[ဆန်တောင် မဆေးတတ်ဘူးဆိုတော့ ဘယ်နှယ့်လုပ်ကြမလဲ]
"အရှင်မင်းမြတ်က ကူအဆိပ်သင့်နေတယ် ဟုတ်လား"
နန်မော်ယဲ့ မျက်မှောင်ကြုတ်သွား၏။
"ဟုတ်ကဲ့၊ အဲ့ဒီယွဲ့မင်ကူပိုးကောင်က ဘယ်လိုပိုးကောင်မျိုးလဲဆိုတာ ရှစ်ဖူးသိလား"
သွမ့်ပိုင်ယွဲ့အမေးကို နန်မော်ယဲ့က ခေါင်းညိတ်လိုက်သည်။
"ငါ အရွယ်ကောင်းတုန်းကတော့ တွေ့ဖူးတယ်၊ စိတ်၀င်စားစရာမကောင်းတာနဲ့ ဆက်မမွေးဖြစ်တာ"
"ဒီယာယီနန်းဆောင်၀င်းအတွင်းမှာ အဘိုးအိုတစ်ယောက်ရှိတယ်။ သူက ချောင်ယာလူမျိုးရဲ့ နောက်ကြောင်းတွေ တော်တော်သိထားတယ် ၊ အဲ့ကျွန်းကို ရောက်ဖူးတဲ့ပုံပဲ"
"အိုး ၊ ဒါဆို ဖန်ရှင်းအကြောင်းလည်း သိမှာပေါ့"
သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထို့နောက် ချူယွမ့်ဘက် တစ်ချက်လှည့်ကြည့်ပြီးခါမှ ဆက်ဆို၏။
"ယွဲ့မင်ကူအဆိပ်ပိုးက ဖန်ရှင်းကို အရောင်လင်းအောင်လုပ်နိုင်တယ်။ ဖန်ရှင်းရဲ့အလင်းရောင်က သမုဒ္ဒရာအောက်ခြေက လန်ဟိုငါးအုပ်စုကို လှုပ်နှိုးနိုင်တယ်။ အဲ့ဒီငါးအုပ်နောက် လိုက်သွားရင် ချောင်ယာလူမျိုးစုတွေ အရမ်းလိုချင်နေကြတဲ့ ရတနာသိုက်ရဲ့ မြေပုံတစ်ခြမ်းကို ရှာတွေ့မယ်"
နန်မော်ယဲ့က ထိုသို့ကြားတော့ နှုတ်ခမ်းဆူကာ ခေါင်းခါရင်း မှတ်ချက်ဆို၏။
"မြေပုံတစ်ခြမ်းစာအတွက်နဲ့ကို ဒီလောက်ထိ မိုက်ရူးရဲဆန်နေကြတာလားဟ"
"ဒီကိစ္စက နောက်မှ ဆက်ပြောမယ်၊ သိပ်လောစရာ မလိုဘူး။ ရှစ်ဖူးက ယွဲ့မင်ကူအဆိပ်ပိုးကို တွေ့ဖူးတယ်ဆိုတော့ အဲ့ကောင်ကို ဘယ်လိုထုတ်ရမယ်ဆိုတာ သိလောက်ပါတယ်နော်"
"ယွဲ့မင်ကူအဆိပ်ပိုးက မင်းရဲ့ရွှေချည်ပိုးကောင်လောက် အန္တရာယ်မများဘူး၊ လူကိုလည်း မထိခိုက်စေဘူး။ မင်းမပြောနဲ့၊ ရှီးနန်စံအိမ်တော်က ဆေးဆရာတောင် အေးဆေး ထုတ်တတ်တယ်ကွ။ ဒါပေမယ့် ဆရာ့မျက်လုံးတွေက မှုန်နေပြီကွာ၊ ဒီကိစ္စကို မင်းကပဲ ဒိုင်ခံ ရှင်းလိုက်တော့"
"ဟုတ်ကဲ့"
ခုမှ သွမ့်ယောင် သက်ပြင်းချနိုင်တော့၏။
သြ....အဆိပ်ဖယ်ထုတ်ဖို့အတွက်ကိုး။
ဟင်းရည်ပြုတ်သောက်ဖို့မဟုတ်ဘူးတဲ့။
ခရမ်းရောင်ဖားပြုပ်ကြီးကို ချန်ထားခဲ့ပြီးနောက် နန်မော်ယဲ့နှင့် သွမ့်ယောင်တို့နှစ်ယောက်စလုံး အပြင်ထွက်သွားကြသည်။ နန်းဆောင်အပြင်ဘက်တွင်လည်း ရှစ်ဇီကုန်းကုန်း စောင့်ဆိုင်းနှင့်နေသည်။ ထိုနှစ်ယောက်ထွက်လာသည်ကို မြင်တော့ ၀မ်းသာအားရ နှုတ်ဆက်လာ၏။
"သွမ့်ရှောင်၀မ်ရယ်၊ လူကြီးမင်းနန်"
လက်စသတ်တော့ ရှီးနန်၀မ်ရဲ့ဆရာက ဧကရာဇ်အရှင်ကို အသက်ဘေးကနေ ကယ်တင်ပေးခဲ့တဲ့ အဘိုးကြီးပိုင်လိုင်ချိုင်ပါပဲလား။
ဒီလိုဆိုရင် ပိုကောင်းတာပေါ့၊ ပြောဆိုဆက်ဆံရတာ ပိုအဆင်ပြေသွားပြီ။
********
"အဲ့အကောင်ကို ယူပြီး.....ဘာလုပ်ဖို့လဲ"
ချူယွမ်က စားပွဲထက်ရှိ ပခြုပ်ဆီ လက်ညှိုးထိုးပြီး မေးလာ၏။ သွမ့်ပိုင်ယွဲ့က ဆေးဘူးကို ဖွင့်လိုက်ရင်းနှင့်မှ ဖြေလာသည်။
"ခရမ်းရောင်ဖားပြုပ်က သာမန်ဖားပြုပ်တွေနဲ့ မတူဘူး"
"မင်းမပြောပြလည်း ကြည့်ရုံနဲ့သိပါတယ်"
ဘယ်ဖားပြုပ်ကမှ ဒီလိုအရောင်မျိုးရှိမှာမဟုတ်ဘူး၊ ခရမ်းရင့်ရောင်နဲ့ မည်းကြုတ်နေတဲ့အပြင် တစ်ကိုယ်လုံးလည်း ပြောင်လက်နေတာပဲ။ ထိမိလိုက်ရင် လက်ကြီးပါ ဖောင်းကားယောင်ကိုင်းသွားတော့မယ့်အတိုင်းပဲ။
"မင်းကို ပေးမထိစေရဘူး ၊ စိတ်ချ။ သူ့ဆီက အဆိပ်နည်းနည်းလေးယူပြီး သုံးမလို့"
"သြော်...."
"ကူအဆိပ်ပိုးကောင်ဆိုတာ တခြားပိုးကောင်နဲ့မတူဘူး။ မင်းထဲမှာ ဆယ်နှစ်ကျော်လောက်ရှိလာတာ ၊ အနည်းဆုံး တစ်ခုမဟုတ် ထိခိုက်ထားမှာပဲ။ ပိုဆိုးတာက အဲ့ကောင်တွေကိုထုတ်ဖို့ ခရမ်းရောင်ဖားပြုပ်အဆိပ်ကို သုံးရမှာ။ နည်းနည်းလေးပဲ သုံးမှာဆိုပေမယ့် ဘာပဲပြောပြော အဆိပ်ဆိုတာက အဆိပ်ပဲလေ ၊ အဲ့တော့ အဆိပ်နှစ်မျိုးလုံးနဲ့အာနိသင်တွေ ထည့်တွက်လိုက်ရင် ဒီနေ့ကစပြီး နောက်နှစ်ရက်သုံးရက်အတွင်း မင်း ကိုယ်ပူပြီးဖျားလာနိုင်တယ်၊ ကိုယ်လက် ကိုက်ခဲလာနိုင်တယ်။ ဒါပေမယ့် ဒီဟာလေးတွေကိုကျော်ဖြတ်သွားနိုင်ရင် ဘာပြဿနာမှမရှိတော့ပါဘူး"
"ရပါတယ်"
ချူယွမ်က ခေါင်းညိတ်လက်ခံလိုက်၏။
"ကိုယ် မင်းဘေးနားမှာ အမြဲရှိနေမှာမို့ ဘာမှ ကြောက်စရာမလိုဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ်လက်ပေါ် အနမ်းတစ်ပွင့် အပ်နှင်းလိုက်ရင်း အားပေးစကားဆိုလာ၏။ ချူယွမ်ကတော့ ပြုံးပြီးငေးကြည့်နေလျက်။
ထို့နောက် သွမ့်ပိုင်ယွဲ့က အပ်တစ်ချောင်းကိုယူလိုက်ကာ ဖားပြုပ်ကြီးကို လှမ်းယူပြီး ၎င်း၏ကျောပေါ်သို့ အပ်ဖြင့်စိုက်လိုက်ကာ အဆိပ်အနည်းငယ်ကို ထုတ်ယူလိုက်၏။
"အွပ်!!!!"
ဖားပြုပ်ကြီးက သိပ်ကျေနပ်သည့်ပုံမပေါ်၊ နာကျင်မှုကြောင့် ၎င်း၏ တုတ်ခိုင်၀ဖြိုးသော ခြေလေးချောင်းလုံးမှာ ဆန့်ကားသွားရရှာ၏။
"နည်းနည်းလေးတော့ ထုံသွားမယ်၊ လုံး၀မနာစေရဘူး ။ အလွန်ဆုံးရှိ တစ်နာရီပဲကြာမယ်၊ ပြီးရင် သက်သာသွားလိမ့်မယ်၊ ဟုတ်ပြီလား"
ချူယွမ်က ခေါင်းညိတ်လိုက်ရင်း အင်္ကျီချွတ်ပေးလိုက်သည်။ထို့နောက် သလွန်တော်ထက် ၀မ်းလျားမှောက်အိပ်လိုက်ကာ သွမ့်ပိုင်ယွဲ့ရှိရာဘက်သို့ မျက်နှာလှည့်ထားလိုက်၏။
သွမ့်ပိုင်ယွဲ့လည်း သလွန်တော်အစွန်းနား နေရာယူလိုက်ပြီးနောက် ချူယွမ့်နဖူးပြင်ထက် အနမ်းဖွဖွတစ်ပွင့် ထပ်မံခြွေချလိုက်သည်။
ချူယွမ်က ပျင်းရိလေးတွဲ့စွာ ပြောလာ၏။
"အပြင်က သမားတော်တွေသာ မင်းလုပ်နေသလိုမျိုး ဆေးကုပေးနေမယ်ဆိုရင်တော့ အတိုင်ခံကြရလောက်ပြီ"
သွမ့်ပိုင်ယွဲ့ ရယ်မောမိသွားသည်။
ထို့နောက် ညာလက်က အပ်တစ်ချောင်းထုတ်လိုက်ပြီး ဘယ်ဘက်လက်မကတော့ ချူယွမ်နောက်ကျောပြင်ထက်က ထိုအဖု မာမာလေးပေါ် ပွတ်သပ်နှိပ်နယ်ပေးနေသည်။
ချူယွမ် မျက်စိစုံမှိတ်ထားလိုက်၏။
သွမ့်ပိုင်ယွဲ့က ထိုအပ်ဖြင့် ဖားပြုပ်အဆိပ်အနည်းငယ်ကို တို့ယူလိုက်ကာ ချူယွမ့်အရေပြားထက်သို့ ဂရုတစိုက် စိုက်ချလိုက်သည်။
တကယ်ပင် လုံး၀မနာပေ။
လုံး၀မနာသည့်အပြင် ရှိန်းမြမြအေးစိမ့်သွားကာ နေလို့ကောင်းနေသည်။ သို့သော် ထိုဖားပြုပ်ကိုပြေးမြင်မိတိုင်းတော့ ချူယွမ် တစ်ချက်တစ်ချက် လန့်ဖျတ်နေရဆဲ။
"ဟင်...ဘာဖြစ်လို့တုန်း"
သွမ့်ပိုင်ယွဲ့လက်များ ခေတ္တ တုံ့ဆိုင်းသွား၏။
"ဘာမှမဟုတ်ပါဘူး"
ချူယွမ်က သွမ့်ပိုင်ယွဲ့လက်ဖမိုးပေါ် မေးတင်လိုက်ကာ ဆက်ဆို၏။
"နည်းနည်းလေး ထုံသွားရုံတင်"
သွမ့်ပိုင်ယွဲ့လည်း ပြန်လည်စိတ်ချသွားကာ နောက်အပ်တစ်ချောင်းကို ထပ်ထုတ်လိုက်၏။ ထို့နောက် ဖြည်းညှင်းစွာ ထပ်စိုက်လိုက်သည်။
ချူယွမ် နာသွားမည်ကိုစိုးရိမ်သဖြင့် သွမ့်ပိုင်ယွဲ့လည်း မိမိ၏လှုပ်ရှားပြမူမှုမှန်သမျှကို သေချာထိန်းချုပ်ရင်း အနူးညံ့ဆုံး၊ အသိမ်မွေ့ဆုံး ညင်သာစွာ ဂရုစိုက်ပေးနေ၏။
နန်းဆောင်ပြင်ပ၌ ရပ်စောင့်နေသော သွမ့်ယောင်ကတော့ တဝါးဝါးသမ်းလိို့ကောင်းနေပေပြီ။
ဘာလို့ မပြီးသေးတာလဲ။ ပြဿနာတစ်ခုခုတက်လို့တော့ မဟုတ်လောက်ပါဘူးနော်။
သေချာပြန်စဥ်စားလိုက်တော့ မည်သည့်ပြဿနာမှမဖြစ်လောက်ပေ။ တကယ်ပြဿနာတက်နေလျှင် သူ၏ နောင်တော်ကြီး မှာ ဖြူဆုတ်နေသောမျက်နှာနှင့် ချက်ချင်း အပြင်ထွက်လာကာ အကူအညီလာတောင်းပြီးလောက်ပြီဖြစ်သည်။ ယခုလို ငြိမ်သက်တိတ်ဆိတ်နေမည်တော့ မဖြစ်နိုင်ပေ။
"ချစ်ရတဲ့လူနဲ့ဆိုတော့ တတ်နိုင်သလောက် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးတာ သဘာ၀ပဲလေ"
နန်မော်ယဲ့က ဘေးကနေ ရှင်းပြလေသည်။
သွမ့်ယောင် ထိုစကားကိုကြားတော့ အစပိုင်းတော့ ခေါင်းတညိတ်ညိတ်လုပ်နေသေးသည်။ခဏနေတော့ ချက်ချင်းပင် ပြန်ပြီး ၀မ်းနည်းသွားရ၏။
သူ မတော်တဆ အဆိပ်သင့်သွားတုန်းကကျတော့ အစ်ကိုဖြစ်သူရော ၊ ဆရာဖြစ်သူကပါ နှစ်ယောက်သားလုံး မိမိအပေါ် စိတ်ရှည်သည်းခံခြင်းမရှိခဲ့ကြပါ။ တစ်ယောက်က ခြေလက်များကို ချုပ်နှောင်ပေးထားကာ တစ်ယောက်က အပ်ဖြင့်စိုက်၏။ နှစ်ချက်သုံးချက် စွပ်ခနဲ စွပ်ခနဲ စိုက်ချလိုက်၊ ပြန်ထုတ်လိုက်တိုင်း ပိုးကောင်တွေ ပါလာလိုက်နှင့်။ ပိုးကောင်ထုတ်ပြီးသွားတာတောင် ဒဏ်ရာသက်သာအောင် ကူမှုတ်ပေးမည့်သူလည်း မရှိ။
*****
"နောက် နာရီ၀က်နေရင်တော့ အပ်တွေထုတ်လို့ရပြီ"
သွမ့်ပိုင်ယွဲ့က ချူယွမ်မျက်နှာနှင့် ခပ်တန်းတန်းဖြစ်အောင် သလွန်ဘေးနား ဒူးထောက်ထိုင်လိုက်ကာ ဆက်မေး၏။
"နာရဲ့လား"
ချူယွမ်က ခေါင်းခါလိုက်သည်။
"ဘာမှ မခံစားရဘူး"
"အင်း၊ ဒီဖားပြုပ်အဆိပ်က ထုံကျဥ်သွားစေနိုင်တဲ့အစွမ်းရှိတယ်။ နောက်နှစ်ရက်သုံးရက်ကျရင် သက်သာသွားလိမ့်မယ်နော်။ အခု နာတဲ့နေရာမရှိဘူးဆိုတော့လည်း ကောင်းနေပါပြီ"
ခေါင်းအုံးဘေးနားချထားသော သွမ့်ပိုင်ယွဲ့၏လက်ကို ချူယွမ် လှမ်းကိုင်ထားလိုက်သည်။ ခဏကြာတော့ ချူယွမ်က သွမ့်ပိုင်ယွဲ့လက်ကို သူ့ဆီပို၍နီးကပ်အောင် ဆွဲယူလိုက်ပြီး သွမ့်ပိုင်ယွဲ့လက်ပေါ် မျက်နှာအပ်ထားလိုက်သည်။
သွမ့်ပိုင်ယွဲ့ကတော့ ပြုံးနေလျက်။
ထို့နောက် ချူယွမ့်ဘေးနား ပြန်ထိုင်ရင်း အဖော်ပြုပေးနေလိုက်သည်။
အချိန်ကုန်ဆုံးသွားသည်မှာ မြန်နေသယောင်ပင်။ အချိန်ကျပြီဖြစ်၍ ထိုအပ်များကို ဆွဲထုတ်ကြည့်လိုက်တော့ အပ်ဖျားတွင် ဆံနွယ်များကဲ့သို့ သေးသွယ်ရှည်လျားသော ၊ ငွေချည်မျှင်အဆင်းရှိ ပိုးကောင်များ ခုနစ်ကောင်ရှစ်ကောင်မျှ ရစ်ပွတ်ခွေထွေးပြီး ပါလာ၏။ အင်မတန်မှ သေးမျှင်လှပါပေသည်။
ချူယွမ် ချက်ချင်း မျက်နှာလွှဲလိုက်၏။
သွမ့်ပိုင်ယွဲ့ကတော့ ထိုပိုးကောင်များကို ပုလင်းတစ်ခုထဲ ထည့်ထားလိုက်ပြီးနောက် သေချာလုံအောင် အဖုံးပိတ်ထားလိုက်သည်။
ထိုအခြင်းအရာကို ချူယွမ်မြင်တော့ -
"မီးမမြှိုက်ပစ်တော့ဘူးလား"
သွမ့်ပိုင်ယွဲ့က ချူယွမ်အား ထထိုင်နိုင်ရန် အသာဖေးမပေးရင်း-
"ချောင်ယာလူမျိုးကိစ္စမှ မပြီးပြတ်သေးတာ၊ နောက်သုံးလေးရက်လောက် ဆက်သိမ်းထားလိုက်ဦးမယ်။ နောက်မှ မီးမြှိုက်ပစ်လိုက်လို့လည်း နောက်မကျသေးပါဘူး "
ချူယွမ် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်လေသည်။
"မင်းသဘော...."
"ဒီနေ့ကစပြီး နောက်နှစ်ရက်အတွင်း ဘယ်မှမသွားရဘူးနော်။ မိုးမီးလောင်မယ့်ကိစ္စ ဖြစ်လာရင်တောင် တခြားလူကို လွှဲထားရမယ်၊ ကြားလား။ သေချာလေး အနားယူပေးရမယ်"
သွမ့်ပိုင်ယွဲ့က ချူယွမ့်၀တ်ရုံများကို သေချာသပ်ရပ်စွာ ကူညီ၀တ်ဆင်ပေးလိုက်သည်။
"ခါးတစ်ဝိုက်က ဘာဆိုဘာမှတောင် မခံစားရတော့ဘူး၊ ထုံနေပါတယ်ဆိုနေ၊ ဘယ်တွေ လျှောက်သွားနိုင်မှာတဲ့တုန်း"
ချူယွမ်က သလွန်ခေါင်းရင်းကို မှီပြီးထိုင်ရင်း ဆက်မေးလာ၏။
"ဒီမတိုင်ခင်က ထူပူကျဲ့လည်း ဖန်ရှင်းကိုအရောင်လင်းအောင်လုပ်နိုင်တယ်လို့ မင်းပြောဖူးတယ်နော်။ ဒါဆို သူ့ထဲမှာလည်း ယွဲ့မင်ပိုးကောင်ရှိနေတာပေါ့"
"အင်း ၊ ဖြစ်နိုင်ချေ များတယ်"
"ဒါဆို သူက ချောင်ယာကျွန်းသားများလား၊ ဒါမှမဟုတ် အဲ့ကျွန်းကို သွားခဲ့ဖူးတာလား"
"ဒါတော့ ဖြစ်နိုင်ချေမရှိဘူး။ လူကြီးမင်းထူက တာ့ချူမှာမွေးတဲ့ တာ့ချူသားစစ်စစ်ပဲ၊ နောင်တော်ကုနဲ့ တစ်နယ်တည်းသားတွေ။ ကျင်းရှီးမှာ ကျက်စားနေထိုင်တယ်၊ ပြီးတော့ ရှီးနန်မှာ ဆယ်စုနှစ်တစ်ခုလောက်စာလောက်တောင် အချုပ်ခံထားရတယ်။ ရေလည်းမကူးတတ်ဘူး၊ ပင်လယ်ဘက်လည်း မသွားဖူးဘူး။ သေချာပေါက် ချောင်ယာကျွန်းဘက် မသွားဖူးလောက်ဘူး"
"ဒါဆိုရင် ဆွီကျူးချိုးထုတ်ထားတဲ့ဆုကြေးအတွက် လူလိုက်သတ်ပေးရင်း အဆိပ်မိသွားတာပေါ့။ လူချင်းထိပ်တိုက်တွေ့လိုက်ရတဲ့အချိန် ဒီလောက်တိုတိုလေးမှာတင်ကိုလေ....."
"အင်း၊ ဖြစ်နိုင်တယ်"
ချူယွမ် မျက်မှောင်များကျုံ့ကာ စဥ်းစားခန်း၀င်သွားပြန်၏။
သွမ့်ပိုင်ယွဲ့က ချူယွမ့်ပုံစံကိုမြင်တော့ လက်ကိုဆန့်တန်းပြီး ချူယွမ်၏မျက်မှောင်နားကို နှိပ်နယ်ပေးရင်း စိတ်မောစွာ ဆိုလာ၏။
"ခုလေးတင် အဆိပ်ထုတ်ပြီးသွားတာကို၊ နည်းနည်းလေးတောင် အနားမယူတော့ဘူးလား"
ချူယွမ်က သူ့အားကြည့်လာကာ -
"မအိပ်ချင်သေးလို့ ။ အင်း၊ ထူပူကျဲ့ဆီမှာသာ ယွဲ့မင်ပိုးကောင် ရှိနေသေးတာမှန်ရင်တော့ ချောင်ယာရှေးလူကြီးတွေ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတုန်းက ယွဲ့မင်ပိုးကောင်တွေကို အကုန်ရှင်းမသွားနိုင်ခဲ့ဘူးဆိုတဲ့အချက်တော့ တပ်အပ်မှန်သွားပြီ ။ အနည်းဆုံး အဲ့ကျွန်းပေါ်ကတစ်ယောက်ယောက်ဆီမှာတော့ ယွဲ့မင်ပိုးကောင် ရှိကိုရှိနေလိမ့်မယ်။ ဒါကြောင့်လည်း ထူပူကျဲ့ထဲကို အဆိပ်ထည့်နိုင်ခဲ့တာ။ တမင်ပဲလုပ်တာလား၊ မတော်တဆလား မသိပေမယ့်၊ ကျန်ရစ်တဲ့ ချောင်ယာလူစုတွေက ဒီအကြောင်းကိုသိနေမယ်လို့ ယူဆရတယ်။ ဒါမှမဟုတ် လုံး၀မသိအောင် ဖုံးကွယ်ခံနေရတာလည်းဖြစ်နိုင်တယ်"
"အချင်းချင်း ဗိုလ်ကျပြီး လူလည်လုပ်ချင်တာမျိုးက သူတို့အတွက်တော့ ရိုးနေလောက်ပါပြီ"
"အင်း၊ ထူပူကျဲ့ရော ဒီကိုလိုက်လာမှာလား"
"ဟင့်အင်း၊ သူကတော့ မြို့တော်ထဲမှာ ကျန်ခဲ့တယ်။ စောနလေးတင်မှ လူလွှတ်ပြီး သွားခေါ်ခိုင်းလိုက်ပြီ။ ရောက်လာတော့မှ သူ့ထဲမှာလည်း မင်းလို ယွဲ့မင်ကူပိုးကောင်ရှိမရှိ စစ်ကြည့်ကြတာပေါ့"
ချူယွမ် အသာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကိုယ် ရှစ်ဇီဆီသွားပြီး အထဲကိုရေနွေးယူလာပေးခိုင်းဖို့ သွားပြောလိုက်ဦးမယ်လေနော်။ ဒါမှ မင်း မျက်နှာသစ် ပလုတ်လေးကျင်းနိုင်မှာ။ ပြီးရင် အေးဆေး အိပ်လိုက်တော့၊ ဟုတ်ပြီလား "
"အစောကြီးရှိသေးတာကို....."
"အခု လှုပ်လို့တောင်မရတဲ့ဟာကို ခုထက်စောနေရင်လည်း အိပ်ရမယ်။ မအိပ်ဘဲနေရင် အစီရင်ခံစာတွေကို ဘယ်လိုဖတ်နိုင်မှာတဲ့လဲ"
သွမ့်ပိုင်ယွဲ့က ချူယွမ်ခေါင်းကို မြတ်နိုးစွာ ပွတ်သပ်လိုက်ပြီးနောက် အခန်းအပြင်ဘက်သို့ ထွက်သွားတော့သည်။
အပြင်ဘက်က ထိုသုံးယောက်လည်း သူထွက်လာသည်နှင့် မတိုင်ပင်ရပါဘဲ ပြိုင်တူပင် မတ်တတ်ရပ်လိုကိ၏။
သွမ့်ပိုင်ယွဲ့ - "......."
အရမ်းကို လူညီနေတာပဲနော်။
"အရှင်မင်းမြတ် ဘယ်လိုနေသေးလဲခင်ဗျာ၊ ၀မ်ရယ်"
"ဘာမှမဖြစ်တော့ပါဘူး ၊ ကုန်းကုန်း။ ဒါပေမယ့် ဖားပြုပ်ရဲ့အဆိပ်ကြောင့် ခါးအောက်ပိုင်းတစ်လျှောက် ထုံနေသေးတယ်၊ တစ်ညလောက်အိပ်လိုက်ရင်တော့ သက်သာသွားပါလိမ့်မယ်"
ရှစ်ဇီလည်း ခေါင်းတညိတ်ညိတ် လုပ်နေ၏။
"ရှစ်ဇီကို ရေနွေးပူပူလေး သွားယူခိုင်းချင်လို့၊ ပူလေကောင်းလေပဲ"
ရှစ်ဇီလည်း ချက်ချင်းပင် အပြေးထွက်သွားလေ၏။
သွမ့်ပိုင်ယွဲ့က ညီဖြစ်သူထံသို့ ဖားပြုပ်ကြီးကိုပြန်ပေးလိုက်ကာ-
"ဘေးအဆောင်က လူရှင်းတယ်၊ မြန်မြန်သွားပြီး အနားယူလိုက်တော့"
နန်မော်ယဲ့ကတော့ သူ့အား မျှော်လင့်ချက်များဖြင့် ပြည့်၀တောက်ပနေသော မျက်လုံးရွှဲကြီးများနှင့် ကြည့်နေဆဲ။
"ရှစ်ဖူး....။ အနားမယူချင်သေးရင်လည်း မြို့ထဲ သွားပြီး လမ်းသလားနေလိုက်တော့။ ဘယ်သူမှ ဆွဲမထားဘူး"
သွမ့်ပိုင်ယွဲ့က အေးစက်စွာ ဖြေလိုက်သည့်တိုင် နန်မော်ယဲ့က ခပ်တိုးတိုးလေသံဖြင့် ထပ်မေးလာ၏။ လမ်းဘေးစျေးသည်တစ်ယောက်က လမ်းသွားလမ်းလာများအား ကာမအားတိုးဆေး အတင်းထိုးရောင်းနေသောအသံမျိုး ဖြစ်သည်။
"ကောင်းကင်ကချီးမြှောက်တဲ့ ဆုလာဘ်ကြီးက ရှေ့တည့်တည့် ပြုတ်ကျလာတာကိုတောင် လက်လွှတ်လိုက်ပါ့မယ်ဆိုပြီး ငါ့လာမပြောနဲ့နော်။ ငါ့ဆီက ဟေဟွမ်ပိုးလေးပါ ယူဦးမလား"
သွမ့်ပိုင်ယွဲ့ ချက်ချင်းပင် အခန်းထဲသို့ ချာခနဲ လှည့်ပြန်သွား၏။
နန်မော်ယဲ့ကတော့ တပည့်ဖြစ်သူကို ငေးကြည့်နေမြဲ၊ လမ်းခုလတ်ကနေများ ပြန်ပြီး လှည့်ကြည့်လို လှည့်ကြည့်ငြားပေါ့။
********
ရှစ်ဇီကုန်းကုန်းလည်း ရေနွေး အမြန်လာရောက်ဆက်သပေးရှာသည်။သွမ့်ပိုင်ယွဲ့လည်း အ၀တ်စတစ်ခုယူကာ ရေနွေးပူပူထဲစိမ်ပြီးနောက် သေချာရေညှစ်လိုက်ကာ အပ်စိုက်ထားသောနေရာများအား လိုက်၍ အုပ်ပေးလေသည်။ ထို့နောက် ဆေးထပ်လိမ်းပေးကာ ၀တ်ရုံပြန်၀တ်ပေးလိုက်လေသည်။
"မင်းလက်တွေ... နီရဲယောင်ယမ်းကုန်ပြီ"
"ရပါတယ်။ တော်တော်လေး ပူနေမှ အာနိသင်ရှိမှာလေ။ မဟုတ်ရင် မနက်ဖြန်ကျ အပ်စိုက်ထားတဲ့နေရာတွေ ယောင်ယမ်းပြီး ကိုက်ခဲကုန်မှာပေါ့"
သွမ့်ပိုင်ယွဲ့က သလွန်ဘေးနားတွင် ထိုင်ရင်း အေးဆေးသာ ဆက်ဆိုလာ၏။
"ကိုယ့်လက်တွေ ဒီလောက်ကြမ်းတမ်းပြီး အရေထူနေတာကို.... ရေနွေးပူလောင်တာလောက်နဲ့တော့ ဘာမှမဖြစ်ပါဘူး"
ချူယွမ် မနေနိုင်တော့ဘဲ သွမ့်ပိုင်ယွဲ့လက်များကို လှမ်းယူလိုက်ကာ နမ်းရှိုက်လိုက်လေသည်။
သွမ့်ပိုင်ယွဲ့ နှုတ်ခမ်းများ ကွေးညွှတ်သွားလျက်။
"ရေနွေးပူလောင်လို့ တကယ်ဒဏ်ရာရသွားမယ်ဆိုရင်တောင် တန်သွားပြီ"
"အင်း၊ မနက်ဖြန်ကျရင်လေ ပုရောဟိတ်အမတ်ကြီးနဲ့ တိုင်ပင်ဆွေးနွေးစရာကိစ္စရှိသေးတယ်။ ငါ သလွန်တော်ပေါ် ဆန့်ဆန့်ကြီး မလှုပ်မယှက် အိပ်နေတာ သူသာ လာမြင်လိုက်ရင်တော့ အရမ်းလန့်သွားမှာ။ ပြီးတော့ ငါနဲ့လိုက်လာတဲ့ နန်းတွင်းသမားတော်လည်း အများကြီးပဲ။ သူတို့ကို ဘယ်လို ဆင်ခြေပေးရမလဲဆိုတာ တစ်ချက် ကူတွေးပေးစမ်းပါ"
"ဒီလောကကြီးမှာ ထူးခြားဆန်းပြားနေတဲ့ ရောဂါအဆန်းတွေမှ အများကြီး။ နန်းတွင်းသမားတော်ကြီးတွေမပြောနဲ့၊ တောင်သခင်ယဲ့တောင်မှ အကုန်အစင် မသိနိုင်ဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် ကိုယ်လက်သန့်စင်ရာ၌ ကူညီပြုစုပေးရင်း ဆက်ဆိုသည်။
"မင်း တစ်ညလုံး အစီရင်ခံစာတွေ ဖတ်နေတယ်ပေါ့၊ မနက်နှိုးလာတော့ ခါးရော ခြေထောက်တွေရော ညောင်းညာပြီး ထုံကျင်ကိုက်ခဲသွားတယ်။ ပြီးတော့ အဖျားအရမ်းကြီးပြီး ဘယ်လိုလုပ်လုပ် အဖျားက ပြန်မကျသေးဘူးလို့သာ ရှစ်ဇီကိုပြောပြထားခိုင်းလိုက်။ ဒါတောင်မှ အရင်ဧကရာဇ်မျက်နှာကိုထောက်ထားပါဦးဘာညာ လာပြောရဲဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"
ချူယွမ် ခေတ္တမျှ တွေးတောချင့်ချိန်နေပြီးနောက် ၀မ်းသာအားရ ချီးမွမ်းလာ၏။
"အင်းနော်၊ ဒီအကြံ မဆိုးဘူး"
"အကြံမဆိုးဘူးဆိုတော့ကာ ......ဆုမပေးတော့ဘူးလား"
ချူယွမ်က အနားတိုးလာသော သွမ့်ပိုင်ယွဲ့ နှာထိပ်ဖျားကို လက်ချောင်းဖြင့် တွန်းထားလိုက်သည်။
"မရှိဘူး၊ အနားလည်း ဆက်တိုးမလာနဲ့"
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်ကို ဖမ်းချုပ်ထားလိုက်ကာ ခြိမ်းခြောက်လာ၏။
"တကယ် ဆုမပေးတော့ဘူးပေါ့ ၊ဟုတ်လား။ အဲ့လိုဆိုရင်တော့ ပြည်နယ်ဘုရင်တစ်ပါး ထကြွပုန်ကန်တော့မှာကိုသာ စောင့်ကြည့်နေလိုက်တော့"
ချူယွမ်က သဘောကျစွာ ရယ်မောလိုက်ရင်း အသာရှောင်တိမ်းလိုက်လေသည်။ ထို့နောက် သွမ့်ပိုင်ယွဲ့ကိုလည်း ကိုယ်လက်သွားသန့်စင်ခိုင်းရန် နှင်လွှတ်လိုက်ကာ မိမိကမူ သလွန်ခေါင်းရင်းကိုမှီကာ ထိုသူ၏လှုပ်ရှားမှုမှန်သမျှက်ု လိုက်ငေးကြည့်နေလေ၏။
ကျန်ရှိသော ရေနွေးနှင့် ကိုယ်လက်သန့်စင်ပြီးနောက်မှာတော့ သွမ့်ပိုင်ယွဲ့လည်း ချူယွမ့်ဘေးနား ၀င်လှဲလိုက်ကာ ချူယွမ်အား မိမိရင်ခွင်ထက် ခို၀င်မှေးစက်လိုက်စေ၏။
"လူကြီးမင်းနန်နဲ့ ယောင်အာရော အနားယူပြီးကြပြီလား"
"အင်း၊ ဘေးက အဆောင်ငယ်လေးဆီ နေခိုင်းဖို့ ရှစ်ဇီကို ခေါ်သွားခိုင်းထားတယ်။ မင်း စိုးရိမ်စရာ မလိုပါဘူး"
"ဒါဆို မနက်ဖြန်ကျရင် အားလုံး အတူတူ ထမင်းလက်ဆုံစားကြရအောင်နော်"
ချူယွမ်က သွမ့်ပိုင်ယွဲ့ကို မော့ကြည့်ရင်းမေးလာ၏။
"ရတယ်လေ"
"လူကြီးမင်းနန် ဘာတွေစားရတာကြိုက်လဲ"
"ပိုးကောင်တွေ"
ချူယွမ် သူ့အား တစ်ချက် ရိုက်ပစ်လိုက်၏။
"ဘာကိုပိုးကောင်လဲ၊ စကားကို ကောင်းကောင်းကန်းကန်းပြောစမ်း"
သွမ့်ပိုင်ယွဲ့လည်း ချက်ချင်းပင် ချူယွမ့်ကို သလွန်တော်ထက်ဆွဲလှဲပြီး အပေါ်စီးမှ အုပ်မိုးထားလိုက်ကာ မကျေမနပ်ကြီးစွာ စောဒကတက်လာ၏။
"သူများတကာတွေကိုတော့ ဒီလောက်စိုးရိမ်နေတယ်၊ ကိုယ့်ကိုကျတော့ ဘာစားရတာကြိုက်လဲလို့ တစ်ခွန်းမှတောင် ထမမေးဖူးဘူး"
"ဘာလို့ မေးရမှာလဲ"
ချူယွမ်က သွမ့်ပိုင်ယွဲ့၏ ဆံနွယ်မျှင်အချို့ကို ယူကာ လက်ချောင်းလေးများထဲ ရစ်နွယ်ဆော့ကစားနေရင်း ဆက်ဆိုလာ၏။
"အရက်စိမ် ၀က်ခြေထောက်နီ၊ ရတနာရှစ်ပါးငန်းသားဟင်း ၊ တောက်ဆီ ၀က်နံရိုးကင်၊ အမဲသားချဥ်စပ် ၊ သုံးမျိုးစပ် ငါးဟင်းချို ၊ ပြီးတော့ တို့ဖူးချဥ်စပ်သုပ်။ ဒါကတော့ မင်းအကြိုက်ဆုံး တစ်ခုတည်းသော သက်သတ်လွတ်ဟင်း..... "
"မင်း...."
သွမ့်ပိုင်ယွဲ့ နှလုံးသားတစ်ခုလုံး ပူနွေးလောင်မြိုက်သွား၏။
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ဘတ်အား ပုတ်လိုက်ကာ မေးလာသည်။
"ဟိတ်....မင်းကရော ငါ ဘာစားရတာကြိုက်မှန်း သိလား"
သွမ့်ပိုင်ယွဲ့ မနည်းတွေးတောယူလိုက်ပြီး တုံ့ဆိုင်းစွာ နောင်တရစွာ ပြောလာ၏။
"အရွက်ဟင်းတွေ...."
"အရွက်....ဟုတ်လား"
ချူယွမ် သူ့အား ပြုံးပြီးကြည့်နေ၏။
"အင်းပါ၊ ဟုတ်ပါပြီ၊ ကိုယ် မှားသွားပါပြီကွာ...."
ရှီးနန်၀မ်ကြီးခမျာ လည်ချောင်းအမြန်ရှင်းကာ ချူယွမ်လက်ကို လှမ်းဆွဲထားလိုက်လေသည်။
"မနက်ဖြန်ကျရင် မင်း ဘာဟင်းတွေ ကြိုက်လဲဆိုတာ ရှစ်ဇီကို သွားမေးမယ်။ ပြီးတာနဲ့ ဆရာသမားကောင်းတွေဆီ လိုက်ခစားပြီး ဟင်းချက်နည်းအကုန် လိုက်သင်ထားလိုက်မယ်ကွာ။ နော်....."
"ကိုယ့်တာ၀န်ကို ကျေပွန်အောင်လည်းမလုပ်ဘူး"
"ဟင်၊ ဘယ်နှယ့် တာ၀န်မကျေရမှာတုန်း။ မင်းကိုယ်မင်းလည်း ကြည့်ဦး၊ မင်းတောင် ထမင်းဟင်းမှ မချက်တတ်တာကို။ အသက်ကြီးသွားတဲ့ တစ်နေ့ကျရင်တော့ ကိုယ်ပဲ မီးဖိုချောင်၀င်ရတော့မယ်ထင်တယ်၊ ဒါပေမယ့် မင်း ဆန်တော့ဆေးရမယ်"
"ငါ ဆန်လည်းမဆေးတတ်ဘူး"
ချူယွမ် တည့်တိုးသာ ဖြေချလိုက်လေသည်။
ရှီးနန်၀မ် ထိုစကားကိုကြားတော့ အတော်ပင် ရင်လေးသွား၏။
ဆန်တောင်မဆေးတတ်တဲ့ ဒီလိုဇနီးမယားမျိုးနဲ့ လက်ထပ်ရင်တော့ နောင်ကျ အခက်တွေ့တော့မှာပဲ။
သို့နှင့် အစပိုင်းတုန်းကတော့ နှစ်ယောက်သား ဖက်တွယ်နေရင်း ဟိုဟိုဒီဒီ စကားပြောနေကြသေးသည်။ စကားပြောလိုက် ခဏတိတ်သွားလိုက်နှင့် ၊ ခဏကြာတော့ ချူယွမ် ခေါင်းစကိုက်လာကာ သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲသို့သာ ပို၍တိုး၀င်သွားပြီး မျက်နှာဖွက်ထားကာ မှေးစက်သွားလေ၏။
ဘေးနားရှိ သွမ့်ပိုင်ယွဲ့ကတော့ တစ်ညလုံး မအိပ်ဖြစ်တော့။ ကြာကြာနေတစ်ခါ ချူယွမ့်နဖူးထက်သို့ လက်တင်ကာ အဖျားရှိမရှိ စမ်းပေးရှာသည်၊ လက်ဖဝါးပြင်ထက်မှ ခံစားရသော ချူယွမ်၏ကိုယ်ပူရှိန်မှာ မြင့်သထက်မြင့်လာ၏။ ဤသို့သော တုံ့ပြန်သက်ရောက်မှုမျိုး ဖြစ်လာမည်မှန်း အသေအချာ သိရှိထားသည့်တိုင် သွမ့်ပိုင်ယွဲ့တစ်ယောက် လုံး၀ မစိုးရိမ်ဘဲမနေနိုင်ခဲ့။ မနက်မိုးလင်းသည်နှင့် ရှစ်ဇီအားခေါ်ကာ ရေခဲနှင့် အ၀တ်ထူထူလေးတစ်ထည် ယူလာပေးစေ၏။
ချူယွမ်ကတော့ စောင်ပုံထဲ ကွေးနေပြီး ချောင်းတဟွတ်ဟွတ် ထထဆိုးနေသည်။
သွမ့်ပိုင်ယွဲ့လည်း ရေခဲရလာသည်နှင့် အ၀တ်ထူထူလေးဖြင့် သုံးလေးပတ်မျှ ပတ်လိုက်ကာ အပူရှိန်လျော့ပါးစေရန် ချူယွမ်၏ နဖူးပြင်ထက် အ၀တ်စဖြင့် အုပ်ထား၏။ ချူယွမ့်အသံများလည်း အက်ရှနေလေပြီ၊ တကယ်ပင် အအေးမိသွားသည့်ဟန် ရနေ၏။
******
ထောင်လျဲန်တာလည်း မနက်စာစားပြီးသည်နှင့် ယာယီနန်းဆောင်ရှိ တော်၀င်စာကြည့်ဆောင်၌ သွားရောက်စောင့်ဆိုင်းနေကာ အမှုကိစ္စများ ဆွေးနွေးတိုင်ပင်ရန် ပြင်ဆင်နေ၏။သို့သော်လည်း မည်သူ ထင်ထားမည်နည်း၊ ဧကရာဇ်အရှင်က ထပ်မံ၍ နာမကျန်းဖြစ်တော်မူနေသဖြင့် ကြွရောက်မလာနိုင်ကြောင်း ရှစ်ဇီမှ သတင်းစကားဆိုလာ၏။ ယခုမှာမူ အိပ်ခန်းဆောင်၌ စက်တော်ခေါ်နေတော်မူကြောင်းပါ ပြောပြလာစည်။
ထောင်လျဲန်တာ အတော်ပင်စိုးရိမ်သွားသည်။
"နာမကျန်းဖြစ်တော်မူပြန်ပြီလား၊ သမားတော်တွေရော လာကြည့်ပေးပြီးသွားပြီလား"
"မှန်လှပါ အမတ်မင်း။ လာရောက်စမ်းသပ်ပေးပြီးသွားပါပြီခင်ဗျာ။ သမားတော်ကြီးတွေ ပြောသလောက်ကတော့ အရှင်မင်းမြတ်က တိုင်းပြည်ရေးရာအမှုကိစ္စတွေကြောင့် စိတ်ပင်ပန်းနေတော်မူတာပါတဲ့။ တကယ်လည်း မနေ့ညတစ်ညလုံး အစီရင်ခံစာတွေ ဖတ်တော်မူနေတာ၊ မနက်ရောက်တော့ ခန္ဓာတော်က တောင့်မခံနိုင်တော့ဘူးထင်ပါရဲ့၊ အအေးမိပြီး တစ်ကိုယ်လုံး ညောင်းညာထုံကျင်သွားလေရော။ အခုတော့ သတ်မှတ်ချိန်အတိုင်း ဆေးသောက်တော်မူပြီး ပြန်လည်အနားယူနေတော်မူပါတယ်။ နောက်နှစ်ရက်လောက်ဆို ပကတိအတိုင်း ပြန်လည်ကျန်းမာတော်မူပါလိမ့်မယ်တဲ့"
ထိုသို့ကြားတော့ ထောင်လျဲန်တာက ပို၍ပင် စိတ်ပူသွား၏။
"ဒါဆို အရှင်မင်းမြတ်ဆီ အကျွန်ုပ်အခစား၀င်လို့ရမလား ....ကုန်းကုန်း"
အအေးမိရုံလေးကို ဘာလို့ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲသွားရတာတဲ့တုန်း။
"ဘာလို့ မရရမှာလဲ အမတ်မင်းရဲ့။ အကျွန်ုပ်နောက်ကိုသာ လိုက်ခဲ့ပါလေ"
ရှစ်ဇီက ဂါရ၀ပြုလိုက်ကာ ပုရောဟိတ်အမတ်ကြီးအား ဦးဆောင်လမ်းပြလိုက်လေ၏။
******
အိပ်ခန်းဆောင်အတွင်း၀ယ်။
ချူယွမ်က သွမ့်ပိုင်ယွဲ့တိုက်ကျွေးသော ဆေးကို တစ်ဇွန်းပြီးတစ်ဇွန်း သောက်နေ၏။
ဖားပြုပ်ကြီး၏ အဆိပ်မှဖြစ်သော ဘေးထွက်ဆိုးကျိုးကြောင့် လက်များကပါ ထုံကျင်လေးလံနေ၏။ လှုပ်ရှား၍မရသည့်အထိတော့ မဟုတ်ပေမင့် ၀တ်ရုံတော်လဲရာ၌၊ ကိုယ်လက်သန့်စင်ရာ၌ အားထုတ်လှုပ်ရှားရလျှင် အင်မတန်မှ အားအင်ကုန်ခမ်းမည်မို့ ချူယွမ်လည်း ငြိမ်ငြိမ်လေးသာ လဲလျောင်းနေကာ သွမ့်ပိုင်ယွဲ့ပြုစုပေးသမျှ အသာလေး ငြိမ်ခံနေလိုက်၏။
ဘာဆိုဘာမှ မလုပ်ဘဲ ပျင်းရိလေးတွဲ့နေသော ဧကရာဇ်တစ်ဦး၏ ဘ၀အတွေ့အကြုံမျိုး ခံစားကြည့်လိုက်ပါဦးမည်လေ။
"ခါးတယ်မဟုတ်လား"
"ရပါတယ်"
"သကြားမုန့်ချိုလေး စားဦးမလား"
ချူယွမ် ခေါင်းအမြန်ညိတ်လိုက်သည်။
"အင်း၊ကောင်းသားပဲ"
ထို့နောက် သွမ့်ပိုင်ယွဲ့လည်းထကာ ဘေးခန်းသို့ ထွက်သွားသည်။ ခဏနေတော့ စက္ကူဖြင့်ထုပ်ထားသော အထုပ်တစ်ထုပ်ပါလာသည်။
ချူယွမ် သိပ် နားမလည်။
"စားပွဲပေါ်မှာလည်း သကာရည်စိမ်ထားတဲ့ သစ်သီးတွေ ရှိနေတယ်လေ"
"ဒါက အဘွားဖုန်းကူဆီသွားတုန်းက ရလာတဲ့ သကြားမုန့်ချိုတွေ"
သွမ့်ပိုင်ယွဲ့က မုန့်အနည်းငယ်ကို ဖဲ့လိုက်ကာ ချူယွမ်အား ခွံ့ကျွေးလိုက်ရင်း ဆက်ဆို၏။
"အရမ်းစားကောင်းတယ်လို့ ပြောကြတယ်"
ချူယွမ်က လျှာဖျားဖြင့်တို့ကာ အရင်မြည်းကြည့်လိုက်ပြီးမှ -
"အင်း၊ အရမ်းလည်း ချိုအီမနေဘူး။ နှမ်းဆီနံ့လည်း သင်းတယ်"
"အစကတော့ ယာယီနန်းဆောင်အစွန်နား နေတဲ့ ဟိုအဘိုးကို အကုန်ပေးလိုက်တော့မလို့ပဲ။ သူတို့ကြား ဘာကိစ္စတွေဖြစ်ခဲ့ဖူးမှန်းမသိပေမယ့် သူ့ပုံစံကြည့်ရသလောက်တော့ အဘွားဖုန်းကူကို ချစ်မြတ်နိုးနေတာ သိသာတယ်။ အဲ့ဒါကြောင့်လည်း အဘိုးကို ပေးသင့်တယ်လို့ ကိုယ်တွေးလိုက်တာ။ ဒါပေမယ့် သေချာပြန်တွေးလိုက်တော့ မုန့်ယူလာတုန်းက အဘွားဖုန်းကူကို ကျွန်တော့်ဇနီးလေးအတွက် ၀ယ်သွားပေးမယ်လို့ပြောပြီး ၀ယ်လာခဲ့တာဆိုတော့ မင်းအဖို့ ယူထားပြီး မြည်းကြည့်ခိုင်းတာလေ။ ကောင်းတယ်ဟုတ်...."
ချူယွမ်တစ်ကိုယ်လုံး တောင့်တင်းအေးစက်သွား၏။
"စားကောင်းတယ်မလား"
ချူယွမ်က ရုတ်တရက်ဆိုသလို သွမ့်ပိုင်ယွဲ့ကြီး၏ ပါးနှစ်ဖက်ကို အားရပါးရ ဆွဲညှစ်လိုက်သည်။
ရှီးနန်၀မ်ကြီးခမျာ မျက်နှာကြီးရွဲ့ပြဲရှုံ့မဲ့လို့၊ နှုတ်မှလည်း မနည်းတောင်းပန်ရရှာသည်၊ ချက်ချင်းပင် လက်မြှောက်အရှုံးပေးရရှာသည်။
ဘာလို့ ဒီလောက်တောင် ဆိုးနေတာလဲကွာ။
********
2020.07.03
Thz for reading, giving stars and leaving comments.
T/N: ဇာတ်လမ်းဖတ်ရင် ကိုယ်လည်း Commentအများကြီး ပေးတတ်တဲ့အထဲ မပါပါဘူး၊ ဒါက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပင်ကိုဗီဇပေါ်မူတည်တယ်လို့ မှန်းဆထားပါတယ်။
ဒါပေမယ့် ကိုယ်တိုင် ဒီလို ရေးချပြရတဲ့အချိန်မှာတော့ commentမျှော်ရတာက အသက်ပဲ။ တစ်ချို့ကတော့ commentအစား msg အနေနဲ့ သီးသန့် responseပေးတယ်၊ ဘာပဲဖြစ်ဖြစ် တန်ပြန်ပဲ့တင်သံအားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ဒီကနေ ပြောလိုက်ပါရစေ။
********
အခန္း- ၄၈ (ကူအဆိပ္ ဖယ္ထုတ္ျခင္း)
[ဆန္ေတာင္ မေဆးတတ္ဘူးဆိုေတာ့ ဘယ္ႏွယ့္လုပ္ၾကမလဲ]
"အရွင္မင္းျမတ္က ကူအဆိပ္သင့္ေနတယ္ ဟုတ္လား"
နန္ေမာ္ယဲ့ မ်က္ေမွာင္ၾကဳတ္သြား၏။
"ဟုတ္ကဲ့၊ အဲ့ဒီယြဲ႔မင္ကူပိုးေကာင္က ဘယ္လိုပိုးေကာင္မ်ိဳးလဲဆိုတာ ရွစ္ဖူးသိလား"
သြမ့္ပိုင္ယြဲ႔အေမးကို နန္ေမာ္ယဲ့က ေခါင္းညိတ္လိုက္သည္။
"ငါ အရြယ္ေကာင္းတုန္းကေတာ့ ေတြ့ဖူးတယ္၊ စိတ္၀င္စားစရာမေကာင္းတာနဲ႔ ဆက္မေမြးျဖစ္တာ"
"ဒီယာယီနန္းေဆာင္၀င္းအတြင္းမွာ အဘိုးအိုတစ္ေယာက္ရိွတယ္။ သူက ေခ်ာင္ယာလူမ်ိဳးရဲ့ ေနာက္ေၾကာင္းေတြ ေတာ္ေတာ္သိထားတယ္ ၊ အဲ့ကြၽန္းကို ေရာက္ဖူးတဲ့ပံုပဲ"
"အိုး ၊ ဒါဆို ဖန္ရွင္းအေၾကာင္းလည္း သိမွာေပါ့"
သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္ေထာက္ခံလိုက္သည္။ ထို႔ေနာက္ ခ်ူယြမ့္ဘက္ တစ္ခ်က္လွည့္ၾကည့္ၿပီးခါမွ ဆက္ဆို၏။
"ယြဲ႔မင္ကူအဆိပ္ပိုးက ဖန္ရွင္းကို အေရာင္လင္းေအာင္လုပ္ႏိုင္တယ္။ ဖန္ရွင္းရဲ့အလင္းေရာင္က သမုဒၵရာေအာက္ေျခက လန္ဟိုငါးအုပ္စုကို လႈပ္ႏိႈးႏိုင္တယ္။ အဲ့ဒီငါးအုပ္ေနာက္ လိုက္သြားရင္ ေခ်ာင္ယာလူမ်ိဳးစုေတြ အရမ္းလိုခ်င္ေနၾကတဲ့ ရတနာသိုက္ရဲ့ ေျမပံုတစ္ျခမ္းကို ရွာေတြ့မယ္"
နန္ေမာ္ယဲ့က ထိုသို႔ၾကားေတာ့ ႏႈတ္ခမ္းဆူကာ ေခါင္းခါရင္း မွတ္ခ်က္ဆို၏။
"ေျမပံုတစ္ျခမ္းစာအတြက္နဲ႔ကို ဒီေလာက္ထိ မိုက္ရူးရဲဆန္ေနၾကတာလားဟ"
"ဒီကိစၥက ေနာက္မွ ဆက္ေျပာမယ္၊ သိပ္ေလာစရာ မလိုဘူး။ ရွစ္ဖူးက ယြဲ႔မင္ကူအဆိပ္ပိုးကို ေတြ့ဖူးတယ္ဆိုေတာ့ အဲ့ေကာင္ကို ဘယ္လိုထုတ္ရမယ္ဆိုတာ သိေလာက္ပါတယ္ေနာ္"
"ယြဲ႔မင္ကူအဆိပ္ပိုးက မင္းရဲ့ေရႊခ်ည္ပိုးေကာင္ေလာက္ အႏၲရာယ္မမ်ားဘူး၊ လူကိုလည္း မထိခိုက္ေစဘူး။ မင္းမေျပာနဲ႔၊ ရွီးနန္စံအိမ္ေတာ္က ေဆးဆရာေတာင္ ေအးေဆး ထုတ္တတ္တယ္ကြ။ ဒါေပမယ့္ ဆရာ့မ်က္လံုးေတြက မႈန္ေနၿပီကြာ၊ ဒီကိစၥကို မင္းကပဲ ဒိုင္ခံ ရွင္းလိုက္ေတာ့"
"ဟုတ္ကဲ့"
ခုမွ သြမ့္ေယာင္ သက္ျပင္းခ်ႏိုင္ေတာ့၏။
ၾသ....အဆိပ္ဖယ္ထုတ္ဖို႔အတြက္ကိုး။
ဟင္းရည္ျပဳတ္ေသာက္ဖို႔မဟုတ္ဘူးတဲ့။
ခရမ္းေရာင္ဖားျပဳပ္ႀကီးကို ခ်န္ထားခဲ့ၿပီးေနာက္ နန္ေမာ္ယဲ့ႏွင့္ သြမ့္ေယာင္တို႔ႏွစ္ေယာက္စလံုး အျပင္ထြက္သြားၾကသည္။ နန္းေဆာင္အျပင္ဘက္တြင္လည္း ရွစ္ဇီကုန္းကုန္း ေစာင့္ဆိုင္းႏွင့္ေနသည္။ ထိုႏွစ္ေယာက္ထြက္လာသည္ကို ျမင္ေတာ့ ၀မ္းသာအားရ ႏႈတ္ဆက္လာ၏။
"သြမ့္ေရွာင္၀မ္ရယ္၊ လူႀကီးမင္းနန္"
လက္စသတ္ေတာ့ ရွီးနန္၀မ္ရဲ့ဆရာက ဧကရာဇ္အရွင္ကို အသက္ေဘးကေန ကယ္တင္ေပးခဲ့တဲ့ အဘိုးႀကီးပိုင္လိုင္ခ်ိဳင္ပါပဲလား။
ဒီလိုဆိုရင္ ပိုေကာင္းတာေပါ့၊ ေျပာဆိုဆက္ဆံရတာ ပိုအဆင္ေျပသြားၿပီ။
********
"အဲ့အေကာင္ကို ယူၿပီး.....ဘာလုပ္ဖို႔လဲ"
ခ်ူယြမ္က စားပြဲထက္ရိွ ပျခဳပ္ဆီ လက္ၫွိုးထိုးၿပီး ေမးလာ၏။ သြမ့္ပိုင္ယြဲ႔က ေဆးဘူးကို ဖြင့္လိုက္ရင္းႏွင့္မွ ေျဖလာသည္။
"ခရမ္းေရာင္ဖားျပဳပ္က သာမန္ဖားျပဳပ္ေတြနဲ႔ မတူဘူး"
"မင္းမေျပာျပလည္း ၾကည့္ရံုနဲ႔သိပါတယ္"
ဘယ္ဖားျပဳပ္ကမွ ဒီလိုအေရာင္မ်ိဳးရိွမွာမဟုတ္ဘူး၊ ခရမ္းရင့္ေရာင္နဲ႔ မည္းၾကဳတ္ေနတဲ့အျပင္ တစ္ကိုယ္လံုးလည္း ေျပာင္လက္ေနတာပဲ။ ထိမိလိုက္ရင္ လက္ႀကီးပါ ေဖာင္းကားေယာင္ကိုင္းသြားေတာ့မယ့္အတိုင္းပဲ။
"မင္းကို ေပးမထိေစရဘူး ၊ စိတ္ခ်။ သူ႔ဆီက အဆိပ္နည္းနည္းေလးယူၿပီး သံုးမလို႔"
"ေၾသာ္...."
"ကူအဆိပ္ပိုးေကာင္ဆိုတာ တျခားပိုးေကာင္နဲ႔မတူဘူး။ မင္းထဲမွာ ဆယ္ႏွစ္ေက်ာ္ေလာက္ရိွလာတာ ၊ အနည္းဆံုး တစ္ခုမဟုတ္ ထိခိုက္ထားမွာပဲ။ ပိုဆိုးတာက အဲ့ေကာင္ေတြကိုထုတ္ဖို႔ ခရမ္းေရာင္ဖားျပဳပ္အဆိပ္ကို သံုးရမွာ။ နည္းနည္းေလးပဲ သံုးမွာဆိုေပမယ့္ ဘာပဲေျပာေျပာ အဆိပ္ဆိုတာက အဆိပ္ပဲေလ ၊ အဲ့ေတာ့ အဆိပ္ႏွစ္မ်ိဳးလံုးနဲ႔အာနိသင္ေတြ ထည့္တြက္လိုက္ရင္ ဒီေန့ကစၿပီး ေနာက္ႏွစ္ရက္သံုးရက္အတြင္း မင္း ကိုယ္ပူၿပီးဖ်ားလာႏိုင္တယ္၊ ကိုယ္လက္ ကိုက္ခဲလာႏိုင္တယ္။ ဒါေပမယ့္ ဒီဟာေလးေတြကိုေက်ာ္ျဖတ္သြားႏိုင္ရင္ ဘာျပႆနာမွမရိွေတာ့ပါဘူး"
"ရပါတယ္"
ခ်ူယြမ္က ေခါင္းညိတ္လက္ခံလိုက္၏။
"ကိုယ္ မင္းေဘးနားမွာ အၿမဲရိွေနမွာမို႔ ဘာမွ ေၾကာက္စရာမလိုဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္ေပၚ အနမ္းတစ္ပြင့္ အပ္ႏွင္းလိုက္ရင္း အားေပးစကားဆိုလာ၏။ ခ်ူယြမ္ကေတာ့ ၿပံဳးၿပီးေငးၾကည့္ေနလ်က္။
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔က အပ္တစ္ေခ်ာင္းကိုယူလိုက္ကာ ဖားျပဳပ္ႀကီးကို လွမ္းယူၿပီး ၄၏ေက်ာေပၚသို႔ အပ္ျဖင့္စိုက္လိုက္ကာ အဆိပ္အနည္းငယ္ကို ထုတ္ယူလိုက္၏။
"အြပ္!!!!"
ဖားျပဳပ္ႀကီးက သိပ္ေက်နပ္သည့္ပံုမေပၚ၊ နာက်င္မႈေၾကာင့္ ၄၏ တုတ္ခိုင္၀ၿဖိဳးေသာ ေျခေလးေခ်ာင္းလံုးမွာ ဆန္႔ကားသြားရရွာ၏။
"နည္းနည္းေလးေတာ့ ထံုသြားမယ္၊ လံုး၀မနာေစရဘူး ။ အလြန္ဆံုးရိွ တစ္နာရီပဲၾကာမယ္၊ ၿပီးရင္ သက္သာသြားလိမ့္မယ္၊ ဟုတ္ၿပီလား"
ခ်ူယြမ္က ေခါင္းညိတ္လိုက္ရင္း အက်ႌခြၽတ္ေပးလိုက္သည္။ထို႔ေနာက္ သလြန္ေတာ္ထက္ ၀မ္းလ်ားေမွာက္အိပ္လိုက္ကာ သြမ့္ပိုင္ယြဲ႔ရိွရာဘက္သို႔ မ်က္ႏွာလွည့္ထားလိုက္၏။
သြမ့္ပိုင္ယြဲ႔လည္း သလြန္ေတာ္အစြန္းနား ေနရာယူလိုက္ၿပီးေနာက္ ခ်ူယြမ့္နဖူးျပင္ထက္ အနမ္းဖြဖြတစ္ပြင့္ ထပ္မံေႁခြခ်လိုက္သည္။
ခ်ူယြမ္က ပ်င္းရိေလးတြဲ႔စြာ ေျပာလာ၏။
"အျပင္က သမားေတာ္ေတြသာ မင္းလုပ္ေနသလိုမ်ိဳး ေဆးကုေပးေနမယ္ဆိုရင္ေတာ့ အတိုင္ခံၾကရေလာက္ၿပီ"
သြမ့္ပိုင္ယြဲ႔ ရယ္ေမာမိသြားသည္။
ထို႔ေနာက္ ညာလက္က အပ္တစ္ေခ်ာင္းထုတ္လိုက္ၿပီး ဘယ္ဘက္လက္မကေတာ့ ခ်ူယြမ္ေနာက္ေက်ာျပင္ထက္က ထိုအဖု မာမာေလးေပၚ ပြတ္သပ္ႏိွပ္နယ္ေပးေနသည္။
ခ်ူယြမ္ မ်က္စိစံုမိွတ္ထားလိုက္၏။
သြမ့္ပိုင္ယြဲ႔က ထိုအပ္ျဖင့္ ဖားျပဳပ္အဆိပ္အနည္းငယ္ကို တို႔ယူလိုက္ကာ ခ်ူယြမ့္အေရျပားထက္သို႔ ဂရုတစိုက္ စိုက္ခ်လိုက္သည္။
တကယ္ပင္ လံုး၀မနာေပ။
လံုး၀မနာသည့္အျပင္ ရိွန္းျမျမေအးစိမ့္သြားကာ ေနလို႔ေကာင္းေနသည္။ သို႔ေသာ္ ထိုဖားျပဳပ္ကိုေျပးျမင္မိတိုင္းေတာ့ ခ်ူယြမ္ တစ္ခ်က္တစ္ခ်က္ လန္႔ဖ်တ္ေနရဆဲ။
"ဟင္...ဘာျဖစ္လို႔တုန္း"
သြမ့္ပိုင္ယြဲ႔လက္မ်ား ေခတၲ တံု႔ဆိုင္းသြား၏။
"ဘာမွမဟုတ္ပါဘူး"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔လက္ဖမိုးေပၚ ေမးတင္လိုက္ကာ ဆက္ဆို၏။
"နည္းနည္းေလး ထံုသြားရံုတင္"
သြမ့္ပိုင္ယြဲ႔လည္း ျပန္လည္စိတ္ခ်သြားကာ ေနာက္အပ္တစ္ေခ်ာင္းကို ထပ္ထုတ္လိုက္၏။ ထို႔ေနာက္ ျဖည္းၫွင္းစြာ ထပ္စိုက္လိုက္သည္။
ခ်ူယြမ္ နာသြားမည္ကိုစိုးရိမ္သျဖင့္ သြမ့္ပိုင္ယြဲ႔လည္း မိမိ၏လႈပ္ရွားျပမူမႈမွန္သမ်ွကို ေသခ်ာထိန္းခ်ဳပ္ရင္း အႏူးညံ့ဆံုး၊ အသိမ္ေမြ့ဆံုး ညင္သာစြာ ဂရုစိုက္ေပးေန၏။
နန္းေဆာင္ျပင္ပ၌ ရပ္ေစာင့္ေနေသာ သြမ့္ေယာင္ကေတာ့ တဝါးဝါးသမ္းလို႔ေကာင္းေနေပၿပီ။
ဘာလို႔ မၿပီးေသးတာလဲ။ ျပႆနာတစ္ခုခုတက္လို႔ေတာ့ မဟုတ္ေလာက္ပါဘူးေနာ္။
ေသခ်ာျပန္စဥ္စားလိုက္ေတာ့ မည္သည့္ျပႆနာမွမျဖစ္ေလာက္ေပ။ တကယ္ျပႆနာတက္ေနလ်ွင္ သူ၏ ေနာင္ေတာ္ႀကီး မွာ ျဖဴဆုတ္ေနေသာမ်က္ႏွာႏွင့္ ခ်က္ခ်င္း အျပင္ထြက္လာကာ အကူအညီလာေတာင္းၿပီးေလာက္ၿပီျဖစ္သည္။ ယခုလို ၿငိမ္သက္တိတ္ဆိတ္ေနမည္ေတာ့ မျဖစ္ႏိုင္ေပ။
"ခ်စ္ရတဲ့လူနဲ႔ဆိုေတာ့ တတ္ႏိုင္သေလာက္ ဂရုတစိုက္ ျပဳစုေစာင့္ေရွာက္ေပးတာ သဘာ၀ပဲေလ"
နန္ေမာ္ယဲ့က ေဘးကေန ရွင္းျပေလသည္။
သြမ့္ေယာင္ ထိုစကားကိုၾကားေတာ့ အစပိုင္းေတာ့ ေခါင္းတညိတ္ညိတ္လုပ္ေနေသးသည္။ခဏေနေတာ့ ခ်က္ခ်င္းပင္ ျပန္ၿပီး ၀မ္းနည္းသြားရ၏။
သူ မေတာ္တဆ အဆိပ္သင့္သြားတုန္းကက်ေတာ့ အစ္ကိုျဖစ္သူေရာ ၊ ဆရာျဖစ္သူကပါ ႏွစ္ေယာက္သားလံုး မိမိအေပၚ စိတ္ရွည္သည္းခံျခင္းမရိွခဲ့ၾကပါ။ တစ္ေယာက္က ေျခလက္မ်ားကို ခ်ဳပ္ေနွာင္ေပးထားကာ တစ္ေယာက္က အပ္ျဖင့္စိုက္၏။ ႏွစ္ခ်က္သံုးခ်က္ စြပ္ခနဲ စြပ္ခနဲ စိုက္ခ်လိုက္၊ ျပန္ထုတ္လိုက္တိုင္း ပိုးေကာင္ေတြ ပါလာလိုက္ႏွင့္။ ပိုးေကာင္ထုတ္ၿပီးသြားတာေတာင္ ဒဏ္ရာသက္သာေအာင္ ကူမႈတ္ေပးမည့္သူလည္း မရိွ။
*****
"ေနာက္ နာရီ၀က္ေနရင္ေတာ့ အပ္ေတြထုတ္လို႔ရၿပီ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္မ်က္ႏွာႏွင့္ ခပ္တန္းတန္းျဖစ္ေအာင္ သလြန္ေဘးနား ဒူးေထာက္ထိုင္လိုက္ကာ ဆက္ေမး၏။
"နာရဲ့လား"
ခ်ူယြမ္က ေခါင္းခါလိုက္သည္။
"ဘာမွ မခံစားရဘူး"
"အင္း၊ ဒီဖားျပဳပ္အဆိပ္က ထံုက်ဥ္သြားေစႏိုင္တဲ့အစြမ္းရိွတယ္။ ေနာက္ႏွစ္ရက္သံုးရက္က်ရင္ သက္သာသြားလိမ့္မယ္ေနာ္။ အခု နာတဲ့ေနရာမရိွဘူးဆိုေတာ့လည္း ေကာင္းေနပါၿပီ"
ေခါင္းအံုးေဘးနားခ်ထားေသာ သြမ့္ပိုင္ယြဲ႔၏လက္ကို ခ်ူယြမ္ လွမ္းကိုင္ထားလိုက္သည္။ ခဏၾကာေတာ့ ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔လက္ကို သူ႔ဆီပို၍နီးကပ္ေအာင္ ဆြဲယူလိုက္ၿပီး သြမ့္ပိုင္ယြဲ႔လက္ေပၚ မ်က္ႏွာအပ္ထားလိုက္သည္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ၿပံဳးေနလ်က္။
ထို႔ေနာက္ ခ်ူယြမ့္ေဘးနား ျပန္ထိုင္ရင္း အေဖာ္ျပဳေပးေနလိုက္သည္။
အခ်ိန္ကုန္ဆံုးသြားသည္မွာ ျမန္ေနသေယာင္ပင္။ အခ်ိန္က်ၿပီျဖစ္၍ ထိုအပ္မ်ားကို ဆြဲထုတ္ၾကည့္လိုက္ေတာ့ အပ္ဖ်ားတြင္ ဆံႏြယ္မ်ားကဲ့သို႔ ေသးသြယ္ရွည္လ်ားေသာ ၊ ေငြခ်ည္မ်ွင္အဆင္းရိွ ပိုးေကာင္မ်ား ခုနစ္ေကာင္ရွစ္ေကာင္မ်ွ ရစ္ပြတ္ေခြေထြးၿပီး ပါလာ၏။ အင္မတန္မွ ေသးမ်ွင္လွပါေပသည္။
ခ်ူယြမ္ ခ်က္ခ်င္း မ်က္ႏွာလႊဲလိုက္၏။
သြမ့္ပိုင္ယြဲ႔ကေတာ့ ထိုပိုးေကာင္မ်ားကို ပုလင္းတစ္ခုထဲ ထည့္ထားလိုက္ၿပီးေနာက္ ေသခ်ာလံုေအာင္ အဖံုးပိတ္ထားလိုက္သည္။
ထိုအျခင္းအရာကို ခ်ူယြမ္ျမင္ေတာ့ -
"မီးမၿမႇိဳက္ပစ္ေတာ့ဘူးလား"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား ထထိုင္ႏိုင္ရန္ အသာေဖးမေပးရင္း-
"ေခ်ာင္ယာလူမ်ိဳးကိစၥမွ မၿပီးျပတ္ေသးတာ၊ ေနာက္သံုးေလးရက္ေလာက္ ဆက္သိမ္းထားလိုက္ၪီးမယ္။ ေနာက္မွ မီးၿမႇိဳက္ပစ္လိုက္လို႔လည္း ေနာက္မက်ေသးပါဘူး "
ခ်ူယြမ္ ေခတၲမ်ွ ေတြးေတာလိုက္ၿပီးေနာက္ ေခါင္းညိတ္သေဘာတူလိုက္ေလသည္။
"မင္းသေဘာ...."
"ဒီေန့ကစၿပီး ေနာက္ႏွစ္ရက္အတြင္း ဘယ္မွမသြားရဘူးေနာ္။ မိုးမီးေလာင္မယ့္ကိစၥ ျဖစ္လာရင္ေတာင္ တျခားလူကို လႊဲထားရမယ္၊ ၾကားလား။ ေသခ်ာေလး အနားယူေပးရမယ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္၀တ္ရံုမ်ားကို ေသခ်ာသပ္ရပ္စြာ ကူညီ၀တ္ဆင္ေပးလိုက္သည္။
"ခါးတစ္ဝိုက္က ဘာဆိုဘာမွေတာင္ မခံစားရေတာ့ဘူး၊ ထံုေနပါတယ္ဆိုေန၊ ဘယ္ေတြ ေလ်ွာက္သြားႏိုင္မွာတဲ့တုန္း"
ခ်ူယြမ္က သလြန္ေခါင္းရင္းကို မွီၿပီးထိုင္ရင္း ဆက္ေမးလာ၏။
"ဒီမတိုင္ခင္က ထူပူက်ဲ့လည္း ဖန္ရွင္းကိုအေရာင္လင္းေအာင္လုပ္ႏိုင္တယ္လို႔ မင္းေျပာဖူးတယ္ေနာ္။ ဒါဆို သူ႔ထဲမွာလည္း ယြဲ႔မင္ပိုးေကာင္ရိွေနတာေပါ့"
"အင္း ၊ ျဖစ္ႏိုင္ေခ် မ်ားတယ္"
"ဒါဆို သူက ေခ်ာင္ယာကြၽန္းသားမ်ားလား၊ ဒါမွမဟုတ္ အဲ့ကြၽန္းကို သြားခဲ့ဖူးတာလား"
"ဒါေတာ့ ျဖစ္ႏိုင္ေခ်မရိွဘူး။ လူႀကီးမင္းထူက တာ့ခ်ူမွာေမြးတဲ့ တာ့ခ်ူသားစစ္စစ္ပဲ၊ ေနာင္ေတာ္ကုနဲ႔ တစ္နယ္တည္းသားေတြ။ က်င္းရွီးမွာ က်က္စားေနထိုင္တယ္၊ ၿပီးေတာ့ ရွီးနန္မွာ ဆယ္စုႏွစ္တစ္ခုေလာက္စာေလာက္ေတာင္ အခ်ဳပ္ခံထားရတယ္။ ေရလည္းမကူးတတ္ဘူး၊ ပင္လယ္ဘက္လည္း မသြားဖူးဘူး။ ေသခ်ာေပါက္ ေခ်ာင္ယာကြၽန္းဘက္ မသြားဖူးေလာက္ဘူး"
"ဒါဆိုရင္ ဆြီက်ူးခ်ိဳးထုတ္ထားတဲ့ဆုေၾကးအတြက္ လူလိုက္သတ္ေပးရင္း အဆိပ္မိသြားတာေပါ့။ လူခ်င္းထိပ္တိုက္ေတြ့လိုက္ရတဲ့အခ်ိန္ ဒီေလာက္တိုတိုေလးမွာတင္ကိုေလ....."
"အင္း၊ ျဖစ္ႏိုင္တယ္"
ခ်ူယြမ္ မ်က္ေမွာင္မ်ားက်ံဳ႔ကာ စဥ္းစားခန္း၀င္သြားျပန္၏။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ပံုစံကိုျမင္ေတာ့ လက္ကိုဆန္႔တန္းၿပီး ခ်ူယြမ္၏မ်က္ေမွာင္နားကို ႏိွပ္နယ္ေပးရင္း စိတ္ေမာစြာ ဆိုလာ၏။
"ခုေလးတင္ အဆိပ္ထုတ္ၿပီးသြားတာကို၊ နည္းနည္းေလးေတာင္ အနားမယူေတာ့ဘူးလား"
ခ်ူယြမ္က သူ႔အားၾကည့္လာကာ -
"မအိပ္ခ်င္ေသးလို႔ ။ အင္း၊ ထူပူက်ဲ့ဆီမွာသာ ယြဲ႔မင္ပိုးေကာင္ ရိွေနေသးတာမွန္ရင္ေတာ့ ေခ်ာင္ယာေရွးလူႀကီးေတြ ကိုယ့္ကိုယ္ကိုအဆံုးစီရင္သြားတုန္းက ယြဲ႔မင္ပိုးေကာင္ေတြကို အကုန္ရွင္းမသြားႏိုင္ခဲ့ဘူးဆိုတဲ့အခ်က္ေတာ့ တပ္အပ္မွန္သြားၿပီ ။ အနည္းဆံုး အဲ့ကြၽန္းေပၚကတစ္ေယာက္ေယာက္ဆီမွာေတာ့ ယြဲ႔မင္ပိုးေကာင္ ရိွကိုရိွေနလိမ့္မယ္။ ဒါေၾကာင့္လည္း ထူပူက်ဲ့ထဲကို အဆိပ္ထည့္ႏိုင္ခဲ့တာ။ တမင္ပဲလုပ္တာလား၊ မေတာ္တဆလား မသိေပမယ့္၊ က်န္ရစ္တဲ့ ေခ်ာင္ယာလူစုေတြက ဒီအေၾကာင္းကိုသိေနမယ္လို႔ ယူဆရတယ္။ ဒါမွမဟုတ္ လံုး၀မသိေအာင္ ဖံုးကြယ္ခံေနရတာလည္းျဖစ္ႏိုင္တယ္"
"အခ်င္းခ်င္း ဗိုလ္က်ၿပီး လူလည္လုပ္ခ်င္တာမ်ိဳးက သူတို႔အတြက္ေတာ့ ရိုးေနေလာက္ပါၿပီ"
"အင္း၊ ထူပူက်ဲ့ေရာ ဒီကိုလိုက္လာမွာလား"
"ဟင့္အင္း၊ သူကေတာ့ ၿမိဳ႔ေတာ္ထဲမွာ က်န္ခဲ့တယ္။ ေစာနေလးတင္မွ လူလႊတ္ၿပီး သြားေခၚခိုင္းလိုက္ၿပီ။ ေရာက္လာေတာ့မွ သူ႔ထဲမွာလည္း မင္းလို ယြဲ႔မင္ကူပိုးေကာင္ရိွမရိွ စစ္ၾကည့္ၾကတာေပါ့"
ခ်ူယြမ္ အသာ ေခါင္းညိတ္လိုက္သည္။
"ဒါဆို ကိုယ္ ရွစ္ဇီဆီသြားၿပီး အထဲကိုေရႏြေးယူလာေပးခိုင္းဖို႔ သြားေျပာလိုက္ၪီးမယ္ေလေနာ္။ ဒါမွ မင္း မ်က္ႏွာသစ္ ပလုတ္ေလးက်င္းႏိုင္မွာ။ ၿပီးရင္ ေအးေဆး အိပ္လိုက္ေတာ့၊ ဟုတ္ၿပီလား "
"အေစာႀကီးရိွေသးတာကို....."
"အခု လႈပ္လို႔ေတာင္မရတဲ့ဟာကို ခုထက္ေစာေနရင္လည္း အိပ္ရမယ္။ မအိပ္ဘဲေနရင္ အစီရင္ခံစာေတြကို ဘယ္လိုဖတ္ႏိုင္မွာတဲ့လဲ"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္ေခါင္းကို ျမတ္ႏိုးစြာ ပြတ္သပ္လိုက္ၿပီးေနာက္ အခန္းအျပင္ဘက္သို႔ ထြက္သြားေတာ့သည္။
အျပင္ဘက္က ထိုသံုးေယာက္လည္း သူထြက္လာသည္ႏွင့္ မတိုင္ပင္ရပါဘဲ ၿပိဳင္တူပင္ မတ္တတ္ရပ္လိုကိ၏။
သြမ့္ပိုင္ယြဲ႔ - "......."
အရမ္းကို လူညီေနတာပဲေနာ္။
"အရွင္မင္းျမတ္ ဘယ္လိုေနေသးလဲခင္ဗ်ာ၊ ၀မ္ရယ္"
"ဘာမွမျဖစ္ေတာ့ပါဘူး ၊ ကုန္းကုန္း။ ဒါေပမယ့္ ဖားျပဳပ္ရဲ့အဆိပ္ေၾကာင့္ ခါးေအာက္ပိုင္းတစ္ေလ်ွာက္ ထံုေနေသးတယ္၊ တစ္ညေလာက္အိပ္လိုက္ရင္ေတာ့ သက္သာသြားပါလိမ့္မယ္"
ရွစ္ဇီလည္း ေခါင္းတညိတ္ညိတ္ လုပ္ေန၏။
"ရွစ္ဇီကို ေရႏြေးပူပူေလး သြားယူခိုင္းခ်င္လို႔၊ ပူေလေကာင္းေလပဲ"
ရွစ္ဇီလည္း ခ်က္ခ်င္းပင္ အေျပးထြက္သြားေလ၏။
သြမ့္ပိုင္ယြဲ႔က ညီျဖစ္သူထံသို႔ ဖားျပဳပ္ႀကီးကိုျပန္ေပးလိုက္ကာ-
"ေဘးအေဆာင္က လူရွင္းတယ္၊ ျမန္ျမန္သြားၿပီး အနားယူလိုက္ေတာ့"
နန္ေမာ္ယဲ့ကေတာ့ သူ႔အား ေမ်ွာ္လင့္ခ်က္မ်ားျဖင့္ ျပည့္၀ေတာက္ပေနေသာ မ်က္လံုးရႊဲႀကီးမ်ားႏွင့္ ၾကည့္ေနဆဲ။
"ရွစ္ဖူး....။ အနားမယူခ်င္ေသးရင္လည္း ၿမိဳ႔ထဲ သြားၿပီး လမ္းသလားေနလိုက္ေတာ့။ ဘယ္သူမွ ဆြဲမထားဘူး"
သြမ့္ပိုင္ယြဲ႔က ေအးစက္စြာ ေျဖလိုက္သည့္တိုင္ နန္ေမာ္ယဲ့က ခပ္တိုးတိုးေလသံျဖင့္ ထပ္ေမးလာ၏။ လမ္းေဘးေစ်းသည္တစ္ေယာက္က လမ္းသြားလမ္းလာမ်ားအား ကာမအားတိုးေဆး အတင္းထိုးေရာင္းေနေသာအသံမ်ိဳး ျဖစ္သည္။
"ေကာင္းကင္ကခ်ီးေျမႇာက္တဲ့ ဆုလာဘ္ႀကီးက ေရ႔ွတည့္တည့္ ျပဳတ္က်လာတာကိုေတာင္ လက္လႊတ္လိုက္ပါ့မယ္ဆိုၿပီး ငါ့လာမေျပာနဲ႔ေနာ္။ ငါ့ဆီက ေဟဟြမ္ပိုးေလးပါ ယူၪီးမလား"
သြမ့္ပိုင္ယြဲ႔ ခ်က္ခ်င္းပင္ အခန္းထဲသို႔ ခ်ာခနဲ လွည့္ျပန္သြား၏။
နန္ေမာ္ယဲ့ကေတာ့ တပည့္ျဖစ္သူကို ေငးၾကည့္ေနၿမဲ၊ လမ္းခုလတ္ကေနမ်ား ျပန္ၿပီး လွည့္ၾကည့္လို လွည့္ၾကည့္ျငားေပါ့။
********
ရွစ္ဇီကုန္းကုန္းလည္း ေရႏြေး အျမန္လာေရာက္ဆက္သေပးရွာသည္။သြမ့္ပိုင္ယြဲ႔လည္း အ၀တ္စတစ္ခုယူကာ ေရႏြေးပူပူထဲစိမ္ၿပီးေနာက္ ေသခ်ာေရၫွစ္လိုက္ကာ အပ္စိုက္ထားေသာေနရာမ်ားအား လိုက္၍ အုပ္ေပးေလသည္။ ထို႔ေနာက္ ေဆးထပ္လိမ္းေပးကာ ၀တ္ရံုျပန္၀တ္ေပးလိုက္ေလသည္။
"မင္းလက္ေတြ... နီရဲေယာင္ယမ္းကုန္ၿပီ"
"ရပါတယ္။ ေတာ္ေတာ္ေလး ပူေနမွ အာနိသင္ရိွမွာေလ။ မဟုတ္ရင္ မနက္ျဖန္က် အပ္စိုက္ထားတဲ့ေနရာေတြ ေယာင္ယမ္းၿပီး ကိုက္ခဲကုန္မွာေပါ့"
သြမ့္ပိုင္ယြဲ႔က သလြန္ေဘးနားတြင္ ထိုင္ရင္း ေအးေဆးသာ ဆက္ဆိုလာ၏။
"ကိုယ့္လက္ေတြ ဒီေလာက္ၾကမ္းတမ္းၿပီး အေရထူေနတာကို.... ေရႏြေးပူေလာင္တာေလာက္နဲ႔ေတာ့ ဘာမွမျဖစ္ပါဘူး"
ခ်ူယြမ္ မေနႏိုင္ေတာ့ဘဲ သြမ့္ပိုင္ယြဲ႔လက္မ်ားကို လွမ္းယူလိုက္ကာ နမ္းရိႈက္လိုက္ေလသည္။
သြမ့္ပိုင္ယြဲ႔ ႏႈတ္ခမ္းမ်ား ေကြးၫႊတ္သြားလ်က္။
"ေရႏြေးပူေလာင္လို႔ တကယ္ဒဏ္ရာရသြားမယ္ဆိုရင္ေတာင္ တန္သြားၿပီ"
"အင္း၊ မနက္ျဖန္က်ရင္ေလ ပုေရာဟိတ္အမတ္ႀကီးနဲ႔ တိုင္ပင္ေဆြးေနြးစရာကိစၥရိွေသးတယ္။ ငါ သလြန္ေတာ္ေပၚ ဆန္႔ဆန္႔ႀကီး မလႈပ္မယွက္ အိပ္ေနတာ သူသာ လာျမင္လိုက္ရင္ေတာ့ အရမ္းလန္႔သြားမွာ။ ၿပီးေတာ့ ငါနဲ႔လိုက္လာတဲ့ နန္းတြင္းသမားေတာ္လည္း အမ်ားႀကီးပဲ။ သူတို႔ကို ဘယ္လို ဆင္ေျခေပးရမလဲဆိုတာ တစ္ခ်က္ ကူေတြးေပးစမ္းပါ"
"ဒီေလာကႀကီးမွာ ထူးျခားဆန္းျပားေနတဲ့ ေရာဂါအဆန္းေတြမွ အမ်ားႀကီး။ နန္းတြင္းသမားေတာ္ႀကီးေတြမေျပာနဲ႔၊ ေတာင္သခင္ယဲ့ေတာင္မွ အကုန္အစင္ မသိႏိုင္ဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အတြက္ ကိုယ္လက္သန္႔စင္ရာ၌ ကူညီျပဳစုေပးရင္း ဆက္ဆိုသည္။
"မင္း တစ္ညလံုး အစီရင္ခံစာေတြ ဖတ္ေနတယ္ေပါ့၊ မနက္ႏိႈးလာေတာ့ ခါးေရာ ေျခေထာက္ေတြေရာ ေညာင္းညာၿပီး ထံုက်င္ကိုက္ခဲသြားတယ္။ ၿပီးေတာ့ အဖ်ားအရမ္းႀကီးၿပီး ဘယ္လိုလုပ္လုပ္ အဖ်ားက ျပန္မက်ေသးဘူးလို႔သာ ရွစ္ဇီကိုေျပာျပထားခိုင္းလိုက္။ ဒါေတာင္မွ အရင္ဧကရာဇ္မ်က္ႏွာကိုေထာက္ထားပါၪီးဘာညာ လာေျပာရဲၪီးမလားဆိုတာ ၾကည့္ၾကေသးတာေပါ့"
ခ်ူယြမ္ ေခတၲမ်ွ ေတြးေတာခ်င့္ခ်ိန္ေနၿပီးေနာက္ ၀မ္းသာအားရ ခ်ီးမြမ္းလာ၏။
"အင္းေနာ္၊ ဒီအႀကံ မဆိုးဘူး"
"အႀကံမဆိုးဘူးဆိုေတာ့ကာ ......ဆုမေပးေတာ့ဘူးလား"
ခ်ူယြမ္က အနားတိုးလာေသာ သြမ့္ပိုင္ယြဲ႔ ႏွာထိပ္ဖ်ားကို လက္ေခ်ာင္းျဖင့္ တြန္းထားလိုက္သည္။
"မရိွဘူး၊ အနားလည္း ဆက္တိုးမလာနဲ႔"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္ကို ဖမ္းခ်ဳပ္ထားလိုက္ကာ ၿခိမ္းေျခာက္လာ၏။
"တကယ္ ဆုမေပးေတာ့ဘူးေပါ့ ၊ဟုတ္လား။ အဲ့လိုဆိုရင္ေတာ့ ျပည္နယ္ဘုရင္တစ္ပါး ထႂကြပုန္ကန္ေတာ့မွာကိုသာ ေစာင့္ၾကည့္ေနလိုက္ေတာ့"
ခ်ူယြမ္က သေဘာက်စြာ ရယ္ေမာလိုက္ရင္း အသာေရွာင္တိမ္းလိုက္ေလသည္။ ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔ကိုလည္း ကိုယ္လက္သြားသန္႔စင္ခိုင္းရန္ ႏွင္လႊတ္လိုက္ကာ မိမိကမူ သလြန္ေခါင္းရင္းကိုမွီကာ ထိုသူ၏လႈပ္ရွားမႈမွန္သမ်ွက္ု လိုက္ေငးၾကည့္ေနေလ၏။
က်န္ရိွေသာ ေရႏြေးႏွင့္ ကိုယ္လက္သန္႔စင္ၿပီးေနာက္မွာေတာ့ သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ့္ေဘးနား ၀င္လွဲလိုက္ကာ ခ်ူယြမ္အား မိမိရင္ခြင္ထက္ ခို၀င္ေမွးစက္လိုက္ေစ၏။
"လူႀကီးမင္းနန္နဲ႔ ေယာင္အာေရာ အနားယူၿပီးၾကၿပီလား"
"အင္း၊ ေဘးက အေဆာင္ငယ္ေလးဆီ ေနခိုင္းဖို႔ ရွစ္ဇီကို ေခၚသြားခိုင္းထားတယ္။ မင္း စိုးရိမ္စရာ မလိုပါဘူး"
"ဒါဆို မနက္ျဖန္က်ရင္ အားလံုး အတူတူ ထမင္းလက္ဆံုစားၾကရေအာင္ေနာ္"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ကို ေမာ့ၾကည့္ရင္းေမးလာ၏။
"ရတယ္ေလ"
"လူႀကီးမင္းနန္ ဘာေတြစားရတာႀကိဳက္လဲ"
"ပိုးေကာင္ေတြ"
ခ်ူယြမ္ သူ႔အား တစ္ခ်က္ ရိုက္ပစ္လိုက္၏။
"ဘာကိုပိုးေကာင္လဲ၊ စကားကို ေကာင္းေကာင္းကန္းကန္းေျပာစမ္း"
သြမ့္ပိုင္ယြဲ႔လည္း ခ်က္ခ်င္းပင္ ခ်ူယြမ့္ကို သလြန္ေတာ္ထက္ဆြဲလွဲၿပီး အေပၚစီးမွ အုပ္မိုးထားလိုက္ကာ မေက်မနပ္ႀကီးစြာ ေစာဒကတက္လာ၏။
"သူမ်ားတကာေတြကိုေတာ့ ဒီေလာက္စိုးရိမ္ေနတယ္၊ ကိုယ့္ကိုက်ေတာ့ ဘာစားရတာႀကိဳက္လဲလို႔ တစ္ခြန္းမွေတာင္ ထမေမးဖူးဘူး"
"ဘာလို႔ ေမးရမွာလဲ"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ ဆံႏြယ္မ်ွင္အခ်ိဳ႕ကို ယူကာ လက္ေခ်ာင္းေလးမ်ားထဲ ရစ္ႏြယ္ေဆာ့ကစားေနရင္း ဆက္ဆိုလာ၏။
"အရက္စိမ္ ၀က္ေျခေထာက္နီ၊ ရတနာရွစ္ပါးငန္းသားဟင္း ၊ ေတာက္ဆီ ၀က္နံရိုးကင္၊ အမဲသားခ်ဥ္စပ္ ၊ သံုးမ်ိဳးစပ္ ငါးဟင္းခ်ိဳ ၊ ၿပီးေတာ့ တို႔ဖူးခ်ဥ္စပ္သုပ္။ ဒါကေတာ့ မင္းအႀကိဳက္ဆံုး တစ္ခုတည္းေသာ သက္သတ္လြတ္ဟင္း..... "
"မင္း...."
သြမ့္ပိုင္ယြဲ႔ ႏွလံုးသားတစ္ခုလံုး ပူေနြးေလာင္ၿမိဳက္သြား၏။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ဘတ္အား ပုတ္လိုက္ကာ ေမးလာသည္။
"ဟိတ္....မင္းကေရာ ငါ ဘာစားရတာႀကိဳက္မွန္း သိလား"
သြမ့္ပိုင္ယြဲ႔ မနည္းေတြးေတာယူလိုက္ၿပီး တံု႔ဆိုင္းစြာ ေနာင္တရစြာ ေျပာလာ၏။
"အရြက္ဟင္းေတြ...."
"အရြက္....ဟုတ္လား"
ခ်ူယြမ္ သူ႔အား ၿပံဳးၿပီးၾကည့္ေန၏။
"အင္းပါ၊ ဟုတ္ပါၿပီ၊ ကိုယ္ မွားသြားပါၿပီကြာ...."
ရွီးနန္၀မ္ႀကီးခမ်ာ လည္ေခ်ာင္းအျမန္ရွင္းကာ ခ်ူယြမ္လက္ကို လွမ္းဆြဲထားလိုက္ေလသည္။
"မနက္ျဖန္က်ရင္ မင္း ဘာဟင္းေတြ ႀကိဳက္လဲဆိုတာ ရွစ္ဇီကို သြားေမးမယ္။ ၿပီးတာနဲ႔ ဆရာသမားေကာင္းေတြဆီ လိုက္ခစားၿပီး ဟင္းခ်က္နည္းအကုန္ လိုက္သင္ထားလိုက္မယ္ကြာ။ ေနာ္....."
"ကိုယ့္တာ၀န္ကို ေက်ပြန္ေအာင္လည္းမလုပ္ဘူး"
"ဟင္၊ ဘယ္ႏွယ့္ တာ၀န္မေက်ရမွာတုန္း။ မင္းကိုယ္မင္းလည္း ၾကည့္ၪီး၊ မင္းေတာင္ ထမင္းဟင္းမွ မခ်က္တတ္တာကို။ အသက္ႀကီးသြားတဲ့ တစ္ေန့က်ရင္ေတာ့ ကိုယ္ပဲ မီးဖိုေခ်ာင္၀င္ရေတာ့မယ္ထင္တယ္၊ ဒါေပမယ့္ မင္း ဆန္ေတာ့ေဆးရမယ္"
"ငါ ဆန္လည္းမေဆးတတ္ဘူး"
ခ်ူယြမ္ တည့္တိုးသာ ေျဖခ်လိုက္ေလသည္။
ရွီးနန္၀မ္ ထိုစကားကိုၾကားေတာ့ အေတာ္ပင္ ရင္ေလးသြား၏။
ဆန္ေတာင္မေဆးတတ္တဲ့ ဒီလိုဇနီးမယားမ်ိဳးနဲ႔ လက္ထပ္ရင္ေတာ့ ေနာင္က် အခက္ေတြ့ေတာ့မွာပဲ။
သို႔ႏွင့္ အစပိုင္းတုန္းကေတာ့ ႏွစ္ေယာက္သား ဖက္တြယ္ေနရင္း ဟိုဟိုဒီဒီ စကားေျပာေနၾကေသးသည္။ စကားေျပာလိုက္ ခဏတိတ္သြားလိုက္ႏွင့္ ၊ ခဏၾကာေတာ့ ခ်ူယြမ္ ေခါင္းစကိုက္လာကာ သြမ့္ပိုင္ယြဲ႔ရင္ခြင္ထဲသို႔သာ ပို၍တိုး၀င္သြားၿပီး မ်က္ႏွာဖြက္ထားကာ ေမွးစက္သြားေလ၏။
ေဘးနားရိွ သြမ့္ပိုင္ယြဲ႔ကေတာ့ တစ္ညလံုး မအိပ္ျဖစ္ေတာ့။ ၾကာၾကာေနတစ္ခါ ခ်ူယြမ့္နဖူးထက္သို႔ လက္တင္ကာ အဖ်ားရိွမရိွ စမ္းေပးရွာသည္၊ လက္ဖဝါးျပင္ထက္မွ ခံစားရေသာ ခ်ူယြမ္၏ကိုယ္ပူရိွန္မွာ ျမင့္သထက္ျမင့္လာ၏။ ဤသို႔ေသာ တံု႔ျပန္သက္ေရာက္မႈမ်ိဳး ျဖစ္လာမည္မွန္း အေသအခ်ာ သိရိွထားသည့္တိုင္ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ လံုး၀ မစိုးရိမ္ဘဲမေနႏိုင္ခဲ့။ မနက္မိုးလင္းသည္ႏွင့္ ရွစ္ဇီအားေခၚကာ ေရခဲႏွင့္ အ၀တ္ထူထူေလးတစ္ထည္ ယူလာေပးေစ၏။
ခ်ူယြမ္ကေတာ့ ေစာင္ပံုထဲ ေကြးေနၿပီး ေခ်ာင္းတဟြတ္ဟြတ္ ထထဆိုးေနသည္။
သြမ့္ပိုင္ယြဲ႔လည္း ေရခဲရလာသည္ႏွင့္ အ၀တ္ထူထူေလးျဖင့္ သံုးေလးပတ္မ်ွ ပတ္လိုက္ကာ အပူရိွန္ေလ်ာ့ပါးေစရန္ ခ်ူယြမ္၏ နဖူးျပင္ထက္ အ၀တ္စျဖင့္ အုပ္ထား၏။ ခ်ူယြမ့္အသံမ်ားလည္း အက္ရွေနေလၿပီ၊ တကယ္ပင္ အေအးမိသြားသည့္ဟန္ ရေန၏။
******
ေထာင္လ်ဲန္တာလည္း မနက္စာစားၿပီးသည္ႏွင့္ ယာယီနန္းေဆာင္ရိွ ေတာ္၀င္စာၾကည့္ေဆာင္၌ သြားေရာက္ေစာင့္ဆိုင္းေနကာ အမႈကိစၥမ်ား ေဆြးေနြးတိုင္ပင္ရန္ ျပင္ဆင္ေန၏။သို႔ေသာ္လည္း မည္သူ ထင္ထားမည္နည္း၊ ဧကရာဇ္အရွင္က ထပ္မံ၍ နာမက်န္းျဖစ္ေတာ္မူေနသျဖင့္ ႂကြေရာက္မလာႏိုင္ေၾကာင္း ရွစ္ဇီမွ သတင္းစကားဆိုလာ၏။ ယခုမွာမူ အိပ္ခန္းေဆာင္၌ စက္ေတာ္ေခၚေနေတာ္မူေၾကာင္းပါ ေျပာျပလာစည္။
ေထာင္လ်ဲန္တာ အေတာ္ပင္စိုးရိမ္သြားသည္။
"နာမက်န္းျဖစ္ေတာ္မူျပန္ၿပီလား၊ သမားေတာ္ေတြေရာ လာၾကည့္ေပးၿပီးသြားၿပီလား"
"မွန္လွပါ အမတ္မင္း။ လာေရာက္စမ္းသပ္ေပးၿပီးသြားပါၿပီခင္ဗ်ာ။ သမားေတာ္ႀကီးေတြ ေျပာသေလာက္ကေတာ့ အရွင္မင္းျမတ္က တိုင္းျပည္ေရးရာအမႈကိစၥေတြေၾကာင့္ စိတ္ပင္ပန္းေနေတာ္မူတာပါတဲ့။ တကယ္လည္း မေန့ညတစ္ညလံုး အစီရင္ခံစာေတြ ဖတ္ေတာ္မူေနတာ၊ မနက္ေရာက္ေတာ့ ခႏၶာေတာ္က ေတာင့္မခံႏိုင္ေတာ့ဘူးထင္ပါရဲ့၊ အေအးမိၿပီး တစ္ကိုယ္လံုး ေညာင္းညာထံုက်င္သြားေလေရာ။ အခုေတာ့ သတ္မွတ္ခ်ိန္အတိုင္း ေဆးေသာက္ေတာ္မူၿပီး ျပန္လည္အနားယူေနေတာ္မူပါတယ္။ ေနာက္ႏွစ္ရက္ေလာက္ဆို ပကတိအတိုင္း ျပန္လည္က်န္းမာေတာ္မူပါလိမ့္မယ္တဲ့"
ထိုသို႔ၾကားေတာ့ ေထာင္လ်ဲန္တာက ပို၍ပင္ စိတ္ပူသြား၏။
"ဒါဆို အရွင္မင္းျမတ္ဆီ အကြၽႏ္ုပ္အခစား၀င္လို႔ရမလား ....ကုန္းကုန္း"
အေအးမိရံုေလးကို ဘာလို႔ တစ္ကိုယ္လံုး ထံုက်င္ကိုက္ခဲသြားရတာတဲ့တုန္း။
"ဘာလို႔ မရရမွာလဲ အမတ္မင္းရဲ့။ အကြၽႏ္ုပ္ေနာက္ကိုသာ လိုက္ခဲ့ပါေလ"
ရွစ္ဇီက ဂါရ၀ျပဳလိုက္ကာ ပုေရာဟိတ္အမတ္ႀကီးအား ၪီးေဆာင္လမ္းျပလိုက္ေလ၏။
******
အိပ္ခန္းေဆာင္အတြင္း၀ယ္။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔တိုက္ေကြၽးေသာ ေဆးကို တစ္ဇြန္းၿပီးတစ္ဇြန္း ေသာက္ေန၏။
ဖားျပဳပ္ႀကီး၏ အဆိပ္မျွဖစ္ေသာ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ လက္မ်ားကပါ ထံုက်င္ေလးလံေန၏။ လႈပ္ရွား၍မရသည့္အထိေတာ့ မဟုတ္ေပမင့္ ၀တ္ရံုေတာ္လဲရာ၌၊ ကိုယ္လက္သန္႔စင္ရာ၌ အားထုတ္လႈပ္ရွားရလ်ွင္ အင္မတန္မွ အားအင္ကုန္ခမ္းမည္မို႔ ခ်ူယြမ္လည္း ၿငိမ္ၿငိမ္ေလးသာ လဲေလ်ာင္းေနကာ သြမ့္ပိုင္ယြဲ႔ျပဳစုေပးသမ်ွ အသာေလး ၿငိမ္ခံေနလိုက္၏။
ဘာဆိုဘာမွ မလုပ္ဘဲ ပ်င္းရိေလးတြဲ႔ေနေသာ ဧကရာဇ္တစ္ၪီး၏ ဘ၀အေတြ့အႀကံဳမ်ိဳး ခံစားၾကည့္လိုက္ပါၪီးမည္ေလ။
"ခါးတယ္မဟုတ္လား"
"ရပါတယ္"
"သၾကားမုန္႔ခ်ိဳေလး စားၪီးမလား"
ခ်ူယြမ္ ေခါင္းအျမန္ညိတ္လိုက္သည္။
"အင္း၊ေကာင္းသားပဲ"
ထို႔ေနာက္ သြမ့္ပိုင္ယြဲ႔လည္းထကာ ေဘးခန္းသို႔ ထြက္သြားသည္။ ခဏေနေတာ့ စကၠူျဖင့္ထုပ္ထားေသာ အထုပ္တစ္ထုပ္ပါလာသည္။
ခ်ူယြမ္ သိပ္ နားမလည္။
"စားပြဲေပၚမွာလည္း သကာရည္စိမ္ထားတဲ့ သစ္သီးေတြ ရိွေနတယ္ေလ"
"ဒါက အဘြားဖုန္းကူဆီသြားတုန္းက ရလာတဲ့ သၾကားမုန္႔ခ်ိဳေတြ"
သြမ့္ပိုင္ယြဲ႔က မုန္႔အနည္းငယ္ကို ဖဲ့လိုက္ကာ ခ်ူယြမ္အား ခြံ႔ေကြၽးလိုက္ရင္း ဆက္ဆို၏။
"အရမ္းစားေကာင္းတယ္လို႔ ေျပာၾကတယ္"
ခ်ူယြမ္က လ်ွာဖ်ားျဖင့္တို႔ကာ အရင္ျမည္းၾကည့္လိုက္ၿပီးမွ -
"အင္း၊ အရမ္းလည္း ခ်ိဳအီမေနဘူး။ ႏွမ္းဆီနံ႔လည္း သင္းတယ္"
"အစကေတာ့ ယာယီနန္းေဆာင္အစြန္နား ေနတဲ့ ဟိုအဘိုးကို အကုန္ေပးလိုက္ေတာ့မလို႔ပဲ။ သူတို႔ၾကား ဘာကိစၥေတျြဖစ္ခဲ့ဖူးမွန္းမသိေပမယ့္ သူ႔ပံုစံၾကည့္ရသေလာက္ေတာ့ အဘြားဖုန္းကူကို ခ်စ္ျမတ္ႏိုးေနတာ သိသာတယ္။ အဲ့ဒါေၾကာင့္လည္း အဘိုးကို ေပးသင့္တယ္လို႔ ကိုယ္ေတြးလိုက္တာ။ ဒါေပမယ့္ ေသခ်ာျပန္ေတြးလိုက္ေတာ့ မုန္႔ယူလာတုန္းက အဘြားဖုန္းကူကို ကြၽန္ေတာ့္ဇနီးေလးအတြက္ ၀ယ္သြားေပးမယ္လို႔ေျပာၿပီး ၀ယ္လာခဲ့တာဆိုေတာ့ မင္းအဖို႔ ယူထားၿပီး ျမည္းၾကည့္ခိုင္းတာေလ။ ေကာင္းတယ္ဟုတ္...."
ခ်ူယြမ္တစ္ကိုယ္လံုး ေတာင့္တင္းေအးစက္သြား၏။
"စားေကာင္းတယ္မလား"
ခ်ူယြမ္က ရုတ္တရက္ဆိုသလို သြမ့္ပိုင္ယြဲ႔ႀကီး၏ ပါးႏွစ္ဖက္ကို အားရပါးရ ဆြဲၫွစ္လိုက္သည္။
ရွီးနန္၀မ္ႀကီးခမ်ာ မ်က္ႏွာႀကီးရြဲ႔ၿပဲရႈံ႔မဲ့လို႔၊ ႏႈတ္မွလည္း မနည္းေတာင္းပန္ရရွာသည္၊ ခ်က္ခ်င္းပင္ လက္ေျမႇာက္အရႈံးေပးရရွာသည္။
ဘာလို႔ ဒီေလာက္ေတာင္ ဆိုးေနတာလဲကြာ။
********
2020.07.03
Thz for reading, giving stars and leaving comments.
T/N: ဇာတ္လမ္းဖတ္ရင္ ကိုယ္လည္း Commentအမ်ားႀကီး ေပးတတ္တဲ့အထဲ မပါပါဘူး၊ ဒါက တစ္ၪီးတစ္ေယာက္ခ်င္းစီရဲ့ ပင္ကိုဗီဇေပၚမူတည္တယ္လို႔ မွန္းဆထားပါတယ္။
ဒါေပမယ့္ ကိုယ္တိုင္ ဒီလို ေရးခ်ျပရတဲ့အခ်ိန္မွာေတာ့ commentေမ်ွာ္ရတာက အသက္ပဲ။ တစ္ခ်ိဳ႕ကေတာ့ commentအစား msg အေနနဲ႔ သီးသန္႔ responseေပးတယ္၊ ဘာပဲျဖစ္ျဖစ္ တန္ျပန္ပဲ့တင္သံအားလံုးကို အထူးေက်းဇူးတင္ပါတယ္လို႔ ဒီကေန ေျပာလိုက္ပါရေစ။
********