[မြို့လယ်ခေါင်က ဖြူလွှလွှအရိပ်]
တော်၀င်စာကြည့်ဆောင်အပြင်ဘက်တွင် မှုးမတ်အရာရှိများ တန်းစီစောင့်ဆိုင်းနေကြသည်။ချူယွမ် ကိုယ်လက်သန့်စင်၍အပြီး ၀တ်ရုံတော်လဲလှယ်၀တ်ဆင်ရာတွင် ရှစ်ဇီကူညီပေးရင်း ချင့်ချင့်ချိန်ချိန်မေးလာ၏။
" မှူးမတ်ကြီးတို့တတွေကို ဒီနေ့ထွက်မတွေ့တော့ရင် ပိုမကောင်းဘူးလားဘုရား။ အရှင်မင်းမြတ် အနားယူတော်မူလို့ရအောင်ပါ"
"မလိုဘူး၊ အိပ်လိုက်ရင်လည်း အိပ်ပျော်မှာမှမဟုတ်ဘဲ။ သွားကြစို့....."
"မှန်ပါ့"
ရှစ်ဇီလည်း ဘာမှဆက်မပြောဖြစ်ဘဲ ချူယွမ်အတွက် တံခါးဖွင့်ပေးလိုက်ကာ တော်၀င်စာကြည့်ဆောင်ဘက်သို့ လိုက်သွားလိုက်၏။ မှူးမတ်များအနက် ရှေ့ဆုံးမှ စောင့်ဆိုင်းနေသူကတော့ မြေကြီးလက်ခတ်မလွဲ၊ အမတ်မင်းထောင်လျဲန်တာပင်ဖြစ်နေချေသည်။ ရက်ပေါင်းများစွာ အရှင်မင်းမြတ်အား စိုးရိမ်ပူပန်ခဲ့ရပြီးနောက် ယနေ့ကျမှ အရှင့်မျက်နှာတော်ကို သူဖူးတွေ့ခွင့်ရလေပြီ။ ယခုလို ဘေးမသီရန်မခပြန်လာသည်ကို တပ်အပ်မြင်ရတော့မှ သူ စိတ်အေးနိုင်တော့သည်။
"ကိုယ်တော်မြတ် ဆူးဟွိုင်တောင်နန်းမှာ သုံးလေးရက်ပဲ စံမြန်းခဲ့တာကို ဒီကြားရက်ထဲ တင်လျှောက်စရာအမှုကိစ္စတွေ ဒီလောက်ထိများလာတယ်လား"
ချူယွမ်က ရွှေနဂါးပလ္လင်ထက် ထိုင်လိုက်ကာ ရှုံ့မဲ့ပြီးဆိုလာ၏။
"မဟုတ်ရကြောင်းပါဘုရား ၊ မှူးမတ်အရာရှိတွေက အရှင့်အတွက် စိုးရိမ်နေကြတာမို့ တောင်နန်းဆီက အရှင်မင်းမြတ်ပြန်ကြွလာတော်မူတယ်လို့ ကြားကြားချင်း ကျွန်တော်မျိုးတို့လည်း လာရောက်ဂါရဝပြုရုံတင်ပါ"
"ဂါရ၀လာပြုရုံပဲ တခြားပြောစရာကိစ္စမရှိဘူးဆိုတဲ့လူတွေ အကုန်ထွက်သွားကြ !!!!! "
ချူယွမ် လက်ဝှေ့ယမ်းပြပြီးဆိုလိုက်လေရာ အားလုံးက ဧကရာဇ်အမိန့်တော်အတိုင်းလိုက်နာလိုက်ရပေသည်။ သို့နှင့် တစ်ခဏအတွင်း နန်းဆောင်ထဲတွင် လူတစ်၀က်မျှသာ ကျန်တော့သည်။
"ရှီးနန်၀မ်အကြောင်း မေးမယ့်လူရှိရင်လည်း ထွက်သွားကြ၊ ကိုယ်တော် အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောချင်စိတ်မရှိသေးဘူး"
အေးစက်မာကြောလှသောအမိန့်သံအဆုံး နောက်ထပ်လူတဝက် ထပ်ပျောက်သွားပြန်သည်။ လျိုတာ့ကျုံ့က ထောင်လျဲန်တာအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်လာ၏။
ကြားပြီးပြီမလား၊ အရှင်မင်းမြတ်က မိန့်နေပြီ။ အသင့်ကို ထွက်သွားလိုက်ပါတော့တဲ့။
"အမိန့်တော်မြတ်အတိုင်းပါဘုရား"
ထောင်လျဲန်တာလည်း ဤကိစ္စနှင့်ပတ်သက်၍ မည်မျှပင်တွေဝေကာ သိလိုစိတ်ပြင်းပြနေသော်လည်း ချူယွမ်၏ ရုတ်ချည်းပြောင်းလဲသွားသောပုံစံကိုမြင်လိုက်ရတော့ ရှည်ရှည်ဝေးဝေး ဆက်မမေးဖြစ်တော့ဘဲ ဂါရဝပြုလိုက်ကာ ထွက်သွားလိုက်သည်။
သို့နှင့် အခန်းထဲတွင် လျိုတာ့ကျုံ့တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
"အိုက်ချင်း၊ ဘာများလျှောက်တင်စရာရှိလို့ပါလဲ"
"ဟိုကောင်လိမင်းသမီးနဲ့ ပတ်သက်နေတဲ့ကိစ္စပါဘုရား။ အရင်ရက်တုန်းက နန်ဟိုင်ဘက်ကနေ ကျွန်တော်မျိုး သတင်းထပ်ရထားပါတယ်၊ ကျင်းဆူးလက်ထပ်လိုက်တဲ့လူရဲ့ ဇစ်မြစ်ကို သိရှိရပြီးဖြစ်ကြောင်းပါ ၊ အမည်နာမကတော့ ပူ့ခွန်းလို့ခေါ်ပြီး ပိုင်ရှဲန့်ပြည်နယ်ကကုန်သည်ကြီးတစ်ယောက်ရဲ့ သားအကြီးလို့သိရပါတယ်။ မိသားစုကတော့ လက်ဖက်ရောင်း၀ယ်ရေးလုပ်ကြတာပါ၊ ကြာကြာနေမှတစ်ခါ ပင်လယ်ပြင်ထဲက ရှားပါးပုလဲတွေရလာရင်တော့ တာ့ချူဆီ လာရောက်ရောင်းချတတ်ကြပါတယ် "
"ပိုင်ရှဲန့်ပြည်နယ်က သူကြွယ်လူတန်းစားမိသားစုပေါ့လေ။ ဒီလိုဆိုရင် ပြဿနာမရှိလောက်တော့ပါဘူး။ အမတ်မင်းကိုလည်း အချိန်အကြာကြီး ဒုက္ခပေးမိပါပြီ၊ နောက်ဆုံးတော့ ကျင်းဆူးလည်း လူကောင်းသူကောင်းတစ်ယောက်နဲ့ ထိမ်းမြားလိုက်ရတာပဲ"
"မှန်ပါ့ဘုရား။ ကောင်လိ၀မ်လည်း ယောက်ဖဖြစ်သူကို အတော်လေးကြည်ဖြူနေကြောင်း သိရပါတယ်၊ နန်ယန်ထိ ကိုယ်တိုင်ကိုယ်ကျ သွားတွေ့မယ်လို့တောင် လုပ်နေပါတယ်"
"သြော်၊ သူကျတော့ လျှောက်သွားဖို့ အချိန်တွေပိုလျှံနေလိုက်တာ"
ချူယွမ်က စိတ်နှင့်လူနှင့်မကပ်စွာ ရေရွတ်ညည်းတွားလိုက်၏။ လျိုတာ့ကျုံ့ကတော့ ရယ်မောနေသည်။
ချူယွမ်တစ်ယောက် ခေါင်းစကိုက်လာပြီဖြစ်၏။
"အိုက်ချင်းပြောလိုရာကို တည့်တည့်သာပြော"
လျို့တာကျုံ့လည်း သင့်လျော်သောစကားလုံးများကို ခေတ္တရွေးနေလိုက်ပြီးမှ လျှောက်တင်လာ၏။
"တကယ်တမ်းတော့ သိပ်ပြီးအရေးကြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူးဘုရား။ ဒီတစ်နှစ်အတွင်း တာ့ချူရဲ့စစ်တပ်အင်အားတွေကို၊ အင်း....တောင်ပိုင်းဘက်ဆီ အတော်လေးရွှေ့ထားသလားလို့ပါ။ နန်ယန်ရဲ့နယ်စပ်မှာလည်း တပ်သားသုံးထောင်ကျော် စခန်းချထားပါသေးတယ်။ အဲ့အကြောင်းနဲ့ပတ်သက်ပြီး ကောင်လိ၀မ်က ကျွန်တော်မျိုးကို လာမေးနေပါသေးတယ်၊ ဘာအရေးကိစ္စများဖြစ်နေလို့လဲတဲ့"
"သူနဲ့ ဘာဆိုင်နေလို့လဲ"
ချူယွမ်က လက်ထဲရှိ အစီရင်ခံစာလိပ်ကိုပစ်ချရင်း စိတ်ညစ်စွာ ဆိုလာ၏။
"သေချာပေါက် သူနဲ့ မသက်ဆိုင်ရကြောင်းပါ။ ကောင်လိ၀မ်မေးရတဲ့အကြောင်းကတော့ နန်ယန်မှာတစ်ခုခုဖြစ်နေရင် သူ့နှမတော်ဆီသွားမယ့်ခရီးကို ဖျက်မလို့ပါတဲ့၊ သူကိုယ်တိုင် မသွားရုံတင်မက သူ့နှမတော်ကိုပါ ကောင်လိပြည်ကိုပြန်ခေါ်မလို့ပါ၊ ဒါမှ သူ စိတ်ချမ်းသာ -"
"တော်လိုက်တော့!!!!!"
ချူယွမ်ခေါင်းထဲ ဆစ်ခနဲနာကျင်လာသဖြင့် ဒေါသတကြီး အသံမြှင့်ကာ စကားစဖြတ်ပစ်လိုက်၏။
"သူ့ဘာသာသူ ဆွေမျိုးတွေဆီ သွားလည်ချင်သွားပလေ့စေ၊ ဘယ်လောက်ပဲကြာကြာ နေချင်သလိုနေခဲ့ ။ သူနဲ့မဆိုင်တဲ့ကိစ္စထဲ ၀င်မရှုပ်ဖို့သာ ဆက်ဆက်မှာလိုက်"
"မှန်လှပါဘုရား"
လျိုတာ့ကျုံ့က ဧကရာဇ်အမိန့်တော်ကို နာခံယူလိုက်ပြီး ဖျောင်းဖျလာ၏။
"အရှင်မင်းမြတ်.....ခန္ဓာတော်ကိုထိခိုက်စေတဲ့အထိတော့ အမျက်တော်မရှပါလေနဲ့၊ ကျွန်တော်မျိုးကလည်း အစကတည်းက ဒီလိုအသေးအဖွဲကိစ္စမျိုးကို လာပြီးမလျှောက်တင်သင့်ခဲ့တာပါ"
"အမတ်မင်းလည်း ပြန်သွားလိုက်ပါတော့။ ကိုယ်တော်တစ်ပါးတည်း တိတ်တိတ်ဆိတ်ဆိတ် နေချင်တယ်"
ချူယွမ်က နားထင်အား နှိပ်နယ်နေရင်း ပြောလာသည်။ လျိုတာ့ကျုံ့လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လှစ်ခနဲ ထွက်သွားခဲ့ချေပြီ။
*******
ထောင်လျဲန်တာကတော့ အင်္ကျီလက်ထဲ လက်အသာထည့်ကာ အပြင်ဘက်တွင်စောင့်နေ၏။ သူ့ကို လျိုတာ့ကျုံ့မြင်သွားတော့ ဝေးဝေးသွားရန် လက်ဖြင့်အသာပြပြီး မောင်းထုတ်လိုက်၏။
အခုလောလောဆယ် အရှင်မင်းမြတ် အရမ်းထူးဆန်းနေတယ်၊ ကိုယ့်သေတွင်းကို ကိုယ်သွားမတူးလေနဲ့။
"အဲ့ဒီဆူးဟွိုင်တောင်နန်းကို အစကတည်းက မသွားသင့်ဘူးလို့ ကျွန်ုပ်မပြောခဲ့ပေဘူးလား"
ယွင်တာမြို့လယ် လမ်းမထက် လမ်းလျှောက်နေစဥ်မှာတောင် ထောင်လျဲန်တာက ဤအကြောင်းကိုပဲ ဆက်ပြောနေ၏။
"အရှင်မင်းမြတ် နန်းတက်ပြီးကတည်းကနေ ခုထက်ထိ အရှင့်နှလုံးသားကို ငြိမ်းအေးစေတဲ့အလုပ်မျိုး ရှီးနန်စံအိမ်တော်က တစ်ခေါက်တစ်လေတောင် လုပ်ဖူးခဲ့ရဲ့လား။ အခုတစ်ခေါက်လို ရှီးနန်၀မ်ကိုယ်တော်တိုင် ဒီထိလိုက်လာတဲ့ကိစ္စမျိုးဆို ထည့်ကိုပြောမနေနဲ့တော့"
ပေါ်တင်ကြီးရန်မဖြစ်ကြတာ ကံသီပေလို့ပဲ။
"အမလေးလေး....သေလောက်အောင် ကြောက်ခဲ့ရတာ"
လျိုတာ့ကျုံ့က အကြောက်ပြေအောင် မုန့်ကြော်တစ်ခုယူစားလိုက်ပြီးမှ ဆက်ပြော၏။
"စောနက အရှင့်ရဲ့မျက်၀န်းတော်တွေကို မတွေ့လိုက်ဘူးလား။ လူတစ်ယောက်လုံးကို ဝါးမျိုပစ်လို့တောင်ရနေတဲ့ မျက်ဝန်းတွေ"
"ရှီးနန်၀မ်ကြီးရဲ့ထုံးစံအတိုင်း ၊ တစ်ထွာပေးရင် တစ်တောင်လိုချင်တဲ့ ကိစ္စတွေကြောင့်ပဲ နေမှာပေါ့"
ဤတစ်ကြိမ်တွင်ရော မည်သည့်နယ်မြေဒေသကို ခွဲခြမ်းစိတ်ပိုင်းပြီး ပေးလိုက်ရပြန်လဲ။ ထောင်လျဲန်တာ အတော်ပင် စိတ်လေးနေပြီဖြစ်သည်။
"ဒီမတိုင်ခင် စစ်တပ်အင်အားကိုရွှေ့နေတာမြင်ရတော့ အရှင်မင်းမြတ်ကများ ရှီးနန်စံအိမ်တော်ကို သွားပြီးရှင်းလင်းတော့မလားလို့တောင် ကျွန်ုပ်တွေးခဲ့သေးတယ်။ ဘယ်သူက ထင်ထားမှာလဲ၊ ရှီးနန်ကိုမဟုတ်ဘဲ ကမ်းရိုးတန်းဒေသတစ်လျှောက်က စည်ကားတဲ့မြို့ကြီးတွေမှာ စစ်တပ်အင်အား သွားဖြန့်ထားသတဲ့။ တခြားလူ မဆိုသေးနဲ့၊ စစ်သူကြီးရှန်တောင် ဒီတစ်ခေါက်တော့ အရှင်မင်းမြတ်ရဲ့စိတ်ဆန္ဒတော်ကို ခန့်မှန်းလို့မရတော့ဘူး။ တကယ်ပဲ သံသယဖြစ်စရာကောင်းလွန်းလှတယ်"
ထောင်လျဲန်တာကတော့ သက်ပြင်းများချနေဆဲပင်။ အစပိုင်းတွင် မှူးမတ်များကလည်း ဤကိစ္စ၏အကြောင်းရင်းကို မေးမြန်းရန် အရင်ခံစာတင်ကြသေးသည် ၊ သို့သော် ယခုထက်ထိ ရှင်းလင်းပြတ်သားသော အဖြေမျိုးမရခဲ့။ ထို့အပြင် ထိုအမတ်မင်းနှစ်ယောက်မှာ ရာထူးပြုတ်လုလုပင် ဖြစ်သွားသေးသည်။
အရှင်မင်းမြတ်မှာ နန်းတက်ပြီးနှစ်အနည်းငယ်အတွင်းမှာပင် ထူးခြားပြောင်မြောက်လှသော လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးခဲ့သည်မှန်ပေသည်၊ သို့သော်လည်း ယခုတစ်ခေါက်လို တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက် စစ်တပ်အင်အား ရွေ့လျားဖြန့်ချိထားသောကိစ္စကတော့ မည်သို့ပင်တွေးတွေး လုံးဝအခြေအမြစ်ရှိမနေခဲ့ပေ။
*****
မိုးကောင်းကင်ထက်တွင် မှောင်ရိပ်သမ်းစပြုလာချေပြီ။ သွမ့်ယောင်က လူသူမျက်ခြေပြတ်ရာ ထိုတဲအိမ်ငယ်မှထွက်လာတော့ အပြင်တွင် သူ့အားရပ်စောင့်နေသော ရှစ်ဇီကို တွေ့လိုက်ရသည်။
"သွမ့်ရှောင်၀မ်ရယ်"
"ကုန်းကုန်း ဘယ်နှယ့်လုပ်ပြီး ဒီထိရောက်လာတာတုန်းဗျ"
သွမ့်ယောင် အတော်အံ့အားသင့်သွား၏။
"အရှင်မင်းမြတ်က ကျွန်တော်မျိုးကို လာကြိုခိုင်းလိုက်လို့ပါခင်ဗျာ။ ညနေစာလည်း အဆင်သင့်ပြင်ဆင်ထားပြီးပါပြီ၊ အရှင်မင်းမြတ်က ရှောင်၀မ်ရယ်ကို ပွဲတော်အတူတည်ဖို့ စောင့်တော်မူနေပါတယ်"
"....."
"ဟုတ်ကဲ့၊ အရှင်မင်းမြတ်ရယ် သွမ့်ရှောင်၀မ်ရယ် နှစ်ယောက်တည်းပါ"
ရှစ်ဇီက အသံကိုနှိမ့်ကာ ဆက်ပြောလာ၏။
"အရှင်မင်းမြတ်က ဒီနေ့တစ်နေ့လုံး ဘာမှမသုံးဆောင်ရသေးဘူး။ ခဏနေကျရင် အရှင့်ကိုချော့မော့ပြီး အစာအာဟာရသုံးဆောင်စေဖို့ ရှောင်၀မ်ရယ်ကို ကျွန်တော်မျိုးအားကိုးပါရစေ"
"ဟုတ်ကဲ့၊ ရပါတယ်"
ဘာပဲပြောပြော နောင်တော်မှရှိမနေတော့ဘဲ။ ထို့ကြောင့် မရီးတော်ကို နှစ်သိမ့်အားပေးဖို့ကိစ္စဆိုလျှင် သူနှင့်ရှစ်ဇီနှစ်ယောက်တည်း၏ တာ၀န်ဝတ္တရားသာ ဖြစ်ပေတော့မည်။
*******
စားပွဲပေါ်ရှိ အစားအသောက်များမှာ ရှီးနန်နယ်သားများအကြိုက် ပူပြင်းချဥ်စပ်သော ဟင်းများဖြစ်နေသည်။ ဟင်းခတ်အမွှေးအကြိုင်များကိုလည်း ရွှေမြို့တော်မှ တကူးတက သယ်ဆောင်လာခြင်းဖြစ်သည်။ အရင်ရက်များတုန်းက ချက်ပြုတ်အသုံးချခွင့်မကြုံခဲ့။ ယခုတွင်မူ ထိုရှီးနန်ဟင်းများကိုစားမည့်သူဆို၍ သွမ့်ယောင်တစ်ယောက်တည်းသာ ကျန်တော့သည်။
"ခံတွင်းတွေ့ရဲ့လား"
ချူယွမ်က ငါးအသားတစ်တုံးဖဲ့ပြီး သွမ့်ယောင်ပန်းကန်ထဲ ထည့်ပေး၏။
"ဟုတ်ကဲ့၊ ရှီးနန်စံအိမ်တော်က စားဖိုမှူးတွေရဲ့လက်ရာထက်တောင် ပိုပြီးအရသာထူးကဲနေပါတယ်ဘုရား"
ချူယွမ်ရယ်မိသွားသည်။
"အခုစားဖိုမှူးကလည်း ရှီးနန်စံအိမ်တော်မှာ စားဖိုမှူးဖြစ်ခဲ့တဲ့လူပါပဲ။ နောက်ပိုင်းကျမှ သားသမီးနောက်လိုက်လာပြီး ရွှေမြို့တော်မှာ စားသောက်ဆိုင်လာဖွင့်ရုံတင်။ ကိုယ်တော် နှစ်ခေါက်သုံးခေါက်လောက် မြည်းကြည့်သေးတယ်၊ အရသာသိပ်မဆိုးဘူးဆိုတော့ ဒီယာယီနန်းဆောင်မှာ လာရောက်ချက်ပြုတ်ဖို့အတွက် သီးသန့်ခေါ်လာလိုက်တာ။ မင်း ခံတွင်းတွေ့တယ်ဆိုလည်း ပြီးတာပဲ "
သွမ့်ယောင် ခေါင်းညိတ်ပြလိုက်သည်၊ ထို့နောက် ခေါင်းမဖော်တမ်း တိတ်တိတ်လေး စားနေ၏။ စိတ်ထဲမှလည်း မိမိနောင်တော်၏ ကံဆိုးလှခြင်းများကိုတွေးမိနေသည်။ အရှင်မင်းမြတ်က ရှီးနန်ဟင်းချက်တတ်သော စားဖိုမှူး တကူးတက ခေါ်လာပေးသည်ကိုတောင် တစ်နပ်တစ်လေမှ စားမသွားလိုက်ရလေခြင်း။
သွမ့်ယောင်ငြိမ်ကျသွားသည်ကိုမြင်တော့ ချူယွမ်လည်း ဘာမှဆက်မပြောဖြစ်တော့။ နောက်ဆုံးလက်ကျန်ဟင်းရည်ကို သောက်လိုက်ပြီးနောက်တွင်မှ ဆက်မေးလာ၏။
"အချိုတည်းချင်သေးလား"
"တော်ပါပြီဘုရား ၊ တော်ပါပြီ"
သွမ့်ယောင် ကပျာကယာပင် ငြင်းလိုက်၏။ သူ့၀မ်းဗိုက်ကလည်း အတော်ပင် ပြည့်တင်းနေပေပြီ။ ချူယွမ် ရယ်ချင်စိတ်ကို အောင့်လိုက်ရသည်။
"တကယ်ကို စားနိုင်သောက်နိုင်တဲ့အရွယ်ပဲ"
သွမ့်ယောင် ပါးစပ်သုတ်လိုက်ရင်း တွေးနေ၏။ မည်မျှပင် နား၀င်ချိုအောင်ပဲ ဆိုဆို၊ နောက်ဆုံးတော့ အစားပုပ်လေးဟူသော ဆိုလိုရင်း၌သာ လမ်းဆုံးနေသည်ပင်။
သို့သော် ချူယွမ်က လက်ဖက်ရည်ယူလာပေးရန် ရှစ်ဇီအား မှာကြားလိုက်သည်၊ သွမ့်ယောင်ကို ပြန်ခွင့်မပြုချင်သေးသည့်နှယ်။သွမ့်ယောင်လည်း အထူးတလည်အံ့သြမနေတော့။ မည်သို့ပင်ပြောပြော သူတို့သရုပ်ဆောင်ပြလိုက်သော ဇာတ်ကွက်မှာ အချိန်အားဖြင့်လည်းမြန်ဆန်နေကာ အဆောတလျင် ဖြစ်နိုင်လွန်းလှ၏။ သရုပ်ဆောင်ကလည်း ညံ့ဖျင်းသေးသည်။ အခြားလူကို လိမ်ညာလှည့်ဖျားရန်လွယ်သော်လည်း မရီးတော်မှာ ဧကရာဇ်အရှင်တစ်ပါးပင်ဖြစ်နေလေရာ မူမမှန်မှုတစ်ခုခုကို သတိမထားမိဘူးဆိုကာမှ ထူးဆန်းနေပေလိမ့်မည်။
"မျက်ခုံးဖြူနတ်အရှင်က ရှီးနန်စံအိမ်တော်ကို ရောက်ဖူးသေးလား"
သွမ့်ယောင် ထင်သည့်အတိုင်းပင်။ လက်ဖက်ရည်ပင် မအေးလိုက်ရသေးချိန်မှာပင် ချူယွမ် မေးခွန်းထုတ်လာလေပြီ။ သွမ့်ယောင်က ခေါင်းခါပြလိုက်၏။
"မရောက်ဖူးကြောင်းပါဘုရား။ ကျွန်တော်မျိုးရော နောင်တော်ရောက ရှစ်ဖူးပြောပြသလောက်သာ သူ့အကြောင်းကိုကြားဖူးနားဝရှိပါတယ်။ ရှစ်ဖူ လူငယ်ဘ၀တုန်းက တခြားလူအတွက် လက်စားချေပေးရင်း ပင်လယ်ဘက်အသွားမှာ သူတို့တွေ တွေ့ဆုံခဲ့ကြတယ်လို့ ပြောပါတယ်"
"သြော်၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အတော်ကောင်းတာပေါ့"
"အတော်ကောင်းတဲ့အထဲလည်းမပါပါဘူးဘုရား။ဘယ်နှစ်ခေါက်မှ မတွေ့ဖူးတော့ ဘာအငြိုးအတေးမရှိပြန်ဘူး။ ဒါကြောင့်လည်း ဆက်ဆံရေးအဆိုးကြီးထဲလည်း မပါပြန်ဘူးဘုရား၊ အပေါ်ယံလောက်သိကြတာပဲနေမှာပါ"
"ဘာကြောင့်များ အဲ့တစ်ယောက်ဆီမှာ ထျဲန်းချန်ရှား ရှိနေတာလဲ။ သူ့လက်ထဲ ရှိနေရိုးမှန်ရင် ဘာကြောင့် အစကတည်းက ထုတ်မပေးတာတဲ့လဲ။ ဘာလို့ ဒီအချိန်ထိရောက်အောင်စောင့်ပြီးခါမှ လာပေးတာလဲ"
"ဒီကိစ္စကို ကျွန်တော်မျိုးလည်း ရှင်းရှင်းလင်းလင်း မသိရကြောင်းပါ။ ရှစ်ဖူးကလည်း သေချာဂဃနဏပြောပြထားတာမျိုးလည်း မရှိကြောင်းပါ ။ ဒီနှစ်တွေထဲမှာ ရှီးနန်စံအိမ်တော်ဘက်ကလည်း တုန်းဟိုင်ပင်လယ်ဘက်ကို လူအများကြီးလွှတ်ပြီး ရှာခိုင်းခဲ့သလို ဒီမျက်ခုံးဖြူနတ်အရှင်ဆီကိုလည်း စာအများကြီးရေးခဲ့ပါသေးတယ်။တစ်ခါမှ ပြန်စာမရခဲ့တာမို့ သူ ကွယ်လွန်သွားပြီလားလို့တောင် ရှစ်ဖူး ထင်နေပါသေးတယ်ဘုရား။ ဒီယွင်တာမြို့မှာ လာဆုံကြမယ်လို့ ဘယ်သူထင်ထားမှာတဲ့လဲ"
"ထျဲန်းချန်ရှားကို လာပို့ဖို့ ရောက်လာတာလား"
"မှန်ပါ့၊ ရှစ်ဖူးတို့ လူကြီးအချင်းချင်းအလဲအလှယ်လုပ်ထားတဲ့ ကတိစကားတွေရှိပါသေးတယ်။ အကြောင်းအရာအပြည့်အစုံကို ရှစ်ဖူးလည်း လုံး၀ထုတ်မပြောပါဘူး။ နောင်တော် လုံး၀သက်သာလာတာနဲ့ သူ တုန်းဟိုင်ကို တစ်ခေါက်လောက်တော့သွားရမယ်လို့ပဲပြောပါတယ်"
"ဒီလိုကိုး"
ချူယွမ် ခေါင်းတညိတ်ညိတ်လုပ်နေပေမင့်စိတ်ထဲမှာတော့ နောက်ကျိတွေဝေနေဆဲပင်။ ဤဇာတ်လမ်းထဲရှိနေသော မူမမှန်မှုတစ်စုံတစ်ရာကို ရှိနေပါလျက် ဘယ်နေရာပါဟု သူအတိအကျပြောလို့မရပြန်။
သိုင်းလောကသားအချင်းချင်း အလဲအလှယ်ပြုကာ ကတိက၀တ်ထားကြသည်မှာ အင်မတန်မှ ပြုလုပ်လေ့ရှိကြသောအပြုအမူပင်။ ထိုနတ်အရှင်က ပင်လယ်ဘက်မှလာသည်မို့ ၎င်းလက်ထဲ ထျဲန်းချန်ရှားရှိနေလောက်ပြန်သည်။ မည်သည့်ရှုထောင့်ကပဲကြည့်ကြည့် ကျိုးကြောင်းဆီလျော်နေသည်သာ။
"ရှီးနန်ကိုပြန်သွားတာကလည်း ဝေဒနာကုစားဖို့အတွက်ပါဘုရား။ နောင်တော်လည်း သူ့အတွက် အရှင်မင်းမြတ် ဒီလောက်ထိစိုးရိမ်သောကရောက်နေတာကို မြင်ချင်မှာမဟုတ်ပါဘူး။ စိတ်အေးအေးထားပါဘုရား"
သွမ့်ယောင်ပြောလိုက်တော့မှ ချူယွမ်အတွေးစများပြတ်တောက်သွားသည်။ ထို့နောက် ထိုကောင်လေးအား ဖျော့တော့စွာပြုံးပြလာကာ -
"မင်းကပဲ ကိုယ်တော့်ကိုနှစ်သိမ့်ရတယ်ဖြစ်သွားပြီ"
သွမ့်ယောင်က လက်သီးကိုဆုပ်လိုက်ကာ ဆက်ပြော၏။
"အရှင်မင်းမြတ်ကို သေချာစောင့်ရှောက်ဖို့ နောင်တော်ထွက်မသွားခင် အတန်တန်မှာသွားပါတယ်ဘုရား။ ဟိုမှူးမတ်အိုကြီးတွေ အကျိုးအကြောင်းနားမလည်ဘဲ ပွစိပွစိစကားများနေရင် သူတို့ခေါင်းကိုအိတ်နဲ့လိုက်စွပ်ပြီး တစ်ပွဲတစ်လမ်းလောက်ရိုက်ပစ်လိုက်တဲ့။ အဲ့လိုဆို သူတို့နည်းနည်းလိမ္မာလာမယ်ထင်ပါတယ်ဘုရား"
"ဟုတ်ပ၊ မင်းပြောတာ အမှန်ဆုံးစကားတွေပဲ"
ချူယွမ်က ခေါင်းညိတ်ရင်း ချိီးကျူးလိုက်၏။
ထျဲန်းချန်ရှားအကြောင်းမေးပြီးနောက် တခြားအကြောင်းဆက်မေးလာတော့ သွမ့်ယောင်ဖြေရသည်မှာ အတော်ပင်ပေါ့ပါးလွယ်ကူနေသယောင်။ သို့နှင့် နှစ်ယောက်သား အခန်းထဲတွင် ရောက်တတ်ရာရာ အကြောင်းများ၊ နန်းတွင်းဘက်ကရော သိုင်းလောကဘက်ကပါ စိတ်၀င်စားစရာကောင်းသောကိစ္စများကို ပြောဆိုဖြစ်ကြသည်။ နာရီ၀က်ခန့်မျှ ကြာမြင့်သွားတော့မှ သွမ့်ယောင်က ပြန်ခွင့်တောင်းလာ၏။
ချူယွမ်လည်း နောက်ဆုံးလက်ကျန်လက်ဖက်ရည်ကို မော့သောက်လိုက်သည်။ သူ့ရင်ထဲ အတော်ပင် ပေါ့ပါးသွားပေပြီ။ ထိုသူ၏ အခြေအနေကို စိတ်ချရသည့်အဆင့်ထိ မရောက်သေးပေမင့် မိမိကြိုတင်မှန်းဆထားသလိုမျိုးထိ ဆိုးဆိုးရွားရွားမဟုတ်ကြောင်း၊ မိမိဘာသာ အတွေးများနေခြင်းသာဖြစ်ကြောင်း ချူယွမ်နားလည်သဘောပေါက်သွားသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သားက မိမိနှလုံးသားတစ်ခုလုံးပုံအပ်ပြီးချစ်မြတ်နိုးရသောလူပေမို့ ထိုသူ့အတွက် စိုးရိမ်သောကပွားမည်၊ အတွေးများမည်ကို သူ မည်သို့တားဆီးနိုင်ပါအံ့နည်း။
"အရှင်မင်းမြတ်"
ရှစ်ဇီက တံခါးအနားရပ်နေရင်း လျှောက်တင်လာ၏။
"ညဥ့်နက်လှပါပြီ၊ အိပ်ခန်းဆောင်ပြန်ပြီး အနားယူလှည့်ပါတော့"
ချူယွမ် ထရပ်လိုက်ကာ အိပ်ခန်းဆောင်ဘက် လမ်းလျှောက်ပြန်ရင်း မှာကြားလာ၏။
" မနက်ဖြန်ကျရင် သိဒ္ဓိစွမ်းအင်ကို အားဖြစ်စေတဲ့အာဟာရမျိုး ချက်ပြုတ်ပေးပါလို့ ကိုယ်တော့်အမိန့်ကို တစ်ဆင့်သွားပြောလှည့်။ အခုရက်ပိုင်း ယောင်အာလည်း သိုင်းပညာသင်ယူနေတယ်ဆိုတော့ အဆာလွန်ပြီး အားပြတ်တာမျိုး လုံး၀မဖြစ်စေနဲ့"
"အမိန့်တော်မြတ်အတိုင်းပါဘုရား"
ရှစ်ဇီလည်း ပြုံးရွှင်စွာ နာခံယူလိုက်၏။ရှီးနန်၀မ်ထွက်သွားပြီဆိုပေမင့် သွမ့်ရှောင်၀မ်ရယ်ရှိနေသေးလို့သာတော်သေး၏ဟု စိတ်ထဲမှလည်း တွေးမိသည်။ တမင်းတစ်နပ်သာ အတူတူစားလိုက်ရသေး၊ အရှင်မင်းမြတ် အတော်အတန်ပင် စိတ်နှလုံးကြည်လင်လာပေပြီ။ ထိုအတိုင်းဆိုလျှင် နက်ဖြန်ချိန်ခါ ညီလာခံမှာ မည်သည့်အမတ်မင်းကပဲ အခစား၀င်၀င် တစ်ကိုယ်လုံးတုန်ယင်နေရလောက်အောင် ကြောက်လန့်တုန်လှုပ်ရမည်မဟုတ်တော့။
******
ယွင်တာမြို့တွင်း အတော်ပင် ငြိမ်သက်အေးချမ်းနေ၏။ အချိန်နာရီကြေညာပေးရသောကင်းလှည့်သမားကလည်း အုန်းမောင်းခေါက်လိုက် သီချင်းညည်းလိုက်နှင့် တစ်လမ်း၀င်တစ်လမ်းထွက် လိုက်လံကြေညာပေးနေ၏။
မိစ္ဆာမကြီးကို သုတ်သင်ရှင်းလင်းလိုက်ပြီဖြစ်သောကြောင့် ယွင်တာမြို့လည်း ယခင်ကလိုပင် ပြန်လည်စည်ကားလာသည်။ ဧကရာဇ်အရှင်ကလည်း စံမြန်းနေဆဲဖြစ်သည်မို့ လမ်းအသွယ်သွယ်တိုင်း၌ စစ်သည်ရဲမက်များ စောင့်ကြပ်ပေးနေလျက်ရှိရာ အစွမ်းကုန် လုံခြုံနေပေသည်။
အနှီကင်းလှည့်သမားမှာ လမ်းကြိုလမ်းကြားတစ်ခုထဲရောက်သွားတော့ လက်ထဲမှ မီးအိမ်ကိုချကာ အပေါ့အပါးသွားရန် လူမမြင်ကွယ်ရာသို့ ရှောင်တိမ်းသွား၏။ ခါးစည်းကိုဖြုတ်ပြီး နံရံဘက် မျက်နှာမူလိုက်တော့ မည်သူကထင်မှတ်ထားမည်တဲ့လဲ၊ ထိုနံရံထက်တွင် အရိပ်ဖြူဖြူတစ်ခု ဖျတ်ခနဲပေါ်လာပြီး ရုန်ချည်းပင် ပြန်လည်ပျောက်ကွယ်သွားသတဲ့။
"ကယ်ကြပါဦးဗျို့!!!!!!"
ထိုသူက ချက်ချင်းပင် ထွက်ပြေးသွား၏၊ ခြေတံတစ်လျှောက် ပူနွေးသောအရည်များ စီးယိုကျနေသည်ကိုလည်း ခံစားလိုက်ရသည်။
ကံကောင်းထောက်မ၍ ထိုအနီးအနားတစ်ဝိုက်တွင် ရဲမက်များရှိနေ၍သာတော်သေးသည်။ သူ့အော်သံကိုကြားရသည်နှင့် ရဲမက်များကလည်း ထိုနေရာသို့အပြေးလာကြလေရာ နံရံထောင့်စွန်း၌ ခေါင်းကိုအုပ်ကာ ပုန်းကွယ်နေသော ကင်းလှည့်သမားကို တွေ့လိုက်ကြသည်။ နှုတ်မှလည်း ဘာမှန်းမသိ တလှုပ်လှုပ် ရေရွတ်နေသည်၊ အနီးအနားတွင်လည်း ကျင်ငယ်နံ့ နံဟောင်နေပြီဖြစ်သည်။
"လောင်အော့....လောင်အော့"
စစ်သားအဖြစ် ယာယီအမှုထမ်းနေသော မြို့ခံတစ်ဦးက သူ့အား လှုပ်ယမ်းပြီးခေါ်ကြည့်၏။
"သရဲပူးနေလို့လားဟမ်၊ ဒါမှမဟုတ် ဓားပြတိုက်ခံလိုက်ရလို့လား"
ထိုသူက တုန်ယင်နေရင်းနှင့်မှ မော့ကြည့်လာ၏။ ဘေးနားက ရဲမက်များကလည်း သူ့အားနားမလည်နိုင်စွာကြည့်နေ၏။
"သရဲ.....သရဲတော့မဟုတ်ဘူး။ စောန....ငါ အဲ့မှာရပ်နေတာ....အရိပ်ဖြူဖြူတစ်ခု တွေ့လိုက်တယ်"
ထိုသူ့စကားမှာ ပြတ်တောင်းပြတ်တောင်းနှင့်။ မြို့ခံရဲမက်က ထိုလူကို ဆွဲထူမလိုက်ကာ နှစ်သိမ့်လာ၏။
"သရဲဆိုတာ ဘယ်မှာရှိလို့တုန်းဟမ်။ မင်း စောန အရမ်းကြောက်နေလို့ မျက်စိလျှမ်းသွားတာနေမှာပါ"
ထိုကင်းစောင့်ကတော့ ခေါင်းတတွင်တွင် ခါနေဆဲပင်၊ အတန်ကြာတော့မှ ပြန်လည်ငြိမ်သက်သွား၏။ ထိုခါကျမှ မိမိခြေထောက်များ ရွှဲစိုအေးစက်နေပြီး သေးနံ့များပါ နံဟောင်နေကြောင်း အမှတ်ရသွားသည်။ အား၊ တကယ်ကိုပင် မြေလျှိုးမိုးပျံပြီးထွက်ပြေးသွားချင်စရာပင်။
ထိုရဲမက်က ကင်းလှည့်အစောင့်ချထားခဲ့သော မီးအိမ်ကိုကောက်ယူပြီး သူ့လက်ထဲပြန်ပေးလာ၏။
"ရော့၊ရော့၊ အိမ်ပြန်လိုက်တော့။ နောက်တစ်ခါ ဒီလိုမဖြစ်စေနဲ့ ၊ ကြားလား"
မင်းအော်လိုက်တဲ့အသံကြီးက မင်းပါ သေးထွက်ကျရုံတင်မဟုတ်ဘူး၊ ငါတို့တွေပါ လန့်ပြီး သေတော့မလို့။
ထိုကင်းစောင့်မှာ ရှက်လွန်း၍ မျက်နှာပင် ရဲတွတ်နေပြီဖြစ်သည်။ ထို့နောက် ရဲမက်များအား ကျေးဇူးတင်စကားဆိုကာ အိမ်သို့ ကုန်းရုန်းပြန်သွား၏။ ဒီနေ့မှစပြီး နောက်လ၀က်အထိ သူ အပြင်ပင်မထွက်ရဲလောက်တော့၊ လူ့ပါးစပ်တွေက ဤအကြောင်းကို မည်သို့မည်ပုံ လျှောက်ပြောကြမည်ကို သူမသိချင်တော့။
သို့နှင့် ရဲမက်များကလည်း မျက်စိအာရုံ မှောက်မှားသည်ဟုသာ ယူဆလိုက်ကြကာ ပြန်သွားကြ၏။ လူသူအားလုံးရှင်းသွားတော့မှ သစ်ပင်ထက်က ဖြူလွှလွှ အရိပ်တစ်ခု ခုန်ဆင်းလာကာ မြို့တံခါးဘက်သို့ ယိုင်တီးယ်ိုင်တိုင်လျှောက်လှမ်းသွား၏။ ရဲမက်များ ကင်းအလဲအလှယ်လုပ်ကြသည်ကို အခွင့်ကောင်းယူကာ ပေါ့ပါးစွာ ခုန်ကျော်သွားပြီး များမကြာမီပင် မြို့အတွင်းမှ လွယ်ကူစွာထွက်ခွာသွားနိုင်တော့သည်။
တောနက်ထဲတွင် မြင်းလှည်းတစ်စီး ရပ်နေ၏။ အရိပ်မည်းကြီးတစ်ခုက ခါးကိုကိုင်းကာ ထိုမြင်းလှည်းထဲသို့၀င်သွားသည်၊ ထို့နောက် သြရှရှလေသံဖြင့် ပြောလာ၏။
"ကွမ်းဟိုင်မြို့ကို သွားမယ်"
မြင်းထိန်းကလည်း သူ့အမိန့်ကိုနာခံလိုက်ကာ တောင်အရပ်သို့ဦးတည်ပြီး မောင်းနှင်ထွက်ခွာသွားလေသည်။
ကွမ်းဟိုင်မြို့ဆိုသည်မှာ တာ့ချူတိုင်းပြည်၏ တောင်ဘက်နယ်စပ်အနားတွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ပင်လယ်ကမ်းစပ်ပေါ်တည်ရှိသဖြင့် ဖြူဖွေးသော လှိုင်းလုံးများ၏ ပုတ်ခတ်သံများကို အေးချမ်းစွာ နားသောတဆင်နိုင်ပေသည်။ နေ့စဥ်နေ့တိုင်း အနယ်နယ်အရပ်ရပ်မှ ဆိုက်ကပ်လာသော ကုန်သည်သင်္ဘောကြီးများကလည်း အလံတလူလူလွှင့်ထူနေလျက် ။ နန်ယန်ပြည်ကို သွားမည့် ကုန်သည်များအတွက်ဖြစ်စေ၊ တာ့ချူက၀င်ရောက်လာမည့် နိုင်ငံခြားသားကုန်သည်များအတွက်ဖြစ်စေ ကွမ်းဟိုင်မြို့မှတစ်ဆင့် ၀င်ထွက်သွားလာရသည်မှာ ပို၍လွယ်ကူချောမွေ့သည်မို့ တာ့ချူ၏ အတော်အတန် အချက်အခြာကျလှသော မြို့တစ်မြို့ဟုပင် သတ်မှတ်ကြလေသည်။
******
ညအမှောင်ထု လွှမ်းခြုံထားသော ကောင်းကင်ပြင်မှာ တဖြည်းဖြည်း လွင့်ပါးပပျောက်သွားပြီး သူရိန်နေမင်းကြီးကလည်း အရှေ့အရပ်မှ ထွက်ပေါ်လာချေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာတင် နေ့သစ်တစ်ခုအား အစပြုခဲ့ချေပြီ။
ချူယွမ်ကတော့ တော်၀င်စာကြည့်ဆောင်ထဲ ရှိနေမြဲဖြစ်သည်။ အစီရင်ခံစာအနည်းငယ်မျှကိုသာ ဖတ်လိုက်ရသေး၊ ရှစ်ဇီကုန်းကုန်းရောက်လာပြီး ကျွေ့ယင်နန်းဆောင်မှ အစီရင်ခံစာရောက်လာကြောင်း လျှောက်တင်လာ၏။
ချူယွမ် အတော်ပင် ၀မ်းမြောက်ရွှင်ပျသွားသည်။ ရှစ်ဇီကုန်းကုန်းကလည်း ထိုအစီရင်ခံစာကို ဆက်သလိုက်ရင်း ထပ်ဆိုလာ၏။
"ဆူကျုံးဒေသထွက် နာမည်ကြီးထုတ်ကုန်တွေပါလာတဲ့ လှည်းတစ်စီးပါ ပါလာသေးတယ်ဘုရား။ ခဏနေကျရင် နန်းဆောင်ဆီ ရောက်လာပါတော့မယ်တဲ့။ သခင်လေးရှန်ကိုယ်တိုင် စိစစ်ရွေးချယ်ထားတဲ့ လက်ဆောင်ပဏ္ဏာတွေပါဘုရား"
ချူယွမ်က ခေါင်းညိတ်အသိအမှတ်ပြုလိုက်ကာ ချိတ်ကိုဖွင့်ပြီး စာကိုယူဖတ်လိုက်၏။ ချင်ရှောက်ယွီ၏ လက်ရေးနှင့် ရေးသားထားခြင်းဖြစ်ပြီး အကြောင်းအရာကတော့ သူ နန်ဟိုင်ကနေပြန်ရောက်လာတုန်းက ထျဲန်းချန်ရှားအကြောင်းစုံစမ်းသော်လည်း တစ်ိုးတစိမှ သတင်းမကြားဖူးကြောင်း၊ တစ်တပ်တစ်အား လိုက်လံရှာဖွေပေးမည်ဖြစ်ကြောင်း ရေးသားထား၏။
"အရှင်မင်းမြတ်"
ချူယွမ်ငြိမ်ကျသွားပြီး ဘာမှမပြောမဆိုတော့သည်ကို ရှစ်ဇီတွေ့တော့ ဘေးမှခေါ်ကြည့်လိုက်သည်။
"ရှားပါးပြီး ရှာရခက်တဲ့ လက်ဆောင်တွေကိုစုပြီး ကျွေ့ယင်နန်းဆောင်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပို့လိုက်ပါလေ"
"အမိန့်တော်မြတ်အတိုင်းပါဘုရား"
ရှစ်ဇီလည်း အမိန့်တော်အတိုင်းဆောင်ရွက်ရန် နန်းဆောင်မှထွက်သွားသည်။ ချူယွမ်ကတော့ ထိုစာကို နောက်တစ်ခေါက်ပြန်ဖတ်ကြည့်နေသည်၊ မျက်မှောင်များကတော့ ကြုံ့နေလျက်။
နတ်ဆေးဆရာ သမားတော်'ကွီဆို'ဆိုသည်မှာ ချင်ရှောက်ယွီ၏ ဆရာတစ်ယောက်ဖြစ်သည်။များမကြာခင်ကမှ အငြိမ်းစားယူကာ နန်ဟိုင်ပင်လယ်ထဲက ကျွန်းလေးတစ်ကျွန်းပေါ် သွားရောက်နေထိုင်ခဲ့သည်။ သိုင်းလောက၏ ထိပ်တန်း သမားတော်တစ်ဦးဖြစ်ကာ ယဲ့ကျင်သည်ပင် ထိုပုဂ္ဂိုလ်နှင့် ဆေးပညာအရာတွင် လုံး၀ယှဥ်လို့မရဟုပင် ကိုယ်တိုင်ကိုယ်ကျ ၀န်ခံဖူး၏။ ထိုသို့သောပုဂ္ဂိုလ်တောင်မှ ထျဲန်းချန်ရှားဆိုသည်မှာ အဘယ်ဝတ္ထုမျိုးနည်းဟု ပြောနေမှတော့ အမှန်တကယ်ပင် ရှာရခက်လှသောဆေးဟု ပြောနိုင်ပေ၏။
ချူယွမ်စိတ်များနောက်ကျိလာကာ ရွှေနဂါးပလ္လင်ထက်မှီလိုက်ပြီး အတန်ကြာ စဥ်းစားနေပြန်သည်။ ထို့နောက် စာချရေးလိုက်ကာ သူရိယစန္ဒာတောင်စခန်းဆီသို့ တစ်စောင်၊ ကျွေ့ယင်နန်းဆီသို့ တစ်စောင် ပို့လွှတ်ခိုင်းရန် အမြန်မြင်းတပ်သားများကို တာဝန်ပေးလိုက်သည်။
*****
သွမ့်ယောင်ကတော့ အဘိုးအိုနှင့်အတူ ဖန်ရှင်းစစ်တုရင်အား ဖြေရှင်းနေ၏။ ပညာသင်ကြားဖို့ မနက်အစောကြီးကတည်းက ထွက်သွားပြီး ညဥ့်နက်တော့မှ ပြန်လာတတ်သည်၊ ထို့နောက် ညသန်းခေါင်အထိ သိုင်းပညာလေ့ကျင့်နေတတ်သည်။ သို့နှင့် ချူယွမ်လည်း ဤနန်းဆောင်တွင် နောက်လ၀က်ထိ နေပြီးခါမှ မြို့တော်သို့ပြန်မည်ဖြစ်ကြောင်း ရှစ်ဇီအား မှာကြားထားလိုက်သည်။
"အသင့်ကိုယ်ကို အသင်ပြန်ကြည့်ပါဦး၊ မျက်မှောင်ကြီးတွေကြုတ်လို့။ အရှင်မင်းမြတ် ရွှေမြို့တော်မှာပဲနေနေ၊ ဒီမှာပဲနေနေ ဘာအရေးလဲ။ ဆောင်ရွက်ရမယ့် ကိစ္စအဝဝက ယုတ်လျော့သွားတာမှ မဟုတ်တာ၊ ဘာများကွာခြားနေလို့လဲ"
"ကျွန်ုပ်ဘာသာ မျက်မှောင်ကြုတ်နေတာ အသင်နဲ့ဘာဆိုင်နေလို့လဲ"
လျိုတာ့ကျုံ့၏ ထေ့ငေါ့ပြောဆိုသောစကားကြောင့် ထောင်လျန်တာ ခေါင်းကိုက်လာပေပြီ။
"ဒါဆိုလည်း ကျွန်ုပ်၀င်မရှုပ်တော့ပါဘူး။ အသင့်စရိုက်အရဆို မျက်မှောင်တွေကြုတ်ပြီးသွားရင် အရှင်မင်းမြတ်ကို ဟိုဟိုဒီဒီသွားသွားပြောပြီး သတိပေးနေတတ်လို့ ပြောပါတယ်။ ကျွန်ုပ် သတိပေးထားပါရစေ၊ အခုရက်ပိုင်း အရှင်မင်းမြတ်ရဲ့စိတ်နှလုံးက ကြည်လင်မနေဘူး၊ အသင် တတ်စွမ်းသလောက်တော့ အလျှော့ပေးထားပါဦးလား "
"....."
"အသင့်လိုလူကတော့လား.....ဘ၀ကို ဘယ်လိုပျော်ပျော်နေရမလဲဆိုတာ တကယ်မသိတဲ့လူစားပဲ။ နောက်လ၀က်ထပ်နေဆိုလည်း နေကြရုံပေါ့၊ လာပါ....မုန့်ဆီကြော်သွားစားရအောင်"
လျိုတာ့ကျုံ့က သူ့လက်အားဆွဲကာ အပြင်ဘက်ခေါ်ထုတ်သွားသဖြင့် အမတ်မင်းထောင်လည်း ယက်ကန်ယက်ကန်ပါသွားရှာ၏။ မျက်နှာကတော့ အလိုမကျဖြစ်နေမြဲပင်။
နောက်လ၀က်ထပ်နေရုံမျှနှင့်တော့ ဘာမှမဖြစ်ရိုးအမှန်ပါ။ ဒီထက်ကြာမြင့်ရင်လည်း ပြဿနာမဟုတ်ပါချေ။ သို့ပေမင့် ဤရက်ပိုင်းအတွင်း အရှင်မင်းမြတ်မှာ နဂိုမူလအသွင်မဟုတ်ဘဲ အတော်ကြီးပြောင်းလဲနေပေ၏။ သို့သော်လည်း ဘာအကြောင်းရှိမှန်း ဘာဆိုဘာမှ ထုတ်မပြောပြန်၊ ထို့ကြောင့်လည်း ကိစ္စကြီးကြီးမားမားများဖြစ်နေပြီလားဟု အမတ်မင်းထောင် မစိုးရိမ်ဘဲမနေနိုင်။ စိုးရိမ်သောကဖိစီးသောဒဏ်မှာ အတော်ပင် လေးလံပင်ပန်းလှပေတကား။
*****
"အရှင်မင်းမြတ်၊ သွမ့်ရှောင်၀မ်ရယ်ကိုကြည့်ရတာ လေ့ကျင့်ရေးပြီးဖို့ ကြာဦးမယ်နဲ့တူပါတယ်။ အရှင်မင်းမြတ်တစ်ပါးတည်းပဲ ပွဲတော်အရင်တည်လိုက်မလားဘုရား"
"ဟင့်အင်း၊ ကိုယ်တော် မဆာသေးဘူး။ ယောင်အာနဲ့အတူတူစားရတာ ပိုကောင်းမယ်။လာပါ၊ အချုပ်ခန်းဘက် အရင်သွားရအောင်"
ချူယွမ်က လက်ထဲမှ အစီရင်ခံစာကိုချလိုက်ကာ ဆိို၏။
"အချုပ်ခန်း?"
ရှစ်ဇီ နားမလည်ပေ။
"အင်း၊ အဲ့မှာ အပြစ်သားတစ်ယောက်ရှိတယ်။ အစကတော့ မြို့တော်ပြန်ရောက်မှ ဒီကိစ္စကို ရှင်းမလို့ပဲ။ အခု ဒီမှာဆက်နေမှာဆိုတော့ ဘာမှလုပ်စရာမရှိတဲ့အတူတူ သူ့ကို အရင်စစ်ဆေးမေးမြန်းကြည့်လို့လည်း ဘာမှနစ်နာမသွားဘူးလေ"
ချူယွမ် ထိုသို့ပြောလာတော့မှ ရှစ်ဇီ အမှတ်ရသွား၏။
ဟုတ်သား၊ ချန်နန်မြို့စားယွီရှူး၏ မယားငယ်တဖြစ်လဲ သူ့ကိုပါ သတ်သွားသည်ဆိုသော ကချေသည်မိန်းမပျို ဆွီ့ကူး။ သူမကို ဘာဆိုဘာမှ စစ်ဆေးမေးမြန်းခြင်း မပြုရသေးဘူးပဲ။
*****
အချုပ်ခန်းရှေ့တွင် မီးတုတ်များဖြင့် လင်းထိန်နေ၏။ အစောင့်များမှာ အရှင်မင်းမြတ်ကိုယ်တော်တိုင် ကြွမြန်းလာမည်ဟု ထင်မထားကြသဖြင့် အတော်ပင် ထိတ်လန့်တုန်လှုပ်သွားကြကာ ပြားပြား၀ပ်မှောက်ပြီး ဂါရဝပြုလာကြသည်။
"အရှင်မင်းမြတ်အား ဂါရ၀ပြုပါတယ်ဘုရား"
"ရပါတယ်၊ ကိန်းကြီးခန်းကြီးတွေ လုပ်မနေပါနဲ့။ တံခါးဖွင့်လိုက်၊ ကိုယ်တော် အထဲ၀င်ကြည့်မယ်"
******
2020.08.18.
Thz for reading, giving stars and leaving lovely comments.
******
အခန္း - ၆၂ (ကြမ္းဟိုင္ၿမိဳ႔)
[ၿမိဳ႔လယ္ေခါင္က ျဖဴလႊလႊအရိပ္]
ေတာ္၀င္စာၾကည့္ေဆာင္အျပင္ဘက္တြင္ မႈးမတ္အရာရိွမ်ား တန္းစီေစာင့္ဆိုင္းေနၾကသည္။ခ်ူယြမ္ ကိုယ္လက္သန္႔စင္၍အၿပီး ၀တ္ရံုေတာ္လဲလွယ္၀တ္ဆင္ရာတြင္ ရွစ္ဇီကူညီေပးရင္း ခ်င့္ခ်င့္ခ်ိန္ခ်ိန္ေမးလာ၏။
" မွဴးမတ္ႀကီးတို႔တေတြကို ဒီေန့ထြက္မေတြ့ေတာ့ရင္ ပိုမေကာင္းဘူးလားဘုရား။ အရွင္မင္းျမတ္ အနားယူေတာ္မူလို႔ရေအာင္ပါ"
"မလိုဘူး၊ အိပ္လိုက္ရင္လည္း အိပ္ေပ်ာ္မွာမွမဟုတ္ဘဲ။ သြားၾကစို႔....."
"မွန္ပါ့"
ရွစ္ဇီလည္း ဘာမွဆက္မေျပာျဖစ္ဘဲ ခ်ူယြမ္အတြက္ တံခါးဖြင့္ေပးလိုက္ကာ ေတာ္၀င္စာၾကည့္ေဆာင္ဘက္သို႔ လိုက္သြားလိုက္၏။ မွဴးမတ္မ်ားအနက္ ေရ႔ွဆံုးမွ ေစာင့္ဆိုင္းေနသူကေတာ့ ေျမၾကီးလက္ခတ္မလြဲ၊ အမတ္မင္းေထာင္လ်ဲန္တာပင္ျဖစ္ေနေခ်သည္။ ရက္ေပါင္းမ်ားစြာ အရွင္မင္းျမတ္အား စိုးရိမ္ပူပန္ခဲ့ရၿပီးေနာက္ ယေန့က်မွ အရွင့္မ်က္ႏွာေတာ္ကို သူဖူးေတြ့ခြင့္ရေလၿပီ။ ယခုလို ေဘးမသီရန္မချပန္လာသည္ကို တပ္အပ္ျမင္ရေတာ့မွ သူ စိတ္ေအးႏိုင္ေတာ့သည္။
"ကိုယ္ေတာ္ျမတ္ ဆူးဟြိုင္ေတာင္နန္းမွာ သံုးေလးရက္ပဲ စံျမန္းခဲ့တာကို ဒီၾကားရက္ထဲ တင္ေလ်ွာက္စရာအမႈကိစၥေတြ ဒီေလာက္ထိမ်ားလာတယ္လား"
ခ်ူယြမ္က ေရႊနဂါးပလႅင္ထက္ ထိုင္လိုက္ကာ ရႈံ႔မဲ့ၿပီးဆိုလာ၏။
"မဟုတ္ရေၾကာင္းပါဘုရား ၊ မွဴးမတ္အရာရိွေတြက အရွင့္အတြက္ စိုးရိမ္ေနၾကတာမို႔ ေတာင္နန္းဆီက အရွင္မင္းျမတ္ျပန္ႂကြလာေတာ္မူတယ္လို႔ ၾကားၾကားခ်င္း ကြၽန္ေတာ္မ်ိဳးတို႔လည္း လာေရာက္ဂါရဝျပဳရံုတင္ပါ"
"ဂါရ၀လာျပဳရံုပဲ တျခားေျပာစရာကိစၥမရိွဘူးဆိုတဲ့လူေတြ အကုန္ထြက္သြားၾက !!!!! "
ခ်ူယြမ္ လက္ေဝ႔ွယမ္းျပၿပီးဆိုလိုက္ေလရာ အားလံုးက ဧကရာဇ္အမိန္႔ေတာ္အတိုင္းလိုက္နာလိုက္ရေပသည္။ သို႔ႏွင့္ တစ္ခဏအတြင္း နန္းေဆာင္ထဲတြင္ လူတစ္၀က္မ်ွသာ က်န္ေတာ့သည္။
"ရွီးနန္၀မ္အေၾကာင္း ေမးမယ့္လူရိွရင္လည္း ထြက္သြားၾက၊ ကိုယ္ေတာ္ အဲ့ကိစၥနဲ႔ပတ္သက္ၿပီး ဘာမွေျပာခ်င္စိတ္မရိွေသးဘူး"
ေအးစက္မာေၾကာလွေသာအမိန္႔သံအဆံုး ေနာက္ထပ္လူတဝက္ ထပ္ေပ်ာက္သြားျပန္သည္။ လ်ိဳတာ့က်ံဳ႔က ေထာင္လ်ဲန္တာအား အဓိပၸာယ္ပါပါ လွမ္းၾကည့္လာ၏။
ၾကားၿပီးၿပီမလား၊ အရွင္မင္းျမတ္က မိန္႔ေနၿပီ။ အသင့္ကို ထြက္သြားလိုက္ပါေတာ့တဲ့။
"အမိန္႔ေတာ္ျမတ္အတိုင္းပါဘုရား"
ေထာင္လ်ဲန္တာလည္း ဤကိစၥႏွင့္ပတ္သက္၍ မည္မ်ွပင္ေတြေဝကာ သိလိုစိတ္ျပင္းျပေနေသာ္လည္း ခ်ူယြမ္၏ ရုတ္ခ်ည္းေျပာင္းလဲသြားေသာပံုစံကိုျမင္လိုက္ရေတာ့ ရွည္ရွည္ေဝးေဝး ဆက္မေမးျဖစ္ေတာ့ဘဲ ဂါရဝျပဳလိုက္ကာ ထြက္သြားလိုက္သည္။
သို႔ႏွင့္ အခန္းထဲတြင္ လ်ိဳတာ့က်ံဳ႔တစ္ၪီးတည္းသာ က်န္ရစ္ေတာ့သည္။
"အိုက္ခ်င္း၊ ဘာမ်ားေလ်ွာက္တင္စရာရိွလို႔ပါလဲ"
"ဟိုေကာင္လိမင္းသမီးနဲ႔ ပတ္သက္ေနတဲ့ကိစၥပါဘုရား။ အရင္ရက္တုန္းက နန္ဟိုင္ဘက္ကေန ကြၽန္ေတာ္မ်ိဳး သတင္းထပ္ရထားပါတယ္၊ က်င္းဆူးလက္ထပ္လိုက္တဲ့လူရဲ့ ဇစ္ျမစ္ကို သိရိွရၿပီးျဖစ္ေၾကာင္းပါ ၊ အမည္နာမကေတာ့ ပူ႔ခြန္းလို႔ေခၚၿပီး ပိုင္ရွဲန္႔ျပည္နယ္ကကုန္သည္ႀကီးတစ္ေယာက္ရဲ့ သားအႀကီးလို႔သိရပါတယ္။ မိသားစုကေတာ့ လက္ဖက္ေရာင္း၀ယ္ေရးလုပ္ၾကတာပါ၊ ၾကာၾကာေနမွတစ္ခါ ပင္လယ္ျပင္ထဲက ရွားပါးပုလဲေတြရလာရင္ေတာ့ တာ့ခ်ူဆီ လာေရာက္ေရာင္းခ်တတ္ၾကပါတယ္ "
"ပိုင္ရွဲန္႔ျပည္နယ္က သူႂကြယ္လူတန္းစားမိသားစုေပါ့ေလ။ ဒီလိုဆိုရင္ ျပႆနာမရိွေလာက္ေတာ့ပါဘူး။ အမတ္မင္းကိုလည္း အခ်ိန္အၾကာႀကီး ဒုကၡေပးမိပါၿပီ၊ ေနာက္ဆံုးေတာ့ က်င္းဆူးလည္း လူေကာင္းသူေကာင္းတစ္ေယာက္နဲ႔ ထိမ္းျမားလိုက္ရတာပဲ"
"မွန္ပါ့ဘုရား။ ေကာင္လိ၀မ္လည္း ေယာက္ဖျဖစ္သူကို အေတာ္ေလးၾကည္ျဖဴေနေၾကာင္း သိရပါတယ္၊ နန္ယန္ထိ ကိုယ္တိုင္ကိုယ္က် သြားေတြ့မယ္လို႔ေတာင္ လုပ္ေနပါတယ္"
"ေၾသာ္၊ သူက်ေတာ့ ေလ်ွာက္သြားဖို႔ အခ်ိန္ေတြပိုလ်ွံေနလိုက္တာ"
ခ်ူယြမ္က စိတ္ႏွင့္လူႏွင့္မကပ္စြာ ေရရြတ္ညည္းတြားလိုက္၏။ လ်ိဳတာ့က်ံဳ႔ကေတာ့ ရယ္ေမာေနသည္။
ခ်ူယြမ္တစ္ေယာက္ ေခါင္းစကိုက္လာၿပီျဖစ္၏။
"အိုက္ခ်င္းေျပာလိုရာကို တည့္တည့္သာေျပာ"
လ်ိဳ႕တာက်ံဳ႔လည္း သင့္ေလ်ာ္ေသာစကားလံုးမ်ားကို ေခတၲေရြးေနလိုက္ၿပီးမွ ေလ်ွာက္တင္လာ၏။
"တကယ္တမ္းေတာ့ သိပ္ၿပီးအေရးႀကီးတဲ့ကိစၥေတာ့ မဟုတ္ပါဘူးဘုရား။ ဒီတစ္ႏွစ္အတြင္း တာ့ခ်ူရဲ့စစ္တပ္အင္အားေတြကို၊ အင္း....ေတာင္ပိုင္းဘက္ဆီ အေတာ္ေလးေရႊ့ထားသလားလို႔ပါ။ နန္ယန္ရဲ့နယ္စပ္မွာလည္း တပ္သားသံုးေထာင္ေက်ာ္ စခန္းခ်ထားပါေသးတယ္။ အဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး ေကာင္လိ၀မ္က ကြၽန္ေတာ္မ်ိဳးကို လာေမးေနပါေသးတယ္၊ ဘာအေရးကိစၥမ်ားျဖစ္ေနလို႔လဲတဲ့"
"သူနဲ႔ ဘာဆိုင္ေနလို႔လဲ"
ခ်ူယြမ္က လက္ထဲရိွ အစီရင္ခံစာလိပ္ကိုပစ္ခ်ရင္း စိတ္ညစ္စြာ ဆိုလာ၏။
"ေသခ်ာေပါက္ သူနဲ႔ မသက္ဆိုင္ရေၾကာင္းပါ။ ေကာင္လိ၀မ္ေမးရတဲ့အေၾကာင္းကေတာ့ နန္ယန္မွာတစ္ခုခုျဖစ္ေနရင္ သူ႔ႏွမေတာ္ဆီသြားမယ့္ခရီးကို ဖ်က္မလို႔ပါတဲ့၊ သူကိုယ္တိုင္ မသြားရံုတင္မက သူ႔ႏွမေတာ္ကိုပါ ေကာင္လိျပည္ကိုျပန္ေခၚမလို႔ပါ၊ ဒါမွ သူ စိတ္ခ်မ္းသာ -"
"ေတာ္လိုက္ေတာ့!!!!!"
ခ်ူယြမ္ေခါင္းထဲ ဆစ္ခနဲနာက်င္လာသျဖင့္ ေဒါသတႀကီး အသံျမႇင့္ကာ စကားစျဖတ္ပစ္လိုက္၏။
"သူ႔ဘာသာသူ ေဆြမ်ိဳးေတြဆီ သြားလည္ခ်င္သြားပေလ့ေစ၊ ဘယ္ေလာက္ပဲၾကာၾကာ ေနခ်င္သလိုေနခဲ့ ။ သူနဲ႔မဆိုင္တဲ့ကိစၥထဲ ၀င္မရႈပ္ဖို႔သာ ဆက္ဆက္မွာလိုက္"
"မွန္လွပါဘုရား"
လ်ိဳတာ့က်ံဳ႔က ဧကရာဇ္အမိန္႔ေတာ္ကို နာခံယူလိုက္ၿပီး ေဖ်ာင္းဖ်လာ၏။
"အရွင္မင္းျမတ္.....ခႏၶာေတာ္ကိုထိခိုက္ေစတဲ့အထိေတာ့ အမ်က္ေတာ္မရွပါေလနဲ႔၊ ကြၽန္ေတာ္မ်ိဳးကလည္း အစကတည္းက ဒီလိုအေသးအဖြဲကိစၥမ်ိဳးကို လာၿပီးမေလ်ွာက္တင္သင့္ခဲ့တာပါ"
"အမတ္မင္းလည္း ျပန္သြားလိုက္ပါေတာ့။ ကိုယ္ေတာ္တစ္ပါးတည္း တိတ္တိတ္ဆိတ္ဆိတ္ ေနခ်င္တယ္"
ခ်ူယြမ္က နားထင္အား ႏိွပ္နယ္ေနရင္း ေျပာလာသည္။ လ်ိဳတာ့က်ံဳ႔လည္း မ်က္စိတစ္မိွတ္အတြင္းမွာပင္ လွစ္ခနဲ ထြက္သြားခဲ့ေခ်ၿပီ။
*******
ေထာင္လ်ဲန္တာကေတာ့ အက်ႌလက္ထဲ လက္အသာထည့္ကာ အျပင္ဘက္တြင္ေစာင့္ေန၏။ သူ႔ကို လ်ိဳတာ့က်ံဳ႔ျမင္သြားေတာ့ ေဝးေဝးသြားရန္ လက္ျဖင့္အသာျပၿပီး ေမာင္းထုတ္လိုက္၏။
အခုေလာေလာဆယ္ အရွင္မင္းျမတ္ အရမ္းထူးဆန္းေနတယ္၊ ကိုယ့္ေသတြင္းကို ကိုယ္သြားမတူးေလနဲ႔။
"အဲ့ဒီဆူးဟြိုင္ေတာင္နန္းကို အစကတည္းက မသြားသင့္ဘူးလို႔ ကြၽႏ္ုပ္မေျပာခဲ့ေပဘူးလား"
ယြင္တာၿမိဳ႔လယ္ လမ္းမထက္ လမ္းေလ်ွာက္ေနစဥ္မွာေတာင္ ေထာင္လ်ဲန္တာက ဤအေၾကာင္းကိုပဲ ဆက္ေျပာေန၏။
"အရွင္မင္းျမတ္ နန္းတက္ၿပီးကတည္းကေန ခုထက္ထိ အရွင့္ႏွလံုးသားကို ၿငိမ္းေအးေစတဲ့အလုပ္မ်ိဳး ရွီးနန္စံအိမ္ေတာ္က တစ္ေခါက္တစ္ေလေတာင္ လုပ္ဖူးခဲ့ရဲ့လား။ အခုတစ္ေခါက္လို ရွီးနန္၀မ္ကိုယ္ေတာ္တိုင္ ဒီထိလိုက္လာတဲ့ကိစၥမ်ိဳးဆို ထည့္ကိုေျပာမေနနဲ႔ေတာ့"
ေပၚတင္ႀကီးရန္မျဖစ္ၾကတာ ကံသီေပလို႔ပဲ။
"အမေလးေလး....ေသေလာက္ေအာင္ ေၾကာက္ခဲ့ရတာ"
လ်ိဳတာ့က်ံဳ႔က အေၾကာက္ေျပေအာင္ မုန္႔ေၾကာ္တစ္ခုယူစားလိုက္ၿပီးမွ ဆက္ေျပာ၏။
"ေစာနက အရွင့္ရဲ့မ်က္၀န္းေတာ္ေတြကို မေတြ့လိုက္ဘူးလား။ လူတစ္ေယာက္လံုးကို ဝါးမ်ိဳပစ္လို႔ေတာင္ရေနတဲ့ မ်က္ဝန္းေတြ"
"ရွီးနန္၀မ္ႀကီးရဲ့ထံုးစံအတိုင္း ၊ တစ္ထြာေပးရင္ တစ္ေတာင္လိုခ်င္တဲ့ ကိစၥေတြေၾကာင့္ပဲ ေနမွာေပါ့"
ဤတစ္ႀကိမ္တြင္ေရာ မည္သည့္နယ္ေျမေဒသကို ခြဲျခမ္းစိတ္ပိုင္းၿပီး ေပးလိုက္ရျပန္လဲ။ ေထာင္လ်ဲန္တာ အေတာ္ပင္ စိတ္ေလးေနၿပီျဖစ္သည္။
"ဒီမတိုင္ခင္ စစ္တပ္အင္အားကိုေရႊ့ေနတာျမင္ရေတာ့ အရွင္မင္းျမတ္ကမ်ား ရွီးနန္စံအိမ္ေတာ္ကို သြားၿပီးရွင္းလင္းေတာ့မလားလို႔ေတာင္ ကြၽႏ္ုပ္ေတြးခဲ့ေသးတယ္။ ဘယ္သူက ထင္ထားမွာလဲ၊ ရွီးနန္ကိုမဟုတ္ဘဲ ကမ္းရိုးတန္းေဒသတစ္ေလ်ွာက္က စည္ကားတဲ့ၿမိဳ႔ႀကီးေတြမွာ စစ္တပ္အင္အား သြားျဖန္႔ထားသတဲ့။ တျခားလူ မဆိုေသးနဲ႔၊ စစ္သူႀကီးရွန္ေတာင္ ဒီတစ္ေခါက္ေတာ့ အရွင္မင္းျမတ္ရဲ့စိတ္ဆႏၵေတာ္ကို ခန္႔မွန္းလို႔မရေတာ့ဘူး။ တကယ္ပဲ သံသယျဖစ္စရာေကာင္းလြန္းလွတယ္"
ေထာင္လ်ဲန္တာကေတာ့ သက္ျပင္းမ်ားခ်ေနဆဲပင္။ အစပိုင္းတြင္ မွဴးမတ္မ်ားကလည္း ဤကိစၥ၏အေၾကာင္းရင္းကို ေမးျမန္းရန္ အရင္ခံစာတင္ၾကေသးသည္ ၊ သို႔ေသာ္ ယခုထက္ထိ ရွင္းလင္းျပတ္သားေသာ အေျဖမ်ိဳးမရခဲ့။ ထို႔အျပင္ ထိုအမတ္မင္းႏွစ္ေယာက္မွာ ရာထူးျပဳတ္လုလုပင္ ျဖစ္သြားေသးသည္။
အရွင္မင္းျမတ္မွာ နန္းတက္ၿပီးႏွစ္အနည္းငယ္အတြင္းမွာပင္ ထူးျခားေျပာင္ေျမာက္လွေသာ လုပ္ေဆာင္ခ်က္မ်ားကို ေဆာင္ရြက္ေပးခဲ့သည္မွန္ေပသည္၊ သို႔ေသာ္လည္း ယခုတစ္ေခါက္လို ေတာင္ပိုင္းကမ္းရိုးတန္းတစ္ေလ်ွာက္ စစ္တပ္အင္အား ေရြ့လ်ားျဖန္႔ခ်ိထားေသာကိစၥကေတာ့ မည္သို႔ပင္ေတြးေတြး လံုးဝအေျခအျမစ္ရိွမေနခဲ့ေပ။
*****
မိုးေကာင္းကင္ထက္တြင္ ေမွာင္ရိပ္သမ္းစျပဳလာေခ်ၿပီ။ သြမ့္ေယာင္က လူသူမ်က္ေျချပတ္ရာ ထိုတဲအိမ္ငယ္မွထြက္လာေတာ့ အျပင္တြင္ သူ႔အားရပ္ေစာင့္ေနေသာ ရွစ္ဇီကို ေတြ့လိုက္ရသည္။
"သြမ့္ေရွာင္၀မ္ရယ္"
"ကုန္းကုန္း ဘယ္ႏွယ့္လုပ္ၿပီး ဒီထိေရာက္လာတာတုန္းဗ်"
သြမ့္ေယာင္ အေတာ္အံ့အားသင့္သြား၏။
"အရွင္မင္းျမတ္က ကြၽန္ေတာ္မ်ိဳးကို လာႀကိဳခိုင္းလိုက္လို႔ပါခင္ဗ်ာ။ ညေနစာလည္း အဆင္သင့္ျပင္ဆင္ထားၿပီးပါၿပီ၊ အရွင္မင္းျမတ္က ေရွာင္၀မ္ရယ္ကို ပြဲေတာ္အတူတည္ဖို႔ ေစာင့္ေတာ္မူေနပါတယ္"
"....."
"ဟုတ္ကဲ့၊ အရွင္မင္းျမတ္ရယ္ သြမ့္ေရွာင္၀မ္ရယ္ ႏွစ္ေယာက္တည္းပါ"
ရွစ္ဇီက အသံကိုႏိွမ့္ကာ ဆက္ေျပာလာ၏။
"အရွင္မင္းျမတ္က ဒီေန့တစ္ေန့လံုး ဘာမွမသံုးေဆာင္ရေသးဘူး။ ခဏေနက်ရင္ အရွင့္ကိုေခ်ာ့ေမာ့ၿပီး အစာအာဟာရသံုးေဆာင္ေစဖို႔ ေရွာင္၀မ္ရယ္ကို ကြၽန္ေတာ္မ်ိဳးအားကိုးပါရေစ"
"ဟုတ္ကဲ့၊ ရပါတယ္"
ဘာပဲေျပာေျပာ ေနာင္ေတာ္မွရိွမေနေတာ့ဘဲ။ ထို႔ေၾကာင့္ မရီးေတာ္ကို ႏွစ္သိမ့္အားေပးဖို႔ကိစၥဆိုလ်ွင္ သူႏွင့္ရွစ္ဇီႏွစ္ေယာက္တည္း၏ တာ၀န္ဝတၲရားသာ ျဖစ္ေပေတာ့မည္။
*******
စားပြဲေပၚရိွ အစားအေသာက္မ်ားမွာ ရွီးနန္နယ္သားမ်ားအႀကိဳက္ ပူျပင္းခ်ဥ္စပ္ေသာ ဟင္းမ်ားျဖစ္ေနသည္။ ဟင္းခတ္အေမႊးအႀကိဳင္မ်ားကိုလည္း ေရႊၿမိဳ႔ေတာ္မွ တကူးတက သယ္ေဆာင္လာျခင္းျဖစ္သည္။ အရင္ရက္မ်ားတုန္းက ခ်က္ျပဳတ္အသံုးခ်ခြင့္မႀကံဳခဲ့။ ယခုတြင္မူ ထိုရွီးနန္ဟင္းမ်ားကိုစားမည့္သူဆို၍ သြမ့္ေယာင္တစ္ေယာက္တည္းသာ က်န္ေတာ့သည္။
"ခံတြင္းေတြ့ရဲ့လား"
ခ်ူယြမ္က ငါးအသားတစ္တံုးဖဲ့ၿပီး သြမ့္ေယာင္ပန္းကန္ထဲ ထည့္ေပး၏။
"ဟုတ္ကဲ့၊ ရွီးနန္စံအိမ္ေတာ္က စားဖိုမွဴးေတြရဲ့လက္ရာထက္ေတာင္ ပိုၿပီးအရသာထူးကဲေနပါတယ္ဘုရား"
ခ်ူယြမ္ရယ္မိသြားသည္။
"အခုစားဖိုမွဴးကလည္း ရွီးနန္စံအိမ္ေတာ္မွာ စားဖိုမွဴးျဖစ္ခဲ့တဲ့လူပါပဲ။ ေနာက္ပိုင္းက်မွ သားသမီးေနာက္လိုက္လာၿပီး ေရႊၿမိဳ႔ေတာ္မွာ စားေသာက္ဆိုင္လာဖြင့္ရံုတင္။ ကိုယ္ေတာ္ ႏွစ္ေခါက္သံုးေခါက္ေလာက္ ျမည္းၾကည့္ေသးတယ္၊ အရသာသိပ္မဆိုးဘူးဆိုေတာ့ ဒီယာယီနန္းေဆာင္မွာ လာေရာက္ခ်က္ျပဳတ္ဖို႔အတြက္ သီးသန္႔ေခၚလာလိုက္တာ။ မင္း ခံတြင္းေတြ့တယ္ဆိုလည္း ၿပီးတာပဲ "
သြမ့္ေယာင္ ေခါင္းညိတ္ျပလိုက္သည္၊ ထို႔ေနာက္ ေခါင္းမေဖာ္တမ္း တိတ္တိတ္ေလး စားေန၏။ စိတ္ထဲမွလည္း မိမိေနာင္ေတာ္၏ ကံဆိုးလျွခင္းမ်ားကိုေတြးမိေနသည္။ အရွင္မင္းျမတ္က ရွီးနန္ဟင္းခ်က္တတ္ေသာ စားဖိုမွဴး တကူးတက ေခၚလာေပးသည္ကိုေတာင္ တစ္နပ္တစ္ေလမွ စားမသြားလိုက္ရေလျခင္း။
သြမ့္ေယာင္ၿငိမ္က်သြားသည္ကိုျမင္ေတာ့ ခ်ူယြမ္လည္း ဘာမွဆက္မေျပာျဖစ္ေတာ့။ ေနာက္ဆံုးလက္က်န္ဟင္းရည္ကို ေသာက္လိုက္ၿပီးေနာက္တြင္မွ ဆက္ေမးလာ၏။
"အခ်ိဳတည္းခ်င္ေသးလား"
"ေတာ္ပါၿပီဘုရား ၊ ေတာ္ပါၿပီ"
သြမ့္ေယာင္ ကပ်ာကယာပင္ ျငင္းလိုက္၏။ သူ႔၀မ္းဗိုက္ကလည္း အေတာ္ပင္ ျပည့္တင္းေနေပၿပီ။ ခ်ူယြမ္ ရယ္ခ်င္စိတ္ကို ေအာင့္လိုက္ရသည္။
"တကယ္ကို စားႏိုင္ေသာက္ႏိုင္တဲ့အရြယ္ပဲ"
သြမ့္ေယာင္ ပါးစပ္သုတ္လိုက္ရင္း ေတြးေန၏။ မည္မ်ွပင္ နား၀င္ခ်ိဳေအာင္ပဲ ဆိုဆို၊ ေနာက္ဆံုးေတာ့ အစားပုပ္ေလးဟူေသာ ဆိုလိုရင္း၌သာ လမ္းဆံုးေနသည္ပင္။
သို႔ေသာ္ ခ်ူယြမ္က လက္ဖက္ရည္ယူလာေပးရန္ ရွစ္ဇီအား မွာၾကားလိုက္သည္၊ သြမ့္ေယာင္ကို ျပန္ခြင့္မျပဳခ်င္ေသးသည့္ႏွယ္။သြမ့္ေယာင္လည္း အထူးတလည္အံ့ၾသမေနေတာ့။ မည္သို႔ပင္ေျပာေျပာ သူတို႔သရုပ္ေဆာင္ျပလိုက္ေသာ ဇာတ္ကြက္မွာ အခ်ိန္အားျဖင့္လည္းျမန္ဆန္ေနကာ အေဆာတလ်င္ ျဖစ္ႏိုင္လြန္းလွ၏။ သရုပ္ေဆာင္ကလည္း ညံ့ဖ်င္းေသးသည္။ အျခားလူကို လိမ္ညာလွည့္ဖ်ားရန္လြယ္ေသာ္လည္း မရီးေတာ္မွာ ဧကရာဇ္အရွင္တစ္ပါးပင္ျဖစ္ေနေလရာ မူမမွန္မႈတစ္ခုခုကို သတိမထားမိဘူးဆိုကာမွ ထူးဆန္းေနေပလိမ့္မည္။
"မ်က္ခံုးျဖဴနတ္အရွင္က ရွီးနန္စံအိမ္ေတာ္ကို ေရာက္ဖူးေသးလား"
သြမ့္ေယာင္ ထင္သည့္အတိုင္းပင္။ လက္ဖက္ရည္ပင္ မေအးလိုက္ရေသးခ်ိန္မွာပင္ ခ်ူယြမ္ ေမးခြန္းထုတ္လာေလၿပီ။ သြမ့္ေယာင္က ေခါင္းခါျပလိုက္၏။
"မေရာက္ဖူးေၾကာင္းပါဘုရား။ ကြၽန္ေတာ္မ်ိဳးေရာ ေနာင္ေတာ္ေရာက ရွစ္ဖူးေျပာျပသေလာက္သာ သူ႔အေၾကာင္းကိုၾကားဖူးနားဝရိွပါတယ္။ ရွစ္ဖူ လူငယ္ဘ၀တုန္းက တျခားလူအတြက္ လက္စားေခ်ေပးရင္း ပင္လယ္ဘက္အသြားမွာ သူတို႔ေတြ ေတြ့ဆံုခဲ့ၾကတယ္လို႔ ေျပာပါတယ္"
"ေၾသာ္၊ သူတို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးက အေတာ္ေကာင္းတာေပါ့"
"အေတာ္ေကာင္းတဲ့အထဲလည္းမပါပါဘူးဘုရား။ဘယ္ႏွစ္ေခါက္မွ မေတြ့ဖူးေတာ့ ဘာအၿငိဳးအေတးမရိျွပန္ဘူး။ ဒါေၾကာင့္လည္း ဆက္ဆံေရးအဆိုးႀကီးထဲလည္း မပါျပန္ဘူးဘုရား၊ အေပၚယံေလာက္သိၾကတာပဲေနမွာပါ"
"ဘာေၾကာင့္မ်ား အဲ့တစ္ေယာက္ဆီမွာ ထ်ဲန္းခ်န္ရွား ရိွေနတာလဲ။ သူ႔လက္ထဲ ရိွေနရိုးမွန္ရင္ ဘာေၾကာင့္ အစကတည္းက ထုတ္မေပးတာတဲ့လဲ။ ဘာလို႔ ဒီအခ်ိန္ထိေရာက္ေအာင္ေစာင့္ၿပီးခါမွ လာေပးတာလဲ"
"ဒီကိစၥကို ကြၽန္ေတာ္မ်ိဳးလည္း ရွင္းရွင္းလင္းလင္း မသိရေၾကာင္းပါ။ ရွစ္ဖူးကလည္း ေသခ်ာဂဃနဏေျပာျပထားတာမ်ိဳးလည္း မရိွေၾကာင္းပါ ။ ဒီႏွစ္ေတြထဲမွာ ရွီးနန္စံအိမ္ေတာ္ဘက္ကလည္း တုန္းဟိုင္ပင္လယ္ဘက္ကို လူအမ်ားႀကီးလႊတ္ၿပီး ရွာခိုင္းခဲ့သလို ဒီမ်က္ခံုးျဖဴနတ္အရွင္ဆီကိုလည္း စာအမ်ားႀကီးေရးခဲ့ပါေသးတယ္။တစ္ခါမွ ျပန္စာမရခဲ့တာမို႔ သူ ကြယ္လြန္သြားၿပီလားလို႔ေတာင္ ရွစ္ဖူး ထင္ေနပါေသးတယ္ဘုရား။ ဒီယြင္တာၿမိဳ႔မွာ လာဆံုၾကမယ္လို႔ ဘယ္သူထင္ထားမွာတဲ့လဲ"
"ထ်ဲန္းခ်န္ရွားကို လာပို႔ဖို႔ ေရာက္လာတာလား"
"မွန္ပါ့၊ ရွစ္ဖူးတို႔ လူႀကီးအခ်င္းခ်င္းအလဲအလွယ္လုပ္ထားတဲ့ ကတိစကားေတြရိွပါေသးတယ္။ အေၾကာင္းအရာအျပည့္အစံုကို ရွစ္ဖူးလည္း လံုး၀ထုတ္မေျပာပါဘူး။ ေနာင္ေတာ္ လံုး၀သက္သာလာတာနဲ႔ သူ တုန္းဟိုင္ကို တစ္ေခါက္ေလာက္ေတာ့သြားရမယ္လို႔ပဲေျပာပါတယ္"
"ဒီလိုကိုး"
ခ်ူယြမ္ ေခါင္းတညိတ္ညိတ္လုပ္ေနေပမင့္စိတ္ထဲမွာေတာ့ ေနာက္က်ိေတြေဝေနဆဲပင္။ ဤဇာတ္လမ္းထဲရိွေနေသာ မူမမွန္မႈတစ္စံုတစ္ရာကို ရိွေနပါလ်က္ ဘယ္ေနရာပါဟု သူအတိအက်ေျပာလို႔မရျပန္။
သိုင္းေလာကသားအခ်င္းခ်င္း အလဲအလွယ္ျပဳကာ ကတိက၀တ္ထားၾကသည္မွာ အင္မတန္မွ ျပဳလုပ္ေလ့ရိွၾကေသာအျပဳအမူပင္။ ထိုနတ္အရွင္က ပင္လယ္ဘက္မွလာသည္မို႔ ၄လက္ထဲ ထ်ဲန္းခ်န္ရွားရိွေနေလာက္ျပန္သည္။ မည္သည့္ရႈေထာင့္ကပဲၾကည့္ၾကည့္ က်ိဳးေၾကာင္းဆီေလ်ာ္ေနသည္သာ။
"ရွီးနန္ကိုျပန္သြားတာကလည္း ေဝဒနာကုစားဖို႔အတြက္ပါဘုရား။ ေနာင္ေတာ္လည္း သူ႔အတြက္ အရွင္မင္းျမတ္ ဒီေလာက္ထိစိုးရိမ္ေသာကေရာက္ေနတာကို ျမင္ခ်င္မွာမဟုတ္ပါဘူး။ စိတ္ေအးေအးထားပါဘုရား"
သြမ့္ေယာင္ေျပာလိုက္ေတာ့မွ ခ်ူယြမ္အေတြးစမ်ားျပတ္ေတာက္သြားသည္။ ထို႔ေနာက္ ထိုေကာင္ေလးအား ေဖ်ာ့ေတာ့စြာၿပံဳးျပလာကာ -
"မင္းကပဲ ကိုယ္ေတာ့္ကိုႏွစ္သိမ့္ရတယ္ျဖစ္သြားၿပီ"
သြမ့္ေယာင္က လက္သီးကိုဆုပ္လိုက္ကာ ဆက္ေျပာ၏။
"အရွင္မင္းျမတ္ကို ေသခ်ာေစာင့္ေရွာက္ဖို႔ ေနာင္ေတာ္ထြက္မသြားခင္ အတန္တန္မွာသြားပါတယ္ဘုရား။ ဟိုမွဴးမတ္အိုႀကီးေတြ အက်ိဳးအေၾကာင္းနားမလည္ဘဲ ပြစိပြစိစကားမ်ားေနရင္ သူတို႔ေခါင္းကိုအိတ္နဲ႔လိုက္စြပ္ၿပီး တစ္ပြဲတစ္လမ္းေလာက္ရိုက္ပစ္လိုက္တဲ့။ အဲ့လိုဆို သူတို႔နည္းနည္းလိမၼာလာမယ္ထင္ပါတယ္ဘုရား"
"ဟုတ္ပ၊ မင္းေျပာတာ အမွန္ဆံုးစကားေတြပဲ"
ခ်ူယြမ္က ေခါင္းညိတ္ရင္း ခ်ီးက်ူးလိုက္၏။
ထ်ဲန္းခ်န္ရွားအေၾကာင္းေမးၿပီးေနာက္ တျခားအေၾကာင္းဆက္ေမးလာေတာ့ သြမ့္ေယာင္ေျဖရသည္မွာ အေတာ္ပင္ေပါ့ပါးလြယ္ကူေနသေယာင္။ သို႔ႏွင့္ ႏွစ္ေယာက္သား အခန္းထဲတြင္ ေရာက္တတ္ရာရာ အေၾကာင္းမ်ား၊ နန္းတြင္းဘက္ကေရာ သိုင္းေလာကဘက္ကပါ စိတ္၀င္စားစရာေကာင္းေသာကိစၥမ်ားကို ေျပာဆိုျဖစ္ၾကသည္။ နာရီ၀က္ခန္႔မ်ွ ၾကာျမင့္သြားေတာ့မွ သြမ့္ေယာင္က ျပန္ခြင့္ေတာင္းလာ၏။
ခ်ူယြမ္လည္း ေနာက္ဆံုးလက္က်န္လက္ဖက္ရည္ကို ေမာ့ေသာက္လိုက္သည္။ သူ႔ရင္ထဲ အေတာ္ပင္ ေပါ့ပါးသြားေပၿပီ။ ထိုသူ၏ အေျခအေနကို စိတ္ခ်ရသည့္အဆင့္ထိ မေရာက္ေသးေပမင့္ မိမိႀကိဳတင္မွန္းဆထားသလိုမ်ိဳးထိ ဆိုးဆိုးရြားရြားမဟုတ္ေၾကာင္း၊ မိမိဘာသာ အေတြးမ်ားေနျခင္းသာျဖစ္ေၾကာင္း ခ်ူယြမ္နားလည္သေဘာေပါက္သြားသည္။ မည္သို႔ပင္ဆိုေစ တစ္ဖက္သားက မိမိႏွလံုးသားတစ္ခုလံုးပံုအပ္ၿပီးခ်စ္ျမတ္ႏိုးရေသာလူေပမို႔ ထိုသူ႔အတြက္ စိုးရိမ္ေသာကပြားမည္၊ အေတြးမ်ားမည္ကို သူ မည္သို႔တားဆီးႏိုင္ပါအံ့နည္း။
"အရွင္မင္းျမတ္"
ရွစ္ဇီက တံခါးအနားရပ္ေနရင္း ေလ်ွာက္တင္လာ၏။
"ညဥ့္နက္လွပါၿပီ၊ အိပ္ခန္းေဆာင္ျပန္ၿပီး အနားယူလွည့္ပါေတာ့"
ခ်ူယြမ္ ထရပ္လိုက္ကာ အိပ္ခန္းေဆာင္ဘက္ လမ္းေလ်ွာက္ျပန္ရင္း မွာၾကားလာ၏။
" မနက္ျဖန္က်ရင္ သိဒၶိစြမ္းအင္ကို အားျဖစ္ေစတဲ့အာဟာရမ်ိဳး ခ်က္ျပဳတ္ေပးပါလို႔ ကိုယ္ေတာ့္အမိန္႔ကို တစ္ဆင့္သြားေျပာလွည့္။ အခုရက္ပိုင္း ေယာင္အာလည္း သိုင္းပညာသင္ယူေနတယ္ဆိုေတာ့ အဆာလြန္ၿပီး အားျပတ္တာမ်ိဳး လံုး၀မျဖစ္ေစနဲ႔"
"အမိန္႔ေတာ္ျမတ္အတိုင္းပါဘုရား"
ရွစ္ဇီလည္း ၿပံဳးရႊင္စြာ နာခံယူလိုက္၏။ရွီးနန္၀မ္ထြက္သြားၿပီဆိုေပမင့္ သြမ့္ေရွာင္၀မ္ရယ္ရိွေနေသးလို႔သာေတာ္ေသး၏ဟု စိတ္ထဲမွလည္း ေတြးမိသည္။ တမင္းတစ္နပ္သာ အတူတူစားလိုက္ရေသး၊ အရွင္မင္းျမတ္ အေတာ္အတန္ပင္ စိတ္ႏွလံုးၾကည္လင္လာေပၿပီ။ ထိုအတိုင္းဆိုလ်ွင္ နက္ျဖန္ခ်ိန္ခါ ညီလာခံမွာ မည္သည့္အမတ္မင္းကပဲ အခစား၀င္၀င္ တစ္ကိုယ္လံုးတုန္ယင္ေနရေလာက္ေအာင္ ေၾကာက္လန္႔တုန္လႈပ္ရမည္မဟုတ္ေတာ့။
******
ယြင္တာၿမိဳ႔တြင္း အေတာ္ပင္ ၿငိမ္သက္ေအးခ်မ္းေန၏။ အခ်ိန္နာရီေၾကညာေပးရေသာကင္းလွည့္သမားကလည္း အုန္းေမာင္းေခါက္လိုက္ သီခ်င္းညည္းလိုက္ႏွင့္ တစ္လမ္း၀င္တစ္လမ္းထြက္ လိုက္လံေၾကညာေပးေန၏။
မိစၧာမႀကီးကို သုတ္သင္ရွင္းလင္းလိုက္ၿပီျဖစ္ေသာေၾကာင့္ ယြင္တာၿမိဳ႔လည္း ယခင္ကလိုပင္ ျပန္လည္စည္ကားလာသည္။ ဧကရာဇ္အရွင္ကလည္း စံျမန္းေနဆဲျဖစ္သည္မို႔ လမ္းအသြယ္သြယ္တိုင္း၌ စစ္သည္ရဲမက္မ်ား ေစာင့္ၾကပ္ေပးေနလ်က္ရိွရာ အစြမ္းကုန္ လံုၿခံဳေနေပသည္။
အႏွီကင္းလွည့္သမားမွာ လမ္းႀကိဳလမ္းၾကားတစ္ခုထဲေရာက္သြားေတာ့ လက္ထဲမွ မီးအိမ္ကိုခ်ကာ အေပါ့အပါးသြားရန္ လူမျမင္ကြယ္ရာသို႔ ေရွာင္တိမ္းသြား၏။ ခါးစည္းကိုျဖဳတ္ၿပီး နံရံဘက္ မ်က္ႏွာမူလိုက္ေတာ့ မည္သူကထင္မွတ္ထားမည္တဲ့လဲ၊ ထိုနံရံထက္တြင္ အရိပ္ျဖဴျဖဴတစ္ခု ဖ်တ္ခနဲေပၚလာၿပီး ရုန္ခ်ည္းပင္ ျပန္လည္ေပ်ာက္ကြယ္သြားသတဲ့။
"ကယ္ၾကပါၪီးဗ်ိဳ႕!!!!!!"
ထိုသူက ခ်က္ခ်င္းပင္ ထြက္ေျပးသြား၏၊ ေျခတံတစ္ေလ်ွာက္ ပူေနြးေသာအရည္မ်ား စီးယိုက်ေနသည္ကိုလည္း ခံစားလိုက္ရသည္။
ကံေကာင္းေထာက္မ၍ ထိုအနီးအနားတစ္ဝိုက္တြင္ ရဲမက္မ်ားရိွေန၍သာေတာ္ေသးသည္။ သူ႔ေအာ္သံကိုၾကားရသည္ႏွင့္ ရဲမက္မ်ားကလည္း ထိုေနရာသို႔အေျပးလာၾကေလရာ နံရံေထာင့္စြန္း၌ ေခါင္းကိုအုပ္ကာ ပုန္းကြယ္ေနေသာ ကင္းလွည့္သမားကို ေတြ့လိုက္ၾကသည္။ ႏႈတ္မွလည္း ဘာမွန္းမသိ တလႈပ္လႈပ္ ေရရြတ္ေနသည္၊ အနီးအနားတြင္လည္း က်င္ငယ္နံ႔ နံေဟာင္ေနၿပီျဖစ္သည္။
"ေလာင္ေအာ့....ေလာင္ေအာ့"
စစ္သားအျဖစ္ ယာယီအမႈထမ္းေနေသာ ၿမိဳ႔ခံတစ္ၪီးက သူ႔အား လႈပ္ယမ္းၿပီးေခၚၾကည့္၏။
"သရဲပူးေနလို႔လားဟမ္၊ ဒါမွမဟုတ္ ဓားျပတိုက္ခံလိုက္ရလို႔လား"
ထိုသူက တုန္ယင္ေနရင္းႏွင့္မွ ေမာ့ၾကည့္လာ၏။ ေဘးနားက ရဲမက္မ်ားကလည္း သူ႔အားနားမလည္ႏိုင္စြာၾကည့္ေန၏။
"သရဲ.....သရဲေတာ့မဟုတ္ဘူး။ ေစာန....ငါ အဲ့မွာရပ္ေနတာ....အရိပ္ျဖဴျဖဴတစ္ခု ေတြ့လိုက္တယ္"
ထိုသူ႔စကားမွာ ျပတ္ေတာင္းျပတ္ေတာင္းႏွင့္။ ၿမိဳ႔ခံရဲမက္က ထိုလူကို ဆြဲထူမလိုက္ကာ ႏွစ္သိမ့္လာ၏။
"သရဲဆိုတာ ဘယ္မွာရိွလို႔တုန္းဟမ္။ မင္း ေစာန အရမ္းေၾကာက္ေနလို႔ မ်က္စိလ်ွမ္းသြားတာေနမွာပါ"
ထိုကင္းေစာင့္ကေတာ့ ေခါင္းတတြင္တြင္ ခါေနဆဲပင္၊ အတန္ၾကာေတာ့မွ ျပန္လည္ၿငိမ္သက္သြား၏။ ထိုခါက်မွ မိမိေျခေထာက္မ်ား ရႊဲစိုေအးစက္ေနၿပီး ေသးနံ႔မ်ားပါ နံေဟာင္ေနေၾကာင္း အမွတ္ရသြားသည္။ အား၊ တကယ္ကိုပင္ ေျမလ်ိႈးမိုးပ်ံၿပီးထြက္ေျပးသြားခ်င္စရာပင္။
ထိုရဲမက္က ကင္းလွည့္အေစာင့္ခ်ထားခဲ့ေသာ မီးအိမ္ကိုေကာက္ယူၿပီး သူ႔လက္ထဲျပန္ေပးလာ၏။
"ေရာ့၊ေရာ့၊ အိမ္ျပန္လိုက္ေတာ့။ ေနာက္တစ္ခါ ဒီလိုမျဖစ္ေစနဲ႔ ၊ ၾကားလား"
မင္းေအာ္လိုက္တဲ့အသံႀကီးက မင္းပါ ေသးထြက္က်ရံုတင္မဟုတ္ဘူး၊ ငါတို႔ေတြပါ လန္႔ၿပီး ေသေတာ့မလို႔။
ထိုကင္းေစာင့္မွာ ရွက္လြန္း၍ မ်က္ႏွာပင္ ရဲတြတ္ေနၿပီျဖစ္သည္။ ထို႔ေနာက္ ရဲမက္မ်ားအား ေက်းဇူးတင္စကားဆိုကာ အိမ္သို႔ ကုန္းရုန္းျပန္သြား၏။ ဒီေန့မွစၿပီး ေနာက္လ၀က္အထိ သူ အျပင္ပင္မထြက္ရဲေလာက္ေတာ့၊ လူ႔ပါးစပ္ေတြက ဤအေၾကာင္းကို မည္သို႔မည္ပံု ေလ်ွာက္ေျပာၾကမည္ကို သူမသိခ်င္ေတာ့။
သို႔ႏွင့္ ရဲမက္မ်ားကလည္း မ်က္စိအာရံု ေမွာက္မွားသည္ဟုသာ ယူဆလိုက္ၾကကာ ျပန္သြားၾက၏။ လူသူအားလံုးရွင္းသြားေတာ့မွ သစ္ပင္ထက္က ျဖဴလႊလႊ အရိပ္တစ္ခု ခုန္ဆင္းလာကာ ၿမိဳ႔တံခါးဘက္သို႔ ယိုင္တီးယ္ိုင္တိုင္ေလ်ွာက္လွမ္းသြား၏။ ရဲမက္မ်ား ကင္းအလဲအလွယ္လုပ္ၾကသည္ကို အခြင့္ေကာင္းယူကာ ေပါ့ပါးစြာ ခုန္ေက်ာ္သြားၿပီး မ်ားမၾကာမီပင္ ၿမိဳ႔အတြင္းမွ လြယ္ကူစြာထြက္ခြာသြားႏိုင္ေတာ့သည္။
ေတာနက္ထဲတြင္ ျမင္းလွည္းတစ္စီး ရပ္ေန၏။ အရိပ္မည္းႀကီးတစ္ခုက ခါးကိုကိုင္းကာ ထိုျမင္းလွည္းထဲသို႔၀င္သြားသည္၊ ထို႔ေနာက္ ၾသရွရွေလသံျဖင့္ ေျပာလာ၏။
"ကြမ္းဟိုင္ၿမိဳ႔ကို သြားမယ္"
ျမင္းထိန္းကလည္း သူ႔အမိန္႔ကိုနာခံလိုက္ကာ ေတာင္အရပ္သို႔ၪီးတည္ၿပီး ေမာင္းႏွင္ထြက္ခြာသြားေလသည္။
ကြမ္းဟိုင္ၿမိဳ႔ဆိုသည္မွာ တာ့ခ်ူတိုင္းျပည္၏ ေတာင္ဘက္နယ္စပ္အနားတြင္တည္ရိွေသာ ၿမိဳ႔တစ္ၿမိဳ႔ျဖစ္သည္။ ပင္လယ္ကမ္းစပ္ေပၚတည္ရိွသျဖင့္ ျဖဴေဖြးေသာ လိႈင္းလံုးမ်ား၏ ပုတ္ခတ္သံမ်ားကို ေအးခ်မ္းစြာ နားေသာတဆင္ႏိုင္ေပသည္။ ေန့စဥ္ေန့တိုင္း အနယ္နယ္အရပ္ရပ္မွ ဆိုက္ကပ္လာေသာ ကုန္သည္သေဘၤာႀကီးမ်ားကလည္း အလံတလူလူလႊင့္ထူေနလ်က္ ။ နန္ယန္ျပည္ကို သြားမည့္ ကုန္သည္မ်ားအတြက္ျဖစ္ေစ၊ တာ့ခ်ူက၀င္ေရာက္လာမည့္ ႏိုင္ငံျခားသားကုန္သည္မ်ားအတြက္ျဖစ္ေစ ကြမ္းဟိုင္ၿမိဳ႔မွတစ္ဆင့္ ၀င္ထြက္သြားလာရသည္မွာ ပို၍လြယ္ကူေခ်ာေမြ့သည္မို႔ တာ့ခ်ူ၏ အေတာ္အတန္ အခ်က္အျခာက်လွေသာ ၿမိဳ႔တစ္ၿမိဳ႔ဟုပင္ သတ္မွတ္ၾကေလသည္။
******
ညအေမွာင္ထု လႊမ္းၿခံဳထားေသာ ေကာင္းကင္ျပင္မွာ တျဖည္းျဖည္း လြင့္ပါးပေပ်ာက္သြားၿပီး သူရိန္ေနမင္းႀကီးကလည္း အေရ႔ွအရပ္မွ ထြက္ေပၚလာေခ်ၿပီ။ မ်က္စိတစ္မိွတ္အတြင္းမွာတင္ ေန့သစ္တစ္ခုအား အစျပဳခဲ့ေခ်ၿပီ။
ခ်ူယြမ္ကေတာ့ ေတာ္၀င္စာၾကည့္ေဆာင္ထဲ ရိွေနၿမဲျဖစ္သည္။ အစီရင္ခံစာအနည္းငယ္မ်ွကိုသာ ဖတ္လိုက္ရေသး၊ ရွစ္ဇီကုန္းကုန္းေရာက္လာၿပီး ေကြၽ့ယင္နန္းေဆာင္မွ အစီရင္ခံစာေရာက္လာေၾကာင္း ေလ်ွာက္တင္လာ၏။
ခ်ူယြမ္ အေတာ္ပင္ ၀မ္းေျမာက္ရႊင္ပ်သြားသည္။ ရွစ္ဇီကုန္းကုန္းကလည္း ထိုအစီရင္ခံစာကို ဆက္သလိုက္ရင္း ထပ္ဆိုလာ၏။
"ဆူက်ံဳးေဒသထြက္ နာမည္ႀကီးထုတ္ကုန္ေတြပါလာတဲ့ လွည္းတစ္စီးပါ ပါလာေသးတယ္ဘုရား။ ခဏေနက်ရင္ နန္းေဆာင္ဆီ ေရာက္လာပါေတာ့မယ္တဲ့။ သခင္ေလးရွန္ကိုယ္တိုင္ စိစစ္ေရြးခ်ယ္ထားတဲ့ လက္ေဆာင္ပဏၰာေတြပါဘုရား"
ခ်ူယြမ္က ေခါင္းညိတ္အသိအမွတ္ျပဳလိုက္ကာ ခ်ိတ္ကိုဖြင့္ၿပီး စာကိုယူဖတ္လိုက္၏။ ခ်င္ေရွာက္ယြီ၏ လက္ေရးႏွင့္ ေရးသားထားျခင္းျဖစ္ၿပီး အေၾကာင္းအရာကေတာ့ သူ နန္ဟိုင္ကေနျပန္ေရာက္လာတုန္းက ထ်ဲန္းခ်န္ရွားအေၾကာင္းစံုစမ္းေသာ္လည္း တစ္ိုးတစိမွ သတင္းမၾကားဖူးေၾကာင္း၊ တစ္တပ္တစ္အား လိုက္လံရွာေဖြေပးမည္ျဖစ္ေၾကာင္း ေရးသားထား၏။
"အရွင္မင္းျမတ္"
ခ်ူယြမ္ၿငိမ္က်သြားၿပီး ဘာမွမေျပာမဆိုေတာ့သည္ကို ရွစ္ဇီေတြ့ေတာ့ ေဘးမွေခၚၾကည့္လိုက္သည္။
"ရွားပါးၿပီး ရွာရခက္တဲ့ လက္ေဆာင္ေတြကိုစုၿပီး ေကြၽ့ယင္နန္းေဆာင္ကို ေက်းဇူးတင္တဲ့အေနနဲ႔ ပို႔လိုက္ပါေလ"
"အမိန္႔ေတာ္ျမတ္အတိုင္းပါဘုရား"
ရွစ္ဇီလည္း အမိန္႔ေတာ္အတိုင္းေဆာင္ရြက္ရန္ နန္းေဆာင္မွထြက္သြားသည္။ ခ်ူယြမ္ကေတာ့ ထိုစာကို ေနာက္တစ္ေခါက္ျပန္ဖတ္ၾကည့္ေနသည္၊ မ်က္ေမွာင္မ်ားကေတာ့ ႀကံဳ႔ေနလ်က္။
နတ္ေဆးဆရာ သမားေတာ္'ကြီဆို'ဆိုသည္မွာ ခ်င္ေရွာက္ယြီ၏ ဆရာတစ္ေယာက္ျဖစ္သည္။မ်ားမၾကာခင္ကမွ အၿငိမ္းစားယူကာ နန္ဟိုင္ပင္လယ္ထဲက ကြၽန္းေလးတစ္ကြၽန္းေပၚ သြားေရာက္ေနထိုင္ခဲ့သည္။ သိုင္းေလာက၏ ထိပ္တန္း သမားေတာ္တစ္ၪီးျဖစ္ကာ ယဲ့က်င္သည္ပင္ ထိုပုဂၢိုလ္ႏွင့္ ေဆးပညာအရာတြင္ လံုး၀ယွဥ္လို႔မရဟုပင္ ကိုယ္တိုင္ကိုယ္က် ၀န္ခံဖူး၏။ ထိုသို႔ေသာပုဂၢိုလ္ေတာင္မွ ထ်ဲန္းခ်န္ရွားဆိုသည္မွာ အဘယ္ဝတၴုမ်ိဳးနည္းဟု ေျပာေနမွေတာ့ အမွန္တကယ္ပင္ ရွာရခက္လွေသာေဆးဟု ေျပာႏိုင္ေပ၏။
ခ်ူယြမ္စိတ္မ်ားေနာက္က်ိလာကာ ေရႊနဂါးပလႅင္ထက္မွီလိုက္ၿပီး အတန္ၾကာ စဥ္းစားေနျပန္သည္။ ထို႔ေနာက္ စာခ်ေရးလိုက္ကာ သူရိယစႏၵာေတာင္စခန္းဆီသို႔ တစ္ေစာင္၊ ေကြၽ့ယင္နန္းဆီသို႔ တစ္ေစာင္ ပို႔လႊတ္ခိုင္းရန္ အျမန္ျမင္းတပ္သားမ်ားကို တာဝန္ေပးလိုက္သည္။
*****
သြမ့္ေယာင္ကေတာ့ အဘိုးအိုႏွင့္အတူ ဖန္ရွင္းစစ္တုရင္အား ေျဖရွင္းေန၏။ ပညာသင္ၾကားဖို႔ မနက္အေစာႀကီးကတည္းက ထြက္သြားၿပီး ညဥ့္နက္ေတာ့မွ ျပန္လာတတ္သည္၊ ထို႔ေနာက္ ညသန္းေခါင္အထိ သိုင္းပညာေလ့က်င့္ေနတတ္သည္။ သို႔ႏွင့္ ခ်ူယြမ္လည္း ဤနန္းေဆာင္တြင္ ေနာက္လ၀က္ထိ ေနၿပီးခါမွ ၿမိဳ႔ေတာ္သို႔ျပန္မည္ျဖစ္ေၾကာင္း ရွစ္ဇီအား မွာၾကားထားလိုက္သည္။
"အသင့္ကိုယ္ကို အသင္ျပန္ၾကည့္ပါၪီး၊ မ်က္ေမွာင္ႀကီးေတြၾကဳတ္လို႔။ အရွင္မင္းျမတ္ ေရႊၿမိဳ႔ေတာ္မွာပဲေနေန၊ ဒီမွာပဲေနေန ဘာအေရးလဲ။ ေဆာင္ရြက္ရမယ့္ ကိစၥအဝဝက ယုတ္ေလ်ာ့သြားတာမွ မဟုတ္တာ၊ ဘာမ်ားကြာျခားေနလို႔လဲ"
"ကြၽႏ္ုပ္ဘာသာ မ်က္ေမွာင္ၾကဳတ္ေနတာ အသင္နဲ႔ဘာဆိုင္ေနလို႔လဲ"
လ်ိဳတာ့က်ံဳ႔၏ ေထ့ေငါ့ေျပာဆိုေသာစကားေၾကာင့္ ေထာင္လ်န္တာ ေခါင္းကိုက္လာေပၿပီ။
"ဒါဆိုလည္း ကြၽႏ္ုပ္၀င္မရႈပ္ေတာ့ပါဘူး။ အသင့္စရိုက္အရဆို မ်က္ေမွာင္ေတြၾကဳတ္ၿပီးသြားရင္ အရွင္မင္းျမတ္ကို ဟိုဟိုဒီဒီသြားသြားေျပာၿပီး သတိေပးေနတတ္လို႔ ေျပာပါတယ္။ ကြၽႏ္ုပ္ သတိေပးထားပါရေစ၊ အခုရက္ပိုင္း အရွင္မင္းျမတ္ရဲ့စိတ္ႏွလံုးက ၾကည္လင္မေနဘူး၊ အသင္ တတ္စြမ္းသေလာက္ေတာ့ အေလ်ွာ့ေပးထားပါၪီးလား "
"....."
"အသင့္လိုလူကေတာ့လား.....ဘ၀ကို ဘယ္လိုေပ်ာ္ေပ်ာ္ေနရမလဲဆိုတာ တကယ္မသိတဲ့လူစားပဲ။ ေနာက္လ၀က္ထပ္ေနဆိုလည္း ေနၾကရံုေပါ့၊ လာပါ....မုန္႔ဆီေၾကာ္သြားစားရေအာင္"
လ်ိဳတာ့က်ံဳ႔က သူ႔လက္အားဆြဲကာ အျပင္ဘက္ေခၚထုတ္သြားသျဖင့္ အမတ္မင္းေထာင္လည္း ယက္ကန္ယက္ကန္ပါသြားရွာ၏။ မ်က္ႏွာကေတာ့ အလိုမက်ျဖစ္ေနၿမဲပင္။
ေနာက္လ၀က္ထပ္ေနရံုမ်ွႏွင့္ေတာ့ ဘာမွမျဖစ္ရိုးအမွန္ပါ။ ဒီထက္ၾကာျမင့္ရင္လည္း ျပႆနာမဟုတ္ပါေခ်။ သို႔ေပမင့္ ဤရက္ပိုင္းအတြင္း အရွင္မင္းျမတ္မွာ နဂိုမူလအသြင္မဟုတ္ဘဲ အေတာ္ႀကီးေျပာင္းလဲေနေပ၏။ သို႔ေသာ္လည္း ဘာအေၾကာင္းရိွမွန္း ဘာဆိုဘာမွ ထုတ္မေျပာျပန္၊ ထို႔ေၾကာင့္လည္း ကိစၥႀကီးႀကီးမားမားမ်ားျဖစ္ေနၿပီလားဟု အမတ္မင္းေထာင္ မစိုးရိမ္ဘဲမေနႏိုင္။ စိုးရိမ္ေသာကဖိစီးေသာဒဏ္မွာ အေတာ္ပင္ ေလးလံပင္ပန္းလွေပတကား။
*****
"အရွင္မင္းျမတ္၊ သြမ့္ေရွာင္၀မ္ရယ္ကိုၾကည့္ရတာ ေလ့က်င့္ေရးၿပီးဖို႔ ၾကာၪီးမယ္နဲ႔တူပါတယ္။ အရွင္မင္းျမတ္တစ္ပါးတည္းပဲ ပြဲေတာ္အရင္တည္လိုက္မလားဘုရား"
"ဟင့္အင္း၊ ကိုယ္ေတာ္ မဆာေသးဘူး။ ေယာင္အာနဲ႔အတူတူစားရတာ ပိုေကာင္းမယ္။လာပါ၊ အခ်ဳပ္ခန္းဘက္ အရင္သြားရေအာင္"
ခ်ူယြမ္က လက္ထဲမွ အစီရင္ခံစာကိုခ်လိုက္ကာ ဆို၏။
"အခ်ဳပ္ခန္း?"
ရွစ္ဇီ နားမလည္ေပ။
"အင္း၊ အဲ့မွာ အျပစ္သားတစ္ေယာက္ရိွတယ္။ အစကေတာ့ ၿမိဳ႔ေတာ္ျပန္ေရာက္မွ ဒီကိစၥကို ရွင္းမလို႔ပဲ။ အခု ဒီမွာဆက္ေနမွာဆိုေတာ့ ဘာမွလုပ္စရာမရိွတဲ့အတူတူ သူ႔ကို အရင္စစ္ေဆးေမးျမန္းၾကည့္လို႔လည္း ဘာမွနစ္နာမသြားဘူးေလ"
ခ်ူယြမ္ ထိုသို႔ေျပာလာေတာ့မွ ရွစ္ဇီ အမွတ္ရသြား၏။
ဟုတ္သား၊ ခ်န္နန္ၿမိဳ႔စားယြီရႉး၏ မယားငယ္တျဖစ္လဲ သူ႔ကိုပါ သတ္သြားသည္ဆိုေသာ ကေခ်သည္မိန္းမပ်ိဳ ဆြီ႔ကူး။ သူမကို ဘာဆိုဘာမွ စစ္ေဆးေမးျမန္းျခင္း မျပဳရေသးဘူးပဲ။
*****
အခ်ဳပ္ခန္းေရ႔ွတြင္ မီးတုတ္မ်ားျဖင့္ လင္းထိန္ေန၏။ အေစာင့္မ်ားမွာ အရွင္မင္းျမတ္ကိုယ္ေတာ္တိုင္ ႂကျြမန္းလာမည္ဟု ထင္မထားၾကသျဖင့္ အေတာ္ပင္ ထိတ္လန္႔တုန္လႈပ္သြားၾကကာ ျပားျပား၀ပ္ေမွာက္ၿပီး ဂါရဝျပဳလာၾကသည္။
"အရွင္မင္းျမတ္အား ဂါရ၀ျပဳပါတယ္ဘုရား"
"ရပါတယ္၊ ကိန္းႀကီးခန္းႀကီးေတြ လုပ္မေနပါနဲ႔။ တံခါးဖြင့္လိုက္၊ ကိုယ္ေတာ္ အထဲ၀င္ၾကည့္မယ္"
******
2020.08.18.
Thz for reading, giving stars and leaving lovely comments.
******