ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.8K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၆ (ပညာရှိတစ်ဦး)
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)

12.2K 2.2K 230
By ArtemisJT21

[လူကောင်းမှန်ရင် ကံလည်းကောင်းမှာပါ]

ဆူးဟွိုင်တောင်နန်းမှာ ဧကရာဇ်အရှင် စံမြန်းနားနေတော်မူရာ ယာယီနန်းဆောင် နောက်တစ်ခုပင်ဖြစ်သည်။ နေရာအားဖြင့် ယွင်တာမြို့၏ တောင်အရပ်တွင် တည်ရှိကာ အခြားနန်းဆောင်များနှင့်မတူသည်မှာ ကြီးကျယ်ထည်ဝါသောအရိပ်အငွေ့မျိုး ကိန်း၀ပ်မနေဘဲ တစ်မူထူးခြားသော ဗိသုကာလက်ရာများနှင့် သူ့နည်းသူ့ဟန် တင့်ဆန်းလှပနေခြင်းပင်။

ဖန်တီးသူဗိသုကာပညာရှင်များမှာ ယန်ဇီမြစ်တောင်ပိုင်းမှလာသော ကျန်းနန်နယ်သားများဖြစ်ကြသဖြင့် ဆူးဟွိုင်တောင်နန်းမှာ မြောက်ပိုင်းဒေသရှိ အခြားစံအိမ်တော်များလို ထည်ဝါခြင်းမျိုးမရှိ ။ ဖြူလွလွနံရံ ၊ မဟူရာရောင် ခေါင်မိုးပြသာဒ်၊  ပန်းမာလာအသွင် ထွင်းထုဖြစ်တည်ရစ်စေသော လေသာနန်းဆောင်အသွယ်သွယ်နှင့် သိမ်မွေ့ရိုးရှင်းသောအသွင်ဟန်ပန်သာ ရှိပေ၏။

*******

သန်းခေါင်ယံအချိန်။

သွမ့်ယောင်နှင့်နန်မော်ယဲ့တို့နှစ်ယောက်သား တဲအိမ်ငယ်ဘက်အသွား ၊ သွမ့်ပိုင်ယွဲ့ကြီးနှင့် လမ်းမှာ တည့်တည့်ဆုံမိလေသည်။

သွမ့်ယောင်ကတော့ အစ်ကိုဖြစ်သူကိုမြင်သည်နှင့် ​နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ကာ ဆရာဖြစ်သူ၏ အနောက်ဘက်၌ အလိုလိုပုန်းခိုပြီးသားပင်။

ထိုအခြင်းအရာကိုမြင်တော့ သွမ့်ပိုင်ယွဲ့တစ်ယောက် မျက်မှောင်ကြုတ်သွားကာ-

"ဒီလောက်ညဥ့်နက်နေပြီကို ဘယ်တွေ သွားကြဖို့လဲ"

"မင်း....မင်းကရော၊ ဘယ်သွားဖို့လဲ"

နန်မော်ယဲ့လည်း မျက်မှောင်ကြီးကြုတ်ကာ ပြန်၍ အမေးထုတ်လိုက်၏။

"ဒီလမ်းက အိပ်ခန်းဆောင်ဘက် သွားတဲ့လမ်းပဲလေ "

"အေး အေး၊ ဟုတ်ပြီ။ သွားစရာရှိတာ သွားတော့လေ။ ငါတို့လည်း အဆောင်အမြန်ပြန်ပြီး အနားယူတော့မလို့ပဲ"

နန်မော်ယဲ့က တပည့်ငယ်၏ လက်ကိုဆွဲကာ လာရာလမ်းအတိုင်း ပြန်လှည့်သွားသည်။

"ရပ်လိုက်စမ်း!!!!!!"

သွမ့်ပ်ုင်ယွဲ့ထံမှ ထိုစကားကိုကြားသည်နှင့် နန်မော်ယဲ့တို့ကလည်း.....

ချက်ချင်းပင် တစ်ချိုးတည်း သုတ်ခြေတင်ပြေးတော့သည်။

သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် အမီလိုက်လာပြီး ရှေ့မှတားလိုက်သည်။ မျက်၀န်းများကတော့ အေးစက်ခက်ထန်နေလျက်။

"အမှန်အတိုင်းပြောစမ်း....."

သွမ့်ယောင်ခမျာ မိမိနှလုံးသားငယ်ထက် လက်ဖြင့်အသာဖိထားလိုက်ရရှာသည်။

"အဟမ်း အဟမ်း...ဟိုဘက်က တဲအိမ်ဆီ သွားကြည့်မလားလို့ပါ"

သွမ့်ပိုင်ယွဲ့ သိပ်နားမလည်ပေ။

"အခုချိန်က အရမ်းညဥ့်နက်နေပြီ၊ ဘာကိစ္စ အဲ့အဘိုးဆီ သွားရမှာလဲ"

သွမ့်ယောင်မျက်လုံးများကတော့ တောင်ကြည့်မြောက်ကြည့် ဟိုဟိုဒီဒီ ပတ်ကြည့်နေ၏။

"ဒီရက်ပိုင်းတွေမှာ ယောင်အာ သူ့ဆီကနေ သိုင်းပညာတွေသင်ယူနေတယ်"

သွမ့်ပိုင်ယွဲ့ ပိုလို့တောင် အံ့သြသွားရလေပြီ။

"သိုင်းပညာသင်ပေးနေတယ်၊ ဒါကို ရှစ်ဖူးလည်း အတိုင်းသား လက်ခံနိုင်တယ်ပေါ့၊ ဟုတ်စ"

"အင်း"

ဖြစ်နိုင်ရင်တော့ ဘယ်လိုလုပ်ပြီး ငြိမ်ခံချင်မှာလဲကွ။

နန်မော်ယဲ့က မိမိ၀တ်ရုံစကို အသာဆုပ်ကိုင်မိသွားသည်။ သွမ့်ပိုင်ယွဲ့က ပိုလို့တောင် သံသယ ၀င်သွား၏။

"ဆယ်ရက်ပဲသင်မှာ နောင်တော်ရဲ့၊ ဘာမှ ခက်ခဲနက်နဲတဲ့ သိုင်းပညာမျိုးလည်း မဟုတ်ရပါဘူး"

သွမ့်ယောင်ကပါ ကြားထဲ၀င်ပြီး ဖြေရှင်းချက်ပေးလာ၏။

"ကျင့်စဥ်နာမည်က"

သွမ့်ယောင်က အားတင်းပြီး သိုင်းကျင့်စဥ်တစ်ခုကို မုသားဆိုကြည့်လိုက်၏။ သွမ့်ပိုင်ယွဲ့က ထိုသို့ကြားတော့ ခေါင်းခါလိုက်ကာ -

"အကြောပိတ်ကျင့်စဥ်လား။ အင်းပါ၊ သင်ချင်လည်း သင်ပေါ့၊ အဲ့အဘိုး သင်ပေးဖို့ဆိုတာလည်း အတော်ရှားတဲ့အခွင့်ထူးပဲ"

"....."

"ကျွန်တော်တော့ သန်ဘက်ခါကျရင် ဆူးဟွိုင်တောင်နန်းဆီ သွားရတော့မှာ။ အဲ့တော့ ရှစ်ဖူးက ကျွန်တော်နဲ့လိုက်ခဲ့မှာလား၊ ယောင်အာနဲ့ပဲ နေခဲ့မှာလား"

နန်မော်ယဲ့ အတော် စိတ်ရှုပ်သွား၏။

တပည့်အငယ်လေးကို သူ့လက်ထဲထိ ဇွတ်အတင်း လာလုမည့်သူပေါ်လာမှတော့ သူ့မျက်စိအောက်မှာတင် အရိပ်တကြည့်ကြည့် ထားချင်နေသည်။ တပည့်အကြီးကို စမ်းသပ်စစ်ဆေးကြည့်ပြန်တော့လည်း ခန္ဓာထဲက ရွှေချည်ပိုးကောင်ကမှာ ပြန်လည် ထကြွခါနီးဖြစ်နေသည်။ တစ်ဖက်ရန်သူမှာ သရဲတစ္ဆေလား၊ သာမန်လူသားပဲလားဆိုသည်ကိုပင် တပ်အပ်သေချာ မသိရသေး။ ထို့ကြောင့် ထိုတောင်နန်းသို့ သွမ့်ပိုင်ယွဲ့တစ်ယောက်တည်း သွားနေခိုင်းလို့လည်း သူ စိတ်မချနိုင်ပြန်။ နန်မော်ယဲ့တစ်ယောက် အတန်ကြာ သေချာတွေးတောကြည့်လိုက်ခါမှ-

"ယောင်အာတော့ ဒီမှာပဲ နေခဲ့လိုက်ပါ။ ရှစ်ဖူးကတော့ မင်းနောင်တော်နဲ့ လိုက်ခဲ့မယ်"

"ဟုတ်ကဲ့။ မရီးတော်ကို ကာကွယ်စောင့်ရှောက်ဖို့ကိစ္စကို ကျွန်တော့်တာ၀န်ထားပါ"

အရမ်းကို ချစ်ဖို့ကောင်းတဲ့ ကလေးလေး။

သွမ့်ပိုင်ယွဲ့က ယောင်အာ့ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် အိပ်ခန်းဆောင်ဘက်သို့ ပြန်သွားလေသည်။

ထိုအခါမှ သွမ့်ယောင်သက်ပြင်းချလိုက်ကာ နန်မော်ယဲ့အား မေးလာ၏။

"ကျွန်တော်တို့ ဘာတွေလုပ်နေမှန်း နောင်တော့်ကို ဘာလို့ အကုန်ပြောပြလို့မရတာလဲဗျ"

"သူ့မှာ ရင်လေးစရာ ကိစ္စတွေ အများကြီး။တစ်ခုလောက် လျှော့ပေါ့ပေးလိုက်တော့လည်း ကောင်းတာပေါ့။ သူ့အတွက်ကြောင့် မင်း သိုင်းကျင့်စဥ်တွေ ထပ်သင်နေမှန်းသိရင် သေချာပေါက် သူ လက်မခံလောက်ဘူးလေ"

သွမ့်ယောင်လည်း လိမ္မာစွာ ခေါင်းညိတ်လိုက်၏။

နန်မော်ယဲ့လည်း ယောင်အာနှင့်အတူ လမ်းသွယ်လေးပေါ် လျှောက်လှမ်းနေရင်း သက်ပြင်းချလိုက်ကာ -

"မင်းလည်း ....နောင်တစ်ချိန်ကျ မိန်းမယူတော့မယ်ဆိုရင် ကိုယ့်အတွက်ကိုပါ အတ္တကြီးတတ်ရမယ် ကြားလား၊ အချစ်နတ်ဘုရားကြီးလို မလုပ်ရဘူး "

"......"

​သြ.....

******

နောက်တစ်ရက်လွန်မြောက်ပြီးသော် သွမ့်ပိုင်ယွဲ့လည်း နောက်လိုက်ငယ်သားများနှင့်အတူ ဆူးဟွိုင်တောင်နန်းသို့ ထွက်ခွာသွားလေပြီ။ ရှီးနန်၀မ်ကြီး ယွင်တာမြို့သို့ ရောက်နေပါပြီဟူသော သတင်းပျံ့သွားသည်နှင့် အိမ်ပြင်တောင်မထွက်ရဲကြသော မြို့သူမြို့သားများမှာ ယခုတော့ နေထွက်မှသည်နေ၀င်သည့်ထိ အိမ်တွင်းပုန်းချင်သွားကြပေ၏။

ဘာပဲဖြစ်ဖြစ်၊ ဟိုက ရှီးနန်၀မ်ပါဆို။ စိတ်ဓာတ်ရုန့်ရင်းကြမ်းတမ်းပြီး အလိုလောဘ သောက်ရမ်းကြီးတယ်ဆိုတဲ့ လူကြီး၊ အမြဲလိုလို သာမန်လူနဲ့မတူတဲ့ လူထူးလူဆန်းကြီး။ ဒီတစ်ခေါက် လာတယ်ဆိုတာကလည်း ဘာရည်ရွယ်ချက်နဲ့ လာမှန်း မသိရဘူး၊ ဝေးဝေးရှောင်ထားမှ တော်ကာကျလိမ့်မယ်။

နန်မော်ယဲ့ကတော့ တောင်နန်းသို့ရောက်ပြီးသော် နှံ့စပ်အောင် တစ်ပတ်ပတ်ကြည့်လိုက်ကာ မှတ်ချက်ဆိုလာ၏။

"ဒီတောင်နန်းက သိပ်မဆိုးဘူး.... တကယ် ပျော်မွေ့ဖို့ကောင်းတဲ့ နေရာတစ်ခုပဲ"

သွမ့်ပိုင်ယွဲ့ကတော့ လက်ဖက်ရည်ငှဲ့သောက်နေမြဲ။ ထို့နောက် ကိုယ်လက်သန့်စင်ရန်အတွက် ရေနွေးယူလာပေးရန် အခြွေအရံများကို မမှာလိုက်ရသေးခင်မှာပင် သွမ့်နေ့ ရောက်လာပြီး အမတ်မင်းထောင် ရောက်နေပြီဖြစ်ကြောင်း သတင်းပေးလာ၏။

နန်မော်ယဲ့ကတော့ လက်ဆစ်ချိုးနေပြီဖြစ်သည်။

"ရှစ်ဖူး ကိုယ်ထင်ထွက်ပြရဲလို့ကတော့ ဒီနေ့ကစပြီး နောက်လ၀က်အထိ အသားဟင်းပေးမထိဘူး၊ ဒါပဲ"

"......."

"အဲ့ထက်လည်း ကြာချင်ကြာနိုင်တယ်"

သွမ့်ပိုင်ယွဲ့၏ ရာဇသံအဆုံးမှာတော့ နန်မော်ယဲ့ခမျာ ကြမ်းပြင်ပေါ် ပုံကျ၊ ထိုင်ချလိုက်လေ၏။

သွမ့်ပိုင်ယွဲ့ကတော့ မိမိဝတ်ရုံကို သေချာသေသပ်အောင်ပြုပြင်လိုက်ကာ တံခါးကိုလှစ်ဟပြီး ထွက်သွားလေသည်။

******

မှန်းဆထားသည့်အတိုင်းပင် ဧည့်ခန်းမကြီးထဲတွင် ပုရောဟိတ်အမတ်မင်းကြီးက လက်ဖက်ရည်သောက်ရင်း သွမ့်ပိုင်ယွဲ့အား ထိုင်စောင့်နေ၏။ လျိုမျိုးရိုးပုန်ကန်စဥ်တုန်းက အဖြစ်ကို ထောက်ဆရလျှင် တစ်ဖက်လူက မိမိအသက်ကိုကယ်တင်ဖူးသည့်ကျေးဇူးကြွေးက ရှိနေသေးသည်၊ ထို့အပြင် ဒီနောက်ပိုင်းမှာလည်း ဘာပြဿနာမှမရှာတော့သည်မှာ ကြာပြီဖြစ်ရာ ပုရောဟိတ်အမတ်မင်း၏ ကိုယ်နှုတ်အမူအယာမှာ အင်မတန်မှ လှိုက်လှဲဖော်ရွေဟန်ရနေပေသည်။ သွမ့်ပိုင်ယွဲ့ ရောက်လာသည်ကိုမြင်တော့ လှမ်း၍ ဦးညွှတ်ဂါရ၀ပြုလိုက်၏။

"ရှီးနန်၀မ်"

"ပုရောဟိတ်အမတ်မင်း အရမ်းဖော်ရွေနေရန်ကော။ ပန်၀မ်းက အခုမှ တောင်နန်းထဲ ခြေချရရုံတင်ရှိသေး ၊ အမတ်မင်းက ချက်ချင်း အပြေးလာကြိုနေပေပြီ"

သွမ့်ပိုင်ယွဲ့က လှမ်း၍ စနောက်လိုက်သည်။

"မှန်ပါ့၊ ဒီလိုအလောတကြီးလာတာ အတော်လေးအမြင်မတော်ပေမယ့် ဧကရာဇ်အရှင်က ရှီးနန်၀မ်ကို အတော်လေး စိုးရိမ်တော်မူနေ​လို့ပါခင်ဗျာ ။ ဒီတောင်နန်းက အခြွေအရံတွေ ရှီးနန်ဝမ်အလိုတော်ကျ အလုပ်အကျွေးမပြုနိုင်ရင်ခက်ရချည်ရဲ့ဆိုပြီး ကျွန်တော်မျိုးကို ချက်ချင်းစေလွှတ်ပြီး ကြိုဆိုခိုင်းလိုက်ပါတယ်။ ရှီးနန်၀မ် စိတ်တိုင်းကျ နားနေနိုင်မှန်း သေချာတော့မှ ကျွန်တော်မျိုးတို့ဘက်က အိမ်ရှင်တာ၀န် ကျေပွန်မှာပ...."

သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ-

"တောင်နန်းရှေ့က ရှုခင်းတွေတော့ သိပ်မဆိုးဘူး။ သြ.....ဒါနဲ့ အမတ်မင်းကို မေးကြည့်ပါရစေဦး၊ ဧကရာဇ်အရှင်က ပန်၀မ်းကို ဘယ်တော့မှ အခစား၀င်ခွင့်ပြုမှာတဲ့လဲ"

"ရှီးနန်၀မ် လာရတဲ့အကြောင်းရင်းက...."

"ဆေးလာပို့တာလေ"

"ဆေးလာပို့တာလောက်ပဲဆိုရင်တော့ ကျွန်တော်မျိုးကိုပဲ လမ်းကြုံဆက်သခိုင်းလိုက်ပါလေ။ ဒီရက်ပိုင်း ဧကရာဇ်အရှင်လည်း မကြာခဏ နာမကျန်းဖြစ်နေတတ်တာကတစ်ကြောင်း ၊ ညီလာခံသဘင်က နန်းတွင်းရေးရာအမှုအခင်းကလည်း ရှုပ်ထွေးများမြောင်ပါသဘိနဲ့...... ဧကရာဇ်အရှင်ဆီ ရှီးနန်၀မ် အခစား၀င်ချင်ရင်တော့ ရက်အတော်ကြာကြာလေး ထပ်စောင့်ရပါလိမ့်မယ်ခင်ဗျာ"

"ကိစ္စမရှိပါဘူး၊ စောင့်နိုင်ပါတယ်"

"........"

ဘာ.....ကိစ္စမရှိပါဘူး ဟုတ်လား။

"ရှီးနန်စံအိမ်တော်မှာ ဘာမှလုပ်စရာမရှိတာနဲ့ အတော်ပဲ။ ယွင်တာမြို့ရဲ့တောတောင်သဘာ၀ ရှုခင်းအလှကို လာရောက်ရှုစားတာလို့ပဲ ပန်၀မ်းသဘောထားလိုက်ပါ့မယ်"

ထောင်လျဲန်တာ ခေါင်းထဲ ဆစ်ခနဲကိုက်ခဲသွား၏။

"ဒီလိုပြုမူတာမျိုးက သိပ်ပြီး သင့်လျော်မှုမရှိကြောင်းပါ ၊ ၀မ်ရယ်ခင်ဗျာ"

သွမ့်ပိုင်ယွဲ့က ဟက်ခနဲရယ်လိုက်ကာ -

"ဟုတ်လား ၊ ဘယ်နားကများ မသင့်မလျော်ဖြစ်နေတာလဲ။ ကျင်းထိုင်တောင် ရွှေမြို့တော်ထဲ တစ်လနီးပါးနေသွားတာပဲမဟုတ်လား ။ ပန်၀မ်းကျတော့ ဒီမြို့မှာ နှစ်ရက်သုံးရက် ဆက်နေလို့တောင် မရဘူးပေါ့"

"ကောင်လိ၀မ်ရောက်လာတာက ဘဏ္ဍာတော်ဆက်သဖို့လာတာပါ၊ အနေကြာသွားတယ်ဆိုတာကလည်း နှမတော်အတွက် ကြင်ယာဖက် ရှာပေးနေရလို့ပါ။ အလုပ်တွေအရမ်းအားနေလို့ လျှောက်လည်နေတာမျိုး မဟုတ်ရကြောင်းပါ ၊ ၀မ်ရယ်"

"သြ.....ကျင်းထိုင်က ရွှေငွေဘဏ္ဍာလာပို့တာ၊ ပန်၀မ်းက ဆေးမြစ်တွေလာပို့တာတဲ့လား။ဆိုစမ်းပါဦး၊ ရွှေငွေတွေ ဘယ်လောက်ပဲ ပုံအောပြီးပေးပေး ရှီးနန်ရဲ့ရှားပါးဆေးမြစ်တစ်ချို့ကို ၀ယ်နိုင်မယ်ထင်လား"

ထောင်လျဲန်တာ အတော်ပင် တုံ့ဆိုင်းသွား၏။

ဘာပြောပြော ၊ဒီဆေးက မင်းသား(၉)လိုချင်နေတဲ့ဆေးကြီးဟ။ ......အဲ့လောက်မေတ္တာတရားပေါများနေတဲ့ မင်းသား(၉)ရဲ့အကျင့်မျိုးနဲ့တော့ ငါ၀င်မရှုပ်တာပဲ ကောင်းပါတယ်လေ။ မဟုတ်ရင် ကိုယ်ပါမကလို့ အရှင်မင်းမြတ်ကပါ ခေါင်းတော်ခဲနေရလိမ့်မယ်။

"အမတ်မင်းထောင်၊ ဘာများပြောချင်သေးလဲ"

ထောင်လျဲန်တာကပဲ လက်မြှောက်အရှုံးပေးလိုက်ရလေ၏။

"ဝမ်ရယ်လည်း ခရီးဝေးကနေရောက်လာရတာဆိုတော့ အရမ်းပင်ပန်းနေလောက်ပါပြီ။ စောစော အနားယူလိုက်ပါလေ..."

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လိုက်ကာ ခန်းမဆောင်ကြီးမှ ထွက်သွားတော့လေ၏။

*****

နန်မော်ယဲ့လည်း ထိုခါမှ အဆောင်နောက်ဘက်မှ ထွက်လာသည်၊  လက်ထဲတွင်လည်း သစ်သီးတစ်လုံးနှင့်။

"သူလည်း ဒီမှာတည်းမှာတဲ့လား"

"ကျွန်တော်ကို စောင့်ကြည့်ဖို့ လွှတ်လိုက်တာပါဆို ဒီမှာမတည်းဘဲ ဘယ်နေရာသွားတည်းမှာလဲ။ ဒီဘိုးတော်ကတော့လေ...ဘာပဲလုပ်လုပ် စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တယ်၊ အဲ့အကျင့်က ဆယ်နှစ်ကျော်သွားတာတောင် ပြောင်းမသွားသေးဘူးပဲ"

"ကြိုဆိုဧည့်ခံတဲ့ စားသောက်ပွဲတောင်မရှိဘူးတဲ့ကွာ"

နန်မော်ယဲ့ နှုတ်ခမ်းကြီးဆူလျက် သိပ်မကျေနပ်။

"ဒီအမတ်တွေ ဒီလောက်လေးကိုတောင် အရိပ်အကဲမသိတတ်ရင်လည်း အလုပ်ကိုလုပ်မနေနဲ့တော့။ ဘယ်သူကများ ရှီးနန်စံအိမ်တော်ကလူတွေနဲ့ ထမင်းလက်ဆုံစားရဲမှာတဲ့လဲ"

"အေး၊ ကြားရတာ စိတ်ဓာတ်ကျစရာပဲကွာ"

"ဒီလိုကမှ ပိုကောင်းသေး"

သွမ့်ပိုင်ယွဲ့ကတော့ လုံးဝမဖြုံ။

မဟုတ်ရင် အဲ့အမတ်မင်းမျက်နှာကိုပဲ ထပ်မြင်နေရဦးမယ်။ အရမ်း အရသာထူးကဲတဲ့ ဟင်းလျာဖြစ်နေရင်တောင် သူ့မျက်နှာနဲ့ဆို မျိုဆို့လို့ကို ရမှာမဟုတ်ဘူး။

******

မှောင်ရီသမ်းစ ပြုချေပြီ။ 

ကောင်းကင်ယံမှသည် ၀သုန်မြေထက်သို့ မိုးစက်များဖြင့် ဖြန့်ကျက်သွန်းဖြိုးပေးနေ၏။ သွမ့်ပိုင်ယွဲ့ကတော့ သလွန်ပေါ် လဲလျောင်းနေဆဲဖြစ်ကာ အိပ်လို့မပျော်နိုင်သေး။ ထိုစဥ် အပြင်ဘက်မှ အသံတစ်ခုကြားလိုက်ရသဖြင့် ထပြီးတံခါးဖွင့်ပေးလိုက်သည်။
.
.
ချူယွမ်ဖြစ်နေသည်ပင်။
.
.
နှင်းမိုးများကြား ငွားငွားစွင့်စွင့်ပွင့်လန်းနေသော မေဟွားပန်းပုံ ရေးခြယ်ထားသည့် ထီးတစ်ချောင်း၏ အရိပ်အောက်တွင် ခိုနားလျက်.... မိုးစက်များကြား သူ့အား ပြုံးပြနေသော ထိုလူသားမှာ အမှန်တကယ်ပင် ချူယွမ်ပင် ဖြစ်နေပေ၏။

"မင်း...."

သွမ့်ပိုင်ယွဲ့ အတော်ပင် အံ့အားသင့်သွား၏။ နောက်တော့ တစ်ဖက်လူနှင့်အတူလိုက်ပါ ပြုံးမိသွားကာ ချူယွမ်ရှိရာသို့ အမြန်လျှောက်လှမ်းသွားပြီး မိမိရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် တိုးလျစွာဖြင့် နှစ်ကိုယ်ကြားဆိုလာ၏။

"ကိုယ် ပြောပြီးသားမဟုတ်လား၊ အဆောင်မှာပဲ အေးဆေး အနားယူပါဆိုနေ"

"မင်း အဆွကောင်းလို့ ပုရောဟိတ်အမတ်မင်းများ စိတ်တိုပြီးမေ့လဲသွားမလားလို့ လာကြည့်တာ"

ချူယွမ့်ပခုံးထက်တွင် မိုးရစက်များ တွဲလောင်းခိုနေလျက်ရှိ၏။ နှာဖျားလေးကလည်း အေးစက်နေလျက်။

သွမ့်ပိုင်ယွဲ့လည်း ချူယွမ့်လက်ထဲမှထီးကိုလှမ်းယူပြီး မိုးပေးလိုက်ကာ မိမိအိပ်ခန်းဆောင်ရှိရာသို့ ချူယွမ်အား ခေါ်ဆောင်လာ၏။

နန်မော်ယဲ့ကတော့ ဘေးအဆောင်မှ ကြည့်နေကာ ပီတိဝေဖြာနေရှာသည်။

ဒီလောက်နှစ်အကြာကြီးစောင့်လာတာ၊ အခုမှ မျှော်လင့်ချက်ရောင်ခြည်တန်းတွေ စမြင်လာရသလိုပဲ။

*****

သို့နှင့် အခြွေအရံများမှာ ရှီးနန်၀မ်၏ အိပ်ခန်းဆောင်သို့ အမြန်ပင်ရေနွေးလာရောက်ဆက်သကြရလေပြီ။ ချူယွမ်ကတော့ ရေနွေးဇလုံထဲစိမ်နေကာ ဇလုံနှုတ်ခမ်းဘောင်ပေါ် ပျင်းရိလေးတွဲ့စွာ မေးကိုတင်ထားပြီး သွမ့်ပိုင်ယွဲ့အား ရန်ထတွေ့၏။

"ဘာတွေ ကြည့်နေတာလဲ"

"မင်းကို ကြည့်နေတာလေ"

ဘေးနားရှိ ထိုင်ခုံအပုလေးပေါ်ထိုင်ကာ လက်နှစ်ဖက်စလုံး မေးကိုထောက်ရင်း သူ့အားငေးကြည့်နေသော သွမ့်ပိုင်ယွဲ့က ​အေးဆေးတည်ငြိမ်စွာသာ ဖြေလာသည်။

ချူယွမ်က ပြုံးလိုက်ကာ -

"ငတုံးလေး"

"မင်းကမှ ရေအတူတူ ပေးမချိုးတာ...."

ချူယွမ်က ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် ရေစက်များကို လွင့်စင်အောင် သွမ့်ပိုင်ယွဲ့ထံတောက်ပစ်လိုက်ကာ -

"အင်း၊ ဟုတ်တယ်။ ဒီထဲ၀င်မလာနဲ့"

"မနက်ဖြန်ကျ ပြန်သွားရဦးမှာလား"

"အင်း၊ ညဥ့်နက်မှပြန်မယ်။ သန်ဘက်ခါမနက်ကျ အစည်းအဝေးရှိလို့"

သွမ့်ပိုင်ယွဲ့က ထိုင်ခုံကို ချူယွမ်နားရောက်အောင် ထပ်ရွှေ့လာလိုက်ကာ -

"အင်း၊ ဒါဆို မနက်ဖြန်ကျ ကိုယ်လည်း ဘယ်မှမသွားတော့ဘူး။ မဟုတ်ရင် အဲ့အမတ်မင်းနဲ့ သွားတိုးနေပါဦးမယ်"

ပြောလို့မှမဆုံးသေး၊ အိပ်ခန်းဆောင်ရှေ့မှခြေသံတစ်ခုကြားလိုက်ရကာ တစ်ဆက်တည်းမှာပင် ထောင်လျဲန်တာ၏ အော်သံကိုပါ ကြားလိုက်ရသည်။

"ရှီးနန်၀မ် အနားယူနေပြီလားခင်ဗျာ"

ချူယွမ်တစ်ယောက် လက်ဖြင့် မျက်နှာကို အလိုလို အုပ်မိလျက်သား။ထိုတုန့်ပြန်ချက်လေးကိုမြင်တော့ သွမ့်ပိုင်ယွဲ့နှုတ်ခမ်းထောင့်စွန်းများ သဘောကျစွာ ကွေးညွှတ်သွားလေသည်။ ချူယွမ်က တံခါးမြန်မြန်သွားဖွင့်ပြီး ကိစ္စရှင်းလိုက်လေဆိုသည့်သဘော သူ့အား မျက်ရိပ်မျက်ခြေပြလာ၏။

သွမ့်ပိုင်ယွဲ့လည်း သက်ပြင်းချလိုက်ကာ အေးစက်စွာပြုံးပြီးနောက် တံခါးသွားဖွင့်ပေးလိုက်လေသည်။

"ဒီလောက်ညဥ့်နက်နေပြီကို.... အမတ်မင်း ဘာကိစ္စရှိလို့ပါလဲ"

ထောင်လျဲန်တာက လက်ထဲမှ ဆီစိမ်စက္ကူထုပ်ကို ကမ်းပေးလာသည်။

"ညကျမှ ဗိုက်ထဆာနေမှာစိုးလို့ပါ"

သွမ့်ပိုင်ယွဲ့လည်း ထိုစက္ကူထုပ်ကို ယူထားလိုက်ကာ လေသံကို မနည်းထိန်းချုပ်လိုက်ပြီး -

"ကျေးဇူးအများကြီးတင်ပါတယ်"

"ဒါဆိုလည်း ခွင့်ပြုပါဦး"

ထောင်လျဲန်တာလည်း အရမ်းကို ရိုကျိုးသိမ်မွေ့ပြနေသည်။ ရိုက်ပုတ်ထုထောင်းချင်ရင်တောင် ရိုက်စရာအကြောင်းပြချက်ဆိုလို့ တစ်စက်မှ မရှိစေရအောင် ရိုကျိုးပြနေသည်။

သွမ့်ပိုင်ယွဲ့လည်း အခန်းထဲပြန်၀င်လာပြီး စားပွဲခုံထက် ထိုကြက်ခြေထောက်အထုပ်ကို တင်ထားလိုက်၏။

"မင်း ဗိုက်ဆာတယ်လို့အကြောင်းပြပြီး ညကြီးသန်းခေါင် မဟုတ်တရုတ်ထလုပ်ဖို့ ထွက်သွားမှာစိုးလို့ထင်ပါတယ်။ အဲ့လိုနဲ့ပဲ အခန်းရှေ့ထိ မုန့်လာပို့ပေးလိုက်တာနေမယ်"

"သူ့ကို မြန်မြန် ပြန်ခေါ်သွားဖို့ အစီအစဥ် မရှိတော့ဘူးလားဟင်။ ကိုယ့်အတွက်ကို ထည့်မတွက်သေးနဲ့၊ လန်ဂျီးတကယ်ထွက်လာတဲ့အချိန်ကျ အဲ့အမတ်မင်းက တကယ့် ၀န်ထုပ်၀န်ပိုးကြီး ဖြစ်နေမှာနော်"

"သူက တာ၀န်အရလာတဲ့လူပါ၊ ညနေကျရင် လူလဲတော့မှာလေ။ လာလဲပေးမယ့်လူက သူရိယစန္ဒာတောင်စခန်းက သိုင်းပညာရှင်တစ်ယောက်ပဲ၊ နာမည်က ကုန်းဖေးတဲ့။ သူက ရွှေမြို့တော်ကို ခုမှပြန်ရောက်လာတော့ ဘာရာထူးအတည်တကျမှ မပေးရသေးဘူး။ အရေးကြုံရင်တော့ အားကိုးလို့ရပါတယ်"

သွမ့်ပိုင်ယွဲ့က ဘေးနားက တဘက်အထူကြီးတစ်ထည်ကို လှမ်းယူလိုက်ကာ -

"ရေတွေ အေးကုန်တော့မယ်၊ ပြန်ထွက်လာတော့"

သွမ့်ပိုင်ယွဲ့သတိမမူလိုက်ရသေးခင်မှာပင်  ချူယွမ်က သူ့လက်များအားရှောင်လိုက်ကာ  ရေစိုအ၀တ်ဖြင့် ထရပ်ပြီးဖြစ်နေလေ၏။ သွမ့်ပိုင်ယွဲ့ကတော့ ခေတ္တမျှ မှင်သက်သွားပြီး ထို့နောက်မှာတော့ အလိုက်သိစွာ အကြည့်လွှဲပေးလိုက်ကာ ချူယွမ်ထံ တဘက်ကိုလှမ်းပေးလိုက်သည်။

ချူယွမ်လည်း ဆံနွယ်များကို ရေစင်အောင်တဘက်ဖြင့် သုတ်လိုက်ကာ အတွင်း၀တ်ရုံတော်လဲတော့မည်အပြု၊ တစ်ယောက်သောသူက စိတ်ပြောင်းသွားလေသဖြင့် ချူယွမ့်ကိုယ်လုံးအား လှမ်း၍ဆွဲကာ ရင်ခွင်ထဲသိမ်းပိုက်ချုပ်နှောင်ထားလိုက်တော့သည်။

"အတင့်ရဲနေတယ်ပေါ့....."

ချူယွမ်က သူ့ထံ မျက်၀န်းများလှပ်ကြည့်ရင်း ဆို၏။

"မဟုတ်တာ၊ ဒါမျိုးကို အလိုလိုက်ခံရလွန်းလို့ ရောင့်တက်တယ်လို့ ခေါ်တယ်"

သွမ့်ပိုင်ယွဲ့က သူ့အား ပွေ့ပြီး ချီမလိုက်၏။

"သေချာတွေးကြည့်လိုက်တော့ .....အရှင်မင်းမြတ်က ကျွန်တော်မျိုးသာဖြစ်နေရင် ဘာအပြစ်မျိုးမှ မပေးရက်ဘဲ....."

ချူယွမ်လည်း သွမ့်ပိုင်ယွဲ့လည်တိုင်အား ရစ်တွယ်သိုင်းဖက်လိုက်သည်။ ထို့နောက် မျက်၀န်းများအားမှိတ်လိုက်ကာ အနမ်းများ စတင်ပေးအပ်လာလေသည်။

သွမ့်ပိုင်ယွဲ့လည်း ချူယွမ်အား သလွန်တော်ထက် ချကာ အုပ်မိုးထားလိုက်၏။ ထိုနှုတ်ခမ်းနှစ်လွှာကတော့ တစ်ခဏလေးမျှပင် ခွဲခွာမသွားစေရ။

စည်းပါးပါးလေး တားကာ နှစ်ယောက်သား နှစ်ပေါင်းများစွာ စောင့်စည်းထိန်းသိမ်းလာခဲ့ပြီးသားမို့ ထိုစည်းကို ကျော်ဖြတ်ဖူးပြီးသွားကတည်းက ဘာကိုမှ မျိုသိပ်မထားချင်တော့၊ ဤအတိုင်းသာ အမြဲမခွဲမခွာ နှစ်ကိုယ်တူသာ ယှဥ်တွဲနေထိုင်ချင်သွား၏။ ဆယ်ရက်ဆိုလည်းရသည်၊ ဆယ်နှစ်ဆိုလည်းဖြစ်သည် ၊ ဘ၀တစ်သက်လုံးဆိုလျှင်တော့အကောင်းဆုံးပဲပေါ့။

အပြင်ဘက်တွင် မိုးရွာနေဆဲပင်ဖြစ်သည်။

သွမ့်ပိုင်ယွဲ့က မိမိခန္ဓာအောက်က လူသား၏ လှပကျော့ရှင်းလှသော မျက်နှာပြင်အား တစ်နေရာမှမကျန်ရစ်စေဘဲ လိုက်လံငေးကြည့်နေ၏။ အခုလက်ရှိ အချိန်လေးအား နှလုံးသားထက် မပျောက်မပျက် မှတ်ကျောက်တင်ချင်သည့်နှယ်။

ချူယွမ်၏ လက်နှစ်ဖက်ကတော့ သွမ့်ပိုင်ယွဲ့၏ ရင်ခွင်ကျယ်အား အနည်းငယ် တွန်းထား၏။ လက်ဖဝါးပြင်ထက်မှတစ်ဆင့် ခံစားသိရှိနိုင်ပေသော သွမ့်ပိုင်ယွဲ့၏ ကြွက်သားစိုင်များ ထင်ရှားနေလို့။ အရင်နှစ်များကတည်းက ရခဲ့သော အမာရွတ်များလည်း လုံး၀မပျောက်မပျက်ဘဲ ရှိနေသေး၏။ထိုအမာရွတ်များကပင်  အဆများစွာ ချောမောခန့်ညားစေသည့်နှယ်။

"ဘာတွေ တွေးနေပြန်ပြီလဲ"

သွမ့်ပိုင်ယွဲ့ ခပ်တိုးတိုးမေးလာ၏။

"ရှီးနန်စံအိမ်တော်ကို ငါရောက်ဖူးချင်လိုက်တာ"

"နောင်တစ်ချိန်ထိတောင် မစောင့်ချင်တော့ဘူးပေါ့"

သွမ့်ပိုင်ယွဲ့က ချူယွမ်၏ကိုယ်လုံးအား ပို၍တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ကာ -

"ဟုတ်ပါပြီ၊ အခုကိစ္စတွေ ရှင်းပြီးသွားတာနဲ့ မင်းကို ရှီးနန်လိုက်ပို့ပေးမယ်"

"အင်း"

ချူယွမ်လည်း မျက်၀န်းများမှေးစက်ပြီး ပြုံးရွှင်သွားလေ၏။

သွမ့်ပိုင်ယွဲ့လည်း သလွန်တော်ဘေးနားက ခန်းဆီးစကိုဖြုတ်ချလိုက်ပြီး လေးနက်သိပ်သည်းစွာ ပြန်လည်နမ်းရှိုက်လာသည်၊  ချူယွမ်လည်း အသာပင် မျက်နှာမော့ကာ ထိုအနမ်းမိုးများကို ခံယူလိုက်၏။ လက်နှစ်ဖက်လုံးကလည်း သွမ့်ပိုင်ယွဲ့၏ ချုပ်နှောင်ခြင်းထဲ ငြိမ်သက်လို့ ။ ဆီမီးတိုင်မှ မီးညွန့်မီးလျှံကလည်း ယိမ်းနွဲ့ကခုန်နေလျက်။

******

"မနေ့ကသင်လိုက်တဲ့ဟာနဲ့ ဒီနေ့သင်တဲ့ဟာက သိပ်လည်းမကွာသလိုပဲ"

သွမ့်ယောင် ထိုသို့ဆိုလာတော့ အဘိုးအိုကလည်း ပြန်ဖြေ၏။

"မင်းဆီမှာ သတိဉာဏ်ပညာ သိပ်မပြည့်၀သေးလို့လေ"

သွမ့်ယောင်တစ်ယောက် မျက်နှာမဲ့သွားရှာသည်။

"ကိစ္စမရှိပါဘူး။ သိုင်းပညာသင်တယ်ဆိုတာကလည်း သူ့အချိန်သင့်အခါသင့်လေး သင်မှ။ တချို့ကိစ္စတွေက အတင်းလုပ်ယူလို့မှမရဘဲ"

သွမ့်ယောင်က ခေါင်းညိတ်လိုက်နာလိုက်သည်။

"ရှစ်ဖူးလည်း အဲ့လိုမှာထားပါတယ်။ ဒါပေမယ့် အဘိုး..... ဒီလိုနှုန်းမျိုးနဲ့ သွားနေရင်တော့နောင်တော့်ကိုကူညီဖို့ ကျွန်တော် ဘယ်တော့မှ ဖန်ရှင်းစစ်တုရင်ကွက်ကို အနိုင်ယူနိုင်မှာတုန်း"

"သေချာပြောလို့ မရဘူး"

သွမ့်ယောင် သက်ပြင်းချမိသွား၏။

"ငါ လက္ခဏာဇာတာမကြည့်တတ်ပေမယ့် သူ အတော်လေး ကံဇာတာကောင်းမှန်း ကောင်းကောင်းကြီး သိတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် ဝဋ်လည်မယ်လေ။ ရှီးနန်၀မ်ကိုကြည့်ရသလောက်တော့..... ရုပ်သွင်ကလည်း ကြည်လင်ခန့်ညားတယ်၊ ယုတ်မာကောက်ကျစ်မယ့်လူစားလည်း မဟုတ်ဘူး၊ အဲ့ဒီတော့ သူ့ကံဇာတာက ကောင်းနေပါလိမ့်မယ်"

ဟုတ်သားပဲ၊ နောင်တော်က အချစ်နတ်ဘုရားကြီးလည်း ဖြစ်နေတာပဲဟာ၊ အဲ့တော့ ဘယ်ဘက်ကပဲကြည့်ကြည့် သက်တော်ရာကျော် ရှည်မယ့်လူမျိုးပါ။

အဘိုးအိုက သကြားမုန့်ချိုကို လှမ်းတို့လိုက်ကာ လျှာဖျားထက် အရသာခံလိုက်၏။ သွမ့်ယောင်က မနေနိုင်တော့ဘဲ -

"ထပ်မစားပါနဲ့တော့ ၊အဘိုးရယ်။ ကြာနေပြီဆိုတော့ မုန့်က သိုးတောင်သိုးတော့မှာ။ စားချင်တယ်ဆိုရင် ခဏနေ ကျွန်တော် မြို့ထဲကနေ သွား၀ယ်လာပေးပါ့မယ်"

အဘိုးအိုက ခေါင်းခါလိုက်ကာ -

"ကောင်းကောင်း မကောင်းကောင်း စားလို့ရပါသေးတယ်။ အမှတ်တရအနေနဲ့ သိမ်းထားချင်ရုံတင်"

သည်းနင့်သော လွမ်းဆွတ်တမ်းတမှု အရိပ်အယောင်များကို ခံစားလိုက်ရတော့ သံမ့်ယောင်လည်း ဘာဆိုဘာမှ ပြန်မပြောဖြစ်တော့။ အတန်ကြာတော့မှ ဆက်မေးလာ၏။

"ဒါဆိုလည်း အဘွားဖုန်းကူဆီ ကျွန်တော် အလည်သွားပေးမယ်လေ"

"ရပါတယ်၊ သူ့ကို အနှောင့်အယှက်သွားမပေးပါနဲ့တော့ ။ တစ်နှစ်မှတစ်ခါလောက် သွားကြည့်ပြီး သူ အသက်ရှင်နေသေးရဲ့လားဆိုတာ သိနေရရင် တော်ပါပြီ"

"ဟုတ်ကဲ့"

အဘ်ိုးအိုက ရင်ဘတ်ကိုဖိကာ ချောင်းတဟွတ်ဟွတ်ဆိုးလာ၏။ ထို့နောက် အားတင်းပြီးရပ်လိုက်ကာ အခန်းထဲ ပြန်၀င်သွားလေသည်။

သွမ့်ယောင်လည်း စစ်တုရင်များကို နေရာတကျပြန်စီလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြန်လည်စုစည်းလိုက်၏။ ထို့နောက်တွင်မှ တည်းခိုရာနန်းဆောင်သို့ ပြန်သွားသည်၊ သို့သော် အိပ်လို့မပျော်။

သို့နှင့် အိပ်နေရာမှပြန်ထလာကာ လျဲ့ယွင်ဓားကိုဆွဲပြီး မန်ကျင်းတည်းခိုဆောင်သို့ ထွက်သွားလိုက်သည်။

ကျင့်လျိုထျဲန်းက ညောင်စောင်းပေါ် ကမ္မဋ္ဌာန်း ကျင့်နေ၏။ လှုပ်ရှားသံကြားလိုက်သဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ အတော်အံ့သြသွားကာ -

"သွမ့်ရှောင်၀မ်ရယ်ပါလား၊ ဘယ်လိုလုပ်ပြီး ဒီအထိ ရောက်လာတာလဲခင်ဗျာ"

"မြိုင်နန်းသခင်ဆီကနေ အကြံပေးစကားလိုချင်လို့ပါ"

"ရှောင်၀မ်ရယ်သိပြီးသားနေမှာပါ၊ ဖေးလွမ်မြိုင်နန်းက နေ့တိုင်း အမှုလက်မခံတတ်ပါဘူး"

"တန်းစီရမယ်ဆိုတာ သိပါ့။ ဒါပေမယ့် ကျွန်တော်က စောင့်မှမစောင့်ချင်တော့ဘဲ"

သွမ့်ယောင်က အဆိပ်ပုလင်းငယ်တစ်ဘူးကို စားပွဲပေါ် ပစ်တင်လိုက်ကာ -

"ဒါလေးနဲ့ လဲမယ်လေ၊ အဆင်ပြေတယ်မလား"

ကျင့်လျိုထျဲန်းက သေချာကြည့်လိုက်သည်။

"မပြေဘူး"

"ပြေတယ်"

ကျင့်လျိုထျဲန်း အတော် ရယ်ချင်သွား၏။

"သွမ့်ရှောင်၀မ်ရယ်.....ဒီလိုလုပ်တာက တစ်ပါးသူကို အတင်းအကျပ် စေခိုင်းရာမရောက်ပေဘူးလား"

"ကျွန်တော်က သိုင်းလောကသားမှမယုတ်တာ၊ ဘာကိစ္စ သိုင်းလောကရဲ့ စည်းမျဥ်းဥပဒေတွေကို လိုက်နာနေရမှာလဲ။ ကျွန်တော်လာမေးချင်တဲ့ အကြောင်းအရာတစ်ခုပဲရှိတာ"

"ရတယ်လေ၊ ပြောကြည့်ပါဦး"

"သိုင်းလောကထဲမှာ ဖန်ရှင်းပုလဲလုံးနဲ့ ဖန်ရှင်းစစ်တုရင်အကြောင်း နှံ့နှံ့စပ်စပ် သိတဲ့လူ၊ သိုင်းပညာအဆင့်လည်းမြင့်တယ်၊ အမည်နာမကိုလည်း ဖုံးကွယ်ထားတယ်၊ ပိုင်ဆိုင်ခွင့်မရခဲ့တဲ့ ချစ်သူလည်း ရှိခဲ့ဖူးတဲ့လူတစ်ယောက်လို့...."

"ဖန်ရှင်းပုလဲနဲ့ ဖန်ရှင်းစစ်တုရင်အကြောင်း ရင်းနှီးတဲ့လူဆိုတော့ ချောင်ယာနဲ့ပတ်သက်မှု ရှိနေရမယ်။ အမည်နာမ မပြောပြတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေဆိုတာလည်း သိုင်းလောကမှာ များပြားလွန်းပါသဘိနဲ့ ။ ချစ်သူရည်းစားကိစ္စတွေပါ ပါလာတော့ ပိုလို့တောင် ပြောရခက်သေး။ သုံးချက်လုံး ပြန်စဥ်းစားလိုက်တော့ အဲ့လူကဘယ်သူမှန်း ကျွန်တော်လည်း မသိပါဘူး"

"ဒီမေးခွန်းကို မဖြေနိုင်ဘူးဆိုတော့ နောက်တစ်ခု ပြောင်းမေးမယ်"

ကျင့်လျိုထျဲန်း တကယ် ရယ်ချင်နေပြီဖြစ်၏။

"သွမ့်ရှောင်၀မ်ရယ်ကတော့ ရှီးနန်စံအိမ်တော်သား ပီသလိုက်တာ....."

လုံး၀ အကျောမခံသောပဲနော်.....။

"ကျွန်တော်ပြောပြလိုက်ရင် သူတို့နောက်လိုက်ပြီး သွားမရှုပ်ကြေး"

ကျင့်လျိုထျဲန်း ခေါင်းညိတ်လိုက်၏။

"စိတ်ချပါ ။ ဒီကျင့်၀တ်ကို ကျွန်တော်မျိုးတို့ဖေးလွမ်မြိုင်နန်းက အထူးလိုက်နာပါတယ်"

"အရင်ဆယ်စုနှစ်တွေတုန်းက ' ဖုန်း 'ဆိုတဲ့ နာမည်နဲ့ အမျိုးသမီးသိုင်းပညာရှင်ရှိခဲ့ဖူးလား"

"အင်း၊ အဲ့နာမည်နဲ့ဆို အနည်းဆုံး ဆယ်ယောက်လောက်တောင်ရှိတယ်"

"ဒါဆိုလည်း အချစ်လမ်းခရီးမှာ မဖြောင့်ဖြူးနိုင်ခဲ့တဲ့လူဆိုရင်ကော ဘယ်တစ်ယောက်လဲ"

"သိုင်းလောကရဲ့ အမျိုးသမီးအများစုကတော့ ချစ်ခရီးလမ်း ဖြောင့်ဖြူးတယ်ဆိုတာ ရှားလှပါတယ်။ ​ဒါပေမယ့် ​နှိုင်းယှဥ်ပြီးပြောရစတမ်းဆိုရင်တော့ ပိုင်ထိုဖုန်းဆိုတဲ့တစ်ယောက်ကတော့ အခက်ခဲဆုံးပဲလို့ ဆိုရမယ်"

"ဟုတ်ပြီ၊ သူ့အကြောင်း နားထောင်ချင်တယ် "
သွမ့်ယောင်က ချက်ချင်းပင် ထိုင်ခုံဆွဲပြီး ကျင့်လျိုထျဲန်းအနား ပို၍တိုးကပ်အောင် လာထိုင်၏။ စိတ်၀င်တစားရှိလှကြောင်း မျက်၀န်းများထက် လင်းလက်ထင်ဟပ်နေလို့။ကျင့်လျိုထျဲန်းပင် အတော် အံ့သြသွား၏။

"သွမ့်ရှောင်၀မ်ရယ်ကရော.... ဘာလို့ ဒီအကြောင်းတွေကို သိချင်နေတာလဲ"

သွမ့်ယောင် စိတ်ထဲမှသာ တွေးနေမိ၏။

အဲ့အဘိုးက ကုစားလို့မရတော့လောက်အောင် နာကျင်မှုတစ်ပွေ့တစ်ပိုက်နဲ့ တမြေ့မြေ့ ချစ်ကျွမ်း၀င်နေပြီးသား။ ဘေးကနေ သေချာစောင့်ရှောက်ပေးတဲ့သူမရှိရင် ဒီနှစ်ဆောင်းထိတောင် တောင့်ခံနိုင်ပါ့မလားမသိ။ ပြီးတော့ ခေါင်းမာပြီး သမားတော်နဲ့လည်း အတွေ့မခံဘူး ။ သူ့အတိတ်ဇာတ်လမ်းအကြောင်း သိခဲ့ရင်တော့ နည်းနည်းလောက် ပေါ့ပါးအောင် နှစ်သိမ့်ပေးနိုင်ကောင်းပါရဲ့။

*******

2020.07.30.

Thz for reading, giving stars and leaving lovely comments.

*******

အခန္း- ၅၆ ( ရုပ္သြင္အစစ္အမွန္က ဘယ္သူလဲ)

[လူေကာင္းမွန္ရင္ ကံလည္းေကာင္းမွာပါ]

ဆူးဟြိုင္ေတာင္နန္းမွာ ဧကရာဇ္အရွင္ စံျမန္းနားေနေတာ္မူရာ ယာယီနန္းေဆာင္ ေနာက္တစ္ခုပင္ျဖစ္သည္။ ေနရာအားျဖင့္ ယြင္တာၿမိဳ႔၏ ေတာင္အရပ္တြင္ တည္ရိွကာ အျခားနန္းေဆာင္မ်ားႏွင့္မတူသည္မွာ ႀကီးက်ယ္ထည္ဝါေသာအရိပ္အေငြ့မ်ိဳး ကိန္း၀ပ္မေနဘဲ တစ္မူထူးျခားေသာ ဗိသုကာလက္ရာမ်ားႏွင့္ သူ႔နည္းသူ႔ဟန္ တင့္ဆန္းလွပေနျခင္းပင္။

ဖန္တီးသူဗိသုကာပညာရွင္မ်ားမွာ ယန္ဇီျမစ္ေတာင္ပိုင္းမွလာေသာ က်န္းနန္နယ္သားမ်ားျဖစ္ၾကသျဖင့္ ဆူးဟြိုင္ေတာင္နန္းမွာ ေျမာက္ပိုင္းေဒသရိွ အျခားစံအိမ္ေတာ္မ်ားလို ထည္ဝါျခင္းမ်ိဳးမရိွ ။ ျဖဴလြလြနံရံ ၊ မဟူရာေရာင္ ေခါင္မိုးျပသာဒ္၊  ပန္းမာလာအသြင္ ထြင္းထုျဖစ္တည္ရစ္ေစေသာ ေလသာနန္းေဆာင္အသြယ္သြယ္ႏွင့္ သိမ္ေမြ့ရိုးရွင္းေသာအသြင္ဟန္ပန္သာ ရိွေပ၏။

*******

သန္းေခါင္ယံအခ်ိန္။

သြမ့္ေယာင္ႏွင့္နန္ေမာ္ယဲ့တို႔ႏွစ္ေယာက္သား တဲအိမ္ငယ္ဘက္အသြား ၊ သြမ့္ပိုင္ယြဲ႔ႀကီးႏွင့္ လမ္းမွာ တည့္တည့္ဆံုမိေလသည္။

သြမ့္ေယာင္ကေတာ့ အစ္ကိုျဖစ္သူကိုျမင္သည္ႏွင့္ ​ေနာက္သို႔ေျခႏွစ္လွမ္းဆုတ္လိုက္ကာ ဆရာျဖစ္သူ၏ အေနာက္ဘက္၌ အလိုလိုပုန္းခိုၿပီးသားပင္။

ထိုအျခင္းအရာကိုျမင္ေတာ့ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္သြားကာ-

"ဒီေလာက္ညဥ့္နက္ေနၿပီကို ဘယ္ေတြ သြားၾကဖို႔လဲ"

"မင္း....မင္းကေရာ၊ ဘယ္သြားဖို႔လဲ"

နန္ေမာ္ယဲ့လည္း မ်က္ေမွာင္ႀကီးၾကဳတ္ကာ ျပန္၍ အေမးထုတ္လိုက္၏။

"ဒီလမ္းက အိပ္ခန္းေဆာင္ဘက္ သြားတဲ့လမ္းပဲေလ "

"ေအး ေအး၊ ဟုတ္ၿပီ။ သြားစရာရိွတာ သြားေတာ့ေလ။ ငါတို႔လည္း အေဆာင္အျမန္ျပန္ၿပီး အနားယူေတာ့မလို႔ပဲ"

နန္ေမာ္ယဲ့က တပည့္ငယ္၏ လက္ကိုဆြဲကာ လာရာလမ္းအတိုင္း ျပန္လွည့္သြားသည္။

"ရပ္လိုက္စမ္း!!!!!!"

သြမ့္ပ္ုင္ယြဲ႔ထံမွ ထိုစကားကိုၾကားသည္ႏွင့္ နန္ေမာ္ယဲ့တို႔ကလည္း.....

ခ်က္ခ်င္းပင္ တစ္ခ်ိဳးတည္း သုတ္ေျခတင္ေျပးေတာ့သည္။

သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ အမီလိုက္လာၿပီး ေရ႔ွမွတားလိုက္သည္။ မ်က္၀န္းမ်ားကေတာ့ ေအးစက္ခက္ထန္ေနလ်က္။

"အမွန္အတိုင္းေျပာစမ္း....."

သြမ့္ေယာင္ခမ်ာ မိမိႏွလံုးသားငယ္ထက္ လက္ျဖင့္အသာဖိထားလိုက္ရရွာသည္။

"အဟမ္း အဟမ္း...ဟိုဘက္က တဲအိမ္ဆီ သြားၾကည့္မလားလို႔ပါ"

သြမ့္ပိုင္ယြဲ႔ သိပ္နားမလည္ေပ။

"အခုခ်ိန္က အရမ္းညဥ့္နက္ေနၿပီ၊ ဘာကိစၥ အဲ့အဘိုးဆီ သြားရမွာလဲ"

သြမ့္ေယာင္မ်က္လံုးမ်ားကေတာ့ ေတာင္ၾကည့္ေျမာက္ၾကည့္ ဟိုဟိုဒီဒီ ပတ္ၾကည့္ေန၏။

"ဒီရက္ပိုင္းေတြမွာ ေယာင္အာ သူ႔ဆီကေန သိုင္းပညာေတြသင္ယူေနတယ္"

သြမ့္ပိုင္ယြဲ႔ ပိုလို႔ေတာင္ အံ့ၾသသြားရေလၿပီ။

"သိုင္းပညာသင္ေပးေနတယ္၊ ဒါကို ရွစ္ဖူးလည္း အတိုင္းသား လက္ခံႏိုင္တယ္ေပါ့၊ ဟုတ္စ"

"အင္း"

ျဖစ္ႏိုင္ရင္ေတာ့ ဘယ္လိုလုပ္ၿပီး ၿငိမ္ခံခ်င္မွာလဲကြ။

နန္ေမာ္ယဲ့က မိမိ၀တ္ရံုစကို အသာဆုပ္ကိုင္မိသြားသည္။ သြမ့္ပိုင္ယြဲ႔က ပိုလို႔ေတာင္ သံသယ ၀င္သြား၏။

"ဆယ္ရက္ပဲသင္မွာ ေနာင္ေတာ္ရဲ့၊ ဘာမွ ခက္ခဲနက္နဲတဲ့ သိုင္းပညာမ်ိဳးလည္း မဟုတ္ရပါဘူး"

သြမ့္ေယာင္ကပါ ၾကားထဲ၀င္ၿပီး ေျဖရွင္းခ်က္ေပးလာ၏။

"က်င့္စဥ္နာမည္က"

သြမ့္ေယာင္က အားတင္းၿပီး သိုင္းက်င့္စဥ္တစ္ခုကို မုသားဆိုၾကည့္လိုက္၏။ သြမ့္ပိုင္ယြဲ႔က ထိုသို႔ၾကားေတာ့ ေခါင္းခါလိုက္ကာ -

"အေၾကာပိတ္က်င့္စဥ္လား။ အင္းပါ၊ သင္ခ်င္လည္း သင္ေပါ့၊ အဲ့အဘိုး သင္ေပးဖို႔ဆိုတာလည္း အေတာ္ရွားတဲ့အခြင့္ထူးပဲ"

"....."

"ကြၽန္ေတာ္ေတာ့ သန္ဘက္ခါက်ရင္ ဆူးဟြိုင္ေတာင္နန္းဆီ သြားရေတာ့မွာ။ အဲ့ေတာ့ ရွစ္ဖူးက ကြၽန္ေတာ္နဲ႔လိုက္ခဲ့မွာလား၊ ေယာင္အာနဲ႔ပဲ ေနခဲ့မွာလား"

နန္ေမာ္ယဲ့ အေတာ္ စိတ္ရႈပ္သြား၏။

တပည့္အငယ္ေလးကို သူ႔လက္ထဲထိ ဇြတ္အတင္း လာလုမည့္သူေပၚလာမွေတာ့ သူ႔မ်က္စိေအာက္မွာတင္ အရိပ္တၾကည့္ၾကည့္ ထားခ်င္ေနသည္။ တပည့္အႀကီးကို စမ္းသပ္စစ္ေဆးၾကည့္ျပန္ေတာ့လည္း ခႏၶာထဲက ေရႊခ်ည္ပိုးေကာင္ကမွာ ျပန္လည္ ထႂကြခါနီးျဖစ္ေနသည္။ တစ္ဖက္ရန္သူမွာ သရဲတစၧေလား၊ သာမန္လူသားပဲလားဆိုသည္ကိုပင္ တပ္အပ္ေသခ်ာ မသိရေသး။ ထို႔ေၾကာင့္ ထိုေတာင္နန္းသို႔ သြမ့္ပိုင္ယြဲ႔တစ္ေယာက္တည္း သြားေနခိုင္းလို႔လည္း သူ စိတ္မခ်ႏိုင္ျပန္။ နန္ေမာ္ယဲ့တစ္ေယာက္ အတန္ၾကာ ေသခ်ာေတြးေတာၾကည့္လိုက္ခါမွ-

"ေယာင္အာေတာ့ ဒီမွာပဲ ေနခဲ့လိုက္ပါ။ ရွစ္ဖူးကေတာ့ မင္းေနာင္ေတာ္နဲ႔ လိုက္ခဲ့မယ္"

"ဟုတ္ကဲ့။ မရီးေတာ္ကို ကာကြယ္ေစာင့္ေရွာက္ဖို႔ကိစၥကို ကြၽန္ေတာ့္တာ၀န္ထားပါ"

အရမ္းကို ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလး။

သြမ့္ပိုင္ယြဲ႔က ေယာင္အာ့ေခါင္းကို ခပ္ဖြဖြ ပုတ္လိုက္ၿပီးေနာက္ အိပ္ခန္းေဆာင္ဘက္သို႔ ျပန္သြားေလသည္။

ထိုအခါမွ သြမ့္ေယာင္သက္ျပင္းခ်လိုက္ကာ နန္ေမာ္ယဲ့အား ေမးလာ၏။

"ကြၽန္ေတာ္တို႔ ဘာေတြလုပ္ေနမွန္း ေနာင္ေတာ့္ကို ဘာလို႔ အကုန္ေျပာျပလို႔မရတာလဲဗ်"

"သူ႔မွာ ရင္ေလးစရာ ကိစၥေတြ အမ်ားႀကီး။တစ္ခုေလာက္ ေလ်ွာ့ေပါ့ေပးလိုက္ေတာ့လည္း ေကာင္းတာေပါ့။ သူ႔အတြက္ေၾကာင့္ မင္း သိုင္းက်င့္စဥ္ေတြ ထပ္သင္ေနမွန္းသိရင္ ေသခ်ာေပါက္ သူ လက္မခံေလာက္ဘူးေလ"

သြမ့္ေယာင္လည္း လိမၼာစြာ ေခါင္းညိတ္လိုက္၏။

နန္ေမာ္ယဲ့လည္း ေယာင္အာႏွင့္အတူ လမ္းသြယ္ေလးေပၚ ေလ်ွာက္လွမ္းေနရင္း သက္ျပင္းခ်လိုက္ကာ -

"မင္းလည္း ....ေနာင္တစ္ခ်ိန္က် မိန္းမယူေတာ့မယ္ဆိုရင္ ကိုယ့္အတြက္ကိုပါ အတၲႀကီးတတ္ရမယ္ ၾကားလား၊ အခ်စ္နတ္ဘုရားႀကီးလို မလုပ္ရဘူး "

"......"

​ၾသ.....

******

ေနာက္တစ္ရက္လြန္ေျမာက္ၿပီးေသာ္ သြမ့္ပိုင္ယြဲ႔လည္း ေနာက္လိုက္ငယ္သားမ်ားႏွင့္အတူ ဆူးဟြိုင္ေတာင္နန္းသို႔ ထြက္ခြာသြားေလၿပီ။ ရွီးနန္၀မ္ႀကီး ယြင္တာၿမိဳ႔သို႔ ေရာက္ေနပါၿပီဟူေသာ သတင္းပ်ံ့သြားသည္ႏွင့္ အိမ္ျပင္ေတာင္မထြက္ရဲၾကေသာ ၿမိဳ႔သူၿမိဳ႔သားမ်ားမွာ ယခုေတာ့ ေနထြက္မွသည္ေန၀င္သည့္ထိ အိမ္တြင္းပုန္းခ်င္သြားၾကေပ၏။

ဘာပဲျဖစ္ျဖစ္၊ ဟိုက ရွီးနန္၀မ္ပါဆို။ စိတ္ဓာတ္ရုန္႔ရင္းၾကမ္းတမ္းၿပီး အလိုေလာဘ ေသာက္ရမ္းႀကီးတယ္ဆိုတဲ့ လူႀကီး၊ အၿမဲလိုလို သာမန္လူနဲ႔မတူတဲ့ လူထူးလူဆန္းႀကီး။ ဒီတစ္ေခါက္ လာတယ္ဆိုတာကလည္း ဘာရည္ရြယ္ခ်က္နဲ႔ လာမွန္း မသိရဘူး၊ ေဝးေဝးေရွာင္ထားမွ ေတာ္ကာက်လိမ့္မယ္။

နန္ေမာ္ယဲ့ကေတာ့ ေတာင္နန္းသို႔ေရာက္ၿပီးေသာ္ ႏွံ႔စပ္ေအာင္ တစ္ပတ္ပတ္ၾကည့္လိုက္ကာ မွတ္ခ်က္ဆိုလာ၏။

"ဒီေတာင္နန္းက သိပ္မဆိုးဘူး.... တကယ္ ေပ်ာ္ေမြ့ဖို႔ေကာင္းတဲ့ ေနရာတစ္ခုပဲ"

သြမ့္ပိုင္ယြဲ႔ကေတာ့ လက္ဖက္ရည္ငွဲ႔ေသာက္ေနၿမဲ။ ထို႔ေနာက္ ကိုယ္လက္သန္႔စင္ရန္အတြက္ ေရႏြေးယူလာေပးရန္ အေႁခြအရံမ်ားကို မမွာလိုက္ရေသးခင္မွာပင္ သြမ့္ေန့ ေရာက္လာၿပီး အမတ္မင္းေထာင္ ေရာက္ေနၿပီျဖစ္ေၾကာင္း သတင္းေပးလာ၏။

နန္ေမာ္ယဲ့ကေတာ့ လက္ဆစ္ခ်ိဳးေနၿပီျဖစ္သည္။

"ရွစ္ဖူး ကိုယ္ထင္ထြက္ျပရဲလို႔ကေတာ့ ဒီေန့ကစၿပီး ေနာက္လ၀က္အထိ အသားဟင္းေပးမထိဘူး၊ ဒါပဲ"

"......."

"အဲ့ထက္လည္း ၾကာခ်င္ၾကာႏိုင္တယ္"

သြမ့္ပိုင္ယြဲ႔၏ ရာဇသံအဆံုးမွာေတာ့ နန္ေမာ္ယဲ့ခမ်ာ ၾကမ္းျပင္ေပၚ ပံုက်၊ ထိုင္ခ်လိုက္ေလ၏။

သြမ့္ပိုင္ယြဲ႔ကေတာ့ မိမိဝတ္ရံုကို ေသခ်ာေသသပ္ေအာင္ျပဳျပင္လိုက္ကာ တံခါးကိုလွစ္ဟၿပီး ထြက္သြားေလသည္။

******

မွန္းဆထားသည့္အတိုင္းပင္ ဧည့္ခန္းမႀကီးထဲတြင္ ပုေရာဟိတ္အမတ္မင္းႀကီးက လက္ဖက္ရည္ေသာက္ရင္း သြမ့္ပိုင္ယြဲ႔အား ထိုင္ေစာင့္ေန၏။ လ်ိဳမ်ိဳးရိုးပုန္ကန္စဥ္တုန္းက အျဖစ္ကို ေထာက္ဆရလ်ွင္ တစ္ဖက္လူက မိမိအသက္ကိုကယ္တင္ဖူးသည့္ေက်းဇူးေႂကြးက ရိွေနေသးသည္၊ ထို႔အျပင္ ဒီေနာက္ပိုင္းမွာလည္း ဘာျပႆနာမွမရွာေတာ့သည္မွာ ၾကာၿပီျဖစ္ရာ ပုေရာဟိတ္အမတ္မင္း၏ ကိုယ္ႏႈတ္အမူအယာမွာ အင္မတန္မွ လိႈက္လွဲေဖာ္ေရြဟန္ရေနေပသည္။ သြမ့္ပိုင္ယြဲ႔ ေရာက္လာသည္ကိုျမင္ေတာ့ လွမ္း၍ ၪီးၫႊတ္ဂါရ၀ျပဳလိုက္၏။

"ရွီးနန္၀မ္"

"ပုေရာဟိတ္အမတ္မင္း အရမ္းေဖာ္ေရြေနရန္ေကာ။ ပန္၀မ္းက အခုမွ ေတာင္နန္းထဲ ေျခခ်ရရံုတင္ရိွေသး ၊ အမတ္မင္းက ခ်က္ခ်င္း အေျပးလာႀကိဳေနေပၿပီ"

သြမ့္ပိုင္ယြဲ႔က လွမ္း၍ စေနာက္လိုက္သည္။

"မွန္ပါ့၊ ဒီလိုအေလာတႀကီးလာတာ အေတာ္ေလးအျမင္မေတာ္ေပမယ့္ ဧကရာဇ္အရွင္က ရွီးနန္၀မ္ကို အေတာ္ေလး စိုးရိမ္ေတာ္မူေန​လို႔ပါခင္ဗ်ာ ။ ဒီေတာင္နန္းက အေႁခြအရံေတြ ရွီးနန္ဝမ္အလိုေတာ္က် အလုပ္အေကြၽးမျပဳႏိုင္ရင္ခက္ရခ်ည္ရဲ့ဆိုၿပီး ကြၽန္ေတာ္မ်ိဳးကို ခ်က္ခ်င္းေစလႊတ္ၿပီး ႀကိဳဆိုခိုင္းလိုက္ပါတယ္။ ရွီးနန္၀မ္ စိတ္တိုင္းက် နားေနႏိုင္မွန္း ေသခ်ာေတာ့မွ ကြၽန္ေတာ္မ်ိဳးတို႔ဘက္က အိမ္ရွင္တာ၀န္ ေက်ပြန္မွာပ...."

သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ-

"ေတာင္နန္းေရ႔ွက ရႈခင္းေတြေတာ့ သိပ္မဆိုးဘူး။ ၾသ.....ဒါနဲ႔ အမတ္မင္းကို ေမးၾကည့္ပါရေစၪီး၊ ဧကရာဇ္အရွင္က ပန္၀မ္းကို ဘယ္ေတာ့မွ အခစား၀င္ခြင့္ျပဳမွာတဲ့လဲ"

"ရွီးနန္၀မ္ လာရတဲ့အေၾကာင္းရင္းက...."

"ေဆးလာပို႔တာေလ"

"ေဆးလာပို႔တာေလာက္ပဲဆိုရင္ေတာ့ ကြၽန္ေတာ္မ်ိဳးကိုပဲ လမ္းႀကံဳဆက္သခိုင္းလိုက္ပါေလ။ ဒီရက္ပိုင္း ဧကရာဇ္အရွင္လည္း မၾကာခဏ နာမက်န္းျဖစ္ေနတတ္တာကတစ္ေၾကာင္း ၊ ညီလာခံသဘင္က နန္းတြင္းေရးရာအမႈအခင္းကလည္း ရႈပ္ေထြးမ်ားေျမာင္ပါသဘိနဲ႔...... ဧကရာဇ္အရွင္ဆီ ရွီးနန္၀မ္ အခစား၀င္ခ်င္ရင္ေတာ့ ရက္အေတာ္ၾကာၾကာေလး ထပ္ေစာင့္ရပါလိမ့္မယ္ခင္ဗ်ာ"

"ကိစၥမရိွပါဘူး၊ ေစာင့္ႏိုင္ပါတယ္"

"........"

ဘာ.....ကိစၥမရိွပါဘူး ဟုတ္လား။

"ရွီးနန္စံအိမ္ေတာ္မွာ ဘာမွလုပ္စရာမရိွတာနဲ႔ အေတာ္ပဲ။ ယြင္တာၿမိဳ႔ရဲ့ေတာေတာင္သဘာ၀ ရႈခင္းအလွကို လာေရာက္ရႈစားတာလို႔ပဲ ပန္၀မ္းသေဘာထားလိုက္ပါ့မယ္"

ေထာင္လ်ဲန္တာ ေခါင္းထဲ ဆစ္ခနဲကိုက္ခဲသြား၏။

"ဒီလိုျပဳမူတာမ်ိဳးက သိပ္ၿပီး သင့္ေလ်ာ္မႈမရိွေၾကာင္းပါ ၊ ၀မ္ရယ္ခင္ဗ်ာ"

သြမ့္ပိုင္ယြဲ႔က ဟက္ခနဲရယ္လိုက္ကာ -

"ဟုတ္လား ၊ ဘယ္နားကမ်ား မသင့္မေလ်ာ္ျဖစ္ေနတာလဲ။ က်င္းထိုင္ေတာင္ ေရႊၿမိဳ႔ေတာ္ထဲ တစ္လနီးပါးေနသြားတာပဲမဟုတ္လား ။ ပန္၀မ္းက်ေတာ့ ဒီၿမိဳ႔မွာ ႏွစ္ရက္သံုးရက္ ဆက္ေနလို႔ေတာင္ မရဘူးေပါ့"

"ေကာင္လိ၀မ္ေရာက္လာတာက ဘ႑ာေတာ္ဆက္သဖို႔လာတာပါ၊ အေနၾကာသြားတယ္ဆိုတာကလည္း ႏွမေတာ္အတြက္ ၾကင္ယာဖက္ ရွာေပးေနရလို႔ပါ။ အလုပ္ေတြအရမ္းအားေနလို႔ ေလ်ွာက္လည္ေနတာမ်ိဳး မဟုတ္ရေၾကာင္းပါ ၊ ၀မ္ရယ္"

"ၾသ.....က်င္းထိုင္က ေရႊေငြဘ႑ာလာပို႔တာ၊ ပန္၀မ္းက ေဆးျမစ္ေတြလာပို႔တာတဲ့လား။ဆိုစမ္းပါၪီး၊ ေရႊေငြေတြ ဘယ္ေလာက္ပဲ ပံုေအာၿပီးေပးေပး ရွီးနန္ရဲ့ရွားပါးေဆးျမစ္တစ္ခ်ိဳ႕ကို ၀ယ္ႏိုင္မယ္ထင္လား"

ေထာင္လ်ဲန္တာ အေတာ္ပင္ တံု႔ဆိုင္းသြား၏။

ဘာေျပာေျပာ ၊ဒီေဆးက မင္းသား(၉)လိုခ်င္ေနတဲ့ေဆးႀကီးဟ။ ......အဲ့ေလာက္ေမတၲာတရားေပါမ်ားေနတဲ့ မင္းသား(၉)ရဲ့အက်င့္မ်ိဳးနဲ႔ေတာ့ ငါ၀င္မရႈပ္တာပဲ ေကာင္းပါတယ္ေလ။ မဟုတ္ရင္ ကိုယ္ပါမကလို႔ အရွင္မင္းျမတ္ကပါ ေခါင္းေတာ္ခဲေနရလိမ့္မယ္။

"အမတ္မင္းေထာင္၊ ဘာမ်ားေျပာခ်င္ေသးလဲ"

ေထာင္လ်ဲန္တာကပဲ လက္ေျမႇာက္အရႈံးေပးလိုက္ရေလ၏။

"ဝမ္ရယ္လည္း ခရီးေဝးကေနေရာက္လာရတာဆိုေတာ့ အရမ္းပင္ပန္းေနေလာက္ပါၿပီ။ ေစာေစာ အနားယူလိုက္ပါေလ..."

သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္လိုက္ကာ ခန္းမေဆာင္ႀကီးမွ ထြက္သြားေတာ့ေလ၏။

*****

နန္ေမာ္ယဲ့လည္း ထိုခါမွ အေဆာင္ေနာက္ဘက္မွ ထြက္လာသည္၊  လက္ထဲတြင္လည္း သစ္သီးတစ္လံုးႏွင့္။

"သူလည္း ဒီမွာတည္းမွာတဲ့လား"

"ကြၽန္ေတာ္ကို ေစာင့္ၾကည့္ဖို႔ လႊတ္လိုက္တာပါဆို ဒီမွာမတည္းဘဲ ဘယ္ေနရာသြားတည္းမွာလဲ။ ဒီဘိုးေတာ္ကေတာ့ေလ...ဘာပဲလုပ္လုပ္ စာအုပ္ႀကီးအတိုင္းပဲလုပ္တတ္တယ္၊ အဲ့အက်င့္က ဆယ္ႏွစ္ေက်ာ္သြားတာေတာင္ ေျပာင္းမသြားေသးဘူးပဲ"

"ႀကိဳဆိုဧည့္ခံတဲ့ စားေသာက္ပြဲေတာင္မရိွဘူးတဲ့ကြာ"

နန္ေမာ္ယဲ့ ႏႈတ္ခမ္းႀကီးဆူလ်က္ သိပ္မေက်နပ္။

"ဒီအမတ္ေတြ ဒီေလာက္ေလးကိုေတာင္ အရိပ္အကဲမသိတတ္ရင္လည္း အလုပ္ကိုလုပ္မေနနဲ႔ေတာ့။ ဘယ္သူကမ်ား ရွီးနန္စံအိမ္ေတာ္ကလူေတြနဲ႔ ထမင္းလက္ဆံုစားရဲမွာတဲ့လဲ"

"ေအး၊ ၾကားရတာ စိတ္ဓာတ္က်စရာပဲကြာ"

"ဒီလိုကမွ ပိုေကာင္းေသး"

သြမ့္ပိုင္ယြဲ႔ကေတာ့ လံုးဝမၿဖံဳ။

မဟုတ္ရင္ အဲ့အမတ္မင္းမ်က္ႏွာကိုပဲ ထပ္ျမင္ေနရၪီးမယ္။ အရမ္း အရသာထူးကဲတဲ့ ဟင္းလ်ာျဖစ္ေနရင္ေတာင္ သူ႔မ်က္ႏွာနဲ႔ဆို မ်ိဳဆို႔လို႔ကို ရမွာမဟုတ္ဘူး။

******

ေမွာင္ရီသမ္းစ ျပဳေခ်ၿပီ။ 

ေကာင္းကင္ယံမွသည္ ၀သုန္ေျမထက္သို႔ မိုးစက္မ်ားျဖင့္ ျဖန္႔က်က္သြန္းၿဖိဳးေပးေန၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ သလြန္ေပၚ လဲေလ်ာင္းေနဆဲျဖစ္ကာ အိပ္လို႔မေပ်ာ္ႏိုင္ေသး။ ထိုစဥ္ အျပင္ဘက္မွ အသံတစ္ခုၾကားလိုက္ရသျဖင့္ ထၿပီးတံခါးဖြင့္ေပးလိုက္သည္။
.
.
ခ်ူယြမ္ျဖစ္ေနသည္ပင္။
.
.
ႏွင္းမိုးမ်ားၾကား ငြားငြားစြင့္စြင့္ပြင့္လန္းေနေသာ ေမဟြားပန္းပံု ေရးျခယ္ထားသည့္ ထီးတစ္ေခ်ာင္း၏ အရိပ္ေအာက္တြင္ ခိုနားလ်က္.... မိုးစက္မ်ားၾကား သူ႔အား ၿပံဳးျပေနေသာ ထိုလူသားမွာ အမွန္တကယ္ပင္ ခ်ူယြမ္ပင္ ျဖစ္ေနေပ၏။

"မင္း...."

သြမ့္ပိုင္ယြဲ႔ အေတာ္ပင္ အံ့အားသင့္သြား၏။ ေနာက္ေတာ့ တစ္ဖက္လူႏွင့္အတူလိုက္ပါ ၿပံဳးမိသြားကာ ခ်ူယြမ္ရိွရာသို႔ အျမန္ေလ်ွာက္လွမ္းသြားၿပီး မိမိရင္ခြင္ထဲ ေပြ့ဖက္ထားလိုက္သည္။ ထို႔ေနာက္ တိုးလ်စြာျဖင့္ ႏွစ္ကိုယ္ၾကားဆိုလာ၏။

"ကိုယ္ ေျပာၿပီးသားမဟုတ္လား၊ အေဆာင္မွာပဲ ေအးေဆး အနားယူပါဆိုေန"

"မင္း အဆြေကာင္းလို႔ ပုေရာဟိတ္အမတ္မင္းမ်ား စိတ္တိုၿပီးေမ့လဲသြားမလားလို႔ လာၾကည့္တာ"

ခ်ူယြမ့္ပခံုးထက္တြင္ မိုးရစက္မ်ား တြဲေလာင္းခိုေနလ်က္ရိွ၏။ ႏွာဖ်ားေလးကလည္း ေအးစက္ေနလ်က္။

သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ့္လက္ထဲမွထီးကိုလွမ္းယူၿပီး မိုးေပးလိုက္ကာ မိမိအိပ္ခန္းေဆာင္ရိွရာသို႔ ခ်ူယြမ္အား ေခၚေဆာင္လာ၏။

နန္ေမာ္ယဲ့ကေတာ့ ေဘးအေဆာင္မွ ၾကည့္ေနကာ ပီတိေဝျဖာေနရွာသည္။

ဒီေလာက္ႏွစ္အၾကာႀကီးေစာင့္လာတာ၊ အခုမွ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္တန္းေတြ စျမင္လာရသလိုပဲ။

*****

သို႔ႏွင့္ အေႁခြအရံမ်ားမွာ ရွီးနန္၀မ္၏ အိပ္ခန္းေဆာင္သို႔ အျမန္ပင္ေရႏြေးလာေရာက္ဆက္သၾကရေလၿပီ။ ခ်ူယြမ္ကေတာ့ ေရႏြေးဇလံုထဲစိမ္ေနကာ ဇလံုႏႈတ္ခမ္းေဘာင္ေပၚ ပ်င္းရိေလးတြဲ႔စြာ ေမးကိုတင္ထားၿပီး သြမ့္ပိုင္ယြဲ႔အား ရန္ထေတြ့၏။

"ဘာေတြ ၾကည့္ေနတာလဲ"

"မင္းကို ၾကည့္ေနတာေလ"

ေဘးနားရိွ ထိုင္ခံုအပုေလးေပၚထိုင္ကာ လက္ႏွစ္ဖက္စလံုး ေမးကိုေထာက္ရင္း သူ႔အားေငးၾကည့္ေနေသာ သြမ့္ပိုင္ယြဲ႔က ​ေအးေဆးတည္ၿငိမ္စြာသာ ေျဖလာသည္။

ခ်ူယြမ္က ၿပံဳးလိုက္ကာ -

"ငတံုးေလး"

"မင္းကမွ ေရအတူတူ ေပးမခ်ိဳးတာ...."

ခ်ူယြမ္က ေခတၲမ်ွ စဥ္းစားလိုက္ၿပီးေနာက္ ေရစက္မ်ားကို လြင့္စင္ေအာင္ သြမ့္ပိုင္ယြဲ႔ထံေတာက္ပစ္လိုက္ကာ -

"အင္း၊ ဟုတ္တယ္။ ဒီထဲ၀င္မလာနဲ႔"

"မနက္ျဖန္က် ျပန္သြားရၪီးမွာလား"

"အင္း၊ ညဥ့္နက္မျွပန္မယ္။ သန္ဘက္ခါမနက္က် အစည္းအေဝးရိွလို႔"

သြမ့္ပိုင္ယြဲ႔က ထိုင္ခံုကို ခ်ူယြမ္နားေရာက္ေအာင္ ထပ္ေရႊ့လာလိုက္ကာ -

"အင္း၊ ဒါဆို မနက္ျဖန္က် ကိုယ္လည္း ဘယ္မွမသြားေတာ့ဘူး။ မဟုတ္ရင္ အဲ့အမတ္မင္းနဲ႔ သြားတိုးေနပါၪီးမယ္"

ေျပာလို႔မွမဆံုးေသး၊ အိပ္ခန္းေဆာင္ေရ႔ွမွေျခသံတစ္ခုၾကားလိုက္ရကာ တစ္ဆက္တည္းမွာပင္ ေထာင္လ်ဲန္တာ၏ ေအာ္သံကိုပါ ၾကားလိုက္ရသည္။

"ရွီးနန္၀မ္ အနားယူေနၿပီလားခင္ဗ်ာ"

ခ်ူယြမ္တစ္ေယာက္ လက္ျဖင့္ မ်က္ႏွာကို အလိုလို အုပ္မိလ်က္သား။ထိုတုန္႔ျပန္ခ်က္ေလးကိုျမင္ေတာ့ သြမ့္ပိုင္ယြဲ႔ႏႈတ္ခမ္းေထာင့္စြန္းမ်ား သေဘာက်စြာ ေကြးၫႊတ္သြားေလသည္။ ခ်ူယြမ္က တံခါးျမန္ျမန္သြားဖြင့္ၿပီး ကိစၥရွင္းလိုက္ေလဆိုသည့္သေဘာ သူ႔အား မ်က္ရိပ္မ်က္ေျချပလာ၏။

သြမ့္ပိုင္ယြဲ႔လည္း သက္ျပင္းခ်လိုက္ကာ ေအးစက္စြာၿပံဳးၿပီးေနာက္ တံခါးသြားဖြင့္ေပးလိုက္ေလသည္။

"ဒီေလာက္ညဥ့္နက္ေနၿပီကို.... အမတ္မင္း ဘာကိစၥရိွလို႔ပါလဲ"

ေထာင္လ်ဲန္တာက လက္ထဲမွ ဆီစိမ္စကၠူထုပ္ကို ကမ္းေပးလာသည္။

"ညက်မွ ဗိုက္ထဆာေနမွာစိုးလို႔ပါ"

သြမ့္ပိုင္ယြဲ႔လည္း ထိုစကၠူထုပ္ကို ယူထားလိုက္ကာ ေလသံကို မနည္းထိန္းခ်ဳပ္လိုက္ၿပီး -

"ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

"ဒါဆိုလည္း ခြင့္ျပဳပါၪီး"

ေထာင္လ်ဲန္တာလည္း အရမ္းကို ရိုက်ိဳးသိမ္ေမြ့ျပေနသည္။ ရိုက္ပုတ္ထုေထာင္းခ်င္ရင္ေတာင္ ရိုက္စရာအေၾကာင္းျပခ်က္ဆိုလို႔ တစ္စက္မွ မရိွေစရေအာင္ ရိုက်ိဳးျပေနသည္။

သြမ့္ပိုင္ယြဲ႔လည္း အခန္းထဲျပန္၀င္လာၿပီး စားပြဲခံုထက္ ထိုၾကက္ေျခေထာက္အထုပ္ကို တင္ထားလိုက္၏။

"မင္း ဗိုက္ဆာတယ္လို႔အေၾကာင္းျပၿပီး ညႀကီးသန္းေခါင္ မဟုတ္တရုတ္ထလုပ္ဖို႔ ထြက္သြားမွာစိုးလို႔ထင္ပါတယ္။ အဲ့လိုနဲ႔ပဲ အခန္းေရ႔ွထိ မုန္႔လာပို႔ေပးလိုက္တာေနမယ္"

"သူ႔ကို ျမန္ျမန္ ျပန္ေခၚသြားဖို႔ အစီအစဥ္ မရိွေတာ့ဘူးလားဟင္။ ကိုယ့္အတြက္ကို ထည့္မတြက္ေသးနဲ႔၊ လန္ဂ်ီးတကယ္ထြက္လာတဲ့အခ်ိန္က် အဲ့အမတ္မင္းက တကယ့္ ၀န္ထုပ္၀န္ပိုးႀကီး ျဖစ္ေနမွာေနာ္"

"သူက တာ၀န္အရလာတဲ့လူပါ၊ ညေနက်ရင္ လူလဲေတာ့မွာေလ။ လာလဲေပးမယ့္လူက သူရိယစႏၵာေတာင္စခန္းက သိုင္းပညာရွင္တစ္ေယာက္ပဲ၊ နာမည္က ကုန္းေဖးတဲ့။ သူက ေရႊၿမိဳ႔ေတာ္ကို ခုမျွပန္ေရာက္လာေတာ့ ဘာရာထူးအတည္တက်မွ မေပးရေသးဘူး။ အေရးႀကံဳရင္ေတာ့ အားကိုးလို႔ရပါတယ္"

သြမ့္ပိုင္ယြဲ႔က ေဘးနားက တဘက္အထူႀကီးတစ္ထည္ကို လွမ္းယူလိုက္ကာ -

"ေရေတြ ေအးကုန္ေတာ့မယ္၊ ျပန္ထြက္လာေတာ့"

သြမ့္ပိုင္ယြဲ႔သတိမမူလိုက္ရေသးခင္မွာပင္  ခ်ူယြမ္က သူ႔လက္မ်ားအားေရွာင္လိုက္ကာ  ေရစိုအ၀တ္ျဖင့္ ထရပ္ၿပီးျဖစ္ေနေလ၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ ေခတၲမ်ွ မွင္သက္သြားၿပီး ထို႔ေနာက္မွာေတာ့ အလိုက္သိစြာ အၾကည့္လႊဲေပးလိုက္ကာ ခ်ူယြမ္ထံ တဘက္ကိုလွမ္းေပးလိုက္သည္။

ခ်ူယြမ္လည္း ဆံႏြယ္မ်ားကို ေရစင္ေအာင္တဘက္ျဖင့္ သုတ္လိုက္ကာ အတြင္း၀တ္ရံုေတာ္လဲေတာ့မည္အျပဳ၊ တစ္ေယာက္ေသာသူက စိတ္ေျပာင္းသြားေလသျဖင့္ ခ်ူယြမ့္ကိုယ္လံုးအား လွမ္း၍ဆြဲကာ ရင္ခြင္ထဲသိမ္းပိုက္ခ်ဳပ္ေနွာင္ထားလိုက္ေတာ့သည္။

"အတင့္ရဲေနတယ္ေပါ့....."

ခ်ူယြမ္က သူ႔ထံ မ်က္၀န္းမ်ားလွပ္ၾကည့္ရင္း ဆို၏။

"မဟုတ္တာ၊ ဒါမ်ိဳးကို အလိုလိုက္ခံရလြန္းလို႔ ေရာင့္တက္တယ္လို႔ ေခၚတယ္"

သြမ့္ပိုင္ယြဲ႔က သူ႔အား ေပြ့ၿပီး ခ်ီမလိုက္၏။

"ေသခ်ာေတြးၾကည့္လိုက္ေတာ့ .....အရွင္မင္းျမတ္က ကြၽန္ေတာ္မ်ိဳးသာျဖစ္ေနရင္ ဘာအျပစ္မ်ိဳးမွ မေပးရက္ဘဲ....."

ခ်ူယြမ္လည္း သြမ့္ပိုင္ယြဲ႔လည္တိုင္အား ရစ္တြယ္သိုင္းဖက္လိုက္သည္။ ထို႔ေနာက္ မ်က္၀န္းမ်ားအားမိွတ္လိုက္ကာ အနမ္းမ်ား စတင္ေပးအပ္လာေလသည္။

သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္အား သလြန္ေတာ္ထက္ ခ်ကာ အုပ္မိုးထားလိုက္၏။ ထိုႏႈတ္ခမ္းႏွစ္လႊာကေတာ့ တစ္ခဏေလးမ်ွပင္ ခြဲခြာမသြားေစရ။

စည္းပါးပါးေလး တားကာ ႏွစ္ေယာက္သား ႏွစ္ေပါင္းမ်ားစြာ ေစာင့္စည္းထိန္းသိမ္းလာခဲ့ၿပီးသားမို႔ ထိုစည္းကို ေက်ာ္ျဖတ္ဖူးၿပီးသြားကတည္းက ဘာကိုမွ မ်ိဳသိပ္မထားခ်င္ေတာ့၊ ဤအတိုင္းသာ အၿမဲမခြဲမခြာ ႏွစ္ကိုယ္တူသာ ယွဥ္တြဲေနထိုင္ခ်င္သြား၏။ ဆယ္ရက္ဆိုလည္းရသည္၊ ဆယ္ႏွစ္ဆိုလည္းျဖစ္သည္ ၊ ဘ၀တစ္သက္လံုးဆိုလ်ွင္ေတာ့အေကာင္းဆံုးပဲေပါ့။

အျပင္ဘက္တြင္ မိုးရြာေနဆဲပင္ျဖစ္သည္။

သြမ့္ပိုင္ယြဲ႔က မိမိခႏၶာေအာက္က လူသား၏ လွပေက်ာ့ရွင္းလွေသာ မ်က္ႏွာျပင္အား တစ္ေနရာမွမက်န္ရစ္ေစဘဲ လိုက္လံေငးၾကည့္ေန၏။ အခုလက္ရိွ အခ်ိန္ေလးအား ႏွလံုးသားထက္ မေပ်ာက္မပ်က္ မွတ္ေက်ာက္တင္ခ်င္သည့္ႏွယ္။

ခ်ူယြမ္၏ လက္ႏွစ္ဖက္ကေတာ့ သြမ့္ပိုင္ယြဲ႔၏ ရင္ခြင္က်ယ္အား အနည္းငယ္ တြန္းထား၏။ လက္ဖဝါးျပင္ထက္မွတစ္ဆင့္ ခံစားသိရိွႏိုင္ေပေသာ သြမ့္ပိုင္ယြဲ႔၏ ႂကြက္သားစိုင္မ်ား ထင္ရွားေနလို႔။ အရင္ႏွစ္မ်ားကတည္းက ရခဲ့ေသာ အမာရြတ္မ်ားလည္း လံုး၀မေပ်ာက္မပ်က္ဘဲ ရိွေနေသး၏။ထိုအမာရြတ္မ်ားကပင္  အဆမ်ားစြာ ေခ်ာေမာခန္႔ညားေစသည့္ႏွယ္။

"ဘာေတြ ေတြးေနျပန္ၿပီလဲ"

သြမ့္ပိုင္ယြဲ႔ ခပ္တိုးတိုးေမးလာ၏။

"ရွီးနန္စံအိမ္ေတာ္ကို ငါေရာက္ဖူးခ်င္လိုက္တာ"

"ေနာင္တစ္ခ်ိန္ထိေတာင္ မေစာင့္ခ်င္ေတာ့ဘူးေပါ့"

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ကိုယ္လံုးအား ပို၍တင္းက်ပ္စြာ ေပြ့ဖက္ထားလိုက္ကာ -

"ဟုတ္ပါၿပီ၊ အခုကိစၥေတြ ရွင္းၿပီးသြားတာနဲ႔ မင္းကို ရွီးနန္လိုက္ပို႔ေပးမယ္"

"အင္း"

ခ်ူယြမ္လည္း မ်က္၀န္းမ်ားေမွးစက္ၿပီး ၿပံဳးရႊင္သြားေလ၏။

သြမ့္ပိုင္ယြဲ႔လည္း သလြန္ေတာ္ေဘးနားက ခန္းဆီးစကိုျဖဳတ္ခ်လိုက္ၿပီး ေလးနက္သိပ္သည္းစြာ ျပန္လည္နမ္းရိႈက္လာသည္၊  ခ်ူယြမ္လည္း အသာပင္ မ်က္ႏွာေမာ့ကာ ထိုအနမ္းမိုးမ်ားကို ခံယူလိုက္၏။ လက္ႏွစ္ဖက္လံုးကလည္း သြမ့္ပိုင္ယြဲ႔၏ ခ်ဳပ္ေနွာင္ျခင္းထဲ ၿငိမ္သက္လို႔ ။ ဆီမီးတိုင္မွ မီးၫြန္႔မီးလ်ွံကလည္း ယိမ္းႏြဲ႔ကခုန္ေနလ်က္။

******

"မေန့ကသင္လိုက္တဲ့ဟာနဲ႔ ဒီေန့သင္တဲ့ဟာက သိပ္လည္းမကြာသလိုပဲ"

သြမ့္ေယာင္ ထိုသို႔ဆိုလာေတာ့ အဘိုးအိုကလည္း ျပန္ေျဖ၏။

"မင္းဆီမွာ သတိဉာဏ္ပညာ သိပ္မျပည့္၀ေသးလို႔ေလ"

သြမ့္ေယာင္တစ္ေယာက္ မ်က္ႏွာမဲ့သြားရွာသည္။

"ကိစၥမရိွပါဘူး။ သိုင္းပညာသင္တယ္ဆိုတာကလည္း သူ႔အခ်ိန္သင့္အခါသင့္ေလး သင္မွ။ တခ်ိဳ႕ကိစၥေတြက အတင္းလုပ္ယူလို႔မွမရဘဲ"

သြမ့္ေယာင္က ေခါင္းညိတ္လိုက္နာလိုက္သည္။

"ရွစ္ဖူးလည္း အဲ့လိုမွာထားပါတယ္။ ဒါေပမယ့္ အဘိုး..... ဒီလိုႏႈန္းမ်ိဳးနဲ႔ သြားေနရင္ေတာ့ေနာင္ေတာ့္ကိုကူညီဖို႔ ကြၽန္ေတာ္ ဘယ္ေတာ့မွ ဖန္ရွင္းစစ္တုရင္ကြက္ကို အႏိုင္ယူႏိုင္မွာတုန္း"

"ေသခ်ာေျပာလို႔ မရဘူး"

သြမ့္ေယာင္ သက္ျပင္းခ်မိသြား၏။

"ငါ လကၡဏာဇာတာမၾကည့္တတ္ေပမယ့္ သူ အေတာ္ေလး ကံဇာတာေကာင္းမွန္း ေကာင္းေကာင္းႀကီး သိတယ္။ ေကာင္းတာလုပ္ရင္ ေကာင္းတာရမယ္၊ မေကာင္းတာလုပ္ရင္ ဝဋ္လည္မယ္ေလ။ ရွီးနန္၀မ္ကိုၾကည့္ရသေလာက္ေတာ့..... ရုပ္သြင္ကလည္း ၾကည္လင္ခန္႔ညားတယ္၊ ယုတ္မာေကာက္က်စ္မယ့္လူစားလည္း မဟုတ္ဘူး၊ အဲ့ဒီေတာ့ သူ႔ကံဇာတာက ေကာင္းေနပါလိမ့္မယ္"

ဟုတ္သားပဲ၊ ေနာင္ေတာ္က အခ်စ္နတ္ဘုရားႀကီးလည္း ျဖစ္ေနတာပဲဟာ၊ အဲ့ေတာ့ ဘယ္ဘက္ကပဲၾကည့္ၾကည့္ သက္ေတာ္ရာေက်ာ္ ရွည္မယ့္လူမ်ိဳးပါ။

အဘိုးအိုက သၾကားမုန္႔ခ်ိဳကို လွမ္းတို႔လိုက္ကာ လ်ွာဖ်ားထက္ အရသာခံလိုက္၏။ သြမ့္ေယာင္က မေနႏိုင္ေတာ့ဘဲ -

"ထပ္မစားပါနဲ႔ေတာ့ ၊အဘိုးရယ္။ ၾကာေနၿပီဆိုေတာ့ မုန္႔က သိုးေတာင္သိုးေတာ့မွာ။ စားခ်င္တယ္ဆိုရင္ ခဏေန ကြၽန္ေတာ္ ၿမိဳ႔ထဲကေန သြား၀ယ္လာေပးပါ့မယ္"

အဘိုးအိုက ေခါင္းခါလိုက္ကာ -

"ေကာင္းေကာင္း မေကာင္းေကာင္း စားလို႔ရပါေသးတယ္။ အမွတ္တရအေနနဲ႔ သိမ္းထားခ်င္ရံုတင္"

သည္းနင့္ေသာ လြမ္းဆြတ္တမ္းတမႈ အရိပ္အေယာင္မ်ားကို ခံစားလိုက္ရေတာ့ သံမ့္ေယာင္လည္း ဘာဆိုဘာမွ ျပန္မေျပာျဖစ္ေတာ့။ အတန္ၾကာေတာ့မွ ဆက္ေမးလာ၏။

"ဒါဆိုလည္း အဘြားဖုန္းကူဆီ ကြၽန္ေတာ္ အလည္သြားေပးမယ္ေလ"

"ရပါတယ္၊ သူ႔ကို အေနွာင့္အယွက္သြားမေပးပါနဲ႔ေတာ့ ။ တစ္ႏွစ္မွတစ္ခါေလာက္ သြားၾကည့္ၿပီး သူ အသက္ရွင္ေနေသးရဲ့လားဆိုတာ သိေနရရင္ ေတာ္ပါၿပီ"

"ဟုတ္ကဲ့"

အဘ္ိုးအိုက ရင္ဘတ္ကိုဖိကာ ေခ်ာင္းတဟြတ္ဟြတ္ဆိုးလာ၏။ ထို႔ေနာက္ အားတင္းၿပီးရပ္လိုက္ကာ အခန္းထဲ ျပန္၀င္သြားေလသည္။

သြမ့္ေယာင္လည္း စစ္တုရင္မ်ားကို ေနရာတက်ျပန္စီလိုက္ၿပီး စိတ္တည္ၿငိမ္ေအာင္ ျပန္လည္စုစည္းလိုက္၏။ ထို႔ေနာက္တြင္မွ တည္းခိုရာနန္းေဆာင္သို႔ ျပန္သြားသည္၊ သို႔ေသာ္ အိပ္လို႔မေပ်ာ္။

သို႔ႏွင့္ အိပ္ေနရာမျွပန္ထလာကာ လ်ဲ့ယြင္ဓားကိုဆြဲၿပီး မန္က်င္းတည္းခိုေဆာင္သို႔ ထြက္သြားလိုက္သည္။

က်င့္လ်ိဳထ်ဲန္းက ေညာင္ေစာင္းေပၚ ကမၼ႒ာန္း က်င့္ေန၏။ လႈပ္ရွားသံၾကားလိုက္သျဖင့္ မ်က္လံုးဖြင့္ၾကည့္လိုက္ရာ အေတာ္အံ့ၾသသြားကာ -

"သြမ့္ေရွာင္၀မ္ရယ္ပါလား၊ ဘယ္လိုလုပ္ၿပီး ဒီအထိ ေရာက္လာတာလဲခင္ဗ်ာ"

"ၿမိဳင္နန္းသခင္ဆီကေန အႀကံေပးစကားလိုခ်င္လို႔ပါ"

"ေရွာင္၀မ္ရယ္သိၿပီးသားေနမွာပါ၊ ေဖးလြမ္ၿမိဳင္နန္းက ေန့တိုင္း အမႈလက္မခံတတ္ပါဘူး"

"တန္းစီရမယ္ဆိုတာ သိပါ့။ ဒါေပမယ့္ ကြၽန္ေတာ္က ေစာင့္မွမေစာင့္ခ်င္ေတာ့ဘဲ"

သြမ့္ေယာင္က အဆိပ္ပုလင္းငယ္တစ္ဘူးကို စားပြဲေပၚ ပစ္တင္လိုက္ကာ -

"ဒါေလးနဲ႔ လဲမယ္ေလ၊ အဆင္ေျပတယ္မလား"

က်င့္လ်ိဳထ်ဲန္းက ေသခ်ာၾကည့္လိုက္သည္။

"မေျပဘူး"

"ေျပတယ္"

က်င့္လ်ိဳထ်ဲန္း အေတာ္ ရယ္ခ်င္သြား၏။

"သြမ့္ေရွာင္၀မ္ရယ္.....ဒီလိုလုပ္တာက တစ္ပါးသူကို အတင္းအက်ပ္ ေစခိုင္းရာမေရာက္ေပဘူးလား"

"ကြၽန္ေတာ္က သိုင္းေလာကသားမွမယုတ္တာ၊ ဘာကိစၥ သိုင္းေလာကရဲ့ စည္းမ်ဥ္းဥပေဒေတြကို လိုက္နာေနရမွာလဲ။ ကြၽန္ေတာ္လာေမးခ်င္တဲ့ အေၾကာင္းအရာတစ္ခုပဲရိွတာ"

"ရတယ္ေလ၊ ေျပာၾကည့္ပါၪီး"

"သိုင္းေလာကထဲမွာ ဖန္ရွင္းပုလဲလံုးနဲ႔ ဖန္ရွင္းစစ္တုရင္အေၾကာင္း ႏွံ႔ႏွံ့စပ္စပ္ သိတဲ့လူ၊ သိုင္းပညာအဆင့္လည္းျမင့္တယ္၊ အမည္နာမကိုလည္း ဖံုးကြယ္ထားတယ္၊ ပိုင္ဆိုင္ခြင့္မရခဲ့တဲ့ ခ်စ္သူလည္း ရိွခဲ့ဖူးတဲ့လူတစ္ေယာက္လို႔...."

"ဖန္ရွင္းပုလဲနဲ႔ ဖန္ရွင္းစစ္တုရင္အေၾကာင္း ရင္းႏွီးတဲ့လူဆိုေတာ့ ေခ်ာင္ယာနဲ႔ပတ္သက္မႈ ရိွေနရမယ္။ အမည္နာမ မေျပာျပတဲ့ အဆင့္ျမင့္က်င့္ႀကံသူေတြဆိုတာလည္း သိုင္းေလာကမွာ မ်ားျပားလြန္းပါသဘိနဲ႔ ။ ခ်စ္သူရည္းစားကိစၥေတြပါ ပါလာေတာ့ ပိုလို႔ေတာင္ ေျပာရခက္ေသး။ သံုးခ်က္လံုး ျပန္စဥ္းစားလိုက္ေတာ့ အဲ့လူကဘယ္သူမွန္း ကြၽန္ေတာ္လည္း မသိပါဘူး"

"ဒီေမးခြန္းကို မေျဖႏိုင္ဘူးဆိုေတာ့ ေနာက္တစ္ခု ေျပာင္းေမးမယ္"

က်င့္လ်ိဳထ်ဲန္း တကယ္ ရယ္ခ်င္ေနၿပီျဖစ္၏။

"သြမ့္ေရွာင္၀မ္ရယ္ကေတာ့ ရွီးနန္စံအိမ္ေတာ္သား ပီသလိုက္တာ....."

လံုး၀ အေက်ာမခံေသာပဲေနာ္.....။

"ကြၽန္ေတာ္ေျပာျပလိုက္ရင္ သူတို႔ေနာက္လိုက္ၿပီး သြားမရႈပ္ေၾကး"

က်င့္လ်ိဳထ်ဲန္း ေခါင္းညိတ္လိုက္၏။

"စိတ္ခ်ပါ ။ ဒီက်င့္၀တ္ကို ကြၽန္ေတာ္မ်ိဳးတို႔ေဖးလြမ္ၿမိဳင္နန္းက အထူးလိုက္နာပါတယ္"

"အရင္ဆယ္စုႏွစ္ေတြတုန္းက ' ဖုန္း 'ဆိုတဲ့ နာမည္နဲ႔ အမ်ိဳးသမီးသိုင္းပညာရွင္ရိွခဲ့ဖူးလား"

"အင္း၊ အဲ့နာမည္နဲ႔ဆို အနည္းဆံုး ဆယ္ေယာက္ေလာက္ေတာင္ရိွတယ္"

"ဒါဆိုလည္း အခ်စ္လမ္းခရီးမွာ မေျဖာင့္ျဖဴးႏိုင္ခဲ့တဲ့လူဆိုရင္ေကာ ဘယ္တစ္ေယာက္လဲ"

"သိုင္းေလာကရဲ့ အမ်ိဳးသမီးအမ်ားစုကေတာ့ ခ်စ္ခရီးလမ္း ေျဖာင့္ျဖဴးတယ္ဆိုတာ ရွားလွပါတယ္။ ​ဒါေပမယ့္ ​ႏိႈင္းယွဥ္ၿပီးေျပာရစတမ္းဆိုရင္ေတာ့ ပိုင္ထိုဖုန္းဆိုတဲ့တစ္ေယာက္ကေတာ့ အခက္ခဲဆံုးပဲလို႔ ဆိုရမယ္"

"ဟုတ္ၿပီ၊ သူ႔အေၾကာင္း နားေထာင္ခ်င္တယ္ "
သြမ့္ေယာင္က ခ်က္ခ်င္းပင္ ထိုင္ခံုဆြဲၿပီး က်င့္လ်ိဳထ်ဲန္းအနား ပို၍တိုးကပ္ေအာင္ လာထိုင္၏။ စိတ္၀င္တစားရိွလွေၾကာင္း မ်က္၀န္းမ်ားထက္ လင္းလက္ထင္ဟပ္ေနလို႔။က်င့္လ်ိဳထ်ဲန္းပင္ အေတာ္ အံ့ၾသသြား၏။

"သြမ့္ေရွာင္၀မ္ရယ္ကေရာ.... ဘာလို႔ ဒီအေၾကာင္းေတြကို သိခ်င္ေနတာလဲ"

သြမ့္ေယာင္ စိတ္ထဲမွသာ ေတြးေနမိ၏။

အဲ့အဘိုးက ကုစားလို႔မရေတာ့ေလာက္ေအာင္ နာက်င္မႈတစ္ေပြ့တစ္ပိုက္နဲ႔ တေျမ့ေျမ့ ခ်စ္ကြၽမ္း၀င္ေနၿပီးသား။ ေဘးကေန ေသခ်ာေစာင့္ေရွာက္ေပးတဲ့သူမရိွရင္ ဒီႏွစ္ေဆာင္းထိေတာင္ ေတာင့္ခံႏိုင္ပါ့မလားမသိ။ ၿပီးေတာ့ ေခါင္းမာၿပီး သမားေတာ္နဲ႔လည္း အေတြ့မခံဘူး ။ သူ႔အတိတ္ဇာတ္လမ္းအေၾကာင္း သိခဲ့ရင္ေတာ့ နည္းနည္းေလာက္ ေပါ့ပါးေအာင္ ႏွစ္သိမ့္ေပးႏိုင္ေကာင္းပါရဲ့။

*******

2020.07.30.

Thz for reading, giving stars and leaving lovely comments.

*******

Continue Reading

You'll Also Like

1.3M 46.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
264K 9.5K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
22.9K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...