Unicode Ver
၁၁၉။ မူးပြန်ပြီ
မော့ဟန်က နိုင်ငံကိုပြန်ရောက်ပြီး ရက်အတော်ကြာသည့်အထိ ရှုချင်းရီအား ထမင်းလိုက်မကျွေးသေးပေ။ သူဟာ အလုပ်တွေရှုပ်နေပြန်သည်။ ထို့ကြောင့် ရှုချင်းရီမှာ သူမအား တမင်ရှောင်နေသလားဟုတောင် ထင်လာသည်။ ရှုချင်းရီမှာ မော့ဟန်က သူမအား လိုက်ကျွေးမည့်အစီအစဉ်က ဒီလိုအရွေ့ခံထားရသောကြောင့် သူမစိတ်ညစ်နေသည်။
ဒါပင်မယ့်လည်း ရှုချင်းရီ၏ အပြင်မှာစားချင်သည့်ဆန္ဒမှာ ပြည့်ဝသွားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူမစိတ်ပညာဌာနသို့ ပြောင်းခွင့်ရသောကြောင့် ကျန်းယန်က သူ့အားလိုက်ကျွေးသည်။ သူက သူ့သူငယ်ချင်းအချို့ကိုပါ ဖိတ်ထားသေးသည်။ ရှုချင်းရီက ကျန်းယန်၏သူငယ်ချင်းများမှာ ရဲများထင်ပြီးတော့ မသွားချင်သော်လည်း ကျန်းယန်က သူ့သူငယ်ချင်းများမှာ စုံထောက်အေဂျင်စီကလူများသာ ဖြစ်ကြောင်းပြောမှ သူမသဘောတူလိုက်သည်။
ထိုစုံထောက်အေဂျင်စီကလူများအား ရေကူးကန်တုန်းက မြင်ခဲ့သည်နှင့် ပတ်သတ်၍ စုံစမ်းရန် သူမအကူအညီတောင်းနိုင်သည်။ သူတို့က အမှန်တရားတစ်စုံတစ်ရာကိုလောက်ကို ရှာပေးနိုင်လောက်မည် ဖြစ်သည်။ ထို့ကြောင့် ကျန်းယန်ကျွေးမည့်စားပွဲသို့ သူမလိုက်ခဲ့သည်။
ဒါပင်မယ့်လည်း ရှုချင်းရီက သူမဘာစားခဲ့လဲ ဘာတွေပြောလဲ ဘယ်သူနဲ့တွေ့ခဲ့လဲ သူမ၏မှတ်ညဏ်များမှာ ဝေဝေဝါးဝါးပင်။ သူမမမူးသေးခင် ကျန်းယန်က သူမအား တစ်ခုခုပြောလိုက်သည်ကို သိသော်လည်း ဘာပြောခဲ့မှန်း သူမမသိတော့ပေ။
သူမက မူးဝေနေကာ ပင်လယ်ထဲတွင် မြုပ်လိုက်ပေါ်လိုက် ဖြစ်နေသည်။ သူမ၏ပတ်ဝန်းကျင်တွင် ဆူညံ့နေသော်လည်း ဘာတွေပြောမှန်း သူမမသိပေ။ ထို့နောက် သူမခေါင်းဟာ နူးညံ့သည့်အရာတစ်ခုပေါ်သို့ စိုက်ကျသွားသည်။ ထို့နောက်တွင်တော့ သူမအသိစိတ်လွတ်သွားလေပြီ။
သူမအသိပြန်ကပ်သည့်အချိန်ကတော့ တံခါးကို မနက်၃နာရီလောက် ကန်နေခြင်းကြောင့် သူမနိုးလာခြင်း ဖြစ်သည်။ ရှုချင်းရီက ၃နာရီမှန်းသိရခြင်းမှာ သူမဘေးကလူက ပြော၍ဖြစ်သည်။
"မနက်၃နာရီကြီး ဘယ်သူက တံခါးကို လာခေါက်နေတာလဲကွာ?"
သူမဘေးကလူက ပါးစပ်ကနေ ပွစိပွစိပြောရင်း တံခါးသွားဖွင့်ကြည့်ဟန် တူသည်။ ရှုချင်းရီကတော့ အသိပြန်ကပ်လာသော်လည်း အရမ်းအိပ်ချင်နေသေးသောကြောင့် သူမကိုယ်မှာ မလှုပ်နိုင်သေးပေ။
သူမက မျက်လုံးဖွင့်မကြည့်နိုင်သောကြောင့် ဘာတွေဖြစ်နေမှန်း မသိပေ။ လူနှစ်ယောက် ရန်ဖြစ်နေသည့်အသံများကို သူမကြားနေရသည်။ တစ်ယောက်က သူမဘယ်မှာရှိမလဲ အတင်းဝင်ကြည့်မည်လုပ်နေကာ နောက်တစ်ယောက်က သူမနိုးလာမှ အကုန်လုံးကို မေးကြည့်စေမည် ဖြစ်သောကြောင့် ပြန်သွားအိပ်ရန်ပြောနေသည်။
သူတို့နှစ်ယောက်ရန်ဖြစ်နေသည်မှာ အနိုင်မပေါ်သေးခင်တွင်ပဲ ရှုချင်းရီမှာ သူမမျက်နှာကို ရေအေးတစ်ခွက်ဖြင့် အပက်ခံလိုက်ရသဖြင့် နိုးလာခဲ့သည်။ သူမမျက်လုံးပွင့်ပွင့်ချင်းတွင် အလင်းရောင်ကစူးလွန်းသောကြောင့် သူမမျက်လုံးပြန်မှိတ်လိုက်ကာ လက်ဖြင့်ကာလိုက်သည်။ ဘာတွေဖြစ်နေမှန်း သူမအခုအချိန်အထိ မသိသေးပေ။
"နိုးလာပြီလား?"
ရှုချင်းရီက မျက်လုံးကို အတင်းဖွင့်ကြည့်သည့်အခါ မည်းသည်းကာ အုံမှိုင်းနေသည့် မျက်နှာကြီးဖြင့် မော့ဟန်ကို တွေ့လိုက်ရသည်။
ဒေါသထွက်လွန်း၍ ရူးတော့မလို ဖြစ်နေသည့် မော့ဟန်နှင့် သူမဘေးတွင်လှဲနေသည့် ဘယ်သူမှန်းမသိသည့်သူကိုကြည့်ကာ ရှုချင်းရီက စိတ်ရှုပ်ထွေးသွားသည်။ ကျန်းယန်က ဘယ်ကိုထွက်သွားလဲမသိပင်မယ့် သူမကတော့ အိပ်ရာပေါ်တွင် လှဲနေသည်။ သူမခြေထောက်နားတွင်လည်း နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လူတစ်ယောက်ရှိနေသေးသည်။
"သွားစမ်းကွာ!"
မော့ဟန်က သူမခြေထောက်နားကလူကို ဆွဲထုတ်ပစ်လိုက်သည်။
နောက်ဆုံးမှာတော့ ရှုချင်းရီက သူမကိုယ်သူမ ပြဿနာရှာမိနေပြီဖြစ်မှန်း သိသွားပြီ။ သူမက မော့ဟန်ကို ရှုင်းပြရန် ပါးစပ်ဟလိုက်သော်လည်း မော့ဟန်က အရင်ဖြတ်ပြောသည်။
"ပြန်မယ်!"
မော့ဟန်က သူမကို စကားပြောခွင့် လုံးဝမပေးပါ။ သူမလက်ကိုဆွဲကာ အိပ်ရာပေါ်ကနေ ဆွဲချပြီး ထွက်သွားသည်။ ရှုချင်းရီမှာ သူမဖိနပ်စီးရန် မော့ဟန်ဆွဲထားသည်ကို ရုန်းသေးသော်လည်း မော့ဟန်က သူမကိုလဲကျတော့မတက် အတင်းဆွဲခေါ်သွားသည်။
မော့ဟန်က သူမကို ဖိနပ်စီးချိန်တောင် မပေးပါ။ သူမမျက်လုံးထဲကို စိုက်ကြည့်ဖို့ လှည့်လာကာ
"ရှုချင်းရီ မင်းဒီမှာ အချိန်ဆွဲဖို့ လုပ်နေရင် ငါမင်းကို ဘယ်တော့မှ အိမ်ကိုပြန်မလာနိုင်အောင် လုပ်ပစ်မယ်!"
ရှုချင်းရီမှာ မော့ဟန်၏အကြည့်နှင့် အပြောတို့ကြောင့် ကြောက်သွားလေသည်။ ထို့ကြောင့် ဖိနပ်ကို လက်တစ်ဖက်ဖြင့် အမြန်ကောက်လိုက်ကာ ခြေပြောင်လေးဖြင့် မော့ဟန်သူမလက်ကို နာကျင်နေသည့်အထိ အတင်းဆွဲရာနောက်သို့ လိုက်ရတော့သည်။
သူမတို့အခန်းအပြင်သို့ထွက်ကာမှ ဟိုတယ်ရောက်နေမှန်း သိရတော့သည်။ ထိုအခန်းအပေါက်ဝတွင် နံရံကိုမှီကာ မျက်နှာကြီးနီမြန်းစွာဖြင့် အိပ်ပျော်နေသူလည်း ရှိသေးသည်။ ထိုသူကတော့ ကျန်းယန်ပင်။
Zawgyi Ver
၁၁၉။ မူးျပန္ၿပီ
ေမာ့ဟန္က နိုင္ငံကိုျပန္ေရာက္ၿပီး ရက္အေတာ္ၾကာသည့္အထိ ရႈခ်င္းရီအား ထမင္းလိုက္မေကြၽးေသးေပ။ သူဟာ အလုပ္ေတြရႈပ္ေနျပန္သည္။ ထို႔ေၾကာင့္ ရႈခ်င္းရီမွာ သူမအား တမင္ေရွာင္ေနသလားဟုေတာင္ ထင္လာသည္။ ရႈခ်င္းရီမွာ ေမာ့ဟန္က သူမအား လိုက္ေကြၽးမည့္အစီအစဥ္က ဒီလိုအေ႐ြ႕ခံထားရေသာေၾကာင့္ သူမစိတ္ညစ္ေနသည္။
ဒါပင္မယ့္လည္း ရႈခ်င္းရီ၏ အျပင္မွာစားခ်င္သည့္ဆႏၵမွာ ျပည့္ဝသြားခဲ့ပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူမစိတ္ပညာဌာနသို႔ ေျပာင္းခြင့္ရေသာေၾကာင့္ က်န္းယန္က သူ႕အားလိုက္ေကြၽးသည္။ သူက သူ႕သူငယ္ခ်င္းအခ်ိဳ႕ကိုပါ ဖိတ္ထားေသးသည္။ ရႈခ်င္းရီက က်န္းယန္၏သူငယ္ခ်င္းမ်ားမွာ ရဲမ်ားထင္ၿပီးေတာ့ မသြားခ်င္ေသာ္လည္း က်န္းယန္က သူ႕သူငယ္ခ်င္းမ်ားမွာ စုံေထာက္ေအဂ်င္စီကလူမ်ားသာ ျဖစ္ေၾကာင္းေျပာမွ သူမသေဘာတူလိုက္သည္။
ထိုစုံေထာက္ေအဂ်င္စီကလူမ်ားအား ေရကူးကန္တုန္းက ျမင္ခဲ့သည္ႏွင့္ ပတ္သတ္၍ စုံစမ္းရန္ သူမအကူအညီေတာင္းနိုင္သည္။ သူတို႔က အမွန္တရားတစ္စုံတစ္ရာကိုေလာက္ကို ရွာေပးနိုင္ေလာက္မည္ ျဖစ္သည္။ ထို႔ေၾကာင့္ က်န္းယန္ေကြၽးမည့္စားပြဲသို႔ သူမလိုက္ခဲ့သည္။
ဒါပင္မယ့္လည္း ရႈခ်င္းရီက သူမဘာစားခဲ့လဲ ဘာေတြေျပာလဲ ဘယ္သူနဲ႕ေတြ႕ခဲ့လဲ သူမ၏မွတ္ညဏ္မ်ားမွာ ေဝေဝဝါးဝါးပင္။ သူမမမူးေသးခင္ က်န္းယန္က သူမအား တစ္ခုခုေျပာလိုက္သည္ကို သိေသာ္လည္း ဘာေျပာခဲ့မွန္း သူမမသိေတာ့ေပ။
သူမက မူးေဝေနကာ ပင္လယ္ထဲတြင္ ျမဳပ္လိုက္ေပၚလိုက္ ျဖစ္ေနသည္။ သူမ၏ပတ္ဝန္းက်င္တြင္ ဆူညံ့ေနေသာ္လည္း ဘာေတြေျပာမွန္း သူမမသိေပ။ ထို႔ေနာက္ သူမေခါင္းဟာ ႏူးညံ့သည့္အရာတစ္ခုေပၚသို႔ စိုက္က်သြားသည္။ ထို႔ေနာက္တြင္ေတာ့ သူမအသိစိတ္လြတ္သြားေလၿပီ။
သူမအသိျပန္ကပ္သည့္အခ်ိန္ကေတာ့ တံခါးကို မနက္၃နာရီေလာက္ ကန္ေနျခင္းေၾကာင့္ သူမနိုးလာျခင္း ျဖစ္သည္။ ရႈခ်င္းရီက ၃နာရီမွန္းသိရျခင္းမွာ သူမေဘးကလူက ေျပာ၍ျဖစ္သည္။
"မနက္၃နာရီႀကီး ဘယ္သူက တံခါးကို လာေခါက္ေနတာလဲကြာ?"
သူမေဘးကလူက ပါးစပ္ကေန ပြစိပြစိေျပာရင္း တံခါးသြားဖြင့္ၾကည့္ဟန္ တူသည္။ ရႈခ်င္းရီကေတာ့ အသိျပန္ကပ္လာေသာ္လည္း အရမ္းအိပ္ခ်င္ေနေသးေသာေၾကာင့္ သူမကိုယ္မွာ မလႈပ္နိုင္ေသးေပ။
သူမက မ်က္လုံးဖြင့္မၾကည့္နိုင္ေသာေၾကာင့္ ဘာေတြျဖစ္ေနမွန္း မသိေပ။ လူႏွစ္ေယာက္ ရန္ျဖစ္ေနသည့္အသံမ်ားကို သူမၾကားေနရသည္။ တစ္ေယာက္က သူမဘယ္မွာရွိမလဲ အတင္းဝင္ၾကည့္မည္လုပ္ေနကာ ေနာက္တစ္ေယာက္က သူမနိုးလာမွ အကုန္လုံးကို ေမးၾကည့္ေစမည္ ျဖစ္ေသာေၾကာင့္ ျပန္သြားအိပ္ရန္ေျပာေနသည္။
သူတို႔ႏွစ္ေယာက္ရန္ျဖစ္ေနသည္မွာ အနိုင္မေပၚေသးခင္တြင္ပဲ ရႈခ်င္းရီမွာ သူမမ်က္ႏွာကို ေရေအးတစ္ခြက္ျဖင့္ အပက္ခံလိုက္ရသျဖင့္ နိုးလာခဲ့သည္။ သူမမ်က္လုံးပြင့္ပြင့္ခ်င္းတြင္ အလင္းေရာင္ကစူးလြန္းေသာေၾကာင့္ သူမမ်က္လုံးျပန္မွိတ္လိုက္ကာ လက္ျဖင့္ကာလိုက္သည္။ ဘာေတြျဖစ္ေနမွန္း သူမအခုအခ်ိန္အထိ မသိေသးေပ။
"နိုးလာၿပီလား?"
ရႈခ်င္းရီက မ်က္လုံးကို အတင္းဖြင့္ၾကည့္သည့္အခါ မည္းသည္းကာ အုံမွိုင္းေနသည့္ မ်က္ႏွာႀကီးျဖင့္ ေမာ့ဟန္ကို ေတြ႕လိုက္ရသည္။
ေဒါသထြက္လြန္း၍ ႐ူးေတာ့မလို ျဖစ္ေနသည့္ ေမာ့ဟန္ႏွင့္ သူမေဘးတြင္လွဲေနသည့္ ဘယ္သူမွန္းမသိသည့္သူကိုၾကည့္ကာ ရႈခ်င္းရီက စိတ္ရႈပ္ေထြးသြားသည္။ က်န္းယန္က ဘယ္ကိုထြက္သြားလဲမသိပင္မယ့္ သူမကေတာ့ အိပ္ရာေပၚတြင္ လွဲေနသည္။ သူမေျခေထာက္နားတြင္လည္း ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည့္ လူတစ္ေယာက္ရွိေနေသးသည္။
"သြားစမ္းကြာ!"
ေမာ့ဟန္က သူမေျခေထာက္နားကလူကို ဆြဲထုတ္ပစ္လိုက္သည္။
ေနာက္ဆုံးမွာေတာ့ ရႈခ်င္းရီက သူမကိုယ္သူမ ျပႆနာရွာမိေနၿပီျဖစ္မွန္း သိသြားၿပီ။ သူမက ေမာ့ဟန္ကို ရႈင္းျပရန္ ပါးစပ္ဟလိုက္ေသာ္လည္း ေမာ့ဟန္က အရင္ျဖတ္ေျပာသည္။
"ျပန္မယ္!"
ေမာ့ဟန္က သူမကို စကားေျပာခြင့္ လုံးဝမေပးပါ။ သူမလက္ကိုဆြဲကာ အိပ္ရာေပၚကေန ဆြဲခ်ၿပီး ထြက္သြားသည္။ ရႈခ်င္းရီမွာ သူမဖိနပ္စီးရန္ ေမာ့ဟန္ဆြဲထားသည္ကို ႐ုန္းေသးေသာ္လည္း ေမာ့ဟန္က သူမကိုလဲက်ေတာ့မတက္ အတင္းဆြဲေခၚသြားသည္။
ေမာ့ဟန္က သူမကို ဖိနပ္စီးခ်ိန္ေတာင္ မေပးပါ။ သူမမ်က္လုံးထဲကို စိုက္ၾကည့္ဖို႔ လွည့္လာကာ
"ရႈခ်င္းရီ မင္းဒီမွာ အခ်ိန္ဆြဲဖို႔ လုပ္ေနရင္ ငါမင္းကို ဘယ္ေတာ့မွ အိမ္ကိုျပန္မလာနိုင္ေအာင္ လုပ္ပစ္မယ္!"
ရႈခ်င္းရီမွာ ေမာ့ဟန္၏အၾကည့္ႏွင့္ အေျပာတို႔ေၾကာင့္ ေၾကာက္သြားေလသည္။ ထို႔ေၾကာင့္ ဖိနပ္ကို လက္တစ္ဖက္ျဖင့္ အျမန္ေကာက္လိုက္ကာ ေျခေျပာင္ေလးျဖင့္ ေမာ့ဟန္သူမလက္ကို နာက်င္ေနသည့္အထိ အတင္းဆြဲရာေနာက္သို႔ လိုက္ရေတာ့သည္။
သူမတို႔အခန္းအျပင္သို႔ထြက္ကာမွ ဟိုတယ္ေရာက္ေနမွန္း သိရေတာ့သည္။ ထိုအခန္းအေပါက္ဝတြင္ နံရံကိုမွီကာ မ်က္ႏွာႀကီးနီျမန္းစြာျဖင့္ အိပ္ေပ်ာ္ေနသူလည္း ရွိေသးသည္။ ထိုသူကေတာ့ က်န္းယန္ပင္။