[လာခဲ့၊ ဖန်ရှင်းစစ်တုရင်ကွက်ကို ဘယ်လိုနိုင်အောင် ဆော့ရမလဲဆိုတာ မင်းကို သင်ပေးမယ်]
သို့နှင့် သွမ့်ပိုင်ယွဲ့နှင့်ချူယွမ်တို့နှစ်ယောက်သား အချင်းချင်းဖက်တွယ်လျက် အိပ်မောကျသွားသည်မှာ မွန်းလွဲချိန်ရောက်သည့်တိုင် မနှိုးထနိုင်သေးဟူ၏။
ရှစ်ဇီကုန်းကုန်းလည်း အပြင်ဘက်မှနေ၍ အခန်းထဲမှအသံကို အမြဲ နားစွင့်ထားသည်။ ဘာအသံမှ မကြားရသေးသောကြောင့် ဆေးဖက်၀င် စွပ်ပြုတ်ကိုလည်း ပြန်သိမ်းသွားခိုင်းလိုက်၏။ အရှင်မင်းမြတ်နိုးလာခါမှ ပြန်ယူလာရန် မှာကြားလိုက်လေသည်။
နောက်နာရီဝက်လောက်ကြာတော့ နွေလယ်ခေါင်ကြီးမှာ မိုးသည်းထန်စွာ ရွာချလာကာ မိုးခြိမ်းသံများဖြင့် မြည်ဟီးဆူညံလာ၏။ ထိုအခါမှ ချူယွမ် လန့်နိုးလာကာ စိတ်အစဉ်မှာ တုန်လှုပ်နေဆဲဖြစ်၏၊ ခဏနေတော့ သွမ့်ပိုင်ယွဲ့အား မော့ကြည့်လိုက်သည်။
ထိုသူကတော့ အိပ်ပျော်နေဆဲပင်။
ရှည်လျားခြင်းရှိမနေသော မျက်တောင်များ၊ ဖြောင့်စင်းသော ထိုနှာတံ ၊ ပါးလှပ်သော နှုတ်ခမ်းလွှာ၊ မေးထက်က အမာရွတ်သေးသေးလေးတစ်ခု။ သတိမမူမိလျှင် မတွေ့နိုင်လောက်သော ထိုအမာရွတ်သေးသေးလေး။ ၎င်းမှာ သူတို့နှစ်ယောက်ငယ်ရွယ်စဉ်အခါတုန်းက သိုင်းလေ့ကျင့်ကြရင်း ထိခိုက်မိစေခဲ့သော ဒဏ်ရာကြောင့်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့်တိုင် ထိုအမာရွတ်လေးမှာ လုံး၀ ပျောက်လွင့်မသွားသေး။
အတန်ကြာပြီးနောက် ချူယွမ်လည်း လက်ကို အသာမလိုက်ကာ သွမ့်ပိုင်ယွဲ့၏ လက်ကောက်၀တ်မှ သွေးကြောကို သေချာစမ်းသပ်ကြည့်လိုက်သည်။ မည်သည့် မူမမှန်ခြင်းမျိုးမရှိ၊ သိဒ္ဓိစွမ်းအင်လည်း ပကတိအတိုင်း ပုံမှန်စီးဆင်းနေသည်။
"စိတ်ချသွားပြီဟုတ်"
ရုတ်တရက်ကြီး ထမေးလာသော သွမ့်ပိုင်ယွဲ့အသံကြောင့် ချူယွမ်တစ်ကိုယ်လုံး တောင့်ခဲသွားရှာ၏။ သွမ့်ပိုင်ယွဲ့ကတော့ ရင်ခွင်ထဲက ချူယွမ်အား ကြည့်နေရင်း -
"ကိုယ်ပြောပြီးသားပဲလေ၊ ရွှေချည်ပိုးကောင် မနိုးမချင်း ကိုယ် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ဘာအဖြစ်ဆိုးမှ လုံးဝအဖြစ်မခံနိုင်ဘူး"
"အင်း"
ချူယွမ်က မိမိလက်ကို အသာပြန်ရုတ်သိမ်းလိုက်သည်။
သွမ့်ပိုင်ယွဲ့က ချူယွမ့်နဖူးပေါ် လက်တင်ပြီး ကိုယ်အပူချိန် တိုင်းကြည့်လိုက်သည်။ အင်း၊ နွေးတေးတေးလေးတော့ ဖြစ်နေသည်။
ချူယွမ်က အသာရှောင်တိမ်းလိုက်၏။
"ဘာမှမဖြစ်ဘူးလို့ ဆိုနေ...."
ဒါလောက်လေးဖြစ်ရုံနဲ့ သမားတော် သွားခေါ်မယ်ဆိုလို့ကတော့ ငါ မင်းနဲ့ ချက်ချင်းကွာရှင်းပစ်မှာနော်၊ ကွာရှင်းပစ်မှာနော်၊
ကွာရှင်းပစ်လိုက်မှာနော်လို့။
"အနည်းဆုံး တစ်ခုခုတော့စားပေးမှဖြစ်မယ်၊ မဟုတ်ရင် အဆာလွန်ပြီး မူးလဲသွားလိမ့်မယ်။ ဘာစားမလဲ၊ ကြက်သားခေါက်ဆွဲ စားမလား"
ချူယွမ်က အသာခေါင်းညိတ်ပြလိုက်သည်။ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေသဖြင့် တစ်လက်မမျှတောင် မရွှေ့ချင်ပေ။ ထို့ကြောင့် ရှစ်ဇီထံ ဟိုဟိုဒီဒီမှာရန် ထသွားသော သွမ့်ပိုင်ယွဲ့ကို သလွန်ခေါင်းရင်းအား မှီရင်းသာ လှမ်းကြည့်နေသည်။ထို့နောက် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် သွမ့်ပိုင်ယွဲ့အား မေးလာ၏။
"ပုရောဟိတ်အမတ်ကြီးရော"
"ရောင်းစားပစ်လိုက်ပြီ"
သွမ့်ပိုင်ယွဲ့က ချူယွမ်ဘေးနား ပြန်လာထိုင်ရင်း ဖြေလိုက်၏။ ချူယွမ် လွှတ်ခနဲ ရယ်မိသွား၏။
"ဟားဟား....သူ့ကို ဘယ်သူက ၀ယ်ချင်မှာတဲ့တုန်း"
"မင်းလည်းသိသားပဲ ၊ အဲ့ဘိုးတော်က လူကို စိတ်တိုအောင် အရမ်းလုပ်တတ်တာ"
သွမ့်ပိုင်ယွဲ့က ပြောရင်းဆိုရင်း ချူယွမ်၏ ၀တ်ရုံ ခါးစည်းကြိုးကို သေချာ ပြန်စည်းနှောင်ပေးလိုက်ကာ ဆက်ပြောလာ၏။
"မနေ့ညက အရမ်းပင်ပန်းသွားပြီ၊ နောက်ထပ် နည်းနည်းလောက် အနားယူလိုက်ဦးလေနော်။ ဒီနေ့တော့ မင်းက်ို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘူး၊ မနက်ဖြန်လည်း မရဘူး ၊ မိုးမီးလောင်မယ့်ပြဿနာဖြစ်နေရင်တောင် အဲ့ဘိုးတော်နဲ့ ပေးမတွေ့ဘူးကွာ"
ချူယွမ်က သွမ့်ပိုင်ယွဲ့၏ မေးအား လှမ်းကိုင်ထားလိုက်ကာ မှတ်ချက်ဆို၏။
"မင်းက ရွှေနန်းတော်ရဲ့ညီလာခံသဘင်ကို အတော်လေး ဂယက်ထစေနိုင်တဲ့ အစွမ်းရှိတာပါ့ရော ၊ ငါ အရင်က မသိခဲ့ဖူးဘူးပဲ"
"ဒါတော့ ဘယ်တတ်နိုင်မှာလဲ။ ဧကရာဇ်အရှင်က ကျွန်တော်မျိုးကိုဆို အရမ်းချစ်ခင်မြတ်နိုးတာ ၊ အလိုလိုက်ထားတာဆိုတော့ မာန်တက်ပြီး ကြွားချင်ဝါချင်၊ အာဏာပြချင်တာ မဆန်းတော့ပါဘူး"
"ဟင်....ဧကရာဇ်က ဘာကိစ္စ မင်းကို ချစ်ခင်မြတ်နိုးရမတဲ့လဲ"
ချူယွမ်က သွမ့်ပိုင်ယွဲ့အား လွှတ်ပေးလိုက်ကာ သလွန်ခေါင်းရင်းကို ပြန်မှီလိုက်ရင်း ဆက်ဆို၏။
"ကဲ ၊ ငါကိုယ်တော်မြတ်ဆီမှာ အသုံးတော်ခံပြီးသွားပြီဆိုတော့ မင်းရဲ့ အပယ်ခံနန်းဆီသာ ပြန်သွားလိုက်တော့"
သွမ့်ပိုင်ယွဲ့က ချူယွမ့်ခါးကို လှမ်းဖက်လိုက်ကာ ကိုယ်ကိုကိုင်းညွှတ်ပြီး အတင်းအကျပ် အနမ်းမိုး ကြဲချလိုက်၏။
"မသွားပါဘူး၊ မင်းနားမှာ ဒီလိုပဲကပ်တွယ်နေဦးမှာ"
ချူယွမ်က အသာရှောင်လိုက်ရင်း ရယ်မောနေ၏။
သို့နှင့် နှစ်ယောက်သား စနောက်ကျီစယ်နေကြရာ အပြင်ဘက်ကရှစ်ဇီမှ စားတော်အုပ်များရောက်ပြီဖြစ်ကြောင်း သတိကြီးစွာ သံတော်ဦးတင်လာတော့မှ သွမ့်ပိုင်ယွဲ့တစ်ယောက် ထပြီးသွားယူလာသည်။
.
.
.
အင်း၊ ကြက်သားခေါက်ဆွဲတော့ ကြက်သားခေါက်ဆွဲပါပဲ။ ဒါပေမယ့် စကောလောက်ကြီးတဲ့ပန်းကန်လုံးနဲ့ဆိုတော့ အရမ်းကြီးမနေလွန်းဘူးလား၊ လူနှစ်ယောက်စာအတွက် အရမ်းများမနေဘူးလား။
ချူယွမ် - "......"
"လက်ဖက်ရည်အိုး အရင်ယူထားလိုက်လို့တော်သေးတယ်၊ မဟုတ်ရင် ဒါကြီးကိုလက်တစ်ဖက်တည်းနဲ့ မသယ်နိုင်လောက်ဘူး"
သွမ့်ပိုင်ယွဲ့တစ်ယောက် ခေါက်ဆွဲပန်းကန်ကြီးသယ်ကာ သလွန်တော်နားထိ ရောက်လာတော့ ချူယွမ်လည်း ရှေ့အနည်းငယ်တိုးလာလိုက်သည်။ သွမ့်ပိုင်ယွဲ့က ခေါက်ဆွဲကို နည်းနည်းအေးအောင် သေချာမှုတ်ပေးပြီးနောက်မှ ချူယွမ်အား ခွံ့ကျွေးလိုက်သည်၊ သူကိုယ်တိုင်ကတော့ ပန်းကန်ထဲမှသာ တိုက်ရိုက် အားရပါးရ စားနေလေ၏။
ချူယွမ် - "....."
အပြင်ဘက်ရှိရှစ်ဇီလည်း မျက်နှာမှာ ပြုံးပန်းဝေဆာနေကာ ဗိုက်လေးကို ပုတ်ပုတ်နေပြီး အလွန်ပျော်ရွှင်နေ၏။
ပထမဆုံး မနက်စာလေးကိုတော့ တစ်ပန်းကန်တည်းကနေ အတူ စားရမယ်လေ၊ ဒါမှ နောင်ကျရင်လည်း အချင်းချင်း အပြန်အလှန် ရိုသေလေးစားပြီး မြတ်မြတ်နိုးနိုး ဆက်ချစ်သွားမှာ၊ ဘယ်တော့မှ မခွဲမခွာရဘဲ အတူယှဥ်တွဲရှိသွားမှာ။
ခေါကိဆွဲပြုတ်၏ အရသာမှာ ပေါ့ရွှတ်လွန်းလှသည်။ သို့သော်လည်း အလွန်ရှားပါးလှသည့်အဖြစ်ပင်၊ သွမ့်ပိုင်ယွဲ့တစ်ယောက် ညည်းတွားကဲ့ရဲ့ခြင်း လုံးဝမရှိဘဲ ချူယွမ်အား အဖော်ပြုရင်း အတူစားပေးနေရှာသည်။ နောက်ဆုံး အသားတုံးလေးတစ်တုံးကျန်နေသည်ကိုမြင်တော့ ချူယွမ်က စ ဆို၏။
"မင်းစားလိုက်"
"ဟင့်အင်း၊ မင်းပဲ စားလိုက်ပါ"
ချူယွမ် မျက်ခုံးများပင့်သွားကာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရင်း ဆိုလာ၏။
"သာမန်အရပ်သားတွေတောင် ဒို့နှစ်ယောက်အဖြစ်လောက် သနားစရာကောင်းမနေဘူး"
"ဘယ်လိုလုပ်ပြီး သနားစရာကောင်းတယ်လို့ ခေါ်ရမှာတုန်း။ ဒါမျိုးကို ချစ်လို့ ကျွေးချင်မွေးချင်တာလို့ ခေါ်တယ်"
သွမ့်ပိုင်ယွဲ့က ချူယွမ်၏ နှုတ်ခမ်းထောင့်စွန်းလေးကို ဖျတ်ခနဲ လှမ်း၍နမ်းလိုက်ကာ ပြောလာ၏။
"နောင်တစ်ချိန်ကျ အိမ်မှာ ဆန်တစ်ခွက်ပဲ ကျန်မယ်ဆိုရင်တောင် - "
"ချက်ချင်း လမ်းခွဲပစ်မယ်"
ချူယွမ်က သွမ့်ပိုင်ယွဲ့နှာဖျားလေးကို ခပ်ဖွဖွ ညှစ်လိုက်ရင်း စနောက်လာ၏။
"မင်းနောက်လိုက်ပြီး တောင်းစားတာမျိုးတော့ မလုပ်နိုင်ပေါင်"
သွမ့်ပိုင်ယွဲ့က ကြက်သားဖတ်ကို ချူယွမ်အား ခွံ့ကျွေးလိုက်ကာ -
"ဆုံးအောင် နားထောင်ဦးလေကွာ၊ ဘယ်သူက တောင်းစားမယ်ပြောလို့လဲ။ ဆန်တစ်ခွက်ပဲကျန်မယ်ဆိုရင်..... လမ်းပေါ်ထွက်ပြီး ဓားပြတိုက်မယ်ကွာ၊ ကိုယ်လုံးအကြီးကြီး၊ ၀ပြဲဖောင်းကားနေတဲ့လူတွေ၊ ၀တ်ကောင်းစားလှတွေ ၀တ်ထားတာတွေ့ရင် ချက်ချင်း ဓားပြ၀င်တိုက်ပစ်မယ်။ ကိုယ့်သိုင်းပညာက ဒီလောက်တော့ သုံးစားလို့ရပါတယ်၊ အနည်းဆုံးတော့ အိမ်အပြန်ကျ ဆန်ဆီဆား အသားငါးလေးတော့ ၀ယ်ခြမ်းလာနိုင်ပါတယ်"
ချူယွမ်တစ်ယောက် ဘာမှပြန်မပြောဖြစ်ဘဲ သွမ့်ပိုင်ယွဲ့အား အတန်ကြာ ငေးကြည့်နေ၏။
ထို့နောက် ခေါင်းမြီးခြုံလိုက်ကာ ပြန်လှဲလိုက်၏၊ အတော်ပင် ပျင်းရိလေးတွဲ့နေသည့်ဟန်ပင်။
သွမ့်ပိုင်ယွဲ့လည်း သူ့ကျောပြင်အား ခပ်ဖွဖွ ပုတ်ပေးလာသည်။
"ဒါဆိုလည်း ခဏလောက် ဆက်လှဲနေလိုက်နော်။ ကိုယ် ယောင်အာနဲ့ရှစ်ဖူးဆီ ခဏသွားတွေ့ဦးမယ်"
ချူယွမ်က အင်းတစ်လုံးတည်း ခပ်တိုးတိုးသာ ဖြေလာ၏။
ထို့နောက် သွမ့်ပိုင်ယွဲ့လည်း ကိုယ်လက်သန့်စင်ကာ အိပ်ခန်းဆောင်အပြင်ဘက် ထွက်လာ၏။ ရှစ်ဇီကုန်းကုန်းမျက်နှာမှာ လင်ဗန်းတမျှ ပြုံးဖြီးနေ၏။ သူ့အား တွေ့တွေ့ချင်း ရှစ်ဇီကုန်းကုန်းက ဧကရီမိဖုရားတစ်ပါးကို ဖူးမြင်လိုက်ရသည်နှင့် ထပ်တူကျသော အကြည့်များဖြင့် ပြုံးပြီးကြည့်လာကာ .....တော်၀င်မိသားစု၀င်တစ်ဦးအား ဂါရ၀ပြုလိုက်သလို သွမ့်ပိုင်ယွဲ့အား ထုံးတမ်းစဥ်လာနှင့်အညီ ဒူးထောက်ပြီး ကြိုဆိုဂါရ၀ပြုလိုက်လေသည်။
အင်း၊ ရွှေတုံးအပြည့်ထည့်ထားတဲ့ လှည်းတစ်စီးလောက် ရှစ်ဇီဆီ လာပို့ခိုင်းဦးမှပါ။
*******
ဘေးဘက်က အဆောင်တွင် ယောင်အာနှင့် နန်မော်ယဲ့တို့ စကားတပြောပြော ရှိနေကြ၏။ သွမ့်ပိုင်ယွဲ့ ၀င်လာသည်ကိုမြင်တော့ တစ်ညီတစ်ညာတည်းပင် ထရပ်လိုက်ကြသည်။ ပါးစပ်များမှာလည်း နားရွက်ဖျားထိ တက်ချိတ်တော့မတတ် ပြုံးဖြီးနေကြသည်။
သြော်၊ သူ့ဘေးက လူတွေအားလုံး ဒီလောက် ထိ ရွှင်လန်းတက်ကြွနေတတ်မှန်း မသိခဲ့ဖူးဘူးပဲ။
ရှီးနန်ဝမ်တစ်ယောက် ပထမဆုံးအဖြစ် ဤအတွေးမျိုး တွေးဖူးလိုက်ခြင်းဖြစ်သည်။
"အခြေအနေ ? "
နန်မော်ယဲ့တစ်ယောက် မျှော်လင့်ချက်ကြီးစွာ မေးလာ၏။
သွမ့်ယောင်လည်း အတော်ပင် စိတ်လှုပ်ရှားနေပြီဖြစ်ရာ ၀တ်ရုံစကိုပင် အသာဆုပ်ထားလိုက်မိသည်။
ဘယ်လိုပဲပြောပြော..... ဧကရာဇ်အိပ်ခန်းဆောင်ထဲ ဒီလောက်အကြာကြီး နှစ်ယောက်တည်း အတူတူရှိနေတာပဲဟာ။ အချစ်နတ်ဘုရားကြီးမကလို့ ဘာကြီးပဲဖြစ်နေနေ .....ချစ်ခြင်းတရားတွေက လပြည့်ဝန်းလို တဖြည်းဖြည်းပြည့်ရွှန်းလာတဲ့အချိန်ရောက်ရင်တော့..... ။ နှစ်ယောက်လုံးကလည်း တစ်ယောက်ကိုတစ်ယောက် အရမ်းကို ချစ်နေကြတာပဲဟာ၊ .....တစ်ခုခုတော့ ဖြစ်ခဲ့မှာပါ။
သွမ့်ပိုင်ယွဲ့နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ်ကွေးညွှတ်သွားကာ အတော်ပင်ကျေနပ်ပျော်ရွှင်နေသည့်ဟန် ပြုံးလာ၏။ နိုင်ငံတော်အဆင့် မင်းမှုထမ်းစာမေးပွဲကို ပထမအဆင့်ဖြင့် အောင်မြင်သော ကျုံးယွမ်အမတ်မင်းက သူ၏ဇာတိချက်ကြွေ မွေးရပ်မြေသို့ ဂုဏ်ယူ၀မ်းမြောက်စွာ ပြန်လာသည့်အလား။
နန်မော်ယဲ့ခမျာ ယောင်အာကို အပြေးဖက်ကာ အားပါးတရ ဆွဲလှုပ်ချင်ရလောက်အောင် အပျော်ကြူးသွားပေ၏။
နောက်ဆုံးတော့....
နောက်ဆုံးတော့ တကယ်ဖြစ်သွားကြပြီကွ....
"ဘာကိစ္စမှ ပြောပြစရာမရှိရင် ကျွန်တော် အိပ်ခန်းဆောင်ဘက် ပြန်သွားတော့မယ်"
"ခဏလေး"
သွမ့်ယောင်က ချက်ချင်းပင် အတွင်းခန်းထဲပြေး၀င်သွားပြီး ခဏကြာတော့ အနီရောင်သုတ်ထားသော ကြက်ဥပြုတ်နီ တစ်ပန်းကန် ယူလာပေးသည်။
သွမ့်ပိုင်ယွဲ့ - "......."
"မြန်မြန်စားလေ နောင်တော်ရဲ့၊ မရီးတော်အတွက်လည်း တစ်လုံးယူသွား။ ကိုယ့်ဒေသရဲ့ ထုံးတမ်းစဥ်လာကို မပစ်ပယ်ကောင်းဘူး။ မင်္ဂလာကျက်သရေတိုးပွားအောင်လို့ တစ်လုံးတော့ ယူစားလိုက်စမ်းပါ"
သွမ့်ပိုင်ယွဲ့လည်း စားပွဲဘေးနား ထိုင်လိုက်ရကာ ကြက်ဥပြုတ် နွှာလိုက်ရပေသည်။ ထို့နောက် ဆရာဖြစ်သူနှင့် ညီဖြစ်သူ၏ တက်ကြွပျော်ရွှင်နေသော အကြည့်များအောက် တစ်ခါတည်း စားပြလိုက်ရပေသည်။
နန်မော်ယဲ့က ပြဇာတ်များထဲ သီဆိုကြသလို သံနေသံထားဖြင့် စတင်ရွတ်ဆိုလိုက်လေ၏။
"နှစ်ပေါင်းရာချီတိုင် တွဲလက်ခိုင်မြဲနိုင်ကြစေ"
သွမ့်ပိုင်ယွဲ့တစ်ယောက် ချက်ချင်းပင် အစာနင်သွား၏။
မပြီးသေး၊ ဒုတိယမြောက်စာသားထပ်လာ၏။
"တစ်ဦးအပေါ်တစ်ဦး ရိုသေလေးစားသမှုရှိ၍ - "
သွမ့်ပိုင်ယွဲ့က လက်ကျန်ကြက်ဥပြုတ်ကို အမြန် သွတ်သွင်းဝါးမျိုပစ်လိုက်သည်။
နန်မော်ယဲ့လည်း အသံပင်မရှူအားဘဲ တစ်ရစပ် ဆက်ဆို၏။
"ဇာမဏီရွှေနဂါး ပေးသနားအပ်တဲ့ကောင်းချီးချမါးသာအဖြာဖြာနဲ့ ၊
အိုးအိမ်အပြည့် သားသမီးရတနာ ထွန်းကားနိုင်ကြစေ၊ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေ"
သွမ့်ယောင်လည်း အရူးတစ်ယောက်နှယ် ပြုံးဖြီးနေလျက်။
သွမ့်ပိုင်ယွဲ့ကတော့ အေးစက်စွာ ထရပ်ပြီးပြန်ထွက်သွားလေ၏။
ဒီနှစ်ယောက်နဲ့ကြာကြာဆက်နေရင်တော့ ထုချင်ထောင်းချင် လူသတ်ချင်စိတ်တွေ ထပ်ပေါက်လာမှာပဲ။
*******
"နောင်တော်"
ယောင်အာက သွမ့်ပိုင်ယွဲ့အခန်းတံခါးအား လာခေါက်သည်။
"တံခါးပိတ်မထားနဲ့လေ။ ရှစ်ဖူးပဲ ပြောလို့ပြီးသေးတာ၊ ကျွန်တော်လည်း ပြောစရာကိစ္စရှိတယ်"
"အေး၊ ဆုတောင်းစကားတွေ ဆက်ကြားရလို့ကတော့ ချက်ချင်း ယူနန်ပြန်ပို့ပစ်လိုက်မယ်မှတ်"
အစ်ကိုဖြစ်သူက ညီငယ်လေးအား ခြိမ်းခြောက်လာ၏။
"တခြားကိစ္စ ပြောမလို့ပါ၊ အရင်ရက်က တစ္ဆေမအကြောင်းလေ...."
"ဟင် ၊ မိသွားပြီလား"
သွမ့်ပိုင်ယွဲ့မျက်နှာ မဲ့သွား၏။
"အခုပြန်သွားကြည့်တော့ ခြေရာလက်ရာတွေ တွေ့လာလို့။ နောင်တော် မှတ်မိသေးလား၊ ကျွန်တော်တို့ စစသွားကြည့်တဲ့နေ့တုန်းက အဲ့နေရာမှာ ဖုန်တွေချည်းပဲလေ။ ဒါပေမယ့် ခုတစ်ခေါက်ပြန်သွားကြည့်တော့ စေတီရဲ့အထပ်တစ်ထပ်မှာ အတော်လေး သန့်ရှင်းနေတယ်"
"အင်း၊ တခြားဘာကိစ္စ ရှိသေးလဲ"
"မရှိတော့ဘူး။ မြွေကိုသွားနှိုးသလိုဖြစ်မှာစိုးလို့ ကျွန်တော်လည်း အသာငြိမ်နေလိုက်တာ။ ဒါပေမယ့် အာဏာပိုင်ဘက်ကလည်း သတင်းရသွားပြီထင်တယိ၊ ဒီမနက် စျေးမှာမုန့်သွား၀ယ်တော့ စေတီနားတစ်ဝိုက်မှာတပ်သားအင်အား နှစ်ဆတောင်တိုးမြှင့်ပြီး ကင်းစောင့်ခိုင်းထားတာတွေ့တယ်"
"အင်း၊ အာဏာပိုင်တွေဘက်ကလည်း သဲလွန်စရှာတွေ့ပြီဆိုတော့ ဒို့တွေ ၀င်ရှုပ်စရာ မလိုတော့ဘူး။ ဒီအတိုင်း ငြိမ်ငြိမ်လေးနေပြီး စောင့်ကြည့်နေရုံပဲ"
"ဟုတ်ကဲ့"
သွမ့်ယောင် ခေါင်းညိတ်လိုက်နာလိုက်လေ၏။
"ကိစ္စတစ်ခုလောက် ကူလုပ်ပေးစမ်းပါ"
"ဘာကိစ္စလဲ"
သွမ့်ပိုင်ယွဲ့က ညီဖြစ်သူအနား တိုးသွားကာ နှစ်ခွန်းစသုံးခွန်းစ တိုးတိုးလေး ပြောပြ၏။ သွမ့်ယောင်မျက်မှောင်များကြုတ်သွားသည်။
"ဘာသဘောနဲ့ ဒီလိုလုပ်တာလဲ"
"လုပ်ခိုင်းတာကို အသာလုပ်စမ်းပါ။ ဘယ်သူကိုမှလည်း မမြင်စေနဲ့ဦး"
နန်မော်ယဲ့မှာ အတွင်းအားကျင့်ကြံအားထုတ်နေသည်ဖြစ်ရာ အကြားအာရုံစူးရှထက်မြက်နေသဖြင့် ထိုနှစ်ယောက်ပြောသမျှ အတိုင်းသား ကြားနေရသည်။ ထို့ကြောင့် သက်ပြင်းမော ချလိုက်သည်။
စောန ရှစ်ဖူးမှားသွားပါတယ်ကွာ၊ အချစ်နတ်ဘုရားကြီးဆိုတဲ့ စာတမ်းကိုတော့ ဆက်ထွင်းခိုင်းရဦးမယ်နဲ့တူတယ်။
သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ အံဆွဲထဲမှ ဆေးနှစ်မျိုးသုံးမျိုးကို ယူလိုက်ပြီးနောက် ဧကရာဇ်အိပ်ခန်းဆောင်ဘက်သို့ ပြန်သွားလေတော့သည်။
*****
ချူယွမ်ကတော့ စာအုပ် ထိုင်ဖတ်နေ၏။ တစ်မနက်လုံး အိပ်စက်ထားသည်မို့ ငိုက်မြည်းလေးတွဲ့ခြင်းမရှိ။
သွမ့်ပိုင်ယွဲ့က ဆေးလုံးတစ်လုံး ထုတ်ယူပြီး ချူယွမ်အား ကျွေးလာ၏။
"ဆေးသောက်ရအောင်ပါ......"
ချူယွမ်လည်း ပါးစပ်လေး ဖွင့်ဟပေးလိုက်သည်။
မခါးဘူးပဲ၊ အတော်လေးချိုတယ် ....
ပြီးတော့ရှိန်းမြမြလေး။
"ဒါက လည်ချောင်းအတွက် ကောင်းတယ်"
ထို့နောက် သွမ့်ပိုင်ယွဲ့က နောက်ဆေးတစ်ဘူး ထုတ်ပြလာကာ -
"ချင်းထိုင်ဆေးဘူးပါ ပါလာတယ်၊ ခဏကျ မင်းရဲ့ခါးကို နှိပ်ပေးမယ်နော်"
"ဘယ်တော့မှ ဟိုအဘိုးဆီ သွားကြမှာလဲ"
"မိုးချုပ်မှသွားလည်း ရတာပဲ၊ သူများတွေရဲ့ မျက်ရိပ်မျက်ခြေကနေလည်း လွတ်တယ်။ ဒီအချိန်ကြီး ချက်ချင်းထသွားရမယ်လို့မှ မဟုတ်တာ"
ချူယွမ်က သူ့အား သေချာ စူးစိုက်ကြည့်လာ၏။ သွမ့်ပိုင်ယွဲ့မျက်၀န်းများက မတုန်မလှုပ် အေးစက်တည်ငြိမ်နေမြဲ။
"ရတယ်လေ"
သွမ့်ပိုင်ယွဲ့က ချူယွမ်အား ရင်ခွင်ထဲ ပွေ့ယူထားလိုက်သည်။ ထို့နောက်ဆေးဘူးအဖုံးကိုဖွင့်ကာ ဆေးအနည်းယူပြီး ချူယွမ့် ခါးတစ်ဝိုက် လိမ်းကျံနှိပ်နယ်ပေးလိုက်သည်။
ခါးတစ်ဝိုက်ရှိ ညောင်းညာကိုက်ခဲနေမှုများ အတော်အတန်ပင် လျော့ပါးသွားကာ မည်သည့်နာကျင်ကိုက်ခဲမှုမျိုး မရှိတော့။ ချူယွမ်က ကိုယ်ဟန်အနေအထား အနည်းငယ်ပြောင်းလိုက်ပြီး သွမ့်ပိုင်ယွဲ့ပခုံးထက် မေးလေးတင်ကာ မှီတွယ်ထားလိုက်သည်။ နေ့လယ်နေ့ခင်း၌ ပျင်းရိလေးတွဲ့စွာ လှဲလျောင်းနေသော ကြောင်ငယ်လေးတစ်ကောင်နှင့် အလားသဏ္ဍာန်တူလွန်းပေ၏။
မိုးစက်များရပ်ဆိုင်းသွားပြီးနောက် နေခြည်တန်းများက လေသာပြတင်းမှတစ်ဆင့် အခန်းတွင်းသို့ နွေးထွေးတောက်ပစွာ ခြုံလွှမ်းဖြာကျနေ၏။ ဘေးပတ်ဝန်းကျင်တစ်ခွင်လည်း တိတ်ဆိတ်ငြိမ်သက်နေလျက်။ ဥယျာဥ်တော်ထဲက ပန်းမာလာတို့၏ မွှေးပျံ့သော သင်းရနံ့ကလည်း လေညှင်းနှင့်အတူ ဂန္ဓာရုံ၌ ထင်ဟပ်ရိုက်ခတ်လာပေ၏။ အိပ်မက်ဆန်လှသော ယခုလို တစ်ဒင်္ဂလေးများမှာ ဘ၀တစ်သက်စာလုံး မေ့ဖျောက်ပစ်၍မရနိုင်တော့သော အခိုက်အတန့်လေးများ ဖြစ်သွားတတ်ပေသည်။ မိမိတို့နှစ်ဦးသား ဆံဖြူသွားကျိုးပြီး အိုမင်းသွားကြသည့်အထိ ဤအခိုက်အတန့်လေးကို ဘယ်တော့မှ မေ့မည်မဟုတ်။ အိုမင်းသွားပြီးသည့်နောက်တွင်လည်း -
.
.
.
ချူယွမ်တစ်ယောက် အတန်ကြာ တွေးတောနေသည်။ ထို့နောက် သွမ့်ပိုင်ယွဲ့အား တင်းကျပ်စွာ ရစ်သိုင်းဖက်တွယ်ထားလိုက်သည်။
"သွမ့်ပိုင်ယွဲ့"
"ဟင်"
"မင်း ဒီထက်ပိုပြီး အသက်ရှည်ရှည် နေသွားရမယ်နော်"
သွမ့်ပိုင်ယွဲ့ လွှတ်ခနဲ ရယ်မိသွား၏။
"အင်းပါ"
ချူယွမ်က သူ့မျက်၀န်းများထဲ သေချာငေးကြည့်ရင်း ဆက်ဆိုလာ၏။
"ဒို့နှစ်ယောက် စပြီးတွေ့တဲ့နေ့ကနေ အခုထက်ထိ ၊ မင်း ငါ့ကို ကတိပေးခဲ့သမျှ ကိစ္စတိုင်းကို မင်း မရရအောင် ကတိတည်တတ်တယ်"
"ဒီတစ်ခေါက်လည်း ကိုယ် အရင်အတိုင်းပဲ ကတိတည်ပါ့မယ်....."
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်များအား ဆုပ်ကိုင်ထားလိုက်ပြီး ဖြည့်စွက်ပြောဆိုလိုက်ပေ၏။
ချူယွမ်တစ်ယောက် ပြုံးရွှင်သွားကာ သွမ့်ပိုင်ယွဲ့နှင့် နဖူးချင်း တေ့ဆိုင်ထားလိုက်လေ၏။
*******
သို့နှင့် နှစ်ယောက်သား ထမင်းစားပြီး ခေတ္တအနားယူပြီးနောက်မှ ထိုတဲအိမ်ငယ်လေးဆီ ထွက်လာခဲ့သည်။
ထိုအဘိုးအိုမှာလည်း မိမိကိုယ်ကိုနှင့် စစ်တုရင် ယှဥ်ပြိုင်ကစားနေမြဲ။ အရည်ပျော်သွားပြီဖြစ်သော သကြားမုန့်ချိုများကလည်း ထိုနေရာမှာ မပြောင်းမလဲရှိနေဆဲပင်။
"အဘိုး"
သွမ့်ပိုင်ယွဲ့က တံခါးခေါက်လိုက်ရင်း ခေါ်လိုက်လေ၏။အဘိုးက တံခါးလှစ်ဟပေးရင်း ခေါင်းတခါခါလုပ်ကာဆိုလာ၏။
"အရင်အခေါက်တွေတုန်းက မင်းဟာမင်း လာချင်တဲ့အချိန် လာတာကတော့ဟုတ်ပါပြီ၊ ခုတစ်ခါက်ကျ ဘယ်နှယ့် နောက်တစ်ယောက်ပါ အတူခေါ်လာတာတုန်းကွ"
"အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် တကယ် တောင်းပန်ပါတယ် အဘိုး။ ဒီတစ်ခေါက်လာတာကတော့ အဘိုးဆီကနေ အကြံဉာဏ်လေး လာတောင်းချင်လို့ပါ"
"အင်း၊ ပြောလေ....."
အဘိုးအိုက လက်ထဲမှ စစ်တုရင်ကို ချလိုက်၏။
"ဒီလောကမှာ ထျဲန်းချန်ရှားဆိုတာ တကယ်ရှိရဲ့လား"
"ရှိတယ်"
"ဘယ်မှာရှိပါသလဲ"
"အတိအကျ ပြောလို့မရဘူး။ တစ်ခါတစ်လေ လမ်းဘေး ဆေးဆိုင်က သာမန်ဆေးထုပ်တွေကြား ရှိချင်ရှိနေမယ်၊ ဒါမှမဟုတ် ဝေးလံခေါင်ဖျားတဲ့ ကျွန်းတွေဆီမှာမှ ရှိနေနိုင်တယ်။ ဘာပဲပြောပြော မင်းဆီမှာ တွေ့ရမယ့်ကံပါလာရင်တော့ ရှာလို့တွေ့မှာပါ"
"တကယ်လို့များ ရွှေချည်ပိုးကောင်က တစ်နှစ်မှာ လေးငါးခါလောက်တောင် နိုးထလာရင် ဘာဖြစ်မှာလဲ"
"ဘာမှတော့မဖြစ်ပါဘူး၊ တစ်ခေါက်ထက်တစ်ခေါက် ခံစားရတဲ့ နာကျင်မှုကတော့ ပိုပိုဆိုးလာမယ်။ အဆိပ်ပြန်ထလာရင်လည်း ရေနွေးသာ များများသောက်ပေါ့ကွာ၊ နည်းနည်း သက်သာတာပေါ့"
ချူယွမ် - "......."
"အဘိုးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ"
"ဒါပဲမေးစရာရှိတာလား၊ ဟိုလူငယ်လေးရော ငါ့ကို ဘာမေးစရာရှိလဲ"
အဘိုးက ခေါင်းခါလိုက်ကာ ချူယွမ်အား မေးလာ၏။
"ထျဲန်းချန်ရှားအပြင် အဆိပ်ဖြေလို့ရတဲ့ တခြားဆေး ရှိပါသလားခင်ဗျာ"
အဘိုးအိုက ခေါင်းခါပြ၏။
"မရှိဘူး၊ ရွှေချည်ပိုးကောင်ရဲ့အဆိပ်ကို ဖယ်ထုတ်နိုင်တဲ့ တစ်ခုတည်းသောဆေးဟာ ထျဲန်းချန်ရှားပဲ။ ခဏလောက်ရှာကြည့်လိုက်လို့ မတွေ့ရင်လည်း စိတ်ဓာတ်မကျရဘူး။ စောနပြောထားသလိုပဲ၊ ကိုယ်တွေ့ရမယ့်ကံပါရင် တွေ့ပါလိမ့်မယ်"
ချူယွမ် မျက်နှာ အနည်းငယ်မဲ့သွား၏။
"မေးစရာမေးခွန်းက ဒီလောက်ပါပဲခင်ဗျာ။ မိုးလည်းချုပ်ပြီဆိုတော့ အဘိုးလည်း စောစော အနားယူလိုက်ပါတော့။ ကျေးဇူးအများကြီးတင်ပါတယ်"
အဘိုးအိုလည်း လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်လိုက်ကာ ဘေးချင်းယှဥ်ပြီးလျှောက်လှမ်းထွက်ခွာသွားသော ထိုလူနှစ်ယောက်ကိုသာ ငေးကြည့်နေလေ၏။
ခဏကြာတော့ အိမ်နောက်ဖေးဘက်မှ သွမ့်ယောင်ထွက်လာကာ -
"အဘိုးကို ကျေးဇူးအများကြီးတင်ပါတယ်"
"လက်စသတ်တော့ သူက မင်းအစ်ကိုရဲ့ သည်းသက်ညှာဆိုတဲ့ တစ်ယောက်ကိုး။ ဟူး....ဧကရာဇ်ပြည့်ရှင်တစ်ပါးလုံး ဖြစ်နေပြီးမှကွာ"
သွမ့်ယောင်က အဘိုးအို၏မျက်နှာချင်းဆိုင်နေရာတွင် ၀င်ထိုင်ပြီး မေးကိုထောက်ရင်း ပြန်ချေပ၏။
"ဧကရာဇ်ဖြစ်တော့ရော ဘာမှုစရာရှိလဲ။ကျွန်တော့်နောင်တော်ကြီးကတောင် ဘာကိုမှ မှုမနေဘဲ ဧကရီမိဖုရားကြီး အဖြစ်ခံမှာပါဗျ"
ကြည့်ရသလောက်တော့ ခုရက်ပိုင်းတွေမှာ ရေဂါပိုရင့်လာတယ်။ မနေနိုင်မထိုင်နိုင် အရမ်းတွေ မိဖုရားဖြစ်ချင်တဲ့ပုံကို ပေါက်လို့။
ထိုအဘိုးက ပြုံးလိုက်သည်။သိပ်တောင်မပြုံးဖြစ်သော လူတစ်ဦး၏ ရှားပါးအပြုံးတစ်ခုပင်။
"မင်းပြောတာလည်း မှန်သား။ နှလုံးသားတစ်စုံ ချစ်ခင်စုံမက်နေတာကို ကြားလူ၀င်ရှုပ်လိုက်ရင် ၀င်ရှုပ်တဲ့လူကပဲ အမုန်းခံရမှာပါလေ"
သွမ့်ယောင်လည်း ထပြန်ရန် နှုတ်ဆက်တော့မည်အလုပ်၊ မျက်၀န်းထောင့်စွန်းမှသည် ထိုစစ်တုရင်ကွက်ကို မြင်သွားလေရာ အံ့သြတကြီး ရေရွတ်လာ၏။
"ဟင်....ဖန်ရှင်းစစ်တုရင်ကွက်ကြီး?"
"အေး....ဖန်ရှင်းစစ်တုရင်ကွက်ပဲ၊ ကောင်လေး။ မင်းအသက်ငယ်ငယ်လေးပဲရှိသေးတာကို ဒီကိစ္စတွေ သိနေတယ်ပေါ့"
အဘိုးအိုက ယောင်အာအား စိတ်၀င်စားစွာ ကြည့်လာ၏။
သွမ့်ယောင်က ခေါင်းခါလိုက်ကာ -
"ကျွန်တော် အမြင်မှားသွားတာပဲနေမှာ။ ဒီမတိုင်ခင်က ရွှေမြို့တော်မှာ ဒီလို ခပ်ဆင်ဆင်အကွက်မျိုး တွေ့ဖူးတယ်၊ ဒါပေမယ့် သေချာကြည့်လိုက်ရင်တော့ သိပ်မတူပြန်ဘူး"
အဘိုးအိုက စစ်တုရင်အချို့ကို ဖယ်ထုတ်ပြလိုက်သည်။
"မင်း မျက်စိမမှားပါဘူး၊ ဒါ ဖန်ရှင်းစစ်တုရင်ကွက်ပါပဲ"
"သြ...."
တကယ်ကြီး ဖန်ရှင်းကစားကွက်တဲ့။
"ကောင်လေး...မင်း စစ်တုရင်ကစားတတ်လား"
"ဟင့်အင်း"
သွမ့်ယောင် ရိုးသားစွာသာ ၀န်ခံလိုက်၏။
"မတတ်လည်း ကိစ္စမရှိပါဘူး။ ဒီညမှာပဲ ဖန်ရှင်းစစ်တုရင်ကွက်ကို ဘယ်လို အနိုင်ယူရမလဲဆိုတာ ငါ သင်ပေးမယ်"
********
2020.07.13.
Thz for reading, giving stars and leaving comments.
********
အခန္း - ၅၂ (ေမ်ွာ္လင့္မထားေသာ အခြင့္ထူး)
[လာခဲ့၊ ဖန္ရွင္းစစ္တုရင္ကြက္ကို ဘယ္လိုႏိုင္ေအာင္ ေဆာ့ရမလဲဆိုတာ မင္းကို သင္ေပးမယ္]
သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔ႏွင့္ခ်ူယြမ္တို႔ႏွစ္ေယာက္သား အခ်င္းခ်င္းဖက္တြယ္လ်က္ အိပ္ေမာက်သြားသည္မွာ မြန္းလြဲခ်ိန္ေရာက္သၫ့္တိုင္ မႏိႈးထႏိုင္ေသးဟူ၏။
ရွစ္ဇီကုန္းကုန္းလည္း အျပင္ဘက္မွေန၍ အခန္းထဲမွအသံကို အၿမဲ နားစြင့္ထားသည္။ ဘာအသံမွ မၾကားရေသးေသာေၾကာင့္ ေဆးဖက္၀င္ စြပ္ျပဳတ္ကိုလည္း ျပန္သိမ္းသြားခိုင္းလိုက္၏။ အရွင္မင္းျမတ္ႏိုးလာခါမွ ျပန္ယူလာရန္ မွာၾကားလိုက္ေလသည္။
ေနာက္နာရီဝက္ေလာက္ၾကာေတာ့ ေနြလယ္ေခါင္ႀကီးမွာ မိုးသည္းထန္စြာ ရြာခ်လာကာ မိုးၿခိမ္းသံမ်ားျဖင့္ ျမည္ဟီးဆူညံလာ၏။ ထိုအခါမွ ခ်ူယြမ္ လန႔္ႏိုးလာကာ စိတ္အစဉ္မွာ တုန္လႈပ္ေနဆဲျဖစ္၏၊ ခဏေနေတာ့ သြမ့္ပိုင္ယြဲ႔အား ေမာ့ၾကၫ့္လိုက္သည္။
ထိုသူကေတာ့ အိပ္ေပ်ာ္ေနဆဲပင္။
ရွည္လ်ားျခင္းရိွမေနေသာ မ်က္ေတာင္မ်ား၊ ေျဖာင့္စင္းေသာ ထိုႏွာတံ ၊ ပါးလွပ္ေသာ ႏႈတ္ခမ္းလႊာ၊ ေမးထက္က အမာရြတ္ေသးေသးေလးတစ္ခု။ သတိမမူမိလ်ွင္ မေတြ့ႏိုင္ေလာက္ေသာ ထိုအမာရြတ္ေသးေသးေလး။ ၄မွာ သူတို႔ႏွစ္ေယာက္ငယ္ရြယ္စဉ္အခါတုန္းက သိုင္းေလ့က်င့္ၾကရင္း ထိခိုက္မိေစခဲ့ေသာ ဒဏ္ရာေၾကာင့္ျဖစ္သည္။ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနသၫ့္တိုင္ ထိုအမာရြတ္ေလးမွာ လံုး၀ ေပ်ာက္လြင့္မသြားေသး။
အတန္ၾကာၿပီးေနာက္ ခ်ူယြမ္လည္း လက္ကို အသာမလိုက္ကာ သြမ့္ပိုင္ယြဲ႔၏ လက္ေကာက္၀တ္မွ ေသြးေၾကာကို ေသခ်ာစမ္းသပ္ၾကၫ့္လိုက္သည္။ မည္သၫ့္ မူမမွန္ျခင္းမ်ိဳးမရိွ၊ သိဒၶိစြမ္းအင္လည္း ပကတိအတိုင္း ပံုမွန္စီးဆင္းေနသည္။
"စိတ္ခ်သြားၿပီဟုတ္"
ရုတ္တရက္ႀကီး ထေမးလာေသာ သြမ့္ပိုင္ယြဲ႔အသံေၾကာင့္ ခ်ူယြမ္တစ္ကိုယ္လံုး ေတာင့္ခဲသြားရွာ၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ ရင္ခြင္ထဲက ခ်ူယြမ္အား ၾကၫ့္ေနရင္း -
"ကိုယ္ေျပာၿပီးသားပဲေလ၊ ေရႊခ်ည္ပိုးေကာင္ မႏိုးမခ်င္း ကိုယ္ ဘာမွမျဖစ္ပါဘူး။ ကိုယ့္ကိုယ္ကိုလည္း ဘာအျဖစ္ဆိုးမွ လံုးဝအျဖစ္မခံႏိုင္ဘူး"
"အင္း"
ခ်ူယြမ္က မိမိလက္ကို အသာျပန္ရုတ္သိမ္းလိုက္သည္။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္နဖူးေပၚ လက္တင္ၿပီး ကိုယ္အပူခ်ိန္ တိုင္းၾကၫ့္လိုက္သည္။ အင္း၊ ေနြးေတးေတးေလးေတာ့ ျဖစ္ေနသည္။
ခ်ူယြမ္က အသာေရွာင္တိမ္းလိုက္၏။
"ဘာမွမျဖစ္ဘူးလို႔ ဆိုေန...."
ဒါေလာက္ေလးျဖစ္ရံုနဲ႔ သမားေတာ္ သြားေခၚမယ္ဆိုလို႔ကေတာ့ ငါ မင္းနဲ႔ ခ်က္ခ်င္းကြာရွင္းပစ္မွာေနာ္၊ ကြာရွင္းပစ္မွာေနာ္၊
ကြာရွင္းပစ္လိုက္မွာေနာ္လို႔။
"အနည္းဆံုး တစ္ခုခုေတာ့စားေပးမျွဖစ္မယ္၊ မဟုတ္ရင္ အဆာလြန္ၿပီး မူးလဲသြားလိမ့္မယ္။ ဘာစားမလဲ၊ ၾကက္သားေခါက္ဆြဲ စားမလား"
ခ်ူယြမ္က အသာေခါင္းညိတ္ျပလိုက္သည္။ တစ္ကိုယ္လံုး ကိုက္ခဲနာက်င္ေနသျဖင့္ တစ္လက္မမ်ွေတာင္ မေရႊ့ခ်င္ေပ။ ထို႔ေၾကာင့္ ရွစ္ဇီထံ ဟိုဟိုဒီဒီမွာရန္ ထသြားေသာ သြမ့္ပိုင္ယြဲ႔ကို သလြန္ေခါင္းရင္းအား မွီရင္းသာ လွမ္းၾကၫ့္ေနသည္။ထို႔ေနာက္ တစ္ခုခုကို အမွတ္ရသြားဟန္ျဖင့္ သြမ့္ပိုင္ယြဲ႔အား ေမးလာ၏။
"ပုေရာဟိတ္အမတ္ႀကီးေရာ"
"ေရာင္းစားပစ္လိုက္ၿပီ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ေဘးနား ျပန္လာထိုင္ရင္း ေျဖလိုက္၏။ ခ်ူယြမ္ လႊတ္ခနဲ ရယ္မိသြား၏။
"ဟားဟား....သူ႔ကို ဘယ္သူက ၀ယ္ခ်င္မွာတဲ့တုန္း"
"မင္းလည္းသိသားပဲ ၊ အဲ့ဘိုးေတာ္က လူကို စိတ္တိုေအာင္ အရမ္းလုပ္တတ္တာ"
သြမ့္ပိုင္ယြဲ႔က ေျပာရင္းဆိုရင္း ခ်ူယြမ္၏ ၀တ္ရံု ခါးစည္းႀကိဳးကို ေသခ်ာ ျပန္စည္းေနွာင္ေပးလိုက္ကာ ဆက္ေျပာလာ၏။
"မေန့ညက အရမ္းပင္ပန္းသြားၿပီ၊ ေနာက္ထပ္ နည္းနည္းေလာက္ အနားယူလိုက္ၪီးေလေနာ္။ ဒီေန့ေတာ့ မင္းက္ို ဘယ္သူနဲ႔မွ ေတြ့ခြင့္မေပးဘူး၊ မနက္ျဖန္လည္း မရဘူး ၊ မိုးမီးေလာင္မယ့္ျပႆနာျဖစ္ေနရင္ေတာင္ အဲ့ဘိုးေတာ္နဲ႔ ေပးမေတြ့ဘူးကြာ"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ ေမးအား လွမ္းကိုင္ထားလိုက္ကာ မွတ္ခ်က္ဆို၏။
"မင္းက ေရႊနန္းေတာ္ရဲ့ညီလာခံသဘင္ကို အေတာ္ေလး ဂယက္ထေစႏိုင္တဲ့ အစြမ္းရိွတာပါ့ေရာ ၊ ငါ အရင္က မသိခဲ့ဖူးဘူးပဲ"
"ဒါေတာ့ ဘယ္တတ္ႏိုင္မွာလဲ။ ဧကရာဇ္အရွင္က ကြၽန္ေတာ္မ်ိဳးကိုဆို အရမ္းခ်စ္ခင္ျမတ္ႏိုးတာ ၊ အလိုလိုက္ထားတာဆိုေတာ့ မာန္တက္ၿပီး ႂကြားခ်င္ဝါခ်င္၊ အာဏာျပခ်င္တာ မဆန္းေတာ့ပါဘူး"
"ဟင္....ဧကရာဇ္က ဘာကိစၥ မင္းကို ခ်စ္ခင္ျမတ္ႏိုးရမတဲ့လဲ"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား လႊတ္ေပးလိုက္ကာ သလြန္ေခါင္းရင္းကို ျပန္မွီလိုက္ရင္း ဆက္ဆို၏။
"ကဲ ၊ ငါကိုယ္ေတာ္ျမတ္ဆီမွာ အသံုးေတာ္ခံၿပီးသြားၿပီဆိုေတာ့ မင္းရဲ့ အပယ္ခံနန္းဆီသာ ျပန္သြားလိုက္ေတာ့"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ခါးကို လွမ္းဖက္လိုက္ကာ ကိုယ္ကိုကိုင္းၫႊတ္ၿပီး အတင္းအက်ပ္ အနမ္းမိုး ႀကဲခ်လိုက္၏။
"မသြားပါဘူး၊ မင္းနားမွာ ဒီလိုပဲကပ္တြယ္ေနၪီးမွာ"
ခ်ူယြမ္က အသာေရွာင္လိုက္ရင္း ရယ္ေမာေန၏။
သို႔ႏွင့္ ႏွစ္ေယာက္သား စေနာက္က်ီစယ္ေနၾကရာ အျပင္ဘက္ကရွစ္ဇီမွ စားေတာ္အုပ္မ်ားေရာက္ၿပီျဖစ္ေၾကာင္း သတိႀကီးစြာ သံေတာ္ၪီးတင္လာေတာ့မွ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ထၿပီးသြားယူလာသည္။
.
.
.
အင္း၊ ၾကက္သားေခါက္ဆြဲေတာ့ ၾကက္သားေခါက္ဆြဲပါပဲ။ ဒါေပမယ့္ စေကာေလာက္ႀကီးတဲ့ပန္းကန္လံုးနဲ႔ဆိုေတာ့ အရမ္းႀကီးမေနလြန္းဘူးလား၊ လူႏွစ္ေယာက္စာအတြက္ အရမ္းမ်ားမေနဘူးလား။
ခ်ူယြမ္ - "......"
"လက္ဖက္ရည္အိုး အရင္ယူထားလိုက္လို႔ေတာ္ေသးတယ္၊ မဟုတ္ရင္ ဒါႀကီးကိုလက္တစ္ဖက္တည္းနဲ႔ မသယ္ႏိုင္ေလာက္ဘူး"
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ေခါက္ဆြဲပန္းကန္ႀကီးသယ္ကာ သလြန္ေတာ္နားထိ ေရာက္လာေတာ့ ခ်ူယြမ္လည္း ေရ႔ွအနည္းငယ္တိုးလာလိုက္သည္။ သြမ့္ပိုင္ယြဲ႔က ေခါက္ဆြဲကို နည္းနည္းေအးေအာင္ ေသခ်ာမႈတ္ေပးၿပီးေနာက္မွ ခ်ူယြမ္အား ခြံ႔ေကြၽးလိုက္သည္၊ သူကိုယ္တိုင္ကေတာ့ ပန္းကန္ထဲမွသာ တိုက္ရိုက္ အားရပါးရ စားေနေလ၏။
ခ်ူယြမ္ - "....."
အျပင္ဘက္ရိွရွစ္ဇီလည္း မ်က္ႏွာမွာ ၿပံဳးပန္းေဝဆာေနကာ ဗိုက္ေလးကို ပုတ္ပုတ္ေနၿပီး အလြန္ေပ်ာ္ရႊင္ေန၏။
ပထမဆံုး မနက္စာေလးကိုေတာ့ တစ္ပန္းကန္တည္းကေန အတူ စားရမယ္ေလ၊ ဒါမွ ေနာင္က်ရင္လည္း အခ်င္းခ်င္း အျပန္အလွန္ ရိုေသေလးစားၿပီး ျမတ္ျမတ္ႏိုးႏိုး ဆက္ခ်စ္သြားမွာ၊ ဘယ္ေတာ့မွ မခြဲမခြာရဘဲ အတူယွဥ္တြဲရိွသြားမွာ။
ေခါကိဆြဲျပဳတ္၏ အရသာမွာ ေပါ့ရႊတ္လြန္းလွသည္။ သို႔ေသာ္လည္း အလြန္ရွားပါးလွသည့္အျဖစ္ပင္၊ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ညည္းတြားကဲ့ရဲ့ျခင္း လံုးဝမရိွဘဲ ခ်ူယြမ္အား အေဖာ္ျပဳရင္း အတူစားေပးေနရွာသည္။ ေနာက္ဆံုး အသားတံုးေလးတစ္တံုးက်န္ေနသည္ကိုျမင္ေတာ့ ခ်ူယြမ္က စ ဆို၏။
"မင္းစားလိုက္"
"ဟင့္အင္း၊ မင္းပဲ စားလိုက္ပါ"
ခ်ူယြမ္ မ်က္ခံုးမ်ားပင့္သြားကာ ရယ္ခ်င္စိတ္ကို မနည္းေအာင့္ထားရင္း ဆိုလာ၏။
"သာမန္အရပ္သားေတြေတာင္ ဒို႔ႏွစ္ေယာက္အျဖစ္ေလာက္ သနားစရာေကာင္းမေနဘူး"
"ဘယ္လိုလုပ္ၿပီး သနားစရာေကာင္းတယ္လို႔ ေခၚရမွာတုန္း။ ဒါမ်ိဳးကို ခ်စ္လို႔ ေကြၽးခ်င္ေမြးခ်င္တာလို႔ ေခၚတယ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏ ႏႈတ္ခမ္းေထာင့္စြန္းေလးကို ဖ်တ္ခနဲ လွမ္း၍နမ္းလိုက္ကာ ေျပာလာ၏။
"ေနာင္တစ္ခ်ိန္က် အိမ္မွာ ဆန္တစ္ခြက္ပဲ က်န္မယ္ဆိုရင္ေတာင္ - "
"ခ်က္ခ်င္း လမ္းခြဲပစ္မယ္"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ႏွာဖ်ားေလးကို ခပ္ဖြဖြ ၫွစ္လိုက္ရင္း စေနာက္လာ၏။
"မင္းေနာက္လိုက္ၿပီး ေတာင္းစားတာမ်ိဳးေတာ့ မလုပ္ႏိုင္ေပါင္"
သြမ့္ပိုင္ယြဲ႔က ၾကက္သားဖတ္ကို ခ်ူယြမ္အား ခြံ႔ေကြၽးလိုက္ကာ -
"ဆံုးေအာင္ နားေထာင္ၪီးေလကြာ၊ ဘယ္သူက ေတာင္းစားမယ္ေျပာလို႔လဲ။ ဆန္တစ္ခြက္ပဲက်န္မယ္ဆိုရင္..... လမ္းေပၚထြက္ၿပီး ဓားျပတိုက္မယ္ကြာ၊ ကိုယ္လံုးအႀကီးႀကီး၊ ၀ၿပဲေဖာင္းကားေနတဲ့လူေတြ၊ ၀တ္ေကာင္းစားလွေတြ ၀တ္ထားတာေတြ့ရင္ ခ်က္ခ်င္း ဓားျပ၀င္တိုက္ပစ္မယ္။ ကိုယ့္သိုင္းပညာက ဒီေလာက္ေတာ့ သံုးစားလို႔ရပါတယ္၊ အနည္းဆံုးေတာ့ အိမ္အျပန္က် ဆန္ဆီဆား အသားငါးေလးေတာ့ ၀ယ္ျခမ္းလာႏိုင္ပါတယ္"
ခ်ူယြမ္တစ္ေယာက္ ဘာမျွပန္မေျပာျဖစ္ဘဲ သြမ့္ပိုင္ယြဲ႔အား အတန္ၾကာ ေငးၾကည့္ေန၏။
ထို႔ေနာက္ ေခါင္းၿမီးၿခံဳလိုက္ကာ ျပန္လွဲလိုက္၏၊ အေတာ္ပင္ ပ်င္းရိေလးတြဲ႔ေနသည့္ဟန္ပင္။
သြမ့္ပိုင္ယြဲ႔လည္း သူ႔ေက်ာျပင္အား ခပ္ဖြဖြ ပုတ္ေပးလာသည္။
"ဒါဆိုလည္း ခဏေလာက္ ဆက္လွဲေနလိုက္ေနာ္။ ကိုယ္ ေယာင္အာနဲ႔ရွစ္ဖူးဆီ ခဏသြားေတြ့ၪီးမယ္"
ခ်ူယြမ္က အင္းတစ္လံုးတည္း ခပ္တိုးတိုးသာ ေျဖလာ၏။
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔လည္း ကိုယ္လက္သန္႔စင္ကာ အိပ္ခန္းေဆာင္အျပင္ဘက္ ထြက္လာ၏။ ရွစ္ဇီကုန္းကုန္းမ်က္ႏွာမွာ လင္ဗန္းတမ်ွ ၿပံဳးၿဖီးေန၏။ သူ႔အား ေတြ့ေတြ့ခ်င္း ရွစ္ဇီကုန္းကုန္းက ဧကရီမိဖုရားတစ္ပါးကို ဖူးျမင္လိုက္ရသည္ႏွင့္ ထပ္တူက်ေသာ အၾကည့္မ်ားျဖင့္ ၿပံဳးၿပီးၾကည့္လာကာ .....ေတာ္၀င္မိသားစု၀င္တစ္ၪီးအား ဂါရ၀ျပဳလိုက္သလို သြမ့္ပိုင္ယြဲ႔အား ထံုးတမ္းစဥ္လာႏွင့္အညီ ဒူးေထာက္ၿပီး ႀကိဳဆိုဂါရ၀ျပဳလိုက္ေလသည္။
အင္း၊ ေရႊတံုးအျပည့္ထည့္ထားတဲ့ လွည္းတစ္စီးေလာက္ ရွစ္ဇီဆီ လာပို႔ခိုင္းၪီးမွပါ။
*******
ေဘးဘက္က အေဆာင္တြင္ ေယာင္အာႏွင့္ နန္ေမာ္ယဲ့တို႔ စကားတေျပာေျပာ ရိွေနၾက၏။ သြမ့္ပိုင္ယြဲ႔ ၀င္လာသည္ကိုျမင္ေတာ့ တစ္ညီတစ္ညာတည္းပင္ ထရပ္လိုက္ၾကသည္။ ပါးစပ္မ်ားမွာလည္း နားရြက္ဖ်ားထိ တက္ခ်ိတ္ေတာ့မတတ္ ၿပံဳးၿဖီးေနၾကသည္။
ေၾသာ္၊ သူ႔ေဘးက လူေတြအားလံုး ဒီေလာက္ ထိ ရႊင္လန္းတက္ႂကြေနတတ္မွန္း မသိခဲ့ဖူးဘူးပဲ။
ရွီးနန္ဝမ္တစ္ေယာက္ ပထမဆံုးအျဖစ္ ဤအေတြးမ်ိဳး ေတြးဖူးလိုက္ျခင္းျဖစ္သည္။
"အေျခအေန ? "
နန္ေမာ္ယဲ့တစ္ေယာက္ ေမ်ွာ္လင့္ခ်က္ႀကီးစြာ ေမးလာ၏။
သြမ့္ေယာင္လည္း အေတာ္ပင္ စိတ္လႈပ္ရွားေနၿပီျဖစ္ရာ ၀တ္ရံုစကိုပင္ အသာဆုပ္ထားလိုက္မိသည္။
ဘယ္လိုပဲေျပာေျပာ..... ဧကရာဇ္အိပ္ခန္းေဆာင္ထဲ ဒီေလာက္အၾကာႀကီး ႏွစ္ေယာက္တည္း အတူတူရိွေနတာပဲဟာ။ အခ်စ္နတ္ဘုရားႀကီးမကလို႔ ဘာႀကီးပဲျဖစ္ေနေန .....ခ်စ္ျခင္းတရားေတြက လျပည့္ဝန္းလို တျဖည္းျဖည္းျပည့္ရႊန္းလာတဲ့အခ်ိန္ေရာက္ရင္ေတာ့..... ။ ႏွစ္ေယာက္လံုးကလည္း တစ္ေယာက္ကိုတစ္ေယာက္ အရမ္းကို ခ်စ္ေနၾကတာပဲဟာ၊ .....တစ္ခုခုေတာ့ ျဖစ္ခဲ့မွာပါ။
သြမ့္ပိုင္ယြဲ႔ႏႈတ္ခမ္းေထာင့္စြန္းမ်ား အနည္းငယ္ေကြးၫႊတ္သြားကာ အေတာ္ပင္ေက်နပ္ေပ်ာ္ရႊင္ေနသည့္ဟန္ ၿပံဳးလာ၏။ ႏိုင္ငံေတာ္အဆင့္ မင္းမႈထမ္းစာေမးပြဲကို ပထမအဆင့္ျဖင့္ ေအာင္ျမင္ေသာ က်ံဳးယြမ္အမတ္မင္းက သူ၏ဇာတိခ်က္ေႂကြ ေမြးရပ္ေျမသို႔ ဂုဏ္ယူ၀မ္းေျမာက္စြာ ျပန္လာသည့္အလား။
နန္ေမာ္ယဲ့ခမ်ာ ေယာင္အာကို အေျပးဖက္ကာ အားပါးတရ ဆြဲလႈပ္ခ်င္ရေလာက္ေအာင္ အေပ်ာ္ၾကဴးသြားေပ၏။
ေနာက္ဆံုးေတာ့....
ေနာက္ဆံုးေတာ့ တကယ္ျဖစ္သြားၾကၿပီကြ....
"ဘာကိစၥမွ ေျပာျပစရာမရိွရင္ ကြၽန္ေတာ္ အိပ္ခန္းေဆာင္ဘက္ ျပန္သြားေတာ့မယ္"
"ခဏေလး"
သြမ့္ေယာင္က ခ်က္ခ်င္းပင္ အတြင္းခန္းထဲေျပး၀င္သြားၿပီး ခဏၾကာေတာ့ အနီေရာင္သုတ္ထားေသာ ၾကက္ဥျပဳတ္နီ တစ္ပန္းကန္ ယူလာေပးသည္။
သြမ့္ပိုင္ယြဲ႔ - "......."
"ျမန္ျမန္စားေလ ေနာင္ေတာ္ရဲ့၊ မရီးေတာ္အတြက္လည္း တစ္လံုးယူသြား။ ကိုယ့္ေဒသရဲ့ ထံုးတမ္းစဥ္လာကို မပစ္ပယ္ေကာင္းဘူး။ မဂၤလာက်က္သေရတိုးပြားေအာင္လို႔ တစ္လံုးေတာ့ ယူစားလိုက္စမ္းပါ"
သြမ့္ပိုင္ယြဲ႔လည္း စားပြဲေဘးနား ထိုင္လိုက္ရကာ ၾကက္ဥျပဳတ္ ႏႊာလိုက္ရေပသည္။ ထို႔ေနာက္ ဆရာျဖစ္သူႏွင့္ ညီျဖစ္သူ၏ တက္ႂကြေပ်ာ္ရႊင္ေနေသာ အၾကည့္မ်ားေအာက္ တစ္ခါတည္း စားျပလိုက္ရေပသည္။
နန္ေမာ္ယဲ့က ျပဇာတ္မ်ားထဲ သီဆိုၾကသလို သံေနသံထားျဖင့္ စတင္ရြတ္ဆိုလိုက္ေလ၏။
"ႏွစ္ေပါင္းရာခ်ီတိုင္ တြဲလက္ခိုင္ၿမဲႏိုင္ၾကေစ"
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ခ်က္ခ်င္းပင္ အစာနင္သြား၏။
မၿပီးေသး၊ ဒုတိယေျမာက္စာသားထပ္လာ၏။
"တစ္ၪီးအေပၚတစ္ၪီး ရိုေသေလးစားသမႈရိွ၍ - "
သြမ့္ပိုင္ယြဲ႔က လက္က်န္ၾကက္ဥျပဳတ္ကို အျမန္ သြတ္သြင္းဝါးမ်ိဳပစ္လိုက္သည္။
နန္ေမာ္ယဲ့လည္း အသံပင္မရႉအားဘဲ တစ္ရစပ္ ဆက္ဆို၏။
"ဇာမဏီေရႊနဂါး ေပးသနားအပ္တဲ့ေကာင္းခ်ီးခ်မါးသာအျဖာျဖာနဲ႔ ၊
အိုးအိမ္အျပည့္ သားသမီးရတနာ ထြန္းကားႏိုင္ၾကေစ၊ အိုေအာင္မင္းေအာင္ ေပါင္းသင္းႏိုင္ၾကပါေစ"
သြမ့္ေယာင္လည္း အရူးတစ္ေယာက္ႏွယ္ ၿပံဳးၿဖီးေနလ်က္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ေအးစက္စြာ ထရပ္ၿပီးျပန္ထြက္သြားေလ၏။
ဒီႏွစ္ေယာက္နဲ႔ၾကာၾကာဆက္ေနရင္ေတာ့ ထုခ်င္ေထာင္းခ်င္ လူသတ္ခ်င္စိတ္ေတြ ထပ္ေပါက္လာမွာပဲ။
*******
"ေနာင္ေတာ္"
ေယာင္အာက သြမ့္ပိုင္ယြဲ႔အခန္းတံခါးအား လာေခါက္သည္။
"တံခါးပိတ္မထားနဲ႔ေလ။ ရွစ္ဖူးပဲ ေျပာလို႔ၿပီးေသးတာ၊ ကြၽန္ေတာ္လည္း ေျပာစရာကိစၥရိွတယ္"
"ေအး၊ ဆုေတာင္းစကားေတြ ဆက္ၾကားရလို႔ကေတာ့ ခ်က္ခ်င္း ယူနန္ျပန္ပို႔ပစ္လိုက္မယ္မွတ္"
အစ္ကိုျဖစ္သူက ညီငယ္ေလးအား ၿခိမ္းေျခာက္လာ၏။
"တျခားကိစၥ ေျပာမလို႔ပါ၊ အရင္ရက္က တစၧေမအေၾကာင္းေလ...."
"ဟင္ ၊ မိသြားၿပီလား"
သြမ့္ပိုင္ယြဲ႔မ်က္ႏွာ မဲ့သြား၏။
"အခုျပန္သြားၾကည့္ေတာ့ ေျခရာလက္ရာေတြ ေတြ့လာလို႔။ ေနာင္ေတာ္ မွတ္မိေသးလား၊ ကြၽန္ေတာ္တို႔ စစသြားၾကည့္တဲ့ေန့တုန္းက အဲ့ေနရာမွာ ဖုန္ေတြခ်ည္းပဲေလ။ ဒါေပမယ့္ ခုတစ္ေခါက္ျပန္သြားၾကည့္ေတာ့ ေစတီရဲ့အထပ္တစ္ထပ္မွာ အေတာ္ေလး သန္႔ရွင္းေနတယ္"
"အင္း၊ တျခားဘာကိစၥ ရိွေသးလဲ"
"မရိွေတာ့ဘူး။ ေႁမြကိုသြားႏိႈးသလိုျဖစ္မွာစိုးလို႔ ကြၽန္ေတာ္လည္း အသာၿငိမ္ေနလိုက္တာ။ ဒါေပမယ့္ အာဏာပိုင္ဘက္ကလည္း သတင္းရသြားၿပီထင္တယိ၊ ဒီမနက္ ေစ်းမွာမုန္႔သြား၀ယ္ေတာ့ ေစတီနားတစ္ဝိုက္မွာတပ္သားအင္အား ႏွစ္ဆေတာင္တိုးျမႇင့္ၿပီး ကင္းေစာင့္ခိုင္းထားတာေတြ့တယ္"
"အင္း၊ အာဏာပိုင္ေတြဘက္ကလည္း သဲလြန္စရွာေတြ့ၿပီဆိုေတာ့ ဒို႔ေတြ ၀င္ရႈပ္စရာ မလိုေတာ့ဘူး။ ဒီအတိုင္း ၿငိမ္ၿငိမ္ေလးေနၿပီး ေစာင့္ၾကည့္ေနရံုပဲ"
"ဟုတ္ကဲ့"
သြမ့္ေယာင္ ေခါင္းညိတ္လိုက္နာလိုက္ေလ၏။
"ကိစၥတစ္ခုေလာက္ ကူလုပ္ေပးစမ္းပါ"
"ဘာကိစၥလဲ"
သြမ့္ပိုင္ယြဲ႔က ညီျဖစ္သူအနား တိုးသြားကာ ႏွစ္ခြန္းစသံုးခြန္းစ တိုးတိုးေလး ေျပာျပ၏။ သြမ့္ေယာင္မ်က္ေမွာင္မ်ားၾကဳတ္သြားသည္။
"ဘာသေဘာနဲ႔ ဒီလိုလုပ္တာလဲ"
"လုပ္ခိုင္းတာကို အသာလုပ္စမ္းပါ။ ဘယ္သူကိုမွလည္း မျမင္ေစနဲ႔ၪီး"
နန္ေမာ္ယဲ့မွာ အတြင္းအားက်င့္ႀကံအားထုတ္ေနသည္ျဖစ္ရာ အၾကားအာရံုစူးရွထက္ျမက္ေနသျဖင့္ ထိုႏွစ္ေယာက္ေျပာသမ်ွ အတိုင္းသား ၾကားေနရသည္။ ထို႔ေၾကာင့္ သက္ျပင္းေမာ ခ်လိုက္သည္။
ေစာန ရွစ္ဖူးမွားသြားပါတယ္ကြာ၊ အခ်စ္နတ္ဘုရားႀကီးဆိုတဲ့ စာတမ္းကိုေတာ့ ဆက္ထြင္းခိုင္းရၪီးမယ္နဲ႔တူတယ္။
သြမ့္ပိုင္ယြဲ႔က ၿပံဳးလိုက္ကာ အံဆြဲထဲမွ ေဆးႏွစ္မ်ိဳးသံုးမ်ိဳးကို ယူလိုက္ၿပီးေနာက္ ဧကရာဇ္အိပ္ခန္းေဆာင္ဘက္သို႔ ျပန္သြားေလေတာ့သည္။
*****
ခ်ူယြမ္ကေတာ့ စာအုပ္ ထိုင္ဖတ္ေန၏။ တစ္မနက္လံုး အိပ္စက္ထားသည္မို႔ ငိုက္ျမည္းေလးတြဲ႔ျခင္းမရိွ။
သြမ့္ပိုင္ယြဲ႔က ေဆးလံုးတစ္လံုး ထုတ္ယူၿပီး ခ်ူယြမ္အား ေကြၽးလာ၏။
"ေဆးေသာက္ရေအာင္ပါ......"
ခ်ူယြမ္လည္း ပါးစပ္ေလး ဖြင့္ဟေပးလိုက္သည္။
မခါးဘူးပဲ၊ အေတာ္ေလးခ်ိဳတယ္ ....
ၿပီးေတာ့ရိွန္းျမျမေလး။
"ဒါက လည္ေခ်ာင္းအတြက္ ေကာင္းတယ္"
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔က ေနာက္ေဆးတစ္ဘူး ထုတ္ျပလာကာ -
"ခ်င္းထိုင္ေဆးဘူးပါ ပါလာတယ္၊ ခဏက် မင္းရဲ့ခါးကို ႏိွပ္ေပးမယ္ေနာ္"
"ဘယ္ေတာ့မွ ဟိုအဘိုးဆီ သြားၾကမွာလဲ"
"မိုးခ်ဳပ္မွသြားလည္း ရတာပဲ၊ သူမ်ားေတြရဲ့ မ်က္ရိပ္မ်က္ေျခကေနလည္း လြတ္တယ္။ ဒီအခ်ိန္ႀကီး ခ်က္ခ်င္းထသြားရမယ္လို႔မွ မဟုတ္တာ"
ခ်ူယြမ္က သူ႔အား ေသခ်ာ စူးစိုက္ၾကည့္လာ၏။ သြမ့္ပိုင္ယြဲ႔မ်က္၀န္းမ်ားက မတုန္မလႈပ္ ေအးစက္တည္ၿငိမ္ေနၿမဲ။
"ရတယ္ေလ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား ရင္ခြင္ထဲ ေပြ့ယူထားလိုက္သည္။ ထို႔ေနာက္ေဆးဘူးအဖံုးကိုဖြင့္ကာ ေဆးအနည္းယူၿပီး ခ်ူယြမ့္ ခါးတစ္ဝိုက္ လိမ္းက်ံႏိွပ္နယ္ေပးလိုက္သည္။
ခါးတစ္ဝိုက္ရိွ ေညာင္းညာကိုက္ခဲေနမႈမ်ား အေတာ္အတန္ပင္ ေလ်ာ့ပါးသြားကာ မည္သည့္နာက်င္ကိုက္ခဲမႈမ်ိဳး မရိွေတာ့။ ခ်ူယြမ္က ကိုယ္ဟန္အေနအထား အနည္းငယ္ေျပာင္းလိုက္ၿပီး သြမ့္ပိုင္ယြဲ႔ပခံုးထက္ ေမးေလးတင္ကာ မွီတြယ္ထားလိုက္သည္။ ေန့လယ္ေန့ခင္း၌ ပ်င္းရိေလးတြဲ႔စြာ လွဲေလ်ာင္းေနေသာ ေၾကာင္ငယ္ေလးတစ္ေကာင္ႏွင့္ အလားသ႑ာန္တူလြန္းေပ၏။
မိုးစက္မ်ားရပ္ဆိုင္းသြားၿပီးေနာက္ ေနျခည္တန္းမ်ားက ေလသာျပတင္းမွတစ္ဆင့္ အခန္းတြင္းသို႔ ေနြးေထြးေတာက္ပစြာ ၿခံဳလႊမ္းျဖာက်ေန၏။ ေဘးပတ္ဝန္းက်င္တစ္ခြင္လည္း တိတ္ဆိတ္ၿငိမ္သက္ေနလ်က္။ ဥယ်ာဥ္ေတာ္ထဲက ပန္းမာလာတို႔၏ ေမႊးပ်ံ့ေသာ သင္းရနံ႔ကလည္း ေလၫွင္းႏွင့္အတူ ဂႏၶာရံု၌ ထင္ဟပ္ရိုက္ခတ္လာေပ၏။ အိပ္မက္ဆန္လွေသာ ယခုလို တစ္ဒဂၤေလးမ်ားမွာ ဘ၀တစ္သက္စာလံုး ေမ့ေဖ်ာက္ပစ္၍မရႏိုင္ေတာ့ေသာ အခိုက္အတန္႔ေလးမ်ား ျဖစ္သြားတတ္ေပသည္။ မိမိတို႔ႏွစ္ၪီးသား ဆံျဖဴသြားက်ိဳးၿပီး အိုမင္းသြားၾကသည့္အထိ ဤအခိုက္အတန္႔ေလးကို ဘယ္ေတာ့မွ ေမ့မည္မဟုတ္။ အိုမင္းသြားၿပီးသည့္ေနာက္တြင္လည္း -
.
.
.
ခ်ူယြမ္တစ္ေယာက္ အတန္ၾကာ ေတြးေတာေနသည္။ ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔အား တင္းက်ပ္စြာ ရစ္သိုင္းဖက္တြယ္ထားလိုက္သည္။
"သြမ့္ပိုင္ယြဲ႔"
"ဟင္"
"မင္း ဒီထက္ပိုၿပီး အသက္ရွည္ရွည္ ေနသြားရမယ္ေနာ္"
သြမ့္ပိုင္ယြဲ႔ လႊတ္ခနဲ ရယ္မိသြား၏။
"အင္းပါ"
ခ်ူယြမ္က သူ႔မ်က္၀န္းမ်ားထဲ ေသခ်ာေငးၾကည့္ရင္း ဆက္ဆိုလာ၏။
"ဒို႔ႏွစ္ေယာက္ စၿပီးေတြ့တဲ့ေန့ကေန အခုထက္ထိ ၊ မင္း ငါ့ကို ကတိေပးခဲ့သမ်ွ ကိစၥတိုင္းကို မင္း မရရေအာင္ ကတိတည္တတ္တယ္"
"ဒီတစ္ေခါက္လည္း ကိုယ္ အရင္အတိုင္းပဲ ကတိတည္ပါ့မယ္....."
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္မ်ားအား ဆုပ္ကိုင္ထားလိုက္ၿပီး ျဖည့္စြက္ေျပာဆိုလိုက္ေပ၏။
ခ်ူယြမ္တစ္ေယာက္ ၿပံဳးရႊင္သြားကာ သြမ့္ပိုင္ယြဲ႔ႏွင့္ နဖူးခ်င္း ေတ့ဆိုင္ထားလိုက္ေလ၏။
*******
သို႔ႏွင့္ ႏွစ္ေယာက္သား ထမင္းစားၿပီး ေခတၲအနားယူၿပီးေနာက္မွ ထိုတဲအိမ္ငယ္ေလးဆီ ထြက္လာခဲ့သည္။
ထိုအဘိုးအိုမွာလည္း မိမိကိုယ္ကိုႏွင့္ စစ္တုရင္ ယွဥ္ၿပိဳင္ကစားေနၿမဲ။ အရည္ေပ်ာ္သြားၿပီျဖစ္ေသာ သၾကားမုန္႔ခ်ိဳမ်ားကလည္း ထိုေနရာမွာ မေျပာင္းမလဲရိွေနဆဲပင္။
"အဘိုး"
သြမ့္ပိုင္ယြဲ႔က တံခါးေခါက္လိုက္ရင္း ေခၚလိုက္ေလ၏။အဘိုးက တံခါးလွစ္ဟေပးရင္း ေခါင္းတခါခါလုပ္ကာဆိုလာ၏။
"အရင္အေခါက္ေတြတုန္းက မင္းဟာမင္း လာခ်င္တဲ့အခ်ိန္ လာတာကေတာ့ဟုတ္ပါၿပီ၊ ခုတစ္ခါက္က် ဘယ္ႏွယ့္ ေနာက္တစ္ေယာက္ပါ အတူေခၚလာတာတုန္းကြ"
"အေနွာင့္အယွက္ျဖစ္ေစခဲ့တဲ့အတြက္ တကယ္ ေတာင္းပန္ပါတယ္ အဘိုး။ ဒီတစ္ေခါက္လာတာကေတာ့ အဘိုးဆီကေန အႀကံဉာဏ္ေလး လာေတာင္းခ်င္လို႔ပါ"
"အင္း၊ ေျပာေလ....."
အဘိုးအိုက လက္ထဲမွ စစ္တုရင္ကို ခ်လိုက္၏။
"ဒီေလာကမွာ ထ်ဲန္းခ်န္ရွားဆိုတာ တကယ္ရိွရဲ့လား"
"ရိွတယ္"
"ဘယ္မွာရိွပါသလဲ"
"အတိအက် ေျပာလို႔မရဘူး။ တစ္ခါတစ္ေလ လမ္းေဘး ေဆးဆိုင္က သာမန္ေဆးထုပ္ေတြၾကား ရိွခ်င္ရိွေနမယ္၊ ဒါမွမဟုတ္ ေဝးလံေခါင္ဖ်ားတဲ့ ကြၽန္းေတြဆီမွာမွ ရိွေနႏိုင္တယ္။ ဘာပဲေျပာေျပာ မင္းဆီမွာ ေတြ့ရမယ့္ကံပါလာရင္ေတာ့ ရွာလို႔ေတြ့မွာပါ"
"တကယ္လို႔မ်ား ေရႊခ်ည္ပိုးေကာင္က တစ္ႏွစ္မွာ ေလးငါးခါေလာက္ေတာင္ ႏိုးထလာရင္ ဘာျဖစ္မွာလဲ"
"ဘာမွေတာ့မျဖစ္ပါဘူး၊ တစ္ေခါက္ထက္တစ္ေခါက္ ခံစားရတဲ့ နာက်င္မႈကေတာ့ ပိုပိုဆိုးလာမယ္။ အဆိပ္ျပန္ထလာရင္လည္း ေရႏြေးသာ မ်ားမ်ားေသာက္ေပါ့ကြာ၊ နည္းနည္း သက္သာတာေပါ့"
ခ်ူယြမ္ - "......."
"အဘိုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ"
"ဒါပဲေမးစရာရိွတာလား၊ ဟိုလူငယ္ေလးေရာ ငါ့ကို ဘာေမးစရာရိွလဲ"
အဘိုးက ေခါင္းခါလိုက္ကာ ခ်ူယြမ္အား ေမးလာ၏။
"ထ်ဲန္းခ်န္ရွားအျပင္ အဆိပ္ေျဖလို႔ရတဲ့ တျခားေဆး ရိွပါသလားခင္ဗ်ာ"
အဘိုးအိုက ေခါင္းခါျပ၏။
"မရိွဘူး၊ ေရႊခ်ည္ပိုးေကာင္ရဲ့အဆိပ္ကို ဖယ္ထုတ္ႏိုင္တဲ့ တစ္ခုတည္းေသာေဆးဟာ ထ်ဲန္းခ်န္ရွားပဲ။ ခဏေလာက္ရွာၾကည့္လိုက္လို႔ မေတြ့ရင္လည္း စိတ္ဓာတ္မက်ရဘူး။ ေစာနေျပာထားသလိုပဲ၊ ကိုယ္ေတြ့ရမယ့္ကံပါရင္ ေတြ့ပါလိမ့္မယ္"
ခ်ူယြမ္ မ်က္ႏွာ အနည္းငယ္မဲ့သြား၏။
"ေမးစရာေမးခြန္းက ဒီေလာက္ပါပဲခင္ဗ်ာ။ မိုးလည္းခ်ဳပ္ၿပီဆိုေတာ့ အဘိုးလည္း ေစာေစာ အနားယူလိုက္ပါေတာ့။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
အဘိုးအိုလည္း လက္ေဝ႔ွယမ္းျပၿပီး ႏႈတ္ဆက္လိုက္ကာ ေဘးခ်င္းယွဥ္ၿပီးေလ်ွာက္လွမ္းထြက္ခြာသြားေသာ ထိုလူႏွစ္ေယာက္ကိုသာ ေငးၾကည့္ေနေလ၏။
ခဏၾကာေတာ့ အိမ္ေနာက္ေဖးဘက္မွ သြမ့္ေယာင္ထြက္လာကာ -
"အဘိုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္"
"လက္စသတ္ေတာ့ သူက မင္းအစ္ကိုရဲ့ သည္းသက္ၫွာဆိုတဲ့ တစ္ေယာက္ကိုး။ ဟူး....ဧကရာဇ္ျပည့္ရွင္တစ္ပါးလံုး ျဖစ္ေနၿပီးမွကြာ"
သြမ့္ေယာင္က အဘိုးအို၏မ်က္ႏွာခ်င္းဆိုင္ေနရာတြင္ ၀င္ထိုင္ၿပီး ေမးကိုေထာက္ရင္း ျပန္ေခ်ပ၏။
"ဧကရာဇ္ျဖစ္ေတာ့ေရာ ဘာမႈစရာရိွလဲ။ကြၽန္ေတာ့္ေနာင္ေတာ္ႀကီးကေတာင္ ဘာကိုမွ မႈမေနဘဲ ဧကရီမိဖုရားႀကီး အျဖစ္ခံမွာပါဗ်"
ၾကည့္ရသေလာက္ေတာ့ ခုရက္ပိုင္းေတြမွာ ေရဂါပိုရင့္လာတယ္။ မေနႏိုင္မထိုင္ႏိုင္ အရမ္းေတြ မိဖုရားျဖစ္ခ်င္တဲ့ပံုကို ေပါက္လို႔။
ထိုအဘိုးက ၿပံဳးလိုက္သည္။သိပ္ေတာင္မၿပံဳးျဖစ္ေသာ လူတစ္ၪီး၏ ရွားပါးအၿပံဳးတစ္ခုပင္။
"မင္းေျပာတာလည္း မွန္သား။ ႏွလံုးသားတစ္စံု ခ်စ္ခင္စံုမက္ေနတာကို ၾကားလူ၀င္ရႈပ္လိုက္ရင္ ၀င္ရႈပ္တဲ့လူကပဲ အမုန္းခံရမွာပါေလ"
သြမ့္ေယာင္လည္း ထျပန္ရန္ ႏႈတ္ဆက္ေတာ့မည္အလုပ္၊ မ်က္၀န္းေထာင့္စြန္းမွသည္ ထိုစစ္တုရင္ကြက္ကို ျမင္သြားေလရာ အံ့ၾသတႀကီး ေရရြတ္လာ၏။
"ဟင္....ဖန္ရွင္းစစ္တုရင္ကြက္ႀကီး?"
"ေအး....ဖန္ရွင္းစစ္တုရင္ကြက္ပဲ၊ ေကာင္ေလး။ မင္းအသက္ငယ္ငယ္ေလးပဲရိွေသးတာကို ဒီကိစၥေတြ သိေနတယ္ေပါ့"
အဘိုးအိုက ေယာင္အာအား စိတ္၀င္စားစြာ ၾကည့္လာ၏။
သြမ့္ေယာင္က ေခါင္းခါလိုက္ကာ -
"ကြၽန္ေတာ္ အျမင္မွားသြားတာပဲေနမွာ။ ဒီမတိုင္ခင္က ေရႊၿမိဳ႔ေတာ္မွာ ဒီလို ခပ္ဆင္ဆင္အကြက္မ်ိဳး ေတြ့ဖူးတယ္၊ ဒါေပမယ့္ ေသခ်ာၾကည့္လိုက္ရင္ေတာ့ သိပ္မတူျပန္ဘူး"
အဘိုးအိုက စစ္တုရင္အခ်ိဳ႕ကို ဖယ္ထုတ္ျပလိုက္သည္။
"မင္း မ်က္စိမမွားပါဘူး၊ ဒါ ဖန္ရွင္းစစ္တုရင္ကြက္ပါပဲ"
"ၾသ...."
တကယ္ႀကီး ဖန္ရွင္းကစားကြက္တဲ့။
"ေကာင္ေလး...မင္း စစ္တုရင္ကစားတတ္လား"
"ဟင့္အင္း"
သြမ့္ေယာင္ ရိုးသားစြာသာ ၀န္ခံလိုက္၏။
"မတတ္လည္း ကိစၥမရိွပါဘူး။ ဒီညမွာပဲ ဖန္ရွင္းစစ္တုရင္ကြက္ကို ဘယ္လို အႏိုင္ယူရမလဲဆိုတာ ငါ သင္ေပးမယ္"
********
2020.07.13.
Thz for reading, giving stars and leaving comments.
********