ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]

By ArtemisJT21

2.1M 368K 54.8K

Di Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan More

Story Description
Introduction of two main characters and translator's note
အခန်း - ၁ (မြို့တော်တွင်း လူသတ်မှု)
အခန်း -၁ အဆက်
အခန်း - ၂ ( ချိုးရွှမ်ကျီး ယန္တရားတိုက်)
အခန်း-၂ - အဆက်
အခန်း - ၃ (အမတ်မင်းလျို လာပြန်ပြီ)
အခန်း - ၄ (မဟုတ်မှလွဲရော ၊ နောင်တော်ကြီးက ရှားဒါကို ကြိတ်ကြိုက်နေတာများလား)
အခန်း - ၅ (နန်းတော်အတွင်း ပြောင်းလဲမှုတစ်ခုဖြစ်ပွားခြင်း)
အခန်း - ၆ (ဗောဓိစိတ္တ သိုင်းကျင့်စဥ်)
အခန်း- ၇ (ရန်ယွဲ့ ဆောင်)
အခန်း - ၈ (လျိုမျိုးရိုးတို့ ကံဆိုးမိုးမှောင်ကျချိန်)
အခန်း -၉ (တောင်နောက်က တဲအိမ်ငယ်)
အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)
အခန်း- ၁၁ (ဆုံတွေ့ခြင်း)
အခန်း - ၁၂
အခန်း- ၁၃ (ကျန်းနန်မှ စာပေပညာရှင်)
အခန်း- ၁၄ (ရှီးနန်၀မ် စိုးရိမ်မနေပါနဲ့တော့)
အခန်း - ၁၅ (ဟွမ်ထျဲန်းစခန်း)
အခန်း- ၁၆ (ဒီကကုန်းကုန်း ခင်ဗျာ)
အခန်း- ၁၇ (ထျဲန်းချန်ချား)
အခန်း- ၁၇ - အဆက်
အခန်း- ၁၈ (ဖေမျဲန်ပြည်)
အခန်း - ၁၉ (တာ့ယန့်မြို့)
အခန်း - ၂၀ (လျှို့၀ှက်စာရင်း)
အခန်း - ၂၁ (သစ်သားသေတ္တာ)
အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)
အခန်း - ၂၃ (မြို့ပြင်ရှိ ရွှေတောင်)
အခန်း - ၂၄ (​ေ၀့ကျီယီ့)
အခန်း - ၂၅ (ကွေလိုင်စံအိမ်)
အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)
အခန်း- ၂၇ (ဖန်ရှင်းစစ်တုရင်)
အခန်း - ၂၈ (အဖိုးအို မုချီ)
အခန်း - ၂၉ (ကောင်လိ၀မ် လာမယ်တဲ့)
အခန်း - ၃၀ (ခရမ်းရောင် ဖားပြုပ်)
အခန္း - ၃၀ (Zawgyi font)
အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)
အခန်း - ၃၂ (မြတ်နိုးခြင်းနှလုံးသား)
အခန်း - ၃၃ (ပရိယာယ်မာယာ)
အခန်း - ၃၄ (ရှီးနန်၏ စားသောက်ဖွယ်ရာ အစုံအလင်)
အခန်း - ၃၅ (ချောင်ယာလူမျိုးစု)
အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)
အခန်း - ၃၇ (ပဌာန်းဆက်ရှိသူ နောက်တစ်ဦး)
အခန်း - ၃၈ (ဆန်းနန်ကျိုး)
အခန်း - ၃၉ (သဘောတူညီချက်တစ်ခုလောက် လုပ်ကြရအောင်ပါ)
အခန်း - ၄၀ (လိုက်လံရှာဖွေခြင်း)
အခန်း - ၄၁ (နန်းတော် ပြန်ကြမယ်)
အခန်း - ၄၂ (နောင်တော် ချစ်ရတဲ့လူကို ကျွန်တော်တွေ့ဖူးသွားပြီ)
အခန်း - ၄၂ (အဆက်)
အခန်း - ၄၃ (ဆွေးနွေးခြင်း)
အခန်း - ၄၃ - အဆက်-
အခန်း - ၄၄ (ယွီ့ကွမ်းတောင်မှ ပြန်လာခြင်း)
အခန်း - ၄၅ ( တိုင်းခန်းလှည့်လည်တော်မူနေပါတယ်)
အခန်း - ၄၅ - အဆက်
အခန်း - ၄၇ (ချောင်ယာကျွန်း၏ နောက်ကြောင်းဖြစ်စဥ်)
အခန်း - ၄၇ - အဆက်
အခန်း- ၄၈ (ကူအဆိပ် ဖယ်ထုတ်ခြင်း)
အခန်း - ၄၉ (တစ္ဆေခြောက်လှန့်ခြင်း)
အခန်း- ၅၀ (ကျင့်မလား မကျင့်ဘူးလားပြော)
အခန္း - ၅၀ (Zawgyi Font)
အခန်း - ၅၁ (အလိုဆန္ဒ လိုက်လျောခြင်း)
အခန်း- ၅၁ (အဆက်)
အခန်း - ၅၂ (မျှော်လင့်မထားသော အခွင့်ထူး)
အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)
အခန်း- ၅၄ (ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့် အရသာ)
အခန်း - ၅၅ (ဆူးဟွိုင်တောင်နန်း)
အခန်း - ၅၅ - အဆက်
အခန်း- ၅၆ ( ရုပ်သွင်အစစ်အမှန်က ဘယ်သူလဲ)
အခန်း - ၅၇ (ရွှမ်မင်ဟန်ထျဲယ်ဓား)
အခန်း - ၅၈ (မိစ္ဆာဓား နိုးထခြင်း)
အခန်း - ၅၉(အသက်ရှင်နေသေးရင်ကို ရပါပြီ)
အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)
အခန်း - ၆၁ (ခွဲခွာခြင်း)
အခန်း - ၆၂ (ကွမ်းဟိုင်မြို့)
အခန်း - ၆၃ (ကျွန်းပေါ်က နန်ယန်မျိုးနွယ်များ)
အခန်း - ၆၄ (ရွှမ်ထျဲန်း)
အခန်း - ၆၅ (မိစ္ဆာဓား တစ်ဖန်နိုးထခြင်း)
အခန်း - ၆၆ (နန်းတော်ပြန်ခြင်း)
အခန်း - ၆၇ (မသေအောင်သာ အရင်ကြိုးစားရမယ်)
အခန်း - ၆၇ - အဆက်
အခန်း - ၆၈ (ဂူအောင်းပြီး သိုင်းကျင့်ခြင်း)
အခန်း - ၆၉ (နှစ်သစ်ကူးည)
အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၇၁ (အတွေ့မခံခဲ့ပါပေ)
အခန်း - ၇၂ (အပြန်ခရီး)
အခန်း - ၇၃ (ငယ်ရွယ်စဥ်တုန်းက)
အခန်း - ၇၃ - အဆက် (ပိုင်ရှဲန့်ပြည်မှ လူသတ်သမားများ)
အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)
အခန်း - ၇၅ (မိတ်ဆွေဟောင်း)
အခန်း - ၇၆ (ခရီးအတူတူ ထွက်ကြမယ်)
အခန်း - ၇၇ (ပိုင်ရှန့်ပြည်)
အခန်း - ၇၈ (ရင်းနှီးသောလူနှင့် ဆုံတွေ့ခြင်း)
အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)
အခန်း - ၈၀ (ရှင်းကျိုးကျွန်း)
အခန်း - ၈၁ (ဧည့်သည်)
အခန်း - ၈၁ (အဆက်)
အခန်း - ၈၂ (ရင်းနှီးနေသော ယန္တရားလှည့်ကွက်)
အခန်း - ၈၃ (ခြေရာခံခြင်း)
အခန်း - ၈၄ (ကျီးနက်)
အခန်း - ၈၄ (အဆက်)
အခန်း - ၈၅
အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်
အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)
အခန်း - ၈၇ (သင်္ဘောကြီး)
အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)
အခန်း - ၈၉ (ထျဲန်းချန်ရှားဆိုတာ ဘာလဲ)
အခန်း - ၉၀ (ဆန္ဒရှိတဲ့အတိုင်း ပြန်လာပြီ)
အခန်း - ၉၀ - အဆက် ( အဲ့အမတ်မင်းဝမ်းက ရွှေမြို့တော်ကို ပြန်ရောက်နေပြီတဲ့ )
အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)
အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)
အခန်း - ၉၃ (စန်းချီလန့်)
အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)
အခန်း - ၉၄ - အဆက် (မျှော်လင့်မထားသော ကြမ္မာဆိုး)
အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )
အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)
အခန်း - ၉၆ ( စစ်ပွဲမတိုင်ခင် ည )
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
အခန်း - ၉၈ (တောင်ပေါ် ဂူ)
အခန်း - ၉၉ (ပထမစစ်ပွဲတွင် အောင်မြင်မှုဆွတ်ခူးခြင်း)
အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)
အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)
အခန်း - ၁၀၂ (ငါးမြီးမျိုးနွယ်)
အခန်း - ၁၀၂ - အဆက်
အခန်း - ၁၀၃ (အကောင်းဘက်ကနေ တွေးပေးရမယ်)
အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.
အခန်း - ၁၀၅ (ပန်းနှစ်ပွင့် ဝေဖြာခြင်း)
အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)
အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )
အခန်း - ၁၀၈ (ကျင်းဆူး)
အခန်း - ၁၀၉ (လျိုစန်းဓားပျံဂိုဏ်း)
အခန်း - ၁၁၀ (ငှက်မွေးဝတ်ရုံ အစည်းအဝေး)
အခန်း - ၁၁၁ (ဒူဝူ)
အခန်း - ၁၁၂ (အကြံအစည်)
အခန်း - ၁၁၃ (ရဟန်းတော်)
အခန်း - ၁၁၄ (အမှုစစ်ဆေးခြင်း)
အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)
အခန်း - ၁၁၆ (တွေ့ဆုံခြင်း)
အခန်း - ၁၁၇ (နန်းတော် တူတူသွားကြမယ်)
အကြံပြုချက် တောင်းခံလွှာ + Announcement
အခန်း - ၁၁၈ (ဘယ်တော့ လက်ထပ်မှာလဲ)
အခန်း - ၁၁၉ (နန်းဆောင်ဟောင်း)
အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)
အခန်း - ၁၂၁ (ရုပ်သွင်ပြောင်းပြီး လှည့်စားခြင်း)
အခန်း - ၁၂၂ (အရှင်မင်းမြတ် ကြွချီရာလမ်းတွင် လူတစ်ယောက် ကြားဖြတ်ရောက်လာခြင်း)
အခန်း - ၁၂၃ (ရှီးနန်စံအိမ်တော်)
အခန်း - ၁၂၄ (ပစ္စုပ္ပန်အခြေအနေ)
အခန်း - ၁၂၅ (မြေလျှိုးမိုးပျံ)
အခန်း - ၁၂၆ (ပျော်စရာပြဇာတ်)
အခန်း - ၁၂၇ (မာလျို့)
အခန်း - ၁၂၈ (တိုက်ဆိုင်သော တွေ့ဆုံမှု)
အခန်း - ၁၂၉ (စစ်ချီခြင်း)
အခန်း - ၁၃၀ {ထိပ်ပြောင်နှစ်ကောင်}
အခန်း - ၁၃၁ (မြောင့်ရှင်း)
အခန်း - ၁၃၂ ( လူဖမ်းခြင်း)
အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)
အခန်း - ၁၃၄ (ဘာလုပ်ဖို့ကြံနေတာလဲ)
အခန်း - ၁၃၅ (ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေ)
အခန်း - ၁၃၆ (အိပ်မက်ဆိုး)

အခန်း - ၄၆ (ပညာရှိတစ်ဦး)

12.8K 2.5K 358
By ArtemisJT21

[ မင်း ငါ့အတွက် ကိစ္စတစ်ခုလောက် သွားလုပ်ပေးစမ်းပါ]

ယွဲ့လောင် ဖူးစာရေးနတ်ကွန်းကို သွားမည်ဆိုလျှင် ညနေစောင်းဘက် သွားမှရမည်။ ယခုလက်ရှိမှာတော့ မိုးမချုပ်သေး ၊ ညစာစားရန်လည်း အချိန်အများကြီး လိုနေသေးလေရာ သွမ့်ပိုင်ယွဲ့က ချူယွမ်အား မေးလာ၏။

"အိပ်လိုက်ဦးမလား၊ ဒီလိုခရီးရှည်မျိုး ထွက်လာရတော့ ပင်ပန်းမှာပေါ့"

"ဟင့်အင်း ၊ မပင်ပန်းပါဘူး။ မြင်းလှည်းထဲမှာ နေရတုန်းကတော့ မွန်းကျပ်တယ်။ အခု လေကောင်းလေသန့်လေး ပြန်ရှူရတော့ အဆင်ပြေနေပါပြီ...."

"ဒါဆို တစ်ခုခုစားချင်နေတာမျိုးရောရှိလား"

ချူယွမ် ရယ်မိသွားသည်။

"မင်းက ငါ့ကိုဆို အိပ်ရင်အိပ် ၊ မအိပ်ရင် တစ်ခုခုတော့ စားခိုင်းနေတာချည်းပဲ...."

"ကိုယ်က မင်းကိုဆို ချစ်လို့၊ သနားလို့ပါဆို..."

"မုန့်မစားချင်ဘူး၊ ရေတော့ဆာတယ်။ ခဏနေ ဇီးဖျော်ရည်ချိုချိုအေးအေးလေး လာပေးလိမ့်မယ်။ မင်းရော တခြား ဘာထပ်မှာချင်တာ ရှိလဲ၊ ဒါမှ ရှစ်ဇီကို ငါ သွားပြောပေးလို့ရမှာလေ။ ဒီမြို့မှာဆို ၀က်သားပေါက်စီကြော်က နာမည်ကြီးတယ်။ကြာဇံကြော်လည်း ကောင်းတယ်တဲ့။ မင်း မြည်းကြည့်ချင်သေးလား"

သွမ့်ပိုင်ယွဲ့က ချူယွမ်အား ပြုံးပြီးကြည့်နေ၏။

"ဘာကြည့်ပြီး ပြုံးနေတာလဲ"

"ဘာမှမဟုတ်ပါဘူး။ မင်း စောနက ပြောနေတဲ့ပုံစံလေးကို သဘောကျလို့...."

ရှင်ဘုရင်တစ်ပါးနဲ့မတူဘဲ ၊ အမှုကိစ္စ ကြီးကြီးမားမားတွေ ပြောဆိုဆွေးနွေးနေတာမဟုတ်ဘဲနဲ့ ပွစိပွစိ ရေရွတ်ပြောဆိုနေတာမျိုး ။ စိတ်ဖိစီးတာတွေ မရှိဘဲ စိတ်ချမ်းသာသလို ကိုယ့်ပုံစံလေးနဲ့ကိုယ် နေနေတာမျိုး။ အဲ့လိုပုံစံလေးက မြင်ရတဲ့လူကိုပါ စိတ်ချမ်းသာစေတယ်လေ။

သို့နှင့် ခဏကြာတော့ ဇီးဖျော်ရည် ချိုချိုအေးအေးလေးကို ရှစ်ဇီက လျင်မြန်စွာပင် ဆက်သလာပေး၏။ ၎င်းနှင့်အတူ ၀က်သားပေါက်စီကြော်ပါ ပါလာ၏။ ချူယွမ်ကတော့ စားချင်စိတ်မရှိသဖြင့် သူ့ရှေ့၌ ပလုတ်ပလောင်း မုန့်ထိုင်စားနေသော သွမ့်ပိုင်ယွဲ့ကိုသာ ထိုင်ကြည့်နေသည်။ ခဏကြာတော့ မနေနိုင်တော့သဖြင့် ထမေးလာ၏။

"မင်း တစ်နေ့လုံး ဘာမှ မစားရသေးဘူးလား"

"အင်း "

"......."

"မင်းကို တစ်ချိန်လုံး စောင့်နေခဲ့တာ။မင်းဆီ ကပ်စားရရင် ထမင်းဖိုး သက်သာလို့လေ"

ချူယွမ် ရယ်ချင်သော်လည်း မရယ်ရက်ဘဲ နောက်ထပ် ပေါက်စီတစ်လုံးကိုပါ လှမ်းထည့်ပေးလိုက်သည်။

သို့နှင့်နှစ်ယောက်သား စားသောက်ပြီးနောက် အခန်းထဲ ခေတ္တနားနေလိုက်ကြသေးသည်။ မိုးချုပ်သွားတော့မှ မြင်းတပ်စခန်း၏ အနောက်တံခါးမှတစ်ဆင့် အပြင်ထွက်လာကြကာ နတ်ကွန်းရှိရာသို့ အေးအေးလူလူ နှစ်ကိုယ်တူယှဥ်တွဲပြီး လျှောက်လှမ်းသွားကြသည်။ ဘယ်နေရာမှာတည်ရှိမှန်း လမ်းမေးကြည့်စရာမလို၊ လမ်းပေါ်က လူတန်းကြီးအတိုင်း လိုက်ပါ လျှောက်လှမ်းသွားရုံပင်။ ယနေ့ညမှာတော့ ယွဲ့လောင် ဖူးစာရေးနတ်ကွန်း၏ လူအစည်ကားဆုံးပွဲနေ့ဖြစ်နေလေရာ မည်သူမဆို ဖူးစာဖက်ကိုတောင်းခံကြရန် လာရောက်ပူဇော်ကြသည်လေ။

"ဟိုရှေ့ကဟာပဲနေမယ်။ ဒါပေမယ့် အခြေအနေကြည့်ရသလောက်တော့ လူကြားထဲ တိုးလို့တောင်ရမလား မပြောတတ်တော့ဘူး"

ထိုစကားကိုကြားတော့ ချူယွမ်က ခြေလှမ်းများကို ရပ်တန့်လိုက်ကာ -

"ဒါဆိုလည်း နေပါစေ၊ ဒီကနေပဲ ကြည့်ကြရအောင်။ ဘယ်ကနေပဲ ပူဇော်ပူဇော် ၊အတူတူပဲ နေမှာပါ"

သို့မဟုတ်ပါက ယောကျ်ားရင့်မာကြီးနှစ်ယောက် လူကြားထဲအတင်းတိုးပြီး ဖူးစာဖက်သွားတောင်းနေကြမည်ဆိုလျှင် အတော်လေးပင် အမြင်မတော် ။ သူတို့ကို မှတ်မိမည့်သူ မရှိသော်လည်း အနည်းနဲ့အများတော့ ထူးထူးဆန်းဆန်း အကြည့်ခံရမည်မှာ မလွဲပေ။

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လက်ခံလိုက်ကာ ချူယွမ်လက်အား ယှက်နွယ်ဆုပ်ကိုင်လိုက်ပြီးနောက် -

"အင်း ၊ ဘာမှမဖြစ်ပါဘူး။ နည်းနည်းတော့ အလှမ်းဝေးပေမယ့် ကြားသင့်ကြားထိုက်တဲ့ ဆုတောင်းစကားဆိုရင် နတ်ကွန်းအရှင်က ကြားရမှာပါ...."

ချူယွမ်က ဘာမှ ပြန်မဖြေသော်လည်း ပြုံးမြဲပြုံးနေကာ ရှေ့က နတ်ကွန်းကိုသာ ငေးကြည့်နေလေ၏။

*******

ဖူးစာကြိုးနီ ချည်နှောင်ရာ အပင်ရှေ့တွင် မြို့သူမြို့သားများ ဝိုင်းအုံနေကြသည်။  သစ်ကိုင်းထက်မှာလည်း ဖူးစာကြိုးနီများဖြင့် ချည်ထားကြသည်မှာ ချည်စရာ နေရာလွတ်ပင်မကျန်တော့။ ပုရောဟိတ်အမတ်ကြီး ထောင်လျဲန်တာခမျာ နောက်ဆုံးသောခွန်အားကို သုံးကာ အတင်းပင် လူကြားတိုးပြီး ရှေ့ဆုံးသို့ရောက်အောင် ကြိုးစားသွားလိုက်ကာ ဖူးစာကြိုးနီတစ်မျှင်အား မရရအောင် သစ်ကိုင်းထက် ချည်လိုက်လေသည်။

အားလားလား၊ မူးမေ့ချင်လောက်အောင်ကို ပင်ပန်းလိုက်လေခြင်း။

စိတ်ထဲမှလည်း ဧကရာဇ်အရှင်မင်းမြတ်အား ဧကရီမိဖုရားခေါင် အမြန်ရွေးချယ် တင်မြှောက်ပါစေကြောင်း ဆုတောင်းပတ္ထနာပြုလိုက်သည်။ ယခုလိုမျိုး ခေါင်းမာမြဲခေါင်းမာနေသော အရှင်မင်းမြတ်၏အကျင့်ကိုလည်း အနည်းငယ်လျှော့နည်းသွားကာ မင်္ဂလာကိစ္စကို လက်ခံပါစေကြောင်း၊ သို့မှသာ မိမိသေသွားပြီး တမလွန်၌ အရင်ဧကရာဇ်ဟောင်းနှင့်တွေ့လျှင် မျက်နှာမပျက်ဘဲ ရဲရဲဝံ့ဝံ့ တွေ့ရဲမည်ဖြစ်သည်ကြောင်း။

ဘေးပတ်၀န်းကျင်ကလူများကတော့ ပုရောဟိတ်အမတ်မင်းထောင်လျဲန်တာဖြစ်မှန်း မသိကြသဖြင့် စိတ်ထဲမှ တီးတိုးရေရွတ်ကြနေလေပြီ။

ဘယ်ကလာတဲ့ အဘိုးကြီးမှန်းမသိပါဘူး၊ မျက်နှာအရေကထူပါသဘိ၊ အရှက်အကြောက် ကလည်းမရှိနဲ့။ မြေးရလောက်တဲ့အရွယ်တောင် ရောက်နေတဲ့ဟာကို သူများတွေနဲ့အပြိုင် လူကြားထဲတိုးပြီး ဖူးစာကြိုးနီတွေ လာချည်သေးတယ်။ သူများ လှောင်ရယ်မှာ မကြောက်ဘူးလား မသိ။

လျိုတာ့ကျုံ့ကတော့ အပြင်ဘက်ဆုံးမှာရှိကာ လက်ဖက်ရည်သောက်ရင်း ရေရွတ်နေလေ၏။

ဒါတောင်မှ ကျွန်ုပ်ကို  အောင်သွယ်ဝါသနာပါတယ်လေးညာလေးနဲ့ ပြောသေး။ အခုဖြစ်နေတဲ့  အသင့်အဖြစ်ကို ရှုစားကြည့်လှည့်ပါဦး ...လောင်ထောင်ရဲ့။ ဘယ်သူကများ အသင့်လောက် တော်တော်အဖြစ်သည်းနေမယ်ထင်လဲ။ ဒီလိုကိစ္စမျိုးကိုတောင် ၀င်သွားရှုပ်လိုက်သေး၊ နောက်နှစ်နှစ်နေလို့မှ အရှင်မင်းမြတ်က လက်ထပ်ဘိသိက်ပွဲ မကျင်းပသေးရင်တော့ အသင်တော့ သွက်သွက်ခါ ရူးသွားလောက်မယ်ထင်ရဲ့။

********

"ကိုယ့်ကို ခဏစောင့်...."

"အင်း"

သွမ့်ပိုင်ယွဲ့က ခေတ္တထွက်သွားပြီး ခဏကြာတော့ လက်ထဲတွင် ဖူးစာကြိုးနီလေး ပါလာ၏။

"ဟင်...မင်း ဘယ်ကနေ သွားခိုးလာတာလဲ"

"ရှူးတိုးတိုး....နတ်ဘုရားတွေရှေ့မှာ ဘာလို့ မဟုတ်တရုတ်တွေ လျှောက်ပြောနေတာတုန်း"

သွမ့်ပိုင်ယွဲ့က ပြောပြောဆိုဆို ချူယွမ့်လက်ကို ယူလိုက်ကာ ထိုဖူးစာကြိုးနီလေးဖြင့် တယုတယ ချည်နှောင်ရစ်ပတ်ပေးလိုက်သည်။

"ကလေးတစ်ယောက်ကို ပိုက်ဆံပေးပြီး နတ်ကွန်းကနေ ၀ယ်လာခိုင်းလိုက်တာ။ ရုပ်လေးက ပြည့်ပြည့်ဖြိုးဖြိုး ၀၀ကစ်ကစ်လေးနဲ့ ချစ်ချင်မုန်းချင်စရာလေး။ သူ့ကို နတ်ကွန်းသခင် မြင်ရင်တောင် ချစ်သွားလောက်တယ်။ ကဲ....ဒီလိုဆိုတော့ ကိုယ်တို့နှစ်ယောက်ကို နတ်ဘုရားတွေကလည်း အချိန်တစ်ခုလောက်တော့ စောင့်ရှောက်ကာကွယ်ပေးကောင်းရဲ့... "

"အချိန်တစ်ခုလောက်ပဲလား"

"အင်း၊ နောက် သူတို့မေ့သွားလောက်ပြီဆိုတာနဲ့ ဒီကို ခဏခဏပြန်လာပြီး ထပ်ဆုတောင်းမယ်။ အဲ့လိုဆိုရင် နတ်ဘုရားတွေ မေ့ချင်ရင်တောင် မမေ့လောက်တော့ဘူး"

သွမ့်ပိုင်ယွဲ့က ချူယွမ်လက်များအား ဆုပ်ကိုင်ထားလိုက်ကာ ဆက်ဆို၏။

"ဒီလိုလေးဆိုလည်း ကောင်းတယ်ဟုတ်"

"အင်း"

ချူယွမ်လည်း ပြုံးရွှင်စွာ ဖြေလိုက်လေသည်။

ကျန်သော မြို့သူမြို့သားများကမူ ရှေ့သို့သာ သူ့ထက်ငါ အလုအယက် တိုးပြီး ဆုတောင်းနေကြ၏။ အခုရက်ပိုင်း မိမိတို့မြို့တွင် ဧကရာဇ်အရှင် စံမြန်းနေတော်မူမည်ဖြစ်ရာ မိမိတို့အိမ်က သမီးရတနာများ၊ တူမများလည်း ကံအကြောင်းတိုက်ဆိုင်လျှင် မိဖုရားဖြစ်ဖြစ်၊ ကိုယ်လုပ်တော်ဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခု ဖြစ်ချင်ဖြစ်သွားနိုင်သည်လေ။ ဤသို့သောကိစ္စမျိုးက မျိုးရိုးဂုဏ်ကို ထွန်းလင်းမြင့်တက်စေနိုင်သည့် မဟာမင်္ဂလာသတင်းကိစ္စပင် မဟုတ်ပါလား။

"အဟမ်း"

သွမ့်ပိုင်ယွဲ့က ချောင်းဟန့်လိုက်တော့မှ ချူယွမ်လည်း သတိပြန်၀င်ကာ သွမ့်ပိုင်ယွဲ့ရင်ဘတ်ကို တစ်ချက် ပုတ်လိုက်ပြီး -

"ပြန်ရအောင်ပါ။ နတ်ကွန်းကိုလည်း လာပူဇော်ပြီးသွားပြီ ၊ ပဲနီဆန်ပြုတ်လည်းသောက်ပြီးသွားပြီ။ လုပ်စရာရှိတာ အကုန်လုပ်ပြီးသွားပြီဆိုတော့ ပြန်သွားပြီး အနားယူကြစို့"

"ဟင်...ဒီည ကိုယ် မြင်းတပ်စခန်းမှာ တည်းရမှာလား"

ချူယွမ်က သူ့အား လှမ်းကြည့်လာ၏။

"မဟုတ်ရင် မင်း ဘယ်နား သွားအိပ်ဖို့ စဥ်းစားထားလို့တုန်း"

သွမ့်ပိုင်ယွဲ့ခမျာ ပါးကြီးပေါက်ထွက်တော့မတတ် ပြုံးရွှင်မြူးတူးနေ၏။

နှစ်ယောက်စလုံး လူသူရှုပ်ထွေးသည်ကို သိပ်ပြီး မနှစ်မြို့ကြတာမို့ လမ်းမကြီးအတိုင်း ပြန်မလာကြဘဲ လမ်းကြိုလမ်းကြားများမှတစ်ဆင့်သာ ဖြည်းဖြည်းချင်း လျှောက်လှမ်းပြီးပြန်လာကြလေသည်။ ဘယ်ချိုးလိုက်၊ ညာချိုးလိုက်နှင့် လမ်းပျောက်လုမတတ် ဖြစ်ဖြစ်သွားလေရာ မြင်းတပ်စခန်းသို့ရောက်အောင် မနည်းပြန်လာခဲ့ကြရပြီး ပြန်ရောက်တော့ အတော်ပင် ညဥ့်နက်သွားလေပြီ။

ရေချိုးသန့်စင်ရန် အချိန်ကျလာတော့ သွမ့်ပိုင်ယွဲ့လည်း အရင်အတိုင်းပင် ကန့်လန့်ကာ ရှေ့မှ နေကာ မေးထောက်ပြီး ဘုရင့်အမိန့်အတိုင်း ဒီတိုင်းသာ ထိုင်စောင့်နေရရှာလေသည်။

အထဲက ချူယွမ်လည်း ရေချိုးဇလုံကြီး၏ အစွန်းတွင် မေးတင်ကာ အပြင်ကလူ၏ အရိပ်ကို လှမ်းငေးကြည့်ရင်း ပြုံးနေလေ၏။

******

သလွန်တော်မှာ အတော်ပင် ကျယ်ကျယ်ဝန်းဝန်းရှိကာ ခေါင်းအုံးနှစ်လုံး၊ စောင်တစ်ထည် ထားရှိပေးထားသည်။ သွမ့်ပိုင်ယွဲ့က ရေချိုးပြီးခါစ ချူယွမ့်ကိုယ်လုံးကို ဆွဲဖက်လိုက်ကာ လဲလျောင်းလိုက်သည်။

"ကောင်းကောင်းအိပ်လိုက်တော့...."

ချူယွမ်က သွမ့်ပိုင်ယွဲ့၏ ခါးစည်းကြိုးကို လှမ်းဆွဲထားလိုက်သည်။

"ဟင်..."

"ရှူးတိုးတိုး.....မဟုတ်ရင် မင်း ကိုယ့်ကို အိပ်ယာပေါ်ကနေ နှင်ချမှာစိုးလို့"

"အသနားပိုအောင် လုပ်ပြနေပြန်ပြီ..."

ချူယွမ်က မိမိကိုယ်မိမိ စောင်ဖြင့် လုံးထွေးရစ်ပတ်လိုက်ကာ မျက်လုံးနှစ်လုံးသာ ဖော်ထားလေ၏။

သွမ့်ပိုင်ယွဲ့က ဘာမှပြန်မပြောဘဲ ချူယွမ်အား အပေါ်စီးမှခွကာ အုပ်မိုးထားလိုက်သည်။

"ရှင်ဘုရင့်ကို စော်ကားမော်ကားပြုရဲတယ်ပေါ့။ သွားစမ်း၊ ကြိမ်ဒဏ် အချက်နှစ်ဆယ် သွားခံယူချေ....."

ချူယွမ်က ပြောပြောဆိုဆို သွမ့်ပိုင်ယွဲ့ပါးနှစ်ဖက်ကို ဆွဲဖြဲလိုက်သည်။

"စော်ကားတာထက် ပိုတဲ့ဟာတွေ ရှိသေးတယ်၊ စမ်းကြည့်မလား...."

သွမ့်ပိုင်ယွဲ့က ချူယွမ့် အောက်နှုတ်ခမ်းလွှာကို လှမ်း၍ ကိုက်ဆွဲထားပြီး ပြောလာတော့
ချူယွမ့် မျက်လုံးများထဲ ပြုံးရိပ်သမ်းလို့။

ဤအနမ်းမှာ အလျင်စလိုနိုင်ခြင်းမရှိ ၊ ဖြည်းဖြည်း ငြိမ့်ငြိမ့်လေးသာ ဖြစ်ပြီး သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်နှင့် လက်ဆယ်ဖြာ ယှက်နွယ်ကာ ဆုပ်ကိုင်ထားလိုက်သည်။ လျှာဖျားကလည်း ချူယွမ့်နှုတ်ခမ်းပါးအား နူးညံ့သိမ်မွေ့စွာ ဖြည်းဖြည်းချင်းစီ မြည်းစမ်းကြည့်နေသည်။ ချူယွမ့်ဘက်ကလည်း အလိုက်သင့် စီးမျောလိုက်ပါလာမှန်း သေချာနေတော့ သွမ့်ပိုင်ယွဲ့ အပြုအမူများက ပို၍ အရိုင်းဆန်လာပေ၏။

အတန်ကြာတော့မှ ချူယွမ်က မိမိအပေါ်ကလူကို တွန်းဖယ်ပစ် လိုက်သည်။ နှစ်ရွက်နှစ်ဖက်စလုံးမှာ နီရဲနေကာ သွေးရောင်ပင် သမ်းနေပေပြီ။

"ဒီလောက်နဲ့ တော်ပြီလား"

သွမ့်ပိုင်ယွဲ့အမေးစကားကြောင့် ချူယွမ် ချက်ချင်း တုန်လှုပ်သွားရှာ၏။

"အင်း"

"အင်း......"

သွမ့်ပိုင်ယွဲ့က ချူယွမ့်နားရွက်ဖျားနားတစ်ဝိုက် နမ်းရှိုက်ထိတွေ့လာ၏။

ချူယွမ်ခမျာ ရှောင်ချင်သော်လည်း ရှောင်၍မရ ၊ ရှစ်ဇီကို ခေါ်လိုက်ချင်သော်လည်း လက်ရှိအခြေအနေမှာ မိမိဘက်က ဘာအ၀တ်မှ ၀တ်မထားရသေး။ ခဏနေတော့ မည်သို့မှ ရုန်း၍မလွတ်မြောက်နိုင်တော့သဖြင့် သွမ့်ပိုင်ယွဲ့စိတ်တိုင်းကျ ခြယ်လှယ်သမျှ ခံယူနေလိုက်သည် ။

သို့နှင့် သွမ့်ပိုင်ယွဲ့ဘက်က ချူယွမ့်လက်ကို ဆွဲယူလိုက်ပြီး တစ်ခါမှ.....ဘ၀မှာ တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးသည့်အရာတစ်ခုကို ချူယွမ် လုပ်လိုက်ရပေသည်။
.
.
.

သွမ့်ပိုင်ယွဲ့၏ ၀င်သက်ထွက်သက်များ အတော်ပင် လေးပင်မောဟိုက်လာ၏။

ချူယွမ်ကတော့ မျက်လုံးအတင်းစုံမှိတ်ထားသည်။ ယခုလက်ရှိ အခြေအနေများကို သူ  လုံး၀မတွေးရဲ။

ဒီတစ်ခေါက်တော့ အတော်ပင် အချိန်ယူရပေသည်။ ဟေဟွမ်ပိုးကောင် အဆိပ်မိတုန်းကထက် ပိုလို့ပင် အချိန်ယူရသေး၏။

မည်မျှပင် ကြာမြင့်သွားသည်မှန်းမသိ၊ နောက်ဆုံးတော့ သွမ့်ပိုင်ယွဲ့တစ်ယောက် ကျေနပ်အားရသောထွက်သက်တစ်ခနြှင့်အတူ ငြိမ်သက်သွား၏။

ချူယွမ်ခမျာ နားရွက်ဖျားများမက မျက်နှာတစ်ခုလုံးပင် နီရဲနေလျက်။ ပြီးသည်နှင့် တစ်ခါတည်းပင် မျက်နှာသုတ်ပုဝါကို လှမ်းယူလိုက်ကာ မိမိ လက်နှစ်ဖက်စလုံးကို ကမန်းကတန်း သုတ်သင်သန့်ရှင်းလိုက်လေသည်။ ခေါင်းလေးသာ ဖော်ထားပြီး ချူယွမ်တစ်ယောက် သလွန်တော်နှင့် နံရံကြား ချောင်ကြားလေးထဲ တိုးဝှေ့ ပုန်းခိုနေလေသည်။

သွမ့်ပိုင်ယွဲ့က ချူယွမ့်အနား ဂရုတစိုက် ကပ်သွားကာ သတိကြီးစွာထား၍မေးလာ၏။

"ကိုယ်....မင်းကို ကူပေးရဦးမလား"

"လုပ်ပေးရဲတယ်ပေါ့"

ချူယွမ်လေသံမှာ တိမ်၀င်တိုးလျနေ၏။

သွမ့်ပိုင်ယွဲ့ - "........"

ထို့နောက် ချူယွမ် ခေါင်းတစ်ခုလုံးပါ စောင်ဖြင့် ခြုံလိုက်လေ၏။

အလို.....ဒီလိုနွေခေါင်ခေါင်ကြီးမှာ အပူရှပ်သွားရင် ဘယ်နှယ့်လုပ်မလဲ။

သွမ့်ပိုင်ယွဲ့က စောင်ကို အနည်းငယ်မျှ လှန်လိုက်ကာ -

"ကိုယ်...."

"မပြောနဲ့....."

ချူယွမ်နားရွက်ဖျားမှာ နီရဲနေရုံမျှမက သွေးရောင်များပင် သမ်းနေပြီဖြစ်၏။ အခြေအနေအရတော့ နောက်စကားတစ်ခွန်းမျှ အပြောမှားလျှင် လုံး၀ ပေါက်ကွဲတော့မည်ဖြစ်သည်။

ထို့ကြောင့် သွမ့်ပိုင်ယွဲ့လည်း အလိုက်သိစွာပင် ရေငုံနှုတ်ပိတ်လိုက်လေ၏။

ခုထက်ထိ ချူယွမ့်လက်များမှာ ဘယ်သောအခါမှ အပူငြိမ်းသွားမည်မဟုတ်သည့်နှယ် မပြီးနိုင်မစီးနိုင် ပူပြင်းလောင်မြိုက်နေဆဲဖြစ်သည် ။

ချူယွမ်မှာ စိတ်ရှုပ်စွာနှင့် အောက်နှုတ်ခမ်းကို ကိုက်ရင်း မိမိလက်အား အိပ်ယာခင်းထက် နှစ်ချက်သုံးချက်မျှ ခပ်ကြမ်းကြမ်း ထပ်သုတ်လိုက်သေးသည်။

သွမ့်ပိုင်ယွဲ့ခမျာ ရယ်ရမလား ငိုရမလားပင်
မသိတော့။

"ဒါဆိုလည်း မင်းလက်ဆေးဖို့ ကိုယ် ရေနွေးသွားကြိုပြီး လာပေးလှည့် မယ်လေနော်"

ဒီအကြောင်း ထပ်ပြောရဲသေးတယ်ပေါ့.....

ထိုစကားကိုကြားတော့ ချူယွမ်လည်း ချက်ချင်းပင် ငေါက်ခနဲ ထထိုင်လိုက်ကာ သွမ့်ပိုင်ယွဲ့ကို ခေါင်းအုံးဖြင့်ရိုက်လွှတ်ပြီး ကုတင်ပေါ်မှ နှင်ချလေတော့သည်။
.
.

သို့နှင့် ရှီးနန်ဘုရင်ကြီးမှာ ကြမ်းပြင်၌သာ အိပ်ရရှာလေသည်။

မဆိုးပါဘူး၊ ကြမ်းပြင်ပေါ် အိပ်ရတာလည်း သက်တောင့်သက်သာရှိပါတယ်။

လေသာဆောင်အပြင်ဘက်က သာနေသော လမင်းကြီးကိုကြည့်ပြီး ယွဲ့လောင်ဖူးစာရေးနတ်ကွန်းမှာ တကယ်ပင် စင်ကြယ်မြင့်မြတ်ကြောင်း သွမ့်ပိုင်ယွဲ့ တွေးမိနေလေသည်။

ဒီတစ်ခေါက် ရှီးနန်ပြန်ရောက်ရင်တော့ ငွေတစ်ပုံလောက် သီးခြားချန်ပြီးတော့ကို  ဆက်ဆက် လာရောက် ပူဇော်ရဦးမယ်။

*****

မနက်ဝေလီဝေလင်းရောက်တော့ ရှစ်ဇီလည်း ချူယွမ့်ကိုနှိုးရန် ၀င်ရောက်လာလေ၏၊ သွမ့်ပိုင်ယွဲ့ကတော့ မည်သည့်အချိန်ကတည်းက အပြင်ထွက်သွားမှန်း မသိလိုက်ရ။ ကြမ်းပြင်ပေါ်အိပ်တုန်းက ခြုံထားသော စောင်ကိုပါ သေချာပြန်ခေါက်ထားကာ ခေါင်းအုံးကိုလည်း အပေါ်ထားခဲ့သေးသည်။

ဟင်....အိပ်ယာခွဲအိပ်ကြတယ်လား။

နန်းတွင်းမှာ ရှိတုန်းကတောင် ဒီလိုအဖြစ်မျိုး မရှိဖူးပါဘူး ။ မဟုတ်မှလွဲရော...စကားများကြပြန်ပြီလား။

"အဟမ်း....."

ချူယွမ် ချောင်းဟန့်လိုက်သည်ကိုကြားတော့မှ ရှစ်ဇီကုန်းကုန်းခမျာ အတွေးဝင်္ကပါမှ ရုန်းထွက်လာနိုင်ရှာသည်။ ထို့နောက် ပြုံးပန်းဆင်ကာ မျက်နှာသစ်သွားတိုက်၊ ၀တ်လဲတော်ပြင်ဆင်၀တ်ရုံသည်မှအစ အမှုကိစ္စ ဝေယျာ၀စ္စအားလုံး ပြုလုပ်ပေးလိုက်သည်။ ယနေ့လည်း ခရီးဆက်ရဦးမည်မဟုတ်လား။

ရှေ့ဆက်ရမည့် လမ်းခရီးမှာ အမြဲပင် ဘေးအန္တရာယ် ကင်းရှင်းနေတတ်သည်။ စင်စစ်အားဖြင့်ဆိုရလျှင် ဝဲယာနှစ်ဖက်စလုံး လက်ရုံးရည် ပြည့်၀သော ကိုယ်ရံတော်တပ်သားများ ခြံရံထားလေရာ ဘေးအန္တရာယ်ပြုလာချင်လျှင်တောင် အခွင့်သာခြင်းမရှိ။

သွမ့်ပိုင်ယွဲ့ကတော့  ခါတိုင်းလိုပင် ယွင်တာမြို့သို့ ချူယွမ့်ထက် နှစ်ရက်သုံးရက် စောပြီး ရောက်နှင့်နေသည်။ တည်းခိုစရာ အဆောင်ကို လိုက်ရှာပြီးသည်နှင့် မြောက်ဘက်ယာယီ
နန်းဆောင်သို့ တစ်ယောက်တည်း သွားလိုက်သေး၏။ ဘာဆိုဘာမှ လုပ်စရာမရှိဘဲ အားလပ်နေသဖြင့် အပျင်းပြေ လမ်းလျှောက်ထွက်ခြင်း ဖြစ်သည်။

ဧကရာဇ်အရှင် ကြွချီလာမည်ဖြစ်သဖြင့် မြောက်ဘက်ယာယီနန်းဆောင်တစ်ခုလုံး ပြင်ဆင်မွမ်းမံထားလေသည်။ နေရာအနှံ့တွင် ညလုံးပေါက် အလုပ်လုပ်မည့်ဟန်ရသော လုပ်သားများကို တွေ့နေရသည် ။ သွမ့်ပိုင်ယွဲ့လည်း နန်းတော်၀င်းထဲ တစ်ခေါက်မျှ လမ်းပတ်လျှောက်နေပြီး ဧကရာဇ်အိပ်ခန်းဆောင်မှာပါ အကြာကြီး နားနေလိုက်သေးသည်။ ထို့နောက် လက်စွဲတော်ဓားကိုယူကာ ပြန်ရန်ပြင်ခါမှ ရှေ့မလှမ်းမကမ်းရှိ အိမ်ငယ်တစ်ခုမှထွက်လာသော မီးရောင်မှိန်ပျပျကို တွေ့လိုက်ရသည်။ ပတ်၀န်းပျင်တစ်ခွင်လုံးမှာ အတိမှောင်မိုက်တိတ်ဆိတ်နေလျက်။ နန်းတော်ရှိ အခြားနေရာများကဲ့သို့ လူအသွားအလာများ စည်ကားနေခြင်းနေခြင်းမရှိဘဲ တစ်မူကွဲလွဲ ထူးခြားနေပေ၏။

သွမ့်ပိုင်ယွဲ့လည်း လွန်စွာမှ သံသယ၀င်သွားကာ အကြောင်းစုံ စုံစမ်းရန် ထိုအိမ်နားသို့ ချဥ်းကပ်သွားလေသည်။ သို့သော် အိမ်ထဲ ၀င်မသွားရခင်ကတည်းကပင် အိမ်ထဲက လူတစ်ဦးက သူ့အား အရင်မေးမြန်းလာ၏။

"ဘယ်သူလဲ"

သွမ့်ပိုင်ယွဲ့ ခေတ္တမျှ မှင်သက်သွားလေသည်။

"၀င်လာခဲ့ ။  ခြေသံကို နားထောင်ရသလောက်တော့ ဒီနန်းဆောင်ကလူ မဟုတ်ဘူးမလား"

သွမ့်ပိုင်ယွဲ့လည်း တံခါးချပ်ကို အသာ တွန်းဖွင့်ကာ ၀င်သွားလိုက်သည်။

"အနှောင့်အယှက်ပေးမိသွားပါပြီ"

"အိုး .... ရွှယ်မင်ဟန်တီ့ဓားနဲ့ပါလား။မင်းက နှယ်နှယ်ရရလူ မဟုတ်ပေဘူးပဲ"

အထဲက အဖိုးအိုက သူ့ခါးထက်ရှိ လက်စွဲတော်ဓားကို ကြည့်လိုက်ကာ မှတ်ချက်ပြုလာသည်။ထို့နောက် ဘာမှမမှုသလို ကစားလက်စ စစ်တုရင်ကွက်ကိုသာ ပြန်လည်ကစားနေလိုက်သည်။

ဒီလူကြီးက ခြုံခ်ိုနေတဲ့ ကျား ၊ကိုယ်ယောင်ဖျောက်ထားတဲ့ နဂါးမျိုးပဲ။

(T/N: အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်း အေးဆေး၊ လူမသိသူမသိ low profileနဲ့ သွားလာနေထိုင်တတ်တဲ့ ပြိုင်စံရှားပညာရှင်တစ်ယောက်လို့ ဆိုလိုတာပါ)

"ဟုတ်ကဲ့၊ ကျွန်တော်လည်း မီးရောင်ကို မြင်လိုက်တော့ လာလိုက်တာ၊ အဘိုးရဲ့ အပန်းဖြေနေတဲ့ အချိန်ကို လာနှောင့်ယှက်နေသလိုဖြစ်သွားပါတယ်။ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ "

"ဘာ အနှောင့်အယှက်မှ မဖြစ်ပါဘူး၊  ဒီစစ်တုရင် ကစားကွက်ကို ဆော့လာတာ နှစ်ပေါင်းသုံးဆယ်ပြည့်ပြီ။ ညာလက်နဲ့မနိုင်တော့ ဘယ်လက်နဲ့ အစမ်းဆော့ကြည့်နေတာပေါ့ကွာ။ ညာလက်ကလည်း သိပ်မလှုပ်နိုင်တော့တာ ဖြစ်မယ် ၊ ဆက်တိုက်ရှုံးနေတာ တစ်လလောက်ရှိပြီ "

စစ်တုရင်ကစားကွက်ဆိုသောကြောင့် သွမ့်ပိုင်ယွဲ့ရင်ထဲ လှိုင်းများ ဘောင်ဘင်ခတ်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"စစ်တုရင်ကစားရတာကို နှစ်ခြိုက်လို့လား"

အဘိုးအိုက ခေါင်းခါလိုက်ကာ-

"အချိန်ဖြုန်းရုံတင်ပါ"

"ဒါဆိုရင် ဖန်ရှင်းစစ်တုရင်ကွက်အကြောင်း အဘိုး ကြားဖူးပါသလား"

အဘိုးအိုမှာ လုံး၀မျှော်လင့်မထားသဖြင့် အတော်အံ့သြသွားဟန်ရလိုက်ကာ သက်ပြင်းချပြီးခါမှ  ပြောလာ၏။

"ဒီမယ်၊ လူငယ်လေး....မင်းလည်း သူများတကာတွေလို ရွှေငွေရတနာသိုက် သွားရှာချင်တယ်လို့တော့ မဟုတ်လောက်ပါဘူးနော်၊ ဟိုကျွန်းပေါ်မှာ ဘာမှ ရှိတာမဟုတ်ဘူး"

သွမ့်ပိုင်ယွဲ့ အတော်ပင် ပျော်ရွှင်သွားကာ အဘ်ိုးအို၏ မျက်နှာချင်းဆိုင်နေရာ၌ ထိုင်လိုက်သည်။

"စိတ်ချပါ အဘိုး.....ကျွန်တော်က အဲ့ဒီရွှေငွေရတနာတွေကို လုံး၀စိတ်၀င်စားခြင်းမရှိပါဘူး။ ချောင်ယာကျွန်းကိုဆိုရင် ပိုလို့တောင် စိတ်မ၀င်စားတာပါ။ ဒါပေမယ့် အဘိုးဆီက အကြံဉာဏ်တောင်းစရာတစ်ခု ရှိနေပါတယ်။ ဖန်ရှင်းပုလဲက ဘာကြောင့် အရောင်အဝါ ထွန်းလင်းရပါသလဲ ခင်ဗျာ"

နောက်ဆုံးတွင်တော့ အဘိုးအိုက သူ့အား မော့ကြည့်လာပေပြီ။

"ဖန်ရှင်းပုလဲက မင်းလက်ထဲမှာလား"

ထို့နောက် သူ့အား အတန်ကြာစိုက်ကြည့်နေကာ-

"ချိုးရွှမ်ကျီး ယန္တရားတိုက်လည်း ဖျက်ဆီးခံလိုက်ရပြီလို့ကြားတယ်။ လက်စသတ်တော့ မင်းလက်ချက်ကိုး"

"အဘိုး....."

သွမ့်ပိုင်ယွဲ့တစ်ယောက် ဒုတိယအကြိမ်မြောက် လေးနက်စွာမေးလာ၏။

"ဖန်ရှင်းပုလဲရဲ့ မူရင်းသရုပ်မှန်က ဘာပါလဲ"

ထိုအဘိုးအိုက လက်ကိုဝှေ့ယမ်းလိုက်ကာ ပြောလာ၏။

"ငါ့အတွက် ကိစ္စတစ်ခုလေး အရင်သွားလုပ်ပေး ၊ ပြီးခါမှ ဖန်ရှင်းပုလဲမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးရှိမှန်း ငါ သေချာပြောပြမယ်"

*******

2020.06.21

Thz for loving them , giving stars and leaving comments.

ဧကရာဇ်ဗျူဟာ - မြန်မာပြန် (ပထမတွဲ)
ဤတွင်ပြီး၏။

Updateက အရင်လောက် မသွက်နိုင်တော့ပါဘူးလို့ ကြိုပြီး inform လိုက်ပါတယ်နော့။ အလုပ်တစ်ဖက်နဲ့မို့လို့ပါ။

*******

အခန္း- ၄၆ (ပညာရိွတစ္ၪီး)

[ မင္း ငါ့အတြက္ ကိစၥတစ္ခုေလာက္ သြားလုပ္ေပးစမ္းပါ]

ယြဲ႔ေလာင္ ဖူးစာေရးနတ္ကြန္းကို သြားမည္ဆိုလ်ွင္ ညေနေစာင္းဘက္ သြားမွရမည္။ ယခုလက္ရိွမွာေတာ့ မိုးမခ်ဳပ္ေသး ၊ ညစာစားရန္လည္း အခ်ိန္အမ်ားႀကီး လိုေနေသးေလရာ သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား ေမးလာ၏။

"အိပ္လိုက္ၪီးမလား၊ ဒီလိုခရီးရွည္မ်ိဳး ထြက္လာရေတာ့ ပင္ပန္းမွာေပါ့"

"ဟင့္အင္း ၊ မပင္ပန္းပါဘူး။ ျမင္းလွည္းထဲမွာ ေနရတုန္းကေတာ့ မြန္းက်ပ္တယ္။ အခု ေလေကာင္းေလသန္႔ေလး ျပန္ရႉရေတာ့ အဆင္ေျပေနပါၿပီ...."

"ဒါဆို တစ္ခုခုစားခ်င္ေနတာမ်ိဳးေရာရိွလား"

ခ်ူယြမ္ ရယ္မိသြားသည္။

"မင္းက ငါ့ကိုဆို အိပ္ရင္အိပ္ ၊ မအိပ္ရင္ တစ္ခုခုေတာ့ စားခိုင္းေနတာခ်ည္းပဲ...."

"ကိုယ္က မင္းကိုဆို ခ်စ္လို႔၊ သနားလို႔ပါဆို..."

"မုန္႔မစားခ်င္ဘူး၊ ေရေတာ့ဆာတယ္။ ခဏေန ဇီးေဖ်ာ္ရည္ခ်ိဳခ်ိဳေအးေအးေလး လာေပးလိမ့္မယ္။ မင္းေရာ တျခား ဘာထပ္မွာခ်င္တာ ရိွလဲ၊ ဒါမွ ရွစ္ဇီကို ငါ သြားေျပာေပးလို႔ရမွာေလ။ ဒီၿမိဳ႔မွာဆို ၀က္သားေပါက္စီေၾကာ္က နာမည္ႀကီးတယ္။ၾကာဇံေၾကာ္လည္း ေကာင္းတယ္တဲ့။ မင္း ျမည္းၾကည့္ခ်င္ေသးလား"

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္အား ၿပံဳးၿပီးၾကည့္ေန၏။

"ဘာၾကည့္ၿပီး ၿပံဳးေနတာလဲ"

"ဘာမွမဟုတ္ပါဘူး။ မင္း ေစာနက ေျပာေနတဲ့ပံုစံေလးကို သေဘာက်လို႔...."

ရွင္ဘုရင္တစ္ပါးနဲ႔မတူဘဲ ၊ အမႈကိစၥ ႀကီးႀကီးမားမားေတြ ေျပာဆိုေဆြးေနြးေနတာမဟုတ္ဘဲနဲ႔ ပြစိပြစိ ေရရြတ္ေျပာဆိုေနတာမ်ိဳး ။ စိတ္ဖိစီးတာေတြ မရိွဘဲ စိတ္ခ်မ္းသာသလို ကိုယ့္ပံုစံေလးနဲ႔ကိုယ္ ေနေနတာမ်ိဳး။ အဲ့လိုပံုစံေလးက ျမင္ရတဲ့လူကိုပါ စိတ္ခ်မ္းသာေစတယ္ေလ။

သို႔ႏွင့္ ခဏၾကာေတာ့ ဇီးေဖ်ာ္ရည္ ခ်ိဳခ်ိဳေအးေအးေလးကို ရွစ္ဇီက လ်င္ျမန္စြာပင္ ဆက္သလာေပး၏။ ၄ႏွင့္အတူ ၀က္သားေပါက္စီေၾကာ္ပါ ပါလာ၏။ ခ်ူယြမ္ကေတာ့ စားခ်င္စိတ္မရိွသျဖင့္ သူ႔ေရ႔ွ၌ ပလုတ္ပေလာင္း မုန္႔ထိုင္စားေနေသာ သြမ့္ပိုင္ယြဲ႔ကိုသာ ထိုင္ၾကည့္ေနသည္။ ခဏၾကာေတာ့ မေနႏိုင္ေတာ့သျဖင့္ ထေမးလာ၏။

"မင္း တစ္ေန့လံုး ဘာမွ မစားရေသးဘူးလား"

"အင္း "

"......."

"မင္းကို တစ္ခ်ိန္လံုး ေစာင့္ေနခဲ့တာ။မင္းဆီ ကပ္စားရရင္ ထမင္းဖိုး သက္သာလို႔ေလ"

ခ်ူယြမ္ ရယ္ခ်င္ေသာ္လည္း မရယ္ရက္ဘဲ ေနာက္ထပ္ ေပါက္စီတစ္လံုးကိုပါ လွမ္းထည့္ေပးလိုက္သည္။

သို႔ႏွင့္ႏွစ္ေယာက္သား စားေသာက္ၿပီးေနာက္ အခန္းထဲ ေခတၲနားေနလိုက္ၾကေသးသည္။ မိုးခ်ဳပ္သြားေတာ့မွ ျမင္းတပ္စခန္း၏ အေနာက္တံခါးမွတစ္ဆင့္ အျပင္ထြက္လာၾကကာ နတ္ကြန္းရိွရာသို႔ ေအးေအးလူလူ ႏွစ္ကိုယ္တူယွဥ္တြဲၿပီး ေလ်ွာက္လွမ္းသြားၾကသည္။ ဘယ္ေနရာမွာတည္ရိွမွန္း လမ္းေမးၾကည့္စရာမလို၊ လမ္းေပၚက လူတန္းႀကီးအတိုင္း လိုက္ပါ ေလ်ွာက္လွမ္းသြားရံုပင္။ ယေန့ညမွာေတာ့ ယြဲ႔ေလာင္ ဖူးစာေရးနတ္ကြန္း၏ လူအစည္ကားဆံုးပြဲေန့ျဖစ္ေနေလရာ မည္သူမဆို ဖူးစာဖက္ကိုေတာင္းခံၾကရန္ လာေရာက္ပူေဇာ္ၾကသည္ေလ။

"ဟိုေရ႔ွကဟာပဲေနမယ္။ ဒါေပမယ့္ အေျခအေနၾကည့္ရသေလာက္ေတာ့ လူၾကားထဲ တိုးလို႔ေတာင္ရမလား မေျပာတတ္ေတာ့ဘူး"

ထိုစကားကိုၾကားေတာ့ ခ်ူယြမ္က ေျခလွမ္းမ်ားကို ရပ္တန္႔လိုက္ကာ -

"ဒါဆိုလည္း ေနပါေစ၊ ဒီကေနပဲ ၾကည့္ၾကရေအာင္။ ဘယ္ကေနပဲ ပူေဇာ္ပူေဇာ္ ၊အတူတူပဲ ေနမွာပါ"

သို႔မဟုတ္ပါက ေယာက်္ားရင့္မာႀကီးႏွစ္ေယာက္ လူၾကားထဲအတင္းတိုးၿပီး ဖူးစာဖက္သြားေတာင္းေနၾကမည္ဆိုလ်ွင္ အေတာ္ေလးပင္ အျမင္မေတာ္ ။ သူတို႔ကို မွတ္မိမည့္သူ မရိွေသာ္လည္း အနည္းနဲ႔အမ်ားေတာ့ ထူးထူးဆန္းဆန္း အၾကည့္ခံရမည္မွာ မလြဲေပ။

သြမ့္ပိုင္ယြဲ႔လည္း ေခါင္းညိတ္လက္ခံလိုက္ကာ ခ်ူယြမ္လက္အား ယွက္ႏြယ္ဆုပ္ကိုင္လိုက္ၿပီးေနာက္ -

"အင္း ၊ ဘာမွမျဖစ္ပါဘူး။ နည္းနည္းေတာ့ အလွမ္းေဝးေပမယ့္ ၾကားသင့္ၾကားထိုက္တဲ့ ဆုေတာင္းစကားဆိုရင္ နတ္ကြန္းအရွင္က ၾကားရမွာပါ...."

ခ်ူယြမ္က ဘာမွ ျပန္မေျဖေသာ္လည္း ၿပံဳးၿမဲျပံဳးေနကာ ေရ႔ွက နတ္ကြန္းကိုသာ ေငးၾကည့္ေနေလ၏။

*******

ဖူးစာႀကိဳးနီ ခ်ည္ေနွာင္ရာ အပင္ေရ႔ွတြင္ ၿမိဳ႔သူၿမိဳ႔သားမ်ား ဝိုင္းအံုေနၾကသည္။  သစ္ကိုင္းထက္မွာလည္း ဖူးစာႀကိဳးနီမ်ားျဖင့္ ခ်ည္ထားၾကသည္မွာ ခ်ည္စရာ ေနရာလြတ္ပင္မက်န္ေတာ့။ ပုေရာဟိတ္အမတ္ႀကီး ေထာင္လ်ဲန္တာခမ်ာ ေနာက္ဆံုးေသာခြန္အားကို သံုးကာ အတင္းပင္ လူၾကားတိုးၿပီး ေရ႔ွဆံုးသို႔ေရာက္ေအာင္ ႀကိဳးစားသြားလိုက္ကာ ဖူးစာႀကိဳးနီတစ္မ်ွင္အား မရရေအာင္ သစ္ကိုင္းထက္ ခ်ည္လိုက္ေလသည္။

အားလားလား၊ မူးေမ့ခ်င္ေလာက္ေအာင္ကို ပင္ပန္းလိုက္ေလျခင္း။

စိတ္ထဲမွလည္း ဧကရာဇ္အရွင္မင္းျမတ္အား ဧကရီမိဖုရားေခါင္ အျမန္ေရြးခ်ယ္ တင္ေျမႇာက္ပါေစေၾကာင္း ဆုေတာင္းပတၴနာျပဳလိုက္သည္။ ယခုလိုမ်ိဳး ေခါင္းမာၿမဲေခါင္းမာေနေသာ အရွင္မင္းျမတ္၏အက်င့္ကိုလည္း အနည္းငယ္ေလ်ွာ့နည္းသြားကာ မဂၤလာကိစၥကို လက္ခံပါေစေၾကာင္း၊ သို႔မွသာ မိမိေသသြားၿပီး တမလြန္၌ အရင္ဧကရာဇ္ေဟာင္းႏွင့္ေတြ့လ်ွင္ မ်က္ႏွာမပ်က္ဘဲ ရဲရဲဝံ့ဝံ့ ေတြ့ရဲမည္ျဖစ္သည္ေၾကာင္း။

ေဘးပတ္၀န္းက်င္ကလူမ်ားကေတာ့ ပုေရာဟိတ္အမတ္မင္းေထာင္လ်ဲန္တာျဖစ္မွန္း မသိၾကသျဖင့္ စိတ္ထဲမွ တီးတိုးေရရြတ္ၾကေနေလၿပီ။

ဘယ္ကလာတဲ့ အဘိုးႀကီးမွန္းမသိပါဘူး၊ မ်က္ႏွာအေရကထူပါသဘိ၊ အရွက္အေၾကာက္ ကလည္းမရိွနဲ႔။ ေျမးရေလာက္တဲ့အရြယ္ေတာင္ ေရာက္ေနတဲ့ဟာကို သူမ်ားေတြနဲ႔အၿပိဳင္ လူၾကားထဲတိုးၿပီး ဖူးစာႀကိဳးနီေတြ လာခ်ည္ေသးတယ္။ သူမ်ား ေလွာင္ရယ္မွာ မေၾကာက္ဘူးလား မသိ။

လ်ိဳတာ့က်ံဳ႔ကေတာ့ အျပင္ဘက္ဆံုးမွာရိွကာ လက္ဖက္ရည္ေသာက္ရင္း ေရရြတ္ေနေလ၏။

ဒါေတာင္မွ ကြၽႏ္ုပ္ကို  ေအာင္သြယ္ဝါသနာပါတယ္ေလးညာေလးနဲ႔ ေျပာေသး။ အခုျဖစ္ေနတဲ့  အသင့္အျဖစ္ကို ရႈစားၾကည့္လွည့္ပါၪီး ...ေလာင္ေထာင္ရဲ့။ ဘယ္သူကမ်ား အသင့္ေလာက္ ေတာ္ေတာ္အျဖစ္သည္းေနမယ္ထင္လဲ။ ဒီလိုကိစၥမ်ိဳးကိုေတာင္ ၀င္သြားရႈပ္လိုက္ေသး၊ ေနာက္ႏွစ္ႏွစ္ေနလို႔မွ အရွင္မင္းျမတ္က လက္ထပ္ဘိသိက္ပြဲ မက်င္းပေသးရင္ေတာ့ အသင္ေတာ့ သြက္သြက္ခါ ရူးသြားေလာက္မယ္ထင္ရဲ့။

********

"ကိုယ့္ကို ခဏေစာင့္...."

"အင္း"

သြမ့္ပိုင္ယြဲ႔က ေခတၲထြက္သြားၿပီး ခဏၾကာေတာ့ လက္ထဲတြင္ ဖူးစာႀကိဳးနီေလး ပါလာ၏။

"ဟင္...မင္း ဘယ္ကေန သြားခိုးလာတာလဲ"

"ရႉးတိုးတိုး....နတ္ဘုရားေတြေရ႔ွမွာ ဘာလို႔ မဟုတ္တရုတ္ေတြ ေလ်ွာက္ေျပာေနတာတုန္း"

သြမ့္ပိုင္ယြဲ႔က ေျပာေျပာဆိုဆို ခ်ူယြမ့္လက္ကို ယူလိုက္ကာ ထိုဖူးစာႀကိဳးနီေလးျဖင့္ တယုတယ ခ်ည္ေနွာင္ရစ္ပတ္ေပးလိုက္သည္။

"ကေလးတစ္ေယာက္ကို ပိုက္ဆံေပးၿပီး နတ္ကြန္းကေန ၀ယ္လာခိုင္းလိုက္တာ။ ရုပ္ေလးက ျပည့္ျပည့္ၿဖိဳးၿဖိဳး ၀၀ကစ္ကစ္ေလးနဲ႔ ခ်စ္ခ်င္မုန္းခ်င္စရာေလး။ သူ႔ကို နတ္ကြန္းသခင္ ျမင္ရင္ေတာင္ ခ်စ္သြားေလာက္တယ္။ ကဲ....ဒီလိုဆိုေတာ့ ကိုယ္တို႔ႏွစ္ေယာက္ကို နတ္ဘုရားေတြကလည္း အခ်ိန္တစ္ခုေလာက္ေတာ့ ေစာင့္ေရွာက္ကာကြယ္ေပးေကာင္းရဲ့... "

"အခ်ိန္တစ္ခုေလာက္ပဲလား"

"အင္း၊ ေနာက္ သူတို႔ေမ့သြားေလာက္ၿပီဆိုတာနဲ႔ ဒီကို ခဏခဏျပန္လာၿပီး ထပ္ဆုေတာင္းမယ္။ အဲ့လိုဆိုရင္ နတ္ဘုရားေတြ ေမ့ခ်င္ရင္ေတာင္ မေမ့ေလာက္ေတာ့ဘူး"

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ္လက္မ်ားအား ဆုပ္ကိုင္ထားလိုက္ကာ ဆက္ဆို၏။

"ဒီလိုေလးဆိုလည္း ေကာင္းတယ္ဟုတ္"

"အင္း"

ခ်ူယြမ္လည္း ၿပံဳးရႊင္စြာ ေျဖလိုက္ေလသည္။

က်န္ေသာ ၿမိဳ႔သူၿမိဳ႔သားမ်ားကမူ ေရ႔ွသို႔သာ သူ႔ထက္ငါ အလုအယက္ တိုးၿပီး ဆုေတာင္းေနၾက၏။ အခုရက္ပိုင္း မိမိတို႔ၿမိဳ႔တြင္ ဧကရာဇ္အရွင္ စံျမန္းေနေတာ္မူမည္ျဖစ္ရာ မိမိတို႔အိမ္က သမီးရတနာမ်ား၊ တူမမ်ားလည္း ကံအေၾကာင္းတိုက္ဆိုင္လ်ွင္ မိဖုရားျဖစ္ျဖစ္၊ ကိုယ္လုပ္ေတာ္ျဖစ္ျဖစ္ တစ္ခုမဟုတ္တစ္ခု ျဖစ္ခ်င္ျဖစ္သြားႏိုင္သည္ေလ။ ဤသို႔ေသာကိစၥမ်ိဳးက မ်ိဳးရိုးဂုဏ္ကို ထြန္းလင္းျမင့္တက္ေစႏိုင္သည့္ မဟာမဂၤလာသတင္းကိစၥပင္ မဟုတ္ပါလား။

"အဟမ္း"

သြမ့္ပိုင္ယြဲ႔က ေခ်ာင္းဟန္႔လိုက္ေတာ့မွ ခ်ူယြမ္လည္း သတိျပန္၀င္ကာ သြမ့္ပိုင္ယြဲ႔ရင္ဘတ္ကို တစ္ခ်က္ ပုတ္လိုက္ၿပီး -

"ျပန္ရေအာင္ပါ။ နတ္ကြန္းကိုလည္း လာပူေဇာ္ၿပီးသြားၿပီ ၊ ပဲနီဆန္ျပဳတ္လည္းေသာက္ၿပီးသြားၿပီ။ လုပ္စရာရိွတာ အကုန္လုပ္ၿပီးသြားၿပီဆိုေတာ့ ျပန္သြားၿပီး အနားယူၾကစို႔"

"ဟင္...ဒီည ကိုယ္ ျမင္းတပ္စခန္းမွာ တည္းရမွာလား"

ခ်ူယြမ္က သူ႔အား လွမ္းၾကည့္လာ၏။

"မဟုတ္ရင္ မင္း ဘယ္နား သြားအိပ္ဖို႔ စဥ္းစားထားလို႔တုန္း"

သြမ့္ပိုင္ယြဲ႔ခမ်ာ ပါးႀကီးေပါက္ထြက္ေတာ့မတတ္ ၿပံဳးရႊင္ျမဴးတူးေန၏။

ႏွစ္ေယာက္စလံုး လူသူရႈပ္ေထြးသည္ကို သိပ္ၿပီး မႏွစ္ၿမိဳ႔ၾကတာမို႔ လမ္းမႀကီးအတိုင္း ျပန္မလာၾကဘဲ လမ္းႀကိဳလမ္းၾကားမ်ားမွတစ္ဆင့္သာ ျဖည္းျဖည္းခ်င္း ေလ်ွာက္လွမ္းၿပီးျပန္လာၾကေလသည္။ ဘယ္ခ်ိဳးလိုက္၊ ညာခ်ိဳးလိုက္ႏွင့္ လမ္းေပ်ာက္လုမတတ္ ျဖစ္ျဖစ္သြားေလရာ ျမင္းတပ္စခန္းသို႔ေရာက္ေအာင္ မနည္းျပန္လာခဲ့ၾကရၿပီး ျပန္ေရာက္ေတာ့ အေတာ္ပင္ ညဥ့္နက္သြားေလၿပီ။

ေရခ်ိဳးသန္႔စင္ရန္ အခ်ိန္က်လာေတာ့ သြမ့္ပိုင္ယြဲ႔လည္း အရင္အတိုင္းပင္ ကန္႔လန္႔ကာ ေရ႔ွမွ ေနကာ ေမးေထာက္ၿပီး ဘုရင့္အမိန္႔အတိုင္း ဒီတိုင္းသာ ထိုင္ေစာင့္ေနရရွာေလသည္။

အထဲက ခ်ူယြမ္လည္း ေရခ်ိဳးဇလံုႀကီး၏ အစြန္းတြင္ ေမးတင္ကာ အျပင္ကလူ၏ အရိပ္ကို လွမ္းေငးၾကည့္ရင္း ၿပံဳးေနေလ၏။

******

သလြန္ေတာ္မွာ အေတာ္ပင္ က်ယ္က်ယ္ဝန္းဝန္းရိွကာ ေခါင္းအံုးႏွစ္လံုး၊ ေစာင္တစ္ထည္ ထားရိွေပးထားသည္။ သြမ့္ပိုင္ယြဲ႔က ေရခ်ိဳးၿပီးခါစ ခ်ူယြမ့္ကိုယ္လံုးကို ဆြဲဖက္လိုက္ကာ လဲေလ်ာင္းလိုက္သည္။

"ေကာင္းေကာင္းအိပ္လိုက္ေတာ့...."

ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔၏ ခါးစည္းႀကိဳးကို လွမ္းဆြဲထားလိုက္သည္။

"ဟင္..."

"ရႉးတိုးတိုး.....မဟုတ္ရင္ မင္း ကိုယ့္ကို အိပ္ယာေပၚကေန ႏွင္ခ်မွာစိုးလို႔"

"အသနားပိုေအာင္ လုပ္ျပေနျပန္ၿပီ..."

ခ်ူယြမ္က မိမိကိုယ္မိမိ ေစာင္ျဖင့္ လံုးေထြးရစ္ပတ္လိုက္ကာ မ်က္လံုးႏွစ္လံုးသာ ေဖာ္ထားေလ၏။

သြမ့္ပိုင္ယြဲ႔က ဘာမျွပန္မေျပာဘဲ ခ်ူယြမ္အား အေပၚစီးမွခြကာ အုပ္မိုးထားလိုက္သည္။

"ရွင္ဘုရင့္ကို ေစာ္ကားေမာ္ကားျပဳရဲတယ္ေပါ့။ သြားစမ္း၊ ႀကိမ္ဒဏ္ အခ်က္ႏွစ္ဆယ္ သြားခံယူေခ်....."

ခ်ူယြမ္က ေျပာေျပာဆိုဆို သြမ့္ပိုင္ယြဲ႔ပါးႏွစ္ဖက္ကို ဆြဲၿဖဲလိုက္သည္။

"ေစာ္ကားတာထက္ ပိုတဲ့ဟာေတြ ရိွေသးတယ္၊ စမ္းၾကည့္မလား...."

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ ေအာက္ႏႈတ္ခမ္းလႊာကို လွမ္း၍ ကိုက္ဆြဲထားၿပီး ေျပာလာေတာ့
ခ်ူယြမ့္ မ်က္လံုးမ်ားထဲ ၿပံဳးရိပ္သမ္းလို႔။

ဤအနမ္းမွာ အလ်င္စလိုႏိုင္ျခင္းမရိွ ၊ ျဖည္းျဖည္း ၿငိမ့္ၿငိမ့္ေလးသာ ျဖစ္ၿပီး သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္လက္ႏွင့္ လက္ဆယ္ျဖာ ယွက္ႏြယ္ကာ ဆုပ္ကိုင္ထားလိုက္သည္။ လ်ွာဖ်ားကလည္း ခ်ူယြမ့္ႏႈတ္ခမ္းပါးအား ႏူးညံ့သိမ္ေမြ့စြာ ျဖည္းျဖည္းခ်င္းစီ ျမည္းစမ္းၾကည့္ေနသည္။ ခ်ူယြမ့္ဘက္ကလည္း အလိုက္သင့္ စီးေမ်ာလိုက္ပါလာမွန္း ေသခ်ာေနေတာ့ သြမ့္ပိုင္ယြဲ႔ အျပဳအမူမ်ားက ပို၍ အရိုင္းဆန္လာေပ၏။

အတန္ၾကာေတာ့မွ ခ်ူယြမ္က မိမိအေပၚကလူကို တြန္းဖယ္ပစ္ လိုက္သည္။ ႏွစ္ရြက္ႏွစ္ဖက္စလံုးမွာ နီရဲေနကာ ေသြးေရာင္ပင္ သမ္းေနေပၿပီ။

"ဒီေလာက္နဲ႔ ေတာ္ၿပီလား"

သြမ့္ပိုင္ယြဲ႔အေမးစကားေၾကာင့္ ခ်ူယြမ္ ခ်က္ခ်င္း တုန္လႈပ္သြားရွာ၏။

"အင္း"

"အင္း......"

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္နားရြက္ဖ်ားနားတစ္ဝိုက္ နမ္းရိႈက္ထိေတြ့လာ၏။

ခ်ူယြမ္ခမ်ာ ေရွာင္ခ်င္ေသာ္လည္း ေရွာင္၍မရ ၊ ရွစ္ဇီကို ေခၚလိုက္ခ်င္ေသာ္လည္း လက္ရိွအေျခအေနမွာ မိမိဘက္က ဘာအ၀တ္မွ ၀တ္မထားရေသး။ ခဏေနေတာ့ မည္သို႔မွ ရုန္း၍မလြတ္ေျမာက္ႏိုင္ေတာ့သျဖင့္ သြမ့္ပိုင္ယြဲ႔စိတ္တိုင္းက် ျခယ္လွယ္သမ်ွ ခံယူေနလိုက္သည္ ။

သို႔ႏွင့္ သြမ့္ပိုင္ယြဲ႔ဘက္က ခ်ူယြမ့္လက္ကို ဆြဲယူလိုက္ၿပီး တစ္ခါမွ.....ဘ၀မွာ တစ္ႀကိမ္တစ္ခါမွ မလုပ္ဖူးသည့္အရာတစ္ခုကို ခ်ူယြမ္ လုပ္လိုက္ရေပသည္။
.
.
.

သြမ့္ပိုင္ယြဲ႔၏ ၀င္သက္ထြက္သက္မ်ား အေတာ္ပင္ ေလးပင္ေမာဟိုက္လာ၏။

ခ်ူယြမ္ကေတာ့ မ်က္လံုးအတင္းစံုမိွတ္ထားသည္။ ယခုလက္ရိွ အေျခအေနမ်ားကို သူ  လံုး၀မေတြးရဲ။

ဒီတစ္ေခါက္ေတာ့ အေတာ္ပင္ အခ်ိန္ယူရေပသည္။ ေဟဟြမ္ပိုးေကာင္ အဆိပ္မိတုန္းကထက္ ပိုလို႔ပင္ အခ်ိန္ယူရေသး၏။

မည္မ်ွပင္ ၾကာျမင့္သြားသည္မွန္းမသိ၊ ေနာက္ဆံုးေတာ့ သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ေက်နပ္အားရေသာထြက္သက္တစ္ချႏႇင့္အတူ ၿငိမ္သက္သြား၏။

ခ်ူယြမ္ခမ်ာ နားရြက္ဖ်ားမ်ားမက မ်က္ႏွာတစ္ခုလံုးပင္ နီရဲေနလ်က္။ ၿပီးသည္ႏွင့္ တစ္ခါတည္းပင္ မ်က္ႏွာသုတ္ပုဝါကို လွမ္းယူလိုက္ကာ မိမိ လက္ႏွစ္ဖက္စလံုးကို ကမန္းကတန္း သုတ္သင္သန္႔ရွင္းလိုက္ေလသည္။ ေခါင္းေလးသာ ေဖာ္ထားၿပီး ခ်ူယြမ္တစ္ေယာက္ သလြန္ေတာ္ႏွင့္ နံရံၾကား ေခ်ာင္ၾကားေလးထဲ တိုးေဝ႔ွ ပုန္းခိုေနေလသည္။

သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္အနား ဂရုတစိုက္ ကပ္သြားကာ သတိႀကီးစြာထား၍ေမးလာ၏။

"ကိုယ္....မင္းကို ကူေပးရၪီးမလား"

"လုပ္ေပးရဲတယ္ေပါ့"

ခ်ူယြမ္ေလသံမွာ တိမ္၀င္တိုးလ်ေန၏။

သြမ့္ပိုင္ယြဲ႔ - "........"

ထို႔ေနာက္ ခ်ူယြမ္ ေခါင္းတစ္ခုလံုးပါ ေစာင္ျဖင့္ ၿခံဳလိုက္ေလ၏။

အလို.....ဒီလိုေနြေခါင္ေခါင္ႀကီးမွာ အပူရွပ္သြားရင္ ဘယ္ႏွယ့္လုပ္မလဲ။

သြမ့္ပိုင္ယြဲ႔က ေစာင္ကို အနည္းငယ္မ်ွ လွန္လိုက္ကာ -

"ကိုယ္...."

"မေျပာနဲ႔....."

ခ်ူယြမ္နားရြက္ဖ်ားမွာ နီရဲေနရံုမ်ွမက ေသြးေရာင္မ်ားပင္ သမ္းေနၿပီျဖစ္၏။ အေျခအေနအရေတာ့ ေနာက္စကားတစ္ခြန္းမ်ွ အေျပာမွားလ်ွင္ လံုး၀ ေပါက္ကြဲေတာ့မည္ျဖစ္သည္။

ထို႔ေၾကာင့္ သြမ့္ပိုင္ယြဲ႔လည္း အလိုက္သိစြာပင္ ေရငံုႏႈတ္ပိတ္လိုက္ေလ၏။

ခုထက္ထိ ခ်ူယြမ့္လက္မ်ားမွာ ဘယ္ေသာအခါမွ အပူၿငိမ္းသြားမည္မဟုတ္သည့္ႏွယ္ မၿပီးႏိုင္မစီးႏိုင္ ပူျပင္းေလာင္ၿမိဳက္ေနဆဲျဖစ္သည္ ။

ခ်ူယြမ္မွာ စိတ္ရႈပ္စြာႏွင့္ ေအာက္ႏႈတ္ခမ္းကို ကိုက္ရင္း မိမိလက္အား အိပ္ယာခင္းထက္ ႏွစ္ခ်က္သံုးခ်က္မ်ွ ခပ္ၾကမ္းၾကမ္း ထပ္သုတ္လိုက္ေသးသည္။

သြမ့္ပိုင္ယြဲ႔ခမ်ာ ရယ္ရမလား ငိုရမလားပင္
မသိေတာ့။

"ဒါဆိုလည္း မင္းလက္ေဆးဖို႔ ကိုယ္ ေရႏြေးသြားႀကိဳၿပီး လာေပးလွည့္ မယ္ေလေနာ္"

ဒီအေၾကာင္း ထပ္ေျပာရဲေသးတယ္ေပါ့.....

ထိုစကားကိုၾကားေတာ့ ခ်ူယြမ္လည္း ခ်က္ခ်င္းပင္ ေငါက္ခနဲ ထထိုင္လိုက္ကာ သြမ့္ပိုင္ယြဲ႔ကို ေခါင္းအံုးျဖင့္ရိုက္လႊတ္ၿပီး ကုတင္ေပၚမွ ႏွင္ခ်ေလေတာ့သည္။
.
.

သို႔ႏွင့္ ရွီးနန္ဘုရင္ႀကီးမွာ ၾကမ္းျပင္၌သာ အိပ္ရရွာေလသည္။

မဆိုးပါဘူး၊ ၾကမ္းျပင္ေပၚ အိပ္ရတာလည္း သက္ေတာင့္သက္သာရိွပါတယ္။

ေလသာေဆာင္အျပင္ဘက္က သာေနေသာ လမင္းႀကီးကိုၾကည့္ၿပီး ယြဲ႔ေလာင္ဖူးစာေရးနတ္ကြန္းမွာ တကယ္ပင္ စင္ၾကယ္ျမင့္ျမတ္ေၾကာင္း သြမ့္ပိုင္ယြဲ႔ ေတြးမိေနေလသည္။

ဒီတစ္ေခါက္ ရွီးနန္ျပန္ေရာက္ရင္ေတာ့ ေငြတစ္ပံုေလာက္ သီးျခားခ်န္ၿပီးေတာ့ကို  ဆက္ဆက္ လာေရာက္ ပူေဇာ္ရၪီးမယ္။

*****

မနက္ေဝလီေဝလင္းေရာက္ေတာ့ ရွစ္ဇီလည္း ခ်ူယြမ့္ကိုႏိႈးရန္ ၀င္ေရာက္လာေလ၏၊ သြမ့္ပိုင္ယြဲ႔ကေတာ့ မည္သည့္အခ်ိန္ကတည္းက အျပင္ထြက္သြားမွန္း မသိလိုက္ရ။ ၾကမ္းျပင္ေပၚအိပ္တုန္းက ၿခံဳထားေသာ ေစာင္ကိုပါ ေသခ်ာျပန္ေခါက္ထားကာ ေခါင္းအံုးကိုလည္း အေပၚထားခဲ့ေသးသည္။

ဟင္....အိပ္ယာခြဲအိပ္ၾကတယ္လား။

နန္းတြင္းမွာ ရိွတုန္းကေတာင္ ဒီလိုအျဖစ္မ်ိဳး မရိွဖူးပါဘူး ။ မဟုတ္မွလြဲေရာ...စကားမ်ားၾကျပန္ၿပီလား။

"အဟမ္း....."

ခ်ူယြမ္ ေခ်ာင္းဟန္႔လိုက္သည္ကိုၾကားေတာ့မွ ရွစ္ဇီကုန္းကုန္းခမ်ာ အေတြးဝကၤပါမွ ရုန္းထြက္လာႏိုင္ရွာသည္။ ထို႔ေနာက္ ၿပံဳးပန္းဆင္ကာ မ်က္ႏွာသစ္သြားတိုက္၊ ၀တ္လဲေတာ္ျပင္ဆင္၀တ္ရံုသည္မွအစ အမႈကိစၥ ေဝယ်ာ၀စၥအားလံုး ျပဳလုပ္ေပးလိုက္သည္။ ယေန့လည္း ခရီးဆက္ရၪီးမည္မဟုတ္လား။

ေရ႔ွဆက္ရမည့္ လမ္းခရီးမွာ အၿမဲပင္ ေဘးအႏၲရာယ္ ကင္းရွင္းေနတတ္သည္။ စင္စစ္အားျဖင့္ဆိုရလ်ွင္ ဝဲယာႏွစ္ဖက္စလံုး လက္ရံုးရည္ ျပည့္၀ေသာ ကိုယ္ရံေတာ္တပ္သားမ်ား ၿခံရံထားေလရာ ေဘးအႏၲရာယ္ျပဳလာခ်င္လ်ွင္ေတာင္ အခြင့္သာျခင္းမရိွ။

သြမ့္ပိုင္ယြဲ႔ကေတာ့  ခါတိုင္းလိုပင္ ယြင္တာၿမိဳ႔သို႔ ခ်ူယြမ့္ထက္ ႏွစ္ရက္သံုးရက္ ေစာၿပီး ေရာက္ႏွင့္ေနသည္။ တည္းခိုစရာ အေဆာင္ကို လိုက္ရွာၿပီးသည္ႏွင့္ ေျမာက္ဘက္ယာယီ
နန္းေဆာင္သို႔ တစ္ေယာက္တည္း သြားလိုက္ေသး၏။ ဘာဆိုဘာမွ လုပ္စရာမရိွဘဲ အားလပ္ေနသျဖင့္ အပ်င္းေျပ လမ္းေလ်ွာက္ထြက္ျခင္း ျဖစ္သည္။

ဧကရာဇ္အရွင္ ႂကြခ်ီလာမည္ျဖစ္သျဖင့္ ေျမာက္ဘက္ယာယီနန္းေဆာင္တစ္ခုလံုး ျပင္ဆင္မြမ္းမံထားေလသည္။ ေနရာအႏွံ႔တြင္ ညလံုးေပါက္ အလုပ္လုပ္မည့္ဟန္ရေသာ လုပ္သားမ်ားကို ေတြ့ေနရသည္ ။ သြမ့္ပိုင္ယြဲ႔လည္း နန္းေတာ္၀င္းထဲ တစ္ေခါက္မ်ွ လမ္းပတ္ေလ်ွာက္ေနၿပီး ဧကရာဇ္အိပ္ခန္းေဆာင္မွာပါ အၾကာႀကီး နားေနလိုက္ေသးသည္။ ထို႔ေနာက္ လက္စြဲေတာ္ဓားကိုယူကာ ျပန္ရန္ျပင္ခါမွ ေရ႔ွမလွမ္းမကမ္းရိွ အိမ္ငယ္တစ္ခုမွထြက္လာေသာ မီးေရာင္မိွန္ပ်ပ်ကို ေတြ့လိုက္ရသည္။ ပတ္၀န္းပ်င္တစ္ခြင္လံုးမွာ အတိေမွာင္မိုက္တိတ္ဆိတ္ေနလ်က္။ နန္းေတာ္ရိွ အျခားေနရာမ်ားကဲ့သို႔ လူအသြားအလာမ်ား စည္ကားေနျခင္းေနျခင္းမရိွဘဲ တစ္မူကြဲလြဲ ထူးျခားေနေပ၏။

သြမ့္ပိုင္ယြဲ႔လည္း လြန္စြာမွ သံသယ၀င္သြားကာ အေၾကာင္းစံု စံုစမ္းရန္ ထိုအိမ္နားသို႔ ခ်ဥ္းကပ္သြားေလသည္။ သို႔ေသာ္ အိမ္ထဲ ၀င္မသြားရခင္ကတည္းကပင္ အိမ္ထဲက လူတစ္ၪီးက သူ႔အား အရင္ေမးျမန္းလာ၏။

"ဘယ္သူလဲ"

သြမ့္ပိုင္ယြဲ႔ ေခတၲမ်ွ မွင္သက္သြားေလသည္။

"၀င္လာခဲ့ ။  ေျခသံကို နားေထာင္ရသေလာက္ေတာ့ ဒီနန္းေဆာင္ကလူ မဟုတ္ဘူးမလား"

သြမ့္ပိုင္ယြဲ႔လည္း တံခါးခ်ပ္ကို အသာ တြန္းဖြင့္ကာ ၀င္သြားလိုက္သည္။

"အေနွာင့္အယွက္ေပးမိသြားပါၿပီ"

"အိုး .... ရႊယ္မင္ဟန္တီ့ဓားနဲ႔ပါလား။မင္းက ႏွယ္ႏွယ္ရရလူ မဟုတ္ေပဘူးပဲ"

အထဲက အဖိုးအိုက သူ႔ခါးထက္ရိွ လက္စြဲေတာ္ဓားကို ၾကည့္လိုက္ကာ မွတ္ခ်က္ျပဳလာသည္။ထို႔ေနာက္ ဘာမွမမႈသလို ကစားလက္စ စစ္တုရင္ကြက္ကိုသာ ျပန္လည္ကစားေနလိုက္သည္။

ဒီလူႀကီးက ၿခံဳခ္ိုေနတဲ့ က်ား ၊ကိုယ္ေယာင္ေဖ်ာက္ထားတဲ့ နဂါးမ်ိဳးပဲ။

(T/N: အျပင္ေလာကနဲ႔ အဆက္အသြယ္ျဖတ္ၿပီး တစ္ကိုယ္တည္း ေအးေဆး၊ လူမသိသူမသိ low profileနဲ႔ သြားလာေနထိုင္တတ္တဲ့ ၿပိဳင္စံရွားပညာရွင္တစ္ေယာက္လို႔ ဆိုလိုတာပါ)

"ဟုတ္ကဲ့၊ ကြၽန္ေတာ္လည္း မီးေရာင္ကို ျမင္လိုက္ေတာ့ လာလိုက္တာ၊ အဘိုးရဲ့ အပန္းေျဖေနတဲ့ အခ်ိန္ကို လာေနွာင့္ယွက္ေနသလိုျဖစ္သြားပါတယ္။ အႏူးအၫြတ္ေတာင္းပန္ပါတယ္ခင္ဗ်ာ "

"ဘာ အေနွာင့္အယွက္မွ မျဖစ္ပါဘူး၊  ဒီစစ္တုရင္ ကစားကြက္ကို ေဆာ့လာတာ ႏွစ္ေပါင္းသံုးဆယ္ျပည့္ၿပီ။ ညာလက္နဲ႔မႏိုင္ေတာ့ ဘယ္လက္နဲ႔ အစမ္းေဆာ့ၾကည့္ေနတာေပါ့ကြာ။ ညာလက္ကလည္း သိပ္မလႈပ္ႏိုင္ေတာ့တာ ျဖစ္မယ္ ၊ ဆက္တိုက္ရႈံးေနတာ တစ္လေလာက္ရိွၿပီ "

စစ္တုရင္ကစားကြက္ဆိုေသာေၾကာင့္ သြမ့္ပိုင္ယြဲ႔ရင္ထဲ လိႈင္းမ်ား ေဘာင္ဘင္ခတ္သြားၿပီး စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။

"စစ္တုရင္ကစားရတာကို ႏွစ္ၿခိဳက္လို႔လား"

အဘိုးအိုက ေခါင္းခါလိုက္ကာ-

"အခ်ိန္ျဖဳန္းရံုတင္ပါ"

"ဒါဆိုရင္ ဖန္ရွင္းစစ္တုရင္ကြက္အေၾကာင္း အဘိုး ၾကားဖူးပါသလား"

အဘိုးအိုမွာ လံုး၀ေမ်ွာ္လင့္မထားသျဖင့္ အေတာ္အံ့ၾသသြားဟန္ရလိုက္ကာ သက္ျပင္းခ်ၿပီးခါမွ  ေျပာလာ၏။

"ဒီမယ္၊ လူငယ္ေလး....မင္းလည္း သူမ်ားတကာေတြလို ေရႊေငြရတနာသိုက္ သြားရွာခ်င္တယ္လို႔ေတာ့ မဟုတ္ေလာက္ပါဘူးေနာ္၊ ဟိုကြၽန္းေပၚမွာ ဘာမွ ရိွတာမဟုတ္ဘူး"

သြမ့္ပိုင္ယြဲ႔ အေတာ္ပင္ ေပ်ာ္ရႊင္သြားကာ အဘ္ိုးအို၏ မ်က္ႏွာခ်င္းဆိုင္ေနရာ၌ ထိုင္လိုက္သည္။

"စိတ္ခ်ပါ အဘိုး.....ကြၽန္ေတာ္က အဲ့ဒီေရႊေငြရတနာေတြကို လံုး၀စိတ္၀င္စားျခင္းမရိွပါဘူး။ ေခ်ာင္ယာကြၽန္းကိုဆိုရင္ ပိုလို႔ေတာင္ စိတ္မ၀င္စားတာပါ။ ဒါေပမယ့္ အဘိုးဆီက အႀကံဉာဏ္ေတာင္းစရာတစ္ခု ရိွေနပါတယ္။ ဖန္ရွင္းပုလဲက ဘာေၾကာင့္ အေရာင္အဝါ ထြန္းလင္းရပါသလဲ ခင္ဗ်ာ"

ေနာက္ဆံုးတြင္ေတာ့ အဘိုးအိုက သူ႔အား ေမာ့ၾကည့္လာေပၿပီ။

"ဖန္ရွင္းပုလဲက မင္းလက္ထဲမွာလား"

ထို႔ေနာက္ သူ႔အား အတန္ၾကာစိုက္ၾကည့္ေနကာ-

"ခ်ိဳးရႊမ္က်ီး ယႏၲရားတိုက္လည္း ဖ်က္ဆီးခံလိုက္ရၿပီလို႔ၾကားတယ္။ လက္စသတ္ေတာ့ မင္းလက္ခ်က္ကိုး"

"အဘိုး....."

သြမ့္ပိုင္ယြဲ႔တစ္ေယာက္ ဒုတိယအႀကိမ္ေျမာက္ ေလးနက္စြာေမးလာ၏။

"ဖန္ရွင္းပုလဲရဲ့ မူရင္းသရုပ္မွန္က ဘာပါလဲ"

ထိုအဘိုးအိုက လက္ကိုေဝ႔ွယမ္းလိုက္ကာ ေျပာလာ၏။

"ငါ့အတြက္ ကိစၥတစ္ခုေလး အရင္သြားလုပ္ေပး ၊ ၿပီးခါမွ ဖန္ရွင္းပုလဲမွာ ဘယ္လိုလ်ိႈ႔ဝွက္ခ်က္မ်ိဳးရိွမွန္း ငါ ေသခ်ာေျပာျပမယ္"

*******

2020.06.21

Thz for loving them , giving stars and leaving comments.

ဧကရာဇ္ဗ်ူဟာ - ျမန္မာျပန္ (ပထမတြဲ)
ဤတြင္ၿပီး၏။

Updateက အရင္ေလာက္ မသြက္ႏိုင္ေတာ့ပါဘူးလို႔ ႀကိဳၿပီး inform လိုက္ပါတယ္ေနာ့။ အလုပ္တစ္ဖက္နဲ႔မို႔လို႔ပါ။

*******

Continue Reading

You'll Also Like

61K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
264K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.3M 46.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd