[ ပြဿနာတွေက တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်လာနေတယ်]
ချူယွမ်တစ်ယောက် ခြေလက်များပင် သိပ်မလှုပ်ရှားနိုင်တော့သည်မို့ အားလုံး အတူတူ ထမင်းလက်ဆုံစားမည့် အစီအစဥ်ကတော့ ဖြစ်မြောက်မလာနိုင်ခဲ့တော့။ သကြားမုန့်ချိုနှစ်ခုကို စားပြီးနောက်တွင်တော့ သွမ့်ပိုင်ယွဲ့အား ချူယွမ်မေးကြည့်လာ၏။
"လူကြီးမင်းနန်နဲ့ ယောင်အာရော"
"သြော်၊ ဟိုနှစ်ယောက်လား။ ဟိုးမနက်အစောကြီးကတည်းက အပြင်ထွက်လည်နေပြီ။ အရင်တုန်းကလည်း ဒီမြို့ကို ရောက်စမရှိဖူးတော့ သဘောတွေ့နေတာနေမယ်။ တကယ်လို့ အရမ်းသဘောကျသွားရင် ဒီညနေ ပြန်လာမလားဆိုတာတောင် အာမမခံနိုင်ဘူး"
ချူယွမ် သဘောကျစွာ ရယ်မောလိုက်လေသည်။
"ယာယီနန်းဆောင်ဆောက်ဖို့ဆိုတော့ စပြီးနေရာရွေးကတည်းက ဘယ်သူကမှ သာမန်ကာလျှံကာနေရာမျိုးတော့ မရွေးဘူးလေ။ ဒီ ယွင်တာမြို့က ရွှေမြို့တော်လောက် ဖွံ့ဖြိုးစည်ပင်တာမဟုတ်ပေမယ့် တခြားမြို့တွေနဲ့တော့ အသာလေး ယှဥ်နိုင်တယ်။တောင်စဥ်တောင်တန်းတွေရှိတယ်၊ မြစ်ချောင်းအင်းအိုင်တွေ ရှိတယ်၊ ခုနစ်လပိုင်း ရှစ်လပိုင်းလို နွေရာသီမျိုးမှာတောင် မိုးကောင်းနေတတ်တယ်၊ ပန်းမာလာတွေ စုံစုံလင်လင် ပွင့်ဖူးနေတတ်တယ်။ ပြီးတော့ ဒီအချိန်က မြို့ရဲ့အလှဆုံးအချိန်ပဲလေ"
"ဒါဆိုလည်း မြန်မြန်သက်သာတော့လေကွာ"
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်များကို လှမ်းယူဆုပ်ကိုင်ထားလိုက်ကာ-
"သက်သာပြီးတာနဲ့ တောတောင်ရေမြေအလှ တွေ အတူတူသွားကြည့်ကြရအောင်နော်"
"အင်း"
ချူယွမ် ချက်ချင်း ခေါင်းညိတ်လက်ခံလိုက်၏။
သွမ့်ပိုင်ယွဲ့လည်း ချူယွမ်၏၀တ်ရုံကို သေသပ်အောင် ညှိပေးရန် လက်လှမ်းလိုက်ရုံသာရှိသေး၊ အပြင်ဘက်မှ ပုရောဟိတ်အမတ်ကြီး လာရောက်အခစား၀င်ရန် တောင်းဆိုနေကြောင်း ရှစ်ဇီမှ အကြောင်းကြားလာ၏။
"အဲ့မှာတင် သွားပြီ။ မင်းပြောသလိုပဲ....ဒီဘိုးတော်ကတော့ စောစောစီးစီးကြီးကိုရောက်ချလာတာပါပဲ"
"အင်းပါ၊ ခဏ ရှောင်နေလိုက်ပါဦး။ ထိုက်ဖူးအမတ်မင်းက ဒီလောက်အသက်ကြီးနေပြီကို မင်းလုပ်လိုက်လို့ ဟိုက သွေးဆောင့်တက်ပြီးသတိလစ်သွားရင် မကောင်းဘဲရှိရော့မယ်"
သွမ့်ပိုင်ယွဲ့လည်း မတတ်သာဘဲ ကွယ်ရာတစ်နေရာ၌ ပုန်းခိုလိုက်ရလေသည်။ထို့ကြောင့် အမတ်မင်းထောင်လျဲန်တာ အခန်းထဲ၀င်လာတော့ သလွန်တော်ထက် လဲလျောင်းနေပြီး အတော်ပင် နေမကောင်းဟန်ရနေသော ချူယွမ်တစ်ယောက်တည်းကိုသာ တွေ့လိုက်ရသည်။ အမတ်ကြီးခမျာ ချက်ချင်းပင် စိုးရိမ်တကြီးနှင့် -
"ဒီကိုလာတဲ့ လမ်းခုလတ်မှာ သမားတော်ကျန်းနဲ့ ကျွန်တော်မျိုး ဆုံဖြစ်ပါသေးတယ်ဘုရား။ အရှင်မင်းမြတ် အရမ်းပင်ပန်းတော်မူတာကြောင့် နာမကျန်းဖြစ်ရတာလို့တော့ ပြောပါတယ်။ မနေ့ကဆိုလည်း အစောကြီးအိပ်ယာ၀င်လိုက်ရတယ်ဆို။ နောက်နောင်ကျ ဒီလိုမျိုး အပင်ပန်းမခံပါနဲ့တော့ ....အရှင်မင်းမြတ်"
သွမ့်ပိုင်ယွဲ့ကတော့ မေးလေးပွတ်ကာ ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေ၏။
အင်း၊ မဆိုးဘူး။ ဒီစကား သုံးလေးခွန်းကတော့ ....ကြားရတာ နား၀င်ချိုသားပဲ။
ချူယွမ်လည်း ခေါင်းအသာညိတ်လိုက်ကာ -
"ကျေးဇူးတင်ပါတယ်၊ ထိုက်ဖူး"
"ဒီယွင်တာမြို့မှာ မျက်မမြင်အမျိုးသားတစ်ယောက်ရှိပါတယ် အရှင်။ သူက မျက်စိအလင်း ချို့ယွင်းနေပေမယ့် နှိပ်နယ်တဲ့နေရာ၊ အပ်စိုက်ကုတဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပါတယ်တဲ့။ တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် အရှင့်ကို ဆေးကုခိုင်းကြည့်ဖို့ ကျွန်တော်မျိုးသွားခေါ်လာပေးရမလား ၊ အရှင်မင်းမြတ်"
"မလိုပါဘူး ၊ထိုက်ဖူးရယ်။ သမားတော်ကျန်းကတောင် ဘာမှ စိုးရိမ်စရာမဖြစ်ဘူးလို့ ပြောနေမှတော့ နောက်နှစ်ရက်သုံးရက် အနားယူလိုက်ရုံနဲ့ သက်သာသွားမှာပါ။ ကိုယ်တော်လည်း ဒီလိုမျိုး နားအေးပါးအေး မနေရတာကြာပြီဆိုတော့ အတော်ပဲ။ အပြင်လူ လာမတွေ့လေ ကောင်းလေပဲလေ"
"အမိန့်တော်မြတ်အတိုင်းပါဘုရာငး"
ထောင်လျဲန်တာလည်း ဧကရာဇ်အမိန့်ကိုနာခံယူလိုက်လေ၏။
"ထိုက်ဖူးအမတ်မင်း ၊ ဒီကိုလာတာ တခြားအကြောင်းကိစ္စ ပြောစရာ ရှိသေးလို့မဟုတ်လား"
"ရပါတယ် ၊အရှင်မင်းမြတ်။ အရှင်မင်းမြတ်သာ စိတ်အေးလက်အေး အနားယူတော်မူလှည့်ပါ။ အသေးအမွှားကိစ္စလေးတွေကိုဆို ကျွန်တော်မျိုးတို့ကိုပဲ တာ၀န်ထားလိုက်ပါလေ၊ အရမ်းကြီးလေးတဲ့ အမှုကိစ္စရှိမှပဲ အစီရင်ခံစာနဲ့တကွ လာရောက်တင်ပြလိုက်ပါ့မယ်"
"ဒါဆိုလည်း ထိုက်ဖူးအမတ်မင်းကို အားကိုးလိုက်ပြီနော်"
ထောင်လျဲန်တာလည်း ချူယွမ်အား နှုတ်ဆက်စကားဆိုလိုက်ပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။ အပြန်လမ်းတွင်မူ စျေးမှပြန်လာသော လျိုတာ့ကျုံ့နှင့် တည့်တည့်တိုးလေ၏။ လက်ထဲတွင်လည်း ပေါက်စီ ထုပ်အများကြီး ဆွဲလာ၏ ၊ ဤမြို့၏ နာမည်ကြီး အစားအစာဟုဆိုကာ အရှင်မင်းမြတ် မြည်းကြည့်နိုင်စေရန် လာရောက်ဆက်သမလို့ဟုတော့ ဆို၏။
"အရှင်မင်းမြတ်က ခုလေးတင်မှ ဆေးဘောဇဥ်မှီဝဲပြီး စက်တော်ခေါ်သွားတာ ၊ အသင် သွားမရှုပ်ပါနဲ့တော့"
ပုရောဟိတ်အမတ်မင်းကလည်း ပြောရင်းဆိုရင်း အမတ်မင်းလျိုလက်ထဲမှ မုန့်တစ်ထုပ်ကို ဖြုတ်ယူလိုက်သည်။
"ဟင်၊ နာမကျန်းဖြစ်တော်မူပြန်ပြီလား"
လျိုတာ့ကျုံ့ အတော်အံ့သြသွား၏။
နန်းစတက်စဥ်တုန်းကဆိုလျှင် အရှင်မင်းမြတ်မှာ နေ့မအားညမအား စိတ်ရောကိုယ်ပါနှစ်ပြီး တိုင်းပြည်ရေးရာ အမှုကိစ္စများကို စီမံခန့်ခွဲနေခဲ့ရာ ထိုစာကြည့်ဆောင်အတွင်းမှာပင် အချိန်ရှိသလောက် ကုန်ဆုံးစေခဲ့ဖူးသည်။ ထိုအချိန်တုန်းကတောင် ဘာဆိုဘာမှမဖြစ်ခဲ့ဖူးဘဲ ယခု တိုင်းပြည်အေးချမ်းငြိမ်သက်သွားတော့မှ အဘယ်ကြောင့်များ မကြာခဏ အိပ်ယာထဲ လှဲပြီး နာမကျန်းဖြစ်တော်မူရပါသနည်း။
"ဒီမတိုင်ခင်တုန်းက အရမ်းပင်ပန်းထားတာတွေများပြီး နာမကျန်းဖြစ်သွားတာနဲ့တူပါတယ်။ အရင်တစ်ခေါက်တုန်းကလည်း သမားတော်ကြီး ပြောပြထားသေးတယ်လေ၊ အရှင်မင်းမြတ်က မင်းသား(၉)ပေးတဲ့ ဆေးကို သုံးဆောင်မှီဝဲတော်မူမှ အိပ်ပျော်နိုင်သတဲ့။ ဒီလောက်ငယ်ရွယ်နုပျိုနေတဲ့အချိန်မှာတောင် ဒီလို နာမကျန်း ခဏခဏဖြစ်ဖြစ်နေတယ်ဆိုတာ အရင်တုန်းက ပင်ပန်းခဲ့တဲ့ ဒဏ်တွေကြောင့်မဟုတ်ရင် တခြားဘာအကြောင်း ထပ်ရှိနိုင်ဦးမှာလဲ"
"ဒါဆိုရင်တော့..... ဒီပေါက်စီတွေကို ဆက်သဖို့ ပိုပြီး လိုအပ်သွားပြီ"
အမတ်မင်းလျိုကလည်း ပုရောဟိတ်အမတ်ကြီးလက်ထဲက မုန့်ထုပ်ကို လစ်ခနဲ ပြန်ယူလိုက်ကာ ဆက်ဆို၏။
"အသင်ကလည်း တစ်မှောင့်ပဲ၊ ပုရောဟိတ်အမတ်ကြီး ။ အရှင်မင်းမြတ်က ဒီလိုမျိုး အေးဆေး အနားယူတော်မူနိုင်တဲ့ အခွင့်အရေးဆိုတာ ရှားကရှားနဲ့ ၊ အေးဆေး နားတော်မူခိုင်းပလေ့စေပေါ့ ။ အသင့်ရဲ့လက်အောက်ငယ်သား တပည့်တပန်းတွေကိုလည်း ကြည့်ကြပ်ထိန်းထားဦး။ အားအားရှိ အစီရင်ခံစာတွေ သယ်လာပေးလိုက်၊ အခစား၀င်ခွင့်တောင်းလိုက်နဲ့ ....."
လျိုမျိုးရိုး ပျက်သုဥ်းသွားပြီမှန်ပေမင့် ညီလာခံသဘင်ထဲမှာတော့ ကိုယ့်အဖွဲ့သူ့အဖွဲ့ ဂိုဏ်းဂဏ ကွဲပြားနေမြဲပင် ဖြစ်သည်။ ထောင်လျဲန်တာတစ်ယောက်တည်းကသာ ရိုးသားဖြောင့်မတ်ပြီး တည့်တိုးပြောတတ်သလောက် သူ၏ လက်အောက်ငယ်သား အခြွေအရံ အမတ်များကတော့ အင်မတန်မှ စိုးရိမ်သောက များတတ်ကြကာ အလျင်လိုကြ ဗျာများတတ်ကြသည်။ ညီလာခံသဘင်ထဲ၌ ငြင်းခုံစရာကိစ္စပေါ်လာလျှင် ဧကရာဇ်ဖြစ်သော ချူယွမ်ပင်မပြောနှင့်၊ ပုရောဟိတ်အမတ်ကြီးကိုယ်တိုင်ကပင် ထိုအမတ်တို့ကို အပြင်ဆွဲထုတ်သွားချင်စိတ် ပေါက်ပေါက်လာတတ်သည့်အထိပင်။
မျက်နှာကြီးတွေက နီစပ်စပ်၊ လည်ပင်းကလည်း တိုတိုတုတ်တုတ်တွေ။ အသံကလည်း ကျွက်စီကျွက်စီနဲ့ ၊ မျက်လုံးကလည်းစွေသေး။ အဲ့အမတ်တွေက တကယ့်ကို အချိုးမပြေတဲ့ဟာတွေ။
********
အိပ်ခန်းဆောင်အတွင်း၀ယ်....
သွမ့်ပိုင်ယွဲ့တစ်ယောက် ချူယွမ်အား အကြောအချဥ်ဖြေပေး၊ နှိပ်နယ်ပြုစုပေးနေ၏။
ဤမြို့ထဲက ထိုမျက်မမြင်ယောကျ်ား မည်မျှပင် အနှိပ်အနယ် ကျွမ်းကျင်နေပလေ့စေ ၊ ဧကရာဇ်ချူကို ပြုစုရစတမ်းဆိုလျှင်တော့ ဘယ်နေရာကို ခပ်ဖွဖွ၊ ဘယ်နေရာကို အားပါပါလေးစသော လက်အလေးအဆ ချိန်ဆရာ၌ ရှီးနန်ဘုရင်ကိုတော့ ဘယ်သူကမှ လိုက်မီနိုင်မည်မဟုတ် ။ စိတ်နှလုံး ရွှင်ပြုံးကြည်နူးစေမည့် ချစ်စကားများလည်း ပြောပေးတတ်သေးသည်။ ရုပ်ရည်အားဖြင့်လည်း အင်မတန် ချောမောခန့်ညားသည်။ အချုပ်အားဖြင့်ဆိုရသော်......ပြစ်မျိုးမှဲ့မထင် ၊ ခြောက်ပြစ်ကင်းသဲလဲစင် ပုရိသယောကျ်ားကောင်း တစ်ယောက်ပေတည်း။
"မင်း ယွီ့လန်တောင်ဘက် သွားလည်ချင်လား"
ချူယွမ်ဘက်က စတင်မေးမြန်းလာခြင်းဖြစ်၏။
"ဘယ်နားမှာရှိတာတုန်း"
"သူ့ဟာသူ တစ်တောင်တည်း ထီးထီးကြီးရှိနေတဲ့ တောင်ထွဋ်တစ်ခုပဲ၊ ဒီနန်းဆောင်ကနေ သိပ်မဝေးဘူး။ ငါ ငယ်ငယ်တုန်းက တစ်ခေါက်လောက် အလစ်ချောင်းပြီး သွားလည်ကြည့်သေးတယ်၊ သတိမထားမိတော့ အဲ့တောင်ပေါ်မှာ မျက်စိလည် လမ်းပျောက်ပါလေရော။ အဲ့လိုနဲ့ တစ်ညလုံး အဲ့တောင်မှာပဲ နေလိုက်ရတယ်။ တောင်ပေါ်က ရှုခင်း ဘယ်လိုနေမှန်း ငါ သေချာမမှတ်မိတော့ပေမယ့် သစ်ပင်ကြီးရဲ့ ပင်စည်ကိုမှီပြီး မိုးစက်တွေ ကျနေတဲ့အသံကို နားထောင်လိုက်ရတဲ့အချိန်လေး၊ အဲ့ဒီခံစားချက်ကိုတော့ ဘယ်လိုမှ မေ့နိုင်မှာမဟုတ်ဘူး"
"ငယ်ငယ်တုန်းကဟုတ်လား။ အသက် ဘယ်နှစ်နှစ်တုန်းကလဲ"
သွမ့်ပိုင်ယွဲ့က ချူယွမ်၏၀တ်ရုံတော်ကို ကူ၀တ်ပေးရင်း ဆက်ပြောလာ၏။
"သူများတကာရဲ့ကလေးတွေသာဆို ညကြီးမင်းကြီး တောင်ပေါ်မှာ တစ်ယောက်တည်း လမ်းပျောက်နေရင် ငိုနေလောက်ပြီ။ ဘယ်သူကများ မင်းလိုမျိုး သစ်ပင်ရေမြေအကြောင်း မိုးစက်တွေအကြောင်း ကြည်နူးနေနိုင်မှာလဲ"
"ကဲ၊ သွားမလား မသွားဘူးလားသာပြော...."
"သေချာပေါက် သွားမှာပေါ့ဗျာ ။ ယွီ့လန်တောင်တဲ့၊ နာမည်ကလည်း အတော်လှသား။ မင်းခန္ဓာကိုယ်ထဲက အဆိပ်တွေ လျော့သွားတဲ့အချိန်ကျ မင်းနဲ့ အဖော်လိုက်ခဲ့ပေးမယ်လေနော်၊ ဟုတ်ပြီလား"
*******
ထိုနေ့မှစ၍ နောက်နှစ်ရက်သုံးရက်တိတိ မည်သည့်အရာရှိကမှ အစီရင်ခံစာ လာရောက်ဆက်သခြင်းမရှိကြတော့။
ချူယွမ် ဤကဲ့သို့ အနားယူနိုင်သည့် အခွင့်အရေးမျိုးဆိုသည်မှာ အလွန်ပင်ရှားသည်။
ယခုဆိုလျှင် အိပ်ခန်းဆောင်အပြင်ဘက်ကို ခြေတစ်လှမ်းမျှပင် မချဖြစ်။ သလွန်တော်ထက် နေလေ၊ ပိုပြီး ငိုက်မြည်းလို့ကောင်းလေဖြစ်နေသည်ထင်။ နိုးလာလိုက် ပြန်အိပ်သွားလိုက်နှင့်၊ တစ်နေကုန် အိပ်နေလေရာ ခေါင်းပင် မူးနောက်နောက် ဖြစ်နေလေသည်။
ညနေစောင်းတော့မှ သွမ့်ပိုင်ယွဲ့က အိပ်ယာနိုးလာသော ချူယွမ်ကို ရင်ခွင်ထဲ ထည့်သွင်းပွေ့ဖက်ထားလိုက်ကာ တစ်ကိုယ်လုံး စစ်စရာရှိသမျှ လိုက်လံ စစ်ဆေးပေးပြီးနောက် သက်ပြင်းချလိုက်လေ၏။
"ဘာလို့ အပျင်းထူတဲ့ ဧကရာဇ်တွေကြီးရဲ့ အကျင့်မျိုး နည်းနည်းပါးပါးလေးတောင် မရှိဘူးလဲကွာ။ နည်းနည်းလေး အနားယူခိုင်းရုံနဲ့ ဘယ်လိုတောင်ဖြစ်ကုန်တာတုန်း"
ချူယွမ် ဘာဆိုဘာမှ ပြန်မပြော၊ ငိုက်မြည်းသမ်းဝေနေဆဲပင်။
"မနက်ဖြန်ကျရင် မင်းကို ယွီ့လန်တောင်ပေါ်ခေါ်သွားမယ်၊ အညောင်းပြေအညာပြေ ရှုခင်းလေး သွားကြည့်ကြတာပေါ့။ ဒီလိုပဲ ဆက်အိပ်နေရင် တကယ် နေမကောင်းဖြစ်သွားလောက်တယ်"
ချူယွမ်က ခေါင်းမြီးပြန်ခြုံကာ ဆက်အိပ်နေလိုက်သည်။
သွမ့်ပိုင်ယွဲ့ ငိုရမလားရယ်ရမလား မသိတော့။ ကြံရာမရသည့်အဆုံး ချူယွမ်ဘေးနား လဲလျောင်းနေလိုက်ကာ ကျောပြင်လေးကိုသာ ခပ်ဖွဖွ ချော့မြှူပွတ်သပ်ပေးနေလိုက်တော့သည်။
*******
ဘေးအဆောင်ထဲရှိ သွမ့်ယောင်တစ်ယောက်တော့ ပြိုးပြိုးပြက်ပြက် လင်းလက်ရွှန်းလဲ့နေသော မျက်ဝန်းအစုံဖြင့် ကြက်ဥနီ သွားပြုတ်ပေးရတော့မလားဟု စိတ်လှုပ်ရှားနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤရက်ပိုင်းတစ်လျှောက်လုံး မိမိနောင်တော်ကြီးမှာ မရီးတော်၏ အိပ်ခန်းဆောင်ထဲမှာသာ နေ့ညမပြတ် ရှိနေခဲ့သည်မဟုတ်လား။ အရီးတော်ကျင်း ကြိုတင်ပြင်ဆင်ထားသည့် မင်္ဂလာ၀တ်ရုံနီတော့ တကယ် အသုံးတည့်တော့မည်ထင်ပါသည်။
ဤသို့တွေးမိတော့ မိမိနှလုံးသားလေး အတော်ပျော်ရွှင်ချမ်းမြေ့ရပါသည်လေ။
******
"လက်တွေကို ဖြတ်ပစ်လိုက်စမ်း"
ချူယွမ်က မျက်လုံးပင် ပွင့်မလာပါဘဲ အိပ်မှုန်စုံမွှား ဆိုလာ၏။
သွမ့်ပိုင်ယွဲ့လည်း အေးဆေးတည်ငြိမ်စွာ မိမိလက်များကို အသာပြန်ရုတ်သိမ်းလိုက်သည်။
ဒီလောက် ခွံ့ကျွေးထားတာကိုတောင် ဘာလို့ ၀၀ဖြိုးဖြိုးလေး ဖြစ်မလာသေးတာလဲကွာ။
ချူယွမ်သမ်းဝေလိုက်ပြီး နှစ်ခြိုက်စွာ ပြန်လည် အိပ်မောကျသွားသည်။
နောက်နေ့မနက်ရောက်တော့ သွမ့်ပိုင်ယွဲ့သာ အတင်းမနှိုးလျှင် လုံး၀လှုပ်ရှားမည့်ပုံပင်မပေါ်။
"နိုးတော့လေကွာ။ ယွီ့လန်တောင်ပေါ် မှာ မိုးသံလေသံတွေ သွားနားထောင်ကြမယ်ဆို"
သွမ့်ပိုင်ယွဲ့က ချူယွမ့်အတွက် ၀တ်ရုံတော် ကူညီ၀တ်ဆင်ပေးရင်းဆိုလာ၏။
"အင်း"
"လိမ္မာတယ်၊ ကိုယ့်ကို မျက်လုံးလေးဖွင့်ကြည့်ပါဦး။ ဆက်မအိပ်လိုက်နဲ့နော်၊ ကြားလား"
ချူယွမ်က သူ့အား တစ်ချက် ရိုက်ပစ်လိုက်ပြန်၏။
"ကလေးကလားတွေ"
ထို့နောက် ခြေနင်းတော် စီးလိုက်ကာ ကိုယ်လက်သန့်စင်ရန်အခန်းဘက် ဒယိမ်းဒယိုင် လျှောက်သွားလေ၏။
ရှစ်ဇီ အတော်ပင် လန့်ဖျတ်သွား၏။
အရှင်မင်းမြတ် ပျင်းရိလေးတွဲ့နေတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ရှီးနန်၀မ်ကြီး ဘာလုပ်လိုက်လို့များ အရှင်မင်းမြတ်ကြီး လမ်းလျှောက်လို့တောင် သိပ်မရတော့သလို ဖြစ်နေတာတုန်း။
သွမ့်ပိုင်ယွဲ့လည်း ချူယွမ့်အရိပ်ကို လိုက်ကြည့်ရင်း အတော်စိုးရိမ်သွား၏။ နောက်ဆို ညဥ့်နက်သည်ထိ အစီရင်ခံစာများဖတ်ရှုမည်ဟုဆိုလာလျှင် မိမိ ခွင့်ပြုရမည်လား၊ ဖျောင်းဖျတားဆီးရမည်လားဟု ချင့်ချိန်ကြည့်နေပြီဖြစ်၏။ "စောစောအိပ်နော်" ဟုသာ မှာဖူးခဲ့သော်လည်း အခုပုံစံကြည့်ရသလောက်တော့ များများအိပ်ခိုင်းတိုင်းလည်း သိပ်မကောင်းလောက်.......ထက်မြက်သွက်လက်မှုများပျောက်ကာ တကယ်ကို လေးလံထိုင်းမှိုင်းသွားပေမည်။
ကိုယ်လက်သန့်စင်ပြီးတော့မှ ချူယွမ်တစ်ယောက် လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာသည်။ ဟိုယွင်ရှီးဖြင့် စီးနှင်းသွားလျှင် လူသူများ၏အကြည့်အာရုံအား အတော်ပင် ညှို့ယူဆွဲခေါ်နိုင်သည်မို့ ယူမသွားဖြစ်တော့ဘဲ တခြား အသုံးပြုလို့ရမည့် မြင်းများထဲမှသာ ရွေးလာခဲ့လိုက်သည်။ ဟိုယွင်ရှီးကဲ့သို့ မိုင်ပေါင်းထောင်ချီ အကွာအဝေးကို ခရီးမချီနိုင်ပေမင့် တောင်တက်ဖို့လောက်တော့ အသုံးတည့်ကြသည်သာ။ တောင်ပေါ်ထက်က အေးမြလတ်ဆတ်သော လေပြေကို ခံစားရှူရှိုက်ရတော့မှ ချူယွမ် နိုးနိုးကြားကြား ပြန်ဖြစ်လာရှာသည်။
သွမ့်ပိုင်ယွဲ့လည်း ခုမှ သက်ပြင်းချနိုင်တော့သည်။
ကံသီပေလို့.....တကယ်ကြီးများ ထိုင်းမှိုင်းနုံချာ သွားတော့မလားလို့။
ချူယွမ်က ဘေးပတ်ပတ်လည်ကို လိုက်ငေးကြည့်နေကာ -
"ဒီကိုမရောက်ဖြစ်တာ ဆယ်နှစ်ကျော်တောင် ရှိသွားပြီပဲ"
သွမ့်ပိုင်ယွဲ့က ချူယွမ့်နောက်ဘက်မှနေ၍ သိုင်းဖက်ထားလိုက်ကာ မြင်းကို အေးဆေးဖြည်းညှင်းစွာသာ ဆက်နှင်သွားလိုက်သည်။
"ဘာပဲပြောပြော ၊ တောင်တစ်လုံးသာသာပဲဟာ။ မင်း ကြိုက်တယ်ဆိုရင် ရှီးနန်မှာ ကြည့်စရာ တောင်ပေါ်ရှုခင်းလှလှလေးတွေ အများကြီးရှိတယ်"
"အောက်ဆင်းပြီး လမ်းလျှောက်ရအောင်ပါ။ မြင်းချည်းပဲ စီးနေရတာ ပျော်ဖို့ သိပ်မကောင်းဘူး"
သို့နှင့် သွမ့်ပိုင်ယွဲ့လည်း ချူယွမ့်ကို ချီလိုက်ကာ နှစ်ယောက်သား မြင်းပေါ်မှ ဆင်းလိုက်လေသည်။
မွန်းတည့်ချိန်ဆိုပေမင့် တောင်ပေါ်တွင် ပူအိုက်လောင်မြိုက်ခြင်း အလျဥ်းမရှိဘဲ အေးမြနေဆဲပင်ဖြစ်သည်။ အကြင်သူနှစ်ယောက်သားကတော့ လက်ချင်းယှက်နွယ်ကာ တောလမ်းတစ်လျှောက် ယှဥ်တွဲလျှောက်လှမ်းနေသည်။
တစ်နေရာအရောက် သစ်သီးပင်တစ်ပင်တွေ့တော့ သွမ့်ပိုင်ယွဲ့က သစ်သီးတစ်လုံးကိုဆွတ်ခူးယူလိုက်ပြီး သေချာသုတ်ပေးလိုက်ကာ ချူယွမ်အား ကမ်းပေးလာ၏။
"စားကြည့်ဦးမလား။ချဥ်တော့ချဥ်တယ်နော်"
ချူယွမ် ထိုသစ်သီးကို တစ်ချက်ကိုက်ကြည့်လိုက်ပြီးနောက် မျက်နှာလေး ရှုံ့မဲ့သွားလေ၏။
"မင်းကတော့လေ... ပြောလိုက်ရင် တည့်တိုးကြီးတွေ"
ချဥ်တယ်ဆိုပြီး တကယ်လည်း သွားတွေကျိန်းပြီး ပြုတ်ထွက်လာမလားထင်ရလောက်အောင် ချဥ်စူးနေတာပဲ...အား။
သွမ့်ပိုင်ယွဲ့လည်း ချူယွမ့်လက်ကို လှမ်းကိုင်လိုက်ကာ စောန ချူယွမ်ကိုက်ထားသော ကိုက်ရာလေးအပေါ် တစ်ချက်မျှ အရသာခံကြည့်လိုက်သည်။ ထို့နောက် လွှတ်ခနဲ ရယ်လိုက်လေ၏။
"မမှည့်သေးတာကိုး။ ဒါပေမယ့် မှည့်သွားရင်တကယ် စားကောင်းတာ ၊ ချဥ်ပြုံးပြုံးလေး"
ချူယွမ် သစ်ပင်ထက် လှမ်းကြည့်လိုက်သည်၊ မှည့်ပြီးသား သစ်သီးနီနီလေးများ ရှိလိုရှိငြားပေါ့။
သို့သော် ရုတ်တရက်ဆိုသလို သစ်ပင်ထက်က ငှက်အုပ်က ချက်ချင်း ထပျံသွား၏။ တစ်စုံတစ်ခုကို ထိတ်လန့်သွားသည့်နှယ်။
"ဟင်....ဒီတောင်ပေါ်မှာ သားရဲတိရစ္ဆာန်ကြီးတွေ ရှိလို့လား"
ချူယွမ်က ရှေ့နှစ်လှမ်းသုံးလှမ်း တိုးလိုက်ပြီး ကျောက်ဆောင်တစ်ခုပေါ်ရပ်ပြီး ကြည့်လ ဆို၏။
"သားရဲကောင်ကြီးတွေတော့ မသိဘူး၊ အမဲလိုက်စရာ အကောင်လေးတွေတော့ တွေ့လိုက်တယ်။ မင်းစားချင်တယ်ဆိုရင် တောယုန်နှစ်ကောင်သုံးကောင်လောက် သွားဖမ်းပေးမယ်လေ"
ချူယွမ် ခေါင်းခါလိုက်၏။
"မုန့်တွေ ယူလာတာပဲဟာ၊ နည်းနည်းလေး ပြန်နွှေးပြီးတာနဲ့ အဆာပြေစားလို့ရတယ်လေ"
"အင်းပါ။ မင်းကိုကျွေးမွေးထားရတာ ပိုက်ဆံ အရမ်း သက်သာတာပဲကွာ"
ချူယွမ် ရယ်ချင်သွား၏။
"မင်းက ....ငါ့ကို.... ကျွေးတယ်၊ ဟုတ်လား"
"မဟုတ်ရပါဘူးကွာဟ။ ကိုယ်ဆိုလိုတာက.... မင်းက ရှီးနန်စံအိမ်တော်ကို ကျွေးမွေးထောက်ပံ့ထားတာ၊ ရှီးနန်စံအိမ်တော်ကလည်း မင်းကို အခု မုန့်ပြန်၀ယ်ကျွေးတယ်၊ ဒီလိုပြောချင်တာ.. ဒီလို"
သွမ့်ပိုင်ယွဲ့တစ်ယောက် သွက်လက်စွာ အချိန်မီပြန်ဖြေနိုင်လိုက်လေသည်။
ချူယွမ်လည်း သူနှင့် စကားအချေအတင် မငြင်းချင်တော့သဖြင့် ကျောက်ဆောင်ကြီးပေါ်ထိုင်လိုက်ရင်း သစ်သီးမှည့်များကိုသာ ထိုင်စားနေလိုက်၏။
ချစ်ရသူကြီးက ဘေးနားတွင်ရှိနေတော့ အချိန်များအလိုလိုကုန်ဆုံးသွားသည်ကိုပင် မြန်ဆန်နေသလို ချူယွမ်ခံစားလိုက်ရ၏။ ဘာမှမသိလိုက်ခင်မှာတင် ညနေစောင်းသွားပြီဖြစ်ကာ မိုးကောင်းကင်ထက်မှာလည်း တကယ်ကြီး မိုးရွာတော့မည့်ဟန် မိုးသားတိမ်လိပ်များနှင့် အုံ့ဆိုင်းနေ၏။
သွမ့်ပိုင်ယွဲ့လည်း မိုးခိုစရာ ဂူတစ်လုံး အမြန်ရှာဖွေလိုက်ကာ မီးဖိုထားလိုက်သည်။ ထို့နောက် မြက်ခြောက်များ လိုက်လံစုဆောင်းလိုက်ကာ ဂူအ၀နားခင်းကျင်းလိုက်သည်၊ ထို့နောက် နှစ်ယောက်သား ထိုင်ကာ အပြင်က မိုးသံလေသံများကို အသာနားစွင့်နေလိုက်ကြသည်။ ဘယ်ဘက်ကမှ စကားစတင် ပြောဆိုခြင်းမရှိ၊ ရံဖန်ရံခါ နှလုံးသားချင်း ထပ်တူကျသွားတိုင်း တစ်ဖက်ကလူအား လှည့်ကြည့်လိုက်လျှင် အကြည့်ချင်း ဆုံမိသွားသည်တော့ရှိသည်။ မျက်ဝန်းထဲမှ ပျော်ရွှင်မှုအရိပ်အယောင်များက နှလုံးသားထဲသို့တိုင် ပျော်၀င်စီးဆင်းသွားလျက်။
ညဥ့်နက်လာတော့ ချူယွမ်လည်း သွမ့်ပိုင်ယွဲ့ပခုံးပေါ်မှီရင်း အိပ်မောကျသွားပြန်လေသည်။ အကြင်လူသားနှစ်ယောက်လုံး၏ လက်များကတော့ နူးညံ့ကြင်နာစွာ ဖယ်တွယ်ဆုပ်ကိုင်ထားနေမြဲ။
******
ယွင်တာမြို့ထဲတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေသည်။ အချိန်အခါ နှိုးဆော်ပေးနေကျ ကင်းလှည့်သမားတောင် အပြင်ထွက်မလာနိုင်တော့။ မူးရူးနေသော အရက်သမားအုပ်စုများသာ လမ်းသလားနေကြပြီး မိမိတို့အိမ်ရှေ့ရောက်ခါမှ အသီးသီး နှုတ်ဆက်လမ်းခွဲသွားကြသည်။
ထိုလူများထဲမှာမှ တစ်ယောက်ကတော့ ကျိုးတာဟု အမည်ရှိကာ စားသောက်ဖို့ ၊မျိုဆို့ဖို့လောက်သာ တွေးပြီး ဘာဆိုဘာမှမလုပ်ဘဲ ပျင်းကြောရှည်တတ်သည့် ဆန်ကုန်မြေလေးမျိုး ဖြစ်သည်။ ခြေလက်များမှာလည်း ကြမ်းတမ်းညစ်ထော်နေပြီး အရင်တုန်းကလည်း သက်ဆိုင်ရာအရာရှိများထံ တိုင်ကြားချုပ်နှောင်ခံရပြီး ကြိမ်ဒဏ်ခံရဖူးသည့် လူပေလူတေတစ်ယောက်။ နှစ်တစ်၀က်ကျော်မျှ ထောင်နန်းစံနေပြီးနောက် ယနေ့နေ့လယ်ခင်းမှာမှ ထောင်မှ ပြန်ထွက်လာခြင်းဖြစ်သည်။
မိုး ပို၍ သည်းလာလောက်မည်ဟု ကျိုးတာ သိလိုက်၏။ ပါးစပ်မှလည်း မကြားဝံ့မနာသာစကားများဖြင့် အော်ဟစ်ဆဲဆိုနေ၏။ ထို့နောက် လက်ထဲက သေရည်အိုးကိုပါ မြေပေါ် ရိုက်ခွဲပစ်လိုက်ပြီး အိမ်ပြန်သွားတော့မည်အလုပ်၊ ရှေ့မှောက်တွင် လူရိပ်တစ်ခု တွေ့လိုက်ရသည်။ သေချာကြည့်လိုက်တော့ အမျိုးသမီးတစ်ဦး၏ အရိပ်သဏ္ဍာန်ပင်။
မှီဝဲထားသော သေရည်အရက်က ရမ္မက်စိတ်ရိုင်းကို ပို၍ နှိုးဆပေးထားသည့်အလား။ ကျိုးတာလည်း နဂိုကတည်းက စိတ်နှလုံး မြင့်မြတ်စင်ကြယ်သူ မဟုတ်လေတော့ ထိုမိန်းမပျိုလေးကိုတွေ့တော့ အတော်ပင် ၀မ်းသာသွားကာ အရက်နံ့နံစော်နေသော လေသံဖြင့် စကားသွားပြောကြည့်လိုက်သည်။
"ဒီက မိန်းကလေးလေး....ဒီလောက်ညဥ့်နက်နေတာကို ဘယ်သွားမလို့လဲ"
ထိုအမျိုးသမီးက သူ့အား မော့မကြည့်လာဘဲ ခေါင်းငုံ့ထားဆဲ၊ စကားဖြင့်လည်း မတုံ့ပြန်။
"ရှက်မနေပါနဲ့ကွာ.....ဟဲဟဲ"
ကျိုးတာက စပ်ဖြဲဖြဲ ပြုံးလိုက်ကာ အတူပျော်ပါးရန် ထိုမိန်းမပျို၏ လက်အား လှမ်းဆွဲလိုက်သည်။ သို့သော် တစ်စုံတစ်ခုက မူမှန်မနေခဲ့။
ဒါက.....ဒီလက်က..... သက်ရှိလူသားတစ်ယောက်ရဲ့လက်နဲ့ မတူဘူးဟ၊ အေးစက်တောင့်တင်းနေတာပဲ။ ဘာကိုယ်ငွေ့မှလည်း ရှိမနေဘူး။
ထိုမိန်းမပျိုက တဖြည်းဖြည်း မျက်နှာမော့လာ၏၊ စိုရွှဲနက်မှောင်နေသော ဆံပင်ဖားလျားအောက်ရှိ မျက်နှာမှာ ဖြူဆုတ်နေကာ မျက်၀န်းများက မည်းနက်နေလျက်ရှိ၏။
ကျိုးတာ ချက်ချင်းလန့်သွားပြီး အော်ဟစ်ထွက်ပြေးမည်အလုပ်၊ အသံတောင်မထွက်လိုက်ရသေးခင်မှာပင် ခေါင်းထဲမှ ဆစ်ခနဲ နာကျင်သွားကာ ခဏကြာတော့ အမှောင်ထုကြီးထဲ ပြုတ်ကျသွားသလိုဖြစ်သွားပြီးနောက် မြေပြင်ပေါသို့ အရုပ်ကြိုးပြုတ်လဲကျသွားလေတော့သည်။
******
နောက်နေ့မနက်ရောက်တော့ ယွင်တာမြို့စားမင်း ထောင်လီ အိပ်ပျော်နေတုန်းလက်ထောက်ဖြစ်သူက အရေးကြီးကိစ္စပေါ်လာ၍ဟုဆိုကာ အခန်းတံခါးရှေ့အထိ လာရောက်နှိုးခေါ်လေသည်။
"ဘာဖြစ်တာ!!!!"
ထောင်လီမှာ လန့်ဖျတ်လွန်း၍ မျက်နှာထက် ၌ သွေးပင်မကျန်တော့။ အပေါ်၀တ်ရုံပင် ပြန်မ၀တ်အားတော့ဘဲ အတွင်း၀တ်ရုံ၀တ်ထားရင်းနှင့်ပင် တံခါးအမြန်ဖွင့်လိုက်ရသည်။
"မြို့စားမင်း ၊ တကယ် ပြဿနာတက်ပြန်ပါပြီခင်ဗျာ။ မြို့လယ်ခေါင်မှာ နောက်တစ်လောင်း ပေါ်လာပြန်ပါပြီ၊ သေဆုံးသူကတော့ လူမိုက်ကြီး ကျိုးတာပါ။ သူ့အလောင်းကို စစ်ကြည့်လိုက်တော့ ဟိုတစ်နေ့က သေသွားတဲ့ ကင်းလှည့်သမားရဲ့အလောင်းနဲ့ တစ်ထေရာတည်းပဲ။ နှစ်လောင်းစလုံးက ကိုယ်လုံးတီးတွေနဲ့၊ မျက်လုံးတွေကလည်း ပြူးထွက်ပြီး တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပြီ"
"ဒါဆို....ဒါကို ဘယ်နှယ့်လုပ်ကြမှာတုန်း"
ထောင်လီခမျာ ဟိုလျှောက်ဒီလျှောက်နှင့် ဂဏှာမငြိမ်နိုင်တော့။
ယွင်တာမြို့မှာ ရွှေမြို့တော်နှင့် သိပ်မဝေးလှသောကြောင့် ကုန်စည်ကူးသန်းမှုရှိသည်၊ ထို့ကြောင့် ဆင်းရဲမွဲတေနေသည့် မြို့တစ်မြို့တော့ လုံး၀မဟုတ်ပေ။ပစ္စည်းကျပျောက်လျှင်တောင် ကောက်မည့်လူမရှိ၊ တံခါးဖွင့်ထားလျှင်တောင် အလစ်သုတ်မည့် သူခိုးမရှိ ဆိုသော အဆင့်ထိ မရောက်သေးပေမင့် လိုက်နာကျင့်သုံးရမည့် အခြေခံကျင့်၀တ်နည်းနာတို့ကို အများစုက စောင့်စည်းထိန်းသိမ်းတတ်ကြသည်။ တစ်နေ့တစ်နေ့ ဖြေရှင်းရသော အမှုဆိုသည်မှာလည်း ခါးပိုက်နှိုက်ကိစ္စတို့၊ ယောကျ်ားနောက် ခိုးရာလိုက်ပြေးခြင်းကိစ္စတို့လောက်သာ။ယခုကျမှ မည်သူကမှ ထင်မှတ်မထားသည့်အဖြစ်မျိုး ဖြစ်ပေါ်လာပေသည်။
ဧကရာဇ် လာရောက်နားနေတော်မူသည်ပင် မကြာသေးသည်ကို ကင်းလှည့်သမားတစ်ယောက် မြို့လယ်ခေါင်ကြီးမှာ ထူးဆန်းစွာ အသေဆိုးနှင့် သေသွားခဲ့သည်။ ကံကောင်းထောက်မ၍ ရဲမက်များက အရင်တွေ့သွား၍သာ မြို့သူမြို့သားများ ဘာသတင်းမှ မသိရှိလိုက်ဘဲရှိသွားသည်။ ဧကရာဇ်အရှင်ထံမှ ဆူပူကဲ့ရဲ့ခံရမည်ကို စိုးရွံ့သဖြင့် မြို့စားမင်းလည်း ဤကိစ္စကို အသာချောင်ထိုးထားလိုက်ကာ ဧကရာဇ်အရှင် ပြန်သွားတော့မှ ကြည့်ရှင်းမည်ဟု တေးမှတ်ထားသော်လည်း ဤရက်ပိုင်းအတွင်းမှာပင် အလားတူဖြစ်ရပ်မျိုး ထပ်ပြီးပေါ်ပေါက်လာမည်ဟု မည်သူက ထင်မှတ်ထားမည်တဲ့လဲ။ ပိုဆိုးသည်မှာ အမှုနှစ်ခုစလုံး၏ အသွားအလာ ဖြစ်ရိုးဖြစ်စဥ်မှာ တစ်ထေရာတည်း ထပ်တူကျနေခြင်းပင်။
"မြို့စားမင်း၊ ဒီကိစ္စကို ဆက်ပြီး နှောင့်နှေးကြန့်ကြာအောင် ဆွဲထားလို့မရလောက်ဘူးထင်တယ်ခင်ဗျာ"
လက်ထောက်အရာရှိက သတိကြီးစွာ ပြောလာ၏။ ထောင်လီလည်း အတန်ကြာ စဥ်းစားနေလိုက်ကူ နောက်ဆုံးမှာတော့ စိတ်ပိုင်းဖြတ်နိုင်လိုက်သည်။
"ယာယီနန်းဆောင်ကိုသွားပြီး ငါ့ဆရာ အမတ်မင်းထောင်ဆီ ဂါရ၀သွားပြုကြစို့"
*****
တောင်ထိပ်တွင် မြူနှင်းများ မှုန်ရီရစ်ဆိုင်းနေ၏။
ချူယွမ်ကတော့ တောင်ပေါ်လေအေးအေးကို တစ်၀ကြီး ရှူသွင်းလိုက်ကာ -
"ဒီလိုမြင်ကွင်းမျိုးမြင်လိုက်ရတော့ တစ်ညလုံးစောင့်လိုက်ရကျိုးနပ်သွားပြီ"
"အင်း၊ ခုတော့ ကျေနပ်တဲ့အထိ အ၀ကြည့်နေလိုက်ဦး။ဒါပေမယ့် နေထွက်လာတာနဲ့ တောင်အောက်ပြန်ဆင်းကြရမယ်နော်၊ ဖူတာစားသောက်ဆိုင်မှာ ပဲခေါက်ဆွဲစားဖို့ မင်းကို ခေါ်သွားချင်လို့ ၊ မဟုတ်ရင် အဆာလွန်ကုန်တော့မှာ"
"တကယ်ပါပဲ၊ ဒီလိုအကျင့်တွေကြောင့် မင်းကို လူရိုင်းကောင်ကြီးလို့ခေါ်တာ၊ သိပြီလား"
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ဘတ်ကြီးကို လက်ညှိုးဖြင့် တို့ကာ ထောက်ကာ ဆိုလာ၏။
"အထုံပါရမီပြည့်၀တဲ့ စာပေပညာရှင်တွေသာဆိုရင်တော့ ဒီလိုရှုခင်းလှလှလေးနဲ့ လေပြေတဖြူးဖြူးလေးထဲ စီးမျောစျာန်၀င်သွားလောက်ပြီ။ ဘယ်သူကမှ ပဲခေါက်ဆွဲသွားစားဖို့ စိတ်ကူး ရှိမှာမဟုတ်ဘူး"
"လူရိုင်းကောင်ဆိုလည်း လူရိုင်းကောင်ပေါ့။မင်း ဒီလေတွေရှူပြီး ဗိုက်၀မှာမှမဟုတ်ပဲ၊ မင်းကိုတော့ ဗိုက်အဆာမခံနိုင်ပေါင်"
သွမ့်ပိုင်ယွဲ့ကပြောပြောဆိုဆို ချူယွမ့်ပခုံးအား ဖက်လိုက်ကာ -
"နောက်ထပ် ခဏလောက်ပဲ ဆက်ကြည့်လိုက်တော့နော်၊ ကြားလား"
"သြော်၊ ဒါနဲ့လေ.....မနေ့က ကျင်းထိုင်ဆီကစာတစ်စောင်ရတယ်၊ ကောင်လိပြည်ဘက်ကို သတို့သားဘက်ကပို့လိုက်တဲ့ တင်တောင်းမယ့်ပစ္စည်းဥစ္စာတွေ လက်ခံရပါပြီတဲ့၊ အခုဆို ကျင်းဆူးက နန်ယန်ပြည်ဘက် လိုက်သွားပြီ"
"ဟုတ်လား၊ ဒါဆို တကယ်လက်ထပ်သွားပြီပေါ့။ အင်း....သတို့သားဘက်က သာမန်ကုန်သည်လေးသာဆို ပိုကောင်းမှာနော်"
"သြော်....ကျင်းထိုင်က အပြင်ပန်းကကြည့်ရင် ပေါ့ဆသလိုလိုနဲ့ အလုပ်သေချာလုပ်တတ်ပါတယ်ဆိုနေ။ သူ ဒီထိမ်းမြားပွဲကို လက်ခံလိုက်တယ်ဆိုကတည်းက သတို့သားဘက်က နောက်ကြောင်းအားလုံးကို သေချာ ဂဃနဏ စုံစမ်းပြီးသားဖြစ်နေလို့ပဲ။ တကယ်တမ်းတွေးကြည့်ရင် သူတို့တွေလက်ထပ်လိုက်တဲ့ကိစ္စက တာ့ချူအတွက် ဘာမှမနစ်နာပါဘူး။ ကောင်လိပြည်နဲ့ တာ့ချူကလည်း အမြဲတမ်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့တာပဲ။ နောင်တစ်ချိန်ကျ နယ်စပ်အရေးအခင်းတွေဖြစ်လာရင် ရွှေလမ်းငွေလမ်းဖောက်ထားတဲ့ ဒီဆက်ဆံရေးက ငါတို့အတွက် အကျိုးတစ်ခုခုတော့ ဖြစ်ထွန်းလာလိမ့်မယ်"
"နန်ယန်နယ်စပ်ဘက် မငြိမ်းချမ်းလို့ စိတ်မချဘူးဆိုရင်လည်း ရှီးနန်ဘက်ကပါ နန်ယန်ကို စောင့်ကြည့်ပေးထားမယ်လေ။ ကိုယ့်တာ၀န်သာ ထားလိုက်၊ ဘာမှ တွေးပူစရာမလိုဘူး"
"ငါ မင်းဆီအပ်ထားချင်ရင်တောင် မှူးမတ်တွေက လက်မခံလောက်ဘူး။ ပုရောဟိတ်အမတ်ကြီးဘာပြောမလဲဆိုတာကို ငါ ကြားယောင်နေပြီ"
"အရှင်မင်းမြတ်....ဒီကိစ္စက လုံး၀ခွင့်ပြုလို့မရပါဘူးဘုရား"
သွမ့်ပိုင်ယွဲ့က ချက်ချင်းပင် လေသံပြောင်းသွားကာ ချူယွမ့်ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖက်ဖြင့် အုပ်ကိုင်လိုက်ထားရင်း သောကပင်လယ်ဝေနေသောမျက်နှာထားဖြင့် ဆက်ဆို၏။
"ရှီးနန်၀မ်က ဘယ်လောက်တောင် ရိုင်းစိုင်းယုတ်မာမှန်း၊ အလိုလောဘကြီးပြီး ကောက်ကျစ်စဥ်းလဲမှန်း တစ်တိုင်းလုံးတစ်ပြည်လုံးကတောင် သိပြီးသားပါအရှင်။ ယူနန်နယ်တစ်ခုလုံးကို အုပ်စိုးခွင့်ရတဲ့ အာဏာကို ပေးလိုက်ရတာကတော့ ရှောင်လွှဲလို့ လုံး၀မရတဲ့ကိစ္စမို့ ထားလိုက်ပါတော့။ တကယ်လို့များ ရှီးနန်၀မ်ကိုသာ နန်ယန်နယ်ကိုအုပ်စိုးခွင့် ထပ်ပေးလိုက်ရင်တော့ နန်ယန်ကအင်အားတွေကိုစုရုံးပြီး ရှီးနန်၀မ် ပုန်ကန်ထကြွလာရင် ဘယ်နှယ့်လုပ်ကြမလဲဘုရား။ ဒို့တာ့ချူရဲ့ အနာဂတ်၊ ဒို့တိုင်းပြည်ရဲ့ ကံကြမ္မာကတော့ တကယ် ရင်လေးစရာ ဖြစ်တော့မှာပါ၊ သေချာ ချင့်ချိန်စဥ်းစားပေးတော်မူပါဦး အရှင်မင်းမြတ်"
"ဟားဟားဟား"
ချူယွမ်တစ်ယောက် ခွက်ထိုးခွက်လန်ရယ်လိုက်ရသဖြင့် ဗိုက်သားပင် အောင့်ကုန်ပြီ။
" မင်းနဲ့ပုရောဟိတ်အမတ်ကြီးနဲ့က အဆက်အသွယ်တောင် သိပ်မရှိကြဘူးလားလို့ပါ၊ ဘယ်လိုတောင် တစ်ထေရာတည်းတူအောင် အတုခိုးနိုင်တာတုန်းဟင်"
"အဲ့ဘိုးတော်တွေက ဘာပဲပြောပြောနောက်ဆုံးတော့ ဒီအကြောင်းချည်းပဲ ရောက်ရောက်လာတယ်ဆိုတော့ ဘာဆိုဘာမှ အပန်းတကြီး စဥ်းစားကြည့်နေစရာကိုမလိုဘူး။ အေးဆေး အတုခိုးလို့ရတယ်"
သွမ့်ပိုင်ယွဲ့က ချူယွမ့်နှာဖျားလေးကို ချစ်မြတ်နိုးစွာ တစ်ချက် ငုံ့နမ်းလိုက်ပြီးသည်။
"သူတို့ကို ဘာလို့မှုရမှာလဲကွာ။ထားပါတော့၊ ဒီကိစ္စကို အဲ့အချိန်ကျမှ ဆက်ရှင်းရအောင်ပါ၊ ခုလောလောဆယ် ခေါက်ဆွဲသွားစားကြရအောင်"
******
ဖူတာစားသောက်ဆိုင်။
နာမည်ကြားရတုန်းကတော့ ကြီးကျယ်ခမ်းနားမလိုလိုနှင့် တကယ်တမ်းကျတော့ ခေါက်ဆွဲဆိုင်သေးသေးလေး တစ်ခုသာ။ သွမ့်ပိုင်ယွဲ့ကတော့ လူကြားထဲတိုးဝှေ့ကာ ခေါက်ဆွဲနှစ်ပွဲသွား၀ယ်လာသည်။ ထို့နောက်မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ်က သီးသန့်ခန်းထဲ ယူလာခဲ့သည်။
"ဒီမှာစားရတာ ပိုပြီးနားအေးတယ်"
"တော်တော်ရောင်းကောင်းတာပဲလား၊ မင်း အကြာကြီးသွား၀ယ်နေတာဆိုတော့ ပြန်မလာတော့ဘူးလားလို့တောင် တွေးမိသွားတယ်"
"ဘယ်ကလာ၊ ရောင်းတဲ့ ဆိုင်ရှင်အဖိုးက စကားပေါနေတာ။ စကားပြောရင်းလုပ်တော့ လက်ကနှေးသွားရော"
သွမ့်ပိုင်ယွဲ့က ချူယွမ့်အတွက် ခေါက်ဆွဲမွှေပေးရင်း ဆက်ဆို၏။
"မြို့ထဲမှာ တစ္ဆေတစ်ကောင် သောင်းကျန်းနေတယ်တဲ့"
"တစ္ဆေသောင်းကျန်းနေတယ်၊ ဟုတ်လား"
"ဒါပေမယ့် တစ္ဆေသရဲပုံပြင် မရှိတဲ့ မြို့ဆိုတာရော ရှိလို့လား။ လမ်းကြိုလမ်းကြားထဲ ပြောနေကျ ဇာတ်လမ်းတွေထဲက အသစ်အဆန်း နောက်တစ်ပုဒ်ပေါ်လာတာပဲနေမှာပါ။ ဇာတ်လမ်းတိုင်းမှာလည်း တစ္ဆေမလေးက နတ်သမီးတွေလို လှပကြော့ရှင်းတဲ့ အလှမျိုးနဲ့ ညှို့ယူတယ်ဆိုတာတွေပဲ ပြောဦးမှာ။ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေက သူတို့ မိန်းမ မရနိုင်တိုင်း လျှောက်လျှောက်ထွင်လိုက်တာ နေမှာပေါ့ ။ မိန်းမချောလေးတစ်ယောက်လောက် ဘေးနားထားပြီး ၀တ်ရုံလက်အနီကိုမ,ပေးမှ စာပေလေ့လာရတာ ပိုပြီးရနံ့သင်းပျံ့တယ်၊ ကြည်နူးစရာကောင်းတယ်ဆိုပြီး သရဲတစ္ဆေဖြစ်ရင်လည်း ရတယ်၊ မိန်းမဖြစ်ရင်ပြီးရော ဆိုတဲ့လူတွေ လျှောက်ရေးလိုက်တာနေမှာပေါ့ကွာ"
"မင်းကတော့လေ.....စာပေပညာရှင်တွေ၊ မှူးမတ်တွေကို ဘာလို့ သွားသွားပြီး ခလုတ်တိုက်နေတာတုန်း "
ညီလာခံထဲရှိရှိသမျှ မှူးမတ်တွေကလည်း သူ့အပြောအဆို အထေ့အငေါ့ မခံဖူးရတဲ့လူကို မရှိတာ၊ အခု ခေါက်ဆွဲစားနေရင်းနဲ့တောင် ထပြောပြန်ပြီ... ကြည့်။
"အင်းပါ အင်းပါ၊ နောက်မပြောတော့ပါဘူး။ နောက်ဆို ချီးကျူးစကားတွေပဲပြောပါတော့မယ်"
ချူယွမ်တစ်ယောက် သွမ့်ပိုင်ယွဲ့ကို အမြင်ကတ်ကတ်နှင့် စားပွဲအောက်မှပင် ခြေထောက်ဖြင့် လှမ်း၍ကန်ပစ်လိုက်သည်။ စားပွဲပေါ်မှာတော့ အေးဆေးခေါက်ဆွဲ ဆက်စားနေလျက်ပေါ့။
ခေါက်ဆွဲအရသာမှာ အငန်ဘက် အနည်းငယ်စွက်ပြီး အရသာကောင်းမွန်သည်၊ အနည်းငယ်ချဥ်သော ဇီးလက်ဖက်နှင့် တွဲဖက်သုံးဆောင်လိုက်တော့ အတော်လေး ခံတွင်းမြိန်လှသည်။
********
"ဆရာအရှင်...ဒီတပည့်ကို ဆရာအရှင် ကယ်မှရပါတော့မယ်"
ယာယီနန်းဆောင်တွင်ဖြစ်ကာ ထောင်လီတစ်ယောက် ကြမ်းပြင်ပေါ်ဒူးထောက်နေလျက်၊ မျက်နှာထက်တွင်လည်း စိုးရိမ်သောကများဖြင့် ပြည့်နှက်နေလို့။
"တပည့်လည်း ဘာလုပ်ရမှန်းမသိတော့ပါဘူး၊ တကယ့်ကို ပြဿနာတက်နေပါပြီ"
"ပြဿနာပေါ်လာရင် အမြန်ပြီးအောင် ရှင်းရတယ်ကွ၊ မင်းမို့လို့ ဖွက်ထားနေတာ။ ကဲ....အရင်ဆုံး ထလိုက်ပြီးမှ ဆက်ပြော"
ထောင်လျဲန်တာက တစ်ချက်တော့ ဆူပူလိုက်သေး၏။
"ဟုတ်ကဲ့၊ တပည့် ပေါ့ဆသွားခဲ့တာပါ။ ဒါပေမယ့် ဒီမှုခင်းကြီးကို ဘယ်နှယ့်လုပ်ရမလဲကို မသိတော့လို့ပါ၊ ဆရာအရှင် ကျွန်တော်မျိုးကို နည်းလမ်းပြပေး သွန်သင်ပေးပါဦးခင်ဗျာ"
"နည်းလမ်းပြပေးရမယ် ဟုတ်လား။ အေး...တရားနည်းလမ်းတကျနဲ့ဖြေရှင်းတာတော့ အကောင်းဆုံးပဲ၊ တရားခံက လူပဲဖြစ်ဖြစ် သရဲတစ္ဆေပဲဖြစ်နေနေ ရအောင်ဖမ်းပြီး အပြစ်ခံယူခိုင်းရမှာပဲ။ ဒါမှ မင်းလက်ခံရရှိထားတဲ့ ရာထူးအဆင့်အတန်းမှာ နေရတာ ထိုက်တန်မှာပေါ့ "
"ဟုတ်ကဲ့ပါခင်ဗျာ ၊ဟုတ်ကဲ့"
ထောင်လီ ခေါင်းညိတ်လို့ကို မပြီးတော့။
"ကဲ၊ ကဲ...မင်းလည်း မင်းအိမ်ကို ပြန်လိုက်တော့။ အမှုစစ်စရာရှိတာကို လုပ်ရိုးလုပ်စဥ်အတိုင်းသာ စစ်ဆေးသွား။ အရှင်မင်းမြတ်ကိုတော့ ငါကပဲ ကြည့်ကြပ်လျှောက်တင်လိုက်မယ်။ အရှင်မင်းမြတ် ရွှေမြို့တော် ပြန်မကြွသေးခင်မှာတင် အမှုပိတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ဒါမှ နောင်ကျရင် မင်းရဲ့အလုပ်တာ၀န်ကို မထိခိုက်မှာ"
"တပည့်နားလည်ပါပြီ၊ ခုချက်ချင်းပဲ လူအင်အားတိုးပြီး စုံစမ်းခိုင်းပါ့မယ်။ ဆရာအရှင်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ"
"အေး၊ အမှုစစ်ဆေးတယ်ဆိုတာကလည်း လူတစ်ယောက်ကို ညှဥ်းပန်းနှိပ်စက်ပြီး အတင်းအကျပ် ထွက်ဆိုခိုင်းရတာ မဟုတ်ဘူးဆိုတာ အမှတ်ရထားပါ။ ဘာမှမသိနားမလည်တဲ့ အပြစ်မဲ့ပြည်သူတစ်ယောက်ယောက်ကို ဖမ်းလိုက်ပြီးတော့ တရားခံဆိုပြီး လာလုပ်လို့ မရဘူး၊ ဆရာပြောတာကို နားလည်ရဲ့လား"
"ဟုတ်ကဲ့"
သို့နှင့် ထောင်လျဲန်တာလည်း တပည့်ဖြစ်သူ မြို့စားမင်းအား ပြန်သွားခိုင်းလိုက်ကာ မိမိကိုယ်တိုင်ကလည်း မှူးမတ်၀တ်စုံ ဆင်မြန်းလိုက်ပြီး၊ ထို့နောက်မှာတော့ ချူယွမ်ဆီ သွားရောက်လျှောက်တင်ရန် ထွက်သွားတော့၏။ သို့သော် ရှစ်ဇီကုန်းကုန်းနှင့်သာ ဆုံခဲ့ကာ ဧကရာဇ်အရှင်မှာ မနက်အစောကြီးကတည်းက တော်၀င်စာကြည့်ဆောင်ဘက်ထွက်သွားပြီဖြစ်ကြောင်းကိုသာ သတင်းရလိုက်ရလေ၏။
******
"ကိုယ် မင်သွေးပေးရဦးမလား"
"ဟင်၊ လုပ်တတ်တယ်ပေါ့...."
"ကိုယ့်ကို ဘာမှမတတ်ဘူးဆိုပြီး ယူဆထားတယ်လို့တော့ လာမပြောနဲ့နော်"
ကိုယ့်ဘာသာကိုယ် စာတတ်ပေတတ်ပညာရှိကြီးတွေကိုသာ မျက်မုန်းကျိုးနေတာပါကွာ၊ ဘယ်လိုဖြစ်ပြီး မင်တောင်မသွေးတတ်ဘူးဆိုတဲ့အဆင့်ထိ အထင်ရောက်သွားတာတုန်း။
"၀တ်ရုံလက်အနီကို မ,ပေးမှ စာပေလေ့လာရတာ ရနံ့သင်းပျံ့လှတယ်ဆိုတာ တခြားလူတွေနဲ့သာဆိုရင် ပြောတာ၊ မင်းနဲ့ဆိုရင်တော့ ဗြောင်းဆန်ခတ်ကုန်တော့မှာပဲ။ အသာလေး နောက်ဆုတ်နေစမ်း"
"ဘယ်သွားနေရမှာတုန်း"
"သွားအိပ်နေချေ"
သွမ့်ပိုင်ယွဲ့က ဘာမှလုပ်စရာမရှိသဖြင့် ချူယွမ်ရှေ့တည့်တည့်တွင် မေးထောက်ရင်း ဟိုလိုလှည့်ထိုင်လိုက် ဒီလိုလှည့်ထိုင်လိုက်နှင့် ထိုင်စောင့်နေလေ၏။
သည်းမခံနိုင်တော့သည့်အဆုံး ရေးလက်စ စုတ်တံကို ချူယွမ် ချပစ်လိုက်ကာ-
"မင်းရဲ့ခေါင်း ဒီလောက်ကြီးမှန်း ငါအရင်တုန်းက သတိမထားဖူးဘူးပဲ"
ရှီးနန်၀မ်ခမျာ စိတ်အတော်ရှုပ်သွားကာ ချူယွမ်၏ အနောက်ဘက်သို့ အသာသွားထိုင်ရရှာလေ၏။
ချူယွမ်လည်း မနိုင်ဘူးဆိုပြီး ခေါင်းတခါခါလုပ်နေကာ နောက်ဆုံးတော့ အတူတူ အစီရင်ခံစာဖတ်ကြရအောင်ပါဟု ပြန်ခေါ်လိုက်မည်အလုပ်၊ ပုရောဟိတ်အမတ်ကြီးမှ အခစား၀င်ရန် တောင်းခံလာကြောင်း အပြင်မှ သံတော်ဦးတင်လိုက်သည့်အသံကို ကြားလိုက်ကြရလေသည်။
သွမ့်ပိုင်ယွဲ့ကတော့ သက်ပြင်းချလိုက်ကာ-
"ဒီအမတ်ကြီးကို မလေးစားဘဲ မနေနိုင်တော့ဘူး"
ချူယွမ်လည်း ချက်ချင်းပင် သွမ့်ပိုင်ယွဲ့အား အမြန်ရှောင်ခိုင်းလိုက်သည်။ ထို့နောက်တွင်မှ ပုရောဟိတ် အမတ်ကြီးအား ၀င်ခွင့်ပေးလိုက်လေ၏။
"အရှင်မင်းမြတ်"
ထောင်လျဲန်တာတစ်ယောက် ၀င်လာသည်နှင့် ချက်ချင်းပင် ချူယွမ်ရှေ့မှောက်၌ ဒူးတုပ်ခစားလိုက်လေသည်။
"အမတ်မင်း၊ ထလိုက်ပါလေ...."
ထိုသို့သောအခြင်းအရာကိုမြင်တော့ ချူယွမ်လည်း ဆရာဖြစ်သူကို အမြန်ပင် အပြေးဖေးမယူလိုက်ရသည်။
"ဘာကိစ္စရှိလို့တုန်း၊ ဒီတိုင်းပြောလည်း ရနေတာကို ဘာလို့ ကိန်းကြီးခန်းကြီး လုပ်နေရတာလဲ"
ကန့်လန်ကာနောက်ရှိ သွမ့်ပိုင်ယွဲ့ကလည်း မျက်မှောင်ကြုတ်သွား၏။
အခြေအနေကြည့်ရသလောက်တော့ နောင်ကျရင် ဟိုတစ်ယောက် နားချိန် ရတော့မယ်မထင်တော့ဘူး။
*******
2020.07.07.
Thz for loving this story, giving stars and leaving comments.
T/n : ဧကရာဇ်ချူရဲ့ မိဖုရားလေးကတော့ ၀တ်ရုံတော်ညှိပေးရတဲ့အဆင့်ကနေကို မတက်တော့ဘူး။
*******
[ ျပႆနာေတြက တစ္ခုၿပီးတစ္ခု ဆက္တိုက္ ေပၚလာေနတယ္]
ခ်ူယြမ္တစ္ေယာက္ ေျခလက္မ်ားပင္ သိပ္မလႈပ္ရွားႏိုင္ေတာ့သည္မို႔ အားလံုး အတူတူ ထမင္းလက္ဆံုစားမည့္ အစီအစဥ္ကေတာ့ ျဖစ္ေျမာက္မလာႏိုင္ခဲ့ေတာ့။ သၾကားမုန္႔ခ်ိဳႏွစ္ခုကို စားၿပီးေနာက္တြင္ေတာ့ သြမ့္ပိုင္ယြဲ႔အား ခ်ူယြမ္ေမးၾကည့္လာ၏။
"လူႀကီးမင္းနန္နဲ႔ ေယာင္အာေရာ"
"ေၾသာ္၊ ဟိုႏွစ္ေယာက္လား။ ဟိုးမနက္အေစာႀကီးကတည္းက အျပင္ထြက္လည္ေနၿပီ။ အရင္တုန္းကလည္း ဒီၿမိဳ႔ကို ေရာက္စမရိွဖူးေတာ့ သေဘာေတြ့ေနတာေနမယ္။ တကယ္လို႔ အရမ္းသေဘာက်သြားရင္ ဒီညေန ျပန္လာမလားဆိုတာေတာင္ အာမမခံႏိုင္ဘူး"
ခ်ူယြမ္ သေဘာက်စြာ ရယ္ေမာလိုက္ေလသည္။
"ယာယီနန္းေဆာင္ေဆာက္ဖို႔ဆိုေတာ့ စၿပီးေနရာေရြးကတည္းက ဘယ္သူကမွ သာမန္ကာလ်ွံကာေနရာမ်ိဳးေတာ့ မေရြးဘူးေလ။ ဒီ ယြင္တာၿမိဳ႔က ေရႊၿမိဳ႔ေတာ္ေလာက္ ဖြံ႔ၿဖိဳးစည္ပင္တာမဟုတ္ေပမယ့္ တျခားၿမိဳ႔ေတြနဲ႔ေတာ့ အသာေလး ယွဥ္ႏိုင္တယ္။ေတာင္စဥ္ေတာင္တန္းေတြရိွတယ္၊ ျမစ္ေခ်ာင္းအင္းအိုင္ေတြ ရိွတယ္၊ ခုနစ္လပိုင္း ရွစ္လပိုင္းလို ေနြရာသီမ်ိဳးမွာေတာင္ မိုးေကာင္းေနတတ္တယ္၊ ပန္းမာလာေတြ စံုစံုလင္လင္ ပြင့္ဖူးေနတတ္တယ္။ ၿပီးေတာ့ ဒီအခ်ိန္က ၿမိဳ႔ရဲ့အလွဆံုးအခ်ိန္ပဲေလ"
"ဒါဆိုလည္း ျမန္ျမန္သက္သာေတာ့ေလကြာ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္မ်ားကို လွမ္းယူဆုပ္ကိုင္ထားလိုက္ကာ-
"သက္သာၿပီးတာနဲ႔ ေတာေတာင္ေရေျမအလွ ေတြ အတူတူသြားၾကည့္ၾကရေအာင္ေနာ္"
"အင္း"
ခ်ူယြမ္ ခ်က္ခ်င္း ေခါင္းညိတ္လက္ခံလိုက္၏။
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္၏၀တ္ရံုကို ေသသပ္ေအာင္ ၫွိေပးရန္ လက္လွမ္းလိုက္ရံုသာရိွေသး၊ အျပင္ဘက္မွ ပုေရာဟိတ္အမတ္ႀကီး လာေရာက္အခစား၀င္ရန္ ေတာင္းဆိုေနေၾကာင္း ရွစ္ဇီမွ အေၾကာင္းၾကားလာ၏။
"အဲ့မွာတင္ သြားၿပီ။ မင္းေျပာသလိုပဲ....ဒီဘိုးေတာ္ကေတာ့ ေစာေစာစီးစီးႀကီးကိုေရာက္ခ်လာတာပါပဲ"
"အင္းပါ၊ ခဏ ေရွာင္ေနလိုက္ပါၪီး။ ထိုက္ဖူးအမတ္မင္းက ဒီေလာက္အသက္ႀကီးေနၿပီကို မင္းလုပ္လိုက္လို႔ ဟိုက ေသြးေဆာင့္တက္ၿပီးသတိလစ္သြားရင္ မေကာင္းဘဲရိွေရာ့မယ္"
သြမ့္ပိုင္ယြဲ႔လည္း မတတ္သာဘဲ ကြယ္ရာတစ္ေနရာ၌ ပုန္းခိုလိုက္ရေလသည္။ထို႔ေၾကာင့္ အမတ္မင္းေထာင္လ်ဲန္တာ အခန္းထဲ၀င္လာေတာ့ သလြန္ေတာ္ထက္ လဲေလ်ာင္းေနၿပီး အေတာ္ပင္ ေနမေကာင္းဟန္ရေနေသာ ခ်ူယြမ္တစ္ေယာက္တည္းကိုသာ ေတြ့လိုက္ရသည္။ အမတ္ႀကီးခမ်ာ ခ်က္ခ်င္းပင္ စိုးရိမ္တႀကီးႏွင့္ -
"ဒီကိုလာတဲ့ လမ္းခုလတ္မွာ သမားေတာ္က်န္းနဲ႔ ကြၽန္ေတာ္မ်ိဳး ဆံုျဖစ္ပါေသးတယ္ဘုရား။ အရွင္မင္းျမတ္ အရမ္းပင္ပန္းေတာ္မူတာေၾကာင့္ နာမက်န္းျဖစ္ရတာလို႔ေတာ့ ေျပာပါတယ္။ မေန့ကဆိုလည္း အေစာႀကီးအိပ္ယာ၀င္လိုက္ရတယ္ဆို။ ေနာက္ေနာင္က် ဒီလိုမ်ိဳး အပင္ပန္းမခံပါနဲ႔ေတာ့ ....အရွင္မင္းျမတ္"
သြမ့္ပိုင္ယြဲ႔ကေတာ့ ေမးေလးပြတ္ကာ ေခါင္းတညိတ္ညိတ္ႏွင့္ နားေထာင္ေန၏။
အင္း၊ မဆိုးဘူး။ ဒီစကား သံုးေလးခြန္းကေတာ့ ....ၾကားရတာ နား၀င္ခ်ိဳသားပဲ။
ခ်ူယြမ္လည္း ေခါင္းအသာညိတ္လိုက္ကာ -
"ေက်းဇူးတင္ပါတယ္၊ ထိုက္ဖူး"
"ဒီယြင္တာၿမိဳ႔မွာ မ်က္မျမင္အမ်ိဳးသားတစ္ေယာက္ရိွပါတယ္ အရွင္။ သူက မ်က္စိအလင္း ခ်ိဳ႕ယြင္းေနေပမယ့္ ႏိွပ္နယ္တဲ့ေနရာ၊ အပ္စိုက္ကုတဲ့ေနရာမွာ တစ္ဖက္ကမ္းခတ္ ကြၽမ္းက်င္ပါတယ္တဲ့။ တစ္ႀကိမ္တစ္ခါေလာက္ျဖစ္ျဖစ္ အရွင့္ကို ေဆးကုခိုင္းၾကည့္ဖို႔ ကြၽန္ေတာ္မ်ိဳးသြားေခၚလာေပးရမလား ၊ အရွင္မင္းျမတ္"
"မလိုပါဘူး ၊ထိုက္ဖူးရယ္။ သမားေတာ္က်န္းကေတာင္ ဘာမွ စိုးရိမ္စရာမျဖစ္ဘူးလို႔ ေျပာေနမွေတာ့ ေနာက္ႏွစ္ရက္သံုးရက္ အနားယူလိုက္ရံုနဲ႔ သက္သာသြားမွာပါ။ ကိုယ္ေတာ္လည္း ဒီလိုမ်ိဳး နားေအးပါးေအး မေနရတာၾကာၿပီဆိုေတာ့ အေတာ္ပဲ။ အျပင္လူ လာမေတြ့ေလ ေကာင္းေလပဲေလ"
"အမိန္႔ေတာ္ျမတ္အတိုင္းပါဘုရာငး"
ေထာင္လ်ဲန္တာလည္း ဧကရာဇ္အမိန္႔ကိုနာခံယူလိုက္ေလ၏။
"ထိုက္ဖူးအမတ္မင္း ၊ ဒီကိုလာတာ တျခားအေၾကာင္းကိစၥ ေျပာစရာ ရိွေသးလို႔မဟုတ္လား"
"ရပါတယ္ ၊အရွင္မင္းျမတ္။ အရွင္မင္းျမတ္သာ စိတ္ေအးလက္ေအး အနားယူေတာ္မူလွည့္ပါ။ အေသးအမႊားကိစၥေလးေတြကိုဆို ကြၽန္ေတာ္မ်ိဳးတို႔ကိုပဲ တာ၀န္ထားလိုက္ပါေလ၊ အရမ္းႀကီးေလးတဲ့ အမႈကိစၥရိွမွပဲ အစီရင္ခံစာနဲ႔တကြ လာေရာက္တင္ျပလိုက္ပါ့မယ္"
"ဒါဆိုလည္း ထိုက္ဖူးအမတ္မင္းကို အားကိုးလိုက္ၿပီေနာ္"
ေထာင္လ်ဲန္တာလည္း ခ်ူယြမ္အား ႏႈတ္ဆက္စကားဆိုလိုက္ၿပီးေနာက္ ျပန္လည္ထြက္ခြာသြားေလသည္။ အျပန္လမ္းတြင္မူ ေစ်းမျွပန္လာေသာ လ်ိဳတာ့က်ံဳ႔ႏွင့္ တည့္တည့္တိုးေလ၏။ လက္ထဲတြင္လည္း ေပါက္စီ ထုပ္အမ်ားႀကီး ဆြဲလာ၏ ၊ ဤၿမိဳ႔၏ နာမည္ႀကီး အစားအစာဟုဆိုကာ အရွင္မင္းျမတ္ ျမည္းၾကည့္ႏိုင္ေစရန္ လာေရာက္ဆက္သမလို႔ဟုေတာ့ ဆို၏။
"အရွင္မင္းျမတ္က ခုေလးတင္မွ ေဆးေဘာဇဥ္မွီဝဲၿပီး စက္ေတာ္ေခၚသြားတာ ၊ အသင္ သြားမရႈပ္ပါနဲ႔ေတာ့"
ပုေရာဟိတ္အမတ္မင္းကလည္း ေျပာရင္းဆိုရင္း အမတ္မင္းလ်ိဳလက္ထဲမွ မုန္႔တစ္ထုပ္ကို ျဖဳတ္ယူလိုက္သည္။
"ဟင္၊ နာမက်န္းျဖစ္ေတာ္မူျပန္ၿပီလား"
လ်ိဳတာ့က်ံဳ႔ အေတာ္အံ့ၾသသြား၏။
နန္းစတက္စဥ္တုန္းကဆိုလ်ွင္ အရွင္မင္းျမတ္မွာ ေန့မအားညမအား စိတ္ေရာကိုယ္ပါႏွစ္ၿပီး တိုင္းျပည္ေရးရာ အမႈကိစၥမ်ားကို စီမံခန္႔ခြဲေနခဲ့ရာ ထိုစာၾကည့္ေဆာင္အတြင္းမွာပင္ အခ်ိန္ရိွသေလာက္ ကုန္ဆံုးေစခဲ့ဖူးသည္။ ထိုအခ်ိန္တုန္းကေတာင္ ဘာဆိုဘာမွမျဖစ္ခဲ့ဖူးဘဲ ယခု တိုင္းျပည္ေအးခ်မ္းၿငိမ္သက္သြားေတာ့မွ အဘယ္ေၾကာင့္မ်ား မၾကာခဏ အိပ္ယာထဲ လွဲၿပီး နာမက်န္းျဖစ္ေတာ္မူရပါသနည္း။
"ဒီမတိုင္ခင္တုန္းက အရမ္းပင္ပန္းထားတာေတြမ်ားၿပီး နာမက်န္းျဖစ္သြားတာနဲ႔တူပါတယ္။ အရင္တစ္ေခါက္တုန္းကလည္း သမားေတာ္ႀကီး ေျပာျပထားေသးတယ္ေလ၊ အရွင္မင္းျမတ္က မင္းသား(၉)ေပးတဲ့ ေဆးကို သံုးေဆာင္မွီဝဲေတာ္မူမွ အိပ္ေပ်ာ္ႏိုင္သတဲ့။ ဒီေလာက္ငယ္ရြယ္ႏုပ်ိဳေနတဲ့အခ်ိန္မွာေတာင္ ဒီလို နာမက်န္း ခဏခဏျဖစ္ျဖစ္ေနတယ္ဆိုတာ အရင္တုန္းက ပင္ပန္းခဲ့တဲ့ ဒဏ္ေတြေၾကာင့္မဟုတ္ရင္ တျခားဘာအေၾကာင္း ထပ္ရိွႏိုင္ၪီးမွာလဲ"
"ဒါဆိုရင္ေတာ့..... ဒီေပါက္စီေတြကို ဆက္သဖို႔ ပိုၿပီး လိုအပ္သြားၿပီ"
အမတ္မင္းလ်ိဳကလည္း ပုေရာဟိတ္အမတ္ႀကီးလက္ထဲက မုန္႔ထုပ္ကို လစ္ခနဲ ျပန္ယူလိုက္ကာ ဆက္ဆို၏။
"အသင္ကလည္း တစ္ေမွာင့္ပဲ၊ ပုေရာဟိတ္အမတ္ႀကီး ။ အရွင္မင္းျမတ္က ဒီလိုမ်ိဳး ေအးေဆး အနားယူေတာ္မူႏိုင္တဲ့ အခြင့္အေရးဆိုတာ ရွားကရွားနဲ႔ ၊ ေအးေဆး နားေတာ္မူခိုင္းပေလ့ေစေပါ့ ။ အသင့္ရဲ့လက္ေအာက္ငယ္သား တပည့္တပန္းေတြကိုလည္း ၾကည့္ၾကပ္ထိန္းထားၪီး။ အားအားရိွ အစီရင္ခံစာေတြ သယ္လာေပးလိုက္၊ အခစား၀င္ခြင့္ေတာင္းလိုက္နဲ႔ ....."
လ်ိဳမ်ိဳးရိုး ပ်က္သုဥ္းသြားၿပီမွန္ေပမင့္ ညီလာခံသဘင္ထဲမွာေတာ့ ကိုယ့္အဖြဲ႔သူ႔အဖြဲ႔ ဂိုဏ္းဂဏ ကြဲျပားေနၿမဲပင္ ျဖစ္သည္။ ေထာင္လ်ဲန္တာတစ္ေယာက္တည္းကသာ ရိုးသားေျဖာင့္မတ္ၿပီး တည့္တိုးေျပာတတ္သေလာက္ သူ၏ လက္ေအာက္ငယ္သား အေႁခြအရံ အမတ္မ်ားကေတာ့ အင္မတန္မွ စိုးရိမ္ေသာက မ်ားတတ္ၾကကာ အလ်င္လိုၾက ဗ်ာမ်ားတတ္ၾကသည္။ ညီလာခံသဘင္ထဲ၌ ျငင္းခံုစရာကိစၥေပၚလာလ်ွင္ ဧကရာဇ္ျဖစ္ေသာ ခ်ူယြမ္ပင္မေျပာႏွင့္၊ ပုေရာဟိတ္အမတ္ႀကီးကိုယ္တိုင္ကပင္ ထိုအမတ္တို႔ကို အျပင္ဆြဲထုတ္သြားခ်င္စိတ္ ေပါက္ေပါက္လာတတ္သည့္အထိပင္။
မ်က္ႏွာႀကီးေတြက နီစပ္စပ္၊ လည္ပင္းကလည္း တိုတိုတုတ္တုတ္ေတြ။ အသံကလည္း ကြၽက္စီကြၽက္စီနဲ႔ ၊ မ်က္လံုးကလည္းေစြေသး။ အဲ့အမတ္ေတြက တကယ့္ကို အခ်ိဳးမေျပတဲ့ဟာေတြ။
********
အိပ္ခန္းေဆာင္အတြင္း၀ယ္....
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ခ်ူယြမ္အား အေၾကာအခ်ဥ္ေျဖေပး၊ ႏိွပ္နယ္ျပဳစုေပးေန၏။
ဤၿမိဳ႔ထဲက ထိုမ်က္မျမင္ေယာက်္ား မည္မ်ွပင္ အႏိွပ္အနယ္ ကြၽမ္းက်င္ေနပေလ့ေစ ၊ ဧကရာဇ္ခ်ူကို ျပဳစုရစတမ္းဆိုလ်ွင္ေတာ့ ဘယ္ေနရာကို ခပ္ဖြဖြ၊ ဘယ္ေနရာကို အားပါပါေလးစေသာ လက္အေလးအဆ ခ်ိန္ဆရာ၌ ရွီးနန္ဘုရင္ကိုေတာ့ ဘယ္သူကမွ လိုက္မီႏိုင္မည္မဟုတ္ ။ စိတ္ႏွလံုး ရႊင္ၿပံဳးၾကည္ႏူးေစမည့္ ခ်စ္စကားမ်ားလည္း ေျပာေပးတတ္ေသးသည္။ ရုပ္ရည္အားျဖင့္လည္း အင္မတန္ ေခ်ာေမာခန္႔ညားသည္။ အခ်ဳပ္အားျဖင့္ဆိုရေသာ္......ျပစ္မ်ိဳးမွဲ႔မထင္ ၊ ေျခာက္ျပစ္ကင္းသဲလဲစင္ ပုရိသေယာက်္ားေကာင္း တစ္ေယာက္ေပတည္း။
"မင္း ယြီ႔လန္ေတာင္ဘက္ သြားလည္ခ်င္လား"
ခ်ူယြမ္ဘက္က စတင္ေမးျမန္းလာျခင္းျဖစ္၏။
"ဘယ္နားမွာရိွတာတုန္း"
"သူ႔ဟာသူ တစ္ေတာင္တည္း ထီးထီးႀကီးရိွေနတဲ့ ေတာင္ထြဋ္တစ္ခုပဲ၊ ဒီနန္းေဆာင္ကေန သိပ္မေဝးဘူး။ ငါ ငယ္ငယ္တုန္းက တစ္ေခါက္ေလာက္ အလစ္ေခ်ာင္းၿပီး သြားလည္ၾကည့္ေသးတယ္၊ သတိမထားမိေတာ့ အဲ့ေတာင္ေပၚမွာ မ်က္စိလည္ လမ္းေပ်ာက္ပါေလေရာ။ အဲ့လိုနဲ႔ တစ္ညလံုး အဲ့ေတာင္မွာပဲ ေနလိုက္ရတယ္။ ေတာင္ေပၚက ရႈခင္း ဘယ္လိုေနမွန္း ငါ ေသခ်ာမမွတ္မိေတာ့ေပမယ့္ သစ္ပင္ႀကီးရဲ့ ပင္စည္ကိုမွီၿပီး မိုးစက္ေတြ က်ေနတဲ့အသံကို နားေထာင္လိုက္ရတဲ့အခ်ိန္ေလး၊ အဲ့ဒီခံစားခ်က္ကိုေတာ့ ဘယ္လိုမွ ေမ့ႏိုင္မွာမဟုတ္ဘူး"
"ငယ္ငယ္တုန္းကဟုတ္လား။ အသက္ ဘယ္ႏွစ္ႏွစ္တုန္းကလဲ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္၏၀တ္ရံုေတာ္ကို ကူ၀တ္ေပးရင္း ဆက္ေျပာလာ၏။
"သူမ်ားတကာရဲ့ကေလးေတြသာဆို ညႀကီးမင္းႀကီး ေတာင္ေပၚမွာ တစ္ေယာက္တည္း လမ္းေပ်ာက္ေနရင္ ငိုေနေလာက္ၿပီ။ ဘယ္သူကမ်ား မင္းလိုမ်ိဳး သစ္ပင္ေရေျမအေၾကာင္း မိုးစက္ေတြအေၾကာင္း ၾကည္ႏူးေနႏိုင္မွာလဲ"
"ကဲ၊ သြားမလား မသြားဘူးလားသာေျပာ...."
"ေသခ်ာေပါက္ သြားမွာေပါ့ဗ်ာ ။ ယြီ႔လန္ေတာင္တဲ့၊ နာမည္ကလည္း အေတာ္လွသား။ မင္းခႏၶာကိုယ္ထဲက အဆိပ္ေတြ ေလ်ာ့သြားတဲ့အခ်ိန္က် မင္းနဲ႔ အေဖာ္လိုက္ခဲ့ေပးမယ္ေလေနာ္၊ ဟုတ္ၿပီလား"
*******
ထိုေန့မွစ၍ ေနာက္ႏွစ္ရက္သံုးရက္တိတိ မည္သည့္အရာရိွကမွ အစီရင္ခံစာ လာေရာက္ဆက္သျခင္းမရိွၾကေတာ့။
ခ်ူယြမ္ ဤကဲ့သို႔ အနားယူႏိုင္သည့္ အခြင့္အေရးမ်ိဳးဆိုသည္မွာ အလြန္ပင္ရွားသည္။
ယခုဆိုလ်ွင္ အိပ္ခန္းေဆာင္အျပင္ဘက္ကို ေျခတစ္လွမ္းမ်ွပင္ မခ်ျဖစ္။ သလြန္ေတာ္ထက္ ေနေလ၊ ပိုၿပီး ငိုက္ျမည္းလို႔ေကာင္းေလျဖစ္ေနသည္ထင္။ ႏိုးလာလိုက္ ျပန္အိပ္သြားလိုက္ႏွင့္၊ တစ္ေနကုန္ အိပ္ေနေလရာ ေခါင္းပင္ မူးေနာက္ေနာက္ ျဖစ္ေနေလသည္။
ညေနေစာင္းေတာ့မွ သြမ့္ပိုင္ယြဲ႔က အိပ္ယာႏိုးလာေသာ ခ်ူယြမ္ကို ရင္ခြင္ထဲ ထည့္သြင္းေပြ့ဖက္ထားလိုက္ကာ တစ္ကိုယ္လံုး စစ္စရာရိွသမ်ွ လိုက္လံ စစ္ေဆးေပးၿပီးေနာက္ သက္ျပင္းခ်လိုက္ေလ၏။
"ဘာလို႔ အပ်င္းထူတဲ့ ဧကရာဇ္ေတြႀကီးရဲ့ အက်င့္မ်ိဳး နည္းနည္းပါးပါးေလးေတာင္ မရိွဘူးလဲကြာ။ နည္းနည္းေလး အနားယူခိုင္းရံုနဲ႔ ဘယ္လိုေတာင္ျဖစ္ကုန္တာတုန္း"
ခ်ူယြမ္ ဘာဆိုဘာမွ ျပန္မေျပာ၊ ငိုက္ျမည္းသမ္းေဝေနဆဲပင္။
"မနက္ျဖန္က်ရင္ မင္းကို ယြီ႔လန္ေတာင္ေပၚေခၚသြားမယ္၊ အေညာင္းေျပအညာေျပ ရႈခင္းေလး သြားၾကည့္ၾကတာေပါ့။ ဒီလိုပဲ ဆက္အိပ္ေနရင္ တကယ္ ေနမေကာင္းျဖစ္သြားေလာက္တယ္"
ခ်ူယြမ္က ေခါင္းၿမီးျပန္ၿခံဳကာ ဆက္အိပ္ေနလိုက္သည္။
သြမ့္ပိုင္ယြဲ႔ ငိုရမလားရယ္ရမလား မသိေတာ့။ ႀကံရာမရသည့္အဆံုး ခ်ူယြမ္ေဘးနား လဲေလ်ာင္းေနလိုက္ကာ ေက်ာျပင္ေလးကိုသာ ခပ္ဖြဖြ ေခ်ာ့ျမႇဴပြတ္သပ္ေပးေနလိုက္ေတာ့သည္။
*******
ေဘးအေဆာင္ထဲရိွ သြမ့္ေယာင္တစ္ေယာက္ေတာ့ ၿပိဳးၿပိဳးျပက္ျပက္ လင္းလက္ရႊန္းလဲ့ေနေသာ မ်က္ဝန္းအစံုျဖင့္ ၾကက္ဥနီ သြားျပဳတ္ေပးရေတာ့မလားဟု စိတ္လႈပ္ရွားေနခဲ့သည္။
အဘယ္ေၾကာင့္ဆိုေသာ္ ဤရက္ပိုင္းတစ္ေလ်ွာက္လံုး မိမိေနာင္ေတာ္ႀကီးမွာ မရီးေတာ္၏ အိပ္ခန္းေဆာင္ထဲမွာသာ ေန့ညမျပတ္ ရိွေနခဲ့သည္မဟုတ္လား။ အရီးေတာ္က်င္း ႀကိဳတင္ျပင္ဆင္ထားသည့္ မဂၤလာ၀တ္ရံုနီေတာ့ တကယ္ အသံုးတည့္ေတာ့မည္ထင္ပါသည္။
ဤသို႔ေတြးမိေတာ့ မိမိႏွလံုးသားေလး အေတာ္ေပ်ာ္ရႊင္ခ်မ္းေျမ့ရပါသည္ေလ။
******
"လက္ေတြကို ျဖတ္ပစ္လိုက္စမ္း"
ခ်ူယြမ္က မ်က္လံုးပင္ ပြင့္မလာပါဘဲ အိပ္မႈန္စံုမႊား ဆိုလာ၏။
သြမ့္ပိုင္ယြဲ႔လည္း ေအးေဆးတည္ၿငိမ္စြာ မိမိလက္မ်ားကို အသာျပန္ရုတ္သိမ္းလိုက္သည္။
ဒီေလာက္ ခြံ႔ေကြၽးထားတာကိုေတာင္ ဘာလို႔ ၀၀ၿဖိဳးၿဖိဳးေလး ျဖစ္မလာေသးတာလဲကြာ။
ခ်ူယြမ္သမ္းေဝလိုက္ၿပီး ႏွစ္ၿခိဳက္စြာ ျပန္လည္ အိပ္ေမာက်သြားသည္။
ေနာက္ေန့မနက္ေရာက္ေတာ့ သြမ့္ပိုင္ယြဲ႔သာ အတင္းမႏိႈးလ်ွင္ လံုး၀လႈပ္ရွားမည့္ပံုပင္မေပၚ။
"ႏိုးေတာ့ေလကြာ။ ယြီ႔လန္ေတာင္ေပၚ မွာ မိုးသံေလသံေတြ သြားနားေထာင္ၾကမယ္ဆို"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္အတြက္ ၀တ္ရံုေတာ္ ကူညီ၀တ္ဆင္ေပးရင္းဆိုလာ၏။
"အင္း"
"လိမၼာတယ္၊ ကိုယ့္ကို မ်က္လံုးေလးဖြင့္ၾကည့္ပါၪီး။ ဆက္မအိပ္လိုက္နဲ႔ေနာ္၊ ၾကားလား"
ခ်ူယြမ္က သူ႔အား တစ္ခ်က္ ရိုက္ပစ္လိုက္ျပန္၏။
"ကေလးကလားေတြ"
ထို႔ေနာက္ ေျခနင္းေတာ္ စီးလိုက္ကာ ကိုယ္လက္သန္႔စင္ရန္အခန္းဘက္ ဒယိမ္းဒယိုင္ ေလ်ွာက္သြားေလ၏။
ရွစ္ဇီ အေတာ္ပင္ လန္႔ဖ်တ္သြား၏။
အရွင္မင္းျမတ္ ပ်င္းရိေလးတြဲ႔ေနတာေတာ့ ဟုတ္ပါၿပီ။ ဒါေပမယ့္ ရွီးနန္၀မ္ႀကီး ဘာလုပ္လိုက္လို႔မ်ား အရွင္မင္းျမတ္ႀကီး လမ္းေလ်ွာက္လို႔ေတာင္ သိပ္မရေတာ့သလို ျဖစ္ေနတာတုန္း။
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ့္အရိပ္ကို လိုက္ၾကည့္ရင္း အေတာ္စိုးရိမ္သြား၏။ ေနာက္ဆို ညဥ့္နက္သည္ထိ အစီရင္ခံစာမ်ားဖတ္ရႈမည္ဟုဆိုလာလ်ွင္ မိမိ ခြင့္ျပဳရမည္လား၊ ေဖ်ာင္းဖ်တားဆီးရမည္လားဟု ခ်င့္ခ်ိန္ၾကည့္ေနၿပီျဖစ္၏။ "ေစာေစာအိပ္ေနာ္" ဟုသာ မွာဖူးခဲ့ေသာ္လည္း အခုပံုစံၾကည့္ရသေလာက္ေတာ့ မ်ားမ်ားအိပ္ခိုင္းတိုင္းလည္း သိပ္မေကာင္းေလာက္.......ထက္ျမက္သြက္လက္မႈမ်ားေပ်ာက္ကာ တကယ္ကို ေလးလံထိုင္းမိႈင္းသြားေပမည္။
ကိုယ္လက္သန္႔စင္ၿပီးေတာ့မွ ခ်ူယြမ္တစ္ေယာက္ လန္းလန္းဆန္းဆန္း ျပန္ျဖစ္လာသည္။ ဟိုယြင္ရွီးျဖင့္ စီးႏွင္းသြားလ်ွင္ လူသူမ်ား၏အၾကည့္အာရံုအား အေတာ္ပင္ ၫွို႔ယူဆြဲေခၚႏိုင္သည္မို႔ ယူမသြားျဖစ္ေတာ့ဘဲ တျခား အသံုးျပဳလို႔ရမည့္ ျမင္းမ်ားထဲမွသာ ေရြးလာခဲ့လိုက္သည္။ ဟိုယြင္ရွီးကဲ့သို႔ မိုင္ေပါင္းေထာင္ခ်ီ အကြာအေဝးကို ခရီးမခ်ီႏိုင္ေပမင့္ ေတာင္တက္ဖို႔ေလာက္ေတာ့ အသံုးတည့္ၾကသည္သာ။ ေတာင္ေပၚထက္က ေအးျမလတ္ဆတ္ေသာ ေလေျပကို ခံစားရႉရိႈက္ရေတာ့မွ ခ်ူယြမ္ ႏိုးႏိုးၾကားၾကား ျပန္ျဖစ္လာရွာသည္။
သြမ့္ပိုင္ယြဲ႔လည္း ခုမွ သက္ျပင္းခ်ႏိုင္ေတာ့သည္။
ကံသီေပလို႔.....တကယ္ႀကီးမ်ား ထိုင္းမိႈင္းႏံုခ်ာ သြားေတာ့မလားလို႔။
ခ်ူယြမ္က ေဘးပတ္ပတ္လည္ကို လိုက္ေငးၾကည့္ေနကာ -
"ဒီကိုမေရာက္ျဖစ္တာ ဆယ္ႏွစ္ေက်ာ္ေတာင္ ရိွသြားၿပီပဲ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ေနာက္ဘက္မွေန၍ သိုင္းဖက္ထားလိုက္ကာ ျမင္းကို ေအးေဆးျဖည္းၫွင္းစြာသာ ဆက္ႏွင္သြားလိုက္သည္။
"ဘာပဲေျပာေျပာ ၊ ေတာင္တစ္လံုးသာသာပဲဟာ။ မင္း ႀကိဳက္တယ္ဆိုရင္ ရွီးနန္မွာ ၾကည့္စရာ ေတာင္ေပၚရႈခင္းလွလွေလးေတြ အမ်ားႀကီးရိွတယ္"
"ေအာက္ဆင္းၿပီး လမ္းေလ်ွာက္ရေအာင္ပါ။ ျမင္းခ်ည္းပဲ စီးေနရတာ ေပ်ာ္ဖို႔ သိပ္မေကာင္းဘူး"
သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ့္ကို ခ်ီလိုက္ကာ ႏွစ္ေယာက္သား ျမင္းေပၚမွ ဆင္းလိုက္ေလသည္။
မြန္းတည့္ခ်ိန္ဆိုေပမင့္ ေတာင္ေပၚတြင္ ပူအိုက္ေလာင္ၿမိဳက္ျခင္း အလ်ဥ္းမရိွဘဲ ေအးျမေနဆဲပင္ျဖစ္သည္။ အၾကင္သူႏွစ္ေယာက္သားကေတာ့ လက္ခ်င္းယွက္ႏြယ္ကာ ေတာလမ္းတစ္ေလ်ွာက္ ယွဥ္တြဲေလ်ွာက္လွမ္းေနသည္။
တစ္ေနရာအေရာက္ သစ္သီးပင္တစ္ပင္ေတြ့ေတာ့ သြမ့္ပိုင္ယြဲ႔က သစ္သီးတစ္လံုးကိုဆြတ္ခူးယူလိုက္ၿပီး ေသခ်ာသုတ္ေပးလိုက္ကာ ခ်ူယြမ္အား ကမ္းေပးလာ၏။
"စားၾကည့္ၪီးမလား။ခ်ဥ္ေတာ့ခ်ဥ္တယ္ေနာ္"
ခ်ူယြမ္ ထိုသစ္သီးကို တစ္ခ်က္ကိုက္ၾကည့္လိုက္ၿပီးေနာက္ မ်က္ႏွာေလး ရႈံ႔မဲ့သြားေလ၏။
"မင္းကေတာ့ေလ... ေျပာလိုက္ရင္ တည့္တိုးႀကီးေတြ"
ခ်ဥ္တယ္ဆိုၿပီး တကယ္လည္း သြားေတြက်ိန္းၿပီး ျပဳတ္ထြက္လာမလားထင္ရေလာက္ေအာင္ ခ်ဥ္စူးေနတာပဲ...အား။
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ့္လက္ကို လွမ္းကိုင္လိုက္ကာ ေစာန ခ်ူယြမ္ကိုက္ထားေသာ ကိုက္ရာေလးအေပၚ တစ္ခ်က္မ်ွ အရသာခံၾကည့္လိုက္သည္။ ထို႔ေနာက္ လႊတ္ခနဲ ရယ္လိုက္ေလ၏။
"မမွည့္ေသးတာကိုး။ ဒါေပမယ့္ မွည့္သြားရင္တကယ္ စားေကာင္းတာ ၊ ခ်ဥ္ၿပံဳးၿပံဳးေလး"
ခ်ူယြမ္ သစ္ပင္ထက္ လွမ္းၾကည့္လိုက္သည္၊ မွည့္ၿပီးသား သစ္သီးနီနီေလးမ်ား ရိွလိုရိျွငားေပါ့။
သို႔ေသာ္ ရုတ္တရက္ဆိုသလို သစ္ပင္ထက္က ငွက္အုပ္က ခ်က္ခ်င္း ထပ်ံသြား၏။ တစ္စံုတစ္ခုကို ထိတ္လန္႔သြားသည့္ႏွယ္။
"ဟင္....ဒီေတာင္ေပၚမွာ သားရဲတိရစၧာန္ႀကီးေတြ ရိွလို႔လား"
ခ်ူယြမ္က ေရ႔ွႏွစ္လွမ္းသံုးလွမ္း တိုးလိုက္ၿပီး ေက်ာက္ေဆာင္တစ္ခုေပၚရပ္ၿပီး ၾကည့္လ ဆို၏။
"သားရဲေကာင္ႀကီးေတြေတာ့ မသိဘူး၊ အမဲလိုက္စရာ အေကာင္ေလးေတြေတာ့ ေတြ့လိုက္တယ္။ မင္းစားခ်င္တယ္ဆိုရင္ ေတာယုန္ႏွစ္ေကာင္သံုးေကာင္ေလာက္ သြားဖမ္းေပးမယ္ေလ"
ခ်ူယြမ္ ေခါင္းခါလိုက္၏။
"မုန္႔ေတြ ယူလာတာပဲဟာ၊ နည္းနည္းေလး ျပန္ေနႊးၿပီးတာနဲ႔ အဆာေျပစားလို႔ရတယ္ေလ"
"အင္းပါ။ မင္းကိုေကြၽးေမြးထားရတာ ပိုက္ဆံ အရမ္း သက္သာတာပဲကြာ"
ခ်ူယြမ္ ရယ္ခ်င္သြား၏။
"မင္းက ....ငါ့ကို.... ေကြၽးတယ္၊ ဟုတ္လား"
"မဟုတ္ရပါဘူးကြာဟ။ ကိုယ္ဆိုလိုတာက.... မင္းက ရွီးနန္စံအိမ္ေတာ္ကို ေကြၽးေမြးေထာက္ပံ့ထားတာ၊ ရွီးနန္စံအိမ္ေတာ္ကလည္း မင္းကို အခု မုန္႔ျပန္၀ယ္ေကြၽးတယ္၊ ဒီလိုေျပာခ်င္တာ.. ဒီလို"
သြမ့္ပိုင္ယြဲ႔တစ္ေယာက္ သြက္လက္စြာ အခ်ိန္မီျပန္ေျဖႏိုင္လိုက္ေလသည္။
ခ်ူယြမ္လည္း သူႏွင့္ စကားအေခ်အတင္ မျငင္းခ်င္ေတာ့သျဖင့္ ေက်ာက္ေဆာင္ႀကီးေပၚထိုင္လိုက္ရင္း သစ္သီးမွည့္မ်ားကိုသာ ထိုင္စားေနလိုက္၏။
ခ်စ္ရသူႀကီးက ေဘးနားတြင္ရိွေနေတာ့ အခ်ိန္မ်ားအလိုလိုကုန္ဆံုးသြားသည္ကိုပင္ ျမန္ဆန္ေနသလို ခ်ူယြမ္ခံစားလိုက္ရ၏။ ဘာမွမသိလိုက္ခင္မွာတင္ ညေနေစာင္းသြားၿပီျဖစ္ကာ မိုးေကာင္းကင္ထက္မွာလည္း တကယ္ႀကီး မိုးရြာေတာ့မည့္ဟန္ မိုးသားတိမ္လိပ္မ်ားႏွင့္ အံု႔ဆိုင္းေန၏။
သြမ့္ပိုင္ယြဲ႔လည္း မိုးခိုစရာ ဂူတစ္လံုး အျမန္ရွာေဖြလိုက္ကာ မီးဖိုထားလိုက္သည္။ ထို႔ေနာက္ ျမက္ေျခာက္မ်ား လိုက္လံစုေဆာင္းလိုက္ကာ ဂူအ၀နားခင္းက်င္းလိုက္သည္၊ ထို႔ေနာက္ ႏွစ္ေယာက္သား ထိုင္ကာ အျပင္က မိုးသံေလသံမ်ားကို အသာနားစြင့္ေနလိုက္ၾကသည္။ ဘယ္ဘက္ကမွ စကားစတင္ ေျပာဆိုျခင္းမရိွ၊ ရံဖန္ရံခါ ႏွလံုးသားခ်င္း ထပ္တူက်သြားတိုင္း တစ္ဖက္ကလူအား လွည့္ၾကည့္လိုက္လ်ွင္ အၾကည့္ခ်င္း ဆံုမိသြားသည္ေတာ့ရိွသည္။ မ်က္ဝန္းထဲမွ ေပ်ာ္ရႊင္မႈအရိပ္အေယာင္မ်ားက ႏွလံုးသားထဲသို႔တိုင္ ေပ်ာ္၀င္စီးဆင္းသြားလ်က္။
ညဥ့္နက္လာေတာ့ ခ်ူယြမ္လည္း သြမ့္ပိုင္ယြဲ႔ပခံုးေပၚမွီရင္း အိပ္ေမာက်သြားျပန္ေလသည္။ အၾကင္လူသားႏွစ္ေယာက္လံုး၏ လက္မ်ားကေတာ့ ႏူးညံ့ၾကင္နာစြာ ဖယ္တြယ္ဆုပ္ကိုင္ထားေနၿမဲ။
******
ယြင္တာၿမိဳ႔ထဲတြင္လည္း မိုးသည္းထန္စြာ ရြာသြန္းေနသည္။ အခ်ိန္အခါ ႏိႈးေဆာ္ေပးေနက် ကင္းလွည့္သမားေတာင္ အျပင္ထြက္မလာႏိုင္ေတာ့။ မူးရူးေနေသာ အရက္သမားအုပ္စုမ်ားသာ လမ္းသလားေနၾကၿပီး မိမိတို႔အိမ္ေရ႔ွေရာက္ခါမွ အသီးသီး ႏႈတ္ဆက္လမ္းခြဲသြားၾကသည္။
ထိုလူမ်ားထဲမွာမွ တစ္ေယာက္ကေတာ့ က်ိဳးတာဟု အမည္ရိွကာ စားေသာက္ဖို႔ ၊မ်ိဳဆို႔ဖို႔ေလာက္သာ ေတြးၿပီး ဘာဆိုဘာမွမလုပ္ဘဲ ပ်င္းေၾကာရွည္တတ္သည့္ ဆန္ကုန္ေျမေလးမ်ိဳး ျဖစ္သည္။ ေျခလက္မ်ားမွာလည္း ၾကမ္းတမ္းညစ္ေထာ္ေနၿပီး အရင္တုန္းကလည္း သက္ဆိုင္ရာအရာရိွမ်ားထံ တိုင္ၾကားခ်ဳပ္ေနွာင္ခံရၿပီး ႀကိမ္ဒဏ္ခံရဖူးသည့္ လူေပလူေတတစ္ေယာက္။ ႏွစ္တစ္၀က္ေက်ာ္မ်ွ ေထာင္နန္းစံေနၿပီးေနာက္ ယေန့ေန့လယ္ခင္းမွာမွ ေထာင္မွ ျပန္ထြက္လာျခင္းျဖစ္သည္။
မိုး ပို၍ သည္းလာေလာက္မည္ဟု က်ိဳးတာ သိလိုက္၏။ ပါးစပ္မွလည္း မၾကားဝံ့မနာသာစကားမ်ားျဖင့္ ေအာ္ဟစ္ဆဲဆိုေန၏။ ထို႔ေနာက္ လက္ထဲက ေသရည္အိုးကိုပါ ေျမေပၚ ရိုက္ခြဲပစ္လိုက္ၿပီး အိမ္ျပန္သြားေတာ့မည္အလုပ္၊ ေရ႔ွေမွာက္တြင္ လူရိပ္တစ္ခု ေတြ့လိုက္ရသည္။ ေသခ်ာၾကည့္လိုက္ေတာ့ အမ်ိဳးသမီးတစ္ၪီး၏ အရိပ္သ႑ာန္ပင္။
မွီဝဲထားေသာ ေသရည္အရက္က ရမၼက္စိတ္ရိုင္းကို ပို၍ ႏိႈးဆေပးထားသည့္အလား။ က်ိဳးတာလည္း နဂိုကတည္းက စိတ္ႏွလံုး ျမင့္ျမတ္စင္ၾကယ္သူ မဟုတ္ေလေတာ့ ထိုမိန္းမပ်ိဳေလးကိုေတြ့ေတာ့ အေတာ္ပင္ ၀မ္းသာသြားကာ အရက္နံ႔နံေစာ္ေနေသာ ေလသံျဖင့္ စကားသြားေျပာၾကည့္လိုက္သည္။
"ဒီက မိန္းကေလးေလး....ဒီေလာက္ညဥ့္နက္ေနတာကို ဘယ္သြားမလို႔လဲ"
ထိုအမ်ိဳးသမီးက သူ႔အား ေမာ့မၾကည့္လာဘဲ ေခါင္းငံု႔ထားဆဲ၊ စကားျဖင့္လည္း မတံု႔ျပန္။
"ရွက္မေနပါနဲ႔ကြာ.....ဟဲဟဲ"
က်ိဳးတာက စပ္ၿဖဲျဖဲ ၿပံဳးလိုက္ကာ အတူေပ်ာ္ပါးရန္ ထိုမိန္းမပ်ိဳ၏ လက္အား လွမ္းဆြဲလိုက္သည္။ သို႔ေသာ္ တစ္စံုတစ္ခုက မူမွန္မေနခဲ့။
ဒါက.....ဒီလက္က..... သက္ရိွလူသားတစ္ေယာက္ရဲ့လက္နဲ႔ မတူဘူးဟ၊ ေအးစက္ေတာင့္တင္းေနတာပဲ။ ဘာကိုယ္ေငြ့မွလည္း ရိွမေနဘူး။
ထိုမိန္းမပ်ိဳက တျဖည္းျဖည္း မ်က္ႏွာေမာ့လာ၏၊ စိုရႊဲနက္ေမွာင္ေနေသာ ဆံပင္ဖားလ်ားေအာက္ရိွ မ်က္ႏွာမွာ ျဖဴဆုတ္ေနကာ မ်က္၀န္းမ်ားက မည္းနက္ေနလ်က္ရိွ၏။
က်ိဳးတာ ခ်က္ခ်င္းလန္႔သြားၿပီး ေအာ္ဟစ္ထြက္ေျပးမည္အလုပ္၊ အသံေတာင္မထြက္လိုက္ရေသးခင္မွာပင္ ေခါင္းထဲမွ ဆစ္ခနဲ နာက်င္သြားကာ ခဏၾကာေတာ့ အေမွာင္ထုႀကီးထဲ ျပဳတ္က်သြားသလိုျဖစ္သြားၿပီးေနာက္ ေျမျပင္ေပါသို႔ အရုပ္ႀကိဳးျပဳတ္လဲက်သြားေလေတာ့သည္။
******
ေနာက္ေန့မနက္ေရာက္ေတာ့ ယြင္တာၿမိဳ႔စားမင္း ေထာင္လီ အိပ္ေပ်ာ္ေနတုန္းလက္ေထာက္ျဖစ္သူက အေရးႀကီးကိစၥေပၚလာ၍ဟုဆိုကာ အခန္းတံခါးေရ႔ွအထိ လာေရာက္ႏိႈးေခၚေလသည္။
"ဘာျဖစ္တာ!!!!"
ေထာင္လီမွာ လန္႔ဖ်တ္လြန္း၍ မ်က္ႏွာထက္ ၌ ေသြးပင္မက်န္ေတာ့။ အေပၚ၀တ္ရံုပင္ ျပန္မ၀တ္အားေတာ့ဘဲ အတြင္း၀တ္ရံု၀တ္ထားရင္းႏွင့္ပင္ တံခါးအျမန္ဖြင့္လိုက္ရသည္။
"ၿမိဳ႔စားမင္း ၊ တကယ္ ျပႆနာတက္ျပန္ပါၿပီခင္ဗ်ာ။ ၿမိဳ႔လယ္ေခါင္မွာ ေနာက္တစ္ေလာင္း ေပၚလာျပန္ပါၿပီ၊ ေသဆံုးသူကေတာ့ လူမိုက္ႀကီး က်ိဳးတာပါ။ သူ႔အေလာင္းကို စစ္ၾကည့္လိုက္ေတာ့ ဟိုတစ္ေန့က ေသသြားတဲ့ ကင္းလွည့္သမားရဲ့အေလာင္းနဲ႔ တစ္ေထရာတည္းပဲ။ ႏွစ္ေလာင္းစလံုးက ကိုယ္လံုးတီးေတြနဲ႔၊ မ်က္လံုးေတြကလည္း ျပဴးထြက္ၿပီး တစ္ကိုယ္လံုး ေအးစက္ေတာင့္တင္းေနၿပီ"
"ဒါဆို....ဒါကို ဘယ္ႏွယ့္လုပ္ၾကမွာတုန္း"
ေထာင္လီခမ်ာ ဟိုေလ်ွာက္ဒီေလ်ွာက္ႏွင့္ ဂဏွာမၿငိမ္ႏိုင္ေတာ့။
ယြင္တာၿမိဳ႔မွာ ေရႊၿမိဳ႔ေတာ္ႏွင့္ သိပ္မေဝးလွေသာေၾကာင့္ ကုန္စည္ကူးသန္းမႈရိွသည္၊ ထို႔ေၾကာင့္ ဆင္းရဲမြဲေတေနသည့္ ၿမိဳ႔တစ္ၿမိဳ႔ေတာ့ လံုး၀မဟုတ္ေပ။ပစၥည္းက်ေပ်ာက္လ်ွင္ေတာင္ ေကာက္မည့္လူမရိွ၊ တံခါးဖြင့္ထားလ်ွင္ေတာင္ အလစ္သုတ္မည့္ သူခိုးမရိွ ဆိုေသာ အဆင့္ထိ မေရာက္ေသးေပမင့္ လိုက္နာက်င့္သံုးရမည့္ အေျခခံက်င့္၀တ္နည္းနာတို႔ကို အမ်ားစုက ေစာင့္စည္းထိန္းသိမ္းတတ္ၾကသည္။ တစ္ေန့တစ္ေန့ ေျဖရွင္းရေသာ အမႈဆိုသည္မွာလည္း ခါးပိုက္ႏိႈက္ကိစၥတို႔၊ ေယာက်္ားေနာက္ ခိုးရာလိုက္ေျပးျခင္းကိစၥတို႔ေလာက္သာ။ယခုက်မွ မည္သူကမွ ထင္မွတ္မထားသည့္အျဖစ္မ်ိဳး ျဖစ္ေပၚလာေပသည္။
ဧကရာဇ္ လာေရာက္နားေနေတာ္မူသည္ပင္ မၾကာေသးသည္ကို ကင္းလွည့္သမားတစ္ေယာက္ ၿမိဳ႔လယ္ေခါင္ႀကီးမွာ ထူးဆန္းစြာ အေသဆိုးႏွင့္ ေသသြားခဲ့သည္။ ကံေကာင္းေထာက္မ၍ ရဲမက္မ်ားက အရင္ေတြ့သြား၍သာ ၿမိဳ႔သူၿမိဳ႔သားမ်ား ဘာသတင္းမွ မသိရိွလိုက္ဘဲရိွသြားသည္။ ဧကရာဇ္အရွင္ထံမွ ဆူပူကဲ့ရဲ့ခံရမည္ကို စိုးရြံ႔သျဖင့္ ၿမိဳ႔စားမင္းလည္း ဤကိစၥကို အသာေခ်ာင္ထိုးထားလိုက္ကာ ဧကရာဇ္အရွင္ ျပန္သြားေတာ့မွ ၾကည့္ရွင္းမည္ဟု ေတးမွတ္ထားေသာ္လည္း ဤရက္ပိုင္းအတြင္းမွာပင္ အလားတူျဖစ္ရပ္မ်ိဳး ထပ္ၿပီးေပၚေပါက္လာမည္ဟု မည္သူက ထင္မွတ္ထားမည္တဲ့လဲ။ ပိုဆိုးသည္မွာ အမႈႏွစ္ခုစလံုး၏ အသြားအလာ ျဖစ္ရိုးျဖစ္စဥ္မွာ တစ္ေထရာတည္း ထပ္တူက်ေနျခင္းပင္။
"ၿမိဳ႔စားမင္း၊ ဒီကိစၥကို ဆက္ၿပီး ေနွာင့္ေနွးၾကန္႔ၾကာေအာင္ ဆြဲထားလို႔မရေလာက္ဘူးထင္တယ္ခင္ဗ်ာ"
လက္ေထာက္အရာရိွက သတိႀကီးစြာ ေျပာလာ၏။ ေထာင္လီလည္း အတန္ၾကာ စဥ္းစားေနလိုက္ကူ ေနာက္ဆံုးမွာေတာ့ စိတ္ပိုင္းျဖတ္ႏိုင္လိုက္သည္။
"ယာယီနန္းေဆာင္ကိုသြားၿပီး ငါ့ဆရာ အမတ္မင္းေထာင္ဆီ ဂါရ၀သြားျပဳၾကစို႔"
*****
ေတာင္ထိပ္တြင္ ျမဴႏွင္းမ်ား မႈန္ရီရစ္ဆိုင္းေန၏။
ခ်ူယြမ္ကေတာ့ ေတာင္ေပၚေလေအးေအးကို တစ္၀ႀကီး ရႉသြင္းလိုက္ကာ -
"ဒီလိုျမင္ကြင္းမ်ိဳးျမင္လိုက္ရေတာ့ တစ္ညလံုးေစာင့္လိုက္ရက်ိဳးနပ္သြားၿပီ"
"အင္း၊ ခုေတာ့ ေက်နပ္တဲ့အထိ အ၀ၾကည့္ေနလိုက္ၪီး။ဒါေပမယ့္ ေနထြက္လာတာနဲ႔ ေတာင္ေအာက္ျပန္ဆင္းၾကရမယ္ေနာ္၊ ဖူတာစားေသာက္ဆိုင္မွာ ပဲေခါက္ဆြဲစားဖို႔ မင္းကို ေခၚသြားခ်င္လို႔ ၊ မဟုတ္ရင္ အဆာလြန္ကုန္ေတာ့မွာ"
"တကယ္ပါပဲ၊ ဒီလိုအက်င့္ေတြေၾကာင့္ မင္းကို လူရိုင္းေကာင္ႀကီးလို႔ေခၚတာ၊ သိၿပီလား"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ဘတ္ႀကီးကို လက္ၫွိုးျဖင့္ တို႔ကာ ေထာက္ကာ ဆိုလာ၏။
"အထံုပါရမီျပည့္၀တဲ့ စာေပပညာရွင္ေတြသာဆိုရင္ေတာ့ ဒီလိုရႈခင္းလွလွေလးနဲ႔ ေလေျပတျဖဴးျဖဴးေလးထဲ စီးေမ်ာစ်ာန္၀င္သြားေလာက္ၿပီ။ ဘယ္သူကမွ ပဲေခါက္ဆြဲသြားစားဖို႔ စိတ္ကူး ရိွမွာမဟုတ္ဘူး"
"လူရိုင္းေကာင္ဆိုလည္း လူရိုင္းေကာင္ေပါ့။မင္း ဒီေလေတြရႉၿပီး ဗိုက္၀မွာမွမဟုတ္ပဲ၊ မင္းကိုေတာ့ ဗိုက္အဆာမခံႏိုင္ေပါင္"
သြမ့္ပိုင္ယြဲ႔ကေျပာေျပာဆိုဆို ခ်ူယြမ့္ပခံုးအား ဖက္လိုက္ကာ -
"ေနာက္ထပ္ ခဏေလာက္ပဲ ဆက္ၾကည့္လိုက္ေတာ့ေနာ္၊ ၾကားလား"
"ေၾသာ္၊ ဒါနဲ႔ေလ.....မေန့က က်င္းထိုင္ဆီကစာတစ္ေစာင္ရတယ္၊ ေကာင္လိျပည္ဘက္ကို သတို႔သားဘက္ကပို႔လိုက္တဲ့ တင္ေတာင္းမယ့္ပစၥည္းဥစၥာေတြ လက္ခံရပါၿပီတဲ့၊ အခုဆို က်င္းဆူးက နန္ယန္ျပည္ဘက္ လိုက္သြားၿပီ"
"ဟုတ္လား၊ ဒါဆို တကယ္လက္ထပ္သြားၿပီေပါ့။ အင္း....သတို႔သားဘက္က သာမန္ကုန္သည္ေလးသာဆို ပိုေကာင္းမွာေနာ္"
"ေၾသာ္....က်င္းထိုင္က အျပင္ပန္းကၾကည့္ရင္ ေပါ့ဆသလိုလိုနဲ႔ အလုပ္ေသခ်ာလုပ္တတ္ပါတယ္ဆိုေန။ သူ ဒီထိမ္းျမားပြဲကို လက္ခံလိုက္တယ္ဆိုကတည္းက သတို႔သားဘက္က ေနာက္ေၾကာင္းအားလံုးကို ေသခ်ာ ဂဃနဏ စံုစမ္းၿပီးသားျဖစ္ေနလို႔ပဲ။ တကယ္တမ္းေတြးၾကည့္ရင္ သူတို႔ေတြလက္ထပ္လိုက္တဲ့ကိစၥက တာ့ခ်ူအတြက္ ဘာမွမနစ္နာပါဘူး။ ေကာင္လိျပည္နဲ႔ တာ့ခ်ူကလည္း အၿမဲတမ္း ေကာင္းမြန္တဲ့ဆက္ဆံေရး ရိွခဲ့တာပဲ။ ေနာင္တစ္ခ်ိန္က် နယ္စပ္အေရးအခင္းေတျြဖစ္လာရင္ ေရႊလမ္းေငြလမ္းေဖာက္ထားတဲ့ ဒီဆက္ဆံေရးက ငါတို႔အတြက္ အက်ိဳးတစ္ခုခုေတာ့ ျဖစ္ထြန္းလာလိမ့္မယ္"
"နန္ယန္နယ္စပ္ဘက္ မၿငိမ္းခ်မ္းလို႔ စိတ္မခ်ဘူးဆိုရင္လည္း ရွီးနန္ဘက္ကပါ နန္ယန္ကို ေစာင့္ၾကည့္ေပးထားမယ္ေလ။ ကိုယ့္တာ၀န္သာ ထားလိုက္၊ ဘာမွ ေတြးပူစရာမလိုဘူး"
"ငါ မင္းဆီအပ္ထားခ်င္ရင္ေတာင္ မွဴးမတ္ေတြက လက္မခံေလာက္ဘူး။ ပုေရာဟိတ္အမတ္ႀကီးဘာေျပာမလဲဆိုတာကို ငါ ၾကားေယာင္ေနၿပီ"
"အရွင္မင္းျမတ္....ဒီကိစၥက လံုး၀ခြင့္ျပဳလို႔မရပါဘူးဘုရား"
သြမ့္ပိုင္ယြဲ႔က ခ်က္ခ်င္းပင္ ေလသံေျပာင္းသြားကာ ခ်ူယြမ့္ပါးႏွစ္ဖက္ကို လက္ႏွစ္ဖက္ဖက္ျဖင့္ အုပ္ကိုင္လိုက္ထားရင္း ေသာကပင္လယ္ေဝေနေသာမ်က္ႏွာထားျဖင့္ ဆက္ဆို၏။
"ရွီးနန္၀မ္က ဘယ္ေလာက္ေတာင္ ရိုင္းစိုင္းယုတ္မာမွန္း၊ အလိုေလာဘႀကီးၿပီး ေကာက္က်စ္စဥ္းလဲမွန္း တစ္တိုင္းလံုးတစ္ျပည္လံုးကေတာင္ သိၿပီးသားပါအရွင္။ ယူနန္နယ္တစ္ခုလံုးကို အုပ္စိုးခြင့္ရတဲ့ အာဏာကို ေပးလိုက္ရတာကေတာ့ ေရွာင္လႊဲလို႔ လံုး၀မရတဲ့ကိစၥမို႔ ထားလိုက္ပါေတာ့။ တကယ္လို႔မ်ား ရွီးနန္၀မ္ကိုသာ နန္ယန္နယ္ကိုအုပ္စိုးခြင့္ ထပ္ေပးလိုက္ရင္ေတာ့ နန္ယန္ကအင္အားေတြကိုစုရံုးၿပီး ရွီးနန္၀မ္ ပုန္ကန္ထႂကြလာရင္ ဘယ္ႏွယ့္လုပ္ၾကမလဲဘုရား။ ဒို႔တာ့ခ်ူရဲ့ အနာဂတ္၊ ဒို႔တိုင္းျပည္ရဲ့ ကံၾကမၼာကေတာ့ တကယ္ ရင္ေလးစရာ ျဖစ္ေတာ့မွာပါ၊ ေသခ်ာ ခ်င့္ခ်ိန္စဥ္းစားေပးေတာ္မူပါၪီး အရွင္မင္းျမတ္"
"ဟားဟားဟား"
ခ်ူယြမ္တစ္ေယာက္ ခြက္ထိုးခြက္လန္ရယ္လိုက္ရသျဖင့္ ဗိုက္သားပင္ ေအာင့္ကုန္ၿပီ။
" မင္းနဲ႔ပုေရာဟိတ္အမတ္ႀကီးနဲ႔က အဆက္အသြယ္ေတာင္ သိပ္မရိွၾကဘူးလားလို႔ပါ၊ ဘယ္လိုေတာင္ တစ္ေထရာတည္းတူေအာင္ အတုခိုးႏိုင္တာတုန္းဟင္"
"အဲ့ဘိုးေတာ္ေတြက ဘာပဲေျပာေျပာေနာက္ဆံုးေတာ့ ဒီအေၾကာင္းခ်ည္းပဲ ေရာက္ေရာက္လာတယ္ဆိုေတာ့ ဘာဆိုဘာမွ အပန္းတႀကီး စဥ္းစားၾကည့္ေနစရာကိုမလိုဘူး။ ေအးေဆး အတုခိုးလို႔ရတယ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ႏွာဖ်ားေလးကို ခ်စ္ျမတ္ႏိုးစြာ တစ္ခ်က္ ငံု႔နမ္းလိုက္ၿပီးသည္။
"သူတို႔ကို ဘာလို႔မႈရမွာလဲကြာ။ထားပါေတာ့၊ ဒီကိစၥကို အဲ့အခ်ိန္က်မွ ဆက္ရွင္းရေအာင္ပါ၊ ခုေလာေလာဆယ္ ေခါက္ဆြဲသြားစားၾကရေအာင္"
******
ဖူတာစားေသာက္ဆိုင္။
နာမည္ၾကားရတုန္းကေတာ့ ႀကီးက်ယ္ခမ္းနားမလိုလိုႏွင့္ တကယ္တမ္းက်ေတာ့ ေခါက္ဆြဲဆိုင္ေသးေသးေလး တစ္ခုသာ။ သြမ့္ပိုင္ယြဲ႔ကေတာ့ လူၾကားထဲတိုးေဝ႔ွကာ ေခါက္ဆြဲႏွစ္ပြဲသြား၀ယ္လာသည္။ ထို႔ေနာက္မ်က္ႏွာခ်င္းဆိုင္ရိွ လက္ဖက္ရည္ဆိုင္၏ အေပၚထပ္က သီးသန္႔ခန္းထဲ ယူလာခဲ့သည္။
"ဒီမွာစားရတာ ပိုၿပီးနားေအးတယ္"
"ေတာ္ေတာ္ေရာင္းေကာင္းတာပဲလား၊ မင္း အၾကာႀကီးသြား၀ယ္ေနတာဆိုေတာ့ ျပန္မလာေတာ့ဘူးလားလို႔ေတာင္ ေတြးမိသြားတယ္"
"ဘယ္ကလာ၊ ေရာင္းတဲ့ ဆိုင္ရွင္အဖိုးက စကားေပါေနတာ။ စကားေျပာရင္းလုပ္ေတာ့ လက္ကေနွးသြားေရာ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္အတြက္ ေခါက္ဆြဲေမႊေပးရင္း ဆက္ဆို၏။
"ၿမိဳ႔ထဲမွာ တစၧေတစ္ေကာင္ ေသာင္းက်န္းေနတယ္တဲ့"
"တစၧေသာင္းက်န္းေနတယ္၊ ဟုတ္လား"
"ဒါေပမယ့္ တစၧေသရဲပံုျပင္ မရိွတဲ့ ၿမိဳ႔ဆိုတာေရာ ရိွလို႔လား။ လမ္းႀကိဳလမ္းၾကားထဲ ေျပာေနက် ဇာတ္လမ္းေတြထဲက အသစ္အဆန္း ေနာက္တစ္ပုဒ္ေပၚလာတာပဲေနမွာပါ။ ဇာတ္လမ္းတိုင္းမွာလည္း တစၧေမေလးက နတ္သမီးေတြလို လွပေၾကာ့ရွင္းတဲ့ အလွမ်ိဳးနဲ႔ ၫွို႔ယူတယ္ဆိုတာေတြပဲ ေျပာၪီးမွာ။ စာတတ္ေပတတ္ပုဂၢိုလ္ေတြက သူတို႔ မိန္းမ မရႏိုင္တိုင္း ေလ်ွာက္ေလ်ွာက္ထြင္လိုက္တာ ေနမွာေပါ့ ။ မိန္းမေခ်ာေလးတစ္ေယာက္ေလာက္ ေဘးနားထားၿပီး ၀တ္ရံုလက္အနီကိုမ,ေပးမွ စာေပေလ့လာရတာ ပိုၿပီးရနံ႔သင္းပ်ံ့တယ္၊ ၾကည္ႏူးစရာေကာင္းတယ္ဆိုၿပီး သရဲတစၧေျဖစ္ရင္လည္း ရတယ္၊ မိန္းမျဖစ္ရင္ၿပီးေရာ ဆိုတဲ့လူေတြ ေလ်ွာက္ေရးလိုက္တာေနမွာေပါ့ကြာ"
"မင္းကေတာ့ေလ.....စာေပပညာရွင္ေတြ၊ မွဴးမတ္ေတြကို ဘာလို႔ သြားသြားၿပီး ခလုတ္တိုက္ေနတာတုန္း "
ညီလာခံထဲရိွရိွသမ်ွ မွဴးမတ္ေတြကလည္း သူ႔အေျပာအဆို အေထ့အေငါ့ မခံဖူးရတဲ့လူကို မရိွတာ၊ အခု ေခါက္ဆြဲစားေနရင္းနဲ႔ေတာင္ ထေျပာျပန္ၿပီ... ၾကည့္။
"အင္းပါ အင္းပါ၊ ေနာက္မေျပာေတာ့ပါဘူး။ ေနာက္ဆို ခ်ီးက်ူးစကားေတြပဲေျပာပါေတာ့မယ္"
ခ်ူယြမ္တစ္ေယာက္ သြမ့္ပိုင္ယြဲ႔ကို အျမင္ကတ္ကတ္ႏွင့္ စားပြဲေအာက္မွပင္ ေျခေထာက္ျဖင့္ လွမ္း၍ကန္ပစ္လိုက္သည္။ စားပြဲေပၚမွာေတာ့ ေအးေဆးေခါက္ဆြဲ ဆက္စားေနလ်က္ေပါ့။
ေခါက္ဆြဲအရသာမွာ အငန္ဘက္ အနည္းငယ္စြက္ၿပီး အရသာေကာင္းမြန္သည္၊ အနည္းငယ္ခ်ဥ္ေသာ ဇီးလက္ဖက္ႏွင့္ တြဲဖက္သံုးေဆာင္လိုက္ေတာ့ အေတာ္ေလး ခံတြင္းၿမိန္လွသည္။
********
"ဆရာအရွင္...ဒီတပည့္ကို ဆရာအရွင္ ကယ္မွရပါေတာ့မယ္"
ယာယီနန္းေဆာင္တြင္ျဖစ္ကာ ေထာင္လီတစ္ေယာက္ ၾကမ္းျပင္ေပၚဒူးေထာက္ေနလ်က္၊ မ်က္ႏွာထက္တြင္လည္း စိုးရိမ္ေသာကမ်ားျဖင့္ ျပည့္ႏွက္ေနလို႔။
"တပည့္လည္း ဘာလုပ္ရမွန္းမသိေတာ့ပါဘူး၊ တကယ့္ကို ျပႆနာတက္ေနပါၿပီ"
"ျပႆနာေပၚလာရင္ အျမန္ၿပီးေအာင္ ရွင္းရတယ္ကြ၊ မင္းမို႔လို႔ ဖြက္ထားေနတာ။ ကဲ....အရင္ဆံုး ထလိုက္ၿပီးမွ ဆက္ေျပာ"
ေထာင္လ်ဲန္တာက တစ္ခ်က္ေတာ့ ဆူပူလိုက္ေသး၏။
"ဟုတ္ကဲ့၊ တပည့္ ေပါ့ဆသြားခဲ့တာပါ။ ဒါေပမယ့္ ဒီမႈခင္းႀကီးကို ဘယ္ႏွယ့္လုပ္ရမလဲကို မသိေတာ့လို႔ပါ၊ ဆရာအရွင္ ကြၽန္ေတာ္မ်ိဳးကို နည္းလမ္းျပေပး သြန္သင္ေပးပါၪီးခင္ဗ်ာ"
"နည္းလမ္းျပေပးရမယ္ ဟုတ္လား။ ေအး...တရားနည္းလမ္းတက်နဲ႔ေျဖရွင္းတာေတာ့ အေကာင္းဆံုးပဲ၊ တရားခံက လူပဲျဖစ္ျဖစ္ သရဲတစၧေပဲျဖစ္ေနေန ရေအာင္ဖမ္းၿပီး အျပစ္ခံယူခိုင္းရမွာပဲ။ ဒါမွ မင္းလက္ခံရရိွထားတဲ့ ရာထူးအဆင့္အတန္းမွာ ေနရတာ ထိုက္တန္မွာေပါ့ "
"ဟုတ္ကဲ့ပါခင္ဗ်ာ ၊ဟုတ္ကဲ့"
ေထာင္လီ ေခါင္းညိတ္လို႔ကို မၿပီးေတာ့။
"ကဲ၊ ကဲ...မင္းလည္း မင္းအိမ္ကို ျပန္လိုက္ေတာ့။ အမႈစစ္စရာရိွတာကို လုပ္ရိုးလုပ္စဥ္အတိုင္းသာ စစ္ေဆးသြား။ အရွင္မင္းျမတ္ကိုေတာ့ ငါကပဲ ၾကည့္ၾကပ္ေလ်ွာက္တင္လိုက္မယ္။ အရွင္မင္းျမတ္ ေရႊၿမိဳ႔ေတာ္ ျပန္မႂကြေသးခင္မွာတင္ အမႈပိတ္ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။ဒါမွ ေနာင္က်ရင္ မင္းရဲ့အလုပ္တာ၀န္ကို မထိခိုက္မွာ"
"တပည့္နားလည္ပါၿပီ၊ ခုခ်က္ခ်င္းပဲ လူအင္အားတိုးၿပီး စံုစမ္းခိုင္းပါ့မယ္။ ဆရာအရွင္ကို အထူးေက်းဇူးတင္ပါတယ္ခင္ဗ်ာ"
"ေအး၊ အမႈစစ္ေဆးတယ္ဆိုတာကလည္း လူတစ္ေယာက္ကို ၫွဥ္းပန္းႏိွပ္စက္ၿပီး အတင္းအက်ပ္ ထြက္ဆိုခိုင္းရတာ မဟုတ္ဘူးဆိုတာ အမွတ္ရထားပါ။ ဘာမွမသိနားမလည္တဲ့ အျပစ္မဲ့ျပည္သူတစ္ေယာက္ေယာက္ကို ဖမ္းလိုက္ၿပီးေတာ့ တရားခံဆိုၿပီး လာလုပ္လို႔ မရဘူး၊ ဆရာေျပာတာကို နားလည္ရဲ့လား"
"ဟုတ္ကဲ့"
သို႔ႏွင့္ ေထာင္လ်ဲန္တာကကလည္း တပည့္ျဖစ္သူ ၿမိဳ႔စားမင္းအား ျပန္သြားခိုင္းလိုက္ကာ မိမိကိုယ္တိုင္ကလည္း မွဴးမတ္၀တ္စံု ဆင္ျမန္းလိုက္ၿပီး၊ ထို႔ေနာက္မွာေတာ့ ခ်ူယြမ္ဆီ သြားေရာက္ေလ်ွာက္တင္ရန္ ထြက္သြားေတာ့၏။ သို႔ေသာ္ ရွစ္ဇီကုန္းကုန္းႏွင့္သာ ဆံုခဲ့ကာ ဧကရာဇ္အရွင္မွာ မနက္အေစာႀကီးကတည္းက ေတာ္၀င္စာၾကည့္ေဆာင္ဘက္ထြက္သြားၿပီျဖစ္ေၾကာင္းကိုသာ သတင္းရလိုက္ရေလ၏။
******
"ကိုယ္ မင္ေသြးေပးရၪီးမလား"
"ဟင္၊ လုပ္တတ္တယ္ေပါ့...."
"ကိုယ့္ကို ဘာမွမတတ္ဘူးဆိုၿပီး ယူဆထားတယ္လို႔ေတာ့ လာမေျပာနဲ႔ေနာ္"
ကိုယ့္ဘာသာကိုယ္ စာတတ္ေပတတ္ပညာရိွႀကီးေတြကိုသာ မ်က္မုန္းက်ိဳးေနတာပါကြာ၊ ဘယ္လိုျဖစ္ၿပီး မင္ေတာင္မေသြးတတ္ဘူးဆိုတဲ့အဆင့္ထိ အထင္ေရာက္သြားတာတုန္း။
"၀တ္ရံုလက္အနီကို မ,ေပးမွ စာေပေလ့လာရတာ ရနံ႔သင္းပ်ံ့လွတယ္ဆိုတာ တျခားလူေတြနဲ႔သာဆိုရင္ ေျပာတာ၊ မင္းနဲ႔ဆိုရင္ေတာ့ ေျဗာင္းဆန္ခတ္ကုန္ေတာ့မွာပဲ။ အသာေလး ေနာက္ဆုတ္ေနစမ္း"
"ဘယ္သြားေနရမွာတုန္း"
"သြားအိပ္ေနေခ်"
သြမ့္ပိုင္ယြဲ႔က ဘာမွလုပ္စရာမရိွသျဖင့္ ခ်ူယြမ္ေရ႔ွတည့္တည့္တြင္ ေမးေထာက္ရင္း ဟိုလိုလွည့္ထိုင္လိုက္ ဒီလိုလွည့္ထိုင္လိုက္ႏွင့္ ထိုင္ေစာင့္ေနေလ၏။
သည္းမခံႏိုင္ေတာ့သည့္အဆံုး ေရးလက္စ စုတ္တံကို ခ်ူယြမ္ ခ်ပစ္လိုက္ကာ-
"မင္းရဲ့ေခါင္း ဒီေလာက္ႀကီးမွန္း ငါအရင္တုန္းက သတိမထားဖူးဘူးပဲ"
ရွီးနန္၀မ္ခမ်ာ စိတ္အေတာ္ရႈပ္သြားကာ ခ်ူယြမ္၏ အေနာက္ဘက္သို႔ အသာသြားထိုင္ရရွာေလ၏။
ခ်ူယြမ္လည္း မႏိုင္ဘူးဆိုၿပီး ေခါင္းတခါခါလုပ္ေနကာ ေနာက္ဆံုးေတာ့ အတူတူ အစီရင္ခံစာဖတ္ၾကရေအာင္ပါဟု ျပန္ေခၚလိုက္မည္အလုပ္၊ ပုေရာဟိတ္အမတ္ႀကီးမွ အခစား၀င္ရန္ ေတာင္းခံလာေၾကာင္း အျပင္မွ သံေတာ္ၪီးတင္လိုက္သည့္အသံကို ၾကားလိုက္ၾကရေလသည္။
သြမ့္ပိုင္ယြဲ႔ကေတာ့ သက္ျပင္းခ်လိုက္ကာ-
"ဒီအမတ္ႀကီးကို မေလးစားဘဲ မေနႏိုင္ေတာ့ဘူး"
ခ်ူယြမ္လည္း ခ်က္ခ်င္းပင္ သြမ့္ပိုင္ယြဲ႔အား အျမန္ေရွာင္ခိုင္းလိုက္သည္။ ထို႔ေနာက္တြင္မွ ပုေရာဟိတ္ အမတ္ႀကီးအား ၀င္ခြင့္ေပးလိုက္ေလ၏။
"အရွင္မင္းျမတ္"
ေထာင္လ်ဲန္တာတစ္ေယာက္ ၀င္လာသည္ႏွင့္ ခ်က္ခ်င္းပင္ ခ်ူယြမ္ေရ႔ွေမွာက္၌ ဒူးတုပ္ခစားလိုက္ေလသည္။
"အမတ္မင္း၊ ထလိုက္ပါေလ...."
ထိုသို႔ေသာအျခင္းအရာကိုျမင္ေတာ့ ခ်ူယြမ္လည္း ဆရာျဖစ္သူကို အျမန္ပင္ အေျပးေဖးမယူလိုက္ရသည္။
"ဘာကိစၥရိွလို႔တုန္း၊ ဒီတိုင္းေျပာလည္း ရေနတာကို ဘာလို႔ ကိန္းႀကီးခန္းႀကီး လုပ္ေနရတာလဲ"
ကန္႔လန္ကာေနာက္ရိွ သြမ့္ပိုင္ယြဲ႔ကလည္း မ်က္ေမွာင္ၾကဳတ္သြား၏။
အေျခအေနၾကည့္ရသေလာက္ေတာ့ ေနာင္က်ရင္ ဟိုတစ္ေယာက္ နားခ်ိန္ ရေတာ့မယ္မထင္ေတာ့ဘူး။
*******
2020.07.07.
Thz for loving this story, giving stars and leaving comments.
T/n : ဧကရာဇ္ခ်ူရဲ့ မိဖုရားေလးကေတာ့ ၀တ္ရံုေတာ္ၫွိေပးရတဲ့အဆင့္ကေနကို မတက္ေတာ့ဘူး။
*******