေါ်မှာတွေ့ကတည်းက ဒီကမ္ဘာကြီးမှာ ချွတ်ဆွတ်တူတဲ့သူ ရှိပါ့မလားလို့ အံ့သြနေခဲ့တာ။ ညန်ညန်က မှတ်ပုံတင်ကဒ်ထုတ်ပြလိုက်တော့ ပိုရှာရလွယ်သွားတာပေါ့"
ဟန်လျန်က ဆက်ပြောသည်။

"ကိုယ်သူ့ကို သိပါတယ်။ ဒီမြို့မှာ အောင်မြင်နေတဲ့ ရှေ့နေမော့ဟန်မလား။ သူက မှတ်ပုံတင်လုပ်ပေးထားတာ ဖြစ်နိုင်တယ်လေ။ မှတ်ပုံတင်တောင် လုပ်ပေးနိုင်ရင် ညီမအဖြစ်ဟန်ဆောင်ခိုင်းဖို့က ပိုလွယ်သွားပြီ။ အဲ့ဒါကြောင့် ညန်ညန်ကို ပြန်ရှာတွေ့ဖို့ ကိုယ်သိပ်မကြာတော့တာ"

"သူနဲ့ဘာမှမဆိုင်ဘဲ စောင့်ရှောက်ပေးထားလို့ ကျေးဇူးတော့တင်ပင်မယ့် ကိုယ်အရင် ရှာမတွေ့ခဲ့မိတာကိုတော့ ရှက်မိတယ်"

ထိုအချိန်တွင်ပဲ ရှုချင်းရီသည် ဟန်လျန်ကိုကြည့်ရင်း သူမရင်ထဲတွင် အဆင်မပြေတော့ပေ။ သူမသည် အတိတ်ကို မမှတ်မိသော်လည်း အတိတ်ကတော့ သူမထွက်ပြေးလို့ မရတော့ဘူး ဖြစ်သည်။

"ရှင်အခုဘာပြောချင်တာဖြစ်ဖြစ် မနက်ဖြန်မှပြော။ ညီမကတော့ အခုအိမ်ပြန်ရမယ်"
ရှုချင်းရီသည် ဒီလူ၏အဝေးသို့သာ ရှောင်ပြေးနေချင်သည်။

ဟန်လျန်မှာ အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်။ သူမနှင့်မတွေ့ရသည်မှာ နှစ်ဝက်လောက်ရှိပြီဖြစ်သလို အတိတ်လည်းမေ့သွားသောကြောင့် သူ့အပေါ်သွေးအေးကာ စိမ်းနေမည်ကို သူနားလည်ပါသည်။ ဒါပင်မယ့်လည်း သူမဟာ တခြားတစ်ယောက်အဖြစ် ပြောင်းလဲသွားသလို သူခံစားနေရသည်။

"ဒါညန်ညန်အိမ်မဟုတ်ဘူး။ ကိုယ်တို့အိမ်က Fမြို့မှာရှိတာလေ။ မတော်တဆမှုဖြစ်သွားကတည်းက ညန်ညန်ရဲ့မိဘတွေကလည်း အိမ်ပြန်လာမယ့်နေ့ကို ထိုင်မျှော်နေကြာတာ"

ရှုချင်းရီက အေးစက်စွာ ပြုံးလိုက်သည်။
"မတော်တဆ? ဘာမတော်တဆလဲ? ကျွန်မကတော့ ရှင်တို့အကုန်လုံးက ကျွန်မပြန်လာမှာကို မျှော်နေတယ်လို့မထင်ဘူး။ ဘယ်တော့မှ ပြန်မလာအောင် သေရင်သေပါစေဆိုပြီး ရှင်တို့တွေ ပစ်ထားကြတာမလား?"

ဟန်လျန်က သူမအား မယုံကြည်နိုင်ဖွယ်ကြည့်ကာ
"ညန်ညန်. . .ဘယ်လိုဖြစ်လို့ ဒီလိုစကားမျိုး ပြောရက်တာလဲ?"

"ဒါဆိုရင် ရှင်တို့တွေ ဘာဖြစ်လို့ လာမရှာကြတာလဲ? ဆေးရုံမှာ ကျွန်မမျောနေတုန်းက ရှင်တို့ဘာဖြစ်လို့ လာတောင် မကြည့်ကြတာလဲ? ကျွန်မဘယ်သူလဲဆိုတာကို ဘယ်သူမှ လာအတည်ပြုမပေးကြဘူး။ သွေးအိုင်ထဲမှာ လဲနေတုန်းကရော ရှင်တို့ဘာဖြစ်လို့ ရောက်မလာကြတာလဲ? ဘာဖြစ်လို့ ကျွန်မကို မကယ်လဲ? လမ်းပေါ်မှာ စားစရာမရှိ နေစရာမရှိဘဲ လေလွင့်နေတုန်းကရော ရှင်တို့ဘယ်ရောက်နေလဲ?"
ရှုချင်းရီက သည်းမခံနိုင်တော့သည့်အဆုံး အော်ပြောလိုက်သည်။

ဟန်လျန်သည် ကြောင်အသွားသည်။ ထို့နောက် ဒေါသထွက်နေသည့် ရှုချင်းရီအား ကြည့်ကာ အသံပျော့သွားပြီး
"ကိုယ်တို့မရှာဘူးလို့ ဘယ်လိုလုပ် ထင်ရက်ရတာလဲ? ပြန်ပေးဆွဲခံရကတည်းက Fတစ်မြို့လုံးကို ပိုက်စိပ်တိုက်ရှာခဲ့တယ်။ ရဲတွေနဲ့လည်း လိုက်ရှာပင်မယ့် ပြန်ပေးဆွဲသူတွေက ဘယ်ကိုခေါ်သွားလဲဆိုတာ ရှာလို့ကိုမရခဲ့ဘူး။ ပြန်ပေးသမားတွေကိုမိတော့ သူတို့က ညန်ညန်ကို ဓားနဲ့သေအောင်ထိုး၊ အပိုင်းပိုင်းဖြတ်ပြီး မြစ်ထဲကိုမျောလိုက်ပြီလို့ပဲ ပြောကြတာ"

ဟန်လျန်၏မျက်လုံးများက ရဲနေပြီး
"အဲ့ဒီအချိန်တုန်းက ကိုယ်ဘယ်လိုခံစားရသလဲသိလား? သူတို့ကိုသတ်ပစ်လုနီးပါးပဲ! အလောင်းကိုရှာမရတော့ တစ်နေရာရာမှာ ရှင်နေမှာပါလို့ ယုံကြည်ခဲ့တာ။ ကိုယ်အလျော့မပေးခဲ့ဘူး။ ညန်ညန်က ဒီလောက်အလွယ်လေးမယ့်သူမှ မဟုတ်တာ"

ရှုချင်းရီက ဘာမှဝင်မပြောတော့ဘဲ သူ့အားစိတ်ရှုပ်စွာကြည့်ရင်း သူပြောပြနေသည့် အတိတ်အကြောင်းများကိုသာ နားထောင်နေခဲ့သည်။

"ကံကောင်းတာက. . .ကိုယ်ညန်ညန်ကို ပြန်ရှာတွေ့ခဲ့ပြီ"

ဟန်လျန်က ပြုံးရင်းဖြင့်
"ညန်ညန်. . .ကိုယ်နဲ့အိမ်ကို ပြန်လိုက်ခဲ့ပါတော့"

ဒီအချိန်တွင်မှာပဲ ရှုချင်းရီ၏အိတ်ကပ်ထဲမှ ဖုန်းကမြည်လာခဲ့သည်။ မော့ဟန်က ခေါ်နေခြင်း ဖြစ်သည်။

Zawgyi Ver

၁၄၀။ ပရမ္းပတာအမွန္တရား

ရႈခ်င္းရီသည္ အတန္းထဲသို႔ဝင္သြားေသာ္လည္း ဆရာမသင္ေနသည္မ်ားကို တစ္လုံးမွ မၾကားေတာ့ေပ။ သူမအေတြးထဲတြင္ ခုနကလူေျပာသြားသည္မ်ားသာရွိ၍ သူမဆံပင္ေတြကို ဆြဲေဆာင့္ခ်င္ေနၿပီ။
'ဘာျဖစ္လို႔ ဒီလိုေတြ ျဖစ္ေနတာလဲ? ငါ့လိုေက်ာင္းသူအ႐ြယ္ေလးက ေယာက္်ားရွိေနတယ္တဲ့လား? ၿပီးေတာ့လည္း မ်က္စိတမွိတ္အတြင္းမွာပဲ လက္ထပ္ထားတာ တစ္ႏွစ္ေလာက္ရွိတဲ့ ေယာက္်ားက ေပၚလာတယ္?'

ရႈခ်င္းရီမွာ ဟန္လ်န္ေျပာသည္မ်ားကို မယုံၾကည္နိုင္ ျဖစ္ေနသည္။ သို႔ေသာ္လည္း သူျပသြားသည့္ လက္ထပ္စာခ်ဳပ္ကပုံကိုသာ သူမျမင္ေယာင္ေနမိေတာ့သည္။
'ငါကတကယ္ပဲ စုန့္ယြဲ႕ညန္လား? ဒါဆိုရင္ ငါ့ကိုယ္ေပၚက ဒဏ္ရာေတြကေရာ? ငါ့မွတ္ညဏ္ေတြကေရာ?'

ရႈခ်င္းရီမွာ အတန္းခ်ိန္ၿပီးသြားသည့္အထိ အတန္းထဲတြင္ ငုတ္တုပ္ထိုင္ေနေသာ္လည္း သူမ၏စိတ္မွာ ေယာက္ယက္ခတ္ေနခဲ့သည္။ အတန္းခ်ိန္ၿပီး၍ အျပင္သို႔ထြက္လာသည့္အခါ သူမအား ေစာင့္ေနသည့္ ဟန္လ်န္ကို ေတြ႕သည္။

"အတန္းၿပီးသြားၿပီလား?"

"အိမ္ျပန္မလို႔။ ရွင္သြားေတာ့"

"အိမ္ျပန္မယ္? ဘယ္အိမ္ကိုလဲ? ဟိုရက္က ညန္ညန္နဲ႕ အတူေတြ႕လိုက္ရတဲ့ အကိုႀကီးဆိုတဲ့ေကာင္ရဲ႕ အိမ္ကိုလား?"
ဟန္လ်န္က ခါးသီးစြာၿပဳံးရင္း ေျပာသည္။

"ရွင္ကြၽန္မကို လိုက္စုံစမ္းခဲ့တာလား?"
ရႈခ်င္းရီက မ်က္ေမွာင္က်ဳံကာ ေျပာသည္။

"ညန္ညန္ ဘာမွလန့္စရာမရွိပါဘူး။ ဟိုေန႕တုန္းက လမ္းေပၚမွာေတြ႕ကတည္းက ဒီကမာၻႀကီးမွာ ခြၽတ္ဆြတ္တူတဲ့သူ ရွိပါ့မလားလို႔ အံ့ၾသေနခဲ့တာ။ ညန္ညန္က မွတ္ပုံတင္ကဒ္ထုတ္ျပလိုက္ေတာ့ ပိုရွာရလြယ္သြားတာေပါ့"
ဟန္လ်န္က ဆက္ေျပာသည္။

"ကိုယ္သူ႕ကို သိပါတယ္။ ဒီၿမိဳ႕မွာ ေအာင္ျမင္ေနတဲ့ ေရွ႕ေနေမာ့ဟန္မလား။ သူက မွတ္ပုံတင္လုပ္ေပးထားတာ ျဖစ္နိုင္တယ္ေလ။ မွတ္ပုံတင္ေတာင္ လုပ္ေပးနိုင္ရင္ ညီမအျဖစ္ဟန္ေဆာင္ခိုင္းဖို႔က ပိုလြယ္သြားၿပီ။ အဲ့ဒါေၾကာင့္ ညန္ညန္ကို ျပန္ရွာေတြ႕ဖို႔ ကိုယ္သိပ္မၾကာေတာ့တာ"

"သူနဲ႕ဘာမွမဆိုင္ဘဲ ေစာင့္ေရွာက္ေပးထားလို႔ ေက်းဇူးေတာ့တင္ပင္မယ့္ ကိုယ္အရင္ ရွာမေတြ႕ခဲ့မိတာကိုေတာ့ ရွက္မိတယ္"

ထိုအခ်ိန္တြင္ပဲ ရႈခ်င္းရီသည္ ဟန္လ်န္ကိုၾကည့္ရင္း သူမရင္ထဲတြင္ အဆင္မေျပေတာ့ေပ။ သူမသည္ အတိတ္ကို မမွတ္မိေသာ္လည္း အတိတ္ကေတာ့ သူမထြက္ေျပးလို႔ မရေတာ့ဘူး ျဖစ္သည္။

"ရွင္အခုဘာေျပာခ်င္တာျဖစ္ျဖစ္ မနက္ျဖန္မွေျပာ။ ညီမကေတာ့ အခုအိမ္ျပန္ရမယ္"
ရႈခ်င္းရီသည္ ဒီလူ၏အေဝးသို႔သာ ေရွာင္ေျပးေနခ်င္သည္။

ဟန္လ်န္မွာ အနည္းငယ္စိတ္မေကာင္းျဖစ္သြားသည္။ သူမႏွင့္မေတြ႕ရသည္မွာ ႏွစ္ဝက္ေလာက္ရွိၿပီျဖစ္သလို အတိတ္လည္းေမ့သြားေသာေၾကာင့္ သူ႕အေပၚေသြးေအးကာ စိမ္းေနမည္ကို သူနားလည္ပါသည္။ ဒါပင္မယ့္လည္း သူမဟာ တျခားတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားသလို သူခံစားေနရသည္။

"ဒါညန္ညန္အိမ္မဟုတ္ဘူး။ ကိုယ္တို႔အိမ္က Fၿမိဳ႕မွာရွိတာေလ။ မေတာ္တဆမႈျဖစ္သြားကတည္းက ညန္ညန္ရဲ႕မိဘေတြကလည္း အိမ္ျပန္လာမယ့္ေန႕ကို ထိုင္ေမွ်ာ္ေနၾကာတာ"

ရႈခ်င္းရီက ေအးစက္စြာ ၿပဳံးလိုက္သည္။
"မေတာ္တဆ? ဘာမေတာ္တဆလဲ? ကြၽန္မကေတာ့ ရွင္တို႔အကုန္လုံးက ကြၽန္မျပန္လာမွာကို ေမွ်ာ္ေနတယ္လို႔မထင္ဘူး။ ဘယ္ေတာ့မွ ျပန္မလာေအာင္ ေသရင္ေသပါေစဆိုၿပီး ရွင္တို႔ေတြ ပစ္ထားၾကတာမလား?"

ဟန္လ်န္က သူမအား မယုံၾကည္နိုင္ဖြယ္ၾကည့္ကာ
"ညန္ညန္. . .ဘယ္လိုျဖစ္လို႔ ဒီလိုစကားမ်ိဳး ေျပာရက္တာလဲ?"

"ဒါဆိုရင္ ရွင္တို႔ေတြ ဘာျဖစ္လို႔ လာမရွာၾကတာလဲ? ေဆး႐ုံမွာ ကြၽန္မေမ်ာေနတုန္းက ရွင္တို႔ဘာျဖစ္လို႔ လာေတာင္ မၾကည့္ၾကတာလဲ? ကြၽန္မဘယ္သူလဲဆိုတာကို ဘယ္သူမွ လာအတည္ျပဳမေပးၾကဘူး။ ေသြးအိုင္ထဲမွာ လဲေနတုန္းကေရာ ရွင္တို႔ဘာျဖစ္လို႔ ေရာက္မလာၾကတာလဲ? ဘာျဖစ္လို႔ ကြၽန္မကို မကယ္လဲ? လမ္းေပၚမွာ စားစရာမရွိ ေနစရာမရွိဘဲ ေလလြင့္ေနတုန္းကေရာ ရွင္တို႔ဘယ္ေရာက္ေနလဲ?"
ရႈခ်င္းရီက သည္းမခံနိုင္ေတာ့သည့္အဆုံး ေအာ္ေျပာလိုက္သည္။

ဟန္လ်န္သည္ ေၾကာင္အသြားသည္။ ထို႔ေနာက္ ေဒါသထြက္ေနသည့္ ရႈခ်င္းရီအား ၾကည့္ကာ အသံေပ်ာ့သြားၿပီး
"ကိုယ္တို႔မရွာဘူးလို႔ ဘယ္လိုလုပ္ ထင္ရက္ရတာလဲ? ျပန္ေပးဆြဲခံရကတည္းက Fတစ္ၿမိဳ႕လုံးကို ပိုက္စိပ္တိုက္ရွာခဲ့တယ္။ ရဲေတြနဲ႕လည္း လိုက္ရွာပင္မယ့္ ျပန္ေပးဆြဲသူေတြက ဘယ္ကိုေခၚသြားလဲဆိုတာ ရွာလို႔ကိုမရခဲ့ဘူး။ ျပန္ေပးသမားေတြကိုမိေတာ့ သူတို႔က ညန္ညန္ကို ဓားနဲ႕ေသေအာင္ထိုး၊ အပိုင္းပိုင္းျဖတ္ၿပီး ျမစ္ထဲကိုေမ်ာလိုက္ၿပီလို႔ပဲ ေျပာၾကတာ"

ဟန္လ်န္၏မ်က္လုံးမ်ားက ရဲေနၿပီး
"အဲ့ဒီအခ်ိန္တုန္းက ကိုယ္ဘယ္လိုခံစားရသလဲသိလား? သူတို႔ကိုသတ္ပစ္လုနီးပါးပဲ! အေလာင္းကိုရွာမရေတာ့ တစ္ေနရာရာမွာ ရွင္ေနမွာပါလို႔ ယုံၾကည္ခဲ့တာ။ ကိုယ္အေလ်ာ့မေပးခဲ့ဘူး။ ညန္ညန္က ဒီေလာက္အလြယ္ေလးမယ့္သူမွ မဟုတ္တာ"

ရႈခ်င္းရီက ဘာမွဝင္မေျပာေတာ့ဘဲ သူ႕အားစိတ္ရႈပ္စြာၾကည့္ရင္း သူေျပာျပေနသည့္ အတိတ္အေၾကာင္းမ်ားကိုသာ နားေထာင္ေနခဲ့သည္။

"ကံေကာင္းတာက. . .ကိုယ္ညန္ညန္ကို ျပန္ရွာေတြ႕ခဲ့ၿပီ"

ဟန္လ်န္က ၿပဳံးရင္းျဖင့္
"ညန္ညန္. . .ကိုယ္နဲ႕အိမ္ကို ျပန္လိုက္ခဲ့ပါေတာ့"

ဒီအခ်ိန္တြင္မွာပဲ ရႈခ်င္းရီ၏အိတ္ကပ္ထဲမွ ဖုန္းကျမည္လာခဲ့သည္။ ေမာ့ဟန္က ေခၚေနျခင္း ျဖစ္သည္။

Fortsätt läs

Du kommer också att gilla

6.7K 77 25
ကိုယ္​စီ အ​ေမွာင္​ထုမွ လြတ္​​ေျမႇာက္​ခြင္​့ ျပဳပါ ....... ယြမ္​း​ေဝ....ကိုယ္​ဘဝက အ​ေမွာင္​ထဲမွာ ​ေနာက္​​ေတာ့ကိုယ္​ကမ႓ာပါ​ေမွာင္​သြားခဲ့ၿပီ မင္​ဆိုတ...
61.7K 3.5K 25
ချောင်ကျန်းဝေဆိုတဲ့ ကောင်လေးတယောက်ကို တဖက်သတ်အနေနဲ့ 5နှစ်လောက်ကြိုက်လာတဲ့ ကောင်မလေးတယောက် ယာဥ်မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး နောက်တက...
345K 6.3K 51
တစ်ယောက်ယောက်-------------ကျေးဇူးပြုပြီးးးးးးးးးး ကယ်ပါ------------------------------------------- ကိုယ့်ရဲ့ လှောင်အိမ်ထဲကနေ မင်းဘယ်တော့မှထွက်ပြေးလို...
532K 87.1K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras