"ထူးဆန်းတယ်...ငါ့အခန်းထဲဘယ်သူဝင်ထားသေးတာလဲ?"
မေမေ့ကိုမေးရန်အတွက် ကျွန်တော်အခန်းထဲမှထွက်ဖို့ပြင်လိုက်တဲ့အချိန် ခန္ဓာကိုယ်မှာတဘက်တစ်ထည်သာ ရှိသည်ကို သတိထားမိလိုက်တယ်။ သို့ကြောင့် ကျွန်တော်ရေအရင်ချိုးဖို့သာ ဆံုးဖြတ်လိုက်ရတယ်။
"ဘာလို့ခနခနပေျာက်ပေျာက်နေရတာလဲ?"
ရေပန်းမှကျဆင်းနေသည့်ရေများကို လက်ခုပ်နဲ့ခံရင်း အတေွးတေွကနက်နဲနေတယ်။ အဖွားပေးခဲ့တဲ့ထိုစာအုပ်လေးမှာ တစ်ခါတလေဒီလိုပဲပေျာက်ပေျာက်နေတတ်တယ်။ မရှာတဲ့အချိန်ကျမှ ပြန်ပြန်ပေါ်လာတတ်တယ် အဲ့စာအုပ်လေးက။ ဒါဟာ တကယ်ကို ထူးဆန်းလွန်းတယ်လို့ ကျွန်တော်ထင်တယ်။ စာအုပ်ထဲကအကြောင်းအရာတေွကိုတော့ ကျွန်တော်မဖတ်ကြည့်ဖူးဘူး။ ဒါပေမယ့် ကျွန်တော်အဲဒီ့စာအုပ်လေးကိုရှာရတဲ့ အကြောင်းအရင်းကသပ်သပ်ရှိတယ်။ အဲဒီ့စာအုပ်လေးထဲမှာ လွန်ခဲ့တဲ့15နှစ်က ကျွန်တော့်ခံစားချက်တေွကို ဖွင့်ချရေးသားခဲ့တဲ့ စာရွက်ကလေးတစ်ရွက်ရှိတယ်။ ကျွန်တော်ထိုစာရွက်ကလေးကို သတိရလို့ရှာနေမိခြင်းပါ။
"သား ရေချိုးနေတာမပြီးသေးဘူးလား?"
ရေချိုးခန်းတံခါးကိုခေါက်ကာပြောလာတဲ့ မေမေကြောင့် ကျွန်တော်အတေွးတေွထဲကရုန်းထွက်လိုက်တယ်။
"ဟုတ် ပြီးပြီမေမေ"
"နွေးနွေးထေွးထေွးဝတ်ပြီး ဆင်းခဲ့နော်သား မေမေအောက်ကစောင့်နေမယ်။"
"ဟုတ် မေမေ"
မေမေ့အသံကိုဆက်မကြားရတော့တာကြောင့် ရေကိုအမြန်ဆံုးနည်းနဲ့ ပန်းကန်လံုးစီးကာချိုးရတယ်။ အစကတော့အတေွးထဲနစ်နေလို့ အေးလို့အေးမှန်းမသိ၊ အခုမှ အေးမှန်းသိတယ်။
"အာအာ ချမ်းလိုက်တာ ဟင်းဟင်းဟင်းဟင်း"
တစ်ကိုယ်လံုးတစ်ဆတ်ဆတ်တုန်ကာ အပေါ်မေးအောက်မေးပါရိုက်နေပြီပင်။ Hoodieထူထူကြီးဝတ်ပြီး အောက်ကဘောင်းဘီထူထူနှစ်ထပ်လောက်ဝတ်ကာ စောင်ကြီးခြုံပြီးအောက်ထပ်သို့ ဆင်းသွားလိုက်တယ်။
"ဟယ် သားရယ်ဘယ်လိုတေွဖြစ်လာတာတုန်း?"
"သား ရေပူနဲ့ရေအေး မှားချိုးမိလို့မေေမ...ဟဲဟဲ"
ကိုယ့်အပြစ်နဲ့ကိုယ်မို့ သွားသာဖြဲပြလိုက်ရတယ်။
"ဖြစ်မှဖြစ်ရလေသားရယ်...ကောင်မလေးအကြောင်း အတေွးလွန်နေလို့မလား?"
ပြုံးပြုံးပြုံးပြုံးနဲ့မေးလာတဲ့ မေမေ့ရဲ့အမေးဟာ ကျွန်တော့်ကိုနေရခက်စေတယ်။ ဒါကြောင့် ကျွန်တော် ရှင်းလင်းချက်အမြန် ပြန်ထုတ်မိတယ်။ မေးချင်တဲ့အကြောင်းအရာတစ်ခုကိုလည်း မေးရင်းပေါ့...။
"ဟာ မေမေကလည်း မဟုတ်ပါဘူး...သားစာအုပ်ပေျာက်နေပြန်ပြီ မေမေ...အခန်းထဲတစ်ယောက်ယောက်ဝင်သေးလား?"
"မဝင်ပါဘူးသားရဲ့...အချိန်တန်ပြန်တေွ ့မှာပေါ့ သားရယ်...စိတ်ထဲတအားကြီးထည့်မထားနဲ့...သားမျက်စိမေှာက်နေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့"
"အင်းနော် အဲ့လိုပဲဖြစ်မှာပါ။"
ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ရင်း မေမေ့ကိုဟင်းတစ်ဖက်ဦးချလိုက်တယ်။ ထို့နောက်မှာတော့ ကျွန်တော်လည်းထမင်းစားခြင်း အမှုကိုစတင်ရတယ်။
"သား သားကိုမေမေ မေးစရာရှိလို့"
မေမေ့ရဲ့အမေးကို ကျွန်တော်ခေါင်းငြိမ့်ပြလိုက်ကာ မေးလေဆိုတဲ့အကြည့်များဖြင့် ကြည့်နေမိတယ်။ ပါးစပ်ထဲကထမင်းက မကုန်သေးတာကြောင့် စကားပြန်မပြောနိုင်သေးဘူးလေ။
"Soraနဲ့ဘယ်တော့ လက်ထပ်ကြမှာလဲ?"
လာပြန်ပြီ ဒီမေးခွန်း။
မေမေ့အမေးအား ပြန်ဖြေရန်အတွက် ပါးစပ်ထဲကထမင်းလုပ်ကို အတင်းမြိုချနေရတယ်...ရေအကူအညီနဲ့ပေါ့။
"မသိသေးဘူး မေမေ"
တကယ်တော့ ဒီမေးခွန်းအတွက် ကျွန်တော့်မှာအဖြေရှိမနေဘူး။ ဟိုးအရင်ကဆို ဘယ်အချိန်ဘယ်လိုလက်ထပ်မှာ၊ ဘယ်လိုကြီးကြီးကျယ်ကျယ်လုပ်မှာ၊ ဘယ်လိုစိတ်ချမ်းသာအောင်ထားမှာ ဆိုတဲ့ အဖြေပြန်ပေးတတ်တဲ့ ကျွန်တော့်နှုတ်ခမ်းတစ်စံုဟာ ဒီနေ့ဒီအချိန်မှာတော့ ဆွံ့အနေသူတစ်ယောက်နှယ် ဘာစကားမှထွက်မလာတော့။
မေမေကကျွန်တော့်ကို ထူးဆန်းသလိုကြည့်နေတယ်။
ကျွန်တော်ဘာဆက်ပြောသင့်သလဲ?
ဘယ်လိုဆင်ခြေမျိုးပေးသင့်သလဲ?
ကျွန်တော့်အတေွးတေွထဲမှာ ကလေးငယ်တစ်ယောက်သာ စိုးမိုးနေတယ်။
ဒါဟာ ဘာကြောင့်လဲ?
ဟင့်အင်း။ ကျွန်တော် ဒီမေးခွန်းရဲ့အဖြေကို မသိချင်ဘူး။ သိအောင်လည်း မကြိုးစားဘူး။ ဒီတိုင်းလေးပဲ...ဟုတ်တယ်...ဒီတိုင်းလေးပဲ။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရိုးရိုးရှင်းရှင်းနဲ့ ဒီတိုင်းလေးပါပဲ။
"သား ဘာတေွအဲ့လောက်စဥ်းစားနေတာလဲ? Soraနဲ့အဆင်မပြေလို့လား?"
"မဟုတ်ပါဘူးမေမေ...အလုပ်ထဲစိတ်ရောက်သွားလို့ပါ။"
"အိမ်မှာနေတုန်းတော့ အလုပ်အကြောင်းမစဥ်းစားပါနဲ့ သားရယ်...စားစား ဟင်းတေွအေးကုန်တော့မယ်။"
"ဟုတ် မေမေ"
အကြိုက်ဆံုးဟင်းနဲ့မို့ ထမင်းအများကြီးစားဝင်မယ် ထင်ထားခဲ့တာ။ အခုတော့တစ်ပန်းကန်ကိုတောင် စားလို့မကုန်ချင်တော့။ အိပ်ယာထဲမှာသာ ခေွခေါက်နေချင်စိတ်တေွက ခေါင်းထဲကြီးစိုးနေတယ်။
"ဗိုက်တင်းသွားပြီ မေမေ...သား သွားအိပ်တော့မယ်။"
"အေးအေး သား...အပေါ်ရောက်ရင်ချက်ချင်းမအိပ်နဲ့နော်...ခဏတစ်ဖြုတ်ထိုင်နေဦး ကြားလား?"
"ဟုတ် မေမေ"
မေမေ့ရဲ့ထူးထူးဆန်းဆန်းမျက်ဝန်းတေွကြားက ကျွန်တော်ရုန်းထွက်လာခဲ့တယ်။
ကျွန်တော့်စိတ်တေွတအားကို ရှုပ်ထေွးနေတယ်။ ကျွန်တော် ဘာလုပ်သင့်လဲ?
အခန်းထဲရောက်တာနဲ့ ဖုန်းရှိရာကိုအရင်လက်လှမ်းမိတယ်။ ပြီးတော့ contactထဲက အမည်နာမတစ်ခုကိုနှိပ်လိုက်တယ်။ တတီတီမြည်နေသောဖုန်းသံမှာ ကျွန်တော့်စိတ်ပင်ပန်းမှုတေွ ဖြေဖေျာက်ပေးနိုင်မယ့် အသံပိုင်ရှင်စီသို့...။
"Hello"
အသံလေးကိုကြားလိုက်ရရံုနဲ့တင် ကျွန်တော့်စိတ်တေွလန်းဆန်းသွားရတယ်။
"နေလို့ကောင်းသွားပြီလား?"
"အွန်း နည်းနည်းတော့ကောင်းနေပါပြီ...ထမင်းစားပြီးပြီလား?"
နွေးထေွးတယ်။ ရင်းရင်းနှီးနှီးပြောဆိုနေတဲ့ ကလေးငယ်ရဲ့စိတ်အနွေးဓာတ်ကလေးက ဖုန်းတစ်ဖက်ခြမ်းက ကျွန်တော့်ရင်ထဲကို နွေးထေွးမှုတေွကူးစက်စေတယ်။
"အင်း စားပြီးပြီ...ကလေးရော"
ကျွန်တော်မေ့ပြီး ကလေးလို့ထည့်သံုးလိုက်မိတယ်။ ကျွန်တော်စကားကိုပြန်ပြင်ပြောဖို့ ကြံလိုက်သော်လည်း ကလေးငယ်ကဘာမှမဖြစ်သလို အဖြေပြန်ပေးလာတယ်။
"အွန်း ခုနကပဲပြီးတယ်...ဆန်ပြုတ်ကြီး...ဟင့်"
ငြူတူတူနဲ့ခပ်ချွဲချွဲအသံလေးကြောင့် ကျွန်တော်ပြုံးမိတယ်။ ကြည့်ရတာ ကလေးငယ်ကဆန်ပြုတ်သောက်ရတာ မကြိုက်ဘူးထင်ပါ့။
"ကိုယ်အခုလာခဲ့ရမလား? ဘာစားချင်လဲ?"
"မလာနဲ့တော့ မိုးချုပ်နေပြီ။ ကျွန်တော် အဆင်ပြေပါတယ်။"
"အင်း အခုဘာလုပ်နေလဲ?"
"ဘာမှမလုပ်ဘူး လှဲနေတာ...ပျင်းလို့လေ"
"မအိပ်သေးဘူးလား?"
"လူကအိပ်ချင်ပေမယ့် မျက်လံုးကမမှိတ်သေးဘူး။"
ကလေးငယ်ရဲ့စကားကြောင့် ကျွန်တော့်မျက်လံုးတေွက အခန်းထောင့်ရှိဂစ်တာလေးဆီ အကြည့်ရောက်တယ်။
"ဒါဆို ကုိယ်သီချင်းဆိုပြရမလား?"
"သီချင်း? တကယ်ဆိုပြမှာလား?"
ကလေးငယ်ရဲ့ ဝမ်းသာအားရပြန်မေးနေသံလေးက ကျွန်တော့်အတွက် ပေျာ်ရွှင်ခြင်းအပိုင်းအစလေးတစ်ခု ဖြစ်တယ်။
"အင်း တကယ်ဆိုပြမှာ"
"ဒါဆိုခဏလေး ကျွန်တော်မျက်နှာသွားသစ်လိုက်ဦးမယ်။"
"ဟုတ်ကဲ့ပါဗျာ...ကျွန်တော်မျိုးစောင့်နေပါ့မယ်။"
"ဟီးဟီး...လိမ္မာတယ်မောင်မင်းက"
ဒါေလာက်ဆို ကျွန်တော်တို့နှစ်ယောက်အတော်လေး ရင်းနှီးနေပြီလို့ ဆိုလို့ရတယ်မလား?
ဖုန်းကိုစပီကာဖွင့်ကာ ကုတင်ပေါ်အသာချခဲ့ပြီး ဂစ်တာကိုသွားယူလိုက်တယ်။ မတီးတာကြာပြီဖြစ်တာကြောင့် ကြိုးညိှရဦးမည်၊ အစမ်းပြန်တီးကြည့်ရဦးမည်လေ။
"Hello...Jeon hyung"
"ဗျာ့"
"ရပြီ ဆိုလို့...ကျွန်တော်အဆင်သင့်ဖြစ်ပြီ။"
အဆင်သင့်ဖြစ်ပြီဆိုသောစကားကြောင့် ကလေးငယ်အားကျွန်တော် မေးခွန်းပြန်ထုတ်လိုက်တယ်။
"ဘာကိုအဆင်သင့်ဖြစ်တာလဲ ကလေးရဲ့"
"အိပ်ဖို့လေ..."
"အော် ဒါဆိုကိုယ်စဆိုပြီနော်။"
"အွန်း"
🎶Oh my pillow...
Can't get me tired
Sharing my fragile true
That I still hope the door is open
Cause the window
Opened one time with you and me
Now my forever's falling down
Wondering if you want me now
How could I know
One day I'd wake up feeling more
But I had already reached the shore
Guess we were ships in the night night night
~~~~~~~~~~~
We were ships in the night night night....🎶
(A/N _ V ရဲ့sweet night လေးကိုနားထောင်ပြီး အိပ်ကြစို့😴)
"Hello...အိပ်သွားပြီလား ကလေး"
တစ်ဖက်မှဘာသံမှမကြားရတော့...ကလေးငယ်အိပ်ပေျာ်သွားပြီနဲ့တူတယ်။ ဂစ်တာကိုဘေးချပြီး ဖုန်းကိုသေချာစိုက်ကြည့်နေမိတယ်။ အိပ်နေမယ့်ကလေးငယ်မျက်နှာလေးကို ဖုန်းထဲကနေမြင်ရလိုမြင်ရငြားပေါ့။ တစ်ခါတလေတော့လည်း ဒီလိုလေးရူးကြည့်ချင်တယ်။ အသံမကြားရသည်ကိုမကေျနပ်သေးတာကြောင့် ဖုန်းကိုနားနားကပ်ကာ နားထောင်မိတော့ကလေးငယ်ရဲ့ အသက်ရှူသံပြင်းပြင်းကိုတစ်စတစ်စကြားလာရတယ်။ ကျွန်တော်ပြုံးလိုက်မိပြန်တယ်။ အဲဒီ့လိုပဲ ကလေးငယ်ရဲ့အသက်ရှူသံလေးကအစ ကျွန်တော့်ကိုပြုံးစေနိုင်တဲ့ အစွမ်းအစတေွရှိတယ်။
ကုတင်ဘေးအံဆွဲထဲမှဘူးလေးတစ်ခုကို ထုတ်လိုက်တယ်။ ထိုဘူးလေးထဲက လက်စွပ်လေးကိုယူလိုက်ပြီး မြတ်မြတ်နိုးနုိးကြည့်မိတယ်။ ဒီလက်စွပ်ကလေးကိုကျွန်တော်ထုတ်မဝတ်တာကြာပြီ။ အရောင်နည်းနည်းပြောင်းနေလို့ သိမ်းထားခြင်းပင်။ ဒါကြောင့်လဲကျွန်တော့်ကို ကလေးငယ်ကမမှတ်မိတာပေါ့။
"ဒီလက်စွပ်ကလေးကိုသာ အဲဒီ့နေ့ကHyungဝတ်ထားခဲ့ရင် ကလေးကHyungကို မြင်မြင်ချင်းမှတ်မိနေမယ်ဆိုတာ Hyungတထစ်ချယံုတယ်။"
နားထဲမှာကြားနေရတဲ့ အသက်ရှူသံပြင်းပြင်းက ကျွန်တော့်ရဲ့ရင်ခုန်နှုန်းတေွကို အဆမတန်မြင့်တက်စေတယ်။ ဖုန်းကနာရီကိုကြည့်မိတော့ 10နာရီခွဲ...။ ကျွန်တော့်ရဲ့လုပ်နေကျအလုပ်တစ်ခုဖြစ်တဲ့ ကလေးငယ်ရဲ့နဖူးပေါ်ကို အနမ်းတစ်ပွင့်ခြေွဖို့ရာ ဖုန်းနားနှုတ်ခမ်းကိုကပ်လိုက်တယ်။
ပြွတ်!
"Good night...hyungရဲ့ကလေးလေး"
တစ်ဖက်ကကလေးငယ်လဲအိပ်နေပြီမို့ ကျွန်တော်လည်းအိပ်ဖို့ပြင်ရတယ်။ ဖုန်းချဖို့တော့လံုးဝမစဥ်းစားပါ။ ဖုန်းကိုနားနားမှာကော်နဲ့ကပ်ထားသလိုကပ်ထားကာ စောင်ကိုရင်ဘတ်နားထိဆွဲတင်ပြီး မျက်လံုးများကိုမှိတ်ထားလိုက်တယ်။
ကျွန်တော်အကြိုက်ဆံုးဆိုတဲ့fav songတေွကတောင် ကလေးငယ်ရဲ့အသက်ရှူသံလေးမျှင်းမျှင်းလေးကို မယှဥ်နိုင်ပါ။ တဖြေးဖြေးနဲ့မျက်လံုးများမေှးကျလာကာ အိပ်စက်ခြင်းဆီသို့...။
တစ်ဖက်ကကောင်လေးဟာ
အိပ်စက်နေခဲ့ခြင်းမဟုတ်ပဲ
တမင်သက်သက်ငြိမ်သက်နေခဲ့သည်ဆိုရင်ရော
ဘာတေွဆက်ဖြစ်လာနိုင်မလဲ?
.....................
.....................
.....................
At America....
"သားကြီး မအိပ်သေးဘူးလား?"
ဝရန်တာမှာထိုင်ပြီး အရက်သောက်နေတုန်း momကဘေးနားကိုရောက်လာတယ်။
"မအိပ်ချင်သေးလို့ mom...momကရော မအိပ်သေးဘူးလား?"
"အိပ်တော့မလို့ပဲ သားကြီးအခန်းထဲမီးလင်းနေတာတေွ ့လို့ ဝင်ကြည့်တာ"
"အာ သားလဲခုပဲအိပ်တော့မလို့...good night mom"
"Good night my son"
Momကပုခံုးတစ်ဖက်ကိုပုတ်ကာ အခန်းထဲကပြန်ထွက်သွားတယ်။ သောက်လက်စအရက်တစ်ခွက်ကိုိ မော့ချလိုက်ပြီး ကျွန်တော်လည်းထိုင်နေရာကနေထကာ အခန်းမီးကိုသွားပိတ်လိုက်တယ်။ အခန်းတစ်ခုလံုးမဲမေှာင်နေပေမယ့် ကျွန်တော်ကအမေှာင်ထဲမှာနေသားကျပြီးသားလူတစ်ယောက်ဆိုတော့ သိပ်တော့မဆန်း။ အရာအားလံုးဟာ အသားတကျ။ ကုတင်ဘေးကမီးအိမ်မှိန်ပျပျလေးကို ထွန်းလိုက်ပြီးကုတင်ပေါ် လှဲအိပ်လိုက်တယ်။
"စိတ်လိုလက်ရသာပြောခွင့်ရှိမယ်ဆိုရင် ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်လွမ်းနေကြောင်း၊ မင်းကဂရုမစိုက်ပဲပစ်ထားလို့ ဘယ်လောက်တောင် ရင်တေွနာနေရကြောင်း ပြောပြချင်တယ်အငယ်ရေ..."
ဟိုတစ်နေ့ကအငယ်နဲ့Papaတို့ ဖုန်းပြောနေတုန်းကဘေးမှာ ကျွန်တော်လည်းရှိနေခဲ့တယ်။ ဒါပေမယ့် အငယ်ကကျွန်တော့်ကို သတိတရမရှိခဲ့ဘူး...ဖုန်းကိုချသွားခဲ့တယ်။ ကျွန်တော်အဲ့နေ့ကတစ်ညလံုး အိပ်မရခဲ့ဘူး။ အိပ်ဆေးတေွအရင်ကထက်ပိုပြီးသောက်မှ အိပ်ပေျာ်တယ်။ ဆေးတေွလည်းကျွန်တော့်ကို လက်မြေှာက်အရှူံးပေးနေပြီ။ သူတို့လည်းကျွန်တော့်ကို ဒီထက်ပိုပြီးအိပ်ပေျာ်အောင် မလုပ်ပေးနိုင်တော့ဘူးတဲ့။ ဒါကြောင့်အရင်ကထက်ပိုတဲ့ ဆေးပမာဏထက်3၊4လံုးလောက်ပိုသောက်ဖြစ်တယ်။ မိုးလင်းလို့ပြန်မထလာနိုင်တော့လည်း အမြတ်ပေါ့။
"မင်းရဲ့ဥပေက္ခာပြုခြင်းကိုခံရတာ ဒါပထဆံုးပဲအငယ်...မင်းပေျာ်ပါစေဆိုတဲ့ တောင်းဆုလေးတစ်ခုပဲ ကိုယ်တတ်နိုင်ပါတယ်။
ကိုယ့်အရိပ်၊ ကိုယ့်ဂရုစိုက်မှုတေွနဲ့ဝေးရာမှာ ဂရုစိုက်ပြီးနေပါ...တစ်ချိန်ချိန်မှာတော့ မင်းကိုယ့်ကိုပြန်ချစ်လာမှာပါ"
ယံုကြည်မှုကိုအစွဲပြုပြီး ကိုယ်ဒီညတော့ အိပ်ဆေးအကူအညီမယူပဲ အိပ်ပေျာ်အောင်အိပ်မယ်အငယ်...
တစ်ခုတော့တောင်းဆိုချင်သေးတယ်...
ကိုယ့်အိမ်မက်ထဲ မင်းအရောက်လာပေးဖို့ပေါ့...
"Good night အငယ်...အိမ်မက်ထဲမှာတေွ ့ကြမယ်။"
တစ်ဖက်သတ်အချစ်ဟာ
နာကျင်ဖို့သက်သက်ပါပဲ
သူ့လူနဲ့သူပေျာ်နေရင်လည်း
ကိုယ်ဝမ်းနည်းရမယ်
သူ့လူကြောင့်သူငိုနေရရင်လည်း
ကိုယ်ဝမ်းနည်းရမယ်
ဘယ်ဖက်ကကြည့်ကြည့် ကိုယ်ပဲနာကျင်ရတာ
မချစ်ဖို့ဆံုးဖြတ်ကြည့်ပေမယ့် မရပါဘူး...
တစ်ဖက်သတ်ချစ်ဖူးသူတေွဟာ
နာကျင်မှုကိုမြတ်နိုးသူတေွလို့
ကျွန်တော်ခံယူထားတယ်
ကျွန်တော်အပါအဝင်ပေါ့။
--------------------------------
Second person လေးကို ချစ်ပေးကြတဲ့ readerတစ်ေယာက်ချင်းစီတိုင်းကို ကေျးဇူးတင်ပါတယ်နော်
အပိုင်းတစ်ပိုင်းချင်းစီကို ဖြေးဖြေးချင်းနဲ့တစ်လှမ်းချင်းပဲ သွားပါ့မယ်။
စိတ်ရှည်ရှည်လေးထားပြီး လိုက်ပါစီးမြောပေးကြပါဦးနော်။
အပိုင်းကနည်းနည်းတိုသွားပါတယ် နောက်အပိုင်းမှာပိုရှည်အောင်ရေးပေးပါ့မယ်နော်။
Love you all reader nim❤️