"ဘာလို့တစ်ညလံုးအိပ်လို့မရတာလဲကွာ"
စိတ်ရှုပ်စွာဖြင့်ဆံပင်တို့ကိုလက်ငါးခေျာင်းဖြင့်ဆွဲဖွလိုက်ကာ တိုင်ကပ်နာရီကိုကြည့်မိတယ်။
"6နာရီပဲရှိသေးတာလား...shit!"
ညကတည်းကနေခုချိန်ထိ တစ်ရေးမှမအိပ်ရသေး။ အတင်းကြိတ်မှိတ်အိပ်လဲမရပေ။ ကိုယ့်မျက်နှာကိုယ်မှန်ထဲကြည့်မိတော့ မျက်ကွင်းကညိုနေပြီပင်။ မနက်6နာရီတောင်ထိုးနေပြီဆိုတော့ အိပ်လို့လည်းရတော့မည်မထင်ပါ။ သို့ကြောင့် Hotelရေှ ့ကပန်းခြံလေးထဲမှာ လေ့ကျင့်ခန်းသွားလုပ်ရန်သာ ဆံုးဖြတ်ချက်ချလိုက်ရတယ်။
"ငါ့နှယ့် ဝဋ်ကြွေးကြီးလိုက်တာနော်"
ပြောပြောဆိုဆိုဖြင့်ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်၊ သွားတိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးအဝတ်တစ်စံုကိုလဲဝတ်လိုက်တယ်။ ထို့နောက်မှာတော့ အခန်းထဲကထွက်ကာ ပန်းခြံဆီသို့...
"အမေ့!!!"
ပြဿနာကစပြီ။
ဓာတ်လေှကားနဲ့မဆင်းပဲ လျှာရှည်ပြီးရိုးရိုးလေှကားကဆင်းလာမိခါမှ တံခါးအဝင်အထွက်ပေါက်မှာ ကောင်မလေးတစ်ယောက်နဲ့တည့်တည့်ကိုဝင်တိုက်မိတယ်။ ကောင်မလေးကလည်းအရှိန်နဲ့ပြေးအဝင်၊ ကျွန်တော်ကလည်းအရှိန်နဲ့ပြေးအထွက်မို့ နှစ်ယောက်စလံုးခြေပစ်လက်ပစ်ကို လဲကျသွားရတယ်။ ကောင်မလေးကတော်တော်နာသွားတဲ့ပံုပေါက်တာကြောင့် ယောကျာ်းလေးဖြစ်တဲ့ကျွန်တော်ကပဲနာနေတာကိုမြိုသိပ်ပြီး တွဲထူဖို့ရာမတ်တပ်ထရပ်လိုက်တယ်။
"ဒီမှာဒီမှာ...ထလို့ရရဲ့လား?အရမ်းနာသွားလားဗျ"
မော့ကြည့်လာတဲ့မျက်ဝန်းတစ်စံုမှာ မျက်ရည်စတေွကပ်ငြိနေတာကို ကျွန်တော်ဖျက်ခနဲမြင်လိုက်ရတယ်။
နေဦး....
ကျွန်တော်သူ့ကိုမြင်ဖူးနေသလိုပဲ...ဘယ်မှာမြင်ဖူးတာပါလိမ့်...
"ရ ရပါတယ်။"
ခါးလောက်ရှိတဲ့ရေွှရောင်ဆံနွယ်တေွနဲ့
ထိုအသံ။
မနေ့ကကြားခဲ့ရတဲ့အသံနဲ့ ဝေဝေဝါးဝါးမြင်ကွင်းတေွကိုတစ်ဖန်ပြန်ပံုဖော်မိပြန်တော့
စိတ်တေွကဂယောက်ဂယက်ဖြစ်လာရတယ်။
"အသက်..."
နှုတ်မှလွှတ်ခနဲထွက်သွားသော အမည်နာမတစ်ခုဟာ ကျွန်တော့်ရေှ ့ကကောင်မလေး၏ မျက်ဝန်းများကို ပြူးကျယ်ဝိုင်းစက်သွားစေတယ်။
ကျွန်တော်ခေါင်းတေွကိုက်လာပြန်ပြီ။
မျက်လံုးတေွကိုမမှိတ်ချင်ဘူး။ ထပ်ပြီးမြင်ရမယ့်မြင်ကွင်းတေွအတွက် ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး။
"ဒီမှာ...ဘာ ဘာဖြစ်တာလဲ?"
ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်ကာ ခေါင်းကိုအတင်းထုရိုက်နေမိတယ်။ ခါချဥ်အံုထဲခေါင်းနှစ်ထားရသလိုပင်။ တဆစ်ဆစ်နဲ့နာကျင်မှုကြောင့် ပူနွေးနွေးအရည်များက ပါးပြင်ပေါ်ဖြတ်သန်းစီးဆင်းလာကြတယ်။
ထိုစဥ်...
"အရမ်းနာသွားတာလားဟင်...တို့တောင်းပန်ပါတယ်။ မငိုပါနဲ့နော်"
ပါးပြင်ပေါ်ထိတေွ ့လာတဲ့ လက်ဖဝါးနုနုကြောင့်ကျွန်တော့်စိတ်တေွတစ်မျိုးကြီးဖြစ်လာရတယ်။ သို့ပေမယ့်ကျွန်တော်မတွန်းထုတ်မိဘူး။
"တောင်းပန်ပါတယ်"
ခါးကနေဆွဲဖက်လိုက်ကာ ကောင်မလေးရဲ့ရင်ခွင်ထဲတိုးဝင်မိတယ်။ စိတ်တေွကအစိုးမရဘူး။ စိတ်ထဲမှာလည်း တောင်းပန်စကားကိုထပ်ခါထပ်ခါရေရွတ်နေမိသလို၊ အပြင်မှာလည်းတောင်းပန်ပါတယ်ဆိုတဲ့စကားကိုပဲ ထပ်တလဲလဲဆိုနေမိတယ်။
မသိလျှင် အပြစ်သားတစ်ယောက်လို။
"မငိုပါနဲ့...ရင်ဘတ်ထဲကနာလို့ပါ။"
သူစိမ်းမိန်းကလေးတစ်ယောက်အပေါ် ကျွန်တော်ဘာကြောင့်ဒီလောက်ထိ လက်ရဲဇက်ရဲနိုင်လွမ်းသည့်အပြုအမူမျိုးကို လုပ်မိနေရသည်လဲ။ ကျွန်တော့်ကိိုယ်ကျွန်တော် ဝေခွဲမရတော့ဘူး။
"Tae Hyung!"
ရုတ်တရက်ဟိန်းခနဲထွက်လာတဲ့အသံကြောင့် ကျွန်တော်တို့နှစ်ယောက်စလံုး တုန်တက်သွားရတယ်။ အဝေးကလေျှာက်လာနေတဲ့အသံပိုင်ရှင်ကိုကြည့်မိတော့ Hyungပင်။
နီရဲနေတဲ့မျက်ဝန်းတေွဟာ ဘယ်လိုအဓိပ္ပာယ်ကိုဆောင်သလဲ?
ငိုထား၍လား ဒါမှမဟုတ် ဒေါသထွက်နေ၍လား?
အနားသို့ဝုန်းဒိုင်းကြဲရောက်လာကာ ကျွန်တော်တို့နှစ်ယောက်ကြားမှာဝင်ရပ်တယ်။ Hyungရဲ့မျက်လံုးအစံုက ကောင်မလေးဆီမှာပင်။
"အသိတေွလား? ဘာတေွဖြစ်နေကြတာလဲ?"
ဘယ်လိုလုပ်မလဲ?
အမေးရှိပေမယ့် အဖြေကရှိမနေဘူး။
"အဲ့တာက... ဟို... ဟိုဟာလေ"
ကျွမ်တော့်ရဲ့အထစ်ထစ်အငေါ့ငေါ့ စကားလံုးတေွအား လက်ကာပြကာရပ်တန့်စေတယ်။
"တော်တော်...သွားကြမယ်။ ဒီကမိန်းကလေး ကျန်တော်တို့ကိုသွားခွင့်ပြုပါဦး။"
ကောင်မလေးကခေါင်းငြိမ့်လက်ခံလိုက်တာကြောင့် Hyungကကျွန်တော့်လက်ကောက်ဝတ်ကိုတင်းကြပ်စွာဆုပ်ကိုင်လျက် ထိုနေရာကနေအတင်းဆွဲခေါ်လာခဲ့တယ်။ ဓာတ်လေှကားရေှ ့ရောက်တဲ့အထိ ဆုပ်ကိုင်ထားသောလက်ကိုမလွှတ်ပေးသေးသလို၊ ဘာစကားတစ်ခွန်းမှလည်းမဆိုသေး။ ဒီအေးစက်စက်အခြေအနေကြီးကနေကျွန်တော်ဘယ်လို ရုန်းထွက်ရမလဲ?
"အသိတေွလား?"
ပံုမှန်ထက်အတော်လေးကိုမာကြောနေတဲ့ Hyungရဲ့အသံကိုကျွန်တော်မကြိုက်ပါ။ ကျွန်တော့်အပေါ်အမြဲယုယပေးနေတဲ့Hyungရဲ့ပံုစံမျိုးကိုသာ ပြန်လိုချင်မိတယ်။ Hyungရဲ့အမေးကိုကျွန်တော် ပြန်မဖြေလိုက်ဘူး။ ခေါင်းကိုသာအတင်းငံု ့ထားမိတယ်။ ဒီအတွက်အဖြေလည်း ကျွန်တော့်မှာမှမရှိပဲလေ။
"ကလေး...Hyungမေးနေတာဖြေလေ"
မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကိုင်လျက် ခေါင်းကိုမော့စေတဲ့Hyungကြောင့် မျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းများဖြင့် မော့ကြည့်လိုက်တယ်။
"မသိဘူး။ ဒါပေမယ့်...တစ်မျိုးကြီးပဲ"
စိတ်ထဲဖြစ်နေတဲ့အတိုင်း ပြောပြလိုက်မိတယ်။ ထိုစကားတေွရဲ့နောက်ဆက်တွဲရလဒ်ကတော့...
"နောက်ဆိုကိုယ်နဲ့မသိတဲ့သူတေွနဲ့ဝေးဝေးနေ ကလေး... Hyungမကြိုက်ဘူး။"
"ဟုတ်... ကလေးကိုစိတ်မဆိုးနဲ့နော် Hyung... Hyungစိတ်ဆိုးရင် ကလေးကမနေတတ်လို့ပါ။"
"ဟုတ်ပါပြီ အချွဲလေးရယ်... မနက်စာစားပြီးပြီလား?"
"ဟင့်အင်း မစားရသေးဘူး၊ အိပ်လဲမအိပ်ရသေးဘူး။"
"ဟင် မအိပ်ရသေးဘူးဟုတ်လား? ဘာတေွလုပ်နေလို့မအိပ်ရသေးတာလဲ? "
"မသိပါဘူးHyungရယ်... အိပ်ဆေးဆောင်မှရတော့မယ်နဲ့တူတယ်။"
"အိပ်ဆေးမလိုပါဘူး...ကလေးအိပ်မပေျာ်ရင် Hyungကခေျာ့သိပ်မှာပေါ့"
"ဝါး တကယ်လား? Promise"
"Promise ပါဗျာ"
အခုနကအခြေအနေနဲ့ကွဲလွဲစွာ နှစ်ယောက်သားရယ်ရယ်မောမောဖြင့် အခန်းရှိရာပြန်တက်လာခဲ့ကြတယ်။
"အိပ်မလား ကလေး..."
ဆိုဖာပေါ်ဝင်ထိုင်လိုက်ကာ ကျွန်တော့်ကိုပါလက်ယက်ခေါ်နေတဲ့Hyungကြောင့် အနားသို့တလှမ်းချင်းသွားလိုက်တယ်။
"ဟင့်အင်း မအိပ်တော့ဘူး...အလုပ်ကပျက်လို့ကောင်းတာမဟုတ်ဘူး။"
ကျွန်တော်ဝင်ထိုင်ရင်း ပြန်ဖြေလိုက်တယ်။
ဆိုဖာပေါ်မှာဝင်ထိုင်တာမဟုတ်ဘူးနော်... Hyungရဲ့ပေါင်ပေါ်မှာ ဝင်ထိုင်လိုက်တာ...
Hyungကကျွန်တော့်ခါးလေးကို ထိန်းဖက်လာတာကြောင့်ကျွန်တော်လည်း Hyungရဲ့လည်တိုင်ကိုသိုင်းဖက်လိုက်တယ်။ Hyungကကျွန်တော့်လုပ်ရပ်တိုင်းကို ငြင်းဆန်ခြင်းမရှိခဲ့ပါ။ ပြုံးပြုံးကြီးနဲ့မိန့်မိန့်ကြီး ထိုင်ကြည့်နေ၏။
"မနက်စာဘာစားချင်လဲ? Hyungမှာပေးမယ်။"
"ဟင့်အင်း ဘာမှလဲမစားချင်ဘူး။"
Hyungရဲ့ရင်ခွင်ထဲခေါင်းမှီလိုက်ကာ စိတ်ညစ်ညစ်နဲ့ပြန်ဖြေလိုက်တယ်။ တကယ်ကို ကျွန်တော်ဘာဖြစ်ချင်နေတာလဲ? အစားလဲမစားချင်၊ အိပ်လို့လဲမရ၊ ဘာမှလဲလုပ်ချင်ကိုင်ချင်စိတ်ကမရှိ တကယ့်ကိုစိတ်ညစ်စရာပင်။
"နေမကောင်းဘူးလား ကလေး... ဒါမှမဟုတ် စိတ်ညစ်စရာတေွရှိနေလို့လား?"
"ဘာမှမဖြစ်ပါဘူးHyungရယ်... ဒီတိုင်းပဲ ဘာမှကိုမလုပ်ချင်တာ"
"ဒါဆိုလည်း မနက်စာတော့စားကွာ...ကိုယ်လှမ်းမှာလိုက်မယ်။"
"အင်းအင်း"
Hyungရဲ့ဆန္ဒအတိုင်း ခေါင်းငြိမ့်လက်ခံလိုက်တယ်။ ကျွန်တော်စိတ်မပေျာ်ရင်နေပါစေ Hyungကိုတော့စိတ်ချမ်းသာစေချင်မိတယ်လေ။
"လန်းသွားအောင် ရေအရင်သွားချိုးလိုက်"
"ဟုတ်"
Hyungရဲ့အလိုကျအတိုင်းရေချိုးရန်အတွက် ထိုင်နေရာမှထလိုက်သည့်အချိန်တွင် လက်ညိုးတစ်ခေျာင်းကိုဆုပ်ကိုင်လာတဲ့ လက်တစ်စံုကြောင့်ကျွန်တော်နောက်ပြန်လှည့်ကြည့်မိတယ်။
"ဘာဖြစ်လို့လဲ Hyung"
Hyungကမတ်တပ်ထရပ်လိုက်တာကြောင့် တဖန်မော့ကြည့်ရပြန်တယ်။ ကျွန်တော့်ရဲ့လက်ညိုးကိုလဲ ဆုပ်ကိုင်ထားဆဲပင်။
ပြွတ်စ်
နဖူးပြင်ပေါ်ကျရောက်လာတဲ့ နွေးထေွးလွန်းလှတဲ့နှုတ်ခမ်းတစ်စံုကြောင့် မျက်လံုးအစံုကိုမှိတ်ချလိုက်မိတယ်။ Hyungဆီကနွေးထေွးမှုတေွကို အပြည့်အဝကျွန်တော်ခံစားမိချင်တယ်။ Hyungရဲ့အသက်ရှူသံတေွက ပံုမှန်ထက်မြန်နေတယ်ဆိုတာကို ကျွန်တော်သတိထားမိတယ်။ ဆုပ်ကိုင်ထားတဲ့လက်တစ်စံုဟာလဲ တုန်ရီနေတယ်။
"အဟမ်း ရေ ရေသွားချိုးတော့ကလေး"
လက်ကိုဖြုတ်ချလိုက်ကာ ဆိုဖာပေါ်ပြန်ထိုင်လိုက်တဲ့Hyungကြောင့် ကျွန်တော်ဆွံ ့အသွားရတယ်။
"သွားလေ မြန်မြန်"
"အော် အင်းအင်း"
Hyungရဲ့ခပ်တည်တည်အပြောကြောင့် ကျွန်တော်ရေချိုးခန်းထဲကိုသာ ဝင်ခဲ့လိုက်တော့တယ်။
...................
...................
...................
"Sora...နေကောင်းရဲ့လား?"
ဖုန်းတစ်ဖက်ခြမ်းကYuriရဲ့စိုးရိမ်နေတဲ့အသံကြောင့် Soraပြုံးလိုက်မိတယ်။ ဘယ်သူတေွကပဲSoraကိုဘယ်လိုလျစ်လျူရှုထားပါစေ Yuriဆိုတဲ့သူငယ်ချင်းမလေးကတော့ အမြဲဂရုတစိုက်ရှိတယ်လေ။ အခုလည်း စိတ်ပူလို့ဆိုပြီး မနက်အစောကြီးဖုန်းဆက်လာခြင်းပင်။
"ကောင်းပါတယ် Yuriမရဲ့... နင်ရော?"
"အင်း ငါလည်းကောင်းပါတယ်။ Oppaတောင်ပြန်ရောက်နေပြီ ဟိုတစ်နေ့ကပဲ"
"ဟေ ဟုတ်လား? ငါ့အတွက်လက်ဆောင်လေးဘာလေး မပါလာဘူးလား?"
"နင့်အတွက်မပြောနဲ့ ငါ့အတွက်တောင်မပါဘူးဟ"
"ဟယ် ဘယ်လိုဖြစ်လို့တုန်း"
"မသိပါဘူးဟယ်... မေးလဲမမေးဖြစ်သေးဘူး။ အလုပ်တေွရှုပ်နေလို့ စကားတောင်ကောင်းကောင်းမပြောဖြစ်သေးဘူး။"
Soraခဏတာ ငြိမ်သက်သွားမိတယ်။ Yuriတို့ကစကားတောင်မပြောနိုင်လောက်အောင် အလုပ်ရှုပ်နေတဲ့အချိန်မှာ OppaကTae Hyungရဲ့driverအဖြစ် ပေျာ်ပေျာ်ကြီးတာဝန်ထမ်းဆောင်နေလေရဲ့။ အစကတော့ Soraကိုအကြိုအပို့လုပ်ချင်လို့အခုလိုမျိုး ဟိုပြေးဒီပြေးလုပ်နေသည်ဟုထင်ခဲ့တာ အခုနောက်ပိုင်းမှာတော့ ထိုသို့မထင်မိတော့။ အတေွးတေွကတေွးရင်တေွးသလောက် ခရီးပေါက်တယ်။ ဒါပေမယ့် Soraဆက်မတေွးချင်တော့ဘူး။ အဖြစ်မှန်ကိုလက်မခံချင်တာကြောင့်လည်း ပါပါလိမ့်မည်။
"Yuri ငါအလုပ်သွားရတော့မယ်။ ဖုန်းချလိုက်တော့မယ်နော်။"
"အော် အင်းပါ။ တာ့တာ...Sora"
"တာ့တာ...Yuri"
ဖုန်းချလိုက်ပြီးတာနဲ့ ကိုယ့်ကိုယ်ကိုယ်မှန်ထဲပြန်ကြည့်မိတယ်။ နေမကောင်းတဲ့အခံကြောင့်ပိန်ပိန်သေးသေးပဲရှိတဲ့ ခန္ဓာကိုယ်ရယ်၊ ဆေးတေွသောက်နေရတာကြောင့် နေ့စဥ်နဲ့အမျှကျွတ်နေတဲ့ဆံပင်တေွရယ်၊ နှုတ်ခမ်းနီမဆိုးထားတာကြောင့် သေွးမရှိသလိုပြာနှမ်းနေတဲ့နှုတ်ခမ်းတစ်စံုရယ်၊ ညဘက်တေွမှာရောဂါကထထဖောက်တတ်တာကြောင့် အိပ်မရတဲ့ညတေွရယ်၊ မျက်ကွင်းညိုညိုတေွရယ်။
အားလံုးကိုခြုံကြည့်လိုက်ရင် Soraဟာသနားစရာသတ္တဝါတစ်ကောင်နဲ့များ ဆင်တူနေမလား?
ဒီလိုရုပ်ပျက်ဆင်းပျက်ပုံသဏ္ဍာန်ကို မိတ်ကပ်တေွနဲ့ဖုန်းပြီး အမြဲဘာမှမဖြစ်သလိုတောင့်ခံပြီး ခပ်မာမာပံုစံမျိုးနဲ့နေခဲ့ရတယ်။ ဒါတေွကိုဘယ်သူကသိမလဲ? ဘယ်သူကနားလည်မှာလဲလေ။
-------------------------------
A/N - ဒီဇာတ်လမ်းမှာ ဗီလိန်တစ်ယောက်မှမပါပါ
ဘူးနော်...။ Characterတစ်ယောက်ချင်းစီမှာ သူ့ခံစားချက်နဲ့သူရှိပါတယ်။ တစ်ချို့Characterတေွကိုမချစ်နိုင်ရင်နေပါ မုန်းတော့မမုန်းကြပါနဲ့နော်😊ခိုင်အနူးအညွန့်တောင်းဆိုတာပါ🤗