" အဲ့မျက်နှာကြီးက ဘယ်နှယ့် အရမ်းတွေအူမြူးနေတာလဲ ၊ လမ်းပေါ်ကနေ ငွေစကောက်ရလာလို့လား"
သွမ့်ယောင်က ဖားပြုပ်ကြီးကို အစာကျွေးရင်း နောင်တော်ဖြစ်သူအား မေးလိုက်၏။သွမ့်ပိုင်ယွဲ့ကတော့ စားပွဲခုံနား ထိုင်လိုက်ကာ -
"ရှစ်ဖူးရော"
"မနိုးသေးဘူး။ ကျွန်တော် မနက်စာသွား၀ယ်မလို့ ၊ နောင်တော် ဘာစားချင်တာရှိလဲ"
"ရပါတယ်၊ ပန်၀မ်းကိုယ်တိုင် မင်းအတွက်ပါ ၀ယ်ပေးခဲ့ပေးမယ် ။ မနေ့ညကရော အခြေအနေ ဘယ်လိုထူးသေးလဲ"
သွမ့်ယောင်က ခေါင်းခါလိုက်ကာ -
"ဘာထွေထွေထူးထူးမှ မရှိပါဘူး၊ မြို့ထဲသွားရင်လည်း အိမ်တိုင်းကို ကင်းလှည့်တပ်သားတွေ စောင့်ကြပ်ပေးထားတာ တွေ့ရလိမ့်မယ်။ ဒီလိုအခြေအနေကြီးမှာ ဘယ်သူက အထုအထောင်း အဖမ်းအဆီးခံရဖို့ ကိုယ်ထင်လာပြမှာတဲ့လဲ"
"ဟုတ်တော့ဟုတ်တာပ။ ကဲ...ဘာစားချင်လဲ"
"သကြားဆမ်းတဲ့ ငွေချည်မုန့်ချိုရယ်၊ ကျန်းပင်ရယ် အသားစွပ်ပြုတ်ရယ်။အဲ... ပေကျင်းလမ်းမပေါ်က ဖူမာန်ကျင်းဆိုင်ကနေပဲ ၀ယ်လာခဲ့နော်၊ တခြားဆိုင်ဆို မစားဘူး"
"ဟုတ်ပြီ"
သွမ့်ပိုင်ယွဲ့ ထရပ်လိုက်တော့ သွမ့်ယောင်က အတော် အံ့သြသွားသည်။
"နေပါဦး....ကျွန်တော် ဒီလောက်အသေးစိတ်တွေမှာနေတာကို စိတ်မတိုဘူးလားဟင်"
"မနက်စာစားပြီးရင် ကိစ္စတစ်ခုလောက် ကူညီပေး"
ထင်သားပဲ....
ညီငယ်ဖြစ်သူမှာ ဤကိစ္စအတွက် ဘာဆိုဘာမှ မအံ့သြတော့။
ခိုင်းစရာကိစ္စမရှိဘဲနဲ့တော့အားအားယားယား အလိုလာလိုက်မှာမဟုတ်ဘူးဆိုတာ သိပြီးသားပဲ၊ ဟွန့်။
*****
မြို့တွင်း၀ယ် တစ္ဆေသောင်းကျန်းသည့်ကိစ္စကြောင့် လမ်းမကြီးထက်တွင် အတော်ပင် လူသူကင်းစင်နေ၏။ နံနက်စာရောင်းသော ဆိုင်များမှာပင် အစောင့်တပ်သားများ ကင်းလှည့်ပေးသည်ကို စိတ်ချနေ၍သာ အိမ်ရှေ့မှသာ ဆိုင်ဖွင့်ရဲလေသည်၊ ဖောက်သည်တော့ ကျဲပါးသွားသည်ပေါ့။
သွမ့်ပိုင်ယွဲ့လည်း နံနက်စာ၀ယ်ပြီးသည်နှင့် ထိုစေတီနားတစ်ဝိုက် သွားရောက်စစ်ဆေးကြည့်သေး၏။ မူမမှန်ခြင်းတစ်ခုမှ ရှာမတွေ့သောအခါမှ ယာယီနန်းဆောင်သို့ပြန်လာခဲ့သည်။ ထိုစေတီ၏ ထိပ်ဆုံးအဖျားပေါ်ကနေ သူ့အား တစ်ချိန်လုံး စိုက်ကြည့်နေသော ဇရာမျက်လုံးအိုတစ်စုံကိုတော့ သတိမမူမိခဲ့။
*******
သွမ့်ယောင်ကတော့ နန်းဆောင်၀င်းအတွင်း တိုက်ခတ်လာသော လေနုအေးကို ခံစားရင်း ရွှင်လန်းတက်ကြွနေ၏။ယခု သူ့ဘေးနားတွင် လူတစ်ယောက် ထပ်၍တိုးလာသည်။ ထိုသူသည်ကား -
"ဝမ်ရယ်"
သွမ့်ပိုင်ယွဲ့အားမြင်တော့ သွမ့်နေ့လည်း ထကာ ဂါရဝပြုလိုက်လေ၏။
"မင်း ဘယ်လိုလုပ် ပြန်ရောက်နေတာလဲ"
သွမ့်ပိုင်ယွဲ့လည်း လက်ထဲမှ မုန့်ထုပ်များကို အသာချကာမေးလာ၏။ အရင်တစ်ခေါက် ဖေးလွမ်မြိုင်နန်းကိုသွားတုန်းက ယွီရှူးအသတ်ခံရသည့်ကိစ္စကို ကျင့်လျိုထျဲန်းတို့အား ကူညီစုံစမ်းပေးရန် သွမ့်နေ့နှင့် အခြား လက်ထောက်နှစ်ယောက်ကိုပါ ထားရစ်ခဲ့ခြက်းဖြစ်သည်။ အရင်နှစ်ခေါက်သုံးခေါက်တုန်းက ပေးပို့ထားသော စာများအရ မည်သည့်သဲလွန်စမှမရဟု ဆိုထားသည်မဟုတ်လား၊ အဘယ်ကြောင့်များ ယခုကျတော့ ယာယီနန်းဆောင်ထိ အမြန်လိုက်လာရပါသနည်း။
သွမ့်နေ့က လျှောက်တင်လာ၏။
"လူသတ်တရားခံကိုရှာတွေ့ပါပြီ။ တခြားလူမဟုတ်ပါဘူး၊ သူ့ရဲ့ မယားငယ်ပါပဲ ၀မ်ရယ်။ ရွှေမြို့တော်ကို အလည်သွားတုန်းက သူ၀ယ်လာတဲ့ သဘင်သည်ဆိုတဲ့တစ်ယောက်ပါ"
"ဆွီ့ကူးတဲ့လား......."
သွမ့်ပိုင်ယွဲ့က ဆက်ပြော၏။
"အင်း ၊ အပြင်ဘက်မှာ အစောင့်အရှောက်တွေ ဒီလောက်များပြားနေတာကို ဓားတစ်ချက်တည်းနဲ့အသတ်ခံလိုက်ရတယ်။ ဖြစ်ချင်တော့ လူသတ်သမားက အခန်းထဲမှာကို ရှိနေတာပါ့ရော။ ဟန်လုပ်ပြီးသရုပ်ဆောင်သွားတွေက တကယ်ချီးကျူးချင်စရာကောင်းပေတယ်"
"ကျွန်တော်မျိုးနဲ့အတူ မြိုင်နန်းသခင်ပါ လိုက်လာပါတယ်ခင်ဗျာ။ ဆွီ့ကူးနဲ့အတူ မန်ကျင်းတည်းခိုဆောင်မှာ နားနေနေပါတယ်"
"ဒါကလည်း ထူးဆန်းနေပြန်ပြီ ။ မြိုင်နန်းသခင်ကျင့်က သူ့အမှုအတွက် တရားခံကို ဖမ်းမိပြီးပြီမဟုတ်လား။ အာဏာပိုင်တွေရဲ့လက်ထဲပဲအပ်အပ်၊ သူကိုယ်တိုင်ပဲ စီရင်စီရင်၊ သူ့စိတ်တိုင်းကျ လုပ်လို့ရနေတာပဲ... ဘာလို့ ဒီထိ တစ်ပါတည်း ခေါ်လာရတာတဲ့လဲ"
"အဲ့ဒီအမျိုးသမီးက ချောင်ယာလူမျိုးဖြစ်နေလို့ပါခင်ဗျာ"
သွမ့်နေ့က ဆက်ဆို၏။
"၀မ်ရယ်လည်း ဒီကိစ္စကို စုံစမ်းနေတာဆိုတော့ ၊ ပြီးတော့ ရွှေနန်းတော်နဲ့လည်း ပတ်သက်နေတယ်ဆိုတော့၊ မြိုင်နန်းသခင်ကျင့်ကလည်း အလျင်စလို မပြုမူချင်လို့ပါတဲ့။ မြိုင်နန်းနဲ့ ယွင်တာမြို့ကလည်း သိပ်မဝေးဘူးဆိုတော့ တစ်ခါတည်း လိုက်လာခဲ့တာပါ"
"သူလည်း ချောင်ယာကပဲဟုတ်လား၊ စိတ်၀င်စားစရာပဲ"
သွမ့်ပိုင်ယွဲ့က မေးကိုပွတ်ရင်း တွေးတဆဆ ဆိုလာ၏။
"၀မ်ရယ် ၊ မန်ကျင်းတည်းခိုဆောင်ကို သွားဦးမလားခင်ဗျာ"
"နောက်နာရီ၀က်လောက်နေမှ သွားကြည့်မယ်။ မြိုင်နန်းသခင်ကျင့်ရဲ့လက်ထဲမှာဆိုတော့ သူ ဘယ်ကိုမှ ပြေးမသွားနိုင်ပါဘူး။ မင်းလည်း ပင်ပန်းနေပြီဆိုတော့ အနားယူလိုက်လေဦး"
"ဟုတ်ကဲ့"
နံနက်စာထုပ်ဆွဲပြီးပြန်ထွက်သွားသော သွမ့်ပိုင်ယွဲ့အမိန့်ကို အသာလေး နာခံယူလိုက်သည်။ နောင်တော်ဖြစ်သူ အဝေးကိုရောက်သွားတော့မှ သွမ့်ယောင်က ဆို၏။
"အေးဆေး သွားအိပ်လိုက်တော့။ နေ့လယ်စာစားချိန်လောက်မဟုတ်ရင် သူပြန်လာမှာမဟုတ်သေးဘူး"
သွမ့်နေ့ အနည်းငယ်တော့ တုံ့ဆိုင်းနေဆဲ။
"ဒါပေမယ့် စောနကတော့ နောက်နာရီ၀က်နေ ပြန်လာမယ်လို့ ပြောသွားကြောင်းပါ"
သွမ့်ယောင်မျက်နှာမှာ အတော်ပင် ခန့်မှန်းရခက်စွာ ရှုံ့မဲ့သွား၏။
နောက်နာရီ၀က်ကို မျှော်မနေပါနဲ့ကွာ၊ ငါ့နောင်တော်က မရီးတော်ဆီ နံနက်စာသွားပို့တာလေ။
သူတို့အချင်းချင်း တွန်းလိုက်၊နမ်းလိုက်၊ ကျီစယ်လိုက်နဲ့တင် နာရီ၀က်က အေးဆေးကုန်နေပြီ။
၀တ္ထုတွေထဲမှာဆို အဲ့လိုပဲရေးထားကြတာ။
******
ချူယွမ်တစ်ယောက် အစီရင်ခံစာများကို ထိုင်ဖတ်နေ၏။
သွမ့်ပိုင်ယွဲ့ တံခါးဖွင့်ပြီး ၀င်လာလာချင်း ပြုံးရင်းနှင့်ဆိုလာသည်။
"အိပ်ရင်သွားအိပ်လေကွာ၊ မျက်လုံးတွေကဖြင့် အလိုလိုပိတ်နေပြီ"
ချူယွမ်က ထိုင်ရာမှထလိုက်ကာ -
"မင်း ဘာလို့ ဒီလောက်ကြာနေတာလဲ"
သွမ့်ပိုင်ယွဲ့က မုန့်ထုပ်များကို ဖြေလိုက်ကာ
"အရမ်းတော့မကြာပါဘူး၊ မြို့တစ်ပတ်ပတ်ကြည့်ရုံတင်ပါ။ ဒါပေမယ့် ဘာမှထူးထူးခြားခြားမရှိပါဘူး၊ ပကတိအတိုင်းပဲ"
"ထင်တော့ထင်ပါတယ်လေ"
ချူယွမ်က လက်ချောင်းများကို သေချာသုတ်လိုက်ပြီးနောက် ပေါက်စီတစ်လုံးယူစားလိုက်ကာ ဆက်ပြောလာ၏။
"ဆူးဟွိုင်တောင်နန်းကို လူလွှတ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းထားတယ်၊ နောက်နှစ်ရက်လောက်ဆို သွားနေလို့ရပြီ"
"အင်း၊ ဒီကနေ တစ်နာရီတောင် ဝေးတဲ့နေရာကြီးမှာ လန်ဂျီးကိုမျှားထုတ်ဖို့ ဟန်ပြသွားနေရမှာဆိုတော့ မင်းနဲ့အဖော်လုပ်မပေးနိုင်တော့ဘူး"
ချူယွမ် ရယ်ချင်သွား၏။
"မင်းမျက်နှာကြီးကိုကြည့်ပါဦး၊ အရမ်းတွေ နစ်နာဆုံးရှုံးနေရတဲ့ ရုပ်ကြီးနဲ့"
"တကယ်လည်း နစ်နာနေတာပဲလေ၊ ကိုယ်တို့အတွက် ဆယ်ရက်ပဲ အချိန်ရတော့တာကို"
သွမ့်ပိုင်ယွဲ့က ချူယွမ်လက်အား လှမ်းဆွဲလိုက်ကာ လက်ထဲမှ စားလက်စပေါက်စီကို လှမ်းကိုက်စားလိုက်သည်။ ချူယွမ်လညး ကျန်သမျှပေါက်စီကို သူ့အား အကုန်ကျွေးလိုက်ကာ -
"ဒါဆို ဆူးဟွိုင်တောင်နန်းဆီ ငါကပဲ လိုက်လာခဲ့မယ်လေ၊ ရတယ်မလား"
သွမ့်ပိုင်ယွဲ့ အတော် အံ့သြသွားကာ ချူယွမ်အား အတိုင်းသား မော့ကြည့်လာသည်။ ချူယွမ်က ဆက်ဆို၏။
"တစ်နာရီပဲကြာတာကို"
"အသွားတစ်နာရီ၊ အပြန်တစ်နာရီနဲ့ ဒီလိုမျိုး အသွားအပြန်တွေလုပ်လိုက်၊ မှူးမတ်တွေ လာပြီးအခစား၀င်လိုက်နဲ့ဆို မင်း ဘယ်အချိန် အေးအေးချမ်းချမ်း အနားယူလို့ရမှာလဲ။ မရဘူး၊ ကိုယ် ခွင့်မပြုဘူး"
"ဒီမှာ တစ်ယောက်တည်းအိပ်ရရင်လည်း အိပ်မှမပျော်ဘဲ...."
"ဒီစကားတစ်ခွန်းနဲ့တင် လုံလောက်နေပါပြီ"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ ဆက်ပြောလာ၏။
"တကယ်ကို လုံလောက်သွားတာ၊ ပြည့်စုံသွားတာ၊ ဘာဆိုဘာမှကို မလိုအပ်တော့တာ။ ဒါပေမယ့် မင်း အဲ့လို သွားသွားလာလာလုပ်ရလို့ ပင်ပန်းနွမ်းနယ်နေရင် ကိုယ် ဘယ်လောက်ရင်နာရမလဲဆိုတာလည်း တွေးပေးပါဦးလား"
"အင်း"
ချူယွမ်က မိမိလက်ကို အသာပြန်ရုတ်သိမ်းလိုက်၏။ သွမ့်ပိုင်ယွဲ့က ချူယွမ့်လည်ပင်းအင်္ကျီစကို သေချာညှိပေးလိုက်ကာ -
"စိတ်ချပါ၊ ကြီးကြီးမားမားပြဿနာမှ မဟုတ်တာ။ ကိုယ် စောနပြောတာ စနောက်ချင်ရုံသက်သက်ပဲ၊ နောင်ကျရင် ကိုယ်တို့နှစ်ယောက်က တစ်သက်လုံး အတူတူနေသွားရဦးမှာပဲဟာ ။ ဒီရက်ပိုင်းလေးကို ဘာကိစ္စ မှုနေရမှာလဲ၊ ဟုတ်တယ်ဟုတ်"
"အင်း၊ဟုတ်တယ်"
ချူယွမ် ပြုံးရွှင်နေပေ၏။
"ခုတော့ မနက်စာ ပြီးအောင်စားရအောင်ပါ၊ စားပြီးသွားရင် ဒီနားလေးတင် လှဲလိုက်လေ။ အစီရင်ခံစာတွေကို ကိုယ် အစားဖတ်ပေးပါ့မယ်"
"လုံး၀ သွားမထိနဲ့နော်"
ချူယွမ်က သူ့နှာခေါင်းအား ဆွဲညှစ်လိုက်ကာ -
"အရင်တစ်ခေါက်တုန်းက မင်းရေးလိုက်တဲ့ပြန်စာ ၊ "မင်းဟာမင်း ကြည့်ရှင်းလိုက်လေ"ဆိုတဲ့ တစ်ခု။ ဟိုဘက် ကွီ့ယန်မြို့စားမင်းဆို လန့်လွန်းလို့ ဖျားတောင်ဖျားချင်သွားသတဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းနဲ့အကြွေးမရှင်းရသေးဘူး၊ ငါမသိဘူးလို့ မထင်နဲ့"
သွမ့်ပိုင်ယွဲ့ကတော့ အေးဆေးတည်ငြိမ်စွာ ပြုံးနေလျက်။
ဟုတ်သည်လေ၊ အစီရင်ခံစာတစ်ခုလုံးက ညည်းတွားတိုင်တောနေတာတွေချည်းပဲ။ တစ်၀က်ကတော့ ရှီးနန်စံအိမ်တော်အကြောင်း မကောင်းပြောထားတာတွေဖြစ်ကာ မင်းဟာမင်းကြည့်ရှင်းလိုက်လေဟု စာပြန်လိုက်သည်ကပင် အဆုံးစွန်ထိ ဘေးမဲ့ထားခြင်းမည်ပေသည်။ သူ့ပင်ကိုစရိုက်နှင့်ဆိုလျှင် တပ်သားများစေလွှတ်ကာ တစ်ပွဲလောက် ပွဲကြမ်းခိုင်းနေလောက်ပြီဖြစ်၏။
သို့နှင့် သွမ့်ယောင်ပြောသည့်အတိုင်းပင်၊ နာရီ၀က်ဟု ပြောထားပေမင့် သွမ့်ပိုင်ယွဲ့တို့ကတော့ နေ့လယ်စာစားပြီးမှသာ ပြန်ရောက်လာ၏။ ထို့နောက် သွမ့်နေ့နှင့်အတူ အပြင်ထွက်သွားလေသည်။
******
မန်ကျင်းတည်းခိုဆောင်တွင်။
လက်ဖက်ရည်ထိုင်သောက်ရင်း စောင့်ဆိုင်းနေသော ကျင့်လျိုထျဲန်းက သွမ့်ပိုင်ယွဲ့၀င်လာသည်ကိုမြင်တော့ ပြုံးပန်းတသာ ခရီးဦးကြိုလာ၏။
"၀မ်ရယ် ဒီကိစ္စကို အမြန်ဆုံးလက်စသတ်ချင်တယ်မှတ်နေတာ။ နေ့လယ်ခင်းထိ ထိုင်စောင့်ရလိမ့်မယ်လို့ ထင်တောင်ထင်မထားခဲ့ဘူး"
သွမ့်ပိုင်ယွဲ့ကတော့ မည်သို့မှမဖြုံ၊ စားပွဲနား ထိုင်လိုက်ကာ ခပ်တည်တည်ဖြင့်သာ ဆိုလာ၏။
"ရှီးနန်ဘက်ကလည်း အမှုကိစ္စတွေများပြားရှုပ်ထွေးနေပါသဘိနဲ့ ၊ မြိုင်နန်းသခင်ကို အကြာကြီး စောင့်ဆိုင်းစေမိသလိုဖြစ်သွားပါပြီ"
"ရပါတယ်ခင်ဗျာ။ ဆွီ့ကူးကတော့ ဘေးခန်းမှာရှိပါတယ်၊ ကျွန်တော်မျိုးရဲ့လူယုံတော်တွေကို စောင့်ကြပ်ခိုင်းထားတာပါ။ သူ့ရဲ့ သိုင်းပညာကိုလည်း ဖျက်ဆီးလိုက်ပြီဆိုတော့ ဘာမှပြန်မလုပ်နိုင်တော့ပါဘူး"
"သူက ချောင်ယာလူမျိုးလို့ ပန်၀မ်းသတင်းရထားတယ်"
ကျင့်လျိုထျဲန်းက ခေါင်းညိတ်လိုက်၏။
"သူပြောပြသလောက်ကတော့ ချောင်ယာကမိန်းမပျိုအတော်များများဟာ ကျွန်းကနေ ထွက်ခွာလာပြီး သဘင်သည်အဖြစ် အသက်မွေး၀မ်းကျောင်းပြုကြတာ များတယ်၊ လူတွေရဲ့စိတ်အာရုံကို ဖမ်းညှို့ယူနိုင်လွန်းတဲ့ အသံမျိုးရှိလို့ပါတဲ့ ။ ဒါပေမယ့် အတော်အတန် စုမိဆောင်းမိဖြစ်သွားရင်တော့ ကျွန်းဆီပြန်သွားကြတာများတယ်၊ သူတစ်ယောက်တည်းကပဲ တာ့ချူရဲ့ စည်ကားဖွံ့ဖြိုးမှုထဲ မွေ့လျော်သွားပြီး မပြန်ချင်တော့လို့ ဒီမှာတစ်ယောက်တည်း ခိုးကြောင်ခိုးဝှက်ပုန်းပြီး တမင်နေရစ်ခဲ့တာပါတဲ့"
"ဒါဆို ဘာကိစ္စ ယွီရှူးကို သတ်ရတာလဲ"
"ကျွန်းဆီကနေ ထွက်ပြေးတိမ်းရှောင်လာတယ်ဆိုပေမယ့် ဘာပဲပြောပြော ချောင်ယာက သူ့ရဲ့ဇာတိမြေပဲလေ။ ယွီရှူးက သူ့အမျိုးအနွယ်တွေကို သုတ်သင်ရှင်းလင်းတော့မယ်လုပ်တော့ သူလည်း အငြိမ်မနေနိုင်တော့ဘဲ ၀င်ရှုပ်လိုက်တော့တာ ။ လိုက်သတ်ခံနေရတဲ့ ချောင်ယာမျိုးနွယ်စုထဲ လူမမယ်လေးပါ ပါလာတယ်ကြားတော့ ပိုပြီး လူသတ်ချင်စိတ် ပြင်းပြသွားရော"
"ဟင်၊ ဘာလို့လဲ"
"ဒီလိုမျိုး သေပြေးရှင်ပြေးထွက်လာကြတာတောင် ဒီကလေးကို မစွန့်ပစ်ခဲ့ကြဘူးဆိုတော့ သာမန်ကလေးငယ်မဖြစ်နိုင်ဘူးလို့ သူယူဆတယ်တဲ့။ အဲ့ကလေးက ကျွန်းပေါ်က နန်ယန်လူမျိုးတွေနဲ့ ပတ်သက်မှုရှိနေမယ် ထင်တာပဲ၊ ဖြစ်နိုင်ခြေအများဆုံးကတော့ သူ့အစ်မအရင်းရဲ့ကလေးလို့ သူထင်နေတာ"
"ကျွန်းပေါ်က နန်ယန်မျိုးနွယ်စု?"
သွမ့်ပိုင်ယွဲ့ လေးနက်စွာ တွေးတောလိုက်သည်။
အရင်တုန်းကလည်း ထိုကျွန်းပေါ်တွင် နန်ယန်လူမျိုးများရောက်နေကြောင်း ချောင်ယာလူမျိုးများထံမှ သွမ့်ပိုင်ယွဲ့ကြားဖူးသည်။ တောင်ပိုင်းမြောက်ပိုင်းကွဲသွားကာ မြောက်ပိုင်းသားတစ်ယောက်၏ အကူအညီဖြင့် နန်ယန်ဓားပြများ ကျွန်းပေါ် အလွယ်တကူတက်ခွင့်ရပြီး ရှိသမျှကျွန်းသူကျွန်းသားများကို သတ်ပစ်လိုက်ကြသည်ဆိုသော ဖြစ်ရပ်။
သို့သော် ထိုနန်ယန်မျိုးနွယ်နှင့် အိမ်ထောင်ပြုပြီး ကလေးပင်မွေးကြသည်ဟုတော့ ထုတ်မပြောဖူးခဲ့။ ကျွန်းပေါ်တွင် နန်ယန်လူမျိုးများ ရောက်နေသည်မှာ အနည်းဆုံး ခုနစ်နှစ်ရှစ်နှစ်မျှပင် ရှိနေပြီဖြစ်ကြောင်း ဆွီ့ကူးကတော့ ထွက်ဆို၏။ ထိုနန်ယန်လူမျိုးများမှာ တစ်နေ့တစ်နေ့ ရတနာမြေပုံရှာသည်နှင့်သာ အချိန်ကုန်သွားတတ်ကာ စားဖို့သောက်ဖို့ အစာရေစာကအစ ချောင်ယာများကပင် ရှာဖွေပေးရလေသည်ဟုပါ ပြောသည်။ သို့ဆိုလျှင် နှစ်ဖက်အင်အားစုမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားဖို့မဆိုထားနှင့်၊ အင်မတန်မှသဟဇာတ ဖြစ်နေကြသေးသည် မဟုတ်လား။
"နန်ယန်အဖွဲ့ရဲ့ခေါင်းဆောင်က မုကျိုးလို့အမည်ရှိပြီး ဆွီ့ကူးရဲ့အစ်မနဲ့ လက်ထပ်ထားပါတယ်တဲ့။ ပြောရရင် ကျွန်းပေါ်မှာ သြဇာ အာဏာအကြီးဆုံးလူပေါ့။ ချောင်ယာလူမျိုးတွေကလည်း သူပေးကမ်းသလောက်ပဲ စားနေရတယ်၊ အစပိုင်းတုန်းက လူမျိုးခြားဆိုပြီး ရန်ဖြစ်တတ်ကြသလောက် နောက်ပိုင်းတော့ သင့်မြတ်သွားကြပါတယ်တဲ့"
သွမ့်ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ -
"ခေတ်နောက်ကျတဲ့အပြင် ခေါင်လွန်းတဲ့ အဲ့ဒီလိုကျွန်းမျိုးကို လုနေကြသေးတယ်ပေါ့"
"အဖွဲ့အစည်းတွေရှိလာတိုင်း ဂိုဏ်းဂဏတွေကွဲပြားတဲ့ကိစ္စကလည်း ထပ်ချပ်မကွာ လိုက်လာမှာပါပဲ ။ ဆွီ့ကူးလည်း သူ့အစ်မရဲ့ကလေးမှန်း အရမ်းလည်း သေချာမနေပါဘူး၊ အစကတုန်းကဆို ပြန်ပြီးအဆက်အသွယ် မလုပ်တော့ဘူးလို့တောင် ဆုံးဖြတ်ထားကြတာတဲ့လေ"
"သြော်၊ သူက ဘာမှသေချာမသိဘဲနဲ့တောင် ယွီရှူးကိုသတ်ပစ်လိုက်တယ်ပေါ့။ အဲ့ကျွန်းကနေ လာတဲ့လူတွေရဲ့ စိတ်နေစိတ်ထားတွေကို သာမန်လူတွေဆို ဒီလိုတွေးတာဆိုပြီး လိုက်ခန့်မှန်းလို့ကိုမရနိုင်ဘူး"
လူတိုင်းလိုလို အတ္တတွေကြီးပြီး ကိုယ့်ခြေမအတွက်ကိုပဲ ကွက်ကြည့်တတ်ကြတယ်၊ ဒီလောက် အတ္တကြီးပြီး ရူးမိုက်တဲ့ဟာမျိုးတွေဆိုတာက အရမ်းရှားတာပ။
"အခု ယွီရှူးကိုသတ်တဲ့တရားခံလည်း တွေ့ပြီဆိုတော့ ဖေးလွမ်မြိုင်နန်းဘက်ကတော့ ဒီအမှုကို ပိတ်လိုက်ပါပြီ။ တရားခံကိုတော့ ၀မ်ရယ်ဆီမှာပဲ ချန်ထားပေးလိုက်ပါ့မယ်၊ ကျေးဇူးတင်ကြောင်း လက်ဆောင်ပေါ့ဗျာ"
"မြိုင်နန်းသခင် လမ်းကြုံတုန်းလေး ပန်၀မ်းကို တစ်ခုလောက် ကူညီခဲ့ပါဦး"
"ဘယ်ကိစ္စကိုလဲ"
သွမ့်ပိုင်ယွဲ့လည်း သူ့အနားသို့တိုးကာ နှစ်ခွန်းသုံးခွန်းမျှ ခပ်တိုးတိုး ပြောလိုက်သည်။ ကျင့်လျိုထျဲန်းလည်း ခေါင်းညိတ်လိုက်ကာ -
"လုပ်တာက လုပ်ပေးလို့ရတယ်။ ဒါပေမယ့် ဘာကြောင့် ကိုယ့်ခေါင်းပေါ်ကိုပြန်ပြီး အမှိုက်သရိုက်တွေ သွန်ချချင်နေသတဲ့တုန်း"
"ပန်၀မ်းက ရွှေနန်းတော်ဘက်နဲ့ အပေးအယူလုပ်ထားရုံတင်ပါ။ မြိုင်နန်းသခင်ကျင့် ရှိနေမှတော့ ပန်၀မ်းကို ကူညီပေးလှည့်ပါဦး။ ပန်၀မ်းက သိုင်းလောကသားမဟုတ်ပေမယ့် ကောလာဟလ လွှင့်တဲ့နေရာမှာ ကျွေ့ယင်ဂိုဏ်းက ပထမ၊ ဖေးလွမ်မြိုင်နန်းက ဒုတိယဆိုတာ ကောင်းကောင်းကြီးသိပါတယ်။ ဘယ်သူကမှ တတိယနေရာကိုတောင် လာမနေရဲကြဘူးလေ"
ကျင့်လျိုထျဲန်းက သဘောကျစွာရယ်မောလိုက်ကာ -
"ထားပါတော့၊ ဒီလောက် အသေးအဖွဲကိစ္စလောက်ကတော့ ကျွန်တော်မျိုးတို့အတွက် ဘာမှ အပန်းမကြီးပါဘူး။"
******
သို့နှင့် ထိုနေ့ နေ့လယ်ခင်းမှာတင် ယွင်တာမြို့တစ်ခွင်လုံး၌ ရှီးနန်၀မ်ကြွရောက်လာလိမ့်မယ်တဲ့ဟူသော သတင်းစကားပျံ့နှံ့သွားပေ၏။
လာချင်သပဆိုလည်း လာကွာ။
ထောင်လျဲန်တာအပါအ၀င် အခြားသောမှူးမတ်၀န်ကြီးများကလည်း အထူးတလည် အံ့သြခြင်းမရှိကြ။ ဧကရာဇ်အရှင်ကိုယ်တော်တိုင် မိန့်ကြားထားပြီးသားကိစ္စပင် မဟုတ်လား။
သို့သော် ကောလာဟလများထဲက သတင်းစကားများကတော့ ရှီးနန်၀မ် ကြွရောက်လာမယ်တဲ့ဆိုသည့်နေရာမှာတင် ရပ်မသွား ။
ရှီးနန်၀မ်ကြီးမှာ မှော်နက်ကျင့်စဥ်များကိုပါ ကျင့်ကြံပေါက်မြောက်ပြီးပြီဖြစ်ကြောင်း၊ ကျင့်စဥ်အမည်မှာ ဗောဓိစိတ္တသိုင်းကျင့်စဥ်ပင်ဖြစ်ကြောင်း။ ကိုယ်လက်လှုပ်ရှားစရာပင်မလို ၊ တစ်ဖက်ရန်သူအား ဖျတ်ခနဲကြည့်လိုက်ရုံမျှဖြင့်ပင် အသက်ဆုံးရှုံးသည့်အထိ ပြင်းထန်လှသောအဆိပ်တစ်မျိုး သင့်စေနိုင်ကြောင်းပါ ပါလာ၏။
"အိုက်ယား.....တကယ်ကြီးလား"
လျိုတာ့ကျုံ့ခမျာ ပါးစပ်ဟောင်းလောင်းဟကာ တအံ့တသြတွေဖြစ်နေ၏။
" ကိုယ်ကျင့်သိက္ခာ ထုံးတမ်းစဥ်လာတွေနဲ့ ဆန်းစစ်ကြည့်ရင် သိုင်းလောကမှာ အဲ့လောက်ထိ ဆန်းပြားပြီးအောက်တန်းကျတဲ့ ကျင့်စဥ်မျိုး မရှိလောက်ပါဘူး အမတ်ကြီး၊စိတ်မပူကြပါနဲ့"
ကျန်းဟွိုင်က ကျိုးကြောင်းဆီလျော်စွာ ရှင်းပြလာပေမင့် ထောင်လျဲန်တာကတော့ -
"မရှိလောက်ဘူးဆိုပေမယ့် လုံးဝမရှိဘူးလို့မှပြောမထားတာ။ဧကရာဇ်အရှင်မင်းမြတ်ရဲ့ ရွှေနဂါးခန္ဓာတော်က အင်မတန်မှမြင့်မြတ်စင်ကြယ်တော်မူပေတယ်၊ အရှင့်ကို ဒီလိုမျိုး အန္တရာယ်တောထဲ လွှတ်ပေးလိုက်လို့မရဘူး။ ဒီရှီးနန်၀မ်ကြီးကိုဆို ပိုဆိုးတယ်၊ သွားကိုမတွေ့သင့်ဘူး။ မဟုတ်ဘူး၊ လုံး၀ ပေးမတွေ့ဘဲ ထားရမှာ "
"လောင်ထောင်ရေ....အရှင်မင်းမြတ်က ထွက်မတွေ့လို့ဖြစ်ပေမယ့် အသင်ကတော့ မဖြစ်မနေ သွားကြိုရမှာပဲမဟုတ်လား။ ဒုတပ်မှူးကျန်းဆီက ရွှေရောင်သံချပ်ကာအင်္ကျီ နှစ်ထပ်သုံးထပ်လောက် အသင့်၀တ်ရုံအောက်ခံဖို့ ငှားသွားပါဦးလား။ အထပ်ထပ်၀တ်ပြီးသွား၊ ပါးစပ်ကိုလည်း အုပ်ထား၊ နှာခေါင်းကိုလည်း ပိတ်ဆို့ထားနိုင်ရင် ပိုကောင်းမယ်"
"အကျွန်ုပ်က ညီလာခံသဘင်ရဲ့ မှူးမတ်ကြီးတစ်ယောက်ပါ၊ အဲ့လို သူရဲဘောကြောင်တဲ့ လုပ်ရပ်မျိုး မလုပ်ပါဘူး"
"ဟိုဘက်က တစ်ချက်စိုက်ကြည့်လိုက်တာနဲ့ အဆိပ်သင့်မှာတဲ့နော့"
လျိုတာ့ကျုံ့က သူ့အား သတိထပ်ပေးလာ၏။ဘေးနားကရပ်နေသော ကျန်းဟွိုင်ကလည်း နောက်တစ်ဖန် ပြောပြလာသည်။
"သိုင်းလောကမှာ ဒီလောက်ထိ ဆန်းပြားပြီးအောက်တန်းကျနေတဲ့ ကျင့်စဥ်မျိုး မရှိပါဘူး အမတ်ကြီးတို့၊ စိတ်မပူကြပါနဲ့"
ပြောပြနေတဲ့ဟာကို .....နည်းနည်းတော့ နားထောင်ကြပါဦး။
"ဗောဓိစိတ္တသိုင်းကျင့်စဥ်အကြောင်း အကျွန်ုပ် အနည်းအကျဥ်းတော့ သိထားတယ်"
ထောင်လျဲန်တာက ထိုသ်ို့ပြောလာတော့ ကျန်သူနှစ်ယောက်မှာ အတော်ပင် အံ့သြသွား၏။
ဟင်၊ ဒီကိစ္စတွေထိတောင် သိနေတာလား။
မထင်ရဘူး။
ထောင်လျဲန်တာက သူ၏အင်္ကျီလက်အိတ်ထဲမှ ကြေမွဟောင်းနွမ်း ညစ်ပတ်ပေရေနေသော စာအုပ်တစ်အုပ်ကို ထုတ်ပြလာ၏။
အီ.....ဝေါ့....။
လျိုတာ့ကျုံ့မျက်နှာထက်တွင် သိသိသာသာရွံရှာစက်ဆုပ်နေသည့်ဟန် ပေါ်နေ၏။
ကြားလို့မှ ကောင်းသေးရဲ့လား။
အသက်အရွယ်ကလည်း နည်းနည်းနောနော မဟုတ်တော့ဘူး ၊ ညီလာခံသဘင်ထဲက ထိပ်တန်း မှူးကြီးမတ်ရာတစ်ပါးလုံးဖြစ်နေပြီးတော့ သူများတကာ ပေါက်တတ်ကရ လျှောက်ရေးထားတဲ့စာအုပ်တွေကို လိုက်ဖတ်စရာလား။ ညစ်ပတ်စုတ်ပြတ်နေတာပဲ၊ ရွံလိုက်တာ။
ထောင်လျဲန်တာက စာမျက်နှာတစ်ခုကို လှန်လှောပြလိုက်၏။
လျိုတာ့ကျုံ့က ချက်ချင်းပင် မျက်လုံးကို လက်ဖြင့် အမြန်ပိတ်လိုက်သည်။
ကြည့်လို့မဖြစ်ဘူး၊ အိမ်သူသက်ထားလေး သိသွားရင် အ၀တ်လျှော်သစ်သားပြားပေါ် ဒူးထောက်၀ပ်တွားခိုင်းလိမ့်မယ်။ ကြည့်လို့ မဖြစ်ဘူး။
"ဒီစာအုပ်က ဗောဓိစိတ္တသိုင်းကျင့်စဥ်အကြောင်း ရေးထားတဲ့ကျမ်းစာအုပ်ပဲ။ ကျွန်ုပ် ဖတ်ကြည့်ပေမယ့် နားမလည်ဘူး"
"......."
"ဘာမှ သိုင်းပညာတွေမဟုတ်ဘူး၊ ကြည့်ရုံနဲ့ သိတယ်။ တမင်သက်သက် ယန်ဓာတ်(အဖိုဓာတ်)တိုးပွားခိုင်မာအောင် ရေးထားတဲ့ စာအုပ်ကြီး"
ရှီးနန်၀မ်ကြီး သူ့ဘာသူ ယန်ဓာတ်တွေ တိုးပွားခိုင်မာအောင်လုပ်နေရိုး မှန်ရင်တောင် တာ့ချူနဲ့ ဒို့ဧကရာဇ်နဲ့က အဲ့ကိစ္စနဲ့ ဘယ်လိုများ သွားဆိုင်နေလို့တုန်း။
ကျန်းဟွိုင်က ချောင်းအနည်းငယ်ဟန့်လိုက်ကာ မေးလာ၏။
"အဟမ်း၊ အမတ်မင်းခင်ဗျာ။ ဒီစာအုပ်ကို ဘယ်ကနေ ရလာသလဲဆိုတာ မေးကြည့်လို့ရမလား"
လျိုတာ့ကျုံ့လည်း ပြန်အောက်မေ့ကြည့်လိုက်၏။
လမ်းဘေးဆိုင်မှာ တစ်ပြားကို နှစ်အုပ်နှုန်းဖြင့် ရောင်းနေကြခြင်းဖြစ်သည်၊ ဘယ်နှစ်အုပ်ပဲလိုချင်သည်ဖြစ်စေ၊ လိုသလောက် အကုန်ရစေရမည် ။
ဟုတ်ပ....ဘာလို့ ဒီကိစ္စမျိုးကိုမှ သူ သွားယုံရတာလဲ။ ရူးသွားပြီထင်ပါရဲ့။
သို့သော်လည်း-
"အဟမ်း၊ ဘယ်ကနေ ရလဲဆိုတော့ကာ....အရင်ရက်တွေတုန်းက ကျွေ့ယင်နန်းဆောင်ကလူတွေ ရွှေမြို့တော်ကိုရောက်လာကြသေးတယ်လေ။ ကျွန်ုပ်နဲ့ လမ်းမကြီးပေါ်မှာ ဆုံကြတော့ ရှီးနန်နယ်အရေးကိစ္စအကြောင်း မေးကြည့်ရင်းနဲ့ သိုင်းပညာရှင်ကြီးတွေဆီကနေ ဒီစာအုပ်ကို ၀ယ်လိုက်တာ ၊ အတော်လေး စျေးကြီးကြီးပေးပြီး ၀ယ်ခဲ့ရတာပါလေ"
ကျန်းဟွိုင်က ချက်ချင်းထရပ်လိုက်ကာ -
"ကျွန်တော်မျိုး လုပ်စရာအလုပ်ရှိသေးတာမို့ ခွင့်ပြုပါဦးခင်ဗျာ"
"ကျွေ့ယင်နန်းဆောင်က ဆူကျုံးဒေသရဲ့ ပထမတန်းစား ဂိုဏ်းကြီးတစ်ခုပဲ၊ ရှီးနန်နဲ့ကလည်း အလှမ်းဝေးတယ်။ ချင်ဂိုဏ်းချုပ်ကလည်း နုနယ်ပျိုမျစ်ပြီး အစွမ်းအစထက်မြက်လွန်းတဲ့ ဂိုဏ်းချုပ်တစ်ယောက်ပဲဆိုတော့ ယုံစားအားကိုးလို့ ရကောင်းပါတယ်လေ"
လျိုတာ့ကျုံ့ကတော့ ထောင်လျဲန်တာကိုကြည့်ရင်း သက်ပြင်းသာချနေလေ၏။
အပိုတွေ ထပ်ပြောရဲသေးတယ် ။
ဟိုမှာမတွေ့ဘူးလား၊ တပ်မှူးကျန်းတောင်နေမထိထိုင်မသာဖြစ်ပြီး အပြေးသွား၀ယ်နေပြီ။
ပြောသားပဲ၊ ပထမတန်းစား မှူးမတ်ကြီးဆိုပြီး ညီလာခံသဘင်ထဲမှာပဲ အချိန်ကုန်မနေနဲ့လို့။ အပြင်လေးဘာလေးထွက်ပြီး ၀တ္ထုလေးဘာလေးဖတ်၊ ဇာတ်လမ်းလေးဘာလေးနားထောင်၊ ဒါမှ သူများတကာက လွယ်လွယ်ကူကူ အရူးလာလုပ်လို့မရမှာလို့ ကျွန်ုပ် မပြောခဲ့ဘူးလား၊ ကဲ။
ပိုက်ဆံအများကြီးပုံအောပြီးတော့တောင် ကျွေ့ယင်ဂိုဏ်းဆီကနေ ဒီစာအုပ်အစုတ်ကို ၀ယ်လာသတဲ့လား။ အိုက်ယား၊ ဘယ်သူကမှ အမတ်ကြီးလို မလုပ်နိုင်လောက်ဘူး။
အဲ့ဒါကိုများ ...ဘယ်နားကိုကြည့်ပြီး ဇွတ်တွေ ဂုဏ်ဆာနေမှန်း နားကိုမလည်ဘူး။
******
ချူယွမ်သည်လည်း အနှီကောလာဟလသတင်းများကို ကြားရပြီးဖြစ်သည်။
"မင်းနားမှာ နှစ်ညလောက် အဖော်လုပ်ပေးဦးမယ်၊ ပြီးမှ ဆူးဟွိုင်တောင်နန်းကို သွားမယ်"
"ချောင်ယာက မိန်းမပျိုလေးရော"
"တည်းခိုဆောင်မှာ ဖမ်းချုပ်ထားတယ်။ သွမ့်နေ့ကို တာ၀န်ပေးထားပြီးသားဆိုတော့ ဘာပြဿနာမှ မရှိတော့ပါဘူး။ နန်းတော်ပြန်ရောက်တော့မှ အချုပ်ထဲထည့်လိုက်ရင်လည်း ဘာမှနောက်မကျဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဟိုမှာ သူ့အမျိုးအဆွေတွေ အပုံလိုက်ကြီး ရှိနေသေးတာပဲ"
"အင်း၊ ရတယ်လေ"
"ကိုယ် ပြောပြီးသားပဲမဟုတ်လား၊ သဲလွန်စတွေက သူ့ဘာသာသူ ပေါ်လာလိမ့်မယ်လို့။ ဒါကြောင့် ဘာဆိုဘာမှ စိုးရိမ်သောကရောက်နေစရာမလိုဘူး၊ ကိစ္စတိုင်းက သူ့အချိန်တန်ရင် အဆင်ပြေသွားလိမ့်မယ်၊ နားလည်လား"
"အကျိုးနဲ့အကြောင်းနဲ့ ပြောတတ်ဆိုတတ်နေပြီပေါ့၊ ဟုတ်လား"
ချူယွမ်က သွမ့်ပိုင်ယွဲ့ပါးပြင်အား ခပ်ဖွဖွထိတွေ့သုံးသပ်လိုက်ပြီး စနောက်လာ၏။
သွမ့်ပိုင်ယွဲ့ကလည်း ချူယွမ့်ခါးကို လှမ်းဖက်လိုက်ကာ မိမိရင်ခွင်ထက် ချူယွမ်အားလဲလျောင်းမှေးစက်လိုက်စေပြီး-
"မင်းကို နှစ်သိမ့်ပေးချင်ရုံတင်"
"အင်း ၊ နောက်ရက်တွေကျ မင်း ဆူးဟွိုင်တောင်နန်းကိုရောက်တာနဲ့ ပုရောဟိတ်အမတ်ကြီးကပါ ချက်ချင်းလိုက်လာလိမ့်မယ်။ သူ့ကို စိတ်တိုအောင်မလုပ်ရဘူးနော်၊ ကြားလား"
"သူကမှ ကိုယ့်ကို စိတ်တိုအောင်လုပ်နေတာ မဟုတ်ဘူးလား"
ချူယွမ်က ခေတ္တမျှ သေချာစဥ်းစားကြည့်လိုက်သည်။
"ဟုတ်သားပဲနော်"
"ကိုယ့်ကို ပြန်နှစ်သိမ့်ပေး...."
သွမ့်ပိုင်ယွဲ့က မိမိ၀တ်ရုံစကို လှစ်ဟလိုက်ပြီး ချူယွမ်အား လက်ဖြင့် လှမ်းလှမ်းတို့ကာ တောင်းဆိုနေ၏။
"မရဘူး၊ နာနေတုန်းပဲ"
သွမ့်ပိုင်ယွဲ့မျက်၀န်းထဲ ပြုံးရိပ်သမ်းသွား၏။
မိမိစကားအပြောမှားသွားမှန်း ချူယွမ်သတိရသွားသည်နှင့် သွမ့်ပိုင်ယွဲ့အား တစ်ချက် ရိုက်ပစ်လိုက်သည်။ထို့နောက် ရင်ခွင်နန်းမှ ရုန်းထွက်ကာ နံရံနားသို့သာ အတင်းတိုးကပ်နေလိုက်၏။
တကယ်ကြီး နာနေတုန်းလား။
သွမ့်ပိုင်ယွဲ့ ထိုသို့တွေးရင်း ချူယွမ့်အား စောင်သေချာပြန်ခြုံပေးလိုက်သည်။
နောက်အခေါက်တွေကျ ကိုယ် သေချာဂရုစိုက်ပါ့မယ်......
အတန်ကြာတော့မှ ချူယွမ်က သူ့ဘက်ပြန်လှည့်လာကာ ဘာဆိုဘာမှ မပြောဘဲ သွမ့်ပိုင်ယွဲ့အား စောင်ဖြင့် အထပ်ထပ် ရစ်ပတ်လွှမ်းခြုံလိုက်သည်။
ရှီးနန်၀မ်ကတော့ အင်မတန်မှ အပြစ်ကင်းစင်လှပါပေသည်။
ဘာဖြစ်သွားပြန်ပြီလဲ။ ဘာမှတောင် ထပ်မပြောဘဲ အိပ်ချင်ယောင်ဆောင်ပေးထားတယ်လေကွာ။
ချူယွမ်က သွမ့်ပိုင်ယွဲ့မျက်နှာပေါ်ခေါင်းအုံးတစ်လုံး တင်လိုက်ပြီးခါမှ စိတ်ချလက်ချဖြစ်သွားသည့်နှယ် တစ်ဖက်သို့ ပြန်ပြီးလှည့်အိပ်နေလေ၏။
သွမ့်ပိုင်ယွဲ့ခမျာ အမှောင်ထုကြီးထဲတွင် ခိုးပြီးသက်ပြင်းချရရှာ၏။
ဒါက.... ကိုယ့်ယောကျ်ားကို ကိုယ်ပြန်သတ်တဲ့ပြစ်မှုကြီး ကျူးလွန်လိုက်တာမဟုတ်လား။
*******
Thz for loving this couple.
2020.07.24.
******
" အဲ့မ်က္ႏွာႀကီးက ဘယ္ႏွယ့္ အရမ္းေတြအူျမဴးေနတာလဲ ၊ လမ္းေပၚကေန ေငြစေကာက္ရလာလို႔လား"
သြမ့္ေယာင္က ဖားျပဳပ္ႀကီးကို အစာေကြၽးရင္း ေနာင္ေတာ္ျဖစ္သူအား ေမးလိုက္၏။သြမ့္ပိုင္ယြဲ႔ကေတာ့ စားပြဲခံုနား ထိုင္လိုက္ကာ -
"ရွစ္ဖူးေရာ"
"မႏိုးေသးဘူး။ ကြၽန္ေတာ္ မနက္စာသြား၀ယ္မလို႔ ၊ ေနာင္ေတာ္ ဘာစားခ်င္တာရိွလဲ"
"ရပါတယ္၊ ပန္၀မ္းကိုယ္တိုင္ မင္းအတြက္ပါ ၀ယ္ေပးခဲ့ေပးမယ္ ။ မေန့ညကေရာ အေျခအေန ဘယ္လိုထူးေသးလဲ"
သြမ့္ေယာင္က ေခါင္းခါလိုက္ကာ -
"ဘာေထြေထြထူးထူးမွ မရိွပါဘူး၊ ၿမိဳ႔ထဲသြားရင္လည္း အိမ္တိုင္းကို ကင္းလွည့္တပ္သားေတြ ေစာင့္ၾကပ္ေပးထားတာ ေတြ့ရလိမ့္မယ္။ ဒီလိုအေျခအေနႀကီးမွာ ဘယ္သူက အထုအေထာင္း အဖမ္းအဆီးခံရဖို႔ ကိုယ္ထင္လာျပမွာတဲ့လဲ"
"ဟုတ္ေတာ့ဟုတ္တာပ။ ကဲ...ဘာစားခ်င္လဲ"
"သၾကားဆမ္းတဲ့ ေငြခ်ည္မုန္႔ခ်ိဳရယ္၊ က်န္းပင္ရယ္ အသားစြပ္ျပဳတ္ရယ္။အဲ... ေပက်င္းလမ္းမေပၚက ဖူမာန္က်င္းဆိုင္ကေနပဲ ၀ယ္လာခဲ့ေနာ္၊ တျခားဆိုင္ဆို မစားဘူး"
"ဟုတ္ၿပီ"
သြမ့္ပိုင္ယြဲ႔ ထရပ္လိုက္ေတာ့ သြမ့္ေယာင္က အေတာ္ အံ့ၾသသြားသည္။
"ေနပါၪီး....ကြၽန္ေတာ္ ဒီေလာက္အေသးစိတ္ေတြမွာေနတာကို စိတ္မတိုဘူးလားဟင္"
"မနက္စာစားၿပီးရင္ ကိစၥတစ္ခုေလာက္ ကူညီေပး"
ထင္သားပဲ....
ညီငယ္ျဖစ္သူမွာ ဤကိစၥအတြက္ ဘာဆိုဘာမွ မအံ့ၾသေတာ့။
ခိုင္းစရာကိစၥမရိွဘဲနဲ႔ေတာ့အားအားယားယား အလိုလာလိုက္မွာမဟုတ္ဘူးဆိုတာ သိၿပီးသားပဲ၊ ဟြန္႔။
*****
ၿမိဳ႔တြင္း၀ယ္ တစၧေသာင္းက်န္းသည့္ကိစၥေၾကာင့္ လမ္းမႀကီးထက္တြင္ အေတာ္ပင္ လူသူကင္းစင္ေန၏။ နံနက္စာေရာင္းေသာ ဆိုင္မ်ားမွာပင္ အေစာင့္တပ္သားမ်ား ကင္းလွည့္ေပးသည္ကို စိတ္ခ်ေန၍သာ အိမ္ေရ႔ွမွသာ ဆိုင္ဖြင့္ရဲေလသည္၊ ေဖာက္သည္ေတာ့ က်ဲပါးသြားသည္ေပါ့။
သြမ့္ပိုင္ယြဲ႔လည္း နံနက္စာ၀ယ္ၿပီးသည္ႏွင့္ ထိုေစတီနားတစ္ဝိုက္ သြားေရာက္စစ္ေဆးၾကည့္ေသး၏။ မူမမွန္ျခင္းတစ္ခုမွ ရွာမေတြ့ေသာအခါမွ ယာယီနန္းေဆာင္သို႔ျပန္လာခဲ့သည္။ ထိုေစတီ၏ ထိပ္ဆံုးအဖ်ားေပၚကေန သူ႔အား တစ္ခ်ိန္လံုး စိုက္ၾကည့္ေနေသာ ဇရာမ်က္လံုးအိုတစ္စံုကိုေတာ့ သတိမမူမိခဲ့။
*******
သြမ့္ေယာင္ကေတာ့ နန္းေဆာင္၀င္းအတြင္း တိုက္ခတ္လာေသာ ေလႏုေအးကို ခံစားရင္း ရႊင္လန္းတက္ႂကြေန၏။ယခု သူ႔ေဘးနားတြင္ လူတစ္ေယာက္ ထပ္၍တိုးလာသည္။ ထိုသူသည္ကား -
"ဝမ္ရယ္"
သြမ့္ပိုင္ယြဲ႔အားျမင္ေတာ့ သြမ့္ေန့လည္း ထကာ ဂါရဝျပဳလိုက္ေလ၏။
"မင္း ဘယ္လိုလုပ္ ျပန္ေရာက္ေနတာလဲ"
သြမ့္ပိုင္ယြဲ႔လည္း လက္ထဲမွ မုန္႔ထုပ္မ်ားကို အသာခ်ကာေမးလာ၏။ အရင္တစ္ေခါက္ ေဖးလြမ္ၿမိဳင္နန္းကိုသြားတုန္းက ယြီရႉးအသတ္ခံရသည့္ကိစၥကို က်င့္လ်ိဳထ်ဲန္းတို႔အား ကူညီစံုစမ္းေပးရန္ သြမ့္ေန့ႏွင့္ အျခား လက္ေထာက္ႏွစ္ေယာက္ကိုပါ ထားရစ္ခဲ့ျခက္းျဖစ္သည္။ အရင္ႏွစ္ေခါက္သံုးေခါက္တုန္းက ေပးပို႔ထားေသာ စာမ်ားအရ မည္သည့္သဲလြန္စမွမရဟု ဆိုထားသည္မဟုတ္လား၊ အဘယ္ေၾကာင့္မ်ား ယခုက်ေတာ့ ယာယီနန္းေဆာင္ထိ အျမန္လိုက္လာရပါသနည္း။
သြမ့္ေန့က ေလ်ွာက္တင္လာ၏။
"လူသတ္တရားခံကိုရွာေတြ့ပါၿပီ။ တျခားလူမဟုတ္ပါဘူး၊ သူ႔ရဲ့ မယားငယ္ပါပဲ ၀မ္ရယ္။ ေရႊၿမိဳ႔ေတာ္ကို အလည္သြားတုန္းက သူ၀ယ္လာတဲ့ သဘင္သည္ဆိုတဲ့တစ္ေယာက္ပါ"
"ဆြီ႔ကူးတဲ့လား......."
သြမ့္ပိုင္ယြဲ႔က ဆက္ေျပာ၏။
"အင္း ၊ အျပင္ဘက္မွာ အေစာင့္အေရွာက္ေတြ ဒီေလာက္မ်ားျပားေနတာကို ဓားတစ္ခ်က္တည္းနဲ႔အသတ္ခံလိုက္ရတယ္။ ျဖစ္ခ်င္ေတာ့ လူသတ္သမားက အခန္းထဲမွာကို ရိွေနတာပါ့ေရာ။ ဟန္လုပ္ၿပီးသရုပ္ေဆာင္သြားေတြက တကယ္ခ်ီးက်ူးခ်င္စရာေကာင္းေပတယ္"
"ကြၽန္ေတာ္မ်ိဳးနဲ႔အတူ ၿမိဳင္နန္းသခင္ပါ လိုက္လာပါတယ္ခင္ဗ်ာ။ ဆြီ႔ကူးနဲ႔အတူ မန္က်င္းတည္းခိုေဆာင္မွာ နားေနေနပါတယ္"
"ဒါကလည္း ထူးဆန္းေနျပန္ၿပီ ။ ၿမိဳင္နန္းသခင္က်င့္က သူ႔အမႈအတြက္ တရားခံကို ဖမ္းမိၿပီးၿပီမဟုတ္လား။ အာဏာပိုင္ေတြရဲ့လက္ထဲပဲအပ္အပ္၊ သူကိုယ္တိုင္ပဲ စီရင္စီရင္၊ သူ႔စိတ္တိုင္းက် လုပ္လို႔ရေနတာပဲ... ဘာလို႔ ဒီထိ တစ္ပါတည္း ေခၚလာရတာတဲ့လဲ"
"အဲ့ဒီအမ်ိဳးသမီးက ေခ်ာင္ယာလူမ်ိဳးျဖစ္ေနလို႔ပါခင္ဗ်ာ"
သြမ့္ေန့က ဆက္ဆို၏။
"၀မ္ရယ္လည္း ဒီကိစၥကို စံုစမ္းေနတာဆိုေတာ့ ၊ ၿပီးေတာ့ ေရႊနန္းေတာ္နဲ႔လည္း ပတ္သက္ေနတယ္ဆိုေတာ့၊ ၿမိဳင္နန္းသခင္က်င့္ကလည္း အလ်င္စလို မျပဳမူခ်င္လို႔ပါတဲ့။ ၿမိဳင္နန္းနဲ႔ ယြင္တာၿမိဳ႔ကလည္း သိပ္မေဝးဘူးဆိုေတာ့ တစ္ခါတည္း လိုက္လာခဲ့တာပါ"
"သူလည္း ေခ်ာင္ယာကပဲဟုတ္လား၊ စိတ္၀င္စားစရာပဲ"
သြမ့္ပိုင္ယြဲ႔က ေမးကိုပြတ္ရင္း ေတြးတဆဆ ဆိုလာ၏။
"၀မ္ရယ္ ၊ မန္က်င္းတည္းခိုေဆာင္ကို သြားၪီးမလားခင္ဗ်ာ"
"ေနာက္နာရီ၀က္ေလာက္ေနမွ သြားၾကည့္မယ္။ ၿမိဳင္နန္းသခင္က်င့္ရဲ့လက္ထဲမွာဆိုေတာ့ သူ ဘယ္ကိုမွ ေျပးမသြားႏိုင္ပါဘူး။ မင္းလည္း ပင္ပန္းေနၿပီဆိုေတာ့ အနားယူလိုက္ေလၪီး"
"ဟုတ္ကဲ့"
နံနက္စာထုပ္ဆြဲၿပီးျပန္ထြက္သြားေသာ သြမ့္ပိုင္ယြဲ႔အမိန္႔ကို အသာေလး နာခံယူလိုက္သည္။ ေနာင္ေတာ္ျဖစ္သူ အေဝးကိုေရာက္သြားေတာ့မွ သြမ့္ေယာင္က ဆို၏။
"ေအးေဆး သြားအိပ္လိုက္ေတာ့။ ေန့လယ္စာစားခ်ိန္ေလာက္မဟုတ္ရင္ သူျပန္လာမွာမဟုတ္ေသးဘူး"
သြမ့္ေန့ အနည္းငယ္ေတာ့ တံု႔ဆိုင္းေနဆဲ။
"ဒါေပမယ့္ ေစာနကေတာ့ ေနာက္နာရီ၀က္ေန ျပန္လာမယ္လို႔ ေျပာသြားေၾကာင္းပါ"
သြမ့္ေယာင္မ်က္ႏွာမွာ အေတာ္ပင္ ခန္႔မွန္းရခက္စြာ ရႈံ႔မဲ့သြား၏။
ေနာက္နာရီ၀က္ကို ေမ်ွာ္မေနပါနဲ႔ကြာ၊ ငါ့ေနာင္ေတာ္က မရီးေတာ္ဆီ နံနက္စာသြားပို႔တာေလ။
သူတို႔အခ်င္းခ်င္း တြန္းလိုက္၊နမ္းလိုက္၊ က်ီစယ္လိုက္နဲ႔တင္ နာရီ၀က္က ေအးေဆးကုန္ေနၿပီ။
၀တၴုေတြထဲမွာဆို အဲ့လိုပဲေရးထားၾကတာ။
******
ခ်ူယြမ္တစ္ေယာက္ အစီရင္ခံစာမ်ားကို ထိုင္ဖတ္ေန၏။
သြမ့္ပိုင္ယြဲ႔ တံခါးဖြင့္ၿပီး ၀င္လာလာခ်င္း ၿပံဳးရင္းႏွင့္ဆိုလာသည္။
"အိပ္ရင္သြားအိပ္ေလကြာ၊ မ်က္လံုးေတြကျဖင့္ အလိုလိုပိတ္ေနၿပီ"
ခ်ူယြမ္က ထိုင္ရာမွထလိုက္ကာ -
"မင္း ဘာလို႔ ဒီေလာက္ၾကာေနတာလဲ"
သြမ့္ပိုင္ယြဲ႔က မုန္႔ထုပ္မ်ားကို ေျဖလိုက္ကာ
"အရမ္းေတာ့မၾကာပါဘူး၊ ၿမိဳ႔တစ္ပတ္ပတ္ၾကည့္ရံုတင္ပါ။ ဒါေပမယ့္ ဘာမွထူးထူးျခားျခားမရိွပါဘူး၊ ပကတိအတိုင္းပဲ"
"ထင္ေတာ့ထင္ပါတယ္ေလ"
ခ်ူယြမ္က လက္ေခ်ာင္းမ်ားကို ေသခ်ာသုတ္လိုက္ၿပီးေနာက္ ေပါက္စီတစ္လံုးယူစားလိုက္ကာ ဆက္ေျပာလာ၏။
"ဆူးဟြိုင္ေတာင္နန္းကို လူလႊတ္ၿပီး သန္႔ရွင္းေရးလုပ္ခိုင္းထားတယ္၊ ေနာက္ႏွစ္ရက္ေလာက္ဆို သြားေနလို႔ရၿပီ"
"အင္း၊ ဒီကေန တစ္နာရီေတာင္ ေဝးတဲ့ေနရာႀကီးမွာ လန္ဂ်ီးကိုမ်ွားထုတ္ဖို႔ ဟန္ျပသြားေနရမွာဆိုေတာ့ မင္းနဲ႔အေဖာ္လုပ္မေပးႏိုင္ေတာ့ဘူး"
ခ်ူယြမ္ ရယ္ခ်င္သြား၏။
"မင္းမ်က္ႏွာႀကီးကိုၾကည့္ပါၪီး၊ အရမ္းေတြ နစ္နာဆံုးရႈံးေနရတဲ့ ရုပ္ႀကီးနဲ႔"
"တကယ္လည္း နစ္နာေနတာပဲေလ၊ ကိုယ္တို႔အတြက္ ဆယ္ရက္ပဲ အခ်ိန္ရေတာ့တာကို"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္အား လွမ္းဆြဲလိုက္ကာ လက္ထဲမွ စားလက္စေပါက္စီကို လွမ္းကိုက္စားလိုက္သည္။ ခ်ူယြမ္လညး က်န္သမ်ွေပါက္စီကို သူ႔အား အကုန္ေကြၽးလိုက္ကာ -
"ဒါဆို ဆူးဟြိုင္ေတာင္နန္းဆီ ငါကပဲ လိုက္လာခဲ့မယ္ေလ၊ ရတယ္မလား"
သြမ့္ပိုင္ယြဲ႔ အေတာ္ အံ့ၾသသြားကာ ခ်ူယြမ္အား အတိုင္းသား ေမာ့ၾကည့္လာသည္။ ခ်ူယြမ္က ဆက္ဆို၏။
"တစ္နာရီပဲၾကာတာကို"
"အသြားတစ္နာရီ၊ အျပန္တစ္နာရီနဲ႔ ဒီလိုမ်ိဳး အသြားအျပန္ေတြလုပ္လိုက္၊ မွဴးမတ္ေတြ လာၿပီးအခစား၀င္လိုက္နဲ႔ဆို မင္း ဘယ္အခ်ိန္ ေအးေအးခ်မ္းခ်မ္း အနားယူလို႔ရမွာလဲ။ မရဘူး၊ ကိုယ္ ခြင့္မျပဳဘူး"
"ဒီမွာ တစ္ေယာက္တည္းအိပ္ရရင္လည္း အိပ္မွမေပ်ာ္ဘဲ...."
"ဒီစကားတစ္ခြန္းနဲ႔တင္ လံုေလာက္ေနပါၿပီ"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ ဆက္ေျပာလာ၏။
"တကယ္ကို လံုေလာက္သြားတာ၊ ျပည့္စံုသြားတာ၊ ဘာဆိုဘာမွကို မလိုအပ္ေတာ့တာ။ ဒါေပမယ့္ မင္း အဲ့လို သြားသြားလာလာလုပ္ရလို႔ ပင္ပန္းႏြမ္းနယ္ေနရင္ ကိုယ္ ဘယ္ေလာက္ရင္နာရမလဲဆိုတာလည္း ေတြးေပးပါၪီးလား"
"အင္း"
ခ်ူယြမ္က မိမိလက္ကို အသာျပန္ရုတ္သိမ္းလိုက္၏။ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လည္ပင္းအက်ႌစကို ေသခ်ာၫွိေပးလိုက္ကာ -
"စိတ္ခ်ပါ၊ ႀကီးႀကီးမားမားျပႆနာမွ မဟုတ္တာ။ ကိုယ္ ေစာနေျပာတာ စေနာက္ခ်င္ရံုသက္သက္ပဲ၊ ေနာင္က်ရင္ ကိုယ္တို႔ႏွစ္ေယာက္က တစ္သက္လံုး အတူတူေနသြားရၪီးမွာပဲဟာ ။ ဒီရက္ပိုင္းေလးကို ဘာကိစၥ မႈေနရမွာလဲ၊ ဟုတ္တယ္ဟုတ္"
"အင္း၊ဟုတ္တယ္"
ခ်ူယြမ္ ၿပံဳးရႊင္ေနေပ၏။
"ခုေတာ့ မနက္စာ ၿပီးေအာင္စားရေအာင္ပါ၊ စားၿပီးသြားရင္ ဒီနားေလးတင္ လွဲလိုက္ေလ။ အစီရင္ခံစာေတြကို ကိုယ္ အစားဖတ္ေပးပါ့မယ္"
"လံုး၀ သြားမထိနဲ႔ေနာ္"
ခ်ူယြမ္က သူ႔ႏွာေခါင္းအား ဆြဲၫွစ္လိုက္ကာ -
"အရင္တစ္ေခါက္တုန္းက မင္းေရးလိုက္တဲ့ျပန္စာ ၊ "မင္းဟာမင္း ၾကည့္ရွင္းလိုက္ေလ"ဆိုတဲ့ တစ္ခု။ ဟိုဘက္ ကြီ႔ယန္ၿမိဳ႔စားမင္းဆို လန္႔လြန္းလို႔ ဖ်ားေတာင္ဖ်ားခ်င္သြားသတဲ့။ ဒီကိစၥနဲ႔ပတ္သက္ၿပီး မင္းနဲ႔အေႂကြးမရွင္းရေသးဘူး၊ ငါမသိဘူးလို႔ မထင္နဲ႔"
သြမ့္ပိုင္ယြဲ႔ကေတာ့ ေအးေဆးတည္ၿငိမ္စြာ ၿပံဳးေနလ်က္။
ဟုတ္သည္ေလ၊ အစီရင္ခံစာတစ္ခုလံုးက ညည္းတြားတိုင္ေတာေနတာေတြခ်ည္းပဲ။ တစ္၀က္ကေတာ့ ရွီးနန္စံအိမ္ေတာ္အေၾကာင္း မေကာင္းေျပာထားတာေတျြဖစ္ကာ မင္းဟာမင္းၾကည့္ရွင္းလိုက္ေလဟု စာျပန္လိုက္သည္ကပင္ အဆံုးစြန္ထိ ေဘးမဲ့ထားျခင္းမည္ေပသည္။ သူ႔ပင္ကိုစရိုက္ႏွင့္ဆိုလ်ွင္ တပ္သားမ်ားေစလႊတ္ကာ တစ္ပြဲေလာက္ ပြဲၾကမ္းခိုင္းေနေလာက္ၿပီျဖစ္၏။
သို႔ႏွင့္ သြမ့္ေယာင္ေျပာသည့္အတိုင္းပင္၊ နာရီ၀က္ဟု ေျပာထားေပမင့္ သြမ့္ပိုင္ယြဲ႔တို႔ကေတာ့ ေန့လယ္စာစားၿပီးမွသာ ျပန္ေရာက္လာ၏။ ထို႔ေနာက္ သြမ့္ေန့ႏွင့္အတူ အျပင္ထြက္သြားေလသည္။
******
မန္က်င္းတည္းခိုေဆာင္တြင္။
လက္ဖက္ရည္ထိုင္ေသာက္ရင္း ေစာင့္ဆိုင္းေနေသာ က်င့္လ်ိဳထ်ဲန္းက သြမ့္ပိုင္ယြဲ႔၀င္လာသည္ကိုျမင္ေတာ့ ၿပံဳးပန္းတသာ ခရီးၪီးႀကိဳလာ၏။
"၀မ္ရယ္ ဒီကိစၥကို အျမန္ဆံုးလက္စသတ္ခ်င္တယ္မွတ္ေနတာ။ ေန့လယ္ခင္းထိ ထိုင္ေစာင့္ရလိမ့္မယ္လို႔ ထင္ေတာင္ထင္မထားခဲ့ဘူး"
သြမ့္ပိုင္ယြဲ႔ကေတာ့ မည္သို႔မွမၿဖံဳ၊ စားပြဲနား ထိုင္လိုက္ကာ ခပ္တည္တည္ျဖင့္သာ ဆိုလာ၏။
"ရွီးနန္ဘက္ကလည္း အမႈကိစၥေတြမ်ားျပားရႈပ္ေထြးေနပါသဘိနဲ႔ ၊ ၿမိဳင္နန္းသခင္ကို အၾကာႀကီး ေစာင့္ဆိုင္းေစမိသလိုျဖစ္သြားပါၿပီ"
"ရပါတယ္ခင္ဗ်ာ။ ဆြီ႔ကူးကေတာ့ ေဘးခန္းမွာရိွပါတယ္၊ ကြၽန္ေတာ္မ်ိဳးရဲ့လူယံုေတာ္ေတြကို ေစာင့္ၾကပ္ခိုင္းထားတာပါ။ သူ႔ရဲ့ သိုင္းပညာကိုလည္း ဖ်က္ဆီးလိုက္ၿပီဆိုေတာ့ ဘာမျွပန္မလုပ္ႏိုင္ေတာ့ပါဘူး"
"သူက ေခ်ာင္ယာလူမ်ိဳးလို႔ ပန္၀မ္းသတင္းရထားတယ္"
က်င့္လ်ိဳထ်ဲန္းက ေခါင္းညိတ္လိုက္၏။
"သူေျပာျပသေလာက္ကေတာ့ ေခ်ာင္ယာကမိန္းမပ်ိဳအေတာ္မ်ားမ်ားဟာ ကြၽန္းကေန ထြက္ခြာလာၿပီး သဘင္သည္အျဖစ္ အသက္ေမြး၀မ္းေက်ာင္းျပဳၾကတာ မ်ားတယ္၊ လူေတြရဲ့စိတ္အာရံုကို ဖမ္းၫွို႔ယူႏိုင္လြန္းတဲ့ အသံမ်ိဳးရိွလို႔ပါတဲ့ ။ ဒါေပမယ့္ အေတာ္အတန္ စုမိေဆာင္းမိျဖစ္သြားရင္ေတာ့ ကြၽန္းဆီျပန္သြားၾကတာမ်ားတယ္၊ သူတစ္ေယာက္တည္းကပဲ တာ့ခ်ူရဲ့ စည္ကားဖြံ႔ၿဖိဳးမႈထဲ ေမြ့ေလ်ာ္သြားၿပီး မျပန္ခ်င္ေတာ့လို႔ ဒီမွာတစ္ေယာက္တည္း ခိုးေၾကာင္ခိုးဝွက္ပုန္းၿပီး တမင္ေနရစ္ခဲ့တာပါတဲ့"
"ဒါဆို ဘာကိစၥ ယြီရႉးကို သတ္ရတာလဲ"
"ကြၽန္းဆီကေန ထြက္ေျပးတိမ္းေရွာင္လာတယ္ဆိုေပမယ့္ ဘာပဲေျပာေျပာ ေခ်ာင္ယာက သူ႔ရဲ့ဇာတိေျမပဲေလ။ ယြီရႉးက သူ႔အမ်ိဳးအႏြယ္ေတြကို သုတ္သင္ရွင္းလင္းေတာ့မယ္လုပ္ေတာ့ သူလည္း အၿငိမ္မေနႏိုင္ေတာ့ဘဲ ၀င္ရႈပ္လိုက္ေတာ့တာ ။ လိုက္သတ္ခံေနရတဲ့ ေခ်ာင္ယာမ်ိဳးႏြယ္စုထဲ လူမမယ္ေလးပါ ပါလာတယ္ၾကားေတာ့ ပိုၿပီး လူသတ္ခ်င္စိတ္ ျပင္းျပသြားေရာ"
"ဟင္၊ ဘာလို႔လဲ"
"ဒီလိုမ်ိဳး ေသေျပးရွင္ေျပးထြက္လာၾကတာေတာင္ ဒီကေလးကို မစြန္႔ပစ္ခဲ့ၾကဘူးဆိုေတာ့ သာမန္ကေလးငယ္မျဖစ္ႏိုင္ဘူးလို႔ သူယူဆတယ္တဲ့။ အဲ့ကေလးက ကြၽန္းေပၚက နန္ယန္လူမ်ိဳးေတြနဲ႔ ပတ္သက္မႈရိွေနမယ္ ထင္တာပဲ၊ ျဖစ္ႏိုင္ေျခအမ်ားဆံုးကေတာ့ သူ႔အစ္မအရင္းရဲ့ကေလးလို႔ သူထင္ေနတာ"
"ကြၽန္းေပၚက နန္ယန္မ်ိဳးႏြယ္စု?"
သြမ့္ပိုင္ယြဲ႔ ေလးနက္စြာ ေတြးေတာလိုက္သည္။
အရင္တုန္းကလည္း ထိုကြၽန္းေပၚတြင္ နန္ယန္လူမ်ိဳးမ်ားေရာက္ေနေၾကာင္း ေခ်ာင္ယာလူမ်ိဳးမ်ားထံမွ သြမ့္ပိုင္ယြဲ႔ၾကားဖူးသည္။ ေတာင္ပိုင္းေျမာက္ပိုင္းကြဲသြားကာ ေျမာက္ပိုင္းသားတစ္ေယာက္၏ အကူအညီျဖင့္ နန္ယန္ဓားျပမ်ား ကြၽန္းေပၚ အလြယ္တကူတက္ခြင့္ရၿပီး ရိွသမ်ွကြၽန္းသူကြၽန္းသားမ်ားကို သတ္ပစ္လိုက္ၾကသည္ဆိုေသာ ျဖစ္ရပ္။
သို႔ေသာ္ ထိုနန္ယန္မ်ိဳးႏြယ္ႏွင့္ အိမ္ေထာင္ျပဳျပီး ကေလးပင္ေမြးၾကသည္ဟုေတာ့ ထုတ္မေျပာဖူးခဲ့။ ကြၽန္းေပၚတြင္ နန္ယန္လူမ်ိဳးမ်ား ေရာက္ေနသည္မွာ အနည္းဆံုး ခုနစ္ႏွစ္ရွစ္ႏွစ္မ်ွပင္ ရိွေနၿပီျဖစ္ေၾကာင္း ဆြီ႔ကူးကေတာ့ ထြက္ဆို၏။ ထိုနန္ယန္လူမ်ိဳးမ်ားမွာ တစ္ေန့တစ္ေန့ ရတနာေျမပံုရွာသည္ႏွင့္သာ အခ်ိန္ကုန္သြားတတ္ကာ စားဖို႔ေသာက္ဖို႔ အစာေရစာကအစ ေခ်ာင္ယာမ်ားကပင္ ရွာေဖြေပးရေလသည္ဟုပါ ေျပာသည္။ သို႔ဆိုလ်ွင္ ႏွစ္ဖက္အင္အားစုမွာ အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားဖို႔မဆိုထားႏွင့္၊ အင္မတန္မွသဟဇာတ ျဖစ္ေနၾကေသးသည္ မဟုတ္လား။
"နန္ယန္အဖြဲ႔ရဲ့ေခါင္းေဆာင္က မုက်ိဳးလို႔အမည္ရိွၿပီး ဆြီ႔ကူးရဲ့အစ္မနဲ႔ လက္ထပ္ထားပါတယ္တဲ့။ ေျပာရရင္ ကြၽန္းေပၚမွာ ၾသဇာ အာဏာအႀကီးဆံုးလူေပါ့။ ေခ်ာင္ယာလူမ်ိဳးေတြကလည္း သူေပးကမ္းသေလာက္ပဲ စားေနရတယ္၊ အစပိုင္းတုန္းက လူမ်ိဳးျခားဆိုၿပီး ရန္ျဖစ္တတ္ၾကသေလာက္ ေနာက္ပိုင္းေတာ့ သင့္ျမတ္သြားၾကပါတယ္တဲ့"
သြမ့္ပိုင္ယြဲ႔က ေခါင္းခါလိုက္ကာ -
"ေခတ္ေနာက္က်တဲ့အျပင္ ေခါင္လြန္းတဲ့ အဲ့ဒီလိုကြၽန္းမ်ိဳးကို လုေနၾကေသးတယ္ေပါ့"
"အဖြဲ႔အစည္းေတြရိွလာတိုင္း ဂိုဏ္းဂဏေတြကြဲျပားတဲ့ကိစၥကလည္း ထပ္ခ်ပ္မကြာ လိုက္လာမွာပါပဲ ။ ဆြီ႔ကူးလည္း သူ႔အစ္မရဲ့ကေလးမွန္း အရမ္းလည္း ေသခ်ာမေနပါဘူး၊ အစကတုန္းကဆို ျပန္ၿပီးအဆက္အသြယ္ မလုပ္ေတာ့ဘူးလို႔ေတာင္ ဆံုးျဖတ္ထားၾကတာတဲ့ေလ"
"ေၾသာ္၊ သူက ဘာမွေသခ်ာမသိဘဲနဲ႔ေတာင္ ယြီရႉးကိုသတ္ပစ္လိုက္တယ္ေပါ့။ အဲ့ကြၽန္းကေန လာတဲ့လူေတြရဲ့ စိတ္ေနစိတ္ထားေတြကို သာမန္လူေတြဆို ဒီလိုေတြးတာဆိုၿပီး လိုက္ခန္႔မွန္းလို႔ကိုမရႏိုင္ဘူး"
လူတိုင္းလိုလို အတၲေတြႀကီးၿပီး ကိုယ့္ေျခမအတြက္ကိုပဲ ကြက္ၾကည့္တတ္ၾကတယ္၊ ဒီေလာက္ အတၲႀကီးၿပီး ရူးမိုက္တဲ့ဟာမ်ိဳးေတြဆိုတာက အရမ္းရွားတာပ။
"အခု ယြီရႉးကိုသတ္တဲ့တရားခံလည္း ေတြ့ၿပီဆိုေတာ့ ေဖးလြမ္ၿမိဳင္နန္းဘက္ကေတာ့ ဒီအမႈကို ပိတ္လိုက္ပါၿပီ။ တရားခံကိုေတာ့ ၀မ္ရယ္ဆီမွာပဲ ခ်န္ထားေပးလိုက္ပါ့မယ္၊ ေက်းဇူးတင္ေၾကာင္း လက္ေဆာင္ေပါ့ဗ်ာ"
"ၿမိဳင္နန္းသခင္ လမ္းႀကံဳတုန္းေလး ပန္၀မ္းကို တစ္ခုေလာက္ ကူညီခဲ့ပါၪီး"
"ဘယ္ကိစၥကိုလဲ"
သြမ့္ပိုင္ယြဲ႔လည္း သူ႔အနားသို႔တိုးကာ ႏွစ္ခြန္းသံုးခြန္းမ်ွ ခပ္တိုးတိုး ေျပာလိုက္သည္။ က်င့္လ်ိဳထ်ဲန္းလည္း ေခါင္းညိတ္လိုက္ကာ -
"လုပ္တာက လုပ္ေပးလို႔ရတယ္။ ဒါေပမယ့္ ဘာေၾကာင့္ ကိုယ့္ေခါင္းေပၚကိုျပန္ၿပီး အမိႈက္သရိုက္ေတြ သြန္ခ်ခ်င္ေနသတဲ့တုန္း"
"ပန္၀မ္းက ေရႊနန္းေတာ္ဘက္နဲ႔ အေပးအယူလုပ္ထားရံုတင္ပါ။ ၿမိဳင္နန္းသခင္က်င့္ ရိွေနမွေတာ့ ပန္၀မ္းကို ကူညီေပးလွည့္ပါၪီး။ ပန္၀မ္းက သိုင္းေလာကသားမဟုတ္ေပမယ့္ ေကာလာဟလ လႊင့္တဲ့ေနရာမွာ ေကြၽ့ယင္ဂိုဏ္းက ပထမ၊ ေဖးလြမ္ၿမိဳင္နန္းက ဒုတိယဆိုတာ ေကာင္းေကာင္းႀကီးသိပါတယ္။ ဘယ္သူကမွ တတိယေနရာကိုေတာင္ လာမေနရဲၾကဘူးေလ"
က်င့္လ်ိဳထ်ဲန္းက သေဘာက်စြာရယ္ေမာလိုက္ကာ -
"ထားပါေတာ့၊ ဒီေလာက္ အေသးအဖြဲကိစၥေလာက္ကေတာ့ ကြၽန္ေတာ္မ်ိဳးတို႔အတြက္ ဘာမွ အပန္းမႀကီးပါဘူး။"
******
သို႔ႏွင့္ ထိုေန့ ေန့လယ္ခင္းမွာတင္ ယြင္တာၿမိဳ႔တစ္ခြင္လံုး၌ ရွီးနန္၀မ္ႂကြေရာက္လာလိမ့္မယ္တဲ့ဟူေသာ သတင္းစကားပ်ံ့ႏွံ႔သြားေပ၏။
လာခ်င္သပဆိုလည္း လာကြာ။
ေထာင္လ်ဲန္တာအပါအ၀င္ အျခားေသာမွဴးမတ္၀န္ႀကီးမ်ားကလည္း အထူးတလည္ အံ့ၾသျခင္းမရိွၾက။ ဧကရာဇ္အရွင္ကိုယ္ေတာ္တိုင္ မိန္႔ၾကားထားၿပီးသားကိစၥပင္ မဟုတ္လား။
သို႔ေသာ္ ေကာလာဟလမ်ားထဲက သတင္းစကားမ်ားကေတာ့ ရွီးနန္၀မ္ ႂကြေရာက္လာမယ္တဲ့ဆိုသည့္ေနရာမွာတင္ ရပ္မသြား ။
ရွီးနန္၀မ္ႀကီးမွာ ေမွာ္နက္က်င့္စဥ္မ်ားကိုပါ က်င့္ႀကံေပါက္ေျမာက္ၿပီးၿပီျဖစ္ေၾကာင္း၊ က်င့္စဥ္အမည္မွာ ေဗာဓိစိတၲသိုင္းက်င့္စဥ္ပင္ျဖစ္ေၾကာင္း။ ကိုယ္လက္လႈပ္ရွားစရာပင္မလို ၊ တစ္ဖက္ရန္သူအား ဖ်တ္ခနဲၾကည့္လိုက္ရံုမ်ျွဖင့္ပင္ အသက္ဆံုးရႈံးသည့္အထိ ျပင္းထန္လွေသာအဆိပ္တစ္မ်ိဳး သင့္ေစႏိုင္ေၾကာင္းပါ ပါလာ၏။
"အိုက္ယား.....တကယ္ႀကီးလား"
လ်ိဳတာ့က်ံဳ႔ခမ်ာ ပါးစပ္ေဟာင္းေလာင္းဟကာ တအံ့တၾသေတျြဖစ္ေန၏။
" ကိုယ္က်င့္သိကၡာ ထံုးတမ္းစဥ္လာေတြနဲ႔ ဆန္းစစ္ၾကည့္ရင္ သိုင္းေလာကမွာ အဲ့ေလာက္ထိ ဆန္းျပားၿပီးေအာက္တန္းက်တဲ့ က်င့္စဥ္မ်ိဳး မရိွေလာက္ပါဘူး အမတ္ႀကီး၊စိတ္မပူၾကပါနဲ႔"
က်န္းဟြိုင္က က်ိဳးေၾကာင္းဆီေလ်ာ္စြာ ရွင္းျပလာေပမင့္ ေထာင္လ်ဲန္တာကေတာ့ -
"မရိွေလာက္ဘူးဆိုေပမယ့္ လံုးဝမရိွဘူးလို႔မွေျပာမထားတာ။ဧကရာဇ္အရွင္မင္းျမတ္ရဲ့ ေရႊနဂါးခႏၶာေတာ္က အင္မတန္မျွမင့္ျမတ္စင္ၾကယ္ေတာ္မူေပတယ္၊ အရွင့္ကို ဒီလိုမ်ိဳး အႏၲရာယ္ေတာထဲ လႊတ္ေပးလိုက္လို႔မရဘူး။ ဒီရွီးနန္၀မ္ႀကီးကိုဆို ပိုဆိုးတယ္၊ သြားကိုမေတြ့သင့္ဘူး။ မဟုတ္ဘူး၊ လံုး၀ ေပးမေတြ့ဘဲ ထားရမွာ "
"ေလာင္ေထာင္ေရ....အရွင္မင္းျမတ္က ထြက္မေတြ့လို႔ျဖစ္ေပမယ့္ အသင္ကေတာ့ မျဖစ္မေန သြားႀကိဳရမွာပဲမဟုတ္လား။ ဒုတပ္မွဴးက်န္းဆီက ေရႊေရာင္သံခ်ပ္ကာအက်ႌ ႏွစ္ထပ္သံုးထပ္ေလာက္ အသင့္၀တ္ရံုေအာက္ခံဖို႔ ငွားသြားပါၪီးလား။ အထပ္ထပ္၀တ္ၿပီးသြား၊ ပါးစပ္ကိုလည္း အုပ္ထား၊ ႏွာေခါင္းကိုလည္း ပိတ္ဆို႔ထားႏိုင္ရင္ ပိုေကာင္းမယ္"
"အကြၽႏ္ုပ္က ညီလာခံသဘင္ရဲ့ မွဴးမတ္ႀကီးတစ္ေယာက္ပါ၊ အဲ့လို သူရဲေဘာေၾကာင္တဲ့ လုပ္ရပ္မ်ိဳး မလုပ္ပါဘူး"
"ဟိုဘက္က တစ္ခ်က္စိုက္ၾကည့္လိုက္တာနဲ႔ အဆိပ္သင့္မွာတဲ့ေနာ့"
လ်ိဳတာ့က်ံဳ႔က သူ႔အား သတိထပ္ေပးလာ၏။ေဘးနားကရပ္ေနေသာ က်န္းဟြိုင္ကလည္း ေနာက္တစ္ဖန္ ေျပာျပလာသည္။
"သိုင္းေလာကမွာ ဒီေလာက္ထိ ဆန္းျပားၿပီးေအာက္တန္းက်ေနတဲ့ က်င့္စဥ္မ်ိဳး မရိွပါဘူး အမတ္ႀကီးတို႔၊ စိတ္မပူၾကပါနဲ႔"
ေျပာျပေနတဲ့ဟာကို .....နည္းနည္းေတာ့ နားေထာင္ၾကပါၪီး။
"ေဗာဓိစိတၲသိုင္းက်င့္စဥ္အေၾကာင္း အကြၽႏ္ုပ္ အနည္းအက်ဥ္းေတာ့ သိထားတယ္"
ေထာင္လ်ဲန္တာက ထိုသ္ို႔ေျပာလာေတာ့ က်န္သူႏွစ္ေယာက္မွာ အေတာ္ပင္ အံ့ၾသသြား၏။
ဟင္၊ ဒီကိစၥေတြထိေတာင္ သိေနတာလား။
မထင္ရဘူး။
ေထာင္လ်ဲန္တာက သူ၏အက်ႌလက္အိတ္ထဲမွ ေၾကမြေဟာင္းႏြမ္း ညစ္ပတ္ေပေရေနေသာ စာအုပ္တစ္အုပ္ကို ထုတ္ျပလာ၏။
အီ.....ေဝါ့....။
လ်ိဳတာ့က်ံဳ႔မ်က္ႏွာထက္တြင္ သိသိသာသာရြံရွာစက္ဆုပ္ေနသည့္ဟန္ ေပၚေန၏။
ၾကားလို႔မွ ေကာင္းေသးရဲ့လား။
အသက္အရြယ္ကလည္း နည္းနည္းေနာေနာ မဟုတ္ေတာ့ဘူး ၊ ညီလာခံသဘင္ထဲက ထိပ္တန္း မွဴးႀကီးမတ္ရာတစ္ပါးလံုးျဖစ္ေနၿပီးေတာ့ သူမ်ားတကာ ေပါက္တတ္ကရ ေလ်ွာက္ေရးထားတဲ့စာအုပ္ေတြကို လိုက္ဖတ္စရာလား။ ညစ္ပတ္စုတ္ျပတ္ေနတာပဲ၊ ရြံလိုက္တာ။
ေထာင္လ်ဲန္တာက စာမ်က္ႏွာတစ္ခုကို လွန္ေလွာျပလိုက္၏။
လ်ိဳတာ့က်ံဳ႔က ခ်က္ခ်င္းပင္ မ်က္လံုးကို လက္ျဖင့္ အျမန္ပိတ္လိုက္သည္။
ၾကည့္လို႔မျဖစ္ဘူး၊ အိမ္သူသက္ထားေလး သိသြားရင္ အ၀တ္ေလ်ွာ္သစ္သားျပားေပၚ ဒူးေထာက္၀ပ္တြားခိုင္းလိမ့္မယ္။ ၾကည့္လို႔ မျဖစ္ဘူး။
"ဒီစာအုပ္က ေဗာဓိစိတၲသိုင္းက်င့္စဥ္အေၾကာင္း ေရးထားတဲ့က်မ္းစာအုပ္ပဲ။ ကြၽႏ္ုပ္ ဖတ္ၾကည့္ေပမယ့္ နားမလည္ဘူး"
"......."
"ဘာမွ သိုင္းပညာေတြမဟုတ္ဘူး၊ ၾကည့္ရံုနဲ႔ သိတယ္။ တမင္သက္သက္ ယန္ဓာတ္(အဖိုဓာတ္)တိုးပြားခိုင္မာေအာင္ ေရးထားတဲ့ စာအုပ္ႀကီး"
ရွီးနန္၀မ္ႀကီး သူ႔ဘာသူ ယန္ဓာတ္ေတြ တိုးပြားခိုင္မာေအာင္လုပ္ေနရိုး မွန္ရင္ေတာင္ တာ့ခ်ူနဲ႔ ဒို႔ဧကရာဇ္နဲ႔က အဲ့ကိစၥနဲ႔ ဘယ္လိုမ်ား သြားဆိုင္ေနလို႔တုန္း။
က်န္းဟြိုင္က ေခ်ာင္းအနည္းငယ္ဟန္႔လိုက္ကာ ေမးလာ၏။
"အဟမ္း၊ အမတ္မင္းခင္ဗ်ာ။ ဒီစာအုပ္ကို ဘယ္ကေန ရလာသလဲဆိုတာ ေမးၾကည့္လို႔ရမလား"
လ်ိဳတာ့က်ံဳ႔လည္း ျပန္ေအာက္ေမ့ၾကည့္လိုက္၏။
လမ္းေဘးဆိုင္မွာ တစ္ျပားကို ႏွစ္အုပ္ႏႈန္းျဖင့္ ေရာင္းေနၾကျခင္းျဖစ္သည္၊ ဘယ္ႏွစ္အုပ္ပဲလိုခ်င္သည္ျဖစ္ေစ၊ လိုသေလာက္ အကုန္ရေစရမည္ ။
ဟုတ္ပ....ဘာလို႔ ဒီကိစၥမ်ိဳးကိုမွ သူ သြားယံုရတာလဲ။ ရူးသြားၿပီထင္ပါရဲ့။
သို႔ေသာ္လည္း-
"အဟမ္း၊ ဘယ္ကေန ရလဲဆိုေတာ့ကာ....အရင္ရက္ေတြတုန္းက ေကြၽ့ယင္နန္းေဆာင္ကလူေတြ ေရႊၿမိဳ႔ေတာ္ကိုေရာက္လာၾကေသးတယ္ေလ။ ကြၽႏ္ုပ္နဲ႔ လမ္းမႀကီးေပၚမွာ ဆံုၾကေတာ့ ရွီးနန္နယ္အေရးကိစၥအေၾကာင္း ေမးၾကည့္ရင္းနဲ႔ သိုင္းပညာရွင္ႀကီးေတြဆီကေန ဒီစာအုပ္ကို ၀ယ္လိုက္တာ ၊ အေတာ္ေလး ေစ်းႀကီးႀကီးေပးၿပီး ၀ယ္ခဲ့ရတာပါေလ"
က်န္းဟြိုင္က ခ်က္ခ်င္းထရပ္လိုက္ကာ -
"ကြၽန္ေတာ္မ်ိဳး လုပ္စရာအလုပ္ရိွေသးတာမို႔ ခြင့္ျပဳပါၪီးခင္ဗ်ာ"
"ေကြၽ့ယင္နန္းေဆာင္က ဆူက်ံဳးေဒသရဲ့ ပထမတန္းစား ဂိုဏ္းႀကီးတစ္ခုပဲ၊ ရွီးနန္နဲ႔ကလည္း အလွမ္းေဝးတယ္။ ခ်င္ဂိုဏ္းခ်ဳပ္ကလည္း ႏုနယ္ပ်ိဳမ်စ္ၿပီး အစြမ္းအစထက္ျမက္လြန္းတဲ့ ဂိုဏ္းခ်ဳပ္တစ္ေယာက္ပဲဆိုေတာ့ ယံုစားအားကိုးလို႔ ရေကာင္းပါတယ္ေလ"
လ်ိဳတာ့က်ံဳ႔ကေတာ့ ေထာင္လ်ဲန္တာကိုၾကည့္ရင္း သက္ျပင္းသာခ်ေနေလ၏။
အပိုေတြ ထပ္ေျပာရဲေသးတယ္ ။
ဟိုမွာမေတြ့ဘူးလား၊ တပ္မွဴးက်န္းေတာင္ေနမထိထိုင္မသာျဖစ္ၿပီး အေျပးသြား၀ယ္ေနၿပီ။
ေျပာသားပဲ၊ ပထမတန္းစား မွဴးမတ္ႀကီးဆိုၿပီး ညီလာခံသဘင္ထဲမွာပဲ အခ်ိန္ကုန္မေနနဲ႔လို႔။ အျပင္ေလးဘာေလးထြက္ၿပီး ၀တၴုေလးဘာေလးဖတ္၊ ဇာတ္လမ္းေလးဘာေလးနားေထာင္၊ ဒါမွ သူမ်ားတကာက လြယ္လြယ္ကူကူ အရူးလာလုပ္လို႔မရမွာလို႔ ကြၽႏ္ုပ္ မေျပာခဲ့ဘူးလား၊ ကဲ။
ပိုက္ဆံအမ်ားႀကီးပံုေအာၿပီးေတာ့ေတာင္ ေကြၽ့ယင္ဂိုဏ္းဆီကေန ဒီစာအုပ္အစုတ္ကို ၀ယ္လာသတဲ့လား။ အိုက္ယား၊ ဘယ္သူကမွ အမတ္ႀကီးလို မလုပ္ႏိုင္ေလာက္ဘူး။
အဲ့ဒါကိုမ်ား ...ဘယ္နားကိုၾကည့္ၿပီး ဇြတ္ေတြ ဂုဏ္ဆာေနမွန္း နားကိုမလည္ဘူး။
******
ခ်ူယြမ္သည္လည္း အႏွီေကာလာဟလသတင္းမ်ားကို ၾကားရၿပီးျဖစ္သည္။
"မင္းနားမွာ ႏွစ္ညေလာက္ အေဖာ္လုပ္ေပးၪီးမယ္၊ ၿပီးမွ ဆူးဟြိုင္ေတာင္နန္းကို သြားမယ္"
"ေခ်ာင္ယာက မိန္းမပ်ိဳေလးေရာ"
"တည္းခိုေဆာင္မွာ ဖမ္းခ်ဳပ္ထားတယ္။ သြမ့္ေန့ကို တာ၀န္ေပးထားၿပီးသားဆိုေတာ့ ဘာျပႆနာမွ မရိွေတာ့ပါဘူး။ နန္းေတာ္ျပန္ေရာက္ေတာ့မွ အခ်ဳပ္ထဲထည့္လိုက္ရင္လည္း ဘာမွေနာက္မက်ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဟိုမွာ သူ႔အမ်ိဳးအေဆြေတြ အပံုလိုက္ႀကီး ရိွေနေသးတာပဲ"
"အင္း၊ ရတယ္ေလ"
"ကိုယ္ ေျပာၿပီးသားပဲမဟုတ္လား၊ သဲလြန္စေတြက သူ႔ဘာသာသူ ေပၚလာလိမ့္မယ္လို႔။ ဒါေၾကာင့္ ဘာဆိုဘာမွ စိုးရိမ္ေသာကေရာက္ေနစရာမလိုဘူး၊ ကိစၥတိုင္းက သူ႔အခ်ိန္တန္ရင္ အဆင္ေျပသြားလိမ့္မယ္၊ နားလည္လား"
"အက်ိဳးနဲ႔အေၾကာင္းနဲ႔ ေျပာတတ္ဆိုတတ္ေနၿပီေပါ့၊ ဟုတ္လား"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ပါးျပင္အား ခပ္ဖြဖြထိေတြ့သံုးသပ္လိုက္ၿပီး စေနာက္လာ၏။
သြမ့္ပိုင္ယြဲ႔ကလည္း ခ်ူယြမ့္ခါးကို လွမ္းဖက္လိုက္ကာ မိမိရင္ခြင္ထက္ ခ်ူယြမ္အားလဲေလ်ာင္းေမွးစက္လိုက္ေစၿပီး-
"မင္းကို ႏွစ္သိမ့္ေပးခ်င္ရံုတင္"
"အင္း ၊ ေနာက္ရက္ေတြက် မင္း ဆူးဟြိုင္ေတာင္နန္းကိုေရာက္တာနဲ႔ ပုေရာဟိတ္အမတ္ႀကီးကပါ ခ်က္ခ်င္းလိုက္လာလိမ့္မယ္။ သူ႔ကို စိတ္တိုေအာင္မလုပ္ရဘူးေနာ္၊ ၾကားလား"
"သူကမွ ကိုယ့္ကို စိတ္တိုေအာင္လုပ္ေနတာ မဟုတ္ဘူးလား"
ခ်ူယြမ္က ေခတၲမ်ွ ေသခ်ာစဥ္းစားၾကည့္လိုက္သည္။
"ဟုတ္သားပဲေနာ္"
"ကိုယ့္ကို ျပန္ႏွစ္သိမ့္ေပး...."
သြမ့္ပိုင္ယြဲ႔က မိမိ၀တ္ရံုစကို လွစ္ဟလိုက္ၿပီး ခ်ူယြမ္အား လက္ျဖင့္ လွမ္းလွမ္းတို႔ကာ ေတာင္းဆိုေန၏။
"မရဘူး၊ နာေနတုန္းပဲ"
သြမ့္ပိုင္ယြဲ႔မ်က္၀န္းထဲ ၿပံဳးရိပ္သမ္းသြား၏။
မိမိစကားအေျပာမွားသြားမွန္း ခ်ူယြမ္သတိရသြားသည္ႏွင့္ သြမ့္ပိုင္ယြဲ႔အား တစ္ခ်က္ ရိုက္ပစ္လိုက္သည္။ထို႔ေနာက္ ရင္ခြင္နန္းမွ ရုန္းထြက္ကာ နံရံနားသို႔သာ အတင္းတိုးကပ္ေနလိုက္၏။
တကယ္ႀကီး နာေနတုန္းလား။
သြမ့္ပိုင္ယြဲ႔ ထိုသို႔ေတြးရင္း ခ်ူယြမ့္အား ေစာင္ေသခ်ာျပန္ၿခံဳေပးလိုက္သည္။
ေနာက္အေခါက္ေတြက် ကိုယ္ ေသခ်ာဂရုစိုက္ပါ့မယ္......
အတန္ၾကာေတာ့မွ ခ်ူယြမ္က သူ႔ဘက္ျပန္လွည့္လာကာ ဘာဆိုဘာမွ မေျပာဘဲ သြမ့္ပိုင္ယြဲ႔အား ေစာင္ျဖင့္ အထပ္ထပ္ ရစ္ပတ္လႊမ္းၿခံဳလိုက္သည္။
ရွီးနန္၀မ္ကေတာ့ အင္မတန္မွ အျပစ္ကင္းစင္လွပါေပသည္။
ဘာျဖစ္သြားျပန္ၿပီလဲ။ ဘာမွေတာင္ ထပ္မေျပာဘဲ အိပ္ခ်င္ေယာင္ေဆာင္ေပးထားတယ္ေလကြာ။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔မ်က္ႏွာေပၚေခါင္းအံုးတစ္လံုး တင္လိုက္ၿပီးခါမွ စိတ္ခ်လက္ခ်ျဖစ္သြားသည့္ႏွယ္ တစ္ဖက္သို႔ ျပန္ၿပီးလွည့္အိပ္ေနေလ၏။
သြမ့္ပိုင္ယြဲ႔ခမ်ာ အေမွာင္ထုႀကီးထဲတြင္ ခိုးၿပီးသက္ျပင္းခ်ရရွာ၏။
ဒါက.... ကိုယ့္ေယာက်္ားကို ကိုယ္ျပန္သတ္တဲ့ျပစ္မႈႀကီး က်ူးလြန္လိုက္တာမဟုတ္လား။
*******
Thz for loving this couple.
2020.07.24.
******