မြောက်ဘက်ယာယီနန်းဆောင်၏ အိပ်ခန်းဆောင်သို့ ချူယွမ်ရောက်သွားတော့ နေ့လယ်စာစားရန် အချိန်ပင် ရောက်နေပြီဖြစ်သည်။ အခန်းတံခါးကို တွန်းဖွင့်ပြီး၀င်သွားတော့ မျှော်လင့်ထားသည့်အတိုင်းပင် သွမ့်ပိုင်ယွဲ့တစ်ယောက် ထိုင်စောင့်နေလျက်ရှိ၏။
ရှစ်ဇီလည်း အလိုက်သိစွာ နောက်ဆုတ်ထွက်ခွာပေးလိိုက်သည်။
"ဘာဖြစ်နေတာလဲ။မင်းပုံစံကြည့်ရတာ စိတ်ညစ်နေတဲ့ပုံကြီးနဲ့၊ မင်းကို ဘယ်သူက ရန်စလိုက်လို့လဲပြော..."
ချူယွမ်က ဂရုတစိုက်မေးလာသည်။
သွမ့်ပိုင်ယွဲ့က ဘာမှ ပြန်မဖြေဘဲ ထရပ်လိုက်ကာ ချူယွမ်အား ရင်ခွင်ထဲ ထည့်သွင်း ဖက်တွယ်ထားလိုက်သည်။
"ကိုယ် စိတ်ညစ်နေတာမဟုတ်ဘူး၊ စိုးရိမ်စရာလေး ရှိလို့ ။ ဒီအတိုင်းလေး ခဏနေပေး၊ မလှုပ်လိုက်နဲ့"
"ဟင်..."
ချူယွမ် ဘာမှ နားမလည်လိုက်ပေ။
"မလှုပ်နဲ့လို့....."
သွမ့်ပိုင်ယွဲ့က နောက်တစ်ကြိမ် သတိပေးလာ၏။ ထို့နောက် သူ့လက်များက ချူယွမ့်ဂုတ်သားမှသည် နောက်ကျောပြင်ထက်သို့ တဖြည်းဖြည်းချင်းစီ လျှောဆင်းသွား၏။
"မင်း....."
ချူယွမ်က ချက်ချင်း သွမ့်ပိုင်ယွဲ့ကို တွန်းထုတ်လိုက်ကာ မျက်စောင်းထိုးလာ၏။
နေ့ခင်းကြောင်တောင်ကြီးမှာ မင်း ဘာလုပ်ဖို့စဥ်းစားနေတာလဲဟမ်။
"ဖန်ရှင်း ဘာလို့ အရောင်လင်းမှန်း ကိုယ် သိလာခဲ့တယ်....ထင်တာပဲ"
"ဟင်....ဘယ်လို"
ချူယွမ် ခေတ္တမျှ မှင်သက်သွား၏။
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်ကို လှမ်းယူပြီး ဆုပ်ကိုင်ထားလိုက်ကာ -
"မင်း နောက်ကျောကို တစ်ချက် စမ်းကြည့်ပါရစေ။ ဘာမှမကြောက်နဲ့ ၊ ဘာမှမဖြစ်ဘူး စိတ်ချ ။ ပြီးတာနဲ့ မင်းကို အကြောင်းစုံပြောပြမယ်၊ ရတယ်မလား"
ချူယွမ် - "......."
သွမ့်ပိုင်ယွဲ့က ချူယွမ်အား အသာလေးခေါ်ဆောင်လာကာ စားပွဲနား ထိုင်ခိုင်းလိုက်၏။
ချူယွမ်ကလည်း ယုံတစ်၀က်မယုံတစ်၀က်။
သို့သော် ဘာမှ ဆက်မမေးတော့ဘဲ ခါးစည်းကြိုးကိုဖြည်လိုက်ကာ အပေါ်၀တ်ရုံကို ချွတ်ပေးလိုက်သည်။
အပြင်ဘက်ရှိ ရှစ်ဇီကမူ အရှင်မင်းမြတ်က လွန်စွာဆာလောင်နေပြီဖြစ်ကြောင်း လမ်းတစ်လျှောက်လုံး မကြာခဏထထပြောတော်မူလေတော့ နေ့လယ်စာ ယူလာပေးခဲ့ရမလား တွေးတောချိန်ဆနေ၏။ နောက်ဆုံးတော့ အခြေအနေကို အကဲခတ်ရန် အခန်းထဲ တစ်ချက် ချောင်းကြည့်လိုက်တော့ မြင်လိုက်ရသောမြင်ကွင်းကို အင်မတန်မှ လန့်ဖျတ်သွားရာ ချက်ချင်း နောက်ပြန်လှည့်လိုက်ရလေသည်။
ထို့နောက် အနီးအနားရှိ ရံရွှေတော်များ ၊ ကိုယ်ရံတော်စစ်သည်များသာမက လက်ဖက်ရည်လာရောက်ဆက်သပေးသော အမှုထမ်းများကအစ နှင်ထုတ်ထားလိုက်ပြီး အထူးသက်တော်စောင့်များကိုလည်း မည်သည့်အကြောင်းကြောင့်မဆို မည်သူ့ကိုမှ ၀င်ခွင့်မပြုရဟု ရှစ်ဇီ မှာကြားထားလိုက်လေသည်။
ချူယွမ်၏ ဖြူ၀င်းနူးညံ့လှသော ကျောပြင်တစ်လျှောက် သွမ့်ပိုင်ယွဲ့က လက်ချောင်းများဖြင့် တစ်လက်မချင်း ဖြည်းဖြည်းချင်းစီ လိုက်လံစမ်းသပ်ထိတွေ့နေ၏။ ချူယွမ်ဘက်က မင်းဘာတွေလုပ်နေတာလဲဟု မေးမည်အပြု၊ ချက်ချင်းဆိုသလို ဆစ်ခနဲ အောင့်တက်လာသည့် ဝေဒနာကို ခံစားလိုက်ရသည်။
"အ....."
သွမ့်ပိုင်ယွဲ့လည်း ရပ်လိုက်ကာ ထိုနေရာနား တစ်ချက် ပြန်စမ်းကြည့်လိုက်ရာ တကယ်ပင် အဖုသေးသေးလေးတစ်ခုရှိနေသည်။ သေချာစမ်းမကြည့်လျှင် သတိမထားမိလောက်။
"မင်း ငါ့ကို အပ်နဲ့လာစိုက်နေတာလားဟမ်"
သွမ့်ပိုင်ယွဲ့က ချူယွမ့်အား ၀တ်ရုံပြန်ကူ၀တ်ပေးလိုက်ကာ-
"ကိုယ်ပြောပြတာနားထောင်ပြီး လန့်မသွားနဲ့ဦး။ ဘာမှ ကြီးကြီးမားမား ကိစ္စမဟုတ်ဘူး။ ယောင်အာနဲ့ ရှစ်ဖူးရောက်လာရင် ဒီပိုးကောင်ကို ထုတ်ပေးနိုင်ပါတယ်"
ချူယွမ်မျက်နှာပြင်ထက် နားမလည်နိုင်ခြင်းများစွာ လျှပ်ပြေးသွား၏။
"ဖန်ရှင်းပုလဲက ယွဲ့မင်ကူအဆိပ်ပိုးနဲ့တွေ့မှ အရောင်အဝါထွက်သတဲ့။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ချောင်ယာတွေ နန်းတော်ထဲရောက်လာတုန်းကတည်းက မင်းထဲ ထည့်သွားတာနေမယ်"
"ငါ့ကိုလေ.....? "
ချူယွမ် မျက်နှာမဲ့သွားကာ စောန ဆစ်ခနဲနာသွားသောနေရာကို လိုက်စမ်းကြည့်လိုက်၏။
"ဘာကြောင့်ဖြစ်မှန်း ကိုယ်လည်း သေချာမပြောတတ်ပေမယ့် ဘာမှစိတ်မပူပါနဲ့"
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်ကို ဆုပ်ကိုင်လိုက်ကာ ထိုအဘိုးအို ပြောပြခဲ့သမျှကို ပြောပြပေးလေသည်။ ချူယွမ်ခမျာ တအံ့တသြ နားထောင်နေရရှာ၏။
"ဒီနန်းဆောင်ရဲ့အစွန်ဘက်မှာ အဲ့အဘိုးရှိနေတုန်းပဲ။ ဒါပေမယ့် ဘာကိစ္စမှမရှိရင် သူ့ကိုသွားမရှုပ်ဘူးလို့ ကိုယ် ကတိပေးထားတယ်။ သူ ဘယ်သူမှန်း မင်းသိလား"
သွမ့်ပိုင်ယွဲ့ အမေးစကားကို ချူယွမ် ခေါင်းခါပြလိုက်သည်။
"ငါလည်း မသိဘူး။ ငယ်ငယ်လေးကတည်းက ခုထက်ထိ ဒီနန်းဆောင်ကို နှစ်တိုင်းရောက်ဖြစ်ပေမယ့် ဒီလိုမျိုး ပညာရှိပုဂ္ဂိုလ်တစ်ယောက် ဒီမှာရှိနေမှန်း မသိဖူးဘူး။ သူ ဘယ်သူမှန်း ငါမသိပေမယ့် အဲ့ဇာတ်လမ်းထဲက ကုန်သည်ကြီးအကြောင်းကိုတော့ ငါသိတယ်"
"ဟုတ်လား"
သွမ့်ပိုင်ယွဲ့ အတော်အံ့သြသွား၏။
"သူက ရှန်မျိုးနွယ်ရဲ့ ဘိုးဘေးတစ်ယောက်ပဲ။ တစ်နည်းအားဖြင့် လက်ရှိ သူရိယစန္ဒာဂိုဏ်းချုပ်ရဲ့ အမျိုးအနွယ်တစ်ယောက်ပေါ့။ အဲ့ကုန်သည်ကြီးနာမည်ကတော့ ရှန်လျိုတဲ့၊ အဲ့လူက အဲ့ခေတ်ရဲ့ဂိုဏ်းချုပ်တော်တော်များများနဲ့ လူမှုဆက်ဆံရေးပြေပြစ်တယ်။အဲ့တော့ သူသေဒဏ်ပေးခံရတဲ့အချိန်မှာ မျိုးရိုးတစ်ခုလုံး အမြစ်ပြတ်သုတ်သင်ခံရမှာကို မကြည့်ရက်လို့ သူ့မိတ်ဆွေဂိုဏ်းချုပ်တွေက ကုန်သည်ကြီးရဲ့သား ရှန်လော့ကိုတော့ အသက်ဘေးကနေ မရရအောင် ကယ်ထားလိုက်တာ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်တုန်းက တာ့ချူမှာ အရေးအခင်းတွေဖြစ်ပြီး ချူမျိုးနွယ်ကို တိုင်းပြည်ပြန်လည်စုစည်းရေးမှာ ရှန်လော့တို့လည်း၀င်ပြီးပူးပေါင်းကူညီပေးတယ်ဆိုတော့ အဲ့ဒီနောက်ပိုင်း ရှန်မျိုးရိုးလည်း ပြန်ပြီး ဂုဏ်သတင်း ကျော်ဇောလာတာပဲ "
"လက်စသတ်တော့ ဒီလိုကိုး"
"ဒီကိစ္စက သိုင်းလောကမှာတောင် လျှို့ဝှက်ထားတာမျိုး မရှိပါဘူး ။ ဒါပေမယ့် လက်ရှိမှာ သူရိယစန္ဒာတောင်စခန်းက အင်အားအကြီးဆုံးဂိုဏ်းဆိုတော့ ဘယ်သူကမှ ကဲ့ရဲ့ပြစ်တင်တာမျိုး မလုပ်ရဲကြတော့ဘူးဆိုပါတော့။ ပြီးတော့ အဖြစ်အပျက်တွေက ရာစုနှစ်တစ်ခုတောင် ကြာသွားလို့လည်းပါတယ်။ ရှန်လျို စိတ်ဖောက်ပြန်သွားတုန်းကတော့ ပင်လယ်ပြင်ထဲက ကျွန်းတစ်ကျွန်းမှာ ရွှေတောင်ကြီးရှိတယ်လို့ ပြောနေတတ်တယ်တဲ့။ ချောင်ယာအကြောင်း ထုတ်မပြောခဲ့တော့ သူတို့တတွေနဲ့ပတ်သက်နေမယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြတာ"
"တော်ပြီ၊ ဒီကိစ္စ ဆက်မပြောတော့ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ထဲက ယွဲ့မင်ပိုးကောင်ကိုသာ အရင်ဆုံး ထုတ်ရမယ်၊ ဒါကမှ အရေးအကြီးဆုံးကိစ္စ"
"မထုတ်ဘဲ ဒီတိုင်းထားရင်ကော ဘာဖြစ်သွားမှာလဲ"
"ငတုံးလေးဖြစ်သွားမှာပေါ့"
"......."
သွမ့်ပိုင်ယွဲ့ကပြုံးလိုက်ကာ -
"စတာ စတာ.....။ ဘာမှမဖြစ်လောက်ပါဘူး။ ဒါပေမယ့် ကူပိုးကောင်မှန်ရင် ကိုယ့်အသွေးအသားကို သောက်သုံးပြီးနေကြတာဆိုတော့ ဘာမျိုးစိတ်ပဲဖြစ်ဖြစ် မွေးမထားကောင်းဘူး"
"မင်းတောင်မှ သိသိကြီးနဲ့...."
ချူယွမ်က ပြောပြောဆိုဆို သွမ့်ပိုင်ယွဲ့နှာခေါင်းကို ဆွဲညှစ်လိုက်ကာ -
"ရွှေချည်ပိုးကောင်ကိုကျ မွေးထားတယ်"
"အဲ့ကောင်က ငြိမ်ပါတယ်၊ တစ်နှစ်မှတစ်ခါ နိုးနိုးလာတာ။ ဘာပြဿနာမှမရှိဘူး"
သွမ့်ပိုင်ယွဲ့က ပါးနပ်လိမ္မာစွာ ဖြေလိုက်၏။
ချူယွမ်လည်း ဘာပြန်ပြောရမှန်းမသိတော့။
"ရှစ်ဖူးနဲ့ယောင်အာက မနက်ဖြန်ကျမှ ရောက်လာမှာဆိုတော့ နက်ဖြန်နေ့ခင်းလောက်ကျရင် ပိုးကောင်ကို ထုတ်လိုက်ကြစို့နော်"
"အင်းပါ"
ချူယွမ်က ခေါင်းညိတ်လက်ခံလိုက်သည်၊ ခဏနေတော့ တစ်စုံတစ်ခုကို သံသယ၀င်သွားကာ -
"ဘာလို့ အဲ့နှစ်ယောက်က မင်းနဲ့တစ်ပါတည်း လိုက်မလာတာတုန်း"
"ကိုယ် လိုက်ခွင့်မပေးလို့လေ"
ဒါပေမယ့်လည်း ဟိုနှစ်ယောက်ကတော့ လိုက်မလာခိုင်းလေ၊ ပိုပြီး လိုက်လာချင်လေပဲ ။
******
သွမ့်ယောင်တစ်ယောက် အထုပ်အပိုးများကိုသယ်ကာ ဆရာဖြစ်သူနောက် ပျော်ပျော်ကြီး လိုက်လာခဲ့သည်။
နန်မော်ယဲ့လည်း လမ်းဘေးဆိုင်တစ်ဆိုင်မှ ပေါက်စီနှစ်လုံး ၀ယ်လိုက်ကာ ကိုယ်တိုင်လည်းစား၊ တပည့်ငယ်လေးကိုလည်း ကျွေးရင်း သတိပေးစကားဆိုလာ၏။
"သေချာလေး သတိထားဦးနော်... ကြားလား။ မင်းရဲ့ နောင်တော်ကို လုံးဝမရိပ်မိစေနဲ့"
"ဒါတော့စိတ်ချပါဗျ ။ မနက်ဖြန် ယွင်တာမြို့ကိုရောက်တော့မှာဆိုတော့ ရုပ်ဖျက်ကြရအောင်လေ"
"ကောင်းပြီလေ"
နန်မော်ယဲ့က ၀မ်းသာအားရ ချီးကျူးသည်။
သို့နှင့် နှစ်ယောက်သား သစ်ပင်ရိပ်အောက်တွင်ထိုင်ကာ ကမ္မဌာန်းအားထုတ်မည်ပြုရုံသာရှိသေး၊ အဝေးမှ လာနေသော မြင်းခွာသံများကို ကြားလိုက်ကြရသည်။
သွမ့်ယောင်က ချက်ချင်းပင် မျက်နှာကို အ၀တ်ဖြင့်အုပ်လိုက်၏။ နန်မော်ယဲ့ကတော့ လျှာတစ်လစ်ထုတ်ကာ ကြောက်စရာကောင်းလောက်အောင် ရုပ်ဆိုးအကျည်းတန်ပြနေသည်။
ဒီလိုမျိုး မဲ့ရွဲ့လိမ်ကောက်ပြထားတဲ့မျက်နှာနဲ့ဆို ဘယ်သူမှ မှတ်မိမှာမဟုတ်တော့ဘူး။
မြင်းဖြင့်ရောက်လာသော ထိုသူကတော့ မြင်းပေါ်မှဆင်းလာကာ ဆို၏။
"လူကြီးမင်းနန်၊ ရှောင်၀မ်ရယ်....."
" ......"
နန်မော်ယဲ့က ချက်ချင်းပင် နဂိုရုပ်အတိုင်း ပြန်ဖြစ်သွားပြီးနောက် သွမ့်ယောင်အား တစ်ချက်ထုပစ်လိုက်၏။
"ဒါက ဘာလဲဗျ၊ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင် ငိုပြရမှာလား"
မြင်းစီးတပ်သားက အလျင်အမြန် ဖြေဆိုလာ၏။
"၀မ်ရယ်က အမျက်မထွက်ပါဘူးတဲ့ ခင်ဗျာ။ အမျက်ထွက်ဖို့ နေနေသာသာ ရှောင်၀မ်ရယ်တို့နှစ်ယောက်ကို အမြန်အခေါ်လွှတ်ဖို့ ကျွန်တော်မျိုးကိုတောင် လွှတ်လိုက်တာပါ"
"တကယ်ကြီးလားဟ"
နန်မော်ယဲ့တစ်ယောက် ချက်ချင်းပင် အံ့သြသွား၏။
"ဟုတ်ပါတယ်၊ ၀မ်ရယ့်ပုံစံကြည့်ရတာ အတော်လေး စိတ်လောနေတဲ့ပုံပဲ"
နန်မော်ယဲ့တစ်ယောက် အားပါးတရ ပေါင်ကိုပုတ်လိုက်သည်။
စိတ်လောနေတယ်ဆိုတာ ပြဿနာတစ်ခုခုဖြတက်လို့ ။ ဒါဆိုရင် တကယ်ပွတာပဲ။ ခုရက်ပိုင်း အရမ်းငြီးငွေ့နေတာနဲ့တော့ အတော်ပဲကွ။
******
သူရိယနေမင်းကြီးကတော့ အနောက်ဂေါ်ယာကျွန်းသို့ မေးတင်အိပ်စက်သွားလေပြီ။
မြောက်ဘက်ယာယီနန်းဆောင်အတွင်း၌ သွမ့်ပိုင်ယွဲ့လည်း ချူယွမ်ကို အဖော်ပြုပေးရင်း ညစာ အတူတူစားပေးနေသည်။
ဧကရာဇ်အရှင်ကိုယ်တော်တိုင် လာရောက်စံပယ်သည်မို့ ဒေသခံ မှူးကြီးမတ်ရာများကလည်း ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စားသောက်ပွဲ ကျင်းပပေးကြသည်။ သို့သော်လည်း ချူယွမ်တစ်ယောက် ထိုသို့သောစားသောက်ပွဲကြီးမျိုးမှာ စားသောက်လေ့မရှိ ။ ဤအကျင့်ကို သိနေသော ရှစ်ဇီကတော့ စားသောက်ပွဲပြီးပြီးချင်း စားဖိုမှူးအား ချူယွမ်စားနေကျ စားသောက်ဖွယ်ရာများကို သုံးလေးပွဲမျှ ချက်ပြုတ်ပြင်ဆင်လာခိုင်းစေ၏။ ရှီးနန်၀မ် ခံတွင်းတွေ့စေလောက်သည့် အသားငါးတစ်ချို့ပါ ချက်ပြုတ်လာခိုင်းလိုက်သည်။
ချူယွမ်က ၀က်သားနီကင်ကို အချဥ်ဆီရည်ဖြင့်တို့ပြီး ထမင်းဖြူနှင့် စားနေ၏။
"ငါးရော ယူဦးမလား"
သွမ့်ပိုင်ယွဲ့မေးလာခြင်းဖြစ်သည်။
ချူယွမ်လည်း ခေါင်းအသာညိတ်လိုက်တော့ သွမ့်ပိုင်ယွဲ့လည်း ငါးအသားကိုဖဲ့ကာ ချူယွမ်အား တစ်လုပ်မျှ ခွံ့ကျွေးလိုက်သည်။ ရယ်ချင်စိတ်ကို မနည်းထိန်းနေရလျက်နှင့်ပင်။
"ဘာလို့ ဒီနေ့ကျမှ အရမ်းကို ထမင်းမြိန်နေတာလဲဟမ်"
"ထမင်းစားမြိန်တာမဟုတ်ဘူး။ ငါမစားရင် မင်းကပဲ တစ်နေကုန်တစ်နေခမ်း ပွစိပွစိ ပြောတော့မှာလေ"
"ပွစိပွစိပြောတယ်ဆိုပဲ...."
သွမ့်ပိုင်ယွဲ့ ရယ်ရခက် ငိုရခက်ဖြစ်သွားရှာသည်။
"ငါ တကယ် စားချင်သောက်ချင်စိတ်ကို မရှိတာ။ မရှိဘူးဆိုတာကလည်း ရာသီဥတုပူလို့၊ ဟိုပိုးကောင်ကြောင့် မဟုတ်ဘူး။ အဲ့အကောင် အဆိပ်ရှိတယ်ဆိုရင်တောင် ငါ့ထဲရှိနေတာ ဆယ်စုနှစ်တစ်ခုတောင် ကြာပြီးပြီပဲ၊ ဘာမှမဖြစ်ဖူးဘူးဆိုတော့ ငါတော့ ဘယ်လိုမှ မနေပေါင်...."
"မင်း အဲ့လိုတွေးတော့လည်း ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်.... ထမင်းတော့ ၀အောင်စားရမယ်၊ ဟုတ်ပြီနော်။ ဒါလေးကတော့ အဆီသိပ်မများဘူး၊ မြည်းကြည့်"
သွမ့်ပိုင်ယွဲ့က ပြောပြောဆိုဆို ချူယွမ်၏ ပန်းကန်ထဲသို့ ၀က်နံရိုးတစ်ခုကို ထည့်ပေးလိုက်၏။
"ရှီးနန်စံအိမ်တော်မှာလေ.... ခါတိုင်းအချိန်မှာ ဟင်းသီးဟင်းရွက်ရော စားဖြစ်ကြရဲ့လား"
ချူယွမ် တကယ် စိတ်၀င်တစားရှိ၍ မေးလာခြင်းဖြစ်သည်။ အရင်တစ်ခေါက် ယောင်အာနှင့် ထမင်းလက်ဆုံစားတုန်းကလည်း ထိုကလေးက အသားချည်း ရွေးစားသွားသည်၊ အရွက်ဟင်းများကို ထိပင်မထိခဲ့။
"မင်းသာ အတူလာနေမယ်ဆိုရင်တော့ စားဖိုမှူးဆယ့်ရှစ်ယောက်လောက် ခေါ်ထားပြီး တစ်နေ့တစ်မျိုးမရိုးရအောင်ကို အရွက်ဟင်းတွေ ချက်ခိုင်းမှာ...."
ချူယွမ်က ထမင်းစားတူ၏အရင်းဖြင့် သွမ့်ပိုင်ယွဲ့၏ ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်သည်။
"အပြောကြီးနေပြန်ပြီ"
"သြော် ၊ တကယ်ပါဆို။ မယုံဘူးဆိုလည်း ကိုယ့်စကားကို သေချာမှတ်ထား ၊ အဲ့ဒီအချိန်ရောက်တော့မှ ကိုယ် တကယ် လုပ်မှာလား မလုပ်ဘူးလားဆိုတာ စောင့်ကြည့်နေ"
"အင်းပါ....."
ချူယွမ်က ထို၀က်နံရိုးကင်ကိုသာ ဖဲ့စားနေလိုက်တော့သည်။
ဤတစ်ခေါက်ခရီးမှာ အတော်လေး ပင်ပန်း၏၊ မြောက်ဘက်ယာယီနန်းဆောင်ကို ရောက်ဖို့ သိပ်မလွယ်ကူလှ။ ယခုတော့ အနားယူရပြီမို့ သလွန်တော်ပေါ် လဲလျောင်းလိုက်သည်နှင့် ချူယွမ် လုံး၀လှုပ်ရှားချင်စိတ်ကို မရှိတော့။
သွမ့်ပိုင်ယွဲ့က ချူယွမ့်ကိုယ်လုံးကို ရင်ခွင်ထဲသိမ်းသွင်းကာ ဖက်တွယ်ထားလိုက်သည်။ လက်ကတော့ ချူယွမ်၏ ကျောပြင်တစ်လျှောက်ကို ဖြည်းဖြည်းချင်း နှိပ်နယ်ပွတ်သပ်ပေးနေ၏။
အစကတော့ ချူယွမ်လည်း ဘာမှ အရေးမထားဘဲ လွှတ်ထား၏ ၊ နောက်တော့ ရုန်းလိုက်ကာ-
"လက်ကမြင်းနေတာကို ခုချက်ချင်း ရပ်လိုက်စမ်း"
"ထိန်းလို့ မရတော့လို့ပါဆို...."
"ယားတယ်၊ နာလည်းနာတယ်။ အစကတော့ နေလို့ကောင်းပေမယ့် အခုတော့ အဆင်မပြေတော့ဘူး"
"မနက်ဖြန်ကျ ယောင်အာနဲ့ရှစ်ဖူးတို့ ရောက်လာတော့မှာ။ ဒီနေ့တော့ ဒီလိုပဲ အိပ်ကြစို့နော်"
သွမ့်ပိုင်ယွဲ့က စကားလမ်းကြောင်းလွှဲလိုက်၏။
"လူကြီးမင်းနန်က မျက်နှာဖုံးတပ်ထားဦးမှာလားဟင်"
သွမ့်ပိုင်ယွဲ့ ခေတ္တမျှ တုံ့ဆိုင်းသွားကာ ဖြေလာ၏။
"မတပ်တော့လည်း ရပါတယ်။ ဒါပေမယ့် ကိုယ်ပြောပြစရာတစ်ခုရှိတယ်၊ လုံး၀စိတ်မဆိုးကြေး"
ချူယွမ်မျက်နှာ ရှုံ့မဲ့သွားလေသည်။
"ဒါမျိုးက အာမမခံနိုင်ဘူးလေ"
သွမ့်ပိုင်ယွဲ့ - "....."
ချူယွမ်က သွမ့်ပိုင်ယွဲ့ လည်ပင်းထက်က အင်္ကျီစကို ဆုပ်ကိုင်လိုက်ရင်း ဆက်ဆို၏။
"ငါ့အပေါ် ဘာတွေ ဖုံးကွယ်ထားတာ ရှိသေးလဲ ၊ ပြောစမ်း"
သွမ့်ပိုင်ယွဲ့ တကယ်ပင် ခေါင်းကိုက်နေချေပြီ။ သို့သော် ဆက်လက်ပြီး သိုဝှက်ထားလို့မဖြစ်တော့သဖြင့် ပြောပြလိုက်တော့သည်။
"ကိုယ့်ရှစ်ဖူးက မင်း ချုန်းဟွားနတ်ဆေးတောင်မှာ တွေ့ခဲ့တဲ့ အဘိုးကြီးပိုင်လိုင်ချိုင်ပဲ"
ထင်ထားသည့်အတိုင်းပင် ချူယွမ်တစ်ယောက် လွန်စွာ အံ့ဩမှင်သက်သွားသည်။
သွမ့်ပိုင်ယွဲ့လည်း ဖြစ်ကြောင်းကုန်စင်ကို သူ့အားပြောပြလာ၏။
ချူယွမ်လည်း ညဥ့်အမှောင်ထုကြား သွမ့်ပိုင်ယွဲ့အား ငေးကြည့်နေပြီးနောက် ဖြည်းဖြည်းချင်းဆိုလာ၏။
"အင်း၊ ငါလည်း မှန်းတော့ မှန်းမိပါတယ်"
"ကိုယ် တကယ် ဘာဆိုဘာမှ မသိလိုက်ဘူးနော်။ ရှစ်ဖူး ဒီတစ်ခေါက် သူ့သင်္ချိုင်းကနေ ထွက်ထွက်ချင်း တောင်သခင်ယဲ့ဆီ တန်းသွားတာပဲ ၊ ရှီးနန်စံအိမ်တော်ဆီကို ၀င်မသွားဘူး။ ကိုယ်လည်း သူနဲ့ ချုန်းဟွားတောင်ကျမှ ပြန်ဆုံဖြစ်တာ"
ချူယွမ်က စောင်အောက်မှနေရင်းနှင့်ပင် သွမ့်ပိုင်ယွဲ့အား ရအောင် ကန်လိုက်သေးသည်။
"မင်းအပေါ်ထားတဲ့ ခံစားချက်တွေကို တခြားသူတွေရှေ့မှာသာ ဖုံးဖိထားလို့ ရပေမယ့် ရှစ်ဖူးရဲ့မျက်လုံးတွေကိုတော့ မလှည့်ဖျားနိုင်ခဲ့ဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်ကို နမ်းရှိုက်လိုက်ပြီးနောက် ဆက်ဆို၏။
"သူက ကိုယ့်ထက်တောင် စိတ်စောနေသေးတယ် .... သိလား။ နေ့တိုင်းနေ့တိုင်းကိုပဲ မင်္ဂလာကိစ္စ အမြန် ဆင်နွှဲစေချင်နေတာ။ ထစ်ခနဲရှိ ကြက်ဥနီပြုတ်မယ်ဆိုတာချည်းပဲ"
"ဟားဟား"
ချူယွမ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေ၏။
"ရှစ်ဖူး ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာ မင်း ကြာကြာပေါင်းကြည့်ရင် သိလာလိမ့်မယ်။ သူ ဘာတွေတွေးနေမှန်း ဘယ်သူကမှ ခန့်မှန်းနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အပေါ်ရော ယောင်အာအပေါ်မှာပါ အရမ်းကောင်းရှာတယ် ၊ ကိုယ်တို့ညီအစ်ကိုအတွက် ဆိုရင် အသက်စွန့်ပေးဆိုရင်တောင် စတေးပေးဝံ့တဲ့အထိပဲ"
"အင်း၊ငါလည်း လူကြီးမင်းနန်ကို စိတ်မဆိုးပါဘူး"
"အဲ့လိုဆိုရင် တော်သေးတာပေါ့"
"ဒါပေမယ့် မင်းကိုတော့ စိတ်ဆိုးတယ်"
"ဘာလို့တုန်း"
"ဘာရယ်လို့တော့ မဟုတ်ပေါင်"
"......."
ချူယွမ်က ထိုသို့ပြောပြီး အခြားတစ်ဖက်သို့လှည့်သွားကာ သွမ့်ပိုင်ယွဲ့အား ကျောပေးပြီးအိပ်လိုက်သည်။
သွမ့်ပိုင်ယွဲ့လည်း ချူယွမ်အနားသို့ နီးကပ်စွာ တိုးသွားပြီး ပူးကပ်လိုက်ကာ ရင်ခွင်ထဲပြန်ထည့်ထားလိုက်သည်။ ထို့နောက် ချူယွမ့်ပခုံးထက် မေးတင်ထားလိုက်၏ ။
ချူယွမ်ကလည်း ပြုံးနေလျက်။
ထို့နောက် ပျင်းရိလေးတွဲစွာနှင့် ဆိုလာ၏။
"အိပ်ချင်နေပြီ"
"အင်း၊ အိပ်တော့လေ.....မနက်ဖြန် နိုးလာရင်တော့ စိတ်ဆိုးပြေရမယ်နော် ၊ ဟုတ်ပြီလား"
"ဟင့်အင်း၊ အဲ့ကိစ္စက အတည်ပြောလို့မရဘူး"
ချူယွမ်၏မျက်၀န်းလွှာများ မှေးစက်သွား၏။ သွမ့်ပိုင်ယွဲ့လည်း ပြုံးလိုက်ကာ ချူယွမ့် ဆံနွယ်များအား မြတ်နိုးကြင်နာစွာ နမ်းရှိုက်လိုက်လေသည်။
ချူယွမ်လည်း သွမ့်ပိုင်ယွဲ့ရင်ခွင်ထဲ ထပ်တိုး၀င်ပြီး ခို၀င်ပုန်းအောင်းနေလိုက်၏။ နှစ်ယောက်စလုံးက တစ်ဦးနှင့်တစ်ဦး တစ်စက္ကန့်လေးမျှပင် မခွဲခွာချင်သည့်နှယ်။
.
.
.
အရင်တုန်းက သူ့ဘက်မှ အေးစက်စွာဖြင့်သာ တုံ့ပြန်ခဲ့သည်ဆိုသည်မှာလည်း သွမ့်ပိုင်ယွဲ့ဘက်က ရံဖန်ရံခါမှ နီးစပ်လာလိုက်၊ ထို့နောက် အကြာကြီး ပြန်ပြီးဝေးကွာသွားလိုက်နှင့် ၊ တစ်ခါတစ်လေဆိုလျှင် ဘာမှမမှုသလို သူ့အားအရေးမစိုက်သလ်ို မဲ့ပြုံးသာပြုံးပြတတ်လေရာ ချူယွမ်ဘက်ကလည်း ဘာဆိုဘာမှ အတည်တကျ မမှတ်ယူရဲခဲ့၊ မိမိဘာသာ မိမိ တစ်ဖက်သတ် မယူဆရဲခဲ့။ ယခုနောက်ပိုင်းမှာမှ နှစ်ယောက်သား နီးစပ်ခွင့်များလာကာတစ်ဖက်သား၏ ခံစားချက်အစစ်အမှန်ကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်လာခဲ့ရသည်။ ချစ်ခြင်းမေတ္တာရေးရာကဲ့သို့သော ကိစ္စရပ်များမှာလည်း သိမ်းဆည်းလျှို့ဝှက်ထား၍ ရကောင်းသည်မဟုတ်သောကြောင့် ချူယွမ်လည်း မိမိနှလုံးသားခံစားချက်များကို ဆက်လက်ထိန်းချုပ်ထားရန် အားထုတ်မနေတော့။
သို့သော်လည်း မိမိတို့နှစ်ဦး လျှောက်လှမ်းရမည့် အနာဂတ်လမ်းခရီး သေချာရေရာခြင်း မရှိသည့်အချက်မှာမူ ပြောင်းလဲမသွားခဲ့။
မည်သို့ပင်ဆိုစေ ယခုကဲ့သို့ အေးချမ်းငြိမ်သက်စွာ ပျော်ရွှင်ချမ်းမြေ့ရသော အချိန်လေးများရနေမည်ဆိုလျှင် မည်မျှပင်တိုတောင်းနေပါစေ ချူယွမ့်အတွက် အင်မတန်မှ အဆင်ပြေနေပြီဖြစ်သည်။ နောင်လာမည့်ကိစ္စများကိုတော့ နောင်မှရှင်းလိုက်တော့ပေမည်။
သို့နှင့် အကြင်လူသားနှစ်ယောက်တို့၏ လက်ချောင်းများမှာ တစ်ဦးကိုတစ်ဦး မည်သည့်အကြောင်းကြောင့်နှင့်မှ လက်လွှတ်အဆုံးရှုံးမခံနိုင်သည့်နှယ် ခိုင်မြဲစွာ ယှက်နွယ်ဆုပ်ကိုင်ထားကြလေ၏။
******
နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် ချူယွမ်ကတော့ လာရောက်အခစား၀င်သည့် မှူးမတ်ပေါင်းများစွာနှင့် အမှုကိစ္စများ ဆွေးနွေးပြောဆိုရ၏။ ဟိုကိစ္စဒီကိစ္စနှင့် အကြောင်းအရာစုံလင်လှသော အစီရင်ခံစာများစွာ တင်ဆက်လာကြသည်ကို လက်ခံရ၏။ သွမ့်ပိုင်ယွဲ့ကတော့ အိပ်ခန်းဆောင်ထဲ တစ်ယောက်တည်း စောင့်ရင်း ကျန်နေခဲ့ရသည်။ ဘာဆိုဘာမှ လုပ်ကိုင်စရာမရှိသောကြောင့် အကြာကြီး အိပ်မောကျသွားသေးသည်။ ချူယွမ်ပြန်လာခါမှ နိုးတော့၏။
"ကြည့်စမ်း၊ လူတစ်ယောက်ကတော့အပျင်းထူလွန်းလို့ ခါးရိုးတွေပါရှည်နေပြီ"
"ဟင်၊ အဲ့ဒီတော့ ဘာဖြစ်လို့တုန်း"
သွမ့်ပိုင်ယွဲ့က ပြုံးစစနှင့် ဆက်ဆို၏။
"ဧကရာဇ်အရှင်ကိုယ်တော်တိုင်က ကျွန်တော်မျိုးကိုဆို အရာရာတိုင်း အလိုလိုက်ပြီး ကျွေးမွေးပြုစုထားတာဆိုတော့ ကျွန်တော်မျိုး ပျင်းရိလေးတွဲ့နေမယ်ဆိုလည်း မဆန်းတော့ပါဘူးလေ။ ၀တ်ရုံလဲပေးမယ်ဆိုလည်း လက်ဆန့်ပေးမယ်၊ ထမင်းခွံ့ကျွေးမယ်ဆိုလည်း ပါးစပ်အသင့်ဟပေးရုံပဲ....."
"သြော်....ဒါနဲ့လေ ဒေသခံအာဏာပိုင်တစ်ချို့ရဲ့ အစီရင်ခံစာထဲမှာ မင်းအကြောင်းလည်း ပါလာတယ်"
သွမ့်ပိုင်ယွဲ့က မဲ့ပြုံးပြုံးလိုက်ကာ -
"ဒီထိရောက်နေတာတောင် မပြီးနိုင်မစီးနိုင်သေးဘူးလေး။ ဘယ်သူတဲ့လဲ၊ တစ်ခေါက်လောက် သွားဆော်မလို့"
"ထောင်လီ.....။ပုရောဟိတ်ကြီးနဲ့ တစ်အိမ်တည်းသားတွေ"
"တွေ့လား... တွေ့လား။ နောက်ဆုံးတော့ သူ့စနက်ချည်းပဲ ။ ဒီအဘိုးကြီးကို မင်း ဘယ်တော့မှ အငြိမ်းစားယူခိုင်းပြီး သူ့ဇာတိကို ပြန်ခိုင်းမှာလဲကွာ"
ချူယွမ်က ပြုံးလိုက်ကာ -
"ခမည်းတော် နတ်ရွာမစံခင်တုန်းက ငါ့ကိုရော၊ တာ့ချူတိုင်းပြည်ကြီးတစ်ခုလုံးကိုပါ သူ့လက်ထဲ စိတ်ချလက်ချ အပ်ခဲ့တာ။ ထောင်မျိုးရိုးကလည်း မျိုးဆက်သုံးဆက်လောက်တောင် အစဥ်အဆက် သစ္စာစောင့်သိခဲ့ကြတာဆိုတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာ အေးချမ်းသာယာတာကို သူ့မျက်စိနဲ့ တပ်အပ်မြင်ရမှ ၊ နောက်ဆက်ခံမယ့် ထီးညွန့်နန်းလျာကိုပါ မြင်ရတော့မှ သူ စိတ်ချမှာ။ အဲ့လိုမမြင်ရမချင်း ပုရောဟိတ်အမတ်ကြီးကတော့ ဘယ်တော့မှလက်လျှော့မယ့်ပုံ မပေါ်ဘူး "
တိုင်းပြည် ငြိမ်သက်အေးချမ်းတာကို မြင်ချင်တာကတော့ ထားလိုက်ပါ။ ဘာတဲ့၊ ထီးနန်းဆက်ခံမယ့် ထီးညွန့်နန်းလျာကိုပါ မြင်ရမှ... ဟုတ်လား။ ဟာသပဲ။
"အဲ့တော့ ....ကလေးကို မင်းမွေးမလား၊ ကိုယ်ပဲ မွေးပေးရမလား"
ချူယွမ် မနေနိုင်တော့ဘဲ သွမ့်ပိုင်ယွဲ့ကြီးကိုတစ်ချက် ရိုက်ပစ်လိုက်လေသည်။
"မင်းပါးစပ်ပုပ်ကြီးကို ပိတ်ထားလိုက်စမ်း!!!"
ရှီးနန်၀မ်တစ်ယောက် မေးလေးထောက်ကာ အင်မတန်မှ စိတ်ညှိုးငယ်သွားရန်ဖြစ်သွား၏။
မွေးပေးချင်ရင်တောင် တကယ်လည်း မွေးပေးလို့မှမရဘဲ။
"လူကြီးမင်းနန်နဲ့ ယောင်အာရော ဘယ်တော့ ရောက်လာမှာလဲ"
"သိပ်မကြာလောက်တော့ပါဘူး။ ဒါပေမယ့် စိတ်ချပါ၊ ဒီနန်းဆောင်မှာ ရဲမက်တွေရှိနေရင်လည်း သူတို့အတွက်တော့ မရှိဘူးလို့တောင် သဘောထားလို့ရတယ်.... အေးဆေး"
ချူယွမ်က ပြုံးလိုက်ရင်း သွမ့်ပိုင်ယွဲ့အား ကြည့်လာ၏။
"ရဲမက်တွေရှိနေတာတောင် မရှိသလိုပဲ.... ဟုတ်လား"
သွမ့်ပိုင်ယွဲ့လည်း အလိုက်သ်ိစွာ ဖြေလိုက်၏။
"ခဏနေ ရှီးနန်ရဲ့ လျှို့ဝှက်တပ်သားတွေကို ထပ်ပြီး အားဖြည့်ထားခိုင်းလိုက်မယ်။ အရေးကြုံလာရင် မင်းကို စောင့်ရှောက်ဖို့၊ ဘာကိစ္စမှမရှိရင် ထောင်လျဲန်တာကို သရဲခြောက်ခိုင်းဖို့"
ချူယွမ်က နားနှစ်ဖက်ကို ပိတ်ထားလိုက်သည်။
"ဒီသုံးရက်အတွင်း ပုရောဟိတ်အမတ်ကြီးအကြောင်း မပြောကြေး။ ဟိုက အဲ့လောက် အသက်ကြီးနေပြီကို မပြောကောင်းမဆိုကောင်း အတင်းတုတ်ခံရပါများလို့ဆိုပြီး နေမကောင်းဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ"
အင်းပါ၊ သုံးရက်တိတိ မပြောဘူး။ လေးရက်မြောက်ကျမှ ဆက်ပြောမယ်။
"အရှင်မင်းမြတ်"
ထိုစဥ် ရှစ်ဇီက အပြင်ဘက်မှနေ၍ တိုးတိုးလေး သံတော်ဦးတင်လာ၏။
"အရှင်မင်းမြတ်စောင့်ဆိုင်းနေတော်မူတဲ့လူတွေ ရောက်နေပါပြီဘုရား"
"အမြန် အခစား၀င်စေ"
ရှစ်ဇီ တံခါးဖွင့်ပေးလိုက်တော့ ချူယွမ်လည်း ရွှင်လန်းစွာ ပြုံးလိုက်ကာ ကြိုဆိုလိုက်၏။
"နှစ်ယောက်စလုံး အထဲကိုကြွလာကြပါ"
နန်မော်ယဲ့ကတော့ ကြောက်စရာကောင်းသော မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားဆဲ။
သွမ့်ယောင်ကတော့ ပြုံးဖြီးနေလျက်။
မင်္ဂလာပါဗျ...မရီးတော်....။
"ယောင်အာရေ...."
ချူယွမ်က သွမ့်ယောင်ကို လက်ယက်ခေါ်လိုက်ကာ မိမိဘေးနားထိုင်ခိုင်းစေသည်။
"လူကြီးမင်းနန်လည်း မျက်နှာဖုံးချွတ်လိုက်ပါလား၊ ရာသီဥတုက ပူအိုက်လှပါသဘိနဲ့"
"ရပါတယ် ဘုရား"
နန်မော်ယဲ့အသံများ စူးနေလျက်။ သွမ့်ယောင်ကတော့ ဆရာဖြစ်သူ၏ လုပ်ဇာတ်ကို အတော်စိတ်ကုန်နေပေပြီ။
သွမ့်ပိုင်ယွဲ့ကမူ အတော်ပင်အရှက်ကွဲသွားသလို ခံစားလိုက်ရပြီး မျက်နှာဖုံးကို သွားချွတ်ချလိုက်လေ၏။
နန်မော်ယဲ့က ထိန်လန့်စွာ အော်ဟစ်လိုက်ကာ ချက်ချင်းပင် သူ့မျက်နှာကို လက်ဖြင့် အမြန် ဖုံးကွယ်ထားလိုက်သည်။ လက်ချောင်းများကြားက မျက်လုံးလေးနှစ်လုံးသာ ပေါ်နေလေသည်။
"လုပ်မနေနဲ့ ။ ရှစ်ဖူးက ဘယ်သူဆိုတာ သူသိပြီးသွားပြီ"
နန်မော်ယဲ့လည်း သက်ပြင်းချလိုက်ပြီးလက်ကိုအောက်ချလိုက်ကာ အရှက်ပြေ ရယ်နေလိုက်သည်။
"အရှင်မင်းမြတ်...ဟဲဟဲ"
ချူယွမ်က နန်မော်ယဲ့အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ကာ -
"ယွင်ရွှီမြို့မှာတုန်းက ကိုယ်တော့်ကို အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးတရားရှိဖူးတာပဲ။ ကိုယ်တော့်ကိုလည်း ကျေးဇူးဆပ်ခွင့်တော့ ပေးပါဦးလား"
"ဟာ၊ အရှင်မင်းမြတ်ကလည်း ဒါက အသေးအဖွဲကိစ္စလေးပါ၊ ပြန်မပြောလို့တောင်ရပါတယ်။ အရှင်မင်းမြတ်ကိုယ်တော်တိုင်ကိုက ဘုန်းတန်ခိုးပညာ အာဏာစက် ကြီးမားမြင့်မြတ်ပြီး ကံကောင်းခြင်းနက္ခတ် ကြယ်တာရာတွေကပါ လမ်းပြပေးနေတဲ့အပြင် ကောင်းကင်ဘုံကနေ ချီးမြှောက်တဲ့ကောင်းချီးတွေကိုပါ ရရှိခံယူထားတဲ့ ကောင်းကင်ရဲ့ချစ်သားရတနာဖြစ်နေလို့ပါ။ ကျွန်တော်မျိုးတို့က လမ်းကြုံပြီးတွေ့မိသွားရုံတင်...."
မရပ်မနား ပြောလိုက်ပြီးသည်နှင့် နန်မော်ယဲ့က သွမ့်ပိုင်ယွဲ့ထက် မျက်စောင်းထိုးလိုက်သည်။
တွေ့ပြီလား၊ ဒီလိုမျိုး ချော့မော့ပြီး နူးနူးညံ့ညံ့ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်မှ မင်္ဂလာမြန်မြန်ဆောင်ရမှာကွ၊ သိပြီလား။
သွမ့်ပိုင်ယွဲ့ - "......"
"ဒါနဲ့လေ နောင်တော်....ကျွန်တော်တို့နှစ်ယောက်ကို အမြန်ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲဟင်"
သွမ့်ယောင် ဤကိစ္စကို မေးချင်နေသည်မှာ ကြာလှပေပြီ။
"အင်း၊ မင်းရဲ့ ခရမ်းရောင်ဖားပြုပ် ယူလာသေးလား"
"ယူလာတာပေါ့"
သွမ့်ယောင်က အ၀တ်ထုပ်ထဲမှ ပခြုပ်လေးတစ်ခု ဖွင့်လိုက်တော့ အထဲမှ ဖားပြုပ်တစ်ကောင်က ပလွတ်ခနဲ ခုန်ထွက်လာ၏။
ချူယွမ်ခမျာ ကျောပြင်တစ်ခုလုံး ချမ်းစိမ့်သွားကာ ကြက်သီးမွေးညင်းပင်ထနေပြီဖြစ်သည်။
သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်ကို ခပ်ဖွဖွ လှမ်းကိုင်လိုက်ကာ -
"မကြောက်ပါနဲ့၊ စွပ်ပြုတ်လုပ်သောက်ဖို့ မဟုတ်ပါဘူး"
သွမ့်ယောင် - "....."
ဘာပြောလိုက်တယ်၊ စွပ်ပြုတ်လုပ်သောက်ဖို့ ဟုတ်လား။
******
2020.07.01
Thz for reading, giving stars and leaving comments.
******
အခန္း - ၄၇ - အဆက္
ေျမာက္ဘက္ယာယီနန္းေဆာင္၏ အိပ္ခန္းေဆာင္သို႔ ခ်ူယြမ္ေရာက္သြားေတာ့ ေန့လယ္စာစားရန္ အခ်ိန္ပင္ ေရာက္ေနၿပီျဖစ္သည္။ အခန္းတံခါးကို တြန္းဖြင့္ၿပီး၀င္သြားေတာ့ ေမ်ွာ္လင့္ထားသည့္အတိုင္းပင္ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ထိုင္ေစာင့္ေနလ်က္ရိွ၏။
ရွစ္ဇီလည္း အလိုက္သိစြာ ေနာက္ဆုတ္ထြက္ခြာေပးလိုက္သည္။
"ဘာျဖစ္ေနတာလဲ။မင္းပံုစံၾကည့္ရတာ စိတ္ညစ္ေနတဲ့ပံုႀကီးနဲ႔၊ မင္းကို ဘယ္သူက ရန္စလိုက္လို႔လဲေျပာ..."
ခ်ူယြမ္က ဂရုတစိုက္ေမးလာသည္။
သြမ့္ပိုင္ယြဲ႔က ဘာမွ ျပန္မေျဖဘဲ ထရပ္လိုက္ကာ ခ်ူယြမ္အား ရင္ခြင္ထဲ ထည့္သြင္း ဖက္တြယ္ထားလိုက္သည္။
"ကိုယ္ စိတ္ညစ္ေနတာမဟုတ္ဘူး၊ စိုးရိမ္စရာေလး ရိွလို႔ ။ ဒီအတိုင္းေလး ခဏေနေပး၊ မလႈပ္လိုက္နဲ႔"
"ဟင္..."
ခ်ူယြမ္ ဘာမွ နားမလည္လိုက္ေပ။
"မလႈပ္နဲ႔လို႔....."
သြမ့္ပိုင္ယြဲ႔က ေနာက္တစ္ႀကိမ္ သတိေပးလာ၏။ ထို႔ေနာက္ သူ႔လက္မ်ားက ခ်ူယြမ့္ဂုတ္သားမွသည္ ေနာက္ေက်ာျပင္ထက္သို႔ တျဖည္းျဖည္းခ်င္းစီ ေလ်ွာဆင္းသြား၏။
"မင္း....."
ခ်ူယြမ္က ခ်က္ခ်င္း သြမ့္ပိုင္ယြဲ႔ကို တြန္းထုတ္လိုက္ကာ မ်က္ေစာင္းထိုးလာ၏။
ေန့ခင္းေၾကာင္ေတာင္ႀကီးမွာ မင္း ဘာလုပ္ဖို႔စဥ္းစားေနတာလဲဟမ္။
"ဖန္ရွင္း ဘာလို႔ အေရာင္လင္းမွန္း ကိုယ္ သိလာခဲ့တယ္....ထင္တာပဲ"
"ဟင္....ဘယ္လို"
ခ်ူယြမ္ ေခတၲမ်ွ မွင္သက္သြား၏။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္ကို လွမ္းယူၿပီး ဆုပ္ကိုင္ထားလိုက္ကာ -
"မင္း ေနာက္ေက်ာကို တစ္ခ်က္ စမ္းၾကည့္ပါရေစ။ ဘာမွမေၾကာက္နဲ႔ ၊ ဘာမွမျဖစ္ဘူး စိတ္ခ် ။ ၿပီးတာနဲ႔ မင္းကို အေၾကာင္းစံုေျပာျပမယ္၊ ရတယ္မလား"
ခ်ူယြမ္ - "......."
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား အသာေလးေခၚေဆာင္လာကာ စားပြဲနား ထိုင္ခိုင္းလိုက္၏။
ခ်ူယြမ္ကလည္း ယံုတစ္၀က္မယံုတစ္၀က္။
သို႔ေသာ္ ဘာမွ ဆက္မေမးေတာ့ဘဲ ခါးစည္းႀကိဳးကိုျဖည္လိုက္ကာ အေပၚ၀တ္ရံုကို ခြၽတ္ေပးလိုက္သည္။
အျပင္ဘက္ရိွ ရွစ္ဇီကမူ အရွင္မင္းျမတ္က လြန္စြာဆာေလာင္ေနၿပီျဖစ္ေၾကာင္း လမ္းတစ္ေလ်ွာက္လံုး မၾကာခဏထထေျပာေတာ္မူေလေတာ့ ေန့လယ္စာ ယူလာေပးခဲ့ရမလား ေတြးေတာခ်ိန္ဆေန၏။ ေနာက္ဆံုးေတာ့ အေျခအေနကို အကဲခတ္ရန္ အခန္းထဲ တစ္ခ်က္ ေခ်ာင္းၾကည့္လိုက္ေတာ့ ျမင္လိုက္ရေသာျမင္ကြင္းကို အင္မတန္မွ လန္႔ဖ်တ္သြားရာ ခ်က္ခ်င္း ေနာက္ျပန္လွည့္လိုက္ရေလသည္။
ထို႔ေနာက္ အနီးအနားရိွ ရံေရႊေတာ္မ်ား ၊ ကိုယ္ရံေတာ္စစ္သည္မ်ားသာမက လက္ဖက္ရည္လာေရာက္ဆက္သေပးေသာ အမႈထမ္းမ်ားကအစ ႏွင္ထုတ္ထားလိုက္ၿပီး အထူးသက္ေတာ္ေစာင့္မ်ားကိုလည္း မည္သည့္အေၾကာင္းေၾကာင့္မဆို မည္သူ႔ကိုမွ ၀င္ခြင့္မျပဳရဟု ရွစ္ဇီ မွာၾကားထားလိုက္ေလသည္။
ခ်ူယြမ္၏ ျဖဴ၀င္းႏူးညံ့လွေသာ ေက်ာျပင္တစ္ေလ်ွာက္ သြမ့္ပိုင္ယြဲ႔က လက္ေခ်ာင္းမ်ားျဖင့္ တစ္လက္မခ်င္း ျဖည္းျဖည္းခ်င္းစီ လိုက္လံစမ္းသပ္ထိေတြ့ေန၏။ ခ်ူယြမ္ဘက္က မင္းဘာေတြလုပ္ေနတာလဲဟု ေမးမည္အျပဳ၊ ခ်က္ခ်င္းဆိုသလို ဆစ္ခနဲ ေအာင့္တက္လာသည့္ ေဝဒနာကို ခံစားလိုက္ရသည္။
"အ....."
သြမ့္ပိုင္ယြဲ႔လည္း ရပ္လိုက္ကာ ထိုေနရာနား တစ္ခ်က္ ျပန္စမ္းၾကည့္လိုက္ရာ တကယ္ပင္ အဖုေသးေသးေလးတစ္ခုရိွေနသည္။ ေသခ်ာစမ္းမၾကည့္လ်ွင္ သတိမထားမိေလာက္။
"မင္း ငါ့ကို အပ္နဲ႔လာစိုက္ေနတာလားဟမ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္အား ၀တ္ရံုျပန္ကူ၀တ္ေပးလိုက္ကာ-
"ကိုယ္ေျပာျပတာနားေထာင္ၿပီး လန္႔မသြားနဲ႔ၪီး။ ဘာမွ ႀကီးႀကီးမားမား ကိစၥမဟုတ္ဘူး။ ေယာင္အာနဲ႔ ရွစ္ဖူးေရာက္လာရင္ ဒီပိုးေကာင္ကို ထုတ္ေပးႏိုင္ပါတယ္"
ခ်ူယြမ္မ်က္ႏွာျပင္ထက္ နားမလည္ႏိုင္ျခင္းမ်ားစြာ လ်ွပ္ေျပးသြား၏။
"ဖန္ရွင္းပုလဲက ယြဲ႔မင္ကူအဆိပ္ပိုးနဲ႔ေတြ့မွ အေရာင္အဝါထြက္သတဲ့။ လြန္ခဲ့တဲ့ ဆယ္ႏွစ္တုန္းက ေခ်ာင္ယာေတြ နန္းေတာ္ထဲေရာက္လာတုန္းကတည္းက မင္းထဲ ထည့္သြားတာေနမယ္"
"ငါ့ကိုေလ.....? "
ခ်ူယြမ္ မ်က္ႏွာမဲ့သြားကာ ေစာန ဆစ္ခနဲနာသြားေသာေနရာကို လိုက္စမ္းၾကည့္လိုက္၏။
"ဘာေၾကာင့္ျဖစ္မွန္း ကိုယ္လည္း ေသခ်ာမေျပာတတ္ေပမယ့္ ဘာမွစိတ္မပူပါနဲ႔"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္ကို ဆုပ္ကိုင္လိုက္ကာ ထိုအဘိုးအို ေျပာျပခဲ့သမ်ွကို ေျပာျပေပးေလသည္။ ခ်ူယြမ္ခမ်ာ တအံ့တၾသ နားေထာင္ေနရရွာ၏။
"ဒီနန္းေဆာင္ရဲ့အစြန္ဘက္မွာ အဲ့အဘိုးရိွေနတုန္းပဲ။ ဒါေပမယ့္ ဘာကိစၥမွမရိွရင္ သူ႔ကိုသြားမရႈပ္ဘူးလို႔ ကိုယ္ ကတိေပးထားတယ္။ သူ ဘယ္သူမွန္း မင္းသိလား"
သြမ့္ပိုင္ယြဲ႔ အေမးစကားကို ခ်ူယြမ္ ေခါင္းခါျပလိုက္သည္။
"ငါလည္း မသိဘူး။ ငယ္ငယ္ေလးကတည္းက ခုထက္ထိ ဒီနန္းေဆာင္ကို ႏွစ္တိုင္းေရာက္ျဖစ္ေပမယ့္ ဒီလိုမ်ိဳး ပညာရိွပုဂၢိုလ္တစ္ေယာက္ ဒီမွာရိွေနမွန္း မသိဖူးဘူး။ သူ ဘယ္သူမွန္း ငါမသိေပမယ့္ အဲ့ဇာတ္လမ္းထဲက ကုန္သည္ႀကီးအေၾကာင္းကိုေတာ့ ငါသိတယ္"
"ဟုတ္လား"
သြမ့္ပိုင္ယြဲ႔ အေတာ္အံ့ၾသသြား၏။
"သူက ရွန္မ်ိဳးႏြယ္ရဲ့ ဘိုးေဘးတစ္ေယာက္ပဲ။ တစ္နည္းအားျဖင့္ လက္ရိွ သူရိယစႏၵာဂိုဏ္းခ်ဳပ္ရဲ့ အမ်ိဳးအႏြယ္တစ္ေယာက္ေပါ့။ အဲ့ကုန္သည္ႀကီးနာမည္ကေတာ့ ရွန္လ်ိဳတဲ့၊ အဲ့လူက အဲ့ေခတ္ရဲ့ဂိုဏ္းခ်ဳပ္ေတာ္ေတာ္မ်ားမ်ားနဲ႔ လူမႈဆက္ဆံေရးေျပျပစ္တယ္။အဲ့ေတာ့ သူေသဒဏ္ေပးခံရတဲ့အခ်ိန္မွာ မ်ိဳးရိုးတစ္ခုလံုး အျမစ္ျပတ္သုတ္သင္ခံရမွာကို မၾကည့္ရက္လို႔ သူ႔မိတ္ေဆြဂိုဏ္းခ်ဳပ္ေတြက ကုန္သည္ႀကီးရဲ့သား ရွန္ေလာ့ကိုေတာ့ အသက္ေဘးကေန မရရေအာင္ ကယ္ထားလိုက္တာ။ ဒါေပမယ့္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္တုန္းက တာ့ခ်ူမွာ အေရးအခင္းေတျြဖစ္ၿပီး ခ်ူမ်ိဳးႏြယ္ကို တိုင္းျပည္ျပန္လည္စုစည္းေရးမွာ ရွန္ေလာ့တို႔လည္း၀င္ၿပီးပူးေပါင္းကူညီေပးတယ္ဆိုေတာ့ အဲ့ဒီေနာက္ပိုင္း ရွန္မ်ိဳးရိုးလည္း ျပန္ၿပီး ဂုဏ္သတင္း ေက်ာ္ေဇာလာတာပဲ "
"လက္စသတ္ေတာ့ ဒီလိုကိုး"
"ဒီကိစၥက သိုင္းေလာကမွာေတာင္ လ်ိႈ႔ဝွက္ထားတာမ်ိဳး မရိွပါဘူး ။ ဒါေပမယ့္ လက္ရိွမွာ သူရိယစႏၵာေတာင္စခန္းက အင္အားအႀကီးဆံုးဂိုဏ္းဆိုေတာ့ ဘယ္သူကမွ ကဲ့ရဲ့ျပစ္တင္တာမ်ိဳး မလုပ္ရဲၾကေတာ့ဘူးဆိုပါေတာ့။ ၿပီးေတာ့ အျဖစ္အပ်က္ေတြက ရာစုႏွစ္တစ္ခုေတာင္ ၾကာသြားလို႔လည္းပါတယ္။ ရွန္လ်ိဳ စိတ္ေဖာက္ျပန္သြားတုန္းကေတာ့ ပင္လယ္ျပင္ထဲက ကြၽန္းတစ္ကြၽန္းမွာ ေရႊေတာင္ႀကီးရိွတယ္လို႔ ေျပာေနတတ္တယ္တဲ့။ ေခ်ာင္ယာအေၾကာင္း ထုတ္မေျပာခဲ့ေတာ့ သူတို႔တေတြနဲ႔ပတ္သက္ေနမယ္လို႔ ဘယ္သူကမွ မထင္ခဲ့ၾကတာ"
"ေတာ္ၿပီ၊ ဒီကိစၥ ဆက္မေျပာေတာ့ဘူး။ မင္းရဲ့ ခႏၶာကိုယ္ထဲက ယြဲ႔မင္ပိုးေကာင္ကိုသာ အရင္ဆံုး ထုတ္ရမယ္၊ ဒါကမွ အေရးအႀကီးဆံုးကိစၥ"
"မထုတ္ဘဲ ဒီတိုင္းထားရင္ေကာ ဘာျဖစ္သြားမွာလဲ"
"ငတံုးေလးျဖစ္သြားမွာေပါ့"
"......."
သြမ့္ပိုင္ယြဲ႔ကၿပံဳးလိုက္ကာ -
"စတာ စတာ.....။ ဘာမွမျဖစ္ေလာက္ပါဘူး။ ဒါေပမယ့္ ကူပိုးေကာင္မွန္ရင္ ကိုယ့္အေသြးအသားကို ေသာက္သံုးၿပီးေနၾကတာဆိုေတာ့ ဘာမ်ိဳးစိတ္ပဲျဖစ္ျဖစ္ ေမြးမထားေကာင္းဘူး"
"မင္းေတာင္မွ သိသိႀကီးနဲ႔...."
ခ်ူယြမ္က ေျပာေျပာဆိုဆို သြမ့္ပိုင္ယြဲ႔ႏွာေခါင္းကို ဆြဲၫွစ္လိုက္ကာ -
"ေရႊခ်ည္ပိုးေကာင္ကိုက် ေမြးထားတယ္"
"အဲ့ေကာင္က ၿငိမ္ပါတယ္၊ တစ္ႏွစ္မွတစ္ခါ ႏိုးႏိုးလာတာ။ ဘာျပႆနာမွမရိွဘူး"
သြမ့္ပိုင္ယြဲ႔က ပါးနပ္လိမၼာစြာ ေျဖလိုက္၏။
ခ်ူယြမ္လည္း ဘာျပန္ေျပာရမွန္းမသိေတာ့။
"ရွစ္ဖူးနဲ႔ေယာင္အာက မနက္ျဖန္က်မွ ေရာက္လာမွာဆိုေတာ့ နက္ျဖန္ေန့ခင္းေလာက္က်ရင္ ပိုးေကာင္ကို ထုတ္လိုက္ၾကစို႔ေနာ္"
"အင္းပါ"
ခ်ူယြမ္က ေခါင္းညိတ္လက္ခံလိုက္သည္၊ ခဏေနေတာ့ တစ္စံုတစ္ခုကို သံသယ၀င္သြားကာ -
"ဘာလို႔ အဲ့ႏွစ္ေယာက္က မင္းနဲ႔တစ္ပါတည္း လိုက္မလာတာတုန္း"
"ကိုယ္ လိုက္ခြင့္မေပးလို႔ေလ"
ဒါေပမယ့္လည္း ဟိုႏွစ္ေယာက္ကေတာ့ လိုက္မလာခိုင္းေလ၊ ပိုၿပီး လိုက္လာခ်င္ေလပဲ ။
******
သြမ့္ေယာင္တစ္ေယာက္ အထုပ္အပိုးမ်ားကိုသယ္ကာ ဆရာျဖစ္သူေနာက္ ေပ်ာ္ေပ်ာ္ႀကီး လိုက္လာခဲ့သည္။
နန္ေမာ္ယဲ့လည္း လမ္းေဘးဆိုင္တစ္ဆိုင္မွ ေပါက္စီႏွစ္လံုး ၀ယ္လိုက္ကာ ကိုယ္တိုင္လည္းစား၊ တပည့္ငယ္ေလးကိုလည္း ေကြၽးရင္း သတိေပးစကားဆိုလာ၏။
"ေသခ်ာေလး သတိထားၪီးေနာ္... ၾကားလား။ မင္းရဲ့ ေနာင္ေတာ္ကို လံုးဝမရိပ္မိေစနဲ႔"
"ဒါေတာ့စိတ္ခ်ပါဗ် ။ မနက္ျဖန္ ယြင္တာၿမိဳ႔ကိုေရာက္ေတာ့မွာဆိုေတာ့ ရုပ္ဖ်က္ၾကရေအာင္ေလ"
"ေကာင္းၿပီေလ"
နန္ေမာ္ယဲ့က ၀မ္းသာအားရ ခ်ီးက်ူးသည္။
သို႔ႏွင့္ ႏွစ္ေယာက္သား သစ္ပင္ရိပ္ေအာက္တြင္ထိုင္ကာ ကမၼဌာန္းအားထုတ္မည္ျပဳရံုသာရိွေသး၊ အေဝးမွ လာေနေသာ ျမင္းခြာသံမ်ားကို ၾကားလိုက္ၾကရသည္။
သြမ့္ေယာင္က ခ်က္ခ်င္းပင္ မ်က္ႏွာကို အ၀တ္ျဖင့္အုပ္လိုက္၏။ နန္ေမာ္ယဲ့ကေတာ့ လ်ွာတစ္လစ္ထုတ္ကာ ေၾကာက္စရာေကာင္းေလာက္ေအာင္ ရုပ္ဆိုးအက်ည္းတန္ျပေနသည္။
ဒီလိုမ်ိဳး မဲ့ရြဲ႔လိမ္ေကာက္ျပထားတဲ့မ်က္ႏွာနဲ႔ဆို ဘယ္သူမွ မွတ္မိမွာမဟုတ္ေတာ့ဘူး။
ျမင္းျဖင့္ေရာက္လာေသာ ထိုသူကေတာ့ ျမင္းေပၚမွဆင္းလာကာ ဆို၏။
"လူႀကီးမင္းနန္၊ ေရွာင္၀မ္ရယ္....."
" ......"
နန္ေမာ္ယဲ့က ခ်က္ခ်င္းပင္ နဂိုရုပ္အတိုင္း ျပန္ျဖစ္သြားၿပီးေနာက္ သြမ့္ေယာင္အား တစ္ခ်က္ထုပစ္လိုက္၏။
"ဒါက ဘာလဲဗ်၊ မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ေအာင္ ငိုျပရမွာလား"
ျမင္းစီးတပ္သားက အလ်င္အျမန္ ေျဖဆိုလာ၏။
"၀မ္ရယ္က အမ်က္မထြက္ပါဘူးတဲ့ ခင္ဗ်ာ။ အမ်က္ထြက္ဖို႔ ေနေနသာသာ ေရွာင္၀မ္ရယ္တို႔ႏွစ္ေယာက္ကို အျမန္အေခၚလႊတ္ဖို႔ ကြၽန္ေတာ္မ်ိဳးကိုေတာင္ လႊတ္လိုက္တာပါ"
"တကယ္ႀကီးလားဟ"
နန္ေမာ္ယဲ့တစ္ေယာက္ ခ်က္ခ်င္းပင္ အံ့ၾသသြား၏။
"ဟုတ္ပါတယ္၊ ၀မ္ရယ့္ပံုစံၾကည့္ရတာ အေတာ္ေလး စိတ္ေလာေနတဲ့ပံုပဲ"
နန္ေမာ္ယဲ့တစ္ေယာက္ အားပါးတရ ေပါင္ကိုပုတ္လိုက္သည္။
စိတ္ေလာေနတယ္ဆိုတာ ျပႆနာတစ္ခုခုျဖတက္လို႔ ။ ဒါဆိုရင္ တကယ္ပြတာပဲ။ ခုရက္ပိုင္း အရမ္းၿငီးေငြ့ေနတာနဲ႔ေတာ့ အေတာ္ပဲကြ။
******
သူရိယေနမင္းႀကီးကေတာ့ အေနာက္ေဂၚယာကြၽန္းသို႔ ေမးတင္အိပ္စက္သြားေလၿပီ။
ေျမာက္ဘက္ယာယီနန္းေဆာင္အတြင္း၌ သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္ကို အေဖာ္ျပဳေပးရင္း ညစာ အတူတူစားေပးေနသည္။
ဧကရာဇ္အရွင္ကိုယ္ေတာ္တိုင္ လာေရာက္စံပယ္သည္မို႔ ေဒသခံ မွဴးႀကီးမတ္ရာမ်ားကလည္း ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ စားေသာက္ပြဲ က်င္းပေပးၾကသည္။ သို႔ေသာ္လည္း ခ်ူယြမ္တစ္ေယာက္ ထိုသို႔ေသာစားေသာက္ပြဲႀကီးမ်ိဳးမွာ စားေသာက္ေလ့မရိွ ။ ဤအက်င့္ကို သိေနေသာ ရွစ္ဇီကေတာ့ စားေသာက္ပြဲၿပီးၿပီးခ်င္း စားဖိုမွဴးအား ခ်ူယြမ္စားေနက် စားေသာက္ဖြယ္ရာမ်ားကို သံုးေလးပြဲမ်ွ ခ်က္ျပဳတ္ျပင္ဆင္လာခိုင္းေစ၏။ ရွီးနန္၀မ္ ခံတြင္းေတြ့ေစေလာက္သည့္ အသားငါးတစ္ခ်ိဳ႕ပါ ခ်က္ျပဳတ္လာခိုင္းလိုက္သည္။
ခ်ူယြမ္က ၀က္သားနီကင္ကို အခ်ဥ္ဆီရည္ျဖင့္တို႔ၿပီး ထမင္းျဖဴႏွင့္ စားေန၏။
"ငါးေရာ ယူၪီးမလား"
သြမ့္ပိုင္ယြဲ႔ေမးလာျခင္းျဖစ္သည္။
ခ်ူယြမ္လည္း ေခါင္းအသာညိတ္လိုက္ေတာ့ သြမ့္ပိုင္ယြဲ႔လည္း ငါးအသားကိုဖဲ့ကာ ခ်ူယြမ္အား တစ္လုပ္မ်ွ ခြံ႔ေကြၽးလိုက္သည္။ ရယ္ခ်င္စိတ္ကို မနည္းထိန္းေနရလ်က္ႏွင့္ပင္။
"ဘာလို႔ ဒီေန့က်မွ အရမ္းကို ထမင္းၿမိန္ေနတာလဲဟမ္"
"ထမင္းစားၿမိန္တာမဟုတ္ဘူး။ ငါမစားရင္ မင္းကပဲ တစ္ေနကုန္တစ္ေနခမ္း ပြစိပြစိ ေျပာေတာ့မွာေလ"
"ပြစိပြစိေျပာတယ္ဆိုပဲ...."
သြမ့္ပိုင္ယြဲ႔ ရယ္ရခက္ ငိုရခက္ျဖစ္သြားရွာသည္။
"ငါ တကယ္ စားခ်င္ေသာက္ခ်င္စိတ္ကို မရိွတာ။ မရိွဘူးဆိုတာကလည္း ရာသီဥတုပူလို႔၊ ဟိုပိုးေကာင္ေၾကာင့္ မဟုတ္ဘူး။ အဲ့အေကာင္ အဆိပ္ရိွတယ္ဆိုရင္ေတာင္ ငါ့ထဲရိွေနတာ ဆယ္စုႏွစ္တစ္ခုေတာင္ ၾကာၿပီးၿပီပဲ၊ ဘာမွမျဖစ္ဖူးဘူးဆိုေတာ့ ငါေတာ့ ဘယ္လိုမွ မေနေပါင္...."
"မင္း အဲ့လိုေတြးေတာ့လည္း ေကာင္းပါတယ္။ ဘာပဲျဖစ္ျဖစ္.... ထမင္းေတာ့ ၀ေအာင္စားရမယ္၊ ဟုတ္ၿပီေနာ္။ ဒါေလးကေတာ့ အဆီသိပ္မမ်ားဘူး၊ ျမည္းၾကည့္"
သြမ့္ပိုင္ယြဲ႔က ေျပာေျပာဆိုဆို ခ်ူယြမ္၏ ပန္းကန္ထဲသို႔ ၀က္နံရိုးတစ္ခုကို ထည့္ေပးလိုက္၏။
"ရွီးနန္စံအိမ္ေတာ္မွာေလ.... ခါတိုင္းအခ်ိန္မွာ ဟင္းသီးဟင္းရြက္ေရာ စားျဖစ္ၾကရဲ့လား"
ခ်ူယြမ္ တကယ္ စိတ္၀င္တစားရိွ၍ ေမးလာျခင္းျဖစ္သည္။ အရင္တစ္ေခါက္ ေယာင္အာႏွင့္ ထမင္းလက္ဆံုစားတုန္းကလည္း ထိုကေလးက အသားခ်ည္း ေရြးစားသြားသည္၊ အရြက္ဟင္းမ်ားကို ထိပင္မထိခဲ့။
"မင္းသာ အတူလာေနမယ္ဆိုရင္ေတာ့ စားဖိုမွဴးဆယ့္ရွစ္ေယာက္ေလာက္ ေခၚထားၿပီး တစ္ေန့တစ္မ်ိဳးမရိုးရေအာင္ကို အရြက္ဟင္းေတြ ခ်က္ခိုင္းမွာ...."
ခ်ူယြမ္က ထမင္းစားတူ၏အရင္းျဖင့္ သြမ့္ပိုင္ယြဲ႔၏ ေခါင္းကို ေဒါက္ခနဲ ေခါက္လိုက္သည္။
"အေျပာႀကီးေနျပန္ၿပီ"
"ေၾသာ္ ၊ တကယ္ပါဆို။ မယံုဘူးဆိုလည္း ကိုယ့္စကားကို ေသခ်ာမွတ္ထား ၊ အဲ့ဒီအခ်ိန္ေရာက္ေတာ့မွ ကိုယ္ တကယ္ လုပ္မွာလား မလုပ္ဘူးလားဆိုတာ ေစာင့္ၾကည့္ေန"
"အင္းပါ....."
ခ်ူယြမ္က ထို၀က္နံရိုးကင္ကိုသာ ဖဲ့စားေနလိုက္ေတာ့သည္။
ဤတစ္ေခါက္ခရီးမွာ အေတာ္ေလး ပင္ပန္း၏၊ ေျမာက္ဘက္ယာယီနန္းေဆာင္ကို ေရာက္ဖို႔ သိပ္မလြယ္ကူလွ။ ယခုေတာ့ အနားယူရၿပီမို႔ သလြန္ေတာ္ေပၚ လဲေလ်ာင္းလိုက္သည္ႏွင့္ ခ်ူယြမ္ လံုး၀လႈပ္ရွားခ်င္စိတ္ကို မရိွေတာ့။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ကိုယ္လံုးကို ရင္ခြင္ထဲသိမ္းသြင္းကာ ဖက္တြယ္ထားလိုက္သည္။ လက္ကေတာ့ ခ်ူယြမ္၏ ေက်ာျပင္တစ္ေလ်ွာက္ကို ျဖည္းျဖည္းခ်င္း ႏိွပ္နယ္ပြတ္သပ္ေပးေန၏။
အစကေတာ့ ခ်ူယြမ္လည္း ဘာမွ အေရးမထားဘဲ လႊတ္ထား၏ ၊ ေနာက္ေတာ့ ရုန္းလိုက္ကာ-
"လက္ကျမင္းေနတာကို ခုခ်က္ခ်င္း ရပ္လိုက္စမ္း"
"ထိန္းလို႔ မရေတာ့လို႔ပါဆို...."
"ယားတယ္၊ နာလည္းနာတယ္။ အစကေတာ့ ေနလို႔ေကာင္းေပမယ့္ အခုေတာ့ အဆင္မေျပေတာ့ဘူး"
"မနက္ျဖန္က် ေယာင္အာနဲ႔ရွစ္ဖူးတို႔ ေရာက္လာေတာ့မွာ။ ဒီေန့ေတာ့ ဒီလိုပဲ အိပ္ၾကစို႔ေနာ္"
သြမ့္ပိုင္ယြဲ႔က စကားလမ္းေၾကာင္းလႊဲလိုက္၏။
"လူႀကီးမင္းနန္က မ်က္ႏွာဖံုးတပ္ထားၪီးမွာလားဟင္"
သြမ့္ပိုင္ယြဲ႔ ေခတၲမ်ွ တံု႔ဆိုင္းသြားကာ ေျဖလာ၏။
"မတပ္ေတာ့လည္း ရပါတယ္။ ဒါေပမယ့္ ကိုယ္ေျပာျပစရာတစ္ခုရိွတယ္၊ လံုး၀စိတ္မဆိုးေၾကး"
ခ်ူယြမ္မ်က္ႏွာ ရႈံ႔မဲ့သြားေလသည္။
"ဒါမ်ိဳးက အာမမခံႏိုင္ဘူးေလ"
သြမ့္ပိုင္ယြဲ႔ - "....."
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ လည္ပင္းထက္က အက်ႌစကို ဆုပ္ကိုင္လိုက္ရင္း ဆက္ဆို၏။
"ငါ့အေပၚ ဘာေတြ ဖံုးကြယ္ထားတာ ရိွေသးလဲ ၊ ေျပာစမ္း"
သြမ့္ပိုင္ယြဲ႔ တကယ္ပင္ ေခါင္းကိုက္ေနေခ်ၿပီ။ သို႔ေသာ္ ဆက္လက္ၿပီး သိုဝွက္ထားလို႔မျဖစ္ေတာ့သျဖင့္ ေျပာျပလိုက္ေတာ့သည္။
"ကိုယ့္ရွစ္ဖူးက မင္း ခ်ဳန္းဟြားနတ္ေဆးေတာင္မွာ ေတြ့ခဲ့တဲ့ အဘိုးႀကီးပိုင္လိုင္ခ်ိဳင္ပဲ"
ထင္ထားသည့္အတိုင္းပင္ ခ်ူယြမ္တစ္ေယာက္ လြန္စြာ အံ့ၾသမွင္သက္သြားသည္။
သြမ့္ပိုင္ယြဲ႔လည္း ျဖစ္ေၾကာင္းကုန္စင္ကို သူ႔အားေျပာျပလာ၏။
ခ်ူယြမ္လည္း ညဥ့္အေမွာင္ထုၾကား သြမ့္ပိုင္ယြဲ႔အား ေငးၾကည့္ေနၿပီးေနာက္ ျဖည္းျဖည္းခ်င္းဆိုလာ၏။
"အင္း၊ ငါလည္း မွန္းေတာ့ မွန္းမိပါတယ္"
"ကိုယ္ တကယ္ ဘာဆိုဘာမွ မသိလိုက္ဘူးေနာ္။ ရွစ္ဖူး ဒီတစ္ေခါက္ သူ႔သခ်ၤိဳင္းကေန ထြက္ထြက္ခ်င္း ေတာင္သခင္ယဲ့ဆီ တန္းသြားတာပဲ ၊ ရွီးနန္စံအိမ္ေတာ္ဆီကို ၀င္မသြားဘူး။ ကိုယ္လည္း သူနဲ႔ ခ်ဳန္းဟြားေတာင္က်မွ ျပန္ဆံုျဖစ္တာ"
ခ်ူယြမ္က ေစာင္ေအာက္မွေနရင္းႏွင့္ပင္ သြမ့္ပိုင္ယြဲ႔အား ရေအာင္ ကန္လိုက္ေသးသည္။
"မင္းအေပၚထားတဲ့ ခံစားခ်က္ေတြကို တျခားသူေတြေရ႔ွမွာသာ ဖံုးဖိထားလို႔ ရေပမယ့္ ရွစ္ဖူးရဲ့မ်က္လံုးေတြကိုေတာ့ မလွည့္ဖ်ားႏိုင္ခဲ့ဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္ကို နမ္းရိႈက္လိုက္ၿပီးေနာက္ ဆက္ဆို၏။
"သူက ကိုယ့္ထက္ေတာင္ စိတ္ေစာေနေသးတယ္ .... သိလား။ ေန့တိုင္းေန့တိုင္းကိုပဲ မဂၤလာကိစၥ အျမန္ ဆင္ႏႊဲေစခ်င္ေနတာ။ ထစ္ခနဲရိွ ၾကက္ဥနီျပဳတ္မယ္ဆိုတာခ်ည္းပဲ"
"ဟားဟား"
ခ်ူယြမ္ ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္ေလ၏။
"ရွစ္ဖူး ဘယ္လိုအက်င့္မ်ိဳးရိွတယ္ဆိုတာ မင္း ၾကာၾကာေပါင္းၾကည့္ရင္ သိလာလိမ့္မယ္။ သူ ဘာေတြေတြးေနမွန္း ဘယ္သူကမွ ခန္႔မွန္းႏိုင္မွာမဟုတ္ဘူး။ ဒါေပမယ့္ ကိုယ့္အေပၚေရာ ေယာင္အာအေပၚမွာပါ အရမ္းေကာင္းရွာတယ္ ၊ ကိုယ္တို႔ညီအစ္ကိုအတြက္ ဆ္ိုရင္ အသက္စြန္႔ေပးဆိုရင္ေတာင္ စေတးေပးဝံ့တဲ့အထိပဲ"
"အင္း၊ငါလည္း လူႀကီးမင္းနန္ကို စိတ္မဆိုးပါဘူး"
"အဲ့လိုဆိုရင္ ေတာ္ေသးတာေပါ့"
"ဒါေပမယ့္ မင္းကိုေတာ့ စိတ္ဆိုးတယ္"
"ဘာလို႔တုန္း"
"ဘာရယ္လို႔ေတာ့ မဟုတ္ေပါင္"
"......."
ခ်ူယြမ္က ထိုသ္ို႔ေျပာၿပီး အျခားတစ္ဖက္သို႔လွည့္သြားကာ သြမ့္ပိုင္ယြဲ႔အား ေက်ာေပးၿပီးအိပ္လိုက္သည္။
သြမ့္ပိုင္ယြဲ႔လည္း ခ်ူယြမ္အနားသို႔ နီးကပ္စြာ တိုးသြားၿပီး ပူးကပ္လိုက္ကာ ရင္ခြင္ထဲျပန္ထည့္ထားလိုက္သည္။ ထို႔ေနာက္ ခ်ူယြမ့္ပခံုးထက္ ေမးတင္ထားလိုက္၏ ။
ခ်ူယြမ္ကလည္း ၿပံဳးေနလ်က္။
ထို႔ေနာက္ ပ်င္းရိေလးတြဲစြာႏွင့္ ဆိုလာ၏။
"အိပ္ခ်င္ေနၿပီ"
"အင္း၊ အိပ္ေတာ့ေလ.....မနက္ျဖန္ ႏိုးလာရင္ေတာ့ စိတ္ဆိုးေျပရမယ္ေနာ္ ၊ ဟုတ္ၿပီလား"
"ဟင့္အင္း၊ အဲ့ကိစၥက အတည္ေျပာလို႔မရဘူး"
ခ်ူယြမ္၏မ်က္၀န္းလႊာမ်ား ေမွးစက္သြား၏။ သြမ့္ပိုင္ယြဲ႔လည္း ၿပံဳးလိုက္ကာ ခ်ူယြမ့္ ဆံႏြယ္မ်ားအား ျမတ္ႏိုးၾကင္နာစြာ နမ္းရိႈက္လိုက္ေလသည္။
ခ်ူယြမ္လည္း သြမ့္ပိုင္ယြဲ႔ရင္ခြင္ထဲ ထပ္တိုး၀င္ၿပီး ခို၀င္ပုန္းေအာင္းေနလိုက္၏။ ႏွစ္ေယာက္စလံုးက တစ္ၪီးႏွင့္တစ္ၪီး တစ္စကၠန္႔ေလးမ်ွပင္ မခြဲခြာခ်င္သည့္ႏွယ္။
.
.
.
အရင္တုန္းက သူ႔ဘက္မွ ေအးစက္စြာျဖင့္သာ တံု႔ျပန္ခဲ့သည္ဆိုသည္မွာလည္း သြမ့္ပိုင္ယြဲ႔ဘက္က ရံဖန္ရံခါမွ နီးစပ္လာလိုက္၊ ထို႔ေနာက္ အၾကာႀကီး ျပန္ၿပီးေဝးကြာသြားလိုက္ႏွင့္ ၊ တစ္ခါတစ္ေလဆိုလ်ွင္ ဘာမွမမႈသလို သူ႔အားအေရးမစိုက္သလ္ို မဲ့ၿပံဳးသာၿပံဳးျပတတ္ေလရာ ခ်ူယြမ္ဘက္ကလည္း ဘာဆိုဘာမွ အတည္တက် မမွတ္ယူရဲခဲ့၊ မိမိဘာသာ မိမိ တစ္ဖက္သတ္ မယူဆရဲခဲ့။ ယခုေနာက္ပိုင္းမွာမွ ႏွစ္ေယာက္သား နီးစပ္ခြင့္မ်ားလာကာတစ္ဖက္သား၏ ခံစားခ်က္အစစ္အမွန္ကို ပိုမိုနက္ရိႈင္းစြာ သိရိွနားလည္လာခဲ့ရသည္။ ခ်စ္ျခင္းေမတၲာေရးရာကဲ့သို႔ေသာ ကိစၥရပ္မ်ားမွာလည္း သိမ္းဆည္းလ်ိႈ႔ဝွက္ထား၍ ရေကာင္းသည္မဟုတ္ေသာေၾကာင့္ ခ်ူယြမ္လည္း မိမိႏွလံုးသားခံစားခ်က္မ်ားကို ဆက္လက္ထိန္းခ်ဳပ္ထားရန္ အားထုတ္မေနေတာ့။
သို႔ေသာ္လည္း မိမိတို႔ႏွစ္ၪီး ေလ်ွာက္လွမ္းရမည့္ အနာဂတ္လမ္းခရီး ေသခ်ာေရရာျခင္း မရိွသည့္အခ်က္မွာမူ ေျပာင္းလဲမသြားခဲ့။
မည္သို႔ပင္ဆိုေစ ယခုကဲ့သို႔ ေအးခ်မ္းၿငိမ္သက္စြာ ေပ်ာ္ရႊင္ခ်မ္းေျမ့ရေသာ အခ်ိန္ေလးမ်ားရေနမည္ဆိုလ်ွင္ မည္မ်ွပင္တိုေတာင္းေနပါေစ ခ်ူယြမ့္အတြက္ အင္မတန္မွ အဆင္ေျပေနၿပီျဖစ္သည္။ ေနာင္လာမည့္ကိစၥမ်ားကိုေတာ့ ေနာင္မွရွင္းလိုက္ေတာ့ေပမည္။
သို႔ႏွင့္ အၾကင္လူသားႏွစ္ေယာက္တို႔၏ လက္ေခ်ာင္းမ်ားမွာ တစ္ၪီးကိုတစ္ၪီး မည္သည့္အေၾကာင္းေၾကာင့္ႏွင့္မွ လက္လႊတ္အဆံုးရႈံးမခံႏိုင္သည့္ႏွယ္ ခိုင္ၿမဲစြာ ယွက္ႏြယ္ဆုပ္ကိုင္ထားၾကေလ၏။
******
ေနာက္တစ္ေန့ ေန့လယ္ပိုင္းတြင္ ခ်ူယြမ္ကေတာ့ လာေရာက္အခစား၀င္သည့္ မွဴးမတ္ေပါင္းမ်ားစြာႏွင့္ အမႈကိစၥမ်ား ေဆြးေနြးေျပာဆိုရ၏။ ဟိုကိစၥဒီကိစၥႏွင့္ အေၾကာင္းအရာစံုလင္လွေသာ အစီရင္ခံစာမ်ားစြာ တင္ဆက္လာၾကသည္ကို လက္ခံရ၏။ သြမ့္ပိုင္ယြဲ႔ကေတာ့ အိပ္ခန္းေဆာင္ထဲ တစ္ေယာက္တည္း ေစာင့္ရင္း က်န္ေနခဲ့ရသည္။ ဘာဆိုဘာမွ လုပ္ကိုင္စရာမရိွေသာေၾကာင့္ အၾကာႀကီး အိပ္ေမာက်သြားေသးသည္။ ခ်ူယြမ္ျပန္လာခါမွ ႏိုးေတာ့၏။
"ၾကည့္စမ္း၊ လူတစ္ေယာက္ကေတာ့အပ်င္းထူလြန္းလို႔ ခါးရိုးေတြပါရွည္ေနၿပီ"
"ဟင္၊ အဲ့ဒီေတာ့ ဘာျဖစ္လို႔တုန္း"
သြမ့္ပိုင္ယြဲ႔က ၿပံဳးစစႏွင့္ ဆက္ဆို၏။
"ဧကရာဇ္အရွင္ကိုယ္ေတာ္တိုင္က ကြၽန္ေတာ္မ်ိဳးကိုဆို အရာရာတိုင္း အလိုလိုက္ၿပီး ေကြၽးေမြးျပဳစုထားတာဆိုေတာ့ ကြၽန္ေတာ္မ်ိဳး ပ်င္းရိေလးတြဲ႔ေနမယ္ဆိုလည္း မဆန္းေတာ့ပါဘူးေလ။ ၀တ္ရံုလဲေပးမယ္ဆိုလည္း လက္ဆန္႔ေပးမယ္၊ ထမင္းခြံ႔ေကြၽးမယ္ဆိုလည္း ပါးစပ္အသင့္ဟေပးရံုပဲ....."
"ေၾသာ္....ဒါနဲ႔ေလ ေဒသခံအာဏာပိုင္တစ္ခ်ိဳ႕ရဲ့ အစီရင္ခံစာထဲမွာ မင္းအေၾကာင္းလည္း ပါလာတယ္"
သြမ့္ပိုင္ယြဲ႔က မဲ့ၿပံဳးၿပံဳးလိုက္ကာ -
"ဒီထိေရာက္ေနတာေတာင္ မၿပီးႏိုင္မစီးႏိုင္ေသးဘူးေလး။ ဘယ္သူတဲ့လဲ၊ တစ္ေခါက္ေလာက္ သြားေဆာ္မလို႔"
"ေထာင္လီ.....။ပုေရာဟိတ္ႀကီးနဲ႔ တစ္အိမ္တည္းသားေတြ"
"ေတြ့လား... ေတြ့လား။ ေနာက္ဆံုးေတာ့ သူ႔စနက္ခ်ည္းပဲ ။ ဒီအဘိုးႀကီးကို မင္း ဘယ္ေတာ့မွ အၿငိမ္းစားယူခိုင္းၿပီး သူ႔ဇာတိကို ျပန္ခိုင္းမွာလဲကြာ"
ခ်ူယြမ္က ၿပံဳးလိုက္ကာ -
"ခမည္းေတာ္ နတ္ရြာမစံခင္တုန္းက ငါ့ကိုေရာ၊ တာ့ခ်ူတိုင္းျပည္ႀကီးတစ္ခုလံုးကိုပါ သူ႔လက္ထဲ စိတ္ခ်လက္ခ် အပ္ခဲ့တာ။ ေထာင္မ်ိဳးရိုးကလည္း မ်ိဳးဆက္သံုးဆက္ေလာက္ေတာင္ အစဥ္အဆက္ သစၥာေစာင့္သိခဲ့ၾကတာဆိုေတာ့ တိုင္းျပည္ဖြံ႔ၿဖိဳးတိုးတက္တာ ေအးခ်မ္းသာယာတာကို သူ႔မ်က္စိနဲ႔ တပ္အပ္ျမင္ရမွ ၊ ေနာက္ဆက္ခံမယ့္ ထီးၫြန္႔နန္းလ်ာကိုပါ ျမင္ရေတာ့မွ သူ စိတ္ခ်မွာ။ အဲ့လိုမျမင္ရမခ်င္း ပုေရာဟိတ္အမတ္ႀကီးကေတာ့ ဘယ္ေတာ့မွလက္ေလ်ွာ့မယ့္ပံု မေပၚဘူး "
တိုင္းျပည္ ၿငိမ္သက္ေအးခ်မ္းတာကို ျမင္ခ်င္တာကေတာ့ ထားလိုက္ပါ။ ဘာတဲ့၊ ထီးနန္းဆက္ခံမယ့္ ထီးၫြန္႔နန္းလ်ာကိုပါ ျမင္ရမွ... ဟုတ္လား။ ဟာသပဲ။
"အဲ့ေတာ့ ....ကေလးကို မင္းေမြးမလား၊ ကိုယ္ပဲ ေမြးေပးရမလား"
ခ်ူယြမ္ မေနႏိုင္ေတာ့ဘဲ သြမ့္ပိုင္ယြဲ႔ႀကီးကိုတစ္ခ်က္ ရိုက္ပစ္လိုက္ေလသည္။
"မင္းပါးစပ္ပုပ္ႀကီးကို ပိတ္ထားလိုက္စမ္း!!!"
ရွီးနန္၀မ္တစ္ေယာက္ ေမးေလးေထာက္ကာ အင္မတန္မွ စိတ္ၫွိုးငယ္သြားရန္ျဖစ္သြား၏။
ေမြးေပးခ်င္ရင္ေတာင္ တကယ္လည္း ေမြးေပးလို႔မွမရဘဲ။
"လူႀကီးမင္းနန္နဲ႔ ေယာင္အာေရာ ဘယ္ေတာ့ ေရာက္လာမွာလဲ"
"သိပ္မၾကာေလာက္ေတာ့ပါဘူး။ ဒါေပမယ့္ စိတ္ခ်ပါ၊ ဒီနန္းေဆာင္မွာ ရဲမက္ေတြရိွေနရင္လည္း သူတို႔အတြက္ေတာ့ မရိွဘူးလို႔ေတာင္ သေဘာထားလို႔ရတယ္.... ေအးေဆး"
ခ်ူယြမ္က ၿပံဳးလိုက္ရင္း သြမ့္ပိုင္ယြဲ႔အား ၾကည့္လာ၏။
"ရဲမက္ေတြရိွေနတာေတာင္ မရိွသလိုပဲ.... ဟုတ္လား"
သြမ့္ပိုင္ယြဲ႔လည္း အလိုက္သ္ိစြာ ေျဖလိုက္၏။
"ခဏေန ရွီးနန္ရဲ့ လ်ိႈ႔ဝွက္တပ္သားေတြကို ထပ္ၿပီး အားျဖည့္ထားခိုင္းလိုက္မယ္။ အေရးႀကံဳလာရင္ မင္းကို ေစာင့္ေရွာက္ဖို႔၊ ဘာကိစၥမွမရိွရင္ ေထာင္လ်ဲန္တာကို သရဲေျခာက္ခိုင္းဖို႔"
ခ်ူယြမ္က နားႏွစ္ဖက္ကို ပိတ္ထားလိုက္သည္။
"ဒီသံုးရက္အတြင္း ပုေရာဟိတ္အမတ္ႀကီးအေၾကာင္း မေျပာေၾကး။ ဟိုက အဲ့ေလာက္ အသက္ႀကီးေနၿပီကို မေျပာေကာင္းမဆိုေကာင္း အတင္းတုတ္ခံရပါမ်ားလို႔ဆိုၿပီး ေနမေကာင္းျဖစ္သြားရင္ ဘယ္ႏွယ့္လုပ္မလဲ"
အင္းပါ၊ သံုးရက္တိတိ မေျပာဘူး။ ေလးရက္ေျမာက္က်မွ ဆက္ေျပာမယ္။
"အရွင္မင္းျမတ္"
ထိုစဥ္ ရွစ္ဇီက အျပင္ဘက္မွေန၍ တိုးတိုးေလး သံေတာ္ၪီးတင္လာ၏။
"အရွင္မင္းျမတ္ေစာင့္ဆိုင္းေနေတာ္မူတဲ့လူေတြ ေရာက္ေနပါၿပီဘုရား"
"အျမန္ အခစား၀င္ေစ"
ရွစ္ဇီ တံခါးဖြင့္ေပးလိုက္ေတာ့ ခ်ူယြမ္လည္း ရႊင္လန္းစြာ ၿပံဳးလိုက္ကာ ႀကိဳဆိုလိုက္၏။
"ႏွစ္ေယာက္စလံုး အထဲကိုႂကြလာၾကပါ"
နန္ေမာ္ယဲ့ကေတာ့ ေၾကာက္စရာေကာင္းေသာ မ်က္ႏွာဖံုးတစ္ခုကို တပ္ဆင္ထားဆဲ။
သြမ့္ေယာင္ကေတာ့ ၿပံဳးၿဖီးေနလ်က္။
မဂၤလာပါဗ်...မရီးေတာ္....။
"ေယာင္အာေရ...."
ခ်ူယြမ္က သြမ့္ေယာင္ကို လက္ယက္ေခၚလိုက္ကာ မိမိေဘးနားထိုင္ခိုင္းေစသည္။
"လူႀကီးမင္းနန္လည္း မ်က္ႏွာဖံုးခြၽတ္လိုက္ပါလား၊ ရာသီဥတုက ပူအိုက္လွပါသဘိနဲ႔"
"ရပါတယ္ ဘုရား"
နန္ေမာ္ယဲ့အသံမ်ား စူးေနလ်က္။ သြမ့္ေယာင္ကေတာ့ ဆရာျဖစ္သူ၏ လုပ္ဇာတ္ကို အေတာ္စိတ္ကုန္ေနေပၿပီ။
သြမ့္ပိုင္ယြဲ႔ကမူ အေတာ္ပင္အရွက္ကြဲသြားသလို ခံစားလိုက္ရၿပီး မ်က္ႏွာဖံုးကို သြားခြၽတ္ခ်လိုက္ေလ၏။
နန္ေမာ္ယဲ့က ထိန္လန္႔စြာ ေအာ္ဟစ္လိုက္ကာ ခ်က္ခ်င္းပင္ သူ႔မ်က္ႏွာကို လက္ျဖင့္ အျမန္ ဖံုးကြယ္ထားလိုက္သည္။ လက္ေခ်ာင္းမ်ားၾကားက မ်က္လံုးေလးႏွစ္လံုးသာ ေပၚေနေလသည္။
"လုပ္မေနနဲ႔ ။ ရွစ္ဖူးက ဘယ္သူဆိုတာ သူသိၿပီးသြားၿပီ"
နန္ေမာ္ယဲ့လည္း သက္ျပင္းခ်လိုက္ၿပီးလက္ကိုေအာက္ခ်လိုက္ကာ အရွက္ေျပ ရယ္ေနလိုက္သည္။
"အရွင္မင္းျမတ္...ဟဲဟဲ"
ခ်ူယြမ္က နန္ေမာ္ယဲ့အတြက္ လက္ဖက္ရည္ငွဲ႔ေပးလိုက္ကာ -
"ယြင္ရႊီၿမိဳ႔မွာတုန္းက ကိုယ္ေတာ့္ကို အသက္ကယ္ေပးခဲ့တဲ့ ေက်းဇူးတရားရိွဖူးတာပဲ။ ကိုယ္ေတာ့္ကိုလည္း ေက်းဇူးဆပ္ခြင့္ေတာ့ ေပးပါၪီးလား"
"ဟာ၊ အရွင္မင္းျမတ္ကလည္း ဒါက အေသးအဖြဲကိစၥေလးပါ၊ ျပန္မေျပာလို႔ေတာင္ရပါတယ္။ အရွင္မင္းျမတ္ကိုယ္ေတာ္တိုင္ကိုက ဘုန္းတန္ခိုးပညာ အာဏာစက္ ႀကီးမားျမင့္ျမတ္ၿပီး ကံေကာင္းျခင္းနကၡတ္ ၾကယ္တာရာေတြကပါ လမ္းျပေပးေနတဲ့အျပင္ ေကာင္းကင္ဘံုကေန ခ်ီးေျမႇာက္တဲ့ေကာင္းခ်ီးေတြကိုပါ ရရိွခံယူထားတဲ့ ေကာင္းကင္ရဲ့ခ်စ္သားရတနာျဖစ္ေနလို႔ပါ။ ကြၽန္ေတာ္မ်ိဳးတို႔က လမ္းႀကံဳၿပီးေတြ့မိသြားရံုတင္...."
မရပ္မနား ေျပာလိုက္ၿပီးသည္ႏွင့္ နန္ေမာ္ယဲ့က သြမ့္ပိုင္ယြဲ႔ထက္ မ်က္ေစာင္းထိုးလိုက္သည္။
ေတြ့ၿပီလား၊ ဒီလိုမ်ိဳး ေခ်ာ့ေမာ့ၿပီး ႏူးႏူးညံ့ညံ့ဖြဲ႔ဖြဲ႔ႏြဲ႔ႏြဲ့ေျပာတတ္မွ မဂၤလာျမန္ျမန္ေဆာင္ရမွာကြ၊ သိၿပီလား။
သြမ့္ပိုင္ယြဲ႔ - "......"
"ဒါနဲ႔ေလ ေနာင္ေတာ္....ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို အျမန္ေခၚလိုက္တာ ဘာကိစၥရိွလို႔လဲဟင္"
သြမ့္ေယာင္ ဤကိစၥကို ေမးခ်င္ေနသည္မွာ ၾကာလွေပၿပီ။
"အင္း၊ မင္းရဲ့ ခရမ္းေရာင္ဖားျပဳပ္ ယူလာေသးလား"
"ယူလာတာေပါ့"
သြမ့္ေယာင္က အ၀တ္ထုပ္ထဲမွ ပျခဳပ္ေလးတစ္ခု ဖြင့္လိုက္ေတာ့ အထဲမွ ဖားျပဳပ္တစ္ေကာင္က ပလြတ္ခနဲ ခုန္ထြက္လာ၏။
ခ်ူယြမ္ခမ်ာ ေက်ာျပင္တစ္ခုလံုး ခ်မ္းစိမ့္သြားကာ ၾကက္သီးေမြးညင္းပင္ထေနၿပီျဖစ္သည္။
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္ကို ခပ္ဖြဖြ လွမ္းကိုင္လိုက္ကာ -
"မေၾကာက္ပါနဲ႔၊ စြပ္ျပဳတ္လုပ္ေသာက္ဖို႔ မဟုတ္ပါဘူး"
သြမ့္ေယာင္ - "....."
ဘာေျပာလိုက္တယ္၊ စြပ္ျပဳတ္လုပ္ေသာက္ဖို႔ ဟုတ္လား။
******
2020.07.01
Thz for reading, giving stars and leaving comments.
******