If the Deep Sea forgets you (...

By MayHoney127

862K 97.5K 1.6K

Author(s) : Su Fuling Title : If the deep sea forgets you Credit to all အတိတ်မေ့နေကာ အားကိုးရာမဲ့ဖြစ်နေသည့် က... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
184
185
186
187
188
189
190
191
192
193
194
195
196
197
198
199
200

94

3.8K 517 4
By MayHoney127

Unicode Ver

၉၄။ အရက်သောက်ခြင်း

"ဪ တက္ကသိုလ်တောင် တက်နေပြီလား? ဘာမေဂျာယူထားလဲကွ?"

"လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲရေး တက်နေတာပါ။ ဒါပင်မယ့် အခုတော့ စိတ်ပညာပဲ ပြောင်းတက်တော့မလို့"

"မဆိုးပါဘူး။ မဆိုးပါဘူး။ နောက်အကူအညီလိုရင်ပြော။ ငါတို့သေချာပေါက်ကူညီပေးမယ်"

မော့ဟန်က သူမအား လူတိုင်းက ကြည့်နေကြသည်ကို သတိထားမိသည်နှင့် သူအနားသို့ ဆွဲခေါ်လိုက်ကာ အေးစက်စွာ ပြောသည်။
"မစောတော့ဘူး။ ငါတို့သွားစားရအောင်"

သူတို့စားသောက်ဆိုင်ကို ရောက်သည့်အခါ မော့ဟန်၏စားပွဲဝိုင်းတွင် လုပ်ဖော်ကိုင်ဖက်အမျိုးသမီးများ အပြည့်ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် မော့ဟန်အားကြည့်သည့် နူးညံ့သည့်အကြည့်များကို ရှုချင်းရီက နားလည်သွားသည်။ ထို့ကြောင့် သူမဘေးက မော့ဟန်အား ခပ်တိုးတိုးကပ်ပြောလိုက်သည်။
"ကိုကြီးရဲ့ခန့်ညားမှုအပေါင်းအောက်မှာ ကြွေဆင်းသွားတဲ့ ရုံးက မကြီးတွေ တော်တော်များတာပဲ"

မော့ဟန်က သူမအားကြည့်ကာ အသံခပ်တိုးတိုးဖြင့်
"မုန့်သာစားနေ"

"ဟုတ်"
ရှုချင်းရီက စကားကို နားထောင်စွာဖြင့် ငြိမ်ငြိမ်လေးထိုင်နေသည်။ မုန့်ချလာမည်ကို မျှော်နေရင်း ဇွန်းနှင့် ခရင်းတို့ကို ဆော့နေလေသည်။

ထိုဝိုင်းက မိန်းကလေးများနှင့် စားရင်းဖြင့် စကားပြောနေကြသည်။ ရှုချင်းရီမှာ မျက်လုံးအဝိုင်းသားဖြင့် တိတ်ဆိတ်စွာ အဆက်မပြတ်စားသောက်နေသူ ဖြစ်သည်။ ချပေးသမျှပွဲတိုင်းက သူမအတွက် အရသာရှိလွန်းနေသည်။

"ရှေ့နေကြီး တစ်ခွက်လောက် သောက်ပါဦး"
လျူဇီယွမ်က ရှုချင်းရီအရှေ့ကနေ မော့ဟန်ဆီသို့ ဝိုင်တစ်ခွက် ကမ်းပေးသည်။

မော့ဟန်က ပြုံးရင်းငြင်းသည်။
"ကျွန်တော့် အစာအိမ်က အခုမှပြန်ကောင်းစမလို့ မသောက်နိုင်လို့ပါ"

လျူဇီယွမ်က သူ့ခေါင်းကိုသူရိုက်ကာ
"ကြည့်စမ်းပါဦး! ကျွန်တော့်ခေါင်းမကောင်းပုံများ။ ရှေ့နေကြီးက အခုမှခွဲစိတ်ပြီးစဆိုတော့ သောက်လို့မရတာကို မေ့သွားတယ်ဗျာ။ အာ ဒီဦးနှောက်ကတော့!"

လျူဇီယွမ်က ဝိုင်ခွက်အား စားပွဲပေါ်တွင်ချကာ တခြားနေရာသို့ ထွက်သွားသည်။

ဘေးမှာထိုင်နေသည့် ရှုချင်းရီကတော့ သူတို့ပြောဆိုနေသည်များကို အာရုံမစိုက်နိုင်ပါပေ။ သူမဟာ အမြန်ထိုင်စားနေသောကြောင့် သီးလာသည့် ရေသောက်ရန် ရှေ့ကခွက်ကို ဆွဲသောက်လိုက်သည်။

တစ်ဝကြီးမြိုချပြီးခါမှ သူမပူသည့်အရသာကို ခံစားမိသည်။ သူမ၏ခံတွင်းတစ်ခုလုံးနှင့် လည်ချောင်းတစ်လျှောက်လုံးမှာ ပြင်းထန်သည့်အရသာဖြင့် ပြည့်သွားလေသည်။

"အား!"
ရှုချင်းရီမှာ လည်ပင်းကိုကိုင်ရင်း ထအော်သည်။

မော့ဟန်က သူမကိုကြည့်ကာ ချက်ချင်းပဲ
"ဘာဖြစ်တာလဲ?"

သူမကိုင်ထားသည့်ခွက်ကို သတိပြုမိချိန်တွင်တော့
"အရက်တွေသောက်လိုက်တာလား?"

ရှုချင်းရီက ရေတစ်ငုံသောက်လိုက်ကာမှ အနည်းငယ်သက်သာသွားသည်။
"မသိဘူး အဲ့ဒါအရက်တွေလား"

"အရက်က အရက်၊ ရေကရေပဲ။ အရသာကိုက ကွာနေတာကို။ ဘယ်လိုလုပ်မှားရတာလဲ?"

မော့ဟန်က မျက်မှောင်ကျုံနေပြီ။ သူမလက်ထဲက ခွက်အလွတ်ကို ကြည့်ကာ
"အကုန်သောက်ပစ်လိုက်တာလား?"

ရှုချင်းရီ၏ တစ်ဖက်တွင် ထိုင်နေသည့် ယောက်ျားလေး တစ်ယောက်မှာ
"အဆင်ပြေရဲ့လား?"

ရှုချင်းရီက သူမလည်ပင်းအား လက်ဖြင့် ထပ်မကိုင်ခင် ထိုလူအား လက်ကာပြကာ
"ရပါတယ်"

သို့သော် ထိုပူစပ်ပူလောင် အရသာကြီးမှာ သံသယရှိစရာ မလိုအောင်ကို အဆင်မပြေပါ။

"အရင်တုန်းက သောက်ဖူးလား? အရက်ခံနိုင်ရည်ကရော ဘယ်လောက်ရှိတာလဲ? အဆင်မပြေဘူးဆိုရင် ဟိုနားမှာသွားနားနေလိုက်လေ"
ထိုလူမှာ ရှုချင်းရီအတွက် စဉ်းစားပေးကာ ပြောသည်။

"မသောက်ဖူးပါဘူး။ အရက်ခံနိုင်ရည်လည်း ဘယ်လောက်ရှိမှန်း မသိဘူး။ သိတာဆိုလို့ အခုအရမ်း လည်ချောင်းထဲ ပူနေတာပဲ။ ဒီလိုဟာကြီးကို ရှင်တို့တွေ ဘယ်လိုများ ကြိုက်ကြတာလဲ?"

"ဘယ်သိပါ့မလဲကွာ"
ထိုလူမှာ ရယ်ရင်းပြောသည်။

မော့ဟန်ကတော့ ဒီနှစ်ယောက်မှာ သူ့ကိုတောင် သတိမထားမိကြဘဲ စကားပြောနေကြသည့်အခါ သူစိတ်မှာမကြည်တော့ပါ။ ရှုချင်းရီဘေးကလူကို သူစိုက်ကြည့်လိုက်သည်။ ထိုလူမှာ ကျန်းချင်းချန်ဖြစ်သည်။ ထိုလူက မိန်းမကျမ်းကျေညက်လွန်းသည့်သူဟု သူကြားဖူးခဲ့သော်လည်း ထိုအရာက သူ့၏ကိုယ်ပိုင်ဘဝဖြစ်သလို လုပ်ငန်းခွင်တွင်တော့ အဆင်ပြေသည့်သူဟုသာ သူမြင်ခဲ့လေသည်။ သို့သော် ဒီနေ့တွင်တော့ သူမြင်ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် ရှုချင်းရီအား ဒီလိုကောင်၏ အဝေးမှာသာ သူနေစေချင်သည်။

သူ့ဘေးတွင် ထိုင်နေသည့် ရှုချင်းရီကတော့ အများကြီး တွေးမနေနိုင်တော့ပါ။ သူမက ချောင်းနှစ်ခါလောက်ဆိုးပြီးသည့်အခါ သူမ၏တူကို ပြန်ကိုင်ရင်း ဘာမှမဖြစ်သလိုမျိုး ဆက်စားနေသည်။

ရှုချင်းရီက ဘာမှမဖြစ်သလို ဟန်ဆောင်နေသည်ဟု သူအနည်းငယ် စိတ်ထင့်နေပြီ။ သို့သော်လည်း သူ့ဘေးကလူမှာ အလုပ်အကြောင်းပြောနေသောကြောင့် သူ့မှာဆက်နားထောင်နေရသည်။

Zawgyi Ver

၉၄။ အရက္ေသာက္ျခင္း

"ဪ တကၠသိုလ္ေတာင္ တက္ေနၿပီလား? ဘာေမဂ်ာယူထားလဲကြ?"

"လူ႕စြမ္းအားအရင္းအျမစ္စီမံခန့္ခြဲေရး တက္ေနတာပါ။ ဒါပင္မယ့္ အခုေတာ့ စိတ္ပညာပဲ ေျပာင္းတက္ေတာ့မလို႔"

"မဆိုးပါဘူး။ မဆိုးပါဘူး။ ေနာက္အကူအညီလိုရင္ေျပာ။ ငါတို႔ေသခ်ာေပါက္ကူညီေပးမယ္"

ေမာ့ဟန္က သူမအား လူတိုင္းက ၾကည့္ေနၾကသည္ကို သတိထားမိသည္ႏွင့္ သူအနားသို႔ ဆြဲေခၚလိုက္ကာ ေအးစက္စြာ ေျပာသည္။
"မေစာေတာ့ဘူး။ ငါတို႔သြားစားရေအာင္"

သူတို႔စားေသာက္ဆိုင္ကို ေရာက္သည့္အခါ ေမာ့ဟန္၏စားပြဲဝိုင္းတြင္ လုပ္ေဖာ္ကိုင္ဖက္အမ်ိဳးသမီးမ်ား အျပည့္ျဖစ္သြားသည္။ ထိုအခိုက္အတန့္တြင္ ေမာ့ဟန္အားၾကည့္သည့္ ႏူးညံ့သည့္အၾကည့္မ်ားကို ရႈခ်င္းရီက နားလည္သြားသည္။ ထို႔ေၾကာင့္ သူမေဘးက ေမာ့ဟန္အား ခပ္တိုးတိုးကပ္ေျပာလိုက္သည္။
"ကိုႀကီးရဲ႕ခန့္ညားမႈအေပါင္းေအာက္မွာ ေႂကြဆင္းသြားတဲ့ ႐ုံးက မႀကီးေတြ ေတာ္ေတာ္မ်ားတာပဲ"

ေမာ့ဟန္က သူမအားၾကည့္ကာ အသံခပ္တိုးတိုးျဖင့္
"မုန့္သာစားေန"

"ဟုတ္"
ရႈခ်င္းရီက စကားကို နားေထာင္စြာျဖင့္ ၿငိမ္ၿငိမ္ေလးထိုင္ေနသည္။ မုန့္ခ်လာမည္ကို ေမွ်ာ္ေနရင္း ဇြန္းႏွင့္ ခရင္းတို႔ကို ေဆာ့ေနေလသည္။

ထိုဝိုင္းက မိန္းကေလးမ်ားႏွင့္ စားရင္းျဖင့္ စကားေျပာေနၾကသည္။ ရႈခ်င္းရီမွာ မ်က္လုံးအဝိုင္းသားျဖင့္ တိတ္ဆိတ္စြာ အဆက္မျပတ္စားေသာက္ေနသူ ျဖစ္သည္။ ခ်ေပးသမွ်ပြဲတိုင္းက သူမအတြက္ အရသာရွိလြန္းေနသည္။

"ေရွ႕ေနႀကီး တစ္ခြက္ေလာက္ ေသာက္ပါဦး"
လ်ဴဇီယြမ္က ရႈခ်င္းရီအေရွ႕ကေန ေမာ့ဟန္ဆီသို႔ ဝိုင္တစ္ခြက္ ကမ္းေပးသည္။

ေမာ့ဟန္က ၿပဳံးရင္းျငင္းသည္။
"ကြၽန္ေတာ့္ အစာအိမ္က အခုမွျပန္ေကာင္းစမလို႔ မေသာက္နိုင္လို႔ပါ"

လ်ဴဇီယြမ္က သူ႕ေခါင္းကိုသူရိုက္ကာ
"ၾကည့္စမ္းပါဦး! ကြၽန္ေတာ့္ေခါင္းမေကာင္းပုံမ်ား။ ေရွ႕ေနႀကီးက အခုမွခြဲစိတ္ၿပီးစဆိုေတာ့ ေသာက္လို႔မရတာကို ေမ့သြားတယ္ဗ်ာ။ အာ ဒီဦးေႏွာက္ကေတာ့!"

လ်ဴဇီယြမ္က ဝိုင္ခြက္အား စားပြဲေပၚတြင္ခ်ကာ တျခားေနရာသို႔ ထြက္သြားသည္။

ေဘးမွာထိုင္ေနသည့္ ရႈခ်င္းရီကေတာ့ သူတို႔ေျပာဆိုေနသည္မ်ားကို အာ႐ုံမစိုက္နိုင္ပါေပ။ သူမဟာ အျမန္ထိုင္စားေနေသာေၾကာင့္ သီးလာသည့္ ေရေသာက္ရန္ ေရွ႕ကခြက္ကို ဆြဲေသာက္လိုက္သည္။

တစ္ဝႀကီးၿမိဳခ်ၿပီးခါမွ သူမပူသည့္အရသာကို ခံစားမိသည္။ သူမ၏ခံတြင္းတစ္ခုလုံးႏွင့္ လည္ေခ်ာင္းတစ္ေလွ်ာက္လုံးမွာ ျပင္းထန္သည့္အရသာျဖင့္ ျပည့္သြားေလသည္။

"အား!"
ရႈခ်င္းရီမွာ လည္ပင္းကိုကိုင္ရင္း ထေအာ္သည္။

ေမာ့ဟန္က သူမကိုၾကည့္ကာ ခ်က္ခ်င္းပဲ
"ဘာျဖစ္တာလဲ?"

သူမကိုင္ထားသည့္ခြက္ကို သတိျပဳမိခ်ိန္တြင္ေတာ့
"အရက္ေတြေသာက္လိုက္တာလား?"

ရႈခ်င္းရီက ေရတစ္ငုံေသာက္လိုက္ကာမွ အနည္းငယ္သက္သာသြားသည္။
"မသိဘူး အဲ့ဒါအရက္ေတြလား"

"အရက္က အရက္၊ ေရကေရပဲ။ အရသာကိုက ကြာေနတာကို။ ဘယ္လိုလုပ္မွားရတာလဲ?"

ေမာ့ဟန္က မ်က္ေမွာင္က်ဳံေနၿပီ။ သူမလက္ထဲက ခြက္အလြတ္ကို ၾကည့္ကာ
"အကုန္ေသာက္ပစ္လိုက္တာလား?"

ရႈခ်င္းရီ၏ တစ္ဖက္တြင္ ထိုင္ေနသည့္ ေယာက္်ားေလး တစ္ေယာက္မွာ
"အဆင္ေျပရဲ႕လား?"

ရႈခ်င္းရီက သူမလည္ပင္းအား လက္ျဖင့္ ထပ္မကိုင္ခင္ ထိုလူအား လက္ကာျပကာ
"ရပါတယ္"

သို႔ေသာ္ ထိုပူစပ္ပူေလာင္ အရသာႀကီးမွာ သံသယရွိစရာ မလိုေအာင္ကို အဆင္မေျပပါ။

"အရင္တုန္းက ေသာက္ဖူးလား? အရက္ခံနိုင္ရည္ကေရာ ဘယ္ေလာက္ရွိတာလဲ? အဆင္မေျပဘူးဆိုရင္ ဟိုနားမွာသြားနားေနလိုက္ေလ"
ထိုလူမွာ ရႈခ်င္းရီအတြက္ စဥ္းစားေပးကာ ေျပာသည္။

"မေသာက္ဖူးပါဘူး။ အရက္ခံနိုင္ရည္လည္း ဘယ္ေလာက္ရွိမွန္း မသိဘူး။ သိတာဆိုလို႔ အခုအရမ္း လည္ေခ်ာင္းထဲ ပူေနတာပဲ။ ဒီလိုဟာႀကီးကို ရွင္တို႔ေတြ ဘယ္လိုမ်ား ႀကိဳက္ၾကတာလဲ?"

"ဘယ္သိပါ့မလဲကြာ"
ထိုလူမွာ ရယ္ရင္းေျပာသည္။

ေမာ့ဟန္ကေတာ့ ဒီႏွစ္ေယာက္မွာ သူ႕ကိုေတာင္ သတိမထားမိၾကဘဲ စကားေျပာေနၾကသည့္အခါ သူစိတ္မွာမၾကည္ေတာ့ပါ။ ရႈခ်င္းရီေဘးကလူကို သူစိုက္ၾကည့္လိုက္သည္။ ထိုလူမွာ က်န္းခ်င္းခ်န္ျဖစ္သည္။ ထိုလူက မိန္းမက်မ္းေက်ညက္လြန္းသည့္သူဟု သူၾကားဖူးခဲ့ေသာ္လည္း ထိုအရာက သူ႕၏ကိုယ္ပိုင္ဘဝျဖစ္သလို လုပ္ငန္းခြင္တြင္ေတာ့ အဆင္ေျပသည့္သူဟုသာ သူျမင္ခဲ့ေလသည္။ သို႔ေသာ္ ဒီေန႕တြင္ေတာ့ သူျမင္ခဲ့ရၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ရႈခ်င္းရီအား ဒီလိုေကာင္၏ အေဝးမွာသာ သူေနေစခ်င္သည္။

သူ႕ေဘးတြင္ ထိုင္ေနသည့္ ရႈခ်င္းရီကေတာ့ အမ်ားႀကီး ေတြးမေနနိုင္ေတာ့ပါ။ သူမက ေခ်ာင္းႏွစ္ခါေလာက္ဆိုးၿပီးသည့္အခါ သူမ၏တူကို ျပန္ကိုင္ရင္း ဘာမွမျဖစ္သလိုမ်ိဳး ဆက္စားေနသည္။

ရႈခ်င္းရီက ဘာမွမျဖစ္သလို ဟန္ေဆာင္ေနသည္ဟု သူအနည္းငယ္ စိတ္ထင့္ေနၿပီ။ သို႔ေသာ္လည္း သူ႕ေဘးကလူမွာ အလုပ္အေၾကာင္းေျပာေနေသာေၾကာင့္ သူ႕မွာဆက္နားေထာင္ေနရသည္။

Continue Reading

You'll Also Like

1.2M 73K 34
Author-메린 Translator-H_yee💫 ငယ်စဉ်တုံးက တောင်ပေါ်မီးလောင်မှုတခုကနေ ကယ်တင်ပေးခဲ့သူနဲ့ အရွယ်ရောက်လို့ အန္တရာယ်ထပ်ကြုံတဲ့အခါမှာလည်း ကယ်တင်ပေးခဲ့သူ တစ်ဦ...
908K 134K 130
Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်ရုံသာမက အချစ်ကို မယုံက...
6.6K 254 52
သူကpsychopath တစ်ကောင်ပဲ psychopath တောင်ယဉ်ယဉ်လေးနဲ့ရူးနေတဲ့သူ....... ဟားးဟားး..... သိပ်ဟုတ်တာပေါ့... ယဉ်ယဉ်လေးနဲ့ရူးနေပေမဲ့လူတွေရှေ့မှာတော့သိပ်ဟန်ဆ...