At Star Hotel...
"Tae Hyung...မြေကွက်ကNoonaရဲ့ အသိတစ်ယောက်ကိုရှာခိုင်းထားတယ်။ သူကဒီတစ်ရက်နှစ်ရက်အတွင်း ပြန်ဆက်သွယ်ပေးမယ်လို့ပြောတယ်။"
"ဟုတ် ရပါတယ်Noonaရဲ့...မြေကွက်ရှာတေွ ့့ရင်Design teamနဲ့အရင် ဆေွးနွေးရမယ်နဲ့တူတယ်။"
ကျွန်တော်တို့ရံုးချုပ်မှာက အဆင့်မြင့်အင်ဂျင်နီယာတေွနဲ့အဆောက်အဦးပံုကြမ်းရေးဆွဲတဲ့ Design teamဆိုပြီးရှိတယ်။ Hotelဆောက်ချင်သူတေွက ကျွန်တော်တို့ရံုးချုပ်က လူတေွကိုပဲငှားရမ်းကာ လိုချင်သလိုပံုစံမျိုးဆောက်လုပ်ကြတယ်။ ဒါကြောင့်လည်း Star ဆိုတာKoreanမှာ နာမည်သိပ်ကြီးတာပေါ့။
"Design teamက Busanကိုရောက်နေတယ်...အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး"
"ဘယ်တော့လောက်ပြန်ရောက်မလဲ ဒီကို"
"တစ်ပတ်လောက်တော့ကြာဦးမယ်နဲ့တူတယ်...သူတို့ကိုNoona ဆက်သွယ်ကြည့်လိုက်ဦးမယ်။ အချိန်အတိအကျသိရအောင်လို့"
"ဟုတ်"
Noonaရံုးခန်းထဲကထွက်သွားတာနဲ့ ကျွန်တော်လည်းfileအချို့ကို လက်မှတ်ထိုးရတယ်။ ထိုစဥ် အတေွးထဲတစ်ကြော့ပြန်စိုးမိုးလာတဲ့ ကျွန်းစားပွဲကြီး...။
"Noonaကိုမေးဖို့ဆိုပြီး မေ့သွားပြန်ပြီ။"
ကျွန်တော်အရဲစွန့်ပြီး ထိုစားပွဲကြီးနားထပ်သွားမိတယ်။ မနေ့ကလိုဖြစ်မှာကြောက်ပေမယ့် စိတ်တိို့ကဘာတေွထပ်ဖြစ်လာဦးမှာလဲဆိုတာကို သိပ်သိချင်နေမိတယ်။ ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ် လွန်ဆွဲနေသလိုပေါ့။
"ဟူး..."
သက်ပြင်းရှည်ကြီးတစ်ချက်ကို စိတ်မောစွာချလိုက်တယ်။ ကုလားထိုင်ကိုနောက်သို့ဆွဲကာ ကျွန်တော်ဝင်ထိုင်လိုက်တယ်။ ပြီးနောက် စားပွဲခံုပေါ်လက်နှစ်ဖက်ကိုစုတင်ပြီး မျက်လံုးများကိုမှိတ်ထားလိုက်တယ်။
ထူးဆန်းတယ်။
မနေ့ကလိုမျိုးနာကျင်ကိုက်ခဲမှုတေွ ဖြစ်မလာဘူး။ သို့ကြောင့် ကျွန်တော့်မျက်လံုးများကိုပြန်ဖွင့်ဖို့ ကြံလိုက်တယ်။ ထိုစဥ် ရုတ်တရက်မြင်ကွင်းထဲဝင်လာတဲ့ ပံုရိပ်တစ်ချို့ကြောင့် မျက်လံုးများကိုစံုမှိတ်ထားလိုက်မိတယ်။ မြင်ကွင်းထဲကပံုရိပ်အချို့ကို ပေျာက်ကွယ်သွားမှာစိုးသည့်အလား။
/
"ကိုကို...ရံုးမဆင်းသေးဘူးလား?"
"ခဏလေးပါ အသက်ရယ်...အသက်ကပျင်းနေပြီလား?"
"အွန်းဆို...ပျင်းနေပြီ။ ကိုကိုကလည်း အသက်ကိုမှဂရုမစိုက်ပဲ"
"လာပါဦး ဒီကို"
/
လက်နှစ်ဖက်ကိုဆန့်တန်းပြီး တစ်ဖက်ကကောင်မလေးကို မြတ်နိုးမှုတေွပြည့်လျှံနေတဲ့မျက်ဝန်းမျိုးနဲ့ ကြည့်နေသူသည် ကျွန်တော်ပဲ။ တကယ့်ကို ကျွန်တော်မှကျွန်တော် အစစ်။ ဒီတစ်ခါတော့ တစ်ဖက်ကကောင်မလေးကို သေချာမမြင်ရဘူး။ ရေွှရောင်ဆံနွယ်တေွနဲ့ခပ်ချွဲချွဲအသံကလွဲပြီး ကျန်တာကိုသဲသဲကွဲကွဲမမြင်ရ။ ဒါဆို ဟိုတစ်နေ့ကCEOဆိုတာ ကျွန်တော်ပေါ့။ တစ်ခုခုတော့လွဲနေပြီလို့ ကျွန်တော့်စိတ်ထဲထင်နေမိပြီပင်။
ဘာကနေစပြီး လွဲခဲ့ကြတာလဲ?
"Tae Hyung..."
ပုခံုးကိုပုတ်ကာခေါ်လာတဲ့ လူတစ်ယောက်ကြောင့် ကျွန်တော့်အမေှာင်ကမ္ဘာထဲကမြင်ကွင်းများက မီးခိုးငေွ ့များသဖွယ် လွင့်စင်ပေျာက်ကွယ်ကုန်တယ်။
"Tae Hyung!"
"ဘာလို့လဲ? ဘာလို့လဲ? ဘာလို့လဲလို့!"
မျက်လံုးကိုမှိတ်ထားရာမှ ထိုင်နေရာကနေဝုန်းခနဲထကာ ရန်ထောင်မိတယ်။ ဘယ်သူမှန်းတော့ ကျွန်တော်မသိ။
"ဟို...ကိုယ်ခဏအပြင်သွားချင်လို့...အဲ့တာ"
အသံပိုင်ရှင်ကြောင့် ေဒါသကဘယ်ခေျာင်ကပ်သွားမှန်းမသိ။ မျက်လံုးအစံုကိုဖွင့်ကြည့်မိတော့ ပြုံးစိစိနဲ့ကြည့်နေတဲ့ Hyungကြောင့် မနေ့ညကအဖြစ်အပျက်တစ်ချို့က ခေါင်းထဲအလံုးအရင်းဝင်ရောက်လာတယ်။
တကယ်တော့ မနေ့ညကကျွန်တော်အိပ်ပေျာ်မနေခဲ့ပါဘူး။ ဘာပြောရမှန်းမသိလို့ တမင်သက်သက်ငြိမ်နေခဲ့ခြင်းပါ။ ဒါကြောင့်လည်းကျွန်တော် ဝမ်းသာစရာအဖြစ်မှန်တစ်ခုကို သိခွင့်ရခဲ့တာပေါ့။ Jeon Hyungကကျွန်တော့်ရဲ့Hyungဖြစ်နေရင်ကောင်းမယ်လို့ တေွးမိပေမယ့် တကယ်ကြီးဖြစ်နေလိမ့်မယ်လို့တော့ မထင်ခဲ့မိတာအမှန်ပါ။ မနေ့ညကHyungရဲ့စကားတေွနဲ့တိတ်တိတ်လေးပေးခဲ့တဲ့ အနမ်းတစ်ပွင့်ဟာ ကျွန်တော့်အတွက်မေျှာ်လင့်ချက်ရောင်ခြည်လေးဖြစ်နေခဲ့တယ်။ မနေ့ကသာကျွန်တော်အိပ်ချင်ယောင်ဆောင်မနေခဲ့ရင် ဘယ်အချိန်ထိနီးလျက်နဲ့ဝေးနေကြဦးမလဲမသိပေ။
"ဟို sorry sorry...သွားလေHyung...ကျွန်တော်ဘယ်မှသွားစရာမရှိဘူး။ ညနေရံုးဆင်းချိန်တော့ အမှီပြန်လာနော်။"
"အင်း ဒါဆို ကိုယ်သွားမယ်။"
"ဟုတ်"
နောက်ပြန်လှည့်ကြည့်လာတဲ့ မျက်ဝန်းတစ်စံုမှာအံ့သြမှုကအတိုင်းသား။
"ဘာလို့လဲ? ပြောစရာရှိသေးလို့လား?"
"မဟုတ်ပါဘူး။ နေမကောင်းသေးဘူးလား?"
"ဟားဟား Hyungရယ်...ကျွန်တော်နေကောင်းနေပါပြီဗျ။"
အံ့သြမှုကြောင့်ဝိုင်းစက်လာတဲ့ မျက်ဝန်းများကြောင့် ကျွန်တော်စိတ်ထဲကြိတ်ရယ်မိတယ်။ ထို့အတူ လည်ပင်းမှာဆွဲထားတဲ့ ဆွဲကြိုးလေးကိုဖြုတ်လိုက်ကာ Hyungရဲ့လက်ထဲထည့်ပေးလိုက်တယ်။
"လက်စွပ်ကနည်းနည်းအရောင်ပြောင်းနေသလိုပဲ...Hyungဟာကရော"
ခပ်တည်တည်မေးခွန်းရဲ့နောက်ကွယ်မှာ နားမလည်သောမျက်ဝန်းတစ်စံုနဲ့ ရင်ဆိုင်ရတယ်။ အရိပ်ပြလည်းအကောင်မမြင်တဲ့ ဒီလူကြီးကိုကျွန်တော်ဘယ်လို ပြောပြရဦးမလဲ?
"အသက်တေွဘာတေွရောရှူနေသေးရဲ့လား? နည်းနည်းပါးပါးလဲ အကြည့်လွှဲပါဦး။"
"ကလေး!"
"ဟီးဟီး Hyung...ကျွန်တော်က Hyungရဲ့ကလေးလေးလေ"
"ဟုတ် ဟုတ်တာပေါ့...ကလေးကHyungကို မှတ်မိပြီပေါ့...ဝမ်းသာလိုက်တာ"
ရင်ခွင်ထဲရုတ်တရက်ဆွဲသွင်းလိုက်တဲ့Hyungကြောင့် ရင်ခုန်နှုန်းတေွကထိန်းမရသိမ်းမရ။ တင်းကြပ်စွာဖက်တွယ်ထားမှုကြောင့် အသက်ရှူကြပ်နေပေမယ့် မရုန်းဖယ်မိ။ ပန်းသီးစိမ်းနံ့သင်းနေတဲ့ Hyungရဲ့ကိုယ်သင်းရနံ့လေးကိုသာ တစ်ဝကြီးရှူရှိုက်ရင်း အလွတ်မှတ်နေမိတယ်။
"လွမ်းနေခဲ့တာ"
"ကျွန်တော်ရောပဲ"
🍂ပေျာ်ရွှင်မှုတေွရဲ့ နောက်ကေျာမှာ
ဝမ်းနည်းမှုတေွကပ်ပါလာတတ်တယ်ဆိုတာကို
ကျွန်တော်တို့တေွ မေ့နေခဲ့ကြတယ် 🍂
......................
......................
......................
At Brown Perfume Companay...
"ဟိုအကောင်ဒီနေ့လာမှာ သေချာလားကလေး"
တိုင်ကပ်နာရီကိုကြည့်ရင်း Yuriကိုလှမ်းမေးလိုက်တယ်။ Jeon Jung Kookဆိုတဲ့အကောင်ကို မနက်ထဲကထိုင်စောင့်နေရတာ အခုဆိုနေ့လည်12နာရီတောင်ထိုးသွားပြီပင်။
"သေချာပါတယ်...ဒင်းကခုနောက်ပိုင်းအဲ့လိုပဲ နောက်ကျတတ်တယ်။"
"သူကဘာတေွလုပ်နေရလို့လဲ?"
"Driverလေ...Soraတို့ကုမ္ပဏီကCEOရဲ့ Driverကြီးပေါ့"
"ဘယ်လို!"
"သူနဲ့တေွ ့မှသေချာမေးကြည့်...ပြောရတာအာညောင်းတယ်။"
"အော် အင်းပါ။"
ဘယ့်နှယ့်ကြောင့် ကိုယ်ပိုင်ကုမ္ပဏီကြီးတစ်ခုလံုးရှိနေတာတောင် သူများကုမ္ပဏီကCEOရဲ့driverသွားလုပ်နေရသည်လဲ? Jeon Jung Kookရဲ့ထူးထူးဆန်းဆန်းအတေွးတေွကား လိုက်လို့ကိုမမှီနိုင်တော့ပေ။ ဒီနေ့နေ့လည် ရှယ်ယာရှင်အစည်းအဝေးလုပ်မည်ဟုဆိုကာ မနက်အစောကြီးလာရန် ကျွန်တော့်ကိုခေါ်ထားခြင်းပင်။ ဒင်းကတော့အခုချိန်ထိ မရောက်လာသေးေပ။ ကုမ္ပဏီဒေဝါလီခံရအောင်များ လုပ်နေသလားလို့ပင် အောက်မေ့ရတယ်။
ဝုန်း...
တံခါးကိုအတင်းတွန်းဖွင့်ကာ ဝင်လာတဲ့သူမှာ နှစ်ယောက်မရှိသော Jeon Jung Kookပင်။
ရုပ်ကလည်းစပ်ဖြီးစပ်ဖြီးနဲ့ ဘာဖြစ်လာလဲမသိ။ အတင်းကိုသွားဖြဲပြနေ၏။
"ဟား မောလိုက်တာကွာ...ငါနောက်မကျဘူးမလား?"
"ထင်တော့ထင်သားပဲ...2နာရီမှအစည်းအဝေးလုပ်မှာ...ငါအချိန်ပြောင်းပြောထားတယ်။"
"ဟုတ်လား တော်သေးတာပေါ့...ရှဲရှဲပါ Yuriရယ်"
"မလိုပါဘူး...နင့်ပံုစံလဲနင်ပြန်ကြည့်ဦး...ဖရိုဖရဲနဲ့ ဘယ်လိုတေွဖြစ်လာတာလဲ?"
Yuriပြောမှကျွန်တော်လည်း Jung Kookကိုသတိထားကြည့်မိတယ်။ ဆံပင်တေွကလည်းရှုပ်ပွနေကာ shirtအင်္ကျီမှာလည်းအပေါ်ကြယ်သီးနှစ်လံုးလောက်ကပြုတ်နေတယ်။ ဒီကောင့်ကိုတဖြေးဖြေးနဲ့ကျွန်တော် သံသယဝင်လာမိတယ်။ ဒီကောင်အရင်လိုမဟုတ်တော့ဘူး။ ပံုစံကတစ်မျိုးတော့တစ်မျိုးပဲ။
"မင်းဘယ်ကလာတာလဲ ဟေ့ကောင်"
ကျွန်တော့်အမေးကိုချက်ချင်းပြန်မဖြေပဲ သူ့ကိုယ်သူသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြုပြင်နေတယ်။ အားလံုးပြီးစီးသွားတော့မှ ကျွန်တော့်ဘက်သို့လှည့်ကာ ပြုံးစိစိမျက်နှာပေးနဲ့ ပြန်ဖြေလာတယ်။
"Soraတို့ကုမ္ပဏီကပေါ့ကွာ...တော်တော်စပ်စုတဲ့ကောင်ပဲမင်း"
"မသိပါဘူး မင်းပံုကKTVတို့Night clubတို့ကပြန်လာတဲ့ပံုပေါက်နေလို့"
ကျွန်တော်မျက်နှာကိုတည်နိုင်သမျှတည်ကာမေးလိုက်ပေမယ့် Jung Kookကတော့ အပြုံးမပျက်ပဲပြန်ဖြေလာတယ်။ အခုပံုစံကမနေ့ကနဲ့ တခြားစီပင်။
"ဟားဟား ငါ့ကောင်ကတော့နောက်ပြီကွာ...ငါအဲဒီ့ကိစ္စတေွ မလိုက်စားမှန်းမင်းအသိပါပဲကွာ"
"အရင်ကသိတယ်...အခုတော့မဟုတ်တော့ဘူး။ မင်းတအားပြောင်းလဲသွားတယ် Jung Kook"
စိတ်ထဲရှိရာကိုပြောချလိုက်မိတော့ Jung Kookမျက်နှာပေါ်ကအပြုံးတေွ ရုတ်ချည်းပေျာက်ကွယ်သွားတယ်။
"နောက်မှ နောက်မှဒီအကြောင်းတေွဆက်ပြောတာပေါ့ Jakeရာ...အခုတော့ အလုပ်အကြောင်းပဲပြောကြရအောင်"
"အေးပါ ငါနားလည်ပါပြီ။"
ငယ်ငယ်ထဲကပေါင်းလာကြလို့လားမသိ Jung Kookမျက်လံုးကပြောတဲ့စကားတစ်ချို့ကို ကျွန်တော်နားလည်နေတယ်။ ဒါကြောင့် ကျွန်တော်ဘာမှဆက်မမေးမိတော့ဘူး။ တစ်ချိန်ချိန်တော့ သူငယ်ချင်းဖြစ်သူကရင်ဖွင့်ပြောပြလာမယ်ဆိုတာကို ယံုကြည်ရင်းပေါ့။
.....................
.....................
.....................
At Airport...
"Hello Mori Saka"
လေဆိပ်ကထွက်ထွက်ချင်းအပေါက်မှာ အသင့်စောင့်ကြိုနေတဲ့ Rae Inကြောင့်လက်ပြကာ အနားသို့ချဥ်းကပ်သွားလိုက်တယ်။
"Hello Mr Han Rae In"
"တေွ ့ရတာဝမ်းသာပါတယ် Saka..."
"တို့ရောပဲ"
"ဘာပစ္စည်းမှမပါလာဘူးလား?"
"မပါလာဘူး...တွဲလောင်းတွဲလောင်းနဲ့စိတ်ရှုပ်လို့"
"အာ ဒါဆို ကျွန်တော်တို့သွားကြရအောင်...နေဖို့ထိုင်ဖို့အားလံုးစီစဥ်ပြီးပြီ။"
"ကောင်းပြီ။"
...................
ကားမှန်ကိုချကာ တဖြူးဖြူးတိုက်ခတ်နေတဲ့လေပြေလေညှင်းတို့ကို တစ်ဝကြီးရှူရှိုက်လိုက်တယ်။ မျက်နှာတစ်ချပ်လံုးအေးစက်နေသော်လည်း မမှုနိုင်။ ရင်တေွအဆမတန်ခုန်နေတယ်။
ဘာကြောင့်များလဲ?
သေချာတာကတော့ ဘေးကHan Rae Inကြောင့်မဟုတ်ဘူးဆိုတာပင်။
"အခု ဘယ်ကိုသွားနေတာလဲ?"
"Star Hotel ကိုပါ...Kim Tae Hyungလဲအဲ့မှာပဲနေတယ်။"
"ဟုတ်လား..."
Kim Tae Hyung...နာမည်လေးကြားရံုနဲ့တင် လူကိုရူးမတတ်ဖြစ်နေနိုင်တဲ့ လူသားတစ်ယောက်။ အခုလဲကြည့် ရင်ဘတ်ထဲကအကောင်ကနာမည်လေးကြားရံုရှိသေး အငြိမ်မနေတော့။ ရင်ဘတ်ထဲဆိုင်းဝိုင်းတစ်ဝိုင်းရောက်နေသလားပင် အောက်မေ့ရ၏။
"သူကတစ်ယောက်ထဲနေတာလား?"
"ဟုတ်တယ်...သူလည်းဒီကိုရောက်တာ မကြာသေးဘူး။"
"အော်"
.......................
.......................
.......................
At America....
"Papa...အငယ်ဖုန်းဆက်မလာဘူးလား?"
"ဟိုတစ်နေ့ကဆက်ပြီးကတည်းက မဆက်သေးဘူးသားကြီးရဲ့...ဘာလို့လဲ?"
"ဘာမှမဟုတ်ပါဘူးPapaရဲ့...မေးကြည့်ရံုပါ။"
"အေးပါကွာ...စောစောအိပ်နော်သားကြီး မင်းမျက်တွင်းတေွကျနေတယ်။"
"ဟုတ်ကဲ့ Papa"
Papaနဲ့စကားပြောပြီးတာနဲ့ အိမ်ပေါ်ထပ်ကအငယ့်အခန်းရှိရာသို့ ခြေလှမ်းတေွကိုဦးတည်လိုက်တယ်။
"ဟင်း...အငယ်ရယ်"
အငယ့်ရဲ့ကိုယ်သင်းရနံ့လေးတေွစွဲကပ်နေတဲ့ ကုတင်ပေါ်သို့မေှာက်လျက်လှဲချလိုက်ပြီး စတော်ဘယ်ရီနံ့ခပ်သင်းသင်းလေးကို ပေျာက်ပျယ်သွားမှာစိုးသည့်အလား တစ်ဝကြီးရှူရှိုက်နေမိတယ်။
ကလင် ကလင် ကလင်...
ဘောင်းဘီအိပ်ကပ်ထဲမှဖုန်းက ရုတ်တရက်ထမြည်လာတယ်။ မကိုင်ဖူးဟုစဥ်းစားလိုက်သော်လည်း အငယ်များဖြစ်နေရင်ဆိုတဲ့ မေျှာ်လင့်ချက်အသေးလေးကြောင့် ဘောင်းဘီအိပ်ကပ်ထဲကဖုန်းကိုထုတ်ကာ ဖုန်းနံပါတ်တောင်မကြည့်ပဲကိုင်လိုက်မိတယ်။
"Hello ကိုကြီး"
ကျွန်တော့်ကမ္ဘာကြီးခေတ္တခဏရပ်တန့်သွားရတယ်။ အငယ်သည် ကျွန်တော့်ကိုမေ့မနေခဲ့ဘူးပဲ။
"အငယ်...နေကောင်းရဲ့လား?နေရထိုင်ရတာ အဆင်ရောပြောရဲ့လားဟင်"
"ပြေပါတယ်ကိုကြီးရဲ့...ကိုကြီးအငယ့်ကို စိတ်ဆိုးနေလားဟင်"
အဆံုးပိုင်းမှာတိမ်ဝင်သွားတဲ့ စကားသံလေးဟာ တကယ့်ကိုတိုးဖျဖျ...
အငယ်ကကျွန်တော်စိတ်ဆိုးမှာကို ကြောက်နေသည့်ပံုပင်။
"မဆိုးပါဘူးအငယ်ရယ်...ကိုကြီးကအငယ့်ကို ဘယ်တုန်းကစိတ်ဆိုးဖူးလို့လဲ...ပြောပါဦး"
"ဟင့်အင်း မဆိုးဖူးဘူး ဟီးဟီး"
"လွမ်းလိုက်တာ အငယ်ရယ်"
ဖုန်းတစ်ဖက်ခြမ်းက အသံတိတ်သွားတယ်။ ကျွန်တော့်စကားကို အသိအမှတ်ပြုခြင်းမရှိသလို ပြန်လည်းဖြေမလာခဲ့။ ဘာများဖြစ်သွားရတာလဲ?
"အငယ်"
"အင်း အငယ်လဲကိုကြီးကို လွမ်းတယ်။"
"ဒါပဲနော် ကိုကြီး...အငယ်ကကားပေါ်မှာမို့လို့"
"ကောင်းပါပြီဗျာ...တစ်ခုခုလိုအပ်ရင် ကိုကြီးကိုဖုန်းခေါ်လိုက်နော်အငယ်"
"ကိုကြီးက လာပေးမှာမို့လို့လား?"
"လာရမှာပေါ့"
"ဟားဟား ဟုတ်ပါပြီဗျာ...ဒါပဲနော်။"
"ဟုတ်ကဲ့ပါဗျ"
ဒီနေ့ညတော့ ကျွန်တော့်အိမ်မက်တေွလှနေတော့မည်မှာ အသေအချာ။ ဒီရက်ပိုင်းမှာ အိပ်ပျော်အောင်အိပ်ဆေးတေွမသောက်ဖြစ်တော့ဘူး။ အငယ့်ရဲ့ကိုယ်သင်းနံ့လေးတေွကိုပဲ အိပ်ဆေးအဖြစ်ရှူရှိုက်ရင်း အိပ်ဖြစ်နေတယ်။ အိမ်မက်တေွလဲ လှတယ်လေ။
.....................
တစ်ဖက်တွင်လည်း....
"ဘာကြည့်နေတာလဲ?"
"အဲဒီ့စကားကို ကျွန်တော်ကမေးရမှာပါနော်။ သူပဲလူကိုစားမတတ်၊ ဝါးမတတ် စူးစူးရဲရဲစိုက်ကြည့်နေပြီးတော့။"
ကပ်ကပ်လန်ပြန်ပြောနေတဲ့ ကလေးငယ်ကိုကြည့်ကာ ကျွန်တော်ရယ်ချင်လာမိတယ်။ ဒါပေမယ့် မရယ်မိပါ။ အခုနက ကလေးငယ်နဲ့ဖုန်းပြောနေတဲ့သူဟာ ဘယ်သူလည်းဆိုတာကိုပဲ သိချင်နေမိတယ်။
"ခုနကဘယ်သူလဲ?"
"အစ်ကို"
ဒါဆို Soraပြောတဲ့လူပေါ့။
"ဘယ်ကအစ်ကိုလဲ? ကလေးမှာအစ်ကိုရှိတာ Hyungလဲမကြားမိပါဘူး။"
"မေွးစားထားတာ...ကိုကြီးကကျွန်တော့်အပေါ်မှာ အရမ်းကောင်းတာ..."
"အော်"
ကျွန်တော်ဘာစကားမှဆက်မဆိုမိတော့။ ကလေးငယ်ထံက အစ်ကိုဆိုတဲ့လူရဲ့ ကောင်းကြောင်းတေွထပ်မကြားချင်တော့တာကြောင့်ပါ။ နေရင်းထိုင်ရင်း စိတ်ထဲမွန်းကြပ်လာတာကြောင့် ကားမှန်ကိုချကာ အသက်ကိုဝအောင်ရှူရတယ်။
"Hyung..."
"ဟင်"
"မေးစရာရှိလို့..."
ခေါင်းကိုငံု့ကာ တိုးဖွဖွပြောလာတဲ့ကလေးငယ်ကြောင့် ရင်ထဲပိုမွန်းကြပ်လာရတယ်။ ဘာများမေးမလို့ပါလိမ့်။
"ငယ်ငယ်တုန်းကလိုပဲ ကျွန်တော်ကHyungရဲ့ကလေးလေးနော်...ဟုတ်တယ်မလား?"
မေးမှမေးတတ်ပါပေ့ ကလေးငယ်ရယ်။
"ဟုတ်တာပေါ့...Hyungရဲ့နှစ်ယောက်မရှိတဲ့ ကလေးလေးလေ...Taeလေးက"
"ဟီးဟီး ချစ်လိုက်တာHyungကို"
"Hyungရောပဲကလေးလေးကို..."
ကျွန်တော့်စကားသံတေွ ထပ်မထွက်လာတော့ဘူး။ ပြောလိုက်ချင်တယ် 'ချစ်တယ်"လို့... သို့သော် နောက်ဆက်တွဲစကားတေွဟာ ဆွံ့အနေခဲ့တယ်။
"Hyungရောပဲ..."
ကလေးငယ်ရဲ့မျက်နှာကလေးညိုးကျသွားတာကို ကျွန်တော်တေွ ့လိုက်ရတယ်။ ဘာကြောင့်များလဲ? ကလေးငယ်ကကျွန်တော့်ဆီကဘယ်လိုစကားလံုးမျိုးကို မေျှာ်လင့်နေတာလဲ? ကျွန်တော်သိပ်သိချင်မိပါတယ်။ သို့သော် ကျွန်တော်အဖြေမရှာခဲ့သလို၊ မေးလည်းမမေးခဲ့ပါ။ တိတ်ဆိတ်စွာနဲ့ပဲ ကားလေးကိုHotelရှိရာသို့ အပြေးလေးမောင်းနှင်မိတယ်။
"ရောက်ပြီကလေး..."
"ဟုတ်"
ထိုစကားတစ်ခွန်းထဲဆိုကာ ကားပေါ်ကနေဆင်းသွားတဲ့ကလေးငယ်ဟာ ကျွန်တော့်ဘက်ကိုတောင်တစ်ချက်လှည့်ကြည့်မသွားခဲ့ပါ။ ကျွန်တော်လည်း ကားပေါ်မှာမိနစ်အနည်းငယ်ကြာတဲ့အထိ ထိုင်နေမိတယ်။
"မင်းနိုင်ပါတယ် ကလေးငယ်...ကိုယ်မင်းရဲ့ဥပေက္ခာပြုခံရခြင်းမှာ နေသားမကျချင်ဘူး။"
ကားပေါ်ကနေခပ်သွက်သွက်ဆင်းကာ ကလေးငယ်ရှိရာအခန်းဆီသို့ အပြေးအလွှားသွားမိတယ်။
တင်းတောင်,တင်းတောင်...
"ဘယ်သူ..."
ကျွန်တော့်ရဲ့ရုတ်တရက်ဆန်လွန်းလှတဲ့ အပြုအမူကြောင့် ကလေးငယ်ရဲ့မေးခွန်းဟာ အဆံုးမသတ်ခဲ့ရဘူး။ ခဏအကြာမှာတော့ ကျွန်တော့်ရဲ့တင်းကြပ်စွာပေွ ့ဖက်ထားမှုကြောင့် ရင်ခွင်ထဲကအကောင်ပေါက်လေးက လူးလူးလွန့်လွန့်ဖြစ်လာကာ အသံသေးသေးလေးထွက်ပေါ်လာတယ်။
"အင့် Hyung...အရိုးတေွကျိုးကုန်တော့မယ်။လွှတ်တော့..."
"အာ sorry sorry...အရမ်းနာသွားလား?"
"အွန်း နာတယ်။"
နှုတ်ခမ်းလေးဆူကာပြောလာတဲ့ အကောင်ပေါက်ကလေးဟာ ကျွန်တော့်ကိုသူ့ရဲ့ချစ်စရာအပြုအမူလေးတေွနဲ့များ အသေသတ်ဖို့မေွးဖွားလာလေသလား?
"ဥုံဖွ ဥုံဖွ...Hyungရဲ့ကလေးလေးက ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ? အသဲတေွယားလာပြီကွာ။"
ပါးလေးနှစ်ဖက်ကိုခပ်ဖွဖွဆွဲညှစ်မိတော့ လက်ကိုအတင်းပုတ်ချလာတယ်။ ငယ်ငယ်တုန်းကအတိုင်းပင်။ ပါးကိုဆွဲတာမကြိုက်ဘူးပဲ။
"နာတယ်လေ...Hyungကကလေးကို နာပြီးရင်းနာအောင်လုပ်နေတာပဲ"
ပြွတ်စ် ပြွတ်စ်
ကိုယ်ကိုယ်တိုင်တောင် သတိမပြုလိုက်မိပဲ ကလေးငယ်ရဲ့ပါးနှစ်ဖက်ကိုနမ်းရှုံ ့မိတယ်။ တကယ်ပဲ ဘာကြောင့်များ ကျွန်တော်ဒီလုပ်ရပ်ကိုလုပ်ခဲ့မိတာလဲ? မျက်လံုးအပြူးသားဖြင့်ကြည့်နေတဲ့ ကလေးငယ်ကြောင့်ဘယ်လိုဆင်ခြေဆင်လက်ပေးရမလဲသာ အသည်းအသန်စဥ်းစားနေမိတယ်။
"နောက်တစ်ခါ အသဲယားအောင်မလုပ်နဲ့...ထပ်လုပ်ရင် ကိုက်မှာ...သွားတော့မယ်။"
"ကောင်းကောင်းသွား Hyung...good night"
လက်ကလေးပြကာ နှုတ်ဆက်လာတဲ့ကလေးငယ်ကြောင့် လုပ်နေကျထံုးစံအတိုင်း နဖူးပေါ်အနမ်းတစ်ပွင့်ခပ်ဖွဖွခြေွမိတယ်။ ဒီတစ်ခါတော့ စိတ်ထဲကဖြစ်ေပါ်လာတဲ့ အတိုင်းလုပ်မိခြင်းပါ။ ကလေးငယ်ကလည်း ငြင်းဆန်ခြင်းမရှိသလို ကျွန်တော့်ကိုလေးထောင့်ဆန်ဆန်အပြုံးလေးဖြင့် ထပ်ကွမ်းပြုစားနေသေး၏။
"Good night hyungရဲ့ကလေးလေး"
"ဟုတ်"
-------------------------------
အချစ်ဆိုတဲ့အရာနဲ့ ထိုက်တန်သူရှိသလို
မထိုက်တန်သူလဲရှိတယ် ဒါကိုခင်ဗျားတို့
လက်ခံသလား?
AN/စာရေးဖို့အားအင်မရှိသေးသော်လည်း အမြဲအားပေးနေတဲ့ တစ်ချို့သောVIPလေးတေွအတွက်
စဥ်းစားပြီးတင်ပေးလိုက်တယ်နော်...ပေါ့သွားခဲ့ရင်
အနူးအညွတ်တောင်းပန်ပါတယ် Readernimတို့ရေ
အားပေးစကားလေးဘာလေး ပြောခဲ့ကြပါဦး😢